အခန်း (၄၂၇)
Vol. 18 Ch. 427
ယဲ့ယွီနဲ့ ကျူချင်တို့ရဲ့ တူမောင်မယ်ရယ်မောသံက မိစ္ဆာမောင်နှံကိုတွေ့နေရသလိုမျိူးကျက်သီးထဖွယ်ခံစားချက်ကိုပေးနေပီး ရှိနေသူတိုင်းကို ရှင်းပြလို့မရတဲ့ ကြောက်ရွံ့မှုကို ခံစားရစေခဲ့တယ်။
"ဟားဟား...ခိခိခိ"
နတ်ဘုရင်မင်းကြီး ၅ ပါးတောင် ရှုပ်ထွေးစွာနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
ဘယ်သူမှ အရင်ဆုံး လှုပ်ရှားဖို့ မရဲဘူး။
သူတို့ရှေ့က နတ်ဘုရားမက တကယ်ပဲ မဟာမြေရိုင်း သွေးနွယ်ရဲ့ ပိုင်ရှင် ဖြစ်ခဲ့မယ်ဆိုရင်။
သူက နတ်ဘုရင်မင်းကြီးကို သတ်ခဲ့တယ်။
ဘယ်သူက ပေါ့ဆစွာနဲ့ ပရမ်းပတာဝင်တိုက်ခိုက်ဖို့ ရဲသလဲ။
အခု သူတို့မောင်နှံက ဒီလောက် အေးစက်စွာ ရယ်နေခဲ့တယ်။
ဒါက သူက သူတို့အားလုံးကို လုံးဝ အလေးမထားသလိုပဲ။
ဒီယုံကြည်မှုက နတ်အချို့ကို နောက်ပြန်ဆုတ်ဖို့ စိတ်ကူးရှိလာစေခဲ့တယ်။
အပြင်က ကောလာဟလတွေက မှားနေတာလား။
သူက ပြင်းထန်စွာ ဒဏ်ရာရတာ မဟုတ်ဘူးလား။
မကြာခင်မှာပဲ ရာနဲ့ချီတဲ့ နတ်တွေ စတင်လှုပ်ရှားလာခဲ့တယ်။
ယဲ့ယွီက သူ့ရဲ့လက်ကို လှုပ်ရှားလိုက်ပြီး ပေါ့ပေါ့ပါးပါးပဲပြောလိုက်တယ်
"မင်းတို့က အထင်အမြင်လွဲမှားမှုတစ်ခုထဲကို ရောက်သွားခဲ့ပြီလို့ ငါ ထင်တယ်။
ဒီကနေ ထွက်သွားသင့်၊ မသွားသင့် စဉ်းစားရမယ့်လူက မင်းတို့ပဲ၊ ငါ မဟုတ်ဘူး။
နတ်မိတ်ဆွေ ဆွန်၊ မင်း ဒီနေ့ အသက်ရှင်နိုင်မယ်လို့ ထင်သလား။ "
တကယ့်လိုပဲ ဖြစ်ပုံရတဲ့ သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။
ဆွန်ကျိ ရုတ်တရက် ကြောက်လန့်တဲ့ပုံစံကို ပြသပြီး နှစ်လှမ်း နောက်ပြန်ဆုတ်သွားခဲ့တယ်။
ပြီးတော့ အလျင်စလို 'နတ်မိတ်ဆွေ ဆစ်တူ၊ ငါ့ကို ကယ်ပါ' လို့ ပြောလိုက်တယ်။
ရှေ့မှာ ရပ်နေတဲ့ ရွှေဝတ်ရုံ ဝတ်ထားတဲ့ နတ်က မျက်မှောင်ကြုတ်လိုက်တယ်။
ဒါပေမယ့် သူက တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ကို တစ်လှမ်းတက်လိုက်တယ်။
သူက အေးစက်တဲ့လေသံနဲ့ 'နတ်မိတ်ဆွေတို့၊ သူတို့ကြောင့် မလှည့်စားခံကြနဲ့။ သူတို့က အပြင်မှာပဲ သန်မာသလိုဟန်ထုတ်နေပြီး အတွင်းမှာ တော်တော်လေးအားနည်းနေတာ၊ အေးဆေးချင်ဟန်ဆောင်နေတာပဲ' လို့ ပြောလိုက်တယ်။
ဒီစကားကို ကြားတော့။
ယဲ့ယွီရဲ့မျက်နှာက ပိုပြီး ပြုံးလာခဲ့တယ်။
အေးဆေးဟန်ဆောင်တာ ဟုတ်မဟုတ်၊ မကြာခင် သိလာလိမ့်မယ်။
ကျူချင်ရဲ့နောက်မှာ ရေတွက်လို့မရနိုင်တဲ့ အစိမ်းရောင်နွယ်ပင်တွေ ထွက်ပေါ်လာစတင်ခဲ့တယ်။
နှစ်ဖက်စလုံး စတင်တော့မယ့်အချိန်မှာ။
အဖြူရောင်မြူခိုးတစ်ခုက ယဲ့ယွီတို့နတ်မောင်နှံတို့ရဲ့ဝန်းကျင်မှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ပြီးတော့ ယဲ့ယွီနဲ့ ကျူချင်တို့ အရမ်းလျှင်မြန်စွာနေရာရွှေ့ပြောင်းသွားခဲ့တယ်။
နောက်တစ်စက္ကန့်မှာ နတ် ၅ ပါးက တစ်ချိန်တည်း တိုက်ခိုက်ပြီး သူတို့ရှေ့က အဖြူရောင်မြူခိုးကို ဖယ်ရှားလိုက်တယ်။
ဒါပေမယ့် သူတို့က ယဲ့ယွီနဲ့ ကျူချင်တို့ ဒီမှာ မရှိတော့ဘူးဆိုတာကို ရုတ်တရက် တွေ့ရှိခဲ့တယ်။
ဖက်ခယူ။ သူတို့ တကယ်ပဲ ထွက်ပြေးသွားခဲ့တယ်။
ဒါပေမယ့် ဒါက ရှိနေတဲ့ နတ်တွေအားလုံးကို ပိုပြီး သူတို့ကိုသူတို့ ယုံကြည်မှု ရှိစေခဲ့တယ်။
ထွက်ပြေးသွားကြတာက ယဲ့ယွီနဲ့ ကျူချင်တို့ဟာ အပြင်မှာပဲ သန်မာချင်ယောင်ဆောင်နေပြီး အတွင်းမှာ အားနည်းနေတယ်ဆိုတာကို ဆိုလိုတယ်။
သူတို့ကိုသာ မကြောက်ရွံ့ ဘူးဆိုရင်ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ။
ဆစ်တူလို့ခေါ်တဲ့ နတ်က ချက်ချင်း လေးနက်တဲ့လေသံနဲ့ 'လိုက်ပီးတိုက်ခိုက်ကြ' လို့ ကျယ်လောင်စွာ အမိန့်ပေးလိုက်တယ်။
နတ်တွေအားလုံး တပြိုင်နက်ထဲသူတို့ပြေးသွားတယ်ထင်တဲ့ဘက်ကို သွေးရုးသွေးတမ်းပြေးလိုက်လာခဲ့ကြတယ်။
ဒီအချိန်မှာ ယဲ့ယွီနဲ့ ကျူချင်တို့ဟာ မိုင်ပေါင်း ထောင်ချီဝေးတဲ့ နတ်တောင်တစ်ခုကို ရောက်ရှိနေခဲ့ပြီးသား။
သူတို့ ဘာလို့ ဒီနေရာကို ရုတ်တရက် ပေါ်လာရလဲဆိုတာကို သူတို့က အရမ်းရှုပ်ထွေးနေခဲ့တယ်။
ဒါပေမယ့် အဲဒီနောက် သူတို့ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို မြင်ခဲ့တယ်။
ဒါက ကျိလင်ချင်းပဲ။
ဟွန်း၊ ကံကောင်းတာက နောက်ဆုံးမှာတော့ ငါ လိုက်မီခဲ့တယ်။
ကျိလင်ချင်းက သူ့ရဲ့ ထုံနေတဲ့လက်တွေကို လှုပ်လိုက်တယ်။
တကယ်တော့ သူက ကောင်းကင်ဘုံမှာ ခရီးသွားတုန်းက နတ်ဘုရင်မင်းကြီး အသတ်ခံရတဲ့သတင်းကိုလည်း ကြားခဲ့တယ်။
ပြီးတော့ ဒီလိုလုပ်တဲ့လူက ကျူချင် ဖြစ်သင့်တယ်လို့ သူ ၈၀% သေချာခဲ့တယ်။
အခု ကောင်းကင်ဘုံမှာ ကျူချင်ဟာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ကောလာဟလတစ်ခု ရှိနေတယ်။
နတ်များစွာက သူရဲ့ အရိပ်အယောင်ကို ရှာဖွေနေကြပြီး သူကို သတ်ပြီး မဟာမြေရိုင်း သွေးနွယ်ကို သူတို့ကိုယ်တိုင် ယူဖို့ ပြင်ဆင်နေကြတယ်။
ယဲ့ယွီနဲ့ ကျူချင်တို့ဟာ နတ်စုံတွဲတွေပဲ။ ဒီလိုအခြေအနေမျိုးမှာ လက်ပိုက်ကြည့်နေဖို့ လုံးဝ မဖြစ်နိုင်ဘူး။
သူတို့ အတူတူ ရှိနေနိုင်တယ်။
ကျိလင်ချင်းက ယဲ့ယွီရဲ့ ဘေးကင်းရေးကို စိတ်ပူတာကြောင့် သူက သူတို့ရဲ့ အရိပ်အယောင်ကို နေရာတိုင်းမှာ ရှာဖွေခဲ့တယ်။
သူ ထန်းတိနန်းဆောင် ကို လာစစ်ဆေးတဲ့အခါ။
ယဲ့ယွီနဲ့ ကျူချင်တို့ ရာနဲ့ချီတဲ့ နတ်တွေ ဝိုင်းရံထားတာကို တွေ့ခဲ့တယ်။
ကျိလင်ချင်း ချက်ချင်း လှုပ်ရှားကာသူ့မိတ်ဆွေကိုကယ်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
အရင်ဆုံး အဖြူရောင်မြူခိုးကို အသုံးပြုပြီး လူတိုင်းရဲ့ အမြင်အာရုံကို ပိတ်ဆို့လိုက်တယ်။
ပြီးတော့ သူက တယ်လီပို့အစီရင်ရတနာပုံစံကို အသုံးပြုပြီး ယဲ့ယွီနဲ့ ကျူချင်တို့ကို ဒီကို ရွှေ့ပြောင်းလိုက်တယ်။
ဟွန်း၊ ပြောရရင် တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်။
ရာနဲ့ချီတဲ့ နတ်တွေကြားထဲက လူတွေကို ကယ်တာ။
တကယ်ကို အေးမြတယ်။
အာ၊ ဒါပေမယ့် ဘာလို့ ငါ ယဲ့ယွီနဲ့ ကျူချင်တို့ရဲ့ မျက်နှာအမူအရာတွေမှာ ကျေးဇူးတင်မှု မတွေ့ရတာလဲ။
ဒါက အရမ်းရှုပ်ထွေးတယ်။
ဒါကြောင့် ကျိလင်ချင်းက စမ်းသပ်တဲ့လေသံနဲ့ 'မင်းတို့ ဘာဖြစ်နေတာလဲ' လို့ မေးလိုက်တယ်။
ယဲ့ယွီက အပြုံးအတုတစ်ခုကို ပြုံးလိုက်တယ်။
ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါ ငါ့ကို မကယ်ပါနဲ့။
ကျူချင်လည်း အနည်းငယ် ခေါင်းညိတ်လိုက်တယ်။
ကျိလင်ချင်းက စေတနာကောင်းတယ်ဆိုတာကို ငြင်းလို့မရပေမယ့်။
ဒါပေမယ့် ရာနဲ့ချီတဲ့ နတ်တွေရဲ့သွေးကလည်း အရမ်းရှားပါးတယ်။
ပြီးတော့ သူတို့ထဲက ၅ ယောက်က နတ်တွေ၊ နတ်ဘုရင်မင်းကြီးတွေတောင် ဖြစ်တယ်။
ဒီအရာအားလုံးကို မဟာမြေရိုင်း သွေးနွယ်ကို အစာကျွေးခဲ့ရင် ဒါကလည်း ကြီးမားတဲ့ ပမာဏတစ်ခု ဖြစ်လိမ့်မယ်။
ဒါပေမယ့် ကျိလင်ချင်းက သူတို့ ဘာတွေးနေလဲဆိုတာကို ဘယ်လို နားလည်နိုင်မှာလဲ။
ပတ်ပတ်လည်ကို ကြည့်ပြီး သူက စိုးရိမ်တကြီး 'ဘာပဲဖြစ်ဖြစ်၊ ငါတို့ ဒီမှာ အကြာကြီး နေလို့မရဘူး၊ အရင်သွားကြစို့' လို့ ပြောလိုက်တယ်။
မဟုတ်ရင် သူတို့ လိုက်မီဖို့ လွယ်ကူလိမ့်မယ်။
ဒါက မကောင်းဘူး။
ယဲ့ယွီက သူ့ရဲ့ခေါင်းကို အနည်းငယ် မြှောက်လိုက်ပြီး တစ်ခုခုကို စဉ်းစားနေသလိုပဲ။
သူက တိုးတိုးလေး 'ငါတို့ ကို ဟိုကောင်တွေ လိုက်မှီလာပြီပဲ' လို့ ပြောလိုက်တယ်။
ဒီလိုမြင်တော့ ကျိလင်ချင်းကလည်း ကောင်းကင်ကို ကြည့်လိုက်တယ်။
နတ်နှစ်ပါးက သူတို့ကို ထွက်ပြေးလို့မရအောင် ပိတ်ဆို့ထားတာကို တွေ့ခဲ့တယ်။
ပြီးတော့ သူ့ရဲ့လက်ထဲက ဆက်သွယ်ရေး အချက်ပြ ကျောက်စိမ်းဆွဲပြားကို ချေမှုန်းပြီး တခြားအဖော်တွေကို ခေါ်လိုက်တယ်။
မကြာခင်မှာပဲ အဝေးက ရာနဲ့ချီတဲ့ အလင်းစီးကြောင်းတွေဟာ အလွန်မြန်တဲ့အရှိန်နဲ့ ဒီကို စုရုံးလာခဲ့တယ်။
ဒါက အသက်ရှူချိန် နှစ်ချက်၊ သုံးချက်ပဲ ယူခဲ့တယ်။
ရာနဲ့ချီတဲ့ နတ်တွေက ယဲ့ယွီနဲ့ ကျူချင်တို့ကို ထပ်ပြီး ဝိုင်းရံခဲ့တယ်။
ပြီးတော့ ခုလေးတင် ဖြစ်ပျက်ခဲ့တဲ့ အူလောင်းအဖြစ်အပျက် ထပ်မဖြစ်အောင် ကာကွယ်ဖို့။
နတ် ၅ ပါးက ပူးပေါင်းပြီး ပုံစံတစ်ခုကို တပ်ဆင်ခဲ့တယ်။
မြေဧရိယာရဲ့ မီတာ ထောင်ချီ ပတ်လည်ကို ခရမ်းရောင်အတားအဆီးနဲ့ လုံးဝ ဖုံးအုပ်ထားခဲ့တယ်။
အတားအဆီးက တာအိုစာသားတွေနဲ့ ဖုံးအုပ်ထားပြီး အလင်းတွေက လျှပ်ပြက်သလို ဖြိူးကခနဲဖျတ်ကနဲ တစ်ခါတလေ လင်းနေခဲ့တယ်။
ဒါက အရမ်းလှတယ်။
ဒါပေမယ့် ကျိလင်ချင်းရဲ့ မျက်လုံးထဲမှာ ဒါက သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နေသလိုပဲ။
ခရမ်းရောင်ကောင်းကင် ထောင်ချောက် နတ်ဘုံအစီရင်ပဲ။
ဒီအတားအဆီးနဲ့ ဖုံးအုပ်ခံရပြီးနောက်။
ဘယ်ရွှေ့ပြောင်းတဲ့ ပုံစံနဲ့ မှော်စာလုံးကမှ အကျိုးသက်ရောက်မှု ရှိတော့မှာ မဟုတ်ဘူး။
အစီရင်ခင်းကျင်းထားသူကို သတ်မှသာ ထွက်သွားနိုင်တယ်။
ကျိလင်ချင်းက တည်ငြိမ်နေခဲ့တယ်။
သူ့ရဲ့ခန္ဓာကိုယ်တစ်လျှောက်လုံးကနေ ရွှေနတ်အဆင့်ရဲ့ နောက်ပိုင်းအဆင့် နတ်စွမ်းအင် လှုပ်ရှားမှုတွေ ထွက်ပေါ်လာခဲ့တယ်။
သူက လေးနက်တဲ့လေသံနဲ့ 'နတ်မိတ်ဆွေ ယဲ့၊ မင်းနဲ့ ငါက ရင်းနှီးတဲ့မိတ်ဆွေတွေပဲ။ မင်းရဲ့လမ်းညွှန်မှုသာ မရှိခဲ့ရင် ငါက အဖြစ်မှန်ကို ရှောင်နေတုန်းပဲ ဖြစ်နိုင်တယ်။'
အခု ငါ့ရဲ့ စိတ်ထဲကနှောင်ဖွဲ့နေတဲ့ကြိုးထုံးကို ဖြေလိုက်နိုင်ပြီ။
ငါ့ရဲ့နယ်ပယ်က တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာနေတယ်။
ငါ အနာဂတ်မှာ နတ်သခင်နဲ့ နတ်ဘုရင်မင်းကြီးကိုတောင် တိုက်ခိုက်နိုင်ဖွယ် ရှိတယ်လို့ ငါ ထင်တယ်။
ဒါက တကယ်ပဲ အလားအလာရှိတဲ့ အနာဂတ်ပဲ။
ဒီအရာတွေအားလုံး မင်းက ငါ့ကို ပေးခဲ့တယ်ဆိုတာကို ငါ သိတယ်။
ဒါဆို ငါ မင်းကို တစ်ခုခု ပြောချင်တယ်။
ငါ့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေအတွက် ငါ သေဖို့ ဆန္ဒရှိတယ်။
ဒီနေ့ မင်းနဲ့ ငါ ပူးပေါင်းပြီး ငါတို့...
ကျိလင်ချင်း စကားမဆုံးခင်မှာ ယဲ့ယွီက သူ့ကို သူ့ရဲ့နောက်ကို ဆွဲလိုက်တယ်။
ဒီစကားတွေက တကယ်ပဲ အရမ်းကို စိတ်ထိမိစေတယ်၊ ပြီးတော့ နက်ရှိုင်းတဲ့ ချစ်ခင်မှုတွေနဲ့ ပြည့်နေတယ်လို့ ပြောနိုင်တယ်။
ဒါပေမယ့် ဒီလောက် အသည်းအသန် မဖြစ်ပါနဲ့။
ဒါက မလိုအပ်ဘူး။ ဒီလူတွေကို ကိုင်တွယ်ဖို့ အဲဒီစကားကို ပြောဖို့ မလိုအပ်ဘူး။
ယဲ့ယွီက ဒီစကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
ကျိလင်ချင်းရဲ့မျက်နှာက အလွန်ထူးဆန်းသွားခဲ့တယ်။
အစ်ကို၊ ဒီလူတွေကလား။
သူတို့က ရာနဲ့ချီတဲ့ နတ်တွေ၊ ပြီးတော့ နတ်ဘုရင် ၅ ပါးပါ ပါဝင်တယ်။
ကျူချင်တစ်ယောက်တည်းက သေချာပေါက် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။
ဒါ့အပြင် သူက ဒဏ်ရာရထားတာ မဟုတ်ဘူးလား။
ငါတို့နှစ်ယောက်တည်းနဲ့ ဘယ်လို ကိုင်တွယ်နိုင်မှာလဲ။
ကျိလင်ချင်းရဲ့ နှလုံးသားထဲမှာ သံသယတွေ အများကြီး ရှိနေခဲ့တယ်။
ဒါပေမယ့် ယဲ့ယွီက နတ်ဘုရင်မင်းကြီးအဆင့်ရဲ့ အလယ်ပိုင်းကျင့်ကြံမှုကို ထုတ်ဖော်လိုက်တဲ့အခါ။
သူ့ရဲ့မျက်လုံးတွေက ချက်ချင်းဆိုသလို အလွန်ရှင်းလင်းသွားခဲ့တယ်။
၄၂၈ ဆက်ရန်