အပိုင်း ၃၅၃-၃၅၆
Vol. 18 Ch. 353-356
အပိုင်း ( ၃၅၃ )
သန်းငါးဆယ်ထဲလား။ ဈေးပေါလိုက်တာ
“ရွှေရောင်ဆေးပေါလိပ်အိုးက ချင်မင်းဆက် အလယ်ခေတ်က ရတနာပဲ။ ဧကရာဇ်ချန်းလုံ သုံးခဲ့တဲ့ပစ္စည်းလည်း ဟုတ်တယ်။ ဈေးက သန်းငါးဆယ်…”
ယဲ့ဖန် စင်ပေါ်ရှိ ထိုအိုးကို ပြောချိန်၌ သူ့အသံမှာအနည်းငယ်တုန်ယင်သွားသည်။
စနစ်အမှားတက်နေတာဟု သူထင်လိုက်မိသည်။
ထို့နောက် စနစ်မှပေးသည့် အချက်အလက်များကို ဂရုတစိုက် ပြန်ကြည့်လိုက်သည်။
ထိုသည်မှာမှ အမှန်ဖြစ်သည်။ ၎င်းဟာ ချန်းလုံသုံးခဲ့သည့် ရှူအိုးပင်ဖြစ်သည်။
စနစ်၏ခန့်မှန်းဈေးမှာ သန်းငါးဆယ်နှင့်အထက်ဖြစ်သည်။
ယေဘုယျအားဖြင့်ပြောရလျှင် စနစ်၏ အကဲဖြတ်တန်ဖိုးဟာနိမ့်တတ်သည်။
ဈေးကွက်တန်ဖိုးထက် အများကြီးပိုနိမ့်နေတတ်သည်။
အခုဆို စနစ်က သန်းငါးဆယ်နဲ့အထက် ဆိုသည့်တန်ဖိုးကိုပင် ပေးလာသည်။
ဒါဆို ဒီအိုး၏ တန်ဖိုးအစစ်က ထိုထက်ပိုမြင့်ရမည်။
ယဲ့ဖန် မယုံနိုင်ဖြစ်သွားရသည်။
မေပယ်အဆောက်အဦးမှာ ဒီလိုရတနာမျိုးလည်းရှိတယ်လား။
ဒီအိုးက မိန်းကလေးတစ်ယောက်ရဲ့ ပုံကို ဥရောပစတိုင်လ် ပန်းချီဆွဲထားတာဖြစ်ပြီး အလွန်လက်ရာမြောက်လှသည်။
ကြည့်မိသည့်လူတိုင်း စွဲလမ်းသွားစေနိုင်သည်။
သူခေါ်လိုက်သည့်ဈေးနှုန်းကိုကြားတော့ စွန်းရှို့ယိ ချက်ချင်းရယ်လိုက်မိသည်။
“ဒီတစ်ကြိမ်တော့ မင်းမှားသွားပြီ။ ဒါက အခုခေတ်ကပုံစံတူသက်သက်ပဲ။ ဒါအဲ့တာကို ယွမ်တစ်ထောင်နဲ့ဝယ်လာခဲ့တာ”
ယဲ့ဖန်၏အမြင်ကို သူအလွန်လေးစားပါသော်လည်း သူအမှားလုပ်လိုက်မိသည်ကိုမြင်တော့ လူအိုကြီးစွန်း ပျော်မိသွားသည်။
နောက်ဆုံး၌ သူဒီကလေးရဲ့စိတ်အား ထက်သန်မှုကို လျှော့ချနိုင်ခဲ့သည်။
ဘေး၌ရပ်နေသည့် လင်းကျွင်းကျွင်းမှာ အဓိကဇာတ်ကောင်အတွက် အနည်းငယ် ကသိကအောက်ခံစားလိုက်ရသည်။
တကယ်တော့ ထိုအိုးက စွန်းလူကြီးမင်းကိုယ်တိုင် စုဆောင်းထားခဲ့တာ ဖြစ်သည်။
ထိုအရာကို သူ့ထက်ပို၍နားလည်မှာ သေချာပေါက်ပင်။
ယဲ့ဖန် စွန်းရှို့ယိကိုကြည့်လိုက်သည်။
“ဒါကိုဘာလို့အတုလို့ထင်ရတာလဲ။ သက်သေရှိလို့လား”
စွန်းရှို့ယိ ယုံကြည်ချက်ရှိရှိ ပြန်ပြောလာ၏။
“ပထမဆုံးအနေနဲ့ အခုခေတ်ဈေးကွက်ထဲမှာ တွေ့နေရတာတွေက ဒီကြေးအိုးအတုတွေချည်းပဲ။ တစ်ခုချင်းစီက နိုင်ငံ့ရတနာတွေ။ အဲ့လိုဟာမျိုးက ဘယ်လိုလုပ်ကျုံးဟိုင်မှာ ပေါ်လာနိုင်မှာလဲ”
ထိုသို့ပြောရင်း ယဲ့ဖန်ကိုကြည့်လိုက်သည်။
ယဲ့ဖန်က အာရုံစိုက်နားထောင်နေကာ ဖြတ်ပြောမည့်အရိပ်အယောင်မရှိသည်ကို မြင်လိုက်ရသည်။
သူ မတတ်နိုင်စွာပင် နှလုံးသားထဲ၌ ခေါင်းငြိမ့်လိုက်မိသည်။
အနည်းဆုံးတော့ ဒီလူငယ်လေးရဲ့ သင်ယူလိုတဲ့သဘောထားက အသိအမှတ်ပြုထိုက်ပါပေတယ်။
“ဒုတိယက၊ ဒီလက်ရာက အရမ်းပြီးပြည့်စုံလွန်းနေတယ်။ လက်နဲ့ လုပ်ထားတဲ့ပုံစံ လုံးဝမဟုတ်ဘူး။ စက်နဲ့လုပ်ထားတာနဲ့ပိုတူတယ်…”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။
သူ့ဘက်ကဘာအမြင်မှ ထုတ်မပြောလာတာကိုမြင်လိုက်ရသည်။
သူ့ရဲ့ဉာဏ်ပညာကြောင့် အခိုင်အမာ ယုံသွားလောက်ပြီမလား။
“တတိယအချက်က၊ ရောင်းလိုက်တဲ့သူက အမှိုက်ကောက်တဲ့ အဘိုးကြီးတစ်ယောက်ပဲ။ သူပြောတာ ဒီဟာကို သူအမှိုက်ပုံကနေ ကောက်လာတာတဲ့။ ဒီပစ္စည်းက တကယ်တန်ဖိုးကြီးတဲ့အရာဆိုရင် ပိုင်ရှင်က ဘာလို့အမှိုက်ပုံမှာစွန့်ပစ်မှာလဲ…”
အဘိုးကြီးစွန်းမှာ သက်သေနှင့်တကွ သူ့အမြင်တို့ကိုပါ ထည့်သွင်းပြောပြလိုက်သည်။
ထိုသို့ပြောပြီးနောက် ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
သူ့ပုံစံမှာ…
ဘယ်လိုလဲ။ မင်းယုံပြီမလားဆိုတဲ့ ပုံစံမျိုး။
လင်းကျွင်းကျွင်း ဂရုတစိုက်နားထောင်ရင်း မှတ်စုလိုက်မှတ်နေလိုက်သည်။
မန်နေဂျာစွန်းက တကယ့်ဆရာကြီးပဲ။
သူမ သင်ယူရမယ်။
ထိုအခါမှသာ ယဲ့ဖန် ဖြည်းညင်းစွာ စကားစပြောလာ၏။ “ခင်ဗျားပြောခဲ့တာတွေက သက်သေမလုံလောက်ဘူး”
“ဒါတောင်မလုံလောက်သေးဘူး…”
စွန်းရှို့ယိချက်ချင်း ပက်ခနဲပြန်ပြောလိုက်သည်။
သို့သော် သူယဲ့ဖန်ထံမှ ဖြတ်ပြောခံလိုက်ရသည်။
“ရွှေနဲ့လုပ်ထားတာက ရှားတဲ့အပြင် ကျုံးဟိုင်မှာပေါ်လာနိုင်ချေကလည်း အရမ်းနည်းတယ်။ ခင်ဗျားပြောသွားတဲ့ လက်ရာကတော့ ဒီအိုးကိုကြည့်လိုက်။ သူ့ရဲ့အသား၊ ပုံသဏ္ဌာန်နဲ့ ပန်းချီတွေက ချင်မင်းဆက်အလယ်ခေတ်က စရိုက်သဘာဝကို အသိအသာကြီး ဖော်ပြနေတယ်…”
သူစိတ်ရှည်ရှည်နှင့်စေ့စပ်စွာ စွန်းရှို့ယိကို ရှင်းပြလိုက်သည်။
“ဒါကပုံစံတူ။ ငါရှေးဟောင်းပစ္စည်းလောကထဲမှာ ကျင်လည်လာတာ အသက်တစ်ဝက်လောက်ရှိနေပြီ။ လုံးဝမှားနိုင်စရာအကြောင်းမရှိဘူး”
သူ့ပုံစံမှာ တကယ်ပြောချင်နေပုံက .......... ငါရှေးဟောင်းပစ္စည်းတွေနဲ့ကစားနေချိန်မှာ မင်းကဒိုက်ဘာဝတ်ထားရတဲ့အရွယ်ပဲ ရှိသေးတယ်ဟု။
အဲ့တာကိုများ မင်းကငါ့ကို သင်ခန်းစာလာပို့ချနေသေးတယ်။
ယဲ့ဖန်သူ့ကိုထပ်မရှင်းပြချင်တော့ပေ။ သူ့အသက်ရှုနှုန်းကို ဖြုန်းတီးရမှာ အလွန်ပျင်းဖို့ကောင်းလေသည်။
“ဘာပဲဖြစ်ဖြစ်ပါ၊ ဒီအိုးရဲ့ဈေးက ယွမ်သန်းငါးဆယ်တန်တယ်။ တစ်ပြားတောင် မလျှော့ဘူး”
ထိုသို့ပြောကာ စတိုခန်းထဲသို့ လျှောက်သွားလိုက်သည်။
သူ လူအိုကြီးစွန်းနှင့် ငြင်းခုံရန် တစ်ချက်မှပင် မကြည့်တော့ပေ။
လင်းကျွင်းကျွင်း စွန်းရှို့ယိကို တောင်းပန်ဟန် ပြုံးပြလိုက်သည်။
“မန်နေဂျာစွန်း၊ သူကနည်းနည်းစိတ်ကြီးတယ်။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့”
ထို့နောက် အမြန်သူ့နောက်လိုက်သွားလိုက်သည်။
လူအိုကြီးစွန်းမှာဒေါသထွက်လွန်းတာကြောင့် မျက်နှာများပင်နီရဲလာရသည်။
“ရိုင်းလိုက်တဲ့ကောင်စုတ်လေး၊ မင်းက မေပယ်အဆောက်အဦးကို နာမည်ဖျက်ဖို့ ရောက်လာတာပဲ။ အတုကိုများ သန်းငါးဆယ်နဲ့ရောင်းချင်သေးတယ်။ အရူးပဲဒီလှည့်ကွက်ထဲ ကျရောက်လိမ့်မယ်”
တခြားဆိုင်ဝန်ထမ်းများမှာ သူဌေးအသစ်နှင့် ဆိုင်မန်နေဂျာတို့ အခြေအနေမကောင်းသည်ကို မြင်လိုက်ကြရသည်။
သူတို့အဝေး၌ပုန်းနေကြကာ ဝင်ပါမိမှာကို အလွန်ကြောက်နေကြသည်။
တကယ်တော့ သူတို့ဆိုင်မန်နေဂျာကို တိတ်တိတ်လေးအားပေးနေတာဖြစ်သည်။
သူဌေးအသစ်က မယုံကြည်ရတဲ့ ဒုတိယမျိုးဆက် သူဌေးသားမှန်း သိသာလွန်းနေသည်။
သူကရှေးဟောင်းပစ္စည်းတွေအကြောင်း ဘာသိမှာမို့လို့လဲ။
စွန်းရှို့ယိ ဒေါသထွက်ကာ ပေါက်ကွဲနေချိန်တွင် ရုတ်တရက် တံခါးအပြင်ဘက်မှ လူအိုကြီးတစ်ယောက် ဝင်လာသည်။
“အဘိုးကြီးစွန်း၊ ဒီတစ်လော ပစ္စည်းအသစ်ဝင်သေးလား”
စွန်းရှို့ယိ ထိုလူအိုကြီးကိုမြင်တော့ အမြန်သူ့ထံလျှောက်သွားလိုက်သည်။
“အဘိုးကြီးရှန်းမလား။ ဘယ်ကဘယ်လိုရောက်လာတာလဲ*
ထိုလူဟာ ရှန်းကွမ်းလင်းဖြစ်သည်။
သူ့ကို မေပယ်အဆောက်အဦး၏ ပုံမှန်ဖောက်သည်ဟုပင် ပြောလို့ရသည်။
ဒီဆိုင်မှာ ပစ္စည်းအဟောင်းတွေ မကြာခဏ လာဝယ်လေ့ရှိသည်။
သိပ်မကြာခင်မှာပဲ စွန်းရှို့ယိနှင့် သူငယ်ချင်းတွေဖြစ်သွားကြတော့သည်။
တစ်ချက်ကြည့်ရုံနှင့်ပင် သူ့ရဲ့ဒီသူငယ်ချင်းကြီး မျက်နှာမကောင်းတာကို မြင်လိုက်ရသည်။
“အဘိုးကြီးစွန်း၊ ဘာကိစ္စရှိလို့လဲ”
စွန်းရှို့ယိ သက်ပြင်းတစ်ချက်ချသည်။
“ဒီအိုးကြောင့်ပေါ့။ ကျုပ်တို့ရဲ့ သူဌေးအသစ်က…. ဟူး၊ မပြောတာပဲ ပိုကောင်းပါတယ်ဗျာ”
သူတုံ့ဆိုင်းနေတာမြင်တော့ ရှန်းကွမ်းလင်း ပိုလို့သိချင်လာရသည်။
သူစင်ပေါ်ရှိ ထိုအိုးကို တစ်ချက်ကြည့်ကြည့်လိုက်ရာ မျက်လုံးပြူးသွားရသည်။
ထို့နောက် အမြန်အနားသွားကာ ဂရုတစိုက်ကြည့်လိုက်သည်။
သူပိုကြည့်လေ ပိုလို့ထိတ်လန့်လာရလေပင်။
“ကောင်းလိုက်တဲ့ပစ္စည်း၊ ပစ္စည်းကောင်းလေးပဲ…”
စွန်းရှို့ယိ သူထိုအိုးကို အလွန်စိတ်ဝင်စားနေသည်ကို မြင်လိုက်ရသည်။
သူတကယ်ကို သူ့သူငယ်ချင်းကို သူ့လို မခံစားရစေလိုပါ။
“အဘိုးကြီးရှန်း၊ တခြားပစ္စည်းတွေ ကြည့်ချင်လား။ ပစ္စည်းအသစ်တွေ အများကြီးရောက်ထားတယ်…”
ရှန်းကွမ်းလင်း ချက်ချင်း သူ့စကားကို ဖြတ်ပြောလာသည်။
“အဘိုးကြီးစွန်း၊ ကျုပ် ဒီအိုးကို လိုချင်လို့ ဈေးပြောလိုက်”
စွန်းရှို့ယိ၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသည်။
“အဘိုးကြီးရှန်း၊ ပြန်စဉ်းစားပါဦးလား။ ဒီအိုးက…”
ရှန်းကွမ်းလင်း သူ့နှလုံးသားထဲမှ ပျော်ရွှင်မှုကို ထိန်းမထားနိုင်တော့ပေ။
“ကျုပ် ရှိုက်အိုးတစ်လုံးလောက် လိုချင်နေတာကြာပြီ။ တစ်ခါမှအကြိုက် မတွေ့ခဲ့ဘူး။ ဒီနေ့နောက်ဆုံးတော့ ထိပ်တန်းအရည်အသွေးရှိတဲ့ပစ္စည်းကို တွေ့လိုက်ရပြီ။ ဈေးလည်းမနည်းလောက်ဘူး။ အမြန်သာဈေးပြောလိုက်တော့”
စွန်းရှို့ယိ ဈေးကိုသာပြောလိုက်ရသည်။
“ဒီရှိုက်အိုးက …. ယွမ်သန်းငါးဆယ်…”
ထိုသို့ပြောပြီးနောက် သူပုန်းစရာ ကျွင်းတစ်ကျင်းလောက်ရှာလိုက်ချင်သည်။
အတုတစ်လုံးကို သန်းငါးဆယ်။
ဒါကတကယ်ကိုရိုက်စားလုပ်နေတာပဲ။
ရှန်းကွမ်းလင်းကတော့ ဈေးကိုကြားပြီး ဒေါသထွက်လွန်းလို့ ပြန်မလာလောက်တော့ဘူးလို့ တွေးနေမိသည်။
သို့သော်သူမထင်ထားသည်မှာ ရှန်းကွမ်းလင်းက ဈေးနှုန်းကိုကြားပြီး မယုံကြည်နိုင်မှုအပြည့်ဖြင့်ပြောသည်။
“သန်းငါးဆယ်ထဲလား။ ဈေးမပေါလွန်းဘူးလား။ အပြစ်အနာအဆာ ဘာညာတော့မရှိပါဘူးနော်”
အပိုင်း ( ၃၅၄ )
ဘာလို့ဒီလိုဈေးဆစ်နိုင်ရတာလဲ။
“အမ်”
စွန်းရှို့ယိ ရှန်းကွမ်းလင်း၏စကားကိုကြားတော့ အနည်းငယ်ကြောင်သွားရသည်။
သန်းငါးဆယ်ထဲလားဆိုတာ ဘာကိုပြောတာလဲ။
အဘိုးကြီးရှန်း နားကြားလွဲတာလား။
သူနောက်တစ်ခါထပ်မေးလိုက်သည်။
“အဘိုးကြီးရှန်း၊ ကျုပ်ပြောလိုက်တာ သန်းငါးဆယ်နော်။ ငါးထောင်လည်း မဟုတ်သလို၊ ငါးသောင်းလည်း မဟုတ်ဘူး”
ရှန်းကွမ်းလင်း သူ့အား အထူးအဆန်း ကြည့်လာသည်။
“အင်းလေ၊ ကျုပ်လည်း သန်းငါးဆယ်လို့ပဲ ကြားလိုက်တာပါ”
စွန်းရှို့ယိလုံးဝမှင်သက်သွားရသည်။
သူ့အမြင်မှာ ရှန်းကွမ်းလင်းက အလွန် အသိဉာဏ်ကြွယ်ဝသူဖြစ်သည်။
အထူးသဖြင့် ရှေးဟောင်းပစ္စည်းတွေနှင့် ပက်သက်လာလျှင် သူ့မျက်လုံးတွေက အလွန်စူးရှသည်။
ကိစ္စအတော်များများမှာ ရှေးဟောင်းပစ္စည်း လောက၌ အသက်တစ်ဝက်စာလောက် ကျင်လည်ခဲ့သည့် သူ့ထက်ပင် ပိုတိကျသေးသည်။
ဒီလိုအမှားမျိုးလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဘေးရှိအရောင်းဝန်ထမ်းများမှာလည်း တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။
“အဘိုးကြီးရှန်းက ဒီနေ့မှဘာလို့ဒီလောက် မရေမရာဖြစ်နေရတာလဲ။ သူက ဒီအတုကို တကယ်ကြီး သန်းငါးဆယ်ထက် ပိုသုံးချင်နေတာလား”
“ဟုတ်တယ်၊ အဘိုးကြီးရှန်းက တော်တော်လေးထက်မြက်တာကို။ နင် ဟို‘ထန်ပေါ်ဟူ’ရဲ့ မိန်းမလှပန်းချီကားကို မှတ်မိသေးလား”
“မှတ်မိတာပေါ့။ လူတိုင်းကအဲ့တာကို အစစ်လို့ထင်နေတာလေ။ အဘိုးကြီးရှန်းက အတုလို့အခိုင်အမာပြောခဲ့တာ”
“ဟုတ်တယ်၊ ဟုတ်တယ်။ နောက်ကျတော့ ခေတ်သစ်မှာပြန်အတုယူထားတဲ့ ပုံစံတူဖြစ်နေရောလေ။ အဘိုးကြီးရှန်းသာ မပြောရင် ငါတို့ဆိုင်တော့ အကြီးကြီးရှုံးတော့မလို့”
“ဟူး၊ ဒီလိုလူတစ်ယောက်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ယောင်ချာချာဖြစ်သွားရတာလဲ”
“လူဆိုတာခလုတ်တိုက်နိုင်သလို၊ မြင်းတွေလည်း ဒယိမ်းဒယိုင်ဖြစ်နိုင်တာပဲလေ။ အဘိုးကြီးရှန်းက နတ်ဘုရားမှမဟုတ်တာ။ သူမှားတဲ့အခါလည်းရှိမှာပေါ့”
“အဘိုးကြီးရှန်းသာ တစ်နေ့ကျရင် သူအတုကြီးကို သန်းငါးဆယ် ပေးဝယ်လာမှန်းသိသွားရင် သေချာပေါက် ဒေါသထွက်နေမှာပဲနော်”
“ငါတို့ရဲ့သူဌေးအသစ်က အရမ်းအကြံကြီးတာပဲ…”
“ရှူး… သူဌေးမကြားစေနဲ့”
“ကြားသွားတော့ရောဘာဖြစ်လဲ။ ငါသူ့ရှေ့မှာတောင်ပြောရဲတယ်….”
ထိုအချိန်တွင် ရုတ်တရက်ကြီး သူတို့နောက်မှာ လူတစ်ယောက် ရောက်နေသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ကြသည်။
သူတို့နောက်၌ ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့ ရှိနေသည်။
သူတို့ချက်ချင်းပင် ဆံပင်ထောင်သည်အထိ လန့်သွားရသည်။
အထူးသဖြင့် သူ့ကို ‘အကြံကြီးတယ်'ဟု ပြောခဲ့သည့်ဆိုင်ဝန်ထမ်း။
သူတို့နှစ်ဦးသား တဆတ်ဆတ်တုန်ယင်နေကာ မတ်တပ်ပင် ဖြောင့်ဖြောင့်မရပ်နိုင်တော့ပေ။
ယဲ့ဖန်ပြုံးရုံသာပြုံးလိုက်ကာ ဘာမှမပြောပေ။
ဆိုင်ဝန်ထမ်းတွေမှာ ထိန်းမထားနိုင်တော့တာကြောင့် မြေပြင်ပေါ် လဲကျကုန်ကြသည်။
“ငါတော့သွားပြီ၊ သေချာပေါက် အလုပ်ပြုတ်ပြီ။ ငါ့မိန်းမသာသိသွားရင် သေချာပေါက်ငါ့ကို ထပ်ကွာရှင်းလောက်တယ်…”
တခြားဆိုင်ဝန်ထမ်းများမှာလည်း အမြန် သူ့အနားမှဝေးဝေးကိုခွာလိုက်ကြသည်။
သူတို့ သူနှင့် ပါဝင်မပက်သက်ချင်ပါ။
ရှန်းကွမ်းလင်း စွန်းရှို့ယိနှင့် စကားပြောနေရင်း ယဲ့ဖန်လျှောက်လာသည်ကို မြင်လိုက်ကာ သူ ချက်ချင်း ကြောင်သွားတော့သည်။
“ရှောင်ဖန်၊ မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
တစ်ချိန်ထဲမှာပဲ သူလင်းကျွင်းကျွင်းကို အကဲခတ်လိုက်မိသည်။
ဒီကောင်မလေးနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိနေတာပါလိမ့်။
ယဲ့ဖန် သူ့အနားသို့ အမြန်လျှောက်သွားလိုက်သည်။
“အဘိုးရှန်း၊ ဒီကိုဘာလို့ရောက်နေတာလဲ”
ရှန်းကွမ်းလင်းသူ့ကိုအံ့အားသင့်စွာ ကြည့်လာသည်။
“ငါကဒီဆိုင်ရဲ့ပုံမှန်ဖောက်သည်လေ။ ဒီနေ့ ဘာမှလုပ်စရာမရှိတာနဲ့ လာကြည့်တာ”
စွန်းရှို့ယိမှာ သူတို့နှစ်ဦးကို ကြောင်ငေးနေမိသည်။
“အဘိုးကြီးရှန်း၊ မင်းတို့နှစ်ယောက် သိကြတာလား”
ရှန်းကွမ်းလင်း ချက်ချင်းဆိုသလို ယဲ့ဖန်ကို ဆွဲလိုက်ကာ သူနှင့်မိတ်ဆက်ပေးလိုက်သည်။
“အဘိုးကြီးရှန်း၊ ခင်ဗျားကို ဒီကောင်လေးနဲ့ မိတ်ဆက်ပေးမယ်။ သူ့နာမည်က ယဲ့ဖန်တဲ့၊ ကျုပ်မြေးမလေးရဲ့… သူငယ်ချင်း”
စွန်းရှို့ယိ သေချာ မတွေးနိုင်တော့ပေ။
ရှန်းကွမ်းလင်းက တကယ်ကြီး သူ့သူဌေးအသစ်နဲ့သိနေတာလား။
အဲ့တာအပြင်ကို သူတို့ကြားကဆက်ဆံရေး သာမန်ဟုတ်ပုံမပေါ်ဘူး။
သူ့မြေးမရဲ့သူငယ်ချင်းလို့ပြောခဲ့တာဆိုပေမယ့် မြေးသမက်နဲ့ပိုတူမနေဘူးလား။
ရှန်းကွမ်းလင်းကတော့ သူ့အမူအရာကို သတိမပြုမိပေ။ သူယဲ့ဖန်ကို ရှိုက်အိုးအနား ဆွဲခေါ်သွားလိုက်သည်။
“ရှောင်ဖန်၊ ငါ့ကို ဒီရှိုက်အိုးလေး ကူကြည့်ပေးပါဦး။ အစစ်လား”
ယဲ့ဖန်ထိုအရာကို တစ်ချက်ကြည့်လိုက်သည်။
“ကျွန်တော်ကြည့်ပြီးသွားပြီ၊ အစစ်ပါ။ ဧကရာဇ်ချင်းလုံသုံးခဲ့တဲ့ဟာ”
ရှန်းကွမ်းလင်းထိတ်လန့်သွားရသည်။
“ဧကရာဇ်ချင်းလုံရဲ့ဟာလား။ ငါတကယ်မသိခဲ့ဘူး။ ဒါကို အစစ်လို့ပဲ ထင်နေတာ။ ဒီလိုနောက်ကြောင်းမျိုး ရှိနေမယ်မထင်ဘူး။ ငါ့ကိုအသေးစိတ် ပြောပြပါဦး”
ယဲ့ဖန် စနစ်မှပြောပြခဲ့သည့် အချက်အလက်များကို တစ်ခါထပ်ပြောပြလိုက်သည်။
“အဲ့ခေတ်တုန်းက ချင်းလုံက ဒီရွှေရှိုက်အိုးကိုလုပ်ဖို့အတွက် လက်မှုပညာသည်အယောက်တစ်ထောင်လောက်ကိုအမိန့်ပေးခဲ့တာ။ ဒါပေမယ့် အောင်မြင်နိုင်ချေက တော်တော်လေး နည်းခဲ့တယ်။ နောက်ဆုံးကျတော့ သူတို့ထဲက တစ်ဒါဇင်လောက်ပဲ အရည်အသွေးကောင်းခဲ့တယ်…”
တစ်ချိန်ထဲမှာပဲ ထိုရှိုက်အိုးအကြောင်း ရေးသားထားတဲ့ ရှေးဟောင်းစာအုပ်တစ်ချို့ ရှိနေလေသည်။
ရှန်းကွမ်းလင်းက သဘာဝကျကျပင် ယဲ့ဖန်စကားကိုယုံလေသည်။
ဘာရှေးဟောင်းစာအုပ်ကိုမှ လှန်ကြည့်မနေပေ။
ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။
“အဘိုးကြီးစွန်း၊ ကျုပ် ဒီရှိုက်အိုးကို လိုချင်တယ်။ ခင်ဗျားကို အမြတ်မထုတ်ပါဘူး၊ သန်းတစ်ရာပေးမယ်”
လင်းကျွင်းကျွင်း မျက်လုံးပြူးသွားရသည်။
သန်းတစ်ရာလား။
သူမ ဦးနှောက် တစ်စစီကျေမွသွားသလို ခံစားနေရသည်။
အစောကတင် ယဲ့ဖန်က သန်းတစ်ရာတန် တံဆိပ်ခေါင်းကိုရှာတွေ့ခဲ့သည်။
ဒီလူတွေက ပိုက်ဆံကိုပိုက်ဆံလို သဘောမထားကြဘူးပဲ။
သာမန်ကာလျှံကာ တိုက်ခိုက်မှုလေးကတောင် သေးငယ်တဲ့ပစ်မှတ်တစ်ခုဖြစ်နေတာလား။
စွန်းရှို့ယိ ရှန်းကွမ်းလင်း၏စကားကိုကြားတော့ သူလဲကျလုနီးပါးဖြစ်သွားရသည်။
တခြားသူတွေက ဈေးဝယ်ရင် ဈေးဆစ်ကြသည်။
ဒီလူကြီးက ဈေးကိုနှစ်ဆတင်နေသည်။
ယခုလေးတင် ယဲ့ဖန် ဈေးကို သန်းငါးဆယ်ဟုပြောလိုက်တုန်းက အနည်းငယ်ကျင့်ဝတ်နှင့် မညီညွတ်သလို ခံစားခဲ့ရသေးသည်။
ဦးနှောက်ဆေးခံရပြီးနောက် တကယ်ကြီးတစ်ဖက်လူက မိုးလောက်မြင့်သည့်ဈေးကိုပေးလာသည်။
အဲ့တာအပြင် ဒီလူက သူ့သူငယ်ချင်းကောင်းဖြစ်နေသည်။
ဒါကတကယ်ကိုလူမဆန်တာပဲ။
သူကတည့်တိုးဆန်သည်။ သူယဲ့ဖန်ကို အပြစ်ပြုမိမှာကိုလည်း မကြောက်ပေ။
သူချက်ချင်း ရှန်းကွမ်းလင်းကို ဘေးသို့ဆွဲခေါ်လိုက်သည်။
“အဘိုးကြီးရှန်း၊ သူပြောတာတွေကို နားထောင်မနေနဲ့။ သူကဒီမေပယ် အဆောက်အဦးရဲ့ပိုင်ရှင်အသစ်။ သူက ခင်ဗျားပိုက်ဆံဖြုန်းအောင်လို့ သက်သက်လျှောက်ပြောနေတာ။ တကယ်တော့ ဒီရှိုက်အိုးက ခေတ်သစ်လက်ရာကြီး…”
သူပြောလိုက်တာကိုကြားတော့ ရှန်းကွမ်းလင်း ကြောင်သွားရသည်။ သူတစ်ဖက်သို့လှည့်ကာ ယဲ့ဖန်ကိုကြည့်လိုက်သည်။
“မင်းကဒီမေပယ်အဆောက်အဦးရဲ့ ပိုင်ရှင်အသစ်လား”
ယဲ့ဖန် ခါးသက်သက်ပြုံးလိုက်သည်။
“အခုမှလက်လွှဲယူလိုက်တာပါ”
ရှန်းကွမ်းလင်းမနေနိုင်ပဲ ချီးကျူးလိုက်မိသည်။
“မင်းရဲ့အစွမ်းအစနဲ့ဆို မေပယ်အဆောက်အဦးကတော့ မင်းလက်ထဲမှာ သေချာပေါက် ပိုပြီးအင်အားကြီးလာမှာပဲ”
ဘေး၌ရပ်နေသည့်စွန်းရှို့ယိမှာ ချက်ချင်း ပူပန်သွားရသည်။
“အဘိုးကြီးရှန်း၊ ခင်ဗျား ကျုပ်ပြောတာ မကြားလိုက်ဘူးလား။ သူက ခင်ဗျားကို လိမ်နေတာ”
ရှန်းကွမ်းလင်း မထိန်းနိုင်ပဲရယ်လိုက်မိသည်။
“အဘိုးကြီးစွန်း၊ ကျုပ်ကိုယ်ကျုပ် သံသယဝင်ရင်တောင် ရှောင်ဖန်ကိုတော့ သံသယမဝင်ဘူး”
“သူ့ရဲ့အကျင့်စရိုက်ရော၊ အစွမ်းအစရောက ကျုပ်မြင်ဖူးသမျှ နဂါးနဲ့ဖီးနစ်တွေထဲမှာ အထူးချွန်ဆုံးပဲ”
စွန်းရှို့ယိမှာ လုံးဝကြောင်သွားရသည်။
ရှန်းကွမ်းလင်းမှာ ယဲ့ဖန်အပေါ် ထိုမျှကြီးမားတဲ့အမြင်ရှိနေမယ်လို့ မထင်ထားပေ။
သူ့ကိုယ်သူသံသယဝင်ရင်တောင် ယဲ့ဖန်ကိုတော့ သံသယမဝင်ဘူးလို့တောင် ပြောနေသေးသည်။
ဒါကဘယ်လိုယုံကြည်မှုမျိုးပါလိမ့်။
နောက်ဆုံးစာသားရဲ့သက်ရောက်မှုကိုတော့ မပြောနှင့်။
ရှန်းကွမ်းလင်းရဲ့မျက်လုံးထဲဝင်နိုင်တဲ့ လူငယ်ဆိုတော့ သေချာပေါက် ထူးချွန်တဲ့လူပဲဖြစ်ရမည်။
'နဂါးနဲ့ဖီးနစ်'အဖွဲ့ထဲမှာ နံပါတ်တစ် ချိတ်ရလောက်သည်အထိဆိုလျှင် ဒါက နဂါးတောင်မဟုတ်ဘူးပဲ။
အပိုင်း ( ၃၅၅ )
အကွက်အကြီးကြီး!
“ရှောင်ဖန်၊ မင်းအားတဲ့အခါကျရင် ငါ့အိမ်ကို ခဏခဏလာလည်လေ။ ငါအခုတစ်လော ရတနာအသစ်တွေရထားတာ။ မင်းလာကူပေးမယ့်အချိန်ကို စောင့်နေတာ”
ရှန်းကွမ်းလင်း ငွေပေးချေပြီးနောက် ယဲ့ဖန်ကိုဆွဲခေါ်သွားကာ ခဏလောက် စကားပြောနေသေးသည်။
သူတို့ပုံမှာ အဘိုးနှင့်မြေးပုံပင်ပေါ်နေသည်။
“ဟုတ်ကဲ့ပါ၊ အဘိုးရှန်း။ ကျွန်တော်အားရင် လာခဲ့ပါမယ်”
ယဲ့ဖန် ချက်ချင်း သဘောတူလိုက်သည်။
“ကောင်းတယ်။ လာတဲ့အခါကျရင် ထျန်းထျန်းကိုပါခေါ်လာခဲ့နော်။ ငါသူ့ကို မတွေ့ရတာတောင်ကြာနေပြီ။ တော်တော်လေးလွမ်းနေတာ”
ရှန်းကွမ်းလင်း လင်းကျွင်းကျွင်းကို ကြည့်လိုက်သည်။
ထိုအကြည့်နောက်ကွယ်၌ နက်ရှိုင်းသော အဓိပ္ပာယ်ရှိနေပုံရသည်။
ယဲ့ဖန်က ထိုအရာကို ဘယ်လိုလုပ် သတိမထားမိပဲနေမှာလဲ။ သူချောင်းဟန့်လိုက်သည်။
“အဘိုးရှန်း၊ သူမက…”
ရှန်းကွမ်းလင်းလက်ယမ်းပြလိုက်သည်။
“မင်းငါ့ကိုရှင်းပြနေစရာမလိုပါဘူး။ မင်းတို့လိုလူငယ်တွေရဲ့ကိစ္စမှာ ဒီအဘိုးကြီး ဝင်မပါပါဘူး။ မင်း… ကိုယ့်ဘာသာကိုယ် ရှင်းလိုက်”
ထို့နောက် ရှိုက်အိုးကိုယူကာ သီချင်းညည်းလျက်ထွက်ခွာသွားတော့သည်။
ယဲ့ဖန်ခေါင်းသာကုတ်လိုက်ပြီး တစ်ဖက်လှည့်လိုက်သည်။
လင်းကျွင်းကျွင်း မှတ်စုစာအုပ်ကိုပြင်ရင်းနှင့် အလုပ်ရှုပ်နေကာ အခြေအနေကို လုံးဝသတိမထားမိလိုက်တာကို မြင်လိုက်ရသည်။
ထိုအချိန်တွင် စွန်းရှို့ယိ ရှက်ရွံ့နေသော အမူအရာနှင့်သူ့အနားလျှောက်လာသည်။
“သူဌေး၊ အစောကကျွန်တော့်အမှားပါ။ ကျွန်တော့်ကိုအလုပ်ဖြုတ်လိုက်ပါ”
သူကြံရာမရဖြစ်ကာ သူဌေးဖြစ်သူကိုပင် ဖောက်သည်ရှေ့မှာ လူလိမ်ဟုပြောလိုက်မိသေးသည်။
ဘယ်နေရာမှာပဲဖြစ်နေပါစေ ဒီကိစ္စကတော့ လုံးဝခွင့်မလွှတ်နိုင်စရာကောင်းသည်။
သူအလုပ်ဖြုတ်ခံရဖို့အသင့်ဖြစ်နေပြီဖြစ်သည်။
ယဲ့ဖန်သူ့ကိုကြည့်လိုက်သည်။
“ကျွန်တော်က ခင်ဗျားကိုဘာလို့အလုပ်ဖြုတ်ရမှာလဲ”
စွန်းရှို့ယိကြောင်သွားသည်။
“အစောက၊ ကျွန်တော်…”
ယဲ့ဖန် လက်ကာပြလိုက်ကာ သူပြောနေတာကိုတားလိုက်သည်။
“အမှန်ဆိုခင်ဗျားလုပ်ခဲ့တာက သတိရှိရှိနဲ့ တည်ကြည်မှုရှိတဲ့လူတစ်ယောက်ဆိုတာကို သက်သေပြသွားတာလေ။ တကယ်လို့ ခင်ဗျားကိုအပြစ်ပေးလိုက်ရင် ကျွန်တော်က သတိမရှိပဲ မတည်ကြည်တဲ့လူတစ်ယောက် ဖြစ်သွားမှာ”
စွန်းရှို့ယိခေါင်းကုတ်လိုက်မိသည်။
“ဒါက… အဲ့လိုကိစ္စဖြစ်သွားတာလား”
ယဲ့ဖန် သူ့ပုခုံးကိုပုတ်လိုက်သည်။
“အပြစ်မပေးရုံတင်မဟုတ်ဘူး၊ ဆုပါချဦးမှာ။ ခင်ဗျားဝယ်လာတဲ့ ရှိုက်အိုးက ဆိုင်ကို သန်းတစ်ရာတောင် ရှာပေးလိုက်နိုင်တယ်လေ။ အဲ့တာကြောင့် ဆုချတဲ့အနေနဲ့ ငါးသန်းပေးမယ်”
စွန်းရှို့ယိ သူပြောတာကိုကြားတော့ ချက်ချင်းကြက်သေသေသွားရသည်။
သူဒီရှေးဟောင်းပစ္စည်းဆိုင်မှာလုပ်လာတာ အသက်တစ်ဝက်ရှိပြီဖြစ်ပေမယ့် ဒီလောက်ရက်ရောတဲ့သူဌေးမျိုးကို မတွေ့ဖူးပေ။
အမြတ်သန်းတစ်ရာနှင့်ယှဉ်ရင် ငါးသန်းဆိုတာက သိပ်မများပေမယ့် ဒီစီးပွားရေးအောင်မြင်နေသည်မှာ ထိုကြီးမားသည့်အောင်မြင်မှုကြောင့် ဖြစ်သည်ဟူသည့်အချက်ကို မေ့လို့မရပေ။
သူ ရှိုက်အိုးကိုဝယ်ခဲ့သည်ဆိုသည့် အချက်အပြင် ယဲ့ဖန်၏အမြင် စူးရှမှုကြောင့်လည်းဖြစ်သည်။
သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအရာ၏တန်ဖိုးကိုပြောနိုင်ခဲ့သည်။
သူ့ကြောင့်သာမဟုတ်ရင် ထိုရှိုက်အိုးမှာ အတုအဖြစ်သာအရောင်းခံလိုက်ရမှာဖြစ်သည်။
သူလည်းပဲ ငါးသန်းမပြောနှင့် ငါးရာတောင် ရမည်မဟုတ်ပေ။
ထိုဆုကြေးက သူမှန်းထားတာထက်ပင် သာလွန်နေသည်။
ဆိုင်ရှိတခြားဝန်ထမ်းများမှာလည်း မှင်သက်သွားရသည်။
အဘိုးကြီးစွန်းက သူဌေးကိုလူရှေ့မှာ အရှက်ခွဲခဲ့သည်။
တကယ်လို့သူဌေးနေရာမှာ တခြားလူသာဆိုရင် အစောကြီးထဲက အလုပ်ဖြုတ်ခံရလောက်ပြီ။
သို့သော် အနှီသူဌေးအသစ်ကတော့ ထိုသို့မလုပ်ခဲ့ပေ။
ထိုအစား ငါးသန်းတောင် ဆုကြေးပေးလိုက်သေးသည်။
သူကတကယ်ကိုသဘောထားကြီးတာပဲ။
အဲ့တာအပြင် ဆုကြေးငါးသန်းဆိုတာကြီးက အရမ်းများမနေဘူးလား။
အဲ့ပိုက်ဆံနဲ့ဆို ကျုံးဟိုင်မှာ အိမ်ကောင်းကောင်းနှစ်လုံးလောက်ပင် ဝယ်နိုင်လေသည်။
“သူဌေး…”
စွန်းရှို့ယိမှာ ထိရှသွားရကာ ငိုမိလုနီးပါးပင် ဖြစ်သွားရသည်။
ယဲ့ဖန်၏မျက်နှာမည်းသွားရသည်။
“ခင်ဗျားငိုရင် ငါးသန်းမပေးတော့ဘူး”
စွန်းရှို့ယိ ထိုအကြောင်းကြားတော့ သူ့မျက်လုံးထဲရှိမျက်ရည်တွေ ချက်ချင်းပြန်ဝင်သွားရသည်။
ထိုအခါမှသာ ယဲ့ဖန် ကျေနပ်သွားသည်။
သူလှည့်လိုက်ကာ ဆိုင်ရှိဝန်ထမ်းများကို ကြည့်လိုက်သည်။
“ကျွန်တော်တို့လို ရှေးဟောင်းပစ္စည်းဆိုင်တွေ အတွက် အရေးအကြီးဆုံးက လူအများ ယုံကြည်လက်ခံနိုင်ဖို့ပဲ။ ဒီလောက်ဆို မင်းတို့ အားလုံးမန်နေဂျာစွန်းဆီက သင်ယူလိုက်ရပြီး ရိုးရိုးသားသားလုပ်ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
ဆိုင်ဝန်ထမ်းများအားလုံး ပို့ချချက်ကို ဂရုတစိုက်နားထောင်နေကြသည်။
ယဲ့ဖန်ဆက်ပြောလိုက်သည်။
“ကျွန်တော်က သစ္စာရှိတဲ့လက်အောက်ငယ်သားတွေကိုဆို အရမ်းရက်ရောတယ်။ မန်နေဂျာစွန်းလိုမျိုးသာ အလုပ်ကြိုးစားကြမယ်ဆိုရင် မင်းတို့လည်း အကျိုးကျေးဇူးတွေအများကြီးရမှာပဲ”
ဆိုင်ဝန်ထမ်းများမှာ ချက်ချင်းစိတ်လှုပ်ရှားသွားရသည်။
သူတို့ခွန်အားအပြည့်ဖြစ်သွားကြသည်။
လင်းကျွင်းကျွင်း ထိုမြင်ကွင်းကိုကြည့်ရင်း သူမ တိတ်တဆိတ်ဆွံ့အသွားရသည်။
ဒီလူက တကယ့်ကိုခေါင်းဆောင်အစစ်ပဲ။
ဒီလိုပြောမှတော့ ဝန်ထမ်းတွေက အလုပ်မကြိုးစားပဲနေပါတော့မလား။
သို့သော်လည်း သူမနှလုံးသားထဲ၌ ယဲ့ဖန်ကို လေးစားနေမိဆဲပင်။
တစ်ဖက်လူက ဘာမှမဟုတ်တာလေးကနေ ဘယ်လိုအံ့ဩစရာကောင်းအောင် ငွေရှာသွားသလဲဆိုတာကို ယနေ့ သူမကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတာပင်။
အစကတော့ သူလက်ဖက်ရည်အိုးအတွက် ယွမ်တစ်ထောင်သာသုံးခဲ့တာပင်။
နောက်တော့ ယွမ်သန်းတစ်ရာတန် တံဆိပ်ခေါင်းကိုရှာတွေ့သည်။
အဲ့နောက်တော့ တံဆိပ်ခေါင်းကို ယွမ်သန်း ၁၃၀ တန် ရှေးဟောင်းပစ္စည်းဆိုင်နှင့် လဲလိုက်သည်။
နောက်ဆုံး၌ ဤရှေးဟောင်းပစ္စည်းဆိုင်တွင် သန်းတစ်ရာတန် ရှေးဟောင်းပစ္စည်းကို ရှာတွေ့ခဲ့သည်။
တစ်ခြားနည်းနှင့်ပြောရလျှင်
ဤမေပယ်အဆောက်အဦးက ယွမ်သန်း ၁၃၀ တန်ခဲ့သည်။
ယွမ်တစ်ထောင်ကနေ ယွမ်သန်း၂၃၀ ကို ရှာနိုင်ခဲ့တာပင်။
အဆပေါင်း ၂၃၀၀၀ တောင် မြှင့်လိုက်နိုင်ခဲ့သည်။
ထိုသို့ဖြစ်ဖို့ကိုလည်း အချိန်နှစ်နာရီ သုံးနာရီလောက်သာယူလိုက်ရသည်။
သူပိုက်ဆံရှာတဲ့နှုန်းက ပိုက်ဆံပုံနှိပ်စက်ထက်တောင် ပိုမြန်နေသေးသည်။
သူမကိုယ်တိုင် မျက်လုံးနှင့်မြင်ခဲ့တာကြောင့်သာမဟုတ်ရင် ပိုက်ဆံရှာရတာ ဒီလောက်လွယ်မယ်လို့ တစ်ခါမှ တွေးမိမှာမဟုတ်ပေ။
ဒီလူ မလုပ်နိုင်တာဘာရှိသေးလဲဆိုတာ သူမတကယ်မသိတော့ချေ။
နာရီဝက်လောက်ကြာတော့ စွန်းရှို့ယိ၏ မိတ်ဆက်ပေးမှုကြောင့် ယဲ့ဖန် မေပယ်အဆောက်အဦးအကြောင်းကို အကြမ်းဖျင်းနားလည်သွားသည်။
ထိုအချိန်မှာ ရုတ်တရက် ကြယ်တာရာဟိုတယ်၏ သူဌေးကောင်းကျင်းရှီထံမှ ဖုန်းခေါ်ဆိုမှုကို ယဲ့ဖန်လက်ခံရရှိလိုက်သည်။
ဒီလူကဘာလို့ရုတ်တရက်ကြီး ဖုန်းခေါ်လာတာပါလိမ့်။
“ဟယ်လို၊ ယဲ့လူကြီးမင်း၊ ဒီညအားလား”
ကောင်းကျင်းရှီ၏အသံမှာ ဖုန်းလိုင်းတစ်ဖက်မှ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။
“အားပါတယ်၊ဘာလို့လဲ”
ယဲ့ဖန် ချက်ချင်းပြန်ဖြေလိုက်သည်။
“ဒီလိုပါ။ ကုန်းပင်းက ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့ပါတဲ့။ မင်းငါ့ကို မျက်နှာသာပေးလို့ရမလား”
“ဒီ…ကုန်းပင်းက ကုန်းရှန်းဟုန်ရဲ့ ညီဝမ်းကွဲ။ အဲ့တာ ကုန်းရှန်းဟုန်ဆီကနေ မင်းရဲ့သတင်းတွေကြားတယ်ထင်ပါတယ်။ အဲ့တာကြောင်း မင်းနဲ့ရင်းနှီးချင်လို့တဲ့”
ကောင်းကျင်းရှီ ချက်ချင်းဖြေရှင်းချက် ပေးလာသည်။
“ကုန်းရှန်းဟွေ့ရဲ့ညီဝမ်းကွဲလား။ ဒါဆို… ကောင်းပြီလေ။။ အချိန်နဲ့နေရာကရော”
ယဲ့ဖန် ခဏလောက်စဉ်းစားကြည့်ပြီးနောက် သဘောတူလိုက်သည်။
တကယ်ဆို သူလည်းကုန်းရှန်းဟွေ့နှင့် ဆက်ဆံရေးကောင်းသည်လေ။
တစ်ဖက်လူက သူ့ရဲ့ညီဝမ်းကွဲဖြစ်နေမှတော့ မျက်နှာသာပေးရမှာပေါ့။
“ညခုနစ်နာရီ၊ ဝမ်ကျန်းအဆောက်အဦးရဲ့ မင်းသားနန်းတော်မှာ”
ကောင်းကျင်းရှီအမြန်ပြန်ဖြေလိုက်သည်။
ပြီးနောက် ယဲ့ဖန်နှင့် ခဏတာစကားစမြည်ပြောကာ ဖုန်းချလိုက်သည်။
ယဲ့ဖန် သူ့ဖုန်းကိုပွတ်သပ်လိုက်သည်။
သူတကယ်ကြီး ဝမ်ကျန်းအဆောက်အဦးမှာ ဘွတ်ကင်တင်လို့ရပါ့မလား။
တိုက်ဆိုင်တာပဲ။
ဝမ်ကျန်းအဆောက်အဦးက အခုသူ့အပိုင်ဖြစ်သွားလေပြီ။
အခုအချိန်က လွှဲပြောင်းမှုလုပ်ဖို့ အချိန်ကောင်းပဲ။
ထိုသို့တွေးကာ လင်းကျွင်းကျွင်းကို လှည့်ကြည့်လိုက်သည်။
“မင်းဒီညအားလား”
လင်းကျွင်းကျွင်း ချက်ချင်း စိတ်လှုပ်ရှားသွားရသည်။
“ရှင်… ရှင်ဘာလုပ်မလို့လဲ”
ဒီလူတစ်ခုခုလုပ်ဖို့ရည်ရွယ်ထားလို့လား။
သူမကို နည်းနည်းလေးကူညီလိုက်တာကြောင့် သူမကို သူ့ကိုလက်ထပ်စေချင်တာလား။
အရူး၊ အိပ်မက်မက်နေလိုက်။
ယဲ့ဖန် သူမ၏ခုခံနေဟန်ကို ကြည့်ကာ ဆွံ့အသွားရသည်။
“ငါမင်းကိုကမ္ဘာကြီးကိုကြည့်ဖို့ ခေါ်သွားပေးမယ်”
“ရှင်က ကျွန်မကမ္ဘာကြီးကို မမြင်ဖူးဘူး ထင်နေတာလား”
“ဒီနေ့မင်းလုပ်တဲ့ပုံကိုကြည့်ရတာတော့ အဲ့လိုထင်တယ်”
“ကျွန်မ…”
အပိုင်း ( ၃၅၆ )
အရင်က တစ်ခါမှ မိန်းကလေးတစ်ယောက်ကို မမြင်ဖူးဘူးလား
ညနေ ၇နာရီထိုးခါနီး
ယဲ့ဖန်သည် Lykan စူပါကားကိုစီးကာ လင်းကျွင်းကျွင်းကို ဝမ်ကျန်းအဆောက်အဦးကိုခေါ်လာသည်။
ဒီဝမ်ကျန်းအဆောက်အဦးက လင်းမြစ်နားမှာ ဆောက်ထားတာဖြစ်သည်။
ထိုအဆောက်အဦးထဲမှ လင်းမြစ်တစ်ခုလုံး၏ ရင်သပ်ရှုမောဖွယ်ကောင်းသော မြစ်ကျောတစ်လျှောက် ရှုခင်းကို ကြည့်နိုင်သည်။
ယဲ့ဖန် ကားကို ကားပါကင်မှာ ထိုးလိုက်သည်။
လင်းကျွင်းကျွင်းက ဝမ်ကျန်းအဆောက်အဦး ဝင်ပေါက်ဆီကို လျှောက်သွားသည်။
ကောင်းကျင်းရှီက တံခါးပေါက်ဝင်တွင် ရပ်စောင့်နေတာကို အဝေးမှ တွေ့လိုက်ရသည်။
သူ့ဘေးတွင် အသက် ၃၀ အရွယ် ယောကျ်ားတစ်ဦးရပ်နေသည်။
သူက ကုန်းရှန်းဟုန်နဲ့ နည်းနည်း ရုပ်ဆင်သည်။
ယဲ့ဖန်ရောက်လာတာတွေ့တဲ့အခါ ကောင်းကျင်းရှီက သူ့ဆီကို အမြန်လျှောက်လာသည်။
" ယဲ့လူကြီးမင်းက ကျွန်တော့်ကို မျက်နှာသာပေးမယ်လို့ ထင်မထားဘူး။ လူကြီးမင်း မလာမှာကို စိုးရိမ်နေတာ "
ယဲ့ဖန်က သူ့ကို ပြန်နှုတ်ဆက်လိုက်ပြီး ဘေးကလူကို ကြည့်လိုက်သည်။
" ခင်ဗျားက ကုန်းရှန်းဟုန်ရဲ့ ညီဝမ်းကွဲလား "
ထိုလူက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူက လက်လှမ်းပြီး ယဲ့ဖန်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ကုန်းပင်းပါ။ ကျွန်တော့်အစ်ကိုက လူကြီးမင်းအကြောင်းကို အရင်ကပြောတာ ကြားဖူးပါတယ်။ လူကြီးမင်းကို ဒီနေ့ဖိတ်နိုင်တာက ဂုဏ်ယူစရာပါဘဲ "
ယဲ့ဖန်က သူ့ကို ဘာသိဘာသာနဲ့ဘဲ ကြည့်လိုက်သည်။
" ဘာလို့ ဒီနေ့ဖိတ်လိုက်တာလဲ "
ကုန်းပင်းက သူ့မေးခွန်းကိုကြားတဲ့အခါ အနည်းငယ် ရှက်သွားပုံရသည်။
" အမှန်တိုင်းပြောရမယ်ဆိုရင် အရင်က အတော်လေးရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ အဲ့ကလေးက လွန်ခဲ့တဲ့ ၂နှစ်အတွင်းမှာ ပိုင်ဆိုင်မှုတိုးလာပြီးတော့ နည်းနည်းလေးမောက်မာလာတာပါ။ အဲ့တာကြောင့် ယဲ့လူကြီးမင်းရဲ့အကူအညီနဲ့ ပညာလေးပြချင်တာပါ ...... "
ဒီအကူအညီတောင်းမှုက နည်းနည်းလေးလွန်မှန်း သူလည်းသိသည်။
ပြီးတော့ သူနဲ့ ယဲ့ဖန်နဲ့က ရင်းနှီးတဲ့ဆက်ဆံရေးလည်း မဟုတ်ပေ။
သူ့ဆီကို ဒီလို အကူအညီမျိုး တောင်းရတာက အနည်းငယ်လွန်လေသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာ အမူအရာကလည်း စိတ်မချမ်းသာပုံရသည်။
ကုန်းပင်းက ကြောက်ပြီး ဖြေရှင်းချက်ပေးသည်။
" ရိုင်းပြမိတာ သိပါတယ်။ ဒါပေမဲ့ ယဲ့လူကြီးမင်းက သူ့ထက်စာရင် အသက်အရွယ်၊ လုပ်နိုင်စွမ်းနဲ့ အောင်မြင်မှုတွေက သူနဲ့ယှဉ်ရင် အများကြီးသာတာမလို့ ...... ယဲ့လူကြီးမင်းအတွက် ခက်ခဲရင် မေ့လိုက်ပါတော့ "
ယဲ့ဖန်က တစ်ခဏတွေးလိုက်သည်။
" ဒီတစ်ခါတော့ ခင်ဗျားအစ်ကိုမျက်နှာကြောင့်လုပ်ပေးလိုက်မယ်။ နောက်ကြိမ်ဆိုတာတော့ မရှိတော့ဘူး "
ကုန်းပင်းအလွန်ပျော်သွားရသည်။
" ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း။ ကျေးဇူးတင်ပါတယ် "
ထို့နောက် သူက ရိုသေစွာဖြင့် လမ်းပြသည်။
" ယဲ့လူကြီးမင်း၊ ဒီနေ့ မင်းသားနန်းတော်ကိုဘဲ ဘွတ်ကင်တင်လို့ရခဲ့ပါတယ်။ ဒီမင်းသားနန်းတော်အခန်းကတောင် ဝမ်ကျန်းအဆောက်အဦးမှာ အလွန်အဆင့်မြင့်တဲ့အခန်းလို့ သတ်မှတ်လို့ရပါတယ်။ သူ့အထက်မှာတော့ ဧကရာဇ်အခန်းရှိပါတယ်။ ဒါပေမဲ့ အဲ့လိုအခန်းကတော့ ကျွန်တော်တို့လို့အဆင့်က ငှားဖို့ မျှော်လင့်ချက်မရှိတာကြောင့်ပါ ..... "
လမ်းတစ်လျှောက်တွင် ကုန်းပင်းက ယဲ့ဖန်ကို ဝမ်ကျန်းအဆောက်အဦးအကြောင်း ရှင်းပြသည်။
ယဲ့ဖန်ကလည်း သူ့ဆီက အတော်လေးသိလိုက်ရသည်။
ဝမ်ကျန်းအဆောက်အဦးမှာ သီးသန့်အခန်းတွေကို ဧကရာဇ်၊ မင်းသား၊ မြို့စားမင်း၊ နယ်စားမင်း၊ အရာရှိတန်း၊ အိမ်တော်ပိုင်၊ အမျိုးကောင်းသားနှင့် ယောက်ျားသား ဆိုပြီး အဆင့် ၈ခုခွဲထားသည်။
ပထမသုံးဆင့်ကတော့ 'နန်းတော်'အဖြစ်သတ်မှတ်ခံရပြီး ကျန်ငါးဆင့်ကိုတော့ အိမ်တော်အဖြစ်သာ သတ်မှတ်ထားသည်။
ဝမ်ကျန်းစားသောက်ဆိုင်အိမ်က လူတစ်ယောက်ချင်းစီတိုင်း၏ သရုပ်မှန်၊ ပုံရိပ်၊ ပိုင်ဆိုင်မှု၊ အဆက်အသွယ်စသည်တို့ကို အခြေခံသိရပြီးမှ ဘယ်အဆင့်ရှိတဲ့သီးသန့်ခန်းကို ဝင်နိုင်မလဲဆိုတာ ဆုံးဖြတ်ပေးသည်။
အနိမ့်ဆုံးအဆင့်ကတောင် ၅သန်းတန်ဖြစ်သည်။
'မင်းသားနန်းတော်'ကို ဝင်နိုင်ဖို့အတွက်သာဆို အနည်းဆုံး ယွမ် ၁ ဘီလီယံပိုင်ဆိုင်မှု သို့မဟုတ် ကျုံးဟိုင်မှာ လွှမ်းမိုးနိုင်တဲ့ပုံရိပ်ရှိသူဖြစ်ရမှာဖြစ်သည်။
ကုန်းပင်း၏အဆင့်အတန်း၊ ပိုင်ဆိုင်မှုဖြင့် ဒီနေရာ၏ ဧကရာဇ်နန်းတော်ကို ဝင်ဖို့ အဆင့်မမီပေ။
သူက သူ့အစ်ကိုဝမ်းကွဲ ကုန်းရှန်းဟုန်ဆီမှ VIP အထူးဧည့်သည်တော်ကတ်ကို ငှားလာတာဖြစ်သည်။
သူတို့သုံးယောက်က အလွန်လေးတဲ့ အခန်းတံခါးကြီးကို တွန်းဖွင့်ပြီးတဲ့နောက် မင်းသားနန်းတော်သီးသန့်အခန်းထဲကို ဝင်လာကြသည်။
ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့သည် အခန်းထဲမှ ခမ်းနားလွန်းတဲ့ အပြင်အဆင်တွေကြောင့် မှင်သက်သွားရသည်။
သီးသန့်ခန်းတစ်ခုလုံးက မီတာ ၂၀၀/၃၀၀ လောက်ထိကျယ်သည်။
နန်းတော်ခန်းမတစ်ခုလုံးစာ အဆင့်ညီ တည်ဆောက်ထားပြီး ရုပ်ကြွနှင့် နံရံဆေးရေးတွေကလည်း လက်ရာမြောက် ထည်ဝါလွန်းသည်။
ခန်းမအလယ်မှာ ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားတဲ့ ဂီတပညာရှင်တစ်ချို့က တီးမှုတ်သီဆိုနေကြသည်။
လှပကျော့ရှင်းစွာ ကခုန်နေတဲ့ အကသမားတစ်ခိို့လည်းရှိနေသည်။
တကယ့်မင်းသားအစစ်တောင် ဒီလိုမျိုး နေ့တိုင်းမရလောက်ဘူး ဟုတ်တယ်မလား။
ကျုံးဟိုင်က တကယ့် ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေက ဒီလိုနေရာကိုလာပြီး တကူးတက လာစားကြတာ မထူးဆန်းတော့ပါဘူး။
အဆုံးမသတ်နိုင်တဲ့ ပျော်မွေ့စရာတွေရှိသည်။
ခန်းမအလယ်တွက် လူ အယောက် ၂၀/၃၀ လောက်ဆံ့လောက်သည့် စားပွဲကြီးရှိသည်။
ထိုစားပွဲမှာ လူတွေအပြည့်ရှိနေသည်။
ဧည့်သည်တိုင်းရဲ့အနောက်မှာ ဝတ်စုံပြည့်နဲ့ ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းတွေရှိသည်။
သူတို့သုံးယောက်ဝင်လာတာကိုတွေ့တဲ့အခါ လူတိုင်းက ထကြိုဆိုကြသည်။
သို့ပေမဲ့ တစ်ယောက်ကတော့ မထဘဲ ဆက်ထိုင်နေသည်။
သူက ခေါင်းတောင် မော့မလာဘဲ သူ့ဘေးက မိန်းကလေးအဖော်တစ်ယောက်ကို ခွံ့ကျွေးနေသည်။
ပြောစရာမလိုစွာပင် ထိုလူက ကုန်းပင်းပြောတဲ့သူ ဖြစ်မည်ဆိုတာ သိနိုင်သည်။
ကုန်းပင်းက အမြန် လူတိုင်းကို မိတ်ဆက်ပေးသည်။
" ဒါက ငါပြောနေတဲ့ ယဲ့ဖန်လူကြီးမင်းဘဲ "
လူတိုင်းက ယဲ့ဖန်ကို နှုတ်ဆက်ကြသည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း "
ယဲ့ဖန်က သူတို့ကို ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ပြန်ထိုင်ကြသည်။
ယဲ့ဖန်က တောက်လျှောက်ငြင်းနေပေမဲ့ ကုန်းပင်း၏တိုက်တွန်းမှုကြောင့် အဓိက ထိုင်ခုံမှာ ထိုင်လိုက်ရသည်။
လင်းကျွင်းကျွင်းက သူ့ညာဘက်မှာထိုင်သည်။
သူမ တိတ်တဆိတ်ထိတ်လန့်နေရသည်။
ဒီလို အထက်တန်းအလွှာနေရာမျိုးကို သူမ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။
ဒီမှာစားနိုင်တဲ့သူတွေက ဘယ်လိုလူတွေလဲဆိုတာ သိနိုင်သည်။
အခု ထိုလူတွေက ယဲ့ဖန်ကို အထူးရိုသေလေးစားနေကြရသည်။
ကြည့်ရတာ သူ့လွှမ်းမိုးနိုင်မှုက သူမ ထင်ထားတာထက် ပိုကြီးပုံရသည်။
ယဲ့ဖန်က သူမရဲ့အသိအမြင်တွေ ကျယ်ပြန့်အောင်လုပ်ပေးမယ်လို့ပြောတာ အံ့ဩစရာမရှိတော့ပေ။
တကယ်ကို မျက်စိပွင့် နားပွင့်ဖြစ်လာရသည်။
ကုန်းပင်းက ယဲ့ဖန်ဘေးမှာထိုင်လိုက်ပြီး ထိုအမျိုးသားကို လှမ်းကြည့်လိုက်သည်။
" ရွှယ်ရှန်းသုန်း၊ မင်းက ယဲ့လူကြီးမင်းကိုတွေ့တာတောင် နှုတ်မဆက်ဘူးလား။ မင်းက ရိုင်းလှချည်လား "
ထိုအမျိုးသားက ခေါင်းမော့လာပြီး ယဲ့ဖန်ကို ကြည့်လိုက်သညိ။
" သူ့ကို ခင်ဗျားဖိတ်ထားတာလေ၊ ကျုပ်မဟုတ်ဘူး။ ဘာလို့နှုတ်ဆက်ရမှာလဲ "
ထိုသို့ပြောပြီး သူ့ခေါင်းကို ဘေးကမိန်းမဘက် လှည့်လိုက်သည်။
ထိုမိန်းမက ချက်ချင်း အလိုက်သိစွာဖြင့် တစ်ရှူးထုတ်ကာ ပါးစပ်ကို သုတ်ပေးသည်။
ယဲ့ဖန်က ထိုမိန်းမကို သေချာမြင်ပြီးတဲ့နောက်မှာတော့ အံ့ဩသွားရသည်။
ထိုမိန်းမက အတော်လေးကြည့်လို့ ကောင်းသည်။
သူမက လင်းကျွင်းကျွင်း၊ ရှန်းပိုင်ထျန်း နှင့် ချန်းရွှမ်တို့လောက်တော့ မလှပေမဲ့လည်း သူမက အတော်လေးလှလေသည်။
ဒါပေမဲ့ ယဲ့ဖန်က သူမအလှကြောင့် နစ်မြောနေတာမဟုတ်ဘဲ ထိုမိန်းမကို တွေ့ဖူးတယ်လို့ ခံစားမိတာကြောင့်ဖြစ်သည်။
သို့ပေမဲ့ သူ မမှတ်မိပေ။
ရွှယ်ရှန်းသုန်းက ယဲ့ဖန်ရဲ့အကြည့်ကို သတိထားမိသွားသည်။
သူ အနည်းငယ် ဒေါသထွက်သွားသည်။
ချက်ချင်း သူ့ဘေးကမိန်းမ၏ ပုခုံးပေါ်ကို လက်တင်ပြီး ယဲ့ဖန်ကို မပျော်မရွှင် ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ရောက်ကတည်းက သူများကောင်မလေးကို စိုက်ကြည့်နေတာ ရိုင်းတယ်မထင်ဘူးလား "
ထိုကောင်မလေးကလည်း သူနဲ့လိုက်ပြီး ယဲ့ဖန်ကိုစိုက်ကြည့်ပြောသည်။
" ဟုတ်တယ်၊ ရှင်က ရိုင်းလိုက်တာ။ အရင်က မိန်းမတစ်ယောက်ကို မမြင်ဖူးလို့လား "
ယဲ့ဖန်က ခပ်ဖျော့ဖျော့သာပြုံးလိုက်သည်။
ထို့နောက် အကြည့်ရုတ်ပြီး ဘာမှဆက်မပြောတော့ပေ။
ထိုအချိန်တွင် လင်းကျွင်းကျွင်းက သူ့နားကိုစောင်းပြီးပြောသည်။
" အချစ်၊ ကျွန်မက လုံလောက်အောင် မလှလို့လားဟင်။ ဘာလို့ အဲ့လို ရုပ်ဆိုးတဲ့မိန်းမကို ကြည့်နေရတာလဲ "
ဒါက...........
လူတိုင်း အံ့ဩသွားကြရသည်။
ရုပ်ဆိုးတဲ့မိန်းမတဲ့လား။