← Chapters

အပိုင်း ၃၅၇-၃၆၀

Vol. 18 Ch. 357-360

အပိုင်း ၃၅၇-၃၆၀

Vol. 18 Ch. 357-360

အပိုင်း ( ၃၅၇ )

မင်းမှာ ဘာအဆင့်ရှိလို့ ဒီမှာထိုင်ရတာလဲ

အမှန်တိုင်းပြောရလျှင် ....... ရွှယ်ရှန်းသုန်းက တကယ်ကို အလွန်လှပလေသည်။

အလှလေးတဲ့ အများကြီးရှိတဲ့ ဖျော်ဖြေရေးလောကမှာတောင် ပထမအဆင့်မှာတောင် ဝင်ဆန့်လောက်သည်။

အခု လင်းကျွင်းကျွင်းက သူမကို 'ရုပ်ဆိုးတဲ့မိန်းမ'ဟု ခေါ်လိုက်လေသည်။

အထိအခိုက်တော့ မရှိပေမဲ့ အတော်လေး စော်ကားရာရောက်လေသည်။

သို့ပေမဲ့ ထူးဆန်းတာက ဘယ်သူကမှ ထိုစကားကို မှားတယ်လို့ မခံစားရခြင်းဖြစ်သည်။

လင်းကျွင်းကျွင်းလို နတ်ဘုရားမအသွင် ရုပ်ရည်ရှိသူ တစ်ယောက်အနေဖြင့် သူမကို ရုပ်ဆိုးသည်ဟု ပြောခွင့်ရှိလေသည်။

ထိုမိန်းမက ဒေါသငယ်ထိပ်ရောက်နေပြီး ပြန်ပြောတော့ဖို့ ကြံပေမဲ့ ဘာမှပြန်မပြောနိုင်ပေ။

ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက် သို့မဟုတ် ကိုယ်ရှိန်ဝါက အစ သူမ ယှဉ်မရပေ။

လင်းကျွင်းကျွင်း၏ ဖြစ်တည်မှုကပင် သူမကို သတ်ဖို့ လုံလောက်လေသည်။

" ဟားဟား၊ လှတော့ရော ဘာဖြစ်လဲ။ နင်က ယောက်ျားဖိနပ်လျက်ပြီး ကပ်စားနေရတာ မဟုတ်လား "

လင်းကျွင်းကျွင်း၏ စကားတွေကို လှောင်ပြောင်မှုအဖြစ် မှတ်ယူလို့ရပေမဲ့ သူမ စကားတွေကတော့ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုဖြစ်လေသည်။

လင်းကျွင်းကျွင်းက စပွန်ဆာရှာစားတယ်လို့ ပြောနေမှန်း သိသာလေသည်။

လင်းကျွင်းကျွင်းကလည်း ဒေါသထွက်သွားရသည်။

" လူတိုင်းက ရှင့်လို ဈေးပေါတယ်မထင်နဲ့ "

ထိုမိန်းမက ဟွန်းခနဲလုပ်လိုက်သည်။

" ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ ငါ့နာမည်က ထန်းယင်း။ ငါက ဝမ်းလန် အင်တာနက်ကုမ္ပဏီရဲ့ ဒုဥက္ကဌဘဲ။ နင်ကရော ဘာလုပ်လဲဆိုတာ သိချင်ပါသေးတယ် "

" လင်းကျွင်းကျွင်း၊ ကျင်းရှင်းအိမ်ခြံမြေကုမ္ပဏီ မန်နေဂျာ "

လင်းကျွင်းကျွင်း ပြန်ဖြေလိုက်သည်။

" ဖူး ဟားဟားဟားဟား ....... "

ထန်းယင်း ချက်ချင်း ဟားတိုက်ပြီး ရယ်လိုက်သည်။

" ဒီလို အိမ်ခြံမြေကုမ္ပဏီ မန်နေဂျာအဆင့်လေးက ဝမ်ကျန်းကို လာဖို့ အဆင့်မီရဲ့လား။ နင်သာ ချူစားနေတာမဟုတ်ရင် ဒီဆိုင်တံခါးကိုတောင် ဖြတ်လာလို့ရမှာမဟုတ်ဘူး "

လင်းကျွင်းကျွင်း ပြောစရာစကားမဲ့သွားရသည်။

တစ်ဖက်သူ ပြောတဲ့စကားက မှန်နေသည်။

ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူမ ဝမ်ကျန်းစားသောက်ဆိုင်အိမ်ရဲ့ အဓိက တံခါးပေါက်ကနေ ဖြတ်လာလို့တောင် မရနိုင်လောက်ပေ။

လင်းကျွင်းကျွင်း ချက်ကောင်းထိသွားတာကို မြင်ပြီး ထန်းယင်းက ပိုမာန်တက်လာတော့သည်။

ဘေးက ယဲ့ဖန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

" ကုန်းလူကြီးမင်း၊ ကျွန်မ မေးစရာရှိတယ် "

" ဘာများလဲ "

ကုန်းပင်း ချက်ချင်းဖြေလိုက်သည်။

" သူက ဘာအဆင့်ရှိလို့ ဒီလို အဓိကနေရာထိုင်ခုံမှာ ထိုင်နေရတာလဲ "

ထန်းယင်းက ယဲ့ဖန်ကို လက်ညှိုးထိုးပြသည်။

" အဲ့မှာ ထိုင်ခွင့်ရှိတဲ့သူတွေက အသက်ကြီးတဲ့သူ၊ အလေးစားခံပုဂ္ဂိုလ် ဒါမှမဟုတ် တခြားသူတွေထက် ပိုကြွယ်ဝတဲ့သူဖြစ်ရမှာလေ။ သူက ဘယ်တစ်ခုထဲမှာ ပါလို့လဲ "

ကုန်းပင်းက စိတ်မပျော်မရွှင်ဖြစ်သွားပေမဲ့ စိတ်ရှည်ရှည်နဲ့ဖြေပေးသည်။

" ဝမ်းကွဲအစ်ကိုဆီက ကြားထားသလောက် ယဲ့လူကြီးမင်းရဲ့ စွမ်းရည်တွေက သာမန်ထက် ထူးကဲပြီး သူ့လုပ်ငန်းခွင်ကလည်း အတော်လေးကြီးတယ်။ သူက အထူးဖိတ်ထားရတဲ့ ဧည့်သည်ဖြစ်တာကြောင့် စားပွဲရဲ့ထိပ်ဆုံးမှာ ထိုင်ခွင့်ရှိတယ် မဟုတ်လား "

ထန်းယင်းက ဟွန်းခနဲ အသံပြုလိုက်သည်။

" ဒါဆို ရှင်က ကြားဖူးရုံတင်ဘဲမလား။ မျက်လုံးနဲ့ တပ်အပ်မြင်ဖူးထားတာမလို့လား "

ကုန်းပင်းက မျက်မှောင်ကြုတ်လိုက်သည်။

" ငါ့အစ်ကိုဝမ်းကွဲ၊ ကုန်းရှန်းဟုန်က ဟူရန်လူချမ်းသာစာရင်းရဲ့တာဝန်ရှိသူဘဲ။ သူက ငါ့ကို လိမ်မှာ မဟုတ်ဘူး "

ထန်းယင်းကတော့ တုန်လှုပ်မသွားပေ။

" ရှင့်အစ်ကိုက ဟူရန်ရဲ့တာဝန်ရှိသူဖြစ်တာနဲ့ သူပြောသမျှက အမှန်ဖြစ်နေရမှာလား။ ကြားသမျှက အလိမ်၊ မြင်သမျှက အမှန်ဆိုတာ နားလည်လား။ မမြင်ဖူးဘဲ ကြားရုံနဲ့ ယုံရလား "

ကုန်းပင်း ဘာမှပြန်မပြောနိုင်ချေ။

သူ ယဲ့ဖန်အကြောင်း သိထားသမျှကို ကုန်းရှန်းဟုန်က ပြောပြထားတာဖြစ်သည်။

ပြီးတော့ ကုန်းရှန်းဟုန်က သူ့ကို ယဲ့ဖန်ရဲ့ ပိုင်ဆိုင်မှု အတိအကျကို တစ်ခါမှ မပြောပြဖူးပေ။

သူ့အစ်ကို ယဲ့ဖန်ကို ချီးကျူးတာတွေကိုသာ ကြားဖူးတာဖြစ်သည်။

ကုန်းရှန်းဟုန်ရဲ့ အနေအထားက ကျုံးဟိုင်က စီးပွားရေးခေါင်းဆောင်တစ်ချို့ထက်ပင် မြင့်သည်။

အဲ့တာကြောင့် ယဲ့ဖန်ကလည်း အရမ်းအထင်ကြီးစရာ ကောင်းမည်ဟု ကောက်ချက်ချလိုက်သည်။

သို့ပေမဲ့ ဘယ်လောက် အံ့ဩစရာကောင်းလဲဆိုတာတော့ သူ မသိပေ။

ထန်းယင်းက လင်းကျွင်းကျွင်းနဲ့ ကုန်းပင်းကို အနိုင်ပိုင်းပြီးတဲ့နောက် တိုက်လေ ရဲလေ ဖြစ်လာတော့သည်။

သူမက အခန်းထဲမှာ ရှိသမျှလူတွေကို တစ်ချက်ကြည့်လိုက်သည်။

" ဒီမှာရှိတဲ့သူတိုင်း သိမှာပါ အဲ့နေရာမှာ ကျွန်မတို့ရဲ့ ရွှယ်ရှန်းသုန်းဥက္ကဌကြီးက ထိုင်ဖို့ အခွင့်အရေးရှိတယ်ဆိုတာကို ........ "

လူအများစုက သဘောတူ ခေါင်းငြိမ့်ကြသည်။

ရွှယ်ရှန်းသုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ကြသည်။

သူက သူမကို လုပ်ချင်တာ လုပ်ခွင့်ပေးထားသည်။

" ကျွန်မတို့ရဲ့ ရွှယ်ရှန်းသုန်းဥက္ကဌကြီးက ဝမ်းလန်အင်တာနက်ကုမ္ပဏီကြီးကို အောက်ခြေကနေ စတည်ထောင်ခဲ့တာ။ ငါးနှစ်အတွင်းမှာဘဲ ကုမ္ပဏီရဲ့တန်ဖိုးက ၁ ဘီလီယံထိတောင် ရောက်ခဲ့တာ။ အခုဆို လူထုကြားထဲမှာပါ ချပြဖို့ ပြင်နေပြီ "

သူမက ပြောနေရင်း ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ကျွန်မတို့ရဲ့ ဥက္ကဌကြီးကတောင် ဒီလိုနေရာမှာ ထိုင်ခွင့်မရှိရင် ဒီယဲ့လူကြီးမင်းက ဘာအရည်အချင်းတွေများရှိနေလို့ ထိုင်နေရတာလဲလို့ ကျွန်မက မေးချင်ပါတယ် "

သူမ ပြောပြီးတဲ့နောက် လူတိုင်းက တိတ်ဆိတ်သွားကြသည်။

တကယ်တော့ သူမပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိကြသည်။

သူတို့က ရွှယ်ရှန်းသုန်း၏ ပိုင်ဆိုင်မှုနှင့် အောင်နိုင်မှုတွေကို သိထားကြသည်။

ဒီလူတွေကြားထဲမှာတော့ သူက မျက်နှာကြက်လို အနေအထားလို့ ပြောနိုင်သည်။

ကျုံးဟိုင်လိုမြို့ကြီးမှာ အသက် ၃၀ အရွယ်လောက်နဲ့ ၁ ဘီလီယံတန်ကြေးရှိတဲ့ ကုမ္ပဏီမျိုး တည်ထောင်နိုင်တာက အတော်လေး ရှားပါးသည်။

ယဲ့ဖန်ကိုတော့ သူတို့ နားမလည်ကြပေ။

ထိုလူငယ်လေးက အသက် ၂၀ အရွယ်လောက်သာ ရှိပုံရသည်။

သူ့အောင်မြင်မှုတွေက ရွှယ်ရှန်းသုန်းကို ယှဉ်နိုင်ရဲ့လား။

သူ့မှာ ဘာရှိလို့ ထိုင်နေရတာလဲ။

ထန်းယင်းရဲ့ စွပ်စွဲချက်တွေကို ကြုံပြီးတဲ့နောက်မှာတောင်မှ ယဲ့ဖန်၏မျက်နှာက တည်ငြိမ်နေသေးသည်။

သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ ကိုယ်ရောင်ဝါက သူ့ရှေ့မှာ ထိုက်တောင်တန်းကြီး ပြိုကျသွားရင်တောင် မမှုမည့်ပုံပေါ်သည်။

ရှိနေတဲ့လူတိုင်းက အဲ့အချက်ကို လေးစားသွားကြရသည်။

သို့ပေမဲ့ ကိုယ်ရောင်ဝါရှိရုံက ဘာမှ သုံးစားမရပေ။

သူတို့ လက်ခံနိုင်အောင် သူ့ဘက်က တစ်ခုခု မှန်ကန်တဲ့အင်အားကို ပြသပေးရမည်။

ယဲ့ဖန် ဘာမှဝင်မပြောချိန်မှာ ကောင်းကျင်းရှီက ပြောလာသည်။

" ယဲ့လူကြီးမင်းက ဒီမှာထိုင်ဖို့ ထိုက်တန်ကြောင်း ငါ သက်သေပြနိုင်တယ် "

လူတိုင်းက သူ့ကို ကြည့်လာသည်။

" ငါတို့ ကြယ်တာရာဟိုတယ်ရှိတဲ့ Silver Brilliance ( ငွေရောင်ခြည်အဆောက်အဦး ) က ကျုံးဟိုင်ရဲ့ အထင်ကရ နေရာကြီးဖြစ်တာသိမှာပါ။ ကုမ္ပဏီတွေရဲ့ ရုံးချုပ် အများစုကလည်း အဲ့မှာရှိတယ်။ လက်ရှိဈေးကွက်အရ တန်ကြေး ၂ဘီလီယံ ယွမ်ရှိတယ် ..... "

ကောင်းကျင်းရှီလေသံက ပြတ်သားနေပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ပြီးတော့ ပိုင်ရှင်က လူကြီးမင်း ယဲ့ ဖန် ဘဲ "

ထိုစကားက ရိုက်ခတ်မှု ပြင်းထန်သွားလေသည်။

" ဘာ ငွေရောင်ခြည်အဆောက်အဦးလား။ အဲ့တာကို ယဲ့လူကြီးမင်း ပိုင်တာလား "

" မယုံနိုင်စရာဘဲ မဟုတ်လား "

" ဟုတ်တယ်၊ အဲ့အဆောက်အဦးက ကျုံးဟိုင်ရဲ့ နာမည်အကြီးဆုံးတွေထဲက တစ်ခုဘဲ။ မြို့တော် ကြော်ငြာရေး ဗီဒီယိုတွေထဲမှာဆို အဲ့နေရာက မပါမဖြစ်ဘဲလေ "

" တကယ်သာဆိုရင်တော့ သူက အဲ့နေရာမှာ ထိုင်ခွင့်ရှိတာဘဲ။ သူ့တန်ကြေးက ၂ ဘီလီယံမလား။ ဝမ်းလန်ထက် ၁ ဘီလီယံ ပိုတယ်လေ "

" ဘာလို့ လိမ်နေတယ်လို့ ထင်မိတာပါလိမ့်။ ဒီယဲ့လူကြီးမင်းက အသက် ၂၀ ဘဲရှိဦးမှာကို ဘာလို့ အဲ့လောက် ပိုင်ဆိုင်မှု အများကြီးရှိနေရတာလဲ "

" ဒါမျိုးက လျှို့ဝှက်ချက်မှ မဟုတ်တာ။ မင်းသိချင်ရင် စုံစမ်းလို့ရတာဘဲ။ ကောင်းကျင်းရှီ လိမ်ချင်တောင် လိမ်လို့မရဘူး "

" ဟုတ်တယ်၊ ယဲ့လူကြီးမင်းက ချမ်းသာတဲ့ဒုတိယမျိုးဆက် သူဌေးလေးဖြစ်မယ် "

" အဲ့လိုဆိုရင်တော့ အဓိပ္ပာယ်ရှိတယ် "

အပိုင်း ( ၃၅၈ )

နောက်ထပ် ဆင်းရဲတဲ့မိသားစုလား

ရွှယ်ရှန်းသုန်းနှင့် ထန်းယင်းတို့က ပြောစရာစကားပျောက်သွားကြရသည်။

သူက ငွေရောင်ခြည်အဆောက်အဦး ပိုင်ရှင်လို့ ပြောလိုက်တာနဲ့ အားလုံးကို တစ်ချက်တည်း အဆုံးသတ်ပြီးသား ဖြစ်သွားသည်။

ရွှယ်ရှန်းသုန်း၏ ဝင်ငွေဖြင့် အမှန်တကယ် ယှဉ်မရပေ။

နေရာမှာရှိနေကြသူတိုင်းက ရွှယ်ရှန်းသုန်း၏ မာန်တက်နေမှုကို ဘယ်သူကမှ မကြိုက်ကြပေ။

အခု သူ အနိုင်ပိုင်းခံရတာ မြင်လိုက်ရတော့ အားလုံးက စိတ်ကျေနပ်သွားကြသည်။

" ရွှယ်ရှန်းသုန်းက လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး အဆင်ပြေလာတာနဲ့ သူက ငါတို့အားလုံးကို အထင်သေးနေတာ။ အခုတော့ သူ့ကို ပညာပြနိုင်မယ့်သူ ပေါ်လာပြီဘဲ "

" ဟုတ်တယ်။ အသက်အရွယ်အရဆို သူက ယဲ့လူကြီးမင်းထက် ကြီးတယ်လေ၊ ဒါပေမဲ့ ပိုင်ဆိုင်မှုအရတော့ မယှဉ်နိုင်ဘူးဘဲ။ ဘာဂုဏ်မောက်စရာရှိလို့လဲ "

" သူက ငါတို့ရှေ့မှာဆို အမြဲတမ်း ကြွားနေတာ။ ကိုယ့်ထက် ပိုသာတဲ့သူရှိစမြဲဆိုတာ မသိဘူးလား "

" ကုန်းပင်းက ယဲ့လူကြီးမင်းလိုလူနဲ့ သိနေမယ်လို့ ထင်မထားဘူး။ သူ့ကို ငါ အရင်က အထင်သေးခဲ့မိတာ "

" သူ့အစ်ကိုဝမ်းကွဲက ကျုံးဟိုင်ရဲ့လူချမ်းသာစာရင်းမှာ တာဝန်ရှိတဲ့ ကုန်းရှန်းဟွေ့ဆိုတော့ သူ့မှာ အဆက်အသွယ်တွေ အများကြီးရှိမှာဘဲ "

" ရွှယ်ရှန်းသုန်းကတော့ သံပြားကိုမှ သွားကန်မိတာ ......... "

ရွှယ်ရှန်းသုန်း၏မျက်နှာက ထိုလူတစ်စုရဲ့လှောင်ပြောင်စကားတွေကြောင့် ရုပ်ဆိုးအကျည်းတန်လာသည်။

သူက ထန်းယင်းကို အကြည့်တစ်ချက်ပစ်လိုက်သည်။

ထန်းယင်းကလည်း ချက်ချင်း သဘောပေါက်သည်။

သူမက ထပ်ပြီး ဟက်ခနဲအသံပြုလိုက်သည်။

" အဲ့အဆောက်အဦးပိုင်ရှင် ဖြစ်တော့ရော ဘာလုပ်ရမှာလဲ။ မိဘရဲ့ အထောက်အကူကိုယူပြီး ကြီးပွားနေတာက အရည်အချင်းရှိတာ မဟုတ်ဘူး "

ဒီမိန်းမက အတော်လေး လုပ်နိုင်စွမ်းရှိတာကိုတော့ ဝန်ခံရပေမည်။

သူမ စကားပြောတာနဲ့ ဟိတ်ဟန်ပါပြီး ဩဇာညောင်းသည်။

လူတိုင်းက တိခနဲ နာခံစေနိုင်ဟန်ရှိသည်။

" ကျွန်မတို့ရဲ့ ဥက္ကဌကြီးက ဆင်းရဲတဲ့မိသားစုကနေ ကိုယ့်အားကိုယ်ကိုးပြီး ဖြည်းဖြည်းချင်း တည်ဆောက်လာတာ။ စွမ်းဆောင်ရည်မှာ ဥက္ကဌကြီးရွှယ်ကို ဘယ်သူကများ ယှဉ်နိုင်မှာမလို့လဲ "

သူမစကားကို ကြားတော့ အားလုံးက ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။

ဒါကိုတော့ သူတို့ ဝန်ခံရမည်။

ရွှယ်ရှန်းသုန်းသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သည်။

သူ့ကိုယ်ပိုင် အလုပ်ကြိုးစားမှုဖြင့် ဝမ်းလန် အင်တာနက်ကုမ္ပဏီကို အမှန်တကယ် တည်ထောင်နိုင်ခဲ့သည်။

အရည်အချင်းအရဆို သူက သာမန်လူငယ်တွေထက် အများကြီးသာလွန်ပါသည်။

ဒီလို နည်းလမ်းတကျ တွေးကြည့်တော့ မိသားစုဘက်က ထောက်ပံ့မှုကို ရထားတဲ့ ယဲ့လူကြီးမင်းထက် နည်းနည်းပိုကောင်းသည်။

ထန်းယင်းသည် လူတိုင်း၏ အမူအရာကို မြင်ပြီး ဂုဏ်ယူစွာ ပြုံးပြပြန်သည်။

သူမက ကောင်းကျင်းရှီကို လှည့်ကြည့်လိုက်သည်။

" ရှင်ပြောကြည့်၊ ဒီ ယဲ့လူကြီးမင်းက စားပွဲထိပ်မှာ ထိုင်ဖို့ ဘာစွမ်းရည်ရှိလဲ ကျွန်မ သိချင်တယ် "

ကောင်းကျင်းရှီသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။

ယဲ့ဖန် ကိုယ်တိုင်က သူ့အာဏာကို ထုတ်ပြောဖို့ ရည်ရွယ်ချက်မရှိတာကို မြင်တော့ သူလည်းဘဲ စကားမပြောရဲတော့ပေ။

အမှန်တော့၊ ယဲ့ဖန်အကြောင်းကို သူသိသလောက် Silver Brilliance အဆောက်အဦးသည် ရေခဲတောင်၏ အစွန်အဖျားသာ ရှိသေးသည်။

ဒါပေမယ့် အခုက လူတွေအရမ်းများနေပြီး ယဲ့ဖန်ကလည်း သူ့အကြောင်းကို တစ်မြို့လုံးသိအောင်ပြောရတာ ကြိုက်တဲ့လူတော့ မဟုတ်တာကြောင့် ဘာမှ ဝင်မပြောဝံ့တော့ပေ။

ထန်းယင်းက ကောင်းကျင်းရှီမှာ ပြောစရာမရှိတာကို တွေ့လိုက်ရပြီး ယဲ့ဖန်ကို မောက်မာစွာ ကြည့်လိုက်သည်။

" တချို့လူတွေက ဂုဏ်သိက္ခာရှိသင့်ပြီး တကယ့်အရည်အချင်းရှိတဲ့သူတွေကို နေရာပေးသင့်တယ်။ ဒီလောက် အရှက်မဲ့မနေပါနဲ့ "

ယဲ့ဖန်သည် သူမ၏ မာနကြီးသော မျက်နှာကို ကြည့်လိုက်သည်။

သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

နောက်ဆုံးတော့ သူ ထိုမိန်းမကို အရင်က တွေ့ခဲ့ဖူးတဲ့နေရာကို သတိရသွားတော့သည်။

ယဲ့ဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။

ယဲ့ဖန်ဘက်က စကားပြန်မပြောခင်မှာဘဲ ..... ဘေးမှာရှိနေတဲ့ လင်းကျွင်းကျွင်းက ဒေါသတကြီး ထပြောသည်။

" ပိုက်ဆံရှာတဲ့ အရည်အချင်းကို ပြောမယ်ဆိုရင် ရှင်ရဲ့ဥက္ကဌရွှယ်က ယဲ့ဖန်ရဲ့ ဖိနပ်ကိုတောင် သယ်ဖို့ မထိုက်တန်ဘူးလို့ ငါထင်တယ် "

ထိုစကားကို လူတိုင်း ကြားလိုက်ရတော့ ချက်ချင်း ထိတ်လန့်သွားကြသည်။

ရွှယ်ရှန်းသုန်းသည် ဆင်းရဲသော မိသားစုမှ ဖြစ်သည်။

သူက အခုအခါမှာတော့ ၁ ဘီလီယံကျော် တန်ကြေးရှိနေပြီး ငါးနှစ်တောင် မကြာလိုက်ပေ။

သူ့ ကြွယ်ဝလာမှု အရှိန်အဟုန်က အံ့အားသင့်စရာ ဖြစ်နေပြီး ဖြစ်သည်။

လင်းကျွင်းကျွင်းကတော့ သူဟာ ယဲ့ဖန်ရဲ့ ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူးလို့ ပြောလိုက်သည်။

ဒါက နည်းနည်းချဲ့ကားရာ မရောက်ဘူးလား။

ထန်းယင်းသည် ချက်ချင်း လင်းကျွင်းကျွင်း၏ စကားတွေကို ခွန်းတုန့်ပြန်လိုက်သည်။

" ဒါဆို နင့်ရဲ့ ယဲ့လူကြီးမင်း ငွေရှာနိုင်စွမ်းက ဘယ်လောက်ကောင်းလဲဆိုတာ ငါတို့အားလုံးကို ပြောပါဦး။ အဲ့တာမှ ငါတို့ရဲ့ အသိဉာဏ်ကျယ်ပြန့် လာရတာပေါ့ "

လင်းကျွင်းကျွင်းသည် ကြွားလုံးထုတ်နေသည်ဟု သူမ ထင်နေမိသည်။

ရွှယ်ရှန်းသုန်းထက် ပိုငွေရှာနိုင်သူ ရှိတယ်လို့ သူမ မယုံခဲ့ပေ။

ထို့အပြင် တစ်ဖက်မှလည်း ဖိနပ်ကို သယ်ရန်ပင် မထိုက်တန်ကြောင်း ပြောခဲ့သည်။

ထို့ကြောင့် ယဲ့ဖန်၏ ငွေရှာနိုင်စွမ်းက ရွှယ်ရှန်းသုန်းထက် သာလွန်နေသည်ဟု လူတိုင်းကို ဆွဲဆောင်နိုင်နေသည်။

နည်းနည်းများ ပိုပြင်းရင် မျက်နှာကိုပါ ပါးရိုက်ခံရလိမ့်မည်။

လူတိုင်း၏ မေးခွန်းထုတ်သော အကြည့်များကို ရင်ဆိုင်ရင်း လင်းကျွင်းကျွင်းသည် ချက်ချင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

" ဒီနေ့မနက် ချန်းချွမ်လက်ဖက်ရည်ဆိုင်မှာ ....... "

ထို့နောက် ယဲ့ဖန်သည် အနက်ရောင်ဆင့် တံဆိပ်ခေါင်းကို မည်သို့ မည်ပုံရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မေပယ်ရွက်ဆိုင်နှင့် လဲလှယ်ပြီးနောက် မေပယ်ရွက်ဆိုင်တွင် သန်းရာချီတန်သည့် ဆေးရှိုက်ပုလင်းကို တွေ့ရှိခဲ့ကြောင်း စသည်တို့ကို ရှင်းပြ ပြောကြားခဲ့သည်။

သူမသည် အလွန် စကားပြောကောင်းသူ ဖြစ်သည်။

ဖြစ်စဉ်တစ်ခုလုံးကို အတိအလင်း ဖော်ပြခဲ့သည်။

သူမ စကားကို နားထောင်ရင်း လူတိုင်းက ကိုယ်တိုင်ကြုံဖူးသလို ခံစားလိုက်ကြရသည်။

ယွမ်တစ်ထောင်မှ ယွမ်သန်း ၂၃၀ တန်သော ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သည့် ယဲ့ဖန်ကို သူတို့ကိုယ်တိုင်တွေ့ခဲ့သလို ခံစားကြရသည်။

ထိုစကားကို ကြားပြီးနောက် တစ်ခန်းလုံး အကြာကြီး စကားမပြောနိုင် ဖြစ်သွားရသည်။

လူတိုင်းသည် တုန်လှုပ်ခြောက်ခြားကာ ကိုယ့်ကိုယ်ကိုယ် နစ်မြောနေရာမှ ရုန်းမထွက်နိုင်ကြပေ။

နှစ်နာရီမှ သုံးနာရီအတွင်း အမြတ်ငွေ အဆပေါင်း ၂၃၀,၀၀၀ ဖန်တီးခဲ့သည်ဆိုတာ ငွေရှာနိုင်စွမ်း မဟုတ်တော့ပေ။

ဤသည်မှာ စူပါစွမ်းအားဖြစ်လေသည်။

" နှစ်နာရီကနေ သုံးနာရီအတွင်းမှာတင် ယွမ် ၁၀၀၀ ရင်းပြီး သန်း ၂၃၀ အထိ ရသွားတာဆို သူ့ငွေရှာနိုင်စွမ်းက အရမ်းကြောက်စရာကောင်းတယ်မဟုတ်လား "

" အမြတ်အဆပေါင်း ၂၃၀,၀၀၀ လား။ ဒါမျိုး ငါအရင်က တစ်ခါမှ မကြားဖူးဘူး။ ဒဏ္ဍာရီတစ်ခုလိုပဲ "

" ဒါသာမှန်ရင် ဒီ ယဲ့လူကြီးမင်းက တကယ်ကို နတ်ဘုရားနဲ့ တူတဲ့လူပဲ "

" ကုန်းရှန်းဟုန်က သူ့အပေါ် အရမ်းအထင်ကြီးနေတာ အံ့သြစရာမရှိတော့ပါဘူး။ ဒီ ယဲ့လူကြီးမင်းက စီးပွားရေး ပါရမီရှင်တစ်ယောက်ဘဲ "

" ဉာဏ်ကြီးရှင်ဆိုရင်တောင် မလွန်ဘူး မဟုတ်လား။ နှစ်နာရီကနေ သုံးနာရီအတွင်းမှာ အဆပေါင်း ၂၃၀,၀၀၀ ထက် ပိုအစွမ်းထက်တဲ့ ဒဏ္ဍာရီကို ဘယ်လို ဉာဏ်ကြီးရှင်မျိုးက ဖန်တီးနိုင်ခဲ့လို့လဲ "

" အဆပေါင်း ၂၃၀,၀၀ ဆိုတာကတော့ မကြုံဖူးဘူး။ လုံးဝကိုဘဲ "

လူတိုင်းက ယဲ့ဖန်ကို ကိုးကွယ်တဲ့အကြည့်တွေနဲ့ ကြည့်နေကြသည်။

သူတို့ရဲ့ နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားမှုသည် အချိန်ကြာပြီးသည်အထိ မငြိမ်သက်နိုင်ပေ။

ကုန်းပင်းနှင့် ကောင်းကျင်းရှီတို့သည် ယဲ့ဖန်ကို ကြောင်အအဖြင့် ကြည့်နေကြသည်။

ယဲ့ဖန်သည် အံ့မခန်းလောက်အောင် ကောင်းမှန်း သူတို့သိသော်လည်း ဒီလောက်ထိ ထူးချွန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ရွှယ်ရှန်းသုန်းနှင့် ထန်းယန်တို့လည်း အံ့သြသွားကြသည်။

သူတို့အတွက်ကတော့ သန်း ၂၃၀ ဝင်ငွေရတယ်ဆိုရင်တော့ နည်းနည်းခက်ခဲပေမယ့် လက်ခံနိုင်သေးသည်။

သို့ပေမယ့် အချိန်က နှစ်နာရီကနေ သုံးနာရီအတွင်း ကန့်သတ်ထားရင်တော့ ..... သေအောင် အရိုက်ခံရရင်တောင်မှ လုပ်နိုင်မှာမဟုတ်ပေ။

သူတို့ တွေးတောင် မတွေးရဲကြချေ။

ဘာကြောင့်လဲဆိုတော့ ဒါက လူတွေရဲ့ ယုတ္တိဗေဒနဲ့ တိုင်းတာလို့ မရတော့တဲ့ကိစ္စ ဖြစ်နေသည်။

" နင် ...... ဒီကမ္ဘာမှာ ဒီလိုလူရှိတယ်ဆိုတာ ငါမယုံဘူး။ နင် လိမ်နေတာဘဲ "

ထန်းယင်းသည် လင်းကျွင်းကျွင်းအား ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။

ထိုအချက်ကို သူမလက်မခံနိုင်ပေ။

လင်းကျွင်းကျွင်းကတော့ သူမကို ရွံရှာစွာဘဲ ကြည့်နေလိုက်သည်။

" ဒီကိစ္စမှာ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ သွားစုံစမ်းလိုက်။ ဒါမှမဟုတ် ချန်းချုံရှန်းနဲ့ ဟူသုန့်ကို ကိုယ်တိုင်သွားမေးကြည့်လည်းရတယ် "

ထန်းယင်း ပြောစရာစကားပျောက်သွားရသည်။

သူမက တစ်ခဏတာ လက်မခံနိုင်ဖြစ်သွားတာကြောင့် မေးခွန်းထုတ်လိုက်တာဖြစ်သည်။

တကယ်တော့ သေချာတွေးကြည့်မယ်ဆိုရင် တစ်ဖက်က နေရာ၊ အချိန်နှင့် ပါဝင်သူတွေကအစ တိတိကျကျဖော်ပြသွားခဲ့သည်။

ဆိုလိုခြင်းက သူမတို့ဘက်က စစ်ဆေးလျှင်တောင် မကြောက်ဘူးဟု အဓိပ္ပာယ်ရသည်။

ကျုံးဟိုင်၏ နာမည်ရှိ အဆင့်အတန်းမြင့်လူတွေဖြစ်တဲ့ ချန်းချုံရှန်းနှင့် ဟူသုန့်တို့ကိုပါ ထည့်ပြောသွားသည်။

အဲ့တာကြောင့် လိမ်ပြောနေတာက ပိုလို့တောင်မဖြစ်နိုင်ပေ။

ထိုအချိန်တွင် လင်းကျွင်းကျွင်းက ထပ်ဖြည့်ပြောလိုက်သည်။

" အို ပြောဖို့ မေ့တော့မလို့၊ ယဲ့ဖန်က ဆင်းရဲတဲ့မိသားစုကလေ။ သူလည်း အောက်ခြေကစခဲ့တာ "

လူတိုင်းက ပြင်းထန်တဲ့ ရိုက်ချက်မှာ ထပ်အထိနာသွားရတော့သည်။

နောက်ထပ် ဆင်းရဲတဲ့ မိသားစုလား။

ကြည့်ရတာ သူတို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးလုထုအတွက် မျှော်လင့်ချက်ရှိသေးတယ်ထင်တယ်။

အပိုင်း ( ၃၅၉ )

မထင်မှတ်ထားတဲ့ သတင်း

ထန်းယင်းသည် ရှိနေသူအားလုံးကို ကြည့်လိုက်သည်။

သူတို့အားလုံးက ယဲ့ဖန်ကို ယုံကြည်သွားခဲ့သည်။

လူတချို့က သူ့ကို ဒူးထောက်ပြီးတောင် ကိုးကွယ်ချင်နေကြသည်။

သူမ စိတ်တိုတိုဖြင့် ပတ်ရမ်းသည်။

" သန်း ၂၃၀ ပဲရှိတာ။ ဒီလုပ်ငန်းသေးသေးလေးက ဘယ်လိုစွမ်းရည်မျိုးရှိမှာ မလို့လဲ "

လင်းကျွင်းကျွင်းက ချက်ချင်းပြန်ပြောသည်။

" သန်း ၂၃၀ ပမာဏက သေးငယ်တယ်လို့ ယူဆတာလား။ ဒါဆိုရင် ရှင်တို့ရဲ့ ဝမ်းလန် ကုမ္ပဏီရဲ့တန်ဖိုးက ယွမ်ဘီလီယံအနည်းငယ်ပဲရှိတာလေ။ ဒါ ဆိုရင်ရော အသေးအမွှားလို့ ယူဆတာဘဲလား "

ထန်းယင်းသည် သူမကို ထိုမေးခွန်းမေးလာရန် စောင့်ဆိုင်းနေပုံရပြီး ချက်ချင်း မာန်တက်စွာ ပြန်ပြောလိုက်သည်။

" ဘီလီယံအနည်းငယ်ဆိုတာ အသေးအမွှားဘဲ။ ဒါပေမဲ့ ကိစ္စတွေက ကွဲပြားကုန်ပြီ။ ကျွန်မတို့ရဲ့ ဝမ်းလန် ကုမ္ပဏီကို ဖုလီကော်ပိုရေးရှင်းဆီကနေ ရင်းနှီးမြှုပ်နှံမှုတစ်ခု လက်ခံရရှိထားပြီးပြီ။ ရင်းနှီးမြုပ်နှံပြီးရင် ပမာဏက ၅ ဘီလီယံကျော်အထိ ရှိလာမှာ "

အဲ့တာကိုကြားတော့ အားလုံးက အံ့သြသွားကြသည်။

ဖုလီကော်ပိုရေးရှင်းသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်က အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်သည်။

တစ်နိုင်ငံလုံးမှာ အဆင့်မြင့်တဲ့ထဲပါသည်။ ထိုကဲ့သို့သော ကော်ပိုရေးရှင်းကြီး၏ အရင်းအနှီးကို ရရှိတာနဲ့ ဝမ်းလန် ကုမ္ပဏီက ဒီထက်ပိုတိုးတက်မှာ သေချာသည်။

ရွှယ်ရှန်းသုန်းသည် ကောင်းကင်သို့ အမှန်တကယ် ပျံတက်သွားနိုင်တော့မည့်ပုံရသည်။

ထန်းယင်းက 'ဖုလီကော်ပိုရေးရှင်း' လို့ပြောတဲ့အခါ ယဲ့ဖန်က နှုတ်ဆိတ်နေခဲ့ပြီး သူမကို မော့ကြည့်ရုံသာ ကြည့်လိုက်သည်။

သူလည်း အရမ်းအံ့သြသွားတာဖြစ်သည်။

ထန်းယင်းသည် ယဲ့ဖန်၏အမူအရာကိုမြင်တဲ့အခါ သူမက ပို၍ပင် မာန်တက်လာသည်။

" တကယ်တော့ ကျွန်မတို့က လူကြီးမင်းမိုချောင်းရှန်းနဲ့ အဆက်အသွယ်ရထားတာ ကြာပါပြီ။ တကယ်လို့ သူသာ မတော်တဆ မဖြစ်ခဲ့ရင် ကျွန်မတို့ သဘောတူညီမှု ရပြီးသား ဖြစ်နေမှာ ..... "

မိုချောင်းရှန်းသတ်သေတဲ့သတင်းကို လူတိုင်းကြားပြီး ဖြစ်သည်။

ဝမ်းလန် ကုမ္ပဏီသည် မိုချောင်းရှန်းနှင့် အဆက်အသွယ်ရထားမှန်း မမျှော်လင့်ထားပေ။

" ကံကောင်းထောက်မစွာနဲ့ဘဲ သိပ်မကြာတော့ ဖုလီကော်ပိုရေးရှင်းက လူတွေက ကျွန်မတို့နဲ့ ပြန်ချိတ်နိုင်ခဲ့ပြီး ကျွန်မတို့နဲ့ ဆက်ပြီးအလုပ်လုပ်ဖို့အတွက် ဆန္ဒရှိခဲ့ကြတယ် "

ထန်းယင်းက မာန်တက်သောလေသံဖြင့် ဆက်ပြောသည်။

" ကျွန်မတို့ရဲ့ ဝမ်းလန် ကုမ္ပဏီကို အများသိဖို့က မကြာခင် အချိန်ကာလတစ်ခုအတွင်း ဖြစ်လိမ့်မယ်။ အဲ့အချိန်ကျ ကျွန်မတို့ ဥက္ကဌရွှယ်ရဲ့ ကြွယ်ဝမှုကလည်း အရှိန်အဟုန်နဲ့ တိုးလာလိမ့်မယ် ...... "

ကုန်းပင်းနှင့် အခြားလူများက အနည်းငယ် စိတ်ပျက်သွားကြသည်။

ဝမ်းလန်ကို လူသိရှင်ကြား ထုတ်ဖော်လိုက်သည်နှင့် သူတို့သည် ရွှယ်ရှန်းသုန်းနှင့် ယှဉ်နိုင်မည့် အခွင့်အရေး ပိုနည်းပါးသွားလိမ့်မည်။

ထန်းယင်းက ယဲ့ဖန်ကို အထင်အမြင်သေးစွာ စိုက်ကြည့်လိာက်သည်။

" လူတချို့ကတော့ သန်းရာဂဏန်းဝင်ငွေရတာနဲ့ ကျေနပ်သွားကြတယ်။ သူတို့က ရေတွင်းအောက်ခြေက ဖားတွေပဲဆိုတာ မသိကြဘူး "

လူတိုင်း စကားမပြောနိုင်ခဲ့ကြပေ။

အမှန်တကယ်ပင် အရင်းအနှီးအများကြီးရထားတဲ့ ဝမ်းလန်နှင့် နှိုင်းလျှင် သန်းရာဂဏန်းဆိုတာ အမှန်ပင် ပြောရန်မထိုက်တန်ချေ။

အဲ့တာကို ကြည့်ခြင်းအားဖြင့် ရွှယ်ရှန်းသုန်းသည် ပိုသန်မာနေသည်ကို ပြနေသည်။

ကုန်းပင်းနှင့် ကောင်းကျင်းရှီတို့လည်း အနည်းငယ် စိတ်ပျက်သွားကြသည်။

ရွှယ်ရှန်းသုန်းသည် ဒီလောက် အစွမ်းထက်နေမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

ဖုလီကော်ပိုရေးရှင်းနှင့်ပင် ချိတ်ဆက်နိုင်ခဲ့သည်။

စောစောကသိခဲ့ရင် ယဲ့ဖန်ကို ဖိတ်ခေါ်ခဲ့မှာမဟုတ်ပေ။

အခုတော့ သူတို့သည် ဘာမျက်နှာမှ မရနိုင်တော့ချေ။

သူတို့က ယဲ့ဖန်ကို သူတို့နဲ့အတူ မျက်နှာကို ပါးရိုက်ခံခိုင်းလိုက်သေးသည်။

သူ တကယ်ကို အားနာမိနေသည်။

ရွှယ်ရှန်းသုန်းသည် ယဲ့ဖန်ကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် ဂုဏ်ယူသော အပြုံးရှိနေသည်။

" ငါတို့က မင်းကို လုံးဝ ဂရုမစိုက်ဘူး ဘာလို့လဲဆိုတော့ ငါတို့က တူညီတဲ့အဆင့်မှာ မရှိဘူးလေ။ ငါနဲ့ ဘာနှိုင်းမှာလဲ ငါတို့ချင်း ယှဉ်နိုင်ပါ့မလား "

ယဲ့ဖန်က ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" တကယ်တော့ ကျွန်တော်လည်း ခင်ဗျားနဲ့ မယှဉ်နိုင်ဘူး "

လူတိုင်း အံ့ဩသွားကြသည်။

ယဲ့ဖန်ဟာ အနည်းဆုံးတော့ သူ့ကိုယ်သူ ခုခံကာကွယ်ပြီး သူတို့ကို မျက်နှာသာပြန်ရစေမယ်လို့ အစက ထင်ခဲ့ကြသည်။

ဒီလောက် မြန်မြန် ရှုံးနိမ့်တာကို ဝန်ခံလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။

ထိုအချိန်မှာဘဲ ယဲ့ဖန်က ဆက်ပြောသည်။

" ခင်ဗျားနဲ့ တကယ်ကို နှိုင်းယှဉ်လို့ မရဘူး။ အနည်းဆုံးတော့ ကျွန်တော့်မိန်းမကို အကျိုးအမြတ်အတွက် စတေးမှာ မဟုတ်ဘူး "

ထိုစကားကိုကြားတော့ အားလုံးက တုန်လှုပ်သွားကြသည်။

သူ ဘာကို ဆိုလိုတာလဲ။

ရွှယ်ရှန်းသုန်း၏ မျက်နှာ မည်းမှောင်သွားသည်။

" ရှင်းရှင်းလင်းလင်းပြော။ ဘယ်မိန်းမကို အနစ်နာခံပြီး ဘယ်သူက စတေးတာလဲ "

ယဲ့ဖန်က သူ့ကို တိုက်ရိုက်မဖြေဘဲ ထန်းယင်းကို လှည့်ကြည့်လိုက်သည်။

" မင်း မိုကုန်းကို သိလား "

ထန်းယင်း၏ အမူအရာ ပြောင်းသွားသည်။

" မိုကုန်းက လူကြီးမင်း မိုချောင်းရှန်းရဲ့သားပါ။ သူ့ကို ဥက္ကဌကြီးရွှယ်ဆီက နည်းနည်း သိထားတယ် "

ယဲ့ဖန်က မုန့်တစ်ခုကို ကိုက်လိုက်သည်။

" တစ်ယောက်နဲ့တစ်ယောက် သိသလောက် မရိုးရှင်းဘူး မဟုတ်လား။ ထူးထူးခြားခြား တစ်ခုခုဖြစ်ခဲ့သေးလား "

ဒုန်း

ရွှယ်ရှန်းသုန်းက စားပွဲကို ဆောင့်ရိုက်လိုက်ပြီး ထရပ်လိုက်သည်။

" ယဲ့ဖန်၊ မင်း ငါ့ကို ရှင်းရှင်းလင်းလင်းပြော။ ထူးခြားတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ "

ထန်းယင်းလည်း မတ်တပ်ထရပ်ပြီး ယဲ့ဖန်ကို အေးစက်စွာကြည့်လိုက်သည်။

" ကျွန်မက ဝမ်းလန်ရဲ့ ဒုတိယဥက္ကဌပါ။ သက်သေမရှိဘဲနဲ့ စွပ်စွဲရင် နောက်ဆက်တွဲ အကျိုးဆက်ကို ခံရမယ် "

ယဲ့ဖန်သည် သူ့ဖုန်းကို အမြန် ထုတ်ယူလိုက်သည်။

" အရင်က ကံကောင်းလို့ ဗီဒီယိုတစ်ခုကို ကြည့်ခဲ့ဖူးတယ်။ ကျွန်တော်မမှားရင် ဒုဥက္ကဌထန်းက အဲ့ဗီဒီယိုထဲမှာ ရှိတယ်မဟုတ်လား "

စကားပြောနေရင်းနဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖွင့်လိုက်တယ်။

ထိုဗီဒီယိုသည် မိုကုန်း၏ဖုန်းမှဖြစ်သည်။

အဲ့တာကို ဖိုင်တစ်ခုအဖြစ် ဖုန်းသိုလှောင်ခန်းတွင် သိမ်းဆည်းထားသည်။

ဒါကို သူ မေ့လုနီးပါး ဖြစ်နေပေမဲ့ ကံကောင်းထောက်မစွာဖြင့် ဒီနေ့ ထန်းယင်းကို တွေ့တဲ့အခါ ရုတ်တရက် သတိရသွားသည်။

ဗီဒီယိုထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။

သူမသည် ကလေးများအတွက် မသင့်လျော်သော အရာတစ်ခု ပြုလုပ်နေကာ ကိုယ်လုံးတီး ဖြစ်နေသည်။

အဲ့တာကိုမြင်တော့ လင်းကျွင်းကျွင်း ရှက်သွားသည်။

သူမက အမြန်ထပြီး သန့်စင်ခန်းထဲဝင်သွားသည်။

ဗီဒီယိုသည် အနည်းငယ်လှုပ်နေသော်လည်း ရွှယ်ရှန်းသုန်းသည် ဖုန်းထဲရှိ လူနှစ်ယောက်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေသည်။

ထိုလူမှာ မိုချောင်းရှန်း၏သား မိုကုန်းဖြစ်သည်။

ထိုအမျိုးသမီးကတော့ သူ့ ချစ်သူ ထန်းယင်းဖြစ်သည်။

ထိုအရာက ချက်ချင်း လျှပ်စီးလက်သလိုဖြစ်သွားရသည်။

သူ ထန်းယင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

" မင်း... မင်းငါ့ကို တကယ်သစ္စာဖောက်တာလား "

ထန်းယင်း၏ မျက်နှာမှာလည်း ဖြူဖျော့နေသည်။

မိုကုန်းက ထောင်ကျနေပြီး မိုချောင်းရှန်းလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာကြောင့် ဒီကိစ္စကိုဘယ်သူမှ သိမှာမဟုတ်ဘူးလို့ သူမထင်ခဲ့သည်။

ယဲ့ဖန်က ဒါကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။

" ရှန်းသုန်း၊ ရှင် ထင်သလို မဟုတ်ဘူး။ ကျွန်မ ရှင်းပြပါရစေ ........ "

သူမ ပြောလို့မပြီးခင်မှာဘဲ ........ ရွှယ်ရှန်းသုန်းက သူမကို ပါးရိုက်လိုက်သည်။

ဖြောင်း!

ဒေါသစိတ်ကြောင့် သူ ဘယ်လောက်ပြင်းတဲ့ ခွန်အားကို အသုံးပြုခဲ့သည်ဆိုတာကို တွေးကြည့်နိုင်သည်။

ထန်းယင်းသည် မြေပြင်ပေါ်သို့ လဲကျသွားရပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

" မင်းပြောတော့ မင်းရဲ့ ပေါ့ပါးတဲ့လျှာဖျားအစွမ်းကိုသုံးပြီး မိုကုန်းကိုပြောခဲ့လို့ သူက ဝမ်းလန်မှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူခဲ့တာဆို။ အဲ့ဒါကြောင့်လည်း မင်းကို ငါက ရှယ်ယာ ၁၀% ပေးလိုက်တာလေ။ ဒါဆို မင်းငါ့ကို တကယ်လိမ်ခဲ့တာလား "

ကုန်းပင်းက ဒဏ်ရာကို ဆားသိပ်ဖို့ ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။

သူက ချက်ချင်း လှောင်လိုက်သည်။

" သူမက မင်းကို လိမ်နေတယ်လို့ ငါမထင်ဘူး။ သူမက တကယ်ဘဲ ကျွမ်းကျင်တဲ့ ငွေမျှင်ရောင်လျှာဖျားကို တကယ်သုံးခဲ့တာဘဲ။ ဟားဟားဟား ....... "

တက်ရောက်လာသူအားလုံးက မရယ်ဘဲ မနေနိုင်ကြပေ။

ရွှယ်ရှန်းသုနိးကို တဖန်ပြန်ကြည့်သောအခါ သူတို့ အနိုင်ပိုင်းလိုက်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။

သူက အများသောအားဖြင့် သူတို့ရှေ့မှာ မာနကြီးပြတတ်သည်။

သူ့ကို ဒီလို ရိုက်ချခံရလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပေ။

ထိုအချိန်မှာဘဲ ဗီဒီယိုထဲက တိုက်ပွဲက ပြီးဆုံးသွားတော့သည်။

မိုကုန်းသည် ခေါင်းအုံးကို မှီကာ ဆေးလိပ်ကို မီးညှိရင်း ဆရာကြီးအထာဖမ်းသည်။

" အဲ့တော့ ဘယ်လိုနေလဲ၊ အပျက်မလေး။ နည်းနည်းလေးဘဲဖြစ်ဖြစ် ငါက ရွှယ်ရှန်းသုန်းထက် ပိုကောင်းတယ်မလား "

" မင်း အရမ်းတွေးနေတာဘဲ။ သူက လုံးဝအရှုံးသမားလေ။ ဆယ်စက္ကန့်ဆိုရင်တောင် တော်တော်လေး ထူးခြားတဲ့ စွမ်းဆောင်မှုဖြစ်စဉ်တစ်ခုလို့ ယူဆနိုင်တယ်။ သူက ကျွန်မကို လုံးဝ မကျေနပ်စေနိုင်ဘူး။ ရှင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "

လူတိုင်း မတတ်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

သူတို့အားလုံး ရွှယ်ရှန်းသုန်းကို ထူးဆန်းတဲ့ အကြည့်တွေဖြင့် ခိုးကြည့်လိုက်ကြသည်။

" ရွှယ်ရှန်းသုန်း၊ ငါ မင်းကို ဝေဖန်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မင်း မလုပ်နိုင်ဘူးဆိုရင်တော့ ကျားမာန်ဟုန်လို ဆေးတွေသုံးနိုင်တယ်လေ။ သူမက ဘယ်လောက်ထိ တောင့်ခံနေရလဲ ကြည့်ကြည့်လိုက်ပါဦး "

ကုန်းပင်းက ထပ်ပြီး လှောင်ပြောင်သည်။

ရွှယ်ရှန်းသုန်း၏ မျက်လုံးများက သွေးများထွက်နေသလို နီရဲလာပြီး တဖြည်းဖြည်းနှင့် သူ့စိတ်တွေ ပျောက်သွားရသည်။

သူက ထန်းယင်းရဲ့ ဆံပင်တွေကို ဆွဲစောင့်လိုက်သည်။

" အပျက်မ၊ မင်း ငါ့ကို ဘယ်လိုတောင် ဖောက်ပြန်ရဲတဲ့ သတ္တိရှိရတာလဲ။ ငါ မင်းကို သတ်ပစ်မယ် ....... "

အပိုင်း ( ၃၆၀ )

ငါကရော ပြောခွင့်ရှိလား

သူတို့နှစ်ယောက် ထွက်သွားပြီးနောက်...အားလုံးက ယဲ့ဖန်ကို ပြန်ကြည့်ကြသည်။

ထန်းယင်းက သူ့ကို ကြိမ်ဖန်များစွာ ရန်စခဲ့ပေမဲ့ သူက ဆိတ်ဆိတ်နေခဲ့သည်။

သို့သော်လည်း ပြန်တိုက်ခိုက်သည့် အချိန်တွင်တော့ လည်ချောင်းတွင် သွေးအပြတ်ပြတ် ထွက်ရသည်။

ထန်းယင်းကို တိုက်ရိုက် သတ်ရုံသာမက ရွှယ်ရှန်းသုန်းလည်း မျက်နှာပျက်သွားခဲ့သည်။

ယောက်ျားတစ်ယောက်အနေနဲ့ ...... သူ့အသက်မွေးဝမ်းကြောင်းက ဘယ်လောက်ပဲ အောင်မြင်နေပါစေ သူ ဖောက်ပြန်ခံရသရွေ့ လူတွေက သူ့ကို လက်ညိုးထိုးကြမှာ သေချာသည်။

အနာဂတ်မှာ သူ့ခေါင်းကို မော့ဖို့ ခက်ခဲလိမ့်မည်။

ဒီ လှုပ်ရှားမှုက ရက်စက်လွန်းတယ်။ ဘယ်လောက်ဆိုးလိုက်လဲ။

ဆယ်မိနစ်လောက်ကြာတဲ့နောက်

ရွှယ်ရှန်းသုန်း ပြန်ရောက်လာသည်။

သူ့အမူအရာက အလွန် အကျည်းတန်နေသည်။

ကုန်းပင်းက သူ့ကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။

" ဘာလို့ပြန်လာတာလဲ ငါသာ မင်းဖြစ်ခဲ့ရင် ငါအနာဂတ်မှာ ဘယ်သူ့ကိုမှ ရင်ဆိုင်ရဲမှာ မဟုတ်ဘူး "

ရွှယ်ရှန်းသုန်းက သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။

" မင်း ကျရှုံးတာကို မြင်ချင်နေတာမလား။ မင်းနဲ့မထိုက်တန်ဘူး။ အခု ဧကရာဇ်နန်းတော်မှာ ဘယ်သူတွေ စားနေကြလဲ သိလား။ သတိထားထိုင်နေ၊ မကြောက်နဲ့နော်။ အဲ့တာ နျုံလူကြီးမင်းဘဲ "

လူတိုင်း ထိတ်လန့်သွားကြသည်။

ချုပ်နှောင်ထားသကဲ့သို့ ခံစားနေရသည်။

လူတိုင်း၏မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာက ပေါ်လွင်နေသည်။

မသိတဲ့သူတွေလည်း ရှိတာကြောင့် ဝိုင်းမေးကြသည်။

" နျုံစစ်သွမ်းက ဘယ်သူလဲ။ အရမ်းအစွမ်းထက်တာလား "

" နင်က နျုံစစ်သွမ်းကိုတောင် မသိဘူးလား။ နျုံစစ်သွမ်းက ဖုလီ ကော်ပိုရေးရှင်းရဲ့ ပိုင်ရှင်အစစ်အမှန်လေ "

" ဒါက မဖြစ်နိုင်ဘူး ဟုတ်တယ်မလား။ ဖုလီ ကော်ပိုရေးရှင်း ဥက္ကဌကို နျုံစစ်သွမ်းလို့ လုံးဝ မခေါ်ပါဘူး "

" လက်ရှိ CEO က နျုံစစ်သွမ်းရဲ့ ရုပ်သေးရုပ်ဘဲ။ နျုံစစ်သွမ်းကမှ နောက်ကွယ်က ပဲ့ကိုင်အစစ် "

" အို ဘုရား၊ ဘာလို့ ကျုံးဟိုင်မှာ ဒီလောက် အစွမ်းထက်တဲ့သူ ရောက်နေရတာလဲ "

" သူက မိုချောင်းရှန်းရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာရှိနေတယ်လို့ ကြားထားတယ်။ သူ့ကို ဝမ်ကျန်းမှာ ထမင်းစားဖို့ လာမယ်လို့ ငါ မမျှော်လင့်ထားဘူး "

" ငါ နျုံလူကြီးမင်းကို တွေ့နိုင်ရင် ဒီအကြောင်းကို တစ်သက်လုံး ကြွားလုံးထုတ်နိုင်ပြီ "

" အိပ်မက်မက်နေတာကို ရပ်လိုက်။ ငါတို့အဆင့်ကလူတွေက နျုံလူကြီးမင်းနဲ့တွေ့ဖို့ အရည်အချင်းမရှိဘူး ......... "

ရွှယ်ရှန်းသုန်းသည် လူတိုင်း၏ ထိတ်လန့်နေသော အမူအရာကို ကြည့်ကာ မာန်တက်သွားပြန်သည်။

" ကျွန်တော်တို့ရဲ့ ဝမ်းလန်ကို အခု ဖုလီကော်ပိုရေးရှင်းရဲ့ လုပ်ငန်းခွဲတစ်ခုအဖြစ် သတ်မှတ်တော့မှာ။ ယုတ္တိကျကျပြောရရင် ကျွန်တော်က အခု နျုံလူကြီးမင်းဆီကို သွားပြီးတော့ ဆန္ဒပြုသင့်တယ် မဟုတ်လား "

ထိုသို့ပြောရင်း ယဲ့ဖန်နှင့် ကျန်တဲ့လူတွေကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

ထို့နောက် ဝိုင်ဖန်ခွက်ကို ကိုင်ကာ မရိုမသေ ခြေလှမ်းများဖြင့် ထွက်သွားခဲ့သည်။

လူတိုင်းက သူ့နောက်ကျောကို မနာလိုစွာ ကြည့်နေကြသည်။

နျုံလူကြီးမင်းသည် စီးပွားရေးလောကတွင် ဒဏ္ဍာရီဆန်သူတစ်ဦး ဖြစ်သည်။

သူ့ကို ကင်ပွန်းတပ်ဖို့ အရည်အချင်းပြည့်မီတဲ့ ဂုဏ်ပုဒ်ကတော့ သေချာပေါက် မြို့စားမင်းပဲ။

ရွှယ်ရှန်းသုန်းသည်လည်း ဝမ်းလန်အား ဖုလီကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်လာစေရန် အခွင့်ကောင်းယူခဲ့သည်။

မဟုတ်ရင် သူက အရည်အချင်းရှိမှာ မဟုတ်ပေ။

နျုံစစ်သွမ်းသည် အနားတွင်ရှိနေသည်ကို သိရသောအခါ အားလုံးက ယဲ့ဖန်ကို စိတ်မဝင်စားတော့ပေ။

သူသည် အလွန်အစွမ်းထက်သော်လည်း သူက ဂန္ထဝင်ဆန်တဲ့ နျုံလူကြီးမင်းကို ဘယ်လို ယှဉ်နိုင်မှာလဲ။

လုံးဝယှဉ်မရပေ။

အဲ့ဒီနောက်မှာတော့ လူတိုင်းက နျုံစစ်သွမ်းကို ချီးကျူးနေကြသည်။

နျုံစစ်သွမ်းသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး ကြီးမြတ်ကာ ရွှေအဆင်းနဲ့ မသေမျိုးတစ်ယောက်အဖြစ် တင်စားနေခဲ့ကြသည်။

ကုန်းပင်းသည် ယဲ့ဖန် အဆင်မပြေဖြစ်နေမည်ကို စိုးရိမ်သောကြောင့် အမြန်ခွက်တိုက်ခဲ့သည်။

ယဲ့ဖန်ကတော့ စိတ်မ၀င်စားပေ။

သူက တခြားကို တွေးနေခဲ့သည်။

ကျုံးဟိုင်ကို လာတဲ့ နျုံစစ်သွမ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ခဏအကြာတွင် ရွှယ်ရှန်းသုန်း ပြန်ရောက်လာသည်။

သူ့အမူအရာက ပိုလို့တောင် ရုပ်ဆိုးလာသည်။

ရှင်းပါတယ်၊ သူဘာမှ မရခဲ့ဘူးလေ။

" မင်း ခွက်တိုက်မလာဘူးလား။ နျုံလူကြီးမင်းကို မတွေ့ခဲ့ဘူးလို့တော့ မပြောနဲ့နော် "

ကုန်းပင်းက ချက်ချင်း လှောင်ပြောင်လိုက်သည်။

ရွှယ်ရှန်းသုန်း၏ မျက်နှာသည် ထိန်းမနိုင်သိမ်းမရ ပျက်သွားသည်။

နျုံစစ်သွမ်းကို သူတကယ် မမြင်ဖူးပေ။

တံခါးကိုတောင် အဝင်မခံဘူး။

နျုံစစ်သွမ်းက သူ့ဆီကို စကားပါးလိုက်သည်။

သူ့ကို ပြန်လာခိုင်းပြီး တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်ခိုင်းလေသည်။

အဲ့တာကိုတွေးရင်း ခေါင်းကိုမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ယဲ့ဖန်၊ လူကြီးမင်းနျုံစစ်သွမ်းက မင်းကို ဧကရာဇ်နန်းတော်ဆီ ဖိတ်ခေါ်လိုက်တယ် "

ထိုစကားကို ပြောပြီးတာနဲ့ အားလုံးက အံသြသွားကြသည်။

လူကြီးမင်းနျုံက ယဲ့ဖန်ရဲ့ နာမည်ကို တကယ် သိနေလား။

ပြီးတော့ သူ့ကို ဧကရာဇ်နန်းတော်ထဲကိုတောင် ဖိတ်ခဲ့တာလား။

ဒါဟာ အမြင့်မြတ်ဆုံး ဂုဏ်ယူစရာပဲ။

လူတိုင်း၏ ဦးနှောက်သည် ခဏတာမျှ မတုံ့ပြန်နိုင် ဖြစ်သွားရသည်။

သူတို့သည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ဒီတစ်ယောက်က ဘာလုပ်တာလဲ။

လူကြီးမင်းနျုံက သူ့ကို ဘာလို့ ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်ရတာလဲ။

ကုန်းပင်းနှင့် ကောင်းကျင်းရှီတို့သည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

ယဲ့ဖန်ဟာ ချမ်းသာကြွယ်ဝပြီး သူ့ရဲ့ အရည်အချင်းကိုလည်း သူတို့သိထားပေမဲ့ လူကြီးမင်းနျုံက သူ့ကို ဖိတ်ကြားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။

နျုံစစ်သွမ်းက ဘယ်လိုလူမလို့လဲ။

ကျုံးဟိုင်တွင် သူ့မျက်လုံးများကို ဖမ်းစားနိုင်သော လူအနည်းငယ်မျှသာ ရှိသည်။

အခုတော့ သူက ယဲ့ဖန်ကို ဧကရာဇ်နန်းတော်ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်သည်။

ဒါက ဘယ်လို ဂုဏ်တက်မှုလဲ။

ဒီနေ့ပြီးရင် ယဲ့ဖန်က ကျုံးဟိုင် မှာ နာမည်ကြီးလာလိမ့်မည်။

ရှေ့ဆက်သွားမယ့် လမ်းကလည်း ဖြောင့်ဖြူးနေပေမည်။

လင်းကျွင်းကျွင်းကလည်း ယဲ့ဖန်ကို ကြောင်ကြည့်နေသည်။

နျုံစစ်သွမ်းရဲ့ နောက်ခံ ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ ဆိုတာ အခု လူအုပ်ကြားထဲမှ သူမ ကြားလိုက်ရသည်။

နျုံစစ်သွမ်းသည် စီးပွားရေး၏ ဖခင်ဟုတောင် သတ်မှတ်ခံရတာဖြစ်သည်။

ထိုသို့သောလူက အမှန်တကယ်ဘဲ ယဲ့ဖန်ကိုတွေ့ဖို့ ကိုယ်တိုင် တောင်းဆိုခဲ့သည်။

ဒါက ယဲ့ဖန်ရဲ့ ခွန်အားကိုလည်း သက်သေပြရာရောက်ခဲ့သည်။

ဒီလူဟာ သူမထင်ထားတာထက် အများကြီး ပိုသန်မာနေတယ်ဆိုတာ သိလာရသည်။

တက်ရောက်သူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

သို့သော် ယဲ့ဖန်တစ်ယောက်သာ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေသေးသည်။

ဒီကိစ္စက သူနဲ့ဘာမှမဆိုင်သလိုပဲ။

" ပြန်သွားပြီး ကျွန်တော် မအားဘူးဆိုပြီး သူ့ကိုပြောလိုက်။ သူ ကျွန်တော့်ကိုတွေ့ချင်ရင် သူကိုယ်တိုင်လာခိုင်းလိုက် "

သူပြောနေရင်း အစာကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ့အမူအရာက ငြိမ်သက်နေသည်။

ထိုစကားကိုကြားတော့ အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဒီကောင် ရူးနေတာဖြစ်ရမယ်။

ဒါမှမဟုတ် နျုံစစ်သွမ်းက ဘယ်သူလဲဆိုတာ သူမသိဘူးလား။

နျုံလူကြီးမင်းက သူ့ကို ကိုယ်တိုင် ဖိတ်တာဆိုတော့ တခြားသူသာဆိုရင် သူနဲ့တွေ့ဖို့ အပြေးအလွှားဖြစ်နေလောက်သည်။

ဒါပေမယ့် ဒီလူကတော့ အေးအေးဆေးဆေး ဆက်စားနေသေးသည်။

နျုံစစ်သွမ်းက လာရင် တွေ့ခွင့်ပေးမယ်လို့တောင် ပြောခဲ့သေးသည်။

ဒါကို မာနကြီးတယ်လို့ ဖော်ပြလို့ မရတော့ဘူး။

သေခြင်းတရားဆိုတာ ဘာလဲ သူ မသိလောက်ဘူး။

ထိုအချိန်တွင် သီးသန့်အခန်းတံခါးကို အပြင်က တွန်းဖွင့်လိုက်ပြန်သည်။

ဖန်းရှောင်ကွန်းသည် အပြင်ဘက်မှ ဝင်လာခဲ့သည်။

" မင်း သေချာပေါက် မလာဘူးဆိုတာ နျုံလူကြီးမင်းက သိနေတော့ သူက ငါ့ကို ထပ်ဖိတ်ခိုင်းလိုက်တယ်။ ဒီလောက်ဆို မင်းကို လေးစားရာရောက်တယ် မဟုတ်လား "

ဖန်းရှောင်ကွန်းကို လူတိုင်းက မြင်သောအခါ မတ်တပ်ရပ်ကာ ကြိုဆိုကြသည်။

ဖန်းရှောင်ကွန်း၏ဖခင် ဖန်းဝမ်းညန်သည် ကျုံးဟိုင်တွင် တတိယအချမ်းသာဆုံးဖြစ်သည်။

ဖန်းရှောင်ကွန်းက သေချာပေါက် အလွန်ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်သည်။

သူတို့ထက် အဆင့် မြင့်မားသည်။

သူတို့ ဘယ်လိုလုပ် ပေါ့ဆရဲမှာလဲ။

ယဲ့ဖန်သည် ခေါင်းကို မော့ကာ ဖန်းရှောင်ကွန်းကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက ရွဲ့စောင်းပြောလိုက်သည်။

" မင်းနျုံစစ်သွမ်းရဲ့ ခွေးဖြစ်တာ အရမ်းမြန်မနေဘူးလား။ လူကောင်းအစား ဘာလို့ ခွေးဖြစ်ချင်ရတာလဲ "

ဖန်းရှောင်ကွန်း၏ မျက်နှာသည် ပျက်သွားရသည်။

" အပိုတွေကို တော်လိုက်။ သွားကြရအောင် "

ယဲ့ဖန်က ဆက်စားနေသည်။

" မင်းက ငါ့ကို ခေါ်ချင်တာလား၊ မင်းမှာ အရည်အချင်းမရှိဘူး "

" မင်း ......... "

ဖန်းရှောင်ကွန်း ဒေါသထွက်လွန်းလို့ သွေးအန်လုမတတ် ဖြစ်သွားရသည်။

ဒီ ခွေးသားက သူ့ကို လုံးဝ မျက်နှာမပေးခဲ့ပေ။

ထိုအချိန်တွင် သီးသန့်အခန်းတံခါးကို တွန်းဖွင့်လိုက်ပြန်သည်။

" သူက အရည်အချင်းမပြည့်မီရင် ငါကတော့ အရည်အချင်းပြည့်မီတယ်မလား "

လူတိုင်းသည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

ဝင်လာသူမှာ အသက်ငါးဆယ်ခန့်ရှိသူ ဖြစ်သည်။

သူ့တွင် ဓားနှင့်တူသော မျက်ခုံးထက်ထက်နှင့် ကြယ်ကဲ့သို့ တောက်ပသော မျက်လုံးများရှိသည်။

သူသည် ဒေါသမထွက်ဘဲ ဂုဏ်သိက္ခာအပြည့်ရှိနေသည်။

အသက်ကြီးပေမယ့် ငယ်ငယ်တုန်းက ချောမောတဲ့လူဆိုတာ သေချာပေါက်ပြောနိုင်ပါသေးသည်။

သူသည် ဖန်းရှောင်ကွန်းနှင့် အနည်းငယ် ရုပ်ဆင်သည်။

သူသည် ဟူရန်လူချမ်းသာစာရင်းတွင် တတိယမြောက် သြဇာအရှိဆုံး စီးပွားရေးသမားဖြစ်သည်။

သူက ဖန်းဝမ်းညန်။

All Chapters