အခန်း (၄၂၀)
Vol. 18 Ch. 420
နတ်ဘုရားဂိုဏ်းကြီးနှစ်ခုကြားက တိုက်ပွဲက နတ်ဘုရားတွေများစွာ ကျဆုံးခြင်းဆီသို့ ဦးတည်သွားစေမှာ ဖြစ်တယ်။
ဒါက ယဲ့ယွီ ထန်းတိ ဂိုဏ်း ကို ဝင်ရတဲ့ အကြောင်းရင်းပဲ။
အရင်က သူ ဒါကို မျှော်လင့်ခဲ့တယ်။
ဂိုဏ်းခေါင်းဆောင်တစ်ပါး ကျဆုံးသရွေ့ သူ အကျိုးအမြတ်များစွာ ရရှိလိမ့်မယ်။
အခုတော့ သူ့ရဲ့အိပ်မက်ဟာ အမှန်တကယ်ဖြစ်လာခဲ့ပြီ။
ထန်းတိ ဂိုဏ်း ရဲ့ ဂိုဏ်းခေါင်းဆောင် ရှန်ဘီဟာ တကယ်ပဲ ကျဆုံးခဲ့ပြီ။
ဒါပေမယ့် သူ ယန်ချန်ဆောင်းရဲ့ ပန်းချီကားထဲမှာ ကျဆုံးခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ ပျက်စီးသွားခဲ့တယ်။
ရိုးရိုးသားသားပြောရရင်
ယဲ့ယွီ ဒီမြင်ကွင်းကို မြင်လိုက်တဲ့အခါ သူ တော်တော်လေး ကြေကွဲသွားကာ ခြေလှမ်းများယိမ်းယိုင်ပီး မူးလဲလုနီးပါး ဖြစ်ခဲ့တယ်။
သူက နတ်ဘုရားဘုရင်တစ်ပါးပဲ။ မင်း သူ့ကို သတ်တယ်၊ ကောင်းပါပြီ၊ ဒါပေမယ့်လေ မင်းကွာ.... အနည်းဆုံးတော့ အလောင်းကျန်ခဲ့ပါစေလားဟ။
မင်းက အရာအားလုံးကို ပျက်စီးသွားအောင် လုပ်ခဲ့တယ်၊ ဘာမှ မကျန်အောင်လုပ်ပစ်တာက ၊ ဒါက အလဟဿ ဖြုန်းတီးတာ မဟုတ်လား။
ယဲ့ယွီ စဉ်းစားလေ၊ သူ့ရဲ့နှလုံးသား ပိုနာကျင်လေပဲ။
ထီပေါက်ပီး ထီလက်မှတ်ပျောက်တာပဲ
ဒီဗီပေါက်တဲ့နှစ်ကျမှ ဒေါနယ်ထရန်းသမ္မတဖြစ်တာနဲ့ လာကြုံနေရသလိုမျိုးပဲ
ဒါပေမယ့် ပိုပြီး နှလုံးသားနာကျင်စရာကောင်းတဲ့ အရာတွေကို ဟိုဟာမလေးကဖန်တီးလိုက်လို့ ဝိုင်းဆော်ခံရတဲ့အနေထားလေးကို ရောက်လာတော့မယ်။
ကျူချင်ရဲ့ စကားတစ်ခွန်းက သူ့ကို လူတိုင်းရဲ့ အာရုံစိုက်မှုရဲ့ ရှေ့ဆုံးကို ချက်ချင်း တွန်းပို့လိုက်တယ်။
နတ်ဘုရားဂိုဏ်းကြီးနှစ်ခုက နတ်ဘုရားတွေဟာ ယဲ့ယွီကို မယုံကြည်နိုင်စွာ ကြည့်နေကြတယ်။
ဘာလို့လဲဆိုတော့ ယဲ့ယွီဟာ ထန်းတိ ဂိုဏ်း ကို အခုမှ ဝင်ရောက်ခဲ့တာကြောင့် နတ်ဘုရားအများစုက သူ့ကို မသိကြဘူး၊ ဒါမှမဟုတ် သူက လူစိမ်းတစ်ယောက်လို့တောင် ပြောနိုင်တယ်။
ပြီးတော့ စုရှင်းဂိုဏ်း က လူတွေက သူ့ရဲ့ အထောက်အထားကို ဘာမှ မသိဘူး။
ဒါပေမယ့် သူတို့အားလုံးက အတူတူပဲ တွေးနေကြတယ်။
ဒီကလေးက ဘယ်သူလဲ။
ဘာကြောင့် သူက အကြီးအကဲ ကျူရဲ့နှလုံးသားကို ဖမ်းစားနိုင်တာလဲ။
သူက ဂိုဏ်းခေါင်းဆောင်နှစ်ပါးထက် ပိုပြီး အားကောင်းနေတာလား။
စုရှင်းဂိုဏ်း ရဲ့ ဂိုဏ်းခေါင်းဆောင် ယန်ချန်ဆောင်းက အံ့အားသင့်နေခဲ့တယ်။
သူ သူ့ရဲ့နားတွေကိုတောင် မယုံနိုင်ဘူး။
'သခင်လေး?'
ဒီလို ရိုးရှင်းတဲ့ခေါင်းစဉ်က ဒါဟာ ဘာကိုဆိုလိုတယ်ဆိုတာကို လူတိုင်း နားလည်ခဲ့တယ်။
ဒါပေမယ့် ဘာလို့လဲ။
ယန်ချန်ဆောင်းက တုန်ယင်နေတဲ့အသံနဲ့ 'နတ်ဘုရားသမီး ကျူ၊ မင်းတို့ တကယ်... တကယ် နတ်ဘုရားအဖော်တွေလား' လို့ မေးလိုက်တယ်။
သူ့အသံက ဖန်ခွက်တလုံးကွဲသွားသလို ကြမ်းရှရှနဲ့ တစစီဖြစ်နေရှာတယ်။
ကောင်းပြီ၊ အတိအကျပြောရရင် ဒါက ခွေးတစ်ကောင်ရဲ့ နှလုံးသား ကွဲသွားတဲ့အသံပဲ။
ဟမ်၊ ဘာလို့ ငါ့ရဲ့လက်က ဒီလောက် နွေးနေရတာလဲ။
အောက်ကိုကြည့်လိုက်တော့ ယဲ့ယွီက ကျူချင်ဟာ ဘယ်အချိန်က သူ့ဘေးကို ရောက်လာမှန်း မသိဘဲ သူ့ရဲ့လက်မောင်းကို ချိတ်ထားတာကို အံ့အားသင့်စွာ တွေ့လိုက်ရတယ်။
သူမက တိုးတိုးလေး 'ငါ့တို့ ရုပ်ချင်းဆင်တူတယ်လို့ မင်း မထင်ဘူးလား၊ အသွင်တူတော့အိမ်သူဖြစ်တာပေါ့' လို့ ပြောလိုက်တယ်။
ယန်ချန်ဆောင်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဒီအဖြစ်မှန်ကို လက်မခံနိုင်ဘူး။
သူ မူလက ဂိုဏ်းခေါင်းဆောင် ရှန်ဘီက ပြင်းထန်တဲ့ ပြိုင်ဘက်တစ်ယောက်လို့ တွေးခဲ့တယ်။
ဒါပေမယ့် အခုတော့ အန္တရာယ်က မမြင်နိုင်တဲ့ ထောင့်တွေမှာ ပုန်းအောင်းနေတာလို့ ထင်ရတယ်။
သူက နတ်ဘုရားသမီး ကျူဟာ နာမည်မရှိတဲ့ သာမန်နတ်ဘုရားတစ်ပါးကို သဘောကျလိမ့်မယ်လို့ ဘယ်တော့မှ မတွေးထားခဲ့ဘူး။
မဟုတ်ဘူး။ ဒါက ဖြစ်နိုင်မှာ မဟုတ်ဘူး။
ယန်ချန်ဆောင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက ပြတ်သားမှုနဲ့အတူ တောက်ပနေတယ်။ သူ့ရဲ့ နတ်ဘုရားစွမ်းအင်က ရေလှိုင်းလို မြင့်တက်လာခဲ့တယ်။
ပတ်ဝန်းကျင်က လေဟာနယ်နေရာတွေက ကြီးမားလွန်းတဲ့စွမ်းအင်ကိုမခံနိုင်ကြတော့လို့ ဘလက်ဟိုးနားကနေဖြတ်သွားတဲ့ အလင်းတွေလို စတင် ကွေးညွတ်လာကြတယ်။
နေရာတခုလုံးတုန်ခါနေပြီး နတ်ဘုရားဘုရင်တယောက်ရဲ့ အသည်းကွဲဒေါသက အားလုံးကို ဖိနှိပ်ထားခဲ့တယ်။
ဒါပေမယ့် ယဲ့ယွီက တည်ငြိမ်နေပြီး သူ့ရဲ့အသံကို နှိမ့်ကာ 'ငါလည်း ဒိတိုင်းကြီး ဆက်မသွားသင့်ဘူးလို့ ထင်တယ်' လို့ ပြောလိုက်တယ်။
အဲဒီနေရာမှာရှိတဲ့ နတ်ဘုရားတွေအားလုံး ရုတ်တရက် သူတို့ရဲ့မျက်လုံးတွေ ပြူးသွားခဲ့တယ်။
ဘာဖြစ်နေတာလဲ။
ဒေါသထွက်နေတဲ့ ယန်ချန်ဆောင်းကို ရင်ဆိုင်နေရတာတောင် ယဲ့ယွီ ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေနိုင်တာလဲ။
သူ့မှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှိနေတာလား။
ဒါက မျှော်လင့်ထားတဲ့အရာပဲ။
ဘာပဲဖြစ်ဖြစ် ကျူချင်က နှစ်သက်တဲ့လူတစ်ယောက်က သာမန်လူတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ။
သူက ဒဏ္ဍာရီလာ နတ်ဘုရားဘုရင်တစ်ပါး ဖြစ်ပြီး ကျားကို စားဖို့ ဝက်ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်။
ကျိလင်ချင်းရဲ့ မျက်လုံးတွေလည်း ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေခဲ့တယ်။
မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလား။ နတ်ဘုရားမိတ်ဆွေ ယဲ့က ဒဏ္ဍာရီလာ အချစ်ပလေးဘွိုင်းနတ်ဘုရားလား။
ယဲ့ယွီက သူ့ပတ်ပတ်လည်က ပြောင်းလဲနေတဲ့အကြည့်တွေကို ဂရုမစိုက်ခဲ့ဘူး။
သူက သူ့ရဲ့လက်မောင်းကို ကျူချင်ရဲ့ လက်ထဲကနေ သဘာဝအတိုင်း ဆွဲထုတ်လိုက်တယ်။
ပြီးတော့ သူ ကျူချင်ကို ယန်ချန်ဆောင်းရဲ့ ရှေ့ကို ခေါ်သွားခဲ့တယ်။
အလွန်အလေးအနက်ထားတဲ့ မျက်နှာအမူအရာနဲ့ 'တကယ်တော့ ငါ့ နတ်ဘုရားသမီး ကျူရဲ့ နတ်ဘုရားအဖော် မဟုတ်ပါဘူး' လို့ ပြောလိုက်တယ်။
'သူမ ငါ့ကို ပွဲထုတ်ပီး ရှေ့ကို တွန်းပို့ရတဲ့ အကြောင်းရင်းက ဂိုဏ်းခေါင်းဆောင် ယန်ရဲ့အချစ်ကို စမ်းသပ်ဖို့ပဲ။'
'ဒါပေမယ့် ငါ့ ဒါက လုံးဝ မလိုအပ်ဘူးလို့ ထင်တယ်။'
'ဂိုဏ်းခေါင်းဆောင် ယန်က မိတ်ဆွေဖွဲ့ခြင်းနဲ့ သစ္စာရှိခြင်းကို တန်ဖိုးထားတဲ့လူတစ်ယောက်ဖြစ်ပြီး သူနဲ့ နတ်ဘုရားသမီး ကျူ နတ်ဘုရားအဖော်ဖြစ်သွားတာနဲ့ သူ ဘယ်တော့မှ ဒုတိယအတွေးတွေ ရှိတော့မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။'
ဒီလိုပြောပြီး ယဲ့ယွီက ယန်ချန်ဆောင်းကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တယ်။
ယန်ချန်ဆောင်းကတော့ ရုတ်တရက် မျိုးစုံပြောင်းလဲနေတဲ့အခြေနေတွေကို လက်ခံကိုယ်တွယ်နိုင်စွမ်းမရှိသေးပဲနဲ့ အသည်းကွဲရမလို မကွဲရမလို တိုးလို့တန်းလန်းနဲ့ မှိုင်တွေနေတုန်းပဲ။
ယဲ့ယွီက ဘာလို့ ရုတ်တရက် ဒီလောက် ပြင်းထန်စွာ သူ့ရဲ့အပြုအမူကို ပြောင်းလဲပြီး သူ့အတွက် စတင်ပြောနေတာလဲဆိုတာကိုတောင် သူ စဉ်းစားဖို့ အချိန်မရခဲ့ဘူး။
ဒါပေမယ့် ယဲ့ယွီ ပြောတာ ကောင်းတယ်လို့ ထင်ရတယ်။
ဒီလိုနဲ့ ယန်ချန်ဆောင်းက မသိစိတ်က ခေါင်းညိတ်လိုက်တယ်။
ယဲ့ယွီက ပြုံးလိုက်တယ်။
ပြီးတော့ ထပ်ပြောလိုက်တယ် 'ဂိုဏ်းခေါင်းဆောင် ယန်က ဒီလိုလူမျိုးပဲလို့ ငါ့ ယုံကြည်တယ်။ ဒါကြောင့် ဒီစမ်းသပ်မှုကို ဆက်လုပ်ဖို့ မလိုအပ်ဘူး။'
'နတ်ဘုရားသမီး ကျူ၊ မင်း ဂိုဏ်းခေါင်းဆောင် ယန်ကို ခံစားချက်ရှိတယ်ဆိုတာကိုလည်း ငါ့ သိတယ်။'
'ဒါကြောင့် လှည့်စားတာတွေ လျှော့၊ ရိုးသားမှု ပိုထားပြီး မကြာခင် ကောင်းချီးပေးခံရတဲ့ ထာဝရနတ်ဘုရားစုံတွဲအဖြစ် အတူတူနေကြ။'
ယဲ့ယွီက သူ့ရဲ့လက်တွေကို ဆန့်တန်းပြီး နောက်ကို တစ်လှမ်းဆုတ်ကာ ကောင်းချီးပေးတဲ့ အမူအရာ လုပ်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူက ကျူချင်ကို ရန်စတဲ့အကြည့်နဲ့ ပစ်ကြည့်လိုက်တယ်။
မင်းက အဓိပ္ပာယ်မရှိတာတွေကို ပြောရတာ ကြိုက်တယ် ဟုတ်လား။
တိုက်ဆိုင်စွာပဲ ငါလည်းပဲအဲ့ဒါမျိုးတွေကိုကြိုက်တယ်။ငါ့ကိုချောက်ချချင်တာလား မင်းငယ်ပါသေးတယ်။
အခုကစပြီး နတ်ဘုရားအဖော်တွေအကြောင်း မပြောပါနဲ့၊ ငါ ငါ့ရဲ့နာမည်ကို ရှင်းထုတ်ပြီး ဒီလိုနဲ့ မင်းကို ယန်ချန်ဆောင်းဆီ တွန်းပို့မယ်။
ဒါက မင်းကို ပြန်လက်စားချေတဲ့နည်းပဲ။
ဒီအချိန်မှာ ယန်ချန်ဆောင်းကလည်း ဘာတွေဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့တယ်။
သူ ယဲ့ယွီကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ချက်ချင်း ပစ်ကြည့်လိုက်တယ်။
ပြီးတော့ အသံလှိုင်းကနေ 'ကျေးဇူးတင်ပါတယ်၊ နတ်ဘုရားမိတ်ဆွေ။ အနာဂတ်မှာ တစ်ခုခုလိုအပ်ရင် ငါ့ကို လာရှာပါ။ ငါ့ မင်းကို ကျေးဇူးတင်ကြွေး တစ်ခုတင်ပြီ' လို့ ပြောလိုက်တယ်။
ယဲ့ယွီ အနည်းငယ် ခေါင်းညိတ်လိုက်တယ်။
မြင်လား။ အရာအားလုံးက ဖြစ်နိုင်တယ်။
ဂိုဏ်းခေါင်းဆောင်ရဲ့ ရန်သူကနေ သူ ကျေးဇူးတင်တဲ့သူအထိ၊ ဒါဟာ လက်ဖက်ရည်တစ်ခွက်သောက်တဲ့ အချိန်လေးပဲ ကြာတယ်။
ဒါက ဘာသာစကားရဲ့ စွမ်းအားပဲ။
ဒါတွေဖြစ်နေတုန်းမှာပဲ ကျူချင် ရုတ်တရက် ရယ်လိုက်တယ်။
'မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းက တခြားသူတွေနဲ့ လုံးဝ မတူဘူး။ ငါ့တို့ တကယ်ပဲ နတ်ဘုရားအဖော်တွေ ဖြစ်လာခဲ့ရင် ဒါက မကောင်းတဲ့ရွေးချယ်မှုတစ်ခု မဖြစ်နိုင်ဘူးလို့ ငါ တကယ်ထင်တယ်။'
ဒီစကားကို ကြားတော့ ယဲ့ယွီရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့တယ်။
တစ်စုံတစ်ရာအကြောင်းကြောင့် ဒီတစ်ကြိမ်မှာတော့ ကျူချင်က နောက်နေတာ မဟုတ်ဘူးလို့ သူ ခံစားလိုက်ရတယ်။
ယန်ချန်ဆောင်းလည်း တစ်ခုခု မှားနေတာကို ရိပ်မိပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်တယ်။
သူက အသံနက်ကြီးနဲ့ 'ဒါက နောက်ထပ် စမ်းသပ်မှုတစ်ခုလား။ ဒါက နည်းနည်းလွန်သွားပြီလား' လို့ ပြောလိုက်တယ်။
ယဲ့ယွီရဲ့ စိတ်က လျင်မြန်စွာ ပြေးနေခဲ့တယ်။
အလျင်အမြန်ပဲ သူက ဒေါသထွက်ဟန်ဆောင်ပြီး 'နတ်ဘုရားသမီး ကျူ၊ ဂိုဏ်းခေါင်းဆောင် ယန်ကို ထပ်မစမ်းသပ်ပါနဲ့။ သူ မင်းအပေါ် လုံးဝ ရိုးသားတယ်။ မင်းတို့နှစ်ယောက် ရာစုနှစ်ပေါင်းများစွာ သဟဇာတဖြစ်ပါစေလို့ ငါ့ ဆုတောင်းပေးလိုက်တယ်။ မကြာခင် ပြန်တွေ့မယ်' လို့ ပြောလိုက်တယ်။
ဒီလိုပြောပြီး ယဲ့ယွီ ထွက်သွားဖို့ ပြင်ဆင်လိုက်တယ်။
ဒါပေမယ့် နောက်တစ်စက္ကန့်မှာ မမြင်နိုင်တဲ့ အင်အားတစ်ခုက သူ့ရဲ့လမ်းကို ရုတ်တရက် ပိတ်ဆို့လိုက်ပြီး သူ မထွက်သွားနိုင်အောင် တားဆီးလိုက်တယ်။
လှည့်ကြည့်လိုက်တော့
ယဲ့ယွီ စကားပြောတော့မလို့၊ ဒါပေမယ့် ရုတ်တရက် သူ့ရဲ့မျက်နှာပေါ်မှာ နွေးထွေးတဲ့ ခံစားမှုကို ခံစားလိုက်ရတယ်။
ကျူချင်က ယဲ့ယွီရဲ့ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်တယ်။
ဒီအမူအရာက အလွန်ကိုပဲ ရဲတင်းလွန်းတယ် ရင်းနှီးလွန်းတယ်။
ယဲ့ယွီက အသက်ပြင်းပြင်း မရှူဘဲ မနေနိုင်ဘူး။
ဒီမိန်းမက ပိုပြီး ရဲတင်းလာပြီ။ နတ်ဘုရားပေါင်းများစွာ ဝိုင်းကြည့်နေတဲ့ကြားထဲမှာ အချစ်ဇာတ်လမ်းကပြနေတာလား။
အရင်က စကားပြောရုံပဲ၊ ဒါပေမယ့် အခုတော့ သူမက တကယ်ပဲ ကာယကံမြောက် ပြုမူနေပြီ။
အရမ်းလွန်တယ်၊ ဒါက အရမ်းလွန်တယ်။
ယန်ချန်ဆောင်းက သူ့ရဲ့လက်သီးတွေကို ဆုပ်လိုက်တယ်။
အခုတော့ သူက နလပိန်းတုန်း လူမိုက်ဖြစ်နေရင်တောင် ယဲ့ယွီစကားကိုမယုံနိုင်တော့ဘူး၊ တစ်ခုခု မှားနေတာကို ပြောနိုင်တယ်။
ဒါက ဘယ်လိုလုပ် စမ်းသပ်မှုတစ်ခု ဖြစ်နေနိုင်မှာလဲ။
သူ ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားပြီး အသံနိမ့်နိမ့်နဲ့ 'နတ်ဘုရားသမီး ကျူ၊ ဒါက တကယ်တော့ ဘာကိုဆိုလိုတာလဲ' လို့ ပြောလိုက်တယ်။
'မင်း ငါ မင်းကို ကြိုက်တယ်ဆိုတာကို သိတယ်။ ဒါဆို ဘာလို့...' '
ယန်ချန်ဆောင်း မပြီးသေးခင်မှာပဲ
ကျူချင်က သူ့ရဲ့စကားကို ဖြတ်လိုက်တယ်။
'ဘာလဲ။ ရှင်က ကျမကို ကြိုက်တော့ ကျွန်မက ပြန်ကြိုက်ရမယ်လား။'
'ရှင် သိလား။ ကျွန်မ ရှင့်ကို တကယ် မခံနိုင်ဘူး။'
နောက်တစ်စက္ကန့်မှာ
နွယ်အနည်းငယ် ရုတ်တရက် ပေါ်လာပြီး ဝှီးကနဲအသံပေးကာ ယန်ချန်ဆောင်းရဲ့ အရည်အသွေးမြင့် နတ်ဘုရားဝတ်ရုံကို တစ်ရှုးစလေးတွေလို အလွယ်တကူ ဆုတ်ဖြဲလိုက်ပြီး သူ့ရဲ့ရင်ဘတ်ကို ရွှံ့စေးကိုလက်နဲ့ထိုးလိုက်သလို ဖောက်ကနဲမြည်ကာ ထိုးဖောက်ဝင်ရောက်သွားတယ်။
၄၂၁ ဆက်ရန်