← Chapters

အပိုင်း ၃၄၁-၃၄၄

Vol. 18 Ch. 341-344

အပိုင်း ၃၄၁-၃၄၄

Vol. 18 Ch. 341-344

အပိုင်း ( ၃၄၁ )

ဘဝရဲ့အမည်းစက်

ထိုနေရာ၌ ရှိနေကြသူတိုင်းမှာ မြေခွေးအိုကြီးများဖြစ်ကာ အရိပ်အကဲခတ်သည့်နေရာ၌ အလွန်တော်ကြသူများဖြစ်သည်။

ဖန်းရှောင်ကွန်း၏မျက်နှာအမူအရာကိုမြင်တော့ ချူးမင်းပြောသည်မှာ အမှန်တွေဖြစ်နေကြောင်းကို ချက်ချင်း ရိပ်မိလိုက်ကြသည်။

ဝမ်းဖန်အိမ်ခြံမြေက တကယ်ပဲ ငွေအလွဲသုံးစားလုပ်ထားသည်။

တကယ်တော့ ထိုအရာကဘာမှမဟုတ်ပေ။

သူတို့လို ကုမ္ပဏီကြီးဖြစ်တာနဲ့ ဘဏ္ဍာရေးပိုင်းမှာ ပြဿနာ မရှိရဘူးတဲ့လား။

ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဘက်ကနေ ဒီလိုလူကြားထဲမှာဖွင့်ချတာကို ခံလိုက်ရတာက ဆိုးတာဖြစ်သည်။

ဒါကတော့ အလွန်ရှက်ဖို့ကောင်းသည်။

ဒီကိစ္စဟာ အနာဂတ်‌ စီးပွားရေးလောကမှာ လှောင်ရယ်စရာတစ်ခုအဖြစ် တွင်ကျန်နေတော့မည် ဖြစ်သည်။

ဖန်းရှောင်ကွန်း အနာဂတ်မှာ စီးပွားရေးထိပ်သီးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာလျှင်တောင်မှ ဒီအရာက သူ့ဘဝတွင် အမဲစက်အဖြစ် တင်ကျန်နေတော့မည်။

တစ်ဖက်တွင်တော့ ဌာနခေါင်းဆောင်ယောင်းက ထိုအငြင်းအခုံကို လျစ်လျူရှုထားသည်။

ထို့နောက် ချက်ချင်းဆိုသလို လေလံရလဒ်ကို ကြေညာလိုက်သည်။

“ ဒီစီမံကိန်းအတွက် လင်းယွမ်အိမ်ခြံမြေက လေလံအောင်သွားပါတယ် “

ထိုသို့ပြောပြီးနောက်တွင် လေလံအောင်သည့် ကုမ္ပဏီ အတည်တကျ ဖြစ်သွားလေသည်။

လင်းယွမ်အိမ်ခြံမြေဟာ မြင်းနက်တစ်ကောင်ကဲ့သို့ ကျပ်တည်းသည့် ဝန်းရံမှုထဲမှ ရုန်းထွက်နိုင်ခဲ့တာဖြစ်သည်။

ဝမ်းဖန်အိမ်ခြံမြေ၊ မိုးကြိုးတန်းအိမ်ခြံမြေနဲ့ တခြားအိမ်ခြံမြေ ကုမ္ပဏီပေါင်းများစွာက သွားရည်ကျနေသည့် ထိုအသားတုံးကို သူတို့ လုယူလိုက်နိုင်ခဲ့သည်။

တစ်ချိန်က လူတကာအထင်သေးခံခဲ့ရတဲ့ ချန်းရွှမ်ဟာလည်း ချက်ချင်း အာလူးပူပူတစ်လုံးဖြစ်သွားတော့သည်။

ထိုနေရာရှိလူတွေက သူမကို ဝိုင်းကာ သူမနှင့်ရင်းနှီးနိုင်ရန် ကြိုးစားကြတော့သည်။

“ ဥက္ကဌချန်းက ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုအောင်မြင်တဲ့ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့တာပဲ။ အဲ့လိုတည်ထောင်နိုင်တာ အကြောင်းအရင်းတော့ရှိရမယ် “

“ ဥက္ကဌချန်းရဲ့ ဦးဆောင်မှုနဲ့သာဆိုရင် လင်းယွမ်အိမ်ခြံမြေကတော့ ဒီထက် ပိုအောင်မြင်ဦးမှာပဲဗျာ “

“ ဥက္ကဌချန်း၊ စိတ်မရှိဘူးဆိုရင် ကျွန်တော် ထမင်းလိုက်ကျွေးချင်လို့ပါ “

“ ဥက္ကဌချန်းနဲ့ယှဉ်ရင် ဖန်းရှောင်ကွန်းက ဘာမှမဟုတ်ဘူး။ သူက ဥက္ကဌရဲ့ ဖိနပ်ကိုသယ်ပေးဖို့တောင် မထိုက်တန်ပါဘူးဗျာ “

“ ဖန်းရှောင်ကွန်းက သူ့အဖေရဲ့လွှမ်းမိုးမှုကို အားကိုးနေတာ။ သူကသာမန်ပန်းထိုးထားတဲ့ ခေါင်းအုံးတစ်လုံးသာသာပဲရှိတာပါ “

“ ငါအရင်ထဲကပြောသားပဲ၊ သူကအပြင်ပန်းမှာသာရွှေရောင်သန်းနေတာ အထဲမှာပုပ်ပွနေတာပါဆို မင်းတို့ကောင်တွေက ငါပြောတာမယုံကြဘူးလေ…”

“ မင်းပဲ ဖန်းရှောင်ကွန်းလိုကလေးမျိုး မွေးခဲ့ရမှာဆိုပြီး ပြောနေတာမဟုတ်ဘူးလား “

“ …ဟုတ်တယ်လေ၊ ငါသာသူ့လိုသားမျိုး မွေးထားရင် ငါကိုယ်တိုင်သူ့ကို ဘေစင်ထဲ ခေါင်းနှစ်ပေးလို့ရတာပေါ့ “

“......”

ထိုလူအုပ်ကြီးဟာ အခြေအနေကို ပြောင်းလဲရာ၌လည်း တစ်ဖက်ကမ်းခတ် တော်လွန်းလေသည်။

သူတို့အရေထူချက်ကတော့ လက်လန်လောက်သည်။

ဖန်းရှောင်ကွန်းမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင်ရွဲ့လာရသည်။

‘ ဒီအဘိုးကြီးတွေကတော့! ကျုပ်ခင်ဗျားတို့အကုန်လုံးကို မှတ်ထားမယ်!’

ထိုအချိန်တွင် ရုတ်တရက် ယဲ့ဖန်စကားထပြောလာ၏။

“ လင်းယွမ်အိမ်ခြံမြေနဲ့အလုပ်တွဲလုပ်ချင်တဲ့ သူတွေအားလုံးကို ကြိုဆိုပါတယ်။ ဒါပေမယ့် အစောက ဥက္ကဌချန်းကို ရန်စခဲ့တဲ့သူတွေကတော့ နာမည်ပျက်စာရင်းထဲသွင်းလိုက်ပြီမလို့ ဘယ်တော့မှအလုပ်တွဲမလုပ်ပါဘူး “

သူထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် လူအများ၏တုံ့ပြန်ပုံမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားတော့သည်။

ဖန်းရှောင်ကွန်းစိတ်ကျေနပ်စေရန်အတွက် သူတို့ချန်းရွှမ်ကို ရန်စခဲ့မိသည်။

အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

လင်းယွမ်အိမ်ခြံမြေက တကယ်ကြီး ဒီပရော့ဂျက်ကိုရသွားသည်။

အစကတော့ သူတို့တွေကလိပ်တစ်ကောင်လို ပုန်းနေပြီး ရှောင်ပြေးဖို့လုပ်နေကြတာပင်။

ဒီလူငယ်လေးက အဲ့လောက်ထိအငြိုးကြီးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

“ ဥက္ကဌချန်းတောင်အခုထိ ဘာမှမပြောရသေးဘူး။ ဥက္ကဌရော ဘယ်လိုထင်လဲ “

“ ဟုတ်တယ်၊ ဥက္ကဌချန်းကမှ လင်းယွမ်အိမ်ခြံမြေရဲ့ တကယ့်စီအီးအိုအစစ်လေ။ မင်းကဘာလို့ ငါတို့ကိုဝင်ပြီးဆရာလုပ်နေရတာလဲ “

“ မင်းကစပွန်‌ဆာကောင်လေးပဲကို ဒီနေရာမှာ ဝင်ပြောပိုင်ခွင့်မရှိဘူး “

“ ဥက္ကဌချန်းက အစီအစဉ်တကျလုပ်တတ်တဲ့သူ။ မင်းလိုကောင်ဆီက ဘယ်လိုလုပ် ထိန်းချုပ်ခံမှာလဲ “

ချန်းရွှမ် ထိုလူတွေအား အေးစက်စွာကြည့်လိုက်သည်။

“ ယဲ့ဖန်က လင်းယွမ်အိမ်ခြံမြေရဲ့ အကြီးဆုံးရှယ်ယာရှင်ပဲ။ ကျွန်မဆိုရင်တောင် သူ့စကားကိုနားထောင်ရမှာပဲ။ သူက ရှင်တို့နဲ့အလုပ်အတူတွဲမလုပ်ချင်ဘူးဆိုမှတော့ ကျွန်မလည်းသူ့အမိန့်ကို ခေါင်းငြိမ့်နာခံရမှာပေါ့ “

လူတိုင်းထိတ်လန့်သွားရသည်။

သူတို့အစကထင်ခဲ့သည်မှာ ထိုကောင်လေးက ချန်းရွှမ်ရဲ့နောက်လိုက် သို့မဟုတ် သူမ၏ စပွန်ဆာကောင်လေးဟု ထင်ခဲ့ကြသည်။

လင်းယွမ်အိမ်ခြံမြေ၏ အဓိကရှယ်ယာရှင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အစောက ယဲ့ဖန်အား ရိုင်းစိုင်းစွာပြောဆိုခဲ့သည့်လူများမှာ ဒီတစ်ကြိမ်တွင်တော့ မျှော်လင့်ချက်ပျက်သုဉ်းသွားပြီဖြစ်သည်။

သို့သော် လက်မလျှော့သေးသည့် လူများလည်းရှိကာ ဆက်လက်ပြီး ဖားချင်နေကြသည်။

“သွားစို့”

ယဲ့ဖန်ကတော့ သူတို့ကို အခွင့်အ‌ရေးတစ်ခုတောင်မပေးချေ။

သူ ချန်းရွှမ်၊ ချူးမင်း၊ ကျန်းယုံထင်းတို့နှင့် အတူ ခန်းမထဲမှထွက်လာလိုက်သည်။

ဖန်းရှောင်ကွန်း သူတို့၏နောက်ကျောများကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

'ယဲ့ဖန်၊ ချန်းရွှမ်၊ ချူးမင်း’

'အပျော်စောမနေကြနဲ့!’

'ငါမင်းတို့ကိုလုံးဝအလွတ်မပေးဘူး!’

သူအံကြိတ်နေတုန်းမှာပင် ရုတ်ခြည်းဆိုသလို သူ့အဖေ၊ ဖန်းဝမ်းညန်ထံမှ ဖုန်းဝင်လာသည်။

“ ဘာတွေဖြစ်နေတာတုန်း။ ဘယ်လိုလုပ်ပြီး လေလံရှုံးသွားရတာလဲ။ ချင်းယွမ်ရင်းနှီးမြုပ်နှံရေးက ရုတ်တရက်ကြီး ရင်းနှီးမြုပ်နှံမှုကို ပြန်ရုပ်သိမ်းသွားတယ်ဆို “

သူ့လေသံမှတစ်ဆင့် အဆုံးအစမဲ့သည့်ဒေါသတရားကို ခံစားမိနိုင်သည်။

“ အဖေ၊ ကျွန်တော်ရှင်းပြ …”

“ ဘာရှင်းပြစရာလိုလို့တုန်း။ မင်းကြောင့် ဒီစီမံကိန်းကြီးက ရေစုန်မျောသွားပြီ။ ဆုံးရှုံးမှုက တစ်ဘီလီယံလောက်ရှိတယ်ကွ “

“ မဖြစ်နိုင်တာ၊ ဒီတိုင်းငွေကြေးအာမခံ စီမံကိန်းလေးတစ်ခုပဲမဟုတ်ဘူးလား။ အကျိုးသက်ရောက်မှုက အဲ့လောက်တောင် ကြီးတယ်လား “

“ မင်းက ချင်းယွမ်ရင်းနှီးမြုပ်နှံမှုကို အထင်သေးနေတာပဲ။ လူတွေက ငါတို့ဆီမှာ ချင်းယွမ်ကရင်းနှီးမြုပ်နှံထားတယ်ဆိုလို့ ငါတို့နဲ့ပူးပေါင်းခဲ့တာ။ အခုချင်းယွမ်ဘက်က ရင်းနှီးမြုပ်နှံမှုကို ပြန်ရုပ်သိမ်းသွားပြီဆိုတော့ ပူးပေါင်းမှုကလည်းအလိုလိုပျက်ပြီပေါ့ “

“ ဒါဆို… ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ “

“ဟူး၊ အစကဒီအခွင့်အရေးကိုသုံးပြီး ဘုတ်အဖွဲ့ဝင်တွေကြားမှာ မျက်နှာရအောင် လုပ်ပေးမလို့။ အဲ့တာမှ နောက်ပိုင်း မင်းငါ့နေရာဝင်တဲ့အခါ အဆင်ပြေမှာ။ အခုတော့ကြည့်ရတာ အချိန်တိုအတွင်းတော့ မဖြစ်နိုင်တော့ဘူးထင်တယ် “

“အဖေ…”

“ တော်ပြီ၊ ပြောစရာရှိရင် အိမ်ပြန်လာမှပြောတော့ “

ဖုန်းချပြီးနောက် ဖန်းရှောင်ကွန်း မေ့လဲမတတ်ဖြစ်သွားရသည်။

ဒီကိစ္စရဲ့သက်ရောက်မှုက ဒီလောက်ထိကြီးသွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ချေ။

ချင်းဒါးကော်ပိုရေးရှင်းရဲ့ဘုတ်အဖွဲ့ကို ဝင်ရဖို့ သူအမြဲအိပ်မက်မက်ခဲ့ရတာပင်။

ထိုချင်းဒါးကော်ပိုရေးရှင်းရဲ့ဘုတ်အဖွဲ့ကို ဝင်နိုင်ပြီဆိုတာနဲ့ လုပ်ငန်းစုရဲ့အဓိကနေရာကို သူရလိုက်ပြီဟု ဆိုလိုတာပင်။

အနာဂတ်မှာ သူ့အဖေဖန်းဝမ်းညန် အနားယူသွားလျှင် သူချင်းဒါးကော်ပိုရေးရှင်းကို လက်လွှဲယူရနိုင်သည်။

ထိုအိပ်မက်အမှန်ဖြစ်လာခါနီးမှာ လေလံရှုံးသွားတဲ့အပြင် လုပ်ငန်းစုကို ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်သွားစေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

အခုတော့ ဘုတ်အဖွဲ့ကိုဝင်ဖို့မဆိုနှင့်၊ ဒီကုမ္ပဏီခွဲက သူ့ရဲ့ဒုဥက္ကဌရာထူးမြဲဖို့တောင် မသေချာတော့ပေ။

ထိုကိစ္စတွေ၏တရားခံကို သူကောင်းကောင်းသိသည်။

သူက ချူးမင်းမဟုတ်သလို ချန်းရွှမ်လည်း မဟုတ်ပေ။

ယဲ့ဖန်သာဖြစ်သည်!

သူသာမရှိရင်…

အနားနီးမှ ချူးမင်းက ဘက်ပြောင်းသွားမှာ မဟုတ်ပေ။

ချန်းရွှမ် သိဖို့လည်း မဖြစ်နိုင်ချေ။

‘ ယဲ့ဖန်!’

‘ ငါမင်းနဲ့တစ်မိုးအောက်မှာ အတူမနေနိုင်ဘူး!’

အပိုင်း ( ၃၄၂ )

မျက်နှာသာ မပေးတော့ဘူးလား?

“ ချီးယားစ်! ”

ကျုံးဟိုင်မြို့၊ လော့ရှီးအိမ်ရာ။

ဒီနေရာမှာ ချူးမင်း၏အိမ်ရာဖြစ်သည်။

ဒီနေ့မှာ ချင်းယွမ်ရင်းနှီးမြုပ်နှံရေးနှင့် လင်းယွမ်အိမ်ခြံမြေ၏ အမှုဆောင်အရာရှိ တစ်ချို့ ထိုနေရာ၌ အတူတကွ စုဝေးနေကြသည်။

လင်းယွမ်အိမ်ခြံမြေသည် လောင်ချန်းမြို့နယ် စီမံကိန်းအတွက် လေလံအောင်သွားမှုကို ဂုဏ်ပြုနေကြသည်။

ထိုစီမံကိန်းဟာ ကျုံးဟိုင်မြို့၏ အဓိကစီမံကိန်းတစ်ခုဖြစ်သည်။

ထိုစီမံကိန်းကိုရလိုက်ခြင်းဟာ ရှားပါးလှသည့် အောင်နိုင်မှုမျိုးဖြစ်သည် ။

လူတိုင်းသူတို့မျက်နှာထက်မှ ပျော်ရွှင်မှုကို ထိန်းမထားနိုင်ကြပေ။

“ ယဲ့ဖန်၊ ဒီတစ်ကြိမ်တော့ ရှင့်ကို တကယ် ကျေးဇူးတင်တယ်။ ရှင်သာ မကူညီရင် ကျွန်မတော့ ကံဆိုးမိုးမှောင် ကျနေလောက်ပြီ “

ချူးမင်း ဝိုင်နီတစ်ခွက်ကိုင်ရင်း ယဲ့ဖန်အား အလေးအနက်ကြည့်ကာပြောလိုက်သည်။

သူမက အဖြူရောင်ညနေခင်းပွဲတက်ဝတ်စုံကို လဲဝတ်ထားသည်။

ထိုဝတ်စုံ၏ ရင်ဘတ်က အလွန်ဟိုက်တာကြောင့် သူမ၏သွယ်လျသည့်ပုခုံးကို လှစ်ဟပြထားသလိုဖြစ်နေသည်။

ယဲ့ဖန်၏ရှုထောင့်မှဆို မြင်ကွင်းက အလွန်လှသည်။

“ မင်း အဲ့တာကိုပဲပြောနေတာ အကြိမ်တစ်ရာမကတော့ဘူး။ ငါ့ရဲ့ပန်းတိုင်က မင်းကိုကယ်ဖို့မဟုတ်ပဲ ငါ့ကိုယ်ငါကယ်ဖို့ပါ “

ယဲ့ဖန် အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်ကာ သူမနှင့် ခွက်ချင်းတိုက်လိုက်သည်။

“ ဘာပဲဖြစ်ဖြစ်ပါ ဒီကိစ္စကို အမြဲမှတ်ထားပါ့မယ်။ အနာဂတ်ကျ အခွင့်အရေးရှိလာရင် သေချာပေါက်ပြန်ဆပ်မယ် ”

ချူးမင်းထိုသို့ပြောကာ သူမဝိုင်ခွက်ထဲရှိ ဝိုင်များကို မော့သောက်လိုက်သည်။

ထို့နောက် ပြင်းပြင်းထန်ထန် ချောင်းဆိုးပါလေတော့သည်။

ယဲ့ဖန်လက်ထဲမှ ဝိုင်ခွက်ကိုအမြန်ချကာ သူမနောက်ကျောအား ပုတ်ပေးလိုက်သည်။

“ အဆင်ပြေရဲ့လား”

ချူးမင်း လက်ယမ်းပြလိုက်သည်။

“ ရတယ်၊ ဒီဝိုင်က… အရသာတော်တော်ဆိုးတာပဲ “

ယဲ့ဖန် သူမအား သူ့ဘေးရှိ ဆိုဖာ၌ ထိုင်ခိုင်းလိုက်သည်။

“ သောက်လေ့မရှိဘူးလား ”

ချူးမင်းခေါင်းယမ်းပြလိုက်သည်။

“ ကျွန်မအားတိုင်း ကားပဲမောင်းနေတာလေ။ တစ်စက်လေးတောင်မသောက်ဖူးဘူး “

ယဲ့ဖန် မထိန်းနိုင်စွာ မေးလိုက်မိသည်။

“ ကားပြိုင်ရတာကို ဘာလို့အဲ့လောက်ကြိုက်ရတာလဲ”

ချူးမင်း သူမ၏လက်သီးဆုပ်သေးသေးလေးကို ယမ်းလိုက်သည်။

“ ကျွန်မကစိတ်လှုပ်ရှားစရာကောင်းတာကို ကြိုက်တယ်လေ။ ကားပြိုင်တဲ့အခါ ကားတိုင်းကိုကျော်တက်ပြီး စံချိန်တွေချိုးရင် ခံစားရတဲ့အမြန်နှုန်းက လုံးဝပြိုင်ဘက်ကင်းပဲ “

ယဲ့ဖန်မထိန်းနိုင်ပဲရယ်လိုက်မိသည်။

“ရှင်ကဘာရယ်တာလဲ။ ဒါဆိုရှင်ကရော ဘာလို့ပြိုင်ပွဲဝင်ချင်တာလဲ”

သူ့မျက်နှာထားကိုမြင်တော့ ချူးမင်း သူ့ကို ချက်ချင်းပြန်မေးလာသည်။

“ ကိုယ်ကတကယ်တော့ ကားပြိုင်ရတာမကြိုက်ပါဘူး။ ဒါပေမယ့်လည်း စကေးကအရမ်းမြင့်နေတော့ အနိုင်ပိုင်းဖို့ လူတစ်ယောက်လောက်ရှာရမယ်လေ၊ မဟုတ်ဘူးလား။ မဟုတ်ရင် ဖြုန်းတီးသလို ဖြစ်နေမှာပေါ့ “

ယဲ့ဖန်အနည်းငယ်အဓိပ္ပာယ်မရှိသည့် အဖြေမျိုးဖြေခဲ့သည်။

ချူးမင်းမှာ မျက်လုံးကိုသာ ဝေ့လိုက်မိတော့သည်။

“ကားပြိုင်ရတာမကြိုက်ပဲနဲ့ ဘာလို့အဲ့လောက်တော်နေရတာလဲ။ ရှင်သာမကြိုးစားထားဘူးဆိုရင် ရှင့်လိုမျိုး ဆရာကျလာဖို့ကမလွယ်ဘူး”

ယဲ့ဖန် သူ့‌နှာခေါင်းသူပြန်ထိလိုက်သည်။

“ ဒါပေမယ့် ကိုယ်ဘာမှ အားမထည့်ထားဘူး… ဒီတိုင်း… တစ်ညကုန်တော့ အဲ့လိုဖြစ်သွားတာပဲ ”

ချူးမင်း ဆိုဖာပေါ်ကခေါင်းအုံးကို မ ကာ တစ်ဖက်သို့ ခေါင်းလှည့်လိုက်သည်။

“ လူလိမ်! ”

ယဲ့ဖန် အထင်လွဲခံနေရသည်။

သူအမှန်အတိုင်းပြောနေတာပါ။

သို့သော် ထိုအရာကိုရှင်းပြနိုင်ရန် နည်းလမ်းမရှိပေ။

စနစ်က သူ့ကို နတ်ဘုရားအဆင့် ကားမောင်းစကေးပေးလိုက်တာပါလို့လဲ ပြောလိုက်လို့မရဘူးလေ။

ထိုအချိန်တွင် ချင်းယွမ်ရင်းနှီးမြုပ်နှံရေးမှ အမှုဆောင်တစ်ယောက် သူတို့အနားသို့ ရောက်လာလေသည်။

“ ဥက္ကဌချူး တစ်ခွက်လောက် တိုက်ရအောင် ”

ချူးမင်း အမြန်လက်ယမ်းပြလိုက်သည်။

“ ဒါရိုက်တာဝမ်း၊ ကျွန်မ မသောက်တတ်လို့ပါ ”

ဒါရိုက်တာဝမ်း အနည်းငယ်မပျော်မရွှင် ဖြစ်သွားရသည်။

“ မင်းအစောက ယဲ့လူကြီးမင်းနဲ့ ခွက်တိုက်လိုက်တာ တွေ့လိုက်ပါတယ်။ ကိုယ်နဲ့ကျဘာလို့မသောက်ချင်ရတာလဲ။ ကိုယ့်ကို မျက်နှာမပေးတော့ဘူးလား ”

ချူးမင်း ဆက်လက်ခေါင်းယမ်းပြကာ ငြင်းဆန်လိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မတကယ်မသောက်တတ်လို့ပါ”

ဒါရိုက်ဝမ်း၏မျက်နှာမည်းသွားရသည်။

“ ချူးမင်း၊ ဒီတစ်ကြိမ်မင်းကုမ္ပဏီအတွက် လုပ်ခဲ့တာတကယ်ကောင်းတယ်ဆိုပေမယ့် ဘဝင်မြင့်နေစရာတော့မလိုဘူးမလား။ ငါ၊ ဝမ်းရန် ဒီကုမ္ပဏီမှာနေလာတာ နှစ်ဆယ်ချီနေပြီ။ ငါ ကုမ္ပဏီအတွက် လုပ်ပေးခဲ့တာတွေ ဘယ်လောက်တောင် များလိုက်သလဲ။ မင်းက ငါ့ကိုနည်းနည်းတောင် မျက်နှာသာမပေးချင်ဘူးလား ”

သူ့အသံမှာ အနည်းငယ်ကျယ်တာကြောင့် လူအများ၏ အာရုံကို ဆွဲဆောင်မိသွားသည်။

ချူးမင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

တစ်ဖက်လူက အခွင့်ကောင်းယူပြီး သူမကို ခက်ခဲအောင်လုပ်နေသည်ဆိုတာကို သူမ သိသည်။

သူမက ချင်းယွမ်ရင်းနှီးမြုပ်နှံရေးရဲ့ တာဝန်ရှိ အထွေထွေမန်နေဂျာဖြစ်ကာ ငယ်လည်း ငယ်သေးသည်။

ကုမ္ပဏီရှိ အသက်ပိုကြီးသည့်ဝန်ထမ်းများက သူမကိုဆို မယုံကြည်ကြပေ။

ဒီတစ်ကြိမ် သူမကုမ္ပဏီအတွက် ကိစ္စကြီးတစ်ခုဆောင်ရွက်ပေးခဲ့သော်လည်း မကျေနပ်သည့်လူ အများအပြားရှိနေသေးသည်။

ဝမ်းရန်ဟာလည်း အပါအဝင်ဖြစ်သည်။

သို့သော် တစ်ဖက်လူက ဘဏ္ဍာရေးဌာနရဲ့ ဒါရိုက်တာဖြစ်ကာ ကုမ္ပဏီ၌ပြောပိုင်ခွင့်ရှိသူ တစ်ဦးလည်းဖြစ်သည်။

ချူးမင်းမှာရွေးချယ်စရာမရှိပဲ ဂရုစိုက် သတိထားနေရလေသည်။

ထို့ကြောင့် ဝိုင်ခွက်ကိုယူကာ သောက်ချမလို့လုပ်ချိန်၌ ရုတ်တရက် လက်တစ်ဖက်ပေါ်လာကာ သူမလက်ထဲမှ ဝိုင်ခွက်ကိုဆွဲလုသွားသည်။

“ ဥက္ကဌချူးက တကယ်မသောက်နိုင်လို့ပါ။ ကျွန်တော်သူ့အစားသောက်ပေးမယ်လေ ”

သူမ လှည့်ကြည့်လိုက်ချိန်တွင် ယဲ့ဖန်၏ပြတ်သားသော ဘေးတိုက်မျက်နှာကိုမြင်လိုက်ရသည်။

သူက ဘယ်လောက်ပြင်းထန်တဲ့ မုန်တိုင်းလာပါစေ သူမအတွက် ကြံ့ကြံ့ခံပေးမည့်ပုံပေါ်နေသည်။

တစ်ချို့အကြောင်းအရင်းများကြောင့် သူမ ရုတ်တရက်မှီခိုအားထားလိုသည့်ဆန္ဒများ ပေါ်ပေါက်လာရသည်။

သူမ ငယ်စဉ်ကတည်းက ဘယ်သူ့အပေါ်ကိုမှ မမှီခိုခဲ့ဖူးချေ။

သို့သော် ဒီတစ်ကြိမ်တွင်တော့ ရုတ်တရက် သူမ တစ်စုံတစ်ယောက်အပေါ် မှီခိုချင်လာမိသည်။

သူမ ပင်ပန်းလာချိန်၌ သူမကို သူ့လက်မောင်းတွေကြား၌ လှဲလျောင်းခွင့်ပြုနိုင်သည်။

အဲ့တာတွေက ယဲ့ဖန်သူမကိုပေးခဲ့သည့် ခံစားချက်တွေဖြစ်သည်။

ထိုဒါရိုက်တာဝမ်းဟာတော့ ယဲ့ဖန်ကို မမှိတ်မသုန်စိုက်ကြည့်နေလေသည်။

“ ငါကဒါရိုက်တာချူးကို ခွက်တိုက်ဖို့ ပြောနေတာလေ၊ မင်း… မင်းနဲ့ ခွက်တိုက်ဖို့ မဟုတ်ဘူး ”

မင်းကိုယ်မင်းဘာထင်နေလဲဟု သူပြောလိုက်ချင်သည်။

သို့သော် တစ်ဖက်လူက လင်းယွမ်အိမ်ခြံမြေ၏အဓိကရှယ်ယာရှင် ဖြစ်နေသည်ကို ရုတ်တရက် သတိရသွားသည်။

တကယ်တော့ နှစ်ဖက်လုံးက လုပ်ငန်းပူးပေါင်းထားသည့်ဆက်ဆံရေး ဖြစ်တာကြောင့် တစ်ယောက်ကိုတစ်ယောက် မျက်နှာသာပေးရပေမည်။

ထို့ကြောင့် သူအချိန်မီ စကားပြောင်းလိုက်တာပင်။

ယဲ့ဖန်ခပ်ဖွဖွပြုံးလိုက်သည်။

“ ဒီလိုဆိုရင်ရော၊ ဒါရိုက်တာဝမ်း တစ်ခွက်တိုက်ရင် ကျွန်တော် သုံးခွက်သောက်မယ်။ အဲ့လိုဆို အဆင်ပြေလား ”

ဒါရိုက်တာဝမ်း မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။

“ သေချာလား ”

ယဲ့ဖန်ဘာမှထပ်မပြောတော့ပဲ သူ့ခွက်ကိုသာ တိုက်ရိုက်သောက်ချလိုက်သည်။

ထို့နောက် နောက်ထပ်နှစ်ခွက်ထပ်သောက်လိုက်သည်။

ထို့နောက် ဗလာကျင်းသွားသောခွက်ကို သူ့မျက်စိရှေ့မှာတင် လှုပ်ရမ်းပြလိုက်သည်။

ဒါရိုက်တာဝမ်း နှာမှုတ်လိုက်မိသည်။

သူ့ခွက်ထဲရှိ ဝိုင်ကို မော့သောက်လိုက်ကာ နောက်တစ်ခွက်လောင်းထည့်လိုက်သည်။

“ နောက်တစ်ခွက် ထပ်ဂုဏ်ပြုပါရစေ ”

အခုတော့ လူတိုင်းနားလည်လိုက်ပြီဖြစ်သည်။

ထိုဒါရိုက်တာဝမ်းက တမင်သက်သက် ယဲ့ဖန်ကိုခက်ခဲအောင်လုပ်နေသည်။

သူ တစ်ကြိမ်ဂုဏ်ပြုတိုင်း ယဲ့ဖန်က သုံးခွက်သောက်ရသည်။

သိပ်မကြာခင်မှာပဲ ယဲ့ဖန် သူ့ဆီမှ မူးအောင်အတိုက်ခံလိုက်ရသည်။

အဝေး၌ စကားရပ်ပြောနေသည့် ချန်းရွှမ်မှာ ထိုဖြစ်အင်ကိုမြင်တော့ အမြန်ရောက်လာသည်။

“ ယဲ့ဖန်၊ မသောက်နဲ့တော့လေ ”

သူ့ဘေးရှိ ချူးမင်းကလည်း ချက်ချင်း သူ့ကိုတားလိုက်သည်။

“ ကျွန်မသောက်လိုက်မယ် ”

ယဲ့ဖန် သူမလက်ကို တွန်းထုတ်လိုက်ကာ နောက်ထပ်သုံးခွက် ထပ်သောက်လိုက်သည်။

ဒါရိုက်တာဝမ်းက စိတ်ဝင်စားဟန်ဖြင့်ကြည့်ကာ ထပ်သောက်လိုက်သည်။

“ ထပ်သောက်မယ် ”

သူတို့နှစ်ဦးမှာ လူအများ၏ မျက်စိရှေ့မှာဘဲ တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့ကြသည်။

ဒါရိုက်တာဝမ်း ငါးခွက်မြောက်သောက်ပြီးချိန်၌ သူလည်း ထပ်မသောက်နိုင်တော့ပေ။

သူ့ပါးစပ်ကို အမြန်အုပ်ကာ အိမ်သာသို့ ပြေးတော့သည်။

သို့သော် ယဲ့ဖန်၏မျက်နှာမှာတော့ ပုံမှန်အတိုင်းဖြစ်သည်။ သူ့ခွက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်သည်။

ထိုအခြင်းအရာကိုမြင်တော့ လူတိုင်း အံ့ဩသွားကြသည်။

သူ ၁၅ခွက်တောင် တစ်ဆက်ထဲသောက်လိုက်တာ ဖြစ်သည်။

ဝိုင်နီက အရက်ပါဝင်မှု နည်းတယ်ဆိုပေမယ့် သာမန်လူသာဆို ခံနိုင်မှာမဟုတ်ပေ။

ယဲ့ဖန် တည်ငြိမ်စွာဖြင့် ချူးမင်းကို ကြည့်လိုက်သည်။

“ ကိုယ်မိုက်တယ်မလား ”

ချူးမင်း မသိစိတ်အလျောက် ခေါင်းငြိမ့်ပြလိုက်မိသည်။

“ မိုက်တယ် ”

ယဲ့ဖန် အတင်းပြုံးလိုက်ပြီးနောက် လဲကျသွားတော့သည်။

ချူးမင်း သူ့အား အမြန်ထိန်းလိုက်ရသည်။

သို့သော် သူ့ခန္ဓာကိုယ်ကို သူမ မနိုင်ပေ။

ထို့ကြောင့် ယဲ့ဖန်နှင့်အတူ ဆိုဖာပေါ် လဲကျသွားတော့သည်။

ယဲ့ဖန်အသိစိတ်လွတ်မသွားခင်မှာ သူ့ဦးနှောက်ထဲ၌ အတွေးတစ်ခုဝင်လာသည်။

အရမ်းနူးညံ့တာပဲ။

အပိုင်း ( ၃၄၃ )

အရင်ဘဝက ကမ္ဘာကြီးကိုများကယ်တင်ခဲ့တာလား

“ အခုကျွန်မတို့ဘာလုပ်ကြမလဲ ”

ယဲ့ဖန်က ဆိုဖာပေါ်၌ ဝက်သေတစ်ကောင်လို လှဲနေသည်။

ချူးမင်းနဲ့ ကျန်တဲ့လူများက ချက်ချင်း ခေါင်းကိုက်သွားရတော့သည်။

“ ကျွန်မပဲပြန်လိုက်ပို့ပေးလိုက်ရင်ရော ”

ချန်းရွှမ် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ ရှင်ကမိန်းကလေးလေ၊ သူ့ကိုသယ်နိုင်မှာ မဟုတ်ဘူး ”

ချူးမင်း ခေါင်းယမ်းပြကာ ငြင်းလိုက်သည်။

အခုလေးတင် ထိုလူက သူမပေါ်ကို ကျလာခဲ့သည်။

ပေါင်တစ်ထောင်လောက်လေးသည့် ဒယ်အိုးကြီးနှင့် ရိုက်ချလိုက်သလို ဖြစ်သွားရသည်။

သူမပင် လူပိသေလုနီးပါးဖြစ်သွားရကာ ယခုထိ ရင်ဘတ်နာနေဆဲဖြစ်သည်။

သို့သော် လူကြားထဲ၌ ပွတ်လိုက်ရန်မှာလည်း အလွန်ရှက်စရာကောင်းတာကြောင့် အံကြိတ်သည်းခံရုံသာတတ်နိုင်တော့သည်။

“ဒါဆိုဘယ်လိုလုပ်ကြမလဲ”

ချန်းရွှမ် ယဲ့ဖန်အားကြည့်လိုက်သည်။

ဒီလူကဘာလို့ဝင်ပြီး ငကြွားလုပ်ရတာလဲ။

မိန်းမပျိုလေးကို ကယ်တင်ရတဲ့ သူရဲကောင်းဇာတ်ကွက်ကို တော်တော်ကြိုက်နေတာလား။

“ ဒါမှမဟုတ်…သူ့ကိုဒီည ဒီမှာပဲအိပ်ခိုင်းလိုက်တာပေါ့ ”

ချူးမင်းပြောလိုက်သည်။

ချက်ချင်းဆိုသလို သူမအပေါ်ကျရောက်လာသည့် မျက်လုံးများကိုခံစားမိလိုက်သည်။

သူမ၏လှပသောမျက်နှာလေးမှာ တမုဟုတ်ချင်းနီရဲလာရကာ ထပ်ပေါင်းပြောဆိုလိုက်သည်။

“ ကျွန်မအိမ်မှာ အိပ်ခန်းတွေအများကြီး ရှိပါတယ်။ ကျွန်မ ဒုတိယထပ်မှာအိပ်လိုက်မယ်။ သူ့ကို ပထမထပ်မှာအိပ်ခိုင်းလိုက်”

သူမ မရှင်းပြလိုက်တာ ပိုကောင်းမည်ထင်သည်။

သူမ ပိုရှင်းပြလေလေ ပိုပြီးကသိကအောက် ဖြစ်ရလေလေဖြစ်သည်။

ထိုနေရာရှိယောကျာ်းသားတိုင်းက ယဲ့ဖန်အား မနာလိုစွာကြည့်လိုက်မိသည်။

ချူးမင်းရဲ့အခန်းမှာအိပ်ရမယ်ဆိုတော့…

သူတို့အိပ်မက်တောင် မမက်ဖူးတဲ့နေရာပင်။

ဒီလူကမိန်းမတွေနဲ့ပက်သက်လာရင် တကယ်ကံကောင်းတာပဲ။

သူတကယ်မူးနေတာလား ဟန်ဆောင်နေတာပဲလားဆိုတာကို ဘယ်သူမှတကယ်မသိကြပေ။

ချူးမင်းရဲ့စကားကိုကြားတော့ ချန်းရွှမ် ချက်ချင်းစိတ်ပူသွားရသည်။

“ဘယ်လိုလုပ်အဲ့လိုလုပ်လို့ဖြစ်မှာလဲ။ ရှင်တို့နှစ်ယောက်…”

သူမ ဘာလို့ငြင်းလိုက်မိမှန်း သူမကိုယ်တိုင်လည်းမသိချေ။

အတိုချုပ်ပြောရရင် ယဲ့ဖန်ကို တခြားမိန်းမတစ်ယောက်နှင့် အတူမအိပ်စေချင်ပေ။

သူမအား‌ မသက်မသာခံစားရစေသည်။

ချူးမင်းလည်းကူကယ်ရာမဲ့စွာ ညည်းတွားလိုက်မိသည်။

“ ဒါဆိုတခြားနည်းရှိသေးလို့လား ”

ချန်းရွှမ်လည်းနှုတ်ဆိတ်သွားရသည်။

သူမလည်း တခြားနည်း မစဉ်းစားမိပေ။

ထိုအချိန်တွင် ကျန်းယုံထင်း ဝင်ပြောလာသည်။

“အစ်မရွှမ်ပါနေခဲ့ပြီး သူ့ကိုကူကြည့်ပေးရင်ရော”

သူမ ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက်…ထိုနေရာရှိလူများမှာ ပိုလို့အားကျလာရကာ မနာလိုလည်းဖြစ်လာရသည်။

သူက မိန်းမလှလေးနှစ်ယောက်နဲ့တောင် တစ်ခန်းထဲအတူနေရဦးမယ်တဲ့။

သူဘာမှမလုပ်ပဲနဲ့တောင် တွေးကြည့်ရုံနဲ့တင် ပျော်စရာကောင်းနေလေသည်။

ချန်းရွှမ် ချူးမင်းအားကြည့်လိုက်ကာ တုံ့ဆိုင်းနေမိသည်။

သူတို့နှစ်ယောက်ထဲသာဆို အခြေအနေက နည်းနည်းကို့ရို့ကားယားနိုင်လိမ့်မည်။

သူမချက်ချင်းကျန်းယုံထင်းကို လှည့်ကြည့်လိုက်သည်။

“ ဒါဆို နင်လည်း ငါတို့နဲ့အတူနေလို့ရတာပဲ ”

ထိုနေရာရှိ ယောကျာ်းများမှာ သူတို့ကြားလိုက်ရသည့်စကားကြောင့် လဲကျလုနီးပါးဖြစ်သွားရသည်။

အခုဆို အားကျပြီးမနာလိုဖြစ်ရုံတင်မကဘူး ယဲ့ဖန်ကို နည်းနည်းတောင် မုန်းလာကြရသည်။

ဒီကလေး အရင်ဘဝတုန်းက ကမ္ဘာကြီးကိုများ ကယ်တင်ခဲ့တာလား။

အလှလေး သုံးယောက်နဲ့တောင် တစ်ခန်းထဲအတူနေနိုင်တယ်?

ချူးမင်း ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

“ ဒါဆို ရှင်တို့နှစ်ယောက်ပါ အတူနေခဲ့ပြီး သူ့ကိုစောင့်ရှောက်တာပေါ့ ”

ထို့နောက် ကျန်လူများကို တောင်းပန်ဟန်ကြည့်ကာ ပြောသည်။

“ ဒီနေ့ညရဲ့ ညစာစားပွဲကတော့ဒီလောက်ပါပဲ။ အားလုံးပဲ၊ ပြန်လို့ရပါပြီ ”

ပွဲကျင်းပသူက ထိုသို့ပြောလာတော့ ဧည့်သည်များအနေနှင့် ပြန်ရုံသာရှိတော့သည်။

သူတို့ ယဲ့ဖန်အနားမှ ဖြတ်သွားချိန်၌ သူ့အား တစ်ချက်လောက် ကန်သွားလိုက်ချင်သည်။

ဒီလူက ယောကျာ်းထုကြီးရဲ့ ရန်သူပဲ!

“ သူ့ကို အရင်ဆုံး အိပ်ခန်းထဲ သယ်သွားကြတာပေါ့ ”

ချူးမင်းက အကုန်လုံးထွက်သွားသည်အထိ စောင့်ကာ ချန်းရွှမ်နှင့် ကျန်းယုံထင်းဘက် လှည့်ကာ ပြောလိုက်သည်။

ထို့နောက် မိန်းကလေးသုံးယောက်သား ယဲ့ဖန်ကိုသယ်ကာ ပထမထပ်ရှိအိပ်ခန်းသို့ ဆွဲခေါ်သွားကြသည်။

အိပ်ခန်းနှင့် သိပ်မဝေးသော်လည်း သုံးယောက်လုံး ပင်ပန်းသွားကြသည်။

သုံးယောက်သားမှာ သူတို့ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ကြမ်းပြင်ထက်၌လှဲလိုက်ကာ မလှုပ်နိုင်ကြတော့ပေ။

“ဒီလူက ဘာလို့ဒီလောက်တောင် လေးရတာလဲ။ ဝက်သေကြီးကျနေတာပဲ”

“နေ့တိုင်း စတီးတွေများ စားနေတာလား။ အရမ်းလေးတာပဲ”

“သူ့ကို ခွေးကောင်လို့ မခေါ်တော့ဘူးလား”

“ဘာလဲ၊ ဘာကိုဆိုလိုချင်တာလဲ”

“ကျောက်တုံးစားတဲ့လိပ်လိုပဲ”

“ဟားဟားဟား…”

သူတို့သုံးယောက်သား မောမောနှင့် ရယ်လိုက်မိသည်။

သူတို့ကြားမှ ဆက်ဆံရေးကလည်း ပိုလို့နီးကပ်လာသလိုပင်။

ခဏကြာပြီးနောက် သူတို့ အားပြန်ပြည့်သွားကြသည်။

ထိုအခါမှသာ သုံးယောက်လုံး ထလိုက်ကြသည်။

“သူ့ကို အဝတ်ချွတ်ပေးဖို့ လိုသေးလား။ ဒီတိုင်းကြီးအိပ်ရင် သက်တောင့်သက်သာ မရှိလောက်ဘူး”

ကျန်းယုံထင်း နူးညံ့စွာ အကြံပြုလိုက်သည်။

“ဒါဆိုလည်း ကူချွတ်ပေးကြတာပေါ့”

ချူးမင်း သူမအား ချက်ချင်းလှည့်ကြည့်လာသည်။

“ကျ…ကျွန်မမလုပ်နိုင်လောက်ဘူး။ အစ်မရွှမ်ပဲလုပ်လိုက်ပါ”

ကျန်းယုံထင်းအမြန်လက်ယမ်းပြလိုက်ကာ သူမ မျက်နှာသည်လည်း နီရဲလာသည်။

“ငါလည်း မလုပ်နိုင်လောက်ဘူး။ ချူးမင်းလုပ်လိုက်”

ချန်းရွှမ်လည်း အမြန်ခေါင်းခါပြကာ ချူးမင်းအားလွှဲချလိုက်သည်။

“ကျ…ကျွန်မလည်းမလုပ်နိုင်ဘူး။ ကျွန်မက ယောကျာ်းတွေနဲ့ ဓာတ်မတည့်ဘူး”

ချူးမင်းလည်း အမြန်ငြင်းဆန်လာ၏။

“ဒါဆိုလည်းထားလိုက်တော့၊ ဒီတိုင်းပဲ အိပ်ခိုင်းလိုက်။ ကျွန်မတို့အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီပဲ”

“အဓိပ္ပာယ်ရှိတယ်”

“ကျွန်မသဘောတူတယ်!”

ထို့နောက် မိန်းကလေးသုံးယောက်သား အခန်းထဲမှချက်ချင်းထွက်လာလိုက်ကာ သူတို့၏အိပ်ခန်းအသီးသီးဆီသို့ ဝင်သွားကြသည်။

ချူးမင်း၏ဗီလာ၌ အိပ်ခန်းသုံးခန်းသာရှိတာဖြစ်သည်။

ယဲ့ဖန်က တစ်ခန်းယူထားပြီး ချူးမင်းမှာတော့ သူမကိုယ်ပိုင်အခန်းရှိသည်။

ချန်းရွှမ်နှင့်ကျန်းယုံထင်းတို့မှာ မတတ်နိုင်ပဲ အခန်းမျှသုံးရတော့သည်။

ဆေးကြောပြီးသည့်နောက် သူမတို့နှစ်ဦးသား အိပ်ရာသို့ပြန်လာလိုက်သည်။

“အစ်မရွှမ်၊ မိန်းကလေးချူးလည်း ယဲ့ဖန်ကို စိတ်ဝင်စားနေတယ်လို့ထင်လား”

“ငါတော့အဲ့လိုမထင်ပါဘူး။ ချူးမိန်းကလေးက လူကောင်းလေးပါ”

“သူက မကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူယဲ့ဖန်ကိုကြည့်တဲ့အကြည့်က မတူသလိုပဲ။ သူသာယဲ့ဖန်ကို စိတ်ဝင်စားမနေရင် ဘာလို့သူ့အိမ်မှာ နေခွင့်ပြုမှာလဲ”

“သူ ယဲ့ဖန်ကို စိတ်ဝင်စားနေတယ်ဆိုရင်တောင် ဘာမှမဖြစ်ဘူးလေ။ သူမှလက်မထပ်ရသေးတာ၊ သူတို့ကြားမှာ ဒါကပုံမှန်ပဲမဟုတ်ဘူးလား”

“အစ်မ သဝန်မတိုဘူးလား”

“ငါကဘာလို့သဝန်တိုရမှာလဲ၊ ငါက သူ့ရည်းစားမှမဟုတ်တာ”

“တကယ်ကြီးလား”

“အင်းလေ”

“အစ်မ၊ ကျွန်မကိုမညာနဲ့နော်။ ကျွန်မ အစ်မနဲ့အတူရှိလာတာ နှစ်နှစ်ကျော်နေပြီ။ အစ်မကို ကျွန်မသေချာမသိလောက်ဘူးလို့ ထင်နေတာလား”

“နင်ကငါ့အကြောင်းဘာသိလို့လဲ”

“အစ်မသာ ယဲ့ဖန်ကိုစိတ်ဝင်စားနေတာ မဟုတ်ဘူးဆိုရင် ဒီညဘာလို့ဒီမှာလာအိပ်တာလဲ”

“နင်ပဲ ငါ့ကိုဒီမှာနေပြီး သူ့ကိုစောင့်ရှောက်ပေးခိုင်းတာ မဟုတ်ဘူးလား”

“ညီမက ဒီတိုင်းနည်းလမ်းပြောပြတာလေ။ သူတို့နှစ်ယောက်တစ်ခန်းထဲအတူအိပ်မှာကို အစ်မစိုးရိမ်နေမှန်း ညီမသိတယ်”

“ငါအဲ့လိုမတွေးမိပါဘူး…”

“အစ်မ၊ အစ်မတကယ်သူ့ကိုကြိုက်ရင် အခွင့်အရေးကိုဖမ်းဆုပ်နိုင်မှရမှာ။ မဟုတ်ရင် သူများအရင်ယူသွားလိမ့်မယ်”

“ငါ…အခွင့်အရေးကိုက ဘယ်လိုဖမ်းဆုပ်ရမှာလဲ”

“အင်း… အခုလိုသူမူးပြီး အသိစိတ်မရှိတဲ့ အချိန်မှာ သူ့အခန်းကိုသွားပြီး ထမင်းချက်ရင်ရော”

T/N - “生米煮成熟飯”ထမင်းချက်တယ်ဆိုတာက ချက်ပြီးသား ထမင်းကိုဆန်ဖြစ်အောင်ပြန်လုပ်လို့မရသလိုပဲ ယောကျာ်းတစ်ယောက်နဲ့အိပ်ပြီးသွားရင် အပျိုပြန်မဖြစ်တော့ဘူးမလို့ တင်စားပြောကြတာပါ။

“ကလေးစုတ်လေး၊ ငါ့ကိုအဲ့လိုနောက်ရလား”

“ဟီးဟီး…အစ်မကလည်း ညီမမှားသွားပါတယ်။ နောက်ဆို အဲ့လို ထပ်မပြောတော့ပါဘူး…”

“ဟူး!”

ချန်းရွှမ် သူမနှင့်ခဏလောက် ဆော့ကစားပြီးနောက် ချက်ချင်း အတွေးထဲ နစ်မြုပ်သွားတော့သည်။

ကျန်းယုံထင်းက စနောက်နေခဲ့တာဆိုပေမယ့် သူမကတော့ အန္တရာယ်အငွေ့အသက်ကို ခံစားနေမိသည်။

ရုပ်ရည်အရရော၊ စိတ်နေစိတ်ထား၊ ပညာရေး၊ အလုပ်အကိုင်တွေမှာ ချူးမင်းက သူမထက် ဘယ်နေရာမှ မနိမ့်ကျပေ။

တစ်ချို့နေရာတွေ၌ သူမထက်ပင် ပိုသာသေးသည်။

ဥပမာဆိုရလျှင် ကားပြိုင်သည့်နေရာ၌ ယဲ့ဖန်နှင့်အကြိုက်ချင်းတူသည်။

သူမသာ လက်ဦးမှုမရယူလျှင် တစ်ဖက်လူက သူမကို ရိုက်ချသွားမှာသေချာသည်။

ကျန်းယုံထင်း၏မျက်လုံးထဲ၌ စိတ်ပျက်သော အရိပ်အယောင်တစ်ချို့ဖြတ်ပြေးသွားသည်။

သူမ ချန်းရွှမ်ကို လက်ဦးမှုရယူရန် ဖျောင်းဖျခဲ့ပေမယ့်လည်း…

သူမနှလုံးသားထဲ၌ ခပ်ချဉ်ချဉ်ခံစားနေရသည်..

တကယ်တော့ သူမလည်းယဲ့ဖန်ကို နည်းနည်းသဘောကျသည်။

သို့သော် ပြိုင်ဘက်တွေက သန်မာလွန်းနေသည်။

ချန်းရွှမ်ရော ချူးမင်းရောက လှပပြီး အောင်မြင်သည့်အလုပ်အကိုင်ရှိသည့် လူများပင်။

သူတို့နှင့်ယှဉ်လျှင် သူမမှာ ဘာကောင်းကွက်မှမရှိပေ။

သို့သော်လည်း သူမဟာ ဝင်ငွေမြင့်သည့် အသိဉာဏ်ကြွယ်ဝတဲ့မိန်းမသားတစ်ဦး ဖြစ်နေသေးသည်။

သူမ သူ့ရဲ့အစေခံလောက်တော့ ဖြစ်မလာနိုင်လောက်ဘူးလား။

အပိုင်း ( ၃၄၄ )

တစ်ယောက်မှ အလွတ်မပေးနဲ့!

တစ်ချိန်ထဲမှာပဲ တစ်ဖက်အခန်း၌ ချူးမင်းဟာ အိပ်ယာပေါ်၌ မှောက်လျက် လှဲလျောင်းနေရင်း မေးထောက်ထားသည်။

သူမ၏ လှပသွယ်လျသည့် ခြေထောက်‌နှစ်ဖက်ဟာ အရှေ့အနောက် ယိမ်းနေလေသည်။

သူမစိတ်ထဲ၌ ယဲ့ဖန်၏ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။

ပြန်စဉ်းစားကြည့်လျှင် သူမ ယဲ့ဖန်နှင့် နှစ်ကြိမ်သာတွေ့ဖူးတာဖြစ်သည်။

သို့သော် ထိုနှစ်ကြိမ်လုံး၌ ထိုလူဟာ အထင်ကြီးစရာကောင်းသည့် ပုံရိပ်မျိုးသာ ထင်ကျန်စေခဲ့သည်။

ပထမတစ်ကြိမ်က သူမအလွန်ဂုဏ်ယူရသည့် ကားပြိုင်ပွဲမှာ သူ့ထံမှာ ရှုံးနှိမ့်ခဲ့ရသည်။

ယဲ့ဖန်၏ပြိုင်ကား သူမခေါင်းပေါ်မှ ပျံသွားသည့်မြင်ကွင်းကို ဒီတစ်သက် မေ့နိုင်မည်မထင်ပေ။

ထိုအခိုက်အတန့်တွင် သူမယဲ့ဖန်ထံမှ အပြည့်အဝလွှမ်းမိုးခံလိုက်ရသည်။

ပြီးနောက် ဒီနေ့ညတွင်လည်း သူမ အခက်အခဲနှစ်ခုကြုံခဲ့ရချိန်၌ ယဲ့ဖန်က နောက်တစ်ကြိမ် ထပ်ပြီးရှေ့တက်လာကာ သူမအတွက် သောက်ပေးခဲ့သည်။

ဆယ့်ငါးခွက်လောက် ဆက်တိုက်သောက်ပြီးနောက်မှာတော့ သူ အသိစိတ်ပျောက်သည်အထိ မူးသွားတော့သည်။

ယဲ့ဖန်၏ ဘေးတိုက်မျက်နှာကို သူမကြည့်လိုက်ချိန်၌ သူမနှလုံးသားဟာ အရင်က တစ်ခါမှမခုန်ခဲ့ဖူးသောနှုန်းနှင့် အရှိန်ပြင်းပြင်း ခုန်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် အကာကွယ်ခံရတဲ့ ခံစားချက်‌ကို နောက်ဆုံးတော့ သူမနားလည်လိုက်သည်။

“ယဲ့ဖန်၊ ရှင်ကျွန်မဆီက ပြေးမလွတ်စေရဘူး”

ချူးမင်း ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။

ချန်းရွှမ်လည်း ယဲ့ဖန်အပေါ် ခံစားချက်တစ်ချို့ရှိနေတာ သူမမြင်နေရပေမယ့် သူမကတော့ ဂရုမစိုက်ပေ။

မိန်းမလှလေးတွေက ယောကျာ်းလေးတွေ လိုက်တာခံရစမြဲပဲလေ။

အဲ့လိုပဲ ထူးချွန်တဲ့ယောကျာ်းတွေကလည်း မိန်းကလေးအများစုရဲ့ ပစ်မှတ်ဖြစ်နေတတ်သည်။

အဲ့တာမျိုးက တစ်ဖက်လူ၏ အရည်အချင်းကို သက်သေပြနေရာလည်းကျသည်။

ချူးမင်းလို ကားပြိုင်ရတာကြိုက်တဲ့ လူအတွက်ကတော့ သူမ ပြိုင်ရမှာကို မကြောက်ပေ။

ပိုပြီးစိန်ခေါ်မှုများလေလေ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလေလေဖြစ်သည်။

ချန်းရွှမ်၊ တိုက်ပွဲကိုလက်ခံလိုက်တော့!

................................

နောက်တစ်နေ့၌။

မနက်စာစားချိန်အထိ ယဲ့ဖန် အသိပြန်မကပ်သေးပေ။

'မနေ့က ခငါတကယ်ကြီး ချူးမင်းအိမ်မှာ အိပ်ခဲ့မိတာလား’

မိန်းမလှလေးသုံးယောက်ရဲ့ ပြုစုမှုကိုတောင် ပျော်ပျော်ကြီးခံခဲ့သေးသည်။

သူ့ကို ပြုစုမယ့်သူ ဘယ်သူမှရှိမနေသော်လည်း နည်းနည်းတော့စိတ်မကောင်းစရာပင်။

သို့သော် ထိုပြုစုမှုကတင် အိပ်မက်ဆန်နေလေပြီ။

“ဘာလို့လဲ၊ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား”

ချူးမင်း သူ့ပန်းကန်လုံးထဲ မနက်စာထည့်ပေးနေရင်း စိုးရိမ်စွာမေးလိုက်သည်။

“ရှင်မူးနေတုန်းလား။ ကျွန်မ အမူးပြေဟင်းချိုချက်ပေးရမလား”

ချန်းရွှမ်လည်း စိုးရိမ်မှုအပြည့်ဖြင့် သူ့အား မနက်စာထည့်ပေးရင်းမေးလာသည်။

ချူးမင်း သူမဘက်သို့လှည့်ကာ မဖော်ရွေစွာ ကြည့်လိုက်မိသည်။

ချန်းရွှမ်လည်း တစ်စက်မှမလျှော့ပဲ ပြန်ကြည့်၏။

လေထုထဲ၌ ယမ်းနံ့တွေဖြင့် ပြည့်ကုန်သည်။

“အာ…မင်းတို့နှစ်ယောက် မနေ့ညက ကိုယ့်ကို အခွင့်အရေး မယူခဲ့ကြဘူးမလား”

ယဲ့ဖန် ပန်းကန်နှင့်တူကိုချကာ ထိုမိန်းကလေးသုံးယောက်ကိုကြည့်လိုက်သည်။

သူပြန်ရလိုက်သည်မှာတော့ စူးရှသည့် အကြည့်သုံးချက်သာဖြစ်သည်။

သူက မီးမွှေးရုံပဲကြံခဲ့တာဆိုပေမယ့် တကယ်မီးလောင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

ယဲ့ဖန် တံတွေးမျိုချကာ စကားပြောင်းလိုက်ရသည်။

“အထင်မလွဲပါနဲ့၊ ကျွန်တော်ဆိုလိုတာက မနေ့ညက ကျွန်တော်မူးပြီး အခွင့်အရေး မယူမိဘူးမလားလို့ပါ”

“ရှင့်လက်တွေအကောင်းတိုင်းရှိနေသေးတယ်ဆိုတော့ ရှင်ကရိုးသားတယ်ဆိုတာကို သက်သေပြနေတာပဲလေ”

ချူးမင်း ပါးစပ်ထဲထမင်းကောက်ထည့်ရင်း ပြောလိုက်သည်။

နောက်တစ်နည်းဆိုရလျှင် အကယ်၍ မနေ့ညက သူ သူမကိုထိခဲ့ပါက သူမ သူ့လက်တွေကိုဖြတ်ပစ်လိုက်ပြီဟု ဆိုလိုတာဖြစ်သည်။

ယဲ့ဖန် သူ့လက်တွေကို အမြန်ရုပ်သိမ်းလိုက်မိသည်။

“ဟားဟား၊ အဲ့တာကောင်းတာပေါ့၊ ကောင်းတယ်…”

ချန်းရွှမ်လည်း တူနှင့်ပန်းကန်လုံးကို ချလိုက်ကာ ပြောသည်။

“ကျွန်မကခဏနေရင် ကုမ္ပဏီသွားတော့မလို့။ ရှင်ကျွန်မနဲ့ လိုက်ခဲ့မလား”

ယဲ့ဖန်လက်ယမ်းပြလိုက်ကာ “ရတယ်၊ မလိုပါဘူး..”

ထို့နောက် ချန်းရွှမ် သူနှင့်ချူးမင်းကြား အကြည့်ဝေ့ဝဲနေသည်ကို မြင်လိုက်ရသည်။

ထိုအကြည့်မှာ တစ်ခုခုကို သတိထားနေသလိုပင်။

“စိတ်မပူပါနဲ့၊ စားပြီးတာနဲ့ပြန်မှာပါ”

သူမှန်ကန်ကြောင်းအဖြေကိုသာ ဖြေလိုက်နိုင်သည်။

ချန်းရွှမ်ရှက်သွားရသည်။

“ရှင်ပြန်ပြန် မပြန်ပြန် ကျွန်မနဲ့ဘာဆိုင်လို့လဲ”

ထိုသို့ပြောကာ ကျန်းယုံထင်းကိုဆွဲခေါ်ပြီး ထွက်သွားတော့သည်။

ယဲ့ဖန် ခေါင်းသာယမ်းလိုက်မိသည်။

“မိန်းကလေးတွေကတကယ်ရှုပ်ထွေးတာပဲ”

ချူးမင်း သူ့အားစိမ်းကားစွာကြည့်လိုက်သည်။

“ရှင်ကကျွန်မကို မိန်းကလေးလို့ မသတ်မှတ်တာလား”

ယဲ့ဖန်လက်ယမ်းပြလိုက်မိသည်။

“မဟုတ်ပါဘူး၊ မင်းက မတူဘူးလေ။ မင်းမှာက အတွေးတွေအများကြီးရှိတယ်”

ချူးမင်း သူ့ကိုစိုက်ကြည့်လိုက်သည်။

“ကျွန်မကနှလုံးသားမရှိဘူးလို့ ပြောနေတာလား”

ယဲ့ဖန် ချက်ချင်းသူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။ သူတစ်ခွန်းမှ ထပ်မပြောရဲတော့ပေ။

“ကျွန်မရှင့်ကိုတစ်ခုလောက် မေးလို့ရမလား”

သူတိတ်နေတာကိုမြင်တော့ ချူးမင်း စကားစလာ၏။

“ဘာလဲ”

“ချန်းရွှမ်နဲ့ကျွန်မနဲ့ရေထဲကျသွားရင် ရှင်ဘယ်သူ့ကိုကယ်မှာလဲ”

“အဟွတ်၊ အဟွတ်၊ အဟွတ်…”

ယဲ့ဖန်ပါးစပ်ကိုပင် မသုတ်နိုင်တော့ပေ။ အမြန်ထွက်ပြေးတော့သည်။

ချူးမင်း ပါးစပ်ကိုအုပ်ရင်း ရယ်လိုက်မိသည်။

ဒီတစ်ချီကတော့ သရေပဲ။

..........................................

“အဖေ၊ ဘယ်သူနဲ့တွေ့မလို့လဲ”

ဖန်းရှောင်ကွန်း သူ့အဖေဖန်းဝမ်းညန်နောက်မှ လိုက်ကာ ကျုံးဟိုင်မြို့ရှိ တောင်ကြားအိမ်ရာမြို့နယ်မှ နံပါတ် (၁) စံအိမ်ဆီသို့ လိုက်လာခဲ့ရသည်။

တောင်ကြားထဲ၌ဆောက်ထားသော ဒီဗီလာဟာ ကျုံးဟိုင်၏အမြင့်ဆုံးဟု ဆိုနိုင်သည်။

ပြတင်းပေါက်ဖွင့်လိုက်လျှင် ထျန်းရှန်းရေကန်၏လှပသောမြင်ကွင်းကို မြင်နိုင်ရုံသာမက ကျုံးဟိုင်မြို့ကြီးတစ်မြို့လုံးကိုပါ မြင်နိုင်လေသည်။

ဒီလိုနေရာမျိုးမှာနေနိုင်တဲ့သူကတော့ ကျုံးဟိုင်မြို့ရဲ့ ထိပ်သီးတစ်ယောက်ပဲ ဖြစ်ရမည်။

ဒီဗီလာနံပါတ်(၁)မှာနေနိုင်သည့်သူ၏ ရာထူးကိုခန့်မှန်းကြည့်လို့ရသည်။

“ပါးစပ်ပိတ်ထား၊ ခဏနေလို့အထဲဝင်တဲ့အခါ ကျရင် အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ကြားလား”

ဖန်းဝမ်းညန် အသံခပ်အုပ်အုပ်ဖြင့် ဒေါသတကြီးပြောဆိုလိုက်သည်။

“နားလည်ပါပြီ”

ဖန်းရှောင်ကွန်းလည်း အမြန်သဘောတူလိုက်ရသည်။

သူ့အဖေ ဖန်းဝမ်းညန်က ကျုံးဟိုင်မှာ သုံးယောက်မြောက် အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။

သူတောင် ဒီလောက်သတိထားနေမှတော့ ဒီဗီလာပိုင်ရှင် ဘယ်လောက်ကြောက်ဖို့ ကောင်းတဲ့သူမှန်း ခန့်မှန်းကြည့်လို့ရသည်။

သူတို့နှစ်ဦး အိမ်စေများ၏လမ်းပြမှုဖြင့် အဓိကခန်းမထဲသို့ဝင်လာချိန်၌ အထဲတွင် လူအများအပြားထိုင်နေသည်ကို မြင်လိုက်ရသည်။

သူတို့အားလုံးက ကျုံးဟိုင်၏ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တွေချည်းဖြစ်သည်။

တစ်ချို့က ဆိုဖာထက်၌ထိုင်နေကာ အများစုကတော့ မတ်တပ်ရပ်နေကြသည်။ သူတို့တွေက ထိုင်ဖို့ရန် အရည်အချင်း မပြည့်မှီပေ။

“တောင်းပန်ပါတယ်၊ လူကြီးမင်းဖန်း။ ဆိုဖာခုံတွေက ပြည့်သွားပြီ။ ထိုင်ခုံတစ်လုံးလောက်ရွှေ့ပြီး ထိုင်လိုက်ပါလား”

ဆိုဖာခုံအလယ်၌ထိုင်နေသော အသတ်လတ်ပိုင်းအရွယ်ခန့်လူကြီးတစ်ယောက်က ကြင်နာစွာပြုံးလျက် ပြောလာသည်။

ဖန်းဝမ်းညန် လှည့်ပတ်ကြည့်လိုက်ပေမယ့် ထိုင်ခုံရှာမတွေ့ပေ။ ထို့ကြောင့် တရို‌တသေ လက်ကာပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ နျုံလူကြီးမင်း။ ကျွန်တော် မတ်တပ်ပဲ ရပ်နေလိုက်ပါ့မယ်”

နျုံလူကြီးမင်းက ဘာမှထပ်မပြောလာတော့ပေ။ ထိုအစား သူ့ဘေးကလူကိုကြည့်သည်။

“ဆက်ပြောလေ…”

ဖန်းရှောင်ကွန်း ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။

သူ့အဖေလို ကျုံးဟိုင်မြို့ရဲ့ တတိယအချမ်းသာဆုံးလူက ထိုင်ဖို့တောင် အခွင့်အရေးမရှိတာကို သူအလွန်ဒေါသထွက်သွားရသည်။

ပိုပြီးအံ့ဩဖို့ကောင်းတာက သူ့အဖေက တစ်စက်ကလေးမှ မကျေမနပ်မဖြစ်တာ ဖြစ်သည်။

ထိုအရာက သူ့ကို ပိုလို့ရှုပ်ထွေးသွားစေသည်။

ဒီလူကြီးကဘယ်သူလဲ။

သူက အဲ့လောက်တောင် အင်အားကြီးတာလား။

ထိုအချိန်တွင် ဘေးမှာထိုင်နေသည့်လူက ဆက်ပြောလာသည်။

“အဲ့ယဲ့ဖန်ဆိုတဲ့ကလေးက ဒီနှစ်မှ ဘယ်နေရာကထွက်လာမှန်းမသိတာပါ။ သူက ဆင်းရဲ့တဲ့ တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်ဆိုပေမယ့် အဆင့်မြင့်ကုမ္ပဏီ တော်တော်များများကို ထိန်းချုပ်ထားနိုင်တဲ့ လူသစ်လေးပါ”

ဖန်းရှောင်ကွန်း မျက်လုံးလှန်လိုက်မိသည်။

ဒီလူတွေက ယဲ့ဖန်အကြောင်း လေ့လာနေကြတာလား။

သူတို့ ယဲ့ဖန်ကို မနာလိုဖြစ်နေကြလို့လား။

အဲ့လိုသာဆိုရင် အလွန်ကောင်းသည်။

ရန်သူရဲ့ရန်သူက ကိုယ့်အတွက်တော့ မိတ်ဆွေပဲလေ။

ကြည့်ရတာ ဒီ “သူငယ်ချင်း” လေးမှာ မတွေးရဲလောက်တဲ့ရန်သူမျိုးရှိပုံပဲ။

အဲ့လိုဆို ယဲ့ဖန်နဲ့ရင်ဆိုင်တဲ့အခါ နည်းနည်းပိုမကောင်းသွားဘူးလား။

ဟားဟားဟား၊ အဲ့ခွေးကောင်ယဲ့ဖန်၊ မင်းရက်အနည်းငယ်လောက် လျှောက်သွားနိုင်မှာမဟုတ်တော့ဘူး။

ချန်းရွှမ်နဲ့ ချူးမင်းရောပဲ၊ ငါမင်းတို့ကို လုံးဝအလွတ်မပေးဘူး။

All Chapters