← Chapters

အပိုင်း ၄၀၁-၄၀၄

Vol. 21 Ch. 401-404

အပိုင်း ၄၀၁-၄၀၄

Vol. 21 Ch. 401-404

အပိုင်း ( ၄၀၁ )

ကျုံးဟိုင်က မုန်တိုင်း

" ခွေးမသား၊ မင်းက ဒီလောက်ကြီးတဲ့ အရှုပ်ကို လုပ်ထားပြီးမှ မင်းက သေပြီး ကိုယ်လွတ်ရုန်းချင်နေတာလား "

ကျန်းပင်းကွန်း၏ လွန်ကဲသောလုပ်ရပ်ကို မြင်လိုက်သောအခါ နျုံစစ်သွမ်းက ပို၍ပင် ဒေါသထွက်လာသည်။

ကျန်းပင်းကွန်းက လုပ်လိုက်စကို ခဏရပ်ပြီး နျုံစစ်သွမ်းကို မော့ကြည့်လိုက်သည်။

" သူဌေး ဘာကိုဆိုလိုတာလဲ "

နျုံစစ်သွမ်းက သူ့ကို စိုက်ကြည့်နေသည်။

" ပြည်သူ့ရုံးကို ချက်ချင်းသွားပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း အစစ်ဆေးခံလိုက် "

ကျန်းပင်းကွန်းက အမြန်ခေါင်းငြိမ့်လိုက်သည်။

" ကျွန်တော် သူဌေးရဲ့ အစီအစဉ်တွေကို နားထောင်ပါ့မယ် "

ထိုအခါမှ နျုံစစ်သွမ်း၏ အမူအရာက အနည်းငယ်တိုးတက်တည်ငြိမ်လာခဲ့သည်။

" ငါ ရှေ့နေနဲ့ တိုင်ပင်ပြီးပြီ။ မင်းရဲ့လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိတဲ့လူသတ်မှုလို့ ယူဆနိုင်ပေမယ့် ဒေါသကြောင့်လို့လည်း ယူဆလို့ရတယ်။ အဆင်ပြေရင် အလွန်ဆုံးမှ တစ်ပတ် ဆယ်ရက်လောက်ဘဲ အချုပ်ကျလိမ့်မယ် "

ကျန်းပင်းကွန်းက သေဖို့အတွက်ပင် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း နျုံစစ်သွမ်း၏စကားကို ကြားသောအခါ ဝမ်းသာသွားရသည်။

" တကယ်လား။ အဲ့တာဆိုရင် လုံးဝကိစ္စမရှိပါဘူး။ အခုဘဲ ချက်ချင်းသွားလိုက်ပါ့မယ် "

သူက စကားပြောရင်းနဲ့ ပျော်ရွှင်စွာ ထွက်သွားတော့မည့်အချိန်မှာဘဲ နျုံစစ်သွမ်းက လှမ်းတားလိုက်သည်။

" နေဦး "

" သူဌေး၊ တခြားအမိန့်ရှိသေးလို့လား "

" ထိန်းသိမ်းရေးစခန်းမှာ မင်းဘာလုပ်ရမယ်ဆိုတာ သိလား "

နျုံစစ်သွမ်းက ထူးဆန်းတဲ့မေးခွန်းတစ်ခုကို မေးလိုက်သည်။

ကျန်းပင်းကွန်းလည်း အံ့သြသွားသည်။

" အချုပ်ခန်းထဲမှာ ကျွန်တော်က ဘာလုပ်ရမှာလဲ "

နျုံစစ်သွမ်း စိတ်ကုန်လွန်းလို့ မျက်လုံးကို ဝေ့လိုက်ပြီးမှ ဆက်ပြောသည်။

" မိုချောင်းရှန်းရဲ့သား မိုကုန်းက နောက်ဆုံးစီရင်ချက်ချတာကို စောင့်နေတာမလို့ ထိန်းသိမ်းရေးစခန်းမှာ ချုပ်ခံထားရတယ် "

ကျန်းပင်းကွန်းက မျက်လုံးပြူးသွားပြီး ချက်ချင်း သဘောပေါက်သွားသည်။

" သူဌေးက သူ့ကို တိတ်တိတ်ကလေး နှုတ်ပိတ်စေချင်တာလား "

နျုံစစ်သွမ်း ဒေါသအရမ်းထွက်တာကြောင့် မူးလဲမတတ်တောင် ဖြစ်သွားရသည်။

" ဒီအခွင့်အရေးကိုယူပြီး သူနဲ့ အဆက်အသွယ်လုပ်ရမှာ။ ပြီးရင် သူ့ဆီက တစ်ခုခုသိရဖို့လုပ် "

" ဘာအတွက်လဲ "

" မိုချောင်းရှန်း မသေခင် သူ့ကို တစ်ခုခုပြောခဲ့လားလို့ မေးကြည့်လိုက်။ ဒါမှမဟုတ် သူ့အသက်ကို ကယ်တင်ဖို့ အထောက်အထားတစ်ခုခု ချန်ထားခဲ့လားဆိုတာပေါ့ "

ကျန်းပင်းကွန်း ချက်ချင်းနားလည်သွားသည်။

" သူဌေး၊ စိတ်မပူပါနဲ့။ ဒီတာဝန်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ခဲ့ပါမယ် "

ထို့နောက် သူက ထွက်သွားသည်။

နျုံစစ်သွမ်းက ကုလားထိုင်ပေါ်ကို ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

သူ့မျက်လုံးတွေက လူသတ်ချင်တဲ့ အရိပ်အမြွက် အပြည့်ရှိနေသည်။

" ယဲ့ဖန်၊ သိပ်မာန်တက်မနေနဲ့ဦး။ ငါတို့တိုက်ပွဲက အခုမှ စမှာ "

.....................................

" ကျွန်တော် ကျန်းပင်းကွန်းက လုပ်ခဲ့တဲ့ကိစ္စအတွက် အားလုံးတာဝန်ခံပါတယ်။ တခြားသူနဲ့ ဘာမှမဆိုင်ပါဘူး ......... "

" ရုံးကို သွားပြီး ဝန်ခံလိုက်ပါမယ်။ ပြစ်ဒဏ်ကိုလည်း ကျေကျေနပ်နပ်နဲ့ လက်ခံပါ့မယ် ....... "

" တစ်ချိန်တည်းမှာပဲ ယဲ့လူကြီးမင်းကိုလည်း အလေးအနက် တောင်းပန်ချင်ပါတယ်။ ဒါကို ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာပါ။ ကျေးဇူးပြုပြီး တခြားသူတွေကို မဆွဲထည့်ပါနဲ့ "

ကျန်းပင်းကွန်းက သူ့ရဲ့ WeChat တွင် ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။

သူက အဖြစ်အပျက်ကို ရှင်းပြပြီး ယဲ့ဖန်ကိုလည်း တောင်းပန်လိုက်သည်။

ဗီဒီယိုကို တင်ပြီးချိန်တွင် ကျုံးဟိုင်၏ စီးပွားရေးလောကရှိ အဓိက WeChat အဖွဲ့များအားလုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

အတော်လေး ပွက်လောရိုက်သွားစေခဲ့သည်။

.................................

ရူဖိန်းနည်းပညာကုမ္ပဏီသည် ကွန်ပျူတာဦးနှောက်ပညာကို အဓိကအထူးပြုနေသော ကုမ္ပဏီဖြစ်သည်။

ကျုံးဟိုင်တွင် အတော်လေးနာမည်ကြီးသည့် ကုမ္ပဏီဖြစ်သည်။

လီရူဖိန်းက ရူဖိန်းနည်းပညာကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး ဝမ်ကျန်းစားသောက်ဆိုင်တွင် ယဲ့ဖန်နှင့်နျုံစစ်သွမ်းတို့ ထိပ်တိုက်တွေ့ချိန်မှာ သူလည်းရှိနေခဲ့သည်။

သို့ပေမဲ့ သူက ကြားနေခဲ့သည်။

ကျန်းပင်းကွန်းရဲ့ ဗီဒီယိုကို မြင်လိုက်တာနဲ့ နှလုံးစည်းချက်တောင်ခုန်သွားပြီး သူ့အတွင်းရေးမှူးကို ညွှန်ကြားလိုက်သည်။

" ဒါရိုက်တာချောင်ကို ရုံးခန်း လာခိုင်းလိုက် "

မကြာခင်မှာဘဲ ထိပ်ပြောင်နဲ့ လူလတ်ပိုင်းယောက်ျားတစ်ယောက် တံခါးခေါက်ပြီး ဝင်လာသည်။

" လီဥက္ကဌ၊ ကျွန်တော့်ကို ရှာနေတာလား "

ထိုထိပ်ပြောင်နဲ့လူက သူ့ဟာသူ ခုံဆွဲပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

ထိုလူရဲ့နာမည်က ချန်းဝမ်ရှန်းဖြစ်ပြီး သူက လွန်ခဲ့တဲ့နှစ်ရက်ကမှ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှ ပြောင်းလာကာ လက်ရှိ စီမံခန့်ခွဲရေးဌာနဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။

" အဆင်တော့ပြေပါတယ်။ မြန်မြန်ဆန်ဆန် အံဝင်ခွင်ကျဖြစ်လာပေမဲ့ လက်အောက်လူတွေက ကျွန်တော့်ပုံစံအတိုင်း မလိုက်နိုင်တော့ စိတ်တိုင်းမကျဘူး "

ချန်းဝမ်ရှန်းက ညည်းတွားသည်။

လီရူဖိန်းက မျက်ခုံးပင့်ပြီး မေးလိုက်သည်။

" အိုး၊ ဟုတ်လား။ ဘာ မကျေနပ်တာလဲ ပြောပါဦး "

" အရင်ဆုံး ရူဖိန်းကဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းက တော်တော်လေးနိမ့်တာဘဲ။ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီက တစ်ရက်နဲ့လုပ်နိုင်တဲ့ကိစ္စကို ဒီမှာ တစ်ပတ်နဲ့တောင် မပြီးဘူး ......... "

" ပြီးတော့ ကန်တင်းကအစားအသောက်တွေကလည်း ဆိုးတယ်။ ကျန်းကျိုးကုမ္ပဏီကို ယှဉ်လို့တောင်မရဘူး။ အဲ့မှာဆို အနည်းဆုံး ဟင်းသုံးခွက်နဲ့ စွပ်ပြုတ်က နေ့တိုင်းပါတယ် ........ "

" နောက်ဆုံးအနေနဲ့ကတော့ လစာက အရမ်းနည်းတာဘဲ။ ကျန်းကျိုးဒီဇိုင်းမှာရှိတုန်းက ကျွန်တော့်လစာက သူဌေးသိုက်ချန်းထက်တောင် ပိုများသေးတယ် ....... "

ချန်းဝမ်ရှန်းက တရစပ် အကြံပြုချက်များစွာ ထုတ်ပြောခဲ့သည်။

လီရူဖိန်းက ပြုံးလျက်နဲ့သာ နားထောင်နေခဲ့သည်။

ထို့နောက် သူက ရုတ်တရက် ပြောသည်။

" ဒါရိုက်တာချန်းက ကျန်းကျိုးကုမ္ပဏီကို မမေ့နိုင်ဘူးဆိုရင် ဘာလို့ မပြန်တာလဲ "

" အိုး ........ "

ချန်းဝမ်ရှန်း အံ့အားသင့်သွားရသည်။

" ဥက္ကဌလီ၊ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ အကြံပြုချက်လေးတွေ ပြောလိုက်ရုံပါပဲ။ ကျွန်တော်က ကုမ္ပဏီကို ဘာမကျေနပ်ရမှာလဲ။ ဒါက ဘယ်လိုဟာသမျိုးလဲ "

သူက ကျန်းကျိုးကုမ္ပဏီကို သစ္စာဖောက်ခဲ့သည်။

အခုပြန်သွားရမယ်ဆို ဘယ်က မျက်နှာရှိတော့မှာလဲ။

လီရူဖိန်း၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။

" ငါ မင်းကို နောက်နေတာမဟုတ်ဘူး။ ရက်အတော်ကြာ စောင့်ကြည့်လေ့လာပြီးတဲ့နောက် မင်းက ရူဖိန်းနည်းပညာအတွက် သင့်တော်မယ်မထင်ဘူး "

ချန်းဝမ်ရှန်း ချက်ချင်း စိုးရိမ်လာသည်။

" ဥက္ကဌလီ၊ ငါ ဘာအမှားလုပ်မိလို့လဲ။ ငါ့ကိုပြောပါ၊ သေချာပေါက် ပြောင်းလဲပေးပါ့မယ် "

လီရူဖိန်းက ရယ်လိုက်သည်။

" ခွေးတွေက ပြောင်းလဲပေးနိုင်လို့လား "

ချန်းဝမ်ရှန်း အနည်းငယ် ဒေါသထွက်သွားသည်။ "ဥက္ကဌလီ၊ မင်းဘာကိုဆိုလိုတယ်ဆိုတာ ငါနားမလည်ဘူး "

" သစ္စာဖောက်တွေက အမြဲတမ်းသစ္စာဖောက်တွေပဲ။ မင်း အရင်က ယဲ့ဖန်ကိုသစ္စာဖောက်ခဲ့တယ်။ အနာဂတ်မှာ မင်း ငါ့ကိုသစ္စာမဖောက်ဘူးဆိုတာ ဘယ်လိုသိနိုင်မှာလဲ "

ချန်းဝမ်ရှန်း ပါးစပ်အဟောင်းသားဖြစ်နေသည်။

" ဥက္ကဌ လီ၊ ငါ "

လီရူဖိန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ကောင်းပြီ၊ အဓိပ္ပါယ်မရှိတာတွေ ထပ်ပြောမနေနဲ့တော့။ ပစ္စည်းတွေကို ထုပ်ပိုးပြီး မြန်မြန်ထွက်သွား "

ချန်းဝမ်ရှန်းလည်း ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

သူတကယ် ငိုချင်နေပြီဖြစ်သည်။

အရင်က ကျန်းကျိုးကုမ္ပဏီသည် အကျပ်အတည်း ရင်ဆိုင်ရသောအခါတွင် သူက သင်္ဘောပေါ်မှခုန်ချကာ မဆိုင်းမတွ ဘက်ပြောင်းခဲ့ပြီး မီးတွင်းထဲက လွတ်သွားပြီလို့ သူ ထင်ခဲ့သည်။

ကျန်းကျိုးဒီဇိုင်းကုမ္ပဏီက ဒီလောက်မြန်မြန်ကြီး အကျပ်အတည်းကနေ လွတ်မြောက်လာတဲ့အပြင် ပိုကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိလာမယ်လို့ ဘယ်သူက သိခဲ့မှာလဲ။

အခုလည်း နှင်ထုတ်ခံရပြန်သည်။

လီရူဖိန်း၏ စကားများက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။

သစ္စာဖောက်တွေက အမြဲသစ္စာဖောက်လိမ့်မယ်။

အပိုင်း ( ၄၀၂ )

နတ်စင်အသေးလေးက နတ်ဘုရားအကြီးကြီးကို ထိန်းမထားနိုင်ဘူး

ချန်းဟုန် ငွေကြေးအာမခံကုမ္ပဏီ

ကျုံးဟိုင်စတော့ရှယ်ယာစျေးကွက်၏ ဦးဆောင်ကုမ္ပဏီတွေထဲက တစ်ခုအနေဖြင့် လုပ်ငန်းပိုင်းတွင်ကြီးမားသော သြဇာလွှမ်းမိုးမှုရှိသည်။

" ဥက္ကဌ၊ လုလူကြီးမင်းက ဒီကို စာချုပ်လက်မှတ်ထိုးဖို့ ရောက်လာပါတယ်။ မနက်ဖြန်မှာ တရားဝင် အလုပ်စဝင်ဖို့ ပြင်ဆင်နေပါတယ် "

အတွင်းရေးမှူးက ရုံးခန်းထဲကို ဝင်လာပြီး လေးလေးစားစား နှုတ်ဆက်ကာ တင်ပြသည်။

ဥက္ကဌ ဖန်းဟုန်ရှန်းက သူ့ဖုန်းကို ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

" သူ့ကို ခေါ်ခဲ့ "

အတွင်းရေးမှူးပြောသော လုလူကြီးမင်းက ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီမှ စျေးကွက်ရှာဖွေရေးမန်နေဂျာဟောင်းဖြစ်သည်။ သူ့နာမည်က လုချွမ်ရှန်းဖြစ်သည်။

ဒုန်းအန်းမှ ထွက်လာပြီးတဲ့နောက် သူက ချန်းဟုန်ငွေကြေးအာမခံသို့ အလုပ်လာလျှောက်သည်။

ဒီလူက တကယ်ကို အရည်အချင်းရှိပြီး ဖန်းဟုန်ရှန်း ကိုယ်တိုင်ကပင် သူ့ကို အရင်က အထင်ကြီးခဲ့သည်။

နှစ်ဦးနှစ်ဘက် သဘောတူညီထားပြီးဖြစ်သည့်အတွက် စာချုပ်ချုန်ရန်ကိုသာ စောင့်နေတာဖြစ်သည်။

သို့သော် ဖန်းဟုန်ရှန်းက ယဲ့ဖန်နှင့် နျုံစစ်သွမ်းတို့၏ သတင်းကို မြင်လိုက်ရသောအခါ ဘာကြောင့်မှန်းမသိဘဲ ထိုလူအပေါ် ရုတ်တရက် စိတ်ဝင်စားမှု ကုန်သွားခဲ့သည်။

ထိုအချိန်တွင် တံခါးကို တွန်းဖွင့်ခံလိုက်ရပြန်သည်။

လုချွမ်ရှန်းက ဝင်လာပြီး သူ့လက်ကို ဆန့်လိုက်သည်။

" မင်္ဂလာပါ ဥက္ကဌ ဖန်း။ ကျွန်တော်တို့ ပြန်ဆုံကြပြန်ပါပြီ "

ဖန်းဟုန်ရှန်းက သူနဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် သူ့ကုလားထိုင်မှာ ပြန်ထိုင်လိုက်သည်။

" လုလူကြီးမင်း၊ ယဲ့ဖန်ကို ဘယ်လိုထင်လဲ "

လုချွမ်ရှန်း ကောင်းကောင်းတောင် မထိုင်ရသေးခင်မှာဘဲ တစ်ဖက်မှ တုန်လှုပ်ချောက်ချားစရာကောင်းသော မေးခွန်းမေးသံကို ကြားလိုက်ရသည်။

" .......... ရိုးရိုးသားသားပြောရရင် သူ့အပေါ် အကောင်းမြင်တာမရှိဘူး "

သူက မတွေးဘဲ ပြန်ဖြေလိုက်သည်။

ဖန်းဟုန်ရှန်း မျက်ခုံးပင့်လိုက်သည်။

" ဘာလို့ အဲ့လိုပြောတာလဲ "

လုချွမ်ရှန်းက အထင်သေးဟန် ပြုံးလိုက်သည်။

" သူက အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးပေမယ့် အမြင်ကျဉ်းပြီး ညစ်ပတ်တဲ့ကိုယ်ပိုင်ဘဝရှိတယ်။ အတိုချုပ်ပြောရရင် သူက လုံးဝကို လူဆိုးတစ်ယောက်ပဲ "

ဖန်းဟုန်ရှန်း၏အမူအရာက ပို၍ပင် ဆိုးလာခဲ့သည်။

" သူက အောက်ခြေကနေ စခဲ့တယ်လို့ ကြားတယ်။ ခင်ဗျားပြောသလို တကယ်ဆိုးရင် ဒီနေ့လိုနေရာကို သူ ဘယ်လိုလုပ်ရောက်လာမှာလဲ "

လုချွမ်ရှန်းက ရယ်မောလိုက်သည်။

" သူ့မှာ တော်တဲ့လှည့်ကွက်တွေ ရှိတယ်ဆိုတာတော့ ကျွန်တော် ဝန်ခံပါတယ်။ အချိန်တိုအတွင်းမှာဘဲ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေက ကြာကြာခံမှာ မဟုတ်ဘူး "

ဖန်းဟုန်ရှန်းက ဟက်ခနဲရယ်လိုက်သည်။

" လုလူကြီးမင်းက သူ့ကို အရမ်းစိတ်ဆိုးနေပုံရတယ် "

လုချွမ်ရှန်းက သူ့အမူအရာသူ သတိမထားမိဘဲ ဆက်ပြောနေခဲ့သည်။

" တစ်ခုပဲပြောချင်တယ်။ ဟိုတလောက သူက ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီကို ဝယ်ခဲ့ပြီးတော့ တစ်ယောက်ကို ဒုဥက္ကဌ ရာထူးတိုးပေးလိုက်တယ်လေ။ သေသေချာချာ ပြောရမယ်ဆိုရင် အရည်အချင်းဖြစ်ဖြစ် အလုပ်အကိုင်စွမ်းရည်အရဆိုရင်တောင် ကျွန်တော်က အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်သင့်တာ "

" အသက်အရွယ်၊ အတွေ့အကြုံ၊ အရည်အချင်းပဲဖြစ်ဖြစ်၊ ရှုမန်ရဲ့ ဘယ်အပိုင်းက ကျွန်တော့်ထက် ပိုကောင်းနေလို့လဲ "

သူက ပြောပြီးသည်နှင့် အလွန်စိတ်လှုပ်ရှားသွားပြီးကာ စားပွဲခုံကို ကျယ်လောင်စွာ ဘန်းခနဲရိုက်လိုက်သည်။

ဖန်းဟုန်ရှန်းက မျက်မှောင်ကို ပိုကြုတ်လိုက်သည်။

" ကျွန်တော် အရင်က မိန်းကလေးရှုမန်နဲ့ အလုပ်ကိစ္စလုပ်ဖူးပါတယ်။ သူမက တော်တော်လေး စွမ်းတယ်။ ခင်ဗျားက ကိုယ့်ဘက်ကိုယ်ဘဲ အကောင်းမြင်နေတာ မဟုတ်ဘူးလား "

လုချွမ်ရှန်းက ချက်ချင်း လှောင်ပြောင်လိုက်သည်။

" ဥက္ကဌလည်း သူမရဲ့ အသွင်အပြင်ကြောင့် လှည့်စားခံခဲ့ရတာဘဲ။ အဲ့ဒီအမျိုးသမီးက ရှေ့ကိုရောက်ဖို့ ဘာမဆိုလုပ်မှာ "

" သူမက ယဲ့ဖန်ရဲ့ အိပ်ရာပေါ်ကို မတက်ထားဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဒုဥက္ကဌဖြစ်ဖို့ အရည်အချင်းပြည့်မီနိုင်မှာလဲ "

ဖန်းဟုန်ရှန်းက ကုလားထိုင်နောက်မှီကို ဖြည်းဖြည်းချင်း မှီလိုက်သည်။

" သူမက ယဲ့ဖန်နဲ့ မသင့်တော်တဲ့ဆက်ဆံရေးရှိတယ်လို့ ပြောတာလား။ သက်သေရောရှိလား "

လုချွမ်ရှန်းက သူ့လက်ကို ခါလိုက်သည်။

" မသိသာဘူးလား။ သက်သေတွေ လိုသေးလို့လား။ ကုမ္ပဏီက လူတွေတော်တော်များများကလည်း ဒါကို ပြောနေကြတာဘဲ။ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ဘူး "

ဖန်းဟုန်ရှန်း၏ မျက်နှာထားက မည်းမှောင်သွားသည်။

" လုလူကြီးမင်း၊ ကျွန်တော့်ဘက်က သေသေချာချာ စဉ်းစားပြီးပြီ။ ခင်ဗျားက ကျွန်တော်တို့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ မသင့်တော်ဘူး။ တခြားအလုပ်ရှာလိုက်တာ ကောင်းမယ်ထင်တယ် "

လုချွမ်ရှန်း၏ အစက စိတ်အားထက်သန်နေတဲ့ အမူအရာက ရုတ်တရက် အေးခဲသွားသည်။

" ဥက္ကဌဖန်း၊ ကျွန်တော် တစ်ခုခုမှားပြောမိလို့လား "

ဖန်းဟုန်ရှန်းက ဟက်ခနဲလုပ်လိုက်သည်။

" နစ်တော့မယ့်သင်္ဘောပေါ်ကနေ ခုန်ချဖို့ ရွေးချယ်ခဲ့တာကို နားလည်ပေးနိုင်ပေမဲ့ သက်သေမရှိဘဲ သူဌေးဟောင်းရဲ့ ကိုယ်ရေးကိုယ်တာဘဝကို စွပ်စွဲတာကတော့ သဘာဝမကျဘူး။ ခင်ဗျားလိုလူကို မမြှောက်စားရဲဘူး "

လုချွမ်ရှန်းက ချက်ချင်း ထိတ်လန့်သွားသည်။

" ဥက္ကဌဖန်း၊ တောင်းပန်ပါတယ်။ ခုနကပြောခဲ့တာတွေကို အတည်မယူပါနဲ့။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ...... "

ဖန်းဟုန်ရှန်းက သူ့ကို ဖြတ်ပြောလိုက်သည်။

" တောင်းပန်စရာ မလိုပါဘူး။ တောင်းပန်စရာ မလိုဘူး။ ကျွန်တော်တို့ရဲ့ နတ်ဘုရားဆောင်အသေးလေးနဲ့ ခင်ဗျားလို နတ်ဘုရားကြီးက မတန်ပါဘူး။ တခြားနေရာရှာတာက ပိုကောင်းပါတယ် "

လုချွန်ရှန်း ငိုမတတ် မျက်ရည်များဝဲနေသည်။

" ဥက္ကဌဖန်း၊ ဒါကို ဆွေးနွေးပြီးသားလေ။ ဒုန်းအန်းကနေ ကျွန်တော် အလုပ်ထွက်ပြီးပြီ။ အခု ဒီကပါ လက်မခံရင် ကျွန်တော်က ဘာလုပ်ရမှာလဲ "

ဖန်းဟုန်ရှန်းက ဟက်ခနဲအသံပြုလိုက်သည်။

" အဲ့လိုမှမဟုတ်တာ စာချုပ်မချုပ်ခင်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ ရွေးချယ်ပိုင်ခွင့်ရှိတာဘဲလေ "

" အခုတော့ ခင်ဗျားရဲ့ စရိုက်လက္ခဏာက တစ်ခုခုမှားနေတယ်လို့ ထင်တယ်။ ဖောက်သည်တွေကို ခင်ဗျားလိုလူနဲ့ လက်လွှဲပေးရမှာ အဆင်မပြေဘူး "

" ဥက္ကဌဖန်း ...... "

" ကျေးဇူးပြုထွက်သွားပေးပါ "

ဖန်းဟုန်ရှန်းက သူ့ကို အပိုစကားတွေ ပြောခွင့်မပေးဘဲ ထွက်သွားဖို့ တိုက်ရိုက် အမိန့်ပေးလိုက်သည်။

လုချွမ်ရှန်းလည်း ကြောင်အစွာဖြင့် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

သူ့ဦးနှောက်ကို ထုတ်ရှင်းရင်တောင် နားမလည်နိုင်ပေ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဘဲ သူ့ကို ချီးကျူးနေခဲ့တဲ့ ဥက္ကဌဖန်းက ဘာလို့ ရုတ်တရက်ကြီး တခြားလူတစ်ယောက်လို ဖြစ်သွားတာလဲ။

သူ့အတွက် အစိုးရိမ်ဆုံးကတော့ ဒုန်းအန်းကို ပြန်မသွားနိုင်တာဖြစ်သည်။

ချန်းဟုန်ကုမ္ပဏီကလည်း သူ့ကို မလိုချင်တော့ပေ။

သူ ဘယ်ကိုသွားသင့်လဲ။

...........................

တစ်ချိန်တည်းမှာဘဲ မိုးကြိုးအိမ်ခြံမြေကုမ္ပဏီ၏ ဌာနချုပ်တွင်။

ကျုံးဟိုင်ရှိ အိမ်ခြံမြေကုမ္ပဏီတစ်ခုအနေဖြင့် အရည်အချင်းရော နောက်ခံ နှစ်ခုလုံးတွင် ပြိုင်ဘက်ကင်းလေသည်။

လူ့စွမ်းအားအရင်းအမြစ်ဌာန အကြီးအကဲက ဥက္ကဌရုံးခန်းတံခါးကို စိတ်လှုပ်ရှားစွာဖြင့် တွန်းဖွင့်လိုက်သည်။

" ဥက္ကဌနင်း၊ လင်းယွမ်အိမ်ခြံမြေဘက်က ပြောင်းလာချင်တဲ့ ဝန်ထမ်းတစ်စုကို ကျွန်တော် အခုပဲ ဆက်သွယ်လိုက်ပါတယ်။ သဘောတူတာနဲ့ အချိန်မရွေး ခန့်လို့ရ ..... "

သူ့အစီရင်ခံချက် တစ်ဝက်တစ်ပျက်မှာဘဲ ဥက္ကဌနင်းကောင်းပင်းက မျက်နှာထား ရွှင်လန်းမနေတာကို တွေ့လိုက်ရသည်။

သူ ရုတ်တရက် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

အရင်တုန်းကတော့ ဥက္ကဌနင်းက လင်းယွမ်အိမ်ခြံမြေဘက်မှ ဝန်ထမ်းများကို ရသလောက် လိုချင်သည်ဟု ပြောခဲ့ဖူးသည်။

လင်းယွမ်အိမ်ခြံမြေမှ ၀န်ထမ်းများသည် အိမ်ခြံမြေလုပ်ငန်းတွင် သူတို့၏ အရည်အချင်းကြောင့် အတော်လေးနာမည်ကြီးကြသည်။

အလုပ်လုပ်နိုင်တဲ့ အရည်အချင်းရှိရုံသာမက အလုပ်ကြိုးစားပြီး စည်းကမ်းလည်းရှိကြသည်။

သို့သော် ဥက္ကဌနင်းရဲ့ လက်ရှိ အမူအရာအရ တစ်ခုခုတော့ မှားနေပြီဆိုတာကို သိလိုက်ရသည်။

နင်းကောင်းပင်းက သူ့ဖုန်းကို ပွတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

" ငါ စဉ်းစားပြီးပြီ။ လင်းယွမ်ဘက်က ပြောင်းလာတဲ့ဝန်ထမ်းတွေကို ငါ မငှားနိုင်ဘူး "

HR မန်နေဂျာ အံ့အားသင့်သွားသည်။

" ဥက္ကဌနင်း၊ ကျွန်တော်တို့က အခု ဌာနခွဲအသစ်ဖွင့်မှာ မဟုတ်ဘူးလား။ အခုအချိန်က ဝန်ထမ်းသစ်ခေါ်ရမှာဆိုတော့ လင်းယွမ်ဘက်က ပြောင်းလာတဲ့သူတွေက သေချာပေါက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ "

နင်းကောင်းပင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

" ပုစွန်ဦးနှောက်နဲ့ လူတစ်စုအတွက်နဲ့ ယဲ့ဖန်ကို မစော်ကားသင့်ဘူး "

HR မန်နေဂျာက နားမလည်သလို ကြည့်နေသည်။

ဒါက ယဲ့ဖန်နဲ့ ဘာဆိုင်လို့လဲ။

အပိုင်း ( ၄၀၃ )

ကြင်နာမှုကိုရော ဘယ်လိုပြန်ပေးဆပ်မှာလဲ

နင်းကောင်းပင်းက သူ့လက်အောက်ငယ်သား စိတ်ရှုပ်ထွေးနေတာကို မြင်ပြီး ချက်ချင်း ပြုံးလိုက်သည်။

" နျုံစစ်သွမ်းနဲ့ တိုက်ပွဲမှာ ယဲ့ဖန်က ပထမဆုံးအနေနဲ့ ချင်းဒါးကော်ပိုရေးရှင်းကို ဖြုတ်ချခဲ့ပြီးတော့ ဒီနေ့လည်း နျုံစစ်သွမ်းဘက်က ဆုံးရှုံးမှုအကြီးစားခံစားခဲ့ရတယ်လေ။ မတွေ့ဘူးလား "

HR မန်နေဂျာက ရှုပ်ထွေးနေဆဲဖြစ်သည်။

" ဘာကိုတွေ့ရမှာလဲ "

နင်းကောင်းပင်း သက်ပြင်းချလိုက်သည်။

" ဒီလူငယ်က ထင်သလောက် မရိုးရှင်းဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနည်းလမ်းတွေ ရှိနေတာ အံ့သြဖို့ကောင်းတယ် "

"သူက ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ပိုပေးရင် အနာဂတ်မှာ အကြီးစားသူဌေး ဖြစ်လာမှာ သေချာပါတယ်။"

"ဒီလိုလူကို မစော်ကားမိအောင် ငါတို့ အစွမ်းကုန် ကြိုးစားသင့်တယ်"

HR မန်နေဂျာက အနည်းငယ် စိုးရိမ်နေသေးသည်။

" ဒါပေမယ့် လင်းယွမ်အိမ်ခြံမြေက လူတွေအားလုံးက ထူးချွန်တဲ့သူတွေပါ။ ကျွန်တော်တို့ဘက်က မလိုချင်ဘူးဆိုရင် တခြားအိမ်ခြံမြေကုမ္ပဏီတွေက လိုချင်ကြပါလိမ့်မယ် "

နင်းကောင်းပင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" စိတ်မပူနဲ့။ မိုးကြိုးတန်းအိမ်ခြံမြေကတောင် လက်မခံရင် ဒီသစ္စာဖောက်တွေ သွားစရာမရှိဘူး "

ဥက္ကဌက စိတ်ပြတ်သားနေသဖြင့် လူ့စွမ်းအားအရင်းအမြစ်ဌာန(HR)ခေါင်းဆောင်ကလည်း ခေါင်းငြိမ့်ရုံသာ တတ်နိုင်တော့သည်။ သို့ပေမဲ့ သူ့စိတ်ထဲတွင်တော့ ထိုစကားကို သဘောမတူပေ။

ယဲ့ဖန်က အဲ့လောက် ကြီးမားတဲ့အနေအထားမျိုး ရှိမယ်လို့ သူ မယုံကြည်ခဲ့ပေ။

ကျုံးဟိုင်မှာ သူ့ကို စိန်ခေါ်ရဲတဲ့ ကုမ္ပဏီတစ်ခုလေးတောင် မရှိတာ ဖြစ်နိုင်ပါ့မလား။

အနည်းဆုံးတော့ နျုံစစ်သွမ်းနဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေက အဲ့လူတွေကို တံခါးဖွင့်ပေးလိမ့်မည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဥက္ကဌနင်း ပြောတာ မှန်နေခဲ့သည်။

ကျုံးဟိုင်ရှိ ကုမ္ပဏီကြီး အားလုံးက အချိတ်အဆက်မလုပ်ထား မညှိနှိုင်းထားပေမဲ့ စည်းကမ်းချက်တစ်ခုကို ချမှတ်ခဲ့သည်။

ယဲ့ဖန်ကုမ္ပဏီကို သစ္စာဖောက်ခဲ့သူတိုင်းအား ဘယ်သူကမှ လက်မခံကြပေ။

ကုမ္ပဏီအသစ်တွင် ဝင်ပြီးသားသူအချို့ကိုပင် အကြောင်းအမျိုးမျိုးပြကာ အလုပ်ထုတ်ခဲ့ကြသည်။

နျုံစစ်သွမ်းနဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေတောင်မှ ထိုကဲ့သို့ လုပ်ခဲ့ကြသည်။

ဒါက တုန်လှုပ်စရာကောင်းလေသည်။

အခု သူတို့ဘက်မှ စတင်ဆုတ်ခွာသွားကြသည်မှာ ထင်ရှားသည်။

သူတို့က ယဲ့ဖန်ကို သိပ်ပြီး မစော်ကားချင်ကြတော့ပေ။

ယဲ့ဖန်က တကယ်ဘဲ ဒီစီးပွားရေးလောကကြီးကို နှစ်ထောင်ပေါင်းများစွာကြာအောင် အုပ်စိုးတော့မှာလား။

ဒါတွေအားလုံးက ယဲ့ဖန် မျှော်လင့်ပြီးသားဖြစ်သည်။

ကိတ်မုန့်ပေါ်တွင် ရေခဲထည့်ကာ ဒဏ်ရာကို ဆားသိပ်တတ်တာက လူ့သဘာဝဖြစ်သည်။

သူသာ နျုံစစ်သွမ်းနဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့လျှင် သူ အခု ကြုံတွေ့နေရတဲ့ အရာတွေက လုံးဝ ကွဲပြားသွားလိမ့်မည်။

ဒါပေမယ့် သူအနိုင်ရရင်တော့ ဒီလူတွေက သူ့ကို စိတ်ကျေနပ်အောင် အစွမ်းကုန် ကြိုးစားကြလိမ့်မည်။

" ယဲ့ဖန်၊ ရှင်မသိလို့ ကုမ္ပဏီကလူတွေက အခုအရမ်းစိတ်အားထက်သန်ပြီး ပျော်နေကြတယ်။ သူတို့အားလုံး အရမ်းကံကောင်းတယ်။ ကံကောင်းလို့ အဲ့ဒီတုန်းက စိတ်မလျှော့ခဲ့ကြတာ ....... "

ချန်းရွှမ်က ချက်ချင်း ဖုန်းဆက်လေသည်။

ဒီကာလအတွင်းမှာ သူမက မထင်မှတ်ထားအောင် ကြီးမားတဲ့ ဖိအားတွေ ကြုံခဲ့ရတာကြောင့် သူမ၏ ရယ်သံကိုပင် ကြားဖို့ အတော်လေးရှားလေသည်။

" သစ္စာဖောက်တွေအတွက် ကောင်းမွန်တဲ့အဆုံးသတ်မရှိဘူးဆိုတာကို အမှန်တရားတွေ သက်သေပြခဲ့တာပဲ "

ယဲ့ဖန်က အခု အတော်လေး စိတ်ကောင်းဝင်နေသည်။

" အလုပ်ကထွက်ပြီး ပြန်လာချင်တဲ့သူတွေ အများကြီးရှိတယ်။ အဲ့လူတွေက တော်တော်လေးလည်း အရည်အချင်းရှိကြတော့ ကျွန်မ နည်းနည်း တွေဝေနေတာ။ အဲ့တာကို ရှင် ဘယ်လိုထင်လဲ "

ချန်းရွှမ်က ချီတုံချတုံဖြင့် မေးသည်။

" ပြောချင်တဲ့ စကားကတော့ တစ်ခွန်းပဲရှိတယ်။ မကောင်းတဲ့သူကို ကရုဏာထားပြီး ဆက်ဆံပေးရင် ကရုဏာနဲ့ ပြည့်ဝပြီးသားသူတွေကို ဘယ်လိုပြန်ပေးဆပ်မှာလဲ "

ယဲ့ဖန်၏ အသံက သတ်ဖြတ်လိုသံ အပြည့်ဖြစ်နေသည်။

ချန်းရွှမ် ချက်ချင်း နားလည်သွားသည်။

" ကျွန်မ နားလည်ပါပြီ။ တကယ်ဆို အဲ့ဒီသစ္စာဖောက်တွေကို လက်ခံလိုက်ရင် ကျန်နေခဲ့တဲ့ ဝန်ထမ်းတွေအတွက် မတရားတော့ဘူး "

ယဲ့ဖန်က ကျေနပ်စွာ ပြုံးလိုက်သည်။

" သစ္စာဖောက်တွေကို အပြစ်ပေးရမယ်။ သစ္စာရှိတဲ့ သူတွေကိုတော့ ဆုချရမယ်။ ကျန်ခဲ့တဲ့ ဝန်ထမ်းတွေကို သူတို့ရသင့်တဲ့ ဘောနပ်စ်ငွေကို ၂ဆတိုးပေးလိုက်။ တိုးပေးရမယ့်ငွေတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်အကောင့်ထဲကနေ ထုတ်ပေးမယ် "

ချန်းရွှမ်လည်း ရယ်လိုက်သည်။

" သူဌေးကြီးက အရမ်းကိုရက်ရောနေမှတော့ ကျွန်မလည်း စေတနာထားပေးရမှာပေါ့။ ကျွန်မ သူတို့ကို ဘောနပ်စ်သုံးဆ ပေးလိုက်မယ်။ တစ်ဆစာကို ကျွန်မကိုယ်ပိုင်အကောင့်ထဲကပေးမယ်။ ဟားဟားဟားဟား "

ချန်းရွှမ်နှင့် ဖုန်းပြောပြီးတဲ့နောက် သူ့ရဲ့ ကျန်တဲ့ကုမ္ပဏီတွေကလည်း ထိုကိစ္စနဲ့ဆက်စပ်ပြီး ပြောကြသည်။

အရင်က ဘက်ပြောင်းသွားတဲ့သူတွေ ပြန်လာချင်နေကြသည်။

ယဲ့ဖန်က အားလုံးကို ချန်းရွှမ်အား ပြောလိုက်သည်နှင့် တစ်ပုံစံတည်း ပြန်ဖြေပေးသည်။

ဘာလို့ မကောင်းတဲ့သူတွေကို ကြင်နာပေးနေရမှာလဲ။

သူ့ကို သစ္စာဖောက်တဲ့သူတွေကို သူ့ကုမ္ပဏီထဲ ဘယ်တော့မှ ဝင်ခွင့်ပေးမည် မဟုတ်ပေ။

ပြီးတော့ အကျပ်အတည်းကာလမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တဲ့ ဝန်ထမ်းတွေကိုတော့ အကောင်းဆုံး ဆုချပေးရမည်။

ထို့ကြောင့် တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်လက်အောက်ရှိ ကုမ္ပဏီအားလုံးက မကြုံစဖူး စည်းလုံးညီညွတ်မှု အပြည့်ဖြစ်သွားခဲ့သည်။

အားလုံး၏ စိတ်ဓာတ်ကို မထင်မှတ်ဘဲ မြှင့်တင်နိုင်ခဲ့သည်။

.......................

တစ်ဖက်တွင် နျုံစစ်သွမ်းက တစ်နေကုန် စာကြည့်ခန်းထဲမှာဘဲ နေနေခဲ့သည်။

အထဲမှာ သူဘာတွေလုပ်နေလဲဆိုတာ ဘယ်သူမှမသိပေ။

သို့သော် သူက သေချာပေါက် အိပ်မနေဘဲ အစီအစဥ်ကြီးတစ်ခု ရေးဆွဲနေခဲ့သည်။

နောက်တစ်နေ့မှာတော့ သူက စာကြည့်ခန်းထဲမှ ထွက်လာပြီး ပင်မအဖွဲ့ဝင်အားလုံးကို စုရုံးစေခဲ့သည်။

" ဒီအတောအတွင်း ငါ ယဲ့ဖန်ကို လျှော့တွက်ခဲ့မိတယ်။ သူက ငါ ထင်ထားတာထက် အများကြီး ပိုသန်မာတယ် "

အဲ့တာက နျုံစစ်သွမ်း ပထမဆုံးပြောတဲ့အရာ ဖြစ်သည်။

လူတိုင်း အံ့သြသွားကြသည်။

နျုံစစ်သွမ်းပါးစပ်ကနေ ကိုယ်တိုင် သန်မာတယ်လို့ ပြောထွက်အောင် လုပ်နိုင်တဲ့သူတွေ အများကြီး မရှိလောက်ဘူး မဟုတ်လား။

အခုတော့ သူက ယဲ့ဖန်ရဲ့အင်အားကို လျှော့တွက်ခဲ့ကြောင်း တကယ်ကြီး ဝန်ခံသွားခဲ့သည်။

ဒါက ယဲ့ဖန်အတွက် အကြီးမားဆုံး ဆုလာဘ်တစ်ခုဖြစ်မှာ သေချာသည်။

နျုံစစ်သွမ်းက အားလုံးကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။

" အစောပိုင်းမှာ ငါအမှားလုပ်ခဲ့မိတာ။ ငါ ယဲ့ဖန်ကို ထိပ်တိုက် တိုက်ခိုက်ဖို့ တွေးနေခဲ့ပေမယ့် ပြဿနာတစ်ခုကို လျစ်လျူရှုခဲ့မိတယ်။ ငါတို့က မတူညီတဲ့ နေရာတစ်ခုမှာ တိုက်ပွဲဝင်နေတာဘဲ။ ဒါက ငါတို့ရဲ့ အဓိက စစ်မြေပြင် မဟုတ်ဘူး။ သူနဲ့ ထိပ်တိုက် ရင်ဆိုင်နေရင် ငါတို့ဘက်က ဘာအသာစီးမှ ရမှာမဟုတ်ဘူး ........... "

အားလုံးက သူ အခြေအနေခွဲခြမ်းစိတ်ဖြာနေတာကို နားထောင်ပြီး ခေါင်းငြိမ့် သဘောတူကြသည်။

" အဲ့တာကြောင့် ငါတို့ရဲ့ နည်းဗျူဟာကို ပြောင်းလဲဖို့ လိုတယ်။ ယဲ့ဖန်က ခွဲဖို့ခက်တဲ့ အခွံမာသီးဆိုတော့ ငါတို့က သူ့ကုမ္ပဏီတွေကိုဘဲ သေချာ ပစ်မှတ်ထားပြီး သူတို့ကို တစ်ခုချင်းစီ ဖျက်ဆီးပစ်ရမယ် "

ထိုစကားကိုကြားပြီး လူတိုင်းက သူတို့ရဲ့ သဘောထားကို ထုတ်ပြောလာကြသည်။

" နျုံလူကြီးမင်း၊ ဘာလုပ်ချင်လဲဆိုတာ ပြောလိုက်ပါ။ ကျွန်တော်တို့က အားလုံး လိုက်နာပါ့မယ် "

" ဟုတ်တယ်။ ပထမနှစ်ကြိမ်တုန်းက ကျွန်တော်တို့ဘက်က အရမ်းသတိမထားမိတာကြောင့် သူက ကျွန်တော်တို့ကို အခွင့်ကောင်းယူခဲ့တာပါ။ သေချာပေါက် သူ့ကို အခွင့်အရေး ထပ်မပေးတော့ဘူး "

" ငါတို့က သူတို့ကို တစ်ခုချင်းစီ တိုက်ခိုက်သင့်တယ်။ ယဲ့ဖန်ကို ကိုင်တွယ်ရတာ မလွယ်ပေမယ့် သူ့လက်အောက်ငယ်သားတွေကိုတော့ ကိစ္စဖြတ်ဖို့က မခက်ပါဘူး "

" ယဲ့ဖန်ဆိုတဲ့ကောင်က ငါတို့ကို ကံကောင်းလို့ အခွင့်ကောင်းယူနိုင်ခဲ့တာ။ ဒါမျိုး ထပ်ဖြစ်မယ်ထင်နေလား "

" သူ့ကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ ....... "

နျုံစစ်သွမ်းက လူတိုင်းရဲ့ သဘောထားတွေကို အလွန်ကျေနပ်နေသည်။

" အားလုံး သဘောတူတယ်ဆိုရင် ငါ့ရဲ့အတွေးတွေကို အရင် စပြောမယ် ..... "

အပိုင်း ( ၄၀၄ )

'ဆောင်းဦးလေ'မဟာမိတ်စုကြီး ဖွဲ့စည်းခြင်း

" ရန်သူရဲ့ ရန်သူက မိတ်ဆွေဆိုတဲ့ ဆိုရိုးစကားအတိုင်း ယဲ့ဖန်ရဲ့ အပြိုင်ကုမ္ပဏီတွေကို ပံ့ပိုးပြီး သူတို့က ငါတို့အတွက် အလုပ်လုပ်အောင် လုပ်ရမယ် ...... "

နျုံစစ်သွမ်းက ရှင်းပြရင်း စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။

" မနေ့က ယဲ့ဖန်ရဲ့ လုပ်ငန်းတွေကို တစ်နေကုန် လေ့လာခဲ့တယ်။ ဒါက သူတို့ရင်ဆိုင်နေရတဲ့ အဓိက ပြိုင်ဘက်တွေကို စာရင်းပြုစုထားတယ်။ အရင်ကြည့်လိုက်ကြ "

သူက ပြောသည့်အတိုင်း စာရင်းကို လူတိုင်းဆီ ပေးလိုက်သည်။

အားလုံးကလည်း နာမည်စာရင်းကို ယူပြီး ကြည့်ကြသည်။

စာရင်းပြုစုထားသော ကုမ္ပဏီများသည် အမည်များသာမက အဆိုပါကုမ္ပဏီများ၏ အဓိကစီးပွားရေးလုပ်ငန်းများနှင့် အားသာချက်များလည်း ပါနေကြောင်း တွေ့လိုက်ရသည်။

ထိုကုမ္ပဏီများ၏ အဓိကခေါင်းဆောင်တွေတောင်မှ ပါဝင်သေးသည်။ ထိုလူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဝါသနာ၊ အားနည်းချက်များနှင့် လူမှုဆက်ဆံရေးတွေကိုပင် အသေးစိတ်ကျကျ ရေးသားထားသည်။

လူတိုင်းက နျုံစစ်သွမ်းကို လေးစားသွားကြသည်။

မျှော်လင့်ထားသည့်အတိုင်း သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ စီးပွားရေးဖခင်ကြီးဖြစ်လာခြင်းမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ နည်းလမ်းတွေကြောင့်ဖြစ်မည်။

ဒီအချက်အလက်တွေချည်းတင် ရွှေထောင်ချီတန်ဖိုးရှိသည်။

နျုံစစ်သွမ်းက ထပ်မပြောခင် အားလုံးဖတ်လို့ပြီးအောင် စောင့်ပေးခဲ့သည်။

" မင်းတို့ရဲ့ လက်ရှိတာဝန်က ဒီကုမ္ပဏီတွေကို ဆက်သွယ်မဟာမိတ်ဖွဲ့ပြီး ယဲ့ဖန်ဘက်ကို ဆန့်ကျင်အောင် ကြိုးစားရမှာဘဲ "

" ဒါဆို ဒီမဟာမိတ်ကို ဘယ်လိုခေါ်ကြမလဲ "

တစ်ယောက်ယောက်က မေးလိုက်သည်။

နျုံစစ်သွမ်းက ခဏလောက် စဉ်းစားလိုက်သည်။

" ဆောင်းဦးလေက သစ်ရွက်ကြွေ ဖယ်ထုတ်ပစ်တယ်လို့ အဆိုရှိတယ်မလား။ ဒါက ယဲ့ဖန်ကိုဆန့်ကျင်ကြမယ့် မဟာမိတ်ဖြစ်တော့ 'ဆောင်းဦးလေ'လို့ ခေါ်ကြတာပေါ့ "

အားလုံးက သဘောတူပြီး ခေါင်းငြိမ့်ကြသည်။

" 'ဆောင်းဦးလေ'ဆိုတာက ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ဒီမဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင်က နျုံလူကြီးမင်းကလွဲပြီး တခြားဘယ်သူရှိဦးမှာလဲ "

" ငါတို့'ဆောင်းဦးလေ'ကို တည်ထောင်လိုက်တာနဲ့ အဲ့တာက ယဲ့ဖန်ရဲ့ ကံကြမ္မာဆိုးကြီး ဖြစ်လာလိမ့်မယ် "

" ဒီတစ်ခါတော့ သူ့အသက်ရှူဖို့တောင် အခွင့်အရေး မပေးနိုင်ဘူး။ ငါတို့ သူ့ကို တစ်ချက်တည်းနဲ့ သတ်ရမယ် "

" ပြီးခဲ့တဲ့ နှစ်ကြိမ်တုန်းက နျုံလူကြီးမင်းက သူ့ရဲ့မိုက်မဲတဲ့အသင်းဖော်တွေကြောင့် ခံလိုက်ရတာ။ ဒီတစ်ခါတော့ သူ ကိုယ်တိုင်ရှေ့ထွက်လာမှတော့ ယဲ့ဖန်အတွက် ပြေးပေါက်တောင်ရှိမှာ မဟုတ်ဘူး "

" နျုံလူကြီးမင်းအတွက် တိုက်ပွဲဝင်ပေးဖို့ အသင့်ပဲ "

နျုံစစ်သွမ်းက လူတိုင်းရဲ့ သဘောထားကို အလွန်ကျေနပ်နေသည်။

" ကောင်းပြီ၊ ဒါဆို အားလုံး အမှားအယွင်းမရှိအောင် သေချာစီစဉ်သင့်တယ် "

ထိုသို့ပြောပြီး သူက လှည့်ထွက်သွားသည်။

.......................................

နျုံစစ်သွမ်း၏ မျက်လုံးများက တောက်ပလာသည်။

" သူဘာပြောလဲ "

လက်အောက်ငယ်သားက ချက်ချင်းပြန်ဖြေသည်။

" ဆရာကြီးကွန်းက မိုကုန်းဆီကနေ သတင်းရထားပြီးပါပြီ။ မိုချောင်းရှန်းက တကယ်ပဲ သူ့သားကို အသက်ကယ်နိုင်ဖို့ အထောက်အထားတွေ ချန်ထားခဲ့ပါတယ်။ အဲ့တာတွေက ကျွန်တော်တို့ ဖုလီအုပ်စုအတွက် အတော်လေးလွန်ဆိုးရွားပါတယ်တဲ့ "

နျုံစစ်သွမ်း၏ အမူအရာက အေးစက်သွားသည်။

" ဒီမိုချောင်းရှန်းကို ငါ ကောင်းကောင်း ဆက်ဆံပေးခဲ့ပေမဲ့ ငါ့အပေါ် ဒီလိုလှည့်ကွက်တွေ ပြင်ထားမယ်လို့ မမျှော်လင့်ထားဘူး။ ဘာအထောက်အထားတွေလို့ ပြောလဲ "

လက်အောက်ငယ်သားက ချက်ချင်း ခေါင်းယမ်းလိုက်သည်။

" ဆရာကြီးကွန်း ပြောတာကတော့ မိုကုန်းက အထောက်အထားတွေ ပြဖို့ငြင်းပါတယ်တဲ့။ ဒီအထောက်အထားတွေ ပေါ်သွားတာနဲ့ ဖုလီအုပ်စုက သေချာပေါက် ဒုက္ခရောက်ပါလိမ့်မယ်လို့ ပြောပါတယ် "

နျုံစစ်သွမ်း၏အမူအရာက ပိုဆိုးလာသည်။

" ငါ့ကို မပြောဘူးဆိုမှတော့ အထဲမှာတင် ပုပ်သွားအောင် လုပ်ပေးရမှာပေါ့ "

လက်အောက်ငယ်သားက ချက်ချင်း သဘောပေါက်သွားသည်။

" သူဌေးရဲ့အမိန့်ကို ဆရာကြီးကွန်းဆီ သတင်းပို့လိုက်ပါမယ် "

နျုံစစ်သွမ်းက ခေါင်းငြိမ့်သည်။

" သူ အကုန်ရှင်းအောင် သေချာလုပ်ဖို့ပြောလိုက်။ သက်သေမကျန်စေနဲ့ "

" ဟုတ်ကဲ့ပါ၊ သူဌေး "

ထိုလက်အောက်ငယ်သားက ပြောပြီး ထွက်သွားသည်။

နျုံစစ်သွမ်းသည် အဝေးမှရေကန်ကို လှမ်းကြည့်ရင်း သူ့မျက်လုံးတွေထဲတွင် လူသတ်လိုစိတ်ဖြစ်နေသည့် အရိပ်အပြည့်ရှိနေသည်။

' ယဲ့ဖန်၊ မင်း ရက်နည်းနည်းလောက်တော့ ထပ်ရှင်နေလိုက်ဦး '

' မိုကုန်းကို ရှင်းပြီးတဲ့အထိ စောင့်လိုက် '

' ပြီးတာနဲ့ မင်းဘဲ '

...................................

" ညီလေးမိုကုန်း မင်းဘာတွေတွေးနေတာလဲ "

ကျုံးဟိုင်ထိန်းသိမ်းရေးစခန်း၏ ကွင်းပြင်တွင်ဖြစ်သည်။

ဒီနေရာတွင် အကျဉ်းသားတွေအတွက် နေ့လယ်ခင်းတိုင်း အားလပ်ချိန် တစ်နာရီပေးထားသည်။

ကျန်းပင်းကွန်းက ကွင်းပြင်အစွန်းတွင် ထိုင်နေသော မိုကုန်းဆီသို့ လျှောက်သွားပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။

မိုကုန်း လှည့်ကြည့်ကာ ပြုံးလိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ ဒီရက်ပိုင်းအတွင်းမှာဘဲ ပြစ်ဒဏ်စီရင်ချက်ကျတော့မှာ။ ကျွန်တော်တို့ ထပ်ပြီး ပြန်တွေ့ဖို့တောင် မလွယ်လောက်ဘူး "

မနေ့က ကျန်းပင်းကွန်း ထိန်းသိမ်းရေးစခန်းထဲကို ဝင်လာတဲ့အခါ မိုကုန်း သူ့ကို သတိထားနေခဲ့ရသည်။

ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းချခံထားရစဉ်အတွင်း သူ၏ ချောမောသောအသွင်အပြင်ကြောင့် အကြိမ်ပေါင်းများစွာ မတရားကျင့်ခံရဖူးသည်။

ဘာမှမတတ်နိုင်တာကြောင့် သူ့ကံကြမ္မာကို တွန်းလှန်နိုင်ခြင်းမရှိဘဲ လက်ခံခဲ့ရသည်။

မနေ့ညက သူ့ကို သန်မာတဲ့လူတစ်ယောက်က ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားသည်။

သို့သော် ထိုအချိန်မှာဘဲ ကျန်းပင်းကွန်းက ပေါ်လာသည်။

ထိုခပ်ထွားထွားနဲ့လူကို ရိုက်နှက်ပြီးနောက် သူက မောင်းထုတ်လိုက်သည်။

" မိုကုန်းက ငါ့ညီ။ တစ်ယောက်ယောက်ကများ သူ့ကို ထပ်ပြီး အနိုင်ကျင့်ရင် ငါ့လက်သီးကို အရင်မြည်းရမယ် "

မိုကုန်း ငိုမိမတတ်ပင် ဖြစ်သွားရသည်။

ဒီအတောအတွင်းမှာ နွေးထွေးမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာဖြစ်သည်။

စိတ်လှုပ်ရှားနေပြီး သွေးပူနေတာကြောင့် မိုကုန်းက ကျန်းပင်းကွန်းကို လျှို့ဝှက်ချက်များစွာ ထုတ်ဖော်ပြောပြခဲ့သည်။

ထို့အပြင် သူက ကျန်းပင်းကွန်းကို အားကိုးယုံကြည်နိုင်သော သူငယ်ချင်းတစ်ယောက်အဖြစ် ဆက်ဆံခဲ့သည်။

ကျန်းပင်းကွန်းကလည်း သူ့ကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံသည်။

ကျန်းပင်းကွန်းက တကယ်ကို မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သည်။

ကျန်းပင်းကွန်းက ပတ်ပတ်လည်ကို အရိပ်အခြေ ကြည့်လိုက်ပြီး ရုတ်တရက် အသံတိုးတိုးဖြင့်ပြောသည်။

" တကယ်တော့ မင်းလွတ်မြောက်နိုင်ဖို့ ငါကူညီပေးနိုင်တဲ့ နည်းလမ်းရှိတယ် "

မိုကုန်း၏ မျက်လုံးများ တောက်ပလာသည်။

" တကယ်လား "

ကျန်းပင်းကွန်းက ရယ်လိုက်သည်။

" မင်း ငါ့ကိုမယုံတာ ဖြစ်သင့်ပေမယ့် နျုံလူကြီးမင်းကိုရော မယုံဘူးလား။ ဒီကမ္ဘာမှာ သူ မလုပ်နိုင်တာတစ်ခုမှမရှိဘူး "

မိုကုန်းက ကျန်းပင်းကွန်း၏လက်ကို အမြန်ဆွဲလိုက်သည်။

" အစ်ကိုကွန်း၊ မင်း ငါ့ကို လွတ်မြောက်အောင် ကူညီပေးသရွေ့ ဘာမဆို လုပ်ပေးပါ့မယ် "

ကျန်းပင်းကွန်းက သူ့တင်ပါးကို တစ်ချက်ကြည့်လိုက်သည်။

" ဘာပဲဖြစ်ဖြစ်လား "

မိုကုန်းလည်း မသိစိတ်ကနေ သူ့တင်ပါးကို လက်ဖြင့်ကာလိုက်သည်။

" ဘာ ........ ဘာလိုချင်လို့လဲ "

ကျန်းပင်းကွန်းက ချက်ချင်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

" မင်း အတွေးလွန်နေတာပဲ။ ငါ့မှာ အဲ့လိုဝါသနာ မရှိဘူး။ ငါလိုချင်တာတစ်ခုတည်းပဲ "

မိုကုန်းက အမြန် ခေါင်းငြိမ့်လိုက်သည်။

" ပြောပါ။ ကျွန်တော်မှာ ရှိတဲ့ဟာဆို အစ်ကို့ကို သေချာပေါက်ပေးပါ့မယ် "

ကျန်းပင်းကွန်းက မျက်လုံးပြူးသွားသည်။

" ဒါဆို မင်းအဖေက မင်းကိုပေးခဲ့တဲ့ ဖုလီအုပ်စုရဲ့ အချက်အလက်တွေကို ငါ့ကို ပေးပါ။ ငါ မင်းကိုချက်ချင်း လွတ်အောင်ကူညီပေးမယ် "

မိုကုန်း၏ အမူအရာတွေက ပြောင်းသွားပြီး သူ့အကြည့်တွေကလည်းပြောင်းသွားသည်။

" ဘာသက်သေတွေလဲ။ ကျွန်တော်က နောက်နေတာပါ "

ကျန်းပင်းကွန်းက သူ့လက်ကို မိုကုန်းပုခုံးပေါ် တင်လိုက်သည်။

" ငါ့မှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ နျုံစစ်သွမ်းက အရမ်းသံသယဖြစ်စရာကောင်းတာကို မင်းလည်းသိတယ်။ သူ့အတွက် အလုပ်လုပ်ပေးနေရတဲ့သူတွေက အချိန်မရွေး နှုတ်ပိတ်ခံရနိုင်တယ်။ အဲ့တာကြောင့် ဘေးကင်းအောင် တစ်ခုခုတော့ ဆောင်ထားဖို့လိုတယ်။ ညီလေး ငါ့ကို ကူညီပါ "

မိုကုန်းက မတုန်မလှုပ်နဲ့ ခေါင်းကို ဆက်ပြီးခါနေသည်။

" ဖုလီအုပ်စုနဲ့ ပတ်သက်ပြီး ဘာမှမရှိပါဘူး။ အစ်ကိုကွန်း ၊ ဒါကိုတော့ ကျွန်တော် တကယ်ကို မကူညီနိုင်ဘူး "

ကျန်းပင်းကွန်းက မျက်လုံးကိုမှေးလိုက်ပြီး အကြည့်တွေက အေးစက်မှုတွေ ပြည့်နှက်သွားသည်။

All Chapters