← Chapters

အပိုင်း ၃၆၉-၃၇၂

Vol. 19 Ch. 369-372

အပိုင်း ၃၆၉-၃၇၂

Vol. 19 Ch. 369-372

အပိုင်း ( ၃၆၉ )

ရန်သူဖြစ်တာ ပိုကောင်းတယ်

ဖန်းဝမ်းညန်သည် လူအုပ်ကြီးရဲ့ လှောင်ပြောင်တဲ့အကြည့်တွေကို ကြည့်ရင်း သူ့ရင်ဘတ်ထဲ ပူလောင်လာသလို ခံစားလိုက်ရသည်။

သူ ပါးစပ်ထဲမှ သွေးအန်ထွက်လာသည်။

သူသည် ဖန်းမိသားစု၏ခေါင်းဆောင်ဖြစ်ပြီး ကျုံးဟိုင်မြို့တွင် တတိယအချမ်းသာဆုံးသူဖြစ်သည်။

တစ်ခြားသူတွေရဲ့ မြှောက်ပင့်ပြောဆိုခြင်းကိုသာ ကျင့်သားရနေသူဖြစ်သည်။

ဒီလိုမျိုး ဆက်ဆံခံရဖူးတာ ဘယ်တုန်းကရှိလို့လဲ။

ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ ယဲ့ဖန်ရဲ့ ကျေးဇူးကြောင့်ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက အံသြသွားကြသည်။

စီးပွားရေးလောကရဲ့ သူဌေးကြီး ဖန်းဝမ်းညန်က ယဲ့ဖန်ကြောင့် သွေးအန်ထွက်တဲ့အထိ ဒေါသထွက်ခဲ့ရသည်တဲ့။

ဒါကြီးက နည်းနည်းချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား။

သို့သော် စက္ကန့်ပိုင်းလောက်အကြာ တွေးကြည့်လိုက်တော့ အားလုံးနားလည်သွားကြသည်။

အဲ့ဒီလိုသာ ဖြစ်ခဲ့ရင် သူတို့လည်း သွေးအန်ထွက်ကောင်း ထွက်နိုင်တယ် မဟုတ်လား။

ဖန်းရှောင်ကွန်းက အမြန်ပြေးလျှောက်လာသည်။

" အဖေ အဆင်ပြေရဲ့လား ...... "

သူ့စကား မပြီးခင်မှာဘဲ ဖန်းဝမ်းညန်က သူ့ကို ပါးရိုက်လိုက်သည်။

ဖြောင်း

သူ့ဒေါသစိတ်က ဘယ်လောက်တောင် ပြင်းထန်နေလဲဆိုတာ တွေးကြည့်နိုင်သည်။

ဖန်းရှောင်ကွန်း၏ ပါးစပ်ထောင့်မှ ချက်ချင်း သွေးများ ထွက်လာတော့သည်။

သူ့မျက်နှာတစ်ခြမ်းလောက်က ယောင်ကိုင်းသွားသည်။

သားအဖ နှစ်ယောက်လုံး ပွဲချင်းပြီး သွေးကျရတဲ့အဖြစ်ဘဲ။

ဒါက တကယ်ကို ကြေကွဲစရာဘဲ။

ဖန်းဝမ်းညန်သည် ရှက်လွန်းလို့ ကြာကြာမနေနိုင်တော့ပေ။

သူက ယဲ့ဖန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လှည့်ပြီး ထွက်သွားသည်။ နျုံစစ်သွမ်းကိုတောင် နှုတ်မဆက်သွားပေ။

ယဲ့ဖန်က အပြစ်ကင်းစွာ ပခုံးတွန့်လိုက်သည်။

သူ့ကို မယားပစ်အောင် လုပ်တဲ့သူက သူမှ မဟုတ်ဘဲကို ဘာလို့ သူ့ကို လာပြီး စိုက်ကြည့်နေရတာလဲ။

ဖန်းဝမ်းညန်သည် ဧကရာဇ်နန်းတော်မှ ထွက်သွားပြီးတဲ့နောက်ထိ သူက ဒေါသထွက်နေဆဲဖြစ်သည်။

ကုမ္ပဏီလုံခြုံရေးဌာနကို ချက်ချင်းဖုန်းဆက်လိုက်သည်။

" လုမိန်းကို ချက်ချင်း ချုပ်ထားလိုက်။ ငါပြန်လာရင် သူနဲ့ ရှင်းမယ် "

သို့သော် ဖုန်းခေါ်ပြီး မိနစ်အနည်းငယ်အကြာမှာဘဲ လုံခြုံရေးဌာနမှ ဖုန်းပြန်ဆက်လာသည်။

" ဥက္ကဋ္ဌဖန်း၊ တစ်ခုခုဆိုးတာဖြစ်သွားတယ်။ လုမိန် ..... သူမ ထွက်ပြေးသွားတယ် "

" ဘာဖြစ်တယ်။ ထွက်ပြေးသွားတာလား။ ဘာလို့ ထွက်ပြေးတာလဲ "

ဖန်းဝမ်းညန်သည် ထိုစကားကိုကြားသောအခါ သူနောက်တစ်ခါ သွေးအန်မတတ်နီးပါး ဖြစ်သွားပြန်သည်။

" ကျွန်တော်တို့ သူမကို ရှာဖို့ ဌာနချုပ်ရုံးကို သွားခဲ့ပါတယ်။ ဒီနေ့ လုမိန်က ကုမ္ပဏီကို မလာဘူးလို့ သူတို့က ပြောပါတယ်။ ပြီးတော့ .... မနေ့ညကလည်း သူမက ဘဏ္ဍာရေးဌာနကနေ ယွမ် သန်း ၂၀ ထုတ်ယူသွားခဲ့ပါတယ် "

နောက်ထပ် သတင်းဆိုးတစ်ခုကို လုံခြုံရေးဌာနကနေ ကြားသိလိုက်ရသည်။

ဖန်းဝမ်းညန် အံကြိတ်ပြီး ဆက်မေးလိုက်သည်။

" ဘဏ္ဍာရေးဌာနက ဘာလုပ်နေတာလဲ။ ဒုဥက္ကဌဖန်းရှောင်ကွန်းနဲ့ ငါ့လက်မှတ်မပါဘဲ ငွေကို သူမက ဘယ်လိုလုပ် ထုတ်နိုင်မှာလဲ "

" ဒုဥက္ကဌဖန်းရှောင်ကွန်းရဲ့ လက်မှတ်ပါတယ်လို့ ဘဏ္ဍာရေးဌာနက ပြောပါတယ် ...... "

ဖန်းဝမ်းညန်က ဖန်းရှောင်ကွန်းဘက်ကို လှည့်ကြည့်လိုက်သည်။

" မင်း သူ့အတွက် လက်မှတ်ထိုးပေးလိုက်တာလား "

ဖန်းရှောင်ကွန်းက သူ့အဖေကို သနားစရာကောင်းစွာဖြင့် ကြည့်နေသည်။

" သူမ ..... သူမက ကျွန်တော့်ကို ခြိမ်းခြောက်တာပါ။ လက်မှတ်မထိုးရင် ကျွန်တော်တို့အကြောင်းကို ပြောပြမယ်ဆိုပြီး ...... "

" မင်း ..... "

ဖန်းဝမ်းညန်သည် တုန်ရီနေပေမဲ့ လက်ညှိုးထိုးကြိမ်းမောင်းဖို့ ပြင်ရင်း ပါးစပ်ထဲမှ သွေးများ ထပ်ထွက်လာသည်။

ထို့နောက် နောက်ပြန်လဲကျသွားပြီး သတိလစ်သွားခဲ့သည်။

အဲ့တာကိုမြင်တော့ ဖန်းရှောင်ကွန်း အရမ်းထိတ်လန့်သွားသည်။

" တစ်ယောက်ယောက်၊ လူနာတင်ယာဉ်ကိုခေါ်ကြစမ်း "

ဝမ်ကျန်းစားသောက်ဆိုင်၏ ဧကရာဇ်နန်းတော်ထဲရှိလူများကတော့ အပြင်တွင် ဘာဖြစ်နေသည်ဆိုတာကို မသိကြပေ။

ထိုအခိုက်အတန့်တွင် အနေအထားကြောင့် လူတိုင်းက အသက်ရှုကြပ်လာကြသည်။

နျုံစစ်သွမ်းနှင့် ယဲ့ဖန်တို့က အကြည့်ဖြင့် အပြန်ပြန်အလှန်လှန် တိုက်ခိုက်နေကြသည်။

သူတို့နှစ်ယောက်က ဒီညမှာ လုံးဝကို ဂိုဏ်းကွဲသွားကြတာကို သူတို့ ကောင်းကောင်းသိသည်။

အခုကစပြီး သူတို့က မီးနှင့်ရေလို ဖြစ်နေလိမ့်မည်။

ကျုံးဟိုင်မြို့က ပြောင်းလဲတော့မည်။

နျုံစစ်သွမ်းသည် သူ့လက်ထဲတွင် စိတ်ပုတီးကို ကိုင်ထားပြီး ယဲ့ဖန်ကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

" ငါ မင်းကို တကယ်လျှော့တွက်ခဲ့တာဘဲ။ ငယ်ငယ်နဲ့ ဒီလောက်များတဲ့ လက်ရှိအောင်မြင်မှုတွေကို ရနိုင်တာ အံ့သြစရာမရှိတော့ပါဘူး။ မျှော်လင့်ထားသည့်အတိုင်း သူရဲကောင်းတွေဆိုတာ လူငယ်တွေထဲက လာကြတာဘဲ "

ယဲ့ဖန် နှိမ့်ချစွာ ပြုံးလိုက်သည်။

" သာမန်ပါဘဲ "

နျုံစစ်သွမ်းက မတ်တပ်ထရပ်ပြီး ယဲ့ဖန်ရှေ့ကို ဖြည်းညှင်းစွာ လျှောက်လာသည်။

" ငါက အရည်အချင်းရှိတဲ့သူတွေကို နှစ်သက်တဲ့သူတစ်ယောက်ဘဲ။ မင်းလို ပါရမီရှင်တွေကို ငါအကြိုက်ဆုံးပဲ။ မင်း ငါ့ဆီကနေ နှစ်အနည်းငယ်ကြာအောင် သင်ယူပြီးတာနဲ့ ငါ့လုပ်ငန်းတွေအားလုံးကို မင်းဆီကို လွှဲပေးနိုင်တယ် "

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံးက မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်လာကြသည်။

နျုံစစ်သွမ်းက ယဲ့ဖန်ကို 'ညှိချင်နေတာ' လား။

ယဲ့ဖန်က သူ့မျက်နှာကို အကြိမ်အနည်းငယ်လောက် ပါးဖြတ်ရိုက်တဲ့အကွက်တွေ သုံးထားတာလေ။

နျုံစစ်သွမ်းက တကယ်ပဲ အတိတ်ကို ချေပြီး ရန်သူတွေကို မိတ်ဆွေအဖြစ် ပြောင်းလဲချင်နေတာလား။

ဒီလိုရဲရင့်မှုက သာမန်လူတွေ ပိုင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူးလေ။

နျုံစစ်သွမ်းက ဒီနေ့ခေတ်မှာ ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတာ အံ့သြစရာမရှိတော့ဘူး။

သစ်ပင်တွေမှာ အမြစ်ရှိတယ်၊ ရေကလည်း အရင်းအမြစ်ရှိတယ်၊ အရာအားလုံးမှာ အကြောင်းပြချက်ရှိတာဘဲ။

" ဒီ ယဲ့ဖန်ရဲ့ကံက ကောင်းလွန်းတယ်မဟုတ်လား။ သူက နျုံလူကြီးမင်းကို အခုအရှက်ခွဲခဲ့ပေမယ့် နျုံလူကြီးမင်းက သူ့ကို စိတ်တောင်မဆိုးဘဲ ပညာအမွေပေးချင်နေသေးတယ်လေ "

" နျုံလူကြီးမင်းဆီက သင်ယူရမယ်ဆိုတာက လူတော်တော်များများ အိပ်မက်ရတဲ့အရာဘဲ။ ရူးနေတဲ့သူကသာ ငြင်းမှာ "

" ယဲ့ဖန်က အခုချိန်မှာ အောင်မြင်မှုတွေ ရနေတယ်လို့ ယူဆနိုင်တယ်။ သူက တစ်ဖက်သူကို ဆရာတင်ဖို့ ဆန္ဒမရှိလောက်ဘူးလို့ ငါထင်တယ် "

" အဲ့တာက သူဆရာတင်တာက ဘယ်သူလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ နျုံလူကြီးမင်းလို စီးပွားရေးပညာရှင်တစ်ယောက်ဆီက သင်ယူချင်တဲ့သူတွေ ဘယ်လောက်တောင်များလဲဆိုတာ သိလား "

" နျုံလူကြီးမင်းရဲ့ အကာအကွယ်နဲ့သာဆို သူက အနာဂတ်မှာ သူလိုချင်သမျှကို လုပ်နိုင်မှာ မဟုတ်လား။ သူ သေချာပေါက် သဘောတူလိမ့်မယ် "

သူတို့တွေဘဲ အဲ့လိုထင်ကြတာ မဟုတ်ပေ။

လင်းကျွင်းကျွင်း၊ ကုန်းပင်း နှင့် ကောင်းကျင်းရှီတို့ကလည်း ယဲ့ဖန်က ထိုကမ်းလှမ်းချက်ကို အမြန်သဘောတူလိုက်ဖို့ မျှော်လင့်နေကြသည်။

ရန်သူရှိတာထက် မိတ်ဆွေရှိတာက ပိုကောင်းလေသည်။

နျုံစစ်သွမ်းလိုလူကို ဘယ်သူက ရန်သူအဖြစ်ထားချင်မှာလဲ။

အခုအချိန်တွင် တစ်ဖက်သူက ရန်သူအဖြစ်ကနေ မိတ်ဆွေအဖြစ်သို့ ပြောင်းလဲရန် အစပြုပြောခဲ့ပြီး သူ့လုပ်ငန်းအားလုံးကို ယဲ့ဖန်အား လွှဲပြောင်းပေးရန် ဆန္ဒရှိသည်ဟုပင် ပြောသေးသည်။

ဒါက တစ်သက်မှာ တစ်ခါတောင် မကြုံနိုင်တဲ့ အခွင့်အရေးဘဲ။

သူတို့က ယဲ့ဖန်အစား ချက်ချင်း သဘောတူလိုက်ချင်မိကြသည်။

ယဲ့ဖန်သည်လည်း နျုံစစ်သွမ်း၏စကားကို ကြားသောအခါ ထိတ်လန့်သွားရသည်။

သို့သော် ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။

" ရိုးရိုးသားသား ပြောရရင် ခင်ဗျားရဲ့ အကြံပြုချက်က တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ စိတ်ထဲက တကယ်ကို သဘောတူချင်နေတာ ....... "

နျုံစစ်သွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

" ဒါပေမယ့် ဘာဖြစ်လဲ "

ယဲ့ဖန်က သူနဲ့ အကြည့်ချင်းဆုံလိုက်သည်။

" ဒါပေမယ့် ကျွန်တော့်အရိုးတွေက ကွေးဖို့ ခက်တယ်။ ခင်ဗျားနောက်လိုက်ပြီး ခင်ဗျားကို နျုံလူကြီးမင်းလို့ ခေါ်ဖို့အကြောင်း တွေးလိုက်တာနဲ့ အော်ဂလီဆန်လာတယ် "

ထိုစကားကို ယဲ့ဖန်က ပြောပြီးတာနဲ့ အခန်းထဲကသူအားလုံး ချက်ချင်း လဲကျမတတ်ဖြစ်သွားကြသည်။

" ငါနားကြား မှားသွားတာလား။ သူက တကယ်ဘဲ နျုံလူကြီးမင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်တာလား ..... သူ......သူ့ဦးနှောက်မှာ တစ်ခုခုဖြစ်နေတာလား "

" ဟုတ်တယ်၊ ဒါက လူတော်တော်များများ အိပ်မက်မက်ရတဲ့ အခွင့်အရေးပဲ။ သူ့အတွက် ဘာကောင်းလဲဆိုတာကို သူက မသိဘူး "

" ငါထင်နေတယ်။ ဒီကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းမာနကြီးတယ်။ သူက တခြားသူရဲ့ လက်အောက်မှာ တပည့်ခံချင်စိတ် ရှိပါ့မလား "

" နျုံလူကြီးမင်းရဲ့ ခွန်အားအစစ်အမှန်ကို သူ မသိတာ ဖြစ်နိုင်တယ်။ အဲ့တာကြောင့် သူက ဒီလိုမိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပေါ့ "

" နျုံလူကြီးမင်းရဲ့ ခွန်အားအစစ်အမှန်ကို သူသိသွားတာနဲ့ သူ့အူတွေ စိမ်းသွားတဲ့အထိ နောင်တရသွားလိမ့်မယ် မဟုတ်လား "

" ဘယ်လောက် ရူးမိုက်လိုက်လဲ ..... "

နျုံစစ်သွမ်း၏ မျက်လုံးများထဲတွင် သတ်ပစ်ချင်တဲ့ အငွေ့အသက်တွေ ပြည့်နှက်လာသည်။

" လူငယ်လေး၊ မင်းသေချာစဉ်းစားပြီးပြီလား။ မင်းငါ့ကို ငြင်းလိုက်ရင် ငါတို့ အခုကစပြီး တရားဝင် ရန်သူတွေ ဖြစ်သွားလိမ့်မယ် "

ယဲ့ဖန်၏ နှုတ်ခမ်းများ အပေါ်သို့ တွန့်ကွေးတက်သွားသည်။

" မိတ်ဆွေထက် ရန်သူဖြစ်ရတာ ပိုကောင်းမယ်ထင်တယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ "

သူတို့ရဲ့ အကြည့်ချင်း ဆုံသွားသည်။

ဓားနှစ်ချောင်း ပွတ်တိုက်လိုက်သလိုမျိုး မီးပွားတွေ နေရာအနှံ့မှာ ထွက်လာသည်ဟုပင် ထင်ရသည်။

အပိုင်း ( ၃၇၀ )

ပိုးစုန်းကြူးက လမင်းကြီးကို ယှဉ်ရဲလား

" ငါ့ကို ဘယ်သူကများ သတ္တိရှိရှိ စိန်ခေါ်ခဲ့ဖူးလဲ။ မင်းက ပထမဆုံးဘဲထင်တယ်။ မင်း တော်တော် ရဲရင့်တာဘဲ "

နျုံစစ်သွမ်းသည် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

တစ်ဖက်သားကို အလျှော့ပေးအောင် လုပ်ဖို့အတွက် သူ့မျက်လုံးတွေကို အသုံးချချင်နေတဲ့ပုံဘဲ။

" ဒါဆို ခင်ဗျားဘဝကြီးက အရမ်း အထီးကျန်စရာကောင်းနေတာ မဟုတ်လား "

ယဲ့ဖန်၏ အမူအရာမှာ ငြိမ်သက်နေပြီး တစ်ချက်လေးမှ နောက်ဆုတ်မသွားပေ။

" အင်း၊ မင်းက တကယ့်ကို ရှားရှားပါးပါး အရည်အချင်းရှိတဲ့သူပါ။ မင်းနဲ့ အချင်းချင်းရန်ဖြစ်ရမှာကို ငါ တကယ်မမြင်ချင်ဘူး ..... "

နျုံစစ်သွမ်းက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

ဒါပေမယ့် သူ့အကြည့်တွေက စူးရှနေဆဲဖြစ်သည်။

" ဒါပေမယ့် မင်းက မင်းအတွက် ဘာက ကောင်းလဲဆိုတာကို မသိဘူးဆိုမှတော့ ငါ့ဘက်ကလည်း ယဉ်ကျေးနေဖို့ ဘာအကြောင်းမှမရှိဘူး။ မင်းင ဒီလောက် မာနကြီးနေနိုင်အောင် ဘာများရှိနေလို့လဲဆိုတာ ငါ ကြည့်ရသေးတာပေါ့ "

သူ့အသံက ဩဇာသြောင်းနေသည်။

သူ့ခန္ဓာကိုယ်ကလည်း တောက်ပပြီး လွှမ်းမိုးအားကြီးနေသော ကိုယ်ရှိန်ဝါကို ထုတ်လွှတ်နေသည်။

လူအများက မတတ်နိုင်ဘဲ တုန်လှုပ်ကြောက်ရွံကုန်ကြသည်။

ယဲ့ဖန်က သူ့ရှေ့မှာ ရပ်နေသည်။

နီးကပ်သောအကွာအဝေးအတွင်းမှ သိသာသော ဖိအားကို သူခံစားမိနေသည်။

" နျုံစစ်သွမ်း၊ တခြားသူတွေက ခင်ဗျားကို ကျားလို ဝံပုလွေတွေ မြင်ရသလို ကြောက်ကြပေမယ့် ခင်ဗျားကို ကျွန်တော်ကတော့ မြက်ပင်လို ဆက်ဆံမှာဘဲ။ ခင်ဗျားရဲ့ ခေတ်ကကုန်ပြီ။ ယဲ့ဖန်ရဲ့ ခေတ်ကနေ ကြိုဆိုပါတယ် "

ယဲ့ဖန်၏ စကားတွေကလည်း အားကောင်းလှသည်။

သူခန္ဓာကိုယ်မှလည်း နျုံစစ်သွမ်းလို တူညီတဲ့ကိုယ်ရှိန်ဝါကို ထုတ်လွှတ်နေသည်။

အလင်းတန်းနှစ်ခုက တိုက်ခိုက်နေကြသည်။

အခန်းထဲမှာ ရှိနေသူအားလုံးက အသက်ရှူ မဝသလို ဖြစ်လာသည်။

သူတို့ တုန်လှုပ်နေကြသည်။

နျုံစစ်သွမ်းဆီမှ ကိုယ်ရောင်ဝါရှိနေမည်ကို သူတို့ မျှော်လင့်ထားတဲ့အရာဖြစ်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူက နာမည်ကြီး စီးပွားရေးပညာရှင်ကြီးဖြစ်လေသည်။

ဒါပေမယ့် ယဲ့ဖန်ကတော့ အရမ်းငယ်လေသည်။

သူ့ရဲ့ ကိုယ်ရောင်ဝါက နျုံစစ်သွမ်းထက် တစ်စက်ကလေးမှ လျော့နည်းမနေပေ။

အဲ့တာက သူတို့ကို အံ့သြစေသည်။

ဒီလူငယ်ကို နောက်ထပ် နှစ်အနည်းငယ်ပေးလိုက်ရင် သူက တကယ်ဘဲ နောက်ထပ် နျုံစစ်သွမ်း ဖြစ်လာနိုင်လေသည်။

သို့သော် အခုအချိန်တွင် ယဲ့ဖန်က အလွန်အားနည်းနေသေးသည်။

ဒါပေမဲ့ အနည်းဆုံးတော့ သူက နျုံစစ်သွမ်းရှေ့မှာ တောင့်ခံနိုင်စွမ်းရှိလေသည်။

" ဟားဟားဟား၊ မင်းခေတ်တဲ့လား။ မင်းက ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး လူငယ်တစ်ယောက်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် အခုလိုပြောဖို့က စောလွန်းနေမှာ စိုးရတယ် "

နျုံစစ်သွမ်းက ခေါင်းကို မော့ပြီး ရယ်သည်။ သူ့အကြည့်တွေက ဓားလို ထက်မြက်နေသည်။

" ကျုံးဟိုင်က မင်းရဲ့နယ်မြေဘဲ။ ဒီမှာရှိတဲ့လူတွေအားလုံးက မင်းတို့မြို့က စီးပွားရေးလောကရဲ့ ထိပ်တန်းတွေ။ အခု ကြည့်ရအောင်။ ငါ့လို ဒီနယ်ကမဟုတ်တဲ့သူနဲ့ ရန်သူဖြစ်ရဲတဲ့သူတွေ ကျေးဇူးပြုပြီး လက်မြှောက်ပေးကြပါ "

နျုံစစ်သွမ်း၏ ပြင်းထန်သော ကိုယ်ရောင်ဝါကို ရင်ဆိုင်နေရပေမဲ့ ယဲ့ဖန်၏ အကြည့်များက တည်ငြိမ်ခိုင်မာနေဆဲဖြစ်သည်။

ယဲ့ဖန်က သူ့ ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

" ကျွန်တော်၊ ယဲ့ဖန်နဲ့ အတူတူ တိုက်ပွဲဝင်ချင်သူတွေ ကျေးဇူးပြုပြီး ဒီဘက်လာရပ်ပေးပါ "

သူ့လက်ကို ဝှေ့ယမ်းပြီး အော်လိုက်သည်။

လင်းကျွင်းကျွင်း၊ ကုန်းပင်း နှင့် ကောင်းကျင်းရှီ တို့က ယဲ့ဖန်နောက်တွင် ခိုင်မြဲစွာ ရပ်နေကြသည်။

ဝမ်ကျန်းစားသောက်ဆိုင်၏ အထွေထွေမန်နေဂျာအဖြစ် ရာထူးတိုးခံခဲ့ရသော ဟန်ချီသည်လည်း တိတ်တဆိတ်ဖြင့် ယဲ့ဖန်နောက်ကို လျှောက်သွားခဲ့သည်။

ချောင်ရှင်းဖားသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယဲ့ဖန်နောက်မှာ ရပ်နေလိုက်သည်။

နောက်တော့ ယဲ့ဖန်ဘက်ကို လာမယ့်သူ ဘယ်သူမှ ထပ်မရှိတော့ပေ။

နျုံစစ်သွမ်းသည် ခဏတာ အံ့အားသင့်သွားပြီးတဲ့နောက် ရယ်မောလိုက်သည်။

ယဲ့ဖန်ဘက်က လူများထဲတွင် ချောင်ရှင်းဖားသည်သာ အဆင့်အတန်းအနည်းငယ် ရှိသူဖြစ်သည်။

တခြားသူတွေကတော့ သူ့ကိုကြည့်ဖို့တောင် အရည်အချင်း မရှိကြသူတွေဖြစ်သည်။

" ဒါက မင်းရဲ့ ဘက်တော်သားတွေ အကုန်ဘဲလား။ မင်း ငါ့ကိုပြိုင်ဖို့ ဒီအမှိုက်တွေကို အားကိုးချင်ရင်တော့ မင်းကိုယ့်မင်း အထင်ကြီးလွန်းနေတာလို့ ငါပြောနိုင်တယ် "

သူစကားပြောပြီးတာနဲ့ ကျုံးဟိုင်၏ စီးပွားရေး သူဌေးကြီးများအားလုံးက နျုံစစ်သွမ်းနောက်တွင် စုရုံးလာကြသည်။

" Lucky Star ကော်ပိုရေးရှင်းက နျုံလူကြီးမင်း နောက်ကို လိုက်ပါ့မယ် "

" ဟွေ့ချောင်း ကော်ပိုရေးရှင်းကလည်း နျုံလူကြီးမင်း နောက်ကို လိုက်ပါ့မယ် "

" ထျန်းချန်း ကော်ပိုရေးရှင်းက နျုံလူကြီးမင်း နောက်ကို လိုက်ပါ့မယ် "

ထိုကဲ့သို့ဖြင့် နျုံစစ်သွမ်းနောက်လိုက်သူက စုစုပေါင်းလူ ၃၀ မှ ၄၀ ထက်မနည်းရှိခဲ့သည်။

သူတို့အားလုံးက နျုံစစ်သွမ်းနောက်တွင် ရပ်နေကြသည်။

နျုံစစ်သွမ်းက ယဲ့ဖန်ကို ဂုဏ်ယူနေတဲ့မျက်နှာပေးနဲ့ စိုက်ကြည့်နေသည်။

" ဒီလူတွေက ကျုံးဟိုင်ရဲ့ စီးပွားရေးလောကကသူတွေ ဖြစ်ပေမဲ့ အခု သူတို့က ငါ့ဘက်မှာ ရပ်တည်ပြီး မင်းကို ဆန့်ကျင်နေကြတယ်။ မင်း ဘယ်လိုထင်လဲ "

ယဲ့ဖန်က ထိုလူများကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။

" လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်။ ကျွန်တော် ယဲ့ဖန်က ဘယ်သူ့ကိုမှ အတင်းအကြပ်လုပ်မှာမဟုတ်ဘူး။ ဒါပေ့မယ် တစ်ခုပြောမယ် ကျွန်တော်ဆိုတဲ့ ယဲ့ဖန်နဲ့ရန်သူဖြစ်ဖို့ ဒီနေ့မှာ ရွေးချယ်လိုက်တာက ဒီဘဝမှာ ခင်ဗျားတို့လုပ်ဖူးသမျှ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ။ ဒီအတွက်လည်း ခင်ဗျားတို့ အဖိုးအခပေးရလိမ့်မယ် "

ထိုလူများက စီးပွားရေးလောကတွင် အတွေ့အကြုံရှိကြသူများဖြစ်သည်။

သို့ပေမယ့် အကြောင်းပြချက်တစ်ခုခုကြောင့် ထိုအခိုက်အတန့်တွင် ထိုလူငယ်လေး၏ အကြည့်ကို တွေ့လိုက်သောအခါ ကြောက်လန့်ပြီး နှလုံးခုန်မြန်သွားရသည်။

မမြင်နိုင်သော အကြောက်တရားက သူတို့နှလုံးသားထဲတွင် ပျံ့နှံ့လာသည်။

" ဟားဟားဟား၊ မာနကြီးပြီး မိုက်မဲလိုက်တဲ့ ကလေး။ မင်းသေတော့မှာ၊ ဒါကိုတောင် ခေါင်းမာနေသေးတာလား "

" ပိုးစုန်းကြူးရဲ့အလင်းရောင်က တောက်ပတဲ့လမင်းနဲ့ ယှဉ်ရပါ့မလား။ မင်းက ကိုယ့်ကိုကိုယ် ပိုအထင်ကြီးနေတာဘဲ "

" နျုံလူကြီးမင်းနဲ့ ရန်သူဖြစ်လာတာက မင်းဘဝမှာ မင်းလုပ်ခဲ့တဲ့ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ "

" မင်း နျုံလူကြီးမင်းနဲ့ရန်သူဖြစ်ရဲ့မှတော့ နောက်လာမယ့်နှစ်က မင်းရဲ့သေတဲ့နှစ်ပတ်လည်နေ့ပဲ "

" ငါတို့က မင်းနဲ့ရန်သူဖြစ်ချင်တယ်။ မယုံဘူးလား။ အဲ့တော့ မင်းက ငါတို့ကို ရိုက်မှာလား "

လူတိုင်းသည် သူတို့၏ စိတ်ထဲရှိ အကြောက်တရားကို ဖယ်ရှားရန် မာနကြီးတဲ့ စကားလုံးတွေကို သုံးပြီး ယဲ့ဖန်ကို အော်ဟစ် ကြိမ်းမောင်းခဲ့ကြသည်။

ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ နှစ်ဘက်လုံးမှ အင်အားကို နှိုင်းယှဉ်ကြည့်လျှင် ယဲ့ဖန်၏ဘက်သည် ကိန်းဂဏန်းအရသော်လည်းကောင်း၊ ခွန်အားနှင့် လွှမ်းမိုးမှုတို့မှာလည်း လုံးဝကို အားနည်းချက်အပြည့်ရှိနေသည်။

ယဲ့ဖန်က လုံးဝ ဖိနှိပ်ခံနေရသည်။

ဘက်လိုက်ရန် မရွေးချယ်ရသေးသော လူအချို့လည်း ရှိနေသေးသည်။

အဲ့ဒီအစား သူတို့က ဘေးကနေသာ စောင့်ကြည့်ဖို့ ရွေးချယ်ခဲ့ကြသည်။

နျုံစစ်သွမ်းက ယဲ့ဖန်ကို ပြုံးပြုံးလေး ကြည့်နေသည်။

" မင်း လက်ကိုမြှောက် ထပ်အော်ပြီး သိမ်းသွင်းဖို့ ဘာလို့ မကြိုးစားကြည့်တာလဲ။ မဟုတ်ရင် ဒီလောက် လူနည်းနည်းလေးနဲ့ ငါ့ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ "

ယဲ့ဖန်ကတော့ နျုံစစ်သွမ်းစကားထဲမှ သရော်လှောင်ပြောင်သံကို စိတ်ထဲဝင်ပုံမရပေ။

သူ့လက်ကို ဖြည်းဖြည်းချင်း ထပ်မြှောက်လိုက်ပြန်သည်။

" ကျွန်တော်နဲ့ အတူတူ တိုက်ပွဲဝင်ချင်သူတွေ ကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ပါ "

ဘယ်သူမှ ထွက်မလာခဲ့ပေ။

သူတို့က ယဲ့ဖန်နဲ့ ရန်သူမဖြစ်ချင်သော်လည်း နျုံစစ်သွမ်းနှင့်လည်း ရန်သူမဖြစ်ရဲကြတာကြောင့် ရှောင်နေခဲ့ကြသည်။

" ကျွန်တော်နဲ့ အတူတူ တိုက်ပွဲဝင်ချင်သူတွေ ကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ပါ "

ခန်းမတစ်ခုလုံးတွင် ယဲ့ဖန်၏ အသံတစ်ခုတည်းကသာ ပဲ့တင်သံထပ်နေသည်။

နဂိုလူများကလွဲပြီး အခြားနောက်ထပ် ဘယ်သူကမှ ထပ်မလာတော့ပေ။

နည်းနည်းတော့ သနားစရာ ကောင်းပေမယ့် ရယ်စရာလည်း ကောင်းနေသည်။

" ကျွန်တော်နဲ့ အတူတူ တိုက်ပွဲဝင်ချင်သူတွေ ကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ပါ "

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။

အားလုံးက ယဲ့ဖန်၏ ခေါ်နေမှုကို လူပြက်တစ်ယောက်အား ကြည့်နေသလို ကြည့်နေကြသည်။

နျုံစစ်သွမ်းကို ရန်သူအဖြစ်ထားရမည်ဆိုလျှင် ရူးနေတဲ့သူကသာ ယဲ့ဖန်ဘက်တွင် ပါကြလိမ့်မည်။

ဒါက ကိုယ့်သေတွင်းကိုယ်တူးတာ မဟုတ်ဘူးလား။

ခန်းမတွင်းရှိ လေထုက ငြိမ်သက်တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် သီးသန့်အခန်းတံခါးကို ရုတ်တရက် အပြင်မှတွန်းဖွင့်လိုက်သည်။

" Sotheby's လေလံကုမ္ပဏီက ချန်းချုံရှန်းက ပါပါ့မယ် "

" ယွမ်းဖန်ဝမ်းချန် အိမ်ခြံမြေအကျိုးဆောင်က ဟွမ်းကျီယွမ်လည်း လာပါပြီ "

" လင်းယွမ်အိမ်ခြံမြေက ချန်းရွှမ်လည်း ယဲ့ဖန်ဘက် နေပါမယ် "

" ကျုံးဟိုင်ကျန်းကျိုးဒီဇိုင်းကုမ္ပဏီက သိုက်ချန်းလည်း ယဲ့ဖန်ဘက်ကပါ "

" ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းက ဟူဝမ်မင်းလည်း ပါပါမယ် "

" ထျန်းဟော်ဟိုတယ်လည်း ပါပါတယ် "

" ကျုံးဟိုင်တိုက်ကွန်းကလပ်က ဝမ်ထင်းကွမ်း၊ ယဲ့လူကြီးမင်းဘက်ကပါ "

" ထန်းဂူစျေးဝယ်စင်တာ ကျုံးဟိုင်ဌာနခွဲ ကွမ်းကျန်ရှန်းလည်း ပါပါတယ် "

" ဒုန်းအန်းငွေကြေးအာမခံလုံခြုံရေးက ကောဟွိုက်လျန်နဲ့ ရှုမန်လည်း ပါပါတယ် "

" ကျုံးဟိုင်မြို့ ဟူရန်လူချမ်းသာစာရင်း တာဝန်ခံ ကုန်းရှန်းဟုန်လည်း ရှိပါတယ် "

အပိုင်း ( ၃၇၁ )

မိုက်မဲတဲ့လူတစ်စု

နျုံစစ်သွမ်းအပါအဝင် ရှိနေတဲ့လူတိုင်းက ချန်းချုံရှန်း နှင့် အခြားသူများ ဧကရာဇ်နန်းတော်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားကြသည်။

နျုံစစ်သွမ်း၏စွမ်းအားနှင့် ကျုံးဟိုင်၏စီးပွားရေးလောကမှ အကောင်ကြီးတွေ အများကြီးရှိနေတာတောင်မှ ယဲ့ဖန်ဘက်ကို ရပ်တည်ဖို့ ရွေးချယ်တဲ့သူတွေ အများကြီးရှိနေခဲ့သည်။

ဒါက ...... ဒါက ယုံနိုင်စရာ မကောင်းပေ။

တခဏအတွင်းမှာဘဲ နှစ်ဖက်ကြားက ကွာဟမှုက မူလအခြေအနေသို့ တဖြည်းဖြည်းဖြင့် ဟန်ချက်ပြန်ညီလာခဲ့သည်။

လင်းကျွင်းကျွင်း၊ ကုန်းပင်းနှင့် ကောင်းကျင်းရှီတို့က အံ့သြပြီး ဝမ်းသာနေကြသည်။

သူတို့ အစကတော့ သွေးပူပြီး ယဲ့ဖန်နောက်တွင် ရပ်နေခဲ့ကြပေမဲ့ တကယ်တော့ သူတို့ရဲ့ ခွန်အားလောက်လေးနဲ့ အခြေအနေအပေါ် လုံးဝ သက်ရောက်မှုမရှိပေ။

သူတို့ကို ချေမှုန်းချင်ပါက နျုံစစ်သွမ်းဘက်က လုပ်စရာ ဘာမှတောင် မလိုလောက်ပေ။ အလွယ်တကူ ရှင်းထုတ်ခံရနိုင်သည်။

သို့သော် သူတို့တွင် စစ်ကူများ ရှိလာမည်ဟု တစ်ခါမှ မမျှော်လင့်ထားပေ။

တစ်ခါတည်းနဲ့ အများကြီးရောက်လာတာကြောင့် ပိုပြီး စိတ်အားထက်သန်ရသည်။

ယဲ့ဖန်သည် ချန်းချုန်ရှန်းနဲ့ ကျန်တဲ့သူတွေကို ကြည့်ပြီး သူ့နှလုံးသားမှ ကြည်နူးသွားရသည်။

ဒီအချိန်မှာ သူတို့ ပေါ်လာမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ဘယ်လိုဘဲဖြစ်ဖြစ် အခု သူတို့ အခုရင်ဆိုင်နေရတဲ့ ရန်သူက နျုံစစ်သွမ်းဖြစ်သည်။

တခြားသူတွေက ယဲ့ဖန်ကို ပလိပ်ရောဂါသည်လို ရှောင်ကြမယ့်အချိန်မှာ သူတို့က ဘာလို့ သူတို့ကိုယ်တိုင် တံခါးဝထိရောက်လာကြတာလဲ။

ဘယ်လောက်တောင် မိုက်မဲကြတဲ့ လူတွေလဲ။

အထူးသဖြင့် ရေချိုးတဘတ်ကို ပတ်ထားဆဲဖြစ်တဲ့ ဟူဝမ်မင်းလိုမျိုး လူတွေပေါ့။

သူက ရေပူစမ်းစိမ်နေရင်းနဲ့များ ပြေးထွက်လာတာလား။

ဝမ်ထင်းကွမ်းကလည်း သူ့ပါးစပ်ထောင့်တွင် ထမင်းစေ့တွေ ကပ်နေသေးသည်။

ချန်းချုန်ရှန်းကတော့ လေလံပွဲများတွင် အသုံးပြုသည့် တူအသေးလေးတစ်ချောင်းကို ကိုင်ဆောင်ထားဆဲဖြစ်သည်။

ဒီလို နက်ရှိုင်းသောခင်မင်ရင်းနှီးမှုက အမှန်တကယ်ပင် စိတ်လှုပ်ရှားစေသည်။

နျုံစစ်သွမ်းသည် ချန်းချုန်ရှန်းနှင့် အခြားလူများကို ကြည့်နေကာ သူ့အကြည့်က ဓားတစ်လက်လို စူးရှနေသည်။

" မင်းတို့က ငါဆိုတဲ့ နျုံစစ်သွမ်းနဲ့ ရန်သူဖြစ်ချင်တာ သေချာလား "

တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် နျုံစစ်သွမ်းဟာ

နဂါးနိုင်ဓားပိုင်သူဟု ဆိုနိုင်သူတစ်ယောက်ဖြစ်သည်။

မြင်ကြသူတိုင်းက သူနဲ့ ပြဿနာ မတက်ချင်တာကြောင့် ရှောင်ကြသည်။

သို့ပေမဲ့ ကျုံးဟိုင်လို သေးငယ်တဲ့မြို့လေးမှာတော့ မမျှော်လင့်ထားဘဲ သူ့ဂုဏ်သိက္ခာတွေကို လျစ်လျူရှုပြီး ကျားဖင်ပြေးနှိုက်ရဲတဲ့သူတွေ အများအပြားရှိနေခဲ့သည်။

အဲ့တာကြောင့် သူ့နှလုံးသားကို ဒေါသဖြင့် ပူလောင်လာစေသည်။

ချန်းချုန်းရှန်းက သူ့လက်ထဲမှ လေလံထုတဲ့တူလေးကို နှစ်ကြိမ် လေထဲမှာ ဝှေ့ယမ်းလိုက်သည်။

" နျုံစစ်သွမ်းက ဘယ်သူလဲ။ သူက အရမ်း အစွမ်းထက်တာလား။ အရင်က ငါဘာလို့ မကြားဖူးတာလဲ။ မင်းရော ကြားဖူးလား "

" ကျွန်တော် သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။ သူက ဝေးလံခေါင်သီတဲ့ တောင်ပေါ်ဒေသနေ သူဌေးဖြစ်နိုင်တယ်၊ ဟုတ်တယ်မလား "

ဝမ်ထင်းကွမ်းက ချက်ချင်း ခေါင်းယမ်းလိုက်သည်။

" ဘာပဲဖြစ်ဖြစ်၊ သူ့နာမည်ကတော့ တော်တော်ချမ်းသာတယ် ထင်ရတယ် "

ဟွမ်းကျီယွမ်က အသံထွက် ဝင်ပြောလာသည်။

" ဘာကိုဆိုလိုတာလဲ "

အားလုံးက သူ့ကို လှည့်ကြည့်ကြသည်။

" နာမည်က အမဲသားလေးတန်တဲ့လေ။ အခုတလော အမဲသားက တော်တော်ဈေးကြီးနေတာ။ လေးတန်တောင်ရှိတဲ့ နွားဆိုရင် ပိုက်ဆံအများကြီးတန်လောက်တယ် "

ဟွမ်းကျီယွမ်က အလေးအနက်ရှင်းပြသည်။

( 'နျုံ' ဆိုတာ တရုတ်စာလုံးအရ - နွားလို့ အဓိပ္ပာယ်ရပြီး 'စစ်' ဆိုတာ ကိန်းဂဏန်းအရ ၄ လို့ အဓိပ္ပာယ်ရပါတယ် )

" ဟားဟားဟား၊ အဲ့တာဆိုရင်တော့ သူက တကယ်ချမ်းသာတဲ့သူဘဲ "

" ကျွန်တော့်မိသားစုက ဆင်းရဲတော့ တခြားဘာမှ မတတ်နိုင်ဘူးလေ။ အမဲသား ပေါင်မုန့်နှစ်လုံးလောက် ရောင်းပေးပါဦး "

" ငါ့ကိုတော့ နွားခြေနှစ်ချောင်း ပေးပါ "

" နွားခေါင်းက ငါ့ဥစ္စာနော်။ ငါနဲ့ ယှဉ်မလုနဲ့ "

" ကျွန်တော် လောဘမကြီးပါဘူး။ နွားအမြီးပဲ ယူလိုက်ပါ့မယ် ...... "

ယဲ့ဖန်ဘက်က လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် လှောင်ပြောင်ကြသည်။

တောင်ပိုင်း ကွမ်တုန်းပြည်နယ်လိုနေရာမှာတောင် နာမည်ကြီးတဲ့နျုံစစ်သွမ်းကိုတောင် လုံးဝ စိတ်ထဲမထည့်ကြပေ။

နျုံစစ်သွမ်းသည် အရင်က ဒီလို အရှက်ကွဲမှုမျိုးကို တစ်ခါမှ မကြုံဖူးတာကြောင့် ချက်ချင်း ဒေါသထွက်လာရသည်။

" ငါ နျုံစစ်သွမ်း ဒီနေ့ ပြောလိုက်မယ်။ ငါ မင်းတို့အားလုံးကို တစ်ယောက်ချင်းစီ ချေမှုန်းပစ်မယ်။ ကျုံးဟိုင်မှာ မင်းတို့ ရပ်ဖို့တောင် နေရာမရှိစေရဘူး "

ချန်းချုန်ရှန်းနှင့် အခြားလူများက သူ့ခြိမ်းခြောက်သံကိုကြားသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ကျွန်တော့်ရဲ့ ပညာရေးအဆင့်အတန်းက နိမ့်ပါတယ်။ ရပ်တည်စရာ နေရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို တစ်ယောက်ယောက် ရှင်းပြပေးနိုင်ကြမလား "

" ကျွန်တော်ဆိုလိုတာက မိသားစုအတွက်နေရာတောင် မရှိတော့မှာလား "

" ဒါပေမယ့် ငါ့အိမ်က လူအိုကြီးတွေကတော့ မရှိကြတော့ဘူး။ လွန်ခဲ့တဲ့နှစ်တွေကတည်းက သေကုန်ကြပြီလေ "

" မင်း အဲ့လိုကြီး မပြောသင့်ဘူး "

" ဒါဆိုလည်း မပြောတော့ပါဘူး ...... "

ယဲ့ဖန်သည် လူတိုင်း၏ လှောင်ပြောဒသံကို ကြားရပြီး ခေါင်းသာယမ်းနေလိုက်တော့သည်။

ထို့နောက် နျုံစစ်သွမ်းကို လှည့်ကြည့်လိုက်သည်။

" ကျွန်တော့်ညီအကိုတွေ အကုန်လုံးက စနောက်ရတာကို ကြိုက်ကြတယ်။ ခင်ဗျားကို ဟာသလုပ်ပြီး အရူးဖြစ်အောင်လုပ်မိလို့ တောင်းပန်ပါတယ် နျုံလူကြီးမင်း "

နျုံစစ်သွမ်းက ရယ်လိုက်သည်။

" ဒီနေ့ပြီးရင်လည်း သူတို့ ဆက်ရယ်နိုင်မယ်လို့ မျှော်လင့်ပါတယ် "

ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။

" ခင်ဗျားရဲ့ ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်။ နျုံလူကြီးမင်းလည်း ဟာသတွေကို မကြာခဏ နားထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ အရူးအလုပ်မခံမိစေနဲ့ပေါ့ "

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က သူ့နောက်မှ လူများကို လက်ပြလိုက်သည်။

" နျုံလူကြီးမင်းရဲ့ ကြီးမြတ်လှတဲ့အချိန်ကို ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး။ ပြန်ကြရအောင် "

" မင်္ဂလာညချမ်းဖြစ်ပါစေ၊ နျုံလူကြီးမင်း "

" နျုံလူကြီးမင်း၊ ကောင်းကောင်းစားသောက်ပါ "

" နျုံလူကြီးမင်းရ ပျော်ရွှင်ပါစေ "

" နျုံလူကြီးမင်း ....... "

လူတိုင်းက နျုံစစ်သွမ်းကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

ထို့နောက် ယဲ့ဖန်နောက်ကို လိုက်သွားကြသည်။

အဲ့လို ပျော်ရွှင်ပြီး နှုတ်ဆက်သွားတဲ့ စကားတွေက နျုံစစ်သွမ်းအတွက် မျက်နှာကို ပါးတက်ရိုက်လိုက်သလို ခံစားရစေသည်။

" ယဲ့ဖန်၊ တစ်နေ့ မင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ရလိမ့်မယ်။ အဲ့နေ့က သိပ်တော့မဝေးဘူး"

နျုံစစ်သွမ်းက ထွက်သွားတဲ့ ယဲ့ဖန်၏ နောက်ကျောကို ကြည့်လိုက်သည်။

ထို့နောက် သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

ထိုအခါ သူ့လက်ထဲက ဆုတောင်းစိတ်ပုတီးစေ့က ပျက်ကျပြီး မြေပြင်ပေါ်မှာ ချက်ချင်းပြန့်ကျဲသွားတော့သည်။

အဲ့ဒီအပြုအမူကနေမှ သူ့စိတ်ထဲက ဒေါသကို မြင်နိုင်လေသည်။

သူ့နောက်မှာ ရပ်နေတဲ့ လူတွေက ဆောင်းရာသီမှာ နားကျတဲ့ ပုစဉ်းရင်ကွဲတွေလို ငြိမ်သက်နေကြသည်။

အသက်ပင် ကျယ်ကျယ်မရှူရဲကြပေ။

ယဲ့ဖန်နှင့် ကျန်တဲ့သူများက မင်းသားနန်းတော်သို့ ပြန်လာခဲ့ကြသည်။

ယဲ့ဖန်က စားပွဲထိုးကို ကျန်ခဲ့တဲ့အစားအသောက်တွေကို ဖယ်ခိုင်းလိုက်ပြီး အခြားအစားအသောက်အသစ်တွေကို မှာလိုက်သည်။

ယဲ့ဖန်က သူ့ဝိုင်ခွက်ကို မြှောက်လိုက်သည်။

" ဒီနေ့ လာကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ယဲ့ဖန်က ညီအစ်ကိုတို့ရဲ့ကြင်နာမှုကို အမြဲ သတိရနေမှာပါ "

ယဲ့ဖန်က ပြောနေရင်းဖြင့် ဖန်ခွက်ထဲမှ ဝိုင်ကို မော့ချလိုက်သည်။

လူတိုင်းသည်လည်း ဝိုင်ခွက်ကို ကောက်ကိုင်ကာ အားလုံးကို မော့သောက်ကြသည်။

" ယဲ့ညီလေး၊ မင်းက ငါတို့ကို အပြင်လူလို ဆက်ဆံနေတာဘဲ။ အဲ့အစား ဆဲလိုက်ပါတော့လား "

ချန်းချုံရှန်းက သူ့ဝိုင်ဖန်ခွက်ကို ချလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။

" ဟုတ်တယ်၊ ယဲ့လူကြီးမင်း ဒုက္ခရောက်နေမှတော့ ကျွန်တော်တို့က ထိုင်ပြီး ဘာလုပ်နေရမှာလဲ။ အသိစိတ်တော့ရှိပါသေးတယ် "

" အဲ့လိုမပြောပါနဲ့။ နျုံစစ်သွမ်းက ကျွန်တော်တို့နယ်မြေမှာ သူ လိုချင်တာမှန်သမျှ လုပ်နေတာကို ကျွတ်တော်တို့က ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေခွင့်ပေးထားရမှာလဲ "

" ကျွန်တော်တို့က တစ်လှေတည်းစီးနေပြီကို ယဲ့လူကြီးမင်းက ဘာလို့ အပြင်လူလို ဆက်ဆံနေရတာလဲ "

" ယဲ့ဖန် ၊ ကျွန်တော်တို့ကို မင်းရဲ့လူလိုသဘောထားရင် မင်းပြောခဲ့တာတွေကို အခုပဲပြန်ရုတ်လိုက်ပါ "

အားလုံးက ယဲ့ဖန်ကို ဝိုင်းပြောကြသည်။

" ကျွန်တော် အပြောမှားတာမလို့ အပြစ်ယူတဲ့အနေနဲ့ တစ်ခွက်သောက်မယ် "

သူပြောသည့်အတိုင်း နောက်တစ်ခွက်သောက်ပြီး 'သူ့လူတွေရဲ့ဆန္ဒ' ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

အားလုံးက ဆက်ပြီး ခွက်တိုက်ကြသည်။

အခုရောက်နေသူအားလုံးနီးပါးက ယဲ့ဖန်၏ လက်အောက်ငယ်သားများဖြစ်သည်။

နျုံစစ်သွမ်းနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာလည်း အချင်းချင်းရိုင်းပင်းခဲ့ကြပြီး သူတို့ရဲ့ ဆက်ဆံရေးက အများကြီးတိုးတက်ခဲ့ရသည်။

ထို့ကြောင့် စားပွဲက အလွန်အသက်ဝင်နေသည်။

လင်းကျွင်းကျွင်းကတော့ အပ်တစ်ထောင်ပေါ်ထိုင်နေရသလို ခံစားရသည်။

သူမက အကြောင်းပြချက်မရှိဘဲ အနည်းငယ် အထီးကျန်သလို ခံစားလိုက်ရသည်။

ယဲ့ဖန်ကဘက်မှ တက်ရောက်သူ အားလုံးနီးပါးက ကုမ္ပဏီကြီးများ၏ CEO များဖြစ်ကြသည်။

သူတို့က ယဲ့ဖန်၏ဒုက္ခဖိအားကို မျှဝေပြီး ရန်သူကို ခုခံကာကွယ်နိုင်သည်။

ဒါပေမယ့် သူမကရော။

ယဲ့ဖန်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ဝေမျှချင်ပေမယ့် ..... သူမ လုံးဝမကူညီနိုင်ခဲ့ပေ။

သူမ အရင်တုန်းက ဒီလောက် စိတ်ပျက်အားငယ်မှုမျိုးကို မခံစားရဖူးပေ။

တစ်ဖက်တွင် ကုန်းပင်းကလည်း အတွေးထဲမြောနေသည်။

သူ့အစ်ကိုဝမ်းကွဲ ကုန်းရှန်းဟုန်သည် ယဲ့ဖန်အကြောင်းကို အရင်က ချီးမွမ်းခဲ့ဖူးသော်လည်း ယဲ့ဖန်က ထူးချွန်ထက်မြက်သော လူငယ်တစ်ယောက်ဟုသာ သူထင်ခဲ့သည်။

ဒါပေမယ့် ဒီညရဲ့ ရင်ခုန်စရာ မြင်ကွင်းကို မြင်ပြီးတဲ့နောက် ယဲ့ဖန်က နျုံစစ်သွမ်းလိုလူကိုတောင် ယှဉ်နိုင်မှန်း သိလိုက်ရသည်။

ထိုအခါမှသာ သူနဲ့ အသက်အရွယ် အရမ်းကြီးမကွာလှတဲ့ ဒီလူငယ်လေးရဲ့ ခွန်အားဟာ အံ့ဩစရာကောင်းမှန်း နားလည်သွားသည်။

လက်ဖျားခါပြီး ဩဘာပေးသင့်လောက်ပါပေတယ်။

အပိုင်း ( ၃၇၂ )

အမှန်တိုင်းပြောရရင် ကျွန်တော်လည်း ကြောက်တယ်

ကောင်းကျင်းရှီက အသိစိတ်တောင် ကောင်းကောင်းမကပ်သေးပေ။

သူ တစ်ညလုံး မူးနောက်နေခဲ့တယ်လို့တောင် ပြောလို့ရသည်။

အစပိုင်းတွင် ယဲ့ဖန်က ရွှယ်ရှန်းသုန်းကို အလွယ်တကူ မျက်နှာပျက်စေခဲ့တာကပင် အလွန်အထင်ကြီးစရာကောင်းသည်ဟု သူခံစားမိခဲ့သည်။

နောက်ပြီးတော့ ဧကရာဇ်နန်းတော်ထဲသို့ ဝင်ပြီးတာနဲ့ ယဲ့ဖန် သူ့စွမ်းအားကိုပြသခဲ့ပြီး သူ့ကို စိန်ခေါ်တဲ့သူတွေအားလုံးကို မြေလှန်ပစ်ခဲ့သည်။

အဆုံးမှာတော့ သူက နျုံစစ်သွမ်းကိုပင် ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာလည်း အရှုံးမပေးရုံသာမက တစ်ဖက်သားကိုလည်း မျက်နှာပျက်စေခဲ့သည်။

နျုံစစ်သွမ်းဖြစ်နေတာတောင်မှလေ။

နျုံစစ်သွမ်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ခုလုံးကိုတောင် တုန်လှုပ်စေနိုင်သည့် အလွန်အဆင့်မြင့်တဲ့ သူဌေးကြီးဖြစ်သည်။

သူ့လိုအတွက်ဆိုရင်တော့ အဲ့တာက လုံးဝလက်လှမ်းမမှီတဲ့ ဖြစ်တည်မှုတစ်ခုဖြစ်သည်။

ဒါပေမဲ့ ယဲ့ဖန်၏လက်ထဲမှာတော့ နျုံစစ်သွမ်းက အမှန်တကယ်ကို ရှုံးနိမ့်ခြင်းကို ကြုံလိုက်ရသည်။

အိပ်မက်မက်နေသလိုတောင် ခံစားရသည်။

မဟုတ်ဘူး၊ ဒီလိုမြင်ကွင်းမျိုးကို သူ အိပ်မက်တောင် မမက်ရဲခဲ့ဘူး။

ဒါက ဆန်းကြယ်လွန်းတယ်။

ထို့နောက် ကောင်းကျင်းရှီက ဝိုင်ကို သုံးခွက်ဆက်တိုက် သောက်လိုက်သည်။

ထိုအချိန်မှာဘဲ ချန်းရွှမ်က ပြောလာသည်။

" လူတိုင်းရဲ့ ပျော်နေတဲ့စိတ်ကို ဖျက်တာတော့ မဟုတ်ပေမဲ့ ရေအေးလေးလောင်းရဦးမယ်။ ကျုံးဟိုင်က ကျွန်မတို့ရဲ့ အိမ်ကွင်းဖြစ်ပေမဲ့လည်း နျုံစစ်သွမ်းရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့တွက်လို့မရဘူး "

အစက သက်ဝင်လှုပ်ရှားနေသော လေထုက ချက်ချင်း အေးခဲသွားတော့သည်။

ချန်းရွမ်က အမှန်အတိုင်းပြောနေတာမှန်း လူတိုင်းသိလေသည်။

နျုံစစ်သွမ်းသည် စီးပွားရေးလောကကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့ပြီး ဘယ်တော့ကမှ မရှုံးဘူးသူဖြစ်လေသည်။

သူ့ရဲ့ လုပ်ငန်းကိစ္စတော်တော်များများကို ကျောင်းသင်ခန်းစာ စာအုပ်တွေမှာတောင် ရေးထားကြလေသည်။

သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြသူတွေတောင် ရှိလေသည်။

အဲ့လို သမိုင်းဝင်ပညာရှင်ကြီးနဲ့ ယှဉ်ရတဲ့အခါ ဘယ်သူတွေ မကြောက်ဘဲနေမှာလဲ။

အခုတော့ သူတို့ရဲ့ နှလုံးသားထဲမှာဘဲ အဲ့ဒီအကြောက်တရားတွေကို ဖုံးကွယ်ထားဖို့ပဲရှိတော့သည်။

ယဲ့ဖန်က လူတိုင်းရဲ့ အမူအရာတွေကို ကြည့်လိုက်ပြီး သူ့ရဲ့အမူအရာကလည်း လေးနက်လာသည်။

" လူတိုင်း ကြောက်တာက ပုံမှန်ပါပဲ။ အမှန်တိုင်းပြောရရင် ကျွန်တော်လည်း ကြောက်တယ်။ တစ်ဖက်ရန်သူက စီးပွားရေးလောကရဲ့ ဒဏ္ဍာရီဆန်ဆန်တည်ရှိနေတဲ့ နျုံစစ်သွမ်းဖြစ်နေတယ်လေ။ ဒီလိုရန်သူကို မကြောက်ဘူးလို့ ပြောရင် ကိုယ့်ကိုကိုယ် လိမ်နေတာဘဲ "

လူတိုင်းက ဂရုတစိုက် နားထောင်နေကြသည်။

ယဲ့ဖန်က နျုံစစ်သွမ်းကို ကြောက်တယ်လို့ သူတို့အားလုံးရှေ့မှာ ဝန်ခံလိုက်သည်။

အဲ့တာက သူတို့ကို အရမ်းအံ့သြစေသည်။

ယဲ့ဖန်၏မျက်နှာတွင် ပြတ်သားသောအမူအရာရှိနေသည်။

" ဒါပေမဲ့ ကြောက်တာက ကြောက်တာဘဲ။ အခု သူက ကျွန်တော်တို့ကို အနိုင်ကျင့်ဖို့ လာနေတာကို ကျွန်တော်က တိုက်ပွဲကို လက်မခံရင် သူရဲဘောကြောင်တာနဲ့ ဘာကွာတော့မှာလဲ "

လူတိုင်းက ခေါင်းငြိမ့်ကြသည်။

သူတို့က ဒီနေ့အထိရထားသမျှကို ပိုင်ဆိုင်ခဲ့ဖို့အတွက် တတ်စွမ်းသမျှ ကြိုးစားခဲ့ကြရသည်။

လျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်မှာ ဘယ်သူကများ အတားအဆီးတွေကို မကျော်ဖြတ်ခဲ့ရလို့လဲ။

ကြွက်တစ်ကောင်လို အရှက်ကွဲရမှာထက် ကြိုးစားရတဲ့ လမ်းမှာသေရတာ ပိုကောင်းတယ်။

ယဲ့ဖန်က စကားပြောနေရင်း သူ့အကြည့်တွေက စူးရှလာသည်။

" သူက ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး။ သူက ယဲ့ဖန်ဆိုတဲ့ ကျွန်တော့်ကို လာဆွနေတာက သူ့ဘဝရဲ့ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ "

ခွမ်း

သူ ပြောပြီးတာနဲ့ သူ့လက်ထဲက ဝိုင်ခွက်က ချက်ချင်း ကွဲသွားတော့သည်။

ချန်းချုန်ရှန်းက ပထမဆုံး မတ်တပ်ရပ်လာခဲ့သည်။

" ဘာ နျုံလူကြီးမင်းလဲ။ အဲ့ခွေးကောင်ကို မေ့လိုက်ကြ "

လူတိုင်းက မတ်တပ်ရပ်လိုက်ကြသည်။

ဝိုင်ခွက်တွေကို အားလုံး တညီတညွတ်တည်း မြှောက်လိုက်ကြသည်။

" အဲ့ခွေးမသားကို အဆုံးသတ်ပေးလိုက်ကြစို့ "

သူတို့ လူစုခွဲပြီး ပြန်လာတဲ့အခါ သန်းခေါင်ကျော်နေပြီဖြစ်သည်။

ယဲ့ဖန်က အားလုံးကို နှုတ်ဆက်သည်။

ထို့နောက် လင်းကျွင်းကျွင်းကိုတော့ သူမ၏နေအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်။

လင်းကျွင်းကျွင်းက ကျုံးထျန်းကန်သာယာအိမ်ရာတွင် နေတာမဟုတ်ပေ။

အမှန်တော့ ထိုနေရာက သူမလို အိမ်ခြံမြေမန်နေဂျာတစ်ယောက် နေဖို့ တတ်နိုင်သည့်နေရာ မဟုတ်ပေ။

သူမ ဒီညမှာ တော်တော်သောက်ခဲ့ပြီး မူးကာငိုက်နေသည်။

ယဲ့ဖန်က သူမကို အိမ်ပြန်ပို့ပြီး အိပ်ရာပေါ်တင်ကာ ဒေါက်မြင့်ဖိနပ်ကိုတောင် ချွတ်ပေးပြီး စောင်နှင့်အုပ်၍ ထွက်သွားတော့မည့်အချိန်မှာဘဲ လင်းကျွင်းကျွင်းက ရုတ်တရက် သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

ယဲ့ဖန်လည်း လှည့်ကြည့်လိုက်သည်။

လင်းကျွင်းကျွင်းက မူးနေသောမျက်လုံးများဖြင့် သူ့ကိုကြည့်နေသည်ကို ယဲ့ဖန်မြင်လိုက်ရသည်။

" တောင်းပန်ပါတယ် ရှင့်ကို ဘာမှ မကူညီလိုက်နိုင်ဘူး ..... "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြန်ပြုံးပြလိုက်သည်။

" မင်း ကိုယ့်ကို ဘာမှကူညီစရာ မလိုပါဘူး။ ကိုယ့်ဘာသာ ကိုင်တွယ်နိုင်ပါတယ် ..... "

သူ့စကား မပြီးခင်မှာဘဲ လင်းကျွင်းကျွင်းက ကုတင်ပေါ်ကနေ ရုတ်တရက် ထထိုင်လိုက်သည်။

" ဒါပေမယ့် ကျွန်မ ရှင့်ရဲ့ဖိအားတွေကိုတော့ လျော့အောင် လုပ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ စမ်းကြည့်ချင်လား ....... "

သူမ၏အသက်ရှူမှုမှ သစ်ခွပန်းနံ့လေးများရနေပြီး သူမ၏အသံကလည်း သွေးဆောင်မှုအပြည့်ရှိနေသည်။

တစ်ချိန်တည်းမှာဘဲ သူမက အင်္ကျီကို ချွတ်လိုက်သည်။

သူမက အနက်ရောင်ကိုယ်ကျပ်လက်တစ်လုံးအင်္ကျီကို ဝတ်ထားသည်။

သူမ၏ ပြီးပြည့်စုံသော အသွင်အပြင်က လုံး၀ကို ပေါ်လွင်နေခဲ့သည်။

ယဲ့ဖန် အံ့သြသွားသည်။

" အဲ့တာက ..... အဲ့တာက ကိုယ် အရင်သွားလိုက်ဦးမယ် "

အဲ့ဒီလိုနဲ့ ယဲ့ဖန် ထွက်ပြေးသွားခဲ့သည်။

လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏ နောက်ပြန်ဆုတ်သွားသော ပုံစံကို စိုက်ကြည့်နေသည်။

သူမ လုပ်တာ ဘာမှားသွားလို့လဲ။

ပင်ပန်းတာသက်သာစေဖို့ သူမရဲ့ အနှိပ်နည်းပညယအသစ်ကို စမ်းကြည့်စေချင်ရုံတင်ပါ။

အရမ်းကြောက်သွားဖို့ လိုလို့လား။

အချိန်အတော်ကြာ ထိုင်စဉ်းစားပြီးတဲ့နောက် ကုတင်ပေါ် ပြန်လှဲကာ အိပ်ပျော်သွားတော့သည်။

ယဲ့ဖန်က ကျုံးထျန်းကန်သာယာစံအိမ်ဆီသို့ မောင်းသွားခဲ့သည်။

ယဲ့ဖန် ကိစ္စတစ်ခုကို ရှင်းရှင်းလင်းသိလိုက်ရသည်။

ဒီညပြီးတာနဲ့ လူတိုင်းက သူ့ကို ကပ်ရောဂါလို ရှောင်ကြလိမ့်မည်။

သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးယူချင်သူများလည်း အများအပြားရှိနေနိုင်သည်။

အကယ်၍ တစ်စုံတစ်ယောက်ကများ ထိုကဲ့သို့ အကြံအစည် တကယ်ဘဲရှိနေလျှင်တောင်မှ သူ စိတ်မ၀င်စားပေ။

သူ့အတွေးထဲမှာ မြောနေချိန်မှာဘဲ သူ့နားထဲမှာ စနစ်သတိပေးချက်ကို ရုတ်တရက် ထွက်ပေါ်လာသည်။

[ ကံကြမ္မာ အခွင့်အရေးအသစ်တစ်ခုကို စနစ်မှ ရှာဖွေတွေ့ရှိထားပါသည်။ ရှေ့တည့်တည့်သို့ မီတာ ၁၀၀ သွားပြီး ညာဘက်သို့ ကွေ့ပါ ..... ]

ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။

သူ အခုလေးတင် ရန်သူကြီးနှင့် ကြုံခဲ့ရတာဖြစ်သည်။

စနစ်က သူ့ကို ကံကြမ္မာလမ်းညွှန်မှုအသစ် ပေးလေသည်။

ဒီတစ်ခါလည်း ဘာဆုရမယ်မှန်း မသိရပေ။

ယဲ့ဖန်က ချက်ချင်း ကားအရှိန်ကို မြှင့်လိုက်သည်။

တစ်ဖက်တွင် လုမိန်က လမ်းကြားထဲမှာ ပြေးလွှားနေသည်။

သူမမျက်နှာမှာ ထိတ်လန့်မှုတွေ အပြည့်ရှိနေသည်။

ပြေးရင်းနဲ့ နောက်ပြန်ကြည့်နေရသည်။

သူမရဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံကလည်း ဘယ်အချိန်ကတည်းကမှန်းမသိ ပျောက်သွားခဲ့သည်။

ယဲ့ဖန်က ကားပါကင်မှာ သူမနဲ့ ဖန်းရှောင်ကွန်းတို့ စကားပြောဆိုမှုကို မှတ်တမ်းတင်ခဲ့ပြီးကတည်းက

သူမမှာ ဆိုးရွားတဲ့ ခံစားချက်ရလာခဲ့သည်။

ဖန်းရှောင်ကွန်းက ယဲ့ဖန်ကို ခက်ခဲတာတွေ လုပ်တော့မယ်လို့ ပြောတာကို မနေ့က သူမ ကြားလိုက်တဲ့အခါ အဆင်မပြေတော့ဘူးဆိုတာကို သူမ သိလိုက်သည်။

ဖန်းရှောင်ကွန်းကသာ ယဲ့ဖန်နဲ့ တကယ် ရန်ရှာခဲ့မယ်ဆိုရင် ယဲ့ဖန်က ဒေါသထွက်ပြီး ထိုဗီဒီယိုကို ထုတ်ဖော်ပစ်လိမ့်မည်။

ဖန်းရှောင်ကွန်းကတော့ အဆင်ပြေနေလိမ့်မည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူက ဖန်းဝမ်းညန်၏သားဖြစ်သည်။

ဖန်းဝမ်းညန် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူ့သားကို ဘာမှလုပ်မှာ မဟုတ်ပေ။

သို့ပေမဲ့ ဒေါသအားလုံးက သူမအပေါ် စုပုံလာပေလိမ့်မည်။

ထို့ကြောင့် သူမ မနေ့ညက ဖန်းရှောင်ကွန်းကို စာရွက်စာတမ်းတစ်ခု လက်မှတ်ထိုးခိုင်းခဲ့သည်။

အဲ့ဒီနောက် ကုမ္ပဏီမှ ယွမ် သန်း၂၀ ကို အောင်မြင်စွာ လွှဲပြောင်းယူခဲ့သည်။

နိုင်ငံခြားသွားဖို့ လေယာဉ်လက်မှတ်လည်း ဝယ်ထားပြီးဖြစ်သည်။

သူမ ဒီကနေ ထွက်ပြေးဖို့ ကြံစည်ထားပြီး ဘယ်တော့မှ ပြန်လာတော့မည်မဟုတ်ချေ။

ဘုရားသခင်၏အကြံအစည်က လူသားထက်သာလွန်လေသည်။

ရာသီဥတုဆိုးရွားလွန်းတာကြောင့် ဒီနေ့ လေယာဉ်က ပုံမှန်အတိုင်း မပျံသန်းပေ။

လေဆိပ်မှာ စောင့်နေတုန်း ကုမ္ပဏီရဲ့ လုံခြုံရေးဌာနဝန်ထမ်းတွေက လေဆိပ်ကို ရောက်နေပြီဆိုတာကို မြင်လိုက်ရသည်။

သူတို့က သူမကို ရှာဖွေနေခဲ့ကြသည်။

လုံခြုံရေးတွေကို မြင်လိုက်တဲ့အခါ ခြေထောက်တွေ အားနည်းသွားပြီး မတ်တပ်တောင် ထမရပ်နိုင်လောက်အောင်ကို ကြောက်သွားသည်။

သို့သော်လည်း အဆုံးမှာတော့ သူမ ရှင်သန်နိုင်ရန်အတွက် အမြန် ထွက်ပြေးခဲ့ရသည်။

လုမိန်သည် အလျင်လိုနေသောကြောင့် သူမ၏ ခရီးဆောင်အိတ်ကိုပင် ယူဖို့ အချိန်မရလိုက်ပေ။

သို့သော် ထိုလူများက သူမကို သတိထားမိသွားကြလေသည်။

ထိတ်လန့်တကြားနဲ့ သူမ ဒီလမ်းကြားထဲကို ပြေးဝင်ခဲ့မိသည်။

အဲ့အချိန်မှာဘဲ သူမ ရုတ်တရက် စိတ်ပျက်လက်ပျက်နှင့် ကိစ္စတစ်ခုကို သိလိုက်ရသည်။

ရှေ့ကလမ်းက အကာတွေနဲ့ ပိတ်ဆို့ထားသော လမ်းအပိတ်ကြီး ဖြစ်နေခဲ့သည်။

တစ်ချိန်တည်းမှာဘဲ သူမနောက်မှ လိုက်လာသော ခြေလှမ်းများက ပို၍ နီးကပ်လာသည်။

လုမိန် လဲကျသွားလေသည်။

ပြီးသွားပြီ။

အားလုံးပြီးသွားပြီ။

All Chapters