← Chapters

အခန်း (၄၁၈)

Vol. 18 Ch. 418

အခန်း (၄၁၈)

Vol. 18 Ch. 418

နိုးထလိုက်တော့ မောင်ယဲ့ယွီလေးရေ အမဲလိုက်ချိန် ရောက်ပြီ။

ဟားဟား...ပိုပီး အတိအကျပြောရရင် ရုပ်အလောင်းခိုးတဲ့စစ်ဆင်ရေး စတင်ပြီ။

ယဲ့ယွီဟာ ဒီနေ့အတွက် ထန်းတိ ဂိုဏ်း ရဲ့အတွင်းမှာ ဆောင်းခိုဝက်ဝံလေးလို လက်သည်းဖွက်ရင်း အချိန်အကြာကြီး ပုန်းအောင်းနေခဲ့တာ။

တိုက်ပွဲစတင်တဲ့အခါ

သူ ချက်ချင်း စစ်မြေပြင်ကို ထွက်ပြေးခဲ့တယ်။

သူ ကျိလင်ချင်း ပြောတာ ဘာမှ မကြားခဲ့ဘူး။

သူ ကြားခဲ့ရင်တောင် အရေးမကြီးပါဘူး။

သူက သူ့ကို အလွန်ဒေါသထွက်နေတဲ့ အကြည့်တစ်ခု နဲ့ကြည့်မိတာပဲရှိလိမ့်မယ်။

ဒီမှာ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားတွေရဲ့ ရုပ်အလောင်းတွေက ငါ့ရဲ့ရှေ့မှာ ရှိနေပြီ၊ မင်းက ငါ့ကို အလျင်စလို မလုပ်နဲ့ အေးဆေးနွေးထွေး လို့ ပြောချင်တာလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူက ကျိလင်ချင်းကို သူ့ရဲ့နှလုံးသားထဲမှာ သူငယ်ချင်းအဖြစ် လက်ခံခဲ့ပေမယ့်

မင်းက ငါ ရှေ့ဆက်သွားတာကို ရပ်တန့်လို့မရဘူး။

မကြာခင်မှာပဲ

ယဲ့ယွီက သူ့ရဲ့ ပထမဆုံးပစ်မှတ်အနီးကို ရောက်ရှိလာခဲ့တယ်။

ဒါက ယန်ချန်ဆောင်း စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်းနှစ်ခုပဲ။

သူတို့ရဲ့ စကားပြောဆိုမှုအရ ရှင်းနေတာက

သူတို့ဟာ ထန်းတိ ဂိုဏ်း ကနေ စုရှင်းဂိုဏ်း ကို စေလွှတ်လိုက်တဲ့ လျှို့ဝှက်သူလျှိုတွေပဲ။

ယန်ချန်ဆောင်းရဲ့ ဘေးမှာ လျှို့ဝှက်သူလျှိုဖြစ်နိုင်တဲ့ ဘယ်သူမဆို သာမန်မဟုတ်တဲ့ ကျင့်ကြံမှုကောင်းတဲ့သူတွေပဲဖြစ်မယ်

ဒီလို အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကို လုံးဝ အလဟဿ မဖြုန်းတီးသင့်ဘူး။

ယဲ့ယွီဟာ တစ်ခဏတာမျှ မတွန့်ဆုတ်ဘဲ သူတို့ကို သူ့ရဲ့သိုလှောင်လက်စွပ်ထဲကို တိုက်ရိုက်စုဆောင်းခဲ့တယ်။

ဒီလုပ်ရပ်ကို နောက်ဘက်ကနေ တိုက်ပွဲကို ကြည့်ရှုနေတဲ့ အကြီးအကဲ ကောက်ချန်ကျောက်က မြင်လိုက်ရတယ်။

သူ ချက်ချင်းပဲ အတော်လေးကို စိတ်ရှုပ်ထွေးသွားခဲ့တယ်။

သူ့ရဲ့ ပုံရိပ်က လျင်မြန်စွာ ရွေ့လျားပြီး ရုတ်တရက် ယဲ့ယွီရဲ့ ဘေးကို ရောက်လာခဲ့တယ်။

သူက ပြင်းပြင်းထန်ထန် 'မင်းလည်း ထန်းတိ ဂိုဏ်း က နတ်ဘုရားတစ်ပါးပဲ မလား။ မင်း စုရှင်းဂိုဏ်း နဲ့ အသေအကျေ တိုက်ခိုက်မယ့်အစား ဘာလို့ ဒီမှာ ရုပ်အလောင်းနှစ်ခုကို စုဆောင်းနေရတာလဲ။ မင်း တကယ်တော့ ဘာလုပ်ချင်နေတာလဲ။'

ယဲ့ယွီရဲ့ နှလုံးသားက ခုန်သွားခဲ့တယ်။

ရှစ်၊ သူ အရမ်းစိတ်လှုပ်ရှားသွားတာကြောင့် သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ဖို့ မေ့သွားခဲ့တယ်။

အခု သူ အလုပ်လေးစရုံပဲရှိသေးတယ် ပေါ့ဆမှုကြောင့် နေရာမှာပဲ အဖမ်းခံခဲ့ရတယ်။

ဒါက အရမ်းပေါ့ဆလွန်းတယ်။

ယဲ့ယွီ မော့ကြည့်လိုက်ပြီး ကောက်ချန်ကျောက်ရဲ့ စစ်ဆေးတဲ့အကြည့်နဲ့ တွေ့လိုက်ပြီး ချက်ချင်း စဉ်းစားစတင်ခဲ့တယ်။

အသက်ရှူချိန်တစ်ခုအတွင်းမှာ သူ တုံ့ပြန်မှုကို စဉ်းစားမိခဲ့တယ်။

ယဲ့ယွီက အသက်ပြင်းပြင်း ရှူပြီး စိတ်မကောင်းဖြစ်ဟန်ဆောင်ကာ 'အကြီးအကဲ၊ ဒီနှစ်ယောက်ဟာ ထန်းတိ ဂိုဏ်း ကနေ စုရှင်းဂိုဏ်း ကို စေလွှတ်လိုက်တဲ့ လျှို့ဝှက်သူလျှိုတွေဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ငါ့ရဲ့ နှလုံးသားထဲမှာ ကြီးမားတဲ့ နာကျင်မှုကို ခံစားရတယ်။'

'သူတို့ဟာ ရန်သူရဲ့ဂိုဏ်းထဲမှာ ပုန်းအောင်းနေပြီး အရှက်ခွဲခံခဲ့ရတယ်။'

'သူတို့ရဲ့ အထောက်အထားတွေ ပေါ်သွားပြီး ကြေကွဲဖွယ်သေဆုံးခဲ့ပြီးနောက် သူတို့ရဲ့ ရုပ်အလောင်းတွေကို စွန့်ပစ်ခံခဲ့ရတာတင် မကဘဲ ငါ့က ဒီလို သူရဲကောင်းတွေ ဒီလို အရှက်ရတာကို မကြည့်နိုင်ဘူး။'

'ဒါကြောင့် ငါ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်ယူပြီး သေချာ မြှုပ်နှံပေးချင်တယ်။'

'ဒါ... ဒါက ငါ့ရဲ့ဆန္ဒပဲ။'

ယဲ့ယွီ ဒီလိုပြောလိုက်တဲ့အခါ သူ့ရဲ့အသံက အဖျားလေးမှာတုန်သွားကာ မျက်ရည်ဝဲနေတဲ့မျက်လုံးလေးတွေကို ဝိုင်းပြလိုက်ပီး ကျအုကျအု နဲ့ စကားတောင်မဆက်နိုင်တော့ပဲ အသံဝင်လာခဲ့တယ်။

သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အတော်လေးကို ပရိုဆန်လွန်းပြီး ဟောလိဝုမှာသာ ဆိုရင် အော်စကာကို အလွယ်တကူ ရရှိနိုင်တယ်။

သူ့ရဲ့ အသက်ဝင်တဲ့ အမူရာ ခံစားမှုတွေပြည့်နေတဲ့မျက်လုံးတွေက စိတ်ခံစားမှုဆိုင်ရာ သက်ရောက်မှုက အလွန်အားကောင်းတယ်။

ထန်းတိ ဂိုဏ်း မှာ သူ့ရဲ့ တင်းကြပ်မှုကြောင့် နာမည်ကြီးတဲ့ အကြီးအကဲ ကောက်ချန်ကျောက်တောင် သူ့ရဲ့ မျက်လုံးတွေ အနည်းငယ် နီရဲလာခဲ့တယ်။

ငါ တကယ်ပဲ လူမိုက်တစ်ယောက်ပဲ။

ငါ့ရှေ့မှာရှိတဲ့ ဒီနတ်ဘုရားဟာ ဒီလောက်တောင် ဖြောင့်မတ်ပြီး စိတ်ခံစားမှုပြင်းတယ်။

သူ တိုက်ပွဲကို ကြောက်နေသလား ဒါမှမဟုတ် တစ်ခုခု လျှို့ဝှက်လုပ်ဆောင်နေတာလားလို့ ငါ့ ဘယ်လိုလုပ် သံသယဝင်နိုင်မှာလဲ။

ဒါက တကယ်ကို မှားယွင်းတဲ့အရာပဲ။

ကောက်ချန်ကျောက်က နက်နဲစွာ အပြစ်ရှိသလို ခံစားရပြီး 'မင်း ပြောတာ လုံးဝမှန်တယ်။ ငါ မစဉ်းစားခဲ့မိဘူး။ မင်းကို တောင်းပန်ပါတယ်' လို့ ပြောလိုက်တယ်။

ယဲ့ယွီက ဘေးကို လှည့်ပြီး ၄၅ ဒီဂရီထောင့်နဲ့ ကောင်းကင်ကို ကြည့်လိုက်တယ်။

'အကြီးအကဲ၊ တောင်းပန်ဖို့ မလိုပါဘူး။'

'ကျနော် အခု ဒေါသတွေ ပြည့်နေပြီ။ဂိုဏ်းရဲ့ သူရဲကောင်းတွေအတွက် ရေကုန်ရေခမ်း လက်စားချေချင်တယ်။'

'ကျနော် တိုက်ပွဲမှာ သေဆုံးခဲ့ရင် ငါ့ရဲ့လက်စွပ်ကိုယူပြီး သူရဲကောင်းတွေရဲ့ ရုပ်အလောင်းတွေကို ပြန်ယူသွားပေးပါ။'

'သူတို့ကို ခမ်းနားစွာ မြှုပ်နှံပေးမယ်လို့ကျနော့်ကို ...ကျနော့ကို ကတိပေးပါှဗျာ။'

ဒီစကားတွေက ကောက်ချန်ကျောက်ကို ထပ်ပြီး နက်နဲစွာ စိတ်လှုပ်ရှားစေခဲ့တယ်။

သူရဲကောင်းဆန်တဲ့နှလုံးသားဆိုတာ ဘာကိုဆိုလိုတာလဲ။

ငါ့ရှေ့က ဒီလူဟာ သူရဲကောင်းဆန်တဲ့နှလုံးသားရဲ့ သရုပ်ဖော်မှုပဲ။

သူ့ရဲ့ ဂိုဏ်းဝင်သူတွေကို ဂရုစိုက်ပြီး အသင်းဖော်တစ်ယောက်ကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။

သူ့ရဲ့ခွန်အားက မမြင့်မားပေမယ့် စိတ်ဓာတ်ကတော့ ပြင်းထန်လွန်းစွာ မိုးသို့ လျှံနေတယ်။

(ရှင်းရှင်းပြောရရင် ယဲ့ယွီ ထန်းတိ ဂိုဏ်း ကို ဝင်ရောက်တုန်းက သူက လျှို့ဝှက်ဆန်းကြယ်တဲ့နတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိခဲ့တယ်။ နောက်ပိုင်းမှာ စုရှင်းဂိုဏ်း ရဲ့အပြင်ဘက်မှာ ရုပ်အလောင်း ၅၀ ကျော် ရရှိပြီးနောက် သူ ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အစောပိုင်းအဆင့်ကို ချိုးဖောက်နိုင်ခဲ့တယ်။ တခြားသူတွေက သူ့ရဲ့ ကျင့်ကြံမှု အကြီးအကျယ် တိုးတက်လာတာကို သတိမထားမိအောင် ယဲ့ယွီဟာ သူ့ရဲ့ ကျင့်ကြံမှုကို လျှို့ဝှက်ဆန်းကြယ်တဲ့နတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ်မှာ အမြဲတမ်း ဖိနှိပ်ထားခဲ့တယ်။ ဒါကြောင့် ကောက်ချန်ကျောက်အတွက် ယဲ့ယွီဟာ သာမန် လျှို့ဝှက်ဆန်းကြယ်တဲ့နတ်ဘုရားတစ်ပါးပဲ ဖြစ်နေတယ်။)

ကောက်ချန်ကျောက်က သူ့ရဲ့လေးစားမှုကို ဖော်ပြဖို့ စကားအနည်းငယ် ထပ်ပြောချင်သေးတယ်။

ဒါပေမယ့် ယဲ့ယွီက နတ်ဘုရားတွေကြားက ရှုပ်ထွေးတဲ့ တိုက်ပွဲထဲကို ဝင်သွားတာကို တွေ့လိုက်ရတယ်။

ကောက်ချန်ကျောက်ဟာ သူ့ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့အတူ လေးစားမှုတွေ ပြည့်နေခဲ့ပေမယ့် ရုတ်တရက် 'ကျွတ်' လို့ တွေးလိုက်တယ်။

သူ့ရဲ့နာမည်ကိုတောင် ငါ မမေးလိုက်ရသေးဘူး။

ဒီလို သူရဲကောင်းမျိုးက အမည်မသိ မနေနိုင်ဘူး။

မဟုတ်ဘူး၊ ငါ သူ့ကို ရှာပြီး ကာကွယ်ရမယ်။

ဒီလို ကိုယ်ကျင့်တရား သစ္စာနဲ့ သီလရှိတဲ့နတ်ဘုရားဟာ ထန်းတိ ဂိုဏ်း ရဲ့ အနာဂတ်မျှော်လင့်ချက်ပဲ။ ငါ သူ့ကို လုံးဝ ပျက်စီးမခံနိုင်ဘူး။

ဒီလိုတွေးပြီး ကောက်ချန်ကျောက်က တိုက်ပွဲရဲ့ ရှုပ်ထွေးမှုထဲကို အလျင်အမြန် ဝင်သွားခဲ့တယ်။ ဒါပေမယ့် သူ ယဲ့ယွီကို ဘယ်နေရာမှ ရှာမတွေ့ခဲ့ဘူး။

အစားထိုးအနေနဲ့ သူ စုရှင်းဂိုဏ်း က နတ်ဘုရားတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုရဲ့ ပစ်မှတ် ဖြစ်သွားခဲ့တယ်။

တစ်ခဏတာ ကောက်ချန်ကျောက်ဟာ အရမ်းစိတ်ပျက်သွားခဲ့တယ်။

သူ ယဲ့ယွီကို ရှာဖို့ သူ့ရဲ့အတွေးတွေကို ယာယီ ဖယ်ထားပြီး တိုက်ပွဲကို အာရုံစိုက်ခဲ့ရတယ်။

သူ မသိလိုက်ဘဲ ယဲ့ယွီဟာ သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ပြီး နတ်ဘုရားတွေရဲ့ ရုပ်အလောင်းတွေကို တိတ်တိတ်လေး စုဆောင်းနေခဲ့တယ်။

ဒါ့အပြင် တခြားသူတွေ အရမ်းမြန်မြန် သတိမထားမိအောင်လို့

ယဲ့ယွီဟာ အလယ်အလတ် ကောင်းကင်နတ်ဘုရားအဆင့်အောက်က နတ်ဘုရားတွေရဲ့ ရုပ်အလောင်းတွေကိုတောင် မထိခဲ့ဘူး။

ဘာလို့လဲဆိုတော့ ဒီရုပ်အလောင်းတွေကို မြှုပ်နှံခဲ့ရင် သူ့ကို ကျင့်ကြံမှုအများကြီး မပေးနိုင်ဘူးဆိုတာ သူ သိနေလို့ပဲ။

သူ ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အစောပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် အခုကစပြီး အရည်အသွေးပဲ အရေးကြီးတယ်။

အရည်အသွေးအကြောင်း ပြောရင် ယဲ့ယွီဟာ စုရှင်းဂိုဏ်း ရဲ့ အကြီးအကဲ ရန်ကျားလူးကို ထပ်ပြီး တွေးမိပြန်တယ်။

ဒီလူက ပြင်းထန်စွာ ဒဏ်ရာရထားတယ်၊ ဒါက လိုအပ်တာလေးနဲနဲနှမ်းဖြုးကာ အပြီးသတ် လုပ်ဆောင်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။

ဒါကြောင့် ယဲ့ယွီဟာ သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ပြီး ရန်ကျားလူးရဲ့နေရာဘက်ကို တိတ်တိတ်လေး သွားခဲ့တယ်။

နတ်ဘုရားရာပေါင်းများစွာ တိုက်ခိုက်နေတဲ့ မြင်ကွင်းက အက်ဗန်ဂျာ အန့်ဂိမ်းဇာတ်ကားထဲက စစ်ပွဲလိုပဲ တကယ်ကို ခမ်းနားတယ်။ နတ်ဘုရားနည်းပညာ အမျိုးမျိုးကို ပြင်းထန်လျှင်မြန်စွာ အသုံးပြုနေကြတယ်။

သူ့ရဲ့တည်နေရာကို မဖော်ထုတ်မိအောင်လို့

ယဲ့ယွီဟာ အရှိန်ကို လျှော့ချခဲ့ပြီး ရံဖန်ရံခါ လာတဲ့ ဓားစွမ်းအင်နဲ့ နတ်ဘုရားနည်းပညာတွေကို ရှောင်ရင်း သတိထားပြီး ရွေ့လျားနေခဲ့တယ်။

သူက ရန်ကျားလူးရဲ့ ပတ်ဝန်းကျင်က အခြေအနေကိုလည်း အမြဲ စောင့်ကြည့်နေခဲ့တယ်။

အစပိုင်းမှာ အကြီးအကဲ ရန်ကျားလူးရဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်

သူ့ကို စောင့်ကြပ်တဲ့ နတ်ဘုရားငါးပါးရှိခဲ့တယ်။

ဒါပေမယ့် တိုက်ပွဲက အရမ်းပြင်းထန်လာတာကြောင့်

စောင့်ကြပ်တဲ့သူ အများစုက လမ်းကြောင်းပြောင်းသွားခဲ့တယ်။

သူ့ကို ကာကွယ်ဖို့ ကောင်းကင်နတ်ဘုရားတစ်ပါးပဲ ကျန်တော့တယ်။

အကြီးအကဲ ရန်ကျားလူးက သူ့ရဲ့ဒဏ်ရာတွေကို ကုသဖို့ ကုသမှုနည်းစနစ်ကိုသုံးကာ တရားထိုင်နေပြီး

သူ့ရဲ့ ရွှေရောင်အလင်းက တောက်ပနေပြီး အတော်လေးကို ထင်ရှားနေတယ်။

ကောင်းကင်နတ်ဘုရားတစ်ပါးပဲ ရှိနေတာကြောင့် ယဲ့ယွီက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်။

မကြာခင်မှာပဲ ယဲ့ယွီ လုံလောက်တဲ့အကွာအဝေးကို ရောက်ရှိလာခဲ့တဲ့အခါ

သူ တာအိုချူဂုန်း ကို အသက်သွင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့တယ်။

သို့သော် သူ ရုတ်တရက် ရန်ကျားလူးရဲ့ ပတ်ဝန်းကျင်မှာ ခရမ်းရောင်မြူခိုးတွေ ပေါ်လာတာကို သတိထားမိခဲ့တယ်။

ရန်ကျားလူးနဲ့ သူ့ရှေ့က ကောင်းကင်နတ်ဘုရား နှစ်ပါးစလုံး တုန်ယင်သွားပြီး ရုတ်တရက် သူတို့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်ကြတယ်။ ဒါပေမယ့် သူတို့ တစ်လက်မတောင် မလှုပ်နိုင်ဘူး။

စကားပြောဖို့တောင် မဖြစ်နိုင်ဘူး။

ပြီးတော့ ပါးလွှာတဲ့ နွယ်နှစ်ချောင်း ပေါ်လာခဲ့တယ်။

သူတို့ ရန်ကျားလူးနဲ့ ကောင်းကင်နတ်ဘုရားရဲ့ ကျောတွေကို ခိုင်မြဲတဲ့ စပါးကြီးမြွေတစ်ကောင်ကသူ့အစာကိုပတ်သလို ဝိုင်းပတ်လိုက်ပြီး

သူတို့ရဲ့ ခါးထဲကို ရုတ်တရက် ထိုးသွင်းပြီး သူတို့ရဲ့ သွေးစွမ်းအင်တွေကို အလျင်အမြန် စုပ်ယူလိုက်တယ်။

နွယ်တွေက သေးငယ်ပြီး မထင်ရှားတာကြောင့် သေချာဂရုမစိုက်ရင် ရှာမတွေ့နိုင်ဘူး။

နှစ်ချက် ဒါမှမဟုတ် သုံးချက် အသက်ရှူချိန်အတွင်းမှာ

ဒီနှစ်ယောက်က အသက်မရှိတော့ဘဲ မြေပြင်ပေါ်ကို လဲကျသွားပြီး ရုပ်အလောင်းတွေ ဖြစ်သွားခဲ့တယ်။

နွယ်တွေက တိမ်တွေထဲကို ပျောက်ကွယ်သွားခဲ့တယ်။

ဒါကို မြင်တော့ ယဲ့ယွီဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စုရှင်းဂိုဏ်း ရဲ့ အပြင်ဘက်မှာ သူ စုဆောင်းခဲ့တဲ့ ရုပ်အလောင်းတွေကို ချက်ချင်း သတိရသွားခဲ့တယ်။

အတိအကျပဲ၊ သွေးစွမ်းအင် မကျန်တော့ဘူး။

ပြီးခဲ့တဲ့အကြိမ်က နတ်ဘုရားတွေရဲ့ သေဆုံးမှုတွေလည်း ဒီနွယ်တွေကြောင့် ဖြစ်နိုင်တယ်။

၄၁၉ ဆက်ရန်

All Chapters