← Chapters

အပိုင်း ၄၁၃-၄၁၆

Vol. 21 Ch. 413-416

အပိုင်း ၄၁၃-၄၁၆

Vol. 21 Ch. 413-416

အပိုင်း ( ၄၁၃ )

တစ်ယောက်ကိုမှ အလွတ်မပေးဘူး

ဆောင်းဦးလေမဟာမိတ်မှ လူတွေက သူတို့၏ အမူအရာတွေကို မြင်ပြီး ပိုလို့တောင် ဂုဏ်ယူလာကြသည်။

" ဟားဟားဟား၊ မင်းတို့ကြောက်ရင် လက်နက်ချဖို့ အချိန်မနှောင်းသေးဘူး "

" ငါတို့က သဘောထားကြီးမြတ်တော့ မင်းရဲ့အသက်ကို ကယ်တင်နိုင်ပေမယ့် အကျိုးကျေးဇူးရဲ့ တစ်စိတ်တစ်ပိုင်းကိုတော့ ပေးရမယ် "

" လက်နက်ချတာက ပညာရှိရွေးချယ်မှုတစ်ခုပဲ။ အနည်းဆုံးတော့ မင်းအသက်ကို ကယ်နိုင်မှာပေါ့ "

" မင်းက နျုံလူကြီးမင်းရဲ့ ရန်သူတောင် သတ္တိရှိရှိနဲ့ ဖြစ်ရဲမှတော့ မင်းရဲ့အသက်ကို ချမ်းသာလိုက်တာကတောင် မင်းအတွက် အရမ်းသက်တောင့်သက်သာရှိလွန်းနေပြီ "

" ယဲ့ဆိုတဲ့တစ်ယောက် မင်း ဘယ်နှစ်ရက်နေနိုင်မလဲဆိုတာ ကြည့်ရအောင် ဟားဟား ........ "

ယဲ့ဖန်းနဲ့ တခြားသူတွေကို ပြောဆိုပြီး သူတို့ကိုယ်သူတို့ အတော်လေး ကျေနပ်နေကြသည်။

ယဲ့ဖန်က သူတို့ကို ဖြည်းဖြည်းချင်း တစ်ယောက်စီကို ကြည့်ကာ ပြုံးလိုက်သည်။

" နျုံစစ်သွမ်း နောက်ဆုံးမှာ ရယ်မောနိုင်ပါစေလို့ မင်းတို့ ဆုတောင်းနေတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ငါအနိုင်ရပြီးတာနဲ့ မင်းတို့ကို တစ်ယောက်မှ မလွတ်စေရဘူး "

မားဝူကျန်းနဲ့ တခြားသူတွေက ပိုလို့တောင် ရယ်လိုက်ကြသည်။

" ဟားဟားဟား၊ အရမ်းကြောက်နေပါပြီ။ ယဲ့လူကြီးမင်း ကျေးဇူးပြုပြီး ငါ့ကို ခွင့်မလွှတ်ပါနဲ့ ။ ငါ မင်းကို တောင်းဆိုပါတယ် "

" မင်းမုန်းတာကိုခံရတာ ငါတို့အတွက်တော့ ဂုဏ်ယူစရာပါပဲ ယဲ့လူကြီးမင်း "

" ယဲ့ဖန်၊ မင်း ဒီ့ထက် မာနကြီးနေမယ်ဆိုရင် မင်းရဲ့အဆုံးသတ်က သေချာပေါက် လှမှာမဟုတ်ဘူး "

" မင်း အခုထက် ပိုမောက်မာလေလေ၊ အချိန်တန်ရင် မင်း ကျရှုံးလေလေဖြစ်မှာ "

" မင်းအနိုင်ရပြီးတာနဲ့လား။ မင်းက အနိုင်ရမှာတဲ့လား။ အိပ်မက်မက်နေတာကို ရပ်လိုက် "

" လာစမ်းပါ၊ ငါ့ကိုရိုက်လိုက် ......... "

ဆောင်းဦးလေမဟာမိတ်ဘက်က လူတိုင်းက အလွန်ယုံကြည်မှုရှိနေကြသည်။ သူတို့က ယဲ့ဖန်ရဲ့ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပေ။

ယဲ့ဖန် အေးစက်စက် အပြုံးကိုသာ ပြုံးထားသည်။

ဘေးနားသို့ လျှောက်သွားကာ ထိုင်ရန် ကုလားထိုင်တစ်လုံးကို ယူလိုက်သည်။

ချန်းချုံရှန်းနှင့် အခြားသူများကလည်း သူ့နောက်တွင် ဝင်ထိုင်ကြသည်။

အခမ်းအနားတွင် အဖွဲ့ ၃ ဖွဲ့ ကွဲထိုင်နေကြသည်။

တစ်ဖွဲ့ကို ယဲ့ဖန်က ဦးဆောင်ကာ တစ်ဖွဲ့ကိုတော့ လက်ရှိမှာ ဆောင်းဦးလေမဟာမိတ်ကို ဦးဆောင်နေတဲ့ မားဝူကျန်းက ရှေ့ဆုံးမှာနေနေသည်။

အဖွဲ့ ၃ခုက ပြတ်ပြတ်သားသား ကွဲထွက်နေကြသည်။

သူတို့အားလုံးက အချင်းချင်း စကားမပြောကြတော့ဘဲ အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

နျုံစစ်သွမ်း ရောက်လာဖို့ကိုသာ စောင့်နေကြတာဖြစ်သည်။

သူ ရောက်လာပြီးတာနဲ့ ဆောင်းဦးလေမဟာမိတ်ကို တည်ထောင်ပြီးကြောင်း ကြေညာမှာဖြစ်သည်။

ထိုအခါ သူတို့ရဲ့ ရည်မှန်းချက်ကို မုန်တိုင်းဆန်ဆန် တိုက်ခိုက်နိုင်တော့မှာဖြစ်သည်။

နေ့လယ် ၁၂ နာရီထိုးလာသည်။

လူတိုင်းရဲ့ စိတ်ထဲမှာလည်း အသည်းယားလာကြသည်။

ယဲ့ဖန်ဘက်ကလူတွေက ပိုစိုးရိမ်နေကြသည်။

သူတို့အားလုံးသည် တန်ပြန်အစီအစဉ်တွေကို လျှို့ဝှက်စွာတွေးတောနေခဲ့ကြသည်။

မားဝူကျန်းကတော့ ဆုလာဘ်တွေ ကောက်စားဖို့ စိတ်အားထက်သန်နေသည်။

နျုံစစ်သွမ်း ချက်ချင်းပေါ်လာဖို့ကို သူ မစောင့်နိုင်တော့ပေ။

ကြားနေတွေမှာလည်း ရည်ရွယ်ချက်ရှိသည်။

သူတို့က ပွဲကြည့်ရတာကို အဲ့လောက်စိတ်မဝင်စားပေ။

တကယ်တော့ နှစ်ဖက်လုံးက အဆုံးအစွန်ထိ သွေးထွက်သံယိုနဲ့ အထိနာအောင် တိုက်ခိုက်ကြလျှင် အကောင်းဆုံးဖြစ်ပြီး သူတို့က ကြားထဲကနေ အကျိုးခံစားခွင့်တွေကို ကောက်စားရုံဖြစ်သည်။

လူတိုင်းက မျှော်လင့်စောင့်စားနေပေမဲ့ ၁၂ နာရီထိုးသွားတော့သည်။

သို့ပေမဲ့ ထူးဆန်းစွာနဲ့ နျုံစစ်သွမ်း၏ကားက ထင်ထားသလို ပေါ်မလာခဲ့ပေ။

လူအုပ်ကြီးရဲ့ ဆွေးနွေးသံက ကျယ်သထက်ကျယ်လာတော့သည်။

" ဘယ်လိုဖြစ်တာလဲ။ ၁၂ နာရီတောင် ထိုးနေပြီ။ နျုံစစ်သွမ်းက ဘာလို့ ဒီကို မရောက်လာသေးတာလဲ "

" ဟုတ်တယ်၊ ပြောရမယ်ဆိုရင် သူက ဒီလိုအရေးကြီးတဲ့ဖွင့်ပွဲအခမ်းအနားကို နောက်မကျသင့်ဘူး မဟုတ်လား "

" သူ မတော်တဆများဖြစ်လို့လား "

" ဒါကြီးက မတိုက်ဆိုင်လွန်းဘူးလား။ ဆောင်းဦးလေတည်ထောင်တော့မှဘဲ ဒီလိုအချိန်ကြီးကို မတော်တဆဖြစ်ရောလား "

" မထင်ဘူးနော်။ သူ တစ်ခုခုရှိလို့ နောက်ကျနေတာဖြစ်မှာပါ၊ ဟုတ်တယ်မလား။ စောင့်ကြည့်ကြတာပေါ့ ......... "

လူတိုင်းက ပဟေဠိဖြစ်နေကြစဉ်မှာပဲ ၁၂နာရီခွဲသွားတော့သည်။

နျုံစစ်သွမ်းက အခုထိ ပေါ်မလာသေးပေ။

ထိုအချိန်မှာ ရှိနေတဲ့သူတွေက ဒီအတိုင်းဆက်ထိုင်စောင့်မနေနိုင်ကြတော့ပေ။

၁၀မိနစ် ၁၅မိနစ်လောက် နောက်ကျတာက လက်ခံပေးလို့ ရသေးသည်။

သို့ပေမဲ့ နာရီဝက်မက နောက်ကျနေတာက အဓိပ္ပာယ်မရှိပေ၊

ဆောင်းဦးလေမဟာမိတ်ရဲ့စိတ်ထဲမှာ မသက်မသာဖြစ်လာကြတော့သည်။

" နျုံလူကြီးမင်းက ဘာလို့ ရောက်မလာသေးတာလဲ "

" ဟုတ်တယ်၊ လူတွေအများကြီးက စောင့်နေရတာလေ။ ဒါက နောက်စရာမှမဟုတ်တာ "

" မဟာမိတ်တည်ထောင်တဲ့ ပွဲမှာတောင် အချိန်မီ မလာနိုင်ဘူးဆိုရင်တော့ ကျန်တဲ့သူတွေက ငနုံတွေဆိုတာ အတည်ပြုပေးသလို ဖြစ်မသွားဘူးလား "

" သူဌေးမား၊ ခေါ်ကြည့်ပါဦး "

မားဝူကျန်း၏ အမူအရာကလည်း မကောင်းပေ။

" ခေါ်နေတာ အတော်ကြာပေမဲ့ ဘယ်သူမှ ပြန်မဖြေကြဘူး "

ထိုစကားကို လူတိုင်းက ကြားသောအခါ ပို၍ပင် စိုးရိမ်လာကြသည်။

သို့သော် လုပ်နိုင်သည့် အခြားနည်းလမ်းမရှိပေ။

ယဲ့ဖန်ဘက်ကလူတွေရဲ့ လေထုကတော့ မတူချေ။

အားလုံးက ယဲ့ဖန်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

" ယဲ့ညီလေး၊ နျုံစစ်သွမ်းက ဘာအကွက်ကစားနေတယ်လို့ မင်းထင်လဲ။ သူက ဘာလို့ဒီကို မရောက်သေးတာလဲ "

" ဟုတ်တယ်။ နည်းလမ်းကျကျပြောရရင် သူက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးကို လုပ်ပြီးမှာ ဒီလိုအခြေအနေမျိုး မလုပ်သင့်ဘူး "

" နျုံစစ်သွမ်းက အသက်ကြီးပြီဆိုတော့ ခေါင်းမကောင်းဘဲ ရက်စွဲမှားမှတ်မိတာ ဖြစ်နေမလား။ ဟားဟားဟား "

" အဲ့လို မဖြစ်သင့်ဘူး။ ကားက လမ်းကြောင်းမှားပြီး မောင်းသွားတာလည်း ဖြစ်နိုင်တယ် "

ယဲ့ဖန်က သူတို့ရဲ့ လှောင်ပြောင်တာတွေကို နားထောင်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။

" ရေထဲကျသွားပြီး ရေနစ်သွားတာဆိုရင်ရော ဘယ်လိုလုပ်မလဲ "

ထိုစကားကိုကြားတော့ အားလုံးက နှုတ်ခမ်း တွန့်သွားကြသည်။

" ညီလေး၊ ဒါတော့ မင်း နည်းနည်းလွန်သွားပြီ။ ဒီလိုမျိုး တခြားသူတွေကို မကျိန်ဆဲသင့်ဘူး "

" ဟုတ်တယ်၊ ငါတို့က ပြိုင်နေတာဆိုပေမယ့် ဘာလို့ အဲ့လိုပြောနိုင်ရတာလဲ "

" တကယ်ရေနစ်သွားရင်တော့ ကောင်းပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" ယဲ့ဖန်က နောက်နေတာပါ။ သိပ်စိတ်ထဲမထားပါနဲ့ "

အားလုံးက ရယ်မောနေကြချိန်မှာဘဲ ရုတ်တရက် အနက်ရောင် Mercedes-Benz တစ်စီးက သူတို့ဆီ ကို အရှိန်နဲ့ မောင်းလာနေတာကို တွေ့လိုက်ရသည်။

" သူ ဒီကိုရောက်ပြီ "

တစ်စုံတစ်ယောက်က အော်လိုက်သည်။

အားလုံးကလည်း မတ်တပ်ရပ်ပြီး ကားကို စိုက်ကြည့်နေကြသည်။

ဆောင်းဦးလေမဟာမိတ်မှလူတွေက အလွန်စိတ်လှုပ်ရှားပြီး ခုန်ပေါက်မတတ်ဖြစ်သွားခဲ့ကြသည်။

အခုမှပဲ သူတို့ စိတ်အေးသွားတော့သည်။

နျုံစစ်သွမ်းက မတော်တဆမှုဖြစ်ပြီး သူတို့ကို ထားခဲ့မှာကို စိုးရိမ်နေခဲ့ကြသည်။

အခုတော့ စိုးရိမ်စရာ မလိုတော့ဘူးလို့ ထင်ရသည်။

ယဲ့ဖန်ဘက်က သူတွေကတော့ စိတ်ညစ်သွားကြသည်။

ထိပ်တိုက်တွေ့ရတော့မည်ဖြစ်သည်။

ပုန်းအောင်းမနေဘဲ တိုက်ခိုက်ရတော့မည်။

အားလုံးက ကားထဲကနေ နျုံစစ်သွမ်း ဆင်းလာမှာကို စောင့်နေကြချိန်မှာပဲ ကားတံခါးကပွင့်လာပြီး လူတစ်ဦး ခုန်ဆင်းလာသည်။

သို့ပေမဲ့ သူက နျုံစစ်သွမ်း မဟုတ်ပေ။

သူက နျုံစစ်သွမ်း၏လူယုံ လက်ထောက်တစ်ဦးဖြစ်သည်။

ကားပေါ်မှ ဆင်းလာပြီးသည်နှင့် သူက မြေပေါ်တွင် ဒူးထောက်လိုက်သည်။

နှပ်ချေးတွဲလောင်း မျက်ရည်ရွှဲလဲဖြင့် ငိုတော့သည်။

" နျုံလူကြီးမင်းရဲ့ကားက အရှိန်ထိန်းမရဘဲ ........ မြစ်ထဲကို ထိုး ..... ထိုးကျသွားပါတယ်။ အ... အ အလောင်းတောင် ရှာမရပါဘူး "

အပိုင်း ( ၄၁၄ )

ဒီတစ်ယောက်က ဝတ္ထုတွေထဲက အဓိကဇာတ်ကောင်များလား

ရှိရှိသမျှလူတိုင်းက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

လူတိုင်းက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။

မှားကြားတာများလား။

နျုံစစ်သွမ်းရဲ့ကားက မြစ်ထဲကို ထိုးကျသွားတာတဲ့လား ........... အလောင်းတောင် ရှာမတွေ့ဘူးတဲ့လား။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

မားဝူကျန်းက အရှေ့ကို ပြေးသွားကာ ထိုလူ၏ အင်္ကျီကော်လာကို လှမ်းဆွဲလိုက်သည်။

" ထပ်ပြောစမ်း။ နျုံလူကြီးမင်းက ဘာဖြစ်သွားတာလဲ "

မားဝူကျန်းက သူ့ရဲ့အနာဂတ်နဲ့ ကံကြမ္မာကို နျုံစစ်သွမ်းအပေါ် ပုံအပ် ချိတ်ဆက်ထားတာဖြစ်သည်။

တကယ်လို့ နျုံစစ်သွမ်းသာ တစ်ခုခုဖြစ်ခဲ့ရင် .... သူ ဘယ်လို အကျိုးဆက်တွေ ကြုံရမည်ဆိုတာကို မတွေးရဲပေ။

နျုံစစ်သွမ်းရဲ့ ယုံကြည်ရတဲ့လက်ထောက်က အသက်ရှိုက်ရှူကာ မနည်းပြောနေရသည်။

" နျုံလူကြီးမင်းက ........... နျုံလူကြီးမင်းရဲ့ကားက တံတားပေါ် ထိုးဆင်းသွားတာပါ။ လှည့်ကင်းရုံးနဲ့ အရေးပေါ်ဌာနက လူတွေက အခင်းဖြစ်တဲ့နေရာကို အမြန်သွားပြီး ကားကို စတင်ကယ်ဆယ်နေကြပါပြီ ........... "

မားဝူကျန်း၏ အမြင်အာရုံတွေ အမှောင်ကျသွားသလို ခံစားလိုက်ရပြီး မြေပေါ်လဲကျမတတ်ဖြစ်သွားသည်။

ဆောင်းဦးလေမဟာမိတ်၏ အခြားအဖွဲ့ဝင်များလည်း အခြေအနေမကောင်းကြပေ။

သူတို့မျက်နှာတွေက ပြာနှမ်းနေပြီး အလွန်အကျည်းတန်နေသည်။

နျုံစစ်သွမ်းသာ တကယ်ဘဲ ......... တကယ်ဖြစ်ခဲ့ရင်...ဆောင်းဦးလေမဟာမိတ်က ပြိုလဲသွားလိမ့်မည်။

သူတို့ရင်ဆိုင်ရမယ့်အရာက ယဲ့ဖန်ရဲ့ လက်စားချေမှုကြီးဖြစ်သည်။

ဒါက သူတို့အတွက် သေချာပေါက် အိပ်မက်ဆိုးဖြစ်သွားပေမည်။

အခုတော့ နျုံစစ်သွမ်းက အံ့ဖွယ်နည်းတစ်ခုခုဖြင့် အသက်ရှင်နေမည်ဟုသာ သူတို့ မျှော်လင့်နေရတော့သည်။

ဒီလိုဖြစ်နိုင်ခြေက အရမ်းနည်းနေလျှင်တောင်မှ ဒါက သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လေသည်။

ကြားနေသူများကလည်း ယုံရခက်နေသည်။

နျုံစစ်သွမ်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှ စီးပွားရေးလုပ်ငန်းဖခင်ကြီးဖြစ်သည်။

သူက စီးပွားရေးလောကတွင် ဆယ်စုနှစ်များစွာရှိခဲ့ပြီး ဘယ်သောအခါကမှ မရှုံးခဲ့ပေ။

သူက ဘယ်လိုဖြစ်ပြီး ဒီလို အပျက်အစီးမျိုးနဲ့ ကြုံရတာလဲ။

ဒါက လုံးဝမဖြစ်နိုင်ပေ။

ယဲ့ဖန်နဲ့ တခြားသူတွေအတွက်ကတော့ ဇာတ်လမ်းက မတူချေ။

အားလုံးက ယဲ့ဖန်ကို ထူးဆန်းတဲ့အမူအရာဖြင့် ကြည့်နေကြသည်။

ယဲ့ဖန်က နျုံစစ်သွမ်း ရေထဲပြုတ်ကျပြီး ရေနစ်သွားတာ ဖြစ်နိုင်တယ်လို့ ခုနက ပြောလိုက်သည်။

တကယ် ရေထဲကျသွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပေ။

ဒါက တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ် .....

" ယဲ့ညီလေး၊ နျုံစစ်သွမ်း ရေထဲကျသွားမယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ။ မဖြစ်နိုင်တာ ..... မင်း ... "

ချန်းချုံရှန်းက ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်နေသည်။

တကယ်ပဲ ယဲ့ဖန်လုပ်ခဲ့တာဆိုရင် ...... ဥပဒေကနေ လွတ်နိုင်ရင်တောင်မှ စီးပွားရေးလောကတစ်ခုလုံးက သပိတ်မှောက်ခြင်းနှင့် ဖိနှိပ်ခြင်းကို မလွဲမသွေ ခံရမည်ဖြစ်သည်။

စီးပွားရေးလောကမှာ နည်းလမ်းကျကျ မယှဉ်ပြိုင်နိုင်ဘဲ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေသူကို ဘယ်သူကမှ မလိုချင်ကြပေ။

ယဲ့ဖန်က သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။

" ကျွန်တော်က ဒီအတိုင်းပဲ ပြောနေခဲ့တာပါ။ ဒီလိုတိုက်ဆိုင်မှုမျိုးဖြစ်မယ်ဆိုတာ ဘယ်သူကသိမှာလဲ "

သူ့လူတိုင်းက သူ့ကို အရမ်းယုံလေသည်။

သူက ပြောပြီးတာနဲ့ တခြားမေးခွန်းတွေ ဆက်မမေးတော့ပေ။

ယဲ့ဖန်ရဲ့ပါးစပ်ကထွက်သမျှက အမှန်ဖြစ်လာမှာလို့ တွေးမိသည်။

မားဝူကျန်းက ဖရိုဖရဲနေတဲ့မြင်ကွင်းကို ကြည့်လိုက်သည်။

အဖွဲ့ရဲ့စိတ်ဓာတ်က မတည်ငြိမ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ပြင်းထန်နိုင်လေသည်။

ချက်ချင်းထရပ်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းလိုက်သည်။

" အားလုံးပဲ စိတ်အေးအေးထားပါ။ နျုံလူကြီးမင်းက အခြေအနေတွေကို သေချာပေါက် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ မဟာမိတ် ထူထောင်ရေးအခမ်းအနားကို ပုံမှန်အတိုင်း ဆက်ကျင်းပသွားပါ့မယ် "

သူ့စကားကို လူတိုင်းက ကြားပြီးတဲ့အခါ သူတို့၏စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုကို မငြိမ်သက်နိုင်စေသော်လည်း အခြေအနေကိုတော့ အနည်းငယ်ထိန်းသွားနိုင်ခဲ့သည်။

လူတိုင်းက နောက်ဆုံးအခြေအနေကို သိရရန် သူတို့ရဲ့ လူယုံလက်ထောက်တွေကို စေလွှတ်ခဲ့ကြသည်။

အချိန်တွေက တဖြည်းဖြည်းကုန်လာသည်။

သူတို့ခေါင်းပေါ်မှ နေရောင်ခြည်က ပို၍ပို၍ အဆိပ်ပြင်းလာသည်။

လူတိုင်းကလည်း ချွေးသီးချွေးပေါက်များထွက်ကာ သူတို့၏အဝတ်အစားတွေပင် စိုလာကြတော့သည်။

သို့သော် ဘယ်သူကမှ ထွက်မသွားခဲ့ပေ။ အားလုံးက နောက်ဆုံးသတင်းကို စောင့်မျှော်နေကြသည်။

၁ နာရီလောက်တွင် စုံစမ်းဖို့ ပထမဆုံးထွက်သွားတဲ့ ပထမဆုံးကားက ပြန်ရောက်လာသည်။

ထိုလူက ကားပေါ်မှ ဆင်းလာသည်နှင့် တုန်ယင်နေတဲ့အသံဖြင့် ပြောသည်။

" ကယ်ဆယ်ရေးအဖွဲ့တွေက အဝတ်စနှစ်ပိုင်းကို ရလိုက်တယ်။ DNA စစ်ဆေးပြီးတဲ့နောက် အဲ့တာက နျုံလူကြီးမင်းရဲ့ အဝတ်အစားလို့ အတည်ပြုပေးထားတယ် "

မားဝူကျန်းက သူ့ကို ဆွဲဆောင့်လိုက်သည်။

" နျုံလူကြီးမင်းရော၊ သူဘယ်မှာလဲ "

ထိုလူက အသက်ရှူကျပ်သွားပေမယ့် ဆက်ဖြေသည်။

" ကယ်ဆယ်ရေးအဖွဲ့ကပြောတာတော့ မြစ်ရေစီးက အရမ်းသန်လွန်းတော့ နျုံလူကြီးမင်း ..... အသက်ရှင်ဖို့ မျှော်လင့်ချက်က အရမ်းနည်းပါတယ်တဲ့ "

မားဝူကျန်းက ထိုစကားကိုကြားသော သူ့ကမ္ဘာကြီးပြိုကျတော့မည်ဟု ခံစားလိုက်ရသည်။

သူ့ဘေးနားက လူတွေက အမြန်ထူပေးလိုက်ကြရသည်။

" ပြီးပြီ၊ ပြီးသွားပြီ၊ ပြီးပြီ ......... "

မားဝူကျန်း၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး ပါးစပ်မှ ကမန်းကတမ်းရေရွတ်နေသည်။

နျုံစစ်သွမ်းဘက်မှ လူတွေက စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

လူတိုင်းက ကြောင်အအဖြင့် မြေပြင်ပေါ်တွင် အကြာကြီးရပ်နေကာ အာရုံမကပ်ကြပေ။

ရုတ်တရက် အခြေအနေပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူတို့သည် ယဲ့ဖန်၏ လုပ်ငန်းတွေကို ပူးပေါင်းသိမ်းယူတော့မှာဖြစ်သည်။

အောင်ပွဲက သူတို့ရှေ့မှာဖြစ်သော်လည်း ဒီလိုအရေးကြီးအခိုက်အတန့်မှာမှ နျုံစစ်သွမ်းက မမျှော်လင့်ထားသည့် မတော်တဆဖြစ်ခဲ့သည်။

တိုက်ပွဲတောင် မရှိလိုက်ဘဲ မဟာမိတ်ကြီးတစ်ခုလုံး ပြိုလဲသွားတော့မည်ဖြစ်သည်။

သူတို့ရင်ဆိုင်ရမည့် ကြေကွဲဖွယ်ကံကြမ္မာကိုလည်း မှန်းဆနိုင်သည်။

တစ်ဖက်တွင်တော့ ကြားနေသူများက သူတို့၏ကံကို တိတ်တဆိတ် ချီးကျူးနေခဲ့ကြသည်။

" ကံကောင်းလို့ ငါတို့က နျုံစစ်သွမ်းနဲ့တွဲဖို့ မရွေးခဲ့တာ။ မဟုတ်ရင် ဘဝပျက်နေဦးမယ် "

" ဟုတ်တယ်၊ နျုံစစ်သွမ်း သေသွားပြီဆိုတာကို မယုံနိုင်သေးဘူး။ ဒါက ...... မယုံနိုင်စရာကောင်းလွန်းတယ် "

" အင်အားကြီးတဲ့ စီးပွားရေးလောကရဲ့ ထိပ်တန်းလူက ထူးထူးဆန်းဆန်းပုံစံနဲ့ တကယ်ပဲ သေသွားတာလား။ ဒါက ရယ်ချင်စရာကောင်းလွန်းတယ်မဟုတ်လား "

" ဒါက သိပ္ပံဇာတ်ကားထက်တောင် သိပ္ပံနည်းဆန်နေသေးတယ် "

ယဲ့ဖန်ကတော့ အံ့သြပြီး ဝမ်းသာသွားသည်။

နျုံစစ်သွမ်းသေတာက စီးပွားရေးလောကမှာ မြေကြီးတောင် တုန်သွားစေနိုင်တဲ့ ကိစ္စဖြစ်လေသည်။

အားလုံးကို ထိတ်လန့်စေလောက်အောင် ဖြစ်ခဲ့သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပဲ သူတို့ကို ချောင်ပိတ်ချင်သည့် မဟာမိတ်အဖွဲ့ကလည်း ပြိုလဲသွားခဲ့သည်။

သူတို့ဘက် အောင်ပွဲဆင်နွှဲပြီး အောင်နိုင်မှုအသီးအပွင့်များကို ဝေမျှနိုင်မည်ဖြစ်သည်။

ထိုအခါ သူတို့၏ အင်အားက ပိုမိုကြီးမားကျယ်ပြန့်လာမည်ဖြစ်သည်။

ဘာလို့ သူတို့က မပျော်ဘဲနေမှာလဲ။

အားလုံးက ယဲ့ဖန်ကို ကြည့်နေကြသည်။

ဒီတစ်ယောက်ရဲ့ကံက ကောင်းကင်ကိုတောင် အံတုနိုင်တယ်မဟုတ်လား။

နျုံစစ်သွမ်း၏ မဟာမိတ်နှင့်ရင်ဆိုင်ရသောအခါ တိမ်မည်းတွေက သူတို့ပေါ်သို့ ကျရောက်နေပြီဖြစ်သည်။

အဆုံးကျတော့ ကောင်းကင်က သူ့ဘက်ကို ကူညီပေးခဲ့လေသည်။

တခဏချင်းမှာပဲ တိမ်တွေမြူတွေက ကွဲထွက်သွားပြီး နေရောင်က ပေါ်ထွက်လာသည်။

ဒီတစ်ယောက်က ဝတ္ထုထဲက အမျိုးသားဇာတ်ဆောင်များလား။

အပိုင်း ( ၄၁၅ )

သုံးထိရေပြီးတာနဲ့ မင်းတို့မဟာမိတ်က တိုက်စရာမလိုဘဲ ပြိုလဲသွားလိမ့်မယ်

ယဲ့ဖန်ရဲ့ ကံက ကောင်းကင်ဘုံကိုတောင် အံတုနိုင်တယ်လို့ လူတိုင်းနီးပါးက ထင်နေကြပြီဖြစ်သည်။

ကောင်းကင်ကတောင် သူ့ကို ကူညီခဲ့တယ်။

နျုံစစ်သွမ်း သေပြီးတာနဲ့ ကျုံးဟိုင်မှာ ဘယ်သူမှ သူ့ကို နှိမ်နှင်းနိုင်တော့မှာ မဟုတ်တော့ပေ။

ထို့နောက် သူက ကောင်းကင်ယံသို့ ပျံတက်တော့မှာ သေချာသည်။

မားဝူကျန်း အံကြိတ်ကာ မတ်တပ်ပြန်ထရပ်သည်။

" နျုံလူကြီးမင်း ဘာဖြစ်နေပါစေ ဒီမဟာမိတ်ကို ဆက်ဖွဲ့ရမယ်။ သဘောတူကြလား "

လက်ရှိအခြေအနေက ရှင်းပါသည်။

ယဲ့ဖန် နန်းတက်ပြီးတာနဲ့ သူတို့ကို စောင့်ကြိုနေတဲ့အရာက ရက်စက်တဲ့သုတ်သင်မှု ဖြစ်လေသည်။

သူက သေခြင်းတရားကို ငြိမ်သက်စွာ ထိုင်မစောင့်ချင်ပေ။ သူ နောက်ဆုံးအချိန်ထိ ရုန်းကန်ချင်သေးသည်။

ဆောင်းဦးလေမဟာမိတ်ကို အောင်မြင်စွာ ထူထောင်ပြီးသည်နှင့် နျုံစစ်သွမ်းမပါလျှင်တောင်မှ သူတို့အတွက် ကိုယ့်ဘာသာ ခုခံကာကွယ်ရန် ခွန်အားတချို့ကို ဖန်တီးနိုင်သေးသည်။

အနည်းဆုံးတော့ ယဲ့ဖန်က မဆင်မခြင်လုပ်ရဲမှာ မဟုတ်ပေ။

တခြားသူတွေကလည်း အဲ့တာကို သဘာဝကျတယ်ဟုတွေးပြီး ခေါင်းငြိမ့်သဘောတူကြသည်။

" ငါလည်း သဘောတူတယ်။ သူဌေးမားက နောက်ဆို ငါတို့ မဟာမိတ်ခေါင်းဆောင် ဖြစ်လာပြီး ငါတို့က သူ့စကားကို နားထောင်ကြမယ် "

" ယဲ့ဖန်၊ သိပ်ပျော်မနေပါနဲ့ဦး။ နျုံစစ်သွမ်း မရှိရင်တောင် ငါတို့က မင်းကို မကြောက်ဘူး "

" သူက နည်းနည်းလေး ကံကောင်းသွားတာ မဟုတ်လား။ ဘာအရေးလဲ။ မင်းကိုယ်မင်း တကယ်ထူးချွန်တယ်လို့ ထင်နေတာလား "

" ကံကောင်းရုံနဲ့ အဆင်မပြေဘူး။ အရာအားလုံးက ခွန်အားပေါ်မှာပဲ မူတည်တယ် "

" ယဲ့ဖန်၊ မင်း တိုက်ပွဲကို လက်ခံရဲလား။ မင်းရှုံးရင် စီးပွားရေးလောကကနေ အပြီးတိုင်ထွက်သွားရမယ် ...... "

ကြားနေသူတွေက ယဲ့ဖန်ကို ကြည့်နေကြသည်။

ဆောင်းဦးလေမဟာမိတ်က နျုံစစ်သွမ်းကို ဆုံးရှုံးခဲ့ရပြီးနောက် သူတို့၏ အင်အား အတော်လေးလျော့ကျသွားခဲ့သော်လည်း သူတို့က လျှော့တွက်မရသော အင်အားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ဒါကို ယဲ့ဖန်က ဘယ်လို ရင်ဆိုင်မလဲ။

ချန်းချုံရှန်း အပါအဝင် လူတိုင်းက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

သူ့ရဲ့နောက်ဆုံးအမိန့်ကို စောင့်နေကြသည်။

ယဲ့ဖန်က မားဝူကျန်းနဲ့ ကျန်တဲ့သူတွေကို တစ်ချက်ကြည့်လိုက်ပြီးနောက် မထီမဲ့မြင်ဆန်တဲ့ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

" အသုံးချခံ နုံအအတွေကများ ငါ့ကို စိန်ခေါ်ဖို့ ထိုက်တန်တယ်ထင်နေကြတာလား။ မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ "

" ဟားဟားဟား "

မားဝူကျန်းက ချက်ချင်း ရယ်လိုက်သည်။

" ကြောက်နေတာလား။ ငါတို့စိန်ခေါ်တာကို မင်းလက်မခံရဲဘူးမလား "

သူ့နောက်က လူတစ်စုကလည်း ရယ်ကြသည်။

သို့သော် ရယ်နေပေမဲ့ စိတ်ခုနေတာက အထင်းသားဖြစ်နေသည်။

ယဲ့ဖန်က ပြုံးလိုက်သည်။

" မင်းတို့ကို ဖျက်ဆီးပစ်ဖို့ ငါကိုယ်တိုင် လုပ်နေရဦးမှာလား။ သုံးထိရေပြီးတာနဲ့ မင်းတို့ရဲ့ စောက်ရေးမပါတဲ့ မဟာမိတ်က တိုက်ပွဲတောင်မရှိဘဲ ပြိုကျပျက်စီးရလိမ့်မယ် "

မားဝူကျန်းနဲ့ အခြားလူများက ချက်ချင်း ပြန်ခံပြောကြသည်။

" ယဲ့ဖန်၊ မင်း ငါတို့ကို အထင်သေးရဲရင် အဲ့ဒီအတွက် သေချာပေါက် ပေးဆပ်ရလိမ့်မယ် "

" မင်းကိုယ်မင်း နျုံစစ်သွမ်းလို့ ထင်နေတာလား။ မင်းမှာ အဲ့လို ခွန်အားရှိရောရှိရဲ့လား "

" ကြွားတယ်ဆိုတာလည်း ကန့်သတ်ချက်ရှိတယ်။ သုံးထိအော်ရေတာနဲ့ မတိုက်ဘဲ ငါတို့က ပြိုလဲလိမ့်မယ်လို့ ထင်နေတာလား။ မင်းကို အဲ့လိုထင်ဖို့ ဘယ်သူက သတ္တိပေးလိုက်တာလဲ "

" မင်း သုံးထိရေပြီးတာနဲ့ ငါတို့ မဟာမိတ် မပြိုကွဲရင် မင်း စီးပွားရေးလောကကနေ ထွက်သွားမှာလား။ လုပ်ရဲလား "

ယဲ့ဖန်က သူတို့အော်သံကို ဂရုမစိုက်ချေ။

သူက နံပါတ်တစ်ခုကို ဖြည်းဖြည်းချင်း အော်လိုက်သည်။

" တစ် "

ထိုအချိန်တွင် ကြားနေသူများအပါအဝင် သူတို့အားလုံးကယဲ့ဖန်က မာနကြီးလွန်းသည်ဟု ခံစားမိကြသည်။

" ဒီယဲ့ဖန်က မာနကြီးလွန်းတယ်။ သူက သုံးထိရေပြီးတာနဲ့ ဆောင်းဦးလေမဟာမိတ်ကို တိုက်တောင်မတိုက်ဘဲ ပြိုလဲအောင် လုပ်မယ်လို့ သူက တကယ်ကြီးပြောလိုက်တာလား "

" ဆောင်းဦးလေမဟာမိတ်က နျုံစစ်သွမ်းမရှိရင်တောင် သူတို့က လျှော့တွက်မရတဲ့ အင်အားစု ဖြစ်နေဆဲပဲလေ "

" နျုံစစ်သွမ်း မပါရင် ကျုံးဟိုင်မှာ မအောင်မြင်နိုင်ဘူးလို့ သူက ထင်နေတာလား "

" လူငယ်တွေက အောင်မြင်မှုနည်းနည်းရလာတာနဲ့ ကြီးကျယ်သွားကြရော။ အနှေးနဲ့အမြန် သူ ဆုံးရှုံးမှုအကြီးစားကို ခံစားရလိမ့်မယ် "

ယဲ့ဖန်က ထိုလူတွေ၏ တီးတိုးပြောသံကိုလည်း လျစ်လျူရှုခဲ့သည်။

" နှစ် "

ချန်းချုံရှန်းနှင့် အခြားသူများပင်လျှင် ယဲ့ဖန်က အနည်းငယ်လွန်သွားသည်ဟု ခံစားမိသည်။

ယဲ့ဖန်က ဘယ်လောက်ပဲ သန်မာနေပါစေ ..... သူတို့ရဲ့မဟာမိတ်ကလည်း စက္ကူနဲ့လုပ်ထားတာမှ မဟုတ်ရင် ဒီလောက်လေးနဲ့ ပြိုကွဲမှာမဟုတ်ပေ။

" သုံး "

ယဲ့ဖန်က တတိယနံပါတ်ကို အော်ပြောလိုက်တာနဲ့ ရုတ်တရက် အင်ဂျင်နှစ်သံကို အဝေးကနေ ကြားလိုက်ရသည်။

မကြာခင်တွင် အဖြူရောင်လိုင်စင်နံပါတ်ပြားနှင့် အနီရောင်ကားခေါင်းရှိသည့် အရာရှိကားအချို့ အရှိန်နဲ့လာနေသည်ကို တွေ့ရသည်။

ယဲ့ဖန်ရဲ့ စကားတွေကို လူတိုင်းက ဂရုမစိုက်ခဲ့ကြပေ။ သူက လေကြီးနေတာဟုသာ ထင်ခဲ့ကြသည်။

သို့သော် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းက မယုံနိုင်စွာ မျက်လုံးပြူးသွားကြသည်။

ဒါ ..... ဒါက ဘာတွေဖြစ်နေတာလဲ။

အားလုံးက ပဟေဠိဖြစ်နေကြချိန်မှာပဲ အရာရှိကားတံခါးတွေ ပွင့်လာပြီး ယူနီဖောင်းဝတ်ထားတဲ့ လူတစ်စုက ထွက်လာကြသည်။

" ဒီလူတွေကို ထိန်းထားလိုက်။ တစ်ယောက်မှ မလွတ်စေနဲ့ "

ဦးဆောင်သူ သတ်လတ်ပိုင်းအရွယ် အမျိုးသားက မားဝူကျန်းနဲ့အဖွဲ့ကို ညွှန်ပြပြီး အမိန့်ပေးလိုက်သည်။

ယူနီဖောင်းဝတ်ထားသော တပ်သားများက ချက်ချင်း ရှေ့သို့တိုးလာကာ ဆောင်းဦးလေမဟာမိတ်ကို ဝိုင်းထားလိုက်ကြသည်။

မားဝူကျန်းက အမြန်မေးလိုက်သည်။

" မင်းက ဘယ်သူလဲ။ ငါတို့က ဘာပြစ်မှုကျူးလွန်ခဲ့လို့လဲ။ ငါတို့ကိုဖမ်းဖို့ ဘာအခွင့်အရေးရှိလို့လဲ "

" စီးပွားရေး စုံစမ်းစစ်ဆေးရေးဌာနနဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးဌာနတို့ ပူးပေါင်းဆောင်ရွက်နေတာပါ။ ငါက ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ချင်းရှီပါ။ ဒါက စီးပွားရေးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် လန်းရန်ပါ။ ကျေးဇူးပြုပြီး ပူးပေါင်းပါဝင်ပေးပါ။ အလျင်စလို မပြုမူပါနဲ့ "

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ရဲ့ ID ကတ်ကို မားဝူကျန်းနှင့် အခြားသူများကို ပြသခဲ့သည်။

ထို့နောက် သူတို့ကို လျစ်လျူရှုလိုက်တော့သည်။

အဲ့ဒီအစား သူက သူ့ဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ ယဲ့ဖန်ဆီသို့ လျှောက်သွားခဲ့သည်။

သူတို့နှစ်ယောက်ရဲ့ သရုပ်မှန်ကို လူတိုင်းက ကြားလိုက်ရတဲ့အခါ ပိုလို့တောင် အံ့သြသွားကြတယ်။

ဒါက တကယ်ပဲ မှုခင်း စုံစမ်းစစ်ဆေးရေးဌာနနဲ့ စီးပွားရေး စုံစမ်းစစ်ဆေးရေးဌာနတို့ ပူးတွဲဆောင်ရွက်ရတဲ့ အမှုတစ်ခုလား။

ဒီအဖွဲ့အစည်းနှစ်ခုလုံးက စီးပွားရေးနယ်ပယ်နှင့် လုပ်ငန်းများကို ပစ်မှတ်ထားသည့် ပြည်နယ်အတွင်းမှ အကြမ်းဆုံး ဥပဒေစိုးမိုးရေးဌာနများဖြစ်သည်။

အထူးပြင်းထန်သော ကိစ္စရှိမှသာ သူတို့က ပါဝင်အရေးယူကြတာဖြစ်သည်။

အခုတော့ သူတို့ဌာနနှစ်ခုလုံးက အတူပူးပေါင်းလုပ်ဆောင်နေကြသည်။

ဒီကိစ္စက ဘယ်လောက်ကြီးမားသည်ဆိုတာကို မြင်နိုင်လေသည်။

မှုခင်းစုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ချင်းရှီက ယဲ့ဖန်ရှေ့သို့ လျှောက်သွားသည်။

" မင်းက လူကြီးမင်းယဲ့ဖန်ဖြစ်ရမယ် "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်လိုက်သည်။

" ကျွန်တော်ပါပဲ "

ယဲ့ဖန်က သူတို့နှစ်ယောက်ကို မကြည့်ပေ။

အဲ့ဒီအစား သူတို့နှစ်ယောက်အနောက်က အမျိုးသမီးတစ်ယောက်ကို ကြည့်လိုက်သည်။

ထိုအမျိုးသမီးက ယူနီဖောင်းမဝတ်ထားတဲ့အပြင် အဖွဲ့ထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

ယူနီဖောင်းအစား သူမက ဂျင်းဘောင်းဘီကိုယ်ကျပ်တစ်ထည်ကို ၀တ်ထားသည်။

ဆံပင်တိုတိုနဲ့ သူမ၏ ရင့်ကျက်သော အသွင်အပြင်က လူအများကို အေးမြသော ခံစားမှု ဖြစ်ပေါ်စေသည်။

ဂရုစိုက်မကြည့်လျှင် သူမက ချောမောတဲ့ယောက်ျားတစ်ယောက်လို့ ထင်ရနိုင်သည်။

သူမလက်တွေကို အိတ်ကပ်ထဲထည့်ထားပြီး ကျန်တဲ့နှစ်ယောက်နောက်ကို လိုက်လာခဲ့သည်။

သူမက ဘာမှမပြောသော်လည်း မှုခင်းစုံစမ်းစစ်ဆေးရေးနှင့် စီးပွားရေးစုံစမ်းစစ်ဆေးရေးမှ ခေါင်းဆောင်နှစ်ယောက်က သူမကို ရံဖန်ရံခါကြည့်ကြည့်နေသည်ကို အကဲဆတ်သည့်ယဲ့ဖန်က သတိထားမိလိုက်သည်။

သူမရဲ့ အလှကြောင့်သာ မဟုတ်ဘူးဆိုရင် ရှင်းပြချက်တစ်ခုပဲ ရှိတော့သည်။

ထိုအမျိုးသမီးက ဒီစစ်ဆင်ရေးရဲ့ တပ်မှူးဖြစ်ပေမည်။

အပိုင်း ( ၄၁၆ )

ဒဏ္ဍာရီလာသူရဲကောင်း ပေါ်ထွက်လာခြင်းကို မျက်မြင်ကြုံရခြင်း

မှုခင်းစုံစမ်းစစ်ဆေးရေးဌာနခေါင်းဆောင်က ဒပြောလေသည်။

" မင်္ဂလာပါ ယဲ့လူကြီးမင်း။ အစီရင်ခံစာကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ်။ ပဏာမစုံစမ်းစစ်ဆေးရေးပြီးတဲ့နောက် နျုံစစ်သွမ်းနဲ့ ဖုလီအုပ်စုတို့က တကယ်ပဲ ရာဇ၀တ်မှုကြီးတွေအတွက် သံသယဖြစ်စရာကောင်းပါတယ် "

စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနခေါင်းဆောင် လန်းရန်ကလည်း ဆက်ပြောသည်။

" ကျွန်တော်တို့ လူကြီးမင်းနဲ့ ထပ်ပြီးအတည်ပြုချင်ပါသေးတယ်။ နျုံစစ်သွမ်းရဲ့ ရာဇ၀တ်မှုတွေရဲ့ မူလသက်သေအထောက်အထားတွေက မင်းလက်ထဲမှာ ရှိနေတုန်းလား "

ယဲ့ဖန်က ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" ရှိပါတယ် "

မနေ့ညက အစောကြီးကတည်းက ယဲ့ဖန်သည် ထိုစာရွက်စာတမ်းများနှင့် အထောက်အထားများကို ရှုကျင်းရှင်းဆီပို့ပေးခဲ့ပြီး ဌာနတွေဆီ ကူညီပြီး တင်ပြပေးရန် သူမကို တောင်းဆိုခဲ့သည်။

ထို့ကြောင့် ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမျှော်လင့်ပြီးသားဖြစ်သည်။

နျုံစစ်သွမ်း၏ 'မတော်တဆမှု' ကသာ သူမျှော်လင့်မထားသော အရာတစ်ခုဖြစ်သည်။

သူတို့သုံးယောက်ကြားက စကာဝိုင်းကို ကြားလိုက်ရတဲ့အခါ အားလုံးက အံ့သြသွားကြသည်။

အစက ယဲ့ဖန်ဟာ ကံကောင်းတာကြောင့် ဒီတစ်ကြိမ်မှာ အနိုင်ရခဲ့သည်ဟု သူတို့တွေးခဲ့ကြသည်။

သို့သော် သူတို့သုံးယောက်ကြားမှ စကားဝိုင်းကို ကြားလိုက်ပြီးတဲ့နောက်မှာတော့ ကံကြောင့် မဟုတ်တာ ထင်ရှားသွားတော့သည်။

ဒါက သူတို့ကို အရမ်းအံ့သြသွားစေသည်။

ဘယ်လို သက်သေအထောက်အထားမျိုးမလို့ ဒီလောက် အကြီးအကျယ် ဖြစ်နေရတာလဲ။

မှုခင်းစုံစမ်းစစ်ဆေးရေးဌာနနဲ့ စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနတို့တောင် ပူးပေါင်းဆောင်ရွက်ရတာလား။

မားဝမ်ကျန်းနှင့် ဆောင်းဦးလေမဟာမိတ်မှ အခြားသူများက စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကြသည်။

သူတို့က အစမှာ ယဲ့ဖန်ကို မထီမဲ့မြင်ပြုခဲ့ကြသည်။

တစ်ဖက်သူက ကံတရားကြောင့်သာ အနိုင်ရနေတယ်လို့ ထင်ခဲ့ကြသည်။

ယဲ့ဖန်က ၃ထိရေပြီးတာနဲ့ သူတို့မဟာမိတ်ပြိုကွဲမယ်ပြောတုန်းက တစ်ဖက်သူဟာ မာနကြီးလွန်းတယ်ထင်ပြီး လှောင်ပြောင်ခဲ့ကြသေးသည်။

အခုပြန်ကြည့်လိုက်တော့ လူရွှင်တော်က သူတို့ကိုယ်တိုင်ပဲ ဖြစ်နေခဲ့သည်။

ယဲ့ဖန်ဘက်က လူများကလည်း သူ့ကို ထိတ်လန့်တကြားကြည့်နေကြသည်။

သူက အမြဲတမ်း တည်ငြိမ်နေနိုင်ခဲ့တာ မဆန်းတော့ပေ။

အရာအားလုံးက သူ့တွက်ချက်မှုအတွင်းမှာပဲ ရှိနေခဲ့ကြောင်း အဖြေထွက်လာခဲ့သည်။

သူရဲ့ဉာဏ်ရည်နှင့် ရဲစွမ်းသတ္တိက တုန်လှုပ်စရာကောင်းလွန်းသည်။

သူတို့ရဲ့ အသိဉာဏ်တွေက မိုးကုပ်စက်ဝိုင်းအတွင်းမှာဘဲ တိမ်မြုပ်နေသေးတယ်ဆိုတာကို အခုမှ သဘောပေါက်သွားကြသည်။

တစ်ဖက်သားရဲ့ အစီအစဉ်ကို သူတို့ လုံးဝ လိုက်မမီကြပေ။

ကြားနေသူများကတော့ အပြင်လူဖြစ်သောကြောင့် ပိုပြီးရှင်းလင်းစွာ မြင်နိုင်ခဲ့ကြသည်။

ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဆက်တိုက် တွေးနေကြသည်။

အဲ့ကနေ သူတို့က အကဲဖြတ်နိုင်လိုက်သည်။

နျုံစစ်သွမ်းက ယဲ့ဖန်ဘက်က အစီအစဉ်ကို သိပြီးတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့ကြောင့် 'မတော်တဆ'ဆိုတာကြီးက ရုတ်တရက် ဖြစ်ခဲ့ရပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ထွက်ခွာဖို့ လုပ်ခဲ့တာ ဖြစ်နိုင်သည်။

ဘာပဲဖြစ်နေပါစေ အတိုချုပ်ပြောရလျှင် ဖြစ်နိုင်ချေက တစ်ခုပဲရှိသည်။

အဲ့တာကတော့ ဒီနေ့ပြီးရင် ယဲ့ဖန်က အမြင့်ဆုံးကို ပျံတက်သွားမှာ သေချာသည်။

ကျုံးဟိုင်မှာ သူ့ကို ဘယ်သူကမှ တားနိုင်မှာ မဟုတ်တော့ပေ။

ဒဏ္ဍာရီသူရဲကောင်းတစ်ယောက် မွေးဖွားလာခြင်းကို သူတို့ မျက်မြင်ကြုံလိုက်ရတာလည်း ဖြစ်နိုင်သလို ဒါက ယဲ့ဖန်၏ ကံကောင်းခြင်းတစ်မျိုးလည်း ဖြစ်နိုင်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့နဲ့အတူ စုံစမ်းစစ်ဆေးဖို့ကို ပူးပေါင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ချင်းရှီက ယဲ့ဖန်ဆီမှာ သက်သေတွေရှိမှန်း အဖြေကြားလိုက်တဲ့အခါ ချက်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထိုစကားကို ယဲ့ဖန်က ကြားတဲ့အခါ သူက မျက်မှောင်ကြုတ်လိုက်သည်။

" အဖွဲ့ခေါင်းဆောင်ချင်း၊ ခင်ဗျား တစ်ချို့အရာတွေကို ရှင်းရှင်းလင်းလင်းပြောပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ခင်ဗျားက ကျွန်တော့်ကို ဖမ်းသွားတယ်လို့ လူတိုင်းက ထင်လိမ့်မယ် "

သူက နျုံစစ်သွမ်းလုပ်ခဲ့တဲ့အမှားကို ထပ်မလုပ်မိစေချင်တာကြောင့် စုံစမ်းစစ်ဆေးရေးအတွက် ပူးပေါင်းဖို့ အရာရှိတွေဘက်မှ ကမ်းလှမ်းတာကို ပညာရှိရှိပြန်ပြောလိုက်သည်။

ချင်းရှီက ခါးသက်သက်ပြုံးကာ သူ့အသံကို မြှင့်ပြောပေးလိုက်သေးသည်။

" ယဲ့လူကြီးမင်းက နိုင်ငံကြီးသားတစ်ယောက်အနေနဲ့ နျုံစစ်သွမ်းနဲ့ ဖုလီအုပ်စုရဲ့ တရားမဝင်လုပ်ရပ်တွေကို သက်သေတင်ပြထားပါတယ်။ အဲ့တာကြောင့် အတူတကွ စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ယဲ့လူကြီးမင်းကို အခုလိုလေးလေးနက်နက်နဲ့ ဖိတ်ကြားပါတယ်။ စုံစမ်းစစ်ဆေးမှု ပြီးသွားတာနဲ့ အချိန်မရွေး ထွက်သွားနိုင်ပါတယ် "

ယဲ့ဖန်က ကျေနပ်သွားသည်။

" ကောင်းပါပြီ "

ထို့နောက် လှည့်ကြည့်ကာ သူ့လက်အောက်ငယ်သားတွေကို ပြောလိုက်သည်။

" ခင်ဗျားတို့ အရင်ပြန်နှင့်ကြလေ။ မကြာခင် ပြန်လာခဲ့မယ် "

ချန်းရွှမ်၊ ရှုမန်၊ ဝမ်ထင်းကွမ်းနှင့် အခြားသူများ အားလုံးက ခေါင်းငြိမ့်ကြသည်။

ဒီနေ့အဖြစ်အပျက်အပြီးမှာတော့ ယဲ့ဖန်အပေါ် သူတို့ရဲ့လေးစားမှုကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရတော့ပေ။

ထို့ကြောင့် သူ့အစီအစဉ်ကို ကန့်ကွက်ခြင်းမရှိကြချေ။

နာရီဝက်အကြာတွင် ယဲ့ဖန်က မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်နှင့်အတူ ရုံးခန်းသို့ လိုက်သွားခဲ့သည်။

" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ထိုင်ပါ "

ချင်းရှီက သူ့အတွက် လက်ဖက်ရည်တစ်ခွက် ယူလာရင်း ပြောသည်။

အခု ရုံးတစ်ခုလုံးမှာ သူနဲ့ ယဲ့ဖန်တစ်ယောက်ပဲ ကျန်ခဲ့သည်။

စီးပွါးရေးစုံစမ်းစစ်ဆေးရေးဌာနခေါင်းဆောင် လန်းရန်နှင့် ဂျင်းဘောင်းဘီ ၀တ်ထားသော မိန်းကလေးတို့က အပြင်မှာ ရှိနေခဲ့ကြသည်။

ယဲ့ဖန်သည် ခွက်ကိုယူကာ ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်သည်။

" ခင်ဗျားမှာ မေးစရာရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ် "

ချင်းရှီက အသံဖမ်းဘောပင်ကို ထုတ်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့စကားဝိုင်းကို မှတ်တမ်းတင်ထားရင် မင်း စိတ်ထဲမထားဘူးမလား "

ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။

" ရပါတယ် "

ချင်းရှီက အသံဖမ်းဘောပင်ကို ဖွင့်လိုက်သည်။

" ယဲ့လူကြီးမင်း သက်သေတွေအားလုံးကို ဘယ်ကရခဲ့တာလဲ "

" မိုကုန်းက ပေးတာ "

" မိုကုန်းလား။ လွန်ခဲ့တဲ့နှစ်ရက်က ထောင်ကထွက်ပြေးခဲ့တဲ့ မိုရှန်းကုန်းရဲ့သားလား "

" ဟုတ်ပါတယ် "

" သူက ဘာလို့ ဒီလောက်အရေးကြီးတဲ့ သက်သေတွေ ပေးခဲ့တာလဲ "

" သူက ကျွန်တော့်ဆီကိုလာပြီး သင်္ဘောဆိပ်ကို ဘေးကင်းကင်းနဲ့ ပို့ခိုင်းတယ်။ အပြန်အလှန်အနေနဲ့ ဒီသက်သေတွေကို ပေးတာပဲ "

" အရင်က မင်းတို့နှစ်ယောက်က ရန်သူတွေဖြစ်ဖူးတယ်လို့ ကြားထားတယ်။ ထောင်ကလွတ်ပြီးတာနဲ့ သူက မင်းကိုဘာလို့ရှာတာလဲ "

" ဘာလို့လဲဆိုတော့ နျုံစစ်သွမ်းက သူ့ကိုသတ်ချင်နေတာ။ ကျွန်တော်က နျုံစစ်သွမ်းကို စော်ကားရမှာ မကြောက်တဲ့ တစ်ယောက်တည်းသောသူမလို့ "

" နျုံစစ်သွမ်းက သူ့ကိုသတ်ချင်နေတာလား။ မင်းမှာ သက်သေရှိလား "

" သူက ပြောတာပဲ။ သက်သေတော့မရှိဘူး "

" ယဲ့လူကြီးမင်း၊ ဒီကိစ္စက မိုကုန်းသေဆုံးမှုရဲ့ သံသယဖြစ်ဖွယ်အချက်နဲ့ ဆက်စပ်နေပါတယ်။ မင်းစကားအတွက် တာဝန်ယူပေးနိုင်မလား "

" သူနဲ့ကျွန်တော် စကားပြောထားတာကို ကားအသံဖမ်းစက်မှာ မှတ်တမ်းတင်ထားလောက်တယ်။ အဲ့ဒီတုန်းက ဗီဒီယိုကို ပေးလို့ရတယ် "

" ကောင်းပါပြီ၊ နောက်မေးခွန်းက ............ "

ချင်းရှီနှင့် လန်းရန်တို့က တစ်လှည့်စီ မေးခွန်းများစွာ မေးခဲ့ကြသည်။

ယဲ့ဖန်က သူသိထားသမျှအားလုံးကို ပြောပြပြီး နျုံစစ်သွမ်းနှင့် ဖုလီအုပ်စု၏ ရာဇ၀တ်မှုဆိုင်ရာ သက်သေများစွာပါရှိသော USB ကို လွှဲပြောင်းပေးလိုက်တဲ့အခါ သူတို့နှစ်ဦးက ကျေနပ်စွာဖြင့် ထွက်သွားခဲ့ကြသည်။

ထိုအချိန် ရုံးခန်းထဲမှာ ယဲ့ဖန်နှင့် ဂျင်းဘောင်းဘီဝတ်ထားသော ကောင်မလေးတစ်ယောက်သာ ကျန်ခဲ့တော့သည်။

" မင်း ....... "

ယဲ့ဖန်က သူမမှာ တခြားမေးချင်တာတွေ ရှိသေးလားလို့ မေးချင်တာဖြစ်သည်။

ထိုအချိန်မှာ အဲ့ဒီကောင်မလေးက ရုတ်တရက် ကန်လိုက်သည်။

သူမက ယဲ့ဖန်ကို အလစ်ချောင်းတိုက်ခိုက်သည်။

All Chapters