← Chapters

အပိုင်း ၄၂၁-၄၂၄

Vol. 22 Ch. 421-424

အပိုင်း ၄၂၁-၄၂၄

Vol. 22 Ch. 421-424

အပိုင်း ( ၄၂၁ )

ကုမ္ပဏီနဲ့ယှဉ်ရင် မင်းသိက္ခာက အရေးပါလား

ရူဖိန်းနည်းပညာကုမ္ပဏီက ပျော်ရွှင်နေချိန်တွင် ဝူကျန်းအိမ်ခြံမြေက မားဝူကျန်းကတော့ သူ့ရုံးခန်းထဲမှာ ထိုင်နေသည်။

သူက ရုံးခန်းထဲမှာ ထိုင်နေတာ နေ့တစ်ဝက်ကျိုးနေပြီဖြစ်သည်။

မှုခင်းစုံစမ်းစစ်ဆေးရေးဌာနှင့် စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးမေးမြန်းမှုပြီးတဲ့နောက် ဝူကျန်းအိမ်ခြံမြေနှင့် ဖုလီကော်ပိုရေးရှင်းတို့က မသင့်လျော်တဲ့ပူးပေါင်းမှု မရှိတာကြောင့် ဘေးအန္တရာယ်ကနေ ယာယီလွတ်လာခဲ့သည်။

သို့ပေမဲ့ ခဏတာသာ ရှောင်ပြေးပုန်းလို့ရမှာကို သူကောင်းကောင်းကြီး နားလည်လေသည်။

မှုခင်းစုံစမ်းစစ်ဆေးရေးဌာနှင့် စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာနက သူတို့ကို အလွှတ်ပေးလိုက်လျှင်တောင် ယဲ့ဖန်က သူတို့ကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ပေ။

ထိုအချိန်တွင် ရုံးခန်းတံခါးက ရုတ်တရတ် တွန်းဖွင့်ခံလိုက်ရသည်။

တံခါးက နံရံကို အုန်းခနဲတိုက်မိသွားပြီး ရုံးခန်းကြီးတစ်ခုလုံး တုန်သွားရသည်။

ကုမ္ပဏီတွင် မားဝူကျန်း၏ ဂုဏ်သိက္ခာအရှိန်အဝါနဲ့ ဘယ်သူက ရုံးခန်းထဲကို ဒီလိုဝင်လာရဲမှာလဲ။

သို့သော် အချိန်အခါက စကားပြောလေသည်။

မားဝူကျန်း၏အမှားကြောင့် ယဲ့ဖန်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဝူကျန်းအိမ်ခြံမြေတစ်ခုလုံးကို အကျပ်အတည်းဖြစ်စေခဲ့သည်။

လက်ရှိမှာ မားဝူကျန်းက ကုမ္ပဏီ၏ အပြစ်သားဖြစ်နေပြီဖြစ်သည်။

ဘယ်သူက သူ့ကို လေးစားမှာလဲ။

ထို့နောက် ကုမ္ပဏီ၏ ရှယ်ယာရှင်အချို့က ဒေါသတကြီးနဲ့ ရုံးခန်းထဲသို့ လျှောက်လာသည်ကို သူတွေ့လိုက်ရသည်။

" မားဝူကျန်း၊ ကုမ္ပဏီကို မင်းက ချောက်ထဲဆွဲချတော့မှာလား။ မင်းက ဒီမှာထိုင်ဖို့ မျက်နှာရောရှိသေးရဲ့လား "

" ဟုတ်တယ်၊ ဒီနေ့လယ်ပိုင်းမှာတင် ဝန်ထမ်းတွေရဲ့နုတ်ထွက်စာ ရာနဲ့ချီပြီးတက်လာနေပြီ။ ကုမ္ပဏီက ပြိုကျတော့မှာတောင် မင်းက ဒီမှာ အေးအေးဆေးဆေးထိုင်နေနိုင်သေးတာလား "

" မိတ်ဖက်တွေကလည်း ငါတို့နဲ့ စာချုပ်တွေကို ရပ်ချင်နေကြပြီ။ တချို့ကဆို တရားတောင်စွဲပြီး သူတို့အရှုံးပေါ်တာတွေအတွက် လျော်ကြေးပေးဖို့ တောင်းဆိုနေတယ် "

" မင်း ငါတို့ကို ရှင်းပေးရမယ်။ မဟုတ်ရင် ငါတို့ ဒါကို ခွင့်မပြုဘူး "

" ခင်ဗျားတို့ကို ရှင်းပေးရမှာတဲ့လား ဟက် ....... "

မားဝူကျန်းက ထိုလူတွေကို ကြည့်လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူ အစမှာ နျုံစစ်သွမ်းဘက်ကို ရွေးလိုက်တုန်းက ဒီလူတွေရဲ့ မျက်နှာထားက ဒီလိုအချိုး မဟုတ်ခဲ့ပေ။

အခုအခြေအနေက ပြောင်းပြန်ဖြစ်သွားတာနဲ့ ဒီလူအုပ်စုက သေနတ်ပြောင်းဝကို သူ့ဘက်လှည့်တိုက်တော့သည်။

အရမ်းကို မိုက်တယ်မဟုတ်လား။

" မင်းတို့ပြောတာတွေက မှန်ပေမဲ့ ငါကလည်း ဘာလုပ်နိုင်မှာလဲ "

သူနဲ့ ယဲ့ဖန်ကြားက အင်အားကွာခြားချက်က ကြီးမားလွန်းသည်။

နျုံစစ်သွမ်းတောင်မှ အဲ့ကလေးကို မနိုင်ခဲ့တာ သူဆိုတဲ့ မားဝူကျန်းက ဘာလုပ်နိုင်မှာမလို့တဲ့လဲ။

အဖမ်းခံဖို့ ထိုင်စောင့်နေရုံသာရှိသည်။

" ဟမ်၊ ရွေးစရာမရှိဘူးတဲ့လား။ မင်းနည်းလမ်းကို လုံးဝမစဉ်းစားမိဘူး ဟုတ်တယ်မလား "

" ငါ့မှာအကြံတစ်ခုရှိတယ်။ မင်း ယဲ့ဖန်ရဲ့အိမ်ကိုသွားပြီး အဲ့မှာ ဒူးသွားထောက်။ သူက ငါတို့ကိုလွှတ်ဖို့ သဘောတူတာနဲ့ မင်းပြန်လာနိုင်တယ် "

" ဒီနည်းလမ်းက ဖြစ်နိုင်တယ်လို့ ငါလည်းထင်တယ်။ ယဲ့ဖန်က အခုမှ လူငယ်ပဲရှိသေးတာ။ သူက လက်စားချေဖို့ အားသန်နေတာက သူ့စိတ်အရှိန်မသေသေးလို့ပါ။ သူ့ဒေါသပြေသွားတာနဲ့ သူက ငါတို့ကို လွှတ်ပေးလိမ့်မယ် "

" ဒီလိုလုပ်။ ယဲ့ဖန်ရဲ့အိမ်ကို မြန်မြန်သွားပြီး ခွင့်လွှတ်ပါလို့ တောင်းပန်လိုက် "

မားဝူကျန်းက သူ့နားကိုတောင် မယုံနိုင်ပေ။

" ဝူကျန်းအိမ်ခြံမြေရဲ့ဥက္ကဌဖြစ်တဲ့ ငါ့ကို ယဲ့ဖန်ရဲ့ အိမ်ရှေ့ကိုသွားပြီး ခွင့်လွှတ်ပေးဖို့ ဒူးထောက်တောင်းပန်စေချင်တာလား။ သိက္ခာဆိုတာရောရှိလား။ သူက ငါတို့ကို လွှတ်ပေးရင်တောင် ငါတို့က ကျုံးဟိုင်မှာ ခေါင်းမော့နိုင်မှာ မဟုတ်ဘူး "

လူတိုင်းက သူ့စကားကို အထင်မကြီးကြပေ။

" သေမလား၊ ရှင်မလား မသိနေတဲ့အခြေအနေမှာ ဂုဏ်သိက္ခာကို ထည့်တွေးနေသေးတာလား "

" ဂုဏ်သိက္ခာက ဘယ်လောက်တန်ဖိုးရှိမှာမလို့လဲ။ ကုမ္ပဏီက ဒေဝါလီခံရလို့ အမှိုက်ကောက်ရရင်လည်း သိက္ခာကရှိမှာမဟုတ်ဘူး "

" ကုမ္ပဏီက ဒီလိုအခြေအနေကို ရောက်နေပြီ။ ဒါက မင်းရှောင်လွှဲလို့မရတဲ့ တာဝန်ပဲ။ မင်းမှ သွားမတောင်းပန်ဘူးဆိုရင် ဘယ်သူက တောင်းပန်မှာလဲ "

" ပြီးတော့ ကုမ္ပဏီရဲ့ သေမလား၊ ရှင်မလားဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မင်းရဲ့သိက္ခာနဲ့ ဘာက ပိုအရေးကြီးလို့လဲ "

ထိုလူတွေရဲ့ ရည်ရွယ်ချက်ကို သိရတဲ့အခါ မားဝူကျန်းလည်း ရွေးစရာမရှိတော့ဘဲ ထရပ်ပြီးနောက် ခါးကိုင်းပြီး ပြုံးပြလိုက်သည်။

" ဒီလောကကြီးမှာ ပျော်ရွှင်မှုက ကြာကြာမခံတတ်ဘူး။ အလှည့်အပြောင်းတွေက သိပ်မြန်လွန်းတယ် "

သူ့သိက္ခာကို ချခဲ့သူဟာ သူကိူယ်တိုင်ပဲဖြစ်တယ်လို့ မားဝူကျန်း တွေးလိုက်ပြီး သွားခဲ့သည်။

သို့ပေမဲ့ ကျုံးထျန်းကန်သာယာစံအိမ်သို့ ရောက်တဲ့အခါ သူ တစ်စုံတစ်ခုကို နားလည်လိုက်သည်။

ကျုံးထျန်းစံအိမ်အမှတ်(၁)ရှေ့တွင် လူတွေအများကြီး ဒူးထောက်နေသည်။

သူတို့အားလုံးက နျုံစစ်သွမ်းဘက်ကို ရပ်တည်ခဲ့ပြီး ဆောင်းဦးလေမဟာမိတ်ကို ဝင်ရန်ပြင်ဆင်နေခဲ့ကြသူများလည်းပါလေသည်။ သူတို့တွေက ကျုံးဟိုင်ရဲ့ စီးပွားရေးပညာရှင်တွေဖြစ်ကြသည်။

အဲ့လူတွေတင်မဟုတ်ဘဲ နောက်ထပ်နောက်ထပ်လူတွေက အပြေးလာနေကြသေးသည်။

ဒီလူတွေက ပုံမှန်ဆို သူတို့သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ ရှင်ဘုရင်များဖြစ်ကြပြီး သူတို့ဝန်ထမ်းတွေရဲ့ အကိုးကွယ်ခံရသူတွေဖြစ်သည်။

ဒီအချိန်မှာတော့ သူတို့အားလုံးက ယဲ့ဖန်အိမ်ရှေ့မှာ ဒူးထောက်နေကြရသည်။

မြင်ကွင်းက အရမ်းကို အံ့ဩစရာကောင်းသည်။

ကျုံးထျန်းကန်သာယာစံအိမ်မှာ နေထိုင်ကြတဲ့ အခြားသူများက လာကြည့်ကြသည်။

ကျုံးထျန်းကန်သာယာစံအိမ်မှာ နေထိုင်ကြသူများကလည်း ကျိကျိတက်ချမ်းသာကြသူများ ဖြစ်ကြသည်။

ဦးချိုကို ချိုးပြီး ဒူးထောက်နေတဲ့သူတွေထဲကတစ်ချို့ကို သူတို့သိကြလေသည်။

သူတို့တွေထဲက တစ်ချို့ဆိုလျှင် သူတို့အတူတူ အလုပ်တွဲလုပ်ဖို့ တောင်းဆိုခဲ့ရဖူးတဲ့သူတွေဖြစ်သည်။

လက်ရှိမှာတော့ သူတို့အားလုံးက ကျုံးထျန်းကန်သာယာစံအိမ်(၁)ရှေ့မှာ ဒူးထောက်နေကြပြီး မြင်ကွင်းက ကြက်သီးတဖြန်းဖြန်းထစေသည်။

" အဲ့တာ မီးပျားကော်ပိုရေးရှင်းက ဥက္ကဌချိန်မလား။ သူက ဟူရန်လူချမ်းသာစာရင်းရဲ့ အယောက် ၅၀ မြောက်လေ။ အဲ့လိုလူက ဒီမှာ ဒူးလာထောက်နေရတာတဲ့လား "

" ဟိုနားကလူကလည်း ချွန်အန်းဆက်သွယ်ရေးက သူဌေးလုန်လေ။ ငါတို့ကုမ္ပဏီက သူတို့နဲ့ အရင်က အလုပ်တွဲလုပ်ဖူးတယ်။ သူလည်း ဒီမှာ ဒူးထောက်နေမယ်လို့ ထင်မထားဘူး "

" အဲ့တာ ဝူကျန်းအိမ်ခြံမြေက မားဝူကျန်းမလား။ သူရောလား "

" ဘာတွေဖြစ်နေတာလဲ။ စံအိမ်(၁)မှာနေတဲ့ ဒိတ်ဒိတ်ကြဲသူဌေးကြီးက ဘယ်သူမလို့ သူတို့အားလုံးက ဒီမှာ လာဒူးထောက်နေတာလဲ "

" တိုတိုနဲ့ရှင်းပြလို့ မရပေမဲ့ အတိုချုပ်ပြောရရင် သူတို့က စော်ကားခဲ့မိတာ။ ခွင့်လွှတ်မခံရဘူးဆို သူတို့အားလုံး ဖျက်ဆီးခံရတော့မှာလေ "

" ငါကတော့ မင်းမဟုတ်တာတွေပြောနေတယ်လို့ထင်တယ်။ ဘယ်လို ဒိတ်ဒိတ်ကြဲကြီးမလို့လဲ။ ဘယ်လိုပညာရှင်မျိုးက ဒီစံအိမ်(၁)မှာ နေနေတာလဲ "

" ယဲ့ဖန် "

" ယဲ့ဖန်လား။ သူ့အကြောင်းကို တစ်ခါမှ မကြားဖူးဘူး။ သူက အရမ်းအင်အားကြီးလို့လား "

" ယဲ့လူကြီးမင်းက စီးပွားရေးလောကက တက်သစ်စပညာရှင်ဘဲ။ နျုံစစ်သွမ်းတောင်မှ သူ့ကို ရှုံးထားတာ "

" ဟ "

" ........... "

အပိုင်း ( ၄၂၂ )

ရန်သူတွေကို ဖြေရှင်းတဲ့အခါ ရည်ရွယ်ချက် တစ်ခုပဲရှိတယ်

အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ကျုံးထျန်းကန်သာယာစံအိမ်ထဲက ယဲ့ဖန်ကတော့ မသိပေ။

သူက အိပ်ခန်းထဲမှာ ချန်းရွှမ်ကို တောင်းဆိုနေသည်။

" အစ်မရွှမ်၊ ကိုယ်က အသေအချာကို တောင်းဆိုတယ်လို့ သဘောထားပေး "

ချန်းရွှမ်၏ မျက်နှာထားက အေးစက်နေသည်။

" မဖြစ်နိုင်ဘူး၊ လုံးဝကို မဖြစ်နိုင်ဘူး "

ယဲ့ဖန်က သူမကို အလေးအနက်ထားတဲ့ အမူအရာဖြင့် ကြည့်လိုက်သည်။

" ကိုယ် ဘာမှမတောင်းဆိုဖူးဘူးလေ။ ဒီတစ်ခုတည်းပါ၊ မလိုက်လျောချင်ဘူးလား "

ချန်းရွှမ်က ဆက်ပြီး အေးစက်စွာနဲ့ ခေါင်းခါငြင်းသည်။

" ဒါကလွဲပြီး ကျန်တာအကုန်လုံး လုပ်ပေးမယ်လို့ ကတိပေးနိုင်တယ် "

ယဲ့ဖန်က သူမကို ငေးစိုက်ကြည့်နေသည်။

" ဒါကိုသာ လုပ်ပေးမယ်ဆိုရင် အနာဂတ်မှာ ဘာမဆိုစကားနားထောင်ပါ့မယ်လို့ ကတိပေးတယ် "

ချန်းရွှမ်က လက်ပိုက်ပြီး ဘေးတစ်ဖက်ကို ကပ်ရပ်လိုက်သည်။

" ဒါက သိက္ခာနဲ့ဆိုင်တယ်။ ညှိနှိုင်းဖို့တောင် မဖြစ်နိုင်ဘူး "

ယဲ့ဖန်က မျက်လုံးကိုဝေ့လိုက်သည်။

ထို့နောက် ခေါင်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ ဆောင့်ကြောင့်ထိုင်ချသည်။

" ဟူး၊ တောင်းပန်ပါတယ်။ ဒီတောင်းဆိုမှုက ကျွန်တော့်ဘက်က လွန်တာဆိုတော့ တောင်းပန်ပါတယ် "

ယဲ့ဖန်၏ ထိုပုံစံကို မြင်လိုက်ရသောအခါ ချန်းရွှမ်၏ ခေါင်းမာရာကနေ ချက်ချင်း စိတ်ပျော့သွားရသည်။

" နင် ...... နင့်တောင်းဆိုမှုက တကယ်ကြီး လွန်လွန်းတယ်လေ "

သူမက ထိုသို့ပြောပြီး စားပွဲပေါ်က အလွန်ကိုဆက်ဆီကျတဲ့ အတွင်းခံညဝတ်ဂါဝန်ကို လှမ်းကြည့်လိုက်သည်။

ယဲ့ဖန်က ဒီမနက်မှာ လုံထန်း အွန်လိုင်းဈေးဝယ်ရေးကနေ ပစ္စည်းစမ်းမှာကြည့်ပြီး ကုမ္ပဏီရဲ့မြန်ဆန်မှုကို စမ်းသပ်ချင်တယ်ဟု ပြောလာခဲ့သည်။

ထို့ကြောင့် မနက်စောစောမှာပဲ ပစ္စည်းတစ်ခုကို အော်ဒါတင်လိုက်သည်။

အဲ့တာက သာမန်နေ့စဉ်သုံးပစ္စည်းတစ်ခုခုဟု ထင်ခဲ့ပေမဲ့ ညကျ ပစ္စည်းရောက်လာတဲ့အခါ ဟိုပစ္စည်းတွေဖြစ်နေမှန်း သိလိုက်ရသည်။

အတော်ကို ပါးလျနေတဲ့ အင်္ကျီတွေကို ဝတ်ဖို့မပြောနှင့် ကြည့်ရုံနဲ့တောင် ပါးတွေပူတက်လာတဲ့အထိ ရှက်သည်ဟု ခံစားရသည်။

ယဲ့ဖန်က ခါးသက်သက်ပြုံးလိုက်သည်။

" အစ်မရွှမ်နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက ဘာမှထိန်ချန်ထားစရာမလိုဘဲ လုပ်ချင်တာလုပ်လို့ ရတဲ့အဆင့်ထိ ရောက်နေပြီထင်ထားတာ။ ဒီလိုတွေးမယ်လို့ မမျှော်လင့်ထားဘူး ...... "

ချန်းရွှမ်က ယဲ့ဖန်ရဲ့စိတ်ပျက်လက်ပျက်လေးဖြစ်နေတဲ့ မျက်နှာကိုကြည့်ကာ ချက်ချင်းစိုးရိမ်စိတ်လှုပ်ရှားလာသည်။

" ဒါပေမဲ့ ........ "

ချန်းရွှမ်က ဆက်ဆီအတွင်းခံညဝတ်ဂါဝန်ကို လှမ်းကြည့်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်ကာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချနေသည်။

" ထားလိုက်ပါ၊ ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းအားမပေးပါနဲ့ "

ယဲ့ဖန်က သဘောထားကြီးစွာနဲ့ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

" ဒါဆို ...... ဒီတစ်ခါတော့ ဝတ်ပေးမယ် "

ချန်းရွှမ်က နောက်ဆုံးမှာ သဘောတူလိုက်သည်။ သတ္တိမွေးကာ ဆက်ဆီအတွင်းခံညဝတ်ဂါဝန်ကို ဆတ်ခနဲကောက်ယူပြီး ရေချိုးခန်းထဲ ဝင်သွားသည်။

ချန်းရွှမ်လို ရှေးရိုးဆန်တဲ့သူကို ဒီလိုအသစ်အဆန်းမျိုး လက်ခံအောင် လုပ်နိုင်တာက အောင်နိုင်မှုကြီးလို့တောင် ပြောလို့ရသည်။

သို့သော် ယဲ့ဖန် စောင့်ပြီးရင်း စောင့်တာ အချိန်အတော်ပင် ကြာလာပေမဲ့ ချန်းရွှမ်က ထွက်မလာပေ။

အဆုံးမှာ ယဲ့ဖန်စိတ်မရှည်တော့ဘဲ ရေချိုးခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်။

" အင်္ကျီလေးလဲတာက အဲ့လောက်တောင် ......... "

သူ့စကားအဆုံးတောင် မသတ်လိုက်နိုင်ဘဲ အံ့ဩမှင်သက်ကာ မျက်လုံးကြီးကျွတ်ကျမတတ်ဖြစ်သွားရသည်။

ချန်းရွှမ်၏ ရှည်လျဖြောင့်စင်းပြီး ပြောင်ရှင်းကာ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်က အတွင်းခံနှင့် လိုက်ဖက်နေသည်။

မြင်ကွင်းရဲ့ သက်ရောက်မှုက ဘာနဲ့မှ ယှဉ်မရပေ။

သူ့ရဲ့ ရုတ်တရက် အကြံလှုံ့ဆော်မှုတစ်ချက်က အံ့အားသင့်စရာကောင်းတဲ့ အကျိုးသက်ရောက်မှုမျိုး တကယ်ဖြစ်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

" အာ ........... "

ချန်းရွှမ်က ထိတ်လန့်တုန်လှုပ်နေတဲ့ ယုန်ငယ်လေးပမာ သူမကိုယ်သူမ ဖုံးကွယ်ရန် တစ်ခုခုကို အမြန်ရှာနေလေသည်။

အဲ့တာက ယဲ့ဖန်ရဲ့ သွေးတွေကို ပိုလို့တောင် ပွက်ပွက်ဆူလာစေသည်။

ဘန်း

ယဲ့ဖန် ရေချိုးခန်းတံခါးကို ချက်ချင်း စောင့်ပိတ်လိုက်သည်။

" နင် ...... မလာနဲ့နော်၊ အနားကပ်မလာနဲ့လို့ ........ "

......................

ယဲ့ဖန် နောက်တစ်နေ့တွင် အတော်လေးနောက်ကျမှ နိုးလာခဲ့သည်။

မနေ့ညက စိတ်ပိုင်းဆိုင်ရာ တက်ကြွနေခဲ့တာကြောင့် ယဲ့ဖန် မနက်သုံးနာရီ၊လေးနာရီအထိ 'အချိန်ပိုအလုပ်' လုပ်ခဲ့လိုက်ရသည်။

ထို့ကြောင့် သူ့ခန္ဓာကိုယ်ကနေ တစ်ကိုယ်လုံး အင်အားစုပ်ရုတ်သွားသလို ခံစားနေရသည်။

သူ့ဘေးနားက အလှလေးကို လှည့်ကြည့်လိုက်တဲ့အခါ သူမကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။

မနေ့ညက ချန်းရွှမ်လည်း အတော်လေး နှိပ်စက်ခံလိုက်ရသည်။

ထို့ကြောင့် သူမကို နည်းနည်းပိုကြာအောင် အိပ်ခိုင်းလိုက်မည်ဖြစ်သည်။

ယဲ့ဖန်က အရင်ထရပ်ကာ မနေ့ညရဲ့ တိုက်ပွဲခြေရာတွေကို ရှင်းဖို့ အိပ်ခန်းထဲက ထွက်လာလိုက်သည်။

အိပ်ခန်း ၊ ရေချိုးခန်း ၊ ဧည့်ခန်း နှင့် မီးဖိုခန်းတို့မှာ တိုက်ပွဲခြေရာလက်ရာများဖြင့် ပြည့်နေလေသည်။

မနေ့ညက တိုက်ပွဲ ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ တွေးကြည့်နိုင်သည်။

သန့်ရှင်းရေးလုပ်ပြီး အိမ်အပြင်ထွက်လာတော့ မနက်ဆယ်နာရီထိုးနေပြီဖြစ်သည်။

ယဲ့ဖန်က ပုံမှန်အတိုင်း လက်ဝှေ့လေ့ကျင့်ရန် ထွက်လာတာဖြစ်သည်။

သို့သော် တံခါးကိုဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ဒူးထောက်နေသောလူများစွာ ရှိနေသည်ကို တွေ့ရသည်။

သူ အနည်းငယ်ကြောင်သွားသည်။

" ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ "

တစ်ညလုံး ဒူးထောက်နေခဲ့ကြသူတိုင်းက ယဲ့ဖန်ကို တွေ့လိုက်ရတဲ့အအခါ ကယ်တင်ရှင်ကြီး မြင်လိုက်ရသလို ခံစားလိုက်ရသည်။

" ယဲ့လူကြီးမင်း၊ ငါတို့အရင်က အလှည့်စားခံခဲ့ရတာပါ။ ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါ "

" ဟုတ်တယ်၊ အဲ့ဒီအချိန်တုန်းက နျုံစစ်သွမ်းက ငါတို့အားလုံးကို ခြိမ်းခြောက်ထားလို့ပါ။ တကယ်တော့ ငါတို့ နှလုံးသားထဲမှာ မင်းကို အရမ်းလေးစားပါတယ် "

" ငါတို့ကို ခွင့်လွှတ်ပေးမယ်ဆို ငါတို့ မင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါမယ် "

" ယဲ့လူကြီးမင်း၊ ငါ့ကုမ္ပဏီကနေ စားဝတ်နေရေးလုပ်ကိုင်နေတဲ့လူတွေ ရာနဲ့ချီပြီးရှိပါတယ်။ ကျေးဇူးပြုပြီး သဘောထားကြီးစွာနဲ့ ငါတို့ကို ခွင့်လွှတ်ပေးပါ "

ယဲ့ဖန်က သူတို့ပြောတာတွေကို ကြားပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။

အခု နျုံစစ်သွမ်းက သေလားမသိရသေးသလို ဖုလီအုပ်စုကလည်း အစစ်ဆေးခံနေရသည်။

ဒီသင်္ဘောကြီးက နစ်မြုပ်တော့မယ်ဆိုတာ သိသာသည်။

အဲ့တာကြောင့် ယဲ့ဖန်က သူတို့ကို နောက်ပိုင်းမှာ ရှင်ထုတ်မှာကို ကြောက်ပြီး လာအသနားဖို့ ရောက်လာကြတာဖြစ်သည်။

သို့သော် ယဲ့ဖန်က လွယ်လွယ်နဲ့ ကရုဏာထားပေးမည် မဟုတ်ပေ။

ဆိုရိုးစကားအတိုင်း အကြင်နာတရားက စစ်ဖြစ်တာကို မထိန်းချုပ်နိုင်သလို ဖြောင့်မတ်ခြင်းကလည်း စည်းစိမ်ဥစ္စာကို မထိန်းချုပ်နိုင်ပေ။

အလွန်အကျူး ကိုယ်ချင်းစာတရားကို စီးပွားရေးလောကထဲမှာ တားမြစ်ထားသည်။

" ဒါဆို ခင်ဗျားတို့ကို မေးခွန်းတစ်ခုမေးမယ်။ ရိုးရိုးသားသားဖြေကြ။ ဒီနေ့ကျရှုံးတဲ့သူက ကျွန်တော်သာဆိုရင် ကျွန်တော့်ကိုလွှတ်ပေးကြမှာလား "

သူ့အမေးကိုကြားတော့ အားလုံးက ချက်ချင်း စကားမပြောနိုင်ကြတော့ပေ။

အဖြေက သိသာပါသည်။

'ဟုတ်တယ်' လို့ပြောတဲ့သူဟာ လိမ်ညာနေတာဖြစ်သည်။

အကယ်၍ ဒီနေ့အောင်နိုင်သူက နျုံစစ်သွမ်းသာဖြစ်ပြီး ယဲ့ဖန်ရှုံးသွားခဲ့ပါက သူတို့ဟာ ယဲ့ဖန်အောက်က ကုမ္ပဏီအားလုံးကို တွန့်ဆုတ်မနေဘဲ အရိုးပါမကျန် ဝါးမြိုကြမှာဖြစ်သည်။

ယဲ့ဖန်က လူတိုင်း၏အမူအရာကိုမြင်ပြီး ချက်ချင်းလှောင်ပြုံးပြုံးလိုက်သည်။

" ခင်ဗျားတို့အားလုံးက စီးပွားရေးလောကက မြေခွေးအိုကြီးတွေပဲ။ နိုင်သူစားတဲ့ နိယာမကို နားလည်ကြမယ်ထင်ပါတယ်။ ရှုံးသွားတာနဲ့ စိတ်ပိုင်းဆိုင်ရာ အသနားခံဖို့ ဒီလိုနည်းလမ်းကို သုံးနေတာလား။ ဘယ်သူ့ကိုမှ ခွင့်မလွှတ်ပေးဘူးဆိုတာပဲ ပြောနိုင်တယ် "

သူက အားလုံးကို ဖြည်းဖြည်းချင်းကြည့်လိုက်သည်။

" ခင်ဗျားတို့က နျုံစစ်သွမ်းနဲ့လက်တွဲဖို့ ရွေးချယ်လိုက်ကတည်းက ရန်သူဖြစ်နေကြပြီ။ ရန်သူတွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်တော့်မှာ ခံယူချက်တစ်ခုပဲရှိတယ်။ ဂရုဏာမရှိဘဲ သတ်ပစ်ရမယ် "

သူ၏ နောက်ဆုံးစကားကနေ အားလုံးကို အပြတ်ရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ကပေါ်လွင်နေသည်။

ရှိနေသူအားလုံးက တုန်လှုပ်သွားကြသည်။

လူတိုင်းက ဆက်ပြီး အသနားခံတောင်းဆိုချင်ကြပေမဲ့ ယဲ့ဖန်က လက်ယမ်းလိုက်သည်။

" ခင်ဗျားတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ဒီအတိုင်းထိုင်နေပြီး အသိမ်းပိုက်ခံမလား။ ဒါမှမဟုတ် နောက်ဆုံးအချိန်ထိ ရုန်းထွက်နိုင်မယ့်နည်းလမ်း ရှာမလားဆိုတာကို စဉ်းစားလိုက်။ တတိယရွေးချယ်မှုကတော့ မရှိဘူး "

သူ့စကားကို ကြားတဲ့အခါ လူတိုင်းက ယဲ့ဖန်နဲ့ ညှိနှိုင်းဖို့ လုံးဝမဖြစ်နိုင်တော့မှန်း သိလိုက်ကြပြီး စိတ်မပါလက်မပါဖြင့် ထွက်သွားကြတော့သည်။

ယဲ့ဖန်က ငယ်သေးတာကြောင့် သူတို့သာ စကားနည်းနည်းပြောပြီး မျက်နှာသာပေးညှိနှိုင်းလျှင် သူ့ကို စိတ်ပျော့အောင်လုပ်ကာ ခွင့်လွှတ်ပေးခိုင်းဖို့ တွေးထားခဲ့တာဖြစ်သည်။

အခုတော့ သူတို့ရဲ့စိတ်ကူးက လေထဲကအိမ်လို ပျက်စီးသွားရသည်။

ယဲ့ဖန်က သူတို့ရဲ့စကားလေးတွေလောက်နဲ့ အလှည့်စားမခံပေ။

သူတို့ နောက်ကြုံရမည့်အရာက ......... မုန်တိုင်းထန်မယ့် လက်စားချေမှုပဲဖြစ်သည်။

အပိုင်း ( ၄၂၃ )

ရှေးဟောင်းရတနာအပိုင်းအစ၏ စိန်ခေါ်မှု

ယဲ့ဖန်က ထိုလူတွေကို မောင်းထုတ်လိုက်ပြီး စံအိမ်ထဲကို ပြန်ဝင်လာသည်။

ချန်းရွှမ်က မီးဖိုချောင်ထဲမှာ မနက်စာပြင်ရင်း အလုပ်ရှုပ်နေတာကို ယဲ့ဖန်တွေ့လိုက်သည်။

စီအီးအိုတစ်ယောက်အနေနဲ့ သူမက အတော်လေးပညာရှင်ဆန်ပြီး တတ်ကျွမ်းသည်။

သို့သော် သူမရဲ့ဟင်းချက်စွမ်းရည်ကတော့ တကယ်ကို ဆိုးရွားလေသည်။

ယဲ့ဖန် ခေါင်းယမ်းပြီး ပြုံးကာ မီးဖိုခန်းထဲသို့ လျှောက်သွားသည်။

ထို့နောက် သူမကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။

" မနက်စာကို အချစ်တွေအပြည့်နဲ့ လုပ်နေတာလား "

ချန်းရွှမ်၏ မျက်နှာပေါ်တွင် ချိုမြိန်တဲ့အပြုံးတစ်ခု ပေါ်လာသည်။

" ဟုတ်တယ်၊ ငါ့ရဲ့ နက်နဲတဲ့ အချစ်တွေပါတယ် "

စကားပြောရင်းနဲ့ အိတ်ထဲက ဆားတစ်ဝက်ကို လောင်းထည့်လိုက်သည်။

ယဲ့ဖန်၏အပြုံးက အနည်းငယ် တောင့်သွားသည်။

" အချစ်တွေက နည်းနည်းတော့ များလွန်းနေတယ်မဟုတ်ဘူးလား "

ချန်းရွှမ်က ရှက်သွားသည်။

" ဒါ ....... ဒါ ငါ ပထမဆုံးအကြိမ် ချက်တာ။ ငါ့ကို မရယ်နဲ့ "

ယဲ့ဖန်က သူမပုခုံးပေါ်တင် မေးတင်လိုက်သည်။

" ကျွန်တော် နားလည်ပါတယ်။ ဒါက ပထမဆုံး အကြိမ်ဆိုတော့ နည်းနည်း အဆင်မပြေတာက သေချာပေါက်ရှိမှာပဲလေ "

ချန်းရွှမ်၏ မျက်နှာလှလှလေးက နီရဲသွားသည်။ သူမ ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်နေသည်။

" ဘာတွေ လျှောက်ပြောနေတာလဲ "

ယဲ့ဖန်က သူမ၏ ပြိုင်ဘက်ကင်းတဲ့ဆွဲဆောင်မှုကြောင့် သူ့သွေးတွေ ဆူပွက်လာပြန်သည်။

လက်တစ်ဖက်က တီရှပ်အောက်ကို ခိုးဝင်သွားတော့သည်။

" မချက်နဲ့တော့။ ကိုယ်တို့ ကြိုက်တာပဲ လုပ်ကြရအောင် "

" အား "

ချန်းရွှမ်က အော်လိုက်ပြီး သူ့ရဲ့နတ်ဆိုးဆန်တဲ့ လက်သည်းတွေကို အမြန် ဖမ်းတားလိုက်သည်။

" မနေ့ညက သန်းခေါင်ကျော်ထိ နှိပ်စက်ပြီးပြီလေ။ မပင်ပန်းသေးဘူးလား "

ယဲ့ဖန်က သူမ၏ ခါးသွယ်သွယ်ကို ဖက်ထားသည်။

" အခုတော့ 'နွေဦးညတွေက တိုတောင်းပြီး နေထွက်တာက စောတယ်။ ဘုရင်ကြီး စောစောစီးစီး နန်းညီလာခံကို မတတ်နိုင်ဘူး' ဆိုတဲ့ အဓိပ္ပါယ်ကို အခုမှ နားလည်တော့တယ်။ ပင်ပန်းပြီး သေသွားရမယ်ဆိုရင်တောင် မင်းလို ပြိုင်ဘက်ကင်းတဲ့ အလှလေးနဲ့ တိုက်ပွဲဝင်ရတာက ကောင်းနေတုန်းပဲ "

ချန်းရွှမ်က သူ့ကို လေးနက်စွာ ကြည့်နေသည်။

" ရှောင်ဖန်၊ နင့်ရဲ့အလုပ်က အခုမှစတဲ့အပြင် မင်းရှေ့မှာ တောက်ပတဲ့အနာဂတ်တစ်ခုရှိသေးတယ်။ မိန်းမတွေကို စွဲလန်းလို့ မရဘူး။ နင် ....... "

" အင်းပါ၊ အင်းပါ၊ အင်းပါ။ အစ်မရွှမ် ပြောတာ မှန်ပါတယ် "

ယဲ့ဖန်က ခေါင်းကို တသွင်သွင်ငြိမ့်ပြီး ခေါင်းမာစွာနဲ့ ပေကပ်ပြီး ချန်းရွှမ်ကို မှီထားသည်။

" နောက်ဆုံးတစ်ခါပဲလေ၊ ဒီနေ့အတွက် နောက်ဆုံးတစ်ခါတည်းပါ ......... "

ထိုသို့ပြောပြီးနောက် မီးဖိုချောင်တံခါးကို ခြေနဲ့ကန်ပိတ်လိုက်သည်။

....….......................

နေ့လယ်စာစားပြီးတဲ့နောက် ချန်းရွှမ်က ကုမ္ပဏီကို တန်းသွားခဲ့သည်။

ယဲ့ဖန်ကတော့ အိမ်မှာနေရင်း တစ်စုံတစ်ခုကို တွေးမိသွားသည်။

သူ နန်းလုရွာကို သွားခဲ့တုန်းက သစ်သားသေတ္တာတစ်ခုကို ရခဲ့သည်။

အထဲမှာ ဘာပါလဲဆိုတာ သူ အခုထိ မသိရသေးပေ။

ကံကောင်းစွာဖြင့် နျုံစစ်သွမ်းကိစ္စက လတ်တလော ဖြေရှင်းစရာ မလိုသေးတာကြောင့် သူ ဒီနေ့မှာ ရှားရှားပါးပါး အားလပ်နေသည်။

သေတ္တာက ဘာလဲဆိုတာ သိရဖို့ ယဲ့ဖန် မေပယ်ရွက်ရှေးဟောင်းဆိုင်ကိုသွားပြီး လူအိုကြီးစွန်းကို ရှာခိုင်းမည်ဖြစ်သည်။

မေပယ်ရှေးဟောင်းပစ္စည်းဆိုင်သို့ ရောက်သောအခါ လူအိုကြီးစွန်းနှင့် လင်းကျွင်းကျွင်းတို့က

ဧည့်ခန်းမထဲမှာ စိတ်ပူနေတဲ့မျက်နှာဖြင့် ထိုင်နေသည်ကို သူတွေ့လိုက်ရသည်။

လွန်ခဲ့သောနှစ်ရက်က လင်းကျွင်းကျွင်းသည် ကျုံးထျန်းကန်သာယာအိမ်ရာ၏ မန်နေဂျာရာထူးမှနှုတ်ထွက်ခဲ့ကာ လူအိုကြီးစွန်းနှင့်အတူ မေပယ်ဆိုင်တွင် ရှေးဟောင်းပစ္စည်းဆိုင်ရာ အတတ်ပညာသင်ယူရန် စတင်အာရုံစိုက်ခဲ့လေသည်။

လူအိုကြီးစွန်းပြောပုံအရ သူမ၏ သင်ယူနိုင်စွမ်းရည်က အတော်လေးကောင်းမွန်လေသည်။

ရက်အနည်းငယ်အတွင်းမှာပဲ သူမက ဆိုင်ရဲ့ အခြေအနေကို သိပြီး ကောင်းမွန်စွာ လုပ်ဆောင်နေလေသည်။

" ဘာဖြစ်လို့လဲ၊ စီးပွားရေး မကောင်းဘူးလား။ မင်းတို့က ဘာလို့ဒီလောက်ဝမ်းနည်းနေကြတာလဲ "

အထုပ်ကို စားပွဲပေါ်တင်ပြီး လင်းကျွင်းကျွင်းကို လှည့်ကြည့်လိုက်သည်။

" စီးပွားရေးက ပုံမှန်အတိုင်းပဲ ကောင်းနေပေမယ့် ခေါင်းကိုက်စေတဲ့အရာတစ်ခုတော့ ရှိတယ် "

လင်းကျွင်းကျွင်းက ကမန်းကတန်း ထရပ်လိုက်ပြီး ယဲ့ဖန်အတွက် လက်ဖက်ရည်တစ်ခွက် လုပ်ပေးလိုက်သည်။

ယဲ့ဖန်က ဘေးမှာဝင်ထိုင်ပြီး လက်ဖက်ရည်သောက်ကာ ပြောသည်။

" ခင်ဗျားကို ခေါင်းကိုက်စေမှတော့ ကိစ္စက တော်တော်ကြီးမယ်ထင်တယ် "

လူအိုကြီးစွန်းက ခါးသက်သက် ပြုံးလိုက်သည်။

" ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူဌေး၊ နာမည်ကြီး ရှေးဟောင်းရတနာအလုပ်ရုံအကြောင်း ကြားဖူးလား "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" တစ်ခါမှ မကြားဖူးဘူး။ အဲ့တာဘာလုပ်တာလဲ "

လူအိုကြီးစွန်း မျက်လုံးပြူးသွားသည်။

" သူဌေး၊ မင်းက တကယ်ကို ထူးဆန်းတာပဲ။ မင်းက ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့သူဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ရှေးဟောင်းဆိုင်တွေအကြောင်း မင်းကမသိဘူးဘဲ။ ဒီရှေးဟောင်းပစ္စည်းအလုပ်ရုံအကြောင်းကို တကယ် မကြားဖူးဘူးလား "

ယဲ့ဖန် သူ့နှာခေါင်းကို ယားယံစွာ ပွတ်သပ်လိုက်သည်။

" ရှေးဟောင်းရတနာအလုပ်ရုံအကြောင်းကို မကြားဖူးတာက အရမ်းရှက်ဖို့ကောင်းလို့လား "

လင်းကျွင်းကျွင်းက ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" တော်တော်ရှက်စရာကောင်းတယ် "

ယဲ့ဖန်က နည်းနည်း စိတ်မပျော်သလိုဖြစ်သွားသည်။

" မင်းက ဆရာလုပ်နေတာလား။ ကိုယ်က အခု မင်းရဲ့သူဌေးပါ။ မင်းရဲ့သူဌေးကို ဒီလိုလေသံနဲ့ ဘယ်လိုလုပ်ပြီး ပြောရဲရတာလဲ "

လင်းကျွင်းကျွင်းက ချက်ချင်း လက်လျှော့လိုက်ပြီး အခြားဘာမှ မပြောတော့ပဲ ခေါင်းသာငြိမ့်လိုက်သည်။

ယဲ့ဖန်က အတော်လေးဂုဏ်ယူသွားခဲ့သည်။

မင်း ကိုယ့်ကို မငြင်းနိုင်ဘူးမလား။

အဘိုးကြီးစွန်းက ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်သည်။

" ရှေးဟောင်းရတနာအလုပ်ရုံက နိုင်ငံတွင်းမှာ လူသိများတဲ့ ရှေးဟောင်းအမှတ်တံဆိပ်ပစ္စည်းဆိုင်တစ်ခုပဲ။ အဲ့တာကို နှစ်ပေါင်း ၅၀ ကျော်လောက်ကတည်းက တည်ထောင်ခဲ့ပြီးတော့ ရှေးဟောင်းပစ္စည်းလောကက ဆရာကြီးတွေတော်တော်များများရှိကြတယ်။ ရှေးဟောင်းရတနာအလုပ်ရုံက ပိုလို့တောင် .............

ယဲ့ဖန်က သူ့ရဲ့မြှောက်ပင့်ပြောဆိုနေတာကို နှောင့်ယှက်လိုက်ပြီး ဖြတ်မေးလိုက်သည်။

" ကောင်းပြီ၊ ဘာကပြဿနာလဲဆိုတာသာ ပြော "

ထို့နောက် အဘိုးကြီးစွန်းက အဓိကအကြောင်းအရာကို စရှင်းပြခဲ့သည်။

" ရှေးဟောင်းရတနာအလုပ်ရုံက မကြာခင်ကပဲ ကျုံးဟိုင်ကို ရွှေ့လာတော့မှာမလို့ လာလည်တဲ့ကတ်ကို ပို့လိုက်တယ်။ ဒီနေ့ အလည်လာဖို့ တစ်ယောက်ယောက်ကို ပို့လိုက်မယ်လို့လည်း ပြောတယ် "

ယဲ့ဖန်က သိပ်ပြီး မတွေးပေ။

" လာကြည့်ရင်ရော ဘာဖြစ်လဲ။ ဘာလို့ မျက်မှောင်ကြုတ်နေရမှာလဲ "

လူအိုကြီးစွန်းက မတတ်နိုင်ဘဲ ခါးသက်သက်ပြုံးလိုက်သည်။

" ရှေးဟောင်းရတနာအလုပ်ရုံက ဒီကို လာလည်မယ်ဆိုတာ လက်ဖက်ရည်သောက်ဖို့နဲ့ စကားစမြည်ပြောဖို့ပဲ မဟုတ်ဘူး။ တိုက်ခိုက်ဖို့လာမှာ "

ယဲ့ဖန်က ပိုလို့တောင် သိချင်စိတ်ဖြစ်လာသည်။

" ဘာလို့တိုက်မှာလဲ။ ဘယ်လိုတိုက်မှာလဲ "

သူ့ဘေးမှာရှိနေသည့် လင်းကျွင်းကျွင်းက ပြန်ရှင်းပြပေးသည်။

" ရှေးဟောင်းစတိုးဆိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ပြင်ပပြိုင်ဘက်က ကိုယ့်နယ်ပယ်မှာ ဆိုင်ဖွင့်ချင်တယ်ဆိုရင် အကြီးဆုံးပြည်တွင်းအမှတ်တံဆိပ်ဆိုင်ကနေ အသိအမှတ်ပြုခံရမယ်။ စည်းကမ်းချက်ကတော့ သူတို့အကဲဖြတ်ဖို့အတွက် ရှားပါးရတနာသုံးမျိုးကို ထုတ်ပြပေးရမယ် "

ယဲ့ဖန် ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်လိုက်သည်။

" သူတို့က အကဲမဖြတ်နိုင်ရင် ဘာဖြစ်မှာလဲ "

" သူတို့က ပစ္စည်းတစ်ခုလေးကိုတောင် အကဲမဖြတ်နိုင်ရင် ကျုံးဟိုင်ကနေ အလိုအလျောက် ထွက်သွားပေးရမှာ "

လင်းကျွင်းကျွင်းက ဆက်ပြောသည်။

" သုံးနှစ်တိတိ သူတို့ဘက်က ပြန်မဝင်လာရဘူး "

" ဒီရှေးဟောင်းရတနာအလုပ်ရုံက အစွမ်းထက်လွန်းတယ် " ဟု စွန်းရှို့ယိက ဆက်ပြောသည်။

" သူတို့ ကျုံးဟိုင်ကို အောင်အောင်မြင်မြင်နဲ့ ဝင်နိုင်မယ်ဆိုရင် ငါတို့ဆိုင်အပေါ် အတော်လေးသက်ရောက်မှုကြီးလိမ့်မယ် "

ယဲ့ဖန်က နားမလည်သေးပေ။

" ရှားပါးရတနာသုံးခုကို ထုတ်ပေးရုံတင်ပဲ မဟုတ်ဘူးလား။ ဘာတွေ စိတ်ပူစရာရှိလို့လဲ။ ရှေးဟောင်းပစ္စည်းသုံးခုတောင် မထုတ်နိုင်ဘူးလား "

စွန်းရှို့ယိက ထိုစကားကိုကြားတဲ့အခါ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

" ရှေးဟောင်းရတနာအလုပ်ရုံမှာ ကျွမ်းကျင်တဲ့သူတွေ အများကြီးရှိတယ်။ သာမာန်ရှေးဟောင်းပစ္စည်းတွေက သူတို့လိုလူတွေအတွက် ပြဿနာမဟုတ်ဘူး။ အခု နှစ်မျိုးတော့ ရွေးပြီးပြီ။ တစ်ခုလိုနေသေးတယ် "

ယဲ့ဖန်က သူယူလာတဲ့ သစ်သားသေတ္တာကို ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့ ကျွန်တော် နောက်ဆုံးတစ်ခုရှင်းလိုက်မယ် "

ထိုစကားကိုကြားသောအခါ စွန်းရှို့ယိ အံ့ဩသွားသည်။

" မင်း ...... မင်းမှာ ရှားပါးရတနာ ရှိတာလား "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပေမဲ့ ပြန်မဖြေပေ။

ဒီသစ်သားသေတ္တာကို သူ့ရဲ့ အတွင်းကျကျနက်နဲတဲ့ စကန်ဖတ်ခြင်းနဲ့တောင် ဘာသဲလွန်စတစ်ခုကို ရှာမတွေ့ခဲ့ပေ။

ရှေးဟောင်းရတနာအလုပ်ရုံက လူတွေက သူ့ရဲ့ အတွင်းကျကျ စကန်ဖတ်နိုင်တဲ့ မျက်စိအမြင်ထက် ပိုကောင်းလိမ့်မည်ဟု လုံးဝမထင်ပေ။

ထို့ကြောင့် မေပယ်ရွက်ဆိုင်က ဒီအချီနဲ့ အနိုင်ရရှိလိမ့်မည်ဖြစ်သည်။

အပိုင်း ( ၄၂၄ )

အကဲဖြတ်ဖို့ ထိုက်တန်လား အရင်အကဲဖြတ်မယ်

ယဲ့ဖန်၊ စွန်းရှို့ယိနှင့် လင်းကျွင်းကျွင်းတို့ စကားစမြည်ပြောနေကြစဉ်မှာပဲ ရုတ်တရက် တံခါးအပြင်ဘက်မှ လူအနည်းငယ် ဝင်လာသည်။

" မင်္ဂလာပါ မန်နေဂျာစွန်း။ မနေ့ကမှတွေ့ပြီးပေမဲ့ ဒီနေ့ဒီကို ထပ်ရောက်ရပြန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အလင်းပြပေးပါဦး "

ခေါင်းဆောင်ဖြစ်သူက အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ကာ သူ့မျက်နှာတွင် အပြုံးတစ်ခုက အမြဲတမ်းရှိနေသည်။

ရင်းနှီးရန် ဖော်ရွေသည့် အနေအထားရှိနေသည်။

စွန်းရှို့ယိက သူ့ကိုကြိုဆိုဖို့ အမြန်ထရပ်လိုက်ကာ ယဲ့ဖန်ကို မိတ်ဆက်ပေးလိုက်သည်။

" သူဌေး၊ ဒါက ရှေးဟောင်းရတနာအလုပ်ရုံဘက်က ကျုံးဟိုင်ရုံးခွဲရဲ့ တာဝန်ရှိသူ ယန်းဟုန်ချိုက်၊ သူဌေးယန်းပါ "

" ဒါက ငါတို့ရဲ့ မေပယ်ရွက်ဆိုင်ရဲ့ပိုင်ရှင် ယဲ့လူကြီးမင်းပါ "

ယန်းဟုန်ချိုက်က ယဲ့ဖန်နှင့် ချက်ချင်းလက်ဆွဲနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ နာမည်ကြီး မေပယ်ရွက်ဆိုင်ရဲ့ပိုင်ရှင်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတဲ့ လူငယ်လေး ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး ဟားဟားဟား "

ထိုသို့ပြောနေသော်လည်း သူ့စိတ်ထဲတွင်တော့ အနည်းငယ် အထင်သေးနေသည်။

တစ်ဖက်သူက ငယ်ရွယ်သေးသော်လည်း မေပယ်ရွက်ဆိုင်ရဲ့ပိုင်ရှင် ဖြစ်လာခဲ့သည်။

သူက သူ့မိသားစုရဲ့ပိုက်ဆံတွေကို ယူဆော့နေတဲ့ သူဌေးလေးဖြစ်လိမ့်မည်။

ထိုကလေးရဲ့လက်ထဲမှာ မေပယ်ရွက်ရှေးဟောင်းပစ္စည်းဆိုင်က အချိန်တစ်ခုထိသာရှိပြီး မကြာခင်ပျက်စီးလိမ့်မည်။

သူ့မျက်လုံးများထဲတွင် ထင်ဟပ်နေသော အထင်အမြင်သေးမှုကို ယဲ့ဖန်က ဖမ်းဆုပ်နိုင်လိုက်သည်။

ဒါပေမယ့် ယဲ့ဖန်က စိတ်ထဲမထားပေ။

လူအများစုသည် သူ့အသက်အရွယ်ကြောင့် သူ့ကို အထင်သေးကြသည်။

ဒါက သူ့အားနည်းချက်ဆိုပေမယ့်လည်း သူ့အားသာချက်ဖြစ်နေလေသည်။

အတိအကျပြောရရင် အဲ့လိုတစ်ဖက်က သူ့ကို လျှော့တွက်လိုက်ခြင်းက တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးပေးလိုက်တာပဲဖြစ်သည်။

ယန်းဟုန်ချိုက်က ယဲ့ဖန်ကို မကြည့်ဘဲ စွန်းရှို့ယိဘက်ကို လှည့်ကြည့်လိုက်သည်။

" မန်နေဂျာစွန်း ၊ ကြည်နူးစရာတွေအကြောင်းပဲ ပြောမနေပါနဲ့။ ကျွန်တော်တို့မှာ ဒါတွေပြောဖို့ ရှည်လျားတဲ့အနာဂတ်ကြီးရှိပါသေးတယ်။ အရင်ဆုံး စည်းကမ်းတွေကိုပဲ ဦးတည်ကြတာပေါ့။ ခင်ဗျားတို့ဘက်က ပြင်ဆင်ထားတဲ့ ရှေးဟောင်းပစ္စည်းသုံးခုကို ထုတ်ပေးပါ "

စွန်းရှို့ယိက သူ့စကားကြားတော့ သူ့စိတ်ထဲကနေ အေးစက်စက် ရယ်မောလိုက်ရသည်။

သွားရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်ဆိုတာ သူက ဘာကိုဆိုလိုတာလဲ။

သူ့စကားရဲ့ အဓိပ္ပါယ်က မသိရင် သူကပဲ နိုင်သွားသလိုလိုနဲ့။

စွန်းရှို့ယိ စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း သူပြင်ဆင်ထားသည့် ရှေးဟောင်းပစ္စည်းနှစ်ခုကို ယူလာရန် လင်းကျွင်းကျွင်းကို ပြောလိုက်ရသည်။

" ယန်းလူကြီးမင်း၊ ကျေးဇူးပြုပြီး၊ ဒီမှာပါ "

စွန်းရှို့ယိက သူရွေးထားတဲ့ ရှေးဟောင်းပစ္စည်း နှစ်ခုအပေါ် အလွန်ယုံကြည်မှုရှိလေသည်။

ဒီရှေးဟောင်းပစ္စည်း နှစ်ခုကို အကဲဖြတ်ရန် အလွန်ခက်ခဲလေသည်။

သူ လက်ခံရရှိပြီးတဲ့နောက် အကြာကြီး လေ့လာပြီးမှ ပစ္စည်းဇာတ်မြစ်တွေကို ဆုံးဖြတ်နိုင်ခဲ့သည်၊

အချိန်တိုလေးအတွင်းမှာ တစ်ဖက်လူက ဒါကို မြင်ရုံနဲ့ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ သူ မယုံပေ။

ယန်းဟုန်ချိုက်က ထိုပစ္စည်းတွေကို တစ်ချက်သာကြည့်လိုက်ပြီး အသက်ခုနစ်ဆယ်ကျော် မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုကို လေးစားစွာ လှည့်ကြည့်လိုက်သည်။

" ဆရာကြီးကျူး၊ ကျေးဇူးပြုပြီး ကြည့်ပါ "

အဘိုးအိုက သူ့ရဲ့ မုတ်ဆိတ်ကို ကိုင်ပြီး ချက်ချင်း ရှေ့ကိုတိုးသွားသည်။

သူက ကြွေပုလင်းကို စိုက်ကြည့်ပြီး သေသေချာချာ စစ်ဆေးနေသည်။

စွန်းရှို့ယိက ယန်းဟုန်ချိုက်မှ 'ဆရာကြီးကျူး'လို့ ခေါ်သံကို ကြားလိုက်တဲ့အခါ သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဒီရှေးဟောင်းပစ္စည်းလောကတွင် မျိုးရိုးအမည် 'ကျူး' ဆိုတာက အထူးတလည် ရှားပါးလေသည်။

ဖြစ်နိုင်ပါ့မလား ........

သူက တစ်ခုခုကို တွေးနေပုံရပြီးနောက် မေးလိုက်သည်။

" ဒါက ကောင်းကင်တံခါးဖွင့်နိုင်သူလို့ တင်စားကြတဲ့ ဆရာကြီး ကျူးဝမ်ခိုင် များလား "

ယန်းဟုန်ချိုက်က ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" မှန်ပါတယ်။ ဒါက ဆရာကြီးကျူးပါ "

ဆရာကြီးကျူးက စွန်းရှို့ယိကို ခေါင်းငြိမ့်ပြလိုက်ပြီး ရှေးဟောင်းပစ္စည်းနှစ်ခုကို ပြန်အာရုံစိုက်လိုက်သည်။

စွန်းရှို့ယိက အတည်ပြုပေးခံရပြီးတဲ့အခါ သူမျက်နှာက ချက်ချင်းဖြူဖျော့သွားခဲ့သည်။

လင်းကျွင်းကျွင်းက သူ့အမူအရာမှာ တစ်ခုခုလွဲမှားနေတာကို သတိပြုမိပြီး မေးလိုက်သည်။

" ဦးလေးစွန်း၊ ဒီဆရာကြီးကျူးက အရမ်းအစွမ်းထက်လို့လား "

စွန်းရှို့ယိ မထိန်းနိုင်ဘဲ ခါးသက်သက်သာ ပြုံးလိုက်ရသည်။

" ဆရာကြီးကျူးက ရှေးဟောင်းလောကရဲ့ အထင်ကရပုဂ္ဂိုလ်ပဲ။ သူက အံ့သြစရာကောင်းတယ်လို့ မထင်ဘူးလား "

" ဆရာကြီးမန်းဒုန်ဟိုင်းနဲ့ ယှဉ်ရင်ရော "

စွန်းရှို့ယိက သက်ပြင်းချလိုက်သည်။

" ဆရာကြီးမန်းက ကျုံးဟိုင်မှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမဲ့ ဆရာကြီးကျူးက ပြည်နယ်တစ်ခုလုံးမှာပါ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်လေ "

လင်းကျွင်းကျွင်း အံ့ဩတာကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

" ဆရာကြီးမန်းထက်တောင် တော်တာလား။ ဒါဆို ကျွန်မတို့ နိုင်နိုင်သေးရဲ့လား "

စွန်းရှို့ယိက မချိတင်ကဲပြုံးလိုက်သည်။

" ဆရာကြီးကျူးက သူ့အကွက်တွေကို စလုပ်နေပြီ။ ငါတို့ အနိုင်ရဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ဒီတစ်ခေါက် ရှေးဟောင်းရတနာအလုပ်ရုံက ပိုက်ဆံအများကြီး အကုန်အကျခံပြီး ဆရာကျူးကို ခေါ်လိမ့်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး "

ယဲ့ဖန်က စွန်းရှို့ယိပြောနေတာကို ကြားလိုက်သည်။

ထို့ကြောင့် ဆရာကြီးကျူးကို လှမ်းကြည့်လိုက်မိသည်။

နောက်ထပ် ဆရာကြီးလား။

သူက ပြောသလိုတကယ်ပဲ အစွမ်းထက်တာလား။

ယဲ့ဖန်က သံသယဝင်နေချိန်မှာပဲ ကျူးဝမ်ခိုင်က ရှေးဟောင်းပစ္စည်းနှစ်ခုကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီး ယန်းဟုန်ချိုက်ဘက်ကို လှမ်းခေါင်းငြိမ့်လိုက်သည်။

ယန်းဟုန်ချိုက်က ချက်ချင်းပဲ ရှေ့ကို လျှောက်သွားသည်။

" ဆရာကြီးကျူးက ဒီပစ္စည်းနှစ်ခုကို အကဲဖြတ်ပြီးပြီ။ တတိယတစ်ခုကရော ဘယ်မှာလဲ "

စွန်းရှို့ယိက ထိုစကားကိုကြားတော့ ချက်ချင်း ထိတ်လန့်သွားရသည်။

ထိုရှေးဟောင်းပစ္စည်းနှစ်ခု၏ ဇစ်မြစ်ကို ရှာဖွေရန် သူ တစ်ပတ်ကျော်ကျော် အချိန်ယူခဲ့ရသည်။

မရေမတွက်နိုင်တဲ့ သမိုင်းအထောက်အထားပစ္စည်းများကို ရှာဖွေကာ မိတ်ဆွေများစွာနဲ့လည်း တိုင်ပင်ပြီးတဲ့ နောက်ဆုံးမှာမှ နောက်ဆုံးအတည်ပြုချက်ကို ရရှိခဲ့တာဖြစ်သည်။

ဆရာကြီးကျူးက ဆယ်မိနစ်မပြည့်ခင်မှာဘဲ အကဲဖြတ်နိုင်မည်ဟု သူ ထင်မထားခဲ့ပေ။

ဒါက ကွာခြားချက်ပဲ။

" ငါတို့ နှစ်ခုပဲ ပြင် ........ "

သူ စကားပြောတော့မည့်အချိန်တွင် ယဲ့ဖန်က သူ့ကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

" ဆရာကြီးကျူး၊ ဒီနှစ်ခုကို အရင်အကဲဖြတ်ပါ။ ကျွန်တော်တို့ရဲ့ တတိယမြောက် ရှေးဟောင်းပစ္စည်းက အရမ်းရှားပါးတဲ့ပစ္စည်းမလို့ ဆရာကြီးက အရည်အချင်းပြည့်မီလားဆိုတာ ဆုံးဖြတ်ဖို့ ဒီနှစ်ခုအကဲဖြတ်တာကို အရင်ကြည့်ပါရစေဦး "

ထိုစကားကို ပြောပြီးတာနဲ့ အားလုံးရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွာသည်။

စွန်းရှို့ယိနှင့် လင်းကျွင်းကျွင်းတို့က သူ့ကို ကြောင်အစွာ စိုက်ကြည့်နေကြသည်။

ဒီတစ်ယောက် ရူးနေသလား။

ဆရာကြီးကျူးက ဂန္တဝင်ဆရာကြီးမန်းဒုန်ဟိုင်းထက်တောင် ကျော်ကြားတဲ့ ရှေးဟောင်းပစ္စည်းပညာရှင်ဆရာတစ်ယောက်ဖြစ်သည်။

ရှေးဟောင်းပစ္စည်းလောကတွင် အလွန်လေးစားခံရတဲ့ပုဂ္ဂိုလ်ဖြစ်သည်။

အဲ့တာကို ယဲ့ဖန်က အဲ့လိုလေသံနဲ့ တကယ်ကြီးပြောလိုက်တာလား။

ယန်းဟုန်ချိုက်၏ အမူအရာမှာလည်း အနည်းငယ်အကျည်းတန်သွားသည်။

ဆရာကြီးကျူးကို သူတို့ရဲ့ရှေးဟောင်းရတနာအလုပ်ရုံအတွက် ဖိတ်ကြားရန် အတော်လေး အားထုတ်ကြိုးပမ်းခဲ့ရသည်။

ယဲ့ဖန်၏စကားတွေက သူတို့ရဲ့ ရှေးဟောင်းရတနာအလုပ်ရုံမျက်နှာကို ပါးရိုက်လိုက်သလိုဖြစ်လေသည်။

ဒီလောက် ဘဝင်လေဟပ်နေတဲ့သူက မေပယ်ရွက်ရှေးဟောင်းဆိုင်ရဲ့ပိုင်ရှင် ဘယ်လိုဖြစ်လာတာလဲ။

မေပယ်ရွက်ရှေးဟောင်းဆိုင်ရဲ့ လွှမ်းမိုးနိုင်မှုကြောင့် သူ ဘာစကားမှ ပြန်မပြောဖြစ်ခဲ့ပေ။

သို့သော် သူ့နောက်ကွယ်မှ လူငယ်များကတော့ အများကြီးတွေးမနေကြဘဲ သူတို့အားလုံးက ယဲ့ဖန်ကို ဝေဖန်တိုက်ခိုက်ကြတော့သည်။

" မသိတတ်တဲ့ အငယ်တန်းအဆင့်ကများ။ မင်းက ဆရာကြီးကျူးကို ဘယ်လိုလေသံနဲ့ပြောနေတာလဲ။ မောက်မာလွန်းတဲ့ကောင် "

" ဒီလိုလူမျိုးက မေပယ်ရွက်ရှေးဟောင်းဆိုင်ရဲ့ပိုင်ရှင် ဘယ်လိုဖြစ်လာတာလဲ။ မေပယ်ရွက်ရှေးဟောင်းဆိုင်က နာမည်ကျော်ကြားမှုနဲ့ မကိုက်ညီဘူးလို့ ထင်ရတယ် "

" ဒီစကားတွေသာ သတင်းထွက်လာရင် မင်းရဲ့ မေပယ်ရွက်ရှေးဟောင်းဆိုင်က ရှေးဟောင်းပစ္စည်းလောကရဲ့ ဘုံရန်သူ ဖြစ်လာလိမ့်မယ် "

" ...................... "

All Chapters