← Chapters

အပိုင်း ၄၁၇-၄၂၀

Vol. 21 Ch. 417-420

အပိုင်း ၄၁၇-၄၂၀

Vol. 21 Ch. 417-420

အပိုင်း ( ၄၁၇ )

နျုံစစ်သွမ်းက ရှင်နေသေးတာ ဖြစ်နိုင်တယ်

ယဲ့ဖန်က လောလောဆယ် ဆိုဖာပေါ်မှာ ထိုင်နေတာဖြစ်သည်။

ထိုကောင်မလေးရဲ့ ကန်ချက်က သူ့ခေါင်းကို ဦးတည်နေခဲ့သည်။

ကန်ချက်က သွက်လက်ပြီး ပြင်းထန်သည်။

သူမက ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် ယဲ့ဖန်အတွက်က အဲ့တာလောက်ကို ဂရုစိုက်စရာမလိုပေ။

သူက လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ကောက်ယူပြီး သူ့ပါးစပ်နားကို တေ့လိုက်သည်။

တစ်ချိန်တည်းမှာပဲ သူက အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

သူ့ရဲ့လှုပ်ရှားမှုတွေက ပြေပြစ်နှေးကွေးသလို ထင်ရပေမယ့် တကယ်တော့ လျှပ်စီးလက်သလိုပင် မြန်လေသည်။

ဖောင်း

ထိုကောင်မလေး၏ ပြင်းထန်သော ကန်ချက်က ချက်ချင်း ရပ်သွားသည်။

ထိတ်လန့်သွားပြီး ခြေထောက်ကို ချက်ချင်းပြန်ရုတ်ချလိုက်ပြီး အကွက်ပြောင်းဖို့လုပ်ပေမဲ့ ယဲ့ဖန်က သူမကို ထိုအခွင့်အရေးမျိုး မပေးခဲ့ပေ။

ယဲ့ဖန်သည် သူမ၏ခြေကျင်းဝတ်ကို ကိုင်ကာ သူ့ဆီ သို့ဆွဲချလိုက်သည်။

ထိုကောင်မလေး၏ တုံ့ပြန်မှုအရှိန်က မြန်ဆန်လွန်းသည်။

သူမ၏ ခြေထောက်တစ်ဖက်ကို ဖမ်းခံထားရပေမဲ့

အခြားခြေထောက်တစ်ဖက်က လေထဲသို့ ချက်ချင်းပျံသွားကာ ခေါင်းတစ်ဖက်ခြမ်းကို ကန်ဖို့ထုတ်လိုက်သည်။

ထိုအခါ ယဲ့ဖန်က သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ့နောက်လက်တစ်ဖက်က အမြန်ထွက်လာသည်။

သူသည် သူမ၏ အခြားခြေကျင်းဝတ်ကိုလည်း တင်းကျပ်အောင် ဆုပ်ကိုင်ထားပြီးနောက် သူမကို ဆိုဖာပေါ်သို့ လှဲချလိုက်သည်။

ကောင်မလေး တုန်လှုပ်သွားပြီး ချက်ချင်း ထဖို့ပြင်ပေမယ့် ယဲ့ဖန်က အပေါ်ကနေ ဖိချလိုက်သည်။

ကောင်မလေး၏ လက်နဲ့ခြေထောက်တွေကို ချုပ်ထားတာကြောင့် သူမ လုံးဝ မလှုပ်ရှားနိုင်ပေ။

သူ၏ လေးလံသောခန္ဓာကိုယ်က သူမကို ဖိထားသဖြင့် အသက်ရှုဖို့ပင် ခက်ခဲနေသည် ။

" ရှင် ....... မကောင်းတဲ့သူ ဖယ်စမ်း "

ထိုအချိန်မှာ သူမက ရှက်စိတ်မွှန်နေတဲ့အပြင် ဒေါသလည်း အတော်ထွက်နေသည်။

သူတို့ရဲ့လက်ရှိအနေအထားက ကြည့်ရတာ တကယ်ကို ဆိုးရွားနေသည်။

ယဲ့ဖန်က သူမကို အနီးကပ်ကြည့်လိုက်သည်။

အမှန်တိုင်းပြောရရင် ထိုကောင်မလေးရဲ့ ရုပ်ရည်က အတော်လေးလှသည်။

ချန်းရွှမ်နှင့် ရှုမန်တို့လို ပြိုင်ဘက်ကင်းတဲ့အလှလေးတွေနဲ့ နှိုင်းယှဥ်ကြည့်လျှင်ပင် သူမက နိမ့်ကျမနေပေ။

ထို့အပြင် သူမမှာ ရှားပါးသည့် ရင့်ကျက်သောအလှကိုလည်း ပိုင်ဆိုင်ထားသေးသည်။

အေးစက်ပြီး ရှက်တတ်သည့် မလိုက်ဖက်သော အမူအရာနှစ်ခုက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လိုက်ဖက်စွာ ရောထွေးနေသည်။

ထူးခြားစွာဖြင့် ကျက်သရေလည်း ရှိနေခဲ့သည်။

" မင်းက ကိုယ့်ကို ပထမဆုံး တိုက်ခိုက်ခဲ့တဲ့သူပဲ။ ကိုယ်က ခုခံခဲ့တာလေ။ ဘာလို့ ကိုယ်က လူယုတ်မာလဲ "

ယဲ့ဖန်က ခပ်ဆိုးဆိုးအပြုံးကို ပြုံးလိုက်သည်။

" ကျွန်မ ..... ကျွန်မက ရှင့်ရဲ့ အရည်အချင်းကို စမ်းသပ်နေတာ။ ရှင့်ကို မထိခိုက်စေချင်ပါဘူး "

ထိုကောင်မလေးက ကမန်းကတန်း ရှင်းပြနေပြီး တစ်ချိန်တည်းမှာပဲ သူမ၏ခန္ဓာကိုယ်ကလည်း တွန့်လိမ်နေကာ ရုန်းကန်နေလေသည်။

" မင်း ..... မလှုပ်နဲ့ "

သူမ၏ခန္ဓာကိုယ်က ဆက်လက်လှုပ်ရှားနေသဖြင့် ယဲ့ဖန် အနည်းငယ်ရှက်သွားသည်။

ကောင်မလေးကလည်း ချက်ချင်း သိသွားကာ သူမမျက်နှာက နီရဲနေပြီး သွေးတွေ ပေါက်ထွက်မတတ်ဖြစ်လာသည်။

သူမ ယဲ့ဖန်ကို တွန်းဖယ်လိုက်သည်။

ထို့နောက် သူမက အမြန်ထကာ ထွက်ပြေးခဲ့သည်။

" နံစော်နေတဲ့ လူယုတ်မာကောင် "

သူမက လှပသောမျက်လုံးလေးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။

သူ့ကို မကိုင်တွယ်နိုင်တာကြောင့်သာ မဟုတ်ရင် ယဲ့ဖန်ကို သူ တကယ်ပဲ ဝက်စာကျွေးပစ်လိုက်ချင်သည်။

သူမကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆက်ဆံရဲရတာလဲ။

စက်ဆုပ်စရာကောင်းလိုက်တာ။

သို့သော် ထိုကောင်မလေးစိတ်ထဲမှာ လျှို့ဝှက်စွာ တုန်လှုပ်သွားခဲ့သည်။

သူက ဘယ်လိုလုပ်ပြီးများ ဒီလောက် အားသန်ပြီး အစွမ်းထက်ရတာလဲ။

သူမ၏ဆရာထက်တောင် ပိုအားကောင်းသေးသည်။

သူ့အသက်က ဘယ်လောက်ရှိပြီလဲ။

နှစ်နည်းနည်းပိုကြာရင် သူ့အစွမ်းအင်အားက ဘယ်လောက်တောင် ဆက်ကြီးထွားနေမလဲ။

ယဲ့ဖန်က ခြေချိတ်ထိုင်လိုက်သည်။

" ဒါဆို ...... ကျွန်တော့်ဘက်က မေးလို့ရမလား။ မင်းကဘယ်သူလဲ။ ဘာလို့စမ်းသပ်ရတာလဲ "

ထိုကောင်မလေးက ချက်ချင်း သူမ IDကတ်ကိုထုတ်ပြီး သူ့ရှေ့မှာ ဝှေ့ယမ်းပြလိုက်သည်။

" လုံခြုံရေးဌာနအဖွဲ့ဝင် ချန်းဖေးအယ်ပါ။ ရှင်က ဂျပန်ကရာတေးပညာရှင် သွမ့်ကျန်းလုကို အနိုင်ရဖူးတယ်လို့ အချက်အလက်ရထားပါတယ်။ အဲ့တာကြောင့် ခွန်အားကို စမ်းသပ်ကြည့်တာပါ "

' လုံခြုံရေးဌာန ' ဟူသော စကားလုံးကို ယဲ့ဖန် ကြားလိုက်ရသောအခါ အံ့သြသွားရသည်။

သူသိသလောက် အဲ့ဌာနက အနီရောင်အဆင့်ရှိ နံရံအတွင်းမှပဲ အလုပ်လုပ်တဲ့ လျှို့ဝှက်ဆန်းကြယ်ဌာနတစ်ခုဖြစ်လေသည်။

တန်ပြန်ထောက်လှမ်းရေးနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ကာကွယ်ရေးလို အရေးကြီးကိစ္စရပ်တွေကိုသာ ကိုင်တွယ်ဖြေရှင်းကြသည်။

ကျုံးဟိုင်မှာ သူတို့ပေါ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

သူက နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ရောင်းစားထားတာ မဟုတ်သဖြင့် လုံးဝမကြောက်ပေ။

" မင်း ကျွန်တော့်ရဲ့ ခွန်အားအစစ်ကို စမ်းသပ်ချင်တာဆိုတော့ သိရပြီလား "

သူက ဆိုဖာပေါ်တွင် ပြန်ပြီးမတ်မတ်ထိုင်ကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။

ချန်းဖေးအယ်သည် အလွန်အရှက်ကွဲသွားရသည်ဟု ခံစားမိသည်။

သိသာနေတာကြီးပဲ မဟုတ်လား။

သူမက တစ်ကြိမ်နဲ့ ရှုံးနိမ့်ခဲ့ရသည်။

တကယ့်ခွန်အားအစစ်ကြီးကို ဘယ်လိုစမ်းရမှာလဲ။

" ကောင်းပြီ၊ အလုပ်စလိုက်ရအောင်။ ကျွန်မ ရှင့်ကို နောက်ထပ် မေးခွန်းတချို့မေးချင်တယ် "

သူမက လက်ကိုအိတ်ကပ်ထဲထည့်ကာ စားပွဲကို မှီပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" အခုပဲ မေးပြီးတာ မဟုတ်ဘူးလား "

ယဲ့ဖန် အနည်းငယ် စိတ်မရှည်ဖြစ်သွားသည်။

" အဲ့တာက မှုခင်းစုံစမ်းစစ်ဆေးရေးဌာနနဲ့ စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးမေးမြန်းတာပါ။ ဒါကတော့ လုံခြုံရေးဌာနက စစ်ဆေးမေးမြန်းခြင်းပါ။ ရှင့်မှာ ငြင်းပိုင်ခွင့်မရှိဘူး။ ပူးပေါင်းဆောင်ရွက်ပေးရပါမယ် "

ချန်းဖေးအယ်က အထက်စီးဆန်ဆန်ပြောလိုက်သည်။

" ကောင်းပြီ "

ယဲ့ဖန်က ပခုံးတွန့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

" နျုံစစ်သွမ်းအကြောင်း ရှင် ဘယ်လောက်သိလဲ "

" သူက ဖုလီအုပ်စုရဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့သူဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ ဂန္တဝင်ပုဂ္ဂိုလ်တစ်ယောက်ပဲ ........ "

" တစ်ခြားဘာများသိသေးလဲ "

" ဒီလူက သူ့ပန်းတိုင်ကို ရောက်ဖို့အတွက် ရက်စက်ကြမ်းကြုတ်တွေကို သုံးပြီး မရိုးသားတဲ့လူဘဲ ..... "

" တစ်ခြားရော "

" သက်သေတွေအရတော့ သူက မကောင်းမှုတွေ အများကြီးလုပ်ထားတယ်။ ရာဇ၀တ်မှုတွေ၊ လူသတ်မှု၊ လုယက်မှုတွေလည်း ကျူးလွန်ခဲ့တယ် ...... "

" နောက်ထပ် မရှိတော့ဘူးလား *

" မရှိတော့ဘူး "

ယဲ့ဖန်က လိမ်နေပုံမပေါ်သည်ကို မြင်လိုက်ရသောကြောင့် ချန်းဖေးအယ်က ချက်ချင်း ရယ်လိုက်သည်။

" ရှင်က နျုံစစ်သွမ်းအကြောင်းကို အပေါ်ယံလေးပဲ သိထားတာပဲ။ ဒီလူက ........ ရှင်ထင်ထားတာထက် အများကြီး ပိုကြောက်စရာကောင်းတယ် "

ယဲ့ဖန်က နှုတ်ခမ်းတွေကို မဲ့ရွဲ့လိုက်သည်။

" အဲ့လောက် ကြောက်စရာကောင်းရင်တောင် ဘာလုပ်ရမှာလဲ။ သူက သေပြီမဟုတ်လား "

ချန်းဖေးအယ်က ခေါင်းခါသည်။

" ဒါပေမယ့် သူ့အလောင်းကို ကျွန်မတို့ ရှာမတွေ့ခဲ့ဘူး။ လုံခြုံရေးဌာနအတွက်တော့ သူ့အလောင်းကို မမြင်ရဘဲ သေသွားတယ်လို့ ကျွန်မတို့ဘက်က ကောက်ချက်မချနိုင်ဘူး "

ယဲ့ဖန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

" ဒါဆို နျုံစစ်သွမ်းက မသေသေးဘူးလား "

ချန်းဖေးအယ်က ခေါင်းငြိမ့်သည်။

" ဒီဖြစ်နိုင်ခြေကို ငြင်းလို့မရဘူး။ သူက ဒီနေ့ ကျွန်မတို့ဖမ်းမှာကို ကြိုတင်သတင်းပေးခံထားရတာကြောင့် ဒီနေ့လိုလှည့်ကွက်ကို တမင်တကာ ကစားခဲ့တာလည်း ဖြစ်နိုင်တယ် "

ယဲ့ဖန် ဒေါသထွက်သွားသည်။

" မင်းတို့က လျှို့ဝှက်ကို ဘယ်လိုတောင်ထိန်းကြတာလဲ။ သက်သေပေးလိုက်တာနဲ့ ပေါက်ကြားသွားရောလား "

ချန်းဖေးအယ်က ကူကယ်ရာမဲ့စွာ သူမလက်တွေကို ဖြန့်လိုက်သည်။

" ဘယ်ဟာကမှ ၁၀၀% လျှို့ဝှက်ထားလို့ မရဘူး။ ပြီးတော့ နျုံစစ်သွမ်းမှာက အရမ်းတောင့်တဲ့ နောက်ခံရှိတော့ မပေါက်ကြားနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး "

သူမက စကားပြောရင်းနဲ့ ပြုံးပြသည်။

" ပြီးတော့လည်း ဒါက ဖြစ်နိုင်ချေတစ်ခုပါ။ နျုံစစ်သွမ်းက တကယ်သေပြီး နင် အေးအေးဆေးဆေး အနားယူနိုင်တာလည်း ဖြစ်နိုင်တာပဲ "

သူမက ဖားထေးပြောသော်လည်း ယဲ့ဖန်စိတ်ထဲ မသက်မသာဖြစ်သွားသည်။

နျုံစစ်သွမ်း အသက်ရှင်နေသေးတာသာ ဖြစ်နိုင်ရင် အမှောင်ထဲကနေ သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေလောက်သည်။

ပြီးတော့ အချိန်မရွေး သူ့ကို ပြင်းထန်တဲ့ ထိုးနှက်ချက် လာပေးနိုင်သည်။

ဒါက သေချာပေါက် ကြီးမားတဲ့အန္တရာယ်တစ်ခုပဲ။

အပိုင်း ( ၄၁၈ )

သခင်ကြီးက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး

" ဒါက ကျွန်မရဲ့ ဆက်သွယ်ဖို့ အချက်အလက်ပါ။ ကျွန်မဆိုလိုတာက နျုံစစ်သွမ်းနဲ့ ပတ်သက်တဲ့တစ်ခုခုကို ခြေရာခံလို့ရရင် အချိန်မရွေး ဆက်သွယ်လို့ရပါတယ် "

ချန်းဖေးအယ်က စာရွက်တစ်ခုပေါ်တွင် ဖုန်းနံပါတ်ရေးကာ ပေးလိုက်သည်။

ယဲ့ဖန်က ဖုန်းနံပါတ်ကို ကြည့်ပြီးတဲ့နောက် စာရွက်ကို လုံးချေကာ အမှိုက်ပုံးထဲကို ပစ်ချလိုက်သည်။

" ရှင် ..... ဒီကိစ္စက ရှင့်ရဲ့ လုံခြုံရေးနဲ့လည်း သက်ဆိုင်တယ်။ အလေးအနက်ထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ချန်းဖေးအယ်က သူ့လုပ်ရပ်ကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။

" အလွတ်ရလိုက်တယ်။ ရွတ်ပြစေချင်သေးလား "

ယဲ့ဖန်က ပြုံးလျက်မေးသည်။

သူ့ရဲ့လက်ရှိမှတ်ဉာဏ်နဲ့ ဖုန်းနံပါတ်တစ်ခုကို မှတ်မိရန်မှာ အလွန်လွယ်ကူလှသည်။

" ကောင်းပြီ၊ ပြောစရာ ဒါအကုန်ပါပဲ "

ချန်းဖေးအယ်က တခြားဘာမှ ဆက်မပြောပေ။

ယဲ့ဖန်က ချက်ချင်းထရပ်ပြီး ထွက်သွားတော့မည့်အချိန်မှာပဲ သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။

ခေါ်ဆိုသူက မရင်းနှီးသောဖုန်းနံပါတ်ဖြစ်ကြောင်း ပြသနေခဲ့သည်။

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်ကာ ငုံ့ကြည့်နေသည်။

ထို့နောက် သူက ဖုန်းကိုင်လိုက်သည်။

" ယဲ့ဖန်၊ မင်း အဲ့ဒီစာရွက်စာတမ်းတွေကို ဘယ်လိုလုပ်ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးဌာနကို လွှဲပေးလိုက်ရတာလဲ။ သခင်ကြီးက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ကလဲ့စားချေမယ့်မုန်တိုင်းကို စောင့်နေလိုက် "

ဖုန်းထဲကနေ စက်ရုပ်လိုအသံတစ်ခု ထွက်ပေါ်လာသည်။

အသံပြောင်းစက်ကို သုံးထားသည်မှာ သိသာသည်။

တစ်ဖက်က ပြောပြီးတာနဲ့ ချက်ချင်းဖုန်းချသွားသည်။

ယဲ့ဖန်က ချက်ချင်း ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်စကားပြောတာကိုတောင်မစောင့်ဘဲ ချန်းဖေးအယ်က ဝေါ်ကီတော်ကီကနေ လှမ်းပြောသည်။

" ယဲ့ဖန်ဆီကို ခြိမ်းခြောက်တဲ့ ဖုန်းဝင်လာတယ်။ အဲ့ဒီနံပါတ်ကို ချက်ချင်း ခြေရာခံပြီးရှာပါ ....... "

ယဲ့ဖန်က ထိုမိန်းကလေးရဲ့လုပ်ရပ်တွေကို နားမလည်ပေမဲ့ သူမ၏ လုပ်ဆောင်ချက်တွေက အတော်လေးလျင်မြန်သည်။

ချန်းဖေးအယ်က အမိန့်ပေးလိုက်ပြီးနောက် ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ သတင်းပေးတဲ့သူရဲ့ ဘေးကင်းမှုကို ကာကွယ်ဖို့ ကျွန်မတို့က အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ရှင့်ဘက်ကလည်း ပိုသတိရှိဖို့လိုပါတယ်။ နျုံစစ်သွမ်းက မသေဘူးဆိုရင် ရှင့်ရဲ့လုံခြုံရေးကို အချိန်မရွေး ခြိမ်းခြောက်နိုင်ပါတယ် "

ထိုစကားကိုကြားသောအခါ ယဲ့ဖန်က မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။

" သူ မြင်ကွင်းမှာ ရှိနေတုန်းကလည်း သူ့ကို စိတ်ထဲတောင် ထည့်မထားဘူး။ အခု အရိပ်ထဲမှာ ပုန်းနေတော့လည်း ဘာမှ စိုးရိမ်စရာမရှိပါဘူး။ သူ ဒုက္ခမရှာရင်တော့ ပိုကောင်းပါတယ်။ ရှာလာရင်တော့ ငရဲပြည်ကို တန်းနေအောင်ပို့ပေးမယ် "

ချန်းဖေးအယ်က သူ့စကားကြားသောအခါ သူမ ပြောစရာစကားပျောက်သွားရသည်။

နျုံစစ်သွမ်းက လုံခြုံရေးဌာနအတွက် ခေါင်းကိုက်စရာကိစ္စဖြစ်သည်။

ဒီတစ်ကြိမ် သက်သေအထောက်အထား ခိုင်လုံခဲ့တာကြောင့်သာ မဟုတ်ရင် သူတို့ အခုလို လက်လွတ်စပယ် လုပ်ရဲခဲ့မှာ မဟုတ်ချေ။

ဒါပေမယ့် ယဲ့ဖန်ကတော့ သူ့ကို ဂရုမစိုက်ပေ။

တစ်ဖက်သူက မောက်မာပြီး မာနကြီးလွန်းတယ်လို့ သူမ ပထမဆုံးခံစားခဲ့ရပေမဲ့ သူမ ဒီအဖြစ်အပျက်တွေကို တွေးမိတဲ့အခါ ယဲ့ဖန်က နျုံစစ်သွမ်းကို ဒီလို ဆိုးရွားတဲ့အခြေအနေရောက်အောင် တွန်းပို့ခဲ့သည်ဟု ဆိုနိုင်သည်။

တစ်ဖက်သား၏ ပုံမှန်မဟုတ်တဲ့ အရည်အချင်းတွေကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုလျှင် အဲ့တာက ပိုလို့တောင် ကျိုးကြောင်းဆီလျော်သည်။

" ဘာပဲဖြစ်ဖြစ်၊ မြင်နေရတဲ့လှံကို ရှောင်ဖို့က လွယ်ပေမယ့် အမှောင်ထဲက မြှားကိုတော့ ကာကွယ်ရခက်တယ်လေ။ သူအမှောင်ထဲမှာဆိုပေမဲ့ ရှင်ကတော့ အလင်းထဲမှာ။ ရှင်အကူအညီလိုရင် ကျွန်မကို ချက်ချင်းဆက်သွယ်ပါ "

ယဲ့ဖန်က သူမ၏သတိပေးချက်ကို လက်ခံပြီးတဲ့နောက် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။

" ကောင်းပြီ၊ မင်းရဲ့အကူအညီလိုတာတစ်ခုရှိတယ် "

ချန်းဖေးအယ်က ပြုံးလိုက်သည်။

" ရှင်က အခြေအနေတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ တကယ်သိတာပဲ။ ပြောပါဦး၊ ဘာကိစ္စရှိလို့လဲ "

" ကျန်းပင်းကွန်းကို တွေ့ချင်တယ် "

" ကျန်းပင်းကွန်းလား။ ရှင်က ဘာလို့ သူ့ကိုတွေ့ချင်တာလဲ "

ချန်းဖေးအယ်က ထိုစကားကိုကြားသောအခါ သူမ အနည်းငယ်အံ့သြသွားသည်။

ယဲ့ဖန်က သူမ တုံ့ဆိုင်းနေတာကို မြင်ပြီး ကေ်ပြောသည်။

" မေးချင်တာတစ်ခုရှိလို့ပါ။ ဘာလို့လဲ၊ အဆင်မပြေဘူးလား "

" သူက နျုံစစ်သွမ်းအမှုမှာ ပါဝင်ပတ်သက်နေတာဆိုတော့ အခု အနီးကပ်စောင့်ကြည့်ခံနေရပြီ။ နည်းနည်းတော့ အခက်တွေ့လိမ့်မယ် "

ချန်းဖေးအယ် အနည်းငယ်စိတ်ရှုပ်သွားသည်။

" ဒါက အခက်တွေ့နေတာမဟုတ်ရင် မင်းကို အကူအညီတောင်းမှာမဟုတ်ဘူး။ ဒါက ပထမဆုံးအကြိမ် အကူအညီတောင်းတာပါ။ ဒီလိုအသေးအမွှားလေးတွေကိုတောင် မလုပ်ပေးနိုင်ဘူးလား "

" စဉ်းစားပါဦးမယ် "

" အဲ့လိုမှပေါ့ "

" ........... "

ချန်းဖေးအယ်က သူ့ကို စိတ်မပျက်စေရဘဲ အမြန်စီစဉ်ပေးခဲ့သည်။

နေ့လယ် ၃ နာရီဝန်းကျင်တွင် ယဲ့ဖန်က ကျန်းပင်းကွန်းကို လျှို့ဝှက်နေရာတစ်ခုမှာ တွေ့ခဲ့သည်။

ကျန်းပင်းကွန်းကို ထိန်းသိမ်းရေးစခန်းမှာ မထားတာက နျုံစစ်သွမ်းနဲ့ တခြားသူတွေက လာလုပ်ကြံမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းပင်းကွန်းက သူတို့ရဲ့ လျှို့ဝှက်ချက်တွေအများကြီးကို သိထားသည်။

ကျန်းပင်းကွန်းက ယဲ့ဖန်ကို တွေ့တဲ့အခါ အံ့ဩသွားသည်။

အခု သူက အဓိက ပစ်မှတ်ဖြစ်နေသည်။

သာမာန်လူတွေက သူ့ကို လာမတွေ့နိုင်တော့တာ သေချာလေသည်။

ယဲ့ဖန်က ဒီလိုမြန်မြန်နဲ့ လာဝင်တွေ့ဖို့ကို သူ မမျှော်လင့်ထားပေ။

ဒီလို စွမ်းအင်မျိုးက တကယ်ကို သာမန်မဟုတ်ချေ။

" နောက်ဆုံးတော့ နျုံလူကြီးမင်းက မင်းကို ဘာလို့ရှုံးလဲဆိုတာ ငါသိသွားပြီ "

သူက ယဲ့ဖန်ရဲ့ ရှေ့မှာထိုင်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။

သူ့လက်တွေ ခြေတွေကို ချည်နှောင်ခံထားရတာကြောင့် လှုပ်ရှားဖို့တောင် ခက်ခဲနေသည်။

" သူက ငါ့ကိုရှုံးတာ မဟုတ်ဘူး။ သူ့ကိုယ်သူ ရှုံးသွားတာ။ အရင်က ဒုစရိုက်အများကြီးကို ကျူးလွန်ခဲ့တဲ့အပြစ်ပဲ "

ယဲ့ဖန်က သူ့ရှေ့မှာ ထိုင်နေပြီး သူ့မျက်နှာတွင် အောင်ပွဲခံနေသည့် အမူအရာရှိနေသည်။

ကျန်းပင်းကွန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဝမ်ကျန်းစားသောက်ဆိုင်မှာ ယဲ့ဖန်ကို ပထမဆုံးတွေ့ဖူးတဲ့အချန်ကို ပြန်တွေးကြည့်မိသည်။

ထိုအချိန်တုန်းက နျုံစစ်သွမ်းဟာ အဆုံးမဲ့အာဏာရှိသူဖြစ်သည်။

ယဲ့ဖန်ကတော့ လူမသိသူမသိတစ်ယောက်သာ ဖြစ်ခဲ့သည်။

ထိုအချိန်မှာ ယဲ့ဖန်က နျုံစစ်သွမ်းကို အနိုင်ယူမည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့လျှင် ထိုလူက ရူးနေသည်ဟု အထင်ခံရပေလိမ့်မည်။

သို့ပေမဲ့ ရက်အနည်းငယ်အတွင်းမှာဘဲ အခြေအနေတွေက ကြီးကြီးမားမားပြောင်းပြန်လှန်သွားခဲ့သည်။

တစ်ချိန်က မာနထောင်လွှားခဲ့တဲ့ နျုံစစ်သွမ်းက အခုတော့ သေသလား၊ ရှင်သလားတောင် မသိရချေ။

ပြီးတော့ အသေးစားဇာတ်ကောင်လေးက ဖိုင်နယ်ဘော့စ်ဖြစ်လာခဲ့သည်။

သိပ်မဝေးတဲ့အနာဂတ်မှာ ယဲ့ဖန်ရဲ့အင်အားက ထိပ်ဆုံးအထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းနိုင်သည်။

သူက စီးပွားရေးလုပ်ငန်းမှာ ရှင်ဘုရင်သဖွယ် ရပ်တည်နိုင်လိမ့်မည်။

" ငါ့ကို ဘာလို့လာတွေ့တာလဲ။ နျုံစစ်သွမ်းကို သစ္စာဖောက်စေချင်တာဆိုရင်တော့ အဲ့အကြံကို တတ်နိုင်သမျှ မြန်မြန်စွန့်လွှတ်လိုက်။ လုံးဝမဖြစ်နိုင်ဘူး "

ကျန်းပင်းကွန်းက စကားကြိုပြောလိုက်ပြီး ယဲ့ဖန်ကို ပြောခွင့်မပေးပေ။

ယဲ့ဖန်ကတော့ ခပ်ဖျော့ဖျော့သာပြုံးလိုက်သည်။

" ခင်ဗျားက နျုံစစ်သွမ်းကို တကယ်သစ္စာရှိတာပဲ *

ကျန်းပင်းကွန်းက ဂုဏ်ယူစွာပြုံးလိုက်သည်။

" နျုံလူကြီးမင်းက ငါ့ကျေးဇူးရှင်ပဲ။ ငါ့ဘဝတစ်ခုလုံးနဲ့ သေချာပေါက် ပြန်ပေးဆပ်ရမှာပေါ့ "

ယဲ့ဖန်က ခေါင်းကိုမော့ပြီး ကျန်းပင်းကွန်းကို စိုက်ကြည့်နေလိုက်သည်။

" အဲ့တာဆို နျုံစစ်သွမ်းက သေပြီဆိုတာသိလား "

ကျန်းပင်းကွန်း၏မျက်နှာပေါ်ကအပြုံးက ချက်ချင်းအေးခဲသွားသည်။

" ဘာပြောလိုက်တယ်။ နျုံလူကြီးမင်းက သေပြီလား။ မင်း မဟုတ်တာလျှောက်မပြောနဲ့။ မဖြစ်နိုင်ဘူး ...... "

အဆုံးတွင် ကျန်းပင်းကွန်းက ထရပ်ပြီး အော်ဟစ်တော့သည်။

အပိုင်း ( ၄၁၉ )

ရှန်းဘုရင်ရတနာမြေပုံအစိတ်အပိုင်းနေရာ

ယဲ့ဖန်က နျုံစစ်သွမ်းသေတာကို ကျန်းပင်းကွန်းကြိုသိထားလားဆိုတာကို စမ်းသပ်လိုခဲ့တာဖြစ်သည်။

သို့ပေမဲ့ သူက ဒီလောက်ထိ တုန်လှုပ်သွားလိမ့်မယ်လို့ မထင်ခဲ့ပေ။

ထိုအချိန်တွင် လက်နက်ကိုင် အစောင့်နှစ်ဦးက ချက်ချင်းရောက်လာပြီး သူ့ကို ထိန်းလိုက်သည်။

" ငြိမ်ငြိမ်နေစမ်း "

ကျန်းပင်းကွန်းက နောက်ဆုံးမှာတော့ ငြိမ်သက်သွားသည်။ သို့ပေမဲ့ သူက ယဲ့ဖန်ကို စိုက်ကြည့်နေဆဲဖြစ်သည်။

" မင်းပြောတာ အမှန်ပဲလား။ နျုံလူကြီးမင်း၊ သူ ...... "

ယဲ့ဖန်၏ အမူအရာက တည်ငြိမ်နေသည်။

" လိမ်ဖို့ လိုမယ်ထင်လား။ ဒီနေ့မနက်ပဲ နျုံစစ်သွမ်းရဲ့ကားက တံတားပေါ်ကနေ ပြုတ်ကျသွားတယ်။ သူ့အလောင်းကိုတော့ ရှာမတွေ့သေးဘူး။ သူ့မှာ အသက်ရှင်ဖို့ အခွင့်အရေးတော့ ရှိပါသေးတယ် "

ကျန်းပင်းကွန်းက ခါးသက်သက် ရယ်လိုက်သည်။

" တံတားပေါ်ကနေ ကျသွားတာကို သူ့မှာ အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်လို့ မင်းထင်လား "

ယဲ့ဖန်က ကျန်းပင်းကွန်း၏ အမူအရာကို စိုက်ကြည့်နေသည်။ ဖြတ်ခနဲပေါ်လာတဲ့ ခံစားချက်ကတောင် ယဲ့ဖန်ရဲ့ အကဲဖြတ်မှုကနေ မလွတ်နိုင်ပေ။

သို့သော် ကျန်းပင်းကွန်း၏ မျက်နှာတွင် ထူးခြား သည့် အမူအရာ တစ်ခုမှကို မတွေ့လိုက်ရပေ။

နျုံစစ်သွမ်းက သူ့ကိုတောင် မပြောပြတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေပုံရသည်။

ကျန်းပင်းကွန်းက နျုံစစ်သွမ်း၏ အယုံကြည်ရဆုံး လက်ထောက်ဟု ဆိုနိုင်သော်လည်း ဒီကိစ္စကိုတော့ အသိမပေးခဲ့ပေ။

ဒီနျုံစစ်သွမ်းက တကယ်ကို ဉာဏ်များတဲ့ မြေခွေးဟောင်းပဲ။

" ဒီနေ့ မေးစရာရှိလို့ အဓိက လာခဲ့တာ "

" ဘာလဲ "

" နျုံစစ်သွမ်းဆီမှာ ရှန်းဘုရင်ရဲ့ ရတနာမြေပုံသုံးပိုင်းရှိတယ်လို့ ကြားထားတယ်။ အဲ့တာတွေ ဘယ်မှာလဲ "

ယဲ့ဖန်က သူ့ရည်ရွယ်ချက်ကို တန်းရှင်းပြသည်။

ကျန်းပင်းကွန်းက သူ့မေးခွန်းကို ကြားသောအခါ ချက်ချင်း ထိတ်လန့်သွားသည်။

" ရှန်းဘုရင်ရဲ့ ရတနာမြေပုံကို ဘာလို့ရှာနေတာလဲ "

ယဲ့ဖန်ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားသည်။

" အဲ့တာကို စိတ်ပူစရာမလိုဘူး။ အဲ့ဒီအပိုင်းသုံးပိုင်းရဲ့ တည်နေရာကိုပဲ ပြောပြဖို့လိုတယ် "

ကျန်းပင်းကွန်းက သူ့အကြည့်ကို ရှောင်လိုက်သည်။

" ငါမသိဘူး "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" တကယ်လား "

ကျန်းပင်းကွန်းက စကားပြန်မပြောဘဲ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။

ယဲ့ဖန်က အေးစက်စက်ဖြင့် ဟက်ခနဲလုပ်လိုက်သည်။

သူက ရုတ်တရက်ထရပ်ပြီး ကျန်းပင်းကွန်းဆီကို လမ်းလျှောက်လာသည်။

ယဲ့ဖန်က ကျန်းပင်းကွန်းရဲ့ခေါင်းကို စောင့်ချလိုက်သည်။

သူ့ခွန်အားက အလွန်ကြီးမားသောကြောင့် ကျန်းပင်းကွန်း၏ ခေါင်းပေါက်သွားပြီး သွေးများ ထွက်ကျလာသည်။

" လူသတ်နေပါတယ်၊ ကူညီကြပါဦး။ ငါ့ကိုကယ်ကြပါ "

ကျန်းပင်းကွန်းက လက်နက်ကိုင် အစောင့်နှစ်ယောက်ဆီမှ အကူအညီ တောင်းခံပြီး အော်ဟစ်နေခဲ့သည်။

သို့သော် သူတို့နှစ်ယောက်က ရုန်းရင်းဆန်ခတ်ဖြစ်နေသံကို မကြားရသလို ဘေးကို လှည့်မကြည့်ကြပေ။

ကျန်းပင်းကွန်းက အဲ့တာကိုမြင်တော့ ထိတ်လန့်သွားသည်။

သူက အချုပ်အနှောင်ထားရပေမဲ့ တရားခွင်အတွက် အရေးကြီးသက်သေဖြစ်သည်။

သူနဲ့ ဘယ်သူမှ နီးနီးကပ်ကပ် မနေနိုင်ပေ။

ယဲ့ဖန်ကတော့ ဝင်လာနိုင်ရုံတင်မကပဲ သူလုပ်ချင်တာမှန်သမျှတောင် လုပ်နိုင်နေသည်။

ဒီလိုအခြေအနေမျိုးအထိ ရိုက်နှက်ခံနေရပေမယ့် သူ့ကို ဘယ်သူကမှ မတားရဲကြပေ။

ယဲ့ဖန်က ကျန်းပင်းကွန်းရဲ့ခေါင်းကို ဖိချလိုက်သည်။

" ရိုးရိုးသားသားဖြေဖို့ အကြံပေးတယ်။ နျုံစစ်သွမ်းက သေပြီ။ ဘယ်သူကမှ မင်းရဲ့သစ္စာစောင့်သိတာကို လာချီးကျူးမနေဘူး။ အမှန်အတိုင်းမပြောရင် ငရဲထိပါ အဲ့ဒီလျှို့ဝှက်ချက်ကို ယူသွားလိုက် "

ကျန်းပင်းကွန်းက အံ့အားသင့်သွားသည်။

ဟုတ်တယ်၊ နျုံစစ်သွမ်းက သေနေပြီ။

ဒီလျှို့ဝှက်ချက်တွေကို သိမ်းထားတော့ရော သူ့အတွက် ဘာအသုံးကျမှာလဲ။

ဘာအကျိုးကျေးဇူး ရှိမှာမလို့လဲ။

အဲ့လိုတွေးပြီး သူက ခေါင်းကိုမော့ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ငါ မင်းကို ပြောနိုင်တယ်။ ဒါပေမယ့် မင်းငါ့ကို တစ်ခုတော့ ကတိပေးရမယ် "

ယဲ့ဖန်က ပြန်ထိုင်လိုက်သည်။

" ပြော "

ကျန်းပင်းကွန်းက သူ့ကို စိုက်ကြည့်နေသည်။

" မင်း ငါ့အသက်ကို ကာကွယ်ပေးရမယ်။ ငါ့ကို ဒီကနေ အသက်ရှင်ရက်လွတ်အောင် လုပ်ပေးနိုင်တယ်ဆိုတာ အာမခံပေးရမယ်။ ငါ ထွက်သွားနိုင်သရွေ့ မင်းရှေ့ကို ဘယ်တော့မှ ထပ်မပေါ်လာဘူး "

ယဲ့ဖန်က ရယ်လိုက်သည်။

" အဲ့လောက် စွမ်းအား မရှိဘူး။ ခင်ဗျားရဲ့အသက်ကို ထိန်းနိုင်မလားဆိုတာ ခင်ဗျားလုပ်ခဲ့တဲ့ ရာဇ၀တ်မှုတွေ ဘယ်လောက်ပြင်းထန်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ စုံစမ်းစစ်ဆေးတာကို ပူးပေါင်းဆောင်ရွက်ရင်တော့ ပြစ်ဒဏ်လျော့ပေါ့ခံရနိုင်တယ် "

" အခြေအနေက မပြင်းထန်လို့ ထောင်ကထွက်လာရင် နိုင်ငံခြားကို သွားဖို့လုံလောက်တဲ့ ပိုက်ဆံပေးမယ် "

ကျန်းပင်းကွန်းက ခေါင်းငုံ့ကာ အားသာချက်၊ အားနည်းချက်တွေကို ချိန်ဆနေသည်။

" ကောင်းပြီ၊ ပြောမယ် "

" ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံက နျုံစစ်သွမ်းရဲ့ တောင်ပိုင်းကွမ်တုန်းပြည်နယ်က အိမ်မှာ "

ယဲ့ဖန်က နေရာကို သိပြီးတဲ့နောက် ထွက်သွားတော့သည်။

" မင်းစကား တည်ရမယ်။ ငါထွက်လာရင် မင်းငါ့ကို ပိုက်ဆံအများကြီးပေးရမယ် "

ကျန်းပင်းကွန်း၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။

အပြန်လမ်းတွင် ယဲ့ဖန်က ရှုကျင်းရှင်းကို ဖုန်းဆက်လိုက်သည်။

ကျေနပ်စရာသတင်းအချို့ကို ဖလှယ်ပြီးတဲ့နောက် သူတို့ အဓိကအကြောင်းအရာကို ပြောကြသည်။

" တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာရှိတဲ့ နျုံစစ်သွမ်းရဲ့အိမ်က ဘာဖြစ်မှာလဲဆိုတာ မင်းသိလား "

" နျုံစစ်သွမ်းရဲ့အမှုက အရမ်းကြီးတယ်။ သူ့ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ပြည်သူပိုင်သိမ်းမှာ။ ဒီအမှုပြီးရင်တော့ ပြန်ဖွင့်ပေးမယ်ထင်တယ် "

" ပြန်ဖွင့်ပေးပြီးရင် ဘာဖြစ်မှာလဲ "

" လေလံပွဲရှိလိမ့်မယ် "

" ဘယ်လောက်ကြာမလဲ "

" အနည်းဆုံး တစ်လခွဲလောက်တော့ ကြာမယ်ထင်တယ် "

" ကောင်းပြီ၊ အချိန်ကျလာရင် ကိုယ့်ကို အကြောင်းကြားပေး။ သူ့အိမ် လေလံပွဲမှာ ပါချင်တယ် "

" ရှင် ဘာလို့သူ့အိမ်ကို စိတ်ဝင်စားနေတာလဲ "

" ဘာလို့လဲဆိုတော့ သူ့အိမ်မှာ ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံ သုံးပိုင်းရှိတယ် "

" တကယ်လား။ အဲ့ဒီအပိုင်းသုံးပိုင်းလုံးကို ရရင် ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံ ပြည့်စုံသွားမှာ မဟုတ်ဘူးလား။ ဒါဆို ကျွန်မတို့ ပြန်ဖွင့်ပေးကို ဖွင့်လို့ရမှာမလား "

" အဲ့ဒီအပိုင်းသုံးပိုင်းလုံးကို ရအောင်တော့ စောင့်ရဦးမယ် "

" ကောင်းပါပြီ၊ စိတ်မပူပါနဲ့။ အချိန်တန်ရင် ကျွန်မ သေချာပြန်ပြောပြပါ့မယ်။ ခရီးထွက်ဖို့ ပစ္စည်းတွေ အရင်ပြင်လိုက်ဦးမယ်။ အဲ့ဒီအပိုင်းသုံးပိုင်းကို ရလိုက်တာနဲ့ တန်းပြီးခရီးထွက်နိုင်အောင်လို့ "

ရှုကျင်းရှင်းက များသောအားဖြင့် အေးဆေးတည်ငြိမ်သည်။

သို့သော် သူမက စွန့်စားခန်းကို သွားရမည်ဟု ကြားတဲ့အခါ ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေခဲ့သည်။

ယဲ့ဖန်လည်း မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ခါးသက်သက်ပြုံးလိုက်သည်။

ဒီမိန်းကလေးရဲ့ အေးဆေးတည်ငြိမ်တဲ့အသွင်အပြင်အောက်မှာ စွန့်စားတတ်တဲ့စိတ်ရှိမယ်လို့ သူ မမျှော်လင့်ထားပေ။

သို့သော် လျှို့ဝှက်ရတနာမြေပုံအားလုံးကို မကြာမီ ရနိုင်မည်ဟု တွေးမိတဲ့အခါ သူ သတိထားရမည်ဟု ခံစားမိသည်။

လျှို့ဝှက်ရတနာမြေပုံကို စောင့်မျှော်နေမိသည်။

သို့သော် ထိုအိမ်အတွက် လေလံဆွဲရမည်။

မဟုတ်ရင် အရာရာက အချည်းနှီးဖြစ်သွားပေလိမ့်မည်။

အပိုင်း ( ၄၂၀ )

ဒီလူငယ်က ကြောက်စရာကောင်းလွန်းတယ်

တစ်ဖက်တွင် ယဲ့ဖန်က ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံကို စီစဉ်နေစဉ်မှာဘဲ နျုံစစ်သွမ်း၏ကားက တံတားပေါ်မှာ မတော်တဆ တိုက်မိပြီး မြစ်ထဲကို ထိုးကျသွားကာ သေဆုံးတဲ့သတင်းက ကျုံးဟိုင်၏ စီးပွားရေးလောကတွင် ပြင်းအားအဆင့်၁၂ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားစေခဲ့သည်။

စီးပွားရေးလောကတွင် နျုံစစ်သွမ်း၏ အဆင့်အတန်းနှင့် လွှမ်းမိုးမှုတို့ကြောင့် ထိုသတင်းက စီးပွားရေးလောကတစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေသည်။

ပထမတော့ လူတိုင်းက မယုံနိုင်စရာ ကောလဟာလလို့ ထင်နေခဲ့ကြသည်။

သတင်းမီဒီယာများအားလုံးက အမှန်ဟု အတည်ပြုပေးမှသာ ယုံနိုင်တော့သည်။

ကျုံးဟိုင်ရှိ အဆင့်မြင့် ကော့တေးပါတီတစ်ခုတွင်။

" အခုချိန်ထိ ဒါက အမှန်လို့ မယုံနိုင်သေးဘူး။ သူက စီးပွားရေးလောကရဲ့ ဒဏ္ဍာရီဆန်တဲ့ နျုံစစ်သွမ်းပဲလေ "

" ငါလည်း မယုံနိုင်ဘူး။ ဒါပေမယ့် ဒါက အမှန်တရားပဲ။ သူ့ကား တံတားပေါ်ကနေ ထိုးကျသွားတာကို မှတ်တမ်းတင်ထားတဲ့ စောင့်ကြည့်ကင်မရာလည်းရှိတယ်။ ဒါကို အတုလို့ မထင်ဘူး "

" ဟုတ်တယ်၊ မီတာတစ်ရာကျော်မြင့်တဲ့ တံတားပေါ်ကနေ ပြုတ်ကျတဲ့အပြင် အောက်ကမြစ်ရေကလည်း အရမ်းသန်နေတော့ အသက်ရှင်ဖို့ အခွင့်အလမ်း လုံးဝ မရှိလောက်ဘူး "

" ရုတ်တရက်ဆန်လိုက်တာ။ နျုံစစ်သွမ်းလိုလူက ဒီလို ရုတ်တရက် သေသွားလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး "

" ဒီလိုနဲ့ တောင်ပိုင်းကွမ်တုန်းရဲ့ စီးပွားရေးလောကက သေချာပေါက် ပြောင်းလဲလာလိမ့်မယ် "

" ဒါတွေကြောင့် ပထမဆုံး အကျိုးအမြတ်ရမယ့်သူက ယဲ့ဖန်နဲ့ သူ့ကုမ္ပဏီတွေပဲ "

" မင်းဆိုလိုချင်တာ ..... နျုံစစ်သွမ်း သေတာက ယဲ့ဖန်နဲ့ ဆက်စပ်နေတာလား "

" ဒီကိစ္စက ယဲ့ဖန်နဲ့ လုပ်တာလို့ မင်းပြောနေတာလား "

" ဟုတ်တယ်၊ ယဲ့ဖန်ပဲ "

" စဉ်းစားကြည့်၊ နျုံစစ်သွမ်းသေရင် ဘယ်သူက အကျိုးအများဆုံးရမှာလဲ "

" ဟိတ်ကောင်၊ မင်းသေချင်ရင်လည်း ငါတို့ကိုပါ ဆွဲမချနဲ့။ နျုံစစ်သွမ်း သေတာနဲ့ ကျုံးဟိုင်ကလယဲ့ဖန်ရဲ့ ပိုင်နက်နယ်မြေ ဖြစ်လာမှာ။ မင်းစကားတွေ သူ့နားထဲရောက်သွားမယ် သတိထား ......... "

ထိုလူက စကားပြောနေရင်း လည်ချောင်းကို ဖြတ်ပြသည့် အမူအရာ ပြုလုပ်ခဲ့သည်။

သူနှင့် ဆန့်ကျင်ဘက်မှလူကလည်း အလွန်ထိတ်လန့်သွားကာ မျက်နှာဖြူဖျော့သွားပြီး အမြန် ပါးစပ်ပိတ်သွားလေသည်။

..............................

ရူဖိန်း နည်းပညာအစည်းအဝေးခန်း။

" နျုံစစ်စွမ်း သေမယ်လို့ ဘယ်သူက ထင်မှာလဲ။ ယဲ့ဖန်ရဲ့ စွမ်းအားတွေက အမြန်ဆုံးအရှိန်နဲ့ ကျယ်ပြန့်လာပြီး ကျုံးဟိုင်က အနာဂတ်မှာ သူ့နယ်မြေဖြစ်လာလိမ့်မယ် "

" ကံကောင်းလို့ ဥက္ကဌလီက ချန်းဝမ်ရှန်းကို မောင်းထုတ်ခဲ့တာ။ ယဲ့ဖန်က ငါတို့ကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ် "

" ဥက္ကဌလီက ရူဖိန်းရဲ့ဥက္ကဌဖြစ်ပြီး ယဲ့ဖန်ကို ဘာလို့ ကြောက်နေတာလဲဆိုပြီး မင်း အတွန့်တက်တာကို ငါ မှတ်မိပါသေးတယ် "

" ငါ ...... ငါ အဲ့ဒီတုန်းက ငါ တကယ် အမြင်ကျဉ်းခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် နျုံစစ်သွမ်း ဒီလောက် မြန်မြန်ပြိုလဲကျဖို့ ငါမမျှော်လင့်ထားဘူး "

" ဟုတ်တယ်၊ ယဲ့ဖန်ရဲ့ကံက ကောင်းလွန်းတယ်မဟုတ်လား။ ကောင်းကင်ကတောင် သူ့ကို ကူညီပေးတယ် "

လီရူဖိန်းက သူတို့ပြောနေတာတွေကို နားထောင်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

" ယဲ့ဖန်က ကံကောင်းတယ်လို့ မင်းတို့ တကယ်ထင်နေတာလား "

အားလုံး လှည့်ကြည့်လိုက်ကြသည်။

" ဥက္ကဌလီက ဘာကိုဆိုလိုတာလဲ "

လီရူဖိန်း မတ်မတ်ထိုင်လိုက်သည်။

" ဒီနေ့ မှုခင်းစုံစမ်းစစ်ဆေးရေးဌာနနဲ့ စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနတို့ ပူးပေါင်းလိုက်တာကို မတွေ့ဘူးလား။ ဒီအဖြစ်အပျက်က ထင်သလို သိပ်ပြီးတော့ မရိုးရှင်းဘူး "

" အခု ဆောင်းဦးလေမဟာမိတ်မှာ ပါတဲ့ကုမ္ပဏီတွေတင်မကပဲ ဖုလီအုပ်စုမှာတောင် စီးပွားရေး စုံစမ်းစစ်ဆေးရေးဌာနက လူတွေက တပ်စွဲထားတယ်။ ဒါတွေအားလုံးက ယဲ့ဖန်ရဲ့ အစီအစဉ်တွေထဲမှာ ရှိတယ်ဆိုတာ သေချာတယ် "

" ယဲ့ဖန်က နျုံစစ်သွမ်းနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့သက်သေတစ်ခုခုကို ရထားတယ်။ နျုံစစ်သွမ်းက ဒီနေ့ မသေခဲ့ရင်တောင် သူ လုံးဝ ကျရှုံးမှာပဲ "

လူတိုင်းက လီရူဖိန်းရဲ့ ပြဿနာကို ခွဲခြမ်းစိတ်ဖြာမှုက အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။

" ဥက္ကဌလီရဲ့ သုံးသပ်ချက်က အရမ်းမှန်တယ်လို့ ကျွန်တော်ထင်တယ် "

" ဒါပေမယ့် ဘယ်လို သက်သေတွေမလို့လဲ။ သူက နျုံစစ်သွမ်းကို တကယ်ပဲ သတ်သေအောင်ထိ လုပ်နိုင်ပါ့မလား "

" အဲ့တာတွေက သူ့အသက် ဒါမှမဟုတ် သေခြင်းရှင်ခြင်းကိုတောင် ဆုံးဖြတ်နိုင်တဲ့ သက်သေအထောက်အထားတွေ ဖြစ်ရမယ်။ ဒီ့ထက်တောင် ပိုပြင်းထန်နိုင်သေးတယ်။ အဲ့ဒါကြောင့် သူက ဒီလောက်အထိကို ရောက်သွားတာပေါ့ "

" ဒီယဲ့ဖန်က တကယ်ကို ဉာဏ်ကောင်းတာပဲ။ သူက ဒီလို အထောက်အထားတွေတောင် ရှာနိုင်တာလား "

" အရင်တုန်းက သူ့ကို လျှော့တွက်ခဲ့ပေမဲ့ ဒီလူငယ်လေးက အရမ်းကြောက်ဖို့ကောင်းတယ် "

" ဒီအဖြစ်အပျက်ပြီးရင် ယဲ့ဖန်က မြင့်တက်လာပြီးတော့ ကျုံးဟိုင်မှာ ဘယ်သူကမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူး "

လီရူဖိန်းက စားပွဲကို ရိုက်လိုက်သည်။

" ငါတို့ကုမ္ပဏီက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီနဲ့ လက်တွဲထားတယ် မဟုတ်လား "

တစ်စုံတစ်ယောက်က ချက်ချင်းပြန်ဖြေပေးသည်။

" ဟုတ်ပါတယ်။ သူတို့ကုမ္ပဏီကို မနှစ်က ကြော်ငြာအတွက် ဒီဇိုင်းဆွဲခိုင်းဖူးတယ်။ သက်ရောက်မှုက တော်တော်လေးကောင်းပေမယ့် စာချုပ်က လအနည်းငယ်အတွင်းမှာပဲ သက်တမ်းကုန်တော့မှာပါ "

လီရူဖိန်း ခေါင်းငြိမ့်လိုက်သည်။

" မနက်ဖြန်ကျရင် ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို သူတို့နဲ့ ငါကိုယ်တိုင် သွားညှိနှိုင်းမယ်။ ငါတို့ရဲ့ ကြော်ငြာတွေအားလုံးကို သူတို့ဆီ လာမယ့် ဆယ်နှစ်အထိ အလုပ်အပ်ပြီး စာချုပ်ချုပ်မယ်။ ဒီဇိုင်းကြေးကလည်း စျေးကွက်ထဲမှာ အမြင့်ဆုံးဈေးဖြစ်လိမ့်မယ် "

အဲ့တာကိုကြားတော့ လူတိုင်းက အံ့သြသွားသည်။

အများအားဖြင့် သူတို့၏ကုမ္ပဏီက ကြော်ငြာကုမ္ပဏီများနှင့် အလုပ်လုပ်ရန်ရွေးချယ်သောအခါ ကြော်ငြာကုမ္ပဏီများကို လေလံဆွဲခိုင်းပြီး အကောင်းဆုံးအစီအစဉ်နှင့် အနိမ့်ဆုံးစျေးနှုန်းတောင်းသည့် ကုမ္ပဏီကို ရွေးချယ်လေ့ရှိသည်။

ထို့အပြင် တစ်နှစ်လျှင် တစ်ကြိမ်သာ လက်မှတ်ရေးထိုးလေ့ရှိသည်။

အခုတော့ လီရူဖိန်းက ကြော်ငြာဒီဇိုင်းကို ကျန်းကျိုးကုမ္ပဏီမှာ နောက်ထပ် ဆယ်နှစ်စာ အလုပ်အပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး စျေးကွက်အမြင့်ဆုံးစျေးနှုန်းကိုပင် တိုက်ရိုက်ကမ်းလှမ်းခဲ့သည်။

ဒါက ကြီးမားတဲ့လက်ဆောင်တစ်ခုပဲ။

တခြားအချိန်တွေသာဆိုရင်တော့ သူတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှာ သေချာပေမယ့် အခုချိန်မှာတော့ ဒါဟာ သဘာဝကျတယ်လို့ ခံစားရသည်။

ရူဖိန်းကုမ္ပဏီက ယဲ့ဖန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားပြီးဖြစ်တာကြောင့် ရည်ရွယ်ချက်ကောင်းကို အခုပြရင်တောင် ရုတ်တရက်မဆန်တော့ပေ။

ယဲ့ဖန်ကလည်း ဒီကျေးဇူးကို တန်ဖိုးထားလိမ့်မည်ဟုထင်သည်။

All Chapters