← Chapters

အပိုင်း ၃၄၉-၃၅၂

Vol. 18 Ch. 349-352

အပိုင်း ၃၄၉-၃၅၂

Vol. 18 Ch. 349-352

အပိုင်း ( ၃၄၉ )

မင်းကဘယ်သူလဲ

လင်းကျွင်းကျွင်းနှင့်မိန်းကလေးသုံးယောက်မှာ ယဲ့ဖန်အား ထူးဆန်းသောအကြည့်နှင့် စိုက်ကြည့်နေကြသည်။

ဒီလူက ငယ်ရွယ်ပြီးချောမောချမ်းသာတာနဲ့တင် တော်တော်လေးဆွဲဆောင်မှုရှိနေပြီကို အရမ်းလည်းနာမည်ရှိနေသေးသည်။

ဘေး၌ရပ်နေသည့်ဆန်းခဲ့မှာ ထိုအခြင်းအရာကိုမြင်တော့ ချက်ချင်း စိုးရိမ်ပူပန်လာရသည်။

မင်းက မိမိုက်ချင်ယောင်ဆောင်သွားမှတော့ ငါကဘယ်လိုလုပ် ဟန်ဆောင်လို့ရတော့မှာလဲ။

ထိုသို့တွေးမိပြီး သူသရော်လိုက်မိသည်။

“ဟားဟား၊ မင်းဒီနည်းသုံးပြီး ဆရာကုန်းကို လှည့်စားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ယဲ့ဖန် စကားမပြောနိုင်ခင်မှာပဲ လင်းကျွင်းကျွင်း မျက်မှောင်ကြုတ်ကာ ဝင်ပြောလာသည်။

“နင်ဘာဖြစ်နေတာလဲ။ ဆရာကုန်းကိုယ်တိုင်ကတောင် ယဲ့ဖန်ရဲ့ အင်အားကိုအသိအမှတ်ပြုနေတာကို နင်ကမယုံဘူးလား”

ဆန်းခဲ့သရော်လိုက်သည်။

“ဆရာကုန်းက ဆရာကြီးမန်းဒုန်ဟိုင်းလက်အောက်မှာ နှစ်တွေအကြာကြီး ရှေးဟောင်းပစ္စည်းတွေ အကြောင်းကိုလေ့လာခဲ့တာ။ သူကကျတော့ရော”

သူထိုသို့ပြောကာ ယဲ့ဖန်ကိုညွှန်ပြလိုက်သည်။

“မင်းကဖြင့်အခုမှအသက်နှစ်ဆယ်ပဲ ရှိသေးတာကို။ သူမွေးကတည်းက ရှေးဟောင်းပစ္စည်းတွေအကြောင်း လေ့လာခဲ့တယ်ဆိုရင်တောင်မှ ဆရာကုန်းနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”

ယဲ့ဖန် လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်သည်။

“မင်းဘာပြောချင်နေတာလဲ”

ဆန်းခဲ့သရော်လိုက်သည်။

“ကြားထားတာက အမှားဖြစ်ပြီး မြင်ရတာမှအမှန်တဲ့။ မင်းရဲ့ အင်အားကို ငါ့မျက်လုံးနဲ့ကိုယ်တိုင် မမြင်ရမချင်း ငါမယုံဘူး”

ယဲ့ဖန် လက်ဖက်ရည်ခွက်ကိုချကာ သူ့ကိုကြည့်လိုက်သည်။

“ခင်ဗျားကိုယ်ခင်ဗျားဘာထင်နေလဲ။ ယုံအောင် လုပ်ပြပေးစရာလိုလို့လား”

ဆန်းခဲ့၏သရော်သံမှာ ပိုလို့ပင်ကျယ်လောင်လာသည်။

“ဘာလို့လဲ၊ ကြောက်လို့လား”

ယဲ့ဖန် ထိုင်ခုံနောက်မီကို ခပ်ဖြည်းဖြည်းမီလိုက်သည်။

“ကျွန်တော်ကစီးပွားရေးသမား။ အဲ့တာကြောင့် အမြဲတမ်း ကုန်ကျစရိတ်နဲ့ ရမယ့်အမြတ်ကို အမြဲအရင်တွက်ချက်တယ်။ မင်းကို ကျွန်တော့်အင်အားပြလိုက်ရင် ကျွန်တော်က ဘာပြန်ရမှာလဲ”

ဆန်းခဲ့ အံကြိတ်လိုက်မိသည်။

ထို့နောက် သူ့လွယ်အိတ်ထဲမှ လက်ရာမြောက်သည့် သေတ္တာတစ်ခုကို ထုတ်လိုက်သည်။

သေတ္တာကိုဖွင့်လိုက်ရာ အထဲရှိစိန်လက်စွပ် တစ်ကွင်းကိုတွေ့လိုက်ရသည်။

စိန်၏အရွယ်အစားမှာ လက်သူကြွယ်အရွယ်ခန့်ရှိပြီး ပုံပန်းသဏ္ဌာန်မှာ အလွန်လှပလေသည်။

မိန်းကလေးလေးယောက်၏ မျက်လုံးများ တောက်ပသွားရသည်။

မိန်းကလေးတွေက စိန်ဆို တောင့်မခံနိုင်ကြပေ။

ဆန်းခဲ့တစ်ခဏလောက် စိတ်ကျေနပ်သွားကာ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။

“ဒီစိန်လက်စွပ်က ၉ ကာရက်ရှိတဲ့စိန်နဲ့ လုပ်ထားတာ။ စိန်တစ်လုံးထဲနဲ့တင် တစ်သန်းလောက်တန်တယ်။ ပြီးတော့ ဒီစိန်လက်စွပ်ကို နိုင်ငံရဲ့ ထိပ်တန်း လက်ဝတ်ရတနာဒီဇိုင်နာဖြစ်တဲ့ Walker Aidela ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ။ ဒီလက်စွပ်ရဲ့ဈေးက အနည်းဆုံးနှစ်ဆပဲ..”

သူ၏မိတ်ဆက်ပေးမှုကိုနားထောင်ပြီးနောက် မိန်းကလေးလေးယောက်၏မျက်လုံးများမှာ ပိုလို့ပင်တောက်ပလာရသည်။

ထိုအရာက သေချာပေါက်ကို မိန်းကလေးတိုင်း အိပ်မက်မက်ရသည့် အရာဖြစ်သည်။

ယဲ့ဖန် စားပွဲခုံကို လက်ချောင်းဖြင့် တောက်နေရင်း “အဲ့တော့”ဟုမေးလိုက်သည်။

ဆန်းခဲ့၏မျက်လုံးများထဲ၌ ရူးနှမ်းမှုဖြင့် ပြည့်သွားရသည်။

“မင်းရဲ့အင်အားက ဆရာကုန်းထက် ပိုသာတယ်ဆိုတာကို သက်သေပြနိုင်ရင် ဒီစိန်လက်စွပ်ကမင်းအပိုင်ပဲ”

မိန်းကလေးများမှာ သူ့စကားကိုကြားပြီးနောက် လေးယောက်လုံး ထိတ်လန့်သွားကြသည်။

နှစ်သန်းတန်တဲ့စိန်လက်စွပ်ကို လောင်းကြေးထားမယ်တဲ့။

ဒီဆန်းခဲ့ကတော့ တကယ်ရူးသွားပြီပဲ။

ယဲ့ဖန် သူ့ကိုတည်ငြိမ်စွာ ကြည့်လိုက်သည်။

“သက်သေမပြနိုင်ရင်ရော”

ဆန်းခဲ့၏နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားကာ အပြုံးတစ်ပွင့် ဖြစ်လာသည်။

“ဒါဆိုရင်တော့ ငါ့ကို ကျုံးထျန်းကန်သာယာက စံအိမ်ပေးရမယ်”

သူပြောတာကိုကြားပြီးနောက် လင်းကျွင်းကျွင်းနှင့်ကျန်လူများမှာ သူ၏ အရှက်မရှိမှုအတွက် ကျိန်ဆဲမိသွားသည်။

ကျုံးထျန်းကန်သာယာကစံအိမ်က တစ်လုံးကို အနည်းဆုံး သန်းဆယ်ချီတန်သည်။

နင်က နှစ်သန်းတန်စိန်လက်စွပ်နဲ့ ဆယ်သန်းတန်အိမ်ကိုလဲချင်နေတာလား။

အရူးပဲသဘောတူလိမ့်မယ်။

ထိုအချိန်တွင် ယဲ့ဖန်ကတော့ မတုန်မလှုပ် ပြန်ဖြေလာသည်။

“ကောင်းပြီ”

လင်းကျွင်းကျွင်း စိတ်ပူသွားရသည်။

“ယဲ့ဖန်၊ ဘာလို့သဘောတူလိုက်တာလဲ”

ယဲ့ဖန် ခပ်ဖြည်းဖြည်းထရပ်လိုက်သည်။

“သူများက ကျွန်တော့်ကိုပိုက်ဆံပေးချင်နေတာကို ငြင်းလိုက်လို့ဘယ်ဖြစ်မလဲ”

ထိုသို့ပြောရင်း ထရပ်ကာ သီးသန့်ခန်းထဲမှ ထွက်သွားတော့သည်။

လင်းကျွင်းကျွင်းနှင့်ကျန်သည့်လူများမှာ အလွန်သိချင်သွားရကာ ချက်ချင်း နောက်မှလိုက်သွားတော့သည်။

ထိုလူတစ်စုဟာ မကြာခင်ပဲ လက်ဖက်ရည်ဆိုင်၏ အရောင်းဌာနသို့ ရောက်လာကြသည်။

ထိုနေရာ၌ လက်ဖက်ရွက်မျိုးစုံနှင့် လက်ဖက်ရည်ပန်းကန်တွေအစုံလိုက် ရှိနေသည်။

လင်းကျွင်းကျွင်းနှင့် ကျန်တဲ့သူများမှာ ပိုလို့ပင်ရှုပ်ထွေးသွားရသည်။

သူကဒီကိုဘာလာလုပ်တာလဲ။

လက်ဖက်ဝယ်ချင်လို့များလား။

ယဲ့ဖန်ကတော့ ဘာမှရှင်းမပြလာချေ။

ထိုအစား စနစ်၏ နက်ရှိုင်းသည့် ရှာဖွေမှုစနစ်ကိုဖွင့်လိုက်ကာ လက်ဖက်ရွက် အပုံကြီးကို ကြည့်လိုက်သည်။

သိပ်မကြာခင်မှာပဲ အနည်းငယ်ဟောင်းနေသော လက်ဖက်ရည်အိုးကိုတွေ့လိုက်ရသည်။

ထို့နောက် အရောင်းဝန်ထမ်းအား မေးလိုက်သည်။

“ဒီလက်ဖက်ရည်ဘူးကဘယ်လောက်လဲ”

အရောင်းဝန်ထမ်းလည်း သူညွှန်ပြရာနေရာကို ကြည့်လိုက်သည်။

“ဒီဖူအာလက်ဖက်ရည်က လတ်တလောမှ ကျွန်မတို့အသစ်ထပ်ဝယ်ထားတဲ့ လက်ဖက်ရည်အဟောင်းပါ။ အဲ့တာကို သိုလှောင်ထားတာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး စုစုပေါင်း ၃၅၇ဂရမ်လေးပါတယ်။ ဒါကို ထိပ်တန်းအဆင့်လို့ သတ်မှတ်ထားပါတယ်…”

ယဲ့ဖန် စိတ်မရှည်စွာဖြတ်ပြောလိုက်သည်။

“ဘယ်လောက်လဲပဲပြောပါ”

အရောင်းဝန်ထမ်းလည်း အမြန်ဈေးပြောလိုက်သည်။

“ယွမ် ၁၈၀၀ပါ”

ယဲ့ဖန် တုံ့ဆိုင်းမနေပဲ တစ်ခါထဲပေးချေလိုက်သည်။

လက်ဖက်ရည်ဘူးကို လက်ခံရရှိပြီးနောက် သူ ချက်ချင်းသီးသန့်ခန်းထဲသို့ ပြန်လာလိုက်သည်။

လင်းကျွင်းကျွင်းနှင့် ကျန်သူများလည်း ကြောင်အနေသောအမူအရာဖြင့် သူ့နောက်မှ လိုက်လာကြသည်။

ဆန်းခဲ့က လှောင်ပြောင်လိုက်သည်။

“ဘာလို့လဲ၊ ဒီဖူအာလက်ဖက်ရည်ဘူးကိုသုံးပြီး ငါ့ကိုအရူးလုပ်မလို့လား။ မင်းငါ့ကို အရူးများထင်နေလား”

ယဲ့ဖန်သူ့ကိုလျစ်လျူရှုထားလိုက်သည်။

ထိုအစား လက်ဖက်ရည်ဘူးကိုဖွင့်ကာ အထဲမှ လက်ဖက်ကိတ်‌ပေါ်ကိုလောင်းထည့်လိုက်သည်။

သူတို့အားလုံး သူလုပ်နေတာကိုကြည့်ရင်း ပိုလို့ရှုပ်ထွေးလာရသည်။

သူလက်ဖက်ရည်တစ်ဘူးဝယ်ပြီး လက်ဖက်ကိတ်ပေါ်လောင်းချတယ်တဲ့လား။

ဒီဘူးက အထဲက လက်ဖက်ရွက်တွေထက် ပိုပြီးတန်ဖိုးကြီးနေလို့လား။

သူတို့ရှုပ်ထွေးနေချိန်မှာ ယဲ့ဖန်က ဘူး၏ အတွင်းဘက်လိုင်းကိုဖွင့်လိုက်သည်။

ထို့နောက် တစ်လက်မခန့်ရှည်သော တံဆိပ်တုံးထွက်ပေါ်လာသည်။

လင်းကျွင်းကျွင်းနှင့်ကျန်သူများမှာ မျက်လုံးပြူးသွားရသည်။

ဒါကြီးကအရမ်းမှော်မဆန်လွန်းဘူးလား။

လက်ဖက်ရည်ဘူးထဲမှာ တကယ်ကြီး တံဆိပ်ခေါင်းရှိနေတယ်?

သူကအဲ့တာကိုဘယ်လိုလုပ်သိတာလဲ။

ဆန်းခဲ့လည်း ကြက်သေသေသွားရသည်။

သူ့မျက်လုံးနှစ်လုံးနှင့် ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရသည်။

ဒီလက်ဖက်ရည်ဘူးက ယဲ့ဖန်ကိုယ်တိုင် ဝယ်လာတာဖြစ်သည်။

အဲ့တာအပြင် ဒီခွန်အားစမ်းသပ်မှုကို လုပ်ဖို့အကြံပေးခဲ့သူမှာ သူကိုယ်တိုင်သာဖြစ်သည်။

ဒီတံဆိပ်ခေါင်းကို ကြိုထည့်ထားသည်မှာ မဖြစ်နိုင်ပေ။

ဒါဆို ဘယ်လိုလုပ် ဒီဘူးထဲကတံဆိပ်ခေါင်းကိုရှာတွေ့တာလဲ။

သူ့ဆီမှာ ရောင်ခြည်အမြင်တွေဘာတွေ ရှိနေတာလား။

“ဟားဟား၊ တံဆိပ်ခေါင်းရှိနေတော့ရော ဘာဖြစ်လဲ။ ဒီတံဆိပ်ခေါင်းကလည်း ရှေးဟောင်းပစ္စည်းလို့တော့ လာမပြောနဲ့”

ဆန်းခဲ့ ထိတ်လန့်နေသော်လည်း လက်ခံရန် ငြင်းဆန်နေဆဲဖြစ်သည်။

လင်းကျွင်းကျွင်းနှင့် ကျန်သူများမှာ ယဲ့ဖန်၏ အမြင်အာရုံကို အံ့ဩသွားရသည်။

သို့သော် ဆန်းခဲ့ပြောသည့်စကားက အဓိပ္ပာယ်ရှိသည်ဟုထင်သည်။

အခုခေတ်မှာ ဘယ်သူမှ စာတွေမရေးတော့တာကြောင့် တံဆိပ်ခေါင်းတွေလည်း အသုံးနည်းလာသည်။

တံဆိပ်ခေါင်းလေးတစ်ခုပဲကို ဘယ်လောက်တန်မှာမို့လို့လဲ။

ယဲ့ဖန် ထိုတံဆိပ်ခေါင်းကို ခဏလောက် ကြည့်နေသည်။

“ဒီတံဆိပ်ခေါင်းက အနည်းဆုံးသန်းနဲ့ချီတန်တယ်”

“ဖူး၊ ဟားဟားဟား…”

ဆန်းခဲ့ ချက်ချင်းခေါင်းမော့လာကာ ရယ်လိုက်သည်။

“မင်းငါ့ကိုလိမ်ချင်နေတာလား။ တံဆိပ်ခေါင်းတစ်ခုက သန်းချီတန်တယ်ပေါ့။ မင်းနေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်နေတာလား။”

လင်းကျွင်းကျွင်းနှင့် ကျန်သူများလည်း ယဲ့ဖန်၏စကားက ယုံချင်စရာ‌မကောင်းဘူးဟု ခံစားမိကြသည်။

တံဆိပ်ခေါင်းတစ်ခုက အများဆုံးမှ ပြားအနည်းငယ်သာတန်သည်

ဘယ်လိုလုပ် သန်းနဲ့ချီတန်မှာလဲ။

“ဒီပစ္စည်းရဲ့တန်ကြေးအတိအကျ‌ကိုတော့ ကျွန်တော်လည်းမသိဘူး။ ကျွမ်းကျင်သူတွေကို မေးကြည့်မှရမယ်”

ထိုသို့ပြောကာ ယဲ့ဖန် ချန်းချုံရှန်းကို ဗီဒီယိုကောလ်ခေါ်လိုက်သည်။

ဆန်းခဲ့က ဆက်ရန်စလာသည်။

“ဘာလဲ။ မင်းနဲ့ကူပြီးဟန်ဆောင်ပေးဖို့ လူလိုက်ရှာနေတာလား။ ဒါဆိုရင်တော့ သရုပ်ကောင်းတဲ့သူကိုရှာမှရမယ်နော်။ ဟာကွက်တွေများပြီး ရယ်ချင်စရာဖြစ်အောင်မလုပ်နဲ့…”

သူပြောလို့မပြီးခင်မှာပဲ ယဲ့ဖန်၏ဖုန်းထဲ၌ ပေါ်လာသည့်လူကို မြင်လိုက်ရသည်။

ထို့နောက် သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ချန်းချုံရှန်းလား။

အပိုင်း ( ၃၅၀ )

ဆန်းလူကြီးမင်း စာချုပ်ကိုမချိုးဖောက်ဘူးမလား

ဆန်းခဲ့က လက်ဝတ်ရတနာရောင်းဝယ်ရေး လုပ်တာဖြစ်သည်။

သူ့စီးပွားရေးကသိပ်မကြီးပေမယ့် တစ်ခါတစ်ရံ လေလံပွဲကြီးတွေကို သွားခဲ့ဖူးသည်။

တစ်ခုခုဝယ်ရန်တော့ မဟုတ်ပဲ သူ့ဆက်သွယ်ရေးကွန်ယက်ကို ပိုမိုကျယ်ပြန့်စေရန်ဖြစ်သည်။

ထို့ကြောင့် လေလံလောကရဲ့နာမည်ကြီး ချန်းချုံရှန်းကိုစိမ်းသက်မနေပေ။

Sotheby's လေလံကုမ္ပဏီ၌ ချန်းချုံရှန်းကို သူအဝေးမှတစ်ခါမြင်ဖူးသည်။

သို့သော် သူတို့နှစ်ဦးကြားရှိ အဆင့်အတန်း ကွာဟချက်ကြီးကြောင့် သူ့ဆီမှာ သူတို့နှင့် ရင်းနှီးနိုင်သည့်အရည်အချင်းမရှိပေ။

ယဲ့ဖန်က ချန်းချုံရှန်းကို ဗီဒီယိုဖုန်းတောင် ခေါ်နိုင်မည်ဟု မထင်ထားခဲ့ချေ။

လင်းကျွင်းကျွင်းနှင့် ကျန်သုံးယောက်ကတော့ ချန်းချုံရှန်းကို မသိကြပေ။

သို့သော် ဆန်းခဲ့၏သရဲမြင်လိုက်ရသလို မျက်နှာထားကြောင့် သူတို့ချက်ချင်း သိချင်သွားရသည်။

“ဒီပုဂ္ဂိုလ်က အရမ်းအင်အားကြီးတာလား”

ထိုအခါမှ ဆန်းခဲ့အသိပြန်ဝင်လာသည်။

“ချန်းလူကြီးမင်းက Sotheby's ရဲ့ ကျုံးဟိုင်ကုမ္ပဏီခွဲက အထွေထွေမန်နေဂျာပဲ။ မင်းကဘာထင်လို့လဲ”

လင်းကျွင်းကျွင်း အနည်းငယ်အံ့အားသင့်သွားရသည်။

“ဆရာကုန်းနဲ့ယှဉ်ရင်ရော”

ဆန်းခဲ့ သူ့ချွေးအေးတွေကို သုတ်လိုက်သည်။

“ဆရာကုန်းက အကဲဖြတ်တဲ့နေရာမှာ အရမ်းထူးချွန်တယ်ဆိုပေမယ့် လူငယ်မျိုးဆက်တွေအတွက်ပဲ ကန့်သတ်ထားတာ။ ရှေးဟောင်းပစ္စည်းလောကမှာ အဆက်အသွယ်နဲ့ ဂုဏ်ပုဒ်အရကြည့်ရင် ချန်းလူကြီးမင်းထက် အများကြီးနိမ့်ကျတယ်။ သူတို့နှစ်ယောက်ကို ယှဉ်လို့တောင်မရဘူး။ သူ့ဆရာဖြစ်တဲ့ ဆရာကြီးမန်းတောင် လူကြီးမင်းချန်းလောက် မတော်ဘူး”

လင်းကျွင်းကျွင်းနှင့်ကျန်သူများမှာ ပိုလို့ပင်အံ့ဩသွားရသည်။

ယဲ့ဖန် ဗီဒီယိုကောလ်ခေါ်လိုက်တဲ့ ချန်းလူကြီးမင်းက ဒီလောက်အင်အားကြီးတဲ့ နောက်ခံမျိုးရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

တစ်ချိန်ထဲမှာပဲ သူတို့စိတ်ထဲ၌ မေးခွန်းတစ်ခုပေါ်လာသည်။

ယဲ့ဖန်က ဒီလိုကြောက်ဖို့ကောင်းတဲ့လူကို ဘယ်လိုလုပ်သိနေတာလဲ။

ထိုအချိန်မှာပဲ ချန်းချုံရှန်း၏ ရွှင်မြူးစွာ ရယ်မောသံကိုကြားလိုက်ရသည်။

“ညီ‌လေးယဲ့၊ ရုတ်တရက်ကြီးဘာလို့ ဗီဒီယိုကောလ်ခေါ်လာတာလဲ။ ငါ့ကိုလွမ်းနေလို့လား”

ယဲ့ဖန်ချက်ချင်းမျက်လုံးလှိမ့်လိုက်မိသည်။

“အဓိပ္ပာယ်မရှိတာတွေ။ ခင်ဗျားလို ကြမ်းကြမ်းတမ်းတမ်းလူအိုကြီးကို၊ ရုပ်ကလည်းဆိုးသေး၊ ကျွန်တော်က ဘာလို့လွမ်းရမှာလဲ။ အဲ့လိုစိတ်မျိုးလုံးဝမရှိဘူး”

“ဟားဟားဟား…”

သူတို့နှစ်ဦး၏စကားပြောပုံကိုကြည့်ကာ သူတို့အားလုံးကြက်သေသေသွားရပြန်သည်။

ဘာမှစည်းစောင့်မနေပဲပြောဆိုနေကြတာဟာ သူတို့ဆက်ဆံရေးကသာမန်မဟုတ်ဘူးဆိုတာကို ဖော်ပြနေသည်။

သူတို့နှစ်ယောက် အရမ်းရင်းနှီးတယ်လို့တောင် ပြောလို့ရသည်။

ချန်းချုံရှန်းလိုလူမျိုးနဲ့တောင် အရမ်းရင်းနှီးတယ်ဆိုတော့ ယဲ့ဖန်က တကယ်အင်အားကြီးတယ်လို့ ဆိုလိုတာပဲမဟုတ်ဘူးလား။

ဆန်းခဲ့ ရုတ်တရက်ဆိုသလို ခံစားချက်သိပ်မကောင်းတော့ပေ။

“တော်ပြီ၊ နောက်မနေ‌နဲ့တော့။ အကိုချန်း၊ ကျွန်တော်ဒီမှာတံဆိပ်ခေါင်းတစ်ခုရထားတယ်။ အကိုကြည့်ပေးပါဦး”

“ညီလေးယဲ့၊ မင်းငါ့ကိုလာနောက်နေတာလား။ မင်းအမြင်နဲ့ဆို ငါကူညီပေးဖို့တောင် လိုသေးလို့လား။ ငါ့ကိုဆူချင်လို့ ပြောနေတာမလား။”

“ဒါဆိုလည်း ဈေးကူခန့်မှန်းပေး”

ထို့နောက် ယဲ့ဖန် ကင်မရာကိုတံဆိပ်ခေါင်းဘက် လှည့်ပြလိုက်သည်။

ချန်းချုံရှန်း၏မျက်နှာထက်၌ မနှစ်သက်သော အပြုံးတစ်ပွင့်ရှိနေသည်။

သို့သော် တံဆိပ်ခေါင်းကိုမြင်လိုက်ချိန်၌ သူ့အမူအရာမှာ ချက်ချင်းလေးနက်သွားတော့သည်။

“ညီလေးယဲ့၊ ဒီတံဆိပ်ခေါင်းက… မင်းဒါကို ဘယ်ကရလာတာလဲ”

“ဘယ်လိုရလဲဆိုတာ စိတ်ပူမနေပါနဲ့။ ဘယ်လောက်တန်လဲပဲပြောစမ်းပါ”

ယဲ့ဖန်တန်းမဖြေပဲ ပြန်မေးလိုက်သည်။

ချန်းချုံရှန်းက သူ့အား အကျယ်ချဲ့ပြခိုင်းလာကာ အချိန်အတော်ကြာအောင် ထပ်ခါထပ်ခါ ကြည့်နေ‌သည်။

ထို့နောက် ချွေးသုတ်လိုက်သည်။

“ဒီတံဆိပ်ခေါင်းကို “အနက်ရောင်ဆင့်” လို့ခေါ်တယ်။ ကမ္ဘာပေါ်မှာ ပထမဆုံးပေါ်လာတဲ့ တံဆိပ်ခေါင်းမျိုးပဲ။ ပြီးတော့ စုဆောင်းမှုလည်း အဆင့်မြင့်တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက Sotheby's မှာ အဲ့ပစ္စည်းကိုလေလံတင်ဖူးတယ်။ အဲ့တုန်းကတောင် ဒီဟာရဲ့ဈေးက မိုးလောက်မြင့်တဲ့ပမာဏလို့ပြောရမယ်။ ယွမ်သန်းခြောက်ဆယ်နဲ့ ရောင်းထွက်ခဲ့တာ… ငါ့ခန့်မှန်းချက်အရတော့ အနည်းဆုံး သန်းတစ်ရာလောက်တန်မယ်ထင်တယ်”

T/N - black pence - အနက်ရောင်ဆင့် (cent) ဒေါ်လာရဲ့ ဆင့်ပါ၊ မြန်မာလိုဆိုရင်တော့ ပြားပေါ့။

ချန်းချုံရှန်း၏မိတ်ဆက်ပေးမှုကို ကြားပြီးနောက် သူတို့အားလုံးချက်ချင်း ကြက်သေသေသွားရပြန်သည်။

ယဲ့ဖန်က ဒီတံဆိပ်ခေါင်းကို သန်းချီတန်တယ်လို့ ပြောလာတုန်းက သူက ပေါက်ကရလျှောက်ပြောနေတာဟု သူတို့ ထင်ခဲ့မိသေးသည်။

ဒီလောက်ဈေးကြီးတဲ့တံ‌ဆိပ်ခေါင်း ရှိတယ်တဲ့လား။

ချန်းချုံရှန်းက ထိုတံဆိပ်ခေါင်းက သန်းတစ်ရာတန်သည်ဟုပြောသွားသည်။

ယဲ့ဖန်ပြောခဲ့သည့်ဈေးထက် ဆယ်ဆများသည်။

ထိုအခြင်းအရာက သူတို့မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားစေသည်။

ယွမ်သန်းတစ်ရာတန် တံဆိပ်ခေါင်းတဲ့လား။

ဒီဈေးကတကယ်ကြောက်စရာပဲ။

ချန်းချုံရှန်းပြောနေတာသာမဟုတ်ရင် တစ်ဖက်လူကရူးနေတာဟုပင် သူတို့ ထင်မိလောက်သည်။

ဒါပေမယ့် တစ်ဖက်က ချန်းချုံရှန်း ဖြစ်နေသည်။

ရှေးဟောင်းပစ္စည်းလောကမှာ သူက အခရာဖြစ်သည်။

ဒီလိုဆိုရင်…ဒါကတကယ်ကြီးလား။

ယဲ့ဖန်က တကယ်ကြီးယွမ်သန်းတစ်ရာတန် ရှေးဟောင်းပစ္စည်းကိုဝယ်ခဲ့တာပေါ့။

ဒါကြီးက အရမ်းမယုံနိုင်စရာကောင်းမနေဘူးလား။

“ကောင်းပြီ၊ အကိုချန်း ကျွန်တော် ဖုန်းချလိုက်တော့မယ်”

ယဲ့ဖန် ချန်းချုံရှန်းနှင့် ခဏလောက် စကားစမြည်ပြောပြီးနောက် ဖုန်းချလိုက်သည်။

ထို့နောက် ဆန်းခဲ့ကို ကြည့်လိုက်သည်။

“ဘယ်လိုလဲ။ ယုံပြီလား”

ဆန်းခဲ့ ကြောင်အအနှင့် ခေါင်းငြိမ့်လိုက်သည်။

“ယုံပါပြီ”

သူ လက်မခံနိုင်သေးပေ။

ဘယ်သူကရော ဒီလိုရုတ်တရက် ထိတ်လန့်စရာသတင်းကြီးကို လက်ခံနိုင်မှာလဲ။

ကုန်းလန်ရှန်းနှင့် မန်းဒုန်ဟိုင်းတို့တောင် လက်မခံနိုင်လောက်ဘူး။

အဲ့တာအပြင် ဒီနေရာက ရှေးဟောင်းပစ္စည်းလမ်းကြားလည်း မဟုတ်ပေ။

လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်သည်။

ဤနေရာမျိုးမှာ ရှေးဟောင်းပစ္စည်းရှိနေစရာ အကြောင်းမှမရှိတာ။

ယဲ့ဖန်က ဒီလိုနေရာမှာတောင် ယွမ်သန်းတစ်ရာရှာလိုက်နိုင်သည်။

သူ့အင်အားက ဆံပင်တွေထောင်စေသည်အထိ အလွန်အားပြင်းလွန်းသည်။

ယဲ့ဖန် ထိုတံဆိပ်ခေါင်းကိုသိမ်းလိုက်ကာ ဆန်းခဲ့ကို ပြန်ကြည့်လိုက်သည်။

“အခု မင်းလောင်းကြေးကိုတော့ ပြန်မပြောင်းဘူးမလား”

“အာ”

ဆန်းခဲ့ အနည်းငယ်ကြောင်သွားရသည်။

ထိုစိန်လက်စွပ်က တကယ်တော့ သူ့ရဲ့ကာစတန်မာ‌တစ်ယောက်က သီးသန့်မှာထားတာဖြစ်သည်။

ထိုလက်စွပ်လုပ်ဖို့ နှစ်လလောက် အချိန်ယူလိုက်ရပြီး ဒီနေ့မှပြီးသွားတာဖြစ်သည်။

လင်းကျွင်းကျွင်းရဲ့ကိစ္စလုပ်ပေးပြီးရင် သူကိုယ်တိုင်သွားပေးမလို့ စဉ်းစားထားတာဖြစ်သည်။

အစောက ယဲ့ဖန်က သူ့ရဲ့ကျော်ကြားမှုကို အကြိမ်အနည်းငယ်ခိုးယူသွားတာကြောင့် သူဒေါသထွက်ပြီး ထိုပစ္စည်းကို လောင်းလိုက်မိသည်။

အခု သူသာဒီလက်စွပ်ကို ယဲ့ဖန်ကိုပေးလိုက်ရင် ကာစတန်မာကို ဘယ်လိုရှင်းပြရတော့မှာလဲ။

“ယဲ့လူကြီးမင်း… ကျွန်တော် အစောက နောက်လိုက်တာပါ။ အတည်မယူပါနဲ့…”

“ဒါပေမယ့် ကျွန်တော်ကတော့ အတည်ယူလိုက်ပြီလေ။ အခုနေ ကျွန်တော်သာရှုံးသွားရင် ကျွန်တော်ကတော့ လောင်းကြေးအတိုင်း မင်းကိုအိမ်ပေးလိုက်မှာ။ ဆန်းလူကြီးမင်း စာချုပ်ကိုတော့ မဖျက်ဘူးမလား”

ယဲ့ဖန် ဖြတ်ပြောလိုက်သည်။

ဆန်းခဲ့၏မျက်နှာ ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားရသည်။

တခြားသူသာဆိုရင် သူစာချုပ်ကို ဖျက်လိုက်မှာဖြစ်သည်။

အများဆုံးမှ သူမျက်နှာပျက်ရရုံပေါ့။

ဒါပေမယ့် သူနှင့် ဆန့်ကျင်ဘက်၌ ထိုင်နေသူမှာ ယဲ့ဖန်ဖြစ်နေသည်။

ကုန်းလန်ရှန်းပင် သူ့ကို ‘ဆရာယဲ့’ ဟု ခေါ်ရသည်။

ရှေးဟောင်းပစ္စည်းလောကမှာ သူ့ရဲ့ကွန်ယက် ဘယ်လောက်ကျယ်ပြန့်သလဲဆိုတာကို ပြနေသည်။

လက်ဝတ်ရတနာလောကနှင့် ရှေးဟောင်းပစ္စည်းလောကက အများကြီး ချိတ်ဆက်နေသည်။

အကယ်လို့ သူသာ ကတိစဖျက်လိုက်ရင် အနာဂတ်မှာ ဒီလောကထဲ ရှင်နိုင်ပါဦးမလား။

ထိုသို့တွေးမိပြီး မတတ်နိုင်ပဲ စိန်လက်စွပ်ကို ထုတ်ပေးလိုက်ရသည်။

ယဲ့ဖန်ကတော့ သူ့တုံ့ပြန်ပုံကို ဂရုမစိုက်ပေ။

ဘူးကိုလက်ခံပြီးနောက် ထိုစိန်လက်စွပ်ကို ခဏကြည့်ကာ လင်းကျွင်းကျွင်းဘက် လှည့်လိုက်သည်။

“မင်းကြိုက်လား”

လင်းကျွင်းကျွင်း မသိစိတ်‌အလျောက် ခေါင်းငြိမ့်လိုက်မိသည်။

“အင်း”

ယဲ့ဖန်ဘာမှထပ်ပြောမနေတော့ပဲ ထိုလက်စွပ်ကို သူမလက်၌စွပ်ပေးလိုက်သည်။ “မင်းကြိုက်ရင် ကိုယ်ပေးမယ်”

လင်းကျွင်းကျွင်း၏မျက်လုံးများ မယုံနိုင်စွာပြူးကျယ်သွားရသည်။

သူက… စိန်လက်စွပ်ပေးလိုက်တာလား။

ကျန်မိန်းကလေးသုံးဦးမှာလည်း ကြက်သေသေသွားရသည်။

ဒါကယွမ်နှစ်သန်းတန် စိန်လက်စွပ်ကြီးလေ။

အဲ့တာကိုဒီတိုင်းပေးပစ်တယ်တဲ့လား။

အဲ့တာအပြင် မိန်းကလေးတစ်ယောက်ကို စိန်လက်စွပ်ပေးတာ ဘာအဓိပ္ပာယ်လဲဆိုတာကိုရော ဒီလူသိရဲ့လား။

အပိုင်း ( ၃၅၁ )

ဘရန်းတစ်ခုအတွက် တံဆိပ်ခေါင်းတစ်ခု

ယဲ့ဖန်ကတော့ သိပ်များများစားစား တွေးမနေပေ။

ဘာပဲဖြစ်ဖြစ် အဲ့လက်စွပ်က သူနိုင်ခဲ့တဲ့ လောင်းကြေးပစ္စည်းတစ်ခုဖြစ်သည်။

အဲ့တာအပြင် ဒီစိန်လက်စွပ်က သူလည်းသုံးမရပေ။

လင်းကျွင်းကျွင်းက ကြိုက်တယ်ဆိုမှတော့ သူမကိုပေးလိုက်သည်။

သို့သော် ထိုနေရာရှိလူများ၏ မျက်နှာအမူအရာကိုမြင်တော့ သူချက်ချင်းတုံ့ပြန်လိုက်သည်။

“အထင်မလွဲကြပါနဲ့။ သာမန်လက်ဆောင်လို့ပဲ သဘောထားလိုက်။ ဘာအဓိပ္ပာယ်မှမပါဘူး။ လုံးဝမပါဘူးနော်!”

လင်းကျွင်းကျွင်းလည်း သူ့ဖြေရှင်းချက်ကို ကြားလိုက်ရသည်။

ဒီလက်‌ဆောင်က သူမ လက်ခံဖူးသမျှထဲမှာ တန်ဖိုးအကြီးဆုံးဆိုသော်လည်း အကြောင်းတစ်ချို့ကြောင့် ရုတ်ချည်းဆိုသလို သူမ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

မိန်းကလေးသုံးယောက်မှာတော့ မတောင့်ခံနိုင်တော့ပေ။

ဒီနှစ်ယောက်က အရမ်းဒေါသထွက်စရာ မကောင်းဘူးလား။

တစ်ယောက်ကလည်း ယွမ်နှစ်သန်းတန် စိန်လက်စွပ်ကို ဘာမှမဟုတ်သလိုပဲ ပေးပစ်လိုက်ပေမယ့် ဘာရည်ရွယ်ချက်မှ မရှိပါဘူးတဲ့။

နောက်တစ်ယောက်ကျတော့လည်း ယွမ်နှစ်သန်းတန်လက်စွပ် လက်ဆောင်ရလိုက်တာတောင် မျက်နှာက မပျော်မရွှင်ဖြစ်နေသည်။

ငါတို့ရဲ့ခံစားချက်တွေကိုရော ထည့်စဉ်းစားသေးရဲ့လား။

ငါတို့ဂုဏ်သိက္ခာကိုရော မငဲ့တော့ဘူးလား။

ထိုမတော်တဆပြီးနောက် မိန်းကလေးသုံး‌ယောက်မှာ ယဲ့ဖန်အား တစ်ဖန်ပြန်ကြည့်လိုက်သည်။

ထိုအကြည့်မှာ လေးစားအားကျရုံတင်မဟုတ်ပဲ အနည်းငယ်စွဲလမ်းနေသလိုပင် ဖြစ်နေသည်။

သူတို့ကိုကြည့်ပါဦး။

ယဲ့ဖန်ခေါင်းငြိမ့်လျှင် ဟိုတယ်ခေါ်သွားတော့မည့်ပုံပင် ဖြစ်နေလေပြီ။

လေးယောက်သား မဟုတ်တာတွေဘာတွေတောင် လုပ်ချင်နေသည့်ပုံရနေသည်။

T/N - Foursome ပါ သိတယ်မလား

ယဲ့ဖန် သူတို့နဲ့ခဏလောက် စကားစမြည်ပြောနေလိုက်သည်။

သူ ထသွားတော့မည့်အချိန်မှာ ရုတ်တရက် အပြင်ဘက်မှခြေသံတစ်ချို့ ကြားလိုက်ရသည်။

ထို့နောက် တံခါးတွန်းဖွင့်ခံလိုက်ရကာ ချန်းချုံရှန်း အမြန်ဝင်လာသည်။

သူ့နောက်တွင်တော့ ခပ်ဝဝအသတ်လတ်ပိုင်း လူတစ်ယောက်ပါလာသည်။

“အစ်ကိုချန်း၊ ဘာလို့ရောက်လာတာလဲ*

ယဲ့ဖန် ချန်းချုံရှန်းကိုကြည့်လိုက်ကာ အနည်းငယ်အံ့ဩသွားရသည်။

“ညီလေးယဲ့၊ မင်းကို ဒီက မေပယ်အဆောက်အဦးပိုင်ရှင် ဟူသုန့်နဲ့ မိတ်ဆက်ပေးမယ်။ သူကို လောင်ဟူလို့ ခေါ်လို့ရတယ်”

ယဲ့ဖန်ခေါင်းကုတ်လိုက်မိသည်။

“မေပယ်အဆောက်အဦးလား။ သူကဘာလုပ်တာလဲ။ စားသောက်ဆိုင်လား။”

သူပြောလိုက်တာကိုကြားတော့ ချန်းချုံရှန်းနှင့်သူဌေးဟူတို့မှာ ကြက်သေသေသွားရသည်။

ဘေး၌ရပ်နေသည့် ဆန်းခဲ့ပင် သွေးအန်လုနီးပါးဖြစ်သွားရသည်။

“အစ်ကိုကြီး၊ မေပယ်အဆောက်အဦးကို မကြားဖူးဘူးလို့တော့မပြောနဲ့နော်”

ယဲ့ဖန် ပိုလို့ပင် ဦးနှောက်ရှုပ်သွားရသည်။

“မေပယ်အဆောက်အဦးကိုမသိတာ ထူးဆန်းလို့လား”

ဆန်းခဲ့ သူ့နဖူးသူပြန်ရိုက်လိုက်မိသည်။

“မေပယ်အဆောက်အဦးက ကျုံးဟိုင်ရဲ့ နာမည်အကြီးဆုံးရှေးဟောင်းပစ္စည်း‌ဆိုင်ပဲ။ ကျုံးဟိုင်မှာ ဆိုင်ခွဲတွေအများကြီးရှိပြီး ဈေးကွက်တန်ဖိုး‌က အနည်းဆုံးယွမ်သန်းတစ်ရာရှိတယ်။ တကယ်ကြီးတစ်ခါမှမကြားဖူးဘူးလား”

ထိုလူ ဟန်ဆောင်နေသည်ဟု သူတကယ်ကြီး သံသယဝင်လာရသည်။

သူ့လို သန်းရာချီတန်တဲ့ရှေးဟောင်းပစ္စည်းကို ဆွဲထုတ်နိုင်ပြီး ရှေးဟောင်းပစ္စည်းလောကက နာမည်ကြီးတော်တော်များများနဲ့သိတဲ့သူက မေပယ်အဆောက်အဦးကို မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သို့သော် ယဲ့ဖန်၏အမူအရာကိုကြည့်လိုက်တော့ ဟန်ဆောင်နေတဲ့ပုံလည်းမပေါ်ပေ။

ထိုအရာက သူ့ကို ပိုလို့ပင်ငိုချင်သွားစေသည်။

သူ ဘယ်လိုလူကိုများ ရှုံးသွားရတာလဲ။

သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖန် နားလည်သွားသည်။

“မင်္ဂလာပါသူဌေးဟူ၊ ကျွန်တော့်ကိုရှာတာ… ဘာကိစ္စရှိလို့လဲမသိဘူး”

သူဌေးဟူက အမြန်ပြောပြလာသည်။

“အနက်ရောင်ဆင့်က မင်းလက်ထဲမှာရှိတယ်လို့ ဥက္ကဌချန်းဆီက ကြားထားတယ်။ ကျုပ်တစ်ချက်လောက် ကြည့်ကြည့်လို့ရမလား”

ယဲ့ဖန် ချန်းချုံရှန်းကို ချက်ချင်းလှည့်ကြည့်လိုက်မိသည်။

“သူဌေးဟူက တံဆိပ်ခေါင်းတွေစုရတာ တော်တော်ရူးတာ။ တစ်ချိန်တုန်းက တံဆိပ်ခေါင်းပြတိုက်တောင် ဖွင့်ထားသေးတယ်။ မင်းဆီမှာ အနက်ရောင်ဆင့်ရှိတယ်လည်းကြားရော မင်းဆီခေါ်သွားပေးဖို့ အတင်းပူ‌ဆာနေတော့တာ”

ယဲ့ဖန် ခါးသက်သက်သာပြုံးလိုက်မိသည်။

သူ အနက်ရောင်ဆင့်ကို ထုတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။

သူဌေးဟူ သူ့အိတ်ကပ်ထဲမှ အဖြူရောင်လက်အိတ်တစ်စုံထုတ်ကာ ချက်ချင်းဝတ်လိုက်သည်။

ထို့နောက် မှန်ဘီလူးတစ်ခုလည်း ထုတ်လိုက်သည်။

ထို့နောက်မှသာ တံဆိပ်ခေါင်းကိုယူ၍ ဂရုတစိုက်ကြည့်လိုက်သည်။

တစ်အောင့်ကြာတော့ သူစိတ်လှုပ်ရှားစွာ ကြည့်လာသည်။

“ဟုတ်တယ်၊ ဒါကအစစ်ပဲ။ ဒီတံဆိပ်ခေါင်းက တကယ်အနက်ရောင်ဆင့်ပဲ။ ကျုပ်ဒါကိုရှာနေတာ နှစ်ချီနေပြီ။ နောက်ဆုံးတော့တွေ့ခဲ့ပြီ…”

ထိုသို့ပြောရင်း မျက်ရည်တွေပင် စီးကျလာသည်။

ယဲ့ဖန်နှင့်အခြားသူများမှာ လန့်သွားရသည်။

တံဆိပ်ခေါင်းလေးတစ်ခုအတွက်နဲ့ ငိုစရာလိုလို့လား။

သူဌေးဟူ မျက်နှာထက်မှ မျက်ရည်တွေကို သုတ်လိုက်သည်။

“ယဲ့လူကြီးမင်း၊ မင်းရဲ့ ဒီအနက်ရောင်ဆင့်ကို ကျုပ်ပြန်ဝယ်ချင်လို့ ဈေးပြောပေးပါ”

ယဲ့ဖန်ခေါင်းယမ်းပြလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်ဒါကို ရောင်းဖို့စိတ်ကူးမရှိဘူး”

သူဌေးဟူချက်ချင်း လက်တစ်ချောင်း ထောင်ပြသည်။

“သန်းတစ်ရာ”

လင်းကျွင်းကျွင်းနှင့်အခြားသူများမှာ ထိုဈေးကိုကြားတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဒီလောက်လွယ်လွယ်နဲ့ပိုက်ဆံရှာနိုင်တယ်လား။

ယဲ့ဖန်၏ငွေဝင်နှုန်းက ပိုက်ဆံထုတ်တဲ့ ပုံနှိပ်စက်ထက်ပင် မြန်နေသည်။

သို့သော် ယဲ့ဖန်ကတော့ ခေါင်းခါလိုက်သည်။

“ကျွန်တော်ဒါကိုတကယ်မရောင်းဘူး”

“သန်း ၁၁၀”

“သူဌေးဟူ၊ တကယ်ပိုက်ဆံကြောင့် မဟုတ်ပါဘူး…”

“သန်း၁၂၀”

“ ..................... “

ယဲ့ဖန် လုံးဝဆွံ့အသွားရသည်။

သူရှင်းရှင်းလင်းလင်းပြောခဲ့ပြီးသားဖြစ်ပေမဲ့ သူဌေးဟူကတော့ သူ့ကို ဆက်လက် အပူကပ်နေသည်။

သူစိတ်မရှည်ဖြစ်လာတာကိုမြင်တော့ ချန်းချုံရှန်း သူဌေးဟူကို အမြန်ဝင်တားလိုက်ရသည်။

“သူဌေးဟူ၊ ကျွန်တော့်ရဲ့ညီငယ်လေးက ပိုက်ဆံပြတ်လပ်နေတဲ့သူမဟုတ်ဘူးဗျ။ ခင်‌ဗျားဘယ်လောက်ပဲကမ်းလှမ်းပါစေ သူ့ကိုလှုပ်ရှားအောင်လုပ်နိုင်မှာ မဟုတ်ဘူး”

သူဌေးဟူ အံကြိတ်လိုက်မိကာ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။

“ယဲ့လူကြီးမင်းက ပိုက်ဆံမကြိုက်ဘူးဆိုမှတော့ မေပယ်အဆောက်အဦးနဲ့ ဒါနဲ့ကို လဲပါ့မယ်။ အဲ့လိုဆိုရင်ရောဘယ်လိုလဲ”

သူထိုသို့ပြောလိုက်ချိန်၌ ယဲ့ဖန်တင်မဟုတ်ပဲ ထိုနေရာရှိလူတိုင်း ကြောင်အသွားရသည်။

သူဌေးဟူ ဒီလောက်ထိ တံဆိပ်ခေါင်းတွေကို စွဲလမ်းမယ်လို့ မထင်ထားခဲ့ချေ။

တံဆိပ်ခေါင်းလေးတစ်ခုအတွက်နဲ့ ရှေးဟောင်းဆိုင်တစ်ဆိုင်လုံးကိုပါ ပေးပစ်တယ်တဲ့လား။

ယဲ့ဖန်အနည်းငယ်ဆွဲဆောင်ခံလိုက်ရသည်။

“သူဌေးဟူ၊ တကယ်ပြောနေတာလား”

ယဲ့ဖန်ဘက်မှ နည်းနည်းလျှော့လာသည်ကိုမြင်တော့ သူဌေးဟူက ဆက်ပြောသည်။

“ဒါပေါ့၊ ယဲ့လူကြီးမင်းသာသဘောတူမယ်ဆိုရင် ကျုပ်ချက်ချင်း လွှဲပြောင်းရေးလုပ်ငန်းစဉ် စပေးနိုင်တယ်။ မေပယ်အဆောက်အဦးရဲ့ ဆိုင်လေးဆိုင်လုံးနဲ့ ဝန်ထမ်းတွေရော၊ ရှေးဟောင်းပစ္စည်းတွေပါ အကုန်လုံး အခုကစပြီးမင်းအပိုင်ပဲ”

တစ်ဖက်လူက အလွန်ရက်ရောနေသည်ဖြစ်ရာ ယဲ့ဖန် ဘာလုပ်ရမလဲမသိတော့ပေ။

ချန်းချုံရှန်း ထပ်ပြောလာသည်။

“သူဌေးဟူကအရမ်းရက်ရောတာပဲ။ မေပယ်အဆောက်အဦးရဲ့လက်ရှိ ဈေးကွက်တန်ဖိုးက သန်း၁၃၀ ရှိတယ်။ ဒီတံဆိပ်ခေါင်းကိုလေလံတင်ရင်တောင် သန်း110တော့ မကျော်နိုင်ဘူး”

ယဲ့ဖန်ခဏလောက်စဉ်းစားလိုက်ကာ ဟူသုန့်ကိုကြည့်လိုက်သည်။

“ဒါဆို သူဌေးဟူကို အခွင့်ကောင်းယူမိပြီဗျာ”

ဟူသုန့်ချက်ချင်းလက်ယမ်းပြလာသည်

“အဲ့ရှေးဟောင်းပစ္စည်းဆိုင်တွေက အစကအပျော်ပဲဖွင့်ခဲ့တာ။ ဒါပေမယ့် တဖြည်းဖြည်းပိုပိုကြီးလာမယ်လို့ မထင်ခဲ့မိဘူးလေ။ အနက်ရောင်ဆင့်ကိုသာ ရနိုင်မယ်ဆိုရင် သန်း ၂၃၀ မကတန်ဆိုရင်တောင် တန်တယ်။ ၁၃၀လောက်ကတော့ ထည့်ပြောနေစရာတောင်မလိုဘူး”

ယဲ့ဖန်ကတော့ နားမလည်နိုင်တာကြောင့် ခြောက်ကပ်ကပ်သာရယ်လိုက်မိသည်။

“ဒါဆိုသူဌေးဟူစကားကိုပဲ နားထောင်လိုက်ပါ့မယ်”

ဟူသုန့်အလွန်ပီတိဖြာသွားသည်။

“ဒါဆို တစ်ယောက်ယောက်ကို ပစ္စည်းတွေ ပြင်ထားခိုင်းလိုက်မယ်။ အခုကျုပ်တို့ ဆိုင်ကိုသွားကြမလား”

ယဲ့ဖန် ငြင်းဆန်မနေပေ။

ထိုအချိန်တွင် ဘေး၌ရပ်နေခဲ့သော လင်းကျွင်းကျွင်းမှာ အမြန်ဖြတ်ပြောလာသည်။

“ကျွန်မလည်းလိုက်လို့ရမလား။ ကျွန်မလည်း ကျွန်မနယ်ပယ်ကိုချဲ့ထွင်ချင်လို့”

ယဲ့ဖန် စဉ်းပင်စဉ်းစားမနေပဲ သဘောတူလိုက်သည်။

“ရတာပေါ့”

လင်းကျွင်းကျွင်း အလွန်ပျော်သွားရကာ ဆန်းခဲ့နှင့်ကျန်သူများဘက်လှည့်ကာ ပြောလိုက်သည်။

“နင်တို့တွေအရင်ပြန်နှင့်ကြ။ ငါတို့အချိန်ရတော့မှ နောက်တစ်ခါ ထပ်ဆုံကြတာပေါ့”

ထိုသို့ပြောပြီးနောက် သူမ ယဲ့ဖန်နှင့်အတူ ထွက်သွားတော့သည်။

ဆန်းခဲ့ တကယ်ငိုချင်လာရသည်။

သူ ဒီနေ့လင်းကျွင်းကျွင်း စိတ်ကျေနပ်အောင် လုပ်ပေးဖို့လာခဲ့တာဖြစ်သည်။

အဆုံး၌ မျက်နှာပျက်ရရုံတင်မကပဲ နှစ်သန်းတန်စိန်လက်စွပ်လည်း ဆုံးရှုံးလိုက်ရသေးသည်။

အခုဆို လင်းကျွင်းကျွင်းက သူနဲ့တောင်အတူ ထွက်သွားလေပြီ။

ဒါကတကယ်ကို ကြက်ပျံပြီး ဥကျကွဲသွားသလို ဖြစ်ရပ်ဖြစ်သည်။

ပြီးတော့ ကျန်တဲ့မိန်းကလေးသုံးယောက်ကလည်း ယဲဖ့န်နောက်ကျောကိုသာ စိတ်ပျက်လက်ပျက်ကြည့်နေကြသည်။

ဒီလူကအရမ်းထူးချွန်တာပဲ။

သူတို့ကိုယ်သူတို့ သိမ်ငယ်စေလောက်တဲ့အထိကို တော်လွန်းတယ်။

ထိုသည်မှာ ယဲ့ဖန်က မမှန်ကန်တာမဟုတ်ပဲ သူတို့ကမထိုက်တန်တာဖြစ်သည်။

အပိုင်း ( ၃၅၂ )

မယုံနိုင်စရာ သူဌေးအသစ်

[ရတနာရှာဖွေခြင်းကို အောင်မြင်သွားတဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်။ ဆုကြေးအနေနဲ့ ဈေးကွက်တန်ဖိုး နှစ်ဘီလီယံရှိတဲ့ ဝမ်ကျန်းစားသောက်ဆိုင်ကို ရရှိပါတယ်….]

ယဲ့ဖန် စနစ်မှသတိပေးချက်ကိုရရှိချိန်၌ မေပယ်အဆောက်အဦးသို့ သွားနေသည့်လမ်းမှာဖြစ်သည်။

ဝမ်ကျန်းအဆောက်အဦးကို သူကြားဖူးသည်။

အလွန်အဆင့်မြင့်သည့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ကာ စားသုံးသူတွေကို သူတို့ဖက်က ဖိတ်ခေါ်ဖို့သာ ဖွင့်လှစ်ထားတာဖြစ်သည်။

ဖိတ်ခေါ်ခံရသည့်စားသုံးသူမှာ အနည်းဆုံးယွမ်ငါးသန်းရှိရသည်။

အဲ့လိုဆိုရင်တောင် ထိုနေရာဟာ နေ့တိုင်းစားသုံးသူတွေနှင့် စည်းကားနေမြဲဖြစ်သည်။ ထိုနေရာဟာ ကျုံးဟိုင်၏ ချမ်းသာမှုပြယုဂ်တစ်ခုတောင် ဖြစ်လာသေးသည်။

ယနေ့ခေတ်ကျုံးဟိုင်၌ ဝမ်ကျန်းစားသောက်ဆိုင်မှာ မစားနိုင်လျှင် ချမ်းသာသည်ဟုပြောလို့မရပေ။

ထိုအချိန်တွင် သတိပေးချက်အသံကို ကြားလိုက်ရသဖြင့် ယဲ့ဖန်ပြုံးလိုက်မိသည်။

ကျုံးဟိုင်ရဲ့မြင့်မြတ်တဲ့ချမ်းသာခြင်းနယ်မြေက သူ့အပိုင်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

ရယ်ပြီးနောက် ခရီးသည်ခုံ၌ထိုင်နေသည့် ချန်းချုံရှန်းကိုကြည့်လိုက်သည်။

“အစ်ကိုချန်း၊ တပည့်လက်ခံလား”

ချန်းချုံရှန်းကြောင်သွားကာ သူ့ကို လှည့်ကြည့်လာသည်။

“ငါတစ်ခါမှတပည့်လက်မခံဖူးဘူး။ ဘာလို့ရုတ်တရက်ကြီး အဲ့တာကိုမေးတာလဲ”

ယဲ့ဖန် သူ့ဘေးရှိ လင်းကျွင်းကျွင်းကို ညွှန်ပြလိုက်သည်။

“ကျွန်တော့်သူငယ်ချင်းက အခုတစ်လော ရှေးဟောင်းပစ္စည်းတွေ အကြောင်းသင်ချင်နေတာလေ”

လင်းကျွင်းကျွင်း ချန်းချုံရှန်းအား စိတ်လှုပ်ရှားစွာကြည့်လိုက်မိသည်။

ဆန်းခဲ့ပြောပုံအရဆို ချန်းလူကြီးမင်းက ရှေးဟောင်းပစ္စည်းလောကမှာ ဆရာကုန်းထက်ပင် ပိုမြင့်သေးသည်။ သူက ဆရာကုန်းရဲ့ဆရာကြီး မန်းဒုန်ဟိုင်းထက်ပင် ပိုမြင့်သည်။

ဒီလိုလူကို သူမဆရာအဖြစ်အသိအမှတ် ပြုရမယ်ဆိုတော့ သူမကတော့ သေချာပေါက်ပျော်တာပေါ့။

ချန်းချုံရှန်း ခဏလောက်စဉ်းစားလိုက်ပြီး ဆက်ပြောသည်။

“တခြားသူသာလာပြောရင် ငါသဘောမတူဘူး။ ဒါပေမယ့် ညီလေးယဲ့က ပြောလာတာဆိုတော့ စဉ်းစားကြည့်လိုက်ပါမယ်”

လင်းကျွင်းကျွင်းအလွန်ပျော်သွားကာ သူ့ကိုချက်ချင်းကျေးဇူးတင်ချင်မိသွားသည်။

ချန်းချုံရှန်း သူမကိုတားလိုက်သည်။

“အပျော်မစောနဲ့ဦး။ မင်း ရှေးဟောင်းပစ္စည်းအကြောင်းကို အပျော်လေ့လာတာမဟုတ်ဖို့ မျှော်လင့်တယ်”

လင်းကျွင်းကျွင်း အမြန်ခေါင်းငြိမ့်ပြလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်မသေချာသင်ယူမှာပါ။ လွယ်လွယ်နဲ့လက်မလျှော့ပါဘူး”

ချန်းချုံရှန်း၏မျက်နှာမှာ သတိထားသည့်အမူအရာဖြစ်သွားသည်။

“တကယ်တော့ ဒါကငါပထမဆုံး တပည့်မွေးဖူးတာပဲ။ အဲ့တာကြောင့် အရမ်းသတိထားနေတာ။ ဒီလိုဆိုရင်ရော၊ ငါမင်းကိုစာအုပ်နည်းနည်းညွှန်းပေးမယ်။ မင်းပြန်ရောက်ရင် တစ်လလောက် အဲ့တာတွေကိုအရင်လေ့လာကြည့်…”

လင်းကျွင်းကျွင်းလည်း သူမလွယ်အိတ်ထဲမှ စာအုပ်နှင့် ဘောပင်တစ်ချောင်း အမြန်ထုတ်ကာ သူအကြံပြုလာသည့် စာအုပ်များကိုချရေးလိုက်သည်။

ချန်းချုံရှန်းမှာ သူမသဘောထားကို အလွန်သဘောကျသွားသည်။

“တစ်လအတွင်း မင်းရဲ့ကိုယ်ပိုင်စာလေ့လာထားတဲ့ရလဒ်ကို ကြည့်မယ်။ မင်းရဲ့အရည်အချင်းက သိပ်မဆိုးတဲ့အပြင် အလုပ်လည်းကြိုးစားတယ်ဆိုရင် ငါမင်းကို တပည့်အဖြစ်လက်ခံမယ်”

“စိတ်မပူပါနဲ့ ချန်းလူကြီးမင်း။ ကျွန်မ သေချာပေါက် လူကြီးမင်းစိတ်ကျေနပ်အောင် လုပ်မှာပါ”

လင်းကျွင်းကျွင်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမယဲ့ဖန်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။

သူသာမကူညီရင် ချန်းချုံရှန်းက သူမကို ဒီလိုအခွင့်အရေးမျိုးပေးမှာမဟုတ်ပေ။

အခွင့်အရေးကရောက်လာပြီဖြစ်ကာ သူမ ထိုအရာကို ဖမ်းဆုပ်နိုင်မနိုင်ဆိုတာကတော့ သူမရဲ့ကြိုးစားမှုအပေါ်မှာသာ မူတည်နေတော့သည်။

မေပယ်အဆောက်အဦး၏ အဓိကဆိုင်ခန်းမှာ ကျုံးဟိုင်၏လူအရှုပ်ဆုံး ရှေးဟောင်းပစ္စည်းလမ်းမှာတည်ရှိတာဖြစ်သည်။

ဆိုင်ရှိဝန်ထမ်းများမှာ ဟူသုန့်ထံမှ ညွှန်ကြားချက်ရထားပြီးဖြစ်သည်။

ယဲ့ဖန်နှင့်ကျန်သူများ ဆိုင်ထဲဝင်မလာခင်မှာ ဆိုင်ခန်းမန်နေဂျာ၏ဦးဆောင်မှုဖြင့် အပေါက်ဝတွင် ရပ်စောင့်နေကြသည်။

ယဲ့ဖန် ကားတံခါးဖွင့်ကာထွက်လိုက်ပြီး ဆိုင်ကိုကြည့်လိုက်သည်။

ဆိုင်ကို အတော်လေးလက်ရာမြောက်စွာ အလှဆင်ထားပြီး ဂန္တဝင်ဆန်သော်လည်း ခေတ်မီနေကာ ရှေးဆန်ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ပေးစွမ်းနေသည်။

ပထမအမြင်ကတော့ အလွန်စိတ်ကျေနပ်စရာကောင်းသည်။

ဟူသုန့် ချက်ချင်း အရှေ့သို့လျှောက်သွားကာ ဆိုင်ခန်းမန်နေဂျာကိုမေးလိုက်သည်။

“လောင်စွန်း၊ ပစ္စည်းတွေအဆင်သင့်ဖြစ်ပြီလား”

“အကုန်လုံးအဆင်သင့်ပါပဲ”

ဆိုင်ခန်းမန်နေဂျာအဘိုးကြီးမှာ ယဲ့ဖန်နှင့် ကျန်သူများကိုကြည့်လျက် ပြန်ဖြေလိုက်သည်။

“သူဌေးအသစ်က ဘယ်သူများလဲ”

ဟူသုန့် ချက်ချင်းယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါက လူကြီးမင်းယဲ့ဖန်၊ မေပယ်အဆောက်အဦးရဲ့ ပိုင်ရှင်အသစ်ပဲ”

သူပြောသည်ကိုကြားတော့ ဆိုင်ခန်းမန်နေဂျာမှာ ချက်ချင်းကြက်သေသေသွားရသည်။

သူကဒီလူငယ်လေးကို ချန်းချုံရှန်းရဲ့ ဒရိုင်ဘာဟုထင်ခဲ့သည်။

သူတို့သူဌေးအသစ်လို့မထင်ခဲ့ပေ။

တစ်ခုခုလွဲနေတာများလား

သူ့လိုငယ်ငယ်ရွယ်ရွယ်နဲ့ အတွေ့အကြုံမရှိတဲ့ပုံနဲ့ကောင်လေးကလေ။

သူတို့ရဲ့သူဌေးအသစ်တဲ့လား။

ဟူသုန့် ကသိကအောက်နိုင်စွာ ယဲ့ဖန်ကို သူတို့နှင့်မိတ်ဆက်ပေးလိုက်သည်။

“သူက မေပယ်အဆောက်အဦးရဲ့ မန်နေဂျာ စွန်းရှို့ယိ”

ယဲ့ဖန် ချက်ချင်းနွေးထွေးစွာ လက်ဆန့်ပေးလိုက်သည်။

“မင်္ဂလာပါ စွန်းလူကြမင်း၊ ကျွန်တော့်ကို ရှောင်ယဲ့လို့ခေါ်လို့ရပါတယ်”

မန်နေဂျာစွန်းကတော့ လက်မထုတ်လာပေ။

သူ၏အသက်ကြီးနေသောမျက်နှာမှာ ပျက်ယွင်းနေကာ ဟူသုန့်အား မကျေမနပ် ကြည့်နေသည်။

“သူဌေးဟူ ဒီဆိုင်ကခင်‌ဗျားရဲ့ဆိုင်လေ။ ဘယ်သူ့မဆိုခင်ဗျားရောင်းပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ယုံကြည်ရတဲ့ဝယ်သူကိုတော့ ရှာသင့်တယ်လေ”

“မယုံရတဲ့သူကိုလက်လွှဲမိရင် ရက်အနည်းငယ်အတွင်း ဆိုင်ပိတ်လိုက်ရနိုင်တယ်”

ဟူသုန်ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်သည်။

“လောင်စွန်း၊ စာအုပ်တစ်အုပ်ကို အဖုံးကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလေ။ ယဲ့လူကြီးမင်းက ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်ရင်အရမ်းအသိပညာကြွယ်ဝတယ်။ မေပယ်အဆောက်အဦးကို သူကောင်းကောင်းအုပ်ချုပ်နိုင်မှာပါ”

စွန်းရှို့ယိ ယဲ့ဖန်ကိုမျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်သည်။

“အဲ့လိုပဲဖြစ်ဖို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောကာ ဆိုင်ထဲလှည့်ဝင်သွားတော့သည်။

ဟူသုန့် ယဲ့ဖန်အား အားနာစွာကြည့်လိုက်ရသည်။

“အဘိုးကြီးစွန်းက နည်းနည်းခေါင်းမာတယ်။ ဒါပေမယ့် သူက မကောင်းတဲ့သူတော့ မဟုတ်ပါဘူး၊ စိတ်မဆိုးပါနဲ့”

ယဲ့ဖန်ပြုံးလိုက်သည်။

“ကျွန်တော်သည်းခံနိုင်ပါတယ်”

သူတို့လည်းပဲ သူ့နောက်လိုက်ကာ ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်ကြသည်။

လွှဲပြောင်းသည့်ဖြစ်စဉ်က ချောမွေ့စွာပင် ပြီးဆုံးသွားသည်။

နှစ်ဖက်လုံးစာချုပ်၌လက်မှတ်ထိုးလိုက်ပြီးနောက် မေပယ်အဆောက်အဦးဟာ ယဲ့ဖန်အပိုင်ဖြစ်သွားတော့သည်။

ယဲ့ဖန်လည်း ဟူသုန့်ကို တံဆိပ်ခေါင်း လွှဲပေးလိုက်သည်။

ဟူသုန့်မှာ တံဆိပ်ခေါင်းကို လက်ခံရရှိပြီးနောက် ရတနာတစ်ခုရလိုက်သလိုပင် ခံစားလိုက်ရသည်။

“ယဲ့လူကြီးမင်း၊ ကျုပ်အရင်ပြန်နှင့်မယ်နော်။ အနာဂတ်မှာ ကျုပ်ဆီကအကူအညီလိုရင် လာတောင်းလို့ရပါတယ်”

ထိုသို့ပြောပြီးနောက် တံဆိပ်ခေါင်းကိုယူကာ စိတ်မရှည်စွာ ထွက်သွားတော့သည်။

ချန်းချုံရှန်း ခါးသက်သက်အပြုံးတစ်ခုဖြင့် ခေါင်းယမ်းလိုက်မိသည်။

“ညီလေးယဲ့၊ ငါလည်းလုပ်စရာရှိတယ်ဆိုတော့ ပြန်နှင့်ပြီ။ နောက်အားမှ ဝယ်တိုက်တော့မယ်”

ထို့နောက် သူတို့အတူထွက်သွားကြသည်။

ယဲ့ဖန် သူတို့နှစ်ယောက်ကိုလိုက်ပို့ပြီးနောက် အထဲပြန်ဝင်လာလိုက်သည်။

သူ့မှာ ဘာမှလုပ်စရာမရှိတာကြောင့် ဆိုင်ထဲမှာလှည့်ပတ်ကြည့်နေလိုက်သည်။

လူအိုကြီးစွန်းမှာ သူ့နောက်ကလိုက်လာကာ စိတ်အခြေအနေမကောင်းဟန်ဖြင့် မေးလာသည်။

“မင်းနားလည်လို့လား”

သူဒီနေ့ထိုလူကို အပြည့်အဝမဖိနှိပ်နိုင်သေးဘူးဆိုတာကို ယဲ့ဖန်သိသည်။

သူ ထိုလူကိုအခွင့်ကောင်းယူချင်သေးသည်။

ထို့ကြောင့် ချက်ချင်းဆိုသလို စနစ်၏ နက်ရှိုင်းစွာရှာဖွေခြင်းစနစ်ကိုဖွင့်လိုက်ကာ စင်တွေကိုကြည့်လိုက်သည်။

“ဒီအပြာနဲ့အဖြူစပ်ထားတဲ့ပန်းအိုးက တရုတ်ပြည်ကိုအတုယူထားတာပဲ။ ဈေးနှုန်းက ယွမ် လေးသောင်းနဲ့ ငါးသောင်းကြားရှိတယ်”

“အဝါရောင်အကွင်းကျောက်စိမ်းတစ်စုံကတော့ ချင်မင်းဆက် အလယ်ခေတ်က ပစ္စည်းအစစ်ပဲဖြစ်ရမယ်။ ဈေးကတော့ ၁ သန်းနဲ့ ၁.၂သန်းကြားရှိတယ်”

“အဖြူရောင်ကျောက် ဒါကတော့ ချင်မင်းဆက်နှောင်းပိုင်းက လက်ရာတစ်ခုပဲ။‌ ဈေးက ခြောက်သိန်းကနေ ရှစ်သိန်းကြားရှိတယ်”

“.....”

ယဲ့ဖန် စင်ပေါ်ရှိသူသိသမျှ ရှေးဟောင်းပစ္စည်းတွေ၏ဈေးနှုန်းကို စာရင်းလုပ်ပြလိုက်သည်။

စွန်းရှို့ယိကြားလေလေ ပိုပြီးအံ့ဩမိလေလေ ဖြစ်ရသည်။

ယဲ့ဖန်ပြောသွားသည့်ဈေးနှုန်းတွေက သူသတ်မှတ်ထားသည့်ဈေးနှုန်းနှင့် တစ်ထပ်ထဲဖြစ်နေသည်။

သို့သော် နောက်ဆုံးဈေးနှုန်း မသတ်မှတ်ခင် ဈေးနှုန်းကိုထပ်ခါထပ်ခါ အတည်ပြုခဲ့ရသည်။

ယဲ့ဖန်ကတော့ ထိုရှေးဟောင်းပစ္စည်းတွေ၏ မျိုးဆက်ကို အလွယ်လေးပြောပြသွားတဲ့ အပြင် တစ်ချက်ကြည့်လိုက်ရုံနှင့် ဈေးနှုန်းတွေကိုပြောသွားနိုင်သည်။

ဒါက…အရမ်းချဲ့ကားလွန်းရာ ကျ‌မနေဘူးလား။

All Chapters