← Chapters

အခန်း (၄၂၈)

Vol. 18 Ch. 428

အခန်း (၄၂၈)

Vol. 18 Ch. 428

ရိုးရိုးသားသားပြောရရင် ကျိလင်ချင်းက သူ့ရဲ့စိတ်ထဲက နှောင်ကြိုးနောင်တတွေပြည့်နေတဲ့အထုံးကို ဖြည်ပြီးနောက်။

အရင်ကျင့်ကြံခဲ့တဲ့ အတွေ့အကြုံတွေ အများကြီး စုဆောင်းမိခဲ့ပြီး နှစ် ၃၀ အတွင်းမှာ နယ်ပယ်နှစ်ခုကို ခုန်တက်နိုင်ခဲ့တယ်။

ဒါကို ကောင်းကင်ဘုံမှာ အံ့ဖွယ်တစ်ခုလို့ ခေါ်နိုင်တယ်။

ကျိလင်ချင်းကိုယ်တိုင်တောင် အနာဂတ်မှာ နတ်ဘုရင်မင်းကြီး ဖြစ်လာဖို့ မခက်ခဲဘူးလို့ ယုံကြည်ခဲ့တယ်။

ဘယ်သူက နယ်ပယ်က ဒုံးပျံလို တက်လာတဲ့အခါ ဂုဏ်မဖော်ချင်မှာလဲ။

ဒါပေမယ့် ကျိလင်ချင်း မမျှော်လင့်ထားတာက သူက သူကိုယ်တိုင် ရူးလောက်အောင်အရမ်းတော်တဲ့သူလို့ ထင်ခဲ့တာပဲ။

မထင်မှတ်ထားဘဲ ယဲ့ယွီက သူ့ထက်တောင် ပိုရူးစရာကောင်းလောက်တဲ့စွမ်းရည်တွေကိုပြသနေတယ်။

ယဲ့ယွီ ထန်းတိနန်းဆောင် ကို ဝင်ခဲ့တုန်းက သူက လျှို့ဝှက်ဆန်းကြယ်တဲ့နတ်အဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိခဲ့တယ်။

ဒါပေမယ့် အခု နှစ် ၃၀ ကြာပြီးနောက် သူ့ကို ထပ်မြင်ရတဲ့အခါ သူက နတ်ဘုရင်မင်းကြီးအဆင့်မှာ ရှိနေခဲ့ပြီ။

ဒါက ဘာလဲ။

ပါရမီရှင်ထိပ်သီးတွေထဲက ပါရမီထိပ်သီးလား။

ဒါက ယဲ့ယွီလည်း အတွေ့အကြုံတွေ အများကြီး စုဆောင်းပြီးမှ အောင်မြင်မှုတစ်ခု ရခဲ့တဲ့ နတ်တစ်ပါး ဖြစ်နိုင်လား။

သူ ဒီလောက်ကြီး အောင်မြင်တိုးတက်လာတယ်ဆိုတာကတော့ အဓိပ္ပာယ်နဲနဲ မရှိဘူးဖြစ်နေတယ်မလား။

နတ်ဘုရင်မင်းကြီးလား။

ဒီလိုနယ်ပယ်တစ်ခုက သာမာန်နတ်တွေစိတ်ကူးယဉ်လို့ရတဲ့ ရိုးရိုးနယ်ပယ် မဟုတ်ဘူး။

ကျိလင်ချင်းက တုန်လှုပ်သွားခဲ့တယ်။

ယဲ့ယွီက ဒါကို သိပ်အာရုံမစိုက်ခဲ့ဘူး။

သူက ပေါ့ပေါ့ပါးပါးနဲ့ သိုလှောင်လက်စွပ်ထဲက နတ်ဓားတစ်စင်းကို ထုတ်လိုက်တယ်။

သူက ဓားကို သူ့ရဲ့လက်ချောင်းတွေနဲ့ ကီးဘုတ်တီးလုံးတီးသလိုမျိုး တတောင်တောင်မြည်အောင် ခတ်လိုက်တယ်။

မူလက အေးစက်တဲ့အလင်းကို ထုတ်လွှတ်ခဲ့တဲ့ နတ်ဓားက ချက်ချင်းဆိုသလို ကွဲထွက်သွားခဲ့တယ်။

ဒါက တောက်ပတဲ့အလင်းအပိုင်းအစတွေ ဖြစ်သွားခဲ့တယ်။

ဓားဖောက်ခွဲ နတ်ဆိုးသတ် နည်းစနစ်။

ချက်ချင်းဆိုသလို ရေတွက်လို့မရနိုင်တဲ့ အလင်းတွေ ရုတ်တရက် လေထဲကို ထိုးတက်သွားပြီး ဧရာမဓားစွမ်းအင်တွေ ဖြစ်သွားခဲ့ပြီး နေရာအနှံ့ကို လွှမ်းခြုံသွားခဲ့တယ်။

မြောက်ဘက်မှာ ရပ်နေတဲ့ နတ် ၂၀ ကျော်လောက် ရှောင်တိမ်းလို့မရဘဲ နေရာမှာပဲ သေဆုံးသွားခဲ့တယ်။

နတ် ၅ ပါးက သူတို့ရဲ့မျက်လုံးတွေကို အနည်းငယ် ကျဉ်းလိုက်တယ်။

နောက်ထပ် နတ်ဘုရားဘုရင်နယ်ပယ်က နတ်တစ်ပါးလား။

ဒါပေမယ့် သူက နတ်တွေအားလုံးကို ဘယ်လိုလုပ် တစ်ယောက်တည်း ခုခံနိုင်မှာလဲ။

ဒါ့အပြင် ခုလေးတင် နတ်နည်းပညာက အစွမ်းထက်ပေမယ့်။

ဒါပေမယ့် သူက သူ့ရဲ့ နတ်ဓားကိုတောင် ချိုးပစ်ခဲ့တယ်။

ဒါက ဒါကို တစ်ကြိမ်ပဲ ထုတ်လွှတ်နိုင်တယ်ဆိုတာကို ဆိုလိုတယ်။

ဒါက တိုက်ပွဲရဲ့ အခြေအနေကို မပြောင်းလဲနိုင်ဘူး။

နတ် ၅ ပါး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကို ပြီးစီးပြီးနောက် သူတို့က ချက်ချင်း ရှေ့ကို တက်ပြီး ယဲ့ယွီကို သတ်ဖို့ ပြင်ဆင်ခဲ့ကြတယ်။

ဒါပေမယ့် သူတို့ ဘယ်တော့မှ မမျှော်လင့်ထားတာက။

ယဲ့ယွီက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး နတ်ဓား ၅ စင်း ထပ်ပေါ်လာပြီး လေထဲမှာ ပျံဝဲနေခဲ့တယ်။

သူက တစ်ခုကို ဆုပ်ကိုင်ပြီး 'တကယ်တော့ မင်းတို့ နားမလည်ကြဘူး' လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

တကယ့် မုဆိုးက ငါတို့ပဲ၊ မင်းတို့ မဟုတ်ဘူး။

ဒီစကားတွေ ပြောပြီးတာနဲ့။

ရေတွက်လို့မရနိုင်တဲ့ တောက်ပတဲ့ဓားစွမ်းအင်တွေ ထပ်ပြီး ပေါက်ကွဲထွက်လာခဲ့တယ်။

ဧရာမဓားစွမ်းအင်က ဒီကျဉ်းမြောင်းတဲ့ အတားအဆီးနေရာထဲမှာ ဓားအရိပ်တစ်ခုလုံးကို ဧရာမပိုက်ကွန်ကြီးပမာဖြန့်ချရာကနေ ရုတ်တရက် လှပလွန်းတဲ့ ဓားအရိပ်များစွာဖွဲ့စည်းကာ ခုတ်ချလိုက်တယ်။

"အား.....အမလေး"

များပြားလှတဲ့နတ်ဘုရားတွေ ပြေးတာရျှောင်တာ ကာကွယ်တာတွေဘာပဲလုပ်ပါစေ အချည်းနှိးပဲ။

မူလက သူတို့က ယဲ့ယွီနဲ့ ကျူချင်တို့ ပုန်းအောင်းစရာနေရာ မရှိအောင် ဒီလို သေးငယ်တဲ့အတားအဆီးကို တမင်တကာ တပ်ဆင်ခဲ့ပြီး သတ်ဖြတ်တာကို လွယ်ကူစေခဲ့တယ်။

ဒါပေမယ့် အခုတော့ အတားအဆီးက သူတို့ရဲ့ ကန့်သတ်ချက် ဖြစ်လာခဲ့လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။

သူတို့ကို ထွက်ပြေးစရာနေရာ မရှိအောင် ထားခဲ့တယ်။

နတ်တွေအားလုံးက နောက်တစ်ကြိမ် ဓားစွမ်းအင်ကို ဘယ်လို ရှောင်တိမ်းရမယ်ဆိုတာကို တွေးနေတုန်းမှာ။

နွယ်ပင်တွေ တစ်ခုပြီးတစ်ခု လေချွန်သံတရွှီရွီနဲ့ ထွက်ပေါ်လာပြီး နတ်ဒါဇင်နဲ့ချီတဲ့ နှလုံးသားတွေကို တိတိကျကျ ထိုးဖောက်သွားခဲ့တယ်။

သူတို့ထဲမှာ ဆစ်တူလို့ခေါ်တဲ့ ခုနကစွာကျယ်ကျယ်လုပ်နေတဲ့ နတ်တစ်ပါးလဲ ပါဝင်တယ်။

သူတို့ မဟာမြေရိုင်း သွေးနွယ်နဲ့ ထိုးဖောက်ခံရပြီးနောက်။

လူတစ်ကိုယ်လုံး လုံးဝ ချည်နှောင်ခံရသလိုဖြစ်ပြီး နတ်စွမ်းအင်တစ်ခုမှ မလှုပ်ရှားနိုင်တော့ဘူး။

သူတို့က သူတို့ရဲ့ခန္ဓာကိုယ်ထဲက နတ်သွေးတွေ အလွန်မြန်တဲ့အရှိန်နဲ့ စုပ်ယူခံရကာစီးဆင်းနေတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့တယ်။

အသက်ရှူချိန် နှစ်ချက်အတွင်းမှာ နတ်ဒါဇင်နဲ့ချီပြီး အားလုံး ကျဆုံးခဲ့ကြတယ်။

ဒီအချိန်မှာ ကျန်နေတဲ့ နတ်တွေက တကယ် နားလည်သွားခဲ့ကြတယ်။

ယဲ့ယွီက နောက်နေတာ မဟုတ်ဘူး၊ သူတို့က တကယ့် မုဆိုးတွေပဲ။

ကျန်နေတဲ့ နတ်တွေက ခရမ်းရောင်ကောင်းကင်ရဲ့ ထောင်ချောက်ကျနေတဲ့အစီရင်ကို ဖြေဖို့ ကြိုးစားတဲ့အခါ ဒါက အရမ်းနောက်ကျသွားပြီ။

ခဏအကြာမှာ။

ယဲ့ယွီ၊ ကျူချင်နဲ့ ကျိလင်ချင်းတို့ကလွဲပြီး ဒီမှာ တခြား အသက်ရှင်နေတဲ့ နတ် မရှိတော့ဘူး။

မြေပြင်ပေါ်က နတ်အလောင်းတွေကို ကြည့်ပြီး။

ကျိလင်ချင်းက လုံးဝ ထုံကျသွားခဲ့တယ်။

လူနှစ်ယောက်က လူသုံးရာကို သတ်ခဲ့တယ်၊ အဲဒီအထဲမှာ နတ်ဘုရင်နယ်ပယ်က နတ် ၅ ပါးပါ ပါဝင်တယ်။

ဒီလို တိုက်ခိုက်ရေးစွမ်းရည်က အရမ်း ကြောက်စရာကောင်းတယ်။

ကျိလင်ချင်းက ချီးကျူးဖို့ လုပ်နေတုန်းပဲ။

ဒါပေမယ့် ရုတ်တရက် ယဲ့ယွီက သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဒီက နတ်အလောင်းတွေအားလုံးကို စုဆောင်းလိုက်တာကို တွေ့လိုက်ရတယ်။

ဒါက ကျိလင်ချင်းကို အရမ်းရှုပ်ထွေးစေခဲ့တယ်။

ဒါကြောင့် သူက ယဲ့ယွီ ဘာလို့ ဒီလိုလုပ်ရလဲဆိုတာကို စူးစမ်းစွာ မေးလိုက်တယ်။

ဒီစကားကို ကြားတော့ ယဲ့ယွီက သူ့ရဲ့လှုပ်ရှားမှုက အလောင်းတွေကိုမြင်ပီး စိတ်လှုပ်ရှားနေတာနဲ့ မလိုအပ်ပဲမြန်သွားတယ်ဆိုတာကို သိလိုက်ရတယ်။

ကျိလင်ချင်း ထွက်သွားပြီးမှ ငါက မြင်ကွင်းကို သန့်ရှင်းရေး လုပ်သင့်တယ်။

ဒါပေမယ့် အရာတွေက ဒီအခြေအနေကို ရောက်နေပြီ။

ယဲ့ယွီက ဘာမှ မဖုံးကွယ်တော့ဘူး။

သူက ချက်ချင်း 'သူတို့က အားလုံး လေးစားထိုက်တဲ့ ပြိုင်ဘက်တွေပဲ၊ အနည်းဆုံးတော့ သူတို့က ရဲရင့်စွာတိုက်ခိုက်ခဲ့ကြတဲ့ သူရဲကောင်းတွေဖြစ်တယ်' လို့ ပြောလိုက်တယ်။

ကျိလင်ချင်းရဲ့ပါးစပ်ထောင့်က နှစ်ချက် တွန့်သွားခဲ့တယ်။

မကြောက်မရွံ့တိုက်ခိုက်ကြတယ်ဟုတ်လား?

အစ်ကိုကြီး၊ မင်း နောက်နေတာလား။

ခရမ်းရောင်ကောင်းကင်ရဲ့ ထောင်ချောက်အစီရင် အတားအဆီးသာ မရှိခဲ့ရင် သူတို့က လွန်ခဲ့တဲ့ နှစ်ရှစ်ရာကတည်းက ထွက်ပြေးခဲ့ကြလိမ့်မယ်။

ဒါပေမယ့် ဒါက အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် မင်းက လက်သီးကြီးကြီး ရှိတယ်၊ ပြီးတော့ မင်း ပြောတာက အမှန်တရားပဲ။

အရာအားလုံး ပြီးသွားပြီးနောက်။

ကျိလင်ချင်းက အကြာကြီးဆက်ပီးတော့ အဲ့ဒီမှာ မနေခဲ့ဘူး။

သူက သူဟာ အရမ်းအလိုက်သိတယ့်သူဖြစ်တယ် ၊ ပြီးတော့ ယဲ့ယွီနဲ့ ကျူချင်တို့ရဲ့ နှစ်ယောက်ထချစ်ရည်လူးနေတဲ့ကမ္ဘာကို အနှောင့်အယှက် မပေးဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ဒါပေမယ့် သူက နှစ် ၁၀၀ ကတိကို ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ၊ ပြီးတော့ယဲ့ယွီ အချိန်ရနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။

အတူတူ မူးအောင် သောက်ဖို့ နေရာတစ်ခုကို ရှာကြစို့။

သေချာပါတယ်၊ ယဲ့ယွီက ဒါကို လုံးဝ ငြင်းမှာ မဟုတ်ဘူး။

ဒီတိုက်ပွဲပြီးနောက်။

မဟာမြေရိုင်း သွေးနွယ်က သွေးတွေ အများကြီး စုပ်ယူခဲ့ပြီး အောင်မြင်စွာ ထပ်တိုးတက်ခဲ့တယ်။

ကျူချင်ကလည်း ဒါဆီက အကျိုးကျေးဇူးတွေ ရရှိခဲ့ပြီး နောက်ဆုံးမှာ တစ်လှမ်း ရှေ့တိုးနိုင်ခဲ့တယ်။

နတ်တွေအားလုံး လေးစားရတဲ့ နတ်ဘုရင်မင်းကြီးအဆင့် ဖြစ်လာခဲ့တယ်။

ယဲ့ယွီအတွက်လည်း သူက နတ်ဘုရင်အဆင့်ရဲ့ နောက်ပိုင်းအဆင့်ကို သဘာဝအတိုင်း ဖြတ်ကျော်နိုင်ခဲ့တယ်။

နှစ်ယောက်ရဲ့ အစွမ်းက အများကြီး တိုးတက်လာခဲ့တယ်။

ဒီရန်သူနတ်ဘုရားတွေက စိတ်ထားကောင်းပီး ကြင်နာတယ်လို့ ပြောရမယ်။

မိုင်ပေါင်း ထောင်ချီဝေးတဲ့နေရာကနေ အကျိူးမြတ်တွေကို ပို့ပေးတယ်၊ လက်ဆောင်က ကြီးလေးပြီး ချစ်ခင်မှုက ကြီးလေးတယ်။

နောက်နှစ်နှစ်အတွင်းမှာ။

ယဲ့ယွီနဲ့ ကျူချင်တို့ အဲဒီနှစ်က ကျူမိသားစုကို ဝိုင်းရံခဲ့တဲ့ နတ် ၁၀ ပါးအားလုံးကို သတ်ပစ်ခဲ့တယ်။

အစွမ်းက တစ်ဖန် အနည်းငယ် တိုးတက်လာခဲ့တယ်။

ဒါက ယဲ့ယွီ နတ်ဘုရင်မင်းကြီးအဆင့်ရဲ့ အထွတ်အထိပ်ကို မရောက်ခဲ့တာကပဲ သနားစရာကောင်းတယ်။

ဒါပေမယ့် သူက ကောင်းမွန်တဲ့ နတ်ပညာအချို့ကိုလည်း ရရှိခဲ့တယ်။

ဒါက မဆိုးပါဘူး။

အဲဒီအချိန်ကစပြီး ယဲ့ယွီနဲ့ ကျူချင်တို့ဟာ သူတို့ရဲ့စိတ်တွေကို လုံးဝ အေးချမ်းသွားခဲ့ပြီ။

သူတို့က နတ်ဂိုဏ်း အသစ်တစ်ခုကို တည်ဆောက်ဖို့ ထန်းတိနန်းဆောင် ကို ပြန်သွားဖို့ ပြင်ဆင်နေတုန်းမှာပဲ။

ရုတ်တရက် ကောင်းကင်ဘုံမှာ ကြီးမားတဲ့ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။

ယဲ့ယွီနဲ့ ကျူချင်တို့ တစ်ခုခု မှားနေတာကို သတိထားမိခဲ့တယ်။

ချက်ချင်း သူတို့ရဲ့နောက်ကို ကြည့်လိုက်တယ်။

ကောင်းကင်ဘုံရဲ့အလယ်မှာ ကြီးမားတဲ့ အဖြူရောင်အလင်းတစ်ခု လင်းနေတာကို မြင်လိုက်ရတယ်။

အဲဒီနောက် ဒါက ပိုပြီး တောက်ပလာခဲ့တယ်။

ကြီးမားတဲ့ လေလှိုင်းတစ်ခု တိုက်ခတ်လာခဲ့တယ်။

ပတ်ပတ်လည်က နတ်စွမ်းအင်က အလွန်မြန်တဲ့အရှိန်နဲ့ စုပ်ယူခံခဲ့ရတယ်။

နတ်ဘုရင်မင်းကြီးအဆင့်မှာ ရှိနေတဲ့ ကျူချင်တောင် တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရတယ်။

'ဘာတွေဖြစ်နေတာလဲ' လို့ နီစွေးတဲ့နှုတ်ခမ်းလေးပင်တုန်ရင်နေကာ မေးမိခဲ့တယ်။

ယဲ့ယွီက တည်ငြိမ်နေခဲ့တယ်။

ဒါက ကောင်းကင်ဘုံမှာ ဒဏ္ဍာရီလာ ကပ်ဘေးကြီး ဖြစ်နိုင်တယ်။

နတ်များစွာက ဒါကြောင့် ပျောက်ကွယ်သွားလိမ့်မယ်။

ကျန်နေတဲ့ နတ်တွေက နက်ရှိုင်းတဲ့အိပ်စက်ခြင်းထဲကို ကျရောက်သွားလိမ့်မယ်။

နတ်ဘုရင်မင်းကြီးတင်မက နတ်ဧကရာဇ်တောင် ခုခံလို့မရဘူးလို့ ကောလာဟလ ထွက်ခဲ့တယ်။

ဒီလိုအခြေအနေမှာ ယဲ့ယွီက ကျူချင်ရဲ့လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။

ပြီးတော့ သူက လာမယ့် မိုးသက် လေပြင်းကို ခုခံမဲ့ငှက်ငယ်မောင်နှံလို သူနဲ့ချစ်လင်ဘေးကင်းဖို့အတွက် သူ့ရှေ့မှာ အတားအဆီးအလွှာတွေကို ဆက်တိုက် တပ်ဆင်နေခဲ့တယ်။

၄၂၉ ဆက်ရန်

All Chapters