← Chapters

အပိုင်း ၄၃၇-၄၄၀

Vol. 22 Ch. 437-440

အပိုင်း ၄၃၇-၄၄၀

Vol. 22 Ch. 437-440

အပိုင်း ( ၄၃၇ )

မိန်းမတစ်ယောက်က ရက်စက်ရင် ယောက်ျားတစ်ယောက်ကတောင် ဘာမှမလုပ်နိုင်ဘူး

သွေးထွက်သံယို ဖြစ်တော့မည့်အချိန်မှာပဲ ရွာသူကြီး မောင်းသာ့ကျူး ပြန်ရောက်လာသည်။

ထိုမြင်ကွင်းကိုမြင်တော့ မောင်းသာ့ကျူး မူးမေ့လဲမတတ်ဖြစ်သွားရသည်။

" ရပ်လိုက်၊ အားလုံးရပ်လိုက် "

ထိုလူမိုက်များက ယဲ့ဖန်ဆီသို့ ပြေးသွားနေကြသည်။

တချို့က သူတို့ရဲ့ ပေါက်တူးနဲ့ တံစဉ်းတွေကိုတောင် ကိုင်ထားကြသည်။

ရွာသူကြီးရဲ့အမိန့်ကို ကြားတော့ အားလုံး ရပ်သွားသည်။

" ရွာသူကြီး၊ ဒီကလေးက အရင်ဆုံး ပြဿနာရှာတာ ..... "

ထိပ်ပြောင်နဲ့တစ်ယောက်က အမြန်ရှင်းပြရန် ရှေ့သို့ တိုးသွားသည်။

သို့သော် သူစကားမဆုံးမီတွင် မောင်းသာ့ကျူးက ရုတ်တရက် ပါးရိုက်လိုက်သည်။

ဖြောင်း

ကျယ်လောင်သော ပါးရိုက်သံထွက်လာသည်။

ထိပ်ပြောင်နဲ့သူက မြေပေါ်ထပ်လဲကျသွားပြန်သည်။

သူ့ပါးတွေ ယောင်ကိုင်းနေပြီဖြစ်သည်။

" ရွာသူကြီး၊ ဘာလို့ရိုက်တာလဲ "

ထိပ်ပြောင်နဲ့သူက ကြယ်တွေလတွေမြင်ရသည်အထိ အရိုက်ခံရပြီးနောက် သူ့မျက်နှာမှာ ဝမ်းနည်းသည့်အမူအရာရှိနေသည်။

ပတ်ဝန်းကျင်က လူမိုက်တွေကလည်း ထိတ်လန့်သွားရသည်။

ထိပ်ပြောင်က ရွာသူကြီး၏ ညာလက်ရုံးဖြစ်သည်။

ဒီနှစ်တွေအတွင်းမှာ ရွာလူကြီးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှာပေးခဲ့သည်။

သူ့သားထက်တောင် ပိုနီးစပ်ကြသည်။

အခု ရွာလူကြီးက သူ့ကို တကယ် ရိုက်လိုက်တာလား။

ပြီးတော့ သူ့ကို ရက်ရက်စက်စက်ကြီး ရိုက်ခဲ့တာလေ။

ဘာတွေဖြစ်နေတာလဲ။

သူတို့ စိတ်ရှုပ်နေချိန်မှာဘဲ မောင်းသာ့ကျူးက ယဲ့ဖန်ဆီသို့ အမြန်လျှောက်လာခဲ့သည်။

" ယဲ့လူကြီးမင်း၊ ဒီကလေးက လောဘကြောင့် မျက်စိကွယ်ပြီး စော်ကားခဲ့မိတာပါ။ သူ့ကိုယ်စား တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ဗွေမယူပါနဲ့ "

တောင်ပိုင်းကွမ်တုန်းပြည်နယ်က အချမ်းသာဆုံးပုဂ္ဂိုလ်တောင် သူ့လက်ချက်ကြောင့် သေခဲ့ရသည်။

သူ့လို ရွာသူကြီးတစ်ယောက်နဲ့ ဆက်ဆံရတာက ပုရွက်ဆိတ်ကို သတ်ရတာထက် ပိုလွယ်လောက်သည်။

ထို့ကြောင့် သူက ယဲ့ဖန်နှင်ပ စကားပြောသောအခါ ဒူးထောက်ရန် ဝန်မလေးခဲ့ပေ။

အဲ့ပုံစံကို အနီးနားက ရွာသားတွေက မြင်ပြီးတော့ ပိုလို့တောင် ထိတ်လန့်သွားကာ စကားတောင် မပြောနိုင်ကြတော့ချေ။

ဒီလို ဝေးလံခေါင်သီတဲ့ ဒေသမျိုးမှာ မျိုးရိုးစနစ်က ဥပဒေထက် ပိုထိရောက်လေသည်။

သူတို့ရှေ့က မောင်းသာ့ကျူးက မြင့်မြတ်တဲ့ အဆင့်အတန်းရှိ ဒေသဆိုင်ရာဧကရာဇ်တစ်ပါးနှင့်တူလေသည်။

သူက ဒီလောက် နှိမ့်ချတဲ့လုပ်ရပ်မျိုးကို ဘယ်တုန်းကမှ မမြင်ဖူးကြပေ။

သူတို့ ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။

ဒီလူငယ်က ဘယ်သူလဲ။

ရွာလူကြီးက ဘာလို့ဒီလောက်ထိ ကြောက်နေရတာလဲ။

ယဲ့ဖန်က ဒူးထောက်တာလောက်ကို လုံးဝ စိတ်ထဲမထားဘဲ မျက်နှာထားတည်တည်နဲ့ ကြည့်နေသည်။

" အစတုန်းကဆို တောင်းပန်ရင်တောင် ရပေမဲ့ သူက ငါ့သူငယ်ချင်းကို ရိုင်းရိုင်းစိုင်းစိုင်းပြောထားတော့ သူ့ကို ဘယ်လို ခွင့်လွှတ်နိုင်မှာလဲ "

ထိုစကားကို မောင်းသာ့ကျူးကြားသောအခါ ချက်ချင်းပင် တုန်လှုပ်သွားရသည်။

သူက လှည့်ပြီး ထိပ်ပြောင်ကို စိုက်ကြည့်လိုက်သည်။

ဒီခွေးကောင်ကို လည်ပင်းညှစ်သတ်ချင်စိတ်ပေါက်လာသည်။

ဒါပေမယ့် အခုအချိန်က သူနဲ့ စာရင်းရှင်းရမယ့်အချိန် မဟုတ်သေးပေ။

သူ့သားရဲ့ အကြံအစည်ကို အခုမှ တွေးမိတော့သည်။

သူက ရှန်းပိုင်ထျန်းကို အမြန်လှည့်ကြည့်လိုက်သည်။

" ဒီကမိန်းကလေး၊ ဒီတစ်ယောက်က မင်းကို အခုမှ ရိုင်းစိုင်းမိခဲ့တယ်။ ဒါက သူ့အမှားပါ။ ဒါပေမယ့် ဝေးလံခေါင်သီတဲ့ ကျေးလက်က တောင်သူလယ်သမားတွေက မင်းလို ချောမောလှပတဲ့ မိန်းကလေးမျိုးကို တစ်ခါမှ မတွေ့ဖူးကြဘူးဆိုတာကို မင်းနားလည်ပေးသင့်ပါတယ် ...... "

ရှန်းပိုင်ထျန်း၏ မျက်နှာလှလှလေးက အေးစက်သွားသည်။

" ရှင်ဆိုလိုတာက လှတယ်ဆိုတိုင်း ပါးစပ်သရမ်းလို့ရတယ်လို့ ပြောချင်တာလား "

မောင်းသာ့ကျူးသည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ ငါ သူ့ကို သင်ခန်းစာတစ်ခုပေးပြီး သေချာပြန်သင်ပေးလိုက်ပါ့မယ်။ မင်း စိတ်အေးအေးထားပြီး သူ့အဆင့်အတန်းလိုလူအတွက်နဲ့ စိတ်အညစ်မခံပါနဲ့ "

ရှန်းပိုင်ထျန်း ရယ်လိုက်သည်။

" ဒါဆိုလည်း ကျွန်မအရှေ့မှာ သူ့ကို လက်စားချေပေးရမယ် "

မောင်းသာ့ကျူး အနည်းငယ် အံ့အားသင့်သွားသည်။

" ဒေါသကို ဘယ်လိုဖြေဖျောက်ချင်တာပါလဲ "

ရှန်းပိုင်ထျန်းက လှည့်ပတ်ကြည့်လိုက်သည်။

မနီးမဝေးက ကြက်သေကို မြင်လိုက်ရတော့ သူမ၏မျက်လုံးတွေ တောက်ပလာသည်။

" သူ့ကြက်ကို သတ်တယ်လို့ ကျွန်မတို့ကို စွပ်စွဲထားတော့ ပြစ်ဒဏ်အနေနဲ့ အဲ့ဒီကြက်ကို စားပါစေ "

မောင်းသာ့ကျူး အံ့သြသွားသည်။

" ဒါပေမယ့် အသားက အစိမ်းကြီးဆိုတော့ သူဘယ်လိုစားရမလဲ "

ရှန်းပိုင်ထျန်းက သူ့ကို စိုက်ကြည့်နေသည်။

" ဒါဆို သူ့အတွက် ချက်ပြုတ်ပေးရမယ်လို့ ဆိုလိုတာလား။ ဒါ အပြစ်ပေးတာရော ဟုတ်ရဲ့လား။ သူ့အတွက် နောက်ထပ် ဝိုင်ပုလင်းတို့ အမြည်းတို့ရော ဝယ်ပေးရဦးမလား "

မောင်းသာ့ကျူးသည် နောက်ထပ် ဘာစကားကိုမှ မပြောဝံ့တော့ပေ။

ဒီမိန်းကလေးက အခု သူ့အသက်နှင့် သေခြင်းတရားကို ချုပ်ကိုင်ထားလေသည်။

သူမပြောသလိုသာ သူလိုက်နာရမည်။

သူက ချက်ချင်းလှည့်ပြီး ထိပ်ပြောင်ကို ပြောလိုက်သည်။

" မင်း နားမကြားဘူးလား။ အဘွားလေးက အဲ့ဒီကြက်ကို စားခိုင်းနေတယ်။ မင်း ဘာလို့မသွားသေးတာလဲ "

ထိပ်ပြောင်က ချက်ချင်း ခြေနှစ်လှမ်းဆုတ်လိုက်သည်။

" ရွာသူကြီး၊ အဲ့တာ ကြက်သေကြီးလေ။ စားလို့ရလို့လား "

မောင်းသာ့ကျူး၏ အမူအရာက အကျည်းတန်သွားသည်။

" ဒါက အဘွားလေးရဲ့ အမိန့်ပဲ။ ကြက်သေတစ်ကောင်မပြောနဲ့ မစင်စားဆိုရင်တောင် မင်းစားရမယ် "

ရွာသူကြီးစကားအရ ညှိနှိုင်းဖို့ မဖြစ်နိုင်တော့ပေ၊

ထိပ်ပြောင်သည်လည်း သူ့ကိုယ်သူ ထိန်းကာ လမ်းလျှောက်လာခဲ့သည်။

ကြက်က ပထမဆုံး ကားနဲ့ တိုက်မိပြီး တာယာကြိတ်ခံထားရသည်။

ကြက်သွေးတွေက မြေပြင်အနှံ့မှာ ပြန့်ကျဲနေပြီး အလောင်းကတော့ ပိုလို့တောင် ပျက်စီးနေသည်။

စားဖို့နေနေသာသာ ကြည့်ရတာတောင် ရွံ့စရာကောင်းနေသည်။

ရှန်းပိုင်ထျန်းက တခစ်ခစ်ရယ်ပြီး လက်နှစ်ဖက်ကို ခါးပေါ်တင်လိုက်သည်။

" ကြက်အမွေးတွေကို မနှုတ်နဲ့ "

သူမစကားကိုကြားတော့ ပွဲကြည့်နေတဲ့ ယဲ့ဖန်ကတောင် စကားမပြောနိုင်တော့ပေ။

မိန်းမတစ်ယောက်က ရက်စက်လာရင် ယောက်ျားတစ်ယောက်ကတောင် ဘာမှမလုပ်နိုင်ပေ။

ထိပ်ပြောင်က သူမစကားကို မဖီဆန်ရဲပေ။

သူက ကြက်သေကို မြေကြီးပေါ်ကနေ ယူပြီးကိုက်လိုက်သည်။

သူ့ပါးစပ်ထဲ ရောက်သွားတာနဲ့ သွေးနံ့က သူ့ပါးစပ်ထဲကို စိမ့်ဝင်သွားသည်။

သူ ချက်ချင်း ပြန်ဆုတ်လိုက်သည်။

" မအန်နဲ့။ အကုန်မျိုချလိုက် "

ရှန်းပိုင်ထျန်းက ချက်ချင်း သူ့ကို ကြိမ်းမောင်းလိုက်သည်။

ထိပ်ပြောင်က တံတွေးထွေးဖို့ ပြင်လိုက်ပေမဲ့ အမြန်ပြန်မျိုချလိုက်ရပြီး တစ်ကိုက်ပြီးတစ်ကိုက် စားနေရသည်။

ကြက်အမွေးနှင့် သွေးတွေက ပါးစပ်အပြည့်ဖြစ်နေသည်။

အနည်းငယ်ကြောက်စရာကောင်းသည်။

မောင်းသာ့ကျူးအပါအဝင် ရွာသားများအားလုံးက ရှန်းပိုင်ထျန်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။

ဒီအမျိုးသမီးသည် နတ်သမီးကဲ့သို့ပင် လှပပေမဲ့ နတ်ဆိုးတစ်ကောင်၏နှလုံးသားကို ပိုင်ဆိုင်ထားလေသည်။

သူမက လူတွေကို ညှဉ်းပန်းနှိပ်စက်ရန် ထိုကဲ့သို့သော နည်းလမ်းကို အမှန်တကယ် တွေးတောနိုင်ခဲ့သည်။

ဒီတစ်ခါတော့ သူတို့ သံဘောလုံးကို ကန်ခဲ့မိလေသည်။

ထိပ်ပြောင်က နောက်ဆုံးတစ်ကိုက်ကိုက်ပြီးတဲ့အခါ နာရီဝက်ကျော်နေပြီဖြစ်သည်။

သူ့ပါးစပ်ထဲမှာ ကြက်သွေးတွေနဲ့ အမွေးတွေ ပြည့်နေလေသည်။

သူ့ပါးစပ်ထောင့်မှာလည်း ကြက်အသားစတွေတောင် ရှိနေသည်။

ကြည့်ရတာ ရွံစရာကောင်းသည်။

မောင်းသာ့ကျူး သက်ပြင်းချကာ ရှန်းပိုင်ထျန်းကို ထပ်ကြည့်လိုက်သည်။

" အဘွားလေး၊ ပြစ်ဒဏ်က ပြီးသွားပါပြီ။ ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်မလား "

ရှန်းပိုင်ထျန်းက အေးစက်စွာ ဟက်ခနဲအသံပြုသည်။

" အခုက ပြစ်ဒဏ်က ကျွန်မတို့ကို ငွေညစ်တာကြောင့်ပဲ။ ဒါပေမယ့် သူက ကျွန်မကို ညစ်ညမ်းတဲ့စကားတွေ ပြောထားတာဆိုတော့ သေချာပေါက် မတူတဲ့ အပြစ် ထပ်ပေးခံရမယ် "

" ထပ်ပြီးတော့လား ....... သူ့ကို ဘယ်လို အပြစ်ပေးမှာလဲ "

" ရှင့်မှာ စီးကရက်ရှိလား "

မောင်းသာ့ကျူးက ဘာဖြစ်သွားမှန်း မသိပေမယ့် အိတ်ထဲက ထုတ်ပေးလိုက်သည်။

" အထုပ်တစ်ဝက် ကျန်ပါသေးတယ်။ မင်းဆေးလိပ်သောက်ချင်ရင် ဝယ်ခိုင်းလိုက်ပါ့မယ် ....... "

ရှန်းပိုင်ထျန်းက သူ့ကို ဖြတ်ပြောလိုက်သည်။

" ဒီလောက်ဆို လုံလောက်ပါတယ်။ ဒီဆေးလိပ်အားလုံးကို မီးညှိပြီး သူ့လျှာပေါ်မှာ ငြှိမ်းလိုက် "

သူမ ထိုစကားကို ပြောပြီးတာနဲ့ အားလုံးက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားမိကြသည်။

အပိုင်း ( ၄၃၈ )

နူးညံ့သိမ်မွေ့တာရဲ့အဓိပ္ပာယ်ကို နားလည်ရဲ့လား

မောင်းသာ့ကျူးနှင့် အခြားသူများသည် အရင်က ရက်စက်ကြမ်းကြုတ်သောလူများကို မြင်ဖူးကြသော်လည်း ဒီလို ရက်စက်ကြမ်းကြုတ်တဲ့လူကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

စီးကရက်ကို လျှာနဲ့ ငြှိမ်းတာလား။

သူမက အဲ့လို တွေးနိုင်တယ်ဆိုတာက။

သူက တုံ့ဆိုင်းနေသေးတာကို မြင်လိုက်ရတဲ့အခါ ရှန်းပိုင်ထျန်းရဲ့မျက်နှာက မည်းမှောင်သွားရသည်။

" ရှင် သူ့ကို အပြစ်ပေးလို့တောင် မရဘူးဆိုရင် ရှင့်ရဲ့ ရိုးသားမှုကို ကျွန်မ ဘယ်လို ယုံကြည်ပေးနိုင်မှာလဲ "

မောင်းသာ့ကျူးသည် သူမထံမှ မမြင်နိုင်သော ဖိအားကို အမှန်တကယ် ခံစားခဲ့ရသည်။

သူ ချက်ချင်း ထိတ်လန့်သွားသည်။

ဒီမိန်းကလေးမှာလည်း အစွမ်းထက်တဲ့နောက်ခံ ရှိပုံရသည်။

ဒီလိုလူမျိုးကို စော်ကားဖို့ လုံးဝ မဝံ့ရဲချေ။

ချက်ချင်း စိတ်ဆုံးဖြတ်ချက်ချပြီး ရွာသားများကို လက်ပြလိုက်သည်။

" ထိပ်ပြောင်ရဲ့ ခြေတွေလက်တွေကို ချုပ်ထားလိုက်ကြ "

လူအနည်းငယ်က ချက်ချင်းထွက်လာပြီး ထိပ်ပြောင်ကို မြေကြီးပေါ်သို့ ဖိလိုက်ကြသည်။

" ရွာသူကြီး၊ ကျွန်တော့်ကို ဒီလိုလုပ်လို့မရဘူး။ ရွာသူကြီး၊ ကျုပ်လုပ်ခဲ့သမျှက ခင်ဗျား ညွှန်ကြားခဲ့တာ .......... "

ထိပ်ပြောင်က ချက်ချင်း ပြင်းထန်စွာ ရုန်းကန်တော့သည်။

မောင်းသာ့ကျူးက ပါးစပ်ထဲမှ စီးကရက်တစ်လိပ်ကို ဖွာရင်း သူ့ဆီ လျှောက်သွားသည်။

" ထိပ်ပြောင်၊ သည်းခံလိုက်ပါ။ ငါ ....... ငါ့မှာလည်း ရွေးချယ်စရာမရှိဘူး "

သူကပြောသည့်အတိုင်း ထိပ်ပြောင်ပါးစပ်ထဲကို ဖွင့်လိုက်ပြီး စီးကရက်ကို ပါးစပ်ထဲထည့်လိုက်သည်။

ခြစ် ခြစ် ခြစ်

" အားးး ...... "

ထိပ်ပြောင်၏ သွေးပျက်နေတဲ့အော်သံက ချက်ချင်း ထွက်လာသည်။

သူက ပိုပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့သည်။

မောင်းသာ့ကျူးက နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

" ထိပ်ပြောင်၊ နာရင်လည်း အော်လိုက်။ မကြာခင် ပြီးသွားလိမ့်မယ် "

သူက စကားပြောနေရင်းနဲ့ ပါးစပ်ကိုပြန်ဖွင့်ပြီး စီးကရက်လိပ်ကို ထည့်လိုက်ပြန်သည်။

" အား ....... "

" အား ....... "

" အား ....... "

ထိပ်ပြောင်၏ အော်သံများက တစ်လိပ်ပြီးတစ်လိပ် ထွက်ပေါ်လာသည်။

အဲ့တာကိုကြားနေရတဲ့ ပရိသတ်အားလုံးက ဆံပင်တွေ အဆုံးထိထောင်လာသလို ခံစားကြရသည်။

အထူးသဖြင့် ရှန်းပိုင်ထျန်းကို ကြည့်တဲ့အခါ

တစ္ဆေမြင်သလို ကြည့်နေကြသည်။

နောက်ဆုံးတွင် မောင်းသာ့ကျူး ဗူးအတွင်းရှိ စီးကရက်တွေအားလုံးကို မီးညှိပြီးသွားသည်။

သူ သက်ပြင်းတစ်ချက်ချလိုက်သည်။

သူက ထိပ်ပြောင်ကို လွှတ်ပေးလိုက်သည်။

ထိပ်ပြောင်မြည်းက လျှာကိုထုတ်ကာ ခွေးကဲ့သို့ အသက်ရှုနေရသည်။

သူ့လျှာမှာ အရည်ကြည်ဖုတွေ ပေါက်နေပြီး ထိုဖုတွေက ပေါက်သွားတဲ့အခါ နာကျင်မှုက ဦးရေပြား တွေပါ ထုံကျင်သွားစေသည်။

မောင်းသာ့ကျူးက ရှန်းပိုင်ထျန်းဘက်သို့ လှည့်ကာ ချွေးသုတ်ရင်း မေးလိုက်သည်။

" အဘွားလေး၊ ကျေနပ်ပါပြီလား "

ရှန်းပိုင်ထျန်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

" မဆိုးပါဘူး၊ ကျေနပ်တယ် "

ထိုအခါမှ မောင်းသာ့ကျူး စိတ်ချသွားရတော့သည်။

" ကောင်းတယ်၊ ကောင်းတယ် ...... "

" ဒါပေမယ့် ...... "

ရှန်းပိုင်ထျန်းဆီမှ စကားသံထပ်ထွက်လာတဲ့အခါ မောင်းသာ့ကျူးရဲ့နှလုံးသားက ထပ်ပြီးလေးလံလာရသည်။

" သူလို အညစ်အကြေးက ရှင့်ရွာမှာ ဆက်ရှိနေရင် ရွာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ ရှင်ဘယ်လိုထင်လဲ "

ရှန်းပိုင်ထျန်းက အလွန်အပြစ်ကင်းစင်သော ကလေးမလေးတစ်ယောက်ကဲ့သို့ သူမ၏မျက်နှာပေါ်တွင် အပြစ်ကင်းတဲ့အပြုံးတစ်ခုရှိနေသည်။

သို့သော် မောင်းသာ့ကျူး၏ မျက်လုံးထဲတွင်တော့ သူမက နတ်ဆိုးထက်ပင် ပို၍ကြောက်စရာကောင်းသည်။

ဒါပေမယ့် အခု သူ့မှာ တခြားရွေးချယ်စရာ ဘာရှိမှာလဲ။

ဘာပဲဖြစ်ဖြစ် သူ ၉၉ ကြိမ် ဦးညွှတ်ပြီးပြီမို့ တုန်လှုပ်နေစရာတော့ မလိုတော့ချေ။

သူ ထိပ်ပြောင်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

" ထိပ်ပြောင်နဲ့ သူနဲ့အတူ လှည့်စားနေတဲ့လူတွေကို မြက်ပင်ကျောင်းရွာကနေ နှင်ထုတ်ပြီး ဘယ်တော့မှ ပြန်မလာရဘူးလို့ ဒီကနေ ကြေညာတယ် "

ဒါကိုပြောပြီးတာနဲ့ ထိပ်ပြောင်နှင့်အတူ ယဲ့ဖန်တို့ကို လှည့်စားဖို့ လုပ်ခဲ့တဲ့ လူတစ်စုက အဆက်မပြတ် ညည်းညူကြသည်။

" ရွာသူကြီး၊ ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ။ ကျွန်တော်တို့ စာလည်း မဖတ်နိုင်ပါဘူး။ မြက်ပင်ကျောင်းရွာကနေ နှင်ထုတ်လိုက်ရင် ကျွန်တော်တို့ ငတ်သေလိမ့်မယ် "

" ဟုတ်တယ် ရွာသူကြီး။ ကျွန်တော့မိန်းမက မီးဖွားတော့မယ်။ ထွက်သွားလို့မရဘူး "

“ရွာသူကြီး၊ ငါတို့လုပ်သမျှကို ခင်ဗျား အမိန့်ပေးတာလေ။ ငါတို့ကို ဘယ်လိုလုပ်ပြီး စွန့်နိုင်နိုင်ရတာလဲ "

" မောင်းသာ့ကျူး၊ ဒီနေ့ မြက်ပင်ကျောင်းရွာကနေ ငါတို့ကို နှင်ထုတ်ရင် အနာဂတ်မှာ မင်းကို ဘယ်သူက လေးစားမှာလဲ "

မောင်းသာ့ကျူးကသည် သူတို့၏စကားများကို မကြားချင်ယောင်ဆောင်ကာ သူ့လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်သည်။

" သူတို့အားလုံးကို နှင်ထုတ်လိုက်။ မြက်ပင်ကျောင်းရွာထဲကို ခြေတစ်လှမ်းဝင်လာတာနဲ့ သူတို့ကို ခြေထောက်ရိုက်ချိုးလိုက်ကြ "

" မောင်းသာ့ကျူး၊ ငါတို့ မင်းကို မှားလေးစားခဲ့တာ .... "

" မောင်းသာ့ကျူး၊ မင်း အသေဆိုးနဲ့ သေရလိမ့်မယ် ..... "

" မောင်းသာ့ကျူး၊ မင်းရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဥပဒေ ချိုးဖောက်ထားတာတွေ ငါတို့သိတယ်။ ငါတို့ မင်းကို တရားစွဲမယ် ...... "

ထိုလူတွေကို ဆွဲထုတ်သွားတဲ့အခါ သူတို့က အော်ဟစ်ဆဲဆိုကြသည်။

မောင်းသာ့ကျူးက မောပန်းနွမ်းနယ်နေလျက် ရှန်းပိုင်ထျန်းဆီသို့ လျှောက်သွားသည်။

" အဘွားလေး၊ မင်းမှာ တခြားညွှန်ကြားချက်တွေ ရှိသေးပါသလား "

ရှန်းပိုင်ထျန်းက ချက်ချင်း သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

" ရှင် ကောင်းကောင်းလုပ်ခဲ့တယ်။ ရှင့်ကို ခွင့်လွတ်လိုက်မယ် "

မောင်းသာ့ကျူး ရယ်ရမလား ငိုရမလား မသိပေ။

သူက တစ်ဖက်လူ၏ ခွင့်လွှတ်မှုကို ရရှိခဲ့သော်လည်း ကြီးမားသော ထိုးနှက်ချက်ကိုလည်း ခံစားခဲ့ရသည်။

သူရဲ့ ယုံကြည်ရတဲ့ နောက်လိုက်အားလုံးကို မြက်ပင်ကျောင်းရွာကနေ နှင်ထုတ်ခဲ့ရုံသာမက ရွာသူကြီးရာထူးကလည်း မတည်မငြိမ်ဖြစ်လာမှာကို သူ စိုးရိမ်မိသည်။

ဒါပေမယ့် အနည်းဆုံးတော့ သူ့သားက လုံခြုံသွားပြီဖြစ်သည်။

အဆိုးထဲက အကောင်းဖြစ်လေသည်။

" အချစ်လေး၊ သွားကြစို့ "

ရှန်းပိုင်ထျန်း ချက်ချင်းလှည့်ပြီး ယဲ့ဖန်၏လက်ကို ချိတ်ကိုင်ကာ ချိုသာစွာပြုံးလိုက်သည်။

ယဲ့ဖန် မတတ်နိုင်ဘဲ တုန်လှုပ်သွားရသည်။

" မင်း အခုလို ပြုံးပြတော့ နည်းနည်း ကြောက်သွားတယ်။ အဲ့တာက နတ်ဆိုးရဲ့ အပြုံးပဲ "

ရှန်းပိုင်ထျန်းက ချက်ချင်း ငြင်သာစွာ ပြုမူပြီး သူမ၏ခေါင်းလေးကို သူ့လက်မောင်းပေါ် တင်လိုက်သည်။

" မဟုတ်တာ။ ကျွန်မက အရမ်းနူးညံ့ပါတယ်၊ ဟုတ်တယ်မလား "

" နူးညံ့တယ်တဲ့လား။ နူးညံ့သိမ်မွေ့တာက ဘာလဲဆိုတာရော နားလည်ရဲ့လား "

" ငါ့ကို ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ။ ငါ နင့်ကို မခေါ်တော့ဘူး၊ ဟွန့် "

ကားပေါ်တက်ရင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စနောက်နေကြသည်။

ဒီတစ်ကြိမ်မှာတော့ ရှန်းပိုင်ထျန်းက ရှေ့ခရီးသည်ထိုင်ခုံတွင်သာ ထိုင်ခဲ့သည်။

အစောက ထိတ်လန့်စရာ မြင်ကွင်းတွေဖြစ်ပြီးတော့ သူမ ကားတောင် မောင်းဖို့ စိတ်ဒဏ်ရာ ရသွားလေသည်။

သူမက ယဲ့ဖန်ကိုသာ မောင်းခိုင်းလိုက်သည်။

Mercedes-Benz က အရိပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး အမြန်မောင်းထွက်သွားခဲ့သည်။

မြက်ပင်ကျောင်းရွာမှ ရွာသူရွာသားများက ပလိပ်ရောဂါ ကင်းစင်သွားသကဲ့သို့ ကားထွက်သွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။

" ရွာသူကြီး၊ ကျုပ်တို့ ထိပ်ပြောင်နဲ့ တခြားကောင်တွေကို ရွာထဲက တကယ်ကြီး မောင်းထုတ်မှာလား "

" ဘာပဲဖြစ်ဖြစ် ဒီလူနှစ်ယောက်က ထွက်သွားပြီးဆိုတော့ ပြန်ခေါ်ကြရအောင် "

" ဟုတ်တယ်၊ သူတို့လည်း မသိဘူး။ ကျွန်တော်တို့ မြန်မြန်သွားပြီး ထိပ်ပြောင်နဲ့ တခြားသူတွေကို ပြန်ခေါ်လိုက်ကြရအောင် "

" အဲ့လိုပြောဖို့တောင်လိုသေးလား။ ရွာလူကြီးက ဒီလိုလုပ်တာက ဟန်ပြပဲ။ သူက ဘယ်လိုလုပ် တကယ်ကြီးသူတို့ကို မောင်းထုတ်နိုင်မှာလဲ "

အားလုံးက ချက်ချင်းထပြောကြသော်လည်း မောင်းသာ့ကျူးက သူတို့ကို မှိုင်တွေနေတဲ့အကြည့်ဖြင့် ကြည့်သည်။

" မောင်းထုတ်တာက အတိုင်းအတာတစ်ခုထိလို့ ဘယ်သူပြောလဲ။ မောင်းထုတ်ခံရတဲ့သူတွေ ရွာကထွက်သွားပြီး ဘယ်တော့မှ ပြန်မလာရဘူး "

အဲ့တာကိုကြားတော့ လူတိုင်း အံ့သြသွားရသည်။

" ရွာသူကြီး၊ ဘာလို့လဲ "

တစ်ယောက်ယောက်က ရုတ်တရတ် မေးလိုက်သည်။

မောင်းသာ့ကျူးသည် ကြောက်လန့်တကြားဖြင့် Mercedes-Benz မောင်းသွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။

" ဒါက ထိပ်ပြောင်နဲ့ တခြားသူတွေအတွက်ပါ။ ငါတို့အတွက်လည်း ကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီလူနှစ်ယောက်က အရမ်းကြောက်ဖို့ကောင်းတယ်။ သူတို့မျက်လုံးထဲမှာ ငါတို့က ပုရွက်ဆိတ်တွေလောက်တောင် မဟုတ်ဘူး။ ချေမှုန်းချင်ရင် လက်တစ်ဖျောက်ပဲလိုတယ် "

အားလုံးက တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်နေကြသည်။

သူတို့ ဘယ်သူတွေကို စော်ကားပြဿနာရှာမိခဲ့တာလဲ။

ဒါက အရမ်းကြောက်စရာကောင်းတာပဲ။

အပိုင်း ( ၄၃၉ )

သွားကြစို့၊ ရတနာရှာတာ ခေါ်သွားပေးမယ်

ထို့နောက် ယဲ့ဖန်က သူ့ရဲ့ နတ်ဘုရားအဆင့် ကားမောင်းစွမ်းရည်ကို ပြသခဲ့သည်။

Mercedes-Benz က ယာဉ်ကြောတွေကြားကနေ ဖြတ်သွားခဲ့သည်။

စင်တီမီတာအနည်းငယ်သာကွာတဲ့ ကားတွေကြားကနေလည်း ခဏခဏ ကျော်ဖြတ်ခဲ့သည်။

ရှန်းပိုင်ထျန်း ကြောက်လန့်တကြားအော်လိုက်သည်။

" ယဲ့ဖန်၊ အရှိန်လျှော့၊ ငါ့နှလုံးခုန်ထွက်တော့မယ် "

" အဲ့တာဆိုလည်း ကောင်းတာပေါ့။ မင်းနှလုံးသားက ဘာအရောင်လဲဆိုတာ ကြည့်ရအောင် "

ယဲ့ဖန်က သူမ၏ ရက်စက်ကြမ်းကြုတ်သော ပုံစံကိုအခုထိ မမေ့နိုင်သေးပေ။

" အဲ့အကြောင်း မပြောပါနဲ့။ ငါက အရမ်းကြင်နာတတ်တာ "

ရှန်းပိုင်ထျန်း အစွပ်စွဲခံရသလို ခံစားရတာကြောင့် နှုတ်ခမ်းစူလိုက်သည်။

ယဲ့ဖန် မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

" မင်းကလား ကြင်နာတတ်တာ။ မင်းသာ ကြင်နာတတ်ရင် ကမ္ဘာပေါ်မှာ လူဆိုးတွေ မရှိတော့ဘူး "

ရှန်းပိုင်ထျန်းက ဒေါသတကြီး ခေါင်းကို လှည့်လိုက်သည်။

" ဟွန့်၊ ငါ နင်ကို မခေါ်တော့ဘူး "

ယဲ့ဖန်က သူမကို ဆက်ပြီး နောက်ပြောင်တော့မည့်အချိန်မှာပဲ သူ့နားထဲတွင် စနစ်သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

[ စနစ်မှ ရတနာလမ်းညွှန်မှုအသစ်တစ်ခုကို တွေ့ရှိထားပါသည်။ ကျေးဇူးပြု၍ လက်ရှိလမ်းအတိုင်း မီတာ ၅၀၀ တည့်တည့်သွားပြီး ညာဘက်သို့ ကွေ့ပါ ]

စနစ်သတိပေးချက်ကို ကြားတဲ့အခါ သူ မရယ်ဘဲမနေနိုင်ပေ။

ပင်းဟိုင်မြို့က အမှန်တကယ် သူ့ကိုကောင်းချီးပေးတဲ့မြေဖြစ်လေသည်။ အခုမှ ရောက်လာတာတောင် လက်ဆောင်အကြီးကြီး ပေးနေပြီဖြစ်သည်။

" ဘာရယ်နေတာလဲ "

ရှန်းပိုင်ထျန်း သူရယ်နေတာမြင်တော့ စူးစမ်းချင်စိတ်ပေါ်လာသည်။

" သွားရအောင်၊ ရတနာရှာဖို့ ခေါ်သွားမယ် "

" ဘာရတနာလဲ "

" အဲဒီကိုရောက်တဲ့အခါ မင်းသိမှာပါ "

ယဲ့ဖန်က စနစ်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရင်း

ကားက မိနစ်နှစ်ဆယ်ကျော်ကျော်လောက် မောင်းသွားသည်။

သူတို့နှစ်ဦးက မကြာမီတွင် အိမ်ဟောင်းတစ်ခုကို ဖြိုဖျက်နေသည့်နေရာသို့ ရောက်လာကြသည်။

လက်ကျန်အိမ်ဟောင်းအနည်းငယ်ကို ကြည့်ခြင်းဖြင့် ဒီအိမ်ကလည်း အလွန်ဟောင်းနေပြီဖြစ်မှန်း သိနိုင်သည်။

" ဒီမှာ ဘာလုပ်မှာလဲ။ တကယ်ပဲ ဒီမှာ ရတနာရှိတာလား "

ရှန်းပိုင်ထျန်းက အပြင်ဘက်က ဖုန်မှုန့်တွေကို ကြည့်ပြီး ကားထဲက မထွက်ချင်ပေ။

" ဒီလို အိမ်ဟောင်းက ရတနာတွေကို တူးဖော်ရတာ လွယ်တယ် "

ယဲ့ဖန်က ဆက်ရှင်းပြမနေဘဲ တံခါးကို တွန်းဖွင့်ပြီး ကားထဲမှ ဆင်းလိုက်သည်။

" ကျစ်၊ တစ္ဆေတစ်ကောင်ကပဲ နင့်ကိုယုံလိမ့်မယ် "

ရှန်းပိုင်ထျန်းက ဒီလိုနေရာမှာ ရတနာတစ်ခုခုကို ရနိုင်မည်ဟု မယုံသော်လည်း သူမကားထဲမှ ထွက်လာခဲ့သေးသည်။

" နင် ဘာလုပ်ချင်နေတာလဲ "

ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ချဉ်းကပ်လာသောအခါ လုံခြုံရေးဦးထုပ်ဆောင်းထားသည့် အလုပ်သမားတစ်ဦးက သူတို့ကို တားရန် ချက်ချင်း ရှေ့တိုးလာခဲ့သည်။

" ကျွန်တော်တို့ ဝင်ကြည့်ချင်ရုံတင်ပါ "

ယဲ့ဖန်က ချက်ချင်း ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။

" ဒါက ဆောက်လုပ်ရေးလုပ်ငန်းခွင်ပါ။ အရမ်းအန္တရာယ်များတယ် "

ဝန်ထမ်းတွေက ချက်ချင်း သူ့ကို မောင်းထုတ်ကြသည်။

" ဒီကညီအစ်ကိုတို့ ကျေးဇူးပြုပြီး ခြွင်းချက်ထားပေးပါ။ ကျွန်တော်က ရှေးခေတ်အဆောက်အအုံတွေကို အရမ်းစိတ်ဝင်စားတာကြောင့်ပါ "

ယဲ့ဖန်က သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်ဗူးကို ထုတ်လိုက်သည်။ သူက တစ်လိပ်ကို ထုတ်ယူပြီး ထိုလူအား ပေးလိုက်သည်။

အဲ့ဒီလူက စီးကရက်ကို ယူခဲ့ပေမယ့် မသောက်ဘဲ သူ့နားကြားမှာ ထိုးထားလိုက်သည်။

ထိုအခါ ယဲ့ဖန်အပေါ် သူ့သဘောထားက ၁၈၀ ဒီဂရီ ပြောင်းသွားသည်။

" ညီလေး၊ မင်းက အရမ်းတော်တဲ့လူပဲ။ ငါအမှန်အတိုင်းပြောမယ်၊ ငါ မင်းကို မကူညီချင်ပေမယ့် ငါက ဆုံးဖြတ်ချက် မချနိုင်ဘူး "

ယဲ့ဖန်က လက်ကျန် စီးကရက်ဗူးတစ်ဝက်လုံးကို သူ့လက်ထဲ ထည့်လိုက်သည်။

" ဒါဆို ကြီးကြပ်ရေးမှူးက ဘယ်မှာလဲ။ ကျွန်တော် သူနဲ့စကားပြောလိုက်မယ် "

ဝန်ထမ်းက တခြားသူတွေ မြင်ပြီး ဆေးလိပ်တောင်းမှာ စိုးတာကြောင့် အိတ်ကပ်ထဲကို အလျင်အမြန် ထည့်လိုက်သည်။

" ငါတို့ရဲ့ ကြီးကြပ်ရေးမှူးက အဲ့နားမှာ စစ်ဆေးဖို့ရှိနေတယ်။ မင်းကို ငါခေါ်သွားပေးမယ် "

ထိုသို့ပြောပြီးနောက် စိတ်အားထက်သန်စွာ လမ်းပြပေးခဲ့သည်။

ယဲ့ဖန်နဲ့ ရှန်းပိုင်ထျန်းက ချက်ချင်း အနောက်ကလိုက်သွားခဲ့သည်။

မကြာခင်မှာပဲ ဖြိုဖျက်ဖို့ ညွှန်ကြားနေတဲ့ ကြီးကြပ်ရေးမှူးကို တွေ့ခဲ့ကြသည်။

" မင်း ဘာလို့ အပြင်လူကို ခေါ်လာတာလဲ။ ပြင်ပလူတွေကို ဝင်ခွင့်မပြုဘူးလို့ ငါပြောခဲ့တယ် မဟုတ်လား "

ကြီးကြပ်ရေးမှူးက ယဲ့ဖန်တို့ကို တွေ့တဲ့အခါ ဝန်ထမ်းကို မကျေမနပ် စိုက်ကြည့်နေသည်။

ယဲ့ဖန်က ချက်ချင်း ရှေ့ကို လျှောက်သွားသည်။

"မင်္ဂလာပါ၊ ကျွန်တော်တို့က ကျုံးဟိုင်တက္ကသိုလ် ဆောက်လုပ်ရေးဌာနက ကျောင်းသားတွေပါ။ ဒီနေရာက ရှေးဟောင်းအဆောက်အအုံတွေကို လေ့လာဖို့ မိုင်ရာနဲ့ချီဝေးတဲ့ နေရာကနေ လာခဲ့တာပါ "

ကြီးကြပ်ရေးမှူးက သူတို့ကို အကဲခတ်လိုက်သည်။

" ကျောင်းသားလား။ အဲ့တာက ပိုတောင်ဆိုးသေးတယ်။ မင်းတို့အားလုံးက အဖိုးတန်လွန်းတယ်။ မတော်တဆ တစ်ခုခုဖြစ်ရင် ငါ တာဝန်မခံနိုင်ဘူး "

ယဲ့ဖန် ချက်ချင်းပြုံးပြလိုက်သည်။

" စိတ်မပူပါနဲ့၊ ကျွန်တော်တို့က အစွန်းတစ်ဝိုက်မှာပဲ လျှောက်ကြည့်မှာပါ။ အထဲကို မသွားပါဘူး "

စကားပြောရင်း သူ့အိတ်ကပ်ထဲက ပိုက်ဆံတစ်အုပ်ကို ထုတ်လိုက်သည်။

" ဒီငွေက ဝင်ခွင့်လက်မှတ်အတွက်ပါ "

ကြီးကြပ်ရေးမှူး၏ မျက်နှာသည် မည်းမှောင်သွားသည်။

" ဘာကိုဆိုလိုတာလဲ။ ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား။ ငါက အမြဲတမ်း တရားမျှတပြီး ဘက်မလိုက်တတ်တဲ့သူတစ်ယောက်ပဲ။ ငါက ဘယ်တော့မှ ဖောက်ပြားမှာမဟုတ်ဘူး ..... "

သူ့စကား မပြီးခင်မှာဘဲ ယဲ့ဖန်က သူ့လက်ထဲကို ပိုက်ဆံအုပ်ထိုးပေးလိုက်သည်။

အထူကို စမ်းကြည့်တော့ ယွမ် ၁၀၀၀ ထောင်မကမှန်း သိသွားခဲ့သည်။

ကြီးကြပ်ရေးမှူးက သဲလွန်စမကျန်အောင် သူ့အိတ်ကပ်ထဲကို ပိုက်ဆံထည့်ကာ ချက်ချင်းပြုံးပြလိုက်သည်။

" သမာသမတ်ရှိတာက တစ်မျိုးဆိုပေမဲ့ ငါက တကယ်ကို ကျိုးကြောင်းဆီလျော်တတ်တဲ့ လူတစ်ယောက်လေ။ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျောင်းသားတွေ လာရောက်လေ့လာနိုင်ရင် တိုင်းပြည်အတွက် ပိုကောင်းမှာပဲ "

ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့က ထိုကြီးကြပ်ရေးမှူး၏ အရှက်ကင်းမဲ့မှုကို ချီးမွမ်းမိလိုက်ကြသည်။

" ဒါပေမယ့် မင်းတို့ရဲ့ဘေးကင်းရေးအတွက် ငါကိုယ်တိုင် မင်းတို့ကို ခေါ်သွားပေးမယ် "

ကြီးကြပ်ရေးမှူးက ပြောသည့်အတိုင်း သူတို့နှစ်ဦးအတွက် လုံခြုံရေးဦးထုပ်နှစ်လုံးကို ရှာပေးခဲ့သည်။

ဝန်ဆောင်မှု အရည်အသွေးက အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

" ဒီအိမ်က မင်မင်းဆက်ရဲ့ ပထမတန်းအရာရှိတစ်ဦးပိုင်တာလေ။ အဲ့ဒီတုန်းက သူက ပိုက်ဆံတွေ အများကြီး အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဆိုတယ်။ အငြိမ်းစားယူပြီး သူ့မွေးရပ်မြေကို ပြန်ရောက်တော့ ဒီခြံကို ဆောက်ခဲ့တာ ........ "

ကြီးကြပ်ရေးမှူးက လမ်းလျှောက်လာရင်း ခြံဝင်းအသေးစိတ်အကြောင်း သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးသည်။

ယဲ့ဖန်က စနစ်ညွှန်ပြသည့် လမ်းကြောင်းကိုလည်း စောင့်ကြည့်နေခဲ့သည်။

" ကြီးကြပ်ရေးမှူး၊ အဲ့ဒီနေရာက ဘာလဲ "

သူသည် ကြီးကြပ်ရေးမှူး မိတ်ဆက်တာကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး မလှမ်းမကမ်းက အပျက်အစီးတွေကို ညွှန်ပြလိုက်သည်။

ကြီးကြပ်ရေးမှူးက သူညွှန်ပြနေသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။

" သြော်၊ အဲ့တာက ဘုရားကျောင်းဆောင်လေ။ အဲဒီတုန်းက ပိုင်ရှင်မိသားစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူ တစ်ယောက်လို့ ထင်တာပဲ "

" သွားကြည့်လို့ရမလား "

" အပျက်အစီးတွေက ဘာကောင်းလို့လဲ "

" ပြတင်းပေါက်တွေ အများကြီးနဲ့ အပျက်အစီးတွေ အပြင် ဒီဇိုင်းကလည်း တော်တော်လက်ရာမြောက်တယ်။ အကြံဉာဏ်မှုတစ်ခုခုကို ကျွန်တော်ရှာတွေ့နိုင်တယ်လေ "

ယဲ့ဖန် လိမ်လိုက်သည်။

" ကောင်းပြီ၊ မင်းတို့သွားကြည့်ကြ။ ငါ ဒီမှာ ဆေးလိပ်သောက်နေမယ် "

ကြီးကြပ်ရေးမှူးက ပြောသည့်အတိုင်း သူ့မသိစိတ်က အိတ်ကပ်ထဲရှိ ငွေအိတ်ကို ထိလိုက်သည်။

သူ ဆေးလိပ် သောက်နေတာမဟုတ်ပေ။ သူက ပိုက်ဆံအကြောင်း တွေးနေတာ သိသာသည်။

ယဲ့ဖန်က ပြုံးပြီး ဘာမှပြန်မပြောပေ။ သူက ရှန်းပိုင်ထျန်းကို အပျက်အစီးတွေဆီ ဆွဲခေါ်လာသည်။

" ဒီမှာ နင်ဘာလုပ်နေတာလဲ "

ရှန်းပိုင်ထျန်းက သူ့ကို အသံတိုးတိုးဖြင့် မေးသည်။

" မင်းကို မပြောခဲ့ဘူးလား။ ဒီမှာ ရတနာတွေရှာဖို့ ရောက်နေတာပါဆို "

" ကျစ်၊ ဒီမှာ ရတနာရှိလို့ကတော့ ငါ့နာမည်ကို ပြောင်းပြန်လုပ်ပစ်မယ် "

ရှန်းပိုင်ထျန်းက နှုတ်ခမ်းစူလိုက်သည်။

" မင်းကိုယ်တိုင်ပြောတာနော်၊ ထျန်းပိုင်ရှန်း "

ယဲ့ဖန်က ဟာသလုပ်ကာ ရယ်သည်။

ထို့နောက် သူ့လမ်းကြောင်းမှာ ရပ်သွားသည်။

[ ညာဘက်သို့ သုံးမီတာအကွာ ရှေ့တည့်တည့်သို့သွားပါ ]

အပိုင်း ( ၄၄၀ )

အဲ့ဇာတ်ကား မကြည့်ဖူးဘူးများ ထင်နေလား

သူက ညွှန်ကြားချက်အတိုင်းလိုက်၍ ရတနာ၏နောက်ဆုံးတည်နေရာကို အတည်ပြုခဲ့သည်။

ယဲ့ဖန်က ဘာမှပြန်မပြောပေ။ သူက အပျက်အစီးများကြားသို့ ခုန်ဆင်းကာ အပျက်အစီးတွေကို ရှင်းဖယ်ပစ်ခဲ့သည်။

ခဏကြာတော့ ဖုန်မှုန့်တွေက နေရာအနှံ့ ပျံ့သွားသည်။

ရှန်းပိုင်ထျန်းက တကယ်ပဲ ကူညီချင်ပေမယ့် ထိုမြင်ကွင်းကို သူမမြင်တော့ လန့်သွားသည်။

" ယဲ့ဖန်၊ နင် ဘာကိုရှာနေတာလဲ။ ကြည့်မနေနဲ့တော့ေန၊ အရမ်းညစ်ပတ်တယ် "

ယဲ့ဖန်ကတော့ မတုန်လှုပ်ပေ။ သူက ဆက်ပြီး နက်နက်နဲနဲ တူးသည်။

နာရီဝက်ကျော်ကြာ တူးဖော်ပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးလည်း လုပ်ပြီးပြီဖြစ်သည်။

သို့သော်လည်း ရတနာအရိပ်အယောင်ကို မတွေ့ရသေးပေ။

သူ အံ့သြနေမိသည်။

စနစ်၏ အနေအထားက မှားမည်မဟုတ်မှန်း သူယုံကြည်သည်။

ရတနာက ဒီမှာရှိရမည်။

သူ လေးလေးနက်နက် တွေးနေရင်းနဲ့ ရုတ်တရက် ပြိုကျနေတဲ့ နံရံတစ်ခုကို သတိထားမိလိုက်သည်။

ပြုပြင်ထိန်းသိမ်းမှု အားနည်းတာကြောင့် နံရံ၏မျက်နှာပြင်က ပျက်စီးနေပြီး အပေါက်တစ်ခု ရှိနေသည်။

သူက အဲ့နံရံဆီ အမြန်လျှောက်သွားပြီး အပေါက်ကို ပိုကြီးအောင် တူးလိုက်သည်။

ထိုမှသာ အထဲမှာ အလွှာတစ်ခု ရှိနေသေးကြောင်း သူသိလိုက်ရသည်။

အဲ့တာက ချက်ချင်းပဲ သူ့ကို စိတ်လှုပ်ရှားစေကာ အပေါ်အလွှာကို အမြန်ခွာပစ်လိုက်သည်။

နောက်ဆုံးတွင် အလယ်မှာ သစ်သားသေတ္တာတစ်ခုကို ယဲ့ဖန် တွေ့ရှိခဲ့သည်။

သစ်သားသေတ္တာသည် သက်တမ်းကြောင့် ယိုယွင်းပျက်စီးနေသည်။

သူက အဲ့တာကို လက်ချောင်းများဖြင့် ညင်သာစွာ ဖိလိုက်တဲ့အခါ ချက်ချင်း အပိုင်းပိုင်းကြေမွသွားခဲ့သည်။

သစ်သားသေတ္တာက လုံး၀ကို ကြေမွသွားတဲ့အခါ အတွင်းမှပစ္စည်းက ချက်ချင်း ပေါ်လာသည်။

အဖြူရောင် ကြွေခွက်တစ်ခွက်။

အမြင့်က တစ်လက်မခန့်မြင့်ပြီး သုံးလက်မစာလောက်ကျယ်ဝန်းသည်။

ကြွေခွက်က ပွင့်ဟနေပြီး အနည်းငယ် စောင်းသွားကာ ခွက်အောက်ခြေက ပြားသည်။

အောက်ခြေတွင် 'မင်းချောင်းဟွာနှစ်' ဟု ရေးထိုးထားသည်။

ထိုခွက်က သေးငယ်ပေမဲ့ လက်ရာမြောက်သည်။ သာမာန်ပစ္စည်းမဟုတ်သည်မှာ သေချာသည်။

အဝေးမှာရပ်နေတဲ့ ရှန်းပိုင်ထျန်းက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားရသည်။

သူ တကယ်ပဲ ရတနာတစ်ခုကို ရှာတွေ့ခဲ့တာလား။

ဒါက မယုံကြည်နိုင်စရာ မကောင်းလွန်းဘူးလား။

ယဲ့ဖန်သည် သူ့ခန္ဓာကိုယ်ပေါ်မှ အညစ်အကြေးများကို ပွတ်သပ်ကာ ကြွေခွက်ကို ဝှေ့ယမ်းပြီး သူမရှေ့သို့ လျှောက်သွားလိုက်သည်။

" ဘယ်လိုလဲ၊ ထျန်းပိုင်ရှန်း မင်းယုံပြီလား "

ရှန်းပိုင်ထျန်း သူ့ကို ကြောင်အအ ကြည့်နေလိုက်သည်။

" ဒီမှာ ရတနာတစ်ခုရှိတယ်ဆိုတာ နင် ဘယ်လိုလုပ်သိတာလဲ "

ယဲ့ဖန်က သူမကို လေးလေးနက်နက် ကြည့်နေသည်။

" တကယ်တော့ ကိုယ့်မှာ မင်းကို မပြောခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ် "

ရှန်းပိုင်ထျန်း၏ စိတ်ဝင်စားမှုက မြင့်တက်သွားသည်။

" ဘာလျှို့ဝှက်ချက်လဲ "

ယဲ့ဖန်က တစ်ခုခုကို သတိထားနေသလိုမျိုး အဝေးကို လှမ်းကြည့်လိုက်သည်။

" ကိုယ် ၈ နှစ်သားအရွယ်လောက်က ကိုယ်တို့ရွာကို လူ ၃ ယောက် ရောက်လာတယ်။ ယောက်ျားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်။ အုတ်ဂူကြီးတစ်ခုရှာဖို့ ကိုယ်တို့အိမ်မှာ နေခဲ့ကြတယ်။ ပြီးတော့ ကိုယ့်အရိုးတွေက ရှင်းပြီး ကိုယ့်ရဲ့အရည်အချင်းက ထူးထူးခြားခြားဖြစ်တာကို သူတို့မြင်တော့ သတ္တုကိုခွဲခြမ်းပြီး လျှို့ဝှက်နည်းပညာအစုံကို သင်ပေးခဲ့တယ်။ အဲ့တာကြောင့် ရိုးရှင်းတဲ့တွက်ချက်မှုတစ်ချို့နဲ့ ကိုယ်က ရတနာတွေရဲ့တည်နေရာကို တိတိကျကျ ရှာဖွေနိုင်တယ် ....... "

ရှန်းပိုင်ထျန်း၏ မျက်နှာတစ်ပြင်လုံးတွင် အံ့ဩနေသည်ဟုပင် ရေးထားသည်။

" အဲ့ဒီသုံးယောက်က ဘယ်သူလဲ။ သူတို့က တကယ်ပဲ အစွမ်းထက်တာလား "

" ခေါင်းဆောင်ကို ဟူပါးရီလို့ပဲသိတယ်။ တခြားယောက်ျားကို ဖက်တီးလို့ခေါ်တယ်။ အဲ့ဒီမိန်းမကိုတော့ ...... "

ရှန်းပိုင်ထျန်းက ဖြတ်ပြောလိုက်သည်။

" ဘယ်သူ့ကို လာခြောက်လှန့်နေတာလဲ။ အဲ့ဇာတ်ကားကို မကြည့်ဖူးဘူးများထင်နေလား။ ဘယ်သူ့ကို လာလိမ်နေတာလဲ "

ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။

" ကိုယ့်ကို နတ်ဆိုးတစ်ကောင်၊ နတ်ဆိုးတစ်ကောင်က လိမ်သွားတာ "

ရှန်းပိုင်ထျန်းက သူ့ကို ရိုက်ဖို့ ဟန်ဆောင်လိုက်သည်။

ထိုအချိန်မှာပဲ ကြီးကြပ်ရေးမှူးက လျှောက်လာသည်။

ယဲ့ဖန်ရဲ့ လက်ထဲက ကြွေခွက်ကို မြင်လိုက်ရတော့ သူ့အမူအရာ ပြောင်းသွားသည်။

" ဒါကို ...... အပျက်အစီးတွေထဲက တွေ့ခဲ့တာလား "

ယဲ့ဖန်က မငြင်းဘဲ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်တယ် "

ကြီးကြပ်ရေးမှူး၏ အမူအရာမှာ ပြင်းထန်လာသည်။

" ဒါကို မင်းတွေ့ခဲ့ပေမယ့် ဒီအိမ်ပိုင်ရှင်က ပိုင်တယ်။ သိမ်းချင်ရင်တော့ မူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်ယူရမှာပေါ့ "

ယဲ့ဖန်က ခေါင်းငြိမ့်ပြသည်။

" ဟုတ်ကဲ့၊ ပိုင်ရှင်ဆီ ဆက်သွယ်ပေးပါ "

ကြီးကြပ်ရေးမှူးက ချက်ချင်း ဖုန်းခေါ်ဖို့ ဘေးနားကိုတိုးသွားသည်။

ခဏကြာတော့ ခပ်ဝဝနဲ့ လူလတ်ပိုင်းတစ်ယောက် ပြေးလာသည်ကို တွေ့လိုက်ရသည်။

" မင်း ဘာကိုတွေ့တာလဲ။ မြန်မြန်ကြည့်ရအောင် "

ထိုသို့ပြောရင်း သူက ယဲ့ဖန်လက်ထဲမှ ကြွေခွက်ကိုယူကာ ဂရုတစိုက်ကြည့်လေသည်။

ရှန်းပိုင်ထျန်း အနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားသည်။

" ဒီခွက်ကို ကျွန်မတို့တွေ့တာ "

ခပ်ဝယလူကြီးက သူမကို စိုက်ကြည့်နေသည်။

" အဲ့တာဆိုလည်း ဘာလုပ်ရမှာလဲ။ ဒီအိမ်က ငါ့အိမ်မလို့ ဒီခွက်က ငါ့အပိုင်ပဲ "

ရှန်းပိုင်ထျန်း အနည်းငယ် မယုံနိုင်ဖြစ်မိသည်။

" နံရံထဲမှာသာ ရှာမတွေ့ရင် ဒီခွက်အကြောင်း ရှင် ဒီတစ်သက်လုံး သိမှာမဟုတ်ဘူး "

လူထွားကြီးက အေးစက်စက်နဲ့ အော်လိုက်သည်။

" အဲ့တာကို ဘယ်သူက တကူးတကရှာခိုင်းနေလို့လဲ "

ရှန်းပိုင်ထျန်းက ပိုပြောချင်ပေမဲ့ ယဲ့ဖန်က သူမလက်ကို ဆွဲပြီး အဲ့ဒီလူကို လှည့်ကြည့်လိုက်သည်။

" ခင်ဗျားက ဒီအိမ်ရဲ့ပိုင်ရှင်လား။ ဒီခွက်က ခင်ဗျားအပိုင်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် ဒီခွက်ကို တော်တော်လေးကြိုက်တယ် "

ထိုလူက သူ့ကို လက်မထောင်ပြသည်။

" ဒီညီလေးပြောတာကို သဘောကျတယ် "

ထိုသို့ပြောရင်း သူက ယဲ့ဖန် နှင့် ရှန်းပိုင်ထျန်းတို့၏ အဝတ်အစားတွေကို အကဲခတ်ကြည့်လိုက်သည်။

သူတို့ရဲ့အဝတ်အစားတွေကိုကြည့်လိုက်တော့ သူတို့က ဆင်းရဲတဲ့ သာမန်ကျောင်းသားတွေလို မဟုတ်ပေ။

" ငါ မင်းကို ယွမ် ၁သိန်းနဲ့ ပေးမယ် "

ရှန်းပိုင်ထျန်းက ထိုစကားကိုကြားသောအခါ သူမ မယုံနိုင်ဖြစ်သွားသည်။

" ရှင်က မလွန်လွန်ဘူးလား။ ကွဲနေတဲ့ ကြွေခွက်တစ်လုံးအတွက် ယွမ် ၁သိန်း ပေးစေချင်နေတာလား "

ဖက်တီးက လှောင်ရယ်သည်။

" အတင်းဝယ်ခိုင်းတာ မဟုတ်ဘူး။ မဝယ်ချင်ရင် သွားလိုက်တော့ "

ထိုအချိန်တွင် ဘေးမှကြီးကြပ်ရေးမှူးက အထူးသတိထား၍ ယဲ့ဖန်ကို အမြန်ကူညီခဲ့သည်။

" ယွမ်လူကြီးမင်း၊ ငါ တရားမျှတပါရစေ။ ဒီအိမ်က မင်းပိုင်ပေမယ့် ဒီခွက်ကို ဒီညီငယ်လေးက တကယ်ပဲ ရှာတွေ့ခဲ့တာဆိုတော့ သူမရှိရင် ငါတို့က အမှိုက်လို စွန့်ပစ်လိုက်မှာပဲ။ ဒါပေမဲ့ မင်းခေါ်တဲ့ဈေးက နည်းနည်းမြင့်တယ် "

ထိုလူသည် သူ့စကားကိုကြားသောအခါ မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေလိုက်သည်။

" ကြီးကြပ်ရေးမှူးဝမ်ကြောင့် ငါ စဉ်းစားပြီး မင်းဆီက ယွမ် ၅သောင်းပဲ တောင်းမယ် "

ယဲ့ဖန်က ခဏလောက် တွန့်ဆုတ်ဟန်ဆောင်ကာ အံကြိတ်ပြီး ခေါင်းငြိမ့်လိုက်သည်။

" ကောင်းပြီ ၅သောင်းဆိုတော့ ဒီခွက်ကို ဝယ်မယ် "

ထို့နောက် ယွမ်ငွေ ၅သောင်းကို ဖက်တီးထံ လွှဲပြောင်းပေးခဲ့သည်။

ထို့နောက် သူက ကြွေခွက်ကိုယူကာ ငြင်းခုံချင်နေသေးတဲ့ ရှန်းပိုင်ထျန်းကို ဆွဲထုတ်ကာ လှည့်ထွက်လာသည်။

ဖက်တီးက သူတို့ကို လျစ်လျူရှုခဲ့သည်။

ယွမ် ၅သောင်း ကောက်ရပြီးနောက် ပျော်သွားသည်။

ကြီးကြပ်ရေးမှူးဝမ်က သူ့ကို စိုက်ကြည့်နေသည်။

" မင်းက လူညစ်ပဲ။ ကျောင်းသားတွေဆီက ပိုက်ဆံတောင် ရှာရဲတယ် "

ဖက်တီးက ပုခုံးတွန့်လိုက်သည်။

" ဒါကို စီးပွားရေးလို့ခေါ်တယ်။ တစ်ယောက်က ကျေကျေနပ်နပ်နဲ့ ရောင်းပြီး တစ်ဖက်က ကျေကျေနပ်နပ်နဲ့ လက်ခံဝယ်တာလေ။ သူတို့ကို အတင်းဝယ်ခိုင်းတာမဟုတ်ဘူး "

ကြီးကြပ်ရေးမှူးဝမ်က စကားမပြောနိုင်တော့ပေ။ သူက အေးစက်စွာ ကြည့်ကာ လှည့်ထွက်သွားသည်။

ဖက်တီးက သူ့ကို လျစ်လျူရှုပြီး သူ့မိန်းမကို ချက်ချင်းဖုန်းဆက်သည်။

" အချစ်ကလေး၊ ငါ မင်းကို ကောင်းတာတစ်ခုပြောပြမယ်။ ငါ ဘာမဟုတ်တာလေးအတွက်နဲ့ ယွမ် ၅သောင်း ရခဲ့တယ် ............ "

All Chapters