← Chapters

အပိုင်း ၃၉၇-၄၀၀

Vol. 20 Ch. 397-400

အပိုင်း ၃၉၇-၄၀၀

Vol. 20 Ch. 397-400

အပိုင်း ( ၃၉၇ )

လေချွမ်လက်သီးသိုင်း

[ ကံကြမ္မာလမ်းညွှန်မှုကို ပြီးမြောက်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါသည်။ စနစ်မှ ပေးအပ်သောဆုလာဘ်မှာ ၁၀ နှစ်စာ လေ့ကျင့်မှု စွမ်းအား ဖြစ်ပါသည်။ ]

စနစ်၏အသံ ထပ်မံထွက်ပေါ်လာသောအခါ ယဲ့ဖန် အံ့သြသွားသည်။

ဆယ်နှစ်စာလား။

စနစ်က အရင်က သူ့ကို အိမ်ခြံမြေ၊ ကုမ္ပဏီရှယ်ယာ စသည်တို့ကို ပေးခဲ့ပြီး ခန္ဓာကိုယ်အချိုးအစားကိုပင် ပြုပြင်ပေးခဲ့သည်။

သို့သော်လည်း ဒါက ပထမဆုံးအကြိမ် အင်အားကို ဆုချီးမြှင့်ခံရခြင်းဖြစ်သည်။

ထို့အပြင် ၁၀ နှစ်ကြာ စွမ်းရည်အင်အားဖြစ်သည်။

ဒါက သူ အခုအချိန်မှာ အလိုအပ်ဆုံးအရာဖြစ်သည်။

ကိုယ်ခံပညာကို လက်ကိုင်ထားပြီး ဒီလို ၁၀နှစ်စာ ကျင့်စဉ်နဲ့သာဆို အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ သူ့အသက်သူ ကယ်တင်နိုင်လိမ့်မည်။

ကုမ္ပဏီရဲ့ ရှယ်ယာတွေထက်တောင် အများကြီး ပိုအရေးကြီးလေသည်။

သူ အံ့သြသွားနေချိန်မှာဘဲ ချက်ချင်း သူ့ကိုယ်တွင်းထဲမှ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

တခဏအတွင်းမှာဘဲ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

သူ၏ စိတ်စွမ်းအားကလည်း လျင်မြန်စွာ ကျယ်ပြန့်လာသည်။

အရာအားလုံး ပိုမိုရှင်းလင်းလာသည်။

သူ့စိတ်တွေလည်း ပိုကြည်လင်လာသည်။

သူ့တစ်ကိုယ်လုံးမှာ အဆုံးမဲ့စွမ်းအားတွေ ပြည့်နှက်သွားသည်ဟု ခံစားလိုက်ရသည်။

ယဲ့ဖန်က လှည့်ပြီး သစ်ပင်တစ်ပင်ဆီသို့ လျှောက်သွားလိုက်သည်။

သူ့ခန္ဓာကိုယ်က တင်းမာနေသည်။

သူ ထိုးချလိုက်သည်။

ဖောင်း

ပင်စည်ထူထဲသော ထင်းရှူးပင်က တစ်ဝက်တစ်ပျက် ကျိုးကျသွားသည်။

ယဲ့ဖန်၏ ခန့်မှန်းချက်အရ သူ့လက်ရှိအင်အားက ၈၀၀ ကီလိုဂရမ်ဝန်းကျင်ရှိပြီး လက်ဝှေ့ချန်ပီယံ Tyson နှင့် တူသည်။

ကိုယ်ခံပညာရှင်များကြားတွင် ဒီအရာက တုန်လှုပ်ဖွယ် အစွမ်းသတ္တိဟု သေချာပေါက် ယူဆနိုင်သည်။

လူအိုကြီးဝမ်က တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ကြောက်ရွံ့ထိတ်လန့်သွားသည်။

ဒီစွမ်းအားက သိပ်အားကြီးလွန်းတာ မဟုတ်ဘူးလား။

သူက နွားတစ်ကောင်ကို လက်သီးတစ်ချက်တည်းနဲ့တောင် သတ်နိုင်လောက်သည်။

သူက လူမှ ဟုတ်ရဲ့လား။

ယဲ့ဖန်က နောက်ပြန်လှည့်လာပြီး ဝမ်လူအိုကြီးရဲ့ပခုံးကို ပုတ်လိုက်သည်။

" ကောင်းပြီ၊ မြန်မြန်ပြန်သင့်ပြီ။ ကျွန်တော်လည်း သွားတော့မယ် "

ယဲ့ဖန်၏လက်က သူ့ပုခုံးကိုရိုက်လိုက်သောအခါ ဝမ်လူအိုကြီးက ကြောက်လန့်နေပြီဖြစ်သည်။

တကယ်လို့ တစ်ဖက်လူကသာ သူ့အစွမ်းရှိသမျှကို အသုံးချပြီး ရိုက်ထည့်လိုက်ရင် သူ့ကို အသားငါးပိသိပ်ထားသလို ဖြစ်သွားမှာ မဟုတ်ဘူးလား။

ကံကောင်းထောက်မစွာနဲ့ တစ်ဖက်က သူ့ကို နှစ်ကြိမ်သာ အသာလေးပုတ်ခဲ့သည်။

သူ့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိလောက်ပေ။

" ကျေးဇူးပါပဲ ကျေးဇူးရှင်ကြီး။ ကျေးဇူးပါ ကျေးဇူးရှင်ကြီး။ တစ်မိသားစုလုံးကိုယ်စား ကျေးဇူးတင်ပါတယ် "

ဝမ်လူအိုကြီးက သူ့ကို အကြိမ်ကြိမ် ကျေးဇူးအများကြီးတင်ပြီးနောက် ချက်ချင်းထွက်သွားခဲ့သည်။

ယဲ့ဖန်လည်း မနေတော့ဘဲ ကားမောင်းထွက်သွားသည်။

သူ့အင်အားက အလွန်တိုးတက်လာသောကြောင့် သူ့ရဲ့အသိဉာဏ်နဲ့ ဆုံးဖြတ်ချက်တို့ကိုလည်း များစွာတိုးတက်စေခဲ့သည်။

ထို့ကြောင့် သူ့မောင်းနှင်မှုစွမ်းရည်ရဲ့ အကျိုးသက်ရောက်မှုကလည်း ပိုလို့တောင် ထင်ရှားလာသည်။

ကားမောင်းရတာက ရေထဲမှာ ကူးခတ်နေတဲ့ ငါးတစ်ကောင်လို လွယ်ကူလေသည်။

တကယ်လို့ သူ Crab Bay ကိုသာ နောက်တစ်ကြိမ် ထပ်သွားခဲ့ရင် သူ့စံချိန်က အများကြီး တိုးတက်လာလိမ့်မည်။

သူ့ပုံမှန်အမြန်နှုန်းအရ လက်ရှိနေရာမှ ရှုကျင်းရှင်း၏အိမ်သို့ ရောက်ရန် အနည်းဆုံး မိနစ်သုံးဆယ်ကြာမည်ဖြစ်သည်။

အခုအခါမှာတော့ ကားမောင်းစွမ်းရည်နှင့် အင်အားတိုးတက်လာမှုတို့ ပေါင်းစပ်ကာ ရောက်ဖို့ ဆယ်မိနစ်ပဲကြာလိုက်သည်။

ရှုကျင်းရှင်းက သူ့ကိုမြင်သောအခါ အကြာကြီး ထိတ်လန့်နေသည်။

" မင်း… ဒီနေ့ ခါတိုင်းနဲ့ မတူဘူး "

ယဲ့ဖန်က သူမရှေ့သို့ လျှောက်သွားကာ ခန္ဓာကိုယ်ကို လှည့်လိုက်သည်။

" ဘာထူးခြားလဲ "

ရှုကျင်းရှင်းက ခေါင်းငုံ့ပြီး အကြာကြီး တွေးနေလိုက်သည်။

" သေချာတော့ မပြောတတ်ပေမယ့် အရင်ကထက် ပိုထင်ပေါ်ပြီး ဖိနှိပ်ထားတာတွေ ရုန်းကြွလာသလိုဘဲ "

ယဲ့ဖန်က သူ့နှာခေါင်းကို ထိလိုက်သည်။

" မင်းက ကိုယ့်ကို ချီးမြှောက်နေတာလား၊ ဆဲနေတာလား "

ရှုကျင်းရှင်းက ပြုံးလိုက်သည်။

" ဟုတ်ပါတယ် ရှင့်ကို ချီးကျူးတယ်။ ဒီတစ်ကြိမ် နျုံစစ်သွမ်းကို နိုင်လိုက်တာက ရှင့်ကို အကြီးအကျယ်ပြောင်းလဲစေခဲ့တာ ထင်တယ် "

ယဲ့ဖန်ရဲ့ ပြောင်းလဲမှုက နျုံစစ်သွမ်းကို အနိုင်ရတာကြောင့်လို့ သူမ ထင်နေခဲ့သည်။

သို့သော် ထိုအချိန်မှာဘဲ လျုံဝမ်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။

" ရှောင်ဖန် ဘာဖြစ်လာတာလဲ။ မင်းဘာလို့ ပိုသန်မာလာတယ်လို့ ငါခံစားရတာလဲ။ ပြီးတော့ အဲ့တာက နည်းနည်းလေးဘဲ ပိုအားကောင်းတာတောင် မဟုတ်ဘူး "

ယဲ့ဖန်က ခေါင်းကုတ်လိုက်သည်။

" ကျွန်တော်လည်းမသိဘူး။ ဒါပေမယ့် ဒီမနက် အိပ်ရာက နိုးလာတော့ တစ်ကိုယ်လုံး အဆုံးမရှိတဲ့ ခွန်အားတွေနဲ့ ပြည့်နေတယ်လို့ ခံစားလိုက်ရတာ "

သူ လိမ်ပြောလိုက်ရသည်။

သူ့ စွမ်းအားတိုးလာပုံကို ရှင်းပြရန်က အလွန်ထူးဆန်းလွန်းသည်။

လျုံဝမ်းယွမ်က သူ့ကို လေ့ကျင့်ရေးကွင်းထဲ အမြန်ဆွဲခေါ်လိုက်ပြီး အမူအရာကလည်း လေးနက်နေလေသည်။

သူက သစ်သားအရုပ်ကို ညွှန်ပြလိုက်သည်။

" မင်းရဲ့ လက်သီးထိုးနည်းကို ပြ။ ငါကြည့်လိုက်မယ် "

ယဲ့ဖန် အကူအညီမဲ့နေခဲ့သည်။ သူက သစ်သားအရုပ်ဆီသို့ လျှောက်သွားကာ စတင်တိုက်ခိုက်သည်။

သူတိုက်ခိုက်နေစဉ်တွင် သူ့စိတ်စွမ်းအားအားလုံးက သစ်သားအရုပ်ပေါ်တွင်သာ စုပြုံရှိနေခဲ့သည်။

သူ့ပတ်ဝန်းကျင်က အရာအားလုံးက ငြိမ်သက်တိတ်ဆိတ်သွားသည်ဟု ခံစားလိုက်ရသည်။

သူ့လက်လှုပ်ရှားမှုတွေကလည်း တအားကို မြန်ဆန်သွက်လက်နေသည်။

ယဲ့ဖန် တိုက်ခိုက်လေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။

သူ့ခွန်အားတွေကို ထိန်းဖို့ မေ့သွားခဲ့သည်။

ထိုအချိန်မှာဘဲ ပြင်းထန်သောစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။

ဖြောင်း ချွမ်း

သစ်သားတုံးအရုပ်ကို အလယ်ခါးမှ ချိုးချပစ်လိုက်သည်။

လျုံဝမ်းယွမ်နှင့် ရှုကျင်းရှင်းတို့သည်လည်း သစ်သားကိုယ်ထည်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။

ထိုသစ်သယးရုပ်က သာမန်သစ်သားတွေထက် ပိုမာလေသည်။

ဒါပေမဲ့ ယဲ့ဖန်၏ လက်ချက်ကြောင့် တကယ်ကြီး ထက်ခြမ်းကွဲသွားခဲ့သည်။

ဒီစွမ်းအားက ဘယ်လောက်ထိ ကြောက်စရာကောင်းလိုက်လဲ။

လျုံဝမ်းယွမ်က ပထမဆုံး တုံ့ပြန်နိုင်ခဲ့ပြီး စစ်ဆေးရန် အနားသို့ အမြန်ရောက်လာခဲ့သည်။

ယဲ့ဖန်လက်တွင် ဒဏ်ရာတစ်စုံတစ်ရာမှ မရှိပေ။

အဲ့တာက သူ့ကို ပိုလို့တောင် အံ့သြသွားစေသည်။

" ရှောင်ဖန်၊ မင်းရဲ့ လေချွမ်လက်သီးက အရမ်းအောင်မြင်တာပဲ "

စိတ်လှုပ်ရှားလွန်းလို့ သူ့အသံက တဆတ်ဆတ်တုန်နေသည်။

ယဲ့ဖန်က အပြုံးနေသည်။

" ဒါကြီးကို အောင်မြင်မှုလို့ ခေါ်တာလားး "

လျုံဝမ်းယွမ် ပါးစပ်မှ သွေးအန်ထွက်မတတ်ဖြစ်သွားရသည်။

" လေချွမ်သိုင်း ပေါက်ဖွားလာပြီးကတည်းက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်တဲ့သူဆိုတာ လက်ချိုးရေလို့ရတဲ့အထိ နည်းနည်းလေးဘဲရှိတာ။ မင်းက လေချွမ်သိုင်းရဲ့ သမိုင်းမှာ အသန်မာဆုံးတွေထဲက တစ်ယောက်ဖြစ်နေပြီလေ "

ဘေးမှာရပ်နေတဲ့ ရှုကျင်းရှင်းက အဲ့တာကိုကြားလိုက်တာနဲ့ လုံးဝအံ့အားသင့်သွားသည်။

လေချွမ်သိုင်းရဲ့ သမိုင်းတစ်လျှောက်မှာ အပြင်းထန်ဆုံးတွေထဲက တစ်ယောက်လား။

ဒီလိုအကဲဖြတ်တာက တကယ်ကို မြင့်လွန်းတယ်လေ။

လေချွမ်လက်သီးသိုင်းက အနည်းဆုံး နှစ်ပေါင်းတစ်ရာကျော် သမိုင်းကြောင်းရှိခဲ့သည်။

အရင်က ဉာဏ်ကြီးရှင် ဘယ်နှစ်ယောက်ကများ သင်ယူနိုင်ခဲ့လဲ။

ထိပ်တန်းလူနည်းစုတွေထဲမှာ ပါဖို့ဆိုရင် သေချာပေါက် ပါရမီရှင်ဖြစ်ရမည်။

ပြီးတော့ ယဲ့ဖန်လေ့ကျင့်တာက ဘယ်လောက်ဘဲ ကြာသေးတာမလို့လဲ။

ဒီလိုတွေးကြည့်ရင် သူ့အဖြစ်က ပါရမီရှင်တွေတောင် လိုက်လုပ်လို့မရလောက်တာဖြစ်နေသည်။

သူ့ကို 'နတ်ဆိုး'လို့တောင် တင်စားလို့ရနိုင်နေသည်။

ယဲ့ဖန်က သူ့ဆရာ၏ စကားကို ကြားလိုက်သောအခါ သူ မအံ့သြဘဲ မနေနိုင်တော့ပေ။

" အသန်မာဆုံးတစ်ယောက်လား။ ဆရာကြီးနဲ့ ယှဉ်မယ်ဆိုရင်ရော "

လျုံဝမ်းယွမ် ခေါင်းယမ်းလိုက်သည်။

" ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်တော့မှာကိုတောင် ငါကြောက်မိတယ် "

ယဲ့ဖန်က ကြိုးစားချင်စိတ်ပြင်းပြတဲ့ အပြုံးကို ချက်ချင်း ပြုံးလိုက်သည်။

" တကယ်လား "

လျုံဝမ်းယွမ်က အလွန်ကြောက်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

" မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ မင်းရဲ့ဆရာကိုတောင် ပြန်တိုက်ပြီး မင်းဘိုးဘေးတွေကို စော်ကားဖို့ကြိုးစားနေတာလား "

သူ ယဲ့ဖန်ကို မတိုက်ရဲပေ။

နိုင်ရင်လည်း ပျော်ရွှင်စရာ ဘာတစ်ခုမှ မရှိပေ။

သို့သော် သူရှုံးလျှင်တော့ ဆရာတစ်ယောက်အဖြစ် သူ့မျက်နှာပျက်ရမည်။

ယဲ့ဖန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဟားဟားဟား ဆရာက အများကြီးစဉ်းစားနေတာဘဲ "

တစ်ချိန်တည်းမှာဘဲ သူ့စိတ်ထဲတွင် ရယ်မောနေခဲ့သည်။

အမှန်တော့ သူ့ခွန်အားကို ထိန်းထားခဲ့တာဖြစ်သည်။

မဟုတ်ရင် ပထမလက်ချက်နဲ့တင် သစ်သားတုံးက ကျိုးသွားလိမ့်မည်ဖြစ်သည်။

တကယ်လို့ အခု သွမ့်ကျန်းလုနဲ့ နောက်တစ်ကြိမ် ထပ်ရင်ဆိုင်ရဦးမည်ဆိုလျှင်တောင်မှ ဒီခွန်အားကို

အသုံးမပြုရင်တောင်မှ ဆယ်ကွက်တည်းနဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။

အပိုင်း ( ၃၉၈ )

ကျွန်မကလွဲပြီး ဘယ်သူမှ ရှင့်ကို အနိုင်မကျင့်စေရဘူး

" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ရေနွေးသုံးဆောင်ပါဦး "

" သူတို့သုံးယောက် ဧည့်ခန်းထဲ ပြန်လာတဲ့အခါ ရှုကျင်းရှင်းက ကိုယ်တိုင် ရေနွေးကြိုပြီး ယဲ့ဖန်ကိုပေးလိုက်သည်။

ယဲ့ဖန်က ခုံပေါ်မှာ ခြေချိတ်ထိုင်နေပြီး သူ့ပုံက တကယ့် သိုင်းလောကပညာရှင်ကြီးပုံစံ ပေါက်နေသည်။

လျုံဝမ်းယွမ်က သူ့ပုခုံးကို နှိပ်ပေးနေသည်။

" ရှောင်ဖန်၊ မင်း ခန္ဓာကိုယ်ကို သေချာထိန်းသိမ်းရမယ်။ ကျန်းမာအောင်စားပြီး ပုံမှန် အချိန်ဇယားနဲ့ လေ့ကျင့်တာတွေကို ........... "

ယဲ့ဖန် မျက်လုံးကို ပိတ်ထားပြီး နောက်ကိုမှီလိုက်သည်။

" သက်တောင့်သက်သာရှိတယ်။ ခြေထောက်ကို နှိပ်ပေးပါဦး ..... "

လျုံဝမ်းယွမ်က သူ့ကို စိုက်ကြည့်ပြီး ခေါင်းကို ပိတ်ရိုက်လိုက်သည်။

" ကောင်စုတ်လေး၊ မင်းက ဆရာကို ကျွန်လို ဆက်ဆံနေတာလား "

ယဲ့ဖန်က ခေါင်းကို ကိုင်လိုက်သည်။

" ဆရာ၊ ကျွန်တော့်ခေါင်းကို ရိုက်လိုက်တာလား။ ခေါင်းမှာတစ်ခုခုဖြစ်သွားရင် ပညာရှင်ကြီး ဆက်ပြီးဖြစ်လာနိုင်ပါဦးမလား "

လျုံဝမ်းယွမ်က အမြန်ခေါင်းကို ပွတ်ပေးလိုက်သည်။

" တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ဆရာက မှားသွားတာပါ။ နောက်ဆို ဂရုစိုက်ပါ့မယ် "

ယဲ့ဖန်က သူ့အတွက် အဖိုးတန်တဲ့ ကလေးလေးဖြစ်လေသည်။

လေချွမ်သိုင်း ဖွံ့ဖြိုးရေးအတွက် အာရုံစိုက်ရမည်ဖြစ်ပြီး ကျန်တဲ့ပြဿနာတွေကို ခဏဘေးပို့ထားရမည်။

ပြဿနာရှိရင်တောင် ထိပ်ဆုံးပညာရှင်ကြီး ဖြစ်လာသည်အထိ စောင့်ရမည်။

ရှုကျင်းရှင်းက သူတို့ဆရာတပည့်ကိုကြည့်ပြီး ခါးသက်သက်ပြုံးကာ ခေါင်းယမ်းလိုက်သည်။

ဆရာက ဆရာနဲ့မတူဘူး။

တပည့်ကလည်း တပည့်လိုမနေဘူး။

" ယဲ့ဖန်၊ ဒီနေ့ ဘာလို့ နောက်ကျမှလာတာလဲ "

သူမက ယဲ့ဖန်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး ရေနွေးသောက်လျက် မေးသည်။

" ပြောမနေပါနဲ့တော့။ လမ်းမှာ သေမလို့ဖြစ်လာတာ "

ယဲ့ဖန်က သူမ ပြောတဲ့အခါ ချက်ချင်း သက်ပြင်းချလိုက်သည်။

ထိုစကားကိုကြားတဲ့အခါ ရှုကျင်းရှင်းနှင့် လျုံဝမ်းယွမ်တို့က စိတ်လှုပ်ရှားပြီး တစ်ပြိုင်တည်း မေးကြသည်။

" ဘာဖြစ်တာလဲ "

ယဲ့ဖန် သက်ပြင်းထပ်ချလိုက်သည်။

" နျုံစစ်သွမ်းလူတွေက ကိုယ့်အသက်ကို လိုချင်နေကြတာလေ "

ထိုသို့ပြောပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူတို့နှစ်ယောက်ကို ရှင်းပြသည်။

ရှုကျင်းရှင်း၏ မျက်နှာ လှလှလေးက အေးစက်သွားသည်။

" နျုံစစ်သွမ်းက အဲ့လောက် စက်ဆုပ်စရာကောင်းမယ်မထင်ထားဘူး။ ရှုံးတာနဲ့ ရွံစရာကောင်းတဲ့အကွက်တွေ ထုတ်သုံးတော့တာဘဲ "

ယဲ့ဖန်ကတော့ အဲ့တာကိုစိတ်ထဲမထားပေ။

" ကိုယ် အဆင်ပြေပါ့မလား။ တစ်ယောက်ကို သတ်ခဲ့မိတယ် "

ရှုကျင်းရှင်းက မျက်မှောင်ကြုတ်ပြီး တစ်ခဏတွေးလိုက်သည်။

" ဗီဒီယိုများရှိလား "

" ကားထဲက ဘလက်ဘောက်စ်မှာ ရိုက်မိထားလောက်တယ် "

" သွားယူလိုက်၊ ကြည့်ကြည့်ရအောင် "

ယဲ့ဖန်က ဒီကိစ္စကို ဆက်မရှည်ချင်ပေမဲ့ ရှုကျင်းရှင်းက ပြောလာတာကြောင့် ကားထဲက မန်မိုရီကတ်ကို သွားယူလိုက်သည်။

ရှုကျင်းရှင်းက ကတ်ကို ကွန်ပျူတာထဲထည့်လိုက်ပြီး ဗီဒီယိုကိုကြည့်လိုက်သည်။

ဗီိဒီယိုက အရမ်းကို ကြည်လင်နေသည်။

ကျန်းပင်းကွန်းနဲ့ အခြားသူတွေက သူ့ကို ပြဿနာရှာနေပြီး ယဲ့ဖန်က တောင့်ခံခဲ့သည်။

ထို့နောက် ထိုလူတွေက အရှက်ကွဲတာကြောင့် ဒေါသထွက်ပြီး ယဲ့ဖန်ကို လက်နက်တွေနဲ့ တိုက်ခိုက်ကြတာဖြစ်သည်။

အဆုံးမှာတော့ ယဲ့ဖန် သတ်တာကို ခံလိုက်ရသည်။

ဖြစ်စဉ်အကုန်လုံးကို သေချာ ရိုက်ကူးထားသည်။

ရှုကျင်းရှင်းက ကြည့်ပြီးတဲ့နောက် တစ်ခဏ စဉ်းစားနေသည်။

" လူသတ်ထားတာဆိုတော့ နည်းနည်းပြဿနာရှိပေမဲ့ ပူစရာတော့ မလိုပါဘူး။ အသက်အန္တရာယ်ကြုံခဲ့ရတာဆိုတော့ ခုခံကာကွယ်မှုပေါ့ "

ထိုသို့ပြောပြီးနောက် အသတ်ခံရတဲ့သူမျက်နှာကို တစ်စုံတစ်ယောက်ဆီသို့ ပို့ပေးလိုက်သည်။

ထို့နောက် ဖုန်းခေါ်လိုက်သည်။

" ဟယ်လို၊ ဦးလေးရှု။ ပုံတစ်ပုံပို့လိုက်တယ်။ စစ်ဆေးပေးပါဦး "

မကြာခင်မှာဘဲ တစ်ဖက်က အဖြေပြန်ပေးလာသည်။

ယဲ့ဖန်သတ်လိုက်တဲ့သူက တကယ်တော့ ရာဇဝတ်သားဖြစ်သည်။

တောင်ပိုင်းကွမ်တုန်းမှာ လူတွေသတ်ဖူးပြီး သူ့နည်းလမ်းတွေက ရက်စက်လွန်းသည်။

ရဲတွေက သူ့ကိုလိုက်နေတာ ၂နှစ်ကျော်နေပြီး အခုထိ ဖမ်းမမိသေးတာဖြစ်သည်။

ရှုကျင်းရှင်းက ထိုပြန်စာကိုရတဲ့အခါ ပြုံးလိုက်သည်။

" ပြဿနာဆိုပေမဲ့ ခုခံတဲ့အနေနဲ့ဆိုတော့ ဘာမှတော့ မမှားပါဘူး "

ယဲ့ဖန်က ထိုစကားကိုကြားတဲ့အခါ သက်ပြင်းချလိုက်သည်။

တကယ်တော့ သူက တခြားသူတွေကို လန့်အောင်လို့ တမင်သတ်လိုက်တာဖြစ်သည်။

အဲ့တာကြောင့် ပြဿနာတက်မှာ စိုးရိမ်နေခဲ့တာဖြစ်သည်။

သို့ပေမဲ့ ရှုကျင်းရှင်းရဲ့စကားကို ကြားတဲ့အခါ ချက်ချင်း စိတ်ချသွားရသည်။

ရှုကျင်းရှင်းက သူ့ကို လှည့်ပြီးကြည့်လိုက်သည်။

" ပြောဖူးပါတယ်၊ ရှင်က ကျွန်မ ကာကွယ်ရမယ့်သူပါလို့။ ရှင့်ကို ကျွန်မကလွဲပြီး ဘယ်သူမှ အနိုင်မကျင့်စေရဘူး "

ထို့နောက် ဖုန်းထပ်ခေါ်လိုက်သည်။

" ဦးလေးကျောင်းလား။ ရှုမိသားစုက ရှုကျင်းရှင်းပါ "

" မိန်းကလေးရှု၊ ဘာကိစ္စများရှိလို့လဲ "

" ဒီလိုပါ၊ ကျွန်မသူငယ်ချင်းကို မသိတဲ့သူတွေက တိုက်ခိုက်ခံရပြီး အသတ်ခံရမလို ဖြစ်ခဲ့လို့ပါ .... "

ထို့နောက် ဖြစ်သမျှကို အသေးစိတ်ပြောပြသည်။

အကြောင်းစုံ သိရပြီးတဲ့အခါ တစ်ဖက်က လေးနက်သွားသည်။

" ရှုမိန်းကလေး၊ ဗီဒီယိုကို ပို့လိုက်ပါ။ မင်းပြောသလိုဆို ရဲတွေလွှတ်ပြီး ချက်ချင်းဖမ်းခိုင်းလိုက်ပါ့မယ် "

" ကျေးဇူးပါ၊ ဦးလေးကျောင်း "

" ရပါတယ်။ ပြည်သူရဲ့ဘဝနဲ့ အိုးအိမ်ကို စောင့်ရှောက်ပေးဖို့က ငါတို့တာဝန်ပါ "

ရှုကျင်းရှင်းက ဖုန်းချပြီး ဗီဒီယိုကို ပို့ပေးလိုက်သည်။

ထို့နောက် ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည်။

" မပူပါနဲ့၊ တခြားသူတွေ အနိုင်ကျင့်မှာကို ခွင့်ပြုပေးမှာ မဟုတ်ဘူး "

ယဲ့ဖန်က ရင်ထဲထိသွားရသည်။

" ကျေးဇူးတင်ပါတယ် "

ရှုကျင်းရှင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

" ဘာလို့ ယဉ်ကျေးနေတာလဲ "

လျုံဝမ်းယွမ်က သူတို့နှစ်ယောက်ကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

ဒီတပည့်က ဆရာထက်သာတာ ကိုယ်ခံပညာမှာတင်မဟုတ်ဘဲ မိန်းမရေးရာမှာရော သာလွန်သည်။

မိန်းကလေးရှုကိုတောင် စကားတစ်ခွန်းမပြောဘဲ သူ့ဘက်ပါအောင်လုပ်နိုင်လေသည်။

" နေဦး၊ ကိုယ်အရင်ဖုန်းခေါ်လိုက်ဦးမယ် "

ယဲ့ဖန်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။

ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဘာလို့အသုံးမချရမှာလဲ။

" ဟယ်လို၊ နန်းဖန်ဖျော်ဖြေရေးကလား။ ယဲ့ဖန်ပါ ..... "

ရှုကျင်းရှင်းက ယဲ့ဖန်စီစဉ်နေတာကို နားထောင်ပြီး သူ ဘာလုပ်ချင်နေတာလဲဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။

" ရှင် ..... ရှင်က တကယ်ဆိုးတာဘဲ "

" မင်းလိုလေ "

အပိုင်း ( ၃၉၉ )

အရမ်းဆိုးတာဘဲ၊ အရမ်းသဘောကျတယ်

တစ်ဖက်တွင် နျုံစစ်သွမ်းကတော့ စာကြည့်ခန်းထဲမှာ လက်ရေးလှစာ အရေးလေ့ကျင့်နေသည်။

ထိုအချိန်မှာဘဲ သူ့လက်အောက်ငယ်သားတစ်ယောက်က ရုတ်တရက် လာသတင်းပို့သည်။

" ဆရာ၊ ပြည်သူ့ရေးရာဌာနက တွေ့ဖို့ ရောက်နေပါတယ် "

နျုံစစ်သွမ်းလက်က တုန်သွားပြီး ရေးလက်စ စာလုံးက တွန့်သွားသည်။

" ဝင်ခိုင်းလိုက် "

နျုံစစ်သွမ်း သူ့စုတ်တံကို ဘေးချလိုက်သည်။

စိတ်ခံစားချက် မကောင်းပေမဲ့ ဝင်ခိုင်းလိုက်သည်။

မကြာခင်တွင် ဝတ်စုံပြည့်နဲ့လူတစ်စုက ဝင်လာကြသည်။

" မင်္ဂလာပါ၊ နျုံလူကြီးမင်း။ မိုချောင်းရှန်းကိစ္စတုန်းကလည်း တွေ့ခဲ့တယ်နော် "

သက်လတ်ပိုင်းလူတစ်ယောက်က အရင်ပြောလိုက်သည်။

" မင်္ဂလာပါ၊ စခန်းမှူးကျောင်း။ ဘာကိစ္စများရှိလို့လဲ "

နျုံစစ်သွမ်းက ထိုလူကို နားမလည်စွာ ကြည့်လိုက်သည်။

" ကျန်းပင်းကွန်းကို သိပါသလား "

စခန်းမှူးကျောင်းက သူ့ကို တောက်နေတဲ့ မျက်လုံးအကြည့်ဖြင့်ကြည့်နေသည်။

" သိပါတယ်၊ သူက ကိုယ်ရေးကိုယ်တာ လက်ထောက်ပါ "

နျုံစစ်သွမ်းက ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" ကျန်းပင်းကွန်းကို လူသတ်မှု သံသယရှိသူအဖြစ်နဲ့ သတင်းရထားပါတယ်။ ပြီးတော့ အခင်းကနေ ရထားတဲ့သက်သေအရ သူ့လက်အောက်ငယ်သားတွေကလည်း လူသတ်မှု ကျူးလွန်ထားဖူးတဲ့သူတွေပါ။ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

စခန်းမှူးကျောင်းက တည်ငြိမ်တဲ့အမူအရာနဲ့ ပြောလိုက်သည်။

နျုံစစ်သွမ်း တစ်ခဏကြောင်သွားသည်။

" ကျန်းပင်းကွန်းက လူသတ်မှု သံသယရှိသူလား။ စခန်းမှူးကျောင်း၊ မှားထင်တာများလား "

" သက်သေအဖြစ် ဗီဒီယိုပါ ရထားပါတယ်။ သူ့ကို မှားပြီး မစွပ်စွဲပါဘူး။ သူ့ကို ချက်ချင်းဆက်သွယ်ပြီး လာအဖမ်းခံဖို့ ပြောပါ "

နျုံစစ်သွမ်းလည်း လျစ်လျူရှုမထားရဲပေ။

ဘေးကသူကို လှည့်ကြည့်လိုက်သည်။

" ကျန်းပင်းကွန်း ဘယ်မှာလဲ။ ချက်ချင်း လာတွေ့ဖို့ ပြောလိုက် "

" ဆရာကွန်း .... ကျန်းပင်းကွန်းက မနက်အစောကတည်းက ထွက်သွားပြီး ပြန်မလာသေးပါဘူး "

နျုံစစ်သွမ်း မျက်ခွံများ လှုပ်သွားသည်။

" ဖုန်းဆက်ပြီး ဒီမှာ ချက်ချင်း ပြန်လာဖို့ပြောလိုက် "

လက်အောက်ငယ်သားက သူ့ဖုန်းကို အမြန်ထုတ်ပြီး ကျန်းပင်းကွန်းဆီ ဖုန်းဆက်သည်။

" သခင်ကြီး၊ သူ့ဖုန်းက ပိတ်ထားပါတယ်။ ခေါ်လို့ မရပါဘူး "

အဲ့ကိုကြားတော့ နျုံစစ်သွမ်းရဲ့အမူအရာက ပိုလို့တောင် အကျည်းတန်သွားခဲ့သည်။

စခန်းမှူးကျောင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" ကျန်းပင်းကွန်းကို လက်ရှိအချိန်မှာ တရားဝင်ခေါ်စစ်လို့ မရတာကြောင့် နျုံလူကြီးမင်းက ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့ဖို့ ဒုက္ခခံရပါလိမ့်မယ် "

နျုံစစ်သွမ်းက အံ့ဩသွားသည်။

" အဲ့ဒါကို ကျွန်တော်ကခိုင်းတာလို့ သံသယဝင်နေတာလား "

စခန်းမှူးကျောင်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" နျုံလူကြီးမင်း၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ခင်ဗျားက စုံစမ်းစစ်ဆေးရေးမှာ ကူညီနေတာတင်ပါဘဲ "

နျုံစစ်သွမ်းလည်း ဘာမှ မတတ်နိုင်ပေ။

" ကောင်းပြီ "

........................

နန်းဖန်ဖျော်ဖြေရေးက အလွန်ထိရောက်လေသည်။

သူတို့က ယဲ့ဖန်ကို သိပ်အကြာကြီး မစောင့်ခိုင်းလိုက်ရပေ။

နျုံစစ်သွမ်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန်အတွက် ခေါ်သွားတဲ့ ပုံနဲ့ ဗီဒီယိုကို ပေးပို့ခဲ့သည်။

ဓာတ်ပုံရိုက်တဲ့လူက အရည်အချင်းရှိတယ်ဆိုတာ သေချာသည်။

ရွေးချယ်ထားသော ထောင့်က အလွန်ရှုပ်ထွေးနေသည်။

ထိုထောင့်ကနေကြည့်လျှင် နျုံစစ်သွမ်းက အရာရှိ နှစ်ယောက်ကြားတွင် ရောက်နေသည်။

မသိရင် လက်ထိပ်ခတ်ခံထားရသလိုဖြစ်နေသည်။

နန်းဖန်ဖျော်ဖြေရေး၏ ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ခံမှာ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမ နာမည်က သုယောင်းဖြစ်သည်။

သူမက ချင်းဒါးကော်ပိုရေးရှင်းနှင့် ပတ်သက်သည့် ကိစ္စတုန်းကလည်း ကိုင်တွယ်ခဲ့ပြီး ဒီအကြိမ်မှာလည်း တာဝန်ယူခဲ့သည်။

ယဲ့ဖန်က သူမ၏ လုပ်နိုင်စွမ်းကို ချီးကျူးခဲ့သည်။

" ယဲ့လူကြီးမင်း၊ နောက်ထပ် ညွှန်ကြားချက်က ဘာလဲ "

သူမ၏အသံတွင် ဖော်မပြနိုင်သော ဆွဲဆောင်မှုတစ်ခုရှိနေသည်။

ယဲ့ဖန်က သူမကို အရင်က မတွေ့ဖူးပေ။

သို့သော် အသံကိုကြားရုံနဲ့ပင် သည်းမခံနိုင်တော့ပေ။

" နောက်ထပ်မီဒီယာဌာနတွေဆီကိုလည်း ဆက်သွယ်ပြီး ဒီဓာတ်ပုံတွေကို သူတို့ဆီပါ ပို့ပေးလိုက် "

" ဒါဆို အကြောင်းအရာကို ဘယ်လို ရေးလိုက်ရမလဲ "

" ဟုတ်တာပေါ့၊ အမှန်အတိုင်းပြောရမယ်လေ။ နျုံစစ်သွမ်းက မကောင်းတဲ့ အင်အားစုတချို့နဲ့ ပတ်သက်နေတာရယ်၊ ဒီနေ့ ယဲ့မျိုးရိုးနဲ့ နိုင်ငံသားတစ်ဦးကို အမည်မသိအဖွဲ့က ဝိုင်းခံရပြီး မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရတယ်လို့ရေးရမယ်။ အဲ့တာကြောင့် နျုံစစ်သွမ်းကို စုံစမ်းစစ်ဆေးဖို့ ရဲတွေက ခေါ်ဆောင်သွားခဲ့ပါတယ်ပေါ့ ...... "

" ဒီလိုဆိုရင် နျုံစစ်သွမ်းက လက်စားချေဖို့အတွက်နဲ့ ရွံစရာကောင်းတဲ့ နည်းတွေကိုသုံးတဲ့ လူတစ်ယောက်အဖြစ် မြင်သွားကြလိမ့်မယ် "

" အဲ့လိုလူလို့ မပြောဘူး။ ဒါပေမယ့် တခြားသူတွေက ဒါကို သူတို့ဘာသာ နားလည်သွားရင်တော့ ကျွန်တော်တို့ဘက်ကလည်း ဘာမှ လုပ်လို့မရဘူး "

" ဟားဟားဟား၊ ယဲ့လူကြီးမင်း၊ ရှင်က တော်တော်ဆိုးတာဘဲ။ ကျွန်မ ရှင့်ကို အရမ်းသဘောကျတာဘဲ "

ယဲ့ဖန်၏ နှလုံးခုန်သံ စည်းချက်ကျော်သွားသည်။

" ဒီနှစ်ရက်လုံးလုံး မင်းအလုပ်ကြိုးစားခဲ့တော့ အချိန်ရရင် တစ်ခုခုကျွေးပါ့မယ် "

" ဒါဆို ကောင်းပါပြီ။ သေချာပေါက်စောင့်နေမယ် "

ယဲ့ဖန် ဖုန်းချပြီးတဲ့အခါ လျုံဝမ်းယွမ်နှင့် ရှုကျင်းရှင်းတို့က ထူးဆန်းသောအကြည့်ဖြင့် သူ့ကို ကြည့်နေမှန်း သတိပြုမိလိုက်သည်။

" ....... သူမက ကျွန်တော့်ကုမ္ပဏီရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပါပဲ။ ကူညီပေးနေတာကြောင့် ထမင်းလိုက်ကျွေးတာက ကျိုးကြောင်းဆီလျော်တယ်လေ၊ မဟုတ်ဘူးလား "

ရှုကျင်းရှင်းက ပြုံးလိုက်သည်။

" ကျွန်မတို့က ဘာမှ မပြောပါဘူး။ ဘာလို့ အပြစ်ရှိတယ်လို့ ထင်နေတာလဲ "

ယဲ့ဖန်က သူ့ချွေးတွေကို သုတ်လိုက်သည်။

" ကိုယ်က အပြစ်ရှိလို့လား။ မဟုတ်ပါဘူး၊ ဟားဟားဟားဟား "

လျုံဝမ်းယွမ်က မတတ်နိုင်ဘဲ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

သူ့တပည့်ရဲ့ ကိုယ်ခံပညာ တတ်မြောက်လာမှုကို မစိုးရိမ်ပေ။

ယဲ့ဖန်ရဲ့ အရည်အချင်းတွေအရ သူက အနာဂတ်မှာ သေချာပေါက် အထူးချွန်ဆုံးသူတစ်ယောက်ပင် ဖြစ်လာနိုင်သည်။

သူစိုးရိမ်တာက အနှေးနဲ့အမြန် ဒီကလေးက မိန်းမတစ်ယောက်ရဲ့လက်ထဲမှာ ဘဝသေသွားမှာကိုဖြစ်သည်။

.....................

သုယောင်းက အလွန်တော်လေသည်။

သိပ်မကြာခင်မှာပဲ နျုံစစ်သွမ်းကို ရဲတွေက ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းက အင်တာနက်မှာ ပျံ့လာခဲ့သည်။

သို့သော် ဖုလီကော်ပိုရေးရှင်း၏ သတင်းတွေကို ကိုင်တွယ်ပုံက အလွန်မြန်ဆန်သည်။

ထိုသတင်းကို ချက်ချင်း ဖျက်ပြီး ဆင်ဆာချလိုက်ကြသည်။

ထို့ကြောင့် အင်တာနက်ပေါ်မှာ အရမ်း မပွထသွားပေ။

သို့သော်လည်း ကျုံးဟိုင်၏ အထက်တန်းလွှာကိုတော့ အတော်လေး တုန်လှုပ်သွားစေခဲ့သည်။

အဆင့်မြင့်တဲ့ စုဝေးပွဲတစ်ခုတွင်။

" ခုနက သတင်း တွေ့ပြီးပြီလား။ နျုံစစ်သွမ်းကို ရဲတွေက ခေါ်သွားတယ်တဲ့ "

" အတုလား၊ ဟုတ်တယ်မလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" ပုံနဲ့အမှန်တရားဘဲရှိတယ် "

" တစ်ယောက်ယောက်က ဖြတ်ညှပ်ကတ်ထားတာ မဟုတ်ဘူးလား "

" အဲဒါက အမှန်ပဲ။ ငါ့မှာ အထွေထွေရေးရာရုံးက သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့အထက်လူကြီးက နျုံစစ်သွမ်းကို ဖမ်းဖို့ ကိုယ်တိုင်သွားခဲ့တယ်လို့ ပြောတယ် "

" ချီး၊ ဒါက သတင်းကြီးပဲ။ ဘာတွေဖြစ်နေတာလဲ "

" သူ့ရဲ့လက်အောက်ခံ ကျန်းပင်းကွန်းက သူ့လူတွေနဲ့ ဝိုင်းပြီး ယဲ့ဖန်ကိုသတ်ဖို့ ဦးဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အခု သူ့ကို ရဲတွေ လိုက်ဖမ်းနေတယ် "

" ဒီ ....... နျုံစစ်သွမ်းက တကယ်ကို ဉာဏ်ကောင်းပေမယ့် သူက တစ်ခန်းလွတ်နေတုန်းပဲ။ ဒီလို ဦးနှောက်မဲ့တဲ့ ကိစ္စကို သူက ဘာလို့ လုပ်ရတာလဲ "

" သူ သုံးစရာ လှည့်ကွက်တွေ ကုန်သွားလို့ ဒီလို အဆင့်နိမ့်တဲ့အကွက်ကို သုံးခဲ့တာ ဖြစ်နိုင်တယ် "

" သူက ယဲ့ဖန်ကို တကယ်သတ်ခဲ့ရင်တောင် တခြားသူတွေက သူ့ကို ရယ်ကြလိမ့်မယ်။ မသတ်နိုင်တော့ ပိုဆိုးတာပေါ့ "

" နျုံစစ်သွမ်းက မျက်နှာရော အတွင်းအရည်အသွေးတွေရော အားလုံး ဆုံးရှုံးသွားပြီ "

" ဒါက ဆိုးရွားတဲ့ အကွက်ရွှေ့နည်းဘဲ "

" ................ "

အပိုင်း ( ၄၀၀ )

သူဌေး၊ မှားသွားပါတယ်

ကြားနေသူတွေကတင် နျုံစစ်သွမ်းကို လှောင်ရယ်ကြတာ မဟုတ်ဘဲ သု့ဘက်တော်သားတွေဆီကတောင် မတူတဲ့ စကားသံတွေ ထွက်လာသည်။

သီးသန့်စုဝေးပွဲတစ်ခုတွင်။

ထိုစည်းဝေးပွဲသို့ တက်ရောက်လာသူများမှာ လွန်ခဲ့သည့်တစ်ချိန်က နျုံစစ်သွမ်းဘက်မှ ပါဝင်ခဲ့သည့် ကျုံးဟိုင်မှ စီးပွားရေးသမားများဖြစ်ကြသည်။

" နျုံစစ်သွမ်း ရူးသွားပြီလား။ ဘာလို့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရတာလဲ "

" ဟုတ်တယ်၊ စီးပွားရေးလောကက မကျေနပ်မှုတွေကို စီးပွားဖြစ်နည်းတွေနဲ့ဘဲ ဖြေရှင်းရမယ်။ ပြီးတော့ လက်တုံ့ပြန်တာကို ဒီလိုနည်းလမ်း သုံးတာက နည်းနည်း ရွံစရာကောင်းတယ် "

" ဒါလား ကြောက်စရာကောင်းတဲ့ စီးပွားရေးရဲ့ ဖခင်ကြီး။ သူက ဒီအတိုင်း အရူးတစ်ယောက်ဘဲ "

" ဟူး၊ အဲဒီတုန်းက ငါတကယ် ခေါင်းရှုပ်သွားတာ။ တစ်ဖက်ကို မရွေးချယ်ခင် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်နေခဲ့သင့်တယ် "

.............................

နျုံစစ်သွမ်းဘက်ခြမ်းရှိ အမှောင်ထုနှင့် မတူဘဲ ယဲ့ဖန်ဘက်မှာတော့ ဝမ်းသာအားရ ဖြစ်နေကြသည်။

" ညီလေးယဲ့၊ မင်းက သိပ်ရက်စက်တာပဲမဟုတ်လား။ မင်းတကယ်ပဲ နျုံစစ်သွမ်းကို အထွေထွေရေးရာရုံးကို ပို့လိုက်နိုင်တယ်။ ဒါက ငါတို့ ကျောင်းမိသားစုတောင် မလုပ်နိုင်တဲ့ ကိစ္စပဲ "

ကျောင်းဖုလင်က ချက်ချင်းဖုန်းဆက်သည်။

သူက နျုံစစ်သွမ်း ဘယ်လောက် တန်ခိုးအင်အားကြီးသည်ဆိုတာကို အားလုံးထက် ကောင်းကောင်းသိသူဖြစ်သည်။

အဲ့လိုလူက ယဲ့ဖန်လက်ထဲတွင် ဆက်တိုက် အကြီးအကျယ်အထိနာနေရသည်။

......................

" ဟားဟားဟား၊ မင်းက အရမ်းရက်စက်တာဘဲ။ နျုံစစ်သွမ်း အခုဆို ဘာမှမြိုကျမှာတောင် မဟုတ်ဘူး "

ချန်းချုံရှန်းက ဖုန်းထဲကနေ ကျေနပ်အားရစွာ ပြောနေသည်။

Sotheby's လေလံကုမ္ပဏီရဲ့ တောင်ပိုင်းကွမ်တုန်းဌာနခွဲက သူ့စီမံခန့်ခွဲမှုအောက်တွင် မရှိပေ။

သို့သော် သူက ယဲ့ဖန်ဘက်ကို လူသိရှင်ကြား ပါဝင်ခဲ့ခြင်းကြောင့် ဖိအားများစွာကို ခံစားခဲ့ရသည်။

နောက်ဆုံးတော့ သူ အသက်ရှုချောင်ဖို့ အခွင့်အရေး ရပြီဖြစ်သည်။

........................

ဒုန်းအန်းကုမ္ပဏီတွင် နှစ်သစ်ကူးကျင်းပနေသကဲ့သို့ ရုတ်ရုတ်သဲသဲ ပျော်ရွှင်နေကြသည်။

" ရှောင်ဖန်၊ ဒီတိုက်ပွဲက အရမ်းလှတယ် "

ရှုမန်၏အသံကလည်း စိတ်ချသွားပြီး ပျော်ရွှင်သော လေသံပေါက်နေသည်။

ဒီကာလအတွင်းမှာ သူမ ခံစားခဲ့ရသော ဖိအားများကို ဖယ်ရှားပစ်လိုက်နိုင်သည်။

..............................

" ယဲ့လူကြီးမင်း၊ အတော်လေး အထင်ကြီးမိပါတယ်။ အစက ကျွန်တော်တို့ လုံထန်းရဲ့အတွင်းဌာနတွေမှာ မတည်မငြိမ်ဖြစ်နေခဲ့ပေမဲ့ ဒီအဖြစ်အပျက်ပြီးတော့ အားလုံးက အပြည့်အ၀ ထောက်ခံနေကြပါပြီ .......... "

ယဲ့ဖန် ဝယ်ယူခဲ့သော လုံထန်း E-Commerceကုမ္ပဏီ၏ဥက္ကဌ ချီဒုန်းချန်းကလည်း အလွန်စိတ်လှုပ်ရှားနေပုံရပြီး သူ ဒီရက်တွေအတွင်း ဖိအားများစွာ ရှိနေခဲ့သည်က သိသာသည်။

ထို့အပြင် ချန်းရွှမ်၊ သိုက်ချန်း၊ ကွမ်းကျန်ရှန်း၊ ကောင်းကျင်းရှီနဲ့ တခြားသူတွေကလည်း သူ့ကို ချီးကျူးဂုဏ်ပြုဖို့ ဖုန်းခေါ်ခဲ့ကြသည်။

အစက ယဲ့ဖန်နှင့် နျုံစစ်သွမ်းတို့ တရားဝင်ရန်သူများဖြစ်သောအခါ ဘယ်သူမှ သူ့ကို အထင်မကြီးခဲ့ပေ။

ရဲဘော်ရဲဘက်များပင်လျှင် တစ်ဖက်ကို အခွင့်ကောင်းယူနိုင်မည်ဟု မထင်ခဲ့ပေ။

အရှုံးမရှိ၊ အနိုင်မရတဲ့ အခြေအနေကို ထိန်းထားနိုင်ဖို့ဆိုတာပင် တော်တော်ရှားနေပြီဖြစ်ပေမယ့် ယဲ့ဖန်က သူတို့ကို အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။

ပထမတစ်ခါ သူက ချင်းဒါးကော်ပိုရေးရှင်းကို အဆုံးသတ်သွားသည်အထိ ရှင်းခဲ့ပြီး အခုတော့ နျုံစစ်သွမ်းကိုတောင် ရုံးကို ပို့ခဲ့သည်။

နှစ်ပွဲဆက်တိုက် အောင်ပွဲရထားတာကို သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။

တစ်ချို့လူတွေက ယဲ့ဖန်ကို ဘုရားအဖြစ်တောင် ကိုးကွယ်ကြသည်။

သို့သော် ယဲ့ဖန်က လူအုပ်ကြီး၏ ချီးမွမ်းခြင်းတွင် မနစ်မြောခဲ့ပေ။

သူ အရမ်းသတိကပ်ထားရသည်။

နျုံစစ်သွမ်းရဲ့ နှစ်ပွဲဆက်တိုက်ရှုံးပွဲတွေက သူ့ရဲ့ ရူးမိုက်တဲ့အသင်းဖော်တွေကြောင့်ဖြစ်သည်။

တကယ်တော့ သူ့ဘက်က ဘာမှ မလှုပ်ရှားရသေးပေ။

ဒီတခေါက် ရုံးတက်ရတာလည်း သာမန်ဘဲဖြစ်ပြီး မကြာခင်မှာဘဲ ထွက်လာနိုင်လိမ့်မည်။

ထိုအခါကျ သူက ပိုပြီးပြင်းထန်အောင် လက်တုံ့ပြန်မှာ သေချာသည်။

ပါးလွှာသော ရေခဲပြင်ပေါ်တွင် လျှောက်နေရသကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။

သူသာ အခု ဂုဏ်တက်နေမယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံရမှာ သေချာသည်။

.........................

ဘန်း

" ခွေးမသား "

နျုံစစ်သွမ်းက ရုံးမှ တောင်ပေါ်ဗီလာသို့ ပြန်ရောက်နေပြီဖြစ်သည်။

သူ့အကြောင်း အွန်လိုင်းမှာ သတင်းတွေကို မြင်ရတဲ့အခါ သူ့စိတ်ထဲက ဒေါသတွေကို မထိန်းနိုင်တော့ပေ။

သူက ဒေါသထွက်နေတာကြောင့် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော တန်ဖိုးကြီး မှင်ကျောက်ကို ပင် မြေကြီးပေါ်သို့ ရိုက်ချိုးပစ်လိုက်သည်။

စာကြည့်ခန်းထဲမှ လက်အောက်ငယ်သားတစ်စုက အသက်တောင် ကျယ်ကျယ်မရှူရဲကြပေ။

သူတို့က နျုံစစ်သွမ်းနောက်ကို နှစ်အတော်ကြာအောင် လိုက်ခဲ့ကြသော်လည်း သူ ဒီလောက် စိတ်ဆိုးတာကို မမြင်ဖူးပေ။

ဒီတစ်ခါတော့ သူ ဘယ်လောက် ဒေါသဖြစ်နေလဲဆိုတာ တွေးကြည့်နိုင်သည်။

ဒေါသဖြစ်လည်း ဖြစ်သင့်ပါသည်။

နျုံစစ်သွမ်းက တောင်ပိုင်းကွမ်တုန်းပြည်နယ် စီးပွားရေးလောကတွင် ဆယ်စုနှစ်များစွာရှိခဲ့ပြီး ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုတစ်ခုဖြစ်ခဲ့သည်။

သို့သော် ကျုံးဟိုင်ကဲ့သို့ သေးငယ်သောနေရာလေးတစ်ခုမှာ သူက နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရသည်။

ဒါက အရှက်ကွဲမှုကြီးဖြစ်သည်။

ထိုအချိန်မှာဘဲ လက်အောက်ငယ်သားတစ်ယောက် ရောက်လာပြီး သတင်းပို့သည်။

" သူဌေး၊ ဆရာကြီးကွန်း ပြန်လာပါပြီ "

" သူ့ကို ချက်ချင်း လာခိုင်းလိုက် "

နျုံစစ်သွမ်း၏ မျက်လုံးတွေက ကိုက်စားတော့မည့် သားရဲတစ်ကောင်လို ရဲတက်နေသည်။

ကျန်းပင်းကွန်းက စာကြည့်ခန်းသို့ ရောက်ရှိလာသည်။

သူ ဘာမှမပြောရသေးခင် နျုံစစ်သွမ်းက စားပွဲပေါ်မှ ဘောပင်ဘူးကို ကိုင်ကာ ပစ်ပေါက်လိုက်သည်။

ကျန်းပင်းကွန်းက မရှောင်လိုက်ပေ။

ဘူးက သူ့နဖူးကို ထိသွားကာ သွေးများ ထွက်လာသည်။

ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

" သူဌေး၊ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော့်ရဲ့ ခဏတာ မိုက်မဲမှုကြောင့် ဒီလို အရှက်ရစေတာကြောင့် သေသင့်တယ်။ ကျွန်တော့်မှာ အသက်ရှင်ဖို့ မျက်နှာ မပြရဲတော့ပါဘူး။ ဒီတစ်ခါလာတာက သူဌေးကို နှုတ်ဆက်ဖို့ ပြန်လာခဲ့တာပါ ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တပည့် ပင်းကွန်း သွားပါပြီ "

သူက စကားပြောနေရင်း သူ့အဝတ်မှ ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ထို့နောက် သူ့နှလုံးသားကို ဓားနဲ့ထိုးလိုက်တော့သည်။

All Chapters