အပိုင်း ၄၃၃-၄၃၆
Vol. 22 Ch. 433-436
အပိုင်း ( ၄၃၃ )
နင့်အင်အားတွေကို မျှော့မတစ်ကောင်က စုပ်သွားသလိုပဲ
" တကယ် မသွားဘူးလား "
ချန်းရွှမ်က ယဲ့ဖန် ဒီဆွေးနွေးပွဲမှာ ပါဝင်သင့်သည်ဟု ခံစားမိသေးသည်။
ဒါက သူ့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အကျိုးရှိမှာဖြစ်သည်။
" ဘာပဲဖြစ်ဖြစ် ကိုယ်က လက်ဝါးကြီးအုပ်တဲ့ သူဌေးပဲလေ။ ကိုယ်သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ အရေးမကြီးပါဘူး။ ဒါပေမဲ့ မင်းကတော့ ဒီအခွင့်အရေးကို ပိုပြီးလိုအပ်တယ်လေ။ ပြီးတော့ ဟိုတလောက ကိစ္စတွေကြောင့် ပင်ပန်းထားတယ်မလား။ သွားပြီးတော့ အပန်းဖြေလိုက်။ ပင်းဟိုင်မြို့ရဲ့ ရှုခင်းက တော်တော်လေးလှတယ်လို့ ကြားထားတယ် "
ယဲ့ဖန်က သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။
ချန်းရွှမ်က ရင်ထဲအလွန်ထိမိသွားကာ ယဲ့ဖန်၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။
" ရှောင်ဖန်၊ ငါ .......... "
သူမ တကယ်ပါဝင်ချင်ပေမယ့်လည်း စိတ်မကောင်းပေ။
ယဲ့ဖန်က ရုတ်တရက် သူမနားထဲကို တိုးတိုးလေး တိုးတိုးလေးပြောလိုက်သည်။
" မင်း စိတ်မကောင်းဖြစ်နေသေးရင် ဒီည ကိုယ့်ကို ရူးသွားစေမယ့် ဆက်ဆီအတွင်းခံညဝတ်ကို ထပ်ဝတ်ပေးပါဦး "
ချန်းရွှမ်၏ မျက်နှာက ဒေါသရော၊ ရှက်တာရောကြောင့် နီရဲနေပြီး ယဲ့ဖန်၏ပုခုံးကို လက်သီးဖြင့်ထုလိုက်သည်။
သို့သော်လည်း အဆုံးတွင် သူမက 'အွန်း' ဟု ပျော့ပျောင်းစွာ ပြန်ပြောလိုက်သည်။
ယဲ့ဖန်သည် သူမ၏ 'အွန်း' ဆိုတဲ့ အသံလေးကြောင့် ချက်ချင်း ပူပန်သွားရတော့သည်။
" အစ်ကိုချန်း၊ အစ်ကိုကုန်း၊ ကျွန်တော် လုပ်စရာတွေ ကျန်နေသေးတာကို ရုတ်တရက် သတိရလာလို့ ကျွန်တော် အရင် သွားနှင့်လိုက်ဦးမယ် "
ချန်းချုံရှန်းနှင့် ကုန်းရှန်းဟုန်တို့က ချက်ချင်း စိတ်ဆိုးသွားကြသည်။
" မင်း ငါတို့ကို ကျေးဇူးတင်ပြီး ထမင်းကျွေးချင်တယ်လို့ မင်းပြောခဲ့တာလေ။ အခု မင်းစကားကို ပြန်ရုတ်နေတာလား "
" ငါက ဒီယန္တရားသေတ္တာကို သော့ဖွင့်ဖို့တောင် ကူညီပေးခဲ့တာ။ မိန်းမရှေ့ရောက်တာနဲ့ မင်းရဲ့ ခင်မင်မှုတွေကို ဘယ်လိုလုပ် မေ့နိုင်ရတာလဲ "
ယဲ့ဖန်က သူတို့ရဲ့ မကျေနပ်ချက်တွေကို ဂရုမစိုက်ချေ။ သူက ချက်ချင်း ကျောက်စိမ်းတံဆိပ်ကိုယူကာ ချန်းရွှမ်နှင့် ထွက်သွားခဲ့သည်။
ချန်းချုံရှန်းနှင့် ကုန်းရှန်းဟုန်တို့က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
" ဒီကလေးကတော့ သွားပြီ။ သူ လုံးဝပြုတ်ကျသွားပြီ။ ကယ်တင်နိုင်သေးတယ်လို့ မင်းထင်လား "
" မျှော်လင့်ချက်တောင် မရှိတော့ဘူးလို့ ထင်တယ်။ နူးညံ့သိမ်မွေ့တဲ့တိုင်းပြည်က သူရဲကောင်းတွေရဲ့ သင်္ချိုင်းပဲလေ။ ဒီအဆင့်ရောက်တာနဲ့ သမိုင်းမှာ သူရဲကောင်းဘယ်နှစ်ယောက် သေခဲ့ပြီးပြီလဲ "
" ဟူး၊ သူက တခြားသူတွေနဲ့ မတူဘူးလို့ ထင်ခဲ့တာ။ ဒီလို လူညစ်ပတ်လေး ဖြစ်လာလိမ်မယ်လို့ မမျှော်လင့်ထားဘူး "
" ယောက်ျားတိုင်းက အတူတူပဲ ........ "
နှစ်ယောက်သား တစ်ယောက်ပြီး တစ်ယောက် ညည်းညူလိုက်ကြသည်။
သို့သော် လင်းကျွင်းကျွင်း၏ အကြည့်များ မှိန်ကျနေသည်ကို သူတို့ သတိမထားမိခဲ့ကြပေ။
................................
ချန်းရွှမ်၏ ညဘက် စွမ်းဆောင်မှုက ယဲ့ဖန်မျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားခဲ့သည်။
သူမက ထို ဆက်ဆီအတွင်းခံကို ၀တ်ပေးခဲ့ရုံသာမကဘဲ သူမဘက်က ဦးဆောင်ခဲ့လေသည်။
ယဲ့ဖန်သည်လည်း စနစ်ကပေးသော အခန်းတွင်းနည်းပညာပုံစံ ၇၂ ခုကို တစ်ကြိမ်စီစမ်းသပ်ပြီး မနက်နေထွက်ချိန်အထိ သာယာမှုမှာ ပျော်မွေ့ခဲ့သည်။
ထို့နောက် မောပန်းနွမ်းနယ်နေပြီး ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ချန်းရွှမ်က သူမ၏ပစ္စည်းများကို ထုပ်ပိုးပြီး ပင်းဟိုင်မြို့သို့ တန်းသွားခဲ့သည်။
...........................
ယဲ့ဖန်က နေ့ခင်းဘက်ထိ တစ်လျှောက်လုံး အိပ်ပျော်သွားခဲ့ပြီး ဖုန်းမြည်သံကြားမှ နိုးလာခဲ့သည်။
ရှန်းပိုင်ထျန်းဆီမှ ဖုန်းခေါ်လာခြင်းဖြစ်သည်။
မကြာသေးမီက ယဲ့ဖန်နှင့် နျုံစစ်သွမ်းတို့ဟာ ပြဿနာရှိမှန်း လူတိုင်းသိကြသည်။
ရှန်းပိုင်ထျန်းကလည်း သူ့ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုချင်ခဲ့သည်။
သို့သော် သူမက ရှန်းမိသားစုဝင်တစ်ဦးဖြစ်သောကြောင့် ယဲ့ဖန်က ငြင်းပယ်ခဲ့သည်။
သူမ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါက ရှန်းမိသားစုတစ်ခုလုံးကို သူမနှင့်အတူ ဆွဲချသွားမည်ဖြစ်သည်။
လုံးဝမလိုအပ်ဘဲ ယဲ့ဖန်က ရှန်းမိသားစုကို မပါဝင်စေချင်ပေ။
အခွင့်အရေးဆိုတာ တစ်ကြိမ်သာ အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ အရေးကြီးတဲ့အခိုက်အတန့်မှာ အသုံးပြုရမည်ဖြစ်သည်။
" ဟယ်လို၊ ဘာလို့ ခေါ်တာလဲ "
" နင့်အသံက ဘာလို့ ဒီလောက်ပျော့နေတာလဲ။ အိပ်နေတာလား "
" ဟုတ်တယ် မင်းဖုန်းဆက်လို့ နိုးလာတာ "
" ဘယ်လောက်တောင် အပျင်းတစ်တတ်တဲ့ ဝက်လဲ။ ဘယ်နှစ်နာရီရှိပြီလဲ၊ အိပ်နေသေးတာလား "
" .......... အရမ်းပင်ပန်းနေတာ "
ယဲ့ဖန်က ခက်ခက်ခဲခဲ အားပြုလိုက်ပြီး ခုတင်ခေါင်းရင်းကို မှီလိုက်သည်။
အနာဂတ်တွင် သူ့ကိုယ်သူ ထိန်းချုပ်ရမည်ဟု တွေးမိသည်။
မဟုတ်ရင် သူ့ရဲ့ သံနဲ့လုပ်ထားတဲ့ခန္ဓာကိုယ်က ဒီလို နှိပ်စက်မှုကို ခံနိုင်ရည်ရှိတော့မှာ မဟုတ်ပေ။
" ဟုတ်ပါတယ်လေ။ ဘယ်သူပဲဖြစ်ဖြစ် နျုံစစ်သွမ်းလို ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတော့ ပင်ပန်းသလို ခံစားရမှာပဲ "
ယဲ့ဖန် ပင်ပန်းနေတာက နျုံစစ်သွမ်းကို ရင်ဆိုင်ခဲ့ရတာကြောင့်ဟု ရှန်းပိုင်ထျန်းက ထင်နေသည်။
" အဟမ်း၊ ဘာလို့ ဆက်တာလဲ မပြောတော့ဘူးလား "
ယဲ့ဖန်က ဆိုးဆိုးရွားရွား ချောင်းဆိုးလိုက်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
" ပထမဆုံးအနေနဲ့ နျုံစစ်သွမ်းကို အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ အခု နင်က ကျုံးဟိုင်ရဲ့ စီးပွားရေးလောကထဲမှာ မီးမောင်းထိုးပြခံနေရပြီ "
" ချီးကျူးစရာ ဘာမှမရှိပါဘူး။ ကိတ်မုန့်စားသလောက်ပါပဲ "
" ကျစ်၊ မာနကြီးလွန်းတာကတော့။ အဲ့တုန်းက နင့်ကို ငါအများကြီးမကူညီနိုင်ခဲ့တော့ နည်းနည်းစိတ်မကောင်းဖြစ်လို့ နင့်အတွက် တစ်ခုခုလုပ်ပေးချင်တာ "
" မလိုပါဘူး။ ဘာလုပ်ပေးမှာလဲ။ ဘာလုပ်ပေးဖို့ စီစဉ်ထားလဲ "
ယဲ့ဖန်၏ နဂိုက အားနည်းနေသော ခန္ဓာကိုယ်က တစ်ဖန် ပြန်လည်အားပြည့်လာပုံရသည်။
" အားလပ်ရက်နဲ့ ဒကာခံမယ်။ အပန်းဖြေဖို့ အချိန်ကောင်းပဲ "
ရှန်းပိုင်ထျန်းက ချက်ချင်း အကြံပြုခဲ့သည်။
" ခရီးသွားမှာလား။ အဲ့တာဆို မေ့လိုက်တော့။ အခု အိပ်ပဲအိပ်ချင်နေတယ် "
ယဲ့ဖန်က ချက်ချင်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။
" အပျင်းကြီးတဲ့ ဝက်ကြီး၊ နင်က အရမ်းအပျင်းထူတာပဲ။ ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ကုမ္ပဏီကနေလည်း ခွင့်တောင်းပြီးပြီ။ အခု နင့်အိမ်ကို မောင်းလာနေပြီ။ မြန်မြန် ထုပ်ပိုးထားလိုက်။ ငါတို့ ချက်ချင်းထွက်ကြမယ် "
" အဲ့လောက် အရေးတကြီးလိုလို့လား။ အနည်းဆုံးတော့ ပစ္စည်းတွေ အရင်ထုပ်ရမှာ မဟုတ်ဘူးလား "
" မိန်းကလေးတောင် မလိုနေတာ ရှင့်လို ယောက်ျားကြီးက ဘာတွေ ပူနေတာလဲ။ အဝတ်အစား နည်းနည်းယူဖို့ပဲ လိုတာပါ။ ကျန်တာတွေကို ဟိုမှဝယ်လည်း ရတာပဲ "
" ဒါဆို ဘယ်သွားမလို့လဲ "
" ပင်းဟိုင်မြို့ "
" ဟမ် "
.............................
နာရီဝက်ကြာပြီးနောက်
ရှန်းပိုင်ထျန်း၏ ပန်းရောင် Mercedes-Benz ကားက ပင်းဟိုင်သို့သွားသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် ပြေးလွှားနေသည်။
ယဲ့ဖန်က ရှေ့ခရီးသည်ထိုင်ခုံတွင် အသက်မဲ့စွာ ထိုင်နေသည်။
ရှန်းပိုင်ထျန်းက ပီကေကို ထုတ်ဝါးလိုက်သည်။
" နင် ဘာဖြစ်နေတာလဲ။ နင်ရဲ့ အင်အားတွေကို မျှော့မတစ်ကောင်က စုပ်လိုက်တယ်လို့ ငါ ဘာလို့ခံစားရတာလဲ "
" အဟွတ်၊ အဟွတ်.......... "
ယဲ့ဖန် သူမ၏စကားတွေကြောင့် ချောင်းဆိုးကာ မူးလဲလုနီးပါးဖြစ်သွားခဲ့သည်။
" စကားကို ဘယ်လိုပြောရမလဲ သိလား။ အင်အားတွေကို မျှော့မက စုပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" ငါ နောက်ပြောင်ရုံတင်ပါ။ ဘာလို့ ဒီလောက် အကြီးအကျယ် တုံ့ပြန်နေရတာလဲ။ ဘာလို့လဲ အပြစ်ရှိတယ်လို့ ခံစားရတာလား "
ရှန်းပိုင်ထျန်းက သူ့ကို အကဲခတ်တဲ့ အကြည့်နဲ့ ကြည့်နေသည်။
ယဲ့ဖန်က အကြည့်လွှဲကာ ပြတင်းပေါက်အပြင်ကို အမြန်ကြည့်လိုက်သည်။
" မင်းက ........ တော်တော်ရိုင်းတယ်လို့ ထင်တာပဲ "
အပိုင်း ( ၄၃၄ )
အသက်အတွက် အသက်၊ ကြက်အတွက် ကြက်
ကျုံးဟိုင်မြို့နှင့် ပင်းဟိုင်မြို့တို့က သိပ်မဝေးပေ။
ကီလိုမီတာ ၂၀၀ ခန့်လောက်သာရှိသည်။
သူတို့မောင်းလာတာ နှစ်နာရီတောင် မပြည့်သေးဘဲ ရောက်လာခဲ့သည်။
ရှန်းပိုင်ထျန်းက အဝေးပြေးလမ်းမှ မောင်းလာရင်း ပင်းဟိုင်မြို့ရှိ ပျော်စရာနေရာများကို ယဲ့ဖန်အား မိတ်ဆက်လာခဲ့သည်။
" မြန်မြန်နဲ့ သေချာမောင်း။ ဘယ်သူ့ကိုမှ မတိုက်မိစေနဲ့ "
ယဲ့ဖန်က သူမ ကားမောင်းရင်း ကနေတာတွေ့တော့ မြန်မြန်သတိပေးလိုက်သည်။
" စိတ်မပူပါနဲ့။ ငါ ပင်းဟိုင်မြို့ကို ခဏခဏရောက်ဖူးပါတယ်။ မျက်စိမှိတ်ပြီး မောင်းရင်တောင် ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ် ......... "
ရှန်းပိုင်ထျန်းက ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။
ရုတ်တရက် ကြက်တစ်ကောင်က လမ်းဘေးကနေ ပျံထွက်လာသည်။
" အား ...... "
ရှန်းပိုင်ထျန်း အော်ဟစ်ပြီး ပျာယာခတ်စွာ လှုပ်ရှားတော့သည်။
လေကာမှန်သုတ်တံများကလည်း စတင်လှုပ်ရှားလာသည်။
သူမက လီဗာကို နင်းထားဆဲဖြစ်သည်။
ကားက လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ဆီကို ထိုးဆင်းသွားသည်။
" အမေရေ၊ ကယ်ပါဦး ..... "
သူမ မကြည့်ရဲတော့တာကြောင့် မျက်နှာကို ကမန်းကတန်း ဖုံးထားလိုက်သည်။
ကံကောင်းစွာနဲ့ပဲ ယဲ့ဖန်က အမြန်တုံ့ပြန်ပြီး စတီယာတိုင်ကို ညာဘက်ကို လှည့်လိုက်သည်။
ကားက သစ်ပင်ကြီးကို ရှပ်ခနဲ ကျော်သွားသည်။
ကားက တစ်နာရီကို ကီလိုမီတာ ၁၀၀ ကျော် အရှိန်နဲ့ သွားနေသည်။
ရှန်းပိုင်ထျန်းက လီဗာကို နောက်တစ်ကြိမ်ထပ်နင်းလိုက်ပြီး ၁၂၀ အထိ အရှိန်မြင့်သွားသည်။
ယဲ့ဖန်သာ အချိန်မီ မလှုပ်ရှားခဲ့ဘူးဆိုရင် ကားက ပျက်စီးသွားနိုင်သည်။
ကားရပ်သွားသောအခါမှ ရှန်းပိုင်ထျန်းက တုံ့ပြန်လာနိုင်ခဲ့သည်။
သူမက ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ရုတ်တရက် ပြေးဝင်လိုက်ပြေးဝင်သည်။
" ယဲ့ဖန်၊ ငါယဲ့ဖန်၊ တောင်းပန်ပါတယ် .......ထိခိုက်သွားသေးနားသေးလား။ ငါ ....... " ......
သူမ သိသိသာသာ ထိတ်လန့်သွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်က တုန်ယင်နေသည်။
ယဲ့ဖန်က သူမနောက်ကျောကို ပုတ်ပေးနေသည်။
" မကြောက်နဲ့၊ အဆင်ပြေပါတယ် "
တစ်ချိန်တည်းမှာပဲ သူလည်း နည်းနည်းအံ့သြသွားသည်။
အဝေးပြေးလမ်းမကြီးနားမှာ ဘာလို့ ကြက်တစ်ကောင် ရှိနေရတာလဲ။
ထိုအချိန်မှာ တစ်စုံတစ်ယောက်က ကားပြတင်းပေါက်ကို လာခေါက်သည်။
နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ အပြင်မှာ တောင့်တင်းတဲ့ ယောက်ျားလေးတချို့ ရပ်နေတာကို တွေ့လိုက်ရသည်။
ယဲ့ဖန် ကားပြတင်းပေါက်ကို ချက်ချင်း ချလိုက်သည်။
" ဘာကိစ္စလဲ "
ရှန်းပိုင်ထျန်းကိုတွေ့တော့ စကားပြောတော့မယ့် ထိုယောက်ျားတွေက မျက်လုံးပြူးကျယ်သွားရသည်။
ယာဉ်မောင်းက အမျိုးသမီးယာဉ်မောင်းဖြစ်နေဖို့ မမျှော်လင့်ထားပေ။
ပြီးတော့ သူမက အရမ်းလှနေသည်။
ခေါင်းဆောင်လာတဲ့ ထိပ်ပြောင်နဲ့သူက ပထမဆုံး တုံ့ပြန်လိုက်သည်။
" ဘာဖြစ်တာလဲ၊ ဟုတ်လား။ မင်း ငါ့ကြက်ကိုသတ်လိုက်တာ။ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ "
ထိုစကားကိုကြားသောအခါ ယဲ့ဖန် ချက်ချင်း နားလည်သွားသည်။
ဒါက လိမ်လည်မှုတစ်ခုဖြစ်သည်။
တံခါးကို ချက်ချင်းတွန်းဖွင့်ပြီး ကားထဲက ဆင်းလိုက်သည်။
ရှန်းပိုင်ထျန်းက သူ့ကို တားချင်ပေမယ့် နောက်ကျသွားပြီဖြစ်သည်။
ထို့ကြောင့် သူမက သူ့နောက်သို့သာ လိုက်နိုင်ခဲ့သည်။
" ဒါက အဝေးပြေးလမ်းဆုံပါ။ ဒီမှာ ဘယ်လိုလုပ်ပြီး ကြက်ကို မွေးမြူနိုင်တာလဲ "
သူမ ဒေါသထွက်နေသည်။
ယဲ့ဖန်သာ အလျင်အမြန် မတုံ့ပြန်နိုင်ပါက သူတို့ နှစ်ယောက်လုံး ကားမတော်တဆမှုနဲ့ သေသွားနိုင်သည်။
" အဝေးပြေးလမ်းမကြီးမှာ ကြက်မွေးတယ်လို့ ဘယ်သူပြောလဲ။ ငါတို့ကြက်က ထွက်ပြေးသွားလို့ ငါတို့က ပြေးလိုက်လာရတာ။ အဝေးပြေးလမ်းဆုံကို ပြေးမယ်ဆိုတာ ဘယ်သူကသိမှာလဲ "
ထိပ်ပြောင်နဲ့လူက အရှက်မဲ့စွာပြောလိုက်သည်။
ရှန်းပိုင်ထျန်းက ဆက်လက်ငြင်းခုံဖို့လုပ်သည်။
ဒါပေမယ့် ယဲ့ဖန်က သူမကို တားလိုက်ပြီး အဲ့ဒီအစား အနိုင်ကျင့်တဲ့အုပ်စုကို ကြည့်နေလိုက်သည်။
" ပြောလိုက်၊ ဘယ်လိုဖြေရှင်းချင်လဲ "
တစ်ဖက်သူက သူတို့ကို လိမ်စားချင်နေတာ ထင်ရှားသည်။
ဘာလို့ လေကုန်ခံနေမှာလဲ။
ထိပ်ပြောင်နဲ့လူက သူ့ကို လက်မထောင်ပြလိုက်သည်။
" ဟုတ်တယ်။ မင်းတို့ကြက်ကို သတ်လိုက်တာက အမှန်တရားပဲ။ ဘာလို့ အဲ့လောက် စကားများနေတာလဲ။ အသက်အတွက် အသက်၊ ကြက်တစ်ကောင်အတွက် ကြက်တစ်ကောင်ပေါ့။ လျော်ပေးလိုက်မယ် "
ရှန်းပိုင်ထျန်းက အနည်းငယ် ဒေါသထွက်နေသေးသည်။
သို့ပေမယ့် ငြင်းခုံမနေချင်တော့ပေ။
" ကောင်းပြီ၊ ကျွန်မ ရှင်တို့ကို လျော်ကြေးပေးမယ် "
သူမက စကားပြောနေရင်းနဲ့ သူမ ပိုက်ဆံအိတ်ထဲမှ ယွမ် ၁၀၀ တန်ကို ထုတ်ပေးလိုက်သည်။
" ဒါဆို အဆင်ပြေလား "
ထိပ်ပြောင်နဲ့လူက ၁၀၀ တန်ကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။
" သူတောင်းစားကို ဖယ်သလို ဖယ်ဖို့ ကြိုးစားနေတာလား "
ရှန်းပိုင်ထျန်း အနည်းငယ် ဒေါသထွက်သွားသည်။
" အဲဒါက ကြက်တစ်ကောင်ပဲလေ။ ရှင်တို့ကို ယွမ် ၁၀၀ ပေးပြီးနေပြီပဲ။ နောက်ထပ် ဘယ်လောက်တောင် လိုချင်နေတာလဲ "
ထိပ်ပြောင်သောလူက ငိုရှိုက်သံဖြင့် ချက်ချင်းပြောသည်။
" ဒါက သာမန်ကြက် ဟုတ်မလား။ ငါတို့ ငယ်ငယ်လေးကတည်းက မွေးမြူခဲ့ရတာ။ ငါ့မိသားစုလိုပဲ။ မင်းမိသားစု အသတ်ခံရရင် ဘယ်လောက် ပေးရမယ်ထင်လဲ "
သူက ပြောရင်းနဲ့ မျက်လုံးကို ညှစ်ချဖို့ မမေ့သော်လည်း မျက်ရည်တစ်စက်မှ ထွက်မလာပေ။
ရှန်းပိုင်ထျန်းသည် ထိုကဲ့သို့ လူယုတ်မာတစ်ဦးနှင့် ကြုံတွေ့ရသောအခါတွင် လက်လန်သွားရသည်။
ဘေးတွင်ရှိနေသည့် ယဲ့ဖန်ကတော့ သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခုရှိနေသည်။
" ဒါဆို မင်းပိုက်ဆံဘယ်လောက်လိုချင်လဲ ပြော "
ထိပ်ပြောင်နေသောလူက သူတို့ကားကို စိုက်ကြည့်နေသည်။
တခြားကားတွေအကြောင်းကိုတော့ သူမသိဘူးပေ။
သို့သော် သူ Mercedes-Benz အကြောင်းတော့ သိလေသည်။
ဒီကားက ဈေးမပေါဘူးဆိုတာ သူသိသည်။
ပြီးတော့ ဒီလူနှစ်ယောက်က ချမ်းသာတဲ့မိသားစုမှ ဖြစ်ပုံရသည်။
အဲ့တာကို စိတ်ထဲမှာတွေးရင်း ချက်ချင်း လက်ငါးချောင်း ဆန့်လိုက်သည်။
" ၅၀၀၀၀ "
" ဘယ်လောက်။ ရှင်က ဒီလိုမတန်တဆဈေး တောင်းရဲတယ်လား။ ယွမ် ၅သောင်းနဲ့သာဆို ကြက်ခြံကြီးတောင် ဝယ်လို့ရနေပြီ "
တစ်ဖက်သားပြောသည်ကို ကြားသောအခါ ရှန်းပိုင်ထျန်း ဒေါသထွက်သွားသည်။
ယွမ် ၅သောင်းက သူမအတွက် ဘာမှမဟုတ်သော်လည်း တစ်ဖက်သူတွေ၏ နှောင့်ယှက်မှုကို ခံရသောကြောင့် အတော်လေး ဒေါသထွက်ရသည်။
ထိပ်ပြောင်နဲ့လူက အံကြိတ်ကာ မဲ့ပြုံးပြုံးသည်။
" ၅သောင်းက စျေးကြီးလား။ ဒါက လုံးဝစျေးမကြီးပါဘူး။ မင်းက ငါ့ကြက်အတွက် လျော်ကြေးပေးရုံတင်မကဘဲ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက်လည်း လျော်ကြေးပေးရမယ်။ ငါ့ကြက်ကလေးက သေပြီ။ ငါ့ရဲ့ စိတ်အခြေအနေကလည်း တော်တော်လေး ထိခိုက်သွားပြီ။ ဒါပေမဲ့ ငါက မင်းတို့ကို ယွမ် ၅သောင်းပဲ တောင်းပြီး လွယ်လွယ်နဲ့ လွှတ်ပေးနေတာ "
ရှန်းပိုင်ထျန်း ဒေါသအရမ်းထွက်နေတာကြောင့် သူမရဲ့ မျက်နှာလှလှလေးက ဖျော့တော့လာသည်။
" ရှင့်ရဲ့ကြက်က ကျွန်မကို လန့်အောင်ခြောက်တယ်လို့ ကျွန်မ ပြောနိုင်တယ်။ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက်ရော ရှင်က ဘယ်လို လျော်ကြေးပေးမလဲ "
ထိပ်ပြောင်နဲ့လူက ချက်ချင်း ယုတ်ပဲ့သော အပြုံးမျိုးကို ပြုံးလိုက်သည်။
" အိုး၊ မင်းက ငါတို့ကို ငွေညှစ်ချင်တာလား။ ညီမလေး၊ လာ၊ ငါ မင်းကို ဖြည့်ဆည်းပေးမယ် "
သူက စကားပြောနေရင်း ရှေ့သို့လှမ်းလာကာ သူမကို ထိတော့မည်။
တခြားသူတွေကလည်း ကြိုးစားဖို့ လုပ်ကြသည်။
ယဲ့ဖန်က ရှန်းပိုင်ထျန်းကို သူ့နောက်ပို့ကာ ထိုလူတွေဆီက တားလိုက်သည်။
" မင်းတို့ မလှုပ်ဖို့ ငါအကြံပေးတယ်။ မဟုတ်ရင် အကျိုးဆက်ကို မင်းတို့ ခံစားရလိမ့်မယ် "
သူ့ဆီက ထွက်လာတဲ့ ပြင်းထန်တဲ့ဖိအားက ထိုလူတွေကို အနည်းငယ်ကို ရှိန်သွားစေသည်။
နောက်တစ်လှမ်း ရှေ့ကို မတက်လာရဲကြတော့ပေ။
ထိပ်ပြောင်နဲ့လူက မသိစိတ်ကြောင့် နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်သွားသည်။
သို့သော် အဲ့တာက အနည်းငယ် အရှက်မဲ့လွန်းသည်ဟု သူခံစားမိသည်။
သူက ယဲ့ဖန်ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
" စောက်ပိုတွေလုပ်မနေနဲ့။ ပေးစရာရှိတာပေးသွား။ မဟုတ်ရင် ဒီနေ့ ဒီနေရာကနေ ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "
သူစကားပြောပြီးတာနဲ့ ကျန်တဲ့သူအနည်းငယ်က ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့ကို ချက်ချင်းဝိုင်းရံလိုက်ကြသည်။
အပိုင်း ( ၄၃၅ )
ကျုံးဟိုင်က ထိပ်ဆုံးလူတွေထဲကတစ်ယောက်
ယဲ့ဖန်က ထိုလူတွေကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
သူ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးအစွမ်းနဲ့သာဆိုရင် သူတို့နဲ့ ကစားရတာ လွယ်ကူလေသည် ။
သို့သော် သူက ဒီအချိန်မှာ အနားယူရန် ထွက်လာတာကြောင့် စိတ်မရှုပ်ချင်ပေ။
" မင်းတို့နဲ့ အရေးမပါတဲ့စကားတွေ မပြောချင်ဘူး။ တာဝန်ခံကို သွားရှာခဲ့ "
ထိပ်ပြောင်နဲ့လူက ထိုစကားကိုကြားသောအခါ ချက်ချင်း ဟက်ခနဲ အသံပြုလိုက်သည်။
" မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ။ မင်း တွေ့ချင်တာနဲ့ ခေါ်ပေးရမှာလား ......... "
သူ့စကား မပြီးခင်မှာပဲ သူ့အမြင်အာရုံတွေ ရုတ်တရက် မှုန်ဝါးသွားရသည်။
ထို့နောက် ယဲ့ဖန်၏ခြေထောက်က သူ့ရှေ့ရောက်နေပြီဖြစ်သည်။
စူးရှသောလေပြင်းက သူ့ပါးပြင်ကို တိုက်ခတ်လာကာ နာကျင်သွားရသည်။
တစ်ဖက်သားရဲ့ ခြေထောက်က ရှေ့ကို နည်းနည်း လှမ်းကန်လိုက်တာနဲ့ သူ့မျက်နှာက ပွင့်ထွက်သွားလိမ့်မည်ဖြစ်သည်။
သူ့ရင်ပြင်မှ ပူတတ်လာပြီး သေးထွက်မတတ် ဖြစ်သွားရသည်။
တစ်ထက်သူ၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် ရှင်းရှင်းလင်းလင်းတောင် မမြင်ရပေ။
တစ်ဖက်သားက သူ့ကို ညှာတာလိုက်လို့သာ မဟုတ်ရင် သူ ဒီမှာ ရပ်နေနိုင်မှာတောင် မဟုတ်ပေ။
" ဖုန်းဆက်… ရွာလူကြီးကို မြန်မြန်ခေါ်လိုက် ..... "
ထိပ်ပြောင်နဲ့သူက သူ့လက်အောက်ငယ်သားတစ်ဦးကို ကမန်းကတန်း အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သားကလည်း ခက်ထန်သော ပြိုင်ဘက်နှင့် ကြုံတွေ့နေရကြောင်းကို သိလိုက်ပြီး ဖုန်းခေါ်ရန် ဘေးနားကို အမြန်လျှောက်သွားခဲ့သည်။
ခဏအကြာတွင် ဂေါ်ပြားနှင့် တံစဉ်များ ကိုင်ဆောင်ထားသော လူတစ်စုက ပြေးလာကြသည်။
အနည်းဆုံး လူ ၄၀ မှ ၅၀ အထိ ရှိလေသည်။
" ဘယ်သူလဲ။ မင်းက ငါတို့ မြက်ကျောင်းရွာမှာ ပြဿနာရှာရဲတာလား "
ခေါင်းဆောင်က အသက်ငါးဆယ်ကျော် ယောက်ျားတစ်ယောက်ဖြစ်သည်။
ညိုညက်ညက်မျက်နှာနှင့် ရိုးသားသောပုံစံရှိသည်။
သို့သော် သူစကားပြောသောအခါတွင် ယုတ်မာသည့် အရိပ်အယောင်ပေါ်လာသည်။
သူက လူကောင်းမဟုတ်သည်မှာ ထင်ရှားသည်။
ထိပ်ပြောင်နဲ့သူက သူ့ကိုမြင်လိုက်သောအခါ ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ သူ့ဆီ အမြန်ပြေးသွားကာ ငိုပြောသည်။
" ရွာသူကြီး၊ ဒီကလေးက ကျွန်တော့်ကြက်ကို သတ်လိုက်တာ။ သူက လျော်ကြေးမပေးရင်တောင် ရပါသေးတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကိုတောင် ရိုက်ချင်နေတာ။ ကျွန်တော့်ကို ကူညီရမယ် "
ရွာလူကြီးက ထိုစကားကိုကြားသောအခါ ယဲ့ဖန်ကို ချက်ချင်း စူးစူးရဲရဲကြည့်လိုက်သည်။
သူ့နောက်က ရမ်းကားတဲ့လူတစ်စုက တံစဉ်းနဲ့ ပေါက်တူးတွေကို ချက်ချင်း ဝှေ့ယမ်းလိုက်ကြသည်။
" လျော်ကြေးပေး "
" လျော်ကြေးပေး "
" လျော်ကြေးပေး ......"
ရှန်းပိုင်းထျန်းက သူတို့ကြောင့် ချက်ချင်း ထိတ်လန့်သွားသော်လည်း သူမက ယဲ့ဖန်ရှေ့မှာ ရပ်နေဆဲဖြစ်သည်။
" သူတို့ကသာ ကျွန်မတို့ကို လိမ်ညာနေတာ ရှင်းနေတာပဲ။ သူတို့က ကြက်တစ်ကောင်အတွက်နဲ့ ယွမ် ၅သောင်း ပေးစေချင်နေတာ "
တစ်ဖက်သူက ရွာသူကြီးဖြစ်တာကြောင့် တရားမျှတမှုရှိမည်ဟု သူမ ထင်ခဲ့သည်။
သို့သော် မမျှော်လင့်ထားဘဲ ရွာသူကြီးက ထိုစကားကိုကြားသောအခါ ချက်ချင်း ဟက်ခနဲအသံပြုလိုက်လေသည်။
" ငါကတော့ အရမ်းကို ကျိုးကြောင်းဆီလျော်တယ်လို့ ထင်တယ်။ သူတို့က ဒီကြက်ကို အချိန်အတော်ကြာ မွေးမြူခဲ့ရတော့ သံယောဇဉ်တွေ တိုးပွားလာခဲ့မှာပဲ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် လျော်ကြေးပေးဖို့ သင့်လျော်တယ်လေ "
ရှန်းပိုင်ထျန်းက တစ်ဖက်လူ၏ အရှက်မဲ့မှုကြောင့် ချက်ချင်းရှုံးနိမ့်သွားခဲ့ရသည်။
ဒီလူအုပ်စုအားလုံးက အရောင်မတူတဲ့ မြေခွေးတွေဖြစ်နေလေသည်။
" ဒါက ဓားပြတိုက်နေတာပဲ။ တရားမဝင်ဘူး "
ရွာလူကြီးက အဲ့တာကိုကြားတော့ ချက်ချင်း မောက်မောက်မာမာ ရယ်လိုက်သည်။
" ငါတို့ လုယက်နေတော့ ဘာဖြစ်လဲ။ ငွေကို ပေးပြီး အေးဆေးသွားရင်ပြီးပြီ၊ ဒါပေမဲ့ ပြဿနာရှာချင်တယ်ဆိုရင်တော့ ငါတို့ကို ရိုင်းတယ်မပြောနဲ့ "
သူပြောပြီးတာနဲ့ သူ့နောက်က လူယုတ်မာအုပ်စုက သူတို့နှစ်ယောက်ကို ထပ်ပြီး ခြောက်လှန့်ကြပြန်သည်။
" မင်း ငါတို့ မြက်ခင်းကျောင်းရွာကို ရောက်မှတော့ ငါတို့ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ မဟုတ်ရင် ထွက်သွားဖို့ မစဉ်းစားနဲ့ "
" ငါတို့က ဒီကသစ်ပင်စိုက်ပြီး ဒီကလမ်းကိုဖွင့်တယ်။ ဒီလမ်းကိုဖြတ်ချင်ရင် ပိုက်ဆံချန်ခဲ့ "
" မြန်မြန် ပေး၊ မဟုတ်ရင် ငါတို့အဆိုးမဆိုနဲ့ "
" ငွေမပေးရင် သူတို့ကားကို သိမ်းမယ် ....... "
ရှန်းပိုင်ထျန်း ဒီလို ယုတ္တိမာတဲ့လူတွေကို ဘယ်တုန်းကမှ မမြင်ဖူးပေ။
" ယဲ့ဖန်၊ ငါတို့ ဒီအတိုင်း ပိုက်ဆံပေးလိုက်မလား "
သူမက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
ယွမ် ၅သောင်းက သူတို့အတွက် ဘာမှ မဟုတ်ပေ။
ဒီအတွက်ကြောင့်နဲ့ သူတို့ကိုယ်သူတို့ အန္တရာယ်ပြုစရာ မလိုချေ။
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး သူမနောက်ကနေ ထွက်လာကာ ရွာသူကြီးဆီ လျှောက်သွားသည်။
" ခင်ဗျားက ဒီမှာ ရွာသူကြီးလား "
ရွာလူကြီးက သူ့ကို အကဲခတ်ကြည့်လိုက်သည်။
" ဟုတ်တယ် ဘာဖြစ်လဲ "
" ရွာလူကြီးကိုယ်တိုင်က လုယက်ဖို့ ဦးဆောင်နေတာ။ ဒါက တကယ်ကို အသစ်အဆန်းပဲ "
ရွာသူကြီး၏ မျက်နှာ မည်းမှောင်သွားသည်။
" မင်းနဲ့ အရေမရ အဖတ်မရတဲ့ စကားတွေ ပြောဖို့ ငါ့မှာ အချိန်မရှိဘူး။ မြန်မြန်သွားပြီး ပိုက်ဆံပေးလိုက်၊ ဒါမှမဟုတ်ရင်တော့ ဟက် ..... "
ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။ ထို့နောက် အေးစက်ပြီး လူသတ်ချင်တဲ့ပုံစံက အစားထိုးပေါ်လာခဲ့သည်။
" ဒါမှမဟုတ်ရင် ဘာဖြစ်လဲ "
ရွာသူကြီးက သူ့အကြည့်ကို လှမ်းမြင်ပြီး မတတ်နိုင်ဘဲ တုန်ယင်သွားသည်။
ငယ်ငယ်က တခြားသူတွေနဲ့အတူ တောင်ပေါ်မှာ အမဲလိုက်သွားတာ သတိရမိသည်။
အဲ့တုန်းက ဝံပုလွေတစ်ကောင်က သူ့ပါးစပ်ထဲမှာ တောခွေးတစ်ကောင်ကို ငုံ့ခဲထားကာ သွေးတွေတစ်စက်စက်စီးကျနေလေသည်။
သူတို့က အဲ့ဝံပုလွေက ကြည့်တဲ့အခါ အသွေးအသားထဲကပင် စိမ့်ချမ်းလာပြီး သေမတတ်ကြောက်သွားရသည်။
သူ့ရှေ့မှ လူငယ်လေး၏ မျက်လုံးကလည်း ထိုဝံပုလွေနှင့် အလွန်တူလေသည်။
လူတွေကို ထိတ်လန့်စေနိုင်သည်။
ရွာသူကြီးဖြစ်လာတော့ သူ့ဦးနှောက်က တခြားသူတွေထက် သာလွန်လာသည်။
ဒီလူငယ်လေးက အစွမ်းထက်တဲ့ နောက်ခံရှိနိုင်တယ်ဆိုတာ သူ ချက်ချင်း သဘောပေါက်သွားသည်။
သူက Mercedes-Benzကို တစ်ချက်ကြည့်လိုက်ပြန်သည်။
သူ့နှလုံးခုန်သံက ပိုမြန်လာသည်။
" မင်းနာမည် ဘယ်လိုခေါ်လဲ။ ပင်းဟိုင်မြို့မှာ ဘာလုပ်နေတာလဲ "
သူက ယဲ့ဖန်ကြောင့် လန့်သွားတာကို ရှန်းပိုင်ထျန်းက မြင်လိုက်ပြီး ပြောလိုက်သည်။
" သူ့နာမည်က ယဲ့ဖန်ပါ။ သူက ကျုံးဟိုင်မှာ သြဇာအရှိဆုံးလူတွေထဲက တစ်ယောက်ပဲ။ ရှင် ကျွန်မတို့ကို နာကျင်အောင်လုပ်ရဲတယ်ဆိုရင် တစ်ယောက်ယောက်က ရှင်တို့ကို လာဖြေရှင်းလိမ့်မယ် "
ရွာလူကြီးက လှောင်ရယ်လိုက်သည်။
" လေကြီးလွန်းရင် မင်းရဲ့လျှာကို ထိခိုက်မှာ မကြောက်ဘူးလား။ ကျုံးဟိုင်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက်တဲ့လား။ ဘယ်လိုကြွားရမလဲဆိုတာတော့ မင်းတကယ်သိတာပဲ "
သူ့နောက်ကလူတစ်စုကလည်း ရယ်မောလိုက်ကြသည်။
" ဒီကလေးမလေးက ကြွားလုံးထုတ်နည်းကို သိတာပဲ။ ဒီကလေးကရော အသက်ဘယ်လောက်ရှိမှာမလို့လဲ "
" ငါတို့ကို အရူးတွေများ ထင်နေလား။ ကြုံသလိုလိမ်ပြီး ငါတို့ကို ကြောက်အောင် ခြောက်မနေနဲ့ "
" ဒီကလေးက အသက်နှစ်ဆယ်လောက်ပဲရှိသေးတယ်။ သူ တက္ကသိုလ်တောင် မပြီးသေးဘူး ဟုတ်တယ်မလား။ အဲ့တာကိုတောင် ကျုံးဟိုင်မှာ အတော်ဆုံးတွေထဲက တစ်ယောက်လို့ ပြောရဲတယ်လား "
" သူတို့နဲ့ လေခံပြောမနေနဲ့။ ပြန်ပေးဆွဲပြီး သူတို့မိသားစုတွေဆီက ပိုက်ဆံတောင်းလိုက် "
ရှန်းပိုင်ထျန်း ထိတ်လန့်သွားသည်။
" ကျွန်မ မလိမ်ပါဘူး။ မယုံရင် ကျုံးဟိုင်ကိုသွားပြီး ပတ်မေးကြည့်လိုက်။ အမှန်တိုင်းပြောနေတာလားဆိုတာ သိရအောင် "
ရွာသူကြီးက ထိုအခါ ပို၍ပင် မသေချာတော့ဘဲ တွန့်ဆုတ်လာသည်။
ထိုအချိန်တွင် မျက်နှာဖုံးစွပ်ထားသော အမျိုးသားတစ်ဦးက ဖြတ်လျှောက်လာသည်။
" ရွာသူကြီး၊ ခင်ဗျားရဲ့သားက ကျုံးဟိုင်မှာ စီးပွားရေးအကြီးကြီးလုပ်နေတာ မဟုတ်ဘူးလား။ သူ့ကို ဖုန်းဆက်ပြီး မေးလို့ရတယ်လေ "
ရွာသူကြီးသာ့ကျူးသည်လည်း အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။
" သူတို့ကို စောင့်ကြည့်ထားလိုက်။ ငါဖုန်းဆက်လိုက်မယ် "
ထိုစကားကို ပြောပြီးနောက် ဘေးနားသို့ လျှောက်သွားကာ သားဖြစ်သူကိုခေါ်ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။
အပိုင်း ( ၄၃၆ )
သူက ကျုံးဟိုင် စီးပွားရေးလောကရဲ့ ဘုရင်ပဲ
မောင်းရှောင်ကျယ်သည် သူ့အဖေ မောင်းသာ့ကျူးထံမှ ရုတ်တရက် ဖုန်းဝင်လာချိန်တွင် ကုမ္ပဏီ၏အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံနေခဲ့သည်။
သူ လန့်သွားရကာ မတွေးဘဲ ဖုန်းချလိုက်သည်။
သူ့အဖေက သူ့ကုမ္ပဏီအတွက် ပိုက်ဆံပေးခဲ့သော်လည်း ထိုလယ်သမားအိုကြီးကို နှလုံးသားထဲက အထင်သေးလေသည်။
ရွာသူကြီးအဖြစ်နဲ့ ယောက်ျားမိန်းမ မကျန် အနိုင်ကျင့်တာကလွဲပြီး ဒီလူကြီးမှာ ဘာကောင်းတာရှိသေးလဲ။
သို့သော် မောင်းသာ့ကျူးဆီမှ ဖုန်းခေါ်သံ ထပ်မံထွက်ပေါ်လာသည်။
မောင်းရှောင်ကျယ် မျက်မှောင်ကြုတ်ပြီး အထက်အရာရှိများကိုသာ ညွှန်ကြားလိုက်သည်။
" မင်းတို့ အချက်အလက်ကို အရင်ကြည့်ထားလိုက်။ နောက်မှ ဆက်ဆွေးနွေးမယ် "
ထို့နောက် အစည်းအဝေးခန်းထဲကနေ ထွက်လာပြီး ဖုန်းပြန်ခေါ်လိုက်သည်။
" ကျွန်တော် အစည်းအဝေးတက်နေတယ်။ ဘာဖြစ်တာလဲ "
သူ့အဖေ မောင်းသာ့ကျူး၏အသံက တစ်ဖက်မှ ချက်ချင်းထွက်လာသည်။
" သားလေး၊ ရွာက ထိပ်ပြောင်နဲ့ တခြားသူတွေက ကျုံးဟိုင်ကနေ ကားတစ်စီးကို အခုပဲ တားလိုက်ကြပေမယ့် အဲ့ဒီလူနှစ်ယောက်က တော်တော် အစွမ်းထက်တယ်လို့ ငါထင်လို့။ ဒုက္ခရောက်မှာစိုးိရိမ်လို့ မင်းကိုမေးဖို့ ခေါ်လိုက်တာ "
အဲ့တာကို မောင်းရှောင်ကျယ် ကြားလိုက်တာနဲ့ သူ့စိတ်ထဲမှာ ပိုလို့တောင် မထီမဲ့မြင် ခံစားလိုက်ရသည်။
" အဲ့လို ဒုစရိုက်တွေထပ်မလုပ်ဖို့ အဖေ့ကို ကျွန်တော် အကြိမ်ကြိမ်သတိပေးခဲ့တယ်လေ။ ဘာလို့ နားမထောင်တာလဲ။ အဲ့လိုဆို အနှေးနဲ့အမြန် သေလိမ့်မယ် "
"မင်း ငါ့ကို အထင်သေးတာ သိပါတယ်။ ဒါပေမယ့် မင်းအဖေက မင်းအတွက် ဒီလို ဆိုးသွမ်းတဲ့ဟာတွေကို လုပ်ခဲ့လို့ အဲ့ပိုက်ဆံနဲ့ အားကိုးနေရတာ မဟုတ်ဘူးလား "
" ထားပါ၊ နွားတစ်ကောင်ကို ဗျပ်မတီးပြချင်တော့ဘူး။ ဒီအတိုင်းပဲပြောလိုက်တော့ ဘာလို့ဆက်တာလဲ "
" ကောင်လေးက ကျုံးဟိုင်မှာ အရမ်းအစွမ်းထက်တယ်လို့ ကောင်မလေးက ပြောတယ်။ သားက ကျုံးဟိုင်မှာ အဆက်အသွယ်တွေ အများကြီးရှိတော့ သူ့အကြောင်း ကြားဖူးလားလို့ မေးချင်တာပါ "
" ကျုံးဟိုင်မှာ လူတွေသန်းနဲ့ချီပြီးရှိတယ်။ လူတိုင်းကို ဘယ်လိုလုပ်ကြားဖူးလဲ။ အဖေရဲ့အရှုပ်ကို ကိုယ့်ဟာကိုယ်ရှင်းလိုက်။ ဖုန်းချလိုက်တော့မယ် "
မောင်းရှောင်ကျယ်က သူ့အဖေနှင့် ပြောရန် စိတ်မပါတော့ဘဲ ဖုန်းချတော့မယ့်အချိန်မှာပဲ သူ့အဖေက နာမည်တစ်ခုပြောနေတာကို ကြားလိုက်ရသည်။
" အဲ့ကလေးက ယဲ့ဖန်လို့ ခေါ်တယ်တဲ့။ မင်း သူ့ကို အရင်က မကြားဖူးဘူးထင်တယ်။ ကောင်းပြီလေ၊ ငါအရင်ဖုန်းချလိုက်တော့မယ် "
" ခဏလေး အဖေ ဘာပြောလိုက်တာလဲ။ သူ့နာမည်က ဘာတဲ့လဲ "
မောင်းရှောင်ကျယ်၏ အမူအရာက ရုတ်တရက် ပြင်းထန်သွားသည်။
မောင်းသာ့ကျူးက သားဖြစ်သူ၏ ထူးဆန်းသောလေသံကိုကြားပြီး ထပ်ပြောလိုက်သည်။
" ယဲ့ဖန်တဲ့၊ သူ့အကြောင်း ကြားဖူးလား "
" သူ့အသက်က ဘယ်လောက်ရှိပြီလဲ။ ဘယ်လိုပုံစံလဲ "
မောင်းရှောင်ကျယ်က အမြန်မေးလိုက်သည်။
" သူ့ကိုကြည့်ရတာတော့ အသက်နှစ်ဆယ်ပဲရှိသေးတယ် ထင်တယ်။ သူက မင်းထက် နှစ်နည်းနည်းလောက် ငယ်တယ် ..... သူက တော်တော်လည်း ချောတယ်။ ပြီးတော့ ဒီကလေးရဲ့ အရည်အချင်းက တော်တော်ကောင်းပုံရတယ်။ ထိပ်ပြောင်တောင် သူ့လက်ထဲမှာ ရှုံးသွားခဲ့တာ ........ "
" သား၊ ငါ့ကို မခြောက်နဲ့။ ဒီကိစ္စက တော်တော်လေးကြီးလား "
မောင်းရှောင်ကျယ်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။
တုန်ရီနေသော ညာလက်ကို ဘယ်လက်ဖြင့် အမြန်ဆွဲကိုင်လိုက်ပြီး ဖုန်းကို မြေပြင်ပေါ်သို့ ပြုတ်မကျသွားစေရန် သေချာကိုင်ထားရသည်။
" သူဘယ်သူလဲဆိုတာ အဖေသိလား "
" ဘယ်သူလဲ "
" သူ ...... သူက ကျုံးဟိုင် စီးပွားရေးလောကရဲ့ ဘုရင်ပဲ။ ကျုံးဟိုင်တစ်ခုလုံးက သူ့ကို စော်ကားရဲတဲ့သူ တစ်ယောက်မှ မရှိဘူး။ အဲ့တာကို အဖေက သေပြီ ..... ပြီးသွားပြီ ...... ကျွန်တော်တော့ အဖေကြောင့် မောသေတော့မယ် ..... "
" သား၊ ငါ့ကို မခြောက်နဲ့။ ဒါက တကယ်ကို ကိစ္စကြီးတာလား "
" ဒီလိုပြောလိုက်မယ်။ တောင်ပိုင်း ကွမ်တုန်းပြည်နယ်က အချမ်းသာဆုံးသူဌေးကြီး နျုံစစ်သွမ်းက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သူ့လက်ထဲမှာ သေသွားခဲ့ရတာ "
" ဘာ ..... အဲ့တာကဘာလဲ။ ဒါက ..... ဘယ်လိုဖြစ်နိုင်မှာလဲ "
" ပြီးတော့ ဖုလီအုပ်စုကလည်း အခု မရေရာတဲ့ အခြေအနေမှာ ရှိနေတာ။ ဒါတွေအားလုံးကို ယဲ့လူကြီးမင်းက စီစဉ်ခဲ့တာ။ အဖေ ပြဿနာရှာလို့ရတဲ့ လူတွေအများကြီးထဲကမှ ဘာလို့ သူ့ကို ပြဿနာရှာရတာလဲ "
မောင်းသာ့ကျူးသည် သူ့သား၏စကားတွေကို ကြားတဲ့အခါ သေးထွက်ကျမတတ် ကြောက်လန့်သွားခဲ့သည်။
" သား၊ ငါတို့ အခု ဘာလုပ်သင့်လဲ။ မင်း ..... အမြန်ထပြီး နည်းလမ်းကို တွေးဦး။ ငါ ..... ငါ မသေချင်သေးဘူး "
" အဖေက ယဲ့လူကြီးမင်းကို စော်ကားလိုက်တာလေ။ ကျွန်တော်က ဘာလုပ်ပေးနိုင်မှာလဲ "
" မင်း ကျုံးဟိုင်မှာနေတာကြာပြီလေ။ အကောင်ကြီးတစ်ချို့ကို သိတယ် မဟုတ်လား။ အသိတစ်ယောက်ယောက်နဲ့ ချိတ်ပြီး ခွင့်လွှတ်ခိုင်းရင်ရော "
" ကျွန်တော်သိတဲ့ သူဌေးအကြီးစားက ယဲ့လူကြီးမင်းရှေ့မှာ စကားတောင် မပြောရဲဘူး။ ကျွန်တော်တို့လိုလူတွေက သူ့အမြင်မှာ ဘာမှအရေးမပါဘူး "
" အခု ငါတို့ ဘာလုပ်သင့်လဲ။ ဒါဆို ငါတို့ သေတော့မှာလား "
" ယဲ့လူကြီးမင်းဘေးမှာ အမျိုးသမီးအဖော်ရှိတယ်လို့ အဖေခုနက ပြောလိုက်တယ်မလား "
" ဟုတ်တယ်၊ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူမကိုကြည့်ရတာ နာမည်ကြီးတစ်ယောက်လို့တောင် ထင်ရတယ် "
" အဲ့ကောင်မလေးကို အခုချက်ချင်း သွားတောင်းပန်လိုက်။ မိန်းကလေးတွေက ပိုနူးညံ့တယ်။ သူက ကျွန်တော်တို့အတွက် ခွင့်လွှတ်ပေးရင် မျှော်လင့်ချက်ရှိနိုင်သေးတယ် "
" ကောင်းပြီ၊ ငါ သူ့ကို အခု သွားတောင်းပန်လိုက်မယ် "
မောင်းရှောင်ကျယ်က ဖုန်းချပြီး စင်္ကြံမှာပဲ ထိုင်ချလိုက်သည်။
အစည်းအဝေးတက်ဖို့တောင် စိတ်မ၀င်စားတော့ချေ။
သူ့ရဲ့စိတ်ပျက်စရာကောင်းတဲ့ဖခင်က ယဲ့လူကြီးမင်းရဲ့ ခွင့်လွှတ်မှုကို မရခဲ့ဘူးဆိုရင် သူ့ကုမ္ပဏီကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။
အစည်းအဝေးက ဘာအရေးပါတော့မှာလဲ။
...............................
" အလှလေး၊ ဒီကလေးက မင်းကို ကျေနပ်စေနိုင်ပါ့မလား "
မောင်းသာ့ကျူး ဖုန်းခေါ်တာကိုစောင့်နေစဉ်တွင် ထိပ်ပြောင်မြည်းဟုခေါ်သော လူက ရှန်းပိုင်ထျန်းကို တပ်မက်စွာ ကြည့်နေသည်။
ရှန်းပိုင်ထျန်းက ဒီနေ့ ခရမ်းရောင်တီရှပ်ကို ၀တ်ထားသည်။
သူမက အဖြူရောင်ဘောင်းဘီတိုနဲ့ တွဲဖက်၀တ်ဆင်ထားသည်။
သူမ၏ ခြေတံရှည်နှစ်ချောင်းသည် ဖြူဖွေးသွယ်လျသည်။
သူမရဲ့ လှပတဲ့မျက်နှာလေးနဲ့ တွဲလိုက်တဲ့အခါ ယောက်ျားလေးတွေအတွက် သေစေနိုင်တဲ့အထိ ပြင်းထန်သောဆွဲဆောင်မှု ဖြစ်သွားသည်။
သူတို့က ဒီလို ချောမောလှပတဲ့ မိန်းကလေးမျိုးကို လက်တွေ့ဘဝမှာ ဘယ်တုန်းကမှ မတွေ့ဖူးကြပေ။
ထို့ကြောင့် သူတို့က သူမကို စနောက်ငမ်းနေကြသည်။
သူ့ညစ်ညမ်းသောစကားများကို ကြားသောအခါ ရှန်းပိုင်ထျန်း၏ မျက်နှာထားက အေးစက်သွားသည်။
" ရှင့်ပါးစပ်ကို သတိထား "
ဒေါသထွက်လာသောအခါတွင် အလွန်ချစ်ဖို့ကောင်းသည်ဟု ထိပ်ပြောင်က မြင်လိုက်ရပြီး သူ့နှလုံးသားကလည်း ပိုပိုယားယံလာတော့သည်။
ချက်ချင်း သူမဆီသို့ လျှောက်သွားသည်။
" ငါ့ပါးစပ်က အရမ်းသန့်တယ်။ မယုံရင် နမ်းစမ်း "
သူက စကားပြောနေရင်း ရှန်းပိုင်ထျန်းကို အရှက်မရှိ နမ်းဖို့လုပ်လိုက်သည်။
ထိုအချိန်မှာ ယဲ့ဖန်က စကားတစ်ခွန်းမှ ပြောမနေဘဲ သူ့ကို တန်းပါးရိုက်ချလိုက်သည်။
ဖြောင်း
ဒီရိုက်ချက်က အလွန်ပြင်းထန်လှသည်။
ထိပ်ပြောင်က နေရာမှာတင် မြေပြင်ပေါ်သို့ လဲကျသွားရသည်။
သူ့သွားတချို့ပင် လွင့်ထွက်သွားပြီး သူ့ပါးစပ်ထောင့်က သွေးတွေ ထွက်ကျလာသည်။
သူ့မျက်နှာတစ်ဝက်လောက်က ရောင်နေပြီဖြစ်သည်။
သူ့ပုံစံက အဆုံးအစွန်ထိ စုတ်ပြတ်နေပြီဖြစ်သည်။
" ခွေးသားလေး၊ ငါတို့ဘက်မှာ အများကြီးရှိတာတောင် မင်းက တိုက်ခိုက်ရဲသေးတာလား။ မင်းက သေချင်နေတာပဲ "
သူက စကားပြောနေရင်းနဲ့ သူ့နောက်က လူယုတ်မာအုပ်စုကို ချက်ချင်း လက်ပြလိုက်သည်။
" သေအောင်ရိုက်ကြစမ်း "
သူ့အမိန့်ကိုကြားတော့ လူယုတ်မာအုပ်စုက ယဲ့ဖန်ဆီကို တံစဉ်းနဲ့ ဂေါ်ပြားတွေ ဝှေ့ယမ်းကာ ပြေးလာကြသည်။