အခန်း (၄၃၀)
Vol. 18 Ch. 430
လာမယ့်ရက်အနည်းငယ်အတွက် ယဲ့ယွီက အခန်းထဲမှာပဲ နေပြီး အပြင်မထွက်ခဲ့ဘူး။
ကောင်းကင်ဘုံနယ်မြေကို တက်ပြီးနောက် သူက သူ့ရဲ့ကျင့်ကြံမှုကို အမြန်ဆုံး တိုးတက်ချင်တာကြောင့် အိပ်မက်ကို အကြိမ်များစွာ စနစ်အသက်သွင်းတာကိုလုပ်ချင်ခဲ့တယ်။
မဟုတ်ရင် သူ့ရဲ့ လက်ရှိ လျှို့ဝှက်ဆန်းကြယ်တဲ့နတ်အဆင့်ရဲ့ အလယ်ပိုင်း ကျင့်ကြံမှုနဲ့ သူက လုံးဝ လုံခြုံမှု မရှိခဲ့ဘူး။
အထူးသဖြင့် နတ်သခင်တွေနဲ့ နတ်ဘုရင်မင်းကြီး နှစ်မျိုးစလုံးကို အိပ်မက်ထဲမှာ မြင်ဖူးပြီးနောက်
ယဲ့ယွီက အင်အား ပိုလိုအပ်ခဲ့တယ်။
ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေပဲ ဖြစ်ဖြစ်၊ လူ့ပြည်ပဲ ဖြစ်ဖြစ်၊ ဆက်တိုက် အိပ်မက်စနစ်ထဲဝင်တာကို လုပ်ပြီးနောက် သူ့ရဲ့ကံက ဆိုးသွားတတ်ခဲ့တယ်။
နှစ်ကြိမ်တိုင်တိုင် သူက အပြာရောင် အရည်အချင်းကို ရရှိခဲ့တယ်။ ဒါက ကြက်သားနံရိုးလို အသုံးမဝင်ရုံသာမက ဖယောင်းကို ဝါးသလို အရသာမရှိခဲ့ဘူး။
ဒါ့အပြင် အိပ်မက်ထဲမှာ သူက မမျှော်လင့်ဘဲ ရန်သူတွေရဲ့သတ်ဖြတ်မှုကိုခံရကာ ပျက်စီးမသွားခင် အကြာကြီး အသက်မရှင်ခဲ့ဘူး။
အဆုံးသတ်ပြီးနောက် သူ့ရဲ့နယ်ပယ်ကတောင် တိုးတက်မလာခဲ့ဘူး။
ယဲ့ယွီက ဆက်တိုက် အိပ်မက်သခင်စနစ်ကို လုပ်နေဖို့ စိတ်ကူးကို စွန့်လွှတ်ရတော့တယ်။
ဒါပေမယ့် ဒါက လုံးဝ အကျိုးမဲ့တာတော့ မဟုတ်ခဲ့ဘူး။
အနည်းဆုံးတော့ ဒီတုပမှုတွေကနေတဆင့် ယဲ့ယွီက တစ်ခုခုကို သင်ယူခဲ့တယ်။
ကောင်းကင်ဘုံနယ်မြေကို တက်ပြီးနောက် သူရဲ့မွေးဖွားခြင်းက ကောင်းကင်ဘုံနယ်မြေမှာ ဖြစ်နိုင်တယ်။
လူ့ပြည်မှာ မဟုတ်တော့ဘူး။
ဒါက အချိန်အများကြီး သက်သာစေတယ်။
ကောင်းကင်ဘုံနယ်မြေမှာ မွေးဖွားတာက စစ်မှန်တဲ့နတ်အဆင့်မှာ ဒုတိယမျိုးဆက် နတ်တစ်ပါးအဖြစ် စတင်တာကို ဆိုလိုတယ်။
သူသာ လူ့ပြည်မှာဆိုရင် သူက လူသားတစ်ယောက်အဖြစ် စတင်ရမှာ ဖြစ်ပြီး ဒါက အရမ်းနှေးလွန်းတယ်။
ဒါက တက်ရောက်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတစ်ခုအဖြစ် ယူဆနိုင်ပြီး အရာတွေကို ပိုပြီး အဆင်ပြေစေခဲ့တယ်။
ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေမှာ အချိန်အနဲငယ်ကြာပီးနောက် ယဲ့ယွီက နတ်ဆိုးနယ်မြေက ကောင်မလေးတယောက်အကြောင်းကို တွေးမိခဲ့တယ်။
သူက နောက်ပြန်စဉ်းစားပြီး ပိုင်ရှီချူကို လွမ်းနေတယ်ဆိုတာကို သိလိုက်ရတယ်။
နတ်ဆိုးသခင်မကလည်း သူ့ကို မကြာခဏ တွေးနေပုံရတယ်။
ဒါကို သူ့ရင်ဘတ်တက်တူးပုံ ကနေ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။
မကြာသေးမီက ပိုင်ရှီချူရဲ့ မျက်နှာက သူ့ရဲ့နှလုံးသားပေါ်မှာ ပေါ်လာခဲ့ပြီး ပျောက်ကွယ်မသွားခဲ့ဘူး။
ဒါက အရှင်းဆုံး လက္ခဏာပဲ။
ဒါပေမယ့် ယဲ့ယွီက အရမ်းသိချင်ခဲ့တယ်။
တရားဝင် နတ်ဆိုးအရှင်တယောက်ဖြစ်တဲ့ ဘိုင်မီလင်က နတ်ဆိုးမျိုးနွယ်စုက ဖြစ်တယ်။ သူက လူ့ပြည်ကနေ ကောင်းကင်ဘုံနယ်မြေကို တက်နိုင်တယ်လို့ ပြောခဲ့တယ်။
ဒါပေမယ့် ပိုင်ရှီချူက ဘယ်လိုလုပ်ရမှာလဲ။
သူ ဘာလုပ်ရမှာလဲ။
ကောင်းကင်ဘုံနယ်မြေနဲ့ နတ်ဆိုးနယ်မြေက ဆက်သွယ်ထားတာ မဟုတ်ဘူး။
ဒါက သူတို့နှစ်ယောက်ဟာ ခွဲခွာနေရပြီး အိပ်မက်တုပမှုတွေကနေတဆင့်ပဲ တွေ့ဆုံနိုင်မယ်လို့ ဆိုလိုတာလား။ အဲဒီလိုဆိုရင် ဒါက အရမ်းကို အဓိပ္ပာယ်မရှိဘူး။
ယဲ့ယွီ မသိလိုက်တာက နတ်ဆိုးနယ်မြေမှာ ပိုင်ရှီချူက အရှိန်အဟုန်မြှင့်နေခဲ့ပြီ။
ဒုံယောင်ပြည်နယ်၊ နတ်ဆိုးခန်းမ အပြင်ဘက်မှာ။
ပိုင်ရှီချူက နတ်ဆိုးထောင်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ကြီးမားတဲ့ဖွဲ့စည်းပုံကို ကြည့်လိုက်တယ်။ သူရဲ့မျက်လုံးတွေက ထူးဆန်းတဲ့အလင်းရောင်တွေနဲ့ တောက်ပနေခဲ့တယ်။
နတ်ဆိုးမျိုးနွယ်စု လူ့ပြည်ကနေ ဆုတ်ခွာသွားခဲ့တုန်းက သူတို့က ပြည့်စုံတဲ့အစီအစဉ်တစ်ခုကို ချန်ထားခဲ့တယ်။ တရားဝင် နတ်ဆိုးသားတော်က လူ့ပြည်ကို တစ်စုတစ်စည်းတည်း ဖြစ်စေတာနဲ့ နတ်ဆိုးနယ်မြေက နတ်ဆိုးတွေက လောကချိုးဖျက်ကျောက်တုံး ကို အသုံးပြုပြီး လူ့ပြည်ကို ရွှေ့ပြောင်းတဲ့ဖွဲ့စည်းပုံကို ဖွင့်ပေးလိမ့်မယ်။
ဒါက နတ်ဆိုးအများအပြားကို လူ့ပြည်ကို ဝင်ရောက်စေပြီး လျှို့ဝှက်နည်းပညာတွေကနေတဆင့် ကောင်းကင်ဘုံနယ်မြေကို အောင်မြင်စွာ တက်ရောက်နိုင်စေပြီး နတ်ဆိုးမျိုးနွယ်စုအောက်မှာ လောက သုံးခုကို ပေါင်းစည်းတဲ့ ကြီးမားတဲ့အစီအစဉ်ကို ပြီးမြောက်စေလိမ့်မယ်။
ဒါပေမယ့် ဒီအစီအစဉ်မှာ ကန့်သတ်ချက်များစွာ ရှိတယ်။
နတ်ဆိုးနယ်မြေမှာ လောကချိုးဖျက်ကျောက်တုံး တစ်ခုပဲ ရှိတယ်။ ဒါကို တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်။
ဒါ့အပြင် ဒါကို တရားဝင် နတ်ဆိုးသားတော်က လူ့ပြည်ကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီးမှသာ အသက်ဝင်စေနိုင်တယ်။
လူ့ပြည်ဘက်က အနှောင့်အယှက် ရှိခဲ့ရင် ဖွဲ့စည်းပုံကနေတဆင့် ပို့လိုက်တဲ့ နတ်ဆိုးတွေက လောက နှစ်ခုရဲ့ တာအို အင်အားစုတွေရဲ့ အသတ်ခံရလိမ့်မယ်။
ဒါက အန္တရာယ်ရှိတဲ့ ကြိုးပမ်းမှုပဲ။
ကံကောင်းစွာပဲ ပိုင်ရှီချူက အရင်က အိပ်မက်တစ်ခုမှာ ဒုံယောင်ပြည်နယ်ကို တစ်စုတစ်စည်းတည်း ဖြစ်စေခဲ့တယ်။
သဘာဝအတိုင်းပဲ သူက ဒီပြည်နယ်ရဲ့ လောကချိုးဖျက်ကျောက်တုံး ရဲ့ တည်နေရာကို သိခဲ့တယ်။
ဒါကို ရရှိပြီးနောက် သူက ဖွဲ့စည်းပုံကို အသက်ဝင်စေဖို့ မစောင့်နိုင်တော့ဘူး။ လူ့ပြည်ကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေခဲ့တယ်။
သူရဲ့ အောက်က နတ်ဆိုးတွေက သူရဲ့အစီအစဉ်ကို သိလိုက်ရတဲ့အခါ သူတို့အားလုံးက ဒါကို မလုပ်ဖို့ အကြံပေးခဲ့တယ်။
အခုအချိန်က လူ့ပြည်ကို သွားဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူး။
ဒါ့အပြင် နတ်ဆိုးသခင်မတစ်ယောက်တည်း သွားတာက အရမ်း အန္တရာယ်များတယ်။
သူတို့ရဲ့ ကန့်ကွက်မှုတွေရှိနေပေမယ့် ပိုင်ရှီချူက သူတို့ကို လုံးဝ လျစ်လျူရှုခဲ့တယ်။
သူက လူတွေကို နတ်ဆိုးနယ်မြေတစ်ခုလုံးကို ရှာဖွေဖို့ စေလွှတ်ခဲ့ပြီးသား။ ဒါပေမယ့် ယဲ့ယွီရဲ့ အရိပ်အယောင်တောင် မရှိခဲ့ဘူး။
အဲဒီလိုဆိုရင် သူက သူ့ကို ရှာဖွေဖို့ လူ့ပြည်ကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ အဲဒီမှာ မရှိရင် သူက ကောင်းကင်ဘုံနယ်မြေကို ရှာဖွေလိမ့်မယ်။
မသိတဲ့ အန္တရာယ်တွေအတွက်ကတော့။
ပိုင်ရှီချူက လုံးဝ ဂရုမစိုက်ခဲ့ဘူး။
သူက ယဲ့ယွီမပါဘဲ အသက်ရှင်နေဖို့ကို မခံနိုင်ဘူး။
သူက နတ်ဆိုးမျိုးနွယ်စုကို ပေါင်းစည်းတဲ့ သူရဲ့အိပ်မက်ကိုတောင် စွန့်လွှတ်ခဲ့တယ်။
အခု သူ လိုချင်တဲ့တစ်ခုတည်းသောအရာက။
ယဲ့ယွီကို ရှာဖို့ပဲ။
မကြာခင်မှာ ဖွဲ့စည်းပုံက တောက်ပတဲ့အလင်းတွေနဲ့ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ပေါ်ကို ပစ်တက်သွားခဲ့တယ်။
ပိုင်ရှီချူက အပြာရောင်ဆေးပြားတစ်ခုကို မြိုချလိုက်တယ်။
သူရဲ့ကျင့်ကြံမှုက ချက်ချင်းဆိုသလို တက်လှမ်းချြင်းနယ်ပယ် လောက ကို ဖိနှိပ်ခံလိုက်ရတယ်။
သူရဲ့ နတ်ဆိုးအငွေ့အသက်ကလည်း လူ့ပြည်ရဲ့ ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
လောကချိုးဖျက်ကျောက်တုံး ကို လက်ထဲမှာ ကိုင်ထားပြီး သူက ဖွဲ့စည်းပုံထဲကို ဆုံးဖြတ်ချက်ချပြီး ဝင်ရောက်ခဲ့တယ်။
ချက်ချင်းဆိုသလို အလင်းရောင်အပြင်ဘက်မှာ ရေတွက်လို့မရနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးသင်္ကေတတွေ ပေါ်လာခဲ့တယ်။
အလင်းရောင်က အထွတ်အထိပ်ကို ရောက်တဲ့အခါ ဒါက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ ပိုင်ရှီချူနဲ့အတူပဲ။
ဒီလိုမြင်တော့ ရှိနေတဲ့ နတ်ဆိုးတွေက နက်ရှိုင်းတဲ့ဝမ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့တယ်။
နတ်ဆိုးသခင်မ ပျောက်ကွယ်သွားခဲ့ပြီ။
သူတို့ ဘာလုပ်ရမှာလဲ။
မြောက်ပိုင်း ပျက်စီးနေတဲ့ တိုက်ကြီး၊ လူ့ပြည်မှာ။
ပိုင်ရှီချူက သူပတ်ပတ်လည်က မရင်းနှီးတဲ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူရဲ့နှလုံးသားက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။
သူက လူ့ပြည်ကို လမ်းကြောင်းက ဒီလောက်ချောမွေ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။
ဒါပေမယ့် အဝေးက တောင်ပေါမြို့မှာ တည်ငြိမ်နေတဲ့ မြင်ကွင်းကို သူ မြင်တဲ့အခါ ပိုင်ရှီချူက မျက်မှောင်ကြုတ်လိုက်တယ်။
အချိန်ဇယားအရ တရားဝင် နတ်ဆိုးသားတော်က လွန်ခဲ့တဲ့အချိန်ကတည်းက နိုးထခဲ့သင့်ပြီ။
ဘာလို့ သူက ဒီကျယ်ပြန့်တဲ့ လူ့ပြည်ကို တစ်စုတစ်စည်းတည်း မဖြစ်စေသေးတာလဲ။
ဘယ်လောက်တောင် အသုံးမကျတဲ့လူလဲ။
သူက သူ့ကို ဆူပူနေပေမယ့် ပိုင်ရှီချူက သူရဲ့လက်ဖဝါးတွေကို အတူတူ ဖိထားပြီး သူရဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပိတ်လိုက်တယ်။
သူက တရားဝင် နတ်ဆိုးသားတော်ကို ရှာဖွေဖို့ နတ်ဆိုးမျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းပညာကို လုပ်ဆောင်ခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ပိုင်ရှီချူက လူ့ပြည်ကို ခုမှ ရောက်ဖူးတာ။ နေရာတိုင်းက မရင်းနှီးဘူး။
ယဲ့ယွီကို ရှာဖွေစတင်ဖို့ သူက ဒီတရားဝင် နတ်ဆိုးသားတော်တွေရဲ့ အကူအညီကို သေချာပေါက် လိုအပ်တယ်။
တစ်ယောက်၊ နှစ်ယောက်လောက် သေဆုံးခဲ့ရင်တောင် ဒါက အရေးမကြီးဘူးလို့ သူ ယုံကြည်ခဲ့တယ်။
သူတို့ ဒီလောက်ကြာကြာ နိုးထခဲ့ကြပြီး လူ့ပြည်မှာ သူတို့ရဲ့ နယ်မြေတွေကို တည်ထောင်ခဲ့ကြပြီးသား ဖြစ်လိမ့်မယ်။
သူတို့ရဲ့အကူအညီနဲ့ ယဲ့ယွီကို ရှာဖွေတာက မခက်ခဲတော့ဘူး။
ဒါပေမယ့် အကြာကြီးနေမှ ပိုင်ရှီချူရဲ့ မျက်နှာအမူအရာက ကြမ်းတမ်းသွားခဲ့တယ်။
မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။
တရားဝင် နတ်ဆိုးသားတော် ကိုးယောက်ထဲက တစ်ယောက်တည်းပဲ အသက်ရှင်နေတာလား။
သူက တခြားသူတွေရဲ့ တည်ရှိမှုကို မခံစားနိုင်တော့ဘူး။
ဘာတွေဖြစ်နေတာလဲ။
လူ့ပြည်က တကယ်ပဲ ဒီလောက် အန္တရာယ်များတာလား။
ဒီတရားဝင် နတ်ဆိုးသားတော်တွေက သူတို့ရဲ့လက်ထဲမှာ နတ်ဆိုးပစ္စည်းတွေ ရှိနေသေးတယ်။
သာမန် တက်လှမ်းချြင်းနယ်ပယ် လောက ကျင့်ကြံသူတွေက သူတို့ကို ယှဉ်လို့မရဘူး။
သူတို့ အများကြီး ဘယ်လိုလုပ် ကျဆုံးနိုင်တာလဲ။
ပိုင်ရှီချူက ဒါကို အဓိပ္ပာယ်ဖော်လို့ မရဘူး။
ဒါပေမယ့် သူက ဒါကို အရမ်း စဉ်းစားမနေတော့ဘူး။ သူက လူ့ပြည်မှာ ကျန်နေသေးတဲ့ နောက်ဆုံး တရားဝင် နတ်ဆိုးသားတော်ကို ရှာတွေ့သရွေ့ အရာအားလုံးက ရှင်းလင်းသွားနိုင်တယ်။
အဲဒီအချိန်ကျရင် သူက သူ့ကို ယဲ့ယွီကို ရှာဖို့တောင် အကူအညီတောင်းနိုင်တယ်။
ဒီစိတ်ပိုင်းဖြတ်မှုနဲ့ ပိုင်ရှီချူက တောင်ဘက်ကို ပျံသန်းခဲ့တယ်။
သူက ဒီနောက်ဆုံး တရားဝင် နတ်ဆိုးသားတော်က လူ့ပြည်ရဲ့ အလယ်ပိုင်းတိုက်ကြီးမှာ ရှိနေပုံရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့တယ်။
ဒါက အရမ်းမဝေးဘူး။
အလယ်ပိုင်းတိုက်ကြီး၊ ချင်ယွင်ဂိုဏ်းမှာ။
ယဲ့ယွီ တက်သွားကတည်းက ဘိုင်မီလင်က တရားထိုင်နေခဲ့တယ်။
သူက ယဲ့ယွီနဲ့ ပြန်ပေါင်းစည်းဖို့ ကောင်းကင်ဘုံနယ်မြေကို အရမ်း တက်ချင်နေခဲ့တယ်။
ပြီးတော့ သူရဲ့နှလုံးသားပေါ်က ရမက်နတ်ဆိုးအမှတ်သား ရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေချင်ခဲ့တယ်။
နတ်ဆိုးနယ်မြေမှာ ရှိနေခဲ့တဲ့ ပိုင်ရှီချူက သူရဲ့ခင်ပွန်းနဲ့ ဘယ်လိုလုပ် ပတ်သက်မှုရှိနိုင်မှာလဲ။
ဒါက လုံးဝ မယုံနိုင်စရာပဲ။
ဘိုင်မီလင်က အဖြေတစ်ခု လိုအပ်တယ်။
ပြီးတော့ သူက အမြန်လိုအပ်တယ်။
သူက တခြားမိန်းမတွေကို ယဲ့ယွီကို သူတို့ရဲ့ခင်ပွန်းအဖြစ် အသိအမှတ်ပြုတာကို သည်းခံနိုင်တယ်။ ဒါပေမယ့် ပိုင်ရှီချူက သူအပေါ်မှာ အကျောကြီးနဲ့လုပ်လာတာကို လုံးဝ ခွင့်မပြုဘူး။
လုံးဝ မဖြစ်နိုင်ဘူး။
ရုတ်တရက် ဘိုင်မီလင်က အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ပေါ်ကို မြင့်တက်သွားခဲ့တယ်။
သူရဲ့လက်တွေ ပြောင်းလဲသွားတာနဲ့အတူ မိုင်ထောင်ချီအတွင်းက ဝိညာဉ်စွမ်းအင်က သူဆီကို လှိုင်းထလာခဲ့တယ်။
ချင်ယွင်ဂိုဏ်းတစ်ခုလုံးရဲ့ အပေါ်မှာတောင် လေထုရဲ့ ကြီးမားတဲ့ လည်ပတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ဒီထူးခြားတဲ့ ကောင်းကင်ဘုံဖြစ်စဉ်က ချင်ယွင်ဂိုဏ်းက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။
ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်း။
ဒါက ငါးလက်ချောင်း တောင်ထွတ်ကနေ နတ်သစ်တစ်ပါး ပေါ်လာနိုင်တာလား။
၄၃၁ ဆက်ရန်