← Chapters

အပိုင်း ၃၇၃-၃၇၆

Vol. 19 Ch. 373-376

အပိုင်း ၃၇၃-၃၇၆

Vol. 19 Ch. 373-376

အပိုင်း ( ၃၇၃ )

ဘာမဆို ပေးနိုင်ပါတယ်

လုမိန်သည် ဖန်းဝမ်းညန်နောက်ကို နှစ်အတော်ကြာ လိုက်ခဲ့ပြီး သူ၏ ရက်စက်သော နည်းလမ်းများကို အသုံးပြုခဲ့ခြင်းကိုလည်း အကြိမ်များစွာ မြင်ဖူးသည်။

သူမ မတိုင်ခင် ဖန်းဝမ်းညန်မှာ နောက်မိန်းမတစ်ယောက်ရှိခဲ့သည်။

ထိုမိန်းမက ဖန်းဝမ်းညန်နောက်တွင် ဖောက်ပြန်ခဲ့သည်။

ဖန်းဝမ်းညန်က သိသွားပြီးနောက်တွင် သူမကို အမည်မသိနည်းလမ်းများစွာ အသုံးပြုပြီး ထောင်ထဲပို့ခဲ့သည်။

သူမက ထောင်ဒဏ် ဆယ်နှစ်ကျော် ချမှတ်ခံခဲ့ရရုံသာမက ထောင်ထဲမှာလည်း လူမဆန်စွာ ဆက်ဆံခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

ထိုမိန်းမအတွက် ကံကြမ္မာက စုတ်ပြတ်သွားခဲ့သည်။

ဖန်းဝမ်းညန်က တာဝန်ပေးထားသော လူခြောက်ယောက်၊ ခုနစ်ယောက်လောက်က သူမကို ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ကျ၊ မုဒိမ်းကျင့်ကျသည်။

ဘာတွေကို ထပ်ပြီးခံစားခဲ့ရသည်ကို သူမ မသိသော်လည်း ထိုမိန်းမက ရူးသွားခဲ့သည်။

အခုတော့ ထိုမိန်းမကို စိတ်ကျန်းမာရေးဆေးရုံမှာ ချုပ်နှောင်ထားသည်။

လုမိန်သည် ထိုမိန်းမ၏ ဆေးရုံခအတွက် ကူညီပေးရန် ဖန်းဝမ်းညန်ဆီမှ အမိန့်ပေးခဲ့ခံရဖူးသည်။

ထို့ကြောင့် အဲ့ဒီမိန်းမကို ကြည့်ဖို့သွားခဲ့ဖူးသည်။

ထိုအချိန်တုန်းက အဲ့ဒီမိန်းမဟာ စိတ်ကျန်းမာရေးဆေးရုံခန်း၏ ထောင့်တစ်နေရာမှာ ကွေးကွေးလေးထိုင်နေပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ လောက်များကို စားနေသည်ကို တွေ့ခဲ့လိုက်ရသည်။

ထိုကြောက်စရာကောင်းသော မြင်ကွင်းကို တွေးမိတိုင်း ဆံပင်များထောင်လာသည်ဟုပင် ခံစားရသည်။

လုမိန်ရဲ့ လက်ရှိကိစ္စအရ ...... သူမက ထိုမိန်းမထက် အဆတစ်ရာပင် ပိုဆိုးသည်။

ဘာလို့လဲဆိုတော့ သူမနဲ့ ဖောက်ပြန်ခဲ့သူက ဖန်းဝမ်းညန်၏ သားဖြစ်သူ ဖန်းရှောင်ကွန်းဖြစ်သောကြောင့် ဖြစ်သည်။

တကယ်လို့ ဖမ်းမိသွားခဲ့ရင် သူမအဖြစ်က ထိုမိန်းမထက် ဆိုးသွားပေလိမ့်မည်။

သူမ၏ အတွေးများ လွင့်လာတာနဲ့အမျှ ခြေလှမ်းများ နီးကပ်လာသည်ကို လုမိန် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

တချို့လူတွေက သူမကို ရယ်ပြီး လှောင်ပြောင်နေကြသည်။

" ဒီ ခွေးမက ဘယ်လိုပြေးရမလဲ ဆိုတာကို သေချာသိတယ်။ သူမကြောင့် တစ်ညလုံး ငါတို့မှာ လမ်းလျှောက်နေရတာ "

" လက်ပူးလက်ကြပ်မိပြီဘဲ။ သူမမှာ အတောင်တွေရှိရင်တောင် မပျံနိုင်ဘူး "

" နောက်ဆုံးတော့ ငါ့အလုပ်ကို ပြန်ပြီး သတင်းပို့နိုင်တော့မယ်။ ဖုန်းလက်ခံရတုန်းက ငါက မိန်းမနဲ့ ဇာတ်လမ်းက တစ်ဝက်တစ်ပျက်ကြီး။ ငါ နေလို့ အဆင်မပြေသေးဘူး "

" မင်းမိန်းမက ဘာကောင်းလို့လဲ။ ဒီမိန်းမက မင်းမိန်းမထက် ပိုလှတယ်မဟုတ်လား "

" သူမက လှတယ်။ ဒါပေမယ့် ငါတို့က ကြည့်ရုံဘဲ ကြည့်လို့ရတယ်။ ဟိုအဘိုးကြီးက ငါတို့ကို လက်နဲ့ထိခွင့်ပြုမှာတဲ့လား "

" အဘိုးကြီးက ဒေါသထွက်လွန်းလို့ ဆေးရုံတောင်တင်ထားရတယ်။ မင်း သူ့ကို သေအောင် ကစားရင်တောင် အဘိုးကြီးက ဘာမှ မပြောနိုင်ဘူး။ မင်းကို ဆုတွေတောင် ပေးဦးမှာ "

" တကယ်လား "

လုမိန်သည် သူတို့၏ စကားပြောသံကို ကြားလိုက်ရသောအခါ သူမ လုံး၀ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ဖန်းဝမ်းညန်က ဒေါသထွက်လွန်းလို့ ဆေးရုံတင်လိုက်ရတာတဲ့လား။

အဲ့တာက သူမအတွက် ပိုလို့တောင် မျှော်လင့်ချက်မဲ့သွားစေသည်။

သူမ လွယ်အိတ်ထဲမှ သစ်သီးဓားတစ်ချောင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။

သူမ လည်ချောင်းမှာ ဓားကိုဖိကပ်ထားရင်း လက်တွေက တုန်လှုပ်နေသည်။

သေမှာကြောက်ပေမယ့် သေတာက ပိုဆိုးတဲ့ဘဝမှာ နေရတာထက် ပိုကောင်းသည်။

သူမဘဝ အဆုံးသတ်ခါနီးအချိန်မှာပဲ ရုတ်တရက် လမ်းကြားထဲကို ကားတစ်စီးက ရပ်လာသည်။

စူးရှသော ကားမီးရောင်များက လမ်းတစ်လျှောက်လုံး လင်းထိန်သွားသည်။

စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တဲ့ လုမိန်က မျှော်လင့်ချက်အလင်းရောင်ကို မြင်လိုက်ရပြီး အမြန် အော်ပြီး အကူအညီတောင်းလိုက်သည်။

" ကူညီပါဦး၊ ကယ်ကြပါ ...... "

အဲ့တာကိုမြင်တော့ သူမကို ဖမ်းဖို့လာတဲ့ လုံခြုံရေးအစောင့်တွေအားလုံးက အမှောင်ထဲကို ပြေးပုန်းကြသည်။

လုမိန်သည် လမ်းကြားထဲမှာ ပြေးလွှားရင်းဖြင့် သူမ၏ နောက်ဆုံးအသက်ကယ်ကောက်ရိုးကို ဆွဲလိုက်နိုင်သွားသည်။

ဆယ်မီတာကျော် အကွာအဝေးက ရှည်သည်ဟု မယူဆနိုင်သော်လည်း လျှောက်နေရတာ တစ်သက်စာကြာနေသည်ဟု ခံစားရသည်။

လမ်းထိပ်သို့ရောက်သောအခါ သူမ၏ ခွန်အားများ အား ကုန်ဆုံးသွားပုံရသည်။

သူမ ခြေထောက်တွေကို ထိန်းမရတော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုအခိုက်အတန့်တွင် ပွတ်တိုက်သန့်စင်ထားသော ယောက်ျားသားရေဖိနပ်တစ်ရံက သူမရှေ့တွင် ပေါ်လာသည်။

လုမိန်က အပေါ်ကို လှမ်းမော့ကြည့်လိုက်သည်။

ထို့နောက် ချောမောသောမျက်နှာကို သူမ မြင်လိုက်ရသည်။

ထိုအချိန် ကားမီးရောင်အောက်မှာ သူ့ခန္ဓာကိုယ်က စူးရှတဲ့ အလင်းရောင်ကို ထုတ်လွှတ်နေသည်။

သူက နတ်သားတစ်ပါးအသွင်ရှိနေသည်။

ယဲ့ဖန်လား။

လုမိန်က လုံးဝ အံ့အားသင့်သွားရသည်။

ဒါကို သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သူမအသက်ကို ကယ်ခဲ့သူမှာ တကယ်ဘဲ ယဲ့ဖန် ဖြစ်နေခဲ့သည်။

သူမ ဒီအဆင့်ကို ရောက်သွားရတဲ့ အကြောင်းရင်း အများစုက ဒီလူကြောင့်ဖြစ်သည်။

လက်တွေ့ကျကျ ပြောရလျှင် သူမက သူ့ကို အရိုးထဲကနေပင် မုန်းသင့်တာဖြစ်သည်။

သို့ပေမဲ့ သူမ သေရတော့မည့် အခြေအနေမှာ သူက နတ်သမီးတစ်ပါးလို ဆင်းသက်လာပြီး သူမကို သေခြင်းအစွန်အဖျားမှ ကယ်တင်ခဲ့သည်။

အဲ့တာက ချက်ချင်း သူမကို စိတ်ပြောင်းသွားစေခဲ့သည်။

" ကားပေါ်အရင်တက်ပါ "

ယဲ့ဖန်က တခြားဘာမှ မပြောပေ။

သူက လူကြီးလူကောင်းတစ်ယောက်လို ပြုမူပြီး သူမကို ကူညီခဲ့သည်။

သူက လှည့်ပြီး ကားပေါ်တက်လိုက်သည်။

လုမိန်သည် ခက်ခက်ခဲခဲ ထလာခဲ့ရသည်။

သူမက ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်သည်။

ထိုအခါမှသာ သူမ၏နှလုံးသားက နောက်ဆုံးမှာတော့ တည်ငြိမ်သွားခဲ့သည်။

ထို့နောက် တစ်ဖက်တည်းကျန်တော့တဲ့ ဒေါက်မြင့်ဖိနပ်ကို ချွတ်ကာ ပြတင်းပေါက်မှ ပစ်ချလိုက်သည်။

သူမတစ်ကိုယ်လုံး ရှုပ်ပွနေသည်။

အနက်ရောင် ခြေအိတ်မှာလည်း အပေါက်ကြီးတွေ များစွာရှိနေသည်။

သူမ၏ နှင်းလို ဖြူဖွေးဖွေး အသားအရေမှာလည်း ပေါက်ပြဲနေသည်။

သူမပုံစံက ထူးခြားကွဲပြားတဲ့ သွေးဆောင်မှုမျိုး ရှိနေခဲ့သည်။

ယဲ့ဖန်ကတော့ မကြည့်ပေ။

ဒီအမျိုးသမီးနဲ့ ဖန်းဝမ်းညန်နှင့် သူ့သားတို့ကြားက ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးအကြောင်းကို သူတွေးနေခဲ့သည်။

ထို့နောက် သူ့အတွေးတွေကို စုစည်းပြီး ကားကို ချက်ချင်း စက်နှိုးလိုက်သည်။

သူ့ကားထွက်သွားပြီး သိပ်မကြာခင်မှာပဲ ထွားကြိုင်းကြိုင်းနဲ့ လူတချို့က သူ့ကို လမ်းကြားထဲကနေ လိုက်လာကြသည်။

" ခေါင်းဆောင်၊ ကျွန်တော်တို့ ဆက်လိုက်သင့်လား "

" ရူးနေလား။ ဒီနေ့ အဲ့ကောင်မကို ဖမ်းမမိရင် ငါတို့အားလုံး ဒုက္ခရောက်လိမ့်မယ် "

" အဲ့ကလေးက ငါတို့လုပ်ငန်းကို ဖျက်ဆီးဖို့ သတ္တိမှတော့ တိတ်ဆိတ်တဲ့နေရာ ရှာပြီး သင်ခန်းစာကောင်းကောင်း ပေးရမယ် "

" အဲ့ကလေးရဲ့ကားက တော်တော်မိုက်တာ။ သူက ချမ်းသာတယ်ထင်တယ် "

" ဘာကိုကြောက်တာလဲ။ တစ်ခုခုဖြစ်ရင် အဘိုးကြီးက တာဝန်ယူလိမ့်မယ်။ သွားရအောင်၊ ကားပေါ်တက် "

သူတို့ထဲက အနည်းငယ်က Toyota MPV ကားတွေထဲကို ချက်ချင်းဝင်ပြီး သူတို့နောက်ကို လိုက်ကြသည်။

" သူတို့ ...... လိုက်ဖမ်းနေကြပြီ "

နောက်ကြည့်မှန်ပေါ်မှ လုပ်ငန်းသုံးကားတစ်စီးကို မြင်လိုက်ရသောအခါတွင် အနည်းငယ်ငြိမ်သက်သွားခဲ့သည့် သူမနှလုံးသားက တစ်ဖန် ပြန်ပြီး ပူပန်လာသည်။

ယဲ့ဖန်က နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။

မထီမဲ့မြင်အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

" ထိုင်ခုံခါးပတ်ကို သေချာပတ်ထား "

လုမိန်က ယဲ့ဖန် ဘာကိုဆိုလိုမှန်း မသိသော်လည်း သူမက ထိုင်ခုံခါးပတ်ကို နာခံစွာဖြင့် ကိုင်ထားဆဲဖြစ်သည်။

ထိုအချိန် နောက်ကျောကို ဆတ်ခနဲ တွန်းလိုက်တဲ့ ခံစားချက်က ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။

Lykan ကားက မြှားတစ်စင်းလို ချက်ချင်း ပြေးထွက်သွားသည်။

" အား ....... "

လုမိန်၏အော်သံက တိတ်ဆိတ်နေသောညကို ဖြတ်ကျော်သွားသည်။

မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်တဲ့အခါ ဘယ်ရောက်နေမှန်း မသိတော့ပေ။

သူတို့နောက်လိုက်နေတဲ့ လုပ်ငန်းသုံးကားတွေက ပျောက်သွားသည်။

" သူတို့ ..... ဘယ်ရောက်သွားတာလဲ "

လုမိန်သည် ယဲ့ဖန်ကို ကြောင်အအ ကြည့်နေလိုက်သည်။

" ငါးကီလိုမီတာကျော်မှာ ကျန်ခဲ့ပြီ "

ယဲ့ဖန်က သူ့လက်ကို ပြတင်းပေါက်ပေါ်တင်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

" အိုး ....... "

လုမိန် အံ့သြသွားသည်။

ဒီတစ်ယောက် အရင်တုန်းက တိုက်လေယာဉ် ပျံသန်းဖူးတာလား။

ဒီအမြန်နှုန်းက လုံးဝ မူမမှန်ပေ။

ထိုအချိန်တွင် ယဲ့ဖန်က ကားကို လမ်းဘေးချရပ်လိုက်သည်။

" ကားပေါ်ကဆင်း "

လုမိန်က သူ့ကို ကြောင်တောင်တောင်နဲ့ ကြည့်နေသည်။

" ရှင်က ...... ကျွန်မကို ဆင်းစေချင်တာလား "

ယဲ့ဖန်က မတတ်နိုင်ဘဲ ရယ်လိုက်သည်။

" ကားပေါ်ကမဆင်းရင် ငါနဲ့ အိမ်လိုက်ပြန်ချင်လို့လား "

လုမိန်က သူမ၏လက်များကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ယဲ့ဖန်လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

" ယဲ့ဖန်၊ ငါတောင်းပန်ပါတယ်။ ငါ့ကိုကယ်ပါ၊

ဖန်းဝမ်းညန်က တကယ်သတ်လိမ့်မယ် "

ယဲ့ဖန်က သူမလက်ကို နှလုံးသားမဲ့စွာ ခါယမ်းလိုက်သည်။

" ဒါကို မင်းကိုယ်တိုင် လုပ်ခဲ့တာဘဲ။ ငါ မင်းကို မကူညီနိုင်ဘူး "

လုမိန် နှုတ်ခမ်းကို ကိုက်လိုက်သည်။

သူမ ခေါင်းကို မော့လိုက်ပြန်သည်။

စူးရှသော မျက်လုံးတစ်စုံဖြင့် သူမက စိုက်ကြည့်လိုက်သည်။

" နင် ငါ့ကိုကယ်သရွေ့ နင့်ကို အကုန်ပေးနိုင်တယ် "

သူမက စကားပြောနေရင်း အနက်ရောင်ခြေစွပ်ကို ဆွဲချွတ်လိုက်သည်။

သူမ၏ နှင်းလိုဖြူတဲ့ ပေါင်က ပေါ်လာသည်။

ကားမီးရောင်တွေထက်တောင် ပိုတောက်ပနေခဲ့သေးသည်။

အပိုင်း ( ၃၇၄ )

ကားထဲက ထွက်သွား

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ဘာကိုဆိုလိုတာလဲ "

လုမိန်က သူ့ကို သနားစရာကောင်းတဲ့ အမူအရာနဲ့ ကြည့်နေသည်။

" ရှင် ကျွန်မကို ညစ်ပတ်တယ်လို့ ထင်နေတာ သိတယ်။ ဒါပေမဲ့ ရှင့်ရဲ့ဒေါသကို ဖြေဖျောက်ဖို့ ကျွန်မကို အရုပ်တစ်ရုပ်လို ဆက်ဆံရင်တောင်ရပါတယ်။ ကျွန်မကို ကယ်တင်ပေးပါ၊ တောင်းပန်ပါတယ် "

ယဲ့ဖန်က သူ့ထိုင်ခုံကို ဖြည်းဖြည်းချင်း နောက်ပြန်မီလိုက်သည်။

" ငါ မင်းကို ကယ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းမှာ ဖန်းသားအဖကို ဖြုတ်ချနိုင်မယ့် သက်သေ အထောက်အထား တစ်ခုခုရှိလား "

လုမိန်က မျှော်လင့်ချက်ပြည့်တဲ့ အမူအယာကို ထုတ်ပြလိုက်သည်။

" ရှင် ဘာလိုချင်တာလဲ "

ယဲ့ဖန်က ကားစတီယာတိုင်ကို ပွတ်လိုက်သည်။

" မင်းမှာ သူတို့နဲ့ပတ်သက်တဲ့ အထောက်အထားတစ်ခုခုရှိရင် လုံခြုံအောင်ထားဖို့ ငါ့လက်ကို အပ်လို့ရတယ်။ မင်းကိုယ်စား ငါက သူတို့ကို သတိပေးလိုက်မယ်။ အဲ့တာဆို သူတို့က မင်းကို ဒုက္ခထပ်ရှာတော့မှာ မဟုတ်ဘူး "

လုမိန်က အနည်းငယ် အကြည့်လွှဲသွားသည်။

" ဟင့်အင်း၊ မရှိဘူး "

ယဲ့ဖန်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

" ဒါဆို ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ မင်း ကားပေါ်က ထွက်သွား "

လုမိန်က ဆက်ပြီး အသနားခံချင်သေးသည်။

သို့သော် ယဲ့ဖန်၏ အေးစက်သောအကြည့်ကို သူမတွေ့လိုက်ရသောအခါ သူမက တွန့်ဆုတ်စွာဖြင့် ကားပေါ်မှ ဆင်းသွားခဲ့သည်။

ယဲ့ဖန်သည် အချိန်ဖြုန်းမနေဘဲ မောင်းထွက်သွားခဲ့သည်။

နောက်ကြည့်မှန်ပေါ်မှ လုမိန်၏ အထီးကျန်နေတဲ့ပုံရိပ်ကို သူ မြင်နေရဆဲဖြစ်သည်။

သို့သော် သူ့မှာ စာနာစိတ်များများစားစားမရှိခဲ့ပေ။

ဒီနေ့ကိစ္စတွေ ဖြစ်ခဲ့တာက ထိုအမျိုးသမီး ပြုမူခဲ့တဲ့ကိစ္စတွေကြောင့်ဖြစ်သည်။

အဲ့တာအပြင် ယဲ့ဖန်က သူမကို အခွင့်အရေးခဲ့သည်။

ဖန်းသားအဖနဲ့ ပတ်သက်တဲ့ သက်သေမပေးနိုင်သရွေ့ သူမကို ကူညီဖို့ စိတ်မ၀င်စားပေ။

သို့သော်လည်း သူမက အဲ့တာကို လွှဲပြောင်းပေးရန် ဆန္ဒမရှိတာကြောင့် သူကလည်း သူများကိစ္စမှာ တကူးတက ဝင်ပါဖို့ စိတ်ကူးမရှိချေ။

လုမိန်က ငြင်းခဲ့ပြီး ဖန်းသားအဖနဲ့ ပတ်သက်တဲ့ သက်သေမရှိဘူးလို့ ပြောခဲ့ပေမယ့် ယဲ့ဖန်က လိမ်တိုင်းခံမည့်သူမဟုတ်ပေ။

ထိုအမျိုးသမီးရဲ့ ဉာဏ်ကောင်းပုံနဲ့ဆို ဒီလိုနေ့မျိုး ရောက်လာမည်ကို သူမ ကြိုတွေးထားလောက်သည်။

သူမမှာ အရန်အစီအစဉ်မရှိဘဲ နေပါ့မလား။

ထိုအချိန်တွင် စနစ်၏သတိပေးအကြောင်းကြားသံက သူ့နားထဲတွင် ထွက်ပေါ်လာပြန်သည်။

[ ကံကြမ္မာလမ်းညွှန်မှု ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ်၊ လက်ခံသူ။ စနစ်ဆုကြေးအဖြစ် ၄ ဘီလီယံတန်ဖိုးရှိသော လုံထန်း E-Commerce ကော်ပိုရေးရှင်း၏ ရှယ်ယာအားလုံးကို ရရှိပါသည် ]

ထိုစကားကိုကြားသောအခါ ယဲ့ဖန် အံ့အားသင့်သွားသည်။

ဒီတစ်ကြိမ်ဆုက e-commerce ကုမ္ပဏီတစ်ခုဖြစ်သည်။

လက်ရှိတွင် သူ့မှာ အိမ်ခြံမြေ၊ အားလပ်ရက်အခြေစိုက်စခန်းများ၊ စျေးဝယ်စင်တာများ၊ ဟိုတယ်များ၊ ငွေကြေးစာချုပ်ကုမ္ပဏီများနှင့် အခြားကုမ္ပဏီများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

အဲ့တာတွေအားလုံးက ရုပ်ပိုင်းဆိုင်ရာစက်မှုလုပ်ငန်းနှင့် ငွေကြေးစက်မှုလုပ်ငန်းများဖြစ်ကြသည်။

ဒါကတော့ ပထမဆုံးအင်တာနက်ကုမ္ပဏီဖြစ်လေသည်။

ထို့အပြင် ဒီ လုံထန်း E-Commerce ကုမ္ပဏီကို သူ အတော်လေး ရင်းနှီးနေပုံရသည်။

ကျုံးဟိုင်မှာ အတော်လေးနာမည်ကြီးတဲ့ကြောင့် ဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာဘဲ တစ်ဖက်တွင် ဝမ်ကျန်းစားသောက်ဆိုင်၏ အထွေထွေမန်နေဂျာဟောင်း ဝမ်ဟိုက်ရန်က အရက်မူးပြီး အိမ်ပြန်လာခဲ့သည်။

အချိန်အတော်ကြာ တံခါးခေါက်တဲ့ပြီးနောက် သူ့မိန်းမ ယန်းဟုန်းမိန်က နောက်ဆုံးမှာ တံခါးကို လာဖွင့်ပေးလိုက်သည်။

" ရှင် ဘာလို့ ပြန်နောက်ကျမှ ပြန်လာတာလဲ။ ဒီည ရှင် အချိန်ပို အလုပ်ဆင်းနေရမယ်လို့ ကျွန်မ ထင်နေတာ "

ယန်းဟုန်းမိန်က သူမရဲ့ ညဝတ်ပိုးအင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ရင်း ငြင်သာစွာ မေးလိုက်သည်။

" အချိန်ပိုတဲ့လား။ နောက်ဆို အချိန်ပိုလုပ်စရာ မလိုတော့ဘူး "

ဝမ်ဟိုက်ရန်က တံခါးကို အတင်းတွန်းပြီး ဖိနပ်တောင်မချွတ်ဘဲ ဝင်ခဲ့သည်။

ယန်းဟုန်းမိန်က သူ့နောက်မလိုက်မီ အမျိုးသားဖိနပ်တစ်ရံကို ဖိနပ်ပုံးထဲသို့ အမြန်ကန်ထုတ်လိုက်သည်။

" ရှင် ဘာပြောလိုက်တာလဲ။ အချိန်ပိုလုပ်စရာ မလိုတော့ဘူးလား။ ရှင့်ရဲ့သူဌေးက နားလည်ပေးလို့လား "

ဝမ်ဟိုက်ရန်က ဝိုင်တစ်ငုံကို မော့သောက်လိုက်သည်။

" နားလည်ပေးတာတဲ့လား။ နားလည်အပေးလွန်ပြီး အဲ့ကောင်က ငါ့ကို အလုပ်ထုတ်လိုက်တာ "

ယန်းဟုန်းမိန် အံ့အားသင့်သွားသည်။

" အလုပ်ထုတ်လိုက်တာလား။ အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကောင်လေးတဲ့လား။ ရှင့်ရဲ့သူဌေးက ချောင်ရှင်းဖား မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ကုန်တာလဲ "

" ကျွန်မကို ရှင်းအောင် ပြောစမ်းပါဦး "

ဝမ်ဟိုက်ရန်က ပုလင်းအလွတ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

" ဝမ်ကျန်းစားသောက်ဆိုင်က ပိုင်ရှင်ကို ပြောင်းသွားပြီ ..... "

ညက အဖြစ်အပျက်တွေကို သူ့မိန်းမအား ပြောပြသည်။

ယန်းဟုန်းမိန်က စိတ်ရှည်ရှည်နဲ့ နားထောင်နေပြီး သူမမျက်နှာပေါ်က နူးညံ့သိမ်မွေ့မှုက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

" ရှင်က ဘာမှ သုံးစားမရတဲ့သူဘဲ။ ဘာလို့ သွားမသေလိုက်တာလဲ။ ဘာလို့ ဝင်ရှုပ်လိုက်တာလဲ။ အခု ရှင်က အလုပ်မရှိတော့ဘူးဆိုတော့ ကျွန်မကို ရှင်နဲ့အတူ လေလွင့်နေစေချင်တာလား "

ဝမ်ဟိုက်ရန်က သူမကို စိုက်ကြည့်လိုက်သည်။

" မင်းက ဘာသိလို့လဲ "

ယန်းဟုန်းမိန်သည် ပို၍ပင် ဒေါသထွက်လာသည်။

" စကားကိုကြည့်ပြော။ ကျွန်မ ပြောတာ မှားလို့လား။ ရှင် နှစ်တွေအများကြီးကြာပြီး နောက်ဆုံးမှာမှ ဝမ်ကျန်းရဲ့ အထွေထွေမန်နေဂျာရာထူးကို ရခဲ့တာလေ။ အခုတော့ ရှင်က ညတွင်းချင်း စုတ်ပြတ်တဲ့အနေအထားကို ပြန်ရောက်သွားပြီ။ ဘဝက ဘာလို့ အဲ့လောက် ခါးသီးနေရတာလဲ "

ဝမ်ဟိုက်ရန်က ချက်ချင်း ရယ်မောလိုက်သည်။

" ကံဆိုးပေမဲ့ အဲ့တာကြောင့် ကောင်းသွားတာရဲ့ အဓိပ္ပါယ်ကို မင်းသိလား။ အလုပ်ပြုတ်သွားပုံပေမယ့် တကယ်က ကောင်းတယ် "

ယန်းဟုန်းမိန်က မျက်ရည်တွေကို သုတ်လိုက်သည်

" အလုပ်ပြုတ်တာက ကောင်းတယ်တဲ့လား။ ရှင့်ဦးနှောက်မှာ တစ်ခုခုများ ဖြစ်သွားပြီလား "

ဝမ်ဟိုက်ရန်က စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။

" အဲ့ကောင်လေး ယဲ့ဖန်က နျုံလူကြီးမင်းကို စော်ကားခဲ့တာ။ နျုံလူကြီးမင်းက သူ့ကို လွှတ်ပေးပါ့မလား။ နောက်ဆို သူက လက်စားချေတာကို ဆူနာမီထက်ဆိုးအောင် သေချာပေါက် ခံစားရမှာပါ။ ကိုယ် ဝမ်ကျန်းက ထွက်လိုက်တာက သေချာပေါက် အချိန်ကောင်းဘဲ ...... "

ယန်းဟုန်းမိန်က သူမခေါင်းကိုကုတ်ပြီး ခင်ပွန်းဖြစ်သူ၏ စကားများကို တွေးတောနေလိုက်သည်။

" မင်း နားလည်လား "

" အင်း ..... နားလည်ပြီထင်တယ် "

" ဘာနားလည်တာလဲ "

" ရှင်က လုံးဝကို ရူးနေပြီဆိုတာ "

" ငါ ...... "

ဝမ်ဟိုက်ရန် ဒေါသထွက်လွန်းလို့ သွေးအန်လုနီးပါးဖြစ်သွားသည်။

" ဝမ်ကျန်းကနေ ကိုယ်ထွက်လာတာက ပညာရှိလုပ်ရပ်ဆိုတာ မင်းသိထားရင် လုံလောက်ပြီ "

ယန်းဟုန်းမိန်က နှုတ်ခမ်းကိုစူလိုက်သည်။

" ရှင်က ကိုယ့်သဘောနဲ့ကိုယ် ထွက်လာသလို ပြောနေတာဘဲ။ ရှင် ဘက်မှားရပ်တည်မိလို့ ကန်ထုတ်ခံရတာက သိသာနေတာကို "

ဝမ်ဟိုက်ရန်က သူ့မိန်းမကို သတ်ချင်မတတ် ဒေါသထွက်သွားခဲ့သည်။

ထပ်ပြီး ဆဲဆိုမနေချင်တာကြောင့် ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းဆီသို့ လျှောက်သွားခဲ့သည်။

" ဒါဆို ရှင် အနာဂတ်မှာ ဘာလုပ်မှာလဲ "

" စိတ်မပူပါနဲ့၊ ငါအလုပ်ရှာပြီးပြီ။ မနက်ဖြန် အလုပ်စလို့ရပြီ "

" ဘယ်ကုမ္ပဏီလဲ။ ဘယ်ရာထူးလဲ "

" လုံထန်း E-Commerce ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ "

ဒုန်း

ရေချိုးခန်းတံခါးက ပိတ်သွားသည်။

ယန်းဟုန်းမိန် ပြုံးလိုက်သည်။

အဲ့လိုမှပေါ့။

ဒုဥက္ကဋ္ဌက အရင် အထွေထွေမန်နေဂျာလောက် မကောင်းပေမယ့် လစာက မနည်းလောက်ပါဘူး။

ဒီလူကြီးက မဆိုးဘူးဘဲ။

ငွေမရှာနိုင်ဘဲ သူမကပြန်ပြီး ထောက်ပံ့ပေးနေရမယ်ဆိုရင် ဘာသုံးစားလို့ရတော့မှာလဲ။

သူက အိုပြီး ရုပ်ဆိုးတဲ့အပြင် ဟိုနေရာမှာလည်း အသုံးမကျဘူး။

ငယ်ရွယ်နုပျိုတဲ့ ခန္ဓာကိုယ်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

ထိုအချိန် သန်မာတဲ့ခန္ဓာကိုယ်နဲ့ လူတစ်ယောက်က အိပ်ခန်းထဲက ထွက်လာသည်။

သူက သူမတင်ပါးကို ပြင်းပြင်းထန်ထန် ပွတ်လိုက်သည်။

" အဲ့ဒီလူအိုကြီးပြန်လာတော့ ကိုယ် အခုသွားရတော့မယ် "

" ဘာလို့လဲ။ သူက ရှင့်ကို သေအောင်ရိုက်မှာ ကြောက်လို့လား "

" ကိုယ်က သူ့ကို ကြောက်ရမှာလား။ တကယ့်ဟာသဘဲ။ ကိုယ်တို့ကလေးအကြောင်းတွေးနေတာ။ နောက်ခြောက်လဆို ကိုယ်တို့ကလေးလေးမွေးတော့မယ် "

" ဟားဟားဟား၊ အဲ့ဒီလူကြီးက သူ့အသက်ကြီးမှ ကလေးရလာတယ်လို့ ထင်နေတာလေ။ အဲ့လိုစွမ်းရည်နဲ့ ဒီတစ်သက် ကလေးမွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး "

" သူက ကိုယ့်မိန်းမနဲ့ သားသမီးတွေကိုတောင် ပြုစုထားပေးသေးတာ။ သူက ကိုယ့်မိဘတွေထက်တောင် ပိုကောင်းတာဘဲ "

" ကောင်းပါပြီ၊ မြန်မြန်သွားတော့။ သူ မတွေ့စေနဲ့ဦး "

" လာပါဦး၊ ကိုယ့်ကို နောက်တစ်ခါ နမ်းဦး "

" မွ ..... "

အပိုင်း ( ၃၇၅ )

လှိုင်းလုံးများ

ထိုညတွင် လူများစွာအတွက် အိပ်မပျော်စေနိုင်သော ညဖြစ်ရန် ရည်မှန်းထားပုံရသည်။

အကြောင်းမှာ ယဲ့ဖန် နှင့် နျုံစစ်သွမ်းတို့ တိုက်ပွဲစပြီဆိုတဲ့သတင်းက ကျုံးဟိုင်၏ လူကုန်ထံအသိုင်းအဝိုင်းတွင် အံ့အားသင့်စရာအရှိန်နှုန်းဖြင့် ပျံ့နှံ့သွားသောကြောင့်ဖြစ်သည်။

..................

ကျုံးဟိုင်မြို့ရှိ အဆင့်မြင့်လူနေရပ်ကွက်တစ်ခုတွင်

" ဖေဖေ၊ ဒီတစ်ခါတော့ နျုံစစ်သွမ်းနဲ့ တွဲပြီး ယဲ့ဖန်ဘက်ကို လုံး၀ စော်ကားလိုက်ပြီဆိုတော့ အဲ့တာက မသင့်တော်တာ မဟုတ်ဘူးလား "

" အဲ့တာက ဘဝမှာ ငါလုပ်ဖူးသမျှထဲ အကောင်းဆုံး ဆုံးဖြတ်ချက်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ် "

" ဖေဖေ၊ နျုံစစ်သွမ်းအပေါ်ကို ယုံကြည်မှု အပြည့်အဝရှိရဲ့လား "

" မင်းတို့တွေ ငယ်ပါသေးတယ်ကွ။ နျုံစစ်သွမ်းက ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာကို မင်းတို့မသိပါဘူး။ သူက သက်ရှိဒဏ္ဍာရီပဲ "

" ဒါပေမယ့် သူ့စွမ်းအားအရင်းအမြစ်က တောင်ပိုင်းကွမ်တုန်းမှာလေ။ ကျုံးဟိုင်က ယဲ့ဖန်ကို အနိုင်ယူနိုင်ပါ့မလား "

" မင်းက နျုံစစ်သွမ်းကို လျှော့တွက်နေတာဘဲ။ သူက ယဲ့ဖန်နဲ့ တိုက်ဖို့ လုပ်ထားကတည်းက သူ့မှာ ဝှက်ဖဲတစ်ခုခု ရှိရမယ် "

" ဒါဆိုရင် ကျွန်တော် စိတ်ချပါပြီ။ အဲ့ ယဲ့ဖန်ဆိုတဲ့အကောင် သေမှာ သေချာတယ် "

....................

ကျုံးဟိုင်ရှိ အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ ဌာနချုပ်တွင် အဆင့်မြင့်အမှုဆောင်အရာရှိများက အစည်းအဝေးခန်းအတွင်း စုဝေးခဲ့ကြသည်။

" ဥက္ကဌချန်း၊ ဒီအချိန်က ကျွန်တော်တို့အတွက် အရမ်းအန္တရာယ်များတယ်မဟုတ်လား "

" ယဲ့ဖန်က ဒီတစ်ကြိမ်မှာ စားပွဲကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေးရှိသေးတယ်လို့ မင်းထင်လား "

" မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီကလေးက အချိန်တိုလေးအတွင်းမှာ ဒီလောက် အစွမ်းထက်ထက်နဲ့ ရပ်တည်နိုင်ဖို့ဆိုရင် သူ့မှာ ထူးထူးခြားခြား တစ်ခုခုတော့ ရှိရမယ် "

" ဒါဆို သူက ထူးထူးခြားခြား ဖြစ်နေရင်ရော ဘာလုပ်နိုင်မှာလဲ။ ဒီတစ်ကြိမ် သူရင်ဆိုင်ရတဲ့သူက နျုံစစ်သွမ်းလေ။ သူ့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး "

" ဒီတစ်ခါတော့ ကျုံးဟိုင်ရဲ့ ဒိတ်ဒိတ်ကြဲတွေ အများကြီးပါတယ်ပြောတယ်။ ယဲ့ဖန်မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဘက်ပါရင်တောင် သူ သေရာကနေ ပြန်ထမလာနိုင်လောက်ဘူး "

" မှန်တယ်။ ယဲ့ဖန် လဲကျသွားတာနဲ့ အဲ့ဒီလူတွေက သူ့အရိုးတွေတောင် မကျန်တဲ့အထိ မျှော့တွေလို တွယ်ကပ်ကိုက်ကြလိမ့်မယ် "

" အကောင်ကြီးတွေက စားပြီးလို့ ကျန်တဲ့ဟာကို ငါတို့ ကုမ္ပဏီအသေးလေးတွေကလည်း ဆက်ကောက်စားလို့ရမှာပေါ့ "

" ဒါပေမဲ့ ယဲ့ဖန်ဘက်မှာလည်း အဖွဲ့တောင့်တယ်ပြောတယ်။ နှစ်အနည်းငယ်သာ ဆက်သွားရင် သူကလည်း ဖြိုချလို့မရအောင်ထိ အင်အားတောင့်လာနိုင်တယ် "

" သူ့ကို ဘယ်သူက ချပြခိုင်းလို့လဲ။ အခုလိုချပြလိုက်တော့ကျ သူ့ကို တိုက်ခိုက်ခံရတော့မှာပေါ့။ တစ်စစီဖြစ်ကုန်မှာ "

...........................

ကျုံးဟိုင်မြို့ရှိ အဆင့်မြင့်ဟိုတယ်တစ်ခု၏ သီးသန့်အခန်းငယ်တစ်ခုတွင် ပါတီပွဲလေးတစ်ခုကျင်းပနေသည်။

" ကြားပြီးပြီလား။ ယဲ့ဖန် နဲ့ နျုံစစ်သွမ်းတို့က လုံးဝကို စစ်ကြေညာလိုက်ပြီတဲ့ "

" ဒီသတင်းက ယုံလို့လား။ ယဲ့ဖန်က အရမ်းပြောင်တင်းလွန်းတယ်။ သူက နျုံစစ်သွမ်းရဲ့ရန်သူဖြစ်ရဲတာလား "

" အစကတော့ ငါလည်း မယုံဘူး။ ဒါပေမယ့် ထပ်ခါတလဲလဲ အတည်ပြုပြီးမှ ဒီသတင်းကို သံသယမရှိတော့တာ "

" ဒီကလေးက မာနကြီးလွန်းတယ်မဟုတ်လား။ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားမှုကို သူတကယ်မသိဘူးဘဲ "

" ငရဲဘုရင်ကတောင် ဒီနတ်ဆိုးကောင်ကို မကယ်တင်နိုင်လောက်တော့ဘူး။ ဒီကလေးရဲ့ ကံကြမ္မာက ပြီးသွားပြီဘဲ "

" ဒီအချိန်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဆွေးနွေးကြရမယ် "

" ဒီကလေး ယဲ့ဖန်ရဲ့လက်အောက်မှာ လုပ်ငန်းတွေ အများကြီးရှိတယ်။ အဲ့တာတွေအားလုံးက အရည်အသွေးကောင်းတဲ့ အဆီအနှစ်တွေပြည့်နေတဲ့ အသားတွေဘဲ။ ငါ အဲ့တာတွေကို စိုက်ကြည့်နေတာ ကြာပြီ "

" အဲ့တာကြောင့် သူတို့ တိုက်ပွဲကြောင့် အထိနာမှာကို စောင့်နေတာ ပြီးရင် အလစ်တိုက်ရုံဘဲ "

" ငါလည်း အဲ့လို တွေးနေတာ အတိအကျပဲ။ ဟားဟားဟားဟား ....... "

ကျုံးဟိုင်၏ အထက်တန်းလွှာတွေမှာဘဲ ဂယက်ထနေတာ မဟုတ်ဘဲ ယဲ့ဖန်၏ကုမ္ပဏီမှ လူများကလည်း ထိတ်လန့်နေကြသည်။

ဒုန်းအန်းငွေကြေးကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်အရာရှိတစ်ဦး၏ နေအိမ်တွင်။

" ယောက်ျား၊ ညကြီးမိုးချုပ် ဘာလုပ်နေတာလဲ "

" ကိုယ် နှုတ်ထွက်စာရေးနေတာ "

" ရှင် ဌာနမှူးအဖြစ် ရာထူးတိုးဖို့ မလွယ်ခဲ့ဘူးလေ။ ဘာလို့ ရုတ်တရက်ကြီး နှုတ်ထွက်ချင်ရတာလဲ "

" အဲဒါကို ပြောမနေနဲ့တော့။ ကိုယ်တို့ရဲ့ ရူးနေတဲ့ သူဌေးက အရမ်းအင်အားကြီးတဲ့ဒိတ်ဒိတ်ကြဲကြီးတစ်ယောက်ကို ရန်ရှာခဲ့တာလေ။ ကိုယ် အခု နှုတ်မထွက်ရင် သူတို့ရဲ့ ဇယားတွေထဲမှာ ပါကုန်မှာ "

" ရှင်ရဲ့ သူဌေးအသစ်လား။ သူက ငယ်ငယ်လေးနဲ့ တော်တယ်ဆိုပြီး ရှင်ဘဲ ချီးကျူးနေတာ မဟုတ်ဘူးလား "

" အရင်တုန်းက ကိုယ် မျက်စိကန်းခဲ့တာလေ။ အခု အဲ့ကလေးဟာ ဘယ်သူကိုမဆို ရန်စရဲတဲ့ ခေါင်းမာတဲ့သူဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရပြီ "

" စောင့်ကြည့်ရင်ရော။ ရှင့်ရဲ့သူဌေးလေးမှာ ဝှက်ဖဲရှိနေရင် ဘယ်လိုလုပ်မလဲ "

" သူ့မှာ ဘယ်လို ဝှက်ဖဲရှိနိုင်မှာ မလို့လဲ။ ချက်ချင်းနှုတ်ထွက်ရမယ်။ မနေနိုင်တော့ဘူး "

.......................

ကျန်းကျိုးဒီဇိုင်းကုမ္ပဏီ၊ WeChat အဖွဲ့ထဲတွင်။

[ ငါတို့ကုမ္ပဏီ အဆုံးသတ်တော့မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလတ်ကို ရထားတယ် ]

[ အဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ကုမ္ပဏီကို ဝယ်ထားတာ သိပ်မကြာသေးဘူးလေ။ ဘယ်လိုလုပ်ပြီး အဆုံးသတ်မှာလဲ ]

[ အဲ့တာကြောင့် အဆုံးသတ်မှာဘဲ ]

[ အတိအကျ ဘာဖြစ်သွားတာလဲ ]

[ ငါ့မှာ ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူနဲ့ မကြာသေးခင်ကမှ လက်ထပ်ထားတဲ့ ညီမတစ်ယောက်ရှိတယ်။ သူ့ယောက်ျားက သူမကို ကိုယ်တိုင် ပြောပြတာ။ ငါတို့ရဲ့ သူဌေးအသစ်က အရမ်းအစွမ်းထက်ပြီး အင်အားကြီးတဲ့ ဒိတ်ဒိတ်ကြဲတစ်ယောက်ကို စော်ကားခဲ့တာလို့ ပြောတယ် ...... ]

[ ဘယ်လောက် အင်အားကြီးတာမလို့လဲ ]

[ သူ့ လက်ချောင်းတွေကို ရွှေ့လိုက်တာနဲ့ ငါတို့ရဲ့ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီက ပျက်စီးသွားလိမ့်မယ် ]

[ အဲ့လောက်တောင် ကြောက်စရာကောင်းတာလား။ သူဌေးအသစ်က ဘာလို့ ဒီလိုလူကို စော်ကားခဲ့တာလဲ ]

[ သူ ဘာတွေဖြစ်နေတာလဲဆိုတာ ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ကုမ္ပဏီက အဆုံးသတ်သွားလိမ့်မယ်။ အမြန်ထွက်ဖို့ နည်းလမ်းရှာကြရအောင် ]

[ နောက်လနည်းနည်းနေရင် နှစ်ကုန် ဘောနပ်စ် ထုတ်ပေးတော့မှာ။ အခုထွက်သွားမယ်ဆို အရမ်းအရှုံးပေါ်သွားလိမ့်မယ် ]

[ နှစ်ကုန် ဘောနပ်စ်တွေအကြောင်း စဉ်းစားနေတုန်းလား။ အခုက အဲဒီ့ရူးနေတဲ့သူဌေးနဲ့ ငြိစွန်းနေသရွေ့ ငါတို့ပါ မီးမြှိုက်ခံရမှာ ]

[ ဒါဆို ငါတို့ဘာကိုစောင့်နေတာလဲ။ မြန်မြန် နှုတ်ထွက်စာရေးကြစို့ ]

[ ငါတော့ ရေးပြီးပြီ။ HR ဌာနရဲ့ အီးမေးလ်ကိုလည်း ပို့ပြီးပြီ ]

.........................

လင်းယွမ် အိမ်ခြံမြေကုမ္ပဏီ။

ကျန်းယုံထင်းသည် သူမ၏ ဥပဒေရေးရာဌာနရှိ လုပ်ဖော်ကိုင်ဖက်နှင့်အတူ ခေါင်းကိုက်နေပြီဖြစ်သည်။

" ဒါရိုက်တာကျန်း တစ်ခုခုပြောပါဦး။ ငါတို့ အခု ဘာလုပ်သင့်လဲ "

" ငါ့ကိုမေးတော့ရော ငါက ဘယ်သူ့ကိုပြနိမေးရမှာလဲ "

" ဒါရိုက်တာက ဥက္ကဌချန်းနဲ့ ဆက်ဆံရေးကောင်းတယ် မဟုတ်ဘူးလား။ သူမကို မေးပေးပါ။ ယဲ့ဖန်က ဘာဖြစ်နေတာလဲ "

" ဟုတ်တယ်၊ ငါတို့ရဲ့သူဌေးက ပြဿနာရှာလိုက်တာလို့ ကျုံးဟိုင်တစ်ခုလုံးက ပြောနေတာ။ ကျွန်တော်တို့က အချိန်မရွေး အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မည် "

ကျန်းယုံထင်းက အေးစက်စွာ အော်လိုက်သည်။

" ကောင်းကင်ကြီး ပြိုကျလာရင်တောင် ပိုမြင့်တဲ့သူက ကိုင်ထားလိမ့်မယ်။ ဘာကြောက်စရာရှိလဲ "

" အဲ့လို ပြောလို့မရဘူး။ ယဲ့ဖန်ရဲ့ဝန်ထမ်းတွေက သုံးရက်အတွင်း အလုပ်ကနေ နှုတ်မထွက်ဘူးဆိုရင် ကျုံးဟိုင်က ကျန်တဲ့ကုမ္ပဏီတွေက နာမည်ပျက် စာရင်းသွင်းမယ်လို့ ချင်းဒါး ကော်ပိုရေးရှင်း ဥက္ကဌဖန်း က ပြောထားပြီးသား "

" ဒါရိုက်တာကျန်း၊ ငါတို့က သစ်ပင်တစ်ပင်တည်းမှာ ဆွဲနေလို့မရဘူး။ ဘာပဲဖြစ်ဖြစ် ငါကတော့ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ "

" ကုမ္ပဏီက အခုပဲ ပရောဂျက်အကြီးကြီးတစ်ခုရထားတာကို။ ဒါပေမဲ့ အဲ့ဒီယဲ့ဖန်ကြောင့် အကုန်ရှုပ်ထွေးကုန်တယ်။ ဒေါသထွက်လိုက်တာ "

" ဒါရိုက်တာကျန်း၊ ငါတို့ဆွေးနွေးပြီးပြီ။ အတူတူထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ "

" ဟုတ်တယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆို ဘယ်ကုမ္ပဏီကိုဘဲ သွားသွား မင်းကို အရေးကြီးတဲ့ ရာထူးတစ်ခု ပေးလိမ့်မယ်။ ငါတို့က ဘာလို့သူတို့နဲ့အတူသေရမှာလဲ "

" ဒါရိုက်တာကျန်း အမိန့်ပေးသရွေ့ ငါတို့အားလုံး နုတ်ထွက်စာတင်မယ် "

ကျန်းယုံထင်းသည် သူမရှေ့ရှိ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။

" ရှင်တို့ ထွက်သွားချင်ရင် ထွက်သွားနိုင်တယ်။ ကျွန်မကတော့ ဘယ်မှမသွားဘူး "

" ဒါရိုက်တာကျန်း ....... "

" ကောင်းပြီ၊ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေပဲ။ ကြမ်းကြမ်းတမ်းတမ်း ဘာမှ မပြောချင်ဘူး။ ရှင်တို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်သွားလိုက် "

အားလုံးက သူမ ဘယ်လောက် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသည်။

သူမကို ထပ်ပြီး မစည်းရုံးရဲကြပေ။

သူတို့က လှည့်ပြီး ထွက်သွားကြသည်။

ကျန်းယုံထင်းက ကျောကိုဆန့်ကာ ပြုံးရင်း ခေါင်းခါလိုက်သည်။

" ဒီတစ်ယောက်ကတော့ ဒီတစ်ခါ အကြီးအကျယ် ရှုပ်လိုက်ပြီ။ ဒီတစ်ခေါက် ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ရသေးတာပေါ့ "

အပိုင်း ( ၃၇၆ )

မုန်တိုင်းပိုပြီးပြင်းထန်လာပါစေဦး

ကျုံးထျန်းကန်သာယာ စံအိမ် နံပါတ် ၁ တွင် ယဲ့ဖန်ကတော့ အပြင်ဘက်မှာ ဖြစ်ပျက်နေတဲ့ မုန်တိုင်းအကြောင်းကို မသိခဲ့ပေ။

အိပ်ပျော်သွားပြီးနောက် နောက်တစ်နေ့ ကောင်းကင်မှာ နေထွက်သည်အထိ အိပ်ရာမှ မထလာသေးချေ။

အတော်ကြာတဲ့နောက်မှ နိုးလာပြီး သူက လက်ဝှေ့လေ့ကျင့်ရန် ခြံထဲသို့ သွားခဲ့သည်။

လျုံဝမ်းယွမ်က သူ့ကို အခြေခံအုတ်မြစ် အလွန်ခိုင်မာနေပြီဖြစ်ပြီး သူ့ကိုလမ်းပြရန် ဘယ်သူမှ မလိုအပ်တော့ဘူးဟု ပြောသောကြောင့် နေ့တိုင်း ရှုကျင်းရှင်းဆီသို့ သွားရန် မလိုအပ်တော့ပေ။

လက်ဝှေ့ထိုးပြီးတဲ့နောက် ယဲ့ဖန်သည် ချွေးများစိုရွှဲနေသည်။

ထို့နောက် အေးအေးဆေးဆေး ရေချိုးကာ ပြီးသွားတဲ့နောက် စိတ်ရောကိုယ်ပါ လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။

ပုဝါနဲ့ ကိုယ်ကိုပတ်ထားပြီး ဧည့်ခန်းထဲကို ပြန်လာ၍ သူ့ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ချ်တွေ ရှိနေတယ်ဆိုတာကို သိလိုက်ရသည်။

မနေ့ညက သူ့ဖုန်းကို အသံပိတ်ထားတဲ့အတွက် အကြောင်းကြားစာကို မကြားခဲ့ရပါဘူး

ဘာတွေပို့ထားလဲဆိုတာကို မစစ်ဆေးနိုင်ခင်မှာဘဲ ချန်းရွှမ်ဆီက ဖုန်းဝင်လာသည်။

ဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် သူမ၏ စိုးရိမ်သောကရောက်နေတဲ့အသံကို ကြားလိုက်ရသည်။

" ယဲ့ဖန် ငါတို့ကုမ္ပဏီရဲ့တရားရေးဌာနက နုတ်ထွက်စာတွေ အားလုံး တင်သွားကြတယ်။ တခြားဌာနဆိုင်ရာက ရာထူးမြင့်အရာရှိတွေလည်း နုတ်ထွက်စာတင်ထားတယ် "

ယဲ့ဖန် တခဏ အံ့အားသင့်သွားသော်လည်း အမြန်ဘဲ ပြန်တည်ငြိမ်သွားခဲ့သည်။

" ကျန်းယုံထင်းလည်း ရာထူးက ဆင်းသွားပြီလား "

" ယုံထင်းက မလုပ်ပါဘူး။ ဒါပေမယ့် သူက တရားရေးဌာနရဲ့ ဒါရိုက်တာဖြစ်ပြီးတော့ အခုက ဥပဒေဌာနဝန်ထမ်းအားလုံး နုတ်ထွက်သွားတော့ သူမ တစ်ယောက်တည်း တိုက်ပွဲဝင်နေရတယ် "

" လင်းယွမ်အိမ်ခြံမြေက ဒီလောက်ကြီးမားတဲ့ ပရောဂျက်စီမံကိန်းကြီးတစ်ခုလုံး လေလံအောင်ခဲ့တာတောင် ရာထူးက နုတ်ထွက်ဖို့ ရွေးချယ်သွားရင် အဲ့တာက သူတို့ ဆုံးရှုံးမှုဘဲ "

" ဒါပေမယ့် ....... "

" စိတ်မပူပါနဲ့ ကောင်းကင်ကြီး ပြိုလဲမှာမဟုတ်ဘူး "

ချန်းရွှမ်နဲ့ ဖုန်းချပြီးတဲ့နောက် ရှုမန်က ဖုန်းဆက်လာသည်။

" ယဲ့ဖန် မနက်စောစောမှာဘဲ ကုမ္ပဏီရဲ့ ရာထူးမြင့်ဝန်ထမ်းတွေဆီက နုတ်ထွက်စာတွေ အများကြီးရထားတယ်။ ငါတို့ အခု ဘာလုပ်သင့်တယ်ထင်လဲ "

" အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး "

" ဒါပေမယ့် ဒီအတိုင်း အကုန်ထုတ်လိုက်တာက ဖြေရှင်းချက်မဟုတ်ဘူး။ အထက်အရာရှိတွေ အကုန်နုတ်ထွက်ရင် ကုမ္ပဏီက ဘယ်လိုဆက်ပြီး လည်ပတ်မှာလဲ "

" နျုံစစ်သွမ်းက ဘာမှသိပ်အားမထုတ်ဘဲ ကျွန်တော်တို့ကို ထိတ်လန့်အောင် ကြိုးစားနေတယ်။ ထင်ထားတဲ့အတိုင်းဘဲ မြေခွေးအိုကြီးရဲ့ ဉာဏ်တွေ "

" ဟုတ်တယ်၊ အဲ့ဒီလူကြီးက စီးပွားရေးလောကထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး နေခဲ့တာဆိုတော့ လျှော့တွက်လို့ မရဘူး "

" တကယ်တော့ သူက ပျော့ညံ့တဲ့ လူဆိုးတွေကို ဖယ်ရှားဖို့ အခွင့်အရေး ပေးလိုက်တာဘဲ "

" ဒါဆို ငါတို့ အခု ဘာလုပ်ရမှာလဲ "

" နုတ်ထွက်စာတွေ အားလုံး အတည်ပြုပေးလိုက်။ ပြီးတော့ ကျန်ခဲ့တဲ့ တခြားဝန်ထမ်းတွေရဲ့ လစာကို မြှင့်ပေးပြီး အရည်အချင်းရှိတဲ့သူတွေကို ထပ်တိုးခန့်လိုက် "

" ဒါပေမယ့် ဒါက အခြေခံပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အခု အထက်ပိုင်းက မတည်မငြိမ်ဖြစ်နေတော့ ဝန်ထမ်းတွေက အေးအေးဆေးဆေးနဲ့ အလုပ်မလုပ်နိုင်တော့ဘူး။ လူသစ်တွေရောက်လာရင်တောင် သူတို့က လိုက်လျောညီထွေဖြစ်ဖို့ အချိန်ယူရဦးမှာ ....... "

" မစိုးရိမ်ပါနဲ့၊ တိုက်ပွဲကို လှလှပပလေး အောင်နိုင်သွားတာနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို တည်ငြိမ်အောင် ပြန်လုပ်နိုင်ပါတယ်။ ထွက်သွားတဲ့သူတွေကတော့ နောက်ကျမှ နောင်တရလိမ့်မယ် "

" အင်း .... ဒါက တစ်ခုတည်းသော နည်းလမ်းပဲ ... "

ရှုမန်နဲ့ ပြောပြီးချိန်မှာဘဲ သိုက်ချန်းက ဖုန်းခေါ်သည်။

" ယဲ့လူကြီးမင်း ..... "

" တစ်ယောက်ယောက်က နုတ်ထွက်သွားပြီလား "

" အဲ့တာတင်မကဘဲ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတော်တော်များများကလည်း ကျွန်တော်တို့နဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ခန့်မှန်းခြေ ဆုံးရှုံးမှုက သိန်းရာနဲ့ချီ ရှိပါတယ် ....... "

" လေထန်တုန်း ဝင်တိုက်တဲ့ လူဆိုးတွေဘဲ "

" ဒါကို နားလည်နိုင်ပါတယ်။ ဖန်းဝမ်းညန်က ယဲ့လူကြီးမင်းရဲ့ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရဲတဲ့သူ ဘယ်သူကိုမဆို ချင်းဒါးကော်ပိုရေးရှင်းကနေ ဖိနှိပ်ခံရမယ်လို့ ပြောထားတော့ ဖိအားပေးမှုတွေအောက်ကနေ ပူးပေါင်းဆောင်ရွက်တာတွေကို ရပ်ဆိုင်းဖို့ သူတို့ရွေးချယ်ခဲ့တာဖြစ်လောက်ပါတယ် "

" ဒီခွေးအိုကြီး ဖန်းဝမ်းညန်က အရမ်းကို စိတ်အားထက်သန်နေတာဘဲ။ သူနဲ့စလိုက်တာပေါ့ "

" အစီအစဉ်ရှိပြီးသားလား "

" လောလောဆယ်တော့ လျှို့ဝှက်ထားရမယ်။ အခုလုပ်ရမှာက ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းပြီး မိတ်ဖက်သစ်တွေတွေ ဆက်ပြီး ပွားဖို့ဘဲ။ ကျန်တာက ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ် "

" ကောင်းပြီ ....... "

တစ်မနက်လုံး ယဲ့ဖန်ဖုန်းက ဆက်တိုက် မြည်နေခဲ့သည်။

များသောအားဖြင့် သူတို့အားလုံးက သူ့ရဲ့လုပ်ငန်းတာဝန်ခံများဆီမှ ဖြစ်သည်။

ကုမ္ပဏီလက်အောက်ရှိ ဝန်ထမ်းများ ဘက်ပြောင်းသွားခြင်း၊ ဒါမှမဟုတ် ပါတနာများက ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ခြင်းတို့ ဖြစ်သည်။

အားလုံးကို ခြုံပြောရလျှင် ဒါက အချက်ပြမှုတစ်ခုဖြစ်သည်။

ယဲ့ဖန်ဘက်က တိုက်ခိုက်ခံနေရပြီဖြစ်သည်။

နျုံစစ်သွမ်းနှင့် ဖန်းဝမ်းညန်တို့သည် စီးပွားရေးလောကတွင် အမှန်တကယ် မြေခွေးအိုများဖြစ်ကြသည်။

သူတို့က ပထမဆုံးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး လူတိုင်းကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ပေးခဲ့သည်။

သူ ချက်ချင်း လက်တုံ့ပြန်ခြင်းမလုပ်ပါက ယဲ့ဖန်သည် တစ်ဖက်က သေချာမတိုက်ခိုက်ရခင်မှာဘဲ ပြိုလဲသွားမည်ဖြစ်သည်။

ကုမ္ပဏီတွေနှင့် ပြောပြီးသည်နှင့် ကျောင်းဖုလင်က ထပ်၍ ဖုန်းခေါ်သည်။

" ယဲ့ညီလေး၊ မင်းရဲ့နေ့ရက်တွေ အရမ်းခက်ခဲနေပြီဆိုတာ ငါကြားမိတယ်။ ဟားဟားဟား ....... "

သူ့စကားတွင် အရိပ်အမြွက်တစ်ခု ရှိနေသည်။

သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းနေတာသာ မဟုတ်ရင် တကယ်ထင်မိစေလိမ့်မည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်သည်။

" အဲ့တာကို မပြောပါနဲ့တော့။ အဲ့ဒီ လူအိုကြီး နျုံစစ်သွမ်းက ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာ "

" နောက်ဆုံးမှာ နျုံစစ်သွမ်း လွှမ်းမိုးခံရတာကို ကြုံဖူးပြီမလား။ အဲ့တာ ငါတို့ ကျောင်းမိသားစုက ဒီနှစ်တွေတစ်လျှောက်လုံး ဘယ်လိုရှင်သန်လာခဲ့လဲဆိုတာ မင်းစိတ်ကူးကြည့်လို့ရတယ် "

" ဒါပေမယ့် သူက ကျွန်တော့်ကို လွယ်လွယ်နဲ့ သတ်ချင်ပေမဲ့ မရလို့ စိတ်ပျက်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်။ ယဲ့ဖန်ဆိုတဲ့ ကျွန်တော်က မသေနိုင်တဲ့ ပိုးဟပ်တစ်ကောင်ဘဲ။ သူ့က လာနင်းမိရင်တောင် သူ့ခြေထောက်တစ်ဖက်ကို ချိုးပစ်လိုက်မယ် "

" ရည်မှန်းချက်ကြီးတာကောင်းတယ်။ ငါ့အကူအညီလိုရင် ငါ့ကို အကြောင်းကြားပါ "

" အစ်ကိုတို့ရဲ့ ကျောင်းမိသားစုကို ဒီရေကန်ထဲ ဆွဲချခံရမှာ မကြောက်ဘူးလား "

" အိုး ..... ငါ မင်းကို ပေါ်ပေါ်ထင်ထင် ပံ့ပိုးနိုင်ပေမဲ့ တိတ်တိတ်လေးတော့ ကူညီနိုင်ပါတယ်။ ငါတို့ ကျောင်းမိသားစုနဲ့ နျုံစစ်သွမ်းသာ စစ်ဖြစ်ကြရင် ဒါက ကမ္ဘာကြီးကိုတောင် တုန်လှုပ်သွားစေလိမ့်မယ်။ အတော်ကြာမယ့် စစ်ပွဲကြီးဘဲ။ ဘယ်ဘက်ကမှ လက်လျော့သွားမှာ မဟုတ်ဘူး "

" ကျွန်တော်နားလည်ပါတယ်။ အစ်ကို့မှာ ဒီလိုရည်ရွယ်ချက်ရှိလို့ အတော်လေး ဝမ်းသာရပါတယ် "

" အစ်ကို၊ ခဏ ..... "

" ပြဿနာမရှိပါဘူး ..... "

သူက ကျောင်းဖုလင်နဲ့ ဖုန်းချတဲ့အခါ ရှန်းကွမ်းလင်းက ဖုန်းဆက်လာသည်။

သူ့ကို ကူညီချင်တယ်လို့ ပြတ်ပြတ်သားသား ပြောမသွားပေမယ့် 'မင်း အရမ်းစိတ်ဖိစီးနေရင် ထမင်းလာစားလှည့်' ဟု ပြောလေသည်။

ယဲ့ဖန်သည် ထိုစကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သည်။

အခု ကျုံးဟိုင်တစ်မြို့လုံးက သူ့လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေကြသည်။

အကယ်၍ သူက ရှန်းမိသားစု၏အိမ်သို့ ညစာသွားစားပါက ကျုံးဟိုင်တစ်မြို့လုံးကို 'ယဲ့ဖန်က ရှန်းကွမ်းလင်းရဲ့လူဖြစ်ပြီး သူ့ကိုထိတာနဲ့ ရှန်းမိသားစုရဲ့အင်အားကို ရင်ဆိုင်ရမည်'ဟု သတင်းပေးပြီးသား ဖြစ်သွားလိမ့်မည်။

သို့သော် ယဲ့ဖန်သည် ရှန်းမိသားစုကို သူနဲ့အတူ ဆွဲချရန် အစီအစဉ်မရှိပေ။

ဒီလိုတိုက်ပွဲသေးသေးလေးကိုတောင် မထိန်းနိုင်ရင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်ခြင်းတွေအကြောင်းကို သူ ဘယ်လိုပြောနိုင်မှာလဲ။

သိပ်မကြာခင်မှာပဲ ထန်းပေါဟုန်ကလည်း ဖုန်းဆက်လာသည်။

ထန်းပေါဟုန်ကလည်း ရှန်းကွမ်းလင်း နှင့် တူညီသော အဓိပ္ပါယ်ကို ဖော်ပြခဲ့သည်။

ကျုံးဟိုင်၏ ထိပ်တန်းနှစ်ယောက်က မယုံကြည်နိုင်စရာကောင်းလောက်အောင် ယဲ့ဖန်ဘက်မှာရှိနေသည်။

သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် ပြန်ပြီးနလန်ထူလာရန် သူ့ကိုယ်သူ ခွင့်မပြုနိုင်ပေ။

သူ့အတွက် အခက်ခဲဆုံးအချိန်မှာ ချန်းရွှမ်၊ ရှုမန်၊ သိုက်ချန်းနှင့် တခြားသူတွေက မဆိုင်းမတွ သူ့ဘက်ရပ်တည်ဖို့ ရွေးချယ်ခဲ့ကြသည်။

သူတို့အထိနာစေမည့် ဒုက္ခကိုမှ ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။

နျုံစစ်သွမ်း နှင့် ဖန်းဝမ်းညန်တို့သည် သူ့ကို အပြင်းအထန်အကြပ်အတည်းဖြစ်စေရန် လှည့်ကွက်အနည်းငယ်ကို အသုံးပြုခဲ့ကြသည်။

သူ့ကို ထိုးနှက်ချင်ရင် ပိုကြီးတဲ့ တန်ကြေးပြန်ပေးရမည်။

ရိုက်ချက်ကြီးလေ၊ တန်ကြေးကြီးလေ ဖြစ်လိမ့်မည်။

ဒါကြောင့် မုန်တိုင်းက ပိုပြီးပြင်းထန်လာပါစေဦး။

All Chapters