← Chapters

အပိုင်း ၃၂၉-၃၃၂

Vol. 17 Ch. 329-332

အပိုင်း ၃၂၉-၃၃၂

Vol. 17 Ch. 329-332

အပိုင်း ( ၃၂၉ )

ရုတ်တရက်ဆန်သော အပြောင်းအလဲ

နောက်တစ်နေ့တွင် ချန်းရွှမ်၏ချိန်းဆိုချက်အရ ယဲ့ဖန်သည် စည်ပင်ရုံးအဆောက်အအုံသို့ သွားခဲ့သည်။

ဧည့်ကြိုဧရိယာထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ဝတ်ဆင်ပြည့်ဝတ်ဆင်ထားသော လူတစ်စုက ချန်းရွှမ်နားတွင် ဝိုင်းရံနေသည်ကို တွေ့လိုက်ရသည်။

ထိုလူတွေက ဒီမှာစီးပွားရေးလုပ်ဖို့ ရောက်နေကြတဲ့ ကုမ္ပဏီအသီးသီးက CEO ဖြစ်လိမ့်မည်။

သူတို့အားလုံးက သူတို့ရဲ့စီးပွားရေးလိပ်စာကတ်များကို ချန်းရွှမ်အား ပေးကာ စကားစမြည်ပြောရန် တိုက်ခိုက်နေကြသည်။

စီးပွားရေးလောကတွင် အမျိုးသမီးစွန့်ဦးတီထွင်သူက အလွန်နည်းပါးလေသည်။

ထို့အပြင် ချန်းရွှမ်ရဲ့ အသွင်အပြင်က စီးပွားရေးလောကကို မပြောနှင့် လှပတဲ့ အမျိုးသမီးတွေနဲ့ ပြည့်နေတဲ့ ဖျော်ဖြေရေးလောကမှာပင် ပြောစရာမလိုလောက်အောင် ယှဉ်လိုရနိုင်သည်။

ထို့ကြောင့် ထုံးစံအတိုင်း သူမက အောင်မြင်သောစီးပွားရေးပညာရှင်တွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့သည်။

သို့သော် ချန်းရွှမ်က ဒီလိုမိတ်ဖွဲ့မှုများကို မကြိုက်သည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် သူမ၏မျက်လုံးများက စိတ်မရှည်သောအမူအရာပေါ်လာသည်။

ယဲ့ဖန်က အဲ့တာကိုမြင်ပြီး ချက်ချင်း သူမ၏ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး ဘေးနားက လူတွေကို တွန်းဖယ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ဆူပူတဲ့လေသံဖြင့်ပြောလိုက်သည်။

" ကိုယ် မင်းကို ဆူနေတာမဟုတ်ဘူး။ မင်း ကိုယ်ဝန်ကြီးနဲ့ကို အိမ်မှာပဲ အနားယူသင့်တယ်လေ။ ဘာလို့လာတာလဲ "

ချန်းရွှမ်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ကိုယ်ဝန်ရှိတာလား။

သူမ ဘာလို့ မသိရတာလဲ။

ယဲ့ဖန်က သူမကို ကုလားထိုင်ပေါ်မှာ ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။

" နောက်ဆို ဒီလိုကိစ္စတွေကို ကိုယ်ဘဲ ဖြေရှင်းပါ့မယ်။ မင်းက မိခင်ဖြစ်တော့မှာဆိုတော့ ကလေးမလေးတွေလို နေ့တိုင်း ဟိုဟိုဒီဒီပြေးမနေနဲ့ "

သူက စကားပြောနေရင်း သူမရဲ့ဗိုက်ချပ်ချပ်ကို ထိလိုက်သည်။

သူ့မျက်နှာတွင် ဖခင်တစ်ယောက်၏အပြုံးတစ်ခုရှိနေသည်။

ခုနက ချန်းရွှမ်ကို သွားရည်ကျနေကြတဲ့သူတွေက ငှက်တွေလို ချက်ချင်း ပြန့်ကျဲသွားကြသည်။

ဒါဆို သူမက အိမ်ထောင်သည်မိန်းမ ဖြစ်နေပြီလား။

ပြီးတော့ မကြာခင် ကလေးအမေဖြစ်တော့မှာတဲ့လား။

အဲ့တာဆို ဘာလို့ ပရောပရည်လုပ်ရမှာလဲ။

တစ်ချိန်တည်းမှာဘဲ သူတို့က ယဲ့ဖန်အပေါ် မနာလိုအားကျစိတ်အပြည့်ဖြစ်နေခဲ့ကြသည်။

ချောမောလှပတဲ့အမျိုးသမီးတစ်ဦးကို ဇနီးအဖြစ် လက်ထပ်နိုင်ဖို့အတွက် ဒီကောင်လေးရဲ့ ကံကြမ္မာက အတော်လေးကောင်းသည်ဖြစ်မည်။

ချန်းရွှမ်သည် ယဲ့ဖန်လက်ကို အမြန်ပုတ်လိုက်ပြီး သူမက သူ့ကို စိုက်ကြည့်နေသည်။

" ဘယ်သူက အမေဖြစ်ချင်နေလို့လဲ "

သူမ၏အကြည့်တွေက အလွန်ဆွဲဆောင်မှုရှိသည်။

ယဲ့ဖန်၏နှလုံးခုန်သံ မြန်သွားရသည်။

သို့သော် ချန်းရွှမ်သည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဘာမှဆက်မပြောတော့ပေ။

အဲ့ဒီအစား လေလံတင်ရောင်းချနေတဲ့မြေကွက်အကြောင်း ယဲ့ဖန်ကို ပြောပြသည်။

" မြို့တော်က လောင်ချန်းမြို့နယ်ကို ခရီးသွားလုပ်ငန်းအဓိကဖွံ့ဖြိုးအောင်လုပ်ပြီး အပန်းဖြေစခန်းတွေ၊ စျေးဝယ်စင်တာတွေနဲ့ လူနေမှုပုံစံအသစ်တွေကို ပေါင်းစပ်ထားတဲ့ မြို့ပြစီမံကိန်းအသစ်အဖြစ် ပြောင်းလဲဖို့ စီစဉ်နေတာ။ အနီးတစ်ဝိုက်မှာလည်း အကောင်းဆုံးဆေးဘက်ဆိုင်ရာ၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြားလိုအပ်ချက်တွေကိုလည်း ဖြည့်ဆောက်လိမ့်မယ် ........ "

သူမသည် လင်းယွမ်အိမ်ခြံမြေဘက်မှ လေလံစွဲမည့် အစီအစဉ်ကို ယဲ့ဖန်အား စိတ်ရှည်စွာ ရှင်းပြနေသည်။

သူမ၏ပျော့ပျောင်းသောဆံပင်ရှည်များမှ ထွက်လာသော ခေါင်းလျှော်ရည်အနံ့က လှိုင်နေသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ အနည်းငယ် စိတ်ဂနာမငြိမ်ဖြစ်လာရသည်။

" ကျွန်မတို့ လေလံဆွဲမယ့်မြေက လောင်ချန်းမြို့နယ်ရဲ့ အဓိကနေရာမှာပါ။ တခြားပြုပြင်မွမ်းမံရေးပရောဂျက်တွေအတွက် သရုပ်ပြအဖြစ် ဆောင်ရွက်နိုင်ဖို့ မြို့တော်က အဲ့နေရာကို စံပြစီမံကိန်းအဖြစ်သုံးမယ်လို့ မျှော်လင့်ထားတယ်။ အဲ့တာကြောင့် အထက်အရာရှိတွေကလည်း ဒီပရောဂျက်အတွက် အရေးကြီးကြောင်းကို သေချာလေးဂရုစိုက်နေကြတာ ...... "

ယဲ့ဖန်သည် နားထောင်ရင်း အိပ်ငိုက်လာတာကြောင့် သူမပြောတာကို ဖြတ်ပြောလိုက်သည်။

" ဒါဆို မင်းအခု ဘယ်လောက်ထိ ယုံကြည်မှုရှိလဲ "

ချန်းရွှမ်သည် ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် ခန့်မှန်းချက်တစ်ခုပေးလိုက်သည်။

" ကျွန်မ ၇၀%အထိ ယုံကြည်မှုရှိတယ် "

ယဲ့ဖန် အနည်းငယ်အံ့အားသင့်သွားသည်။

" အဲ့ဒီလောက်ထိ ယုံကြည်မှုရှိတာလား "

ဒီလို အများပြည်သူလေလံခေါ်ယူရာမှာ ကုမ္ပဏီအများအပြား ပါဝင်ခဲ့သည်။

ထိုထဲတွင် အကြီးစားအိမ်ခြံမြေကုမ္ပဏီကြီးတချို့လည်း ပါဝင်သည်။

ဒီလိုအခြေအနေမျိုးမှာ အောင်မြင်ဖို့ ၃၀% လောက်ရှိရင်တောင် လုံလုံလောက်လောက်သည်ဟု ဆိုရမည်ဖြစ်သည်။

ချန်းရွှမ်ကတော့ သူမ ၇၀%ထိ ယုံကြည်မှုရှိကြောင်း ပြောလာခဲ့သည်။

ဒီလေလံအတွက် သူမမှာ ယုံကြည်မှုအပြည့်ရှိကြောင်း မြင်နိုင်သည်။

ချန်းရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

" ကျွန်မတို့ဘက်က တင်ပြခဲ့တဲ့ စီမံကိန်းနဲ့ ဒီဇိုင်းအဆိုပြုချက်က တီထွင်ဖန်တီးမှုအရှိဆုံးနဲ့ အနာဂတ်အတွက် အကောင်းဆုံးပဲ။ အထက်အရာရှိ တော်တော်များများကလည်း အဲ့တာကို အရမ်းကျေနပ်ကြတယ်လို့ ကြားတယ်။ နောက်ဆုံးမှာတော့ ရယ်မောနိုင်လိမ့်မယ်လို့ ကျွန်မ ယုံတယ် "

ယဲ့ဖန်က ချက်ချင်း သူမကို ရေအေးနဲ့လောင်းချလိုက်သလို အိပ်ရာမှနှိုးပေးလိုက်သည်။

" လေလံဆွဲတာက ဒီဇိုင်းအစီအစဥ်ကို ကြည့်ရုံတင်မဟုတ်ဘဲ ကုမ္ပဏီရဲ့အင်အားကိုလည်း ကြည့်သေးတယ်။ လင်းယွမ်အိမ်ခြံမြေက ကုမ္ပဏီအသစ်တစ်ခုလေ။ တည်ထောင်ထားတာကြာတဲ့ အိမ်ခြံမြေကုမ္ပဏီတွေနဲ့ မယှဉ်နိုင်သေးဘူး။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရင် ပိုကောင်းလိမ့်မယ် "

ချန်းရွှမ်က မကျေမနပ်ဖြစ်ကာ သူ့ကိုကြည့်လိုက်သည်။

" ဘာလို့ တခြားသူတွေကိုကျ မြှောက်ပြောပြီး ကိုယ့်ကိုကိုယ်ကျ နှိမ့်ချနေရတာလဲ။ ကျွန်မတို့ရဲ့ အင်အားက မပျော့ညံ့ပါဘူး "

ယဲ့ဖန်က ခါးသက်သက်ပြုံးလိုက်သည်။

" မင်းကို ကိုယ်က စိတ်ကောင်းစေတနာနဲ့ သတိပေးတာပါ။ မျှော်လင့်ချက် အရမ်းကြီးကြီးမထားနဲ့။ မျှော်လင့်ချက်ကြီးရင် စိတ်ပျက်မှုကလည်း ကြီးလိမ့်မယ် "

ချန်းရွှမ်အနည်းငယ် ဒေါသထွက်သွားသည်။

" ရှင် ဒီလိုစိတ်ပျက်နေပြမယ်ဆိုတာ သိခဲ့ရင် ရှင့်ကိုလာခိုင်းမှာမဟုတ်ဘူး "

ယဲ့ဖန်သည် ပြောစရာစကားပျောက်သွားရသည်။

စိတ်ဓာတ်မြှင့်တင်ပေးခြင်းသည် ကောင်းသောအရာဖြစ်သည်။

သို့ပေမယ့် စိတ်ဓာတ်အရမ်းမြင့်လွန်းရင် လဲကျဖို့လွယ်ကူသည်။

အခု သူပြောသမျှကို သူမက နားမထောင်ပေ။

သူလည်း အရေးမပါမယ့်စကားကို ထပ်ပြောမနေတော့ပေ။

ထိုအချိန်မှာဘဲ လေလံရုံးခန်းတံခါးက ပွင့်သွားသည်။

ဖန်းရှောင်ကွန်းနှင့် အတွင်းရေးမှူးလုတို့က အတူတူ ရုံးခန်းထဲမှ ထွက်လာခဲ့ကြသည်။

ဒါက ရန်သူတွေကို ရှောင်မရတဲ့လမ်းကျဉ်းဘဲ။

ယဲ့ဖန်နှင့် ချန်းရွှမ်လည်း မတ်တပ်ထရပ်လိုက်သည်။

" ရို့၊ ဘယ်လိုတောင် တိုက်ဆိုင်နေတာလဲ "

ဖန်းရှောင်ကွန်းက သူတို့နှစ်ယောက်ကို မြင်လိုက်တဲ့အခါ သူ့မျက်နှာမှာ အရိုးထဲထိနက်တဲ့အမုန်းတရားတွေက ချက်ချင်း ပေါ်လာသည်။

မနေ့ညက ဖြစ်ပျက်ခဲ့တာက သူခံစားဖူးသမျှထဲမှာ အရှက်ရဆုံးလို့ ပြောလို့ရသည်။

ထို့ကြောင့် ယဲ့ဖန်ကို သူမြင်လိုက်ရတဲ့အခါ လူသတ်မလိုကြည့်နေသည်။

ယဲ့ဖန်က ပြုံးပြီးပြောသည်။

" ငါ့ကို အဲ့လို မကြည့်ပါနဲ့။ ငါ အရမ်းကြောက်နေပြီ "

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို အသွေးအသားထဲကပင် မုန်းတီးနေသော်လည်း တစ်ဖက်လူ၏ ပုံမှန်မဟုတ်သော တိုက်ခိုက်ရေးစွမ်းအားကို ထည့်သွင်းစဉ်းစားမိတဲ့အခါ သူ ယဲ့ဖန်ကို ထိပ်တိုက်မရင်ဆိုင်ရဲပေ။

သူက ချန်းရွှမ်ကိုသာ လှည့်ကြည့်ခဲ့သည်။

" မင်းဝင်စရာ မလိုဘူးထင်တယ်။ အဲ့ဒီမြေကွက်က ငါ့မြေပဲ "

ချန်းရွှမ်က ရယ်မောလိုက်သည်။

" ဒါက ခွန်အားပေါ်မှာပဲ မူတည်တယ်။ လင်းယွမ်အိမ်ခြံမြေအကျိုးဆောင်ဘက်က အဆိုပြုချက်က ရှင်တို့ထက်သာတယ်လေ။ ရှင်က ကျွန်မတို့နဲ့ ဘာပြိုင်မှာလဲ "

" အပျော်မစောပါနဲ့ဦး "

ဖန်းရှောင်ကွန်းက အဓိပ္ပါယ်ပါပါပြောလိုက်သည်။

" နောက်မှ မရယ်နိုင်ဘဲဖြစ်နေမယ် "

ထိုသို့ပြောပြီးနောက် သူက အတွင်းရေးမှူးလုနှင့်အတူ ဂုဏ်ယူစွာ ထွက်ခွာသွားခဲ့သည်။

ချန်းရွှမ်က သူဘာကိုဆိုလိုသည်ကို မသိပေ။

ဒါပေမယ့် သူမနဲ့ ယဲ့ဖန်ရုံးခန်းထဲဝင်သွားတဲ့အခါ ....... နောက်ဆုံးမိနစ်မှာဘဲ လေလံစည်းမျဉ်းတွေ ပြောင်းလဲသွားကြောင်း ဝန်ထမ်းမှ အသိပေးခဲ့သည်။

ထိုအခါမှ ဖန်းရှောင်ကွန်း ဘာကြောင့် အဲ့လောက်ယုံကြည်မှုရှိနေလဲဆိုတာကို သူမ သိလိုက်ရသည်။

ဝန်ထမ်းများ၏အဆိုအရ အထက်အရာရှိများက ဒီပရောဂျက်ကို စွန့်စားမှုမလိုအပ်ကြောင်း သေချာစေရန် လိုလားကြသည်။

လေလံစည်းကမ်းများကို ပြောင်းလဲလိုက်သည်။

တခြားကုမ္ပဏီအသီးသီးမှ အဆိုပြုထားသော စီမံကိန်းနှင့်ဒီဇိုင်းအဆိုပြုချက်များအပြင် လေလံဆွဲသည့်ကုမ္ပဏီ၏ ငွေကြေးအင်အားနှင့် ဆောက်လုပ်ရေးစွမ်းရည်ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ထို့ကြောင့် လေလံဆွဲရာတွင်ပါဝင်သည့်ကုမ္ပဏီများက လေလံမပါ၀င်မီတွင် အနည်းဆုံးရန်ပုံငွေ၏ ၇၀% ရှိရမည်ဖြစ်သည်။

ထို့အပြင် လေလံဆွဲချိန်ကို ရှေ့တိုးလိုက်ပြီး သဘက်ခါတွင် ကုန်ဆုံးမည်ဖြစ်သည်။

ထိုအချိန်တွင် လေလံအောင်မြင်သည့်ကုမ္ပဏီကို ကြေညာမည်ဖြစ်သည်။

ထိုသတင်းသည် ချန်းရွှမ်ကို ချက်ချင်း စိတ်ရှုပ်သွားစေသည်။

အကြောင်းမှာ ယဲ့ဖန်နှင့် အခြားသူများက ကြိုတင်တွက်ချက်ထားသောကြောင့်ဖြစ်သည်။

ဒီပရောဂျက်က အနည်းဆုံး ယွမ် ဘီလီယံဆယ်ဂဏန်းလောက် ကုန်ကျမှာ ဖြစ်သည်။

လေလံမဆွဲမီ ကုန်ကျမည့်အရင်းအနှီး၏ အနည်းဆုံး ၇၀%ဖြစ်သည့် ၇ဘီလီယံ ၈ဘီလီယံကို ပြင်ဆင်ထားရန်လိုအပ်သည်။

လင်းယွမ်ကုမ္ပဏီကိုမပြောနှင့် နိုင်ငံရဲ့တခြားထိပ်တန်းအိမ်ခြံမြေကုမ္ပဏီတွေထဲမှာတောင် ဒီလိုတောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့သူ အများအပြား မရှိနိုင်ချေ။

ထို့အပြင် လေလံဆွဲမှုကလည်း သဘက်ခါ ပြီးဆုံးမည်ဖြစ်သည်။

ရန်ပုံငွေစုဆောင်းရန် နှစ်ရက် သို့မဟုတ် တစ်ရက်ခွဲသာ ကျန်တော့သည်။

ဒီလိုအချိန်တိုလေးအတွင်းမှာ သူမ ဘယ်ကနေ ပိုက်ဆံတွေ အများကြီးသွားရှာရမှာလဲ။

အပိုင်း ( ၃၃၀ )

သတင်းနှိုက်ဖို့ ကြိုးစားနေတာလား

အစက ချန်းရွှမ်သည် အရင်ဆုံး မြေနေရာရရှိရန် အလွန်ကောင်းမွန်သောစီမံကိန်းနှင့် ဒီဇိုင်းအစီအစဥ်ကို တင်ပြပြီး သူမ လေလံအောင်တဲ့ပြီးတဲ့နောက်မှ ငွေကြေးပြဿနာကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားခဲ့သည်။

ဒါပေမယ့် အခု စည်းကမ်းတွေ ပြောင်းသွားပြီဖြစ်တာကြောင့် သူတို့ရဲ့ဘဏ္ဍာရေးအင်အားကို သက်သေပြဖို့ ပရောဂျက်အတွက် လိုအပ်တဲ့ ရန်ပုံငွေ ၇၀% ကို အရင်ရှာရမည်။

ဒါက သူတို့လေလံဆွဲဖို့ အခွင့်အရေးကို ဆွဲဖယ်သွားမည့် ပြဿနာဖြစ်သည်၊

" ဖန်းရှောင်ကွန်း၊ ခုနက ထွက်သွားတုန်းက အရမ်းစိတ်ပိုင်းဖြတ်ထားပုံဖြစ်နေတာ အံ့သြစရာမဟုတ်တော့ဘူး "

ချန်းရွှမ်က မထိန်းနိုင်ဘဲ ရေရွတ်လိုက်ရင်း သူမရဲ့အမူအရာက လုပ်နိုင်စွမ်းမဲ့နေပုံပေါ်နေသည်။

ကျန်းယုံထင်းက အချိန်မီရောက်လာပြီး အနည်းငယ်စိုးရိမ်နေပုံရသည်။

" အစ်မရွှမ်၊ လေလံစည်းကမ်းတွေ ပြောင်းသွားပြီလို့ သူတို့ရဲ့ ဝန်ထမ်းတွေဆီက ကြားလိုက်ရတယ်၊ ဟုတ်လား "

ချန်းရွှမ်က လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

" လက်ရှိစည်းမျဉ်းတွေအရ လင်းယွမ်အိမ်ခြံမြေက ဖယ်ချခံလိုက်ရပြီ "

ကျန်းယုံထင်းက အနည်းငယ်အံ့အားသင့်သွားသည်။

" မျှော်လင့်ချက် လုံးဝမရှိဘူးလား။ ကျွန်မတို့ ဒီပရောဂျက်တွင် အင်အားတွေအများကြီးမြှုပ်နှံထားတာကို ဒီလောက်လွယ်လွယ်နဲ့ စွန့်လွှတ်ရမှာလား "

ချန်းရွှမ်က သက်ပြင်းရှည်ချလိုက်သည်။

" ငါတို့ ကုမ္ပဏီမှာ ယွမ်ငွေ သန်း ၃၀၀ ဝန်းကျင်လောက်ဘဲရှိတာလေ။ လေလံဆွဲဖို့ လိုအပ်တဲ့ရန်ပုံငွေပမာဏကို အချိန်တိုအတွင်း ရဖို့က ဖြစ်နိုင်ဘူး။ လက်မလျှော့ရင် ငါတို့ဘာလုပ်နိုင်မှာမလို့လဲ "

ကျန်းယုံထင်းလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။

သူမလည်း ချန်းရွှမ်နှင့်အတူ စင်္ကြံမှာရှိတဲ့ကုလားထိုင်ပေါ် ထိုင်ကာ သူတို့ပုံစံက စိတ်ဓာတ်ကျနေပုံပေါ်နေသည်။

ဒီကာလအတွင်းမှာ သူတို့က ဒီပရောဂျက်အတွက် အလုပ်ရှုပ်ခဲ့ကြရသည်။

ည ၂ နာရီ သို့မဟုတ် ၃ နာရီအထိ အချိန်ပိုလုပ်ခဲ့ကြသည်။

မျှော်လင့်ချက်ကို မြင်ပြီးခါမှ အဆုံးမှာ ကျရှုံးသွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပေ။

ဒီထိုးနှက်ချက်က ကြီးမားလွန်းသည်။

မိန်းကလေးနှစ်ယောက် ခံနိုင်ရည်ရှိနိုင်တဲ့အရာတော့ မဟုတ်ပေ။

ထိုအချိန်တွင် ယဲ့ဖန်က ဖြည်းဖြည်းချင်းပြောလာသည်။

" လေလံက မပြီးသေးဘူး မဟုတ်လား။ မင်းတို့က ဒီလိုပဲ စိတ်ညစ်နေကြမှာလား "

" ပြီးသလောက်ဖြစ်သွားပြီလေ "

ချန်းရွှမ်က ဝမ်းနည်းတဲ့မျက်နှာဖြင့် ပြောလိုက်သည်။

" ကျုံးဟိုင်မြို့တစ်ခုလုံးမှာ ဒီလိုစံနှုန်းကို ရောက်နိုင်တဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုမှာတောင် စိုးရိမ်ရတယ် "

ယဲ့ဖန်က ပြုံးလိုက်သည်။

" အဲ့တာက ပြဿနာဘဲ "

" လင်းယွမ်အိမ်ခြံမြေမပြောနဲ့ ချင်းဒါးကော်ပိုရေးရှင်းအတွက်တောင် ဒီလို အချိန်တိုအတွင်းမှာ ယွမ် ၇ ဘီလီယံ ၊ ၈ ဘီလီယံအထိ ရဖို့ဆိုတာ မဖြစ်နိုင်ဘူး "

ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့သည် ယဲ့ဖန်၏ သုံးသပ်ချက်က အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။

ချင်းဒါးလိုကော်ပိုရေးရှင်းကြီးတစ်ခုတောင်မှ ဒီလိုအချိန်တိုအတွင်းမှာ ယွမ် ၇ ဘီလီယံ ၊ ၈ ဘီလီယံအထိရဖို့က တကယ်ဘဲ ခက်ခဲနိုင်သည်။

" ဒါပေမယ့် ဖန်းရှောင်ကွန်းပုံစံက ယုံကြည်မှုအပြည့်ရှိနေတာလေ "

ချန်းရွှမ်သည် ယဲ့ဖန်ကို ချက်ချင်း မေးခွန်းထုတ်လိုက်သည်။

" အဲ့တာက ဖြစ်နိုင်ခြေ နှစ်ခုပဲရှိတယ်။ စည်းကမ်းပြောင်းလဲတာကို ကြိုတင်သတိပေးချက်ရထားလို့ ရန်ပုံငွေကို ကြိုစုဆောင်းထားတာ။ ဒါပေမယ့် ဒီကိစ္စဖြစ်နိုင်ခြေက အရမ်းနည်းတယ် "

" ဘာလို့လဲ "

ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ပုံစံက မူလတန်းကျောင်းသားနှစ်ယောက်နှင့်တူသည်။ သူတို့က ခေါင်းကိုမော့ပြီး ယဲ့ဖန်ကိုကြည့်နေကြသည်။

" ဘာလို့လဲဆိုတော့ ဖန်းရှောင်ကွန်းက ပြိုင်ဘက်တစ်ယောက်အဖြစ် မင်းကို ဖယ်ရှားဖို့ ညစ်ပတ်တဲ့ လှည့်ကွက်တွေသုံးပြီး ကြိုးစားခဲ့တာ မနေ့ကမှလေ "

ယဲ့ဖန်က ရှင်းပြသည်။

ဒါဟာ အဓိပ္ပါယ်ရှိတယ်လို့ ချန်းရွှမ်ခံစားရသည်။

ဖန်းရှောင်ကွန်းက စည်းကမ်းပြောင်းလဲမှုကို ကြိုတင်သိထားခဲ့ရင် လင်းယွမ်အိမ်ခြံမြေကို ကြောက်နေစရာမလိုပေ။

သူမကို လိုက်ပိုးပန်းချင်ယောင်ဆောင်ဖို့လည်းမလိုသလို၊သူမအမေဆီက အမြင်ကြည်ရန်အတွက် ဒုက္ခခံစရာလည်းမလိုပေ။

" ဒုတိယဖြစ်နိုင်ချေကရော ဘာလဲ "

ချန်းရွှမ်က ဆက်မေးသည်။

" ဒုတိယဖြစ်နိုင်ချေကတော့ သုံးရက်အတွင်း ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကို ရဖို့ သူ ယုံကြည်ချက်ရှိနေလို့ဘဲ။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တစ်ခု ရပြီးတာတောင်တောင် ဖြစ်နိုင်တယ် ......... "

ယဲ့ဖန်က ဆက်လက် သုံးသပ်ပြသည်။

" ဒါပေမယ့် တစ်စုံတစ်ယောက်က သူတို့ဆီမှာ ရင်းနှီးမြုပ်နှံထားတာကို ကျွန်မတို့သိရတယ်ဆိုရင်တောင် ဘာအကျိုးရှိမှာမလို့လဲ "

ကျန်းယုံထင်းက မေးသည်။

" သေချာပေါက် အသုံးဝင်တာပေါ့။ ဘယ်ရင်းနှီးမြုပ်နှံမှုအဖွဲ့အစည်းလဲဆိုတာကို ရှာတွေ့နိုင်သရွေ့ ညှိနှိုင်းဖို့ နေရာက ကျန်ပါသေးတယ် "

ယဲ့ဖန်က ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်သည်။

ချန်းရွှမ်နှင့် ကျန်းယုံထင်းသည် အံ့သြပျော်ရွှင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အံ့သြစရာကောင်းတာက ယဲ့ဖန်ဟာ ဒီလောက်မြန်မြန်နဲ့ တည်ငြိမ်ပြီး ပြဿနာရဲ့ အဓိကအချက်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ခြင်းဖြစ်သည်။

ကျိုးကြောင်းဆီလျော်မှုနှင့် အားကောင်းသော ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းက အမှန်တကယ်ပင် လေးစားဖွယ်ကောင်းလှသည်။

ဒီပရောဂျက်က လုံးဝမျှော်လင့်ချက်မရှိတော့ဘူးလို့ သူတို့ထင်ထားခဲ့တာကြောင့် အခုတော့ သူတို့ပျော်ရွှင်ရပြီဖြစ်သည်။

သူတို့သည် မျှော်လင့်ချက်အလင်းရောင်ကို ပြန်မြင်လာရပြီဖြစ်သည်။

" ဒါပေမယ့် ဒီလိုမျိုး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေက လျှို့ဝှက်ထားတတ်တယ်။ ဘယ်ရင်းနှီးမြုပ်နှံမှုအဖွဲ့အစည်းလဲဆိုတာကို ဘယ်လို ရှာနိုင်မှာလဲ "

ချန်းရွှမ်သည် ငြိမ်သက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

" အရင်က ငါတို့ကိုလက်ခံခဲ့တဲ့ ဌာနခေါင်းဆောင်ယောင်းဘင်းက ဒီလေလံဆွဲတဲ့စီမံကိန်းတာဝန်ခံလေ။ သူသိလောက်တယ်မဟုတ်လား "

ကျန်းယုံထင်းက ရုတ်တရက် လူတစ်ယောက်နာမည်ကို ပြောလာသည်။

" ဒါပေမယ့် ..... သူက ငါတို့ကို ပြောပြပါ့မလား "

ချန်းရွှမ် တုံ့ဆိုင်းသွားရသည်။

" စမ်းကြည့်ရအောင်ပါ။ အခုတော့ ကျွန်မတို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားရမှာဘဲလေ "

ကျန်းယုံထင်းမှာလည်း အခြားရွေးချယ်စရာမရှိပေ။

" ကောင်းပြီ၊ သွားကြည့်ရအောင် "

ချန်းရွှမ်ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် သုံးယောက်သား ဒုတိယထပ်သို့တက်ကာ ရုံးခန်းတံခါးဆီသို့ ရောက်လာကြသည်။

တံခါးကိုနှစ်ချက်ခေါက်လိုက်သည်။

ထို့နောက် အတွင်းမှ ပျင်းရိနေတဲ့အသံကို ကြားလိုက်ရသည်။

" ကျေးဇူးပြုပြီး ဝင်ခဲ့ပါ "

သုံးယောက်သား ရုံးခန်းထဲသို့ ဝင်သွားကြသည်။

အနက်ရောင်မျက်မှန်တပ်ထားသည့် အသက်ငါးဆယ်ကျော်အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

သူက အိပ်ငိုက်နေတဲ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။

သူက မနက်အစောကြီးကို အိပ်ငိုက်နေတာလား။

ဒီဌာနခေါင်းဆောင်ယောင်းက တကယ့်ကို အရည်အချင်းရှိသူဘဲ။

" မင်္ဂလာပါ၊ ဌာနခေါင်းဆောင်ယောင်း။ ကျွန်မက လင်းယွမ်အိမ်ခြံမြေက ချန်းရွှမ်ပါ။ ကျွန်မတို့ အရင်တစ်ခေါက်က တွေ့ခဲ့ကြတယ်လေ "

ချန်းရွှမ်က သူ့ကို အရင် နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ၊ ဘာကိစ္စရှိလို့လဲ "

ဌာနခေါင်းဆောင်ယောင်းက အနည်းငယ်သာ ခေါင်းငြိမ့်ပြပြီး သူမကို ကြိုဆိုရန် မတ်တပ်မရပ်ပေ။

" ဒီလိုပါ။ နောက်ဆုံးမိနစ်မှာမှ လေလံစည်းမျဉ်းများ ပြောင်းလဲခဲ့ကြောင်း ကြားသိရပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး ကျွန်မတို့က ဌာနခေါင်းဆောင်ယောင်းကို မေးခွန်းအချို့မေးစရာရှိလို့ပါ "

" ဘာမေးခွန်းလဲ "

" ပြန်လည်ပြင်ဆင်ထားတဲ့စည်းမျဉ်းတွေအရ လေလံဆွဲတဲ့ကုမ္ပဏီတွေဘက်က ပြင်ဆင်ဖို့လိုအပ်တဲ့ ရန်ပုံငွေက အရမ်းများတယ်။ ကုမ္ပဏီအများစုက ဒီလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်မှာကို ကျွန်မ စိုးရိမ်မိပါတယ်၊ ဟုတ်တယ်မလား "

" ဟုတ်တယ်။ လေလံဆွဲမှတော့ ငါတို့ဘက်က အင်အားတောင့်တင်းတဲ့ကုမ္ပဏီကို ရွေးချယ်မှာဘဲ။ မင်းတို့ဘက်က လိုအပ်ချက်တွေကို ပြည့်မီအောင် မစွမ်းဆောင်နိုင်တာနဲ့ တခြားသူတွေလည်း မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး "

" ဒါဆို လေလံစည်းကမ်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေ ရှိနေပြီလား "

" ရှိတယ် ........ "

ဌာနခေါင်းဆောင်ယောင်းက ရုတ်တရက် တုံ့ပြန်လိုက်သည်။

" ကောင်မလေး၊ မင်း ငါ့ဆီကနေ သတင်းနှိုက်ဖို့ ကြိုးစားနေတာလား "

အပိုင်း ( ၃၃၁ )

မျက်နှာအရည်ထူတာက မြို့နံရံလောက်ရှိတယ်

ချန်းရွှမ်သည် သူမ၏အတွေးတွေကို ဌာနခေါင်းဆောင်ယောင်းက သိသွားသောအခါမှာလည်း ရှက်ရွံ့နေခြင်းမရှိပေ။

" ဌာနခေါင်းဆောင်ယောင်း၊ နားလည်မှုမလွဲပါနဲ့။ ဘယ်ကုမ္ပဏီက ဒီလောက် အစွမ်းထက်လဲဆိုတာ ကျွန်မတို့က နည်းနည်းသိချင်ရုံတင်ပါ။ သူတို့က လေလံလိုအပ်ချက်တွေကို အဲ့လောက်မြန်မြန်ဖြည့်ဆည်းနိုင်တာလား "

ဌာနခေါင်းဆောင်ယောင်းက ရေဖန်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။

" ဒါတွေက ........ ဘယ်လိုဘဲဖြစ်ဖြစ် အဲ့တာတွေက လျှို့ဝှက်ချက်တွေ ပါဝင်နေတာမလို့ ထုတ်ဖော်ပြောဖို့ အဆင်မပြေဘူး "

ချန်းရွှမ်က သူ့အမူအရာတွေကို သေချာအာရုံစိုက်နေခဲ့သည်။

" ကျွန်မသာ မမှားရင် အဲ့လိုအဆင်သင့်ဖြစ်နေတာက ချင်းဒါးကော်ပိုရေးရှင်း ဖြစ်သင့်တယ်မဟုတ်လား "

ဌာနခေါင်းဆောင်ယောင်းက မျက်ခုံးပင့်လိုက်သည်။

" ဘာလို့ အဲ့ဒီလိုပြောနိုင်တာလဲ "

ချန်းရွှမ်သည် သူမ၏လှည့်စားပြောနိုင်မှုစွမ်းရည်ကို ချက်ချင်းအသုံးပြုခဲ့သည်။

" ဘာလို့လဲဆိုတော့ ကျွန်မက ချင်းဒါးကော်ပိုရေးရှင်းရဲ့အတွင်းရေးမှူးလုနဲ့ ရင်းနှီးလို့ပါ။ သူမက ကျွန်မကို ပြောပြခဲ့တာလေ ...... "

ထိုအချိန်တွင် ဖန်းရှောင်ကွန်းနောက်ကိုလိုက်နေရသော အတွင်းရေးမှူးလုသည် နှာချေမိသွားသည်။

ငါ့အနောက်မှာ ဘယ်သူ အတင်းပြောနေတာလဲ။

အဘိုးကြီးဖန်းက ငါ့ကို လွမ်းနေတာများလား။

မနေ့ညက ဖန်းအငယ်လေးနောက်ကိုလိုက်သွားပြီးပြန်လာတာနဲ့ သူမ ပြုစုပေးခဲ့တာဘဲ မဟုတ်လား။

ဌာနခေါင်းဆောင်ယောင်းသည် ဒီလောက် လွယ်လွယ်နဲ့ အရူးအလုပ်မခံရပေ။

" မင်းက အတွင်းရေးမှူးလုနဲ့ ရင်းနှီးတယ်ဆိုရင် မင်း သူ့ကို မေးလို့ရတယ်လေ။ ငါ့ကိုဘာလို့လာမေးနေတာလဲ "

ချန်းရွှမ်ပြုံးလိုက်သည်။

"သူမက အတွင်းရေးမှူးတင်ပါ။ အဲ့တော့ သူမ မသိတဲ့အရာတွေက အများကြီးရှိတယ်။ ဥပမာ ...... ချင်းဒါးကော်ပိုရေးရှင်းက ဒီလောက်ငွေအများကြီးကို ဘယ်လိုရှာမှာလဲဆိုတာပေါ့။ တစ်ယောက်ယောက်က သူတို့အတွက် ရင်းနှီးမြုပ်နှံထားလို့ ဖြစ်နိုင်မလား"

ဌာနခေါင်းဆောင်ယောင်းက လှောင်ရယ်လိုက်သည်။

" ဥက္ကဌချန်း၊ မင်း ဒီအကြံကို တတ်နိုင်သလောက် မြန်မြန်စွန့်လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်။ မင်း ငါ့ဆီက အချက်အလက်နှိုက်ဖို့အတွက် အတွေ့အကြုံနုသေးတယ် "

ချန်းရွှမ်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

" ဌာနခေါင်းဆောင်ယောင်း၊ ကျွန်မတို့အဆိုပြုချက်က အားလုံးထဲမှာ အကောင်းဆုံးဆိုတာ ရှင် သိထားပြီးသားပါ။ ကျွန်မတို့က အခု အရင်းအနှီးအဆင့်မှာ တန့်နေရတယ်။ ရှင် ကျွန်မတို့ကို ကူညီပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ် "

ဌာနခေါင်းဆောင်ယောင်းသည် အေးစက်သောမျက်နှာထားဖြင့် ဖြတ်ပြောလိုက်သည်။

" အဲ့လို မပြောပါနဲ့။ ငါ ယောင်းဘင်းက အမြဲတမ်း တရားမျှတပြီး ဘက်မလိုက်တတ်ဘူး။ ငါ့လည်ပင်းမှာ ဓားတစ်ချောင်းထောက်ထားရင်တောင် မင်းကို ချင်းဒါးကော်ပိုရေးရှင်းအကြောင်းကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး "

ချန်းရွှမ်နှင့် ကျန်းယုံထင်းသည် သူ့စကားကြားပြီး

စိတ်ပျက်လက်ပျက်ဖြစ်သွားကြပြန်သည်။

ချင်းဒါးကော်ပိုရေးရှင်း၏ အတွင်းသတင်းကို သူတို့ မသိရပါက ........ အဲ့ဒီအခါ သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်က ဖြတ်တောက်ခံလိုက်ရမည်ဖြစ်သည်။

ဖယ်ထုတ်ခံလိုက်ရတဲ့အတွက် နောင်တရနေကြမည်သာဖြစ်သည်။

ချင်းဒါးကော်ပိုရေးရှင်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပရောဂျက်ကို အရယူသွားမှာဖြစ်သည်။

သူတို့ရဲ့ ခွန်အားတွေကလည်း ခုန်ပျံကျော်လွှားပြီး တိုးလာမည်ဖြစ်သည်။

ဖန်းဝမ်းညန်သည် ကျုံးဟိုင်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်တောင် ဖြစ်သွားနိုင်သည်။

သူမသည် မနေ့ညက ဖန်းရှောင်ကွန်းကို လုံးဝ စော်ကားခဲ့သည်။

ဖန်းရှောင်ကွန်းက လင်းယွမ်အိမ်ခြံမြေကို အနာဂတ်မှာ လုံးဝ အလွှတ်ပေးမှာ မဟုတ်တော့ပေ။

သူမ၏အနာဂတ်သည် မှောင်မိုက်နေတော့မှာဖြစ်သည်။

ထိုအချိန်တွင် ရုံးခန်းတံခါးကို အပြင်မှ ရုတ်တရက် တွန်းဖွင့်လိုက်သည်။

အသက်ငါးဆယ်ကျော်အမျိုးသားတစ်ဦးက ဝင်လာသည်။

" ယောင်းလူကြီး၊ လေလံကုမ္ပဏီက အခုတင်ထားတဲ့အချက်အလက်တွေကို ငါ့ရုံးခန်းထဲကို ပို့ထားပေး "

ဌာနခေါင်းဆောင်ယောင်းသည် ထိုလူကိုမြင်ပြီး အလျင်အမြန်ထရပ်လိုက်သည်။

" ဒါရိုက်တာဟွမ်း၊ ဒီလိုအသေးအမွှားကိစ္စလေးတစ်ခုအတွက်နဲ့ တစ်ယောက်ယောက်ကို ဘာလို့မခိုင်းလိုက်ဘဲ ကိုယ်တိုင်လာတာလဲ "

ဒါရိုက်တာဟွမ်းက အနည်းငယ် စိတ်မချမ်းသာဖြစ်သွားသည်။

" ငါကိုယ်တိုင်လည်း ဒီလိုအသေးအမွှားလေးလုပ်ရမှာပေါ့။ ငါတို့က သူဌေးမှ မဟုတ်တာ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ဒီမှာလုပ်နေတာလေ "

ဌာနခေါင်းဆောင်ယောင်း အမြန်ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ခဏနေ ပို့လိုက်ပါ့မယ် "

" ဒါဆို သွားတော့မယ် "

ဒါရိုက်တာဟွမ်းက ခေါင်းငြိမ့်ပြပြီး ထွက်သွားတော့မယ့်အချိန်မှာဘဲ ထောင့်တစ်နေရာမှာ ရပ်နေသော ယဲ့ဖန်ကို ရုတ်တရက် တွေ့လိုက်ရသည်။

သူ့အမူအရာက ချက်ချင်း အံ့အားသင့်သွားပုံပေါ်သည်။

" ယဲ့ညီလေးလား "

တကယ်တော့ ယဲ့ဖန်က သူ့ကို တွေ့ပြီးသားဖြစ်သည်။

ဒါရိုက်တာဟွမ်းသည် မနေ့က အဆောက်အဦးမှ ခုန်ချခဲ့သော 'ဖိနပ်လျက်သူ'ရဲ့ အဖေဖြစ်သည်။

စည်ပင်သာယာရေးရုံး၏ညွှန်ကြားရေးမှူး ဒါရိုက်တာ ဟွမ်းယန်ရှန်းဖြစ်သည်။

" မင်္ဂလာပါ ဒါရိုက်တာဟွမ်း။ သိပ်မကြာသေးဘဲ ပြန်ဆုံကြရတာပေါ့ "

ယဲ့ဖန်ကလည်း သူ့ကို နှုတ်ဆက်လိုက်သည်။

" တကယ်ဘဲ မင်းလား။ ဘာလို့ဒီကိုရောက်နေတာလဲ "

ဟွမ်းယန်ရှန်း အမြန်လျှောက်လာပြီး သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူက အရမ်းစိတ်လှုပ်ရှားနေပုံရသည်။

" ကျွန်တော်က သူငယ်ချင်းတစ်ယောက်နဲ့ ကိစ္စတစ်ခုလုပ်ဖို့အတွက် ရောက်နေတာပါ "

ယဲ့ဖန်သည် ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ကို ညွှန်ပြလိုက်သည်။

ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့လည်း အံ့သြသွားကြသည်။

သူတို့သည် စည်ပင်ကို အကြိမ်များစွာ ရောက်ဖူးသောကြောင့် ညွှန်ကြားရေးမှူး ဒါရိုက်တာ ဟွမ်းယန်ရှန်းကို သိကြသည်။

သူသည် စီမံကိန်းနှင့် အတည်ပြုချက်အတွက် အဓိက တာဝန်ရှိသူဖြစ်ကြောင်း သူတို့သိထားသည်။

လောင်ချန်းခရိုင် ပြုပြင်မွမ်းမံရေးတာဝန်ခံကလည်း သူ ဖြစ်သည်။

သူတို့သေခြင်းရှင်ခြင်းကို ချုပ်ကိုင်ထားသူလည်းဖြစ်သည်။

ယဲ့ဖန်က သူ့ကို တကယ်သိတာလား။

ထို့အပြင် ညွှန်ကြားရေးမှူး ဒါရိုက်တာ ဟွမ်းယန်ရှန်း၏ စိတ်လှုပ်ရှားနေသည့်အမူအရာက သူ့ကယ်တင်ရှင်ကို မြင်လိုက်ရသလိုဖြစ်နေသည်။

ဘာတွေဖြစ်နေတာလဲ။

ဘေးတွင်ရှိနေသည့် ဌာနခေါင်းဆောင်ယောင်းသည်လည်း အံ့အားသင့်သွားသည်။

" ဒါရိုက်တာဟွမ်း၊ ဒီလူကြီးမင်းသိတာလား "

ဟွမ်းယန်ရှန်း သက်ပြင်းချလိုက်သည်။

" သူ့ကို သိရုံတင်မကဘူး။ ညီလေးယဲ့က ငါ့သားရဲ့ ကယ်တင်ရှင်ဘဲ။ သူ့ကြောင့်သာမဟုတ်ရင် ...... "

သူကပြောနေရင်း သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။

ယဲ့ဖန်ကြောင့်သာမဟုတ်ရင် သူတို့မိသားစုတစ်ခုလုံး တကယ်ဘဲ ပျက်စီးသွားမှာဖြစ်သည်။

အဲ့တာကိုကြားတော့ ဌာနခေါင်းဆောင်ယောင်းက သူ့ဘောင်းဘီထဲသေးထွက်မတတ် ကြောက်သွားသည်။

ဒီလူငယ်လေးဟာ ဒါရိုက်တာဟွမ်းနဲ့ ဒီလိုဆက်ဆံရေးမျိုးရှိနေမယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

ဟွမ်းယန်ရှန်းသည် ယဲ့ဖန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်နေသည်။

" ညီလေးယဲ့၊ မင်းဒီနေ့လာတာ ဘာကိစ္စလဲ။ ငါကူညီပေးနိုင်တာတစ်ခုခုရှိလား။ မင်းပြောသမျှ ငါလုပ်ပေးမယ် "

ယဲ့ဖန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" မလိုပါဘူး၊ ဌာနမှူးယောင်းက တရားမျှတပြီး သမာသမတ်ကျတဲ့သူတစ်ယောက်ဆိုတော့ ဒါကို ဖြေရှင်းဖို့ သူက ကူညီပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် "

ဟွမ်းယန်ရှန်း ခေါင်းငြိမ့်လိုက်သည်။

" အဲ့တာဆိုကောင်းပြီ။ မဖြေရှင်းနိုင်ရင်တော့ မင်းငါ့ဆီလာရမယ် "

" ကောင်းပါပြီ "

" အခုတော့ လုပ်စရာတွေရှိနေသေးတော့ အရင်သွားလိုက်ဦးမယ်။ နောက်နေ့ကျ ညစာစားဖို့ သေချာပေါက်ဖိတ်လိုက်မယ်။ မင်းရဲ့မရီးက မင်းကို ကောင်းကောင်းကြီး ကျေးဇူးတင်ချင်နေတာ "

" ရပါတယ်၊ ရပါတယ် "

နှစ်ယောက်သား ကြည်နူးစရာစကားအနည်းငယ် ဖလှယ်ပြောနေကြသည်။

ထို့နောက် ဟွမ်းယန်ရှန်းက အရင်ထွက်သွားသည်။

မျှော်လင့်ထားသည့်အတိုင်း ဟွမ်းယန်ရှန်းထွက်သွားပြီးတဲ့နောက် ဌာနခေါင်းဆောင်ယောင်းက ချက်ချင်း ရိုသေစွာဖြင့် သူ့ဆီကို လျှောက်လာသည်။

" လူကြီးမင်း ကျေးဇူးပြုပြီး ထိုင်ပါ "

သူက စကားပြောနေရင်းနဲ့ ယဲ့ဖန်ကို သူ့ထိုင်ခုံမှာတောင် ထိုင်ခိုင်းလိုက်သည်။

ထို့နောက် သူ့ပခုံးတွေကို သေသေချာချာ နှိပ်နယ်ပေးနေသည်။

ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့အံသြသွားကြသည်။

အခုပဲ သူတို့ကို ဂရုမထားတဲ့ ဌာနခေါင်းဆောင်ယောင်းက ခွေးတစ်ကောင်လို ဖြစ်သွားလေသည်။

တကယ်ဘဲ မျက်နှာနှစ်ဖက်ရှိနေခဲ့တာလား။

" ယဲ့လူကြီးမင်း၊ သိချင်တာရှိရင် ကျွန်တော့်ကိုမေးပါ။ သိသမျှ သေချာပြောပြပေးပါ့မယ် "

ဌာနခေါင်းဆောင်ယောင်းက ယဲ့ဖန်၏အမူအရာကို ဂရုတစိုက်ကြည့်နေသည်။

" အဲ့တာဆို သိပ်မကောင်းဘူး မဟုတ်လား။ ခင်ဗျားက သမာသမတ်ကျပြီးတော့ လည်ပင်းမှာ ဓားနဲ့ထောက်ခံနေရရင်တောင် ဘာမှမပြောဘူး မဟုတ်လား "

ယဲ့ဖန်၏မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခုရှိနေသည်။

" ယဲ့လူကြီးမင်းရဲ့ကိစ္စက ဘယ်လိုလုပ် ဘက်လိုက်တယ်ဖြစ်မှာလဲ။ လူကြီးမင်းရဲ့အိမ်ခြံမြေကုမ္ပဏီက ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးနေတာပါ။ အချက်အလက်တချို့ပေးလိုက်တာနဲ့ မျက်နှာလိုက်တယ်လို့ ပြောလို့ရပါ့မလား။ မရဘူးလေ "

ဌာနခေါင်းဆောင်ယောင်းက ဖြောင့်မတ်စွာ ပြန်ဖြေသည်။

ယဲ့ဖန် နဲ့ အခြားနှစ်ယောက်က သူ့ကို မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။

ဌာနခေါင်းဆောင်ယောင်းက မျက်နှာလိုက်တဲ့ကျမ်းကြေပုံရသည်။

မျက်နှာအရည်ထူချက်က မြို့နံရံထက်တောင်ထူသေးသည်။

အပိုင်း ( ၃၃၂ )

မိုက်လိုက်တာ

" ချင်းဒါးကော်ပိုရေးရှင်းရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ ဝမ်းဖန်အိမ်ခြံမြေက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဆီက သဘောတူညီချက်တစ်ခုရခဲ့တာပါ "

" ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတဲ့လား "

" ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အရမ်းနာမည်ကြီးတာတော့မဟုတ်ပေမယ့် သူတို့က အရမ်းအစွမ်းထက်တယ်။ နိုင်ငံတွင်းမှာ သူတို့ရှယ်ယာဝင်ထားတဲ့ကုမ္ပဏီကြီးတွေ အများကြီးရှိတယ် "

" ချင်းယွမ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ချင်းဒါးကော်ပိုရေးရှင်းနဲ့ ဘာလို့ ရုတ်တရက်ကြီး ပူးပေါင်းဆောင်ရွက်ရတာလဲ "

" ချင်းယွမ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက အဓိက အစုရှယ်ယာရှင်တွေထဲက တစ်ယောက်က ဝေးလ်တက္ကသိုလ်က ဖန်းရှောင်ကွန်းရဲ့အတန်းဖော်မလို့ပါ။ သူမဟာ ဒီပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားပေးခဲ့သူပါ "

" သူမ နာမည် ဘယ်လိုခေါ်လဲ "

" ချူးမင်း "

ယဲ့ဖန်က သူလိုချင်နေတဲ့ အချက်အလက်ကို ဌာနခေါင်းဆောင်ယောင်းဆီက ရခဲ့သည်။

ထို့နောက် ချန်းရွှမ်၊ ကျန်းယုံထင်းတို့နဲ့ အတူ ချက်ချင်းထွက်သွားတော့သည်။

" ယုံထင်း၊ ဒီ ချူးမင်းအကြောင်းကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို ချက်ချင်းခိုင်းလိုက် "

" ကောင်းပါပြီ "

လင်းယွမ်အိမ်ခြံမြေ၏ထိရောက်မှုက အလွန်လျင်မြန်ဆဲဖြစ်သည်။

သူတို့ သုံးယောက်သား စည်ပင်အဆောက်အဦးထဲမှ ထွက်လာတာနဲ့ ကျန်းယုံထင်းသည် ချူးမင်း၏ အချက်အလက်ကို လက်ခံရရှိခဲ့သည်။

" အင်း၊ သူမက အလှလေးဘဲ “

အချက်အလက်ကို နှိပ်လိုက်တာနဲ့ ချက်ချင်း ပြောမိသွားသည်။

ယဲ့ဖန်သည် သူမထံမှ iPad ကို ယူကြည့်လိုက်သည်။

ဓာတ်ပုံထဲက အမျိုးသမီးက အသက် ၂၅၊ ၂၆ နှစ် ဝန်းကျင်လောက်ရှိသည်။

သူမက အဖြူရောင်ပြိုင်ကားဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမ၏ ရှည်လျားပျော့ပျောင်းသောဆံပင်များက လေထဲတွင် လွင့်နေသည်။

သူမပုံစံက ရဲရင့်ပြီး သူရဲကောင်းဆန်ပုံရသည်။

ရုပ်ရည်အရဆိုရလျှင် သူမသည် ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့လို တန်းတူလောက်ဖြစ်သည်။

သို့သော် သူမခန္ဓာကိုယ်ပေါ်ရှိ သူရဲကောင်းဆန်တဲ့ပုံရိပ်က သူတို့နှစ်ဦးတွင် မရှိပေ။

ယဲ့ဖန်က သူမပုံကို တစ်ခဏကြည့်ပြီးတဲ့နောက် အောက်ဘက်မှ အချက်အလက်များသို့ ဆက်ရွှေ့ကြည့်သည်။

ချန်းရွှမ်သည် ယဲ့ဖန်၏အမူအရာကို အာရုံစိုက်နေခဲ့သည်။

ယဲ့ဖန်က ထိုမိန်းမလှလေး၏အလှမှာ စွဲမက်သွားပုံမပေါ်ပေ။

ချန်းရွှမ်က အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားခဲ့ရသည်။

ယဲ့ဖန်က တဏှာများတဲ့သူမဟုတ်ကြောင်း သူမ သိလေသည်။

သို့သော် သူမသည် သေချာပေါက် နားလည်မှုလွဲနေခဲ့တာဖြစ်သည်။

ယဲ့ဖန်က အောက်မှာ တခြားဓာတ်ပုံတွေ ရှိမရှိကို ကြည့်ချင်တာဖြစ်သည်။

ဓာတ်ပုံထဲက အမျိုးသမီးဟာ ပြိုင်ကားဝတ်စုံဝတ်ထားတာကြောင့် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကို သေချာမမြင်ရပေ။

စိတ်ပျက်စရာကောင်းစွာနဲ့ အချက်အလက်ထဲမှာ ဓာတ်ပုံတစ်ပုံသာရှိနေသည်။

ကျန်တာတွေ စာသားအချက်အလက်တွေဖြစ်သည်။

ယဲ့ဖန်က ထိုအချက်အလက်တွေကို စိတ်ရှည်ရှည်နဲ့ဖတ်နေလိုက်သည်။

ဒီမိန်းကလေးအကြောင်းကို သူ အကြမ်းဖျင်းနားလည်သွားတော့သည်။

သူမသည် မကြာသေးမီကမှ တရုတ်ပြည်သို့ ပြန်လာသူခဲ့ကြောင်း သိလိုက်ရသည်။

အများအားဖြင့်တော့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ရတာကလွဲလို့ တွေ့ဆုံပွဲတွေ တက်လေ့မရှိပေ။

သို့သော်လည်း သူမသည် ရက်အနည်းငယ်တိုင်း ဆိတ်ငြိမ်ရပ်ကွက်မှာ ပြိုင်ကားသွားမောင်းလေ့ရှိသည်။

သူမသည် Crab Bay ဟုခေါ်သောနေရာကို မကြာခဏသွားလေ့ရှိသည်။

အဲ့တာကိုမြင်တော့ မတတ်နိုင်ဘဲ ပြုံးမိသည်။

ပြိုင်ကားမောင်းတာလား။

သူ၏ဘုရားအဆင့်မောင်းနှင်မှုစွမ်းရည်ဖြစ်တဲ့ Haruna မောင်းနှင်မှုစွမ်းရည်က နောက်ဆုံးတွင် အသုံးဝင်တော့မည့်ပုံရသည်။

အဲ့တာကိုတွေးပြီး ချန်းရွှမ်နှင့် ကျန်းယုံထင်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

" ဒီမိန်းကလေးကို ကိုယ်တိုင်သွားတွေ့မယ် "

ချန်းရွှမ်သည် ချူးမင်း၏အချက်အလက်ကို ပြီးဆုံးအောင်ထိ ဖတ်နေခဲ့သည်။

သူမက ပြိုင်ကားမောင်းရတာစွဲလမ်းသောဝါသနာရှင်တစ်ဦးဖြစ်ကြောင်း သူမ သိလိုက်သည်။

သူမ ချက်ချင်း စိတ်ပူသွားရသည်။

" ရှင် ...... ရှင်လည်း ပြိုင်မောင်းမလို့လား။ အဲ့တာ အရမ်းအန္တရာယ်များတယ်။ အလွန်ဆုံးမှ ဒီပရောဂျက်ကိုရှုံးရုံတင်ပါ။ အသက်ကိုတော့ မစွန့်စားပါနဲ့ "

" စိတ်မပူပါနဲ့။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့သာဆို ဒီမိန်းကလေးပြိုင်သမားလောက်ကတော့ အသေးအဖွဲပါ "

" ဒါဆို ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ် "

" မင်းဘာလိုက်လုပ်မလို့လဲ။ တစ်ခုခုဖြစ်ရင် ...... "

" သူမနဲ့ပြိုင်ရတာက အသေးအဖွဲလို့ ရှင်ဘဲပြောတာမဟုတ်ဘူးလား။ မတော်တဆ ဘယ်လိုဖြစ်နိုင်မှာလဲ "

" ဒါပေမဲ့ ...... "

" ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မကို ခေါ်မသွားရင် ရှင်လည်း မသွားရဘူး "

ယဲ့ဖန်လည်း သူမ အရမ်းခေါင်းမာနေတာကြောင့် မတတ်နိုင်ဘဲ သဘောတူခေါင်းငြိမ့်လိုက်ရသည်။

" ကောင်းပြီ၊ ဒါဆို ကိုယ့်ကိုအရင်ပြန်ပို့ပေးပါ။ ကိုယ့် ကားသွားယူရမယ် "

ချန်းရွှမ်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။

......................

ဝူး ........

ယဲ့ဖန်သည် Lykan စူပါကားကို ကားဂိုဒေါင်ထဲမှ မောင်းထုတ်လိုက်သည်။

ထို့နောက် လှပစွာပျံဝဲနေသောကား၏ပုံရိပ်နှင့်အတူ သူက ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ ရှေ့မှာ ရပ်လိုက်သည်။

" ဝါး၊ အရမ်းမိုက်တာပဲ "

ကျန်းယုံထင်း၏ မျက်လုံးတွေက ပြူးထွက်မတတ်ဖြစ်နေသည်။

ကားအကြောင်းပြောနေတာလား၊ လူကိုပြောတာလားမသိပေ။

ယဲ့ဖန်က ခေါင်းခန်းကိုဖွင့်ပြီး ချန်းရွှမ်ကို လှည့်ပြီးပြောသည်။

" ဝင်လေ "

ချန်းရွှမ်က ချက်ချင်း ခရီးသည်ထိုင်ခုံဘက်သို့ ပျော်ရွှင်စွာဝင်ထိုင်လိုက်သည်။

ကျန်းယုံထင်း ချက်ချင်း ထိတ်လန့်သွားသည်။

" အစ်မရွှမ်၊ ညီမလည်း လိုက်ချင်တယ် "

ချန်းရွှမ်က သူမကို တောင်းပန်စကားဆိုလိုက်သည်။

" ဒီမှာ ထိုင်လို့မရတော့ဘူးလေ "

ကားထဲတွင် ထိုင်ခုံနှစ်ခုံသာရှိသောကြောင့် တတိယထိုင်ခုံအတွက် နေရာမရှိပေ။

" ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ "

ကျန်းယုံထင်းက ငိုတော့မတတ်ဖြစ်နေသည်။

" လိမ္မာတယ်၊ ကုမ္ပဏီကို အရင်ပြန်သွားလိုက်။ ပြီးတာနဲ့ ပြန်လာခဲ့မယ် "

ချန်းရွှမ်က သူမကို ညီမလေးတစ်ယောက်အား ချော့သလိုမျိုး နှစ်သိမ့်ပေးလိုက်သည်။

ယဲ့ဖန်ကတော့ ဘာမှမပြောပေ။

သူ ကားကို စနှိုးလိုက်သည်။

အရမ်းလန်းတဲ့ Lykan စူပါကားက ချက်ချင်း အနီပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်စိရှေ့မှ လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။

ကျန်းယုံထင်းသည် ပြိုင်ကားဆီသို့ လှမ်းကြည့်လိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် သူမ ချန်းရွှမ်ကို မနာလိုဖြစ်မိသည်။

သူမ သိရသလောက် ယဲ့ဖန်က ငယ်ရွယ်သည်၊ ချောသည်၊ ချမ်းသာသည်၊ စာနာတတ်သည်၊ တည်ငြိမ်ပြီး သဘောထားကြီးသူလည်းဖြစ်သည်။

သူ့မှာ မရေမတွက်နိုင်သော ကောင်းချက်တွေအများကြီးရှိနေပုံရသည်။

ဒီလိုထူးချွန်တဲ့လူကို ဘာလို့ ချန်းရွှမ်တစ်ယောက်တည်းကဘဲ ပိုင်ရမှာလဲ။

သို့ပေမဲ့ သူမ အမြန်နိုးထလာရသည်။

သူမမှာ ဘာလို့ ဒီလိုအတွေးမျိုးရှိနေရတာလဲ။

သူမကို ချန်းရွှမ်က သူမရဲ့ညီမလေးတစ်ဦးကဲ့သို့ အမြဲဆက်ဆံတာဖြစ်သည်။

ရုတ်တရက် ချန်းရွှမ်ကို ဘာလို့ အရမ်းမနာလိုဖြစ်သွားရတာလဲ။

မနာလိုခြင်းက လူတွေကို ရူးသွပ်စေနိုင်သည်။

အဲ့တာကို တွေးရင်း သူမရဲ့ ဒီလိုမကောင်းတဲ့အတွေးတွေကို အမြန်ဖယ်ထုတ်ပစ်လိုက်သည်။

သူမ ကားပေါ်တက်ပြီး ထွက်သွားခဲ့သည်။

ယဲ့ဖန်သည် Lykan ကိုစီးပြီး Crab Bay ဆီသို့ မောင်းနှင်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် လည်ပြန်ကြည့်ကြတဲ့ ဦးခေါင်းအရေအတွက်က စာရင်းနဲ့တောင် တွက်မရလောက်ပေ။

လမ်းပေါ်က ကားတွေ အများကြီးက လမ်းဖယ်ပေးကြသည်။

ဒီလိုကားမျိုးကို နည်းနည်းလေးတိုက်မိရုံနဲ့တောင် သူတို့ဘဝဒေဝါလီခံရဖို့ လုံလောက်လေသည်။

မြို့ပြမှ ထွက်လာပြီးနောက် ပြိုင်ကား၏အရှိန်က နောက်ဆုံးမှာတော့ တိုးလာတော့သည်။

ချန်းရွှမ်သည် ဒီလိုမျိုးကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။

ပုံမှန်အရ Crab Bay ကိုရောက်ဖို့ အနည်းဆုံး နာရီဝက်လောက်ကြာသည်။

ယဲ့ဖန်အတွက်က ဆယ်မိနစ်တောင် မကြာလိုက်ပေ။

Crab Bay သည် လော့ရန်းတောင်၏ အနောက်ဘက်တောင်ခြေရင်းတွင် တည်ရှိသည်။

တောင်တက်လမ်းမှာ အကွေ့တွေ အများကြီးရှိတာကြောင့် အများစုဟာ ကဏန်းညှပ်တွေလို ဖြစ်နေတာကြောင့် ထိုနာမည်ရလာတာဖြစ်မည်။

( crab bay - ဂဏန်းပင်လယ်အော် )

ထိုနေရာကို ကျုံးဟိုင်ရှိ ဆိုင်ကယ်စတန့်သမားများက သန့်စင်မြေအဖြစ် သတ်မှတ်ထားကြသည်။

ကျုံးဟိုင်ရှိ ဆိုင်ကယ်စတန့်သမားများ၏ နှလုံးသားထဲတွင် Crab Bay ခရီးလမ်းတစ်ခုလုံး မပြီးဆုံးနိုင်ပါက သူတို့ကိုယ်သူတို့ ဝါရင့်ဆိုင်ကယ်သမားဟုခေါ်ရမည်မှာ ရှက်စရာကောင်းသည်ဟုထင်ကြသည်။

ယဲ့ဖန်သည် သူ့ Lykan စူပါကားဖြင့် တောင်ခြေရင်းသို့ ရောက်လာသောအခါ သူ့လမ်းကို ပိတ်ဆို့နေတဲ့ ကားတချို့ကို တွေ့လိုက်ရသည်။

" ကားရပ်လိုက်။ လမ်းက ပိတ်ထားတယ်။ မင်းလာခဲ့တဲ့လမ်းအတိုင်းပြန်လှည့်သွားလိုက်တော့ "

လူဆိုးတချို့က ယဲ့ဖန်ကို ပြန်ဖို့လက်ဝေ့ပြောလိုက်သည်။

ယဲ့ဖန်က ရယ်မောလိုက်သည်။

သူက မရပ်သည့်အပြင် အရှိန်ကိုပိုပြင်းပြင်းတင်လိုက်သည်။

" မင်း နားကန်းနေတာလား။ ကားရပ်လိုက် "

လူအုပ်ကြီးက အဲ့တာကိုမြင်တော့ ချက်ချင်း ကျယ်လောင်စွာအော်လိုက်သည်။

နောက်ဆက်တွဲ ဖြစ်ပျက်သွားခဲ့တာက အံ့သြစရာကောင်းလွန်းသည်။

ပိတ်ရပ်ထားတဲ့ ကားတွေကြားမှအကွာအဝေးက အရမ်းနီးလေသည်။

နှစ်မီတာအောက်သာ ကွာဝေးသည်။

အလယ်မှာ ကားတစ်စီးဖြတ်သွားနိုင်တဲ့လမ်းအကျယ် မရှိပေ။

သို့သော် ယဲ့ဖန်၏လုပ်ရပ်က ရူးသွပ်နေသူလိုပင်ဖြစ်သည်။

ဘယ်ဘက်တာယာက ဘေးပလပ်ဖောင်းအမြင့်နေရာပေါ်ကို ရုတ်တရက် ပြေးဖြတ်သွားပြီး ညာဘက်သို့ ရုတ်တရက် ကွေ့ချသွားသည်။

ထိုအခါ ကားရဲ့ ဘယ်ဘက်ခြမ်းတစ်ခုလုံးက ချက်ချင်း ကြွတက်လာတော့သည်။

ကားတစ်ခုလုံးသည် ရှေ့သို့ရွေ့ရန် ညာဘက်ခြမ်းရှိ ဘီးနှစ်ဘီးကို အမှီပြုထားသည်။

ပြီးတော့ အရှိန်က အရမ်းလည်းမြန်သည်။

သူ့လမ်းကို ပိတ်ဆို့နေသော ကားနှစ်စီးကြားထဲမှ တိုက်ရိုက်ဖြတ်သွားခဲ့သည်။

လမ်းပိတ်ထားတဲ့သူတွေက အသိပြန်ကပ်လာတဲ့အခါမှာ ယဲ့ဖန်ကား၏ နောက်မီးတွေကိုသာ မြင်နိုင်တော့သည်။

" ဟ၊ ဒါကြီးက ဘယ်လိုတောင် နတ်ဘုရားဆန်တဲ့နည်းပညာမျိုးလဲ "

" ဒါကြီးက နတ်ဘုရားအဆင့်ဘဲ။ ဒါက ဖြစ်တောင်ဖြစ်နိုင်ရဲ့လား "

" သူက ဒီမှာ ဒုက္ခပေးဖို့လာတာဘဲ။ မြန်မြန်သွားပြီး နတ်ဘုရားချူးကို သတင်းပို့ "

" ဟုတ်တယ်၊ ဟုတ်တယ်။ မြန်မြန် သတင်းပို့ကြ "

" ဟယ်လို၊ နတ်ဘုရားမချူးလား။ တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး ပြိုင်ပွဲဧရိယာထဲကို ဝင်သွားပါတယ် "

" သူက ဆိုင်ကယ်စီးထားတာ မဟုတ်ပါဘူး။ သူက ပြိုင်ကားကို မောင်းလာတာပါ။ Lykan စူပါကားလို့ထင်တယ် "

" သူ ပျံတက်သွားတာ မဟုတ်ပါဘူး ....... သူက ကားတွေကြားကနေဘဲ ဖြတ်မောင်းသွားတာ။ ကျွန်တော် တကယ် လိမ်နေတာ မဟုတ်ပါဘူး ........ "

All Chapters