အပိုင်း ၃၉၃-၃၉၆
Vol. 20 Ch. 393-396
အပိုင်း ( ၃၉၃ )
ပျော်ရွှင်မှု သုံးဆ
နောက်တစ်နေ့တွင် ယဲ့ဖန်နိုးလာတဲ့အခါ ထုံးစံအတိုင်း လက်ဝှေ့ လေ့ကျင့်သည်။
ဧည့်ခန်းထဲကို ပြန်ရောက်လာပြီး မနေ့က ဖုန်းပိတ်ထားတာကို သတိရသွားသည်။
ထို့နောက် သူ့ဖုန်းကို အားသွင်းလိုက်သည်။
ဖုန်းကို ဖွင့်လိုက်သည်နှင့် မရေမတွက်နိုင်တဲ့ စာတွေပို့ထားကြမှန်း သိလိုက်ရသည်။
သူတို့အားလုံးက ယဲ့ဖန်ဆီကို တိုက်ရိုက် ဖုန်းဆက်မရတာကြောင့် စာမက်ဆေ့ခ်ျကနေတဆင့် ဂုဏ်ပြုခဲ့ကြသည်။
ယဲ့ဖန်က တစ်စောင်ချင်းစီ သေချာစစ်သည်။
ထို့နောက် ချန်းရွှမ်ထံမှ ဖုန်းဝင်လာသည်။
" ကျွန်မ ရှင့်ကို တစ်ညလုံး ဖုန်းခေါ်နေတာ။ နောက်ဆုံးတော့ ဖုန်းကိုင်ပြီဘဲ "
" ဖုန်းအားကုန်သွားပြီးတော့ အားသွင်းဖို့ မေ့နေလို့။ ဘာကိစ္စရှိလို့လဲ "
" ကျေးဇူးတင်ချင်လို့ပါ "
"ကျွန်မတို့ရဲ့ ဆက်ဆံရေးက တော်တော်လေးကောင်းနေပေမယ့် ကျေးဇူးတင်ချင်သေးတယ် "
ယဲ့ဖန်က သူမကို ဖြတ်ပြောလိုက်သည်။
" ကောင်းမွန်တဲ့ ဆက်ဆံရေးလား။ ဘယ်လောက်ကောင်းတာလဲ "
ချန်းရွှမ်က အိမ်မှာ မနက်စာစားနေတာဖြစ်သည်။ သူ့စကားကြားတော့ သူမရဲ့ မျက်နှာလှလှလေးက ချက်ချင်းပင် နီရဲသွားတော့သည်။
" အထင်လွဲမနေပါနဲ့။ ကျွန်မတို့က သူငယ်ချင်းကောင်းတွေလို့ ပြောချင်တာပါ "
" သူငယ်ချင်းကောင်းဆို သူငယ်ချင်းကောင်းပေါ့။ ဘာကို ဆက်ဆံရေးကောင်းတယ်လဲ။ အဲ့လိုစကားကို တခြားသူတွေက အထင်လွဲသွားလိမ့်မယ်။ မင်းက အခု အင်တာနက် နာမည်ကြီးတစ်ယောက်ဖြစ်နေပြီလေ။ မင်း စကားတွေကို သတိထားရမယ် "
ချန်းရွှမ်က ယဲ့ဖန်၏နောက်ပြောင်သောစကားကို ကြားတဲ့အခါ ပို၍ပင် ရှက်သွားသည်။
" မပြောနဲ့တော့။ ကျွန်မခေါင်းက ပေါက်ကွဲတော့မယ်။ Weibo မှာ ဖော်လိုဝါတွေအများကြီးရှိနေလို့ ဘာမှတောင် မတင်ရဲဘူး "
" ဒါက နည်းနည်းလွန်လွန်းတယ် မဟုတ်ဘူးလား။ တစ်ချို့နာမည်ကြီးတွေဆို သူတို့ရဲ့ ပရိသတ်တွေတိုးလာအောင် မကောင်းတဲ့နည်းတွေတောင် သုံးကြသေးတာဘဲ။ တစ်နေ့တည်းနဲ့ ပရိသတ်တွေအများကြီးရလာလို့ မပျော်ဘူးလား "
" ကျွန်မက နာမည်ကြီးမှမဟုတ်တာ။ ဘာလို့ ပရိသတ်တွေအများကြီး လိုမှာလဲ။ ရှက်စရာကောင်းလွန်းတယ် "
" ဘာရှက်စရာရှိလို့လဲ။ ဒါက မင်း လှပြီးချစ်စရာကောင်းတယ်ဆိုတာ သက်သေပြနေတာလေ။ နတ်ဘုရားမ ရွှမ်ရွှမ်လေးက ဘယ်လိုထင်လဲ "
" ရှင် ..... ကျွန်မကို အဲ့လိုမခေါ်နဲ့ "
" ဒါဆို မင်းကို ဘယ်လိုခေါ်ရမှာလဲ ရွှယ်အာလေးလို့လား။ ရှောင်ရွှမ်ရွှမ်လေး။ ရွှမ်ကလေးလေး "
" ယဲ့ဖန်၊ ရှင် ဒီလို ဆက်စနေရင် ကျွန်မ ဒေါသထွက်ရလိမ့်မယ် "
" ကောင်းပြီ၊ မနောက်တော့ဘူး။ အခု ကုမ္ပဏီရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးပြီဆိုတော့ အိမ်မှာ နှစ်ရက်လောက် အနားယူသင့်တယ်။ ကုမ္ပဏီရဲ့ကိစ္စတွေကို တခြားသူတွေနဲ့ လွှတ်ထားလိုက်ပါ "
" မဟုတ်ဘူး၊ ကျွန်မ မရှိရင် သူတို့တွေ ရှုပ်နေမှာ သေချာတယ် "
" မင်း အရမ်းတွေးနေတာဘဲ။ မင်းမရှိလည်း ကမ္ဘာကြီးက လည်ပတ်နေလိမ့်မယ် "
" ဒါပေမယ့် "
" ဒါက အမိန့်ပဲ "
" အိုခေ .... "
" အဲ့လိုမှပေါ့၊ ကိုယ် လုပ်စရာရှိသေးတယ်။ ရွှမ်ကလေးလေး ကိုယ် အရင်ဖုန်းချလိုက်မယ် "
" ရှင် ကျွန်မကို အဲ့လိုခေါ်ခွင့်မရှိဘူး "
ချန်းရွှမ် အနည်းငယ်ရှက်သွားသည်။
သို့ပေမဲ့လည်း ပြုံးနေမိသည်။
ပူလောင်နေသော သူမ၏ပါးတွေကို အမြန်ထိလိုက်သည်။
ယဲ့ဖန်က သူမကို ကူညီပေးခဲ့ပြီး ပြဿနာကို အကုန်ရှင်းပေးထားမှန်း သူမ သိလိုက်ကတည်းက သူမ၏နှလုံးသားက လုံးဝပြိုလဲသွားခဲ့ရသည်။
အခုအချိန်တွင် သူမကို ယဲ့ဖန်က ချစ်စရာနာမ်စားတွေခေါ်ပြီး နောက်ပြောင်နေခဲ့တဲ့အခါ
သူမ အလွန်စိတ်လှုပ်ရှားသွားပြီး အသက်ရှုရခက်လာသည်။
ဒါက အေးစက်ပြီး ခပ်ခွာခွာနေတတ်တဲ့ အမျိုးသမီး CEO တစ်ယောက်အနေလို သူမပုံစဲနဲ့ မလိုက်ဖက်ပေ။
ဒီလိုခံစားချက်ကို တတ်နိုင်သမျှ မြန်မြန် ပျောက်စေချင်သည်။
သူမက ပုံမှန်အားဖြင့် ဘယ်လောက်ဘဲ ထက်မြက်ပြီးစွမ်းဆောင်နိုင်သည့်သူ ဖြစ်နေပါစေ သူမက အချစ်ရေးကိစ္စမျိုးနှင့် ရင်ဆိုင်ရချိန်တွင် အမြဲအကူအညီမဲ့ ဖြစ်နေတတ်သည်။
သူမစိတ်ထဲတွင် ယဲ့ဖန်၏ပုံရိပ်တွေနှင့်သာ ပြည့်နှက်နေသည်။
မသိစိတ်ကနေလည်း လက်လွှတ်ဖို့ကို ငြင်းဆန်နေမိသည်။
......................
ယဲ့ဖန်က ချန်းရွှမ်နဲ့ ဖုန်းကို ချလိုက်ပြီးတဲ့နောက် ရှုကျင်းရှင်းဆီမှ ဖုန်းဝင်လာသည်။
" နောက်ဆုံးတော့ ဖုန်းဖွင့်ပြီဘဲ။ နျုံစစ်သွမ်းက ရှင့်ကို လက်စားချေလုပ်ကြံပြီထင်ပြီး ရဲခေါ်ခိုင်းတော့
မလို့ တွေးနေတာ "
သူမ၏ စိတ်ကူးယဉ်မှုက အရင်အတိုင်း ထူးဆန်းနေသေးသည်။
ယဲ့ဖန်က ရယ်ရမလား ငိုရမလား မသိတော့ပေ။
" မင်း ကိုယ့်ကို ဘာလို့ရှာတာလဲ "
" ပထမဆုံးအနေနဲ့ နျုံစစ်သွမ်းကို ပထမဆုံးတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် "
" ဂုဏ်ပြုစရာ ဘာမှမရှိပါဘူး။ ဒီတစ်ခါက ကံကောင်းသွားတယ်လို့ပဲ ပြောရမှာ "
" ဒါက အရမ်း အထင်ကြီးစရာ ကောင်းနေပြီ။ နျုံစစ်သွမ်းကို အနိုင်ယူနိုင်တဲ့သူက လက်တစ်ဆုပ်စာလောက်ပဲ ရှိမှာ "
" ကိုယ့်ကို မြှောက်ပြောမနေနဲ့။ တခြား ရှိသေးလား "
" ကျွန်မ ရှင့်ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ချင်တာ။ ရှင် အထင်လွဲမနေနဲ့ဦး။ ဦးလေးလျုံက ရှင့်ကို သတိရနေလို့ "
" ဦးလေးလျုံက ကိုယ့်ကို သတိရနေတာလား။ မင်းကရော ကိုယ့်အကြောင်းမတွေးခဲ့ဘူးလား "
" ရှင် ...... အဲ့လောက် မျက်နှာပြောင်ပြီး လျှောက်ပြောမနေနဲ့ "
" အင်းပါ၊ ကိုယ်နားလည်ပါတယ်။ မင်းရဲ့ မိန်းကလေးပုံရိပ်ကို ထိန်းသိမ်းရမှာပေါ့ "
ဖုန်းချပြီးတဲ့နောက် ယဲ့ဖန်က အဝတ်လဲကာ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာဘဲ သူက အရည်အသွေးမြင့် လုံကျင်း လက်ဖက်ရည်အိုးနှစ်လုံးကိုလည်း ယူဆောင်လာခဲ့သည်။
ကွမ်းကျန်ရှန်းက ပို့ပေးထားတာဖြစ်သည်။
သို့ပေမဲ့ သူ့မှာ လက်ဖက်ရည်သောက်တဲ့ ဝါသနာ မပါပေ။
ထို့ကြောင့် ရေနွေးအိုးတွေကို သူ့ဆရာဆီ ပေးလိုက်မည်ဖြစ်သည်။
ခရီးတစ်ဝက်မှာ ရောက်လာတဲ့အချိန်မှာပဲ သူ့နားထဲမှ စနစ်သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
[ ကံကြမ္မာရတနာလမ်းကြောင်းအသစ်ကို တွေ့ရှိထားပါသည်။ လက်ခံသူ၊ လက်ရှိလမ်းအတိုင်း မီတာ ၁၅၀ မောင်းပြီး ညာဘက်ကွေ့ပါ ]
ယဲ့ဖန် ဝမ်းသာသွားသည်။
ဒါက တကယ်ကောင်းတဲ့အရာဖြစ်သည်။
ဖန်းဝမ်းညန်၏ ပြဿနာကို သူဖြေရှင်းခဲ့လေသည်။
စနစ်ကလည်း သူ့အတွက် ကောင်းကျိုးတွေပေးဦးမှာ ဖြစ်သည်။
ပျော်ရွှင်မှု နှစ်ဆ။
သူက စနစ်၏ လမ်းညွှန်ချက်ကို လိုက်နာတော့မည့်အချိန်မှာဘဲ ရုတ်တရက် သူ့နောက်က Mercedes-Benz MPV နှစ်စီး ခိုးကြောင်ခိုးဝှက်နဲ့ လိုက်နေတာကို သူ သတိထားမိလိုက်သည်။
သူ့ပါးစပ်ထောင့်က အနည်းငယ် ကွေးတက်သွားသည်။
ပျော်ရွှင်မှုနှစ်ဆ မဟုတ်ဘဲ သုံးဆဖြစ်မယ် ထင်သည်။
ကားထဲတွင် ကျန်းပင်းကွန်းက ယဲ့ဖန်၏ ကားကို တိုက်သတ်ချင်တဲ့ အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ကားထဲမှာ နှစ်ပေါင်းများစွာ သူနဲ့အတူ သေခြင်းတရားကို အတူဖြတ်သန်းခဲ့ရတဲ့ ညီအစ်ကိုတချို့လည်း ရှိသည်။
" အစ်ကိုကွန်း၊ မင်းက ငါတို့ကို တောင်ပိုင်းကွမ်တုန်းကနေ အလျင်စလိုခေါ်တာ ဒီကောင်လေးအတွက်လား "
" ဟုတ်တယ်၊ အစ်ကိုကွန်း အဲ့လို ကောင်လေးသေးသေးလေးအတွက်နဲ့ လူတွေ ညီအစ်ကိုတွေ အများကြီး လိုလို့လား "
" အစ်ကိုကွန်း၊ မင်းနဲ့ ညီအစ်ကိုတွေက ဒီမှာ အရင်စောင့်နေလိုက်။ ဒီကလေးကို ငါတစ်ယောက်တည်း သတ်နိုင်တယ် "
ကျန်းပင်းကွန်းက ထိုစကားများကို ကြားလိုက်သောအခါတွင် သူ့မျက်နှာက မည်းမှောင်သွားသည်။
" ဒီကလေးကို လျှော့မတွက်နဲ့။ သူ့ရဲ့ ကိုယ်ခံပညာက အရမ်းအစွမ်းထက်တယ်။ ငါတောင်မှ သူ့ပြိုင်ဘက်မဟုတ်လောက်ဘူး "
လူတိုင်း တုန်လှုပ်သွားကြသည်။
" ငါတို့အားလုံး အစ်ကိုကွန်းရဲ့ ကျွမ်းကျင်မှုကို မြင်ဖူးတယ်လေ။ အစ်ကိုက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာဆို ပထမတန်းစား ကျွမ်းကျင်သူဘဲ။ အဲ့တာတောင် ဒီကလေးက အစ်ကို့ထက် ပိုသန်မာနေတာလား "
" အဲ့တာ မဖြစ်နိုင်ဘူး။ အစ်ကိုကွန်းရဲ့ ကျွမ်းကျင်မှုက တကယ့်တိုက်ပွဲကနေ ထူးချွန်လာတာလေ။ ဒီကလေးက ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား "
" အစ်ကိုကွန်း၊ ကျေးဇူးပြုပြီး တစ်ဖက်သူကို မြှောက်ပင့်မနေပါနဲ့။ ကိုယ့်ဂုဏ်သိက္ခာကို ယုတ်လျော့စေတယ် "
ကျန်းပင်းကွန်းက သူ့လက်ကို ဝှေ့ယမ်းပြီး လူတိုင်းကို ဖြတ်ပြောလိုက်သည်။
" ငါ့အမိန့်ကို နားထောင်ပါ။ ငါအမိန့်ပေးတာနဲ့ မင်းတို့ သူ့ကို ချက်ချင်းသတ်လိုက်တာ ပိုကောင်းမယ် "
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
" သူ့ကို တကယ်သတ်ရမှာလား။ ကျွန်တော်တို့က ကျုံးဟိုင်နဲ့ သိပ်မရင်းနှီးဘူး။ ကျွန်တော်တို့ ဒုက္ခရောက်မှာလား "
" အစ်ကိုကွန်း၊ အငြိမ်းစားယူထားတာ မဟုတ်ဘူးလား။ အခု အလုပ်ဟောင်းကို ပြန်သွားမလို့လား "
" ဒီကလေးက ဘယ်လိုအငြှိုးမျိုးရှိနေလို့လဲ "
ကျန်းပင်းကွန်းက ယဲ့ဖန်၏ ပြိုင်ကားကို ကြည့်ပြီး သတ်ချင်နေသည့်အကြည့်က ထင်ရှားနေသည်။
" နျုံလူကြီးမင်းက ဒီကလေးလက်ထဲမှာ အကြီးအကျယ်ဆုံးရှုံးထားပြီးတော့ အခု ကျုံးဟိုင်တစ်ခုလုံးရဲ့ လှောင်ရယ်စရာဖြစ်နေတာလေ။ နျုံလူကြီးမင်းက ငါ့အပေါ် ကျေးဇူးတင်စရာကောင်းတဲ့ကိစ္စတွေ လုပ်ပေးခဲ့တယ်ဆိုတာ မင်းတို့ အားလုံးသိတာဘဲ။ ဒီအတိုင်း ငုတ်တုတ်ခံမနေနိုင်ဘူး "
အဲ့စကားကို ကြားလိုက်ရတော့ ပိုလို့တောင် အံ့သြသွားကြသည်။
နျုံစစ်သွမ်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် အမြင့်မြတ်ဆုံးတည်ရှိမှုတစ်ခုဖြစ်သည်။
အဲ့လိုလူက အဲ့ကလေးရဲ့လက်ထဲမှာတောင် ဆုံးရှုံးမှုကြီး ဖြစ်သွားခဲ့တာလား။
ကျန်းပင်းကွန်းက သတိကြီးကြီးထားပြီး သူတို့ကို တောင်ပိုင်းကွမ်တုန်းကနေ လှမ်းခေါ်ခဲ့တာ အံ့သြစရာမဟုတ်တော့ပါဘူး "
" စိတ်မပူပါနဲ့ အစ်ကိုကွန်း။ ဒီကလေး ဒီနေ့ သေရတော့မှာပါ "
" မှန်တယ်။ အစ်ကိုကွန်းရဲ့ရန်သူက ငါတို့ရန်သူပဲ "
" ဒီနေ့နောက်နှစ်ဆို သူသေတဲ့နှစ်ပတ်လည် ဖြစ်လိမ့်မယ် "
အပိုင်း ( ၃၉၄ )
ဒီကို သေဖို့ရောက်လာကြတာလား
ယဲ့ဖန်က စနစ်လမ်းညွှန်မှုကို လိုက်နာပြီး ကျုံးဟိုင်မြို့၏ ဆင်ခြေဖုံးသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
ထိုနေရာတွင် ခေတ်နောက်ကျသော ရွာများစွာရှိသည်။
ခမ်းနားထည်ဝါသောမြို့နှင့် သိသိသာသာ ခြားနားနေသည်။
ကားက နန်းလုံရွာလို့ခေါ်တဲ့ ရွာတစ်ရွာကို မောင်းသွားသည်။
ယဲ့ဖန်ကားက ထိုနေရာမှ မရေတွက်နိုင်သော ကြည့်ရှုသူများကို ဆွဲဆောင်ခဲ့သည်။
ဇိမ်ခံကားတစ်စီးက ဒီလိုနေရာတွင် ရှားပါးမျိုးစိတ်တစ်ခုလိုဖြစ်နေကြောင်း ထင်ရှားသည်။
စုတ်ပြတ်နေသော အဝတ်အစားဝတ်ထားတဲ့ ကလေးငယ်များစွာက သူ့ကားနောက်မှ ပြေးလိုက်နေကြသည်။
ယဲ့ဖန်က ရွာအဝင်ပေါက်က ဈေးသို့ရောက်သောအခါ တံခါးကိုတွန်းဖွင့်ပြီး ကားပေါ်မှဆင်းသည်။
ကလေးအုပ်စုက လူစုကွဲသွားပြန်သည်။
သို့သော် အဝေးမှ လှမ်းကြည့်နေကြဆဲဖြစ်သည်။
ယဲ့ဖန် မပြုံးနိုင်ဘဲ မနေနိုင်ပေ။
စျေးထဲသို့ ဆက်သွားခဲ့သည်။
တစ်ချိန်တည်းမှာဘဲ ကားနှစ်စင်းက အနီးနားမှာ ရပ်သွားသည်။
လူ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က ကားပေါ်မှ ဆင်းလာကြခဲ့သည်။
ယဲ့ဖန်က ထိုမြင်ကွင်းကို သတိထားမိပြီးသားဖြစ်သည်။
သို့သော် သူက မသိချင်ဟန်ဆောင်ကာ ဈေးထဲသို့ ဆက်ဝင်ခဲ့သည်။
ရွာဈေးလို့ ခေါ်ပေမယ့် တကယ်ကျတော့ ရိုးရိုးဆိုင်လေးတွေပဲ ရှိတာဖြစ်သည်။
တချို့က ဟင်းသီးဟင်းရွက်ရောင်းတယ်။
တစ်ချို့က ဟင်းခတ်အမွှေးအကြိုင်တွေရောင်းတယ်။
တချို့က လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတွေကို ရောင်းတယ်။
ဒီလို ရိုးရှင်းတဲ့ နေရာမှာ ဘယ်လိုရတနာမျိုးကို ရှာတွေ့နိုင်မလဲဆိုတာ တွေးကြည့်လို့တောင် မရပေ။
[ ပန်းတိုင်ကိုရောက်ပါပြီ။ နှစ်ဆယ့်လေးမိနစ်ကြာခဲ့ပါတယ် ]
လမ်းညွှန်မှု ပြီးဆုံးတာနဲ့ ယဲ့ဖန်က ဈေးဆိုင်တစ်ခုရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
ဈေးဆိုင်လို့တောင် ခေါ်ဖို့ မသင့်တော်ပေ။
ဆိုင်တစ်လုံးမှာ ပစ္စည်းတစ်ခုပဲရှိလေသည်။
တစ်ပေပတ်လည်ရှိသည့် သစ်သားသေတ္တာဖြစ်ပြီး မျက်နှာပြင်ကိုလည်း ကော်အထူကြီးဖြင့် ဖုံးအုပ်ထားသည်။
အတော်ကြာနေပုံတော့ရသည်။
ဆိုင်ပိုင်ရှင်က အသက်ငါးဆယ်ကျော်ဖြစ်လောကိမည်။
သို့သော် မျက်မှောင်ကြုတ်ထားသောကြောင့် ပိုပြီးအိုနေပုံရသည်။
လက်ရှိဆိုင်ထဲမှာ ဖောက်သည်တစ်ယောက်ရှိနေလေသည်။
သူမက သစ်သားသေတ္တာကို ကိုင်ထားပြီး အချိန်အတော်ကြာအောင် ကြည့်နေသည်။
" အဘိုးကြီးဝမ်၊ ဒီသေတ္တာက တကယ့်ကို ရှေးဟောင်းပစ္စည်းတစ်ခုပါ။ ဒါပေမယ့် ယွမ် ၁၀၀,၀၀၀ ကနေ ၈၀,၀၀၀ လောက်အထိဘဲ တန်တယ်လို့ ကျွန်မ ထင်တယ်။ စျေးလျှော့နိုင်ရင် ယူမယ် "
'အဘိုးကြီးဝမ်' က အဲ့တာကိုကြားတော့ သူက ခေါင်းကို တသွင်သွင်ခါသည်။
" ဆရာမမူ၊ ဒါက ငါတို့ ဝမ် မိသားစုရဲ့ အမွေပဲ။ ငါ့သားကို လက်ထပ်ဖို့ ပိုက်ဆံမလောက်တာသာ မဟုတ်ရင် ငါရောင်းဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး "
'ဆရာမ'က ထိုစကားကိုကြားတော့ မပြုံးနိုင်တော့ပေ။
" ဒါဆို ဘယ်လောက်နဲ့ ရောင်းချင်တာလဲ "
အဘိုးကြီးဝမ်က ချက်ချင်း လက်ဖဝါးကို ဆန့်လိုက်သည်။
" သတို့သမီးဘက်က တင်တောင်းကြေးလက်ဆောင် ယွမ် ၅၀၀,၀၀၀ လိုချင်တယ်တဲ့ "
ဆရာမက ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်။
" တောင်းတာ အရမ်းများတယ်။ ယွမ် ၅၀၀,၀၀ ဆိုတာ ဘယ်လောက်လဲရော သိလား။ တောင်းရဲတဲ့သတ္တိရှိသေးတယ်ပေါ့ "
ဝမ်လူအိုကြီးက အနည်းငယ် ရှက်သွားသည်။
" ကျွန်တော့်မှာလည်း ရွေးချယ်စရာမရှိပေမယ့် ကောင်မလေးက လျှော့မပေးဘူး။ သားကလည်း အစွဲအလမ်းကြီးနေတော့ အဲ့ဒီကောင်မလေးကလွဲလို့ ဘယ်သူ့ကိုမှ လက်မထပ်ဘူးတဲ့။ အဲ့တာကြောင့် ဈေးမြင့်မြင့်နဲ့ ရောင်းရတာပါ "
ဆရာမက လှောင်ပြောင်လိုက်သည်။
" ဒါဆို ကောင်မလေးက ၁သန်းလိုချင်ရင် ၁သန်းနဲ့ရောင်းရမှာပေါ့။ ရှင့်လို စီးပွားရေးလုပ်တဲ့သူမရှိဘူး။ နန်းလုံရွာမှာ ၅သိန်း တတ်နိုင်တဲ့လူရှိလား လိုက်မေးလိုက်ဦး "
အဘိုးကြီးဝမ်လည်း လွန်သွားပြီဟု ထင်တာကြောင့် ရှက်စိတ်ဖြင့် ခေါင်းငုံ့သွားသည်။
" ရွာမှာ ဘယ်သူမှ မဝယ်ချင်ရင် မြို့ကို သွားမေးမယ်။ အဲ့မှာတာ့ ဘာကကောင်းလဲဆိုတာကို သိတဲ့သူရှိမှာ သေချာတယ် "
ဆရာမမူက အရှက်ကွဲတာကြောင့် ဒေါသတကြီး ဖြစ်သွားသည်။
" ရှင့်ရဲ့ဒီကွဲနေတဲ့သေတ္တာကို ယွမ် ၅၀၀,၀၀၀ နဲ့ရောင်းနိုင်ရင် ငါတို့ရွာမှာရှိတဲ့ အိမ်သာတွင်းထဲက ချီးတွေအကုန် စားပြလိုက်မယ် "
အဘိုးဝမ်က စကားဆက်ပြောချင်သေးပေမဲ့ ယဲ့ဖန်က ရုတ်တရက် ရှေ့ကို လျှောက်လာသည်။
" ဒီပုံးကို ကြည့်လို့ရမလား "
ဝမ်လူကြီးက ပေါ့ဆမနေရဲပေ။ ရိုသေစွာ ခေါင်းငြိမ့်ပြလိုက်သည်။
" ကြည့်ပါ "
ဘေးမှာရပ်နေတဲ့ ဆရာမမူက ပြဿနာရှာဖို့ အမြန်ထွက်လာသည်။
" သခင်လေး၊ မင်းရဲ့အချိန်တွေကို မဖြုန်းဖို့အကြံပေးချင်တယ်။ သူက ဒီကျိုးနေတဲ့သေတ္တာကို ယွမ် ၅၀၀,၀၀၀ နဲ့ ရောင်းချင်နေတာ။ ဆင်းရဲလွန်းလို့ ရူးသွားတာမဟုတ်ဘူးလား "
ယဲ့ဖန်က သူ့ကို လျစ်လျူရှုပြီး သေတ္တာကို ယူကာ သေသေချာချာ ကြည့်လိုက်သည်။
သေတ္တာကို ဘာနဲ့လုပ်ထားလဲဆိုတာ သူ မသိပေ။
ကောက်ကိုင်လှုပ်လိုက်သည်။
အထဲမှ 'ရှဲရှဲ'ဆိုပြီး အသံများ ထွက်ပေါ်လာသည်။
အထဲမှာ တစ်ခုခုတော့ အမှန်တကယ်ရှိနေသည်။
ယဲ့ဖန်သည် စနစ်၏နက်ရှိုင်းသောစကန်ဖတ်ခြင်းကို လျင်မြန်စွာ ဖွင့်လိုက်သည်။
သို့သော် ရလဒ်ကို မသိရပေ။
ဒါက သူ့အပြောအဆိုတွေကို ပိုလေးနက်စေသည်။
ပြီးတော့ ဒါက စနစ်၏ နက်နဲသောစကန်ဖတ်ခြင်း လုပ်ဆောင်မှုမှ ပထမဆုံးအကြိမ် ပျက်ကွက်ခြင်းဖြစ်သည်။
ဘူးထဲမှာ ဘာတွေပါလဲ။
နောက်ထပ် မစုံစမ်းနိုင်ခင်မှာဘဲ သူ့နောက်လိုက်လာခဲ့တဲ့ လူတစ်စုက အနောက်ကို ရောက်လာသည်။
" သူဌေး၊ ငါတို့ ဒီဗူးကို လိုချင်တယ်။ စျေးပြောလိုက် "
ဝမ်လူကြီး၏ မျက်လုံးများ တောက်ပလာသည်။
သူက မဝံ့မရဲဖြင့် လက်ငါးချောင်း ဆန့်လိုက်သည်။
" ၅ ၅သိန်း "
ထိုသို့ပြောပြီးနောက် သူက အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။
" ဈေးကြီးတယ်ထင်ရင် ဈေးနည်းနည်းလျှော့ပေးလို့ရတယ် "
သူ့စကား အဆုံးမသတ်ခင်မှာဘဲ ထိပ်ပြောင်နဲ့လူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဒီလောက်ကောင်းတဲ့ဘူးက ၅သိန်းပဲရှိတာလား။ အဲဒါက နည်းလွန်းတယ်လေ။ အနည်းဆုံး သန်း ၅၀ လောက်တော့ ရှိမယ်ထင်တယ် "
ဝမ်လူကြီးက ထိုစကားကိုကြားသောအခါ သူ မြေကြီးပေါ်သို့ လဲကျမတတ်ဖြစ်သွားခဲ့သည်။
သန်း ၅၀ လား။
အဲဒါက ဘယ်လောက်တောင်လဲ။
ဆရာမက ပိုလို့တောင် အံသြသွားသည်။
ဝမ်လူကြီးက ယွမ် ၅သိန်း နဲ့ ရောင်းဖို့ပြောတော့ သူက ရူးနေပြီလို့ သူမ ထင်ခဲ့သည်။
သန်း ၅၀ လို့ပြောဖို့ သူမ မမျှော်လင့်ထားပေ။
ဒါက နောက်နေတာလား။
အမှန်သာဆိုရင် ရွာမှာရှိတဲ့ အိမ်သာအားလုံးက အညစ်အကြေးတွေကို စားရတော့မှာလား။
ထိပ်ပြောင်နဲ့ခေါင်းဆောင်က ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ဒီဘူးကို အခုငါ့ဟာပဲ။ ၀ယ်ချင်တယ်ဆိုရင် ငါ့ဆီက ဝယ်လို့ရတယ် "
ယဲ့ဖန်က လှည့်ကြည့်လိုက်သည်။
" ဒါဆို ဘယ်လောက်နဲ့ ရောင်းချင်လဲ "
ထိပ်ပြောင်နဲ့လူသည် လှောင်ပြောင်သောအမူအရာဖြင့်ပြောသည်။
" သန်း ၅၀ နဲ့ဝယ်ခဲ့တာဆိုတော့ သန်း ၁၀၀ နဲ့ရောင်းမယ်။ သိပ်မများဘူး မဟုတ်လား "
ယဲ့ဖန်က ချက်ချင်း ပြုံးပြလိုက်သည်။
" မများပါဘူး၊ ဘီလီယံ ၁၀၀ လောက်ဆိုရင်တောင် မများပါဘူး။ နောက်နှစ် ခင်ဗျားသေတဲ့ နှစ်ပတ်လည်ကျ မီးရှို့ပေးမယ် "
ထိပ်ပြောင်နဲ့လူရဲ့ မျက်နှာက မည်းမှောင်သွားသည်။
" ဒီမှာကောင်လေး၊ အဲဒါ ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန်က အနောက်ကMPV နှစ်စီးလုံးကို တစ်ချက်ကြည့်လိုက်သည်။
" မင်းတို့ ငါ့နောက်ကို လိုက်နေတာပဲ။ မင်းတို့ကောင်တွေ ဒိိကို သေဖို့လာတာ မဟုတ်ဘူးလား "
ထိုစကားကိုကြားသောအခါ သတ်ချင်စိတ်ကို မဖုံးကွယ်နိုင်ကြတော့ပေ။
ယဲ့ဖန်ကို ချက်ချင်းဝိုင်းထားလိုက်ကြသည်။
ထိုအခါ အနီးနားက ရွာသားတွေက မြင်ပြီး အဝေးမှာ ချက်ချင်း ပုန်းကြည့်ကြတော့သည်။
ထိုအချိန်တွင် MPV ကားတံခါးပွင့်လာသည်။
ကျန်းပင်းကွန်းက ဖြည်းဖြည်းချင်းဆင်းလာသည်။
" လူကြီးမင်းက တကယ်ကို အံ့သြစရာကောင်းတာဘဲ။ မင်းအကြည့်တွေကနေ ဘယ်အရာကမှ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး "
ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ကျန်းပင်းကွန်း မင်း ဘာကိုဆိုလိုတာလဲ "
ကျန်းပင်းကွန်းက ဆန့်ကျင်ဘက်ဘက်သို့ လျှောက်သွားသည်။
" မင်း တွေ့တာနဲ့ မပြောနိုင်ဘူးလား။ မင်းရဲ့အသက်ကိုယူဖို့ ငါဒီကိုရောက်လာတာလေ "
ယဲ့ဖန်က ကျန်းပင်းကွန်းနဲ့ တခြားသူတွေကို ကြည့်လိုက်သည်။
" နျုံစစ်သွမ်းက မင်းကို ဒီပို့လိုက်တာလား "
ကျန်းပင်းကွန်းက ချက်ချင်း ဒေါသထွက်သွားသည်။
" မင်းက နျုံစစ်သွမ်းလို့ ခေါ်ရဲတာလား။ ဖန်းဝမ်းညန်ကို နိုင်ထားလို့ မင်းကိုယ်မင်း အရမ်းတော်တယ်လို့ တကယ်ကြီးထင်နေတာလား။ နျုံလူကြီးမင်းရဲ့မျက်လုံးထဲမှာ မင်းက ဘာကောင်မှမဟုတ်ဘူး "
ယဲ့ဖန်က ချက်ချင်း လှောင်ပြောင်လိုက်သည်။
" မင်းက တကယ်ကောင်းတဲ့ခွေးပဲ "
ထိပ်ပြောင်နဲ့လူက ကျန်းပင်းကွန်းကို အမြန်ကြည့်လိုက်သည်။
" အစ်ကိုကွန်း၊ အချိန်ဖြုန်းမနေပါနဲ့။ သူက တမင်အချိန်ဆွဲပြီး စစ်ကူတွေကို စောင့်နေတာ ဖြစ်နိုင်တယ် "
ကျန်းပင်းကွန်းက အနီးနားက ရွာသားများကို ချက်ချင်းအော်ပြောလိုက်သည်။
" ထွက်သွားကြစမ်း။ သူနဲ့အတူတူ သင်္ဂြိုဟ်ခံချင်တာလား "
ရွာသူရွာသားများက ထိတ်လန့်တကြား ချက်ချင်း ထွက်ပြေးကြသည်။
အပိုင်း ( ၃၉၅ )
ဒီနေ့ တက္ကသိုလ်ကျောင်းသားတွေက အရမ်းရက်စက်တတ်လာတာလား။
ရွာသူရွာသားများ ခဏအတွင်းမှာဘဲ လူစုခွဲသွားကြသည်။
ဝမ်လူကြီးကတော့ ခပ်လှမ်းလှမ်းမှာ ရပ်နေပြီး ထွက်သွားဖို့ကို ငြင်းဆန်နေခဲ့သည်။
ဒီလို ချမ်းသာတဲ့ လူတစ်စုက သူ့သေတ္တာကို လာဝယ်ဖို့ဆိုတာ မလွယ်ကူပေ။
သန်း ၅၀က စနောက်မှုတစ်ခုဖြစ်ခဲ့ရင်တောင် ယွမ် ၅သိန်းနဲ့ရောင်းဖို့ မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။
ဒါကြောင့် သူ လွယ်လွယ်နဲ့ ထွက်သွားမှာ မဟုတ်ပေ။
ကျန်းပင်းကွန်းက သူ့ကို စိတ်၀င်စားမနေတော့ဘဲ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ခွေးကောင်လေး၊ မင်းက မာနကြီးလွန်းတာပဲ။ အဲ့တာကို မင်းသိလား "
" အဘိုးက ဒီနေ့ မင်းကို သင်ခန်းစာတစ်ခု သင်ပေးမယ် "
ယဲ့ဖန်က သူတို့အားလုံးကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
" ဘာမှ အဖြစ်မရှိတဲ့သူကများ လေကျယ်နေသေးတယ် "
ထိုလူအုပ်စုက ချက်ချင်း ဒေါသထွက်သွားကြသည်။
" ဒီကလေးက မောက်မာလွန်းတယ်မဟုတ်လား။ သူ့ကို သတ်လိုက်ကြစို့ "
" ငါတို့ကို ဒီလိုပြောခဲ့တဲ့ နောက်ဆုံးလူက သူ့အုတ်ဂူပေါ်က မြက်ပင်ကတောင် အမြင့်သုံးပေလောက်ရှိနေပြီ မဟုတ်လား "
" ငါ ဒီနေ့ သူ့ကို မသတ်ရရင် ငါက လူမဟုတ်ဘူးလို့ သစ္စာဆိုတယ် "
ကျန်းပင်းကွန်းက ယဲ့ဖန်ကို အထင်သေးစွာ ပြုံးလိုက်သည်။
" ခွေးကောင်လေး၊ မင်း အဲ့တာကို မြင်လား။ ငါတို့ အားလုံး ဒေါသထွက်နေပြီ။ မင်းကို ဒီနေ့မှ မရှင်းရရင် ကောင်းကင်ကြီးတောင် သည်းခံနိုင်မှာ မဟုတ်ဘူး "
" ဒီနေရာက မင်းရဲ့သင်္ချိုင်းမြေပဲ "
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" သူ့ကို တမလွန် ပို့ပေးလိုက်ကြ "
အားလုံးက အမိန့်ရတာနဲ့ ချက်ချင်း ရှေ့ကို တိုးတိုးလာကြသည်။
ခပ်လှမ်းလှမ်းမှ လူအိုကြီးဝမ်ကတော့ ကြောက်ရွံ့တုန်လှုပ်နေပြီဖြစ်သည်။
သူ ဒီဒုက္ခရောက်နေတဲ့နေရာကနေ ချက်ချင်း ပြေးထွက်ချင်သည်။
သို့သော် သူ့သေတ္တာကို မရောင်းရသေးမှန်း သတိရလိုက်သည်။
ထို့ကြောင့် အဝေးမှာသာ ပုန်းနေလိုက်သည်။
အသက်ရှုတောင် ကျယ်ကျယ်မရှူရဲပေ။
တစ်ချိန်တည်းမှာဘဲ သူက ယဲ့ဖန်ကို သနားနေသည်။
ထိုလူငယ်က သူ့သားနှင့် ရွယ်တူလောက်ဖြစ်သည်။
ဒီတရားမ၀င်အဖွဲ့ကို သူ ဘာလုပ်ထားလို့လဲ။
သွေးမြေကျနေလိမ့်မည်။
သူက ယဲ့ဖန်ကို စိတ်ပူနေချိန်မှာပဲ ယဲ့ဖန်က တစ်ဖက်သူတွေကို အရင်ထိုးလိုက်သည်။
သူ့အရှိန်က လျှပ်စီးလက်သလို မြန်ဆန်သည်။
လူမိုက်အုပ်စု၏ လက်သီးနှင့် ကန်ချက်များ သူ့အပေါ် မကျခင်မှာဘဲ ယဲ့ဖန်က ဦးဆောင်ကာ ဝိုင်းထားတဲ့ထဲမှ ပြေးထွက်လာခဲ့သည်။
ကျန်းပင်းကွန်းဆီကို ပြေးဝင်လာသည်။
ကျန်းပင်းကွန်းက အစမှာ ပွဲကြည့်ဖို့ အစွန်အဖျားတွင်သာ ရပ်နေခဲ့သည်။
ယဲ့ဖန် ဘယ်လောက်ဘဲ အားကောင်းနေပါစေ ထိုကဲ့သို့ အုပ်စုကြီးတစ်စုလုံး ဝိုင်းရံခံရလျှင် အသုံးမဝင်ပေ။
ယဲ့ဖန်က ငိုယိုပြီး သူ့ဆီက အသနားခံမှာကို စောင့်နေတာဖြစ်သည်။
ဒါပေမဲ့ တိုက်ပွဲစကတည်းက ဝိုင်းထားတဲ့ထဲမှ အမြန်ထွက်လာပြီး သူ့ဘက်ကို တည့်တည့်ပြေးလာမယ်လို့ ဘယ်သူထင်မှာလဲ။
သို့သော် သူက တကယ့်တိုက်ပွဲအတွေ့အကြုံအရ ယဲ့ဖန်ထက် အများကြီးသာလွန်သည်။
ထို့ကြောင့် သူက ချက်ချင်း တုံ့ပြန်လိုက်နိုင်သည်။
နောက်ဆုတ်ဖို့ မရွေးဘဲ အဲ့ဒီအစား သူက ယဲ့ဖန်ကို လူအုပ်ထဲ ပြန်အဝိုင်းခံရစေရန် ရှေ့တိုးလာခဲ့သည်။
သူ့ခွန်အားက ယဲ့ဖန်လောက်မကောင်းဘူးဆိုရင်တောင် သိပ်မကွာဘူးလို့ ထင်ခဲ့သည်။
ယဲ့ဖန်ကိုသာ ပြန်အဝိုင်းခံလိုက်နိုင်ရင် သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။
သို့သော် မမျှော်လင့်ထားဘဲ .......
ဖောင်း .....
ယဲ့ဖန်က သူ့ခေါင်းကို တည့်တည့်ထိုးလိုက်သည်။
ကျန်းပင်းကွန်းက သူ့လက်ကို အမြန် ဆန့်ထုတ်ပြီး ကာဖို့လုပ်လိုက်သော်လည်း သူ့လက်ကို တွန်းဖွင့်ခံလိုက်ရသည်။
လက်သီးက သူ့နားထင်ပေါ် ကျသွားသည်။
ကျန်းပင်းကွန်း သူ့အမြင်အာရုံတွေ မည်းမှောင်သွားသလို ခံစားလိုက်ရသည်။
သူ့ဦးနှောက်က ခဏရပ်တန့်သွားသည်။
သူ သတိပြန်ရလာတဲ့အခါ ယဲ့ဖန်က သူ့ကော်လာကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။
" ဘယ်သူ့ကို ဒေါသထွက်တယ် ပြောနေတာလဲ "
ဖောင်း
" ဘယ်သူ့ကို ခေါင်းမာတယ် ပြောနေတာလဲ "
ဖောင်း
" အဘိုးကြီး၊ ခင်ဗျားက မာနကြီးလွန်းတယ်။ အဲ့တာကို သိလား "
" အဘိုးကြီး ဒီနေ့ ခင်ဗျားကို သင်ခန်းစာတစ်ခု သင်ပေးမယ် "
ဖောင်း
ယဲ့ဖန်က သူ့ကို စကားတစ်ခွန်းပြောပြီးတိုင်း တစ်ချက်ထိုးသည်။
အဆုံးမှာ သူက စကားတောင် ပြောမနေတော့ဘဲ ဘယ်ပြန်ညာပြန် ဆက်တိုက်ထိုးနေလိုက်သည်။
ကျန်းပင်းကွန်း အသေထိုးခံရပြီ ကြယ်တွေ လတွေပါ မြင်သွားရသည်။
ပါးနှစ်ဖက်လုံး ယောင်ကိုင်းကုန်သည်။
လူပိုတွေခေါ်လာလည်း အသုံးမဝင်ပေ။
သူ့ကို ယဲ့ဖန်က လက်ထဲမိသွားတာနဲ့ ကျန်တဲ့သူတွေက လှုပ်တောင် မလှုပ်ရဲကြပေ။
ကျန်းပင်းကွန်းက သူ့နောက်လိုက်တွေအရှေ့မှာ အရှက်ခွဲခံနေရတာကြောင့် ပိုဒေါသထွက်ရသည်။
" မင်းတို့ ဘာရပ်လုပ်နေကြတာလဲ။ ဒီခွေးသူတောင်းစားကို ဖမ်းကြ "
သူ့လက်အောက်ငယ်သားတွေက တွန့်ဆုတ်မနေကြတော့ပေ။
သူတို့က ချက်ချင်း ဓားတွေထုတ်လိုက်ကြပြီး ယဲ့ဖန်ဆီကို ပြေးတက်လာကြသည်။
ဒီတစ်ခါတော့ သူတို့က သတ်ကြတော့မယ်ဆိုတာ သိသာပါသည်။
ဒီလူတွေက ဥပဒေမဲ့တွေဆိုတာ ယဲ့ဖန်သိလိုက်သည်။
သူ ဆက်ပြီးသာ တိုက်မယ်ဆို အထိနာသွားတာ ဖြစ်နိုင်သည်။
ထို့ကြောင့် ယဲ့ဖန်က ရှေ့ဆုံးကသူကို ကန်ဖို့ ခြေမြှောက်လိုက်သည်။
ထို့ကြောင့် ရှေ့ကသူက ကာဖို့ လက်မြှောက်လိုက်သည်။
သို့ပေမဲ့ ယဲ့ဖန်က ဟန်လုပ်နေတာသာဖြစ်သည်။
ရှေ့ကသူက လက်ပြန်ချလိုက်တာနဲ့ လက်ကောက်ဝတ်ကို ဆွဲပြီး ဖောင်းခနဲ ဗိုက်ကို ကန်လိုက်သည်။
တစ်ဖက်က ဓားနဲ့ ပြန်လှမ်းထိုးပေမဲ့ ယဲ့ဖန်က ရှောင်ပြီး လက်တစ်ဖက်နေ တစ်ပြန် ဓားကို ဆွဲယူကာ အဲ့လူရဲ့ဗိုက်ကို ထိုးလိုက်သည်။
ဇွက် ဇွက် ဇွက်
ဓားက အသားထဲကို ဝင်လိုက်ထွက်လိုက်ဖြစ်နေပြီး သွေးတွေ ဒလဟောထွက်လာသည်။
ထို့နောက် မြေပြင်ပေါ်လဲကျသွားကာ သူ့ပုံစံက ဆက်လက်ရှင်နိုင်တော့မည်မဟုတ်ပေ။
ထိုမြင်ကွင်းကြောင့် ကျန်တဲ့သူတွေကလည်း ရပ်တန့်ကုန်ကြသည်။
သူတို့က ယဲ့ဖန်ကို ကြောက်လန့်တကြားကြည့်ကြသည်။
သူတို့အားလုံးက ဓားပေါ်မှာပေနေတဲ့သွေးကို အကြိမ်များစွာ လျက်ခဲ့ကြသူတွေဖြစ်ပြီး သူတို့လက်ထဲမှာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရသည်။
ဒါပေမဲ့ ယဲ့ဖန်ရဲ့ ရက်စက်တဲ့နည်းလမ်းတွေကို မြင်တဲ့အခါ ထိတ်လန့်ကုန်ကြသည်။
ကျန်းပင်းကွန်းတောင် လန့်သွားသည်။
ယဲ့ဖန်က ဘယ်လောက်ဘဲတော်နေပါစေ သူ့ကိုယ်သူ အတော်ဆုံးလို့ ထင်ခဲ့တာဖြစ်သည်။
တက္ကသိုလ် ပထမနှစ်ကျောင်းသားက သွေးသံတရဲရဲကို မြင်ဖူးမှာ မဟုတ်ပေ။
ဒီလောက်ကြီးဆို သေးပါထွက်ကျလောက်တယ် မဟုတ်ဘူးလား။
တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဒီလို ပြင်းထန်လိမ့်မယ်လို့ မျှော်လင့်မထားပေ။
အပိုင်း ( ၃၉၆ )
စိတ်မပူပါနဲ့၊ ဒါက ဓားပြတိုက်နေတာပါ
ယဲ့ဖန်က ကျန်းပင်းကွန်းကို အပြစ်ကင်းစွာ ကြည့်နေသည်။
" ခင်ဗျား မြင်တယ်နော်၊ အဲ့တာ ငါ့အပြစ်မဟုတ်ဘူး။ သူက ဓားနဲ့ထိုးဖို့အရင်လုပ်တာလေ။ ငါက ငါ့ကိုယ်ငါ ခုခံကာကွယ်ခဲ့ရုံတင်ဘဲ "
ကျန်းပင်းကွန်းက ကြမ်းပြင်ပေါ်မှာ အူများပြတ်ထွက်နေတဲ့ သူ့လက်ပါးစေကို ကြည့်ပြီး သေမတတ်ဖြစ်နေသည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့တာ၊ အမှန်ပဲ "
အခု သူဘာလုပ်နိုင်မှာလဲ။
သူသည် တိုက်ပွဲမှာ အနိုင်မယူနိုင်ခဲ့တဲ့အပြင် ရှုံးနိမ့်သွားတာကိုလည်း ဝန်ခံနေရသေးသည်။
ယဲ့ဖန်က တခြားသူတွေကို လှည့်ကြည့်လိုက်သည်။
" ခင်ဗျားတို့ရော ရန်ဖြစ်ချင်ကြသေးလား။ ဆက်ကြရအောင် "
အဲ့တာကိုကြားတော့ လူမိုက်အုပ်စုက လက်ထဲက ချွန်ထက်နေတဲ့ လက်နက်တွေကို အမြန်ပစ်ချလိုက်ကြသည်။
" မတိုက်တော့ဘူး၊ မတိုက်တော့ဘူး ....... "
ကျန်းပင်းကွန်းက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ဒီနေ့ ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ မင်းက အံ့သြစရာပဲ "
သူ့လက်အောက်ငယ်သားတွေကို လက်ပြအမိန်ြပေးလိုက်သည်။
" သွားကြရစို့ "
ကျန်းပင်းကွန်းတို့က မြေပေါ်ကလူကို မြှောက်ပြီး ထွက်သွားတော့မည်ပြင်သည်။
" ရပ်လိုက်၊ ခင်ဗျားတို့ကို လွှတ်ပေးလို့လား "
ယဲ့ဖန်က ရုတ်တရက် ပြောလိုက်သည်။
" ယဲ့ဖန် မင်းနဲ့ ပြဿနာရှာဖို့လာတာက ငါ့အမှားပဲ။ ဒါပေမယ့် မင်း လုံလောက်အောင် ကလဲ့စားချေပြီးပြီလေ။ နောက်ထပ် ဘာလိုချင်သေးလို့လဲ "
ကျန်းပင်းကွန်းက လှည့်ကြည့်လိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။
ယဲ့ဖန်က သူ့မျက်နှာကို ပါးရိုက်လိုက်သည်။
" ရှုံးပြီးတာတောင် လာကြမ်းတမ်းပြနေတာလား။ မျက်နှာပေးမိလို့လား။ အရိုက်ခံရဖို့ ထိုက်တန်တယ် "
ကျန်းပင်းကွန်းက သူ့ပါးကို အုပ်လိုက်သည်။
နျုံစစ်သွမ်းနောက်ကို လိုက်ကတည်းက သူ့ကို အားလုံးက 'ဆရာကွန်း'လို့ တလေးတစား ခေါ်ကြသည်။
သို့သော် ဒီနေ့မှာတော့ ယဲ့ဖန်က သူ့ကို အကြိမ်ကြိမ်အရှက်ခွဲလေသည်။
ဒါက သူ့ကို အလွန်ဒေါသထွက်စေသည်။
သို့သော် သူ ခေါင်းငုံ့ထားခဲ့ရသည်။
နောက်ဆုံးတွင်တော့ မတတ်နိုင်ဘဲ သူက ရိုသေမှုရှိစွာဖြင့် နာခံခဲ့သည်။
" ယဲ့လူကြီးမင်း၊ မင်းအတွက် ငါလုပ်ပေးနိုင်တာ တခြား ဘာရှိသေးလဲ "
" ဒီလိုမှပေါ့ "
ထို့နောက် ခပ်လှမ်းလှမ်းရှိ ဝမ်လူကြီးဆီကို ဝှေ့ယမ်းလိုက်သည်။
ဝမ်လူအိုကြီးက အလွန်ထိတ်လန့်သွားပြီး မြေပေါ်သို့ လဲကျသွားသည်။ သူ့ခန္ဓာကိုယ်က သစ်ရွက်ကဲ့သို့ တုန်ခါနေသည်။
သူက ရိုးရိုးသားသား လယ်သမားတစ်ဦးဖြစ်သည်။
ဒီလို ရက်စက်တဲ့ မြင်ကွင်းကို သူ ဘယ်တုန်းကများ မြင်ဖူးလို့လဲ။
အသွေးအသားထဲကကို ကြောက်နေမိသည်။
ထိုအချိန်မှာဘဲ 'လူသတ်သမား' က သူ့ကို လက်ပြနှုတ်ဆက်သည်ကို မြင်လိုက်ရသည်။
သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။
သူ့ဘောင်းဘီထဲကနေ အဝါရောင်အရည်တွေ စိမ့်ထွက်လာသည်။
သူက ခေါင်းကို ခါယမ်းသည်။
" မသေချင်ဘူး ...... မသတ်ပါနဲ့ ဘာမှမတွေ့လိုက်ဘူး "
ယဲ့ဖန်က မထိန်းနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်သည်။
" ခင်ဗျားကို မသတ်ပါဘူး။ သေတ္တာကို ဝယ်ချင်တာပါ။ မြန်မြန်လာ "
ဝမ်လူကြီးက ခေါင်းကို တဆတ်ဆတ် ခါလိုက်သည်။
ယဲ့ဖန်က စိတ်မရှည်တော့ဘဲ အော်လိုက်သည်။
" ခင်ဗျားကို သုံးစက္ကန့်အချိန်ပေးမယ်။ ချက်ချင်း လာခဲ့ "
ဝမ်လူကြီးက တခြားဘာမှ မပြောရဲတော့ပေ။
သစ်သားဘူးကို ထမ်းပြီး သူ့ဆီကို လျှောက်သွားလိုက်သည်။
" သခင်လေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ။ ကျွန်တော့်သားက အိမ်ထောင်ပြုတော့မှာမို့ မကြာခင် မြေးလေးတစ်ယောက် ရနိုင်တော့မှာပါ။ မသေချင်သေးဘူး။ ဒီဘူးကိုလည်း မလိုချင်တော့ပါဘူး။ မသတ်ပါနဲ့ ....... "
ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်သည်။
အဲ့ဒီအစား လူအုပ်ထဲကနေ ထိပ်ပြောင်တဲ့လူကို ညွှန်ပြလိုက်သည်။
" သူက ဒီဘူးအတွက် ဘယ်လောက်ပေးချင်တယ်လို့ ပြောလဲ "
ဝမ်လူကြီးက ခေါင်းပြောင်သောလူကို မဝံ့မရဲ ကြည့်လိုက်သည်။
" သူ ..... သူက သန်း ၅၀ ပေးမယ်လို့ပြောပါတယ်။ သူက နောက်နေတာထင်တယ်။ သူ ဘယ်လိုလုပ်ပြီး ...... "
ယဲ့ဖန်က ကျန်းပင်းကွန်းကို လှည့်ကြည့်လိုက်သည်။
" ခင်ဗျားရဲ့လူက ဒီသေတ္တာကိုဝယ်ဖို့ သန်း ၅၀ လောက်သုံးချင်တယ်လို့ ပြောတယ်။ စကားကို တည်ရမှာပေါ့။ ငွေချေလိုက် သူက ပစ္စည်းပေးလိမ့်မယ် "
ကျန်းပင်းကွန်းက မျက်မှောင်ကြုတ်လိုက်သည်။
" ယဲ့ဖန် ..... မင်း ..... "
" ဟမ် "
ယဲ့ဖန်က သူ့ကို ပေါက်ကွဲမတတ် စိုက်ကြည့်နေလိုက်သည်။
ကျန်းပင်းကွန်းက သူ့စကားကို အမြန်ပြောင်းလိုက်သည်။
" ယဲ့လူကြီးမင်း၊ ငါ့ညီအစ်ကိုက နောက်နေတာပါ။ ဒါကို ဘယ်လို အတည်ယူရမှာလဲ *
ယဲ့ဖန်က အေးစက်စွာ ပြောလိုက်သည်။
" သူ ပြောပြီးသားစကားကို ပြန်မယူသင့်ဘူးလေ။ နျုံစစ်သွမ်းရဲ့ လက်အောက်ငယ်သားတွေအားလုံးက သူတို့ရဲ့စကားတွေကို ပြောပြီး ပြန်ရုတ်သိမ်းနေကြလား "
နျုံစစ်သွမ်း နာမည်ပါလာတဲ့အခါ ကျန်းပင်းကွန်းက အံကြိတ်ရုံသာတတ်နိုင်တော့သည်။
" ဒီအတွက် ငါ ရှင်းလိုက်မယ် "
ယဲ့ဖန်က ဝမ်လူကြီးကို ကြည့်လိုက်သည်။
" သူ့ကို ဘဏ်အကောင့်နံပါတ်ပေးလိုက် "
ဝမ်လူကြီးက အံ့သြသွားသည်။
သို့သော် သူ ယဲ့ဖန်စကားကို မလွန်ဆန်ရဲပေ။
သူ့ဘဏ်ကတ်ကို ကျန်းပင်းကွန်းရှေ့သို့ တုန်တုန်ယင်ယင်ဖြင့် ပေးလိုက်သည်။
ကျန်းပင်းကွန်းကလည်း ဖုန်းခေါ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ဘဏ်ကတ်ထဲကို ယွမ် သန်း ၅၀ လွှဲပေးဖို့ လူတစ်ယောက်ကို လှမ်းပြောလိုက်သည်။
ထို့နောက် ဝမ်လူကြီးရဲ့ ဘဏ်မှ အကြောင်းကြားစာရောက်လာသည်။
သူ့မျက်လုံးကို မယုံနိုင်ဖြစ်နေသည်။
" တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ တစ်သန်း၊ သန်း ..... ငါးဆယ် "
ရေတွက်နေရင်း သူ့အသံက တုန်လှုပ်နေသည်။
သူက ရိုးရိုးသားသား လယ်သမားတစ်ယောက်သာဖြစ်သည်။
ဒီလောက် ပိုက်ဆံအများကြီးကို ဘယ်တုန်းက မြင်ဖူးမှာလဲ။
ဆယ်ဘဝပေးရင်တောင် ဒီလောက်များတဲ့ငွေ ရှာနိုင်မှာ မဟုတ်ပေ။
ယဲ့ဖန်က သူ့ကို အလျင်စလို သတိပေးလိုက်သည်။
" ဘာကိုစောင့်နေတာလဲ။ ငွေလက်ခံပြီးရင် သူတို့ကို ပစ္စည်း ပေးရမယ်လေ "
ထိုအခါမှသာ ဝမ်လူကြီးက တုံ့ပြန်နိုင်သည်။
သူက ဘူးကို ကျန်းပင်းကွန်းအား အမြန် ပေးလိုက်သည်။
ကျန်းပင်းကွန်းက ဘူးကို ပွေ့ဖက်ကာ ငိုချင်လာသည်။
ဒီလို ဘူးအစုတ်ကိုဝယ်ဖို့ သန်း ၅၀ အကုန်အကျခံခဲ့ရတာလား။
သူ့နှလုံးသားက သွေးစီးကျလာသလို ခံစားရသည်။
" ဒါဆို ....... ငါတို့ သွားလို့ရပြီလား "
သူသည် အံကြိတ်ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
သူ့ကို အသေသတ်ပစ်ချင်သည်။
ဒါပေမဲ့ ယဲ့ဖန်ကတော့ သူ့ကို ပြုံးစိစိနဲ့ ကြည့်နေသည်။
" ခင်ဗျားက သူ့ဆီကနေ ဒီဘူးကို ဝယ်လိုက်တယ်။ အခု ခင်ဗျားဆီကနေ ပြန်လုယူမယ်။ ခင်ဗျား စိတ်ထဲတော့ မထားဘူးမဟုတ်လား "
စကားပြောနေရင်းနဲ့ ယဲ့ဖန်က ဘူးကို လုယူသွားသည်။
ကျန်းပင်းကွန်း၏ မျက်နှာက တုန်လှုပ်သွားသည်။
" ဘာကိုဆိုလိုတာလဲ "
" သံသယမဖြစ်ပါနဲ့၊ ဒါက လုယက်မှုပဲ "
ယဲ့ဖန်က အရိုက်ခံရဖို့ ထိုက်တန်သလို ပြုံးလိုက်သည်။
ကျန်းပင်းကွန်း၏အမူအရာက ရက်စက်ကြမ်းကြုတ်သွားသည်။
" ယဲ့ဖန်၊ ငါမင်းကို အလွှတ်မပေးဘူး "
ထို့နောက် သူ့လက်အောက်ငယ်သားများနှင့်အတူ အမြန်ထွက်ခွာသွားခဲ့သည်။
" နောက်ဆို မျက်နှာယားနေရင် ငါ့ဆီ ထပ်လာလို့ရတယ် "
ယဲ့ဖန်က ကျန်းပင်းကွန်းနှင့် ကျန်တဲ့လူများကို လှမ်းအော်ပြောလိုက်သည်။
ထို့နောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကြည်နူးစရာပဲ၊ ကြည်နူးစရာ။
သူက ရယ်မောပြီးနောက် လှည့်ကြည့်လိုက်ပြီး ဝမ်လူအိုကြီးကို ကြည့်လိုက်သည်။
" ခင်ဗျားကို ပိုက်ဆံအများကြီးရအောင် ကူညီပေးခဲ့တာဆိုတော့ ဘယ်လိုကျေးဇူးဆပ်မလဲ "
ဝမ်လူအိုကြီးက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ငွေတွေ အများကြီးမယူရဲပါဘူး။ ဒါတွေအားလုံး သခင်လေးအပိုင်ပါ "
စကားပြောရင်းနဲ့ ဘဏ်ကတ်ကို ထုတ်ပေးလိုက်သည်။
သို့ပေမဲ့ ယဲ့ဖန်က ချက်ချင်း ငြင်းလိုက်သည်။
" ဒီငွေတွေက ခင်ဗျားပိုင်တယ်လို့ ကျွန်တော်ကပြောရင် အဲ့တာကို ခင်ဗျားပိုင်တာဘဲ။ ဒါပေမဲ့ ပြန်သွားတဲ့အခါ ကြီးကြီးကျယ်ကျယ်တွေ မလုပ်နဲ့။ ၅သိန်းနဲ့ ရောင်းခဲ့တယ်လို့ဘဲ သူတို့ကိုပြော "
ယဲ့ဖန်က သူ့ကို ကာကွယ်ပေးနေတာမှန်း သိသွားတဲ့အခါ ရင်ထဲထိမိလွန်းလို့ ငိုပြီး ဒူးထောက်ချင်သွားသည်။
" သခင်လေးက ဝမ် မိသားစုရဲ့ ကျေးဇူးရှင်ပါဘဲ ..... "
ယဲ့ဖန်က သူ့ကို အမြန်တားလိုက်သည်။
" အရင်ဆုံး ဒီဘူးကို ဘယ်လိုဖွင့်ရမလဲဆိုတာ ပြောဦး "
ဝမ်လူအိုကြီးက ခေါင်းကို ကုတ်လိုက်သည်။
" ကျွန်တော်လည်း မသိပါဘူး။ ဘိုးဘေးတွေဆီက အမွေရထားတာပါ။ ဒီဘူးမှာ အနုစိတ်တဲ့ ယန္တရားတစ်ခုရှိတယ်လို့တော့ အဘိုးဆီက ကြားဖူးပါတယ်။ မှားဖွင့်ရင် အတွင်းထဲက အရာတွေ ပျက်စီးသွားနိုင်တယ်တဲ့ "
ထိုစကားကို ယဲ့ဖန်ကြားတဲ့အခါ သူ အံ့သြသွားရသည်။
ဒီ သန်း ၅၀ သုံးတာက သစ်တုံးတစ်တုံး ဝယ်ခဲ့သလို ဖြစ်နေတာလား။