အပိုင်း ၃၆၅-၃၆၈
Vol. 19 Ch. 365-368
အပိုင်း ( ၃၆၅ )
တုန်လှုပ်စရာ သတင်း
ဝမ်ဟိုက်ရန်သည် ထိုလူကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
" ဟန်ချီ၊ မင်းက ငါ့ရန်သူ ဖြစ်ချင်နေတာလား "
ထိုလူက သူ့ကို သေချာကြည့်နေသည်။
" ငါ မင်းရဲ့ရန်သူမဖြစ်ချင်ဘူး။ ဒါပေမယ့် ဝမ်ကျန်းစားသောက်ဆိုင်ရဲ့ ဒုဥက္ကဌတစ်ယောက်အနေနဲ့ စားသောက်ဆိုင်ရဲ့ဂုဏ်သိက္ခာကို ဖျက်စီးနေတဲ့ မင်းကို ထိုင်ကြည့်နေပေးလို့ မရတာတော့ သေချာတယ် "
သူ့လက်အောက်ငယ်သားက လာတားတဲ့အတွက် ဝမ်ဟိုက်ရန် အနည်းငယ် အရှက်ရသွားသည်။
" ဝမ်ကျန်းရဲ့ ဂုဏ်သိက္ခာကို ငါက ဘယ်လို ဖျက်ဆီးမိလိုက်လို့လဲ။ ဒီကလေးက ဝမ်ကျန်းမှာ ပြဿနာရှာနေတာ မတွေ့ဘူးလား။ သူ့ကို မရှင်းရင် ဝမ်ကျန်းရဲ့ နာမည်ကျဆင်းသွားလိမ့်မယ်။ ဘေးဖယ်နေ "
ဟန်ချီက ဝမ်ဟိုက်ရန်ကို စိုက်ကြည့်နေသည်။
" မင်းက လျှာရိုးမရှိတိုင်း လိမ်နေတာဘဲ။ ဒီလို လူအုပ်ကြီးက လူတစ်ယောက်တည်းကို ဝိုင်းထားတာ မြင်သာနေတာတောင် မင်းက မျက်ကွယ်ပြုထားတာလား။ တစ်ဖက်သူက စီးပွားရေးလောကရဲ့ နာမည်ကြီး နျုံစစ်သွမ်း ဖြစ်နေတာကြောင့်လား။ အဲ့တာကြောင့်နဲ့ မင်းက သူ့ကို ရှင်းချင်နေတာလား "
ဝမ်ဟိုက်ရန်သည် သူ့အတွေးများကို ထုတ်ဖော်ခံလိုက်ပြီး အရှက်ကွဲတာကြောင့် ဒေါသထွက်လာတော့သည်။
" အဲ့ဒီလူက နျုံစစ်သွမ်းလူကြီးမင်းဆိုတာကို မင်းသိတာတောင် မင်းက ငါ့ကို တားရဲသေးတာလား။ ဘာလို့ ချက်ချင်း မဖယ်သေးတာလဲ။ မဟုတ်လို့ကတော့ မင်းကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိတယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့ "
ဟန်ချီက နောက်မဆုတ်ဘဲ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။
" ငါ့အမြင်မှာတော့ နျုံလူကြီးမင်း ဒါမှမဟုတ် မားလူကြီးမင်းဖြစ်ဖြစ် ဘယ်သူပဲဖြစ်နေပါစေ ဝမ်ကျန်းရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ ငါ၊ ဟန်ချီက လူတိုင်းကို တန်းတူဆက်ဆံတာကြောင့် ဒါမျိုးကို သည်းခံမှာ မဟုတ်ဘူး "
ဝမ်ဟိုက်ရန်က ဒေါသ တလိမ့်လိမ့်ထွက်လာရသည်။
အစက သူက နျုံစစ်သွမ်းရှေ့မှာ ကာကွယ်ပြပြီး ဒီအခွင့်အရေးကို အောင်မြင်စွာ အသုံးချကာ ခြေသလုံးဖက်တွယ်ခဲ့ချင်သော်လည်း ဟန်ချီက လာပြီး အထပ်ထပ်အခါခါ ပညာပေးနေခြင်းကို ခံနေရသည်။
အကယ်၍ သူသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချဘဲ ဒီကိစ္စကို ဖြစ်သလိုဖြေရှင်းခဲ့ပါက နျုံစစ်သွမ်းက သူ့ကို ဘာမှအဖြစ်မရှိဘူးဟု ထင်သွားပေလိမ့်မည်။
အဲ့တာကို တွေးမိပြီး ချက်ချင်း သူ့နှလုံးသားထဲတွင် စိုးရိမ်စိတ် ပြည့်သွားစေသည်။
" ဟန်ချီ၊ မင်းက မင်းအတွက် ဘာကောင်းလဲဆိုတာ မသိဘူးဆိုရင်တော့ ငါလည်း ပြောစရာမရှိတော့ဘူး "
စကားပြောနေရင်း သူက လုံခြုံရေးအစောင့်များကို လက်ပြလိုက်သည်။
" ဒုဥက္ကဌဟန်ကို ချုပ်လိုက်။ ငါတို့ ဒီမှာကိစ္စပြီးမှ သူ့ကိုသွားခွင့်ပြုလိုက် "
သူ့အမိန့်ပြီးတာနဲ့ ချက်ချင်း လုံခြုံရေးအစောင့်နှစ်ယောက်က ရှေ့ကို ပြေးလာပြီး ဟန်ချီကို ချုပ်နှောင်လိုက်သည်။
" ဝမ်ဟိုက်ရန်၊ မင်း ခွေးမသား။ မင်း ပြဿနာရှာရင် ဥက္ကဋ္ဌက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး "
ဝမ်ဟိုက်ရန်သည် ဟန်ချီ၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ရယ်မောလိုက်သည်။
" ဥက္ကဋ္ဌက သိရင် ဒါကို သူက သဘောတူမှာပေါ့။ အဲ့တာအပြင် သူက သိရင်ရော ဘာလုပ်ရမှာလဲ။ ငါ့မှာ ကာကွယ်ပေးမယ့် နျုံလူကြီးမင်းရှိတယ်။ သူက ငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ "
ဟန်ချီက တစ်ခုခုထပ်ပြောချင်ပေမယ့် လုံခြုံရေးအစောင့်နှစ်ယောက်က သူ့ကို သီးသန့်ခန်းထဲကနေ ဆွဲထုတ်လိုက်သည်။
ဝမ်ဟိုက်ရန်က မဲ့ပြုံးပြုံးလိုက်ပြီး သူက ယဲ့ဖန်ဘက်သို့ ခေါင်းလှည့်လိုက်သည်။
" ကောင်းပြီ၊ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ငါ ပေးမယ်။ မင်း နျုံလူကြီးမင်းကို တောင်းပန်မှာလား "
ယဲ့ဖန်က သူ့အိတ်ကပ်ထဲကို လက်နှစ်ဖက်ထည့်ထားပြီး သူ့ကို ထူးဆန်းစွာ ကြည့်နေလိုက်သည်။
" ခင်ဗျားကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ နျုံစစ်သွမ်းနဲ့ အဲ့လူတွေကို ဝမ်ကျန်းကနေ နှင်ထုတ်နိုင်တာနဲ့ ခင်ဗျား အထွေထွေမန်နေဂျာအဖြစ် ဆက်ရှိနေနိုင်တယ် "
ထိုစကားကို ဝမ်ဟိုက်ရန် ကြားတဲ့အခါ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ယဲ့ဖန်ကို ချက်ချင်းကြည့်လိုက်သည်။
" ငါ နားကြား မှားသွားတာလား။ ဟားဟားဟား၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ ဆံပင်တောင် မပေါက်သေးတဲ့ ကောင်လေးက ငါ့ကို ခြိမ်းခြောက်ရဲတာတဲ့လား။ မင်းက မင်းအတွက် ဘာကောင်းလဲ ဆိုတာ မသိတဲ့မှတော့ ငါ့ကို အပြစ်မတင်နဲ့တော့ "
သူက ပြောပြီးတာနဲ့ လုံခြုံရေးအစောင့်တွေကို လက်ပြလိုက်သည်။
" ဒီကလေးကို သင်ခန်းစာပေးလိုက် "
လုံခြုံရေးအစောင့်တွေက နာခံပြီး ချက်ချင်း ဝိုင်းအုံလာကြသည်။
အခန်းတွင်းလေထုက အလွန်တင်းမာနေသည်။
အားလုံးက အသက်ရှုကြပ်ပြီး အခြေအနေကို စိုက်ကြည့်နေကြသည်။
ယဲ့ဖန်က တိုက်ခိုက်ရေးပညာ အလွန်ကောင်းပေမဲ့ ဒီလောက် လူအုပ်ကြီးကို ဘယ်လို တိုက်ခိုက်နိုင်မှာလဲ။
ရလဒ်က ဆိုးရွားလိမ့်မည်။
ဖန်းသားအဖ၊ ရွှယ်ရှန်းသုန်း နှင့် အခြားသူများက တိတ်တဆိတ် ကျေနပ်နေကြသည်။
သူတို့က ယဲ့ဖန်ရဲ့ စိတ်ဆင်းရဲစရာ အဆုံးသတ်ကို တွေ့ရန် စောင့်မျှော်နေခဲ့ကြသည်။
လင်းကျွင်းကျွင်း၊ ကုန်းပင်းနှင့် ကောင်းကျင်းရှီတို့ကတော့ ယဲ့ဖန်ဘေးမှာ ခိုင်မြဲစွာရပ်တည်နေကြဆဲဖြစ်သည်။
သူတို့အားလုံးက အနည်းငယ်ကြောက်နေကြသော်လည်း ယဲ့ဖန်၏ သန်မာသောကျောပြင်ကို တွေ့လိုက်သောအခါ သူတို့၏စိတ်ထဲမှ ကြောက်ရွံ့မှုများက ချက်ချင်း နည်းနည်းစီ လျော့သွားခဲ့ကြသည်။
သူက အဲ့ဒီမှာ ရပ်နေရုံနဲ့ လူတွေကို ခိုင်မာတဲ့ယုံကြည်ချက် ပေးနိုင်သလို ကိုယ်ဟန်ရှိနေသည်။
ဘာခြိမ်းခြောက်မှုကိုမှ မကြောက်အောင် ပုံပေါ်နေခဲ့သည်။
ဧကရာဇ်နန်းတော်အတွင်းရှိ လေထုက ပေါက်ကွဲလုနီး ဖြစ်နေချိန်မှာ သီးသန့်အခန်းတံခါးကို တွန်းဖွင့်လိုက်ပြန်သည်။
ထို့နောက် အသက်ငါးဆယ်ကျော် အမျိုးသားတစ်ဦးက လျင်မြန်စွာ ဝင်လာခဲ့သည်။
ဝမ်ဟိုက်ရန်က ထိုလူကို တွေ့တဲ့အခါ သူ့အမူအရာက ချက်ချင်း ပြောင်းသွားပြီး သူ့ဆီ အမြန်ပြေးသွားသည်။
" ဥက္ကဌချောင်၊ အနောက်မြောက်ဘက်ကို သွားပြီး စီးပွားရေးကိစ္စ ဆွေးနွေးနေတာ မဟုတ်လား။ ဘာလို့ ဒီလောက်မြန်မြန်ဘပြန်လာတာလဲ "
အားလုံးက သူ့စကားကို ကြားတဲ့အခါ ချက်ချင်း သဘောပေါက်သွားသည်။
ဒီလူက ဝမ်ကျန်းစားသောက်ဆိုင်၏ဥက္ကဌ ချောင်ရှင်းဖားဖြစ်သည်။
ဒီလူသည် ကျုံးဟိုင်မြို့ရှိ ထိပ်တန်းစားသောက်ဆိုင်ဖြစ်သည့် ဝမ်ကျန်းအိမ်တော်ကို ချုပ်ကိုင်ထားသော်လည်း ကျုံးဟိုင်မြို့ စီးပွားရေးလောကတွင် သူ့သရုပ်မှန်ကို ပြသခဲသည်။
သူ့ရဲ့ ရုပ်အစစ်ကို မြင်ဖူးသူက အလွန်နည်းပါးသည်။
ဒီနေ့တွင် သူရုပ်သွင်အမှန်ကို ထုတ်ဖော်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ချောင်ရှင်းဖားသည် ဝမ်ဟိုက်ရန်ကို စိုက်ကြည့်နေသည်။
" လူတစ်ယောက်ကို တွေ့ချင်တာကြောင့် အမြန်ပြန်လာခဲ့တာပါ "
ဝမ်ဟိုက်ရန် ချက်ချင်း သဘောပေါက်သွားသည်။
" နျုံလူကြီးမင်းကို တွေ့ဖို့ ပြန်လာတာမလား။ သူ့ကို မိတ်ဆက်ပေးမယ် ........ "
သူကပြောသည့်အတိုင်း မိတ်ဆက်ပေးရန် စေတနာဖြင့် ကူညီပေးသည့် ပေါင်းကူးတံတားကြီးသဖွယ် လုပ်သည်။
အဲ့တာကို လူတိုင်းက ကြားသောအခါ ချောင်ရှင်းဖားက နျုံစစ်သွမ်းကိုတွေ့ဖို့ မိုင်ပေါင်းများစွာ အဝေးမှ ပြန်ပြေးလာသည်ဟု တွေးထင်မိကြသည်။
ဘယ်လ်ုဘဲဖြစ်ဖြစ် နျုံစစ်သွမ်းလိုမျိုး အကောင်ကြီးနဲ့ တွေ့ဖို့က မလွယ်ကူပေ။
သို့သော် လူတိုင်း မျှော်လင့်ထားသလို မဟုတ်ဘဲ ချောင်ရှင်းဖားက ဝမ်ဟိုက်ရန်ကို လက်ခါပြပြီး ယဲ့ဖန်ဆီသို့ လျှောက်သွားသည်။
" မင်းက ယဲ့လူကြီးမင်းဖြစ်ရမယ်။ ကျွန်တော်က ဝမ်ကျန်းရဲ့ဥက္ကဌဟောင်း ချောင်ရှင်းဖားပါ။ မင်္ဂလာပါ တွေ့ရတာ ဝမ်းသာပါတယ် ယဲ့လူကြီးမင်း "
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့ဩသွားကြသည်။
ချောင်ရှင်းဖားက နျုံစစ်သွမ်းကို တွေ့ဖို့ ဒီနေရာမှာ ရောက်နေတာ မဟုတ်ပေ။
သူက ယဲ့ဖန်ကို တွေ့ဖို့ လာတာလား။
ဒါက မယုံနိုင်စရာဘဲ။
ယဲ့ဖန်က နျုံစစ်သွမ်းထက် ပိုဆွဲဆောင်မှု ရှိနေလို့လား။
ပြီးတော့ သူက 'ဥက္ကဋ္ဌဟောင်း' လို့ ပြောလိုက်ပုံရတယ်။
ဝမ်ကျန်းစားသောက်ဆိုင်က ပိုင်ရှင် ပြောင်းသွားတာလား။ သူတို့ အဲ့ကိစ္စကို တစ်ခါမှ မကြားဖူးပါဘူး။
နျုံစစ်သွမ်းကတော့ ဒီနေ့ည ဖြစ်သမျှ အရာအားလုံးကို မျက်နှာထား တည်တည်နဲ့သာ ကြည့်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော အမျိုးသားတစ်ဦး၏ ခံယူချက်ကို ပြသနေခဲ့သည်။
သို့သော် ဒီတစ်ကြိမ်မှာတော့ သူ့မျက်နှာထား မည်းသွားရသည်။
ချောင်ရှင်းဖား၏ လုပ်ရပ်က သူ့မျက်နှာကို ရိုက်သလိုဖြစ်သွားသည်မှာ သေချာသည်။
ဒီလို သတ္တိတွေ ဘယ်က ရလာတာလဲ။
နေရာမှာရှိနေသူတိုင်းက ဒီပြဿနာကို သဘောပေါက်ကြသည်။
သူတို့အားလုံး ချောင်ရှင်းဖားကို အံ့ဩစွာ ကြည့်နေကြသည်။
သူက ဘာလို့ ဒီလိုလုပ်ရဲရတာလဲ။
နျုံစစ်သွမ်းနဲ့ ယဲ့ဖန်တို့ကြားမှာ ဘယ်သူ့ကို ရွေးရမလဲဆိုတာကို အရူးတောင်သိလောက်တယ်။ အဲ့တာကို သူက နားမလည်ဘူးလား။
ဝမ်ဟိုက်ရန်လည်း ချောင်ရှင်းဖားကို အံ့ဩစွာ ကြည့်နေသည်။
" ဥက္ကဌ ချောင်၊ ခင်ဗျား .... နျုံလူကြီးမင်းကို စော်ကားမိလိုက်တာနော် "
ချောင်ရှင်းဖားက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" နျုံလူကြီးမင်းက ဘယ်သူလဲဆိုတာ ငါမသိဘူး။ ပြီးတော့ ငါက ဘယ်ဘက်က ပါနေလဲဆိုတာလဲ မသိဘူး။ ငါသိတာတစ်ခုတည်းက ယဲ့လူကြီးမင်းက ဝမ်ကျန်းစားသောက်ဆိုင်ရဲ့ ပိုင်ဆိုင်မှုကို ဝယ်ယူထားတဲ့ တကယ့်သူဌေးဖြစ်နေပြီဆိုတာဘဲ "
သူက အဲ့လိုပြောပြီးသည်နှင့် ဧကရာဇ်နန်းတော်ရှိ လူတိုင်းက မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
ဒီသတင်းက အံ့သြစရာ ကောင်းလွန်းတယ်လေ။
ယဲ့ဖန်က ဝမ်ကျန်းစားသောက်ဆိုင်ကို တကယ်ဝယ်ပြီး ပိုင်ရှင်အသစ် ဖြစ်လာခဲ့တာလား။
တစ်နည်းပြောရရင် ....... သူတို့ရပ်နေတဲ့ နေရာက ယဲ့ဖန်ရဲ့ ပိုင်နက်ဖြစ်နေခဲ့တာလား။
ဒါဆို သူတို့က ပိုင်ရှင်ကို သူ့မြေပေါ်မှာဘဲ တိုက်ခိုက်သလို ဖြစ်နေမှာပေါ့။
အပိုင်း ( ၃၆၆ )
စီးပွားရေးဖခင်ကြီးကို စစ်ကြေညာခြင်း
ချောင်ရှင်းဖား၏ စကားတွေက ခန်းမအတွင်းတွင် ပြင်းထန်သော ဗုံးတစ်လုံးလို ဖြစ်သွားလေသည်။
ဝမ်ကျန်းသည် ကျုံးဟိုင်မြို့တွင် အလွန်အရေးကြီးသော နေရာတစ်ခုဖြစ်သည်။
အထူးသဖြင့် ဝမ်ကျန်း၏ VIP ကတ်သည်လျှင် အဆင့်အတန်းတစ်ခုဖြစ်လေသည်။
အကယ်၍ သင်က ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ သို့မဟုတ် အထွေထွေမန်နေဂျာဖြစ်ကြောင်း တစ်ဖက်သူကို ပြောပါက တစ်ဖက်မှ သင့်ကို ဂရုမစိုက်ကောင်း မစိုက်လောက်ပေ။
သို့ပေမဲ့ သင့်မှာ ဝမ်ကျန်းက VIP ကတ်တစ်ခုရှိသည်ဟု ပြောပါက ချက်ချင်း သင့်ကို လူအများက စိတ်ဝင်တစား ကြည့်ကြမည်ဖြစ်သည်။
ထိုမှတစ်ဆင့် ဝမ်ကျန်း၏ အဆင့်အတန်း ဘယ်လောက်မြင့်မားသည်ကို မြင်တွေ့နိုင်သည်။
ဝမ်ကျန်း၏ ပိုင်ရှင်ဖြစ်တာနဲ့ ထိုလူရဲ့ အဆင့်အတန်းသည်လည်း အလိုအလျောက် တက်လာမည်ဖြစ်သည်။
ချောင်ရှင်းဖားက ကျုံးဟိုင်မြို့၏စီးပွားရေးလောကတွင် ကိုယ်ထင်ပြခဲလှသည်။
သို့သော် လူတိုင်းက သူ့အမည်ကို ကြားလိုက်တာနဲ့ လေးစားမှုအပြည့်ရှိကြသည်။
ဒါက ဝမ်ကျန်းစားသောက်ဆိုင်ရဲ့ ပုံရိပ်က သူ့ကိုပေးသော ထီးဆောင်း ဖြစ်သည်။
ဒါပေမယ့် အခုတော့ ယဲ့ဖန်က ဒီနေရာရဲ့ ပိုင်ရှင်အသစ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူ့အဆင့်အတန်းနဲ့ သြဇာက ပိုတိုးလာမှာကို သူတို့ စိုးရိမ်နေကြသည်။
ရှိနေတဲ့လူတော်တော်များများက သူတို့ရဲ့ရွေးချယ်မှုတွေကို ချိန်ဆလာကြတော့သည်။
ဒီနေ့မှာတော့ သူတို့က ယဲ့ဖန်ရဲ့ ဆန့်ကျင်ဘက်ခြမ်းမှာ ရပ်တည်ဖို့ ရွေးချယ်ခဲ့ကြသည်။
မှန်ကန်တဲ့ ရွေးချယ်မှုဟုတ်ရဲ့လား။
လင်းကျွင်းကျွင်း၊ ကုန်းပင်း နှင့် ကောင်းကျင်းရှီတို့ကတော့ အလွန်ပျော်နေပြီဖြစ်သည်။
သူတို့ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သော်လည်း ဒီလိုအပြောင်းအလဲကြီး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ယဲ့ဖန်က ဝမ်ကျန်းစားသောက်ဆိုင်၏ ပိုင်ရှင် ဖြစ်လာခဲ့သည်။
ဒါဟာ လုံးဝ ပြောင်းပြန်လှန်လိုက်တာဘဲ။
အခု ဘယ်သူက သူတို့ကို ထိရဲတော့မှာလဲ။
အားလုံး အံ့သြသွားချိန်မှာဘဲ ဝမ်ဟိုက်ရန်က အော်လိုက်သည်။
" အဓိပ္ပာယ်မရှိတာဘဲ။ ယဲ့ဖန်က ဝမ်ကျန်းစားသောက်ဆိုင်ကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ ဝမ်ကျန်းစားသောက်ဆိုင်က ကျုံးဟိုင်မှာ အဆင့်အတန်းမြင့်တယ်လေ။ သူက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ ဘာသတင်းမှလဲ မကြားမိပါဘူး "
တကယ်တော့ ဝမ်ဟိုက်ရန်၏နှလုံးသားထဲမှာက ကြောက်ရွံ့မှုတွေ ဖုံးလွှမ်းနေပြီဖြစ်သည်။
နျုံစစ်သွမ်း ကျေနပ်စေရန်အတွက် သူက ယဲ့ဖန်ကို စော်ကားခဲ့ပြီးဖြစ်သည်။
သူကသာ ဝမ်ကျန်းရဲ့ ပိုင်ရှင်အသစ် ဖြစ်လာတယ်ဆိုရင် သူ့အတွက် ဒီမှာ နေရာရှိသေးပါ့မလား။
အဲ့တာကို သူ တွေးမိလိုက်တဲ့အခါ ချက်ချင်း မကောင်းဆိုးဝါးစိတ်တွေက တဟုန်ထိုး ဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။
သူက လုံခြုံရေးအစောင့်တွေကို လက်ယမ်းပြလိုက်သည်။
" မင်းတို့အားလုံး တိုက်ကြစမ်း။ ဒီကလေးကို သေအောင်ရိုက်ပစ်။ သူ သေလည်း ငါရှင်းပေးမယ် "
သူက အရမ်းကို စိတ်အလောကြီးနေပြီဖြစ်သည်။
သူ အစကတော့ လုံခြုံရေးတွေကိုခေါ်ပြီး ယဲ့ဖန်ကို ဖယ်ရှားရန်သာ အသုံးပြုလိုခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ အခုတော့ သူ ယဲ့ဖန်ရဲ့ အသက်ကို နှုတ်နိုင်ခဲ့ရင် အကောင်းဆုံးဖြစ်လိမ့်မည်။
ယဲ့ဖနါရဲ့ အသက်ကို မသတ်နိုင်ခဲ့ရင်တောင်
အနည်းဆုံးတော့ နျုံလူကြီးမင်းအပေါ် သူ့ရဲ့သစ္စာစောင့်သိမှုကို ပြသပြီးသား ဖြစ်လိမ့်မည်။
ထိုအခါ သူက နျုံစစ်သွမ်း၏ ခြေသလုံးကို အောင်မြင်စွာ တွယ်ကပ်နိုင်မည်ဖြစ်သည်။
အဲ့တာကြောင့် ဝမ်ကျန်း၏ အထွေထွေမန်နေဂျာ ဖြစ်ရေးကိုလည်း သူ ဂရုမစိုက်တော့ပေ။
ချောင်ရှင်းဖားသည် ဝမ်ဟိုက်ရန်၏ မကောင်းတဲ့ အသွင်အပြင်ကို မြင်ပြီး ချက်ချင်း ဒေါသတကြီး အော်ဟစ်တားလိုက်သည်။
" ဘယ်သူက သတ္တိရှိပြီး လုပ်ရဲလဲ ကြည့်ရအောင် "
လုံခြုံရေးအစောင့်အဖွဲ့သည် အစပိုင်းတွင် မငြိမ်မသက် ဖြစ်ခဲ့သော်လည်း ထိုအော်သံကို ကြားသောအခါတွင် ကြောက်ရွံ့စွာဖြင့် ချက်ချင်း ပြန်ဆုတ်သွားခဲ့ကြသည်။
ချောင်ရှင်းဖားသည် ဝမ်ကျန်းစားသောက်ဆိုင်တွင် သူ့မျက်နှာကို လာပြခဲသော်လည်း သူ့ အာဏာစက်ကတော့ ယှဉ်မရပေ။
ဘယ်သူကမှ ဆက်မလှုပ်ရဲတော့တာကို ဝမ်ဟိုက်ရန်က တွေ့လိုက်ရသည်။
သူက အံကြိတ်ကာ ယဲ့ဖန်ကို တိုက်ခိုက်တော့သည်။
ယဲ့ဖန်က သူ့ကို ကြည့်တောင်မကြည့်ဘဲ တန်းပြီး ခုန်ကန်ထည့်လိုက်သည်။
ဝမ်ဟိုက်ရန်၏မျက်နှာကို ပြင်းပြင်းထန်ထန် ကန်မိသွားသည်။
ဝမ်ဟိုက်ရန်သည် သွေးတစ်ပွက်ကို ထွေးထုတ်ကာ နောက်သို့ ဆုတ်သွားသည်။
ပြီးသွားပြီဆိုတာ သူသိလိုက်သည်။
လုံးဝကို ပြီးသွားပြီ။
သူ ယဲ့ဖန်ကို စော်ကားရုံသာမက နျုံစစ်သွမ်း ကျေနပ်အောင်ပါ မလုပ်နိုင်ခဲ့ပေ။
" ဘာလို့ ထွက်မသွားသေးတာလဲ "
ချောင်ရှင်းဖားက လုံခြုံရေးအစောင့်အုပ်စုကို အေးစက်စွာကြည့်လိုက်သည်။
လုံခြုံရေးအစောင့်တွေက ထွက်ပြေးသွားတော့သည်။
" ခဏနေဦး "
ယဲ့ဖန်က ရုတ်တရက် အော်တားလိုက်သည်။
လုံခြုံရေးအစောင့်တွေက လန့်သွားတော့သည်။
ယဲ့ဖန်က သူတို့ကို သင်ခန်းစာပေးချင်တာလား။
သို့ပေမဲ့ သူတို့ထင်မြင်ချက်က မှားယွင်းသွားခဲ့ကြသည်။
ယဲ့ဖန်က မြေပေါ်မှာ အော်ဟစ်နေတဲ့ ကိုယ်ရံတော်အုပ်စုကိုသာ ညွှန်ပြလိုက်သည်။
" ဒီလူတွေကို သယ်သွားလိုက်။ ဒီမှာ မျက်စိနောက်တယ် "
ထိုစကားကို ကြားသောအခါ လုံခြုံရေးအစောင့်အဖွဲ့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ဘယ်သူကမှ ဦးဆောင် မလုပ်ရဲဖြစ်နေကြသည်။
ထိုအချိန်တွင် ဟန်ချီက အရင်ဆုံး ရှေ့တိုးလာသည်။
" ငါလုပ်မယ် "
သူစကားပြောနေစဉ်တွင် လဲကျနေတဲ့ သက်တော်စောင့်တစ်ဦးရဲ့ ခြေထောက်ကို ဆွဲကာ ထွက်သွားခဲ့သည်။
လုံခြုံရေးအစောင့်တွေကလည်း တစ်ယောက်ယောက်က ဦးဆောင်နေတာကို တွေ့လိုက်ရပြီး ချက်ချင်း ဝိုင်းအုံလာကြတော့သည်။
ထို့နောက် တခဏအတွင်းမှာပဲ နျုံစစ်သွမ်း၏ သက်တော်စောင့်အဖွဲ့ကို ရှင်းလင်းခဲ့လိုက်သည်။
နျုံစစ်သွမ်း၏ အမူအရာက ပိုပိုပြီး ရုပ်ဆိုးလာသည်။
ယဲ့ဖန်က သူ့ကိုယ်ရံတော်တွေကို ခွေးသေတွေလို ဆွဲထုတ်ခိုင်းသည်။
ဒါက သူ့မျက်နှာကို ပါးတက်ရိုက်လိုက်တာဘဲ။
ရှိနေသူအားလုံးကလည်း နားလည်သဘောပေါက်ကြပြီး ယဲ့ဖန်၏ ရဲစွမ်းသတ္တိကို မချီးကျူးဘဲ မနေနိုင်ကြပေ။
ထိုအချိန်မှာ ဟန်ချီက သူ့ချွေးတွေကို သုတ်ပြီး ပြန်ဝင်လာသည်။
ယဲ့ဖန်က သူ့ကို သဘောကျစွာ ကြည့်နေသည်။
" ခင်ဗျားက မဆိုးပါဘူးဘဲ။ နောက်ဆို ခင်ဗျားက ဝမ်ကျန်းရဲ့ အထွေထွေစီမံခန့်ခွဲရေးမန်နေဂျာ လုပ်ရမယ် "
ဟန်ချီ အံ့အားသင့်သွားသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်က အဲ့လောက် အရည်အချင်းမရှိမှာကို စိုးရိမ်မိပါတယ် ....... "
ယဲ့ဖန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
" ခင်ဗျားက တရားမျှတမှုကို လက်ကိုင်ထားပြီး ဝမ်ကျန်းစားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့ ရပ်တည်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ခင်ဗျားထက်ပိုပြီး အရည်အချင်းရှိတဲ့သူ မရှိဘူးတော့ဘူး "
ဟန်ချီသည် သိတတ်သူဖြစ်သည်။ ယဲ့ဖန်ရဲ့ စကားကိုကြားတော့ ချက်ချင်း ကျေးဇူးတင်စကားဆိုသည်။
" ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း။ ဝမ်ကျန်းရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ် "
ဟန်ချီရဲ့ ပျော်ရွှင်မှုက မြင့်တက်နေပေမဲ့ ဝမ်ဟိုက်ရန်ရဲ့ နှလုံးသားကတော့ ပြာကျနေရသည်။
တစ်ချိန်က ဟန်ချီကို သူကိုယ်တိုင် ရာထူးတိုးပေးခဲ့တာဖြစ်သည်။ အရင်တုန်းကတော့ ဟန်ချီက အမြဲတမ်း သူ့လက်ပါးစေသာ ဖြစ်သည်။
သူ့ရဲ့ အတွေးမှားကြောင့် မျှော်လင့်ချက်မရှိတော့ပေ။ ယဲ့ဖန်က သူ့ရာထူးကို ဟန်ချီနဲ့အစားထိုးလိုက်ပြီ ဖြစ်သည်။
ဟန်ချီက ဝမ်ကျန်း၏ လေးစားဖွယ် အထွေထွေစီမံမန်နေဂျာကြီး ဖြစ်လာခဲ့သည်။
သူ့ဟာသူ အထုပ်ထုပ်ပြီး ထွက်သွားရတော့မည်ဖြစ်သည်။
သူအရင်က ပြဿနာရှာခဲ့ဖူးတဲ့သူတွေက သူ့ကို ရေနစ်တုန်း ဝါးလုံးနဲ့ ထိုးကြ၊ ရန်တိုက်ကြလိမ့်မည်။
ဘေးနားက ယဲ့ဖန်ကလည်း သူ့ကို တစ်စက်လေးမှ မကြည့်တော့ပေ။
ယဲ့ဖန်က သူ့ကို ခွေးသေတစ်ကောင်လို ဆက်ဆံလိုက်သည်။
ဝမ်ဟိုက်ရန်လို လူက သူအာရုံစိုက်ဖို့အတွက် မထိုက်တန်ပေ။
ရှိနေသူ အားလုံးထဲမှာ ပြိုင်ဖို့ ကြိုးစားအားထုတ်ရကျိုးနပ်တဲ့ တစ်ဦးတည်းသောသူက နျုံစစ်သွမ်းသာဖြစ်သည်။
" နျုံလူကြီးမင်း၊ ခင်ဗျားခွေးတွေက အသုံးမဝင်ဘူးဘဲ "
ယဲ့ဖန်က နျုံစစ်သွမ်းကို စိုက်ကြည့်ရင်း ပြုံးနေခဲ့သည်။
နျုံစစ်သွမ်းကလည်း သူ့ကို စိုက်ကြည့်နေသည်။
သူ့မျက်လုံးထဲက သတ်ပစ်ချင်တဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားလို့ မရတော့ပေ။
" ယဲ့ဖန်၊ မင်းက ငါ့ရန်သူဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား "
ယဲ့ဖန်သည် နျုံစစ်သွမ်း၏ မျက်လုံးများထဲမှ လူသတ်လိုရိပ်ကို ရင်ဆိုင်နေရသည်။
သို့ပေမဲ့ လုံးဝ ရှောင်မသွားပေ။
" လေးစားရတဲ့ နျုံလူကြီးမင်း၊ ခင်ဗျားက ဆန့်ကျင်ဘက်တွေ ပြောနေတာ မဟုတ်ဘူးလား။ ကျွန်တော် ခင်ဗျားရဲ့ရန်သူ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားကသာ ကျွန်တော့်ကို နေရာတိုင်းမှာ လိုက်ပြီး ပစ်မှတ်ထားနေရတာက ဘာလို့လဲ "
သူစကားပြောနေရင်း အခန်းထဲက လူတွေအားလုံးကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
လူတိုင်းက သူ့အကြည့်တွေကို တွေ့ပြီး ခေါင်းငုံ့ထားလိုက်ကြသည်။
အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးမှာ ဒီလောက် အစွမ်းထက်တဲ့ ဟိတ်ဟန်ရှိနေတာက တကယ်ကို မြင်ရခဲသည်။
နျုံစစ်သွမ်းထက် နည်းနည်းလေးမှ လျော့မနေပေ။
" ဒီနေ့ ဒီပွဲမျိုးကို လာတာက ကျွန်တော့်ကို ပညာပြဖို့ဘဲမလား။ တစ်ခြားလှည့်ကွက်တွေရှိနေလည်း တည့်သာ ထုတ်သုံးလိုက်။ ကျွန်တော်၊ ယဲ့ဖန်က ကျေကျေနပ်နပ်ကြီး ရင်ဆိုင်မှာပါ "
သူ့စကားက အားကောင်းလွန်းသည်။
ဆောင်းရာသီမှာ ဆောင်းခိုတဲ့ ပုစဉ်းရင်ကွဲတွေလို ငြိမ်သက်စွာနဲ့ ရှိနေသူတိုင်းက ထိုကလေးဆန်တဲ့ မျက်နှာလေးကို စိုက်ကြည့်နေကြသည်။
တကယ်တော့ ဒီလူငယ်လေးက သူတို့ရဲ့ သားသမီးအသက်နဲ့ ရွယ်တူလောက်ဖြစ်သည်။
ဒါပေမဲ့ ယဲ့ဖန်က ဒီအချိန်
ဝမ်ကျန်းစားသောက်ဆိုင်မှာ
တောင်ပိုင်း ကွမ်တုန်းပြည်နယ်က စီးပွားရေးလုပ်ငန်း ဖခင်ကြီး နျုံစစ်သွမ်းကို
တိုက်ရိုက်
စစ်ကြေညာလိုက်လေသည်။
အပိုင်း ( ၃၆၇ )
ဗရမ်းဗတာဖြစ်နေတဲ့ မိသားစု
ယဲ့ဖန်၏ စစ်ကြေညာချက်ကိုကြားတော့ နျုံစစ်သွမ်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အအေးဓာတ်က ချက်ချင်း ပေါ်လာတော့သည်။
သူ့ကို စိန်ခေါ်ရဲ့တဲ့သူရှိတာ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာကိုတောင် သူ မေ့နေပြီဖြစ်သည်။
ဒါပေမဲ့ ဒီနေ့မှာတော့ လူငယ်တစ်ဦးက သူ့ကိုယှဉ်ဖို့ ဓားကို အမှန်တစ်ကယ် ဆွဲထုတ်လာပြသည်။
ယဲ့ဖန်က သတ္တိရှိလွန်းတာလား မဆင်မခြင်လုပ်တတ်တာလား ဆိုတာကို နျုံစစ်သွမ်း မသိတော့ပေ။
နျုံစစ်သွမ်း စကားမပြောခင်မှာဘဲ ဖန်းဝမ်းညန်က ရှေ့သို့ တက်လှမ်းလာခဲ့သည်။
" ချက်ကြွေထားတာတောင် မကြာသေးတဲ့ ကောင်လေးက နျုံလူကြီးမင်းကို စိန်ခေါ်ရဲလား။ တကယ့်ဟာသဘဲ။ နျုံလူကြီးမင်းက ဘာမှလုပ်စရာမလိုဘူး။ ငါ ဖန်းဝမ်းညန်ကဘဲ မင်းအတွက် ကျုံးဟိုင်မှာ နေရာစရာမရှိဘူးဆိုတာကို သေချာအောင်လုပ်ပေးမယ် "
ဖန်းဝမ်းညန်က ပထမဆုံး ထွက်လာခဲ့တာကို လူအုပ်ကြီးက မထူးဆန်းကြချေ။
ဖန်းဝမ်းညန်၏သားနှင့် ယဲ့ဖန်တို့ကြားက ပဋိပက္ခအကြောင်းကို သူတို့ကြားသိထားခဲ့ရသည်။
အခု သူက သူ့သားအတွက် လက်စားချေနိုင်ရုံသာမက နျုံစစ်သွမ်းကိုလည်း ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့သည်။
ဒါက နှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်သည်။
" မှန်တယ်။ ကလေးတစ်ယောက်အတွက်နဲ့ နျုံလူကြီးမင်းကိုယ်တိုင် ထွက်လာဖို့ လိုအပ်ပါ့မလား။ ဖန်းလူကြီးမင်းနဲ့ဆို လုံလောက်ပြီ "
" တကယ်တော့ ဖန်းလူကြီးမင်း ထွက်လာတာတောင် သူ့ကို တော်တော်လေး အရေးပေးရာရောက်နေပြီ။ ဖန်းလူကြီးမင်းက ကျုံးဟိုင်ရဲ့ ဟူရန်လူချမ်းသာစာရင်းမှာ တတိယမြောက် အချမ်းသာဆုံးဘဲလေ။ ဒါက ကလေးကို အနိုင်ကျင့်ရာ ရောက်တာတော့ မဟုတ်ဘူးမလား "
" ဒီကလေးက ငယ်သေးပေမယ့် မောက်မာတတ်နေပြီ။ ငါတို့က သူ့ကို ဆက်ပြီး လွှတ်ထားပေးရင် သူက ကောင်းကင်ကိုတောင်တက်ပြီး ပုန်ကန်တော့မှာ မဟုတ်ဘူးလား "
" ဟုတ်တယ်။ ဒီနေ့ သူ့ကို သင်ခန်းစာတစ်ခု ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ဒီကလေးက ကောင်းကင်နဲ့မြေကြီးရဲ့ ကွာခြားမှုကို တကယ် သိမှာ မဟုတ်ဘူး "
" ဖန်းလူကြီးမင်းရဲ့အကူအညီနဲ့သာဆို ဒီကလေးကို အချိန်တိုအတွင်း ဒူးထောက်အောင် လုပ်နိုင်မှာမဟုတ်လား "
အားလုံးက ချက်ချင်း ဖန်းဝမ်းညန်ကို ချီးကျူးကြသည်။
ယဲ့ဖန်၏ စီးပွားရေးစွမ်းအားကို လျှော့တွက်၍မရနိုင်သော်လည်း သူက ကျုံးဟိုင်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော ဖန်းမိသားစုနဲ့တော့ မယှဉ်နိုင်သေးတာ သေချာသည်။
ဖန်းဝမ်းညန် လှုပ်ရှားလိုက်တာနဲ့ ယဲ့ဖန် ချက်ချင်း အချိန်မရွေး အထိနာသွားလိမ့်မည်။
လင်းကျွင်းကျွင်း၊ ကုန်းပင်း နှင့် ကောင်းကျင်းရှီ တို့က ယဲ့ဖန်အတွက် စပြီး စိတ်ပူလာတော့သည်။
ယဲ့ဖန်က လက်ရှိ တိုက်ပွဲနှစ်ခုမှာ အသာစီးရခဲ့သော်လည်း သူ့ကို တိုက်ခိုက်သူများက တစ်ဖက်သူတွေရဲ့ လက်ပါးစေများသာဖြစ်သည်။
အခုဆို ယဲ့ဖန်က ကျုံးဟိုင်မြို့တွင် အရေးပါသော အနေအထားကိုရထားတဲ့ ဖန်းဝမ်းညန်ကို ရင်ဆိုင်
ရတော့မှာဖြစ်သည်။
ဒီတစ်ခါမှာတော့ ယဲ့ဖန် အရေးနိမ့်တော့မှာကို သူတို့ စိတ်ပူနေကြသည်။
ယဲ့ဖန်က ဖန်းဝမ်းညန်ကို ကြည့်လိုက်သည်။
" နာမည်ကြီး ဖန်းဝမ်းညန်ကလည်း နျုံစစ်သွမ်းရဲ့ ခွေးဖြစ်ဖို့အတွက် တိုက်ပွဲဝင်နေတာလား "
ဖန်းဝမ်းညန်၏ မျက်နှာထား မည်းမှောင်သွားရသည်။
" ဒီမှာ သားလေး၊ စကားကို မသာမယာဖြစ်အောင် မပြောစမ်းနဲ့ "
ဖန်းရှောင်ကွန်းကလည်း ရှေ့ထွက်လာသည်။
" ခွေးသား၊ မင်းပါးစပ်ကို သတိထား။ မင်းပေါ်လာပြီးကတည်းက ကျုံးဟိုင်တစ်ခုလုံး ပရမ်းပတာဖြစ်နေတာ။ ငါတို့က ပြည်သူတွေအတွက် စေတနာထားပြီး လုပ်ပေးနေတာဘဲ "
ထိုစကားကို ယဲ့ဖန် ကြားသောအခါတွင် သူ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
" မင်းက ကရုဏာတရားနဲ့ ဖြောင့်မတ်ခြင်းအကြောင်း ပြောပေမယ့် မင်းက နောက်ကွယ်မှာတော့ သူခိုးနဲ့ ပြည့်တန်ဆာပဲ။ ဒါက တကယ်ပဲ ဖန်းမိသားစုရဲ့ အမွေဆက်ခံတဲ့ ပုံစံဘဲလား "
ဖန်းရှောင်ကွန်း တစ်ခုခုကို တွေးမိသွားပုံရသည်။
ထို့နောက် အပြစ်ရှိစိတ်ကြောင့် ချက်ချင်း ပါးစပ်ပိတ်ကာ အကြည့်များကို ရှောင်လိုက်သည်။
ဖန်းဝမ်းညန် ဒေါသကြောင့် တုန်ရီနေသည်။
" ခွေးသား၊ ငါတို့ရဲ့ ဖန်းမိသားစုက စေတနာနှင့် ဖြောင့်မတ်တာကို အမြဲဦးစားပေးလာတာ။ မင်းက ငါတို့ကို ဘာလို့ ဒီလို စွပ်စွဲရတာလဲ။ ဒီနေ့ မင်းငါ့ကို ရှင်းပြချက် ကောင်းကောင်း မပေးရင် ငါမင်းကို အလွတ်မပေးဘူးဆိုတာ သေချာတယ် "
အခန်းထဲမှာ ရှိနေသူအားလုံးက ယဲ့ဖန်၏ လုပ်ရပ်ကို လှောင်ပြောင်ကြသည်။
" ဒီ ယဲ့ဖန်က စက်ဆုပ်စရာကောင်းလွန်းတယ်။ စကားယှဉ်ပြောမယ်ဆို ခွန်အားကို အားကိုးသင့်တယ်လေ။ ဘာလို့ ပုဂ္ဂိုလ်ရေးကို တိုက်ခိုက်နေရတာလဲ "
" ဟုတ်တယ်၊ မင်းအနိုင်ရဖို့ မင်းရဲ့ခွန်အားကို အားကိုးရင် ဘယ်သူမှ ဘာမှပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ သူများမိသားစုကို မဖြောင့်မတ်ဘူးတို့၊ သူခိုးတို့၊ ပြည့်တန်ဆာလို့ စွပ်စွဲပြောပြီး တိုက်ခိုက်တာက နည်းနည်းလွန်လွန်းတယ် "
" ဒါက လမ်းမတွေပေါ်မှာ ရမ်းကား ကျိန်ဆဲနေတာမျိုးဘဲ မဟုတ်ဘူးလား။ သူ့နည်းလမ်းတွေက ယုတ်မာလွန်းတယ်။ ဒီလိုလူတစ်ယောက်က ဘယ်လိုလုပ် အောင်မြင်လာလဲဆိုတာတာကို ငါတကယ်နားမလည်ဘူး "
" သူက လူရမ်းကားလေးတစ်ယောက်ပဲ။ နျုံလူကြီးမင်းနဲ့ ဖန်းလူကြီးမင်းက ပြိုင်ဘက်အဖြစ် သဘောထားတာက သူ့ကို သိပ်အထင်ကြီးလွန်းနေပြီ "
" ဒီတစ်ယောက်က ကိုယ်ကျင့်တရား ဖောက်ပြားပြီး စကားကို တာဝန်မဲ့ ပြောတတ်တဲ့သူဘဲ။ ဖန်းလူကြီးမင်း၊ လူထုအတွက် ဒီလို ဒုစရိုက်ကောင်ကို ဖယ်ရှားပေးပါ ...... "
လင်းကျွင်းကျွင်း၊ ကုန်းပင်း နှင့် ကောင်းကျင်းရှီ တို့လည်း စကားမပြောနိုင်ကြတော့ပေ။
ယဲ့ဖန်၏ အရင်ပြဿနာတွေကို စွမ်းဆောင်ရည် ကောင်းမွန်စွာဖြင့် အန္တရာယ်အားလုံးကို လွယ်ကူစွာဖြေရှင်းနိုင်ခဲ့သည်။
သူ ပြသခဲ့သော နည်းစနစ်များနှင့် ရဲရင့်မှုတို့က နျုံစစ်သွမ်း နှင့် ဖန်းဝမ်းညန်တို့ကဲ့သို့ စီးပွားရေးလောက၏ အကောင်ကြီးများထက် လုံးဝ မနိမ့်ကျပေ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက ဘာလို့ ဒီလို ယုတ်ညံ့တဲ့တိုက်ကွက်နဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရတာလဲ။
ဒါက အားနည်းချက်တစ်ခု ဖြစ်သွားမယ်ဆိုတာ သိသာနေသည်။
ယဲ့ဖန်၏ စကားကြောင့် လူတိုင်းက စိတ်မကျေမနပ် ဖြစ်နေကြသည်။
သို့သော်လည်း ယဲ့ဖန်ကတော့ ဖန်းရှောင်ကွန်းကို တည်ငြိမ်စွာ ကြည့်နေသည်။
" သခင်လေး ဖန်းရှောင်ကွန်း၊ မင်းလုပ်ခဲ့တဲ့ မကောင်းမှုတွေကို ကိုယ်တိုင် ရှင်းပြချင်လား။ ဒါမှမဟုတ် မင်းအတွက် ငါက ပြောပေးရမလား "
ဖန်းရှောင်ကွန်းသည် ထိုစကားကိုကြားသောအခါ သူ့အမူအရာက ချက်ချင်း ပြောင်းသွားတော့သည်။
" မလုပ်နဲ့ ...... မပြောပါနဲ့၊ ကျေးဇူးပြုပြီးတော့ "
သူ့မျက်နှာရမှာကို ဂရုမစိုက်တော့ပေ။
သူ ယဲ့ဖန်ကို အလျင်အမြန် တောင်းပန်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
သခင်လေးဖန်းရှောင်ကွန်းက ဘာလို့ ရုတ်တရက် အဲ့လောက် ထိတ်လန့်သွားရတာလဲ။
ယဲ့ဖန်က သူနဲ့ပတ်သက်တဲ့တစ်ခုခု တကယ်ဘဲရှိနေခဲ့တာ ဖြစ်နိုင်မလား။
ဖန်းဝမ်းညန်လည်း သိလိုက်သည်။
ထို့နောက် သူ့သားကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
" မင်း ဘာလုပ်ခဲ့တာလဲ။ မင်းလုပ်တာကို တစ်ယောက်ယောက်က ဖမ်းမိသွားပြီလား "
ဖန်းရှောင်ကွန်းက အမြန် ခေါင်းငြိမ့်လိုက်သည်။
" အဖေ၊ မမေးနဲ့တော့။ ပြန်မှ ပြောရအောင် "
သူ့သားက ဒီကိစ္စကိုပြောဖို့ ခက်နေတာကို ဖန်းဝမ်းညန် တွေ့လိုက်ရသည်။
ဒီကိစ္စရဲ့ အကျိုးသက်ရောက်မှုက အလွန်ဆိုးရွားမည်ဟု ခန့်မှန်းမိသောကြောင့် ဆက်မမေးတော့ပေ။
ယဲ့ဖန်က အဲ့တာကိုမြင်ပြီး ချက်ချင်း ရယ်လိုက်သည်။
" လူတစ်ယောက်က ညစ်တီးညစ်ပတ်ကိစ္စတွေကို လူမြင်ကွင်းမှာ ချပြဖို့က တကယ်ဘဲ မလျှော်သင့်ဘူး။ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စတွေကို အပြင်လူတွေကို မသိစေနဲ့ "
ထိုစကားကို ကြားတော့ လူတိုင်းက ပိုလို့တောင် စူးစမ်းသိချင်လာကြသည်။
အတိအကျ ဘာဖြစ်သွားတာလဲ။
ဖန်းရှောင်ကွန်းက ဘယ်လို အပြုအမူမျိုး လုပ်ခဲ့တာလဲ။
ဖန်းဝမ်းညန်က ဒီကိစ္စကို အကျဉ်းချုန်းပြီး အိမ်ပြန်ရောက်တဲ့အခါမှ သူ့သားကို အသေးစိတ်မေးမည်ဟု ရည်ရွယ်ထားသည်။
သို့သော် ယဲ့ဖန်က သူ့ကို ဒေါသဆွနေတာကြောင့် လွှတ်မထားနိုင်တော့ပေ။
သူ့သားကို လှည့်ကြည့်လိုက်သည်။
" ပြောစမ်း၊ ဘာလဲ။ ငါတို့ ဖန်းမိသားစုက အမြဲတမ်း ဖြောင့်ဖြောင့်မတ်မတ်နေခဲ့တာ။ ငါတို့က ဘာကို လူသိရှင်ကြား ပြောလို့ မရမှာလဲ "
ဖန်းရှောင်ကွန်း အံကြိတ်ကာ ဒူးထောက်လိုက်သည်။
" အဖေ ..... တောင်းပန်ပါတယ် ..... ကျွန်တော်က လူမဟုတ်ဘူး ..... "
ဖန်းဝမ်းညန်က သူ့ကို အမြန်ထဖို့ ကူညီပေးသည်။
" ဘာကိစ္စလဲ။ ငါ့ကိုပြော "
ဖန်းရှောင်ကွန်းသည် ပြင်းထန်စွာ ငိုကြွေးရင်း သူ့မျက်ရည်တွေက ပါးပြင်ပေါ်သို့ စီးကျလာသည်။
" ကျွန်တော် ...... ကျွန်တော် ........ "
အချိန်အတော်ကြာ ထစ်အထစ်အ ပြောပြီးတဲ့နောက်ထိ သူ စကားပြောရခက်နေသေးသည်။
ယဲ့ဖန် စိတ်မရှည်တော့ပေ။
" ကျွန်တော် သူ့အစား ပြောပေးမယ်။ ခင်ဗျားသားက ခင်ဗျားမိန်းမငယ်လေးနဲ့ အိပ်ထားတယ်။ အဲ့တာလေးတင်ပါဘဲ ရိုးရိုးရှင်းရှင်းလေးကို ဘာတွေ ကြာနေတာလဲ "
ဒီလိုပြောပြီးတာနဲ့ ဧကရာဇ်နန်းတော်တစ်ခုလုံး၏ လေထုက ထူးဆန်းသွားတော့သည်။
လူတိုင်းက ဖန်းသားအဖကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကြသည်။
သားက သူ့အဖေရဲ့မိန်းမနဲ့ အိပ်နေတာလား။
ဒီမိသားစုအဖြစ်က ဗရမ်းဗတာတွေဖြစ်နေတာဘဲ။
အပိုင်း ( ၃၆၈ )
အရင်ဘဝတုန်းက သတင်းထောက်သမားများ ဖြစ်ခဲ့တာလား
အကယ်၍ ယဲ့ဖန်ရဲ့စကားကသာ မှန်နေတယ်ဆိုရင်
ဖန်းဝမ်းညန်နှင့် သူ့သားတို့က အခုကနေစပြီး ကျုံးဟိုင်မြို့၏ လှောင်ရယ်စရာကိစ္စ ဖြစ်လာမည်ဖြစ်သည်။
အဖေရဲ့မိန်းမနဲ့ အိပ်တဲ့သားက ပြောစရာဒဏ္ဍာရီတစ်ခု ဖြစ်လာလိမ့်မည်။
ဖန်းဝမ်းညန်က သူ့သားရဲ့ပြာနှမ်းနေသော မျက်နှာကို ကြည့်လိုက်သည်။
ယဲ့ဖန်က လိမ်နေတာမဟုတ်ဘူးဆိုတာကို သူချက်ချင်း သိလိုက်ရသည်။
ဒါက အမှန်ဖြစ်နေတယ်ထင်တယ်။
သူနဲ့သူ့သားတို့ရဲ့ ဘဝလမ်းကြောင်းမှာ ရှိနေတဲ့မိန်းမဆိုရင် ထိုအမျိုးသမီးက အတွင်းရေးမှူးလု ဖြစ်ရမည်။
အဲ့တာကိုတွေးပြီး ဖန်းဝမ်းညန် သွေးအန်ထွက်ချင်စိတ် ပေါ်လာသည်။
သူ့မိန်းမက ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ဒီနှစ်တွေအတွင်း သူအလေးအနက်ထားခဲ့သော တစ်ခုတည်းသော ဆက်ဆံရေးက အတွင်းရေးမှူးလုနှင့်ဖြစ်သည်။
မမျှော်လင့်ထားဘဲ ......
သူ ဒေါသဖြစ်နေပေမဲ့လည်း...
ဒီအချိန်က သူ့သားနဲ့ ဟိုကောင်မကိစ္စကို ဖြေရှင်းရန် အချိန်မဟုတ်ပေ။
ဖန်းမိသားစု၏ မျက်နှာကို ဆယ်ဖို့ အရင်ဆုံး ဦးစားပေး ဂရုစိုက်ရမည်။
အဲ့တာကိုတွေးပြီး ဖန်းဝမ်းညန်က ယဲ့ဖန်ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
" ယဲ့ဖန်၊ ငါ မင်းကို ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်လို့ အစက ထင်ခဲ့တာ။ မင်းက ငါတို့ ဖန်းမိသားစုကို ဒီလို စွန်းထင်းအောင် စက်ဆုပ်ရွံရှာစရာကောင်းတဲ့ နည်းလမ်းကို အသုံးပြုခဲ့မယ်လို့ မမျှော်လင့်ထားဘူး။ ငါ မင်းကို အရမ်းအထင်ကြီးခဲ့မိတာဘဲ "
ဖန်းမိသားစု၏ အရှက်ကို ကယ်တင်နိုင်ရန်အတွက် ယဲ့ဖန်က သူတို့ကို ချောက်ချသည်ဟုသာ အပြစ်တင်နိုင်တော့သည်။
ယဲ့ဖန်က ကောလဟာလများသာ ကြားခဲ့ရပြီး ခိုင်မာတဲ့ အထောက်အထား မရှိဘူးဟု သူက ယူဆလိုက်သည်။
ရှိနေတဲ့သူတိုင်းကလည်း ဖန်းဝမ်းညန်၏ စကားက အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။
အခုအချိန်အထိ ယဲ့ဖန်က သက်သေအထောက်အထားမပြဘဲ ပါးစပ်ကနေသာ ပြောခဲ့သည်။
ဒါက ယဲ့ဖန်က သူတို့ကို ချောက်ချဖို့ ဆွဲထားတဲ့ အစီအစဉ်ဖြစ်နိုင်နေသည်။
ယဲ့ဖန်က သူ့ကို ပြန်ပြီး စွပ်စွဲနေတာကို ကြားလိုက်သောအခါ မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။
" ဖန်းလူကြီးမင်းက ရုပ်အလောင်းကို မတွေ့မချင်း မျက်ရည်ကျမှာ မဟုတ်ဘူးဘဲ။ ခင်ဗျားက ပြောလာမှတော့ ပြပေးရမယ်လေ "
စကားပြောနေရင်းနဲ့ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်။
လင်းကျွင်းကျွင်း၊ ကုန်းပင်း နဲ့ ကောင်းကျင်းရှီတို့က အဲ့တာကိုမြင်လိုက်တဲ့အခါ ထူးဆန်းတဲ့အမူအရာ ဖြစ်သွားကြသည်။
ဒီတစ်ယောက်က ဗီဒီယိုတော့ ထပ်မဖွင့်ဘူးမလား။
ခုနလေးတင်ဘဲ ဗီဒီယိုတစ်ခုမှာ ရွှယ်ရှန်းသုန်းရဲ့ ကောင်မလေးက တခြားသူနဲ့ ဖောက်ပြန်တာတွေပါနေလို့ ရန်ဖြစ်ထားတာလေ။
အခု ထပ်ဖြစ်ဦးမှာလား။
ခပ်ဝေးဝေးတွင် ရပ်နေတဲ့ ရွှယ်ရှန်းသုန်း၏ အမူအရာက အလွန်အကျည်းတန်လှသည်။
ရည်းစားဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံထားရတာကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည်။
ယဲ့ဖန်က တကယ်ကြီး လူသိရှင်ကြား ထုတ်ပြခဲ့သည်။
အနာဂတ်မှာ သူ့ခေါင်းဖော်ဖို့ပင် ခက်လိမ့်မည်။
ယဲ့ဖန်က အဲ့တာမျိုးကို ထပ်လုပ်မယ်လို့ မမျှော်လင့်ထားပေ။
ဒီကောင်က သတင်းထောက် သေလို့ဝင်စားတာလား။
ယဲ့ဖန်ဖုန်းထုတ်နေတာကို ဖန်းရှောင်ကွန်းက မြင်တဲ့အခါ သူ့မျက်နှာထားက ပျာယာခတ်သွားသည်။
" ယဲ့ .... ယဲ့လူကြီးမင်း ..... မလုပ်ပါနဲ့ ....... "
ယဲ့ဖန်နဲ့ ရင်ဆိုင်ရတဲ့အခါ သူ အရင်ကလို မာနမကြီးနိုင်တော့ပေ။ သူ့မျက်နှာပေါ်တွင် တောင်းပန်သည့် အမူအရာတစ်ခုသာ ရှိနေသည်။
ထိုကဲ့သို့ ပြုမူလာလေလေ၊ လူတိုင်းက စူးစမ်းလိုစိတ် များလာလေလေဖြစ်သည်။
" ဒါကဘာလဲ။ ဒီလောက်အထိတောင် ဖန်းရှောင်ကွန်းက ကြောက်နေပြီလား "
" ယဲ့ဖန်ရဲ့စကားတွေက မှန်တယ်ထင်တယ်။ မဟုတ်ရင် သူက ဒီလို ဖြစ်နေမှာမဟုတ်ဘူး "
" ဒီဖုန်းထဲမှာ ဖန်းရှောင်ကွန်းနဲ့ ဟိုအမျိုးသမီး ချစ်လို့ လက်ခုပ်တီးနေတဲ့ ဗီဒီယို ရှိနေတာလား။ ဒါဆိုရင် အရမ်းစိတ်လှုပ်ရှားစရာကောင်းမှာ မဟုတ်ဘူးလား "
" တကယ်သာဆိုရင်တော့ ဖန်းမိသားစုရဲ့ သိက္ခာက ဒီနေ့ လုံးဝ အဖတ်ဆယ်လို့ရမှာ မဟုတ်ဘူး "
ယဲ့ဖန်က တခြားသူတွေပြောတာကို ဂရုမစိုက်ပေ။
ထိုနေ့ညက ကားပါကင်မှာ ရိုက်ထားတဲ့ ဗီဒီယိုကို ဖုန်းမန်မိုရီထဲက ပြန်ရှာယူလိုက်သည်။
ထို့နောက် ဖန်းဝမ်းညန်ကို လှည့်ကြည့်လိုက်သည်။
" ဖန်းလူကြီးမင်း၊ ခင်ဗျားကို ထပ်မေးပါရစေ။ ဒီဗီဒီယိုကို လူတိုင်းရှေ့မှာ ဖွင့်ချင်တာ သေချာလား "
ဖန်းဝမ်းညန်၏ အိုနေတဲ့မျက်နှာက ဆတ်ခနဲ တွန့်သွားလေသည်။
ဒီအချိန်မှာ ပြတာ၊ မပြတာက ဘာ ကွာခြားချက်ရှိတော့မှာလဲ။
မပြဘူးလို့ ပြောရင် ရန်မဖြစ်ဘဲ ဝန်ခံရာကျမှာ မဟုတ်ဘူးလား။
" ပြလိုက်စမ်းပါ။ ငါ့သားက မိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ ပျက်ပြားစေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ် "
ယဲ့ဖန်က တမင် ဟန်လုပ်နေတာဖြစ်မည်ဟုသာ သူမျှော်လင့်ထားနိုင်တော့သည်။
ယဲ့ဖန်က တခြားဘာမှ မပြောတော့ပေ။
ဝန်ထမ်းကို ချက်ချင်း ဖုန်းဆက်ပြီး ဗီဒီယိုပြဖို့ ပရော်ဂျက်တာကို စီစဉ်ခိုင်းလိုက်သည်။
ဧကရာဇ်နန်းတော်ခန်းသည် အလွန် အဆင့်မြင့်သည်။
မကြာခင်မှာပဲ ဗီဒီယိုကို မျက်နှာပြင်စခရင်ကြီးပေါ်မှာ ဖွင့်ပြလို့ ရသွားသည်။
ပြီးတော့ ပုံက အရမ်းကို ထင်ရှား ရှင်းလင်းနေသည်။ စခရင်ပေါ်ရှိ မြင်ကွင်းက ကားရပ်နားရာနေရာဖြစ်သည်။
အဝါရောင် Maserati ကားထဲက လူတစ်ယောက်ထွက်လာသည်။
အားလုံးက ဖန်းရှောင်ကွန်းကို ကြည့်လိုက်ကြသည်။
သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး နဖူးမှ ချွေးများ တလိမ့်လိမ့်ကျနေသည်။
အဲ့ပုံစံက လူတိုင်းက ဆက်ပြီး ကြည့်ချင်စေတဲ့ ဆန္ဒကို တိုးပွားလာစေသည်။
ဗီဒီယိုက ဆက်ပြနေသည်။
ထို့နောက် အလွန်ဆွဲဆောင်မှုပြင်းတဲ့ အမျိုးသမီးတစ်ဦးက ခရီးသည်ထိုင်ခုံမှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
ဖန်းဝမ်းညန်နှင့် ရင်းနှီးသောသူများက ထိုအမျိုးသမီးသည် သူ့အတွင်းရေးမှုးဖြစ်ကြောင်းချက်ချင်း သိလိုက်ကြသည်။
အတွင်းရေးမှူးလုကို မသိသောသူများကတော့ ယဲ့ဖန်ပြောခဲ့တဲ့ စကားများနှင့် ဆက်စပ်တွေးကာ သူမ၏အကြောင်းကို အကြမ်းဖျင်း နားလည်လိုက်ကြသည်။
" ဘယ်လောက်တောင် အပျက်ဆန်လိုက်လဲ။ မင်းက ကားထဲမှာတောင် အရမ်းမိုက်တာဘဲ "
" ဘယ်သူမှ နင့်ကို မတွေ့စေနဲ့လေ "
" သူတို့မြင်ရင်ရော ဘာလုပ်ရမှာလဲ။ ဘာကြောက်စရာရှိလို့လဲ "
" ငါက နင့်အဖေရဲ့ မိန်းမ။ တစ်ယောက်ယောက်က ငါတို့ကို ဓာတ်ပုံရိုက်ပြီး နင့်အဖေဆီ ပို့ပေးမှာကို နင် မကြောက်ဘူးလား "
" အဖေ့ရဲ့ဥစ္စာက ငါ့ဥစ္စာဘဲ။ သူသေရင် သူ့မှာရှိတဲ့အရာအားလုံးက ငါ့ဥစ္စာဖြစ်လာမှာ "
ထိုစကားကိုကြားရုံနဲ့ လူတိုင်းအပေါ် ပြင်းထန်သောအကျိုးသက်ရောက်မှုကို ခံစားခဲ့ရပြီဖြစ်သည်။
ဖန်းရှောင်ကွန်းသည် ထိုအမျိုးသမီးက သူ့အဖေရဲ့ မိန်းမဖြစ်သည်ကို သိသော်လည်း သူမနှင့် မဖွယ်မရာပြုဖို့ကို သတ္တိရှိနေဆဲဖြစ်သည်။
ဒါက သားရဲကောင်တွေထက်တောင် ပိုဆိုးလေသည်။
သူ့တွင် အသက်ရှင်စရာ ဘာမျှမကျန်တော့သလို ဖန်းရှောင်ကွန်း၏ မျက်လုံးများက ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။
ဒီနေ့အဖြစ်အပျက်ပြီးတဲ့နောက် သူက ကျုံးဟိုင်မြို့တစ်ခုလုံး၏ လှောင်ရယ်စရာဖြစ်လာလိမ့်မည်။
ဖန်းဝမ်းညန်၏အမူအရာက ပို၍ပင် အကျည်းတန်နေခဲ့သည်။
သူ့သားကို လည်ပင်းပင် ညှစ်သတ်ချင်နေခဲ့သည်။
သူ့မိန်းမနဲ့ အိပ်လို့ သူမုန်းတီးနေတာ မဟုတ်ပေ။
သူ့သားဆိုတဲ့ အကောင်က တကယ်ကို ဂရုမစိုက်လို့ ယဲ့ဖန်က ရိုက်ကူးနိုင်ခဲ့တာကို စိတ်တိုတာဖြစ်သည်။
အနာဂတ်တွင် ဖန်းမိသားစုက ကျုံးဟိုင်မြို့မှာ ဘယ်လို ရပ်တည်ရတော့မှာလဲ။
ဗီဒီယိုကို ဆက်ဖွင့်ထားလေသည်။
" ဒါဆို ငါတို့ သူ သေအောင်ထိ စောင့်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ အခု သူ အသက်ရှင်နေပြီး နေကောင်းနေသေးတယ်လေ။ နင်က ဒီလို လက်ရဲဇာတ်ရဲလုပ်ဖို့ သတ္တိရှိနေသေးတာလား "
" ပြဿနာက အဲ့ဒီဖားအိုကြီးက မင်းကို ကျေနပ်စေနိုင်ပါ့မလား။ အပြင်က တောရိုင်းတွေနဲ့ ပေါင်းတာထက်စာရင် မင်းရဲ့ မြေသြဇာကောင်းတဲ့ အရည်တွေကို ကိုယ့်အတွက် ထားရတာက ပိုကောင်းတယ် မဟုတ်ဘူးလား "
" သူကတောင် ငါ့ကို ကျေနပ်အောင်မလုပ်နိုင်ရင် နင်ကရော လုပ်နိုင်ပါ့မလား "
" ဒီနေ့ မင်းကို သင်ခန်းစာတစ်ခု သင်ပေးရမယ့်ပုံပဲ။
မင်းရဲ့အစ်ကိုကွန်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မင်းမသိဘူးလား ...... "
ဒါပြီးရင် ဆက်လာမယ့်အရာက အရေးမကြီးတော့ပေ။
အမှန်တရားက ရှင်းနေပြီဖြစ်သည်။
ဖန်းရှောင်ကွန်းက သူ့အဖေ၏ မိန်းမနှင့် အိပ်ခဲ့သည်။
သူ့လုပ်ရပ်က သားရဲတိရစ္ဆာန်တစ်ကောင်လို ဖြစ်သည်။
အနာဂတ်မှာ သူ့ကို ကျုံးဟိုင်မြို့တစ်ခုလုံးက မထီမဲ့မြင်ပြုလိမ့်မည်။
ဖန်းဝမ်းညန်က နစ်နာသူသားကောင်ဖြစ်ခဲ့ရသည်။
သို့သော် ဒီကိစ္စတွေကြောင့် သူက အလှောင်ခံဖြစ်လာလိမ့်မည်။
အတိုချုန်းပြောရလျှင် ယဲ့ဖန်က အားစိုက်ထုတ်ဖို့တောင် မလိုအပ်တော့ပေ။
ဒီဗီဒီယိုတစ်ခုတည်းဖြင့် ကျုံးဟိုင်တွင် ထိပ်တန်းနေရာယူထားသော မိသားစုဖြစ်သည့် ဖန်း မိသားစုကို ဖြုတ်ချနိုင်ခဲ့သည်။