← Chapters

အခန်း (၄၂၁)

Vol. 18 Ch. 421

အခန်း (၄၂၁)

Vol. 18 Ch. 421

ရုတ်တရက် အပြောင်းအလဲက အဲဒီနေရာမှာရှိတဲ့ လူတိုင်းကို ထပ်ပြီး အံ့အားသင့်စေခဲ့တယ်။

မူလကထန်းတိနန်းတော် ရဲ့ ဂိုဏ်းခေါင်းဆောင် ရှန်ဘီ သေဆုံးပြီးနောက် ဇာတ်လမ်းက တော်တော်လေးကို ရှုပ်ထွေး ကွေ့ပတ်သွားခဲ့ပြီ။

ဒါပေမယ့် ဘယ်သူမှ ဒါက ပလော့တွစ်(ဇာတ်ကြောင်းအပြောင်းလဲများစွာ)နဲ့ ဆက်ပြီး ကွေ့ပတ်နေဦးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ယဲ့ယွီတောင်မှ သူ အရမ်းစိတ်လှုပ်ရှားသွားလို့ထင်ရောင်ထင်မှားတွေဖြစ်နေတာလားလို့ ခဏတာ သံသယဝင်ခဲ့တယ်။

သူ့မျက်လုံးတွေက လှည့်စားနေတာ မျက်လှည့်ပွဲကိုထိုင်ကြည့်နေရသလိုပဲ။

သူက အရင်ကတည်းက နွယ်တွေဟာ ကျူချင်ရဲ့ လက်ကနေ လာတာလို့ သံသယဝင်ခဲ့ပေမယ့်...

ဒါပေမယ့် ဘာလို့ သူမက ယန်ချန်ဆောင်းကို တိုက်ခိုက်ဖို့ ရဲရတာလဲ။

ဒီလူက ရှန်ဘီကိုတောင် သတ်ဖို့ ဆုံးဖြတ်ထားတဲ့ အလွန်ကို ကြမ်းတမ်း ရက်စက်တယ့်နတ်ဘုရားဖြစ်တယ်။

တစ်ခုတည်းသော ဖြစ်နိုင်ခြေက... သူမက နတ်ဘုရားဘုရင်တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ရရှိပြီးသား ဖြစ်တယ်။

ဒါမှမဟုတ် ဖြစ်နိုင်တာက... သူမကလည်း နတ်ဘုရားဘုရင်တစ်ပါး ဖြစ်နေတာလား။

ယဲ့ယွီ ရုတ်တရက် အာရုံစိုက်လိုက်ပြီး ကျူချင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့တယ်။

ယန်ချန်ဆောင်းလည်း အတော်လေး အံ့အားသင့်နေပြီး သူ့ရဲ့သွေးစွမ်းအင်တွေ နွယ်တွေကနေ အမြန်စုပ်ယူခံနေရတာကို ခံစားနေခဲ့ရတယ်။

အသက်ရှင်သန်ဖို့အတွက် သူ စိတ်အားထက်သန်နေတယ်။

ယန်ချန်ဆောင်းက ဒါအိုတံဆိပ်တစ်ခုကို ချက်ချင်း ဖွဲ့စည်းလိုက်တယ်။

သူ့ရဲ့ ပုံရိပ်က ချက်ချင်းဆိုသလို အလွန်ပါးလွှာပြီး မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့တယ်။

သူ ပြန်ပေါ်လာတဲ့အခါ။

သူက မီတာ ၁၀၀ ကျော် အကွာအဝေးကို ရောက်နေခဲ့ပြီ။

ဒီအချိန်မှာ ယန်ချန်ဆောင်းရဲ့ မျက်နှာက ထူးထူးခြားခြား ဖြူဖျော့နေခဲ့တယ်။

နတ်ဘုရားဆေးလုံးအချို့ကို မျိုချပြီးနောက် နောက်ဆုံးမှာ သူ အေးဆေးတည်ငြိမ်သွားခဲ့တယ်။

မယုံနိုင်စွာနဲ့ 'မဟာမြေရိုင်း သွေးနွယ်လား။ မင်းမှာ တကယ်ပဲ မဟာမြေရိုင်း သွေးနွယ် ရှိနေတာလား' လို့ ပြောလိုက်တယ်။

ဒီနာမည်ကို ကြားတော့ ယဲ့ယွီလည်း ရှုပ်ထွေးသွားခဲ့တယ်။

သူ ကျိလင်ချင်းကို အသံလှိုင်းကနေ ချက်ချင်း 'မဟာမြေရိုင်း သွေးနွယ်ဆိုတာ အတိအကျ ဘာလဲ' လို့ မေးလိုက်တယ်။

ကျိလင်ချင်းရဲ့ မျက်လုံးတွေမှာ နက်နဲတဲ့ ကြောက်ရွံ့မှုတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။

သူမက မဟာမြေရိုင်း သွေးနွယ်အကြောင်းကို ဖြည်းဖြည်းချင်း ရှင်းပြစတင်ခဲ့တယ်။

နှစ်တစ်သိန်းအကြာက မဟာမြေရိုင်းလို့ခေါ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်နယ်မြေတစ်ခု ရှိခဲ့တယ်။

ဒါက ရေတွက်လို့မရနိုင်တဲ့ သတ်ဖြတ်နိုင်တဲ့ အခွင့်အရေးတွေနဲ့ ပြည့်နေပြီး အလွန်အန္တရာယ်များတယ်။

ပြီးတော့ မဟာမြေရိုင်းအတွင်းမှာ အကြောက်ဆုံးအရာက မဟာမြေရိုင်း သွေးနွယ်ပဲ။

သူတို့ဟာ နတ်ဘုရားတွေရဲ့ သွေးစွမ်းအင်ကို စုပ်ယူပြီး ပိုပြီး အားကောင်းလာတယ်။

နောက်ပိုင်းမှာ မာကုန်းလို့ခေါ်တဲ့ နတ်ဘုရားတစ်ပါးက ဒါကို မျက်စိကျခဲ့တယ်။

သူ ဘယ်နည်းလမ်းကို အတိအကျ အသုံးပြုခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် သူ မဟာမြေရိုင်း သွေးနွယ်ရဲ့ အပိုင်းတစ်ပိုင်းကို ဖမ်းနိုင်ခဲ့ပြီး သူ့အတွက် အသုံးပြုဖို့ ရည်ရွယ်ခဲ့တယ်။

သူက ဒါကို စမ်းသပ်မှုတစ်ခုအဖြစ် မူလက စီစဉ်ခဲ့တယ်။

ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ ကျရှုံးမှုအတွက် ပြင်ဆင်ထားခဲ့တယ်။

ဒါပေမယ့် မမျှော်လင့်ဘဲ တစ်ကြိမ်တည်းနဲ့ သူ မဟာမြေရိုင်း သွေးနွယ်ကို အောင်မြင်စွာ ပြုပြင်နိုင်ခဲ့ပြီး သခင်-ကျွန် ဆက်နွယ်မှုကို ဖွဲ့စည်းနိုင်ခဲ့တယ်။

(မဟာမြေရိုင်း သွေးနွယ်ဟာ သက်ရှိတစ်ခုဖြစ်ပြီး အလွန်အန္တရာယ်များတဲ့ နတ်ဘုရားအိမ်မွေးတိရစ္ဆာန်တစ်ခုအဖြစ် သတ်မှတ်နိုင်တယ်။)

အဲဒီအချိန်ကစပြီး မဟာမြေရိုင်း သွေးနွယ် ပိုပြီးအားကောင်းလာတဲ့အခါတိုင်း သူ့ရဲ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို သူ့ရဲ့သခင်ဆီကို ပြန်ပို့ပေးခဲ့တယ်။

မာကုန်းက မဟာမြေရိုင်း သွေးနွယ်ကို စတင်မွေးမြူခဲ့ပြီး နတ်ဘုရားနယ်မြေတစ်လျှောက်လုံး သောင်းကျန်းချင်သလိုသောင်းကျန်းကာ အုံကြွနေခဲ့တယ်။

သူ သွေးနွယ်ရဲ့ ပြန်လည်ရရှိလာတဲ့ စွမ်းအားကို အသုံးပြုပြီး သူ့ရဲ့ပါရမီအဆင့်အတန်းကို ကျော်ဖြတ်နိုင်ခဲ့တယ်။

နှစ်တစ်ရာအတွင်းမှာ သူ လျှို့ဝှက်ဆန်းကြယ်တဲ့နတ်ဘုရားအဆင့်ကနေ နတ်ဘုရားဘုရင်အဆင့်ကို ရောက်ရှိခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ အလွန်အကျွံ သတ်ဖြတ်မှုတွေကြောင့် သူ လူအများကြီးကို ဒေါသထွက်စေခဲ့တယ်။

နောက်ဆုံးမှာ ကောင်းကင်ဘုံနယ်မြေက အင်အားကြီးတဲ့လူတစ်ယောက်က ဒါကို မခံနိုင်တော့ဘူး။

သူက သူရဲကောင်းဆန်ဆန် တိုက်ခိုက်ပြီး မာကုန်းကို သတ်ပစ်လိုက်တယ်။

ပြီးတော့ မဟာမြေရိုင်း လျှို့ဝှက်နယ်မြေကို လုံးဝ ဖျက်ဆီးပစ်လိုက်တယ်။

ဒါက မဟာမြေရိုင်း သွေးနွယ် မျိုးတုံးစေခဲ့တယ်။

ဒီလိုလုပ်ရပ်တွေက ကောင်းကင်ဘုံနယ်မြေက နတ်ဘုရားတွေအများကြီးကို ဒေါသထွက်စေခဲ့တယ်။

လူ့ဘုံဖြစ်စေ၊ ကောင်းကင်ဘုံနယ်မြေဖြစ်စေ၊ အစွမ်းအထက်ဆုံးသူသာ ရှင်သန်နိုင်တယ်ဆိုတဲ့ အမှန်တရားက မပြောင်းလဲနိုင်ဘူး။

မဟာမြေရိုင်း သွေးနွယ် ပေါ်ပေါက်လာတာက နတ်ဘုရားတွေအားလုံးအတွက် ကောင်းကင်ကို တက်လှမ်းဖို့ လမ်းကြောင်းအသစ်တစ်ခုကို ဖော်ပြခဲ့တယ်။

မာကုန်းဟာ နှစ်တစ်ရာအတွင်းမှာ နတ်ဘုရားဘုရင်အဆင့်ကို ရောက်ရှိခဲ့တယ်။

သူ့ကို နှစ်တစ်ထောင် ဒါမှမဟုတ် တစ်သောင်း ပေးခဲ့ရင် သူ ဘယ်အထိ ရောက်နိုင်မှာလဲ။

နတ်ဘုရားဘုရင်မင်းကြီးလား။ ဒါမှမဟုတ် နတ်ဘုရားဧကရာဇ်လား။

ဒီလို ဖြစ်နိုင်ခြေက မဖြစ်နိုင်တာ မဟုတ်ဘူး။

ဒါဆို ဘာလို့ သူတို့က ဒါကို ဖြတ်တောက်ပစ်ရတာလဲ။

ဒီနတ်ဘုရားတွေရဲ့ ဒေါသက အသုံးမဝင်ခဲ့ဘူး။

ဘာပဲဖြစ်ဖြစ် မဟာမြေရိုင်း သွေးနွယ်က သမိုင်းဖြစ်သွားပြီ။

ဒါပေမယ့် ဒါက နတ်ဘုရားတွေအားလုံးရဲ့ နှလုံးသားထဲမှာ မမေ့နိုင်တဲ့ အမှတ်အသားတစ်ခုကို ထားခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့မရဘူး။

ဒါပေမယ့် ဘယ်သူမှ ဒါက ဒီအချိန်မှာ ပေါ်လာလိမ့်မယ်လို့ မယုံနိုင်ခဲ့ဘူး။

ကျိလင်ချင်းရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက်။

ယဲ့ယွီလည်း အရမ်းအံ့အားသင့်သွားခဲ့တယ်။

ဒါဆို ဒီအရာက အခြေခံအားဖြင့် တည်ရှိနေတဲ့ အားဖြည့်မှုတစ်ခုလား။

ဒါကြောင့်ပဲ ငါ့ အဲဒီတုန်းက မြှုပ်နှံခဲ့တဲ့ ရုပ်အလောင်းတွေ အားလုံးမှာ သွေးစွမ်းအင် မကျန်တော့ဘူး။ ဒါဟာ ကျူလင်ရဲ့ မဟာမြေရိုင်း သွေးနွယ်က စုပ်ယူခဲ့တာပဲ။

တကယ်ကို အထင်ကြီးစရာပဲ။

သူမက သွေးစွမ်းအင်ကို လိုအပ်ပြီး ငါ့က ရုပ်အလောင်းတွေကို လိုအပ်တယ်။ ဒါက ပြီးပြည့်စုံတဲ့ လည်ပတ်မှုတစ်ခုကို ဖန်တီးပေးတယ်။

အခု စဉ်းစားကြည့်တော့။

ငါ့ ကျူချင်နဲ့ လုံးဝ ပူးပေါင်းနိုင်ပြီး ဒါကို ပိုပြီးအားကောင်းလာအောင်လုပ်ကာ အလင်းရောင်အသစ်တစ်ခုကို ဖန်တီးနိုင်တယ်။

ဒါပေမယ့် ဒီအတွေး ဖြတ်သွားတဲ့အခါ။

ယဲ့ယွီက သူ့စိတ်ကို သူ လုံးဝ ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်။

ငါ့ ကျူချင်နဲ့ ပူးပေါင်းဖို့ ဘယ်လိုတောင် တွေးနိုင်ရတာလဲ။

ဒီမိန်းမက ရူးနေတာ။

ဒါပေမယ့် ပြောရမယ်ဆိုရင် မဟာမြေရိုင်း သွေးနွယ်က တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်။

ဒီအချိန်မှာ မဟာမြေရိုင်း သွေးနွယ်ရဲ့ ဒဏ္ဍာရီအကြောင်းကို သိတဲ့ နတ်ဘုရားတွေအများစုက အမြန် ထွက်ပြေးခဲ့ကြတယ်။

သူတို့ဟာ အာဟာရ ဖြစ်ချင်ကြတာ မဟုတ်ဘူး။

အထူးသဖြင့်ထန်းတိနန်းတော် က နတ်ဘုရားတွေက အမြန်ဆုံး ပြေးခဲ့ကြတယ်။

ဟာသလုပ်နေတာလား။ နန်းတော်မာစတာ ရှန်ဘီက သေသွားပြီ။ သူတို့ ဒီမှာ ဘာကြောင့် ဆက်နေရမှာလဲ။

အကြီးအကဲ ကျူချင်ကို မျှော်လင့်တာလား။

သူမက အမြဲ ရှောင်ရှားနေပြီး ဒီတိုက်ပွဲမှလွဲ၍ တခြားနတ်ဘုရားဂိုဏ်း လုပ်ဆောင်မှုတွေမှာ မပါဝင်ခဲ့ဘူး။

ဒါကြောင့် သူတို့ ကျူချင်ကထန်းတိနန်းတော် ကို ဘယ်လိုမှ သံယောဇဉ်ရှိလိမ့်မယ်လို့ မတွေးခဲ့ဘူး။

ရှန်ဘီ သေဆုံးတုန်းကတောင် သူမက ကူညီဖို့ လက်တစ်ဖက်တောင် မလှုပ်ခဲ့ဘူး။

ဒါက အားလုံးကို ဖော်ပြနေပြီ။

ယန်ချန်ဆောင်းရဲ့ စုရှင်းဂိုဏ်း က နတ်ဘုရားတွေ အများအပြား ထွက်သွားခဲ့ပေမယ့် ယန်ချန်ဆောင်းကို သစ္စာရှိတဲ့ နောက်လိုက် ဆယ်ဒါဇင်ကျော် ကျန်နေခဲ့သေးတယ်။

သူတို့က ဂိုဏ်းခေါင်းဆောင်ရဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ်။

ကျိလင်ချင်းက ဒီမှာ ကြီးကျယ်တဲ့တိုက်ပွဲတစ်ခု ဖြစ်တော့မယ်ဆိုတာကို သိခဲ့တယ်။

နတ်ဘုရားဘုရင်အဆင့် တိုက်ပွဲတစ်ခုက သာမန်နတ်ဘုရားတွေ အနီးကပ်ကြည့်လို့ရတဲ့အရာတစ်ခု မဟုတ်ဘူး။ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် သူတို့ သေနိုင်တယ်။

ဒါကြောင့် သူက ယဲ့ယွီကို သူ့နဲ့အတူခေါ်ဆောင်ကာ ထွက်သွားဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် ဒီအချိန်မှာ ယဲ့ယွီက တုံ့ဆိုင်းနေခဲ့တယ်။

ရှန်ဘီရဲ့ ရုပ်အလောင်းကို လွဲချော်ပြီးသားဖြစ်တာကြောင့် သူ အခု ထွက်သွားခဲ့ရင် ယန်ချန်ဆောင်းရဲ့ ရုပ်အလောင်းကိုလည်း လွဲချော်သွားနိုင်တယ်။

ဒါက နတ်ဘုရားဘုရင်တစ်ပါးရဲ့ ရုပ်အလောင်းပဲ။

ဒီအချိန်မှာ ကျူချင်က ရုတ်တရက် မရှင်းမလင်း စကားတစ်ခု ပြောလိုက်တယ်။

မင်း ရဲစွမ်းသတ္တိရှိရင် ဒီမှာ ရပ်ပြီး ကြည့်လိုက်ပါ။ မင်း မမျှော်လင့်ထားတဲ့ ဆုလာဘ်တွေ ရကောင်း ရနိုင်တယ်။

ဒီစကားကို ကြားတော့ ယဲ့ယွီက သူ့ရဲ့စိတ်ကို ဆုံးဖြတ်လိုက်တယ်။

ဆိုရိုးစကားအတိုင်း မိန်းမတစ်ယောက်ကို မလုပ်နိုင်ဘူး လို့ မပြောသင့်ဘူး။ ယောက်ျားတစ်ယောက်ကို ဒါက မဖြစ်နိုင်ဘူး လို့ မပြောသင့်ဘူး။

ဒီလိုအခြေအနေမျိုးမှာ ယဲ့ယွီ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ။

သူက ကျိလင်ချင်းကို ချက်ချင်း ငြင်းဆိုပြီး အရင်ထွက်သွားဖို့ ပြောလိုက်တယ်။

ကျိလင်ချင်းက ထပ်ပြောချင်သေးတယ်။

ဒါပေမယ့် သူမက ယဲ့ယွီက မြန်ဆန်တဲ့ သင်္ကေတတစ်ခုကို ထုတ်နေတာကို တွေ့လိုက်ရတယ်။

ဒီလိုမြင်တော့ ကျိလင်ချင်းက ညင်သာစွာ ပြုံးလိုက်တယ်။

ပြီးခဲ့တဲ့အကြိမ်က အဖြစ်အပျက်တွေက သူမရဲ့စိတ်ထဲမှာ ရှင်းလင်းနေသေးတယ်။ ဒါက ခေါင်းမာသလို အလွန်အသိရခက်တဲ့ ယဲ့ယွီ သူ့ရဲ့ဆုံးဖြတ်ချက်ကို ဖော်ပြနေတာကို သူသေချာလေး သိခဲ့တယ်။

သူမက သူ့ကို မစည်းရုံးနိုင်တော့တာကြောင့် သူ့ကို သွားခွင့်ပြုလိုက်တယ်။

မင်းနဲ့အတူ သောက်ဖို့ထန်းတိနန်းတော် မှာ ငါ စောင့်နေမယ်။

ဒီလိုပြောပြီး ကျိလင်ချင်းက လှည့်ပြီး ထွက်သွားခဲ့တယ်။

နတ်ဘုရားတွေ ထွက်ခွာသွားတဲ့အခါ။

အဲဒီနေရာက ရုတ်တရက် အလွန်တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကြောက်စရာနေရာကြီးတခု ဖြစ်သွားခဲ့တယ်။

ယန်ချန်ဆောင်းရဲ့ မျက်လုံးတွေက သတ်ဖြတ်လိုစိတ်နဲ့ တောက်ပနေခဲ့တယ်။

သူက ကျူချင်ကို တကယ် သဘောကျခဲ့တာ မှန်ပေမယ့် ဒီမိန်းမက သူ့ကို သတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူက သူ့ရဲ့လည်ပင်းကို ထိုးပေးပြီး သေသွားလိမ့်မယ်လို့ မဆိုလိုဘူး။

သူက အေးစက်စက်နဲ့ 'သူမကို သတ်လိုက်' လို့ အော်ဟစ်လိုက်တယ်။

ယန်ချန်ဆောင်းကို သစ္စာရှိတဲ့ စုရှင်းဂိုဏ်း နတ်ဘုရား ဆယ်ဒါဇင်ကျော်က ကျူချင်ဆီကို ချက်ချင်း ပြေးသွားခဲ့တယ်။

ကျူချင်က သူ့ရဲ့လက်ကို အနည်းငယ် မြှောက်လိုက်ရုံပဲ။

သူမရဲ့ရှေ့မှာ တောက်ပနေတဲ့ အတားအဆီးတစ်ခု ပေါ်လာခဲ့တယ်။

ပြီးတော့ နွယ်ဒါဇင်ပေါင်းများစွာဟာ သူမရဲ့ပတ်ပတ်လည်ကနေ အော်ဟစ်ပြီး ထွက်လာခဲ့တယ်။

သူတို့ရဲ့တိုက်ပွဲကို အခွင့်ကောင်းယူပြီး။

ယန်ချန်ဆောင်းက လက်ပိုက်ကြည့်မနေတော့ဘဲ အကျဉ်းစံကောင်းကင်မြေပုံ ကို ထပ်ထုတ်လိုက်တယ်။

၄၂၂ ဆက်ရန်

All Chapters