← Chapters

အခန်း (၄၁၉)

Vol. 18 Ch. 419

အခန်း (၄၁၉)

Vol. 18 Ch. 419

နောက် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အထိ

ယဲ့ယွီက ကျောက်ရုပ်တရုပ်လိုရပ်နေကာ ဖုံးကွယ်တဲ့နည်းပညာကိုသုံးထားပီး ဘာမှ မလှုပ်ရှားခဲ့ဘူး။

သူက သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ပြီး စုရှင်းဂိုဏ်း ရဲ့ အကြီးအကဲ ရန်ကျားလူးရဲ့ ဘေးမှာပဲ နေခဲ့တယ်။

သူ့ပတ်ပတ်လည်က တိုက်ပွဲအခြေအနေကို သတိထားပြီး လေ့လာနေခဲ့တယ်။

ပိုနီးကပ်စွာ လေ့လာကြည့်တော့ သူ ထူးဆန်းမှုတွေ အများကြီးကို သတိထားမိခဲ့တယ်။

အဲဒီ သေးငယ်တဲ့နွယ်တွေဟာ နတ်ဘုရားတွေ ဒဏ်ရာရတဲ့အခါ ဒါမှမဟုတ် သေတဲ့အခါ အမြဲ ပေါ်လာတယ်။

သူတို့ တိတ်တဆိတ် ပေါ်လာပြီး သွေးစွမ်းအင်ကို ရက်စက်စွာ စုပ်ယူမှု စတင်တတ်တယ်။

ဒီ ထူးဆန်းတဲ့ မြင်ကွင်းက ယဲ့ယွီကို လွန်ခဲ့တဲ့ ခဏက စုရှင်းဂိုဏ်း ရဲ့အပြင်ဘက်မှာ သူ စုဆောင်းခဲ့တဲ့ သွေးမရှိတော့တဲ့ ရုပ်အလောင်းတွေ အားလုံးဟာ ဒီနွယ်တွေရဲ့ အကျိုးဆက်တွေပဲဆိုတာ ချက်ချင်း သိလိုက်စေခဲ့တယ်။

ပြီးတော့ အခု ဒီနွယ်တွေရဲ့ သခင်ကလည်း တိုက်ပွဲထဲကို တိတ်ဆိတ်စွာ ပါဝင်လာခဲ့တယ်။

တစ်ယောက်က သွေးစွမ်းအင်ကို ရှာဖွေပြီး နောက်တစ်ယောက်က နတ်ဘုရားတွေရဲ့ ရုပ်အလောင်းတွေကို လိုအပ်တယ်။

ဒီအခြေအနေမှာ

အပြန်အလှန် အကျိုးရှိတဲ့ ဝင်းဝင်း ရလဒ်တစ်ခုကို ရရှိနိုင်တယ်။

ဘာပဲဖြစ်ဖြစ် ရုပ်အလောင်းတွေထဲက သွေးစွမ်းအင်တွေ ကုန်သွားရင်တောင် ယဲ့ယွီက သူတို့ကို ပြဿနာမရှိဘဲ မြေမြှုပ်နိုင်သေးတယ်။

ဒီအချက်ကို သိလိုက်တာနဲ့

ယဲ့ယွီ မတွန့်ဆုတ်တော့ဘဲ ရန်ကျားလူးနဲ့ နောက်ထပ် ကောင်းကင်နတ်ဘုရားရဲ့ ရုပ်အလောင်းတွေကို တိတ်တိတ်လေး စုဆောင်းခဲ့တယ်။

ပြီးတော့ မြှုပ်နှံဖို့ ထိုက်တန်တဲ့ တခြားရုပ်အလောင်းတွေကို ဆက်လက် ရှာဖွေနေခဲ့တယ်။

နွယ်တွေရဲ့ သခင်အကြောင်းကတော့

ယဲ့ယွီ သူ့အကြောင်းကို အခု စိတ်ပူနေဖို့ အချိန်မရှိဘူး။

သူ သူ့ရဲ့ အကျိုးအမြတ်တွေကို အရင်ဆုံး အမြင့်ဆုံးရောက်အောင် လုပ်ရမယ်။

မဟုတ်ရင် ဟိုးအပေါ်မှ တက်ပြီးတိုက်ပွဲဆင်နွှဲနေတဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ပါး ပြန်လာတဲ့အခါ

လုပ်ဆောင်ရတာ မလွယ်ကူတော့ဘူး။

ဘာပဲဖြစ်ဖြစ် ယန်ချန်ဆောင်းနဲ့ ဂိုဏ်းခေါင်းဆောင် ရှန်ဘီ နှစ်ယောက်စလုံးက နတ်ဘုရားဘုရင်တွေပဲ။

ယဲ့ယွီက ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိနေတယ်။

ဒီလို ကြီးမားတဲ့ အဆင့် ကွာခြားမှုနဲ့ သူ့ရဲ့ အသက်ရှူမှု-ဖုံးကွယ်တဲ့နည်းပညာက အလွယ်တကူ သိသွားလိမ့်မယ်။

သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်နိုင်မှာမဟုတ်သလို ရုပ်အလောင်းတွေကိုလည်း စုဆောင်းနိုင်မှာ မဟုတ်ဘူး။

သူတို့က သူ့ကို မြင်လိုက်တာနဲ့ နတ်ဘုရားအပါး ၅၀ ကျော်ရဲ့ ရုပ်အလောင်းတွေ ပျောက်ကွယ်သွားတာနဲ့ ဆက်စပ်ဖို့ မခက်ခဲတော့ဘူး။

ပြည့်စုံတဲ့ခွန်အားမရှိဘဲ နတ်ဘုရားဘုရင်တွေရဲ့ ပစ်မှတ်ဖြစ်တာက သေချာပေါက် ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူး။

ဒါကြောင့် သူ အချိန်ကို ဆုပ်ကိုင်ထားရမယ်။

ယဲ့ယွီက လျင်မြန်စွာ ရွေ့လျားပြီး စစ်မြေပြင်ကို ဖြတ်သွားခဲ့တယ်။

သူ အလုပ်ရှုပ်နေတုန်းမှာပဲ

ပုံရိပ်တစ်ခုက ကောင်းကင်ကနေ အမြန်ဆင်းသက်လာခဲ့တယ်။

နတ်ဘုရားနှစ်ပါး အချိန်မီမရှောင်နိုင်ဘဲ ချက်ချင်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တယ်။

ရလဒ်အနေနဲ့ ပေါ်လာတဲ့ ဆူနာမီလို စွမ်းအင် လှိုင်းလုံးကြီးက ဝုန်းကနဲတုန်ခါကာ သူတို့ပတ်ပတ်လည်က လူတိုင်းကို ဆောင့်တွန်းလိုက်သလို နောက်ကို အနည်းငယ် ပြန့်ကျဲသွားစေခဲ့တယ်။

ယဲ့ယွီ ရှေ့ကို ကြည့်လိုက်တယ်။

သူ့ကို အံ့ဩစေတာက ရိုက်ချခံလိုက်ရသူဟာ စုရှင်းကဂိုဏ်းချုပ် ယန်ချန်ဆောင်းပဲ။

ဒီအချိန်မှာ သူ့ရဲ့ဆံပင်က ရှုပ်ပွနေပြီး သူ့ရဲ့ ပါးစပ်ထောင့်ကနေ သွေးတွေ ယိုစီးကျနေတယ်။ ချောင်ပိတ်ရိုက်ခံထားရတဲ့ ကြွက်လေးလိုဖြစ်နေရှာပြီ။

ရှင်းရှင်းလင်းလင်း ဒီနတ်ဘုရားဘုရင်တွေကြားက တိုက်ပွဲမှာ သူ ရှုံးနိမ့်ခဲ့တယ်။

ဒါက ယဲ့ယွီတစ်ယောက်တည်း တွေးတာ မဟုတ်ဘူး။ အဲဒီနေရာမှာရှိတဲ့ နတ်ဘုရားတွေအားလုံးလည်း ဒီလိုပဲ တွေးခဲ့တယ်။

စုရှင်းဂိုဏ်း က နတ်ဘုရားတွေရဲ့ စိတ်ဓာတ်က နည်းနည်းကျဆင်းသွားခဲ့တယ်။

ယဲ့ယွီ သူ့ရဲ့တည်ရှိမှုကို မဖုံးကွယ်တော့ဘဲ မျက်နှာဖုံးစွပ်ထားတဲ့ နတ်ဘုရားတစ်ပါးရဲ့ နောက်မှာ ရပ်နေပြီး သူ့ကိုယ်သူ ဖော်ပြလိုက်တယ်။

ဟမ်။

ဘာလို့ ဒီ ဂါဒီနီယာရေမွှေးသုံးထားတဲ့ ကိုယ်သင်း ရနံ့က ဒီလောက် ရင်းနှီးနေရတာလဲ။

မင်းလား။

ယဲ့ယွီက ပြုံးလိုက်ပြီး အနည်းငယ် နောက်ဆုတ်လိုက်တယ်။

သူ့ရဲ့ အကြည့်က မျက်နှာဖုံးစွပ်ထားတဲ့ နတ်ဘုရားဆီကနေ ဘယ်တော့မှ မထွက်ခွာခဲ့ဘူး။

တစ်ချိန်တည်းမှာပဲ ဂိုဏ်းခေါင်းဆောင် ရှန်ဘီက လေထဲမှာ ချက်ချင်း ပေါ်လာခဲ့တယ်။

သူလည်း သိပ်အဆင်မပြေဘူးထင်တယ်။

သူ့ရဲ့ ရှေးဟောင်း ဒါအိုခေါင်းလောင်းမှာ အက်ကြောင်းများစွာ ရှိနေပြီး တုန်ခါနေကာ ဘယ်အချိန်မဆို ကွဲကြေသွားနိုင်သလိုပဲ။

အောက်က လူတွေရဲ့ အကြည့်ကို သတိထားမိပုံရတယ်။

ဂိုဏ်းခေါင်းဆောင် ရှန်ဘီက ဒါအိုခေါင်းလောင်းကို သူ့ရဲ့ကျောနောက်မှာ ဝှက်ထားလိုက်တယ်။

သူက အေးစက်စက်နဲ့ 'ယန်ချန်ဆောင်း၊ မင်း ရှုံးသွားပြီ။ အခု အရှုံးပေးလိုက်ပါ၊ ငါ မင်းရဲ့အသက်ကို ချမ်းသာပေးကောင်း ချမ်းသာပေးလိမ့်မယ်။'

ယန်ချန်ဆောင်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး အကြီးကျယ်ဆုံး ဟာသကို အခုမှ ကြားလိုက်ရသလိုပဲ။

သူ အရမ်းပြင်းပြင်းထန်ထန် ရယ်လိုက်တာကြောင့် သူ့ရဲ့ ခန္ဓာကိုယ် တုန်ယင်သွားခဲ့တယ်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ့ရဲ့မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အသံနက်ကြီးနဲ့ 'ဂိုဏ်းခေါင်းဆောင် ရှန်ဘီ၊ ဒီလောက် ကြင်နာတဲ့ဟန် မဆောင်ပါနဲ့။'

'ငါတို့ နှစ်ယောက်စလုံးက အခွင့်အရေးရှိရင် တစ်ယောက်ကိုတစ်ယောက် သေချာပေါက် သတ်လိမ့်မယ်ဆိုတာ သိကြတယ်။'

'မင်း ငါ့ကို မသတ်ရသေးတဲ့ အကြောင်းရင်းက ငါ့လက်ထဲမှာရှိတဲ့ ကောင်းကင်ဘုံအကျဉ်းထောင်တောင်နှင့်မြစ်ကျမ်းလိပ်ကြောင့် မဟုတ်လား။'

'ကောင်းပြီ၊ မင်း လိုချင်ရင် မင်းကို ငါ့ ပြပေးမယ်။'

ယန်ချန်ဆောင်းရဲ့ လက်တွေက ဒါအိုတံဆိပ်တစ်ခုကို အမြန်ဖွဲ့စည်းလိုက်တယ်။

နောက်တစ်ခဏမှာ

အလျား ၁၀ ကျိုးလောက်ရှိတဲ့ ကြီးမားတဲ့ ကျမ်းလိပ်တစ်ခုက ကောင်းကင်ထဲမှာ ဖြည်းဖြည်းချင်း ဖျာခင်းလိုက်သလို ဖွင့်ဟလာခဲ့တယ်။

အဖြူရောင်အလင်းက ဂိုဏ်းခေါင်းဆောင် ရှန်ဘီကိုအလင်းအလျှင်မျိုးနဲ့ ချက်ချင်း ဝိုင်းရံလိုက်တယ်။

နောက်ဆုံးတော့ ရှန်ဘီရဲ့ ဆရာကြီးစတိုင်ဖမ်းနေတဲ့ အမူရာက အတော်လေးထိတ်လန့်နေတဲ့ပုံကို ပြောင်းလဲသွားခဲ့တယ်။

သူ လွတ်မြောက်ဖို့ နတ်ဘုရားနည်းပညာတစ်ခုကို ချက်ချင်း အသုံးပြုဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် လုံးဝ အသုံးမဝင်ခဲ့ဘူး။

အသက်ရှူချိန် နှစ်ချက်ထက်မပိုဘဲ

ဂိုဏ်းခေါင်းဆောင် ရှန်ဘီက ကောင်းကင်ထဲက ကျမ်းလိပ်ထဲကို စုပ်ယူခံလိုက်ရတယ်။

အဲဒီနေရာမှာရှိတဲ့ နတ်ဘုရားတွေအားလုံးက ရှင်းရှင်းလင်းလင်း မြင်နိုင်တာက

ဒီအချိန်မှာ ဂိုဏ်းခေါင်းဆောင် ရှန်ဘီရဲ့ ပုံရိပ်က ကျမ်းလိပ်အတွင်းမှာ ပေါ်လာခဲ့တယ်။

သို့သော် သူ အဆပေါင်းများစွာ သေးငယ်သွားသလိုပဲ။

သူ ဘယ်လောက်ပဲ ရိုက်၊ အော်ဟစ်၊ ဒါမှမဟုတ် နတ်ဘုရားနည်းပညာတွေကို ထုတ်လွှတ်ဖို့ ကြိုးစားပေမယ့်

သူ အတွင်းကနေ မလွတ်မြောက်နိုင်ဘူး။

ထန်းတိ ဂိုဏ်း က နတ်ဘုရားတွေရဲ့ နှလုံးသားထဲမှာ စိတ်ပျက်အားငယ်မှုတစ်ခု ပျံ့နှံ့သွားခဲ့တယ်။

ဒါပေမယ့် ယန်ချန်ဆောင်းက စိတ်မပူဘဲ သူ့ရဲ့လက်တွေက ဒါအိုတံဆိပ်ကို လှည့်နေခဲ့တယ်။

ကျမ်းလိပ်အတွင်းမှာ လျှပ်စီးတွေ လက်ပြီး လေတွေ တိုက်ခတ်နေတယ်။

ဒါက ကမ္ဘာပျက်မယ့်မြင်ကွင်းလိုပဲ။

ရေတွက်လို့မရနိုင်တဲ့ မိုးကြိုးတွေ ရုတ်တရက် ပြုတ်ကျလာပြီး ပြင်းထန်တဲ့လေတွေက သူတို့ရဲ့ ဝိညာဉ်တွေကို ဖျက်ဆီးခဲ့တယ်။

မြေပြင်ကနေတောင် မီးတောက်တွေ ထွက်ပေါ်လာခဲ့တယ်။

ဂိုဏ်းခေါင်းဆောင် ရှန်ဘီ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် သူ ဘယ်ကိုပဲ ပြေးပြေး အချည်းနှီးပဲ။

ဒါ့အပြင် သူ့ရဲ့ နတ်ဘုရားစွမ်းအင်တွေ အလျင်အမြန် ကုန်ဆုံးနေတာကို သူ တွေ့လိုက်ရတယ်။

ဂိုဏ်းခေါင်းဆောင် ရှန်ဘီက မယုံကြည်နိုင်ဘဲ တစ်လှမ်း နောက်ဆုတ်လိုက်တယ်။

ပြီးတော့ သူ ရုတ်တရက် ကိုယ့်ကိုယ်ကို လှောင်ရယ်စတင်ခဲ့တယ်။

'ဒါက ငါ အချိန်အကြာကြီး တွေးနေခဲ့တဲ့ ကောင်းကင်ဘုံအကျဉ်းထောင်တောင်နှင့်မြစ်ကျမ်းလိပ်လား။'

'ဒါက အရမ်းပျက်စီးနေပြီး ကောလာဟလတွေအရ ပြန်ပြီး ပြုပြင်နေတုန်း မဟုတ်လား။'

'စုရှင်းဂိုဏ်း က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြုပြင်နိုင်ခဲ့တာလဲ။'

ဒီမေးခွန်းက ဂိုဏ်းခေါင်းဆောင် ရှန်ဘီကို ကြာကြာ တွေးနေဖို့အချိန်မရှိရှာတော့ပါဘူး။

သူ့ရဲ့ နတ်ဘုရားစွမ်းအင်တွေ ကုန်ဆုံးသွားတဲ့အခါ

နတ်ဘုရားဘုရင်တစ်ပါးဟာ ကောင်းကင်ဘုံအကျဉ်းထောင်တောင်နှင့်မြစ်ကျမ်းလိပ်အတွင်းမှာ ကျဆုံးခဲ့တယ်။

ခဏတာ တိတ်ဆိတ်မှုအပြီးမှာ စုရှင်းဂိုဏ်း က နတ်ဘုရားတွေဟာ အသံကျယ်ကျယ်နဲ့ အော်ဟစ်ခဲ့တယ်။

'လုံခြုံပြီ၊ တကယ် လုံခြုံသွားပြီ။'

'ထန်းတိ ဂိုဏ်း ရဲ့ ဂိုဏ်းခေါင်းဆောင်မရှိဘဲ သူတို့ ငါ့တို့ကို ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ။'

'ဒီနေ့ကစပြီး ယန်ချန်ဆောင်း ဆန္ဒရှိသရွေ့ ထန်းတိ ဂိုဏ်း ဟာ အတိတ်မှာပျက်စီးကာကျန်ခဲ့တဲ့ သမိုင်းဖြစ်သွားလိမ့်မယ်။'

ထန်းတိ ဂိုဏ်း က နတ်ဘုရားတွေအားလုံး ဒီမှာ သေလိမ့်မယ်။

ဒါပေမယ့် ယန်ချန်ဆောင်းက အဲဒီလို မလုပ်ခဲ့ဘူး။

အစားထိုးအနေနဲ့ သူက သူ့ရဲ့ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်တယ်။

သူ လေထဲကို တက်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ နတ်ဘုရားကို ချဉ်းကပ်ခဲ့တယ်။

နက်ရှိုင်းတဲ့ ချစ်ခင်စရာကောင်းတဲ့အသံနဲ့ 'နတ်ဘုရားသမီး ကျူ၊ ငါ့တို့ နတ်ဘုရားတံခါးကွန်ဖရင့်မှာ နောက်ဆုံးတွေ့ဆုံပြီးကတည်းက ၃,၂၈၇ နှစ် ရှိပြီ' လို့ ပြောလိုက်တယ်။

'မင်း ငါ့ရဲ့ စုရှင်းဂိုဏ်း ကို လာပြီး စကားပြောချင်မလားလို့ တွေးမိတယ်။'

သူမရဲ့ အထောက်အထား ပေါ်သွားတာကို မြင်တော့ ကျူချင်က မဖုံးကွယ်တော့ဘူး။

သူမ ဖြည်းဖြည်းချင်း သူမရဲ့ မျက်နှာဖုံးကို ချွတ်လိုက်တယ်။

လူအုပ်ထဲက ယဲ့ယွီကို လှည့်ကြည့်ပြီး သူမက ညင်သာစွာနူးညံ့ချိုသာတဲ့အသံလေးနဲ့ 'သခင်လေးရေ၊ မင်း ဘယ်လိုထင်လဲ' လို့ မေးလိုက်တယ်။

ဒီရိုးရှင်းတဲ့ဝါကျက အဲဒီနေရာမှာရှိတဲ့ နတ်ဘုရားတွေအားလုံးရဲ့ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်လိုက်တယ်။

စိတ်အခြေအနေ မကောင်းဖြစ်နေပြီးသား ယဲ့ယွီက အခု သူ့ရဲ့နှလုံးသားထဲမှာ မြင်းပေါင်းတစ်ထောင်ရိုင်းစိုင်းစွာ မိတ်လိုက်နေသလို ခံစားလိုက်ရတယ်။

၄၂၀ ဆက်ရန်

All Chapters