← Chapters

အပိုင်း ၄၂၉-၄၃၂

Vol. 22 Ch. 429-432

အပိုင်း ၄၂၉-၄၃၂

Vol. 22 Ch. 429-432

အပိုင်း ( ၄၂၉ )

မတော်တဆ အချမ်းသာဆုံးလူဖြစ်လာခြင်း

တစ်ဖက်ရှိ ကျုံးဟိုင် ဂေါက်ရိုက်ကွင်းတွင်။

" ယဲ့ညီလေး၊ မင်း ဒီသေတ္တာကို ဘယ်ကရလာတာလဲ "

ချန်းချုံရှန်းက သေတ္တာကို အတော်ကြာကြည့်ပြီးနောက် ယဲ့ဖန်ကို ထူးဆန်းတဲ့အမူအရာဖြင့်ကြည့်လိုက်သည်။

ပစ္စည်းဟောင်းတစ်ခုမှန်း သူ သေချာပေါက် မြင်နေရသော်လည်း ဘာမှန်းမသိပေ။

" နျုံစစ်သွမ်းရဲ့လူတွေ လိုက်ခံရတုန်းကလေ။ မတော်တဆ လူသူပြတ်တဲ့ရွာတစ်ခုမှာ တွေ့ခဲ့တာ "

ဒါက စနစ်ရဲ့ လမ်းညွှန်မှုကြောင့် ရလာတာလို့ ယဲ့ဖန်မပြောနိုင်ပေ။

" မင်းရဲ့ကံကတော့ တကယ်ပဲ ...... "

ချန်းချုံရှန်းက ခံစားချက်အပြည့်နဲ့ သူ့ကိုကြည့်လိုက်သည်။

လိုက်ဖမ်းခံရရင်းနဲ့ သူက တကယ်ပဲ ရတနာတစ်ခုကို ကောက်ယူနိုင်ခဲ့တာလား။

ဒီကံတရားက ကောင်းကင်ကို အံတုနိုင်နေပြီလေ။

" ဒါက ဘာလဲ။ ဒီသေတ္တာရဲ့ ဇာစ်မြစ်ကို ပြောပြနိုင်လောက်လား "

ယဲ့ဖန်က ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ထပ်မရှင်းပြလိုတာကြောင့် ချက်ချင်း အကြောင်းအရာကို ပြောင်းပြောလိုက်သည်။

ချန်းချုံရှန်း ခေါင်းခါလိုက်သည်။

" ငါ့ရဲ့အမြင်အာရုံမကောင်းတာကို ခွင့်လွှတ်ပါ။ ဒါပေမယ့် ဒါဘာလဲဆိုတာ ငါ တကယ်ပဲမပြောနိုင်ဘူး "

လင်းကျွင်းကျွင်းက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။

" အထဲမှာ ဘာပါလဲဆိုတာ ဘာလို့မဖွင့်ကြည့်ကြတာလဲ "

ချန်းချုံရှန်းက ချက်ချင်း အကြံရသွားသည်။

" ဒီသေတ္တာမျိုးကို ယန္တရားသေတ္တာလို့လည်း ခေါ်တယ်။ အထဲမှာ စက်ယန္တရားတစ်ခုရှိတယ်။ အဲဒါကို အတင်းအကြပ်ဖွင့်လိုက်တာနဲ့ ယမ်းမှုန့်တွေ ထွက်လာပြီး သူ့ကိုယ်သူ ဖျက်ဆီးပစ်ဖို့ အလားအလာ အရမ်းများတယ် "

လင်းကျွင်းကျွင်း အံ့သြသွားသည်။

" ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ။ ဘယ်တော့မှ ဖွင့်လို့ မရတော့ဘူးလား "

ချန်းချုံရှန်း ခေါင်းခါလိုက်သည်။

" အဲ့လိုတော့လည်း ပြောလို့မရဘူး။ ယန္တရားသေတ္တာတွေကို လေ့လာတဲ့ ကျွမ်းကျင်ပညာရှင်တချို့ကို ငါသိတယ်။ သုတေသနအတွက် ကူညီပေးဖို့ သူတို့ကို ဖိတ်ခေါ်လို့ရတယ် "

ထိုစကားကို ပြောပြီးနောက် ဘေးသို့ သွားကာ ဖုန်းတွေခေါ်ပြီးတဲ့နောက် သူက ပြန်လျှောက်လာသည်။

" ကောင်းပြီ၊ သူတို့က ဒီကို လာနေကြတယ်။ ခဏလောက် စောင့်ကြရအောင် "

ထိုအခါမှ ကုန်းရှန်းဟုန်က သူတို့ဆီ လမ်းလျှောက်လာခဲ့သည်။

" ယဲ့ညီလေး၊ မင်း နျုံစစ်သွမ်းကို အနိုင်ယူပြီးတဲ့နေ့ကတည်းက ကျုံးဟိုင်ရဲ့ စီးပွားရေးလောကမှာ မင်းရဲ့နာမည်က သတင်းတိုးလာတယ်။ အဲ့တာအပြင် ဒီလို 'အခက်အခဲ' ကျော်ဖြတ်ပြီးတဲ့နောက် မင်းရဲ့ ကုမ္ပဏီတွေကလည်း ပိုပြီးနီးနီးကပ်ကပ်နဲ့ ချိတ်ဆက်လာတယ်။ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနေရာက အရမ်းကိုတိုးမြင့်လာမှာပဲ "

" အဲ့အကြောင်းကို ပြောရမယ်ဆိုရင် ဒီတစ်ခါတော့ အစ်ကိုတို့နှစ်ယောက်ကို တကယ်ပဲ ကျေးဇူးတင်ရမယ်။ ကျွန်တော့်ရဲ့ အန္တရာယ်အရှိဆုံးအချိန်တွေမှာ ပံ့ပိုးပေးခဲ့တဲ့အတွက် ဒီကျေးဇူးကို ကျွန်တော့်စိတ်ထဲနှလုံးသားထဲမှာ မှတ်ထားပါ့မယ် "

ချန်းချုံရှန်း မျက်လုံးပြူးသွားရသည်။

" မင်း ငါတို့ကို ဘာလို့ ဒီလောက် ယဉ်ကျေးရတာလဲ။ မင်းက ငါတို့ကို အပြင်လူလို ဆက်ဆံနေတာလား "

ကုန်းရှန်းဟုန်ကလည်း ခေါင်းငြိမ့်သည်။

" ဟုတ်တယ်၊ ထပ်မပြောနဲ့ "

ယဲ့ဖန် ပြုံးလိုက်သည်။

" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကျွန်တော့်အပြစ်ပါ။ ဒီညတော့ ကျွန်တော် ဒကာခံပါမယ်။ အစ်ကိုတို့ ကြိုက်တဲ့ နေရာရွေးလို့ရတယ် "

ကုန်းရှန်းဟုန် ချက်ချင်းလက်ခုပ်တီးလိုက်သည်။

" ဒါဆို ငါတို့ မင်းကို အပြတ်ဖြုတ်ပစ်ရမယ်။ ဒီအဖြစ်အပျက်ပြီးတဲ့နောက် မင်းရဲ့အသားတင်ဝင်ငွေက ပြန်တက်လာတယ်။ မင်းအခု ယွမ် ဘီလီယံ၅၀ တန်ကြေးရှိတယ်လို့ ခန့်မှန်းရတယ် "

" ဘာပြောလိုက်တာလဲ။ ဒီကလေးက အခု ကျုံးဟိုင်မှာ အချမ်းသာဆုံးဖြစ်နေပြီလား "

ချန်းချုံရှန်းသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

လင်းကျွင်းကျွင်းလည်း ထိတ်လန့်သွားသည်။

ကုန်းရှန်းဟုန် ခေါင်းငြိမ့်ပြလိုက်သည်။

" သူ့ကုမ္ပဏီတွေက အဆမတန် တန်ဖိုးတက်လာတော့ ဒီကလေးရဲ့ ကြွယ်ဝမှုက အရှိန်အဟုန်နဲ့ ထိုးတက်လာတယ်လေ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က စာရင်းဇယားတွေ လုပ်နေရင်း အံ့အားသင့်သွားရတာ "

ထိုစကားကို ကြားလိုက်တော့ ယဲ့ဖန်ကိုယ်တိုင်လည်း အရမ်းအံ့သြသွားရသည်။

" မတော်တဆ အချမ်းသာဆုံးလူဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး ....... "

ကျန်သုံးယောက်က သူ့ကို မျက်လုံးပြူးမျက်ဆန်ပြူး ကြည့်နေကြသည်။

ဒီစကားတွေက ဘာလို့ စိတ်အနှောက်အယှက်ဖြစ်ရတာလဲ။

မထင်မှတ်ဘဲ အချမ်းသာဆုံး သူဌေးဖြစ်သွားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။

အပြောက အရမ်းလွယ်နေတယ် မဟုတ်ဘူးလား။

ကုန်းရှန်းဟုန်က သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။

" ယဲ့ညီလေး၊ အခု လူချမ်းသာစာရင်းထဲဝင်ဖို့ စိတ်ဝင်စားပြီလား "

အကယ်၍ ယဲ့ဖန်သာ အဆင့်ထဲဝင်ရန် ဆန္ဒရှိပါက သူသည် ထိပ်ဆုံးသို့ တိုက်ရိုက်တက်သွားမည်ဖြစ်သည်။

ကျုံးဟိုင်တွင် ထပ်ပြီး ဆူနာမီဂယက် ဖြစ်ပွားနိုင်ချေရှိသည်။

သူက အသက် ၂၀ နဲ့ ကျုံးဟိုင်မှာ အချမ်းသာဆုံးဖြစ်လာသည်။

ဒါက လုံးဝကို ထိတ်လန့်စရာပါပဲ။

ယဲ့ဖန်က အဲ့တာကိုကြားပြီး ချက်ချင်း ခေါင်းယမ်းလိုက်သည်။

" မဟုတ်ဘူး၊ ကျွန်တော်က နိမ့်ကျတဲ့ သရုပ်မှန်ကို ထိန်းထားရမယ် "

ထိုစကားကိုကြားသောအခါ သုံးယောက်သား မျက်လုံးပြူးသွားရပြန်သည်။

ဒီတစ်ယောက်က မကြာသေးခင်ကပဲ ကျုံးဟိုင်မှာ အကြီးအကျယ် ပြဿနာတွေတက်ခဲ့တာဖြစ်သည်။

အခုဆိုလျှင် သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်က စီးပွားရေးအကျော်အမော် နျုံစစ်သွမ်းကိုတောင် ရှုံးနိမ့်သွားစေခဲ့သည်။

အဲ့တာကို မင်းက အခု နိမ့်ကျတဲ့သရုပ်မှန်ကို ထိန်းထားချင်နေတယ်လို့ ငါ့ကို ပြောနေတာလား။

လာနောက်နေတာလား။

ယဲ့ဖန်က ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။

တကယ်တော့ သူ့မှာ ငွေသား၊ ရှေးဟောင်းပစ္စည်း၊ ကျောက်စိမ်းနဲ့ တခြားပိုင်ဆိုင်မှုတွေ အများကြီးရှိပါသေးသည်။ အဲ့တာတွေကလည်း သေးငယ်တဲ့ ပမာဏ မဟုတ်ချေ။

အားလုံးကို ရေတွက်လိုက်ရင် ဘီလီယံ ၅၀ ကျော်လောက်ရှိမည်။

သို့သော်လည်း သူက အခုအချိန်မှာ နိမ့်ကျတဲ့သရုပ်မှန်ကို ထိန်းသိမ်းထားရန်က အမှန်တကယ် လိုအပ်နေတာဖြစ်သည်။

မကြာသေးမီက မီးမောင်းထိုးပြခံရခြင်းသည်လည်း ကောင်းသောကိစ္စမဟုတ်ပေ။

ကုန်းရှန်းဟုန်ကလည်း သူ့ဆုံးဖြတ်ချက်ကို လေးစားဖို့ကလွဲလို့ ရွေးချယ်စရာမရှိပါချေ။

သူက ချက်ချင်း အကြောင်းအရာကို ပြောင်းလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ဒီပညာရှင်တွေက ရောက်လာဖို့ နည်းနည်းကြာလိမ့်မယ်။ အရင်ဆုံး ကစားကြရအောင် "

ထိုသို့ပြောရင်း သူက ယဲ့ဖန်ဆီ သွားကာ ဂေါက်ရိုက်တံပေးလိုက်သည်။

ယဲ့ဖန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ဒါကို ဘယ်လိုကစားရမှန်း မသိဘူး "

ကုန်းရှန်းဟုန်က ဘာရှင်းပြချက်မှမရှိဘဲ ရိုက်တံကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။

" ကစားနည်းကို မသိရင် ပိုလေ့ကျင့်ရမှာပေါ့။ ကစားနည်းသိရင် ပျင်းဖို့ကောင်းသွားတယ်လေ "

တစ်ချိန်တည်းမှာပဲ သူက ချန်းချုံရှန်းကို အမြန်တစ်ချက်ကြည့်လိုက်သည်။

ချန်းချုံရှန်းကလည်း နားလည်ပြီး ချက်ချင်း အော်ပြောလိုက်သည်။

" ဟုတ်တယ်၊ ယဲ့ညီလေး။ ဘာပဲဖြစ်ဖြစ် ငါတို့ဒီကိုရောက်နေပြီဆိုမှတော့ ဒါကို အပန်းဖြေတဲ့အနေနဲ့ပဲ သဘောထားလိုက်ပါ "

ယဲ့ဖန်ကလည်း အကူအညီမဲ့နေစွာနဲ့ပဲ ဂေါက်တံယူကာ လမ်းလျှောက်လာခဲ့သည်။

" ကောင်းကောင်းမကစားနိုင်ရင် ခင်ဗျားတို့မရယ်ရဘူး "

ချန်းချုံရှန်းနှင့် ကုန်းရှန်းဟုန်တို့က လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။

" မရယ်ဘူး၊ လုံးဝမရယ်ဘူး "

ထိုမှသာ ယဲ့ဖန် စိတ်သက်သာသွားခဲ့သည်။

သူက ဂေါက်တံကို ဖမ်းကိုင်ကာ အစွမ်းရှိသမျှ ဘောလုံးကို ရိုက်လိုက်သည်။

သို့သော် သူ၏ ထောင့်နှင့် ခွန်အားကို ထိန်းချုပ်မှု ညံ့ဖျင်းတာကြောင့် လွဲချော်သွားခဲ့သည်။

ဂေါ့ဖ်ဘောလုံးက နေရာတွင်သာ ရှိနေသေးသည်။

" အဟားဟားဟားဟား၊ ဟားဟားဟား "

သူ့ကို မရယ်ဘူးလို့ ကတိပေးခဲ့တဲ့ ချန်းချုံရှန်းနဲ့ ကုန်းရှန်းဟုန်တို့က ချက်ချင်း ခေါင်းမော့ကာ အသားကုန်ရယ်ကြတော့သည်။

အဆုံးမှာတော့ မျက်ရည်တွေ ထွက်လာတဲ့အထိ ရယ်မောလိုက်ကြတယ်။

ယဲ့ဖန်ကလည်း မတတ်နိုင်ဘဲ သူ့မျက်လုံးတွေကို မှေးထားလိုက်သည်၊

" ခင်ဗျားတို့နှစ်ယောက် မရယ်ဘူးလို့ စောစောကပြောတယ်လေ "

ချန်းချုံရှန်းက မျက်ရည်တွေကို သုတ်လိုက်သည်။

" ယဲ့ညီလေး၊ မင်းသာ ဂေါ့ဖ်ကိုကောင်းကောင်းကစားနိုင်ရင် မင်းကို ဂြိုလ်သားဟုတ်မဟုတ် စစ်ဆေးဖို့ သုတေသနဌာနကို ပို့လိုက်မှာ "

ကုန်းရှန်းဟုန်ကလည်း ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်တယ်၊ မင်းရဲ့လုပ်ငန်းကျွမ်းကျင်မှုအကြောင်းကို မပြောနဲ့ မင်းရဲ့ ရှေးဟောင်းပစ္စည်းစွမ်းရည်ကလည်း ထိပ်တန်းပဲ။ မင်းက ကားမောင်းပြိုင်ရတာလည်း အရမ်းတော်တယ်လို့ ငါကြားထားတယ်။ ဂေါက်ကိုလည်း ကောင်းကောင်းကစားနိုင်ရင်တော့ လောကကြီးက တရားမျှတမှုမရှိတော့ဘူး "

ယဲ့ဖန်က နတ်ဆိုးဆန်စွာပြုံးလိုက်သည်။

" မပြောပါနဲ့၊ ကျွန်တော်ကလည်း သာမန်လူပါပဲ "

အဲဒါနဲ့ သူကဂေါက်တံကို ထပ်ရိုက်လိုက်သည်။

ဝှီး

ဂေါ့ဖ်ဘောလုံးက လေထဲတွင် ပြီးပြည့်စုံစွာ လည်သွားပြီး မီတာပေါင်းများစွာ အကွာအဝေးရှိတဲ့ တွင်းထဲသို့ ပြုတ်ကျသွားသည်။

ခွမ်း

ချန်းချုံရှန်း၊ ကုန်းရှန်းဟုန်နှင့် လင်းကျွင်းကျွင်းတို့ အားလုံး အံ့သြသွားကြသည်။

ယဲ့ဖန်စကားတွေက နားထဲမှာ ပဲ့တင်သံထပ်သွားသည်။

ကျွန်တော်လည်း သာမန်လူပါပဲ ........

ကျွန်တော်လည်း သာမန်လူပါပဲ ...............

ကျွန်တော်လည်း သာမန်လူပါ ........................

အပိုင်း ( ၄၃၀ )

ပြီးပြည့်စုံတဲ့ အမျိုးသမီးပရော်ဖက်ဆာ

ချန်းချုံရှန်းနှင့် ကုန်းရှန်းဟုန်တို့က ထိုမြင်ကွင်းကိုမြင်သောအခါ ယဲ့ဖန်ကို လူညစ်ကောင်ဟုသာ စိတ်ထဲက ဆဲရေးလိုက်ကြတော့သည်။

" ယဲ့ညီလေး၊ မင်းအရင်က ဂေါက်ရိုက်ဖူးတာလား "

ကုန်းရှန်းဟုန်က သူ့ကို နောက်ဆုံးသော မျှော်လင့်ချက်ဖြင့် ကြည့်နေသည်။

" မဟုတ်ပါဘူး၊ ဒါက ကျွန်တော် ပထမဆုံးအကြိမ် ကစားတာပါ "

ယဲ့ဖန်က လိမ်နေတာမဟုတ်ပေ။

သူ ချက်ချင်း အမှန်အတိုင်း ပြောလိုက်သည်။

" မင်းရဲ့ပထမဆုံးကြိုးစားမှုမှာ တစ်ချက်တည်းကျင်းဝင်တာ ရတာလား။ မင်း ငါတို့ကို နောက်နေတာလား "

ချန်းချုံရှန်း၏ မျက်နှာမှာလည်း တွန့်သွားရသည်။

ဒီလို ဖောက်ပြန်တဲ့ သင်ယူမှုစွမ်းရည်ကို သူ တစ်ခါမျှ မကြားဖူးချေ။

ယဲ့ဖန်လည်း သူ့ခေါင်းကို ကုတ်လိုက်ကာ မေးလိုက်သည်။

" ဒါ... အရမ်းခက်လို့လား "

" ဒါက ငါတို့ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ ဖန်ဘောလုံးတွေနဲ့ အတူတူပဲ။ မင်းရဲ့ ခွန်အားနဲ့ တိကျမှုကို မင်းထိန်းချုပ်ထားနိုင်သရွေ့တော့ ပြဿနာရှိမှာမဟုတ်ဘူး "

သူ့ခန္ဓာကိုယ်ကို စနစ်က ပြုပြင်ခဲ့လေသည်။

အဲ့ဒီနောက်မှာတော့ လေချွမ်လက်သီးသိုင်းကိုလည်း သင်ယူခဲ့သည်။

အဲ့ဒီနောက်မှာ သူ့ရဲ့စွမ်းရည်ကို ဆယ်နှစ်စာကျင့်စဉ်ဖြင့် စနစ်က ဆုအဖြစ် ပြုပြင်ပေးတိုးပေးခဲ့ပြန်သည်။

ထို့ကြောင့် ယဲ့ဖန်က သူ၏ခွန်အားကို နှစ်သက်သလို ထိန်းချုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ့အမြင်အာရုံတွေက ပိုလို့တောင် ထိတ်လန့်စရာကောင်းသေးသည်။

သူ့မျက်လုံးထဲတွင် မီတာများစွာ ကွာဝေးသော အပေါက်သေးသေးလေးက သူ့အမြင်မှာတော့ လက်တစ်လှမ်းစာသာရှိနေသလို မြင်နေရသည်။

ထို့ကြောင့် ပထမဆုံးတစ်ခါ ရိုက်ကြည့်ပြီးတဲ့နောက်

သူက လိုအပ်တဲ့ အင်အားနဲ့ထောင့်ကို ချက်ချင်း ရှာဖွေနိုင်ခဲ့သည်။

သူ့အမြင်အရတော့ ဒါက သာမန်ကိစ္စပဲဖြစ်သည်။

သို့သော် သူက အချက်တစ်ချက်ကို မေ့ထားခဲ့သည်။

အခြားသူများတွင် ထိုသို့သော အရည်အချင်းမျိုးမရှိပေ။

ယဲ့ဖန်က သူ့ရဲ့ ပထမဆုံး ကြိုးစားမှုမှာတင် ကျင်းဝင်အောင်ကို လုပ်နိုင်ခဲ့သည်။

ဒါက အတော်ကို ထိတ်လန့်စရာပါပဲ။

" ချန်းလူကြီး၊ သွားကြရအောင်။ ဒီလူလိမ်နဲ့ မကစားပါနဲ့ "

ကုန်းရှန်းဟုန်က ချန်းချုံရှန်းကို အမြန်ဆွဲခေါ်လိုက်သည်။

သူက ယဲ့ဖန်ကို ပြင်းပြင်းထန်ထန် မကျေမနပ်နဲ့ စိုက်ကြည့်နေသေးသည်။

ချန်းချုံရှန်းက ခေါင်းငုံ့ကာ သက်ပြင်းချနေသည်။

ဒီတစ်ယောက်နဲ့ အချိန်အတော်ကြာ ပေါင်းသင်းပြီးတဲ့နောက် သူနဲ့ပတ်သက်ရင် အရှုံးတွေချည်း ကြုံရမှာဖြစ်သည်။

ကံကောင်းထောက်မစွာနဲ့ သူနဲ့ ကုန်းရှန်းဟုန်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ အတော်ပင် အားကောင်းခဲ့သည်။

တခြားသူသာဆိုရင် သူတို့က နိမ့်ကျတယ်လို့ ခံစားရပြီး အသက်မရှင်နိုင်တာ ကြာလောက်ပြီဖြစ်သည်။

ဒီတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်းက ပုံမှန်မဟုတ်ကြောင်း သိသာထင်ရှားသည်။

ဒါက သာမန်လူတစ်ယောက်နဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ကြားက ကွာခြားချက်ပဲလား။

လင်းကျွင်းကျွင်းက စိတ်လှုပ်ရှားစွာ ပြေးလာသည်။

" ကြည့်ရတာ အရမ်းလွယ်မယ့်ပုံပဲ ကျွန်မလည်း သင်ချင်တယ်။ ကျွန်မကိုသင်ပေးပါ "

" ရတယ်လေ "

ယဲ့ဖန်က ဂေါက်ရိုက်တံကို သူမထံ ပေးလိုက်သည်။

ထို့နောက် ယဲ့ဖန်က သူမကို အနောက်ကနေ ပွေ့ဖက်ကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ လွှဲချက်ကို လမ်းညွှန်ပေးလိုက်သည်။

ချန်းချုံရှန်းနှင့် ကုန်းရှန်းဟုန်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

သူတို့၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ရှိနေသည်။

ဒီတစ်ယောက်က ဂေါ့ဖ်ကစားတာဖြင့် ဒါက ပထမဆုံးအကြိမ်ကို နည်းပြတစ်ယောက်အနေနဲ့ တကယ်ပဲ သင်ပေးနေတာလား။

တစ်ယောက်ကလည်း ရဲရဲဝံ့ဝံ့ သင်ပေးပြီး နောက်တစ်ယောက်က သင်ယူရဲသည်။

ခဏအကြာတွင် ချန်းချုံရှန်း ဖိတ်ခေါ်ထားသော ကျွမ်းကျင်သူများ နောက်ဆုံးတွင် ရောက်လာသည်။

" ဒါဟာ လုံးဝ မပျော်စရာမကောင်းဘူး။ ကျွန်မ မကစားတော့ဘူး "

လင်းကျွင်းကျွင်းက အတားအဆီးတွေကို မခံနိုင်တော့ဘဲ သူမ၏ သင်ကြားမှုကို လက်လွှတ်လိုက်တော့သည်။

ယဲ့ဖန်က ပထမဆုံး ကစားတာနဲ့ တစ်ပြိုင်နက်တည်း တစ်ကျင်းဝင်သွားခဲ့သည်ကို သူမမြင်လိုက်တာကြောင့် ဂေါက်ကစားရတာက လွယ်သည်ဟု သူမထင်ခဲ့သည်။

ဒါပေမယ့် ခဏလောက်ကစားပြီးနောက် ယဲ့ဖန်က သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာတော့ ကောင်းကောင်းကစားနိုင်ပေမယ့် လက်လွှတ်ချလိုက်တာနဲ့ ဂေါက်ဘောလုံးကိုတောင် ထိအောင် မရိုက်နိုင်ပေ။

ဂေါက်ကစားရတာ မလွယ်ဘူးဆိုတာ သိသာပါသည်။

သို့ပေမယ့် ယဲ့ဖန်လိုမျိုး လူညစ်တစ်ယောက်အတွက်တော့ အရမ်းလွယ်ကူနေသည်။

သူမအတွက်တော့ ကောင်းကင်ဘုံကို တက်ရသလို ခက်ခဲနေသည်။

ထို့အပြင် ယဲ့ဖန်က သူမကို သင်ပြတဲ့အခါ သူက သူမကို အနောက်ကနေ ပွေ့ဖက်ထားခဲ့သည်။

ပထမတော့ သူမ အများကြီး မတွေးထားပေ။

သို့သော် ထိုအနေအထားက အနည်းငယ် မူမမှန်နေမှန်း သတိထားမိလိုက်သည်။

အထူးသဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်ချင်း ထိလိုက်တဲ့အခါ သူမ ပိုလို့တောင် အဆင်မပြေသလို ခံစားရသည်။

သူမ၏ အာရုံစူးစိုက်မှု လွဲသွားသည်နှင့် တပြိုင်နက် ခံစားချက်က ပိုဆိုးရွားလာသည်။

ကံကောင်းထောက်မစွာဖြင့် ထိုကျွမ်းကျင်သူများရောက်ရှိလာခြင်းက သူမအား လွတ်မြောက်ရန် ဆင်ခြေပေးနိုင်ခဲ့သည်။

ယဲ့ဖန်က သူမနှင့် ဂေါက်ရိုက်ရတာကို စိတ်မ၀င်စားပေ။ ထို့ကြောင့် ကျွမ်းကျင်သူတွေ ရောက်လာတာနဲ့ ချက်ချင်းကြိုဆိုသည်။

ချန်းချုံရှန်းက သူတို့တွေကို ချက်ချင်းမိတ်ဆက်လိုက်သည်။

ထိုပညာရှင်များ၏ ဘိုးဘေးများက လက်သမားများ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ထူထောင်ရေးတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။

ယဲ့ဖန်အာရုံကို ဖမ်းစားနိုင်ဆုံးသူမှာ အသက်သုံးဆယ်ကျော် အမျိုးသမီး ကျွမ်းကျင်သူ ပရော်ဖက်ဆာ ချောင်ရှင်းယု ဖြစ်သည်။

တကယ်တော့ သူမက ကျုံးဟိုင်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာနမှ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သည်။

ပြောရလျှင် သူမက ယဲ့ဖန်၏ ဆရာမဟု ယူဆနိုင်သည်။

သို့သော် သူတို့က မတူညီသောဌာနတွေမှ ဖြစ်ကြတဲ့အပြင် ယဲ့ဖန်ကလည်း ကျောင်းတက်ခဲတာကြောင့် သူတို့ မတွေ့ဖြစ်ကြပေ။

ထိုအမျိုးသမီးက အတော်လေးလှသည်။

သူမက ချန်းရွှမ်နှင့် လင်းကျွင်းကျွင်းတို့လောက် လှသူမဟုတ်သော်လည်း အမျိုးသမီး ပါမောက္ခတွေကြားတွင် သူမက ကောင်းကင်ဘုံကို အံတုသောအသွင်အပြင်ဖြင့် တည်ရှိနေသည်မှာ သေချာသည်။

အထူးသဖြင့် သူမ အနက်ရောင် အနားကွပ်မျက်မှန်ကို ၀တ်ထားသောအခါ သူမက ပညာရှင်ဆန်သော ကိုယ်ရောင်ဝါကို သဘာဝအတိုင်း ပေါ်လွင်နေစေသည်။

တမူထူးခြားတဲ့မြင်ကွင်းဖြစ်သည်။

ဒါပေမဲ့ ဒါက ယဲ့ဖန်ရဲ့ အဓိက အာရုံစိုက်မှု မဟုတ်ပေ။

ချန်းချုံရှန်း မိတ်ဆက်ပေးတာကို သူက နားထောင်နေသည်။

ဒီဆရာမ ချောင်ရှင်းယုက ရှေးခေတ်ယန္တရားများကို နက်နဲစွာ နားလည်သူဖြစ်သည်။

ဟိုတလောက သူမဟာ စူးစမ်းလေ့လာရေးအဖွဲ့မှ ကြီးမားသော သင်္ချိုင်းအချို့သို့ လက်တွေ့ဆင်းခဲ့သည်။

ထောင်ချောက်များစွာကို သူမက ချိုးဖျက်ခဲ့သည်။

လေ့လာရေးအဖွဲ့အတွက် မလိုလားအပ်သော အသေအပျောက်များစွာကို လျှော့ချပေးနိုင်ခဲ့သည်။

" ချန်းလူကြီးမင်း၊ သေတ္တာကို အရင်ကြည့်ရအောင် "

ချောင်ရှင်းယုက ချန်းချုံရှန်း၏ မပြီးသေးတဲ့မိတ်ဆက်မှုကို စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။

ယန္တရားသေတ္တာကို လေ့လာခြင်းက လူမှုဆက်ဆံရေးထက် ပိုအရေးကြီးသည်ဟု သူမခံစားရသည်မှာ ထင်ရှားသည်။

ချန်းချုံရှန်းက ခါးသက်သက်ပြုံးပြီး ယန္တရားသေတ္တာကို ထုတ်လိုက်သည်။

ကျွမ်းကျင်ပညာရှင်အချို့ က ချက်ချင်း လာရောက်စစ်ဆေးကြသည်။

သို့သော်လည်း အခြားသော ကျွမ်းကျင်သူများက အဲ့တာကို အချိန်အတော်ကြာ လေ့လာပြီးတဲ့နောက် ကူကယ်ရာမဲ့စွာ ပြန်ဆုတ်သွားခဲ့သည်။

သူတို့ သဲလွန်စ ရှာမတွေ့တာ ရှင်းနေသည်။

ဆရာမ ချောင်ရှင်းယုကသာ အတွေးနက်နေသေးတာဖြစ်သည်။

ခဏအကြာတွင် သူမက ယဲ့ဖန်ကို ရုတ်တရက်ကြည့်လိုက်သည်။

" ဒီယန္တရားသေတ္တာကို မင်းဘယ်ကရခဲ့တာလဲ "

သူမ၏မျက်လုံးထဲတွင် ဂုဏ်သိက္ခာအရိပ်အမြွက် ပေါ်လာသည်။

သူ့လေသံက ရာဇ၀တ်ကောင်ကို စစ်ဆေးမေးမြန်းနေသလိုမျိုး ပိုခံစားရစေသည်။

ယဲ့ဖန် အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း သူက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

" လယ်သမားဟောင်းတစ်ယောက်ဆီက ဝယ်ခဲ့တာ "

" တကယ်လား "

ချောင်ရှင်းယုက သူ့ကို မယုံပေ။

ယဲ့ဖန်က နောက်ဆုံးမှာ သူ့ဒေါသကို မထိန်းနိုင်တော့ပေ။

" ဒါက ခင်ဗျား စိုးရိမ်သင့်တဲ့အရာလား။ ဖွင့်ဖို့ပဲ အကူအညီတောင်းဆိုခဲ့တာ။ ဖွင့်နိုင်ရင် ကျေးဇူးပြုပြီး ဖွင့်ပါ။ မဖွင့်နိုင်ရင် ထားခဲ့ပါ "

ချန်းချုံရှန်းက သူတို့နှစ်ဦး အနည်းငယ် ဒေါသထွက်သွားသည်ကို မြင်လိုက်ရပြီး ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် အမြန်ထွက်လာခဲ့သည်။

" ဆရာမချောင်၊ ယဲ့ဖန်က ဒါကို မတော်တဆ ဝယ်ခဲ့တာပါ။ တရားမဝင်နည်းလမ်း မဟုတ်ပါဘူး၊ စိတ်မပူပါနဲ့ "

ချောင်ရှင်းယုသည် ချန်းချုံရှန်းကို ယုံကြည်ပုံရသည်။

တခြားဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ သစ်သားသေတ္တာကို ခေါက်လိုက်သည်။

ထို့နောက် သူမသည် တစ်ဖက်ကို ဆက်၍ခေါက်သည်။

ယဲ့ဖန် အနည်းငယ် မကျေမနပ်ဖြစ်နေသည်။

" သတိထားပါ၊ အဲဒါကို မချိုးပါနဲ့ "

သူစကားမဆုံးခင်မှာချောင်ရှင်းယုက အကြောင်းတစ်ခုခုကြောင့် ဆက်ခေါက်နေခဲ့သည်။

ဖောက်

ယဲ့ဖန်ကို အချိန်အတော်ကြာအောင် နှောက်ယှက်ခဲ့တဲ့ သစ်သားသေတ္တာက တကယ်ပဲ ပွင့်သွားခဲ့သည်။

အပိုင်း ( ၄၃၁ )

ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အတင်းတွန်းအားပေးခြင်း

သစ်သားသေတ္တာကို ဖွင့်လိုက်သည်နှင့် ရှိနေသူအားလုံး အသက်ရှုကြပ်သွားကြသည်။

သူတို့မျက်လုံးတွေက သစ်သားသေတ္တာကို စူးစိုက်ကြည့်နေကြပြီး အတွင်းထဲမှာ ဘာတွေပါလဲဆိုတာကို မြင်ချင်နေကြသည်။

သို့သော် သစ်သားသေတ္တာအတွင်းမှ ပစ္စည်းကို အဝါရောင်ပိုးသားဖြင့် ထုပ်ပိုးထားသောကြောင့် ၎င်းတို့သည် မည်သည့်အရာဖြစ်သည်ကို မမြင်နိုင်ပေ။

ချောင်ရှင်းယုက ချက်ချင်း သူမ၏အိတ်ကပ်ထဲမှ အဖြူရောင် လက်အိတ်တစ်စုံကို ထုတ်ယူလိုက်သည်။

ဝတ်ပြီးတဲ့နောက် သေတ္တာအတွင်းမှ အဝါရောင်ပိုးသားဖြင့် ထုပ်ထားသော အရာကို သေသေချာချာ ထုတ်ယူလိုက်သည်။

ထို့နောက် အဝါရောင်ပိုးသားအလွှာကို အလွှာလိုက် ဖယ်ထုတ်နေသည်။

လူတိုင်းရဲ့ နှလုံးသားမှာလည်း အသည်းယားလာတော့သည်။

နောက်ဆုံးအလွှာကို ဖယ်ရှားပြီးသည့်အခါ အတွင်းမှ အသွင်အပြင်အစစ်အမှန်က ပေါ်ထွက်လာသည်။

တကယ်တော့ အဲ့ဒါက ကျောက်စိမ်းတံဆိပ်ဖြစ်သည်။

ကျောက်စိမ်းတံဆိပ်သည် လက်ဖက်ရည်ခွက် အရွယ်ခန့်ရှိသည်။

ကျောက်စိမ်းတံဆိပ်က စတုရန်းပုံသဏ္ဍာန်ရှိပြီး ၎င်းပတ်ပတ်လည်တွင် နဂါးပုံသဏ္ဍာန် ဖောင်းကြွထွင်းထုထားသည်။

လက်ရာကလည်း အလွန်လက်ရာပြောင်မြောက်သည်။

သို့သော် ကျောက်စိမ်းအရည်အသွေးကတော့ သိပ်မကောင်းမွန်လှပေ။

ကျောက်စိမ်းပြင်ပေါ်၌ မဖြတ်မတောက်ထားသော ကျောက်စိမ်းအပိုင်းအစများစွာလည်း ရှိနေသည်။

ယဲ့ဖန်၊ ချန်းချုံရှန်း၊ ချောင်ရှင်းယုနှင့် ကျန်တဲ့သူများ အားလုံးက ရှေးဟောင်းပစ္စည်းနှင့် ကျောက်စိမ်းပိုင်းတွင် ထူးချွန်သူများ ဖြစ်ကြသည်။

သို့ပေမဲ့ ကျောက်စိမ်းတံဆိပ်ကို မြင်သောအခါ အားလုံးက မျက်မှောင်ကြုတ်သွားကြသည်။

နည်းလမ်းတကျပြောရလျှင် တော်ဝင်မိသားစုတွေက ကျောက်စိမ်းတံဆိပ်တုံးတွေလုပ်တဲ့အခါ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းပစ္စည်းတွေကို ရွေးချယ်လေ့ရှိကြသည်။

သို့သော် ဒီကျောက်စိမ်းတံဆိပ်ကတော့ ကြမ်းတမ်းပြီး အရည်အသွေးကလည်း အလွန်ဆိုးရွားလှသည်။

ဒါက မဖြစ်သင့်ဘူးလေ။

အတုများ ဖြစ်နေမလား။

ချောင်ရှင်းယုသည် ကျောက်စိမ်းတံဆိပ်ကို လှန်လိုက်သည်။

ထိုကျောက်စိမ်းပေါ်တွင် ရေးထွင်းထားသည့် စကားလုံးများကို သူမ မြင်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားရသည်။

ယဲ့ဖန်နှင့် ချန်းချုံရှန်းတို့က ခပ်ဝေးဝေးတွင် ရပ်နေကြတာကြောင့် စကားလုံးများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

" ဆရာမချောင်၊ အဲ့ဒီမှာ ဘာရေးထားတာလဲ "

ချောင်ရှင်းယုက သူတို့နှစ်ယောက်ကို ကြောင်အအကြည့်ရင်း ပြောသည်။

" ဧကရာဇ်နတ်ဘုရားမ ........ "

ထိုစကားကို ပြောနေရင်း သူမအသံက တုန်လှုပ်နေသည်။

" ဧကရာဇ်နတ်ဘုရားမလား။ ဘယ်သူလဲ "

ယဲ့ဖန် အံ့သြသွားသည်။

ချန်းချုံရှန်းက ချက်ချင်း သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

" မင်းရဲ့ သမိုင်းအတန်းကို ကာယပညာဆရာက သင်ပေးခဲ့တာလား။ ဧကရာဇ်နတ်ဘုရားမက ဝူကျယ်ထျန်းလေ .......... "

သူ့ရှင်းပြချက် တစ်ဝက်တစ်ပျက်မှာ ယဲ့ဖန်က ရုတ်တရက် တုံ့ပြန်ခဲ့သည်။

" ဘာလဲ၊ ဝူကျယ်ထျန်းလား "

မယုံကြည်နိုင်စွာ ပြေးသွားကာ ကျောက်စိမ်းတံဆိပ်ကို ယူကြည့်လိုက်သည်။

ထိုစကားလုံးများကို မြင်တဲ့အခါ လက်တွေတုန်ပြီး တံဆိပ်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ချောင်ရှင်းယုလည်း အံ့သြသွားရသည်။

အဲ့တာက ဝူကျယ်ထျန်း၏ ကျောက်စိမ်းတံဆိပ်အစစ် ဖြစ်ခဲ့လျှင် တန်ဖိုးက တိုင်းတာ၍တောင် မရပေ။

ဒီအတိုင်း ကျိုးသွားရင် အပြစ်ဖြစ်လိမ့်မည်။

ယဲ့ဖန်ကတော့ ပြုတ်ကျမတတ်ဖြစ်တာကို အနည်းငယ်သာ အံ့သြသွားသည်။

သူက အမြန်ပဲ ပြန်တည်ငြိမ်သွားသည်။

သူက ဒီလိုရှေးဟောင်းပစ္စည်းတွေကို ရင်းနှီးနေပြီးဖြစ်သည်။

ထူးထူးခြားခြား ဘာမှမရှိဘူးလို့ သူ ခံစားမိသည်။

ထို့အပြင် သူ့တွင် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံလည်း ရှိသေးသည်။

ဝူကျယ်ထျန်းရဲ့ ကျောက်စိမ်းတံဆိပ်တစ်ခုအတွက်နဲ့ အံ့အားသင့်ရမယ့်ကိစ္စများ ရှိလို့လား။

ချန်းချုံရှန်း၊ ချောင်ရှင်းယုနဲ့ တခြားသူတွေက ယဲ့ဖန်ရဲ့ ဘာသိဘာသာမျက်နှာပေးကို မြင်လိုက်တဲ့အခါ အလွန်စိတ်မသက်မသာဖြစ်သွားကြသည်။

" ဆရာမချောင်၊ ဒီကျောက်စိမ်းတံဆိပ်က အစစ်လား "

ချန်းချုံရှန်းက ချောင်ရှင်းယုကို စကားပြောတဲ့အခါ အလွန်လေးစားပုံပေါ်နေသည်။

ကျောင်းသားတစ်ယောက်ရဲ့ လေသံဖြင့် မေးလိုက်သည်။

ချောင်ရှင်းယုက ကျောက်စိမ်းတံဆိပ်ကို ကိုင်ထားပြီး အချိန်အတော်ကြာ စေ့စေ့စပ်စပ်ကြည့်ကာ ပြန်ဖြေပေးသည်၊

" ဒါက တကယ်ပဲ ဝူကျယ်ထျန်းရဲ့ ကျောက်စိမ်းတံဆိပ်ပါ "

ချန်းချုံရှန်းက အလွန်ဝမ်းသာသွားသည်။

သူက လှည့်ပြီး ယဲ့ဖန်ရဲ့လက်ကို လှမ်းဆွဲလိုက်သည်။

" ယဲ့ညီလေး၊ ဒီကျောက်စိမ်းတံဆိပ်ကို ငါတို့ Sotheby ရဲ့ တောင်ပိုင်းကွမ်တုန်းဌာနခွဲမှာ လေလံတင်လိုက်။ စံချိန် ချိုးဖျက်နိုင်မယ်လို့ ယုံကြည်တယ် "

" ဘယ်လောက်နဲ့ ရောင်းနိုင်မယ်ထင်လဲ "

လင်းကျွင်းကျွင်းက ကမန်းကတန်း မေးလိုက်သည်။

ချန်းချုံရှန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" ဒီလို သမိုင်းဝင်ရတနာက အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ အနည်းဆုံး ၁ ဘီလီယံလောက်တော့ တန်မယ်လို့ ခန့်မှန်းရတယ် "

သူ့အသံက တုန်နေသည်။

သူ့ကို ဒီလို အရမ်းစိတ်လှုပ်ရှားစေမယ့် ရတနာတစ်ခုကို မတွေ့ရတာ အတော်ကြာနေပြီဖြစ်သည်။

ကုန်းရှန်းဟုန်၊ လင်းကျွင်းကျွင်းနဲ့ တခြားသူတွေက သူ့စကားကြားတော့ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

၁ ဘီလီယံကျော်လား။

အဲ့လောက်တောင်ကြီးက ဟုတ်ရော ဟုတ်ရဲ့လား။

သေးငယ်တဲ့ ကျောက်စိမ်းတံဆိပ်လေးကို တစ်ဘီလီယံနဲ့ တကယ်ပဲ ရောင်းနိုင်ပါ့မလား။

သို့သော် တွေးကြည့်တဲ့အခါ ဒါက ဝူကျယ်ထျန်း၏ တံဆိပ်ဖြစ်လေသည်။

သူမက တရုတ်ပြည်သမိုင်းတွင် တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ်ဖြစ်သည်။

သူမ၏ သမိုင်းဆိုင်ရာ အရေးပါမှုက အလွန်ထင်ရှားလေသည်။

သူတို့ စိတ်ထဲတွင် ယဲ့ဖန်ကို အော်ဟစ်ဆဲရေးနေကြသည်။

ဒီတစ်ယောက်က ပေါ့ပေါ့တန်တန် အကွက်တစ်ခုရွှေ့လိုက်တာနဲ့ ၁ ဘီလီယံတန်တဲ့ အရာတစ်ခုကို လက်ဝယ်ရလိုက်သည်။

တကယ့်ကို မနာလိုဖြစ်စရာပဲ။

ထိုအချိန်တွင် သဘောထားကွဲလွဲသော အသံတစ်ခု ထွက်ပေါ်လာသည်။

" ကျောင်းသားယဲ့၊ ဒီလို အဖိုးတန်တဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို တိုင်းပြည်ဆီ လွှဲပြောင်းပေးသင့်တယ်လို့ ထင်တယ် "

ချောင်ရှင်းယုက ယဲ့ဖန်ကို ရိုးရိုးသားသားကြည့်နေသည်။

ယဲ့ဖန်က သူ့နှာခေါင်းကို ထိလိုက်သည်။

" နိုင်ငံကို လွှဲပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ "

ချောင်ရှင်းယုက မျက်မှောင်ကြုတ်လိုက်သည်။

သူမသည် ကျော်ကြားမှုနှင့် ကံကြမ္မာကို အမြဲတမ်း ဂရုမစိုက်ဘဲ ကိုယ်ကျိုးအကြောင်းပြောသူများကို မုန်းတီးခဲ့လေသည်။

သို့သော် လောလောဆယ်တွင် ထိန်းထားရုံကလွဲလို့ ရွေးချယ်စရာမရှိပေ။

" တိုင်းပြည်က မင်းကို ထိုက်သင့်တဲ့ဆုကြေးငွေ ပေးမှာပါ။ ဒီလောက် အများကြီးတော့မဟုတ်ပေမယ့် ပမာဏတစ်ခုအနေနဲ့တော့ ရှိပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မင်းကို ဂုဏ်ပြုလက်မှတ်လည်း ထုတ်ပေးလိမ့်မယ် ........ "

အားလုံးက သူမစကားကြားတော့ သူတို့မျက်နှာပေါ်က အပြုံးတွေကို မျိုသိပ်ထားကြသည်။

လက်မှတ်တစ်ခုရဖို့ ၁ ဘီလီယံတန်ဖိုးရှိတဲ့ ရတနာတစ်ခုကို စွန့်လွှတ်လိုက်ဖို့ တောင်းဆိုနေတာလား။

ဒီဆရာမချောင်က တကယ်ကို နုံအပြီး ချစ်ဖို့ကောင်းတာပဲ။

ယဲ့ဖန်က ပြုံးတောင် မပြုံးပေ။

သူက ချောင်ရှင်းယုကို လေးလေးနက်နက် ကြည့်နေသည် ။

" ဒါဆိုရင်ရော ဘယ်လိုလဲ။ အစ်ကိုချန်းကို အရင် လေလံတင်ခိုင်းလိုက်မယ်။ ဘယ်သူကမှ မဝယ်ရင် တိုင်းပြည်ကို လွှဲပေးဖို့ စဉ်းစားမယ် "

သူသည် ချောင်ရှင်းယုကို မျက်နှာသာပေးလိုက်တာဖြစ်သည်။

သူမကို ချန်းချုံရှန်းမှ မိတ်ဆက်ခဲ့တာဖြစ်သည့်အပြင် ယန္တရားသေတ္တာကိုလည်း ဖွင့်ရန် သူမက ကူညီပေးခဲ့သည်။

ထို့ကြောင့် သူမကို မျက်နှာသာ ပေးခဲ့ရသေးသည်။

ဘယ်သူကမှ မဝယ်ရင် တိုင်းပြည်ကို လွှဲအပ်တဲ့ကိစ္စက ပေါ့ပေါ့ပါးပါးပြောလိုက်တဲ့ မှတ်ချက်တစ်ခုမျှသာဖြစ်သည်။

ဒီလောက် အဖိုးတန်တဲ့ရတနာကို ဘယ်သူမျှ မဝယ်ဘဲနေမှာလဲ။

ပေါ်လာတာနဲ့ တပြိုင်နက် လူတွေက လက်ဝယ်ရဖို့ ရန်တောင်ဖြစ်လိမ့်မယ် မဟုတ်လား။

သူမကို ဖယ်ဖို့ ကြိုးစားနေမှန်း ချောင်ရှင်းယုသိသော်လည်း သူမ အနည်းငယ် မကျေမနပ် ဖြစ်နေသေးသည်။

" ကျောင်းသားယဲ့၊ အထက်တန်းအဆင့်ပညာကို သင်ကြားပြီးတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အခြေအနေကို ခြုံငုံပြီး ဦးစားပေးသင့်တယ်လို့ ထင်တယ် ........ "

ယဲ့ဖန်က သူမစကားဆုံးအောင် မစောင့်ဘဲ ချက်ခြင်း ဖြတ်ပြောလိုက်သည်။

" ဆရာမချောင်၊ ဒါက ကိုယ်ကျင့်တရား အတင်းတွန်းအားပေးမှုလို့ ယူဆပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ အခွန်ပေးဆောင်ရမှာက ကျွန်တော့်ရဲ့တာဝန်ပါ။ အဲ့တာကလွဲရင် ခင်ဗျားမှာ ဝေဖန်ပိုင်ခွင့်မရှိဘူး "

" ကိုယ်ကျိုးမဖက်ဘဲ လှူဒါန်းဖို့ဆန္ဒရှိတဲ့ ခင်ဗျားရဲ့ စရိုက်ကောင်းကို လေးစားပါတယ်။ ဒါပေမယ့် အတင်းတွန်းအားပေးတဲ့ ဘယ်ပုံစံကိုမဆို ကျွန်တော် ငြင်းဆိုပါတယ် "

" မင်း ......... "

ချောင်ရှင်းယုသည် ယဲ့ဖန်၏ အစွမ်းထက်သော ကိုယ်ရောင်ဝါကို ရင်ဆိုင်ရတဲ့အခါ စကားလုံးများ ပျောက်ရှသွားခဲ့ရသည်။

အပိုင်း ( ၄၃၂ )

ခင်ဗျားက နျုံစစ်သွမ်း၊ ခင်ဗျားမိသားစုကလည်း နျုံစစ်သွမ်း

ချန်းချုံရှန်းသည်လည်း ချောင်ရှင်းယု၏ တောင်းဆိုချက်က လွန်လွန်းသည်ဟု ခံစားမိသည်။

၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ရတနာကို လှူဖို့ သူမက ဘယ်လိုတောင် တောင်းဆိုရဲရတာလဲ။

သို့သော် သူမကို ဖိတ်ခေါ်ထားရသောကြောင့် သူမကို အရှက်မခွဲနိုင်ပေ။

သူက လေထုကို သက်တောင့်သက်သာဖြစ်စေရန် အလျင်စလိုဝင်ပြောလိုက်သည်။

" ဟားဟားဟား၊ ဆရာမချောင်။ သူ့လိုလူနဲ့ လိုက်ပြောမနေပါနဲ့။ သူ့က ဒေါသထွက်လွယ်တဲ့သူ "

ချောင်ရှင်းယုက ယဲ့ဖန်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

" မင်းက ဒီလောက် လောဘကြီးတဲ့သူမှန်း ငါသိရင် မင်းကို ကူညီမှာတောင် မဟုတ်ဘူး "

အဲ့ဒီနောက် ကျောက်စိမ်းတံဆိပ်ကို ချလိုက်ပြီး လှည့်ထွက်သွားသည်။

အခြေအနေက အတော်လေး ကြောင်အအနိုင်သည်။

ချန်းချုံရှန်းက ယဲ့ဖန်ကို ကြည့်ရင်း ခါးသက်သက် ပြုံးလိုက်သည်။

" ယဲ့ညီလေး၊ ငါလည်း ဒီလိုမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ မင်း ငါ့ကို အပြစ်မတင်ဘူးမဟုတ်လား "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

" ဒါက အစ်ကိုနဲ့ ဘာဆိုင်လို့လဲ။ ဒီသေတ္တာကို ဖွင့်ဖို့ ကူညီပေးလို့ အရမ်းကျေးဇူးတင်ပါတယ် "

ချန်းချုံရှန်းက ကျောက်စိမ်းတံဆိပ်ကို တစ်ချက်ကြည့်လိုက်သည်။

" ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီကျောက်စိမ်းတံဆိပ်က တကယ့်ကို ရှားပါးရတနာလေ။ ရောင်းရတာ နှမြောစရာပဲ ......... "

ယဲ့ဖန် ခဏလောက်စဉ်းစားလိုက်သည်။

" ဒါဆို အခုလောလောဆယ်တော့ သိမ်းထားလိုက်ရအောင်။ အဲ့တာကို ကျွန်တော့်မေပယ်ရွက်ဆိုင်ရဲ့ ရတနာအဖြစ် ထားမယ်ဆိုလည်း မဆိုးဘူးဘဲ "

ချန်းချုံရှန်းနှင့် အခြားသူများ စကားမပြောနိုင်ကြတော့ပေ။

ဆိုင်၏ရတနာအဖြစ် အလွန်အဖိုးတန်သော ဝူကျယ်ထျန်း၏ ကျောက်စိမ်းတံဆိပ်ကို အသုံးပြုထားသည်။

ယဲ့ဖန် ကဲ့သို့သော သူဌေးကြီးတစ်ဦးကသာ ဒီလိုအရာကို လုပ်နိုင်တာဖြစ်သည်။

ဒီရတနာတွေ ထွက်ပေါ်လာတဲ့အခါ ကျုံးဟိုင်ရဲ့ ရှေးဟောင်းပစ္စည်းလောကကြီးတစ်ခုလုံး တုန်လှုပ်သွားပေဦးမည်။

ဒီခရီးစဉ်အတွက် ယဲ့ဖန်၏ပန်းတိုင်က ပြီးသွားပြီဖြစ်သည်။

သူဆက်နေဖို့ အစီအစဉ်မရှိပေ။

သူတို့နှစ်ယောက်ကို နှုတ်ဆက်ခါနီးတွင် ချန်းရွှမ်ဆီမှ ရုတ်တရက် ဖုန်းဝင်လာသည်။

" ရှောင်ဖန်၊ နင် အခုဘယ်မှာလဲ "

" ကိုယ်က အစ်ကိုချန်း၊ အစ်ကိုကုန်းတို့နဲ့ ဂေါက်ကွင်းမှာ "

" ကွင်းမှာစောင့်။ အခု လာရှာလိုက်မယ် "

" ငါတို့ရောက်ရင် စကားပြောရအောင် ........ "

ဖုန်းချလိုက်ပြီးနောက် ယဲ့ဖန် အနည်းငယ် စိတ်ရှုပ်သွားသည်။

ချန်းရွှမ်က အနည်းငယ် စိုးရိမ်နေပုံရသည်။

ဒုက္ခရောက်နေပြန်ပြီလား။

နျုံစစ်သွမ်း၏အခက်အခဲကို ဖြေရှင်းပြီးတာတောင် ဒီလောက်အချိန်တိုအတွင်းမှာ သူ့ကို ဘယ်သူက ပြဿနာရှာရဲတဲ့ သတ္တိရှိမှာလဲ။

ထို့နောက် သူက ချန်းချုံရှန်းတို့ ခဏကြာ စကားပြောခဲ့သည်။

ထို့နောက် ချန်းရွှမ် ပြေးလာသည်ကို သူမြင်လိုက်ရသည်။

အလျင်စလို မတ်တပ်ထရပ်ပြီး သူ့ကို နှုတ်ဆက်ဖို့ လျှောက်သွားသည်။

ချန်းရွှမ်က အမြန်ပြေးလာသောကြောင့် ချွေးပျံနေသည်။

ဆံပင်အနည်းငယ်က နဖူးမှာကပ်နေသည်။

ယဲ့ဖန်က သူ့ဆံပင်တွေကို သေသေချာချာ ဖြီးပေးလိုက်သည်။

" ဘာဖြစ်တာလဲ။ ဘာလို့ ဒီလောက်အရေးတကြီး ဖြစ်နေရတာလဲ "

ယဲ့ဖန်အမြင်အရတော့ ဆံပင်သပ်ပေးတဲ့လုပ်ရပ်ဟာ ကျိုးကြောင်းဆီလျော်ပြီး ဘာအမှားမှ မရှိချေ။

သို့သော် အခြားသူများ၏အမြင်တွင်တော့ အဲ့တာက လေးနက်သောအဓိပ္ပာယ်ရှိသည်။

ချန်းချုံရှန်းနှင့် ကုန်းရှန်းဟုန်တို့က ထူးဆန်းသောအမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

" ကြည့်ရတာ ဒီနှစ်ယောက်က တော်တော်ကို ခင်မင်နေကြတဲ့ပုံပဲ "

" ဟုတ်တယ်၊ မဟုတ်ရင် ယဲ့ဖန်က ဒီလို ရင်းနှီးတဲ့လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ဘူး "

" ဟူး၊ ငါတို့ ကျုံးဟိုင်စီးပွားရေးလောကရဲ့ နတ်ဘုရားမက ဒီကလေးရဲ့ သွေးဆောင်မှုကို ခံလိုက်ရပြီ။ လူတော်တော်များများ သိရင် အတော်ကို ဝမ်းနည်းသွားကြမယ်ထင်တယ် ဟုတ်တယ်မလား "

" သတင်းတွေ ပျံ့သွားရင်တော့ ဒီကလေးနဲ့ သေတဲ့အထိ တိုက်မယ့်သူတွေ အများကြီးရှိလောက်မယ် "

" ဟားဟားဟား .......... "

နှစ်ယောက်သား တမင်တကာ အသံမလျှော့ဘဲ ပြောနေကြသည်။

ချန်းရွှမ်၏မျက်နှာက စနောက်ခံနေရတာကြောင့် နီရဲလာသည်။ ရှက်တာကြောင့် ယဲ့ဖန်အနောက်မှာ ပုန်းနေလိုက်သည်။

ယဲ့ဖန်ကတော့ အရေထူလေသည်။ သူက ကုန်းရှန်းဟုန်တို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။

" ခင်ဗျားတို့နှစ်ယောက်က ဘာတွေ မနာလိုနေတာလဲ "

သူက စကားပြောနေရင်း သူ့လက်ကို ချန်းရွှမ်၏ပခုံးပေါ်သို့ တုံ့ဆိုင်းမနေဘဲ တင်လိုက်သည်။

နှစ်ယောက်သား ချက်ချင်း မျက်လုံးပြူးသွားကြသည်။

" မင်းရဲ့အချစ်ကို အပြလွန်ပြီး မြန်မြန်သေလိမ့်ဦးမယ် "

လို့ ချဉ်ချဉ်နဲ့ ပြောလိုက်သည်။

သူတို့ကတော့ နောက်ပြောင်နေကြပေမဲ့ ဘေးတွင်ရပ်နေသော လင်းကျွင်းကျွင်းက အနည်းငယ် စိတ်ဓာတ်ကျသွားသည်ကို ဘယ်သူမှ သတိမထားမိလိုက်ပေ။ သူမက ဘေးနားကို တိတ်တဆိတ် ရှောင်နေလိုက်သည်။

" ကိုယ့်ကို ဘာလို့ရှာနေတာလဲ "

ယဲ့ဖန်က ကြွားပြီးတာနဲ့ အရေးကြီးတဲ့ကိစ္စကို သတိရပြီး ချန်းရွှမ်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

" ဒီလိုပါ၊ နဂါးတိုင်းပြည်အိမ်ခြံမြေဆွေးနွေးပွဲက ဖိတ်ကြားတာကို ရထားတယ်။ တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာရှိတဲ့ ပင်းဟိုင်မြို့မှာကျင်းပမယ့် အိမ်ခြံဆွေးနွေးပွဲမှာ တက်ရောက်ဖို့ ဖိတ်ခေါ်ထားပြီးတော့ ကုမ္ပဏီအသစ်တစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ မိန့်ခွန်းပြောရမယ်တဲ့ "

ချန်းရွှမ်က ဖြစ်အင်များကို ချက်ချင်းရှင်းပြသည်။

ချန်းချုံရှန်းနှင့် ကုန်းရှန်းဟုန်တို့ ထိတ်လန့်သွားကြသည်။

" အဲ့တာဘာလဲ။ နဂါးတိုင်းပြည်အိမ်ခြံမြေဆွေးနွေးပွဲလား။ အဲ့တာက အိမ်ခြံမြေလုပ်ငန်းရဲ့ အဆင့်မြင့်ဆွေးနွေးပွဲကြီးလေ။ ပါဝင်သူတွေအားလုံးက အိမ်ခြံမြေလုပ်ငန်းရဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ လင်းယွမ်အိမ်ခြံမြေကို ဖိတ်ခေါ်မယ်လို့ မမျှော်လင့်ထားဘူး "

ချန်းချုံရှန်းက သူ့ဦးနှောက် အလုပ်မလုပ်တော့ဘူးလို့ ခံစားလိုက်ရသည်။

ကုန်းရှန်းဟုန် - " ဒါက ပုံမှန်ပါပဲ။ လင်းယွမ်အိမ်ခြံမြေက ကျုံးဟိုင်မှာရှိတဲ့ အရေးကြီးမြို့ဟောင်း ပြုပြင်မွမ်းမံရေး စီမံကိန်းကို လေလံအောင်ထားတယ်လေ။ အဲ့တော့ သူတို့က မီးမောင်းထိုးပြခံခဲ့ပြီးတော့ အရင်းအနှီးဈေးကွက်ကလည်း အတော်လေးကောင်းသွားတာ "

ယဲ့ဖန်လည်း အလွန်အံ့သြသွားသော်လည်း ကျိုးကြောင်းဆီလျော်သည်ဟု သူခံစားမိသည်။

" ဖိတ်ကြားထားရင် သွားရမှာပေါ့ "

ချန်းရွှမ် အံ့အားသင့်သွားသည်။

" ရှင်က လင်းယွမ်အိမ်ခြံမြေရဲ့ သူဌေးကြီးလေ။ ရှင် မပါဝင်သင့်ဘူးလား "

ယဲ့ဖန်က ချက်ချင်း ခေါင်းယမ်းလိုက်သည်။

" ဒီလို လူသိရှင်ကြား ပွဲတွေကို ကိုယ် စိတ်မဝင်စားပါဘူး။ မင်းပဲ သွားလိုက်ပါ "

ချန်းရွှမ်နှင့် အခြားသူများက အံ့အားသင့်သွားကြသည်။

ဒီလိုအဆင့်မြင့်ဆွေးနွေးပွဲကို တက်ရောက်နိုင်ပြီး စင်ပေါ်မှာ စကားပြောခွင့်ရဖို့က တစ်သက်မှာ တစ်ကြိမ်သာ ရနိုင်တဲ့ ရှားပါးအခွင့်အရေးကြီးဖြစ်သည်။

ကောင်းကောင်း စွမ်းဆောင်နိုင်လျှင် စီးပွားရေးလောကမှာ နာမည်ကြီးလာမှာ သေချာသည်။

ဒါပေမဲ့ ယဲ့ဖန်ကတော့ ဒီလိုအခွင့်အရေးကောင်းကို စွန့်လွှတ်ဖို့ တွန့်ဆုတ်မနေခဲ့ပေ။

" ယဲ့ညီလေး၊ မင်းက နျုံစစ်သွမ်းဆီကနေ သင်ယူပြီး နောက်ကွယ်ကနေ ကစားဖို့ ကြိုးစားနေတာလား "

ကုန်းရှန်းဟုန် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

" ကျွန်တော့်ကို ကျိန်ဆဲနေတာလား။ ခင်ဗျားကသာ နျုံစစ်သွမ်း၊ ခင်ဗျားမိသားစုကလည်း နျုံစစ်သွမ်းပဲ "

သူ့ကို နျုံစစ်သွမ်း၊နဲ့ ခိုင်းနှိုင်းတာကို ယဲ့ဖန် ကြားလိုက်ရတော့ အတော်စိတ်မကောင်းဖြစ်သွားသည်။

နျုံစစ်သွမ်းက သူ့မှာ ဘာမှမကျန်တော့အောင်ထိ ရှုံးနိမ့်ခဲ့ရတာဖြစ်သည်။

ယဲ့ဖန်က သူ့ဆီကနေ သင်ယူခဲ့တာလို့ ပြောလိုက်တာက ကျိန်ဆဲလိုက်သလို သဘောသက်ရောက်သွားသည်။

" အမလေး၊ ဖွ ဖွ ဖွ ငါမှားတာပါ "

ရှိနေသူအားလုံးက ရယ်မောလိုက်ကြသည်။

ချန်းချုံရှန်း ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

" နျုံစစ်သွမ်းက မြေအောက်မှာ ဝိညာဉ်ရှိသေးတယ်ဆိုရင် သူ ဒေါသထွက်လွန်းလို့ သွေးအန်နေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ စီးပွားရေးလောကမှာ ဖခင်ကြီးသဖွယ်ဖြစ်ခဲ့တာလေ။ အခုတော့ သူက ကျိန်စာတိုက်ခံရတဲ့အဖြစ် ရောက်သွားပြီ "

သူတိုက ပိုလို့တောင် ရယ်လိုက်ကြသည်။

ကွင်းထဲက ဘေးလူတော်တော်များများက သူတို့ကို ကြည့်နေကြသည်။

All Chapters