အပိုင်း ၄၀၅-၄၀၈
Vol. 21 Ch. 405-408
အပိုင်း ( ၄၀၅ )
ကြင်ယာတော်ဧကရီချင်းရှီတောင် မင်းလောက် မချုပ်ချယ်ဘူး
ကျန်းပင်းကွန်း၏ မျက်လုံးထဲမှာ လူသတ်ချင်စိတ်က အတော်လေး ပြင်းထန်နေသည်။
" ဟားဟား၊ ညီလေးမိုကုန်းက မပြောပြချင်ဘူးဆိုမှတော့ ဘယ်တုန်းကမှ မမေးခဲ့ဘူးလို့ဘဲ သတ်မှတ်လိုက်ပါ "
စကားပြောနေရင်းနဲ့ ကျန်းပင်းကွန်းက မိုကုန်းရဲ့လက်ထဲကို တစ်ခုခု တိတ်တိတ်ကလေး ထည့်ပေးလိုက်သည်။
" ဒါကို ငါ ခိုးယူလာခဲ့တယ်။ ဘယ်သူမှမရှိတဲ့နေရာကို ရှာပြီး စားလိုက်။ ဘယ်သူမှ မမြင်စေနဲ့ "
မိုကုန်းက သူ့လက်ထဲကို ကြည့်လိုက်တော့ ဝက်အူချောင်းကို တွေ့လိုက်ရသည်။
အရင်တုန်းကဆိုရင် ဒီလိုအပေါစားဆန်တဲ့ အစားအစာတွေကို လှည့်တောင် မကြည့်ခဲ့ပေ။
သို့သော် ထိန်းသိမ်းရေးစခန်းမှ အစားအစာတွေက ဝက်စာကဲ့သို့ ဆိုးရွားလေသည်။
ဝင်လာကတည်းက ဒီလို အသားမျိုးကို မတွေ့ရတာကြာပြီဖြစ်သည်။
သူ့အတွက် ဒီဝက်အူချောင်းက ကမ္ဘာပေါ်မှာရှိသမျှ အစားအစာတွေအားလုံးထက် ပိုဆွဲဆောင်မှုရှိနေလေသည်။
" ကျေးဇူးတင်ပါတယ် အစ်ကိုကြီး "
မိုကုန်းက ကျန်းပင်းကွန်းကို ကျေးဇူးတင်လိုက်သည်။
ထို့နောက် လွတ်နေသော ထောင့်တစ်နေရာသို့ ပြေးသွားခဲ့သည်။
ကျန်းပင်းကွန်းက သူ့နောက်ကျောကို ကြည့်ပြီး ပါးစပ်ထောင့်ကနေ အေးစက်တဲ့ အပြုံးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
' မင်းက ငါ့ကိုမပြောချင်ဘူးဆိုမှတော့ မင်းရဲ့လျှို့ဝှက်ချက်နဲ့အတူတူ ငရဲကိုသွားလိုက်တော့ '
ထို့နောက် ကျန်းပင်းကွန်းက ချက်ချင်းလှည့်ပြီး ထွက်သွားလေသည်။
တစ်ဖက်တွင် မိုကုန်းက လူပြတ်တဲ့ ထောင့်တစ်နေရာကို ရှာတွေ့သွားသည်။
သူက အရင်ဆုံး ပတ်ပတ်လည်ကို လှည့်ကြည့်သည်။
ဘယ်သူကမှ သူ့ကို အာရုံစိုက်မနေဘူးဆိုတာကို သိလိုက်ရတော့ ဝက်အူချောင်းထုပ်ကို ချက်ချင်း ဖွင့်လိုက်သည်။
အထုပ်တစ်ဝက်လောက် ဖွင့်ပြီးတာနဲ့ သူ့ပါးစပ်ထောင့်ကနေ သွားရည်တွေ စီးကျလာသည်။
ကျန်းပင်းကွန်းအပေါ် ဖော်မပြတတ်အောင် ကျေးဇူးတင်မိသည်။
သူ့အဖေ မသေခင် ထပ်ခါတလဲလဲသတိပေးထားခဲ့တာကြောင့်သာ မဟုတ်ရင် လျှို့ဝှက်သက်သေတွေကို ကျန်းပင်းကွန်းအား အမှန်တိုင်း ပြောပြချင်ပါသည်။
" ကျန်းပင်းကွန်းရဲ့ စေတနာလို့ပဲ သဘောထားလိုက်တာပေါ့ "
မိုကုန်းက အဲ့လို စဉ်းစားနေချိန်မှာဘဲ အနက်ရောင်အရိပ်တစ်ခုက သူ့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
" ညောင် ....... "
မိုကုန်း လန့်ဖျပ်သွားသည်။
သတိပြန်ဝင်လာတော့ သူ့လက်ထဲက ဝက်အူချောင်း ပျောက်သွားတာကို ရုတ်တရက် သိလိုက်ရသည်။
လှည့်ကြည့်လိုက်တဲ့အခါ ပါးစပ်ထဲမှာ ဝက်အူချောင်းကို ကိုက်ထားတဲ့ တောကြောင်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုကြောင်က ဝှီးခနဲ ခေါင်မိုးပေါ်သို့ ခုန်တက်သွားသည်။
မိုကုန်း ဒေါသ ထောင်းခနဲထွက်သွားသည်။
သို့သော် အသံမထွက်ရဲပေ။
အခြားသူများကို အသိပေးသလို ဖြစ်သွားမည်ကို ကြောက်နေရသည်။
သူ့စိတ်ထဲတွင်သာ တိတ်တိတ်လေး ကျိန်ဆဲနေရသည်။
ကျိန်ဆဲနေချိန်မှာဘဲ မယုံနိုင်စရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
တောကြောင်ကြီးက ခေါင်မိုးပေါ်ကနေ ရုတ်တရက် ပြုတ်ကျလာသည်။
ဘုတ်
အလောင်းက သူ့ရှေ့မှာ ပြုတ်ကျသွားလာပြီး ကြောင်၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေသေးကာ ပါးစပ်မှ အဖြူရောင်အမြှုပ်များ ထွက်ကျလာသည်။
အဖြူရောင်အမြှုပ်များကြားတွင် ဝက်အူချောင်းအသားစများလည်း ရှိနေသည်။
" ချီး "
မိုကုန်း အံ့သြသွားသည်။
ဒီဝက်အူချောင်းက အဆိပ်ရှိတာဘဲ။
ထိုအတွေးပေါ်လာတာနဲ့ သူ ကြောက်ဒူးတုန်သွားခဲ့ရသည်။
ကျန်းပင်းကွန်းက သူ့ကိုသတ်ချင်နေတာ။
တောကြောင်က သူ့ဝက်အူချောင်းကို ယူသွားတာသာမဟုတ်ရင် ပါးစပ်ထဲကနေ အမြှုပ်ထွက်နေပြီး မြေကြီးပေါ်မှာ လဲနေတဲ့သူက သူဖြစ်သွားလိမ့်မည်။
အဲ့တာကို တွေးမိပြီး မိုကုန်း ငြိမ်သက်သွားခဲ့သည်။
ကျန်းပင်းကွန်းက သူ့ကို သတ်ချင်တယ်ဆိုတော့ အဲ့တာက နျုံစစ်သွမ်းရဲ့ အမိန့်ဖြစ်ရမယ်။
ဒါဆို ဒီထိန်းသိမ်းရေးစခန်းမှာ သူ ကြာကြာမနေနိုင်တော့ဘူး။
...........................
တစ်ဖက်တွင် ယဲ့ဖန်ကတော့ အိမ်မှာ ကျောင်းသင်ခန်းစာတွေကို ပြန်နွှေးနေသည်။
ကျောင်းမသွားဘဲ နေလို့ ရသော်လည်း သူ့သင်ခန်းစာများကိုတော့ ပြန်လည်သုံးသပ်ရသေးသည်။
စနစ်က သူ့ကို ဆယ်နှစ်စာ တိုးတက်မှုစွမ်းရည်ကို ဆုချခဲ့သည်။
အဲ့တာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း များစွာ တိုးတက်စေခဲ့သည်။
သူ့မှတ်ဉာဏ်က ဓာတ်ပုံရိုက်မှတ်ဉာဏ်အဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။
( photographic memory - ဓာတ်ပုံရိုက်လိုက်သလို တန်းပြီး ဦးနှောက်ထဲမှာ စွဲသွားတဲ့ ဉာဏ်ရည်မျိုးပါ )
ထို့ကြောင့် သူ စာနွှေးတာက ဘယ်လောက်မှ မကြာလိုက်ပေ။
သူ့လက်ရှိအရှိန်နဲ့သာဆို အချိန်နှစ်ရက်တည်းနဲ့ semester တစ်ခုလုံးစာ သင်ရိုးညွှန်းတမ်းတွေကို သင်ယူနိုင်မည်ဖြစ်သည်။
တစ်ပတ်လောက်သာ အချိန်ပေးရင်တော့ တက္ကသိုလ်၄နှစ်တာကို အကုန်တတ်မြောက်သွားလောက်မည်။
သင်ယူခြင်းက သူ့အတွက် စိန်ခေါ်မှုမဟုတ်တော့ပေ။
အဲ့တာကိုတွေးရင်း ဒီကမ္ဘာကြီးမှာ သူ့အတွက် စိန်ခေါ်မှုလုံးဝမရှိတော့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအချိန်တွင် ချန်းရွှန်ဆီမှ ရုတ်တရက် ဖုန်းဝင်လာသည်။
" ဒီည အားလား။ ထမင်းအတူတူစားရအောင် "
" တခြားသူတွေအတွက်တော့ သေချာပေါက် အချိန်မရှိပေမယ့် မမလေးရွှမ်အတွက်တော့ အမြဲအချိန်ပိုပါတယ် "
" လျှာရိုးမရှိတိုင်း လျှောက်ပြောနေတယ်။ စားသောက်ဆိုင်ကို ဘွတ်ကင်လုပ်ပြီးရင် လိပ်စာကို လှမ်းပို့ပေးလိုက်မယ် "
" ကောင်းပြီ၊ ပိုလှလှလေး ဝတ်ခဲ့ဖို့ မမေ့နဲ့နော် "
" ကျွန်မက ဝတ်ကောင်းစားလှ မဝတ်တတ်ဘူးလို့ ပြောနေတာလား "
" လှပါတယ်၊ လှပါတယ်။ မဝတ်ထားရင်တောင် ပိုတောင်လှသေးတယ် "
" ကျွန်မ ...... ကျွန်မကို လူရမ်းကား လာမလုပ်နဲ့ "
" ဒါဆို တခြားတစ်ယောက်ကို သွားလုပ်မယ် "
" လုပ်ရဲလား "
" မင်းက အရမ်းချုပ်ချယ်လွန်းတာဘဲ။ မင်းကိုလည်း ခွင့်မပြုဘူး။ ပြီးတော့ တခြားတစ်ယောက်နဲ့ သွားကစားမယ်ဆိုတော့လည်း မင်းက ငါ့ကို ခွင့်မပြုပြန်ဘူး။ ဧကရီချင်းရှီတောင် မင်းလောက် ချုပ်ချယ်မှာ မဟုတ်ဘူး "
" ဘာလို့ လူမိုက်လုပ်နေတာလဲ။ ပိုပြီး လူကြီးလူကောင်းဆန်ပေးလို့ မရဘူးလား "
" လူကြီးလူကောင်းတွေကရော လူကြီးရုပ်ရှင်တွေ မကြည့်ကြဘူးလား "
" ရှင် ..... ရှင်က တကယ်ကို ကျွဲပါးစောင်းတီးပဲ။ ရှင့်ကို မခေါ်တော့ဘူး "
ချန်းရွှမ်က ဒေါသထွက်ပြီး ဖုန်းချသွားခဲ့သည်။
ယဲ့ဖန်က သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
ဒီမိန်းမက ဘယ်လိုရယ်ရမှန်း လုံးဝမသိဘူးဘဲ။
ရှေးဆန်လိုက်တာ။
ရှန်းပိုင်ထျန်းကမှ ပိုပျော်တတ်သေးတယ်။
သူမနဲ့ဆို သူ ဘယ်လိုဟာသမျိုးမဆို လုပ်နိုင်သည်။
ထိုအကြောင်းကို တွေးရင်းနဲ့မှ ရှန်းပိုင်ထျန်းကို သူနောက်ဆုံးတွေ့ခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။
ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှာ သူမ ဘယ်လိုလုပ်နေလဲဆိုတာ တွေးမိသည်။
သူမကို မေးဖို့ အခွင့်အရေးရှာရလိမ့်မည်။
.....…................
ညနေပိုင်းတွင် ယဲ့ဖန်က ချန်းရွှမ်နှင့် တွေ့ဖို့ ချိန်းထားသည့် နေရာသို့ ကားမောင်းသွားခဲ့သည်။
သူက အရမ်းကြီး မထင်ပေါ်ချင်တာကြောင့် Lykan ကားနဲ့ Ferrari Enzo ကို မမောင်းသွားဘဲ အဲ့ဒီအစား ယွမ် ၇သိန်းကျော်တန်ဖိုးရှိသော Mercedes-Benz MPV ကို မောင်းနှင်သွားခဲ့သည်။
ချန်းရွှမ် အကြိုဘွတ်ကင်လုပ်ထားသော စားသောက်ဆိုင်က 'Love' ဟုခေါ်သော အဆင့်မြင့် အနောက်တိုင်းစားသောက်ဆိုင်ဖြစ်သည်။
သူမက ပြတင်းပေါက်နားမှာ ထိုင်နေသည်။
သူမက အနက်ရောင် ပရော်ဖက်ရှင်နယ်ရုံးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။
သူမ၏ သွယ်လျသော ခြေတံရှည်များကို အနက်ရောင် အသားကပ်ခြေအိတ်များက ရစ်ပတ်ထားသည်။
သူမက အနက်ရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကိုလည်း ဝတ်ဆင်ထားလေသည်။
အေးအေးဆေးဆေး ထိုင်နေတာတောင်မှ သာယာလှပလွန်းတဲ့ ရှုခင်းလေးတစ်ခု ဖြစ်နေခဲ့သည်။
စားသောက်ဆိုင်ရှေ့က ဖြတ်သွားသော လမ်းသွားလမ်းလာတွေက သူမကို မြင်တဲ့အခါ ပြန်ငေးမကြည့်ဘဲ မနေနိုင်ကြပေ။
သူတို့က သူမဘေးကနေ ဖြည်းဖြည်းလေးသာ ဖြတ်လျှောက်ကြသည်။
တချို့တွေကဆို သူမကို ထပ်တလဲလဲကြည့်ဖို့ အရှေ့ကနေ အပြန်ပြန်အလှန်လှန် လျှောက်သွားကြပြီး မသိမသာကြည့်ကြသည်။
ချန်းရွှမ် သူတို့ကို ကြည့်လိုက်တော့ သူတို့က အမြန် တည်ကြည်ချင်ယောင်ဟန်ဆောင်ပြီး ဘေးကို မကြည့်ဘဲ ပြေးထွက်သွားကြသည်။
ယဲ့ဖန်က သူတို့ရဲ့ ရယ်စရာကောင်းတဲ့ အပြုအမူတွေကို မြင်လိုက်ရတဲ့အခါ မတတ်နိုင်ဘဲ ရယ်မိသည်။
ဒါပေမဲ့ တွေ့ကြည့်ရင်တော့ စနစ်ဆိုတာကြီးသာ မရှိခဲ့လျှင် ချန်းရွှမ်လို မိန်းကလေးတစ်ယောက်က သူလက်လှမ်းမမီနိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။
ကံကြမ္မာက လူတွေကို လှည့်စားနေတာလို့တောင် ပြောလို့ရလေသည်။
အပိုင်း ( ၄၀၆ )
ငါက ဘာလို့ အဲ့လိုဝက်လိုကောင် မဖြစ်ရတာလဲ
ယဲ့ဖန်က ချန်းရွှမ်ရဲ့ရှေ့မှာ ထိုင်လိုက်တဲ့အချိန်မှာဘဲ
မရေမတွက်နိုင်တဲ့အကြည့်တွေက ချွန်မြနေတဲ့ဓားတစ်လက်လို သူ့ကို ချက်ချင်း ထိုးဖောက်သွားသည်ဟု ခံစားလိုက်ရသည်။
ယဲ့ဖန်က ဒါတွေကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။
သူက လုံးဝစိတ်မ၀င်စားပေ။
" ဒီနေ့ ရေမွှေးစွတ်လာလား "
သူထိုင်လိုက်တာနဲ့ အလွန်မွှေးကြိုင်သော အနံ့ကို ရလိုက်သည်။
ချန်းရွှမ်က ပုံမှန်အားဖြင့် ရေမွှေး မသုံးပေ။
အများသောအားဖြင့် မိတ်ကပ်လိမ်းဖို့တောင် သူမက ပျင်းနေတတ်သည်။
အဲ့လိုနေနိုင်တာက သူမဟာ လှလှပပလေး မွေးဖွားလာတာကြောင့်ဖြစ်သည်။
တခြားမိန်းကလေးတွေဆိုရင် မိတ်ကပ်မပါဘဲ အိမ်ထဲကနေထွက်ဖို့တောင် သတ္တိရှိမှာ မဟုတ်ပေ။
ချန်းရွှမ်၏ လှပသော မျက်နှာလေးက နီရဲသွားသည်။
" ဟုတ်တယ် ...... ယုံထင်းက ကျွန်မကို ဖြန်းလိုက်တာ "
ယဲ့ဖန်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
" မင်း ကျန်းယုံထင်းဆီက ပိုပြီး သင်ယူသင့်တယ်။ ပိုပြီးတော့လည်း ဝတ်စားသင့်တယ်။ မင်းက နတ်ဘုရားမလေ။ ဘာလို့ ရူးနေတဲ့ မိန်းမတစ်ယောက်လို နေထိုင်နေရတာလဲ "
ချန်းရွှမ်က သူမကို စိုက်ကြည့်လိုက်သည်။
" ဒီလိုနေရတာ ကျွန်မ ကြိုက်တယ်လေ။ ရှင်နဲ့ ဘာဆိုင်လို့လဲ "
ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တာပေါ့၊ ကိုယ်တို့က သာမန်သူငယ်ချင်းတွေပဲလေ။ ကိုယ်က မထိန်းချုပ်နိုင်ပါဘူး "
ချန်းရွှမ်က 'သာမန်သူငယ်ချင်းတွေ'ဆိုတဲ့ စကားကိုကြားသောအခါ သူမ၏မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။
" သာမန်သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒီလို အကျပ်အတည်းကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "
သူမက စကားပြောရင်းနဲ့ ဝိုင်နီတစ်ခွက်ကို ယဲ့ဖန်ရှေ့သို့ မြှောက်လိုက်သည်။
" ရပါတယ်။ ကိုယ်က မင်းကို ကူညီခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာပဲ ကယ်ခဲ့တာပါ "
ယဲ့ဖန်ကလည်း သူ့ဝိုင်ခွက်ကို မြှောက်လိုက်ကာ သူမခွက်နဲ့ တိုက်လိုက်သည်။
ချန်းရွှမ်က တခြားဘာမှမပြောဘဲ သူမ၏ဖြူဖွေးကျော့ရှင်းသော လည်တိုင်လေးကိုမော့ကာ ဖန်ခွက်ထဲကဝိုင်နီကို သောက်လိုက်သည်။
ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။
" မင်း မသောက်နိုင်ဘူး မဟုတ်ဘူးလား "
" တကယ်တော့ ကျွန်မ ဟန်ဆောင်ထားတာပါ။ အရင်က ဖောက်သည်တော်တော်များများက ကျွန်မကို သူတို့နဲ့ သောက်စေချင်တယ်လေ။ အရက်နဲ့ ဓါတ်မတည့်လို့ မသောက်နိုင်ဘူးလို့ ပြောပြီးလိမ်လိုက်ရတာပဲ "
ယဲ့ဖန်က ပြုံးပြီး ခေါင်းငြိမ့်သည်။
" ကိုယ် နားလည်ပြီ "
" ဒုတိယအနေနဲ့ကတော့ ရှင့်အတွက်ပါ။ လင်းယွမ်အိမ်ခြံမြေအတွက် ဒီပရောဂျက်ကို ရအောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "
ထိုသို့ပြောရင်း ချန်းရွှမ်က သူမခွက်ထဲက ဝိုင်ကို ထပ်သောက်လိုက်သည်။
" အဲ့လိုမပြောပါနဲ့။ လင်းယွမ်အိမ်ခြံမြေက ကိုယ့်ကုမ္ပဏီဘဲလေ။ ဒါက ကိုယ် လုပ်သင့်တာပါ "
ယဲ့ဖန်က သူမ သောက်တာများနေသည်ကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ချန်းရွှမ်က သူမအတွက် နောက်တစ်ဖန်ခွက်ကို လောင်းထည့်လိုက်သည်။
" တတိယမြောက်အနေနဲ့ကတော့ ရှင့်အတွက်ပါပဲ။ ရှင်သာ ကျွန်မကုမ္ပဏီကိုမဝယ်ခဲ့ရင် လင်းယွမ်အိမ်ခြံမြေက ဒေဝါလီခံရတာကြာလောက်ပြီ "
အဲ့တာကိုပြောပြီး သူမက တစ်ကျိုက်တည်း ထပ်သောက်လိုက်ပြန်သည်။
" လင်းယွမ်အိမ်ခြံမြေက ကုမ္ပဏီကောင်းတစ်ခုပါ။ ကိုယ် မဟုတ်ရင်တောင် တခြားတစ်ယောက်က ဝယ်လိမ့်မယ် ...... "
ယဲ့ဖန်က လေးလေးနက်နက် ရှင်းပြလေသည်။
ချန်းရွှမ်က ရုတ်တရက် သူ့ကို ဖြတ်ပြောသည်။
" ရှင်က ကျွန်မအတွက် ဘာမှမဟုတ်တဲ့သူမလို့လား "
လှပတဲ့ မျက်လုံးလေးများက သူ့ကို တည့်တည့်စိုက်ကြည့်နေသည်။
မျက်လုံးတွင်းက ချစ်စိတ်တွေကို ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ပေ။
ယဲ့ဖန် အနည်းငယ်ရှက်သွားသည်။
" နတ်ဘုရားမရွှမ်၊ မင်း သောက်တာများနေပြီ "
ချန်းရွှမ်က မတ်တပ်ထရပ်ပြီး သူမလက်ထဲတွင်လည်း ဝိုင်ခွက်ကို ကိုင်ထားသည်။
သူမက အလွန်မူးနေပြီး လမ်းလျှောက်လာတဲ့အခါ ယိမ်းယိုင်နေသည်။
ထို့နောက် ယဲ့ဖန်အနားတွင် ဝင်ထိုင်လိုက်သည်။
ယဲ့ဖန် မသိလိုက်ဘဲ အတွင်းဘက်ကို ရွေ့သွားသည်။
ချန်းရွှမ်က နီရဲနေသော မျက်နှာလေးဖြင့် ယဲ့ဖန်ကို မော့ကြည့်လိုက်သည်။
" ရှင် ဘာလို့ ကျွန်မကိုအဲ့လောက်ကြောက်နေတာလား။ ရှင့်ကို ကိုက်မစားပါဘူး "
ယဲ့ဖန်က ကြောင်အစွာ ချောင်းဆိုးလိုက်သည်။
" ချန်းရွှမ် သောက်တာ အရမ်းများနေပြီ။ ကိုယ် မင်းကို ပြန်ပို့ပေးမယ် "
သူက ပြောပြီး ထတော့မည့်အချိန်မှာဘဲ ချန်းရွှမ်က သူ့ကို နောက်ပြန်တွန်းလိုက်သည်။
" မဟုတ်ဘူး၊ ကျွန်မ ဒီနေ့ပျော်နေတာ။ သောက်ချင်သေးတယ်၊ စိတ်ကျေနပ်အောင်ထိ သောက်ချင်တယ် ..... "
ယဲ့ဖန်လည်း မတတ်နိုင်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
" ကောင်းပြီ၊ သောက်ကြတာပေါ့၊ သောက်ကြမယ် "
သူက ပြောသည့်အတိုင်း ခွက်ကို ကောက်ကိုင်လိုက်သည်။
ချန်းရွှမ် သူ့လက်ကို ကိုင်လိုက်ပြီး ညှို့ငင်စွာပြောလိုက်သည်။
" ကျွန်မ လုပ်ပေးမယ် "
ထို့နောက် ဝိုင်ကို သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။
သူမက ယဲ့ဖန်နားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
စားသောက်ဆိုင်ထဲတွင် စားနေကြသော ဖောက်သည်တွေအားလုံးက အံ့အားသင့်သွားကြသည်။
ချန်းရွှမ်က ဘယ်လိုနေနေ အမြဲတမ်း နတ်ဘုရားမတစ်ပါးဖြစ်လေသည်။
အရက်အလွန်အကျွံသောက်ထားတာကြောင့် သူမက လှပတဲ့အပြင် ချစ်စရာကောင်းတဲ့ အသွင်အပြင်ကိုလည်း ပြနေခဲ့သည်။
ယဲ့ဖန်က သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများကို ကြည့်လိုက်သည်။ သူမက ပိုပိုပြီး နီးကပ်လာသည်။
အတင့်ရဲစွာဖြင့် သူက တကယ်ကို စောင့်မျှော်နေခဲ့သည်။
နီးလာသည်။
နည်းနည်း ပိုနီးလာသည်။
ယဲ့ဖန် လက်နက်ချတော့မယ့် နောက်ဆုံးအရေးကြီးတဲ့အချိန်မှာဘဲ ချန်းရွှမ်က ရုတ်တရက် ရပ်လိုက်သည်။
သူမက ယဲ့ဖန်ပုခုံးပေါ်သို့ ခေါင်းစောင်းပြီး မှီလိုက်သည်။
သူမ တကယ်ပဲ အိပ်ပျော်သွားခဲ့သည်။
ယဲ့ဖန် နေရာမှာတင် သေမတတ်ဖြစ်သွားသည်။
ငါကတော့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံဖို့တောင် အသင့်ပြင်ပေးထားတာကို မင်းက ရုတ်တရက်ကြီး ရပ်လိုက်တယ်လား။
ဒါကြီးက စိတ်ပျက်စရာကောင်းလွန်းတယ်လေ။
" မမလေးရွှမ်၊ ထဦး။ ဘယ်မှာနေလဲတာလဲ။ ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ် "
ယဲ့ဖန်က သူမကို တွန်းလိုက်သည်။
သူမကိုသိတာ အတော်ကြာပေမဲ့ သူမရဲ့နေရပ်လိပ်စာကိုတော့ တကယ်ပဲမသိချေ။
သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လောက် ဖြူစင်တယ်ဆိုတာ မြင်နိုင်ပါသည်။
" အိမ်မပြန်ဘူး .... ရှင့်အိမ်သွားမှာ ....... "
ချန်းရွှမ်က အိပ်လျက်နဲ့ ထရေရွတ်သည်။
ထိုစကားက ယဲ့ဖန်၏နှလုံးခုန်သံကို အရိုင်းဆန်သွားစေသည်။
ဒါကလည်း အဖြေတစ်ခုလား။
ငွေရှင်းရန် စားပွဲထိုးကို ချက်ချင်း ခေါ်လိုက်သည်။
ထို့နောက် ချန်းရွှမ်ကို ကူသယ်ပြီး ထွက်လာခဲ့သည်။
စားသောက်ဆိုင်ထဲရှိ ယောက်ျားတစ်စုက အသည်းကွဲသွားကြသည်။
သူမက နတ်ဘုရားမနှင့်တူသော အလှတရားလေးတစ်ခုဖြစ်သည်။
သူမကို အဲ့လို ဝက်တစ်ကောင်က စားတော့မှာလား။
သူတို့ကရော ဘာလို့ အဲ့ဒီဝက် မဖြစ်ခဲ့ရတာလဲ။
" ချန်းရွှမ်၊ ကားပေါ်တက် "
ယဲ့ဖန်က ချန်းရွှမ်ကို ကူညီပေးပြီး ကားတံခါးကို ဖွင့်ပေးလိုက်သည်။
သို့သော် ချန်းရွှမ်က ရုတ်တရက် သူ့လည်ပင်းကို လက်ဖြင့်လှမ်းချိတ်လိုက်ပြီး နောက်သို့ လဲကျသွားသည်။
ယဲ့ဖန်လည်း ဟန်ချက်ပျက်သွားကာ သူမနှင့်အတူ နောက်ထိုင်ခုံပေါ်သို့ လဲကျသွားသည်။
ယဲ့ဖန် သူ့အောက်က ပျော့ပျောင်းတဲ့ခန္ဓာကိုယ်ကို ခံစားမိနေသည်။
သူ့အသက်ရှူသံက ပိုပိုပြီး လေးလံလာသည်။
ချန်းရွှမ်လို အလှလေးနဲ့ ကြုံနေရတာတောင်မှ ယဲ့ဖန်မှာ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုမှမရှိဘူးဟု ပြောလျှင် သရဲတောင်မှ မယုံလောက်ပေ။
သို့သော် ချန်းရွှမ်က မူးနေသည်။
ယဲ့ဖန်က ဒီလိုအခွင့်ကောင်းယူတာမျိုး မလုပ်ချင်ပေ။
အဲ့တာကိုတွေးပြီး အံကြိတ်ကာ တွန်းဖယ်ပေးလိုက်သည်။
ထို့နောက် သူက ကားတံခါးကိုပိတ်ပြီး လှည့်ကြည့်လိုက်ကာ မောင်းသူထိုင်ခုံမှာ ဝင်လိုက်ပြီး ကားကို စက်နှိုးလိုက်သည်။
ထိုအချိန်တွင် အနောက်ခန်းထိုင်ခုံမှာ လှဲနေသော ချန်းရွှမ်က သူမမျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူမ၏မျက်လုံးများတွင် မူးနေတဲ့အရိပ်အယောင် တစ်စက်ကလေးမှ မရှိပေ။
အဲ့အစား သူမပုံစံက အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။
ကျန်းယုံထင်းက သူမကို အပြင်းအထန်တိုက်ခိုက်ရန် အကြံပေးခဲ့သည်။
ထို့ကြောင့် သူမလည်း ယဲ့ဖန်ကို တစ်ကြိမ်တည်းနဲ့ အပိုင်ရရန် အစွမ်းကုန်ကြိုးစားခဲ့သည်။
ဒါပေမဲ့ သူမရဲ့ တိုက်ခိုက်မှုက မပြင်းထန်လို့လား။
သူမ ကိုယ်လုံးတီးချွတ်ပြီး သူ့ရှေ့မှာ ရပ်နေဖို့ထိလိုလို့လား။
ပုံမှန်ဆို ဒီတစ်ယောက်က တော်တော်လေး ဉာဏ်ကောင်းပါတယ်။
ဒီအချိန်မှာကျ ဘာလို့ ဖွတ်ဖြစ်နေရတာလဲ။
သူ ......သူက မိန်းမတွေကို စိတ်မဝင်စားတာများ ဖြစ်နေမလား။
အပိုင်း ( ၄၀၇ )
မိုကုန်း၏အကူအညီ
ယဲ့ဖန်က ကျုံးထျန်းကန်သာယာ စံအိမ်ဆီသို့ မောင်းသွားခဲ့သည်။
သူတို့ အိမ်နားရောက်ခါနီးမှာဘဲ သူ့နားထဲတွင် စနစ်မှသတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
[ အခွင့်အလမ်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိထားပါသည်။ လက်ခံသူ၊ ကျေးဇူးပြုပြီး လက်ရှိလမ်းအတိုင်း မီတာ ၅၀ တည့်တည့်သွားပါ ........... ]
ယဲ့ဖန် အံ့သြသွားသည်။
နောက်ထပ် မီတာ ၅၀ အကွာကို တန်းတန်းသွားမယ်ဆိုရင် အိမ်မှာ မဟုတ်ဘူးလား။
ဒီတစ်ခါအခွင့်အရေးက သူ့အိမ်မှာရှိနေတာ ဖြစ်နိုင်မလား။
တွေးနေရင်းနဲ့ စံအိမ်တံခါးဝမှာ လူတစ်ယောက် ရပ်နေတာကို ရုတ်တရက် တွေ့လိုက်ရသည်။
နီးကပ်လာတဲ့အခါ ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
မိုကုန်းလား။
အမြင်မှားနေတာလို့ ယဲ့ဖန် ထင်လိုက်မိသည်။
မိုကုန်းက ထိန်းသိမ်းရေးစခန်းမှာ မဟုတ်ဘူးလား။
သူက ကားကို ချက်ချင်းရပ်လိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ထွက်လာခဲ့သည်။
မိုကုန်း၏ခန္ဓာကိုယ်က မြောင်းထဲမှ ထွက်လာတဲ့လောက်လို ညစ်ပတ်နေပြီး နံစော်နေသည်။
နီးလာတာနဲ့ သူ့ကိုယ်ပေါ်က အနံ့အသက်တွေက ယဲ့ဖန်၏ အနံ့အာရုံကို အတော်လေးလွှမ်းခြုံသွားသည်။
" မင်း ဘာလို့ ဒီကိုရောက်နေတာလဲ "
ယဲ့ဖန်က နှာခေါင်းကို ပိတ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။
" ငါ ...... ငါ ထွက်ပြေးလာတာ။ မစင်တွေသယ်တဲ့ကားထဲမှာ ပုန်းနေပြီးတော့ ထွက်ပြေးလာတာ "
မိုကုန်းပုံစံက အတော်လေး သနားစရာကောင်းနေသည်။
ယဲ့ဖန်က သူ့ကို ရွံရှာစွာဖြင့် ကြည့်လိုက်သည်။
" ထောင်ကလွတ်လာတာနဲ့ ငါ့အိမ်ကို ဘာလို့ လာတာလဲ။ လက်စားချေချင်တာလား "
မိုကုန်းက အမြန် ခေါင်းယမ်းလိုက်သည်။
" မဟုတ်ဘူး၊ နျုံစစ်သွမ်းက ငါ့ကိုသတ်ချင်နေတာ။ သူက ငါ့ကိုသတ်ဖို့ ကျန်းပင်းကွန်းကို ထိန်းသိမ်းရေးစခန်းထဲ ပို့လိုက်တယ် ...... "
သူ့အသံက အဆက်မပြတ် တုန်နေပြီး တော်တော်လေး ထိတ်လန့်နေမှန်း သိသာသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" သူက မင်းကိုသတ်ချင်နေတာနဲ့ ဘာလို့ ငါ့ဆီရောက်လာတာလဲ "
" အခု ငါ့ကို ကယ်တင်နိုင်တဲ့သူက မင်းပဲရှိတာ။ မင်းနဲ့ နျုံစစ်သွမ်းတို့က ရန်သူတြွေဖစ်တဲ့အပြင် မင်းက သူ့ကို မကြောက်ဘူးလေ။ ယဲ့လူကြီးမင်း ကျေးဇူးပြုပြီး ကယ်တင်ပေးပါ ........ "
ထိုမြင်ကွင်းက ဟာသဆန်လွန်းသည်။
တစ်ချိန်က ရန်သူက တကယ်ဘဲ သူ့ကို တောင်းပန်ခယနေသည်။
ယဲ့ဖန် အရင်က မိုကုန်း၏ တက်ကြွပီး စိတ်အားထက်သန်သောအသွင်အပြင်ကို တွေးနေခဲ့သည်။
ဒါပေမဲ့ မျက်စိရှေ့မှာတော့ ဆိုးရွားတဲ့ အခြေအနေနဲ့ ရပ်နေသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ သက်ပြင်းချမိသည်။
" မင်းကို ဘယ်လိုကယ်စေချင်တာလဲ "
" ငါ့အဖေရဲ့ ယုံကြည်ရတဲ့ လက်ထောက်ကို ဆက်သွယ်ပြီးပြီ။ ဒီည ကျုံးဟိုင်သင်္ဘောဆိပ်မှာ လာခေါ်လိမ့်မယ်။ ယဲ့လူကြီးမင်းက ငါ့ကို သင်္ဘောဆိပ်ဆီ ဘေးကင်းကင်းနဲ့ ပို့ပေးဖို့ပဲ လိုတယ် "
ယဲ့ဖန်က ကားထဲမှာ 'နှစ်ခြိုက်စွာ အိပ်ပျော်နေသော' ချန်းရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။
" ဘာလို့ ကူညီပေးရမှာလဲ။ ငါ့အတွက် ဘာကောင်းကျိုးရှိမှာလဲ "
မိုကုန်းက အံကြိတ်လိုက်သည်။
" ငါ့လက်ထဲမှာ နျုံစစ်သွမ်းနဲ့ ဖုလီအုပ်စုရဲ့ ဒုစရိုက်ကိစ္စတွေကို မှတ်တမ်းတင်ထားတာရှိတယ်။ သူတို့ရဲ့ ရာဇ၀တ်မှုဆိုင်ရာ သက်သေတွေလည်း အများကြီးရှိတယ်။ မင်းသာ ငါ့ကို သင်္ဘောဆိပ်ဆီ ဘေးကင်းကင်းနဲ့ ပို့ပေးမယ်ဆိုရင် အဲ့ဒီပစ္စည်းတွေ အားလုံးကို ပေးနိုင်တယ် "
ယဲ့ဖန်၏မျက်လုံးအိမ် ကျဉ်းမြောင်းသွားကြသည်။
ထို့နောက် သူက ချက်ချင်း ဟက်ခနဲလုပ်လိုက်သည်။
" ငါက မင်းကို ဘာလို့ ယုံရမှာလဲ။ နျုံစစ်သွမ်းရဲ့ ဒုစရိုက်ကိစ္စတွေအကြောင်း သက်သေရှိရင် ဘာလို့ သူ့ကို မပေးလိုက်တာလဲ။ ဘယ်ပြောရမလဲ သူက မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်တာပဲလေ "
မိုကုန်းက ရယ်လိုက်သည်။
" ငါ နျုံစစ်သွမ်းကို ကောင်းကောင်း သိတယ်။ ဒီလူက ရက်စက်ပြီး ဘာမဆိုလုပ်မှာ။ ငါ့မှာ တစ်ခုခုရှိနေလို့ သူက လုပ်ရမှာကို တွန့်ဆုတ်နေသေးတာ။ ဒါပေမဲ့ ငါကသာ လက်ထဲအပ်လိုက်ရင် သေချာပေါက်သေရလိမ့်မယ် "
" ငါ မင်းကို အရင်ဆုံး တစ်ခုပြောပြလို့ရတယ်။ နျုံစစ်သွမ်းက အခု မိုးကောင်းကင်မြင့်လို့ ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို ကျုံးဟိုင်မှာ လျှို့ဝှက်ပြီး တည်ထောင်ထားတယ်။ ဒီကိစ္စက အရမ်းလျှို့ဝှက်တယ်။ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းပြီး ငါပြောခဲ့တာက မှန်လားဆိုတာ စစ်ကြည့်နိုင်တယ် "
ယဲ့ဖန်က ကုန်းရှန်းဟုန်ကို ချက်ချင်းဖုန်းဆက်ပြီး ထိုကုမ္ပဏီရဲ့ နောက်ကြောင်းကို စုံစမ်းခိုင်းလိုက်သည်။
ကုန်းရှန်းဟုန်က လျင်မြန်စွာဘဲ ပြန်ဖြေသည်။
ကုမ္ပဏီ၏ ရှယ်ယာဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးသည်။
သို့သော်လည်း ဟူရန်လူချမ်းသာစာရင်း၏ အားကောင်းသော ထောက်လှမ်းရေးကွန်ရက်နှင့် ခွဲခြမ်းစိတ်ဖြာမှုအဖွဲ့၏ ပူးပေါင်းကြိုးပမ်းမှုကြောင့်
မကြာမီမှာဘဲ အတည်ပြုနိုင်ခဲ့သည်။
ထိုကုမ္ပဏီရဲ့ နောက်ကွယ်မှထိန်းချုပ်သူ အစစ်အမှန်က တကယ်ဘဲ နျုံစစ်သွမ်းဖြစ်နေသည်။
ထို့အပြင် အရည်အသွေးမြင့် ကုမ္ပဏီများစွာကိုလည်း ၀ယ်ယူထားပြီးဖြစ်သည်။
သူ့ရဲ့ခွန်အားကို လုံးဝ လျှော့တွက်လို့မရပေ။
ယဲ့ဖန် ချွေးအေးများ ထွက်လာသည်။
ဒီလူအိုကြီး နျုံစစ်သွမ်းက တိတ်တိတ်ကလေးနဲ့ လမ်းဖောက်နေခဲ့တာဖြစ်ပြီး နည်းဗျူဟာကောင်းကောင်းကို ကစားနေတာဖြစ်သည်။
မိုကုန်းရဲ့ သတိပေးချက်ကြောင့်မဟုတ်ရင် သူ သတိလက်လွတ်ဖြစ်ပြီး အငိုက်ဖမ်းမိခံရနိုင်သည်။
" ကောင်းပြီ ငါမင်းကိုယုံတယ်။ ကားပေါ်တက် "
ယဲ့ဖန်က ပြောပြီးတာနဲ့ ကားထဲဝင်ထိုင်လိုက်သည်။
မိုကုန်းကလည်း ဘေးက ခရီးသည်ထိုင်ခုံမှာ အမြန်ဝင်ထိုင်လိုက်သည်။
တစ်ချိန်တည်းမှာဘဲ သူ့နောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချန်းရွှမ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
သူ့ခံစားချက်တွေ လေးလံသွားရသည်။
သူ့ရဲ့အခုအဖြစ်က ခွေးလေခွေးလွင့်အဖြစ်သို့ လျော့ကျသွားခဲ့ရသည်။
သို့သော် ယဲ့ဖန်ကတော့ ဒီလို ပေါ့ပါးအေးဆေးတဲ့ဘဝကို ဖြတ်သန်းနေသည်။
လူအချင်းချင်း နှိုင်းယှဉ်ရတာ ဒေါသဖြစ်စရာကောင်းသည်။
သို့သော် အခုအချိန်က မနာလိုဖြစ်ရမည့်အချိန် မဟုတ်ပေ။
အသက်ရှင်နေဖို့က ပိုအရေးကြီးသည်။
ယဲ့ဖန်က သူ၏ နတ်ဘုရားဆန်သော မောင်းနှင်မှုစွမ်းရည်ကို ထပ်မံပြသခဲ့သည်။
မြို့ကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားခဲ့ကြသည်။
ကားဖြင့် သွားလျှင် ပုံမှန်တစ်နာရီကျော်ကြာသော်လည်း မိနစ် ၂၀ မပြည့်မီမှာဘဲ သင်္ဘောကျင်းသို့ ရောက်လာခဲ့ကြသည်။
မိုကုန်းက သူ့ကို ကြောင်အအကြည့်နေသည်။
အချိန်အတော်ကြာပြီးတဲ့နောက် တုန်တုန်ယင်ယင်ဖြင့် လက်မထောင်ပြလိုက်သည်။
" မိုက်တယ် "
ယဲ့ဖန်က သူနဲ့ စကားပြောရန် စိတ်မ၀င်စားနိုင်ပေ။
" ငါလိုချင်တဲ့အရာက ဘယ်မှာလဲ "
မိုကုန်းက ပုခုံးကိုတွန့်လိုက်သည်။
" ငါ ယူမလာဘူး "
ယဲ့ဖန်၏ မျက်လုံးများက လူသတ်ချင်စိတ်ကြောင့် တောက်လာသည်။
" မင်း ငါ့ကို လာကစားနေတာလား "
မိုကုန်းက အလွန်ထိတ်လန့်သွားပြီး လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ဒီလောက် အရေးကြီးတာကို ငါ့ကိုယ်နဲ့မကွာ ယူထားရင် သေချာတယ် နျုံစစ်သွမ်းရဲ့လက်ထဲကို ရောက်သွားတာကြာပြီ "
ယဲ့ဖန်က သူ့ဒေါသကို ထိန်းလိုက်သည်။
" အဲ့တာက ဘယ်မှာလဲ "
" ငါ့အဖေစာကြည့်ခန်းရဲ့ ဘယ်ဘက်ကနေရေရင် ခြောက်ကွက်မြောက် ကြွေပြားခင်းအောက်မှာ "
ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်းအမှန်အတိုင်းပြောနေလားဆိုတာ ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ "
မိုကုန်းက မထိန်းနိုင်ဘဲ ခါးသက်စွာပြုံးလိုက်သည်။
" ငါ အခု မင်းကို လိမ်ဖို့ လိုသေးလို့လား။ နျုံစစ်သွမ်းက ငါ့ကို သတ်ချင်နေတာ ဘယ်သူနဲ့လာပြီးသတ်ခိုင်းမလဲဆိုတာ မသိနိုင်ဘူး။ ပြီးတော့ မင်းကလွဲလို့ ငါ့ကို ကူနိုင်မယ့်သူ မရှိဘူး "
ယဲ့ဖန်က မိုကုန်းရဲ့စကားက အမှန်ဟုတ်မဟုတ်ကို ဝေဖန်ပိုင်းခြားစိတ်ဖြာကာ သူ့ကိုကြည့်နေသည်။
မိုကုန်း သက်ပြင်းချလိုက်သည်။
" မင်း ငါ့ကိုမယုံရင် ငါ့ကိုအခုသတ်နိုင်သလို နျုံစစ်သွမ်းဆီ လွှဲပေးလို့လည်းရတယ်။ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူလည်း ရတယ် "
ယဲ့ဖန် မျက်နှာပေါ်ရှိ လူသတ်ချင်စိတ်ပြည့်နေတဲ့ အမူအရာက ပျောက်ကွယ်သွားသည်။
" မင်း ငါ့ကိုလိမ်ရဲရင် နျုံစစ်သွမ်းက မင်းကိုလွှတ်ပေးလိုက်ရင်တောင် ငါက မင်းကို ကမ္ဘာအဆုံးထိ လိုက်ဖမ်းပြမယ် "
မိုကုန်းက ခါးသက်စွာ ပြုံးလိုက်သည်။
" မင်းတို့နှစ်ယောက် လိုက်ဖမ်းခံရတာ ဂုဏ်ယူစရာပါပဲ။ နှုတ်ဆက်ပါတယ် ..... ဒီတစ်သက်မှာတော့ မင်းကို ထပ်မတွေ့နိုင်လောက်တော့ဘူး။ မင်း နျုံစစ်သွမ်းကို အမြန်ဆုံး အနိုင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ထိုသို့ပြောပြီး ကားပေါ်ကနေ ဆင်းကာ လှေကူးတို့ဆီသို့ လျှောက်သွားသည်။
ပင်လယ်မျက်နှာပြင်ပေါ်တွင် လှေငယ်တစ်စင်းရှိနေပြီး အချက်ပြမီးက တဖျတ်ဖျတ် လင်းသွားသည်။
မိုကုန်းကလည်း သူ့ဘက်ကနေ ဓာတ်မီးကို အကြိမ်အနည်းငယ် မီးထိုးပြလိုက်သည်။
ထိုအခါ လှေငယ်က ချက်ချင်း ဆိပ်ကမ်းနားသို့ ချဉ်းကပ်လာသည်။
မိုကုန်းက ခုန်တက်သွားသည်။
ထို့နောက် ယဲ့ဖန်ဘက်ကို ပြန်လှည့်ကာ လက်ယမ်းနှုတ်ဆက်သည်။
လှေငယ်က တဖြည်းဖြည်း ထွက်ခွာသွားသည်။
ယဲ့ဖန်ကလည်း ချက်ချင်းလှည့်ပြီး မိုမိသားစုစံအိမ်သို့ ဦးတည်လိုက်သည်။
အပိုင်း ( ၄၀၈)
ကိုယ့်တံခါးကိုလာခေါက်ဖို့ မင်းကို ဘယ်သူက အတင်းလုပ်ခိုင်းလို့လဲ
မိုကုန်းက မလိမ်ခဲ့ပေ။
မိုချောင်းရှန်း၏ စာကြည့်ခန်းထဲတွင် USB Drive ကို တကယ်ပဲ ရှာတွေ့ခဲ့သည်။
ထို့နောက် သူနဲ့အတူ သယ်ဆောင်လာလေ့ရှိတဲ့ မှတ်စုစာအုပ်ထဲကို ထည့်လိုက်သည်။
ထို USB ထဲတွင် နျုံစစ်သွမ်းနှင့် ဖုလီအုပ်စု၏ ရာဇ၀တ်မှုတွေအကြောင်း သက်သေတွေ ပြည့်နှက်နေကြောင်း ယဲ့ဖန် တွေ့ရှိခဲ့သည်။
စုစုပေါင်း ၁၀ GB လောက်ရှိတယ်။
မိုချောင်းရှန်းက တကယ်ကို ဉာဏ်များတဲ့ မြေခွေးအိုကြီးတစ်ကောင်ဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။
တကယ်ပဲ သက်သေအထောက်အထားတွေ အများကြီး စုဆောင်းထားနိုင်ခဲ့သည်။
သူက နျုံစစ်သွမ်းနဲ့ စပူးပေါင်းပြီးကတည်းက စုဆောင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
" ဒါက အရမ်းကောင်းတာဘဲ။ ဒီသက်သေပစ္စည်းတွေနဲ့သာဆို ကျွန်မတို့ နျုံစစ်သွမ်းကို သေချာပေါက် ဖြိုခွင်းနိုင်ပြီ "
ယဲ့ဖန်က ပစ္စည်းများကို ကြည့်နေစဉ်တွင် ချန်းရွှမ်၏အသံက သူ့နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ယဲ့ဖန်က လှည့်ကြည့်လိုက်သည်။
" မင်း ......... နိုးပြီလား "
ချန်းရွှမ်၏ လှပသောမျက်နှာလေးက ချက်ချင်းပင် နီရဲတက်လာသည်။
ယဲ့ဖန်က နျုံစစ်သွမ်းနဲ့ ပတ်သက်တဲ့ သက်သေအချို့ကို ရထားကြောင်း သူမကြားလိုက်ရတဲ့အခါ ခဏတာ ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ သရုပ်ဆောင်ဖို့ကို မေ့သွားခဲ့သည်။
ယဲ့ဖန်က သူမရဲ့ ရှက်ရွံ့နေသော အမူအရာကို မြင်လိုက်ပြီးတဲ့နောက် ရုတ်တရက် သဘောပေါက်သွားသည်။
" မင်း အခုမှ မူးချင်ယောင်ဆောင်နေတာလား "
ချန်းရွှမ်က အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
" ဒီ မိုမိသားစုရဲ့အိမ်က တော်တော်လေးကောင်းတာပဲ "
ယဲ့ဖန်က သူမကို စိုက်ကြည့်နေသည်။
" ကိုယ့်ကို ဖျားယောင်းဖို့ ဘာလို့ မူးချင်ယောင်ဆောင်ရတာလဲ "
ချန်းရွှမ်က ချက်ချင်း စိတ်ပူလာသည်။
" ဘယ်သူ ...... ဘယ်သူက ရှင့်ကို သွေးဆောင်နေလို့လဲ။ ကျွန်မ ..... ကျွန်မ မဟုတ်ဘူး "
ယဲ့ဖန်၏ အကြည့်တွေက သူမခန္ဓာကိုယ်အနှံ့ဆီ ရောက်သွားသည်။
" အခု မင်း ကိုယ်နဲ့အတူတူ အိမ်ပြန်ချင်သေးလား "
ချန်းရွှမ်က ခေါင်းငြိမ့်လိုက်သည်။
သူမ၏ မျက်နှာလှလှလေးက နားရွက်တွေအထိ နီရဲနေပြီဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် သူမကနှာသံလေးဖြင့် နူးညံ့စွာ "အွန်း" ဟု အသံပြုလိုက်သည်။
ယဲ့ဖန်၏သွေးများ ဆူပွက်လာသည်။
ထိုအချိန်တွင် စနစ်မှသတိပေးချက်က သူ့နားထဲတွင် ထွက်ပေါ်လာပြန်သည်။
[ အခွင့်အရေးလမ်းညွှန်မှုကို ပြီးမြောက်ခဲ့သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆုအဖြစ် အိပ်ခန်းအတွင်းရှိ လျှို့ဝှက်နည်းပညာ ခုနစ်ဆယ့်နှစ်မျိုးစွမ်းရည်ကို ပေးအပ်ပါသည် ]
ယဲ့ဖန်က နတ်ဆိုးဆန်ဆန် ပြုံးလိုက်သည်။
ဒီစနစ်က လူတွေရဲ့ အတွေးတွေကို နားလည်တာ တကယ်ကောင်းတာပဲ။
......................................
ယဲ့ဖန်က သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ နောက်တစ်နေ့ ရောက်နေပြီဖြစ်သည်။
ထို့နောက် သူ့ရင်ခွင်ထဲက အလှတရားလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးတာကို သူ တွေ့လိုက်ရသည်။
မနေ့ညက သူမရဲ့ နောက်ဆုံးညဖြစ်သည်။
စနစ်က သူ့ကို အိပ်ခန်းထဲမှ လျှို့ဝှက်နည်းပညာ (၇၂) ခုနစ်ဆယ့်နှစ်မျိုးကို ပေးအပ်ခဲ့သည်။
နောက်ဆုံးတော့ သူ ဘာပြဿနာမှမရှိဘဲ သေနိုင်ပြီဖြစ်သည်။
သူမကို သနားစိတ်ဖြင့် ကြည့်နေစဉ်မှာဘဲ သူမ၏ ရှည်လျားသော မျက်တောင်တွေက နှစ်ချက်မျှ လှုပ်ခတ်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူမ၏ အသက်ရှူသံတွေမှာလည်း သိသိသာသာ မှားယွင်းနေသည်။
သေချာပေါက် သူမ နိုးနေပြီဖြစ်သည်။
" နိုးပြီလား "
သူက ငြင်သာစွာ မေးလိုက်သည်။
သို့သော် ချန်းရွှမ်က အိပ်ပျော်ချင်ဟန်ဆောင်ကာ အဖြေမပေးခဲ့ပေ။
ယဲ့ဖန်က နတ်ဆိုးဆန်ဆန် ပြုံးလိုက်သည်။
သူမ၏ သွယ်လျသော ခြေထောက်များကို အပေါ်မှ လှမ်းကြည့်လိုက်သည်။
ယဲ့ဖန်က အိပ်ရာက ထဖို့ ပြင်လိုက်ပေမဲ့ တစ်ဝက်တစ်ပျက်နဲ့ ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်သည်။
ချန်းရွှမ်က သူ့ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
" ဟားဟားဟား၊ ကိုယ် မင်းကို ဖမ်းမိပြီ မဟုတ်လား "
ချန်းရွှမ်က မျက်လုံးတွေကို အမြန်ပြန်မှိတ်လိုက်သည်။
သူမ၏ လှပတဲ့မျက်နှာလေးက လည်ပင်းအထိ နီရဲနေပြီဖြစ်သည်။
ယဲ့ဖန်က သူမရဲ့ နားထဲကို တိုးတိုးလေးလိုက်သည်။
" မနေ့ညက မင်းကို အရင်ဖျော်ဖြေပေးဖို့ အချိန်မရှိလိုက်ဘူး။ အခု မင်းအတွက် လုပ်ပေးစေချင်သေးလား "
" မလိုပါဘူး "
ချန်းရွှမ်က သူမမျက်နှာကို ကွယ်လိုက်ပြီး ပြေးပုန်းဖို့ အပေါက်တစ်ပေါက်သာ ရှာလိုက်ချင်တော့သည်။
သူမ ဒီလောက် အရမ်းရှက်နေတဲ့အချိန်မှာ သူမက ဘယ်လိုလုပ်ပြီး လင်းယွမ်အိမ်ခြံမြေရဲ့ ဥက္ကဌ ဖြစ်နိုင်ပါတော့မလဲ။
သူမ ဒီလိုလုပ်လေလေ ယဲ့ဖန်နှလုံးသားထဲမှာ ယားလာလေလေဖြစ်သည်။
" ဒါ ကိုယ့်အိမ်လေ။ ကိုယ့်စကားကပဲ သက်ရောက်မှုရှိတယ်။ ကိုယ့်တံခါးကိုလာခေါက်ဖို့ မင်းကို ဘယ်သူက အတင်းလုပ်ခိုင်းလို့လဲ။ လာစမ်း "
သူက ပြောပြီးတာနဲ့ သိုးလေးအပေါ် ခုန်အုပ်တဲ့ ကျားတိုက်ကွက်ကို အသုံးပြုလိုက်တော့သည်။
နှစ်ယောက်သား အိပ်ခန်းထဲက ထွက်လာတော့ မွန်းတည့်ချိန်နီးနေပြီဖြစ်သည်။
ချန်းရွှမ်က အဖြူရောင် အမျိုးသားရှပ်အင်္ကျီကို ၀တ်ထားသည်။
သူမ၏ ပရော်ဖက်ရှင်နယ်ရုံးဝတ်စုံနှင့် အသားကပ်ခြေအိတ်တွေက မနေ့ညတုန်းက သားရဲတစ်ကောင်ကြောင့် ပြဲသွားခဲ့သည်။
ယဲ့ဖန်က သူမ၏ ယိုင်နဲ့နေတဲ့ ခြေထောက်တွေကို ငုံ့ကြည့်ကာ ရယ်မောလိုက်သည်။
" မင်း ဒီနေ့ အိမ်မှာဘဲ အနားယူသင့်တယ် "
ချန်းရွှမ်က ခေါင်းခါလိုက်သည်။
" ကျွန်မမှာ ကုမ္ပဏီနဲ့ ပတ်သက်တာတွေ လုပ်စရာ အများကြီးကျန်သေးတယ်။ ခဏနေ ပြန်သွားရမယ် "
ယဲ့ဖန်က ပြုံးပြီး သူမကို ကြည့်နေသည်။
" မင်း ဒီလိုနဲ့ အဆင်ပြေပါ့မလား "
ချန်းရွှမ်က မျက်လုံးလှန်ဝေ့လိုက်သည်။
" ဒါတွေအားလုံးက ရှင့်အပြစ်တွေ မဟုတ်ဘူးလား။ ဒါက ကျွန်မရဲ့ ပထမဆုံးအကြိမ်ကြီးကို ရှင်က ကျွန်မကို သနားရကောင်းမှန်း မသိဘူးလေ "
ယဲ့ဖန်ကလည်း ညည်းညူအတွန့်တက်သည်။
" ဒါကလည်း ကိုယ့်ရဲ့ပထမဆုံးအကြိမ်ပဲ ငါ့မှာ အတွေ့အကြုံမရှိဘူး "
ချန်းရွှမ်က ညင်သာစွာ နှာခေါင်းရှုံ့လိုက်သည်။
" သရဲပဲ ရှင့်ကိုယုံမှာ။ ရှင် ........ "
သူ့ဆီမှာ လှည့်ကွက်တွေအများကြီးရှိလေသည်။
သူက မိန်းမပျိုအလှလေးကို လှည့်စားခဲ့ဖူးမှာ သိသာသည်။
ယဲ့ဖန်၏ အမျိုးမျိုးသော လှုပ်ရှားမှုများကို သူမတွေးလိုက်မိသောအခါ သူမသည် ဘယ်သူ့ကိုမျှ မျက်နှာမပြရဲလောက်အောင် ရှက်ရွံ့နေသည်။
ယဲ့ဖန်ကတော့ သူမ တစ်နေ့လုံး ဘာတွေ တွေးနေမှန်း တကယ်မသိပေ။
ယဲ့ဖန် တကယ်ဘဲ ငိုချင်မိသွားသည်။
ကောင်းကင်နှင့် မြေကြီးသာ သူ ရိုးသားမှန်းသိသည်။
ဒါက တကယ်ပဲ သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်သည်။
အဲဒီ့ညစ်ပတ်တဲ့ အပြုအမူတွေကို မကောင်းဆိုးဝါးစနစ်က သူ့ကို သင်ပေးခဲ့တာဖြစ်သည်။
သူ့မှာ အပြစ်မရှိပေ။
ထိုအချိန်တွင် စက်ရုပ်ဆန်ဆန် 'ဟက်ချိုး' ဆိုတဲ့ အသံ ထွက်ပေါ်လာသည်။
ရှင်းရှင်းပြောရရင် စနစ်က သူ့ကို ဆန့်ကျင်နေသည်။
စနစ်ကလည်း သူရိုးသားတာကို လက်မခံချင်ပေ။
ယဲ့ဖန်နှင့် ချန်းရွှမ်တို့က မနက်......နေ့လည်စာစားနေကြချိန်တွင် ရုတ်တရက် ကုန်းရှန်းဟုန်ထံမှ ဖုန်းဝင်လာသည်။
" ယဲ့ညီလေး၊ မိုကုန်း သေပြီ "
ထိုသတင်းကိုကြားသောအခါ ယဲ့ဖန် အံ့အားသင့်သွားသည်။
" သေပြီလား။ သူ ဘယ်လိုသေတာလဲ။ ကျွန်တော် သူ့ကို မနေ့ညကတောင် သင်္ဘောကျင်းကို လိုက်ပို့ပေးပြီး သူထွက်သွားတာကို မျက်လုံးနဲ့ တပ်အပ်တွေ့လိုက်ပါတယ်။ ရုတ်တရက်ကြီး သူက ဘယ်လိုသေသွားတာလဲ "
" သင်္ဘောပေါ်မှာဘဲ သေသွားတာ။ ဖြစ်နိုင်တာကတော့ သူ့အဖေရဲ့ ယုံကြည်ရတဲ့ လက်ထောက်ကို နျုံစစ်သွမ်းက လာဘ်ထိုးခဲ့တာ ကြာပြီ ........... "
ယဲ့ဖန်ဖုန်းကို ချလိုက်ပြီးတဲ့နောက် အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်ဖြစ်သွားသည်။
မနေ့ညက သူ့ကို တောင်းပန်ဖို့ ရောက်လာတဲ့ မိုကုန်းရဲ့ ထိတ်လန့်နေတဲ့ အမူအရာကို သူ တွေးမိသည်။
သူ့နှလုံးသားထဲမှာ ခံစားချက်တွေ ရောထွေးနေခဲ့သည်။
" ဒီ နျုံစစ်သွမ်းက တကယ်ကို ရက်စက်တာပဲ "
ဒီအဖြစ်အပျက်ကနေတဆင့် သူ နျုံစစ်သွမ်းရဲ့ ရက်စက်ယုတ်မာမှုကို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။
" ဒီလူက သူ့ပန်းတိုင်ကို ရောက်ဖို့အတွက် တကယ်ကို မရိုးသားတာတွေ သုံးတာပဲ "
ချန်းရွှမ်၏ မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့သည်။
စီးပွားရေးစလုပ်ကတည်းက သူမဟာ စီးပွားရေးလောကရဲ့ လှည့်စားမှုတွေကို ခံခဲ့ရဖူးသည်။
သို့သော် အများစုက စီးပွားရေးညစ်ပတ်မှုများအပေါ်သာ အခြေခံသည်။
လူတွေကို နှုတ်ပိတ်ဖို့အတွက် ဒီလိုသွေးထွက်သံယို သတ်ဖြတ်တဲ့နည်းလမ်းကို သုံးတာ သူမ ပထမဆုံး ကြုံဖူးတာဖြစ်သည်။
သူမ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မှာလဲ။
ယဲ့ဖန်က သူမလက်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။
" ချန်းရွှမ်၊ စိတ်မပူပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးဖို့ သူ့ကို အခွင့်အရေးပေးမှာ မဟုတ်ဘူး "
ချန်းရွှမ်က သူမ၏ခေါင်းကို သူ့လက်နှစ်ဖက်ဆီသို့ ဖြည်းဖြည်းချင်း မှီလိုက်သည်။
" ယဲ့ဖန်၊ ဒီလူက အရမ်းကြောက်ဖို့ကောင်းတယ်။ ကျွန်မတို့ ... ဘာလို့ရှုံးတာကို လက်မခံလိုက်တာလဲ "
ယဲ့ဖန်က သူမရဲ့မေးစေ့ကို မြှောက်လိုက်သည်။
" မင်းရဲ့ယောက်ျားက သူ့ကိုရှုံးလိမ့်မယ်ထင်လား "
ချန်းရွှမ်က အမြန်ခေါင်းယမ်းလိုက်သည်။
" အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လူမှာ လူစိတ်မရှိဘူး။ ကျွန်မ ရှင့်ကို စိတ်ပူတယ် ....... "
ယဲ့ဖန်က သူမပါးစပ်ကို ပိတ်ဖို့ သူ့လက်ညိုးနဲ့ တားလိုက်သည်။
" လူကြီးလူကောင်းတွေနဲ့ ဆက်ဆံဖို့ နည်းလမ်းတွေရှိသလို လူဆိုးတွေနဲ့ ဆက်ဆံဖို့လည်း နည်းလမ်းတွေ အများကြီးရှိတယ်။ သူ့မှာ လူစိတ်မရှိရင် ကိုယ့်မှာလည်း လူစိတ်ရှိပေးစရာ အကြောင်းမရှိဘူး "
သူက စကားပြောနေရင်း သူမ၏အင်္ကျီအောက်မှ လှပပြီး သွယ်လျသော ခြေတံရှည်နှစ်ချောင်းကို လှည့်ကြည့်လိုက်သည်။
" မင်းရဲ့ ခြေထောက်လေးကလည်း လူမှဟုတ်ရဲ့လား မသိဘူး .... "
ချန်းရွှမ်၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး သူမ ချက်ချင်း ထွက်ပြေးရန် ကြိုးစားသည်။
ဒါပေမယ့် ယဲ့ဖန်က သူမကို ဖမ်းဆွဲလိုက်ပြီး ပွေ့ချီလိုက်သည်။
ထို့နောက် အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ချန်းရွှမ်လည်း မတတ်နိုင်ဘဲ ညည်းတွားလိုက်သည်။
" ထပ်ပြီးတော့လား "