အပိုင်း ၃၆၁-၃၆၄
Vol. 19 Ch. 361-364
အပိုင်း ( ၃၆၁ )
ခင်ဗျားအတွက် မျက်နှာသာ မရှိဘူး
" ပြီးတော့ ခင်ဗျားက ဘယ်သူလဲ "
ယဲ့ဖန်သည် ဝင်လာသည့် လူလတ်ပိုင်းအရွယ်အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။
ဒီလူက ဝင်လာတာနဲ့ မောက်မာတဲ့အကြည့်ဖြင့် ကြည့်နေသည်။
ယဲ့ဖန် အဲ့တာကို သည်းမခံနိုင်ပေ။
ထိုမေးခွန်းကို လူတိုင်းက ကြားသောအခါ မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားကြသည်။
ကျုံးဟိုင်မြို့မှာ တတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဖန်းဝမ်းညန်ကိုတောင် မသိဘူးလား။
မင်း ငါတို့ကို နောက်နေတာလား။
ဖန်းရှောင်ကွန်းက အံကြိတ်ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" မင်း မျက်စိကန်းနေတာလား။ ငါ့အဖေက ကျုံးဟိုင်မှာ တတိယအချမ်းသာဆုံးကိုတောင် မင်းက သူ့ကို ဘာလို့ မသိရတာလဲ "
ယဲ့ဖန်က ထိုစကားကိုကြားပြီး အမြန်ထရပ်လိုက်သည်။
" ဒါဆို အစ်ကိုဖန်းက အရိုအသေလာပေးရတဲ့အတွက် တောင်းပန်ပါတယ် "
ဖန်းရှောင်ကွန်းသည် ထိုစကားကို ကြားသောအခါ နေရာတွင်ပင် သွေးအန်ထွက်မတတ် ဖြစ်သွားခဲ့ရသည်။
သူ့အဖေကို မိတ်ဆက်ပေးပြီးတာနဲ့ တစ်ဖက်သူက သူ့အဖေကို 'ညီအစ်ကို'တန်းညှိလိုက်တော့ သူ့ကို အငယ်လိုဆက်ဆံလိုက်တာ မဟုတ်ဘူးလား။
ဖန်းဝမ်းညန်သည် ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
" ငါ ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဥက္ကဌက မင်းကို ကိုယ်တိုင် လာဖိတ်တာတောင် မလုံလောက်ဘူးလား "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
" ခင်ဗျားက ကျုံးဟိုင်မှာ တတိယအချမ်းသာဆုံး သူဌေးဆိုပေမယ့် ကျွန်တော့်ရှေ့မှာတော့ မျက်နှာသာရဖို့ မရှိဘူး "
ထိုမောက်မာသော စကားကို လူတိုင်းက ကြားသောအခါ ဘောင်းဘီထဲ သေးထွက်ကျမတတ်ဖြစ်သွားရသည်။
သူ့ဘေးမှာ ရပ်နေတဲ့သူက ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဥက္ကဌ ဖြစ်လေသည်။
ကျုံးဟိုင်မြို့၏ ဟူရန်လူချမ်းသာစာရင်းတွင် တတိယအချမ်းသာဆုံးဖြစ်တဲ့ ဖန်းဝမ်းညန်ဖြစ်သည်။
သူတို့အတွက် ဒီအချက်က လက်လှမ်းမမီနိုင်သော ဖြစ်တည်မှု ဖြစ်သည်။
ယဲ့ဖန်ကတော့ သူ့ကို ဒီလိုလေသံမျိုးနဲ့ ပြောရဲတာတဲ့လား။
ယဲ့ဖန်က မကြောက်တတ်တာလား၊ မာနကြီးပြီး မသိနားမလည်တာလား မသိတော့ပေ။
ဖန်းဝမ်းညန်နှင့် ဖန်းရှောင်ကွန်းတို့လည်း ဒေါသထွက်သွားခဲ့ကြသည်။
သူတို့သည် နေရာမှာတင် ရူးမတတ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း ထိုအချိန်တွင် ယဲ့ဖန်က ထပ်ပြောသည်။
" ခင်ဗျားကို ပေးဖို့ မျက်နှာသာမရှိပေမယ့် မသွားဘူးဆိုရင်တော့ နျုံစစ်သွမ်းက သူ့ကို ကြောက်တယ်လို့ ထင်နေလိမ့်မယ် "
" လမ်းပြပေး "
ဖန်းဝမ်းညန် အံကိုကြိတ်လိုက်သည်။
အမုန်းတရားများနှင့် ပြည့်နှက်နေသော်လည်း နျုံလူကြီးမင်းက ဧကရာဇ်နန်းတော်တွင် စောင့်နေဆဲဖြစ်သည်။
' ဒီကလေးနဲ့ ငါ ဇယားကို အနာဂတ်မှာ ရှင်းမယ် .... '
မဟုတ်သေးပါဘူး၊ သူ့မှာ အနာဂတ်ဆိုတာတောင် ရှိမှာ မဟုတ်ဘူးလေ။
ဒီကလေးက နျုံလူကြီးမင်းရှေ့မှာတောင် ဒီလို ဆက်ပြီး မာနကြီးပြနေသေးရင် ...... သူကိုယ်တိုင် လုပ်စရာမလိုတာ ဖြစ်သွားနိုင်တယ်။
ဒီကလေး ပြာကျသွားတာကို စောင့်ကြည့်ရုံဘဲ။
ဖန်းရှောင်ကွန်းတို့ သားအဖက လမ်းပြပေးကြသည်။
ယဲ့ဖန်သည် လင်းကျွင်းကျွင်းကို ခေါ်လာပြီး အနောက်မှ အနီးကပ်လိုက်လာသည်။
အားလုံးက ခဏ တုံ့ဆိုင်းနေပြီးမှ ယဲ့ဖန်နောက်ကို လိုက်သွားကြသည်။
ယဲ့ဖန်က နျုံစစ်သွမ်းကို တွေ့ပြီးရင်တောင်မှ မောက်မာနေရဲသေးလား ဆိုတာကို အားလုံးက သိချင်နေကြသည်။
သူ့နောက်လိုက်လာတဲ့ လူတွေထဲမှာမှ ကုန်းပင်းက စိုးရိမ်စိတ်ဖြင့် အပူလောင်နေဆုံးဖြစ်သည်။
အစက ယဲ့ဖန်ကို ခေါ်ပြီး သူ့ဘက်ကနေ ရွှယ်ရှန်းသုန်းကို ပညာပြချင်ရုံသာဖြစ်ပေမဲ့ ဒီလိုအဆင့်အထိ ရှုပ်ထွေးလာဖို့ မမျှော်လင့်ထားပေ။
သူ ထိန်းချုပ်နိုင်မှု လုံးဝ မရှိတော့ချေ။
သူ အတော်လေး စိုးရိမ်လာတော့သည်။
သူ့အစ်ကိုဝမ်းကွဲ ကုန်းရှန်းဟုန်ကို အရေးတကြီးဖုန်းဆက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
ကုန်းရှန်းဟုန်သည် ကုမ္ပဏီတွင် အချိန်ပိုအလုပ်ဆင်းနေခဲ့သည်။
ကျုံးဟိုင်မြို့ နောက်ဆုံးထွက် ဟူရန်လူချမ်းသာစာရင်းကို တွက်ချက်နေရသည်။
လုပ်စရာတွေလည်း အများကြီးရှိနေခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက နေ့တိုင်း ညဉ့်နက်သည်အထိ အချိန်ပိုလုပ်ခဲ့ရသည်။ သူ့မှာ အစာစားဖို့တောင် အချိန်မရှိခဲ့ပေ။
ထိုအချိန်တွင် စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာသည်။
ခေါ်ဆိုသူသည် ဝမ်းကွဲညီဖြစ်သူ ကုန်းပင်းဖြစ်ကြောင်း ပြသနေခဲ့သည်။
တွေးတောင်မတွေးတော့ဘဲ ဖုန်းချလိုက်သည်။
သူ့ညီဝမ်းကွဲက အမြဲဒုက္ခပေးတတ်သည်။
သူ့နာမည်ကိုသုံးပြီး နေရာတကာမှာ ဒုက္ခရောက်အောင် လုပ်လေ့ရှိသည်။
သူဖုန်းဆက်ရင် ပိုက်ဆံချေးမယ် ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုမယ် ဒီနှစ်ခုထဲကဘဲဖြစ်သည်။
အခု သူ အလုပ်တွေ အရမ်းရှုပ်နေမှတော့ အဲ့လိုကောင်နဲ့ ပြောဆိုနေဖို့ အချိန်ရှိပါ့မလား။
သို့သော် သူဖုန်းချလိုက်ပေမဲ့ တစ်ဖက်က ထပ်ခေါ်လာသည်။
ကုန်းရှန်းဟုန်က သုံးကြိမ်တိုင်တိုင် ဖုန်းချလိုက်သည်။
သို့ပေမဲ့ တစ်ဖက်က ခေါ်နေဆဲဖြစ်သည်။ ကုန်းရှန်းဟုန်သည် ဒေါသထွက်လာရသည်။
ထို့ကြောင့် သူက ချက်ချင်း ဖုန်းပြန်ခေါ်လိုက်သည်။
" မင်း ပြီးဦးမှာလား။ ငါ အခု အရမ်းအလုပ်များနေတာ မင်းနဲ့ ပြောဆိုနေဖို့ အချိန်မရှိဘူး ..... "
" အစ်ကိုဝမ်းကွဲ၊ တစ်ခုခု ဆိုးတာတော့ ဖြစ်ကုန်ပြီ ..... "
ကုန်းပင်း၏ ငိုရှိုက်သံသည် ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
" မင်းရဲ့အရှုပ်တွေကို ငါ့ကို ပြန်ရှင်းစေချင်တာလား။ အဲ့တာကို တွေးတောင် မတွေးနဲ့။ မင်းကိုယ်တိုင် ရှာထားတဲ့ ပြဿနာတွေလေ။ ကိုယ်တိုင် သွားရှင်း။ အခုကစပြီး မင်းရဲ့အရှုပ်အထွေးတွေကို ငါဂရုမစိုက်တော့ဘူး "
ကုန်းရှန်းဟုန်က အော်ဟစ်ပြောပြီး ဖုန်းချတော့မည့် အချိန်မှာဘဲ ကုန်းပင်းက စိုးရိမ်တကြီးဖြင့် အမြန်ဖြတ်ပြောသည်။
" အစ်ကိုဝမ်းကွဲ၊ ဒီတစ်ခါက လူကြီးမင်းယဲ့ဖန် အကြောင်းပါ .... "
ကုန်းရှန်းဟုန်ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည်။
" ယဲ့လူကြီးမင်းက ဘာဖြစ်တာလဲ။ မင်းဘာလို့ ယဲ့လူကြီးမင်းနဲ့ ရှိနေရတာလဲ။ ယဲ့လူကြီးမင်းကို စော်ကားမော်ကား လုပ်မိလိုက်တာလား "
သူက မေးခွန်းအနည်းငယ်ကို ဆက်တိုက်မေးလာသည်။
" မဟုတ်ဘူး၊ အဲ့တာက ယဲ့လူကြီးမင်းနဲ့ နျုံစစ်သွမ်းတို့ အကြောင်းပါ ....... "
ထို့နောက် ကုန်းပင်းက အဖြစ်အပျက်တွေကို အတိုချုံး ပြန်ပြောပြသည်။
ကုန်းရှန်းဟုန် အံ့သြလွန်းလို့ အကြာကြီး စကားမပြောနိုင်တော့ပေ။
ယဲ့ဖန်နဲ့ နျုံစစ်သွမ်းတို့က ထိပ်တိုက် တွေ့ကြတာလား။
ဒါက မားစ်ဂြိုဟ်နဲ့ ကမ္ဘာ တိုက်မိတာလောက်ထိ ကိစ္စကြီးတယ်။
ကုန်းပင်းပြောသည့်စကားအရ နျုံစစ်သွမ်းက ဒီနေ့ညအတွက် သေချာ ပြင်ဆင်လာခဲ့ပုံရသည်။ ဒီတစ်ခါတော့ ယဲ့လူကြီးမင်း ဒုက္ခရောက်သွားနိုင်လိမ့်မည်။
အဲ့တာကိုတွေးပြီး ဖုန်းကို အမြန်ချလိုက်သည်။
အဝတ်အစားလဲဝတ်ပြီး ထွက်လာတာ လိပ်စာမှတ်တမ်းစာအုပ်ကို လှန်လိုက်သည်။
လင်းယွမ်အိမ်ခြံမြေ။
ချန်းရွှမ်သည် ကုမ္ပဏီရှိ ထိပ်တန်းအရာရှိများအားလုံးနှင့်အတူ အစည်းအဝေးတစ်ခုပြုလုပ်ရန် စုဝေးနေကြသည်။
ကျုံးဟိုင်မြို့၏ လောင်ချန်းခရိုင်မှ ပရောဂျက်ကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ပေမယ့် ဒါက အစပဲရှိသေးပြီး နောက်ဆက်တွဲ အလုပ်တွေက ပိုပိုပြီး ရှုပ်ထွေးလေသည်။
အလယ်မှာ အမှားအယွင်းရှိသွားလို့ မဖြစ်ပေ။
ဒီလိုမှမဟုတ်ရင် သူတို့ လုပ်ခဲ့ရတဲ့ ကြိုးစားမှုတွေ အားလုံးက အလဟသ ဖြစ်သွားပေလိမ့်မည်။
အစည်းဝေးက အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်လာချိန်မှာဘဲ ကုန်းရှန်းဟုန်က ချန်းရွှမ်ဆီကို ရုတ်တရက် ဖုန်းခေါ်လာသည်။
ချန်းရွှမ်နဲ့ ကုန်းရှန်းဟုန်တို့က ဖုန်းခေါ်ရလောက်တဲ့အထိ မရင်းနှီးပေ။ အခု သူမဆီကို ဘာကြောင့် ရုတ်တရက် ဖုန်းဆက်တာလဲဆိုတာ သူမ နားမလည်ဖြစ်နေသည်။
သို့သော် ချီတုံချတုံဖြစ်ပြီးတဲ့နောက် သူမ နောက်ဆုံးမှာတော့ ဖုန်းကို လက်ခံဖြေကြားလိုက်သည်။
ဘာလို့လဲဆိုတာကို ချန်းရွှမ် မမေးရသေးခင်မှာဘဲ ကုန်းရှန်းဟုန်၏ စိုးရိမ်နေတဲ့အသံကို သူမကြားလိုက်ရသည်။
" ယဲ့ဖန် ဒုက္ခရောက်နေပြီ "
ချန်းရွှမ်သည် သူမထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်သည်။
အထက်အရာရှိများအားလုံး အံ့အားသင့်သွားကြသည်။
ဥက္ကဌချန်းက ခုနကလေးတင် ပြုံးနေတာလေ။
သူ့အမူအရာက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။
ဒီပရောဂျက်မှာ တစ်ခုခု ဖြစ်သွားလို့လား။
" ဒီနေ့ အစည်းအဝေးအတွက် ဒီလောက်ပါပဲ။ ကျွန်မ လုပ်စရာရှိသေးလို့ အရင်သွားရမယ် "
ချန်းရွှမ်က ပြေးရင်းနဲ့ ပြောလိုက်သည်။
သူမ အလျင်လိုနေတာကြောင့် တံခါးဝမှာတောင် ခြေကျင်းဝတ်ခေါက်လဲသွားပေမယ့် သူမ ဂရုမစိုက်ပေ။
သူမက ဆက်ပြေးလွှားသွားခဲ့သည်။
အားလုံးက တစ်ယောက်ကို တစ်ယောက် အံ့သြတကြီး ကြည့်နေကြသည်။
သူတို့တွေအများစုက လင်းယွမ်အိမ်ခြံမြေကို စတင်တည်ထောင်ကတည်းက ချန်းရွှမ်နောက်ကို လိုက်ခဲ့သော အကြီးအကဲများဖြစ်သည်။ သူတို့ရှေ့တွင် ချန်းရွှမ်က အမြဲတမ်း တည်ငြိမ်အေးဆေးတတ်သူတစ်ယောက်၏ ပုံစံကိုသာပြသသူ ဖြစ်သည်။
သူမအရှေ့တွင် ဧဝရတ်တောင်ပြိုကျလာလျှင်တောင်မှ သူမ၏ အမူအရာက ပြောင်းလဲသွားမည်မဟုတ်တဲ့ စစ်သူကြီးတစ်ယောက်လို အသွင်အပြင်ရှိလေသည်။
သူမ ဒီလောက်ထိ ပျာယာနေတာကို မမြင်ဖူးပေ။
အတိအကျ ဘာဖြစ်သွားတာလဲ။
ကောင်းကင်ကြီး ပြိုကျတော့မှာလား။
အပိုင်း ( ၃၆၂ )
ဘယ်လိုလုပ်ပြီး ခွေးကို ဝင်ခွင့်ပြုထားတာလဲ
ထိုအချိန် ကျုံးဟိုင်လေဆိပ်တွင်။
ဟွမ်းကျီယွမ်သည် လေယာဉ်၏ ပထမတန်းစား အခန်းထဲတွင် ထိုင်နေပြီဖြစ်သည်။
ယွမ်းဖန်ဝမ်းချန် အိမ်ခြံမြေကုမ္ပဏီတွင် အလွန်အရေးကြီးသော ပရောဂျက်တစ်ခုရှိနေပြီး အဲ့တာအတွက် ဥရောပသို့ တစ်ပတ်ကြာ အလုပ်ခရီး သွားရောက်ရန် လိုအပ်နေသည်။
သူတို့ဘက်က ထိုဖောက်သည်နှင့် တစ်နှစ်ခွဲကျော် စကားပြောဆို ညှိနှိုင်းခဲ့ရပြီး အခုအခါက အလွန်အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အမှားလုပ်မိလို့ လုံးဝမဖြစ်ပေ။
ဟွမ်းကျီယွမ်က တစ်ဖက်သူရဲ့ အချက်အလက်တွေကို ထုတ်ယူပြီး လေယာဉ်ပေါ်မှာ ထပ်လေ့လာဖို့ ပြင်နေချိန်မှာဘဲ သူ့ဖုန်းက ရုတ်တရက် ထမြည်လာသည်။
ခေါ်ဆိုသူနာမည်က ကုန်းရှန်းဟုန် ဖြစ်ကြောင်းပြသနေခဲ့သည်။
ထိုအချိန်တွင် ချောမောလှပသော လေယာဉ်မယ်တစ်ဦးက ဖြတ်လျှောက်လာသည်။
" လူကြီးမင်း၊ ကျွန်မတို့လေယာဉ်က ပျံသန်းတော့မှာပါ။ ဖုန်းကို လေယာဉ်ပျံသန်းမှုမုဒ်ကို ပြောင်းပေးဖို့ မေတ္တာရပ်ခံပါတယ် "
ဟွမ်းကျီယွမ်က ယဉ်ယဉ်ကျေးကျေး ခေါင်းငြိမ့်ပြပြီး ဖုန်းကို ချလိုက်သည်။
သူ့ဖုန်းကို လေယာဉ်ပျံမုဒ်သို့ ပြောင်းတော့မယ့်အချိန်မှာဘဲ စာမက်ဆေ့ခ်ျတစ်စောင် ရောက်လာသည်။
[ ယဲ့ဖန် ဒုက္ခရောက်နေတယ်။ တွေ့ရင် ချက်ချင်း ပြန်အကြောင်းကြားပါ ]
မက်ဆေ့ချ်ရဲ့ အကြောင်းအရာကို မြင်လိုက်ရတဲ့အခါ ဦးနှောက်တွေပါ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။
သူ ထိုင်ခုံမှ အမြန်ထရပ်ပြီး ထွက်လာခဲ့သည်။
" လူကြီးမင်း၊ လေယာဉ်က တက်တော့မှာပါ။ ကျေးဇူးပြုပြီး ထိုင်ခုံမှာ ပြန်ထိုင်ပေးပါ ...... "
လေယာဉ်မယ်လေးက သူ့ကို အမြန် သတိပေးလိုက်သည်။
" ငါ လေယာဉ်ပေါ်က ဆင်းချင်တယ်၊ အခု ချက်ချင်း "
.........................
ကျုံးဟိုင်တိုက်ကွန်းကလပ်။
ဝမ်ထင်းကွမ်းသည် နိုင်ငံရေးနှင့် စီးပွားရေးလောကမှ ထိပ်ထိပ်ကြဲများစွာဖြင့် စားသောက်နေသည်။
သူ ဒီနေ့ပွဲ ဖြစ်မြောက်အောင် စီစဉ်ဖို့ များစွာ ကြိုးစားခဲ့ရသည်။
ဒီလူအုပ်စုကို ကပ်နိုင်သရွေ့ သူ့အတွက် တွက်ဆ မရမယ့် ခွန်အားတွေကို ပိုင်ဆိုင်စေနိုင်မှာဖြစ်သည်။
လူတိုင်းက ခွက်တိုက်နေချိန်မှာဘဲ ဝမ်ထင်းကွမ်း၏ ဖုန်းက ရုတ်တရက် မြည်လာသည်။
ခေါ်ဆိုသူသည် ကုန်းရှန်းဟုန်ဖြစ်ကြောင်း ပြသနေခဲ့သည်။
ဝမ်ထင်းကွမ်း တုံ့ဆိုင်းသွားသည်။
သူက ကုန်းရှန်းဟုန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း အခုဘေးမှာရှိနေတဲ့ အကောင်းကြီးကြီးများက အလွှာပေါင်းစုံမှ ဒိတ်ဒိတ်ကြဲကြီးများဖြစ်သည်။
ဘယ်သူ့ကိုမှ စော်ကားမိလို့ မဖြစ်ပေ။
အတန်ကြာအောင် စဉ်းစားပြီးတဲ့နောက် သူ ဖုန်းချလိုက်သည်။
သူ ဆက်ပြီး ခွက်တိုက်တော့မည့် အချိန်မှာပဲ ကုန်းရှန်းဟုန်က ပို့လိုက်တဲ့မက်ဆေ့ခ်ျကို သူတွေ့လိုက်ရသည်။
[ ယဲ့ဖန် ဒုက္ခရောက်နေတယ်။ တွေ့ရင် ချက်ချင်း အကြောင်းပြန်ပါ ]
ဝမ်ထင်းကွမ်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားရသည်။
စုဝေးနေကြတဲ့သူတွေကိုတောင် ရှင်းပြဖို့ သူ ဂရုမစိုက်နိုင်တော့ပေ။
သူက ချက်ချင်း ဖုန်းပြန်ခေါ်လိုက်သည်။
အားလုံးက သူ့ကို အံ့သြစွာ ကြည့်နေကြသည်။
အကောင်ကြီးအချို့က သူတို့၏မျက်နှာပေါ်တွင် မကျေနပ်မှုကို ပြသနေခဲ့ကြသည်။
ဝမ်ထင်းကွမ်း အကြောင်းစုံကို သိပြီးတဲ့နောက် ဖုန်းကို ချလိုက်သည်။
" တောင်းပန်ပါတယ်၊ အားလုံးဘဲ။ ကျွန်တော့်မှာ အရေးတကြီး လုပ်စရာရှိလို့ပါ။ ကျေးဇူးပြုပြီး၊ ခွင့်ပြုကြပါဦး "
စကားပြောနေရင်းနဲ့ သူ့လက်ထောက်ဘက်ကို လှည့်ကြည့်လိုက်သည်။
" သူတို့တွေကို ကောင်းကောင်း ပြုစုရမယ်။ စရိတ်စကတွေ အားလုံးကို ငါတာဝန်ခံတယ် "
ထိုသို့ပြောပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။
ကျန်ခဲ့တဲ့လူတိုင်းက မကျေမနပ်ဖြစ်နေခဲ့ကြသည်။
ဒီညစာစားပွဲကို မင်းစီစဉ်ခဲ့တာလေ။
ဒါပေမယ့် မင်းကဘဲ အရင်ထွက်ပြေးတာတဲ့လား။
လက်ထောက်တစ်ယောက်နဲ့ ငါတို့ကို ပစ်ထားခဲ့ဖို့ လုပ်သွားတာဆိုတော့ မင်း ငါတို့ကို အထင်သေးနေတာလား။
.................................
Sotheby's လေလံကုမ္ပဏီ၊ ကျုံးဟိုင် ဌာနခွဲ။
ယနေ့ညတွင် အကြီးစားလေလံပွဲတစ်ခုကို ကျင်းပနေသည်။
ထိုလေလံပွဲသည် လက်ရှိနှစ်အတွက် ဒုတိယနှစ်ဝက်၏ အကြီးမားဆုံး လေလံပွဲဖြစ်သည်။
လေလံတင်ရောင်းချမည့် အရာအားလုံးက အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။
အခုအကြိမ် လေလံပွဲတွင် ပါဝင်လာသူများသည်လည်း အလွှာပေါင်းစုံမှ လက်ရွေးစင်အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။
လေလံကုမ္ပဏီသည် ဒီပွဲကို အလွန်အလေးထားနေသည်။
အထွေထွေမန်နေဂျာ ချန်းချုံရှန်းသည် လေလံပွဲအတွက် ကိုယ်တိုင်ကိုယ်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ စီစဉ်ခဲ့သည်။
လက်ရှိအချိန်တွင် လေလံတင် ရောင်းချနေသည့် ပစ္စည်းသည် အလွန်တန်ဖိုးရှိသော ရုမီးဖိုဖြစ်သည်။
စျေးနှုန်းက ယွမ်သိန်း ၁၂၀ ကျော်ရောက်နေပြီဖြစ်သည်။
" လူကြီးမင်းအမှတ်(၆၃)က လေလံ သိန်း ၁၂၀ ပေးပါတယ်။ ပိုများတဲ့ လေလံဈေးတွေ ရှိဦးမလား "
" သန်း ၁၂၀ တစ်ကြိမ် "
" သန်း ၁၂၀ နှစ်ကြိမ် "
ချန်းချုန်ရှန်း၏ အကြည့်က လူအုပ်ကြားထဲကို ဖြည်းညှင်းစွာ ရှပ်ပြေးသွားသည်။
လူတိုင်းက သူတို့အတွေးတွေကို သူ့အကြည့်မှ ပြေးမလွတ်နိုင်ကြပေ။
ထိုအချိန်မှာဘဲ ချန်းချုန်ရှန်း၏အိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် တုန်ခါလာသည်။
သူ လျစ်လျူရှုလိုက်သည်။
တစ်ခါခေါ်ပြီးရင် တစ်ဖက်က ရပ်သွားလိမ့်မယ်လို့ သူထင်ခဲ့သည်။
တစ်ဖက်က သူ့ကို တစ်ခါပြီး တစ်ခါ ဆက်တိုက် ခေါ်နေမယ်လို့တော့ မမျှော်လင့်ထားပေ။
သူ့ဖုန်းက ထပ်တလဲလဲ တုန်ခါနေသည်။
လျစ်လျူရှုထားပေမဲ့ ဖုန်းတုန်နေသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
သူ့ဖုန်းကို ကြောင်အစွာဖြင့် ထုတ်ယူလိုက်သည်။
ဖုန်းကို ချလိုက်ဖို့ ပြင်လိုက်ချိန်မှာဘဲ မက်ဆေ့ချ်တစ်ခုကိုတွေ့လိုက်ရသည်။
[ ယဲ့ဖန်ဒုက္ခရောက်နေပြီ၊ ချက်ချင်း ပြန်အကြောင်းကြားဦး ]
သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
မိုက်ကရိုဖုန်းကို စားပွဲပေါ် ပစ်ချလိုက်ပြီး စင်ပေါ်ကနေ လှည့်ထွက်သွားသည်။
စင်ပေါ်နှင့် စင်အောက်ရှိလူတိုင်းက အံ့သြသွားကြရသည်။
ဘာတွေဖြစ်နေတာလဲ။
လေလံပွဲသည် အရေးကြီးဆုံး အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
လေလံတင်တဲ့ဘက်က ရုတ်တရက် နုတ်ထွက်သွားတာလား။
လေလံပွဲသမိုင်းမှာ ဒါက ပထမဆုံးအကြိမ်ဘဲ၊ ဟုတ်တယ်မလား။
ကျုံးဟိုင်တွင် မရေမတွက်နိုင်သော အလားတူ ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့သည်။
ဒီညက မုန်တိုင်းထန်တဲ့ညဖြစ်ဖို့များ ရည်မှန်းထားတာလား။
ဝမ်ကျန်းစားသောက်ဆိုင်တွင် ဇိမ်အရှိဆုံး သီးသန့်ခန်းဖြစ်သည့် ဧကရာဇ်နန်းတော်တွင် လူများစွာဖြင့် ပြည့်နှက်နေသည်။
အားလုံးနီးပါးက ကျုံးဟိုင်မြို့က နာမည်ကြီးသူတွေချည်းဖြစ်သည်။
သူတို့ထဲမှ အချို့က ကျုံးဟိုင်၏ ဟူရန်လူချမ်းသာစာရင်းမှ ထိပ်တန်း ၂၀ စာရင်းဝင်ကြသူများပင် ပါဝင်ခဲ့သည်။
နျုံစစ်သွမ်းကတော့ သေချာပေါက် ပင်မထိုင်ခုံတွင် ထိုင်နေသည်။
သူ့လက်ထဲတွင် စိတ်ပုတီးကို စိတ်နေသည်။
သူ့မျက်နှာတွင် အန္တရာယ်ကင်းတဲ့ အပြုံးတစ်ခုရှိသည်။
ဘုရားတစ်ဆူလို အေးချမ်းနေပုံရသည်။
ဒီလူတွေထဲက တစ်ယောက်ချင်းစီတိုင်းက နယ်ပိုင်းတစ်ခုတိုင်းကို လွှမ်းမိုးနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြသည်။ သူတို့အားလုံး ပေါင်းစုံနေတဲ့အခါ ဖိအားများက နှိုင်းယှဉ်လို့တောင်မရပေ။
လင်းကျွင်းကျွင်း၊ ကုန်းပင်း၊ ကောင်းကျင်းရှီနှင့် သူတို့နောက်သို့ လိုက်လာသော အခြားသူများက အခန်းထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် မမြင်နိုင်သော ဖိအားကို ခံစားမိလိုက်သည်။
လူတော်တော်များများက သူတို့ရဲ့ ဒူးများ ပျော့ခွေသွားသည်ဟု ခံစားမိလိုက်ပြီး ကောင်းကောင်းပင် မတ်တပ် မရပ်နိုင်ကြတော့ပေ။
သို့ပေမယ့် ယဲ့ဖန်ရဲ့ အမူအရာကတော့ ပုံမှန်ဘဲဖြစ်သည်။
ဧကရာဇ်နန်းတော်ထဲသို့ ဝင်လာပြီးနောက် သူ့ ပထမဆုံးအကြည့်က ချက်ချင်း ပင်မထိုင်ခုံတွင် ထိုင်နေသော လူအပေါ်သို့ ရောက်သွားသည်။
ထိုလူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားမိသည်။
ဒီလူက ရှေးဟောင်းပစ္စည်းလမ်းမှာတုန်းက ကားဘေးကနေ ဖြတ်သွားတဲ့သူ မဟုတ်လား။
ထိုအေးစက်သောအကြည့်များကို သူ ဘယ်တော့မှ မမေ့နိုင်ပေ။
မမျှော်လင့်ဘဲ၊ ထိုလူက နျုံစစ်သွမ်း ဖြစ်နေသည်။
နျုံစစ်သွမ်းကလည်း သူ့ကို အကဲခတ်ကြည့်လိုက်သည်။
" မင်းက ယဲ့ဖန်လား။ ထင်ထားတာထက် ငယ်သေးတာဘဲ "
ယဲ့ဖန်က နျုံစစ်သွမ်းနှင့် ဆန့်ကျင်ဘက်ထိုင်ခုံသို့ လျှောက်သွားသည်။
ထိုင်ခုံပေါ်မှလူကို ဆွဲထုတ်ပြီး ဝင်ထိုင်လိုက်သည်။
" ခင်ဗျားက နျုံစစ်သွမ်းလား။ ထင်ထားတာထက်တောင် အသက်ပိုကြီးတာဘဲ "
အဲ့စကားကို လူတိုင်းက ကြားလိုက်တဲ့အခါ သူတို့ရဲ့အမူအရာတွေက တစ်ချိန်တည်းမှာဘဲ သိသိသာသာ ပြောင်းလဲသွားကြသည်။
နျုံစစ်သွမ်းသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ စီးပွားရေးလောကတွင် အရေးပါပြီး အင်အားတောင့်သော အနေအထားတစ်ခုရှိသူဖြစ်သည်။
ကျုံးဟိုင်က စီးပွားရေးသူရဲကောင်းတွေ တစ်ချို့ကိုတောင် သူက အမိန့်ပေးနိုင်တဲ့သူဖြစ်သည်။
အဲ့တာကိုတောင် ဒီလူငယ်က နျုံလူကြီးမင်းကို ဒီလိုလေသံနဲ့ ပြောရဲတာလား။
နျုံစစ်သွမ်းက သူ့မျက်နှာမှာ ဘာခံစားချက်မှ မပြပေ။
သို့ပေမယ့် သူ့အနောက်မှာ ရပ်နေတဲ့ လူတစ်ယောက်က အော်ပြောလိုက်သည်။
" မာနကြီးပြီး မိုက်မဲလိုက်တဲ့ကောင်၊ နျုံလူကြီးမင်းနဲ့တွေ့ပြီးတာတောင် မင်းက ဒီလိုဆက်ပြီး မာနကြီးရဲတဲ့ သတ္တိရှိသေးတာလား။ မင်းက သေဖို့ စဉ်းစားနေတာဘဲ "
ထိုလူက အသက်လေးဆယ်လောက် အရွယ်ရှိပြီး သူ့မျက်နှာမှာ အမာရွတ်ကြီးတစ်ခုရှိသည်။
အမာရွတ်က မျက်လုံးထောင့်မှ ပါးစပ်ထောင့်အထိ ဖြစ်နေကာ မြင်ရတာ အတော်လေး ထိတ်လန့် ကြောက်ရွံစရာကောင်းလေသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ ရဲရင့်သော ကိုယ်ရောင်ဝါကလည်း အတော်လေး မြင်သာလေသည်။
သတ္တိနည်းတဲ့သူတွေက သူ့ကို ကြည့်မိတာနဲ့ ကြောက်လွန်းလို့ ဘောင်းဘီထဲက သေးထွက်ကျမတတ် ဖြစ်သွားနိုင်သည်။
ယဲ့ဖန်က နားရွက်ကို ကိုင်ပြီး လင်းကျွင်းကျွင်းကို လှည့်ကြည့်လိုက်သည်။
" အခု ခွေးဟောင်သွားတာလား။ ဝမ်ကျန်းက အရမ်းအဆင့်မြင့်ပြီး တန်ဖိုးကြီးတဲ့ နေရာတစ်ခုဖြစ်ပြီးတော့ ဘယ်လိုလုပ် ခွေးကို ဝင်ခွင့်ပေးထားတာလဲ "
ယဲ့ဖန်က ထိုစကားကိုပြောတဲ့အခါ လူတိုင်းက အရမ်းကို တုန်လှုပ်သွားကြသည်။
ဒီယဲ့ဖန်ဆိုတဲ့ကောင်က အရမ်းမောက်မာနေတာမဟုတ်ဘူးလား။
သူက တကယ်ပဲ နျုံစစ်သွမ်းကိုတောင် စိတ်ထဲမထည့်ဘူးလား။
အပိုင်း ( ၃၆၃ )
သေမှာမကြောက်ရင် ရှေ့တက်ခဲ့
ယဲ့ဖန်က ထိုအမာရွတ်မျက်နှာနဲ့လူကို 'ခွေး' ဟု ခေါ်သံကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
ထိုလူကို ကျန်းပင်းကွန်းဟုခေါ်သည်။
ပထမတော့ သူက ဂိုဏ်းတစ်ခုမှဖြစ်ပြီး တစ်ချိန်က အခြားဂိုဏ်းတစ်ခုနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ဓားကိုင်ပြီး သွေးစွန်းတဲ့လမ်းကြောင်းကို လျှောက်ခဲ့သူဖြစ်သည်။
နောက်ပိုင်းတွင် သူ နှစ်အနည်းငယ် ထောင်ကျသွားခဲ့သည်။
ထောင်မှ ပြန်လွတ်လာပြီးနောက် အခွင့်အရေးရကာ နျုံစစ်သွမ်းနောက်ကို လိုက်ခဲ့သည်။
သူက နျုံစစ်သွမ်းနှင့် ပတ်သက်သည့် အမှောင်ထဲက ကိစ္စများကို ကိုင်တွယ်ရန် တာဝန်ရှိလေသည်။
သူ့ကို နျုံစစ်သွမ်း၏ နံပါတ်တစ် တိုက်ခိုက်ရေးသမားအဖြစ် သတ်မှတ်မယ်ဆိုလည်း မမှားပေ။
နျုံစစ်သွမ်းကလည်း သူ့ကို အရမ်းယုံကြည်သည်။
ထို့ကြောင့် နျုံစစ်သွမ်းက ဘယ်ကိုဘဲ သွားသွား သူ့ကို ခေါ်ဆောင်သွားလေ့ရှိသည်။
" ခွေးသားလေး၊ မင်းကို နျုံလူကြီိးမင်းက ခွက်တိုက်ဖို့ ဖိတ်ခေါ်တာနဲ့တင် မျက်နှာသာပေးရာရောက်နေပြီ။ မင်းကိုယ်မင်း တကယ်ပဲ အရေးပါတယ်လို့ ထင်နေတာလား "
ထို့နောက် ကျန်းပင်းကွန်းက ဒေါသတကြီးဖြင့် ချက်ချင်း လက်ကို ဝေ့ယမ်းလိုက်သည်။
" ဒီကလေးကို ရှင်းထုတ်လိုက် "
သူ့အမိန့်ကို ကြားပြီးတဲ့နောက် အနက်ရောင် နေကာမျက်မှန် ၀တ်ထားတဲ့ လူတချို့က အပြင်ကနေ ချက်ချင်း ပြေးဝင်လာကြသည်။
သူတို့အားလုံးတွင် ရဲရင့်သော ကိုယ်ရောင်ဝါရှိကြသည်။
အားလုံးက ချက်ချင်း တုန်လှုပ်သွားကြသည်။
သူတို့အားလုံးက နျုံစစ်သွမ်းကို ကြည့်နေကြသည်။
သူက ယဲ့ဖန်ကို ချက်ချင်း အမြစ်ဖြုတ်တော့မှာလား။
နျုံစစ်သွမ်းက ယဲ့ဖန်ကို သူ့မျက်နှာမှ အပြုံးမပျက် ကြည့်လိုက်သည်။
" ဒီက ညီအစ်ကိုက စိတ်ဆိုးလွယ်တတ်လို့ပါ။ ဒီက ယဲ့လူကြီးမင်း ကြောက်များသွားသေးလား "
ယဲ့ဖန်က သူ့ရှေ့က လက်ချောင်းတွေကို အလုပ်ပေးလိုက်ပြီး မုန့်ကို ယူကိုက်လိုက်သည်။
" ပိုင်ရှင်ကိုတောင် မကြောက်တာ ဘာလို့ ခွေးကို ကြောက်နေရမှာလဲ "
နျုံစစ်သွမ်း ပုတီးစိတ်နေတာက ရပ်တန့်သွားပြီး လူသတ်လိုတဲ့ အခိုးအငွေ့တွေက သူ့မျက်လုံးထဲမှာ ဖြတ်ခနဲလက်သွားသည်။
သို့သော် ခဏအကြာမှာဘဲ သူ့နဂိုအပြုံးအတိုင်း ပြန်လည် ပြုံးထားလိုက်သည်။
" မင်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့လူလို့ ငါထင်တယ်။ မင်းနဲ့ အရက်သောက်ဖို့ ဖိတ်ချင်ရုံတင်ကို မင်းက ဘာလို့ဒီလောက်တောင် ရန်လိုနေရတာလဲ "
နျုံစစ်သွမ်းက ပြောရင်း ခုံနောက်သို့ မှီလိုက်သည်။
" ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ့ ညီအစ်ကိုကို တောင်းပန်လိုက်ရင် ဒီကိစ္စကို ပြီးသွားစေရမယ် "
ယဲ့ဖန်သည် ထိုစကားကိုကြားသောအခါ သူ မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။
ဒီနျုံစစ်သွမ်းက သူ့ကို တမင် ခွန်အားပြချင်နေတာ ထင်ရှားသည်။
ထို့ကြောင့် သူ့လက်အောက်ငယ်သားကို တမင်တကာ သွေးဆူအောင် လုပ်ခိုင်းနေတာဖြစ်သည်။
ပြီးကျတော့ သူ့ကို အခု တောင်းပန်စေချင်နေသည်။
ယဲ့ဖန်သာ တကယ်တောင်းပန်လိုက်ရင် နျုံစစ်သွမ်းရှေ့မှာ ဘယ်တော့မှ ခေါင်းထောင်နိုင်မှာ မဟုတ်တော့ပေ။
" သူ့ကို တောင်းပန်ရမှာလား။ သူက ထိုက်တန်လို့လား "
တကယ်တော့ ဖန်းရှောင်ကွန်းနှင့် ရွှယ်ရှန်းသုန်းတို့က ယဲ့ဖန် အရှုံးကိုဝန်ခံပြီး တောင်းပန်မှာကို စိုးရိမ်နေခဲ့ကြသည်။
အဲ့လိုသာဆို သူတို့ ပွဲကြီးပွဲကောင်းကို ကြည့်နိုင်မှာ မဟုတ်တော့ဘူး။
ဒါပေမဲ့ ယဲ့ဖန်ရဲ့ မောက်မာခက်ထန်သော စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ စိတ်ထဲမှ ကြိတ်လှောင်လိုက်ကြသည်။
ဒီကောင်က တကယ်ခေါင်းမာတာဘဲ။
သူ ဘယ်လိုသေမလဲဆိုတာ သူတို့ စောင့်ကြည့်ကြရုံဖြစ်သည်။
တစ်ဖက်မှာတော့ ကျန်းပင်းကွန်းက လုံးဝကို ဒေါသထွက်နေပြီ ဖြစ်သည်။
" မင်းတို့အားလုံး အဲ့ဒီမှာ ဘာရပ်နေတာလဲ။ အဲ့ဒီ မာနကြီးပြီး မိုက်ရိုင်းနေတဲ့ ကောင်ကို ရှင်းလိုက်ကြစမ်း "
ထိုတစ်ကြိမ်မှာတော့ နျုံစစ်သွမ်းက ဘာစကားမှ ထပ်ဝင်မပြောတော့ပေ။
အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ လူအနည်းငယ်က ယဲ့ဖန်ဆီကို ချက်ချင်း ချဉ်းကပ်လာကြသည်။
အခန်းတွင်းလေထုက ရုတ်တရက် တင်းမာလာတော့သည်။
အားလုံးက ယဲ့ဖန်ကို စူးစူးရဲရဲ ကြည့်နေကြသည်။
" ဒီကလေးက တကယ်ကို မာနကြီးတာဘဲ။ ဘာလို့ နျုံလူကြီးမင်းရှေ့မှာတောင် ဟန်ဆောင်နေရတာလဲ "
" ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်လာတဲ့ လူငယ်တွေက ဒီလိုပါပဲ။ သူတို့က အောင်မြင်မှုလေး နည်းနည်းရတာနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ကွာခြားမှုကို မသိကြတော့ဘူး "
" သင်ခန်းစာပေးသင့်တယ်။ အဲ့တာမှ နောက်ဆို မာန မကြီးရဲမှာ "
" တကယ်လို့ ဒီလိုမျိုး တန်းအရှင်းခံလိုက်ရတာဆို အရမ်းရှက်စရာကောင်းမှာ။ နောက်ဆို သူက ကျုံးဟိုင်ရဲ့ အလှောင်ခံလေးဖြစ်လိမ့်မယ် "
" အဲ့တာ သူ့အပြစ်ဘဲ မဟုတ်လား "
အားလုံးရဲ့ လှောင်ပြောင်သံတွေကို ကြားရတဲ့အခါ
ကုန်းပင်း၊ ကောင်းကျင်းရှီ၊ လင်းကျွင်းကျွင်း နှင့် အခြားသူများ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
" ယဲ့လူကြီးမင်း၊ မြန်မြန် တောင်းပန်လိုက်လေ။ တောင်းပန်ပြီးတာနဲ့ ဒီကိစ္စက ပြီးသွားနိုင်တယ် "
" ဟုတ်တယ်၊ ပညာရှိဆိုတာက ဘယ်အချိန် နောက်ဆုတ်ပေးရမယ်ဆိုတာ သိရတယ်။ အခု မင်းတို့က သူတို့နယ်မြေထဲ ရောက်နေတော့ အရှုံးပေးလိုက်တာ ပိုကောင်းတယ် "
" ယဲ့ဖန်၊ ဒီအချိန်မှာ ကိုယ့်ကိုကိုယ် အတင်းကြီး မာနရှေ့တန်းတင်မနေနဲ့ "
ယဲ့ဖန်က သူတို့ရဲ့ တက်ကြွနေတဲ့ အကြံဉာဏ်တွေကို နားထောင်ပြီး မတုန်မလှုပ်ဘဲ ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်သည်။
ယဲ့ဖန်က သူ့နားကို ချဉ်းကပ်လာတဲ့ သက်တော်စောင့်တွေကို အေးစက်စွာပြောလိုက်သည်။
" ခင်ဗျားတို့ကို ကြင်နာသနားတဲ့ အနေနဲ့ သတိပေးမယ်။ ကျွန်တော့်ရဲ့ တိုက်ခိုက်မှုတွေက တော်တော်လေး ပြင်းထန်တယ်နော်။ ခင်ဗျားတို့ သေမှာမကြောက်ရင်တော့ ထွက်လာခဲ့ "
ကျန်းပင်းကွန်းသည် ထိုစကားကိုကြားသောအခါ ရယ်မောလိုက်သည်။
" မင်းက သေခါနီးနေတာတောင် ခေါင်းမာရဲသေးတာလား။ ချကြစမ်း "
အနက်ရောင် ၀တ်ထားသော ယောက်ျားတစ်အုပ်ကလည်း ဒေါသတကြီး ဖြစ်လာကြသည်။
ဒီကလေးက သူတို့ကို ခြိမ်းခြောက်ဖို့တောင် သတ္တိရှိတာလား။
သေချင်နေတာဘဲ။
သူတို့က ချက်ချင်း ရှေ့ကို တိုးကပ်လာကြသည်။
ဒီလူအားလုံးက နျုံစစ်သွမ်း၏ ကိုယ်ရံတော်များဖြစ်ကြသည်။
သူတို့အားလုံးရဲ့ အဆင့်က အတော်လေးမြင့်သည်။
သူတို့က အတော်လေးလည်း လျင်မြန်သည်။
သတ်လိုစိတ် အပြည့်ဖြစ်နေတဲ့ လူငါးယောက်၊ ခြောက်ယောက်လောက်က အပြေးလာသည်။
ရှိနေတဲ့သူအားလုံးက ယဲ့ဖန် ဖြစ်သွားမည့်ပုံစံကို တွေးတောင် မတွေးရဲကြပေ။
သို့ပေမဲ့ နောက်ဆက်ဖြစ်လာတဲ့ အဖြစ်အပျက်များက သူတို့အားလုံးကို လုံးဝ အံ့သြသွားစေခဲ့သည်။
ယဲ့ဖန်သည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်ပြီး လုံးဝမလှုပ်ပေ။
ထိုအခိုက်တွင် အနက်ရောင်ဝတ်စုံနဲ့ ကိုယ်ရံတော်တစ်ယောက်က ယဲ့ဖန်၏လက်ကို ရုတ်တရက် ဖမ်းလိုက်ကာ သူ့ကို ချုပ်လိုက်ရန် ကြိုးစားသည်။
သို့သော် အနက်ရောင်ကိုယ်ရံတော်က ဘာမှမလုပ်နိုင်ခင်မှာဘဲ ယဲ့ဖန်၏လက်က သူ့ထက်အရင် လျှပ်စီးလက်သလို ဆန့်ထွက်လာသည်။
ယဲ့ဖန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဆွဲလိုက်သည်။
ကြားရသူတိုင်းကို သွားကျဉ်စေလောက်တဲ့အထိ ပြင်းထန်သော ကျိုးသံတစ်ခု ထွက်ပေါ်လာသည်။
သက်တော်စောင့်၏လက်က ပြင်းထန်စွာ ကျိုးသွားပြီး ပုံပျက်တဲ့အထိ ဖြစ်သွားပေမယ့် ယဲ့ဖန်က သူ့လက်ကို လွှတ်မပေးသေးပေ။
ထို့နောက် အဲ့သက်တော်စောင့်လက်ကို စားပွဲပေါ် ဖိချလိုက်သည်။
ယဲ့ဖန်သည် ဘေးနားက တူနှစ်ချောင်းကို ယူလိုက်ပြီး လက်ပေါ်ကိုစိုက်ကာ စားပွဲပေါ်ဖိချလိုက်သည်။
" အား ...... "
အနက်ရောင် ဝတ်ဆင်ထားတဲ့ သက်တော်စောင့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သွေးပျက်ကာ မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုမြင်ကွင်းကို အားလုံးက မြင်လိုက်ရတော့ သူတို့မျက်နှာတွေ ကြောက်လွန်းလို့ ဖြူဖျော့သွားတော့သည်။
ဒီလူငယ်လေးက အရမ်းသန်မာနေမယ်လို့ ထင်မထားပေ။
သူ့နည်းလမ်းတွေက ရက်စက်လွန်းသည်။
ဒါက အတော်လေးကို ကြောက်ရွံ့တုန်လှုပ်စရာကောင်းသည်။
နျုံစစ်သွမ်းနှင့် ကျန်းပင်းကွန်းသည်လည်း အနည်းငယ် အံ့သြသွားသည်။
သူတို့သည် အစက ယဲ့ဖန်ကို သူတို့၏အစွမ်းကို ပြသလိုခြင်းသာ ဖြစ်သည်။
သူ့ရဲ့ မောက်နေတဲ့ဂုဏ်ကို အမြစ်ဖြတ်ပစ်ချင်တာဖြစ်သည်။
ဒါပေမဲ့ ယဲ့ဖန်က သူတို့ သက်တော်စောင့်ကို ဒီလောက်ထိ ပြန်လုပ်နိုင်အောင် သန်မာနေမယ်လို့ မမျှော်လင့်ထားပေ။
" ဒီကလေးက အရမ်းရက်စက်တတ်မှတော့ မင်းတို့လည်း စိတ်ပူစရာမလိုတော့ဘူး။ သူ့ကို သတ်ကြ "
ထိုကိုယ်ရံတော်များက ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းများကြောင့် ထိတ်လန့်နေပြီဖြစ်သည်။
ကျန်းပင်းကွန်း၏ ကြိမ်းမောင်းသံကို ကြားတော့ သူတို့က တုံ့ပြန်ပြီး ယဲ့ဖန်ကို ဆက်လက်တိုက်ခိုက်ကြသည်။
ယဲ့ဖန်စားပွဲပေါ်မှ ငါးဟင်းရည်ပန်းကန်ကို ကောက်ယူပြီး ပစ်လိုက်သည်။
သက်တော်စောင့်တစ်ဦး၏ ဦးခေါင်းကို ဘန်းခနဲ မှန်သွားခဲ့ပြီး ပူနေတဲ့ ငါးဟင်းရည်က သူ့ခေါင်းပေါ်ကို စီးကျလာခဲ့သည်။
ထိုသက်တော်စောင့်က သနားစရာကောင်းစွာဖြင့် လေထဲကို လက်မြှောက်ပြီး ဝေဒနာကို တုန့်ပြန်နေသည်။
ထို့နောက် ယဲ့ဖန်က သူ့ရင်ဘတ်ကို ကန်ထုတ်လိုက်တာကြောင့် ငိုကြွေးမြည်တမ်းပြီး ပြေးထွက်သွားသည်။
ယဲ့ဖန်က လုံးဝ အရှိန်လျှော့မသွားပေ။
သူ့ဘေးက ကုလားထိုင်ကို ဆွဲကိုင်ပြီး ပြင်းပြင်းထန်ထန် လှမ်းပစ်ပေါက်လိုက်သည်။
ဘန်း။
ထိုထိုင်ခုံက အခြားနောက်ထပ် သက်တော်စောင့်တစ်ဦး၏ ခေါင်းကို ထိမှန်သွားသည်။
သစ်သားကုလားထိုင်က တစ်စစီဖြစ်သွားသည်။
သူ့ရဲ့ သွက်လက်မှုနှင့် ရက်စက်မှုတို့က လူတိုင်းကို သတိလက်လွတ်ဖြစ်သွားစေသည်။
ခဏလေးအတွင်းမှာဘဲ သက်တော်စောင့် ခြောက်ယောက်၊ ခုနစ်ယောက်လုံး မြေပြင်ပေါ်မှာ လဲကုန်ကြတော့သည်။
နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်နေသံတို့က တစ်ခန်းလုံး ပဲ့တင်ထပ်နေသည်။
မြေပြင်ပေါ်က ငရဲလိုပဲ။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
သူတို့ရဲ့ မျက်လုံးထဲမှာ အကြောက်တရားကို အတိုင်းသား မြင်နေရသည်။
အရင်ကတော့ ယဲ့ဖန်၏ စီးပွားရေးစွမ်းရည်ကသာ ကောင်းကင်ဘုံကို အံတုနိုင်သည်ဟု သူတို့ထင်ခဲ့ကြသည်။
ငယ်ငယ်လေးဖြစ်ပေမဲ့ ချမ်းသာနေတာကြောင့်ဖြစ်သည်။
သို့ပေမဲ့ ယဲ့ဖန်က ဒီလောက်ထိ ရဲရင့်နေလိမ့်မည်ဟု မထင်ခဲ့ပေ။
နျုံစစ်သွမ်း၏ သက်တော်စောင့်များပင် အထိနာသွားခဲ့သည်။
တိုက်ခိုက်ရေးစွမ်းအားက ထိပ်တန်းအဆင့်ဖြစ်သည်။
နျုံစစ်သွမ်းနှင့် ကျန်းပင်းကွန်းတို့လည်း မယုံကြည်နိုင် ဖြစ်ခဲ့ကြသည်။
ယဲ့ဖန်က ပိုက်ဆံလေး နည်းနည်းရှိပြီး မောက်မာတတ်တဲ့လူငယ်လေးဟုသာ ထင်ခဲ့ကြသည်။
ရက်စက်ကြမ်းကြုတ်တဲ့ စရိုက်ရှိမယ်လို့ သူတို့ မမျှော်လင့်ထားပေ။
ဒီကောင်လေးက ကိုယ်ခံပညာရော စီးပွားရေးမှာပါ တကယ်ကျွမ်းကျင်တာဘဲ။
ဒါကို မထင်ထားဘူး။
အပိုင်း ( ၃၆၄ )
ရူးနေတာလား
လင်းကျွင်းကျွင်း၊ ကုန်းပင်း၊ ကောင်းကျင်းရှီ နှင့် အခြားသူများမှာလည်း မယုံကြည်နိုင်ဖြစ်နေကြသည်။
ယဲ့ဖန်ကတော့ ထိုနေရာမှာဘဲ ငြိမ်သက်စွာ ရပ်နေသည်။
ဂုဏ်ယူဝင့်ကြွားတဲ့ ကိုယ်ဟန်က ထွက်ပေါ်နေခဲ့သည်။
သူ့ခြေထောက်နားတွင် သက်တော်စောင့်တွေက နာကျင်လွန်းလို့ ထပ်ခါထပ်ခါ အော်ဟစ်နေရတာက သူ့ပုံရိပ်ကို ပိုလို့တောင် မြင့်မြတ်စေသည်။
ယဲ့ဖန်က စစ်နတ်ဘုရားလို အသွင်အပြင်နဲ့ ရပ်နေသည်။
ဖန်းရှောင်ကွန်းနှင့် ရွှယ်ရှန်းသုန်းတို့သည် အစကတော့ ဘေးကနေ ယဲ့ဖန်၏ ရှုံးနိမ့်မှုကို မြင်ရမှာထင်ပြီး မာန်တက်နေခဲ့ကြသည်။
ယဲ့ဖန်က စုတ်ပြတ်သတ်သွားအောင်ထိ ရှုံးနိမ့်မယ်လို့ တွေးခဲ့ကြသည်။
ဒီလောက် အပြောင်းအလဲ မြန်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
အဆင့်အတန်းမြင့် သက်တော်စောင့်အဖွဲ့ တစ်ဖွဲ့လုံးကိုပင် သူတစ်ယောက်တည်းနဲ့ ယှဉ်ချခဲ့သည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ နေရာမှာတင် ဒဏ်ရာတစ်ခုမှမရှိဘဲ ရပ်နေသည်။
သူ့ဆံပင် တစ်မျှင်လေးတောင်မှ ညစ်ပတ်မသွားပေ။
လက်ရှိ ယဲ့ဖန်ပုံစံက အလွန်ချောမောနေသည်ဆိုတာကို ဝန်ခံရပေမည်။
ယဲ့ဖန်က သူ့လက်တွေကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး နျုံစစ်သွမ်းဘက်ကို လှည့်ကြည့်လိုက်သည်။
" နျုံလူကြီးမင်း၊ ခင်ဗျား တခြားလုံခြုံရေးကုမ္ပဏီကို ပြောင်းငှားဖို့ စဉ်းစားသင့်တယ်လို့ ထင်တယ်။ ဒီအမှိုက်တွေက ကိုယ့်ဘာကိုယ်တောင် မကာကွယ်နိုင်ကြတာ ခင်ဗျားကို ဘယ်လိုကာကွယ်ပေးမှာလဲ "
နျုံစစ်သွမ်း၏ မျက်နှာတွင် ဘာ အမူအရာမှမရှိပေ။
သို့သော် သူ့ဘေးတွင်ရှိသော ကျန်းပင်းကွန်းကတော့ အလွန်ဒေါသထွက်ကာ သွေးအန်တော့မတတ်ဖြစ်နေသည်။
နျုံစစ်သွမ်းကိုကာကွယ်ရန် ဒီကိုယ်ရံတော်တွေကို သူ ကိုယ်တိုင် ဂရုတစိုက် ရွေးချယ်ခဲ့တာဖြစ်သည်။
အဆုံးမှာတော့ သူတို့အားလုံးက ယဲ့ဖန်တစ်ယောက်တည်းကို အရှုံးပေးသွားခဲ့ရသည်။
သူ့မျက်နှာကို ဘယ်နားမှာ သွားထားရတော့မှာလဲ။
သူ ကိုယ်တိုင် ဝင်ပါတော့မည့် အချိန်တွင် နျုံစစ်သွမ်းက ရုတ်တရက် လှမ်းတားလိုက်သည်။
" သွားစရာ မလိုဘူး။ မင်းက သူ့အတွက်
ပြိုင်ဖက် မဟုတ်ဘူး "
ကျန်းပင်းကွန်းက လက်မခံချင်ပေ။
သို့ပေမယ့် နောက်ဆုံးမှာတော့ ထိုအချက်ကို လက်ခံလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိချေ။
သူက ဂိုဏ်းတစ်ခုမှဖြစ်ပြီး မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခဲ့ရသော်လည်း သူက ဂိုဏ်းအသင်းဝင်ဖြစ်နေဆဲဖြစ်သည်။
သို့ပေမယ့် ယဲ့ဖန်က သူ့ရဲ့ ပြိုင်ဘက်မဟုတ်ကြောင်းကိုတော့ ဝန်ခံရပေမည်။
တစ်ဖက်သူက ကိုယ်ရံတော်တွေကို အားစိုက်ထုတ်စရာတောင် မလိုဘဲ ဖယ်ရှားနိုင်ခဲ့တဲ့အတွက် သူ့ခွန်အားက ကြီးမားလွန်းတယ်ဆိုတာ ထင်ရှားနေသည်။
အခု သူ ရှေ့တက်လိုက်လျှင် သူ့ကိုယ်သူ အရှက်ရအောင်လုပ်သလို ဖြစ်သွားလိမ့်မည်။
ရောက်နေသူအားလုံးက တုန်လှုပ်နေကြသည်။
နျုံစစ်သွမ်းဘက်ကိုတောင် အကြီးကြီး အထိနာအောင် လုပ်နိုင်မှတော့ ဒီ ယဲ့ဖန်ဆိုတဲ့ တစ်ယောက်က တကယ်ကို မိုက်တာဘဲ။
လူတော်တော်များများက စပြီး စဉ်းစားကြတော့သည်။
သူတို့က နျုံစစ်သွမ်း၏ဘက်မှာ ပေါ်ပေါ်ထင်ထင် ရပ်တည်ပြီး ယဲ့ဖန်နှင့် ရန်သူများ ဖြစ်ခဲ့ကြသည်။
ဒါက မှန်လား မှားလား။
" နျုံလူကြီးမင်း၊ ဒီကလေး တော်တော်မောက်မာနေတာကို ကြည့်နေတော့မှာလား "
ကျန်းပင်းကွန်းသည် နျုံစစ်သွမ်းကို ကြည့်လိုက်သည်။
နျုံစစ်သွမ်းသည် သူ့ပုတီးစေ့များကို ပွတ်သပ်နေပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
" စိတ်မပူပါနဲ့၊ တစ်ယောက်ယောက်ကတော့ ငါတို့အတွက် ရှင်းပေးမှာပါ "
ကျန်းပင်းကွန်းက သူ့စကားရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို တွေးတောနေစဉ်မှာဘဲ သီးသန့်အခန်း၏ တံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။
ခပ်ဝဝနဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦး အမြန်ဝင်လာသည်။
ထိုလူသည် မြေပြင်ပေါ်တွင် အော်ဟစ်နေသော သက်တော်စောင့်များကို အရင်ကြည့်လိုက်သည်။
အဲ့ဒီနောက် သူက ယဲ့ဖန်ကို ပြန်ကြည့်သည်။
အဆုံးတွင် သူက စကားတစ်ခွန်းမှ မပြောဘဲ နျုံစစ်သွမ်းဆီသို့ လျှောက်သွားသည်။
" နျုံလူကြီးမင်း၊ ကျွန်တော်က ဝမ်ကျန်းစားသောက်ဆိုင်ရဲ့ အထွေထွေမန်နေဂျာ ဝမ်ဟိုက်ရန်ပါ။ ကျွန်တော်တို့ရဲ့ ဝမ်ကျန်းအိမ်တော်လိုနေရာမျိုးမှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်ရပ်မျိုး ကြုံသွားရတဲ့အတွက် စိတ်မကောင်းပါဘူး။ ထိတ်လန့်စေမိပါပြီ "
နျုံစစ်သွမ်းက သူ့ကို မော့ကြည့်လိုက်သည်။
" အထွေထွေမန်နေဂျာ ဝမ်၊ မင်းရဲ့ ဝမ်ကျန်းမှာ ငါ့လူတွေ အပြင်းအထန် ဒဏ်ရာရသွားတာဆိုတော့ မင်းက ငါ့ကို ရှင်းပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ....... "
ဝမ်ဟိုက်ရန်သည် ထွက်လာတဲ့ ချွေးအေးများကို ချက်ချင်း သုတ်လိုက်သည်။
" နျုံလူကြီးမင်း၊ စိတ်မပူပါနဲ့။ ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု ပေးပါ့မယ် "
သူက ပြောသည့်အတိုင်း ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
" ယဲ့ဖန်၊ မင်းက ငါ့ရဲ့ ဝမ်ကျန်းမှာ လူတွေကို ဒုက္ခပေးပြီး ဒဏ်ရာရအောင် လုပ်ရဲတာလား။ မင်း ငါတို့ ဝမ်ကျန်းကို အထင်သေးနေတာလား "
ယဲ့ဖန် ပြုံးလိုက်သည်။
" ခင်ဗျား မျက်စိကန်းနေတာလား။ သူတို့က ကျွန်တော့်ကို အရင် ရိုက်နှက်တာဆိုတော့ ကျွန်တော်က ဘာလို့ ပြဿနာရှာတဲ့သူ ဖြစ်ရမှာလဲ "
ဝမ်ဟိုက်ရန်၏ အမူအရာ အေးစက်သွားပြီး ဟက်ခနဲလုပ်လိုက်သည်။
" မင်း ဘယ်လိုပဲ ရှင်းပြနေပါစေ မင်းက လူတွေအများကြီးကို နာကျင်စေခဲ့တာက တကယ်ဘဲဆိုတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ "
ယဲ့ဖန်က သူ့ကို မျက်တောင်မခတ် ကြည့်လိုက်သည်။
" ခင်ဗျားက ဝမ်ကျန်းရဲ့ အထွေထွေမန်နေဂျာဆိုတော့ ဒါကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ "
ဝမ်ဟိုက်ရန်သည် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
" ငါ မင်းကို ရွေးချယ်ခွင့် နှစ်ခုပေးမယ်။ ဘာပဲဖြစ်ဖြစ် မင်းက နျုံလူကြီးမင်းကို ချက်ချင်း တောင်းပန်ပြီး ဒီလူတွေကို သူတို့ရဲ့ ဆေးဖိုးဝါးခအတွက် လျော်ကြေးပေးရမယ်။ နျုံလူကြီးမင်းကလည်း မင်းကို ခွင့်လွှတ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီကိစ္စက ပြေလည်သွားလိမ့်မယ် "
ယဲ့ဖန်က လှောင်ရယ်ရင်း မေးလိုက်သည်။
" ဒုတိယကရော ဘာလဲ "
ဝမ်ဟိုက်ရန်၏ အမူအရာမှာ အနည်းငယ် အေးစက်သွားသည်။
" တကယ်လို့ မင်းက အပြစ်ဝန်ခံဖို့ ငြင်းဆိုခဲ့မယ်ဆိုရင်တော့ တောင်းပန်ပါတယ်။ ဒါပေမယ့် မင်း ဒီနေ့ ဝမ်ကျန်းကနေ ထွက်မသွားနိုင်စေရဘူး "
ယဲ့ဖန်က သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
" ခင်ဗျားက ကျွန်တော့်ကို နေစေချင်တာလား "
ဝမ်ဟိုက်ရန်သည် မြေပြင်ပေါ်ရှိ သက်တော်စောင့်များကို တစ်ချက်ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်းက အရမ်းသန်မာတာကို မြင်ပါတယ်။ ဒါပေမယ့် ငါတို့ဘက်ကသာ ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ ဝမ်ကျန်းကနေ ဘယ်သူမှ ထွက်သွားလို့မရဘူး "
သူက ပြောပြီးသည်နှင့် သီးသန့်အခန်း တံခါးပွင့်သွားပြန်သည်။
လုံခြုံရေးယူနီဖောင်း ဝတ်ထားတဲ့လူတစ်စုက ချက်ချင်း ပြေးဝင်လာကြကာ ယဲ့ဖန်ကို ဝိုင်းထားကြသည်။
အနည်းဆုံး လူနှစ်ဆယ်ကနေ သုံးဆယ်လောက်ထိ ရှိသည်။
အဲ့တာကိုမြင်တော့ အားလုံးက ထိတ်လန့်တုန်လှုပ်တဲ့ အမူအရာတွေ ထွက်လာတော့သည်။
ဒီ ဝမ်ဟိုက်ရန်က နျုံစစ်သွမ်းဆီက မျက်နှာသာရဖို့ တကယ်ကို ပြင်ဆင်ထားတာဘဲ။
ဒါက ယဲ့ဖန်ကို သတ်ဖို့ ကြိုးစားနေတာမှန်း မြင်တဲ့အခါ ကုန်းပင်း၏ အမူအရာက ပြောင်းသွားပြီး ဝမ်ဟိုက်ရန်ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
" ဝမ်ဟိုက်ရန်၊ မင်းက ယဲ့လူကြီးမင်းကို သိထားမှတော့ သူ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်း သိမှာဘဲ။ အဲ့တာတောင် မင်းက ယဲ့လူကြီးမင်းရဲ့ ရန်သူ ဖြစ်ချင်သေးတာလား။ အကျိုးဆက်တွေကို မင်း စဉ်းစားပြီးပြီလား "
ဝမ်ဟိုက်ရန်က ချက်ချင်း ခေါင်းမော့ပြီး ရယ်လိုက်သည်။
" ဖူးဟားဟားဟား၊ ယဲ့လူကြီးမင်းလို့ ခေါ်ပေးလိုက်တာနဲ့ တကယ်ပဲ အကောင်ကြီးတယ်လို့ ထင်နေတာလား။ နျုံလူကြီးမင်းရှေ့မှာ မင်းတို့က အသနားခံရမယ့် အဆင့်ဘဲ "
ယဲ့ဖန်က သူ့ရဲ့ မကြောက်မရွံ့ မျက်နှာကို ကြည့်ပြီး မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
" ခင်ဗျားကိုကြည့်ရတာ ခွေးဖြစ်ရတဲ့ပညာကို အရမ်းကျွမ်းကျင်ပုံရတယ်။ ဒါပေမယ့် နျုံစစ်သွမ်းက ခင်ဗျားရဲ့ ခွေးလိုအသက်ကို ကယ်တင်နိုင်တာ သေချာရဲ့လား "
ဝမ်ဟိုက်ရန်၏ မျက်နှာထားသည် မည်းမှောင်သွားရသည်။
" မင်းက မင်းအတွက် ဘာကကောင်းလဲဆိုတာ မသိဘူးဆိုမှတော့ ငါလည်း ပြောစရာမရှိတော့ဘူး "
စကားပြောနေရင်း လုံခြုံရေးအစောင့်များကို လက်ပြ အချက်ပေးသည်။
" သူ့ကို ရှင်းလိုက်ကြတော့ "
လုံခြုံရေးအစောင့်တွေက ချက်ချင်းဝိုင်းအုံလာသည်။
လူတိုင်းက နောက်ဆုတ်သွားကြသည်။
သူတို့ကိုပါ ထိခိုက်နာကျင်မိမှာ ကြောက်ကြသည်။
ဖန်းရှောင်ကွန်း၊ ရွှယ်ရှန်းသုန်း နှင့် အခြားသူများကတော့ တိတ်တဆိတ် ရယ်မောနေကြသည်။
ယဲ့ဖန်က ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက်ပါလျှင်တောင် ဒီလောက် လူအများကြီးကို ရင်ဆိုင်ဖို့ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဟန်ဆောင်တာကို ရပ်လိုက်စမ်းပါ။
အခု မင်း ဘယ်လိုသေမလဲဆိုတာ ကြည့်ပေးမယ်။
သီးသန့်အခန်းတစ်ခုလုံးတွင် လင်းကျွင်းကျွင်း၊ ကုန်းပင်း နှင့် ကောင်းကျင်းရှီတို့သာလျှင် ယဲ့ဖန်ဘေးတွင် ခိုင်မြဲစွာ ရပ်နေခဲ့ကြသည်။
တခြားသူတွေကတော့ ရင်ခုန်စွာနဲ့ ဘေးကနေသာ စောင့်ကြည့်နေကြသည်။
သူတို့အားလုံးက ပွဲကောင်းကို ကြည့်ဖို့ စောင့်နေကြသည်။
ထိုအချိန်မှာဘဲ သီးသန့်အခန်း တံခါးကို တွန်းဖွင့်ခံလိုက်ရပြန်သည်။
" ရပ်လိုက် "
အော်သံတစ်ခု ထွက်ပေါ်လာသည်။
အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက လျင်မြန်စွာဝင်လာပြီး ယဲ့ဖန်ရှေ့ကို ပိတ်ကာရပ်လိုက်သည်။
" ဝမ်ဟိုက်ရန်၊ မင်း ရူးနေတာလား "