အခန်း (၄၂၄)
Vol. 18 Ch. 424
“လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားမ” နဲ့ “မဟာမြေရိုင်း သွေးနွယ်” ဆိုတဲ့ စကားလုံးတွေကို ကြားတော့။
ယဲ့ယွီက ဒါက သေချာပေါက် ကျူချင်ပဲလို့ ကောက်ချက်ချလိုက်တယ်။
ဒီအချိန်ကာလအတွင်းမှာ။
ယဲ့ယွီက ကောင်းကင်ဘုံတစ်ခွင် ခရီးသွားခဲ့ပြီး အရာများစွာကို သင်ယူခဲ့တယ်။
ဥပမာအားဖြင့်၊ မဟာမြေရိုင်း သွေးနွယ်ရဲ့ တည်ရှိမှုက နတ်အိမ်မွေးတိရစ္ဆာန်တစ်ကောင်နဲ့ ပိုတူတယ်။
မဟာမြေရိုင်း သွေးနွယ်မှာ ဉာဏ်ရည်၊ ခန္ဓာကိုယ်နဲ့ အလွန်မြင့်မားတဲ့ အစွမ်းအစ တိုးတက်နိုင်စွမ်းတွေရှိတယ်။
တစ်စုံတစ်ယောက်က ဒါကိုသေချာလေး ပြုစုပျိုးထောင်ကာ ကျွေးမွေးပီး ကြီးထွားစေခဲ့မယ်ဆိုရင် ဒါဟာ နတ်ဘုရင်မင်းကြီးအဆင့်ကို သတ်နိုင်တဲ့ အဆင့်တစ်ခုအထိ တက်လှမ်းဖို့ အလွယ်တကူပဲ စွမ်းအားတွေရရှိလာနိုင်တယ်လို့ ဆိုရိုးရှိတယ်။
ဒါပေမယ့် သေချာပါတယ်၊ ဒါတွေက ခန့်မှန်းချက်တွေပဲ။
မဟာမြေရိုင်း သွေးနွယ်က အရင်က ခဏတာ ပေါ်ခဲ့ပြီးနောက် နတ်တွေရဲ့ လက်လှမ်းမှီနိုင်မှုနဲ့အမြင်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။
ဒါကြောင့် ဘယ်သူှ တကယ်တမ်း အစွမ်းအစ အကန့်အသတ်က ဘယ်လောက်လဲဆိုတာ မပြောနိုင်ဘူး။
ဒါပေမယ့် မဟာမြေရိုင်း သွေးနွယ်က သူ့ရဲ့သခင်ကို အစာပြန်ကျွေးနိုင်တဲ့ သူ့ရဲ့စွမ်းရည်ပေါ်မှာ မူတည်တယ်။
အခုအချိန်အထိတောင် ဒါက ကောင်းကင်ဘုံမှာ အလွန်ရေပန်းစားနေတုန်းပဲ။
နတ်တွေအားလုံးနီးပါးက ဒါကို ရယူချင်ကြတယ်။
ဒါပေမယ့် မဟာမြေရိုင်း သွေးနွယ်က ဘယ်တော့မှ ထပ်မပေါ်လာခဲ့ဘူး။
အခုတော့ ဒါရဲ့ ရုတ်တရက် ပေါ်ပေါက်လာမှုနဲ့ နတ်ဘုရင်မင်းကြီးအဆင့်ရဲ့ သွေးကိုစုပ်ယူခဲ့တယ်ဆိုတဲ့သတင်းဟာ ကောင်းကင်ဘုံနယ်မြေမှာ ကြီးမားတဲ့ ဆူညံမှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မယ်။
ယဲ့ယွီက မြောက်ဘက်ကို ကြည့်လိုက်တယ်။
အချိန်အကြာကြီး စဉ်းစားပြီးနောက်။
နောက်ဆုံးမှာ ကောင်းကင်ဘုံနယ်မြေရဲ့ မြောက်ပိုင်းကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။
သူက ကျူချင်ကို ရှာဖို့ သွားတာ မဟုတ်ဘူး။
ဒါပေမယ့် သူက မဟာမြေရိုင်း သွေးနွယ် ပေါ်လာတာနဲ့ မြောက်ဘက်က သေချာပေါက် ငြိမ်းချမ်းမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။
အဲဒီအချိန်မှာ အလောင်းတွေ အများကြီး ရှိလာလိမ့်မယ်။
ဒီအချိန်ကာလအတွင်းမှာလည်း အနည်းငယ်လောက်တော့ အမြတ်ထုတ်နိုင်တယ်။
ဟုတ်တယ်၊ ဒါဟာ အနည်းငယ်လောက်ပဲ အမြတ်ထွက်ဖို့ရှိတာပဲ၊ ဘာလို့လဲဆိုတော့ သူက ရွှေနတ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီးသားဖြစ်လို့ပဲ။
ကောင်းကင်နတ်အဆင့်အောက်က နတ်တွေရဲ့ အလောင်းတွေက ကျင့်ကြံမှုအများကြီးကို မပေးနိုင်တော့ပေမယ့်။
ခြင်တစ်ကောင်က ဘယ်လောက်သေးသေး အသားတော့ အသားပဲ။
မင်းက ဒါကို မစားဘဲ နေလို့မရဘူး၊ ဟုတ်တယ်မလား။
ဘယ်လိုပဲဖြစ်ဖြစ် ငါ ကျူချင်ကို တမင်တကာ ရှာဖို့ သွားတာ မဟုတ်ဘူး။
လုံးဝ မဟုတ်ဘူး။
မကြာခင်မှာပဲ သူတို့ ကောင်းကင်ဘုံရဲ့ မြောက်ပိုင်းကို ခြေချလိုက်တဲ့အခါ။
ယဲ့ယွီက နတ်ဘုရားတွေရဲ့ သွေးနွယ်ကို လိုချင်တောင့်တမှုကို သူ လျှော့တွက်ခဲ့တယ်ဆိုတာကို သိလိုက်ရတယ်။
မြောက်ဘက်ကောင်းကင်ဟာ လေထဲမှာ ဗျိုင်းအုပ်ပေါင်းထောင်ပေါင်းများစွာ စုပေါင်းနေသလိုမျိုး ပျံသန်းနေတဲ့ နတ်ဘုရားတွေနဲ့ ပြည့်နေခဲ့တယ်။
သူတို့က တစ်ခုခုကို ရှာနေသလိုမျိုး အလေးအနက်ထားပြီး လှည့်ကင်းလှည့်နေခဲ့တယ်။
အစပိုင်းမှာ ယဲ့ယွီက အရမ်းရှုပ်ထွေးနေခဲ့တုန်းပဲ။
နောက်ပိုင်းမှ ငါ ကြားခဲ့တဲ့သတင်းက အပြည့်စုံမဟုတ်သေးဘူး အရေးကြီးတဲ့သတင်းကျန်သေးတယ်ဆိုတာ သိလိုက်ရတယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားမက နတ်ဘုရင်မင်းကြီးကို တစ်ယောက်တည်း သတ်ခဲ့တာ မှန်ပါတယ်၊ ဒါပေမယ့် သူလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
အပြင်ပန်းကြည့်ရင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပေမယ့် နေရာမှာ မသေတာကတောင် အရမ်းအားကောင်းနေပြီ။
ဘာပဲဖြစ်ဖြစ် ဒါက နတ်ဘုရင်မင်းကြီးအဆင့်ပဲ။
ဒါပေမယ့် အဲဒီနောက် နတ်တွေက နောက်ထပ် အရေးကြီးတဲ့အရာတစ်ခုကို စဉ်းစားမိခဲ့တယ်။
သူက အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ရင် မဟာမြေရိုင်း သွေးနွယ်ကို ဘာလုပ်ရမလဲ။
သေချာပါတယ်၊ အမြန်ဆုံးနည်းလမ်းက အကောင်းဆုံးပဲ။
ဘယ်သူဆို လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားမကို ရှာပြီး သူဆီက မဟာမြေရိုင်း သွေးနွယ်ကို ယူနိုင်ခဲ့ရင် သူတို့ဟာ နေရာမှာပဲ ထွန်းတောက်လာလိမ့်မယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားမက သူ့ရဲ့အကောင်းဆုံးအခြေအနေမှာ ရှိခဲ့ရင် ဘယ်သူမှ သူကို စိန်ခေါ်ဖို့ ရဲရမှာ မဟုတ်ဘူး။
ဒါပေမယ့် အခု သူက ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သေခါနီးဖြစ်နေပြီ။
နတ်တွေက ဘာကို ကြောက်နေကြတာလဲ။
သဘာဝအတိုင်းပဲ သူတို့က သူကို အလေးအနက်ထားပြီး ရှာစတင်ခဲ့ကြတယ်။
ဒါကြောင့် ကောင်းကင်ဘုံရဲ့ မြောက်ပိုင်းမှာ နတ်တွေ ဒီလောက်များနေတာပဲ။
ယဲ့ယွီက နည်းနည်းလေး တည်ငြိမ်နေခဲ့တယ်။
သူ သေတော့မှာလား။
ရက်အနည်းငယ်အကြာမှာ။
ယဲ့ယွီက ကောင်းကင်ဘုံရဲ့ မြောက်ပိုင်းတစ်ခွင် ခရီးသွားခဲ့တယ်။
ဒါပေမယ့် သူ ကျူချင်ရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ဘူး။
ဒါကြောင့် သူ ကောင်းကင်ဘုံရဲ့ တောင်ဘက်ကို ပြန်လာပြီး ထန်းတိနန်းဆောင် ရဲ့ ရှေးဟောင်းနေရာကို ရောက်လာခဲ့တယ်။
ဘာလို့ ရှေးဟောင်းနေရာလို့ ခေါ်ရတာလဲ။
ဘာလို့လဲဆိုတော့ ဒီနေရာက ကြာမြင့်စွာကတည်းက စွန့်ပစ်ထားတာကြောင့်ပဲ။
ရှန်ဘီရှန် သေဆုံးပြီးနောက် ထန်းတိနန်းဆောင် က ခေါင်းဆောင်အသစ်ကို မရွေးချယ်ခဲ့ဘဲ ပြိုကွဲသွားခဲ့တယ်။
နောက်ဆုံးမှာ နတ်တွေအားလုံးက ဒီနေရာကို ထားခဲ့ပြီး ထွက်သွားခဲ့ကြတယ်။
ဒီနေရာကလည်း ချစ်သူကထားခဲ့တဲ့မိန်းမတယောက်လိုပဲ လှပသက်ဝင်မှုတွေ တခုမှမရှိတော့သလိုပဲ။
ယဲ့ယွီက အရင်က ပန်းခြံရှိခဲ့တဲ့နေရာကို ရောက်လာခဲ့တယ်။
ဒီက ပန်းတွေက ခြောက်သွေ့နေပြီဖြစ်ပေမယ့် သူ ရုတ်တရက် ရင်းနှီးတဲ့ ဂါဒီနီယာကိုယ်သင်း ရနံ့ကို ရလိုက်တယ်။
ယဲ့ယွီရဲ့ မျက်နှာအမူအရာက ရုတ်တရက် အများကြီး စိတ်ပူပန်နေရာကနေ သက်သာသွားခဲ့တယ်။
သူက တိုးတိုးလေး 'မိတ်ဆွေဟောင်းတစ်ယောက် ဒီမှာ ရှိနေတယ်။ မင်း ငါ့ကို အတွေ့ခံဖို့ စိတ်ကူးမရှိဘူးလား' လို့ ပြောလိုက်တယ်။
အသံထွက်ပြီးတာနဲ့ သူ့ဘေးနားက နေရာက လှုပ်ရှားသွားခဲ့တယ်။
ကျူချင်ရဲ့ပုံရိပ် ပေါ်လာခဲ့တယ်။
သူက အခု နှစ် ၃၀ကြာပြီးတာတောင်မှ အရင်ကထက် ပိုပြီး လှနေတယ်။
ဒါပေမယ့် သူရဲ့ မျက်နှာက နည်းနည်း ဖြူဖျော့နေတယ်။
မိတ်ဆွေဟောင်းဆိုတဲ့ ခေါင်းစဉ်ကို ကျွန်မ မကြိုက်ဘူး။
ဒါ့အပြင် ရှင်ပြောတာက တစ်ခုခု မှားနေတယ်။ ကျွန်မ ဒီမှာ ဘယ်လောက်ကြာကြာ စောင့်နေခဲ့လဲဆိုတာ ရှင်သိရဲ့လား။
ကျူချင် ဒီလိုပြောတာကို ကြားတော့။
ယဲ့ယွီက အရမ်းရှုပ်ထွေးနေခဲ့တယ်- ငါ ဘာမှားနေတာလဲ။
ကျူချင်က လှောင်ပြောင်ပြီး 'မဟာမြေရိုင်း သွေးနွယ် ပေါ်ပေါက်လာတာက ဆူညံမှုတွေ အများကြီး ဖြစ်ပေါ်စေခဲ့တယ်။ ရှင် မသိဘူးလို့ ကျွန်မ မယုံဘူး' လို့ ပြောလိုက်တယ်။
ယဲ့ယွီ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။
သူက လေသံတိုးတိုးလေးနဲ့ 'ငါ ကောင်းကင်ဘုံရဲ့ မြောက်ပိုင်းကို ရောက်ခဲ့တယ်' လို့ ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ ကျူချင်ရဲ့ မျက်နှာက အေးစက်နေတုန်းပဲ၊ ဒါပေမယ့် သူရဲ့ မျက်လုံးတွေက ပန်းလေးတွေပွင့်လာသလို လှပဝိုင်းစက်လာကာ အများကြီး နူးညံ့သွားခဲ့တယ်။
ရှင် မှားတယ်။ ကောင်းကင်ဘုံရဲ့ မြောက်ပိုင်းကို သွားခဲ့တာ မဟုတ်သင့်ဘူး။
ဒီကနေရာမှာ ကျွန်မကို လာရှာခဲ့သင့်တယ်။
ရှင် သိလား။
ယဲ့ယွီရဲ့ မျက်နှာက အရမ်းထူးဆန်းသွားတယ်။ ဒီလို သူ့ကိုအပြစ်ရှိသလိုလို ဆူပွပွလေးလုပ်နေတဲ့လေသံက ဘာဖြစ်တာလဲ။
သူက ယဲ့ယွီရဲ့ မျက်နှာအမူအရာက နည်းနည်းမှားနေတာကို မြင်လိုက်ပုံရတယ်။
ကျူချင်က အေးဆေးတဲ့လေသံနဲ့ 'ရှင့်ရဲ့ မျက်နှာအမူအရာက ဘာြဖစ်နေတာလဲ။ ဘာလဲ၊ ကျွန်မရဲ့ နတ်အဖော် ဖြစ်ချင်တာ မဟုတ်ဘူးလား။'
ကျွန်မကို သတ်ပြီး မဟာမြေရိုင်း သွေးနွယ်ကို ယူသွားချင်တာလား။
ယဲ့ယွီရဲ့ ခေါင်းက အနက်ရောင်လိုင်းတွေနဲ့ ပြည့်နေခဲ့တယ်။
သူက ခေါင်းကိုဟန်အပြည့်နဲ့ယမ်းကာ'ဘယ်သူက မင်းရဲ့ မဟာမြေရိုင်း သွေးနွယ်ကို လိုချင်လဲ။ ငါ မလိုချင်ဘူး' လို့ ပြောလိုက်တယ်။
တကယ်တော့ ဒါက အဓိပ္ပာယ်ရှိတယ်။
မဟာမြေရိုင်း သွေးနွယ်နဲ့ ယဲ့ယွီရဲ့ အိပ်မက်ပါရမီက အရမ်းလိုက်ဖက်တယ်။
ဒါပေမယ့် ယဲ့ယွီက ဒါအတွက် ကျူချင်ကို သတ်ဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။
ကျူချင်က ဒီအတည်ပြုချက်ကို ကြားလိုက်ရတယ့်အခါမှာ သူ့ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
ဖြည်းဖြည်းချင်း ရှေ့ကို လျှောက်သွားပြီး ယဲ့ယွီကို ဖက်လိုက်တယ်။
ဒီရုတ်တရက် လုပ်ဆောင်ချက်က ယဲ့ယွီရဲ့ မျက်လုံးတွေကို ရုတ်တရက် ပြူးသွားစေခဲ့တယ်။
သေချာပါတယ်၊ ဒီမိန်းမက ကန့်သတ်ချက်တွေကို ကျော်လွန်နေတယ်။
အစပိုင်းက စကားများတာကနေ နောက်ပိုင်းမှာ လက်မောင်းချင်းချိတ်တာ၊ ပြီးတော့ အခု ဖက်တာ။
ဒါက အရမ်းလွန်တယ်။
ဒါပေမယ့် ယဲ့ယွီ စကားမပြောခင်မှာ။
ကျူချင်ရဲ့ နောက်ထပ်စကားက သူ့ကို အတိုင်းအဆမရှိ အံ့အားသင့်စေခဲ့တယ်။
ကျွန်မက ရှင့်ရဲ့ နတ်အဖော်ဖြစ်ဖို့ ဆန္ဒရှိတယ်။ ပြီးတော့ ငါတို့ အနာဂတ်မှာ တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ မခွဲတော့ဘဲ ထာဝရ အဖော်ပြုကြမယ်။
ဒီစကားကို ဆောင်းကာလရဲ့လေနုအေးလေးလို ညင်သာစွာ ပြောဆိုခဲ့ပေမယ့် လေသံက အလွန်ပြတ်သားတယ်။
ယဲ့ယွီက ချက်ချင်း ရှုပ်ထွေးသွားခဲ့တယ်။
မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလား။
ငါတို့ နှစ် ၃၀ လုံး မတွေ့ခဲ့ကြဘူး၊ ပြီးတော့ ငါတို့ တွေ့တဲ့အခါ ဒီအကြောင်းကို ဆက်ပြောနေတုန်းပဲ။ ဒါက တကယ်ပဲ နောက်တာ မဟုတ်ဘူးလို့ ထင်ရတယ်။
ဒါပေမယ့် ဘာကြောင့်လဲ။
ကျူချင်က ဖွင့်ပြောချင်ရင်တောင် သူက အနည်းဆုံးတော့ သူရဲ့အမြင်ကို အရင်မေးသင့်တယ်၊ ဟုတ်တယ်မလား။
သူက ချက်ချင်း လုပ်ဖို့ ဆန္ဒရှိခဲ့တာလား။
ယဲ့ယွီ ရှုပ်ထွေးနေတုန်းမှာပဲ။
ကျူချင်က သူရဲ့ လက်မောင်းတွေကို ဖြေလျော့လိုက်ပြီး သိုလှောင်လက်စွပ်ထဲက တွန့်ကြေနေတဲ့ ချစ်ခြင်းမေတ္တာစာတစ်စောင်ကို ထုတ်ယူပြီး တိုးတိုးလေး မေးလိုက်တယ်- ဒါနဲ့ မင်းကို ကျွန်မ အချိန်အကြာကြီး မေးချင်ခဲ့တာ တစ်ခုရှိတယ်။
မင်း ဘာလို့ ဒီလို တွန့်ကြေနေတဲ့ ချစ်ခြင်းမေတ္တာစာကို ပို့ခဲ့ရတာလဲ။ ဒါက နည်းနည်းလေး သန့်ရှင်းသပ်ရပ်လို့ မရဘူးလား။
ဒါမှမဟုတ် မင်းမှာ တခြားရည်ရွယ်ချက်တွေ ရှိသလား။
ယဲ့ယွီက မသိစိတ်က 'ဒီအရာက မင်းဆီ ဘယ်လိုရောက်လာတာလဲ' လို့ မေးလိုက်တယ်။
အစပိုင်းမှာ ဒါက ကျိလင်ချင်းအတွက် ရေးခဲ့တဲ့ ချစ်ခြင်းမေတ္တာစာတစ်စောင်ဆိုတာကို သူ အရမ်းရှင်းရှင်းလင်းလင်း မှတ်မိခဲ့တယ်။
ဒါပေမယ့် ဒီကောင်က ဒါကို မလိုချင်ဘူးဆိုတာ ဘယ်သူသိမှာလဲ။
သူက သူ ကိုယ်တိုင်သူ့လက်ရေးနဲ့ရေးရမယ်၊ သူက ရိုးသားတယ်လို့ ပြောတယ်။
ပြီးတော့သူ့ဟာသူ ရေးချင်တာတွေကိုရေးချင်သလိုရေးပီး အဲ့ကိစ္စကပြီးသွားခဲ့တယ်။
ယဲ့ယွီ အဲဒီတုန်းက နတ်အလောင်းတွေသိမ်းဆည်းတဲ့ အရေးတကြီး လုပ်စရာရှိတာကြောင့် အချိန်မဖြုန်းဖို့အတွက် သူက ချစ်ခြင်းမေတ္တာစာကို သူ့ရဲ့လက်အင်္ကျီထဲ ထည့်လိုက်ပြီး သိပ်အာရုံမစိုက်ခဲ့ဘူး။
နောက်ပိုင်းမှာ သူ ဒီစာကို တနေရာမှာ ပျောက်ဆုံးသွားခဲ့ပြီး သူ့အတွက်အရေးကြီးတဲ့အလုပ်တွေအရမ်းများနေလို့ ဒါကို ဂရုမစိုက်ခဲ့ဘူး။
ဒါပေမယ့် ဒါက ကျူချင်နဲ့အတူ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။
ကျူချင်ကလည်း တစ်ခုခု မှားနေတာကို သတိထားမိခဲ့ပြီး အလေးအနက်ထားပြီး 'ရှင် ဆိုလိုတာက ဒီချစ်ခြင်းမေတ္တာစာက ကျွန်မအတွက် မဟုတ်ဘူးလား' လို့ မေးလိုက်တယ်။
၄၂၅ ဆက်ရန်