← Chapters

အပိုင်း ၃၈၅-၃၈၈

Vol. 20 Ch. 385-388

အပိုင်း ၃၈၅-၃၈၈

Vol. 20 Ch. 385-388

အပိုင်း ( ၃၈၅ )

အဲ့လို လူယုတ်မာတွေနဲ့ မတူဘူး

Lykan စူပါကားပေါ်က လုမိန်က ယဲ့ဖန်ရဲ့ ကားမောင်းကျွမ်းကျင်မှုကို မြင်တဲ့အခါမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

သူမ စိတ်သက်သာရာရနေတုန်းမှာဘဲ တံခါးကို ဖောက်ထွင်းခံရသည့် မြင်ကွင်းကို သူမ တွေးလိုက်မိတဲ့အခါက ကြောက်ရွံ့မှုတွေကို ပြန်ပြီးခံစားလိုက်ရသည်။

မသိစိတ်ကနေ သူမ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ယဲ့ဖန်၊ ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို တကယ် ကျေးဇူးတင်ရမှာဘဲ။ ရှင့်ကြောင့်သာ မဟုတ်ရင် "

တကယ်ဆို ယဲ့ဖန်သာ အချိန်မီ ရောက်မလာခဲ့ရင် အကျိုးဆက်တွေကို မှန်းဆလို့ မရပေ။

" ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ဒါက အရောင်းအဝယ်တစ်ခုပဲ "

ယဲ့ဖန်က ခုံကို မှီပြီး သူမကို လှည့်ကြည့်လိုက်သည်။

" ကဲ မင်းသိတာလေး ငါ့ကိုပြောပြနိုင်ပြီ "

" အဲ့တာက "

လုမိန်က တုံ့ဆိုင်းသွားသည်။

" ဘာလဲ။ မင်းက စကားပြန်ရုတ်ချင်တာလား။ မင်းကို အခုချက်ချင်း ပြန်ပို့ပေးစေချင်လည်း ရတယ် "

ယဲ့ဖန်က ကားကို ပြန်နှိုးရင်း ပြောလိုက်သည်။

" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး ပြောမယ် ဟုတ်ပြီလား "

လုမိန် ဒီလူကို အမှန်တကယ် ရှုံးနိမ့်ခဲ့ရသည်။

သူက လုံးဝကို ကရုဏာ မပြခဲ့ပေ။

" ဒါဆို ပြော "

" တကယ်တော့ ချင်းဒါးကော်ပိုရေးရှင်းက ဒေဝါလီခံရခါနီးနေပြီ "

" လျှောက်ပြောမနေနဲ့ "

ယဲ့ဖန်က သူမကို မကျေမနပ် ကြည့်နေသည်။

" ငါ မင်းကို ရိုးရိုးသားသားဖြေဖို့ အကြံပေးမယ်။ ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့ "

လုမိန်က စိုးရိမ်လာသည်။

" ကျွန်မ တကယ်ကို လိမ်နေတာ မဟုတ်ဘူး။ ချင်းဒါးကော်ပိုရေးရှင်းရဲ့ အဓိက အရင်းအနှီးကွင်းဆက်က ကျိုးနေပြီ။ အချိန်မရွေး ဒေဝါလီခံသွားရနိုင်တယ် "

ယဲ့ဖန်က ဟက်ခနဲလုပ်လိုက်သည်။

" မင်း ငါ့ကိုလိမ်ချင်နေတာလား။ ချင်းဒါးကော်ပိုရေးရှင်းက ဖုလီကော်ပိုရေးရှင်းနဲ့က ပရောဂျက်တစ်ခုမှာ ယွမ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာထားတယ်။ အခု သူတို့က ဒေဝါလီခံရခါနီးတယ်လို့ ပြောနေတာလား။ မင်းကို ယုံမယ်ထင်နေလား "

လုမိန်သည် အိတ်ထဲမှ စီးကရက်ဗူးကို ထုတ်ကာ မီးညှိလိုက်သည်။

" သူတို့က မီးခိုးပြတဲ့အကွက်ကို သုံးနေကြတာ။ ဒါက ဖန်းဝမ်းညန်ရဲ့ ထုံးစံအတိုင်း သုံးနေကြလှည့်ကွက်ဘဲ "

" သူက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေတွေကို လှည့်ပြီး အရှုံးပေါ်ထားတာတွေအတွက် တစ်ဖက်လှည့်အတုအယောင်အဖြစ် အသုံးချချင်နေတာ "

" တကယ်တော့ ချင်းဒါးကော်ပိုရေးရှင်းရဲ့ အရင်းအနှီးက လုံးပန်းနေတာကြာပြီ "

ယဲ့ဖန်က သူမမျက်လုံးတွေကို စိုက်ကြည့်နေသည်။

" မင်း တကယ်ပြောတာလား။ မင်းမှာ အထောက်အထားရှိလား "

လုမိန်သည် သူမအိတ်ထဲမှ USB မန်မိုရီကတ်ကို ထုတ်ယူလိုက်သည်။

" ဒီထဲမှာ ချင်းဒါးကော်ပိုရေးရှင်းရဲ့ ထိပ်တန်းလျှို့ဝှက်ဘဏ္ဍာရေးအစီရင်ခံစာနဲ့ ဖန်းမိသားစု သားအဖကြားက ပြောထားတဲ့စကား မှတ်တမ်းတွေ ပါပါတယ်။ သူတို့ကို သတ်ဖို့လုံလောက်တယ် "

လုမိန်က သူမလက်ကို အမြန်ပြန်ရုတ်လိုက်သည်။

" အပြန်အလှန်အနေနဲ့ ကျွန်မကို နိုင်ငံခြားသွားနိုင်ဖို့ လက်မှတ်ကြိုဝယ်ပေးပြီး လေယာဉ်ပေါ်ကို ဘေးကင်းနဲ့ တက်နိုင်ဖို့ အာမခံပေးရမယ် "

ယဲ့ဖန်က ဘာမှပြန်မပြောပေ။

သူက ဝမ်ထင်းကွမ်းဆီကို တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။

ဝမ်ထင်းကွမ်းသည် ကျုံးဟိုင်တွင် အဆက်အသွယ်များစွာရှိလေသည်။

နိုင်ငံခြားကို လူပို့ရတာက သူ့အတွက် မခက်လောက်ပေ။

လုမိန်က ယဲ့ဖန် ဖုန်းခေါ်ပြီး သူမအတွက် အစီအစဉ်ရတာနဲ့ USB ကို ပေးလိုက်သည်။

" နိုင်ငံခြားကို သွားပြီးရင် ဘယ်တော့မှ ပြန်မလာတော့ဘူး "

သူမ စကားပြောနေစဉ်တွင် သူမ မျက်နှာပေါ်၌ ဝမ်းနည်းမှုအရိပ်အယောင်ပေါ်နေသည်။

" ကွဲပြားတဲ့ပတ်ဝန်းကျင်မှာ ပြန်ပြီးစတင်တာက မကောင်းတဲ့ရွေးချယ်မှုတော့ မဟုတ်ပါဘူး "

ယဲ့ဖန်က USB ကို သိမ်းလိုက်သည်။

သူမကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တဲ့အခါ ပိုပြီး အမြင်ကြည်လာပြီး စကားပြောတဲ့အခါ အသံကလည်း ဒေါသသံမပါတော့ပေ။

" ဒီနေရာက ရှုခင်းတွေ လှလိုက်တာ "

" တော်တော်လှတယ် "

" လိင်ဆက်ဆံဖို့အတွက် သင့်တော်တယ် "

" ဖူး ..... "

လုမိန်က လှည့်ပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" စမ်းကြည့်ချင်လား။ ကျွန်မက တော်တော်ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်ထွက်တော့မှာဆိုတော့ တာဝန်ယူဖို့ မလိုဘူးလေ။ အဲ့တာမျိုးကို ယောက်ျားတွေ အကြိုက်ဆုံးပဲ မဟုတ်လား "

ယဲ့ဖန်ရဲ့ အကြည့်က ပြတ်သားနေသည်။

" ယောက်ျားတွေလို့ မပြောနဲ့။ ငါက အဲဒီလူယုတ်မာတွေနဲ့ မတူဘူး။ သန့်သန့်ရှင်းရှင်းနေရတာ ကြိုက်တယ် "

လုမိန်က သူ့ကို အကြာကြီး စိုက်ကြည့်နေလိုက်သည်။

နောက်ဆုံးမှာတော့ သူမ၏စိတ် ငြိမ်သက်စေရန် ဆေးလိပ်တစ်လိပ်ကို ယူလိုက်သည်။

" ရှင့်ဘက်ကို ကျွန်မကစပြီး ကမ်းလှမ်းမိတယ်လို့ မမျှော်လင့်ထားဘူး။ ရှင်ကလည်း ငြင်းမယ်လို့ မထင်ခဲ့မိဘူး "

ထိုအချိန်တွင် ဝမ်ထင်းကွမ်း၏ကားက တစ်ဖက်မှ ဖြည်းဖြည်းချင်း မောင်းနှင်လာသည်။

ထွက်ခွာချိန်ရောက်ပြီဆိုတာ လုမိန်သိလိုက်သည်။

" လွန်ခဲ့တဲ့ သုံးနှစ်လောက်ကသာ ရှင်နဲ့ တွေ့ခွင့်ရခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲ့ဒီတုန်းက ကျွန်မလည်း အရမ်းသန့်တယ်။ ရှင် ကြိုက်သင့်တယ် "

" အဲ့ဒီတုန်းက ငါက အရွယ်မရောက်သေးဘူး "

ယဲ့ဖန်က စိတ်ပျက်စွာ ပြောလိုက်သည်။

လုမိန်လည်း ပြုံးပြလိုက်သည်။

" ဒါကို ထူးခြားတဲ့ ကံကြမ္မာအခြေအနေ ပေါင်းစပ်မှုလို့ ခေါ်တယ် မဟုတ်လား။ ဒီဘဝမှာ အတူရှိဖို့ ကံမပါလာရင် နောက်ဘဝမှာ လုပ်ကြတာပေါ့ "

ထိုသို့ပြောပြီးနောက် သူမက ယဲ့ဖန်ကို လက်ပြနှုတ်ဆက်လိုက်သည်။

တံခါးကိုတွန်းဖွင့်ပြီး ကားထဲမှ ဆင်းလိုက်သည်။

ယဲ့ဖန်က သူမ ထွက်သွားတာကို မကြည့်ပေ။

သူမ ကားပေါ်မှဆင်းပြီးသည်နှင့် ယဲ့ဖန်က ချက်ချင်း လှည့်ပြန်သွားခဲ့သည်။

လုမိန်လှည့်ကြည့်လိုက်တော့ ယဲ့ဖန်က ပြတ်ပြတ်သားသား ထွက်သွားတာကို တွေ့လိုက်ရသည်။

သူမ မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်သည်။

" နှလုံးသားမရှိတဲ့အကောင်၊ သွားသေလိုက် "

အပြန်တွင် ယဲ့ဖန်က နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီသို့ ဆက်သွယ်ခဲ့သည်။

သူတို့ကနေတစ်ဆင့် ယုံကြည်စိတ်ချရတဲ့ မီဒီယာတချို့ကို ရှာခိုင်းပြီး အချိန်မရွေး အသင့်အနေအထားရှိနေစေရန်ဖြစ်သည်။

နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီကို ၀ယ်ယူကတည်းက ယဲ့ဖန် သူတို့နဲ့ အမြဲ ခပ်ကင်းကင်းနေခဲ့သည်။

ဒီလိုဖျော်ဖြေရေးကုမ္ပဏီမျိုးတွေက အရေးကြီးတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တာကို ယဲ့ဖန် ကောင်းကောင်းကြီးသိသည်။

ထို့ကြောင့် ယဲ့ဖန် လိုရမယ်ရ နန်းဖန်ကုမ္ပဏီနှင့် ဆက်ဆံရေးကို လျှော့ချရန် ကြိုးစားခဲ့သည်။

ဒါပေမဲ့ အခုတော့ အဲ့ဒါကို သုံးဖို့ အချိန်ကျပြီဖြစ်သည်။

ထို့နောက် ကုန်းရှန်းဟုန်ကို ဖုန်းခေါ်လိုက်သည်။

ယဲ့ဖန်က ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကို အတိုချုပ် ရှင်းပြခဲ့သည်။

ထိုစကားကိုကြားသောအခါ ကုန်းရှန်းဟုန် တုန်လှုပ်သွားရသည်။

" ယဲ့ညီလေး၊ ဒါက အသေးအမွှားကိစ္စမဟုတ်ဘူး။ မင်းမှာ အထောက်အထားရှိလား "

" သိတာ ဒီလောက်ကြာနေပြီ။ ကျွန်တော့်အကြောင်းကို မသိဘူးလား။ သက်သေမရှိဘဲ ဘာလို့ ပြောရမှာလဲ "

ယဲ့ဖန်က ပြောရင်းနဲ့ လုမိန်ဆီကရတဲ့ အချက်အလက်တွေကို ကူးပြီး ဖုန်းထဲကနေ လှမ်းပို့လိုက်သည်။

" ယဲ့ညီလေး၊ စိတ်မပူနဲ့။ တစ်ယောက်ယောက်ကို ချက်ချင်း စစ်ဆေးခိုင်းလိုက်မယ်။ ဟူရန် လူချမ်းသာစာရင်းက ယုံကြည်စိတ်ချရမှုကို အများဆုံးတန်ဖိုးထားတာလေ။ တကယ်လို့ ချင်းဒါးကော်ပိုရေးရှင်းက ငွေကြေးလိမ်လည်မှုပြဿနာတွေ တကယ်ရှိနေပြီး ဖုံးကွယ်ထားတာဆိုရင် သူတို့ကို သေချာပေါက် အချိန်မီဖော်ထုတ် အပြစ်ပေးရမယ် "

" ဒါဆို ခင်ဗျားဘက်က သတင်းကောင်းကို စောင့်နေမယ် "

ယဲ့ဖန် ဖုန်းကိုချလိုက်သည်။

ခဏ စဉ်းစားပြီးတဲ့နောက် ယဲ့ဖန်က ဒါရိုက်တာ ဟွမ်းယန်ရှန်း၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

ဟွမ်းယန်ရှန်းက ဖုန်းကိုင်လိုက်တာနဲ့ ယဲ့ဖန်ပြောတာကိုတောင် မစောင့်ဘဲ ဖြတ်ပြောသည်။

" ယဲ့လူကြီးမင်း၊ ချင်းဒါးကော်ပိုရေးရှင်းနဲ့ ဖုလီကော်ပိုရေးရှင်းကြားက ပရောဂျက်ကြောင့် ဖုန်းခေါ်တာ ဟုတ်တယ်မလား "

" အိုး "

ယဲ့ဖန် ဘယ်လိုပြန်ဖြေရမလဲမသိ ဖြစ်သွားသည်။

" ယဲ့လူကြီးမင်း၊ ငါတကယ်တောင်းပန်ပါတယ်။ မင်းက ငါ့သားရဲ့အသက်ကို ကယ်ခဲ့တာဆိုတော့ မင်းကို ငါအစွမ်းကုန်ကူညီရမယ်ဆိုပေမယ့် ဒီကိစ္စကိုတော့ ငါတကယ် ကူညီပေးလို့မရဘူး "

ဖုလီကော်ပိုရေးရှင်းနှင့် ချင်းဒါးကော်ပိုရေးရှင်းကြား ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးစေချင်ကြောင့် ယဲ့ဖန်က သူ့ကို ခေါ်တာလို့ ဟွမ်းယန်ရှန်းပ ထင်နေခဲ့သည်။

ထို့ကြောင့် သူဘက်ကအရင် စကားကို ပိတ်ပြောလိုက်သည်။

ယဲ့ဖန်က ခေါင်းကိုခါပြီး ခါးသက်သက်ပြုံးလိုက်သည်။

" ဒါရိုက်တာဟွမ်း၊ ခင်ဗျား နားလည်မှုလွဲနေပြီ။ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် ဥပဒေကို ချိုးဖောက်မယ့် ဘယ်အရာကိုမှ လုပ်မှာ မဟုတ်ပါဘူး "

" အဲ့တာဆိုကောင်းတယ်။ အဲ့လိုအကြောင်းမဟုတ်သေးသရွေ့ ကျန်တာအားလုံးက ညှိနှိုင်းလို့ရပါတယ် "

" ကျွန်တော်က ချင်းဒါးကော်ပိုရေးရှင်းရဲ့ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုအကြောင်းကို သတင်းပို့ချင်တာပါ "

" ........ "

ဟွမ်းယန်ရှန်းဘက်က အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။ ခဏကြာတော့မှ သူက ချီတုံချတုံဖြင့် ပြောလာသည်။

" မင်း ....... မင်းမှာ သက်သေအထောက်အထားရှိလား "

ယဲ့ဖန် ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့။ ပရောဂျက်တစ်ခုအတွက်ကြောင့် သူတို့ကို ပြဿနာရှာတာမဟုတ်ပါဘူး။ နောက်မှ ခင်ဗျားရဲ့ အီးမေးလ်ကို သက်သေတွေ ပို့ထားပေးမယ်။ အဲ့ကျမှ သေချာ ဆက်ပြီး စစ်ဆေးနိုင်ပါတယ် "

အဲ့ကျမှ ဟွမ်းယန်ရှန်း သက်ပြင်းချနိုင်တော့သည်။

" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ စီးပွားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးကျွမ်းကျင်သူတွေကို ကိုယ်တိုင် ချက်ချင်း ခေါ်စစ်ခိုင်းလိုက်ပါ့မယ်။ ဒါက တကယ်သာဆိုရင် ငါတို့ရဲ့ စည်ပင်ဌာနက သူတို့ကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ "

" ................ "

အပိုင်း ( ၃၈၆ )

ကောင်းကင်ကြီးပြိုကျခြင်း

ဒါရိုက်တာဟွမ်းကို ဆက်လိုက်တာက အလွန်ထိရောက်သည်ဟု ဆိုရမည်။

ယဲ့ဖန် အိမ်ပြန်ရောက်တာနဲ့ ဒါရိုက်တာဟွမ်းဆီမှ ဖုန်းပြန်ဝင်လာသည်။

" ယဲ့လူကြီးမင်း၊ စီးပွားရေး စုံစမ်းစစ်ဆေးရေးကျွမ်းကျင်သူတွေက အကဲဖြတ်ပြီးတဲ့နောက် ချင်းဒါးကော်ပိုရေးရှင်းမှာ တကယ်ဘဲ ဆိုးရွားတဲ့ ငွေကြေးလိမ်လည်မှုပြဿနာတစ်ခု ရှိနေပါတယ် "

" သူတို့အဖွဲ့ရဲ့ အရင်းအနှီးဆက်ကွင်းမှာက တကယ့်ကို ပြဿနာကြီးရှိနေပြီးတော့ ရှေးဟောင်းမြို့ ပြန်လည်မွမ်းမံရေးစီမံကိန်းကို သူတို့လက်ထဲ တကယ်လွှဲပေးလိုက်ရင် ငါတို့အစိုးရတစ်ခုလုံး အကြီးအကျယ် ပြဿနာတက်ပြီး အနာဂတ်မှာ ပြည်သူတွေရဲ့ပြောစရာကိစ္စဖြစ်လာမှာကို စိုးရိမ်ရပါတယ် "

အဲ့စကားကိုပြောနေရင်း ဟွမ်းယန်ရှန်း၏အသံက တုန်နေသည်။

" ဒါရိုက်တာ ဟွမ်း၊ ခင်ဗျား အဆင်ပြေရဲ့လား "

ယဲ့ဖန်က စိုးရိမ်တကြီးမေးလိုက်သည်။

" အဆင်ပြေပါတယ်။ ငါနည်းနည်းကြောက်သွားတာပါ။ ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဘဏ္ဍာရေးပြဿနာတွေက ဒီလောက်ကြီးထိ ပြင်းထန်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူတို့က ငါတို့ စည်ပင်ကိုတောင် လှည့်စားရဲတယ်။ ယဲ့လူကြီးမင်းသာ ငါ့ကို အချိန်မီသတိမပေးဘူးဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေက စိတ်ကူးယဉ်လို့တောင် မရနိုင်ဘူး "

ဟွမ်းယန်ရှန်းက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

တကယ်တော့ သူ့ကို နားလည်နိုင်ပါသည်။

သူက အိမ်ခြံမြေပရောဂျက်များကို အတည်ပြုရန် အဓိကတာဝန်ယူရသူဖြစ်သည်။

ငွေကြေးလိမ်လည်မှုတွေကြောင့် သူ အတည်ပြုထားတဲ့ ပရောဂျက်က ပျက်သွားတယ်ဆိုရင် အစိုးရဘက်က သူ့ကို အပြစ်တင်လိမ့်မည်။

ပိုပြီးပြင်းထန်ရင် ထောင်ကျနိုင်လေသည်။

ယဲ့ဖန်က သူ့ကို နောက်တစ်ကြိမ် ကယ်ခဲ့တာလို့တောင် ပြောလို့ရသည်။

" ယဲ့လူကြီး ...... ညီလေးယဲ့၊ မင်းက ငါ့သားကို ကယ်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ငါ့ကို ကယ်ခဲ့တာဘဲ။ ငါ မင်းကို ဘယ်လို ကျေးဇူးတင်ရမယ်မှန်းကို တကယ်မသိတော့ဘူး "

ယဲ့ဖန်ကို သူပြောဆိုဆက်ဆံပုံက ပြောင်းသွားသည်။

'လူကြီးမင်း မှ ညီလေး' ဟုခေါ်လေသည်။

ဒါက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုရင်းနှီးလာတယ်ဟု ဆိုရမှာဖြစ်သည်။

" အစ်ကိုဟွမ်း၊ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့။ ကျွန်တော်က ဒီအတိုင်းဘဲ လုပ်ပေးတာပါ "

" ဒါက မင်းအတွက်မှန်ပေမယ့် ငါ့အတွက်ကတော့ ..... "

" ဟူး၊ ငါ အသုံးမဝင်တာတွေ ပြောတော့ပါဘူး။ ဒီစီမံကိန်းကို ချက်ချင်းရပ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့ အထက်အရာရှိတွေကို အခုဘဲ သွားတောင်းဆိုလိုက်မယ် "

" ............ "

ယဲ့ဖန်က ဟွမ်းယန်ရှန်းနဲ့ဖုန်းကို ချလိုက်တာနဲ့ ကုန်းရှန်းဟုန်ဆီက ဖုန်းဝင်လာသည်။

" ယဲ့ညီလေး၊ အစိုးရဘက်က ချင်းဒါးကော်ပိုရေးရှင်းရဲ့ ပရောဂျက်ကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းကို ရခဲ့တယ် "

ယဲ့ဖန် အံ့သြသွားသည်။

" သိတာက မြန်လွန်းနေတာ မဟုတ်ဘူးလား။ ဘာလို့ အဲ့လောက်မြန်မြန်ကြီး သိရတာလဲ "

ကုန်းရှန်းဟုန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

" ဒီအလုပ်မှာက သတင်းအချက်အလက်က အသက်သွေးကြောလေ။ ငါတို့ မြန်မှဖြစ်မယ် မဟုတ်ဘူးလား "

" ဟိုအိပ်ရာပေါ်မှာတော့ အရမ်းမြန်လို့ မရဘူး။ မဟုတ်ရင် မရီးက ခင်ဗျားကို အထင်သေးလိမ့်မယ် "

" ဟမ် "

ကုန်းရှန်းဟုန် အတော်ကြာ ထိတ်လန့်သွားပြီး ဘာပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

" ဟားဟားဟားဟား၊ တိုက်ကွက်ကမြန်လွန်းလို့ သတိတောင်မထားမိလိုက်ဘူး "

ယဲ့ဖန်က နောက်ပြောင်တာကို ရပ်လိုက်သည်။

" ဒါဆို ဘာဆက်ပြီး အစီအစဉ်ရှိလဲ "

ကုန်းရှန်းဟုန်ဘက်ကလည်း လေးနက်သွားသည်။

" အထက်အရာရှိတွေကို တင်ပြပြီးပြီ။ ဟူရန်လူချမ်းသာစာရင်းရဲ့ တရားဝင်ဝဘ်ဆိုဒ်ကနေရော၊ ပြည်သူတွေအားလုံးသိဖို့ ဟူရန်သတင်းမီဒီယာကနေပါ ချက်ချင်း ထုတ်ပြန်မှာပါ။ ဒီ ချင်းဒါးကော်ပိုရေးရှင်းရဲ့ ငွေကြေးလိမ်လည်ရေးပြဿနာကို ဥပမာထားပြီး တခြားသူတွေကို သတိပေးရာလည်းရောက်အောင် ပြင်းပြင်းထန်ထန် ရှုံ့ချအရေးယူသွားမှာ "

" ဟူရန်ရဲ့ တာဝန်ခံတစ်ယောက်ဆိုတာ အံ့သြစရာမရှိဘူးဘဲ။ ခင်ဗျား လုပ်ဆောင်ချက်တွေက တကယ် ထိရောက်တယ် "

" ကောင်းပြီ၊ မြှောက်ပြောနေတာ ရပ်လိုက်။ မင်းကမှ တကယ့် ကျွမ်းကျင်သူပဲ ကောင်လေး။ ဒီလိုအရေးကြီးတဲ့ သက်သေအထောက်အထားတွေကို တိတ်တိတ်ကလေး ရှာနိုင်ခဲ့တယ်လေ။ ချင်းဒါးကော်ပိုရေးရှင်းက ဒီတစ်ခါတော့ မင်းလက်ထဲမှာ သေရတော့မယ် "

" မဟုတ်တာ မပြောပါနဲ့။ ဒါက သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ပြဿနာဘဲ။ ကျွန်တော်က သူတို့ရဲ့ တရားမဲ့လုပ်ရပ်ကို တိုင်ကြားရုံတင်ပါ။ ဒါက နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဘဲလေ "

" ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းက လူထုအကျိုးပြုလေး "

" ဒါပေါ့ "

" ရှက်ကြောပြတ်နေတာဘဲ "

" အဲ့လိုပြောဖို့တောင် သတ္တိရှိလာပြီလား "

" ထားလိုက်ပါ၊ လုပ်စရာရှိတာ လုပ်ကြစို့ "

ကုန်းရှန်းဟုန်နဲ့ အချိန်အတော်ကြာ ငြင်းခုံပြီးတဲ့နောက် ယဲ့ဖန်က ဖုန်းချလိုက်ပြီး နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီကို ဖုန်းဆက်လိုက်သည်။

" အစီအစဉ် စလိုက်တော့ "

.......................

ကျုံးဟိုင်၏ ပထမတန်းအဆင့်ဆေးရုံတစ်ခုတွင် ဖန်းဝမ်းညန်က ဆေးရုံကုတင်ကို မှီပြီးထိုင်နေသည်။

လုမိန်ကို ဖမ်းခိုင်းတာ မအောင်မြင်ကြောင်းကို သူကြားလိုက်တဲ့အခါ ဒေါသအလွန်ထွက်ပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

" အရူးတွေ၊ မင်းတို့ ယောက်ျားအုပ်လိုက်ကြီးက မိန်းကလေးတစ်ယောက်ကိုဖမ်းတာ နှစ်ခါတောင် ထွက်ပြေးသွားတော့ မင်းတို့က ပြန်လာဖို့ သတ္တိရှိသေးတာလား "

လုံခြုံရေးအစောင့်တွေအားလုံးက ခေါင်းငုံ့ထားကြသည်။

ခေါင်းဆောင်က မကျေနပ်ချက်ဖြင့် ခေါင်းပြန်မော့လိုက်သည်။

" ဥက္ကဌဖန်း၊ ဒါကို ကျွန်တော်တို့အပြစ်လို့ မပြောနိုင်ဘူး "

" ငါက မင်းတို့ကို အပြစ်မတင်ရဘူးလား။ ဒါဆို ငါ့အပြစ်မလို့လား "

ဖန်းဝမ်းညန် မျက်လုံးများပြူးကျယ်လာပြီး ထပ်ဒေါသထွက်လာတော့သည်။

" ကျွန်တော်တို့က အဲ့ခွေးမကို နှစ်ခါတောင် မိခါနီးဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာ သူမကို လာကယ်ပေးတဲ့သူ ရှိနေတာကြောင့်ပါ "

ခေါင်းဆောင်က အမြန်ရှင်းပြသည်။

" တစ်ယောက်ယောက်က လာကယ်တာလား။ ဘယ်သူလဲ။ အဲဒီလူက ဘယ်သူလဲ "

" အဲ့လူကို ဥက္ကဌကြီးလည်း သိပါတယ် "

" ငါသိတာလား "

" သူက ယဲ့ဖန်ပါ "

လုံခြုံရေးခေါင်းဆောင်က နာမည်ကို အစီရင်ခံလိုက်ပြီး ဖန်းဝမ်းညန်၏မျက်နှာအမူအရာကို ဂရုတစိုက် ကြည့်နေခဲ့သည်။

ထို့နောက် သူ့မျက်နှာက စိမ်းလိုက်၊ ဖြူလိုက်ဖြစ်ပြီး နောက်ဆုံးမှာ နီရဲလာသည်။

ဖန်းဝမ်းညန်က သွေးအန်ချင်နေပုံရသည်။

အင်တုံတစ်ခုကို အမြန်ခံပေးရန် ပြင်လိုက်သည်။

ဖန်းဝမ်းညန်က ထွေးခံကြီးကို ရိုက်ထုတ်ပစ်လိုက်သည်။ ထို့နောက် သူက အံကြိတ်ပြီး အော်ဟစ်လိုက်သည်။

" ယဲ့ဖန်၊ ထပ်ပြီး အဲ့ဒီ ယဲ့ဖန်ဘဲလား "

" အဲ့ကောင်က ငါတို့ကို ဘာလို့အဲ့လောက်တောင် လိုက်နှောင့်ယှက်နေရတာလဲ "

လုံခြုံရေးအစောင့်တွေက အသက်တောင်မရှူရဲကြဘဲ ကြောက်လန့်တကြား တိတ်ဆိတ်နေခဲ့သည်။

ဒီအချိန် တံခါးကို ဘန်းခနဲ တွန်းဖွင့်သံထွက်လာသည်။

" အဖေ၊ တစ်ခုခုတော့ ဖြစ်သွားပြီ "

ဖန်းရှောင်ကွန်းက စိုးရိမ်တကြီး ပြေးဝင်လာသည်။

" ဘာမလို့လဲ။ ကောင်းကင်ကြီး ပြိုကျသွားပြီလား "

ဖန်းဝမ်းညန်သည် နဂိုကမှ ဒေါသထွက်နေတဲ့အပြင် စိတ်ပျက်စရာကောင်းတဲ့ သားဖြစ်သူကို မြင်လိုက်ရတဲ့အခါ ဒေါသပိုထွက်လာခဲ့သည်။

ဒီအရာတွေအားလုံးက သူ့သားကြောင့် ဖြစ်လာတာ ဖြစ်သည်။

သူက ယဲ့ဖန်ကို စော်ကားခဲ့သည်။

လုမိန်အကြောင်းကတော့ ထည့်တောင် မပြောချင်ပေ။

သူ့သားက ချီးပါပြီးမှ သူ့ကို ချီးလာကုန်းခိုင်းစေချင်နေသည်။

သူ့သားက အခု တစ်စက်မှ အသုံးမဝင်ပေ။

မဟုတ်ရင် သူနောက်တစ်ယောက် ထပ်မွေးရမှာ သေချာသည်။

ဖန်းရှောင်ကွန်းက လုံခြုံရေးအစောင့်တွေကို တွန်းဖယ်ကာ ဆေးရုံခုတင်နားသို့ အမြန်ပြေးသွားခဲ့သည်။

" အဖေ၊ ကောင်းကင်ကြီး တကယ်ပြိုကျနေပြီ "

ဖန်းရှောင်ကွန်းက စကားပြောနေရင်းနဲ့ ဖုန်းကို အမြန်ပြလိုက်သည်။

ဖန်းဝမ်းညန်က စိတ်ကုန်နေတဲ့အကြည့်ဖြင့် ဖုန်းကို တွန်းထုတ်လိုက်သည်။

ဖန်းရှောင်ကွန်းက ပြဿနာကို စကားနဲ့ ရှင်းပြဖို့ကလွဲပြီး ရွေးစရာမရှိတော့ပေ။

" အတွင်းလူတစ်ယောက် ပြောတာတော့ သူတို့က ကျုံးဟိုင်မြို့မှာရှိတဲ့ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ ချင်းဒါးကော်ပိုရေးရှင်းက ငွေကြေးလိမ်လည်မှု ပြဿနာအကြီးစားတစ်ခုရထားတယ်တဲ့။ သက်ဆိုင်ရာဌာနတွေက စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီးတော့ နောက်ဆက်တွဲ တိုးတက်မှုတွေကိုလည်း ဆက်ပြီး ခြေရာခံသွားမယ်လို့ ပြောတယ် ... "

" ဖူး ....... "

သူ့သားပြောတာကို ဖန်းဝမ်းညန် ကြားလိုက်ရတဲ့အခါ သူ့ရင်ဘတ်တင်းကျပ်သွားသလို ခံစားလိုက်ရပြီးနောက် ပါးစပ်မှ သွေးများ ထပ်အန်ထွက်လာသည်။

" အဖေ၊ အဆင်ပြေရဲ့လား ဆရာဝန် ..... ဆရာဝန်ကို အမြန်ခေါ်ကြ "

အပိုင်း ( ၃၈၇ )

ချင်းဒါးကော်ပိုရေးရှင်းဘက်က တန်ပြန်တိုက်ခိုက်မှု

ဆေးရုံဆောင်တွေ ရှုပ်ယှက်ခတ်နေသည်။

ဆရာဝန်အချို့က အပြေးအလွှား လာစစ်ပေးသည်။

ဖန်းဝမ်းညန်က သူတို့ကို တွန်းထုတ်ပြီး သူ့သားဆီက ဖုန်းကို လုယူလိုက်ပြီး သေချာစစ်ဆေးလေသည်။

အင်တာနက်မှာ ချင်းဒါးကော်ပိုရေးရှင်းအကြောင်း သတင်းတွေနဲ့ ပြည့်နှက်နေသည်။

သတင်းတွေအောက်မှာလည်း မှတ်ချက်တွေ အများကြီးရှိနေသည်။

[ ယုတ်မာတဲ့ အရင်းရှင်တွေနဲ့ ဂုတ်သွေးစုပ်တဲ့ကောင်တွေ မြန်မြန်သေကြ ]

[ ဒီအရင်းရှင်တွေက လောဘကြီးလွန်းတယ်။ သူတို့က ဒီလောက် ငွေတွေအများကြီးရှာထားတာကိုတောင် မကျေနပ်ကြဘူး။ အဲ့တာတင်မကဘူး လိမ်လည်မှုတွေပါ လုပ်နေတော့တာလား ]

[ ဒီ ချင်းဒါးကော်ပိုရေးရှင်းအကြောင်း ငါသိတယ်။ သူတို့က ကျုံးဟိုင်မှာ မကောင်းမှုတွေ အများကြီး လုပ်ခဲ့တာလေ။ ရာဇ၀တ်မှုတွေ အမျိုးမျိုးကို လုပ်ခဲ့ဖူးတယ်။ သူတို့က ဘဏ္ဍာရေးအကောင့်တွေကိုပါ အတုလုပ်မယ်လို့ မမျှော်လင့်ထားဘူး ]

[ ဒါဆို အထက်လူကြီးတွေကို ဘာလို့ မတင်ပြတာလဲ။ သူတို့က အပြစ်ပေးမှာပေါ့ ]

[ မင်းက အရမ်းငယ်သေးတာဘဲ။ ချင်းဒါးကော်ပိုရေးရှင်းက ဘယ်လောက် အင်အားကြီးမားလဲဆိုတာ မင်းတို့ မသိပါဘူး။ အထက်ကလူတွေတောင် မနိုင်ဘူး။ မင်းတို့က သူတို့ကို ခြေကန်တာနဲ့ မင်းကို ကမ္ဘာကနေ မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားအောင် လုပ်လိမ့်မယ် ]

[ ဘုရားရေ၊ အဲ့လောက်တောင် ဆိုးတာလား ]

[ ဟုတ်တယ်။ ချင်းဒါးကော်ပိုရေးရှင်းက ဒီလိုအဖြစ်မျိုး ဖော်ထုတ်ခဲ့ရတာကို ငါတော့ မအံ့သြပါဘူး။ နောက်ဆုံးတော့ မခံနိုင်တဲ့ နောက်ထပ်အင်အားကြီးသူတစ်ယောက်ယောက်က ကောင်းကင်ဘုံရဲ့သဘောအရ တရားမျှတမှုအတွက် ဖိအားပေးလိုက်တာထင်တယ် ]

[ ဘယ်အကောင်ကြီးကြီးကများ ထုတ်ဖော်လိုက်လဲဆိုတာ စဉ်းစားစရာဘဲ ]

[ ချင်းဒါးကော်ပိုရေးရှင်းက ပြဿနာရှာခဲ့တဲ့သူတွေ အများကြီးလေ။ သူတို့ကို သည်းမခံနိုင်တော့တဲ့ အကောင်ကြီးတွေ ရှိမှာပေါ့ ]

[ သက်သေတော့ မရှိသေးဘူးလို့ ခံစားရတယ်။ မီဒီယာတွေက မီးလောင်ရာ လေပင့်နေတာထင်တယ်။ အရွယ်ရောက်ပြီးသားသူတွေအနေနဲ့ ကျိုးကြောင်းဆီလျော်အောင် တွေးရမယ် ]

ထိုမှတ်ချက်ကို ရေးလိုက်တာနဲ့ လူတိုင်းက ချက်ချင်းဆိုသလို တိုက်ခိုက်ကြသည်။

[ နင့်ရဲ့ ကျိုးကြောင်းဆီလျော်မှုကြီးကို နင်ဘဲ သိမ်းထားလိုက်။ စိတ်ထဲကနေ အရင်းရှင်ဝါဒ လက်ခံနေတဲ့သူဘဲ။ ဆင်ခြင်တုံတရားရှိတဲ့ပုံ လုပ်နေပေမဲ့ တကယ်က မျက်နှာကြီးတဲ့ဘက်ကို ဖင်ယိမ်းနေတဲ့ကောင် ]

[ ချင်းဒါးရဲ့ ဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီသတင်းက မှန်တယ်လို့ ပြောပေးမယ် ]

[ အပေါ်က တစ်ယောက်ရေ၊ အတွင်းဇာတ်လမ်းတွေရော ရှိလား ]

[ အခွန်ရှောင်တာကို စိတ်မဝင်စားလောက်ဘူးလို့ ထင်တယ်။ ချင်းဒါးကော်ပိုရေးရှင်းရဲ့သားက သူ့အဖေရဲ့မိန်းမနဲ့ အိပ်တယ်ဆိုလို့ သတင်းကိုတော့ စိတ်ဝင်စားကြမလား ]

[ ဟ၊ ဒီလိုမျိုးရှိသေးတာလား။ ဒါက လွန်တာပေါ့။ သူက သားရဲတိရစ္ဆာန်တွေထက်တောင် ပိုဆိုးသေးတယ် ]

[ သားက အဖေ့မိန်းမနဲ့ ဖောက်ပြန်တာလား။ ဒါက ရာဇဝင်တွင်လောက်တယ်ဟေး ]

[ ဒါအမှန်ဘဲလား။ လူတစ်ယောက်က ဒီလောက်ဆိုးနိုင်တယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး ]

[ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်ဆီက သိရသလောက်တော့ ဒီကိစ္စက အဆင့်မြင့် စားသောက်ပွဲကြီးတစ်ခုမှာ အကောင်ကြီးတစ်ယောက်က ဖော်ထုတ်ခဲ့တာလို့ပြောတယ်။ ဗီဒီယို အထောက်အထားတွေလည်း ရှိတယ်တဲ့ ]

[ အိုး ဘုရားရေ၊ ထူးဆန်းတဲ့ သားအဖနှစ်ယောက်ဘဲ။ သူတို့က လူမှဟုတ်ကြရဲ့လား ]

[ ဒါကမှန်တယ်ဆိုရင်တောင် ငါကတော့ ထူးဆန်းတယ် မထင်ဘူး ]

[ မှန်တယ်။ ဒီလို ရွံ့စရာကောင်းတဲ့ကိစ္စကို သူတို့လိုလူတွေကလွဲပြီး ဘယ်သူက လုပ်ရဲမှာလဲ ]

ဖန်းဝမ်းညန်က အွန်လိုင်းပေါ်က မှတ်ချက်တွေကို မြင်လိုက်ရသည်။

သူ့ရင်ဘတ်တွေ တဆတ်ဆတ်တုန်လာပြန်သည်။

" ယဲ့ဖန်၊ ငါ မင်းအရိုးတွေကိုပါ မီးရှို့ပြီး မင်းရဲ့ပြာတွေကို ငါကိုယ်တိုင် ကြဲပစ်မယ် "

ဖန်းဝမ်းညန်က အံကြိတ်ပြီး ပြောလိုက်သည်။

ယဲ့ဖန်အပေါ် သူ့မုန်းတီးမှုက ဘယ်လောက် နက်ရှိုင်းလဲဆိုတာကို မြင်နိုင်သည်။

ဖန်းရှောင်ကွန်းက အမြန်လျှောက်လာသည်။

" အဖေ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ်။ ယဲ့ဖန်လောက်က ဒေါသထွက်ဖို့တောင် မထိုက်တန်ဘူး "

ဖန်းဝမ်းညန်က စိတ်ပျက်လက်ပျက်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

" မင်းမှာ ယဲ့ဖန်ရဲ့ နည်းလမ်းတွေလို တစ်သောင်းပုံမှ တစ်ပုံဘဲ ရှိတယ်ဆိုရင်တောင် ငါ အခု အေးအေးချမ်းချမ်း သေပြီး အနားယူနိုင်လောက်တယ် "

သူ့အဖေ ယဲ့ဖန်ကို ချီးကျူးတာကို မကျေမနပ်ဖြစ်ပေမဲ့ ဖန်းရှောင်ကွန်းကို အဲ့တာကိုတော့ လက်ခံရပေမည်။

ယဲ့ဖန်က သူ့အဖေနနဲ့ နျုံစစ်သွမ်းတို့ကိုတောင် ပုခုံးချင်းယှဉ်နိုင်တာကြောင့် သူ့ထက် အများကြီး သန်မာတယ်ဆိုတာ ထင်ရှားလေသည်။

ဖန်းဝမ်းညန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ငါ သူ့ကို လျှော့တွက်ခဲ့မိတာဘဲ။ သူက ဒီလိုအချိန်တိုလေးအတွင်းမှာတောင် မီဒီယာတော်တော်များများကို စည်းရုံးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီလို စွမ်းရည်မျိုးက တကယ်ကို ကြောက်စရာကောင်းတယ် "

" အဖေ၊ အခု ဘာဆက်လုပ်သင့်လဲ "

ဖန်းဝမ်းညန်က မျက်မှောင်ကြုတ်ကာ ခဏ စဉ်းစားနေခဲ့သည်။

" ပြည်သူ့ဆက်ဆံရေးကုမ္ပဏီတွေကို ချက်ချင်းဆက်သွယ်ပြီး လူထုသဘောထားကို တန်ပြန်တိုက်ခိုက်ဖို့လုပ်။ ပြီးတော့ အဲ့လိုတင်တဲ့ အင်တာနက်ပလက်ဖောင်းတွေကိုလည်း ဆက်သွယ်ပြီး တင်ထားတဲ့ သတင်းပို့စ်တွေ အားလုံးကို ဖျက်ခိုင်း။ ဥပမာတစ်ခုအနေနဲ့ သင်ခန်းစာရအောင် အဓိကမီဒီယာတချို့ဆီကို ရှေ့နေဆီကနေ တရားစွဲစာ ပို့လိုက် "

ဖန်းရှောင်ကွန်းက အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

" အင်တာနက်မှာ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ အဆိုးမြင်သတင်းတွေ ပြန့်နေပြီ။ အခုမှ လက်တုံ့ပြန်ဖို့က အရမ်းနောက်ကျမနေဘူးလား "

ဖန်းဝမ်းညန်က အေးစက်စွာ ရယ်လိုက်သည်။

" ယဲ့ဖန်က ငါတို့ရဲ့ ငွေအလိမ် သက်သေတွေရှိတယ်လို့ မင်း ထင်နေလား "

ဖန်းရှောင်ကွန်းက ချက်ချင်း ခေါင်းယမ်းလိုက်သည်။

" အဲ့တာက မဖြစ်နိုင်ဘူး။ သက်သေတွေကို ကျွန်တော် ကိုယ်တိုင် ဖျက်ဆီးထားတာ။ သူ့မှာ အထောက်အထားက ဘယ်လိုလုပ် ရှိနိုင်မှာလဲ "

ဖန်းဝမ်းညန်က သူ့ပခုံးကို ပုတ်လိုက်သည်။

" အဲ့တာဆို ကောင်းတယ် မဟုတ်ဘူးလား။ သူတို့မှာသက်သေမရှိရင် ကောလာဟလတွေဖြန့်ပြီး အသရေဖျက်တာ ဖြစ်သွားမှာလေ "

ဖန်းရှောင်ကွန်း၏ မျက်လုံးများ တောက်ပလာသည်။

" ဟုတ်တယ်။ အခုအချိန်အထိတော့ မီဒီယာတွေဘက်က သက်သေမပြသေးဘူး။ တန်ပြန်အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ် "

ဖန်းရှောင်ကွန်းက စကားပြောနေရင်းနဲ့ ပြည်သူ့ဆက်ဆံရေးကုမ္ပဏီတွေ၊ အွန်လိုင်းပလပ်ဖောင်းတွေနဲ့ ကုမ္ပဏီရဲ့ တရားရေးရာဌာနကိုလည်း ဆက်သွယ်ရန် အမြန်လုပ်ဆောင်ခဲ့သည်။

ဆယ်မိနစ်လောက်ကြာတဲ့အခါ ချင်းဒါးကော်ပိုရေးရှင်းဘက်မှ ချက်ချင်း တန်ပြန်တိုက်ခိုက်မှု ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာဘဲ သူတို့နဲ့ပတ်သက်တဲ့ မကောင်းသတင်း ပို့စ်တွေကို ဖျက်ပစ်ခဲ့သည်။

ချင်းဒါးကော်ပိုရေးရှင်း တရားဝင်မီဒီယာအကောင့်ကလည်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

{ မကြာသေးမီက၊ အင်တာနက်ပေါ်တွင် ကျွန်ုပ်တို့၏ ကုမ္ပဏီအကြောင်း ကောလာဟလများနှင့် အသရေဖျက်သည့် ပို့စ်အများအပြားရှိခဲ့ပ့သည်။ ထို အလိမ်အညာမီဒီယာများတွေမှ ကျွန်ုပ်တို့ရဲ့ ကုမ္ပဏီကို သက်သေအထောက်အထားတစ်စုံတစ်ရာမရှိဘဲ အသရေဖျက်ခဲ့ခြင်းက ကျွန်ုပ်တို့၏ကုမ္ပဏီအပေါ် ဆိုးရွားစွာအကျိုးသက်ရောက်မှုဖြစ်စေခဲ့ပါသည် }

{ ထို့ကြောင့် ကျွန်ုပ်တို့၏ ကုမ္ပဏီက ကောလာဟလများ ဖြန့်ခဲ့သည့် မီဒီယာများထံသို့ ရှေ့နေဘက်မှ စာ ပေးပို့ထားပြီးဖြစ်ကြောင်း အများပြည်သူထံသို့ ရှင်းလင်းတင်ပြအပ်ပါသည် }

{ ကျွန်ုပ်တို့၏ ကုမ္ပဏီမှ ဥပဒေအား အမြဲတစေ လေးစားပြီး တသွေမသိမ်း လိုက်နာပါသည်။ ဥပဒေချိုးဖောက်သည့်အရာမျိုးကို ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ ဤကဲ့သို့ ယုတ်ညံ့သောနည်းလမ်းများကို အသုံးပြုပြီး တိုက်ခိုက်သည့် ပြိုင်ဘက်များကိုလည်း ဂုဏ်သိက္ခာရှိရှိအသုံးပြု၍သာ ပြိုင်ဆိုင်စေလိုကြောင်း ကျွန်ုပ်တို့ဘက်မှ အသိပေးလိုပါသည် }

သူတို့၏ ကြေညာချက်က ပညာသားပါသည်ဟု ဆို

ရမည်။

ပထမဆုံးအနေနဲ့ သူတို့နှင့်ပတ်သက်ပြီး မကောင်းတင်တဲ့ မီဒီယာများကို ခြိမ်းခြောက်သည်။

ဒုတိယအနေနဲ့ သူတို့က ဒီအဖြစ်အပျက်ကနေ သူတို့ရဲ့ပြိုင်ဘက်က မဟုတ်တာလုပ်ပါတယ်ဆိုပြီး ရှင်းလိုက်သည်။

တစ်ချိန်တည်းမှာဘဲ ချင်းဒါးကော်ပိုရေးရှင်း၏ အမည်ဆိုးကို ရှင်းလင်းရန် ဆောင်းပါးများစွာ အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

ဖန်းရှောင်ကွန်းဆက်သွယ်ခဲ့သည့် ကုမ္ပဏီတွေက ချင်းဒါးအတွက် နာမည်ဆိုးရှင်းရုံသာမကဘဲ လင်းယွမ်အိမ်ခြံမြေဘက်ကိုပါ တန်ပြန်အပုတ်ချနိုင်ခဲ့သည်။

[ အတွင်းသိတစ်ယောက်ပြောတာတော့ လင်းယွမ်အိမ်ခြံမြေဘက်က မြို့ဟောင်းပြန်လည်တည်ဆောက်ရေးစီမံကိန်းအတွက် လေလံဆွဲတုန်းက ရွံစရာကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်တဲ့။ ယွမ်တစ်ယွမ်တည်းရဲ့ အားသာချက်က စိတ်ကူးမယဉ်နိုင်လောက်အောင် အနိုင်ရသွားတာတဲ့ ]

[ လင်းယွမ်အိမ်ခြံမြေရဲ့ CEO ချန်းရွှမ်က သူမရဲ့ အလှတရားကြောင့် အမြဲတမ်း နာမည်ကြီးတယ်လေ။ သူမက ကျုံးဟိုင်စီးပွားရေးလောကက နာမည်ကြီးတဲ့ အလှတရားလေးဘဲ ]

[ နှစ်နှစ်အတွင်း လင်းယွမ်အိမ်ခြံမြေကို လက်ရှိအတိုင်းအတာအထိ တည်ဆောက်နိုင်တာက နောက်ကွယ်မှာ အင်အားကြီးတစ်ခုနဲ့ လိင်ကိစ္စအပေးအယူတွေပါမလား မသိရဘူး ]

အပိုင်း ( ၃၈၈ )

မြင့်မားတဲ့ ဉာဏ်ရည်

ချင်းဒါးကော်ပိုရေးရှင်းသည် သူတို့ဘက်မှ တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့်တပြိုင်နက် အင်တာနက်ပေါ်ရှိ လမ်းကြောင်းတွေက ချက်ချင်းပြောင်းလဲသွားသည်။

[ ဒါဆို သူတို့ဘက်က အပုပ်ချတာပေါ့။ အင်တာနက်မှာ ချင်းဒါးကော်ပိုရေးရှင်းနဲ့ပတ်သက်တဲ့ မကောင်းတဲ့ သတင်းတွေက ဘာလို့ ရုတ်တရက်ကြီး အများကြီးဖြစ်လာတာလဲလို့ တွေးနေတာ ]

[ ဒီလူတွေက ယုတ်မာလွန်းတယ်။ ပြိုင်ဆိုင်ဖို့အတွက်နဲ့ သူတို့က တစ်ဖက်သူတွေကို အပုပ်ချဖို့ ဇာတ်လမ်းတွေ ထွင်နေတာဘဲ ]

[ ချင်းဒါးကော်ပိုရေးရှင်းဘက်က ကြေငြာချက်ကို တွေ့လိုက်ရတယ်။ သူတို့ပြောတာ ယုံချင်စရာကောင်းပြီး အတော်လေး ကျိုးကြောင်းဆီလျော်တယ်။ တကယ့်ကို ကုမ္ပဏီကြီးတစ်ခုဆီက တုန့်ပြန်ချက်ဘဲ ]

[ ဒါဆို ချင်းဒါးကော်ပိုရေးရှင်းက အပြစ်မရှိဘူးပေါ့။ ငါတို့က သူတို့ကို မှား အပြစ်တင်မိတာဘဲ ]

[ ဒါဆို လူထုအမြင်ကို ခြယ်လှယ်နေတာက ဘယ်သူလဲ။ သူက ငါတို့ကို အရူးလို ဆက်ဆံနေတာ။ ဘယ်သူလဲ၊ ဘယ်သူက ပြည်သူတွေကို လှည့်စားနေတာလဲ ]

[ မေးစရာတောင် လိုသေးလို့လား။ ကိစ္စက ရှင်းနေတာဘဲ။ ပြဿနာဖန်တီးနေတာ လင်းယွမ်အိမ်ခြံမြေဘဲ ဖြစ်ရမယ် ]

[ မှန်တယ်။ ချင်းဒါးကော်ပိုရေးရှင်းနဲ့ ဖုလီကော်ပိုရေးရှင်းကြားက ပရောဂျက်က လင်းယွမ်အိမ်ခြံမြေအတွက် အတော်လေး အရှိုက်ထိသွားတာကြောင့် ဒေါသဖြစ်သွားတာဖြစ်လိမ့်မယ် ]

[ ဟုတ်တယ်။ ချင်းဒါးကော်ပိုရေးရှင်း ပြိုကျတာနဲ့ အကျိုးခံစားခွင့် အများကြီးရမယ့်သူက လင်းယွမ်ကုမ္ပဏီလေ။ အဲ့တာကြောင့် သူတို့က ကောလဟာလတွေ ဖြန့်တာဖြစ်ရမယ် ]

[ ဖုလီကော်ပိုရေးရှင်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်က လုပ်ငန်းကြီးလေ။ သူတို့ရဲ့ လက်တွဲဖော်က ဘယ်လိုလုပ်ပြီး အဲ့လို နိမ့်ကျနိုင်မှာလဲ ]

[ ဒါက လင်းယွမ်ကုမ္ပဏီက လုပ်နေတာဘဲ။ ဒီကုမ္ပဏီက အကျင့်ပျက်နေပြီ ဘာမဆိုလုပ်မှာ ]

[ လင်းယွမ်အိမ်ခြံမြေရဲ့ CEOက လှတယ်လို့ တစ်ယောက်ယောက် ပြောလိုက်တယ်မလား။ လင်းယွမ်ကုမ္ပဏီ အရှိန်ပြင်းပြင်းနဲ့ အမြန်ဖွံ့ဖြိုးတိုးတက်နေတာက အာဏာတစ်ခုခုနဲ့ လိင်ကိစ္စတွေ ဆက်နွယ်နေနိုင်တယ် ]

[ လှတာလား။ ဘယ်လောက်တောင် လှတာလဲ။ မင်းတို့မှာ ပုံရှိလား ]

[ ငါ အင်တာနက်မှာ ရှာဖူးတယ် သူမက တကယ်ကို လှတာ။ နာမည်ကြီးတွေထက်တောင် ပိုလှသေးတယ် ]

[ ဘုရားရေ၊ အဲ့လောက်တောင် အရမ်းကြည့်ကောင်းတာလား။ သူမက အိမ်ခြံမြေကုမ္ပဏီရဲ့ ဥက္ကဌဖြစ်တယ်လို့သာ ပြောမထားရင် သူမကို နာမည်ကြီး ကြယ်ပွင့်တစ်ယောက်လို့ ထင်မိတော့မလို့ ]

[ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ အလှတရားနဲ့ ဉာဏ်ရည်က ပြောင်းပြန်အချိုးကျတယ်။ ပိုလှလေလေ၊ ဉာဏ်ရည်အားနည်းလေလေဘဲ။ သူမ ဒီနေ့ရောက်နေတဲ့နေရာကိုရောက်ဖို့ သူမရုပ်ရည်ကို မသုံးခဲ့ဘူးလို့ ဘယ်သူ အာမခံရဲလဲ ]

[ လိင်အလဲအလှယ်တွေက အစစ်ဘဲ။ အစိုးရပိုင်းက လင်းယွမ်ကုမ္ပဏီ လေလံဘယ်လိုအောင်သွားလဲဆိုတာ သေချာစစ်ဆေးသင့်တယ် ]

[ ချင်းဒါးကို ကာကွယ်ပေးရမယ် ]

[ လင်းယွမ်ဘက်က မသေမချင်း ပြဿနာရှာနေဦးမှာဘဲ ]

[ ........... ]

ထိုမှတ်ချက်တွေကို ဖတ်ပြီး ဖန်းရှောင်ကွန်းက မထိန်းနိုင်ဘဲ ဂုဏ်ယူစွာ ရယ်လိုက်သည်။

" အင်တာနက်ပေါ်က အပုပ်ချတဲ့လမ်းကြောင်းက ပြောင်းသွားပြီ။ လင်းယွမ်ဘက်က လူထုရဲ့ပစ်မှတ်ဖြစ်သွားတယ် "

ဖန်းရှောင်ကွန်းက သူ့အဖေကို ချီးကျူးလိုက်သည်။

" အဖေက တကယ်ကိုထက်မြက်တာဘဲ။ အခြေအနေက ဘယ်လိုဘဲ ကြပ်တည်းလာပါစေ မရရအောင် ရုန်းထွက်နိုင်တယ်။ ဉာဏ်ရည်က မြင့်လွန်းတယ်၊ အရမ်းမြင့်လွန်းတယ် "

ဖန်းဝမ်းညန်က မာန်တက်နေတဲ့အပြုံးမျိုး ပြုံးသည်။

" ငါက ဒီလောကထဲမှာ ကျင်လည်လာတာ ရာစုနှစ်တွေချီနေပြီ။ ဒီလိုအခြေအနေမျိုးကို ဘယ်လိုလုပ် မမြင်ဘဲနေမှာလဲ။ အဲ့ဒီ မလောက်လေးမလောက်စား ယဲ့ဖန်က ငါ့ကို ယှဉ်နိုင်မှာတဲ့လား "

ဖန်းရှောင်ကွန်းက အကြိမ်ကြိမ် ခေါင်းငြိမ့်သည်။

" အမှန်ဘဲ။ အဲ့ကောင် ယဲ့ဖန်က အဖေ့ကို ဆန့်ကျင်ဖို့ သတ္တိရှိနေတာ သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေတာပဲ။ သူ့နေရာမသိဘူး "

ဖန်းဝမ်းညန်က သူ့သားကို ကြည့်ကာ ရိုးသားသော လေသံဖြင့် သတိပေးသည်။

" အဖေ့ရဲ့ အတွေ့အကြုံအရ ဘာတွေပဲ ကြုံရပါစေ စိတ်အေးအေးထားပြီး တည်ငြိမ်ဖို့ လိုတယ်။ စိတ်ကို တည်ငြိမ်အောင်ထားပြီးမှ အေးအေးဆေးဆေး တွေးပြီးရင် အနိုင်ယူနိုင်လိမ့်မယ် "

ဖန်းရှောင်ကွန်းက သူ့အဖေရဲ့ တရားရေအေးကြောင့် အိပ်ငိုက်သွားပေမဲ့ သူ့အဖေက ရှားရှားပါးပါး အလွန်စိတ်လှုပ်ရှားနေတာမလို့ သည်းခံပြီး နားထောင်နေခဲ့သည်။

ထိုအချိန်တွင် တံခါးကို တွန်းဖွင့်လိုက်ပြန်သည်။

ချင်းဒါးကော်ပိုရေးရှင်း၏ ဒုဥက္ကဌကောက အမြန်ဝင်လာသည်။

" ဥက္ကဌကြီး မကောင်းတာတွေတော့ ဖြစ်ကုန်ပြီ ...... "

ဖန်းဝမ်းညန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့မျက်နှာမှာ တည်ငြိမ်တဲ့ အပြုံးတစ်ခုရှိနေသည်။

" မင်း ငါတို့ကုမ္ပဏီရဲ့ ငွေကြေးလိမ်လည်မှုအကြောင်း အင်တာနက်မှာ သတင်းတွေ ပြန့်နေတဲ့အကြောင်းကို ပြောနေတာ ဟုတ်တယ်မလား။ စိတ်မပူနဲ့။ အဲ့ဒီအကျပ်အတည်းကိုဖြေရှင်းဖို့အတွက် ငါ လှည့်ကွက်နည်းနည်း သုံးထားပြီးပြီ "

ဒုဥက္ကဌကောက တက်ဘလက်တစ်လုံးနှင့် ရောက်လာသည်။

" အခု ကိစ္စတွေက သိပ်မရိုးရှင်းတော့ဘူး။ ဟူရန်လူချမ်းသာစာရင်းက ကျွန်တော်တို့ရဲ့ဘဏ္ဍာရေးလိမ်လည်မှုက အမှန်လို့ အတည်ပြုကြောင်းတရားဝင်ကြေငြာချက် ထုတ်ပြန်လိုက်တယ် "

ဖန်းဝမ်းညန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

သူက တက်ဘလက်ကို အမြန်ဆွဲယူလိုက်ပြီး သေချာ ဖတ်ကြည့်လိုက်သည်။

ဟူရန် လူချမ်းသာစာရင်း၏ တရားဝင်မီဒီယာစာမျက်နှာတွင် ကြေငြာထားသည်။

{ ချင်းဒါးကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးဆိုင်ရာငွေကြေးခဝါချလိမ်လည်မှုနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ ကုမ္ပဏီဘက်က ပြည်သူဘက်မှ တာဝန်သိတတ်စွာဖြင့် ချင်းဒါးကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးစာရင်းများကို လွန်ခဲ့တဲ့နှစ်တွေအပါအဝင် သေချာ အလေးအနက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်တို့ဘက်မှ အောက်ပါအတိုင်း ကောက်ချက်ချထားပါသည် }

{ ချင်းဒါးကော်ပိုရေးရှင်းတွင် အလွန်ဆိုးရွားသော ငွေကြေးလိမ်လည်မှုပြဿနာတွေရှိပါသည်။ ၂၀၁၅ ခုနှစ် ပထမနှင့်ဒုတိယ သုံးလပတ်များတွင် ငွေကြေးဆိုင်ရာ ကြီးမားသော ပြဿနာများစွာ ရှိခဲ့ပါသည် }

{ တစ်ချိန်တည်းမှာဘဲ ဖန်းဝမ်းညန်နှင့် ၎င်းတို့၏သားဖြစ်သူတို့ ပြောထားသော အသံဖိုင်ကို ကျွန်ုပ်တို့ လက်ခံရရှိထားကာ အခုအခါမှာတော့ အများသူငှာ သိရှိစေရန် ချပြလိုက်ရပါသည် }

တင်ထားတဲ့ အသံဖိုင်ကို ဖွင့်လိုက်သောအခါ ဖန်းဝမ်းညန် တုန်လှုပ်သွားသည်။

နောက်တော့ သူ့သားဖြစ်သူ ဖန်းရှောင်ကွန်းရဲ့ အသံကို ကြားလိုက်ရသည်။

" အဖေ၊ ချင်းဒါးရဲ့ အရင်းအနှီးက ပြတ်တော့မယ်။ ကျေးဇူးပြုပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို အမြန်စဉ်းစားပါဦး "

" ဘာတွေထိတ်လန့်နေတာလဲ။ ဒါက ပထမဆုံးအကြိမ်မဟုတ်တာတောင် မင်းက အရမ်းစိတ်မရှည်သေးဘူး "

" ဒီတစ်ခေါက်က အရင်အခါတွေနဲ့ မတူဘူး။ ဒီတစ်ခါ ကျွန်တော်တို့ရဲ့ အကြွေးတွေက ကြောက်ခမန်းလိလိ များလွန်းတယ်။ အချိန်မရွေး ဒေဝါလီခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီ "

" စိတ်မပူနဲ့၊ ငါ ဖုလီကော်ပိုရေးရှင်းနဲ့ ညှိနှိုင်းပြီးပြီ။ မကြာခင် ပရောဂျက်ကြီးတစ်ခု ရလိမ့်မယ်။ အဲ့အချိန်ကျ ငါတို့ မဟာမိတ်ဖက်တွေက ငါတို့ကို ပိုက်ဆံပေးဖို့ လာလိမ့်မယ် မဟုတ်ဘူးလား။ သူတို့ပိုက်ဆံတွေကိုယူပြီး လိုနေတဲ့အပေါက်ကို ဖြည့်လိုက်ရင် ရပြီလေ "

" တကယ်လို့ ဖုလီကော်ပိုရေးရှင်းက ကျွန်တော်တို့ဘက်က ဘာမှမလုပ်ပေးနိုင်တာ သိသွားရင် သူတို့က ခွင့်ပြုမှာ မဟုတ်လောက်ဘူး "

" ဘာကိုကြောက်နေတာလဲ။ ဖုလီကော်ပိုရေးရှင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရေမြောင်းထဲ ရောက်မသွားစေချင်ဘူးဆိုရင် သူတို့ကလည်း ငါတို့ကို ကူပြီး ဖုံးကွယ်ပေးထားလိမ့်မယ် "

" အဲ့တာက အဓိပ္ပာယ်ရှိတယ်။ အဖေက တကယ်ကို ဉာဏ်ကောင်းတာဘဲ "

" ငါ့ကို မြှောက်မနေနဲ့။ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတွေကို အမြန်ဖျောက်ပြီး တစ်ယောက်ယောက်ကို အသစ်လုပ်ခိုင်းထားလိုက်။ အရမ်းသတိထားရမယ်၊ သေချာ သတိထား။ အမှားတစ်ခုခုရှိတာနဲ့ ငါတို့အားလုံးသေမှာ "

" အဖေ စိတ်မပူပါနဲ့ "

အသံသွင်းထားတာက အရမ်းကို ရှင်းလင်းနေသည်။

အကြောင်းအရာသည်လည်း အလွန်ပေါက်ကွဲစေနိုင်သည်။

သူတို့က ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဘဏ္ဍာရေးလိမ်လည်မှုပြဿနာကို ပြောနေခဲ့တာဖြစ်သည်။

ဟူရန်ဘက်မှ တာဝန်ရှိသူများက နောက်ဆုံးရလဒ်ကိုလည်း ကြေညာထားသည်။

{ ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဆိုးရွားသောအပြုအမူကို ကျွန်ုပ်တို့ဘက်မှ ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ ဒီနေ့မှစပြီး ချင်းဒါးကော်ပိုရေးရှင်း၊ ဖန်းဝမ်းညန်နှင့် ၎င်း၏သားဖြစ်သူတို့ကို ဟူရန်လူချမ်းသာစာရင်းမှ ဖယ်ရှားမှာဖြစ်ပြီး နောက်တစ်ကြိမ် ပါဝင်နိုင်တော့မည် မဟုတ်ကြောင်းကိုလည်း ဆုံးဖြတ်ထားပါသည် }

ထိုကြေညာချက်ကို ဖန်းဝမ်းညန် ကြည့်ပြီးတာနဲ့ ထိန်းမထားနိုင်တော့ပေ။

" ဖူး ..... "

ပါးစပ်ထဲမှ သွေးများ ထပ်ထွက်လာပြန်သည်။

ပြီးသွားပြီ။

ချင်းဒါးကော်ပိုရေးရှင်းက လုံးဝကို အဆုံးသတ်သွားပြီ။

All Chapters