← Chapters

အခန်း (၄၂၉)

Vol. 18 Ch. 429

အခန်း (၄၂၉)

Vol. 18 Ch. 429

"မကြောက်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ငါ အမြဲတမ်း မင်းနဲ့အတူ ရှိနေမှာပါ။"

ယဲ့ယွီရဲ့ စကားတွေကို ကြားတော့ ကျူချင်က သူ့ရဲ့လက်မောင်းကို တင်းတင်းဆွဲထားလိုက်တယ်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တွယ်တာတပ်မက်စွာ မှီထားကြတယ်။

ဒါပေမယ့် နောက်တစ်ခဏမှာ အဖြူရောင်အလင်းတစ်ခုက သူတို့ရဲ့ပုံရိပ်တွေကို ချက်ချင်းဆိုသလို ငရဲခွေးကြီးကောင်လို မြိုချလိုက်တယ်။

ယဲ့ယွီက သူ့ဆီကို ကြီးမားတဲ့အင်အားတစ်ခု ဒုန်းဆိုင်းကာ ပြေးဝင်လာတာကိုပဲ ခံစားလိုက်ရတယ်။

အဲဒီနောက် ပတ်ပတ်လည်က ချက်ချင်းဆိုသလို ကွဲကြေသွားခဲ့တယ်။

ကောင်းကင်ဘုံနယ်မြေရဲ့ ဝုဝေမျှော်စင်ဂိုဏ်း အတွင်းမှာ။

ယဲ့ယွီက ရုတ်တရက် သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။

သူ့ရဲ့အသက်ရှူသံက နည်းနည်း မြန်လာခဲ့တယ်။

ဒါဆို ဒါက ကောင်းကင်ဘုံနယ်မြေရဲ့ ကြီးမားတဲ့ကပ်ဘေးလား။

နတ်ဘုရင်အဆင့်ရဲ့ အထွတ်အထိပ်မှာတောင် ဒါကို တားဆီးကာကွယ်ဖို့ မတတ်နိုင်ဘူး။

ယဲ့ယွီက အိပ်မက်ထဲမှာ သူ ဘယ်လို သေခဲ့လဲဆိုတာကိုတောင် မသိခဲ့ဘူး။

ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။

ဒါပေမယ့် ဒါက သူ့ရဲ့နှလုံးသားထဲမှာ ရှုပ်ထွေးမှုကို ပိုနက်ရှိုင်းစေခဲ့တယ်။

ဘာလို့လဲ၊ ကောင်းကင်ဘုံနယ်မြေရဲ့ ကြီးမားတဲ့ကပ်ဘေးအတွင်းမှာ နတ်အချို့က နက်ရှိုင်းတဲ့အိပ်စက်ခြင်းထဲကို ကျရောက်သွားပြီး တချို့က သေကြတာလဲ။

ဒီမှာ ပုံသေနည်းတစ်ခု ရှိသလား။

ဒါမှမဟုတ် ကောင်းကင်ဘုံနယ်မြေရဲ့ အပြင်ဘက်က အင်အားကြီးတဲ့လူတစ်ယောက်ရဲ့ ထူးဆန်းတဲ့လုပ်ရပ် ဖြစ်နိုင်လား။ သူက လက်ခုပ်တီးလိုက်တာနဲ့ နတ်တွေရဲ့ တစ်ဝက်က သေသွားပြီး ကျန်တဲ့သူတွေက အိပ်စက်သွားတာလား။

ယဲ့ယွီက အဖြေကို မသိနိုင်ဘူး။

ဒါပေမယ့် ဖြစ်နိုင်တာက နောက်ဆက်တွဲ အိပ်မက်တွေကနေတဆင့် ယဲ့ယွီက သဲလွန်စအသစ်တွေ ရှာတွေ့လိမ့်မယ်။

ဘာလို့လဲဆိုတော့ အိပ်မက်ထဲကို ဝင်ရောက်တဲ့အချိန်က ဘယ်တော့မှ ပုံသေမဖြစ်ခဲ့ဘူး။

နောက်တစ်ကြိမ် သူ အိပ်မက်ထဲကို ဝင်တဲ့အချိန်အထိ အသက်ရှင်နိုင်ခြင်းအားဖြင့် သူက ကောင်းကင်ဘုံနယ်မြေရဲ့ ကြီးမားတဲ့ကပ်ဘေးကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့တယ်။

ဒါအတွက် ပေးဆပ်ရတဲ့တန်ဖိုးက အိပ်စက်ခြင်းပဲ ဖြစ်လိမ့်မယ်။

နောက်တစ်ခဏမှာ စနစ်ရဲ့အသံက ရုတ်တရက် ပဲ့တင်ထပ်လာခဲ့တယ်။

"ဒီအိပ်မက်အပိုင်း ပြီးဆုံးပါပြီ။"

"သေဆုံးချိန်မှာ အသက်- ၁၈၁ နှစ်။"

"အိပ်မက်အဆင့်- ပြီးပြည့်စုံ-။"

"ကျပန်း အိပ်မက်ဆုလာဘ်နှစ်ခုကို ရရှိခဲ့ပါတယ်။"

"၁။ အသက် ၁၈ နှစ်မှာ ကျင့်ကြံမှု- လျှို့ဝှက်ဆန်းကြယ်တဲ့နတ်အဆင့်ရဲ့ အလယ်ပိုင်း။"

"၂။ ဓားဖောက်ခွဲ နတ်ဆိုးသတ် နည်းစနစ်ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်း။ (ဒီနတ်နည်းပညာကို အသုံးပြုတဲ့အခါ မင်းက ဖျက်ဆီးခံရမယ့် ဓားတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဓားရဲ့အဆင့် ပိုမြင့်လေ၊ အစွမ်းက ပိုပြီး သန်မာလေပါပဲ။ ဒါကို ဂရုတစိုက် နားလည်ထားပါ။)"

"အိပ်မက်အဆင့်က အထူးကောင်းမွန် Excellent+ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့အတွက် ပစ္စည်းနှစ်ခုကို ကျပန်း ရရှိခဲ့ပါတယ်။"

"၁။ ယဲ့ယွီကိုယ်တိုင် ရေးခဲ့တဲ့ ချစ်ခြင်းမေတ္တာစာတစ်စောင်။"

"၂။ မဟာမြေရိုင်း သွေးနွယ်။"

"အိပ်မက်အဆင့်- ၁၈၁ နှစ်ကျော်မှာ နတ်အလောင်းပေါင်း ၅၇၆၁ ခုကို မြှုပ်နှံခဲ့ပါတယ်။ စွမ်းဆောင်ရည် မြင့်မားပါတယ်။"

"ဒီလို မြှုပ်နှံမှုအရေအတွက်ကြောင့် ဒီစနစ်က မင်းကို အသိအမှတ်ပြုပါတယ်။"

"ဒီ မြှုပ်နှံမှုအတွက် ငါက မင်းကို မြှုပ်နှံခြင်းဘုရင်လို့ ခေါ်ပါ့မယ်။"

"တစ်ချိန်တည်းမှာ မင်းက စာရွက်တစ်ရွက်၊ မင်တံတစ်ချောင်းနဲ့ မင်းရဲ့အချိန် ၂ မိနစ်လောက်နဲ့ ချစ်ခြင်းမေတ္တာစာတစ်စောင်ကို ရေးခဲ့တယ်။"

"ပစ္စည်းတွေက ရိုးရိုးသာမန်ဖြစ်ပေမယ့် ရေးသားမှုကတော့ ထူးချွန်တယ်။"

"ဒါပေမယ့် ဒီပါးလွှာတဲ့ စာရွက်လေးတစ်ခုတည်းနဲ့ မင်းက နတ်ဘုရင်မင်းကြီးတစ်ပါးအဆင့်ရှိတဲ့ မိဖုရားတစ်ပါးကို ရရှိခဲ့တယ်။"

"အသေးဆုံးကုန်ကျစရိတ်နဲ့ အသန်မာဆုံးကို ရယူခဲ့တယ်။"

"တကယ်တော့ ဒါက နားမလည်နိုင်စရာပဲ။"

"ဘွဲ့ခေါင်းစဉ်အသစ်- ထိပ်တန်း ဆော်ကြည်ဘုရင်။"

စနစ်ရဲ့အသံကို ကြားပြီးနောက် ယဲ့ယွီက နည်းနည်း မူးဝေနေခဲ့တယ်။

နောက်ဆုံး ခေါင်းစဉ်နှစ်ခုက စနစ်က အတည်ကြီးပေးတဲ့ ခေါင်းစဉ်ဘွဲ့တွေရောဟုတ်ရဲ့လား။

မြှုပ်နှံခြင်းဘုရင်လား။

ဒါက ဘာလဲ။

ဒါက သူ့ကို နာရေးလုပ်ငန်းမှာ နာမည်ရအောင် ကူညီပေးမယ်လို့ ယူဆထားတာလား။

ပြီးတော့ ဒုတိယတစ်ခုက ပိုပြီးတောင် ဟာသ ဖြစ်နေတယ်။

"အသေးဆုံးကုန်ကျစရိတ်" ဆိုတာ ဘာကို ဆိုလိုတာလဲ။

ဒါက စာရေးစွမ်းရည်ရဲ့ စုဆောင်းမှုပဲ၊ ငါ့ရဲ့ ရည်းစားစာရေးတဲ့ ဉာဏ်ပညာက တန်ဖိုးဖြတ်မရဘူး၊ ဟုတ်ပြီလား။

စနစ်က ဒီလောက် မသိနားမလည်တာပဲ။

ဒါပေမယ့် ဂရုတစိုက် စဉ်းစားကြည့်တော့ ဒါက နည်းနည်း မယုံနိုင်စရာပဲ။

အသက် ၁၈ နှစ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့နတ်အဆင့်ရဲ့ အလယ်ပိုင်းကို ရောက်နေပြီ။

အမြန်နှုန်းက တကယ်ကို ကြောက်စရာကောင်းတယ်။

ဒါပေမယ့် ဒါကလည်း အဓိပ္ပာယ်ရှိတယ်။

ဘာပဲဖြစ်ဖြစ် ဒီအိပ်မက်ရဲ့ ပေးတဲ့ဆုလာဘ်တွေက အလွန်မြင့်မားတယ်၊ သူက တိုက်ရိုက် ဒုတိယမျိုးဆက် နတ်တစ်ပါး ဖြစ်ပြီး စစ်မှန်တဲ့နတ်ဘုရားအဆင့်က စခဲ့တယ်။

တကယ်ပဲ ဒါက တခြားသူတွေအားလုံးထက် သူ့ကို ကြီးမားတဲ့ဦးဆောင်မှုတစ်ခု ပေးခဲ့တယ်။

ပြီးတော့ အဆင့်မြှင့်ထားတဲ့ ဓားဖောက်ခွဲ နတ်ဆိုးသတ် နည်းစနစ်ကလည်း ပျော်ရွှင်စရာ ကောင်းတဲ့ အံ့အားသင့်စရာတစ်ခုပဲ။

ဓားတစ်ချောင်းကို ဖျက်ဆီးပစ်ဖို့ သတ်မှတ်နိုင်တဲ့ စွမ်းရည်။

ဒါက သူ့ရဲ့နတ်ဓားလား ဒါမှမဟုတ် တခြားတစ်ယောက်ရဲ့ ဓားလားဆိုတာ မဖော်ပြထားဘူး။

စိတ်ကူးကြည့်လိုက်။ ဓားနတ်ဘုရားတစ်ပါးကို တိုက်ခိုက်ဖို့ကြုံလာတဲ့အခါမျိုးဆိုရင်။

သူက သူ့ရဲ့နတ်ဓားကို ဆင့်ခေါ်လိုက်တာနဲ့ မင်းက လက်ညှိုးကို တစ်ချက်ခတ်လိုက်တာနဲ့ သူ့ရဲ့ အရမ်းအားကိုးရတဲ့ဓားက ရုတ်တရက်သူ့ကိုထိခိုက်စေမဲ့ ဖောက်ခွဲမှုကြီးတရပ်နဲ့ ပျောက်ကွယ်သွားလိမ့်မယ်။

သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ပြင်းထန်စွာ အားနည်းသွားလိမ့်မယ်။

ပြီးတော့ ဓားဖောက်ခွဲ နတ်ဆိုးသတ် နည်းစနစ်နဲ့ တင် အသတ်ခံရလိမ့်မယ်။

ဒီလိုကို့လက်နက်နဲ့ကိုယ်ပြန်အသတ်ခံရတာက မယုံနိုင်လောက်အောင် နာကျင်စရာကောင်းလိမ့်မယ်။

ဒါတင်မကသေးဘူး၊ စနစ်ရဲ့ထုတ်ကုန်တွေက အမြဲတမ်း အရည်အသွေးမြင့်တယ်။

ဒါက တကယ်ပဲ အနုပညာလက်ရာမြောက်တယ်။

ဒါပေမယ့် ယဲ့ယွီကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့တာကတော့ မဟာမြေရိုင်း သွေးနွယ်ပဲ။

သူက ဒီပစ္စည်းရဲ့ မှော်ပညာနဲ့ အရမ်းရင်းနှီးတယ်။

ဒါမရှိရင် ကျူချင်က နတ်ဘုရင်မင်းကြီးအဆင့်ကို ဒီလောက်မြန်မြန် တက်နိုင်မှာ မဟုတ်ဘူး။

ယဲ့ယွီ ခဏစဉ်းစားလိုက်တယ်။

အစိမ်းရောင်နွယ်ပင်တစ်ခုက လေထဲကနေ ပေါ်လာခဲ့တယ်။

ဒါက သူ့ကိုယ်သူ ပတ်ထားလိုက်တယ်။

ယဲ့ယွီကနွယ်ပင်ရဲ့ရွေ့လျားမှုတွေကို ဗွီနွန်ရဲ့လက်တံတွေလိုမျိုး လွတ်လပ်စွာ ထိန်းချုပ်နိုင်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ဒါက ယဲ့ယွီဆီကို ဆာလောင်မှုတစ်ခုကို ပို့လွှတ်ခဲ့တယ်။

သွေးစွမ်းအင်- ဒါက တိုးတက်ဖို့အတွက် သွေးစွမ်းအင် အများကြီး လိုအပ်တယ်။

လက်ရှိမှာ မဟာမြေရိုင်း သွေးနွယ်က သေးငယ်တဲ့ အညွန့်လေးတစ်ခုပဲ ရှိသေးတယ်။

နတ်ဘုရားတွေရဲ့ စစ်မှန်တဲ့နတ်ဘုရားအဆင့်နဲ့ ညီမျှတယ်။

ဒါက နတ်အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့အတွက် အသက်ရှိတယ် ၊ သက်ရှိကောင်လေးတကောင်ဖြစ်တယ်။

ဒါပေမယ့် ယဲ့ယွီက ကျူချင် ပြောတာကို အရင်က ကြားခဲ့တယ်။

မဟာမြေရိုင်း သွေးနွယ်မှာ အလွန်ခိုင်မာတဲ့ အသက်စွမ်းအင်ရှိတယ်။

အဆက်မပြတ် ဆင့်ကဲပြောင်းလဲခြင်းအားဖြင့် ဒါက နွယ်ပင်တွေ ပိုထွက်လာလိမ့်မယ်။ တစ်ခုချင်းစီက အသက်တစ်ချောင်းကို ကိုယ်စားပြုတယ်။

နွယ်ပင်တစ်ပင် အသက်ရှင်နေသရွေ့ ဒါက သူ့ရဲ့အထွတ်အထိပ်အခြေအနေကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး နွယ်ပင်တွေ ပိုထွက်လာလိမ့်မယ်။

ဒါပေမယ့် ပထမဆုံးအနေနဲ့ကတော့ သွေးစွမ်းအင်က လုံလောက်ရမယ်။

ယဲ့ယွီက သူ့ရှေ့က မဟာမြေရိုင်း သွေးနွယ်ကို ကြည့်လိုက်ပြီး တစ်နေ့ကျရင် ဒါက ကျူချင်ရဲ့ မဟာမြေရိုင်း သွေးနွယ်ကို ကျော်လွန်သွားလိမ့်မယ်လို့ သူ့ရဲ့နှလုံးသားက ယုံကြည်နေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ။

တခြားတစ်ဖက်မှာတော့ အိပ်မက်က ဆက်ရှိနေခဲ့တယ်။

"နှစ်ပေါင်း ဘယ်လောက်ကြာသွားလဲဆိုတာ မသိဘူး။"

ကျူချင်က သူရဲ့အိပ်စက်ခြင်းကနေ နိုးထလာခဲ့တယ်။

သူဘေးနားက လွတ်နေတဲ့နေရာကို ကြည့်လိုက်တော့။

သူရဲ့နှလုံးသားက စိုးရိမ်ပူပန်လာစတင်ခဲ့တယ်။

သူက ယဲ့ယွီရဲ့နာမည်ကို အနီးအနားမှာ ချက်ချင်း အော်ခေါ်လိုက်ပေမယ့် ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။

ကျူချင်က တစ်ခုခု မှားနေတယ်လို့ ရိပ်မိခဲ့ပြီး ယဲ့ယွီကို ချက်ချင်း ရှာဖွေစတင်ခဲ့တယ်။

ဒါပေမယ့် သူရဲ့ခရီးသွားလာမှုတွေကနေတဆင့် သူ တွေ့ရှိခဲ့တယ်။

ကောင်းကင်ဘုံနယ်မြေက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ။

တစ်ချိန်က ဂုဏ်ရှိခဲ့တဲ့ နတ်ဂိုဏ်းများစွာက အခုတော့ အပျက်အစီးတွေ ဖြစ်သွားခဲ့ပြီ။

ဒါ့အပြင် နတ်အရေအတွက်က သိသိသာသာ လျော့နည်းသွားခဲ့တယ်။

ဒါက ကျူချင်ကို အရမ်းရှုပ်ထွေးစေခဲ့တယ်။

ခြောက်လအကြာမှာ သူက ကျိလင်ချင်းနဲ့ တွေ့ဆုံခဲ့တယ်။

နောက်တစ်ယောက်က ကောင်းကင်ဘုံနယ်မြေရဲ့ ကြီးမားတဲ့ကပ်ဘေးအကြောင်းကို သူကို ပြောပြခဲ့ပြီး ကျူချင်ကို အကြောင်းကြားခဲ့တယ်။

ဒီနှစ်တွေ အများကြီးအတွက် သူလည်း ယဲ့ယွီရဲ့ အရိပ်အယောင်ကို ရှာဖွေနေခဲ့တယ်။

ဒီအစ်ကိုက ဘေးကင်းနေသေးလားဆိုတာကို အတည်ပြုချင်ခဲ့တယ်။

ကံမကောင်းစွာနဲ့ပဲ နှစ် ၁၀၀ ကျော်လောက် ရှာဖွေပြီးနောက် ဘာရလဒ်မှ မရှိခဲ့ဘူး။

(ကျိလင်ချင်းက ရွှေနတ်အဆင့်မှာပဲ ရှိတာကြောင့် ကျူချင်ထက် အများကြီး ပိုပြီး စောစော နိုးထခဲ့တယ်။ ဒါကြောင့် သူက ပိုပြီး ရှည်လျားတဲ့ ရှာဖွေမှုကိုလုပ်ဆောင်ဖို့အချိန်ရခဲ့ပေမဲ့မတွေ့ခဲ့ပါဘူး။)

ကျူချင်ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့တယ်။

နှစ် ၁၀၀ ကြာသည်အထိ ယဲ့ယွီကို မတွေ့ရတာက ယဲ့ယွီလည်း ကောင်းကင်ဘုံနယ်မြေရဲ့ ကြီးမားတဲ့ကပ်ဘေးမှာ ပျောက်ကွယ်သွားခဲ့တယ်ဆိုတာကို ဆိုလိုတာ မဟုတ်ဘူးလား။

မဟုတ်ရင် ယဲ့ယွီက သူကို ဘယ်လိုလုပ် စွန့်ခွာသွားမှာလဲ။

ဒီရလဒ်ကို တွေးလိုက်တော့ ကျူချင်ရဲ့ မျက်နှာက အလွန် ကြမ်းတမ်းသွားခဲ့တယ်။

သူရဲ့ မျက်လုံးတွေက အဲဒီနေရာကနေ ထွက်သွားတုန်းက ဟာလာဟင်းလင်း ဖြစ်နေခဲ့တယ်။

ကျိလင်ချင်းလည်း အရမ်း စိတ်ဆင်းရဲနေခဲ့တယ်။ ဘယ်သူှ ယဲ့ယွီရဲ့ နေရာကို သူ့ရဲ့နှလုံးသားထဲမှာ အစားထိုးလို့မရဘူး။

ဒါပေမယ့် အခုတော့ အချို့အချက်အလက်တွေကို လက်ခံရတော့မယ်။

နှစ် ၁၀၀ အကြာမှာ။

ကျူချင်က ကောင်းကင်ဘုံနယ်မြေရဲ့ ထောင့်တိုင်းကို ရှာဖွေခဲ့တယ်။ သူက ယဲ့ယွီကို တကယ်ပဲ မတွေ့နိုင်တဲ့အခါ သူက ယဲ့ယွီ ရေးခဲ့တဲ့ ချစ်ခြင်းမေတ္တာစာကို ကိုင်ဆောင်ပြီး ထန်းတိနတ်ဂိုဏ်း ရဲ့ ကျဆုံးနေတဲ့ ဥယျာဉ်ကို တစ်ယောက်တည်း ပြန်သွားခဲ့တယ်။

သူက သူရဲ့ဘဝကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တယ်။

မြောက်ပိုင်းကောင်းကင်ဘုံနယ်မြေ၊ ကျူမိသားစုရဲ့ ဂိုဏ်းနန်းဆောင် မှာ ကျူချင်က ရုတ်တရက် သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။

သူက ပတ်ပတ်လည်က ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ သူ နောက်ဆုံးမှာ သိလိုက်ရတယ်။

သူက ကျူမိသားစုမှာပဲ ရှိနေတုန်းပဲ။

ဒါဆို ခုလေးတင် ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက အိပ်မက်တစ်ခုပဲ။

ဒါက တကယ်လို့ ခံစားရပေမယ့် ဒါက အိပ်မက်တစ်ခုပဲ ဖြစ်ဖို့ ကံကြမ္မာပါခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ကျူချင်က အခု မြေနတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်။

သူရဲ့ ဒီဘဝမှာ ယဲ့ယွီရဲ့ အရိပ်အယောင်တောင် မရှိခဲ့ဘူး။

ထန်းတိနတ်ဂိုဏ်း နဲ့ စုရှင်းဂိုဏ်း တို့ကြားက တိုက်ပွဲကို လှုံ့ဆော်ခဲ့ပြီး ယန်ချန်ဆောင်းကို အောင်မြင်စွာ သတ်ပစ်ပြီးနောက် ကျူချင်က ဆယ်စုနှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး သူရဲ့ အထွတ်အထိပ် နတ်သခင် ကျင့်ကြံမှုနဲ့ သူရဲ့ နတ်ဘုရင်မင်းကြီးအဆင့် ရန်သူ ဂွမ်ရွေ့ရှကို သတ်ပစ်ခဲ့တယ်။

သူက ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်။

အိပ်မက်နဲ့ မတူတဲ့ တစ်ခုတည်းသောအရာက။

ဒဏ်ရာရပြီးနောက် ကျူချင်က ယဲ့ယွီကို စောင့်ဖို့ ထန်းတိနတ်ဂိုဏ်း ကို မပြန်ခဲ့ဘူး။

အစားထိုးအနေနဲ့ သူက လျှို့ဝှက်တဲ့ နတ်တောင်တစ်ခုကို ရှာပြီး ဒဏ်ရာတွေကိုကုသခဲ့တယ်။

ကံမကောင်းစွာနဲ့ပဲ နှစ်ရက်အတွင်းမှာ သူကို နတ်တွေက တွေ့ရှိခဲ့တယ်။

သူရဲ့ဒဏ်ရာတွေကနေ ပြန်မကောင်းလာနိုင်တာကြောင့် သူက ရေတွက်လို့မရနိုင်တဲ့ နတ်တွေရဲ့ လိုက်လံလုပ်ကြံမှုကို ခံခဲ့ရတယ်။

ကျူချင်က အရမ်း စိတ်ဓာတ်ကျနေခဲ့တယ်။

သူက နောက်ဆုံးမှာ အဲဒီနတ်တွေကို သတ်နိုင်ခဲ့ပေမယ့် သူလည်း သူရဲ့ကျင့်ကြံမှုကနတ်ဘုရင်နယ်ပယ်ကနေ ကျဆင်းသွားခဲ့တယ်။

ဒါကြောင့် ကျူချင်က ဒီအချိန်မှာ စောစီးစွာပဲ နိုးထလာခဲ့တယ်။

မဟုတ်ရင် သူရဲ့ နတ်ဘုရင်မင်းကြီးအစွမ်းနဲ့ သူက နှစ် ၁၀၀ ကျော်လောက် အိပ်ပျော်နေနိုင်တုန်းပဲ ဖြစ်လိမ့်မယ်။

ကျူချင်က သူရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။

ဖြစ်နိုင်တာက သူရဲ့ဘဝရဲ့ ပထမဘဝတစ်ဝက်က အရမ်း ခက်ခဲကာ စိတ်ပင်ပန်းလွန်း ခဲ့တာကြောင့် သူရဲ့အိပ်မက်ထဲမှာ ဒီလိုမျိုး ယောကျ်ားနတ်တစ်ပါးကို စိတ်ကူးယဉ်ခဲ့တာ။ သူက သူကို နူးညံ့စွာ ဆက်ဆံခဲ့တယ်။

ပြီးတော့ ယဲ့ယွီ၊ သူရဲ့ခင်ပွန်းက တကယ်ပဲ ချောမောတယ်။

ဒီအကြောင်းကို တွေးလိုက်တော့ ကျူချင်က အနည်းငယ် ပြုံးမိခဲ့တယ်။

ဒါပေမယ့် အဲဒီနောက် သူက သူဘေးနားက တွန့်ကြေနေတဲ့ စာရွက်လေးတစ်ခုကို ရုတ်တရက် သတိထားမိခဲ့တယ်။

သူက ဒါကို ကောက်ယူလိုက်ပြီး ကြည့်လိုက်တဲ့အခါ ကျူချင်က တုန်ယင်သွားမိခဲ့တယ်။

ဒါက ယဲ့ယွီ သူအတွက် ရေးခဲ့တဲ့ ချစ်ခြင်းမေတ္တာစာ မဟုတ်ဘူးလား။

ဒါက ဘာလို့ ဒီမှာ ရှိနေတာလဲ။

ဒါက အိပ်မက်လား၊ ဒါက အဖြစ်မှန်လား၊ ဒါမှမဟုတ် အဖြစ်မှန်က အိပ်မက်လား။

ကျူချင်ရဲ့ မျက်လုံးတွေက ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေခဲ့တယ်။

၄၃၀ ဆက်ရန်

All Chapters