အပိုင်း ၄၄၁-၄၄၄
Vol. 23 Ch. 441-443
အပိုင်း ( ၄၄၁ )
ဆုလာဘ်အသစ်၊ အစိမ်းရောင်ဆေးစာအုပ်။
“ယွမ်ငါးသောင်းကောက်ရလာတယ်ပေါ့။ အိပ်မက်ထဲမှာကောက်ရတာလား”
တစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ ခပ်ကြမ်းကြမ်းအသံတစ်သံ ထွက်ပေါ်လာသည်။
ဖက်တီးကအလျင်စလိုရှင်းပြလာသည်။
“တကယ်ပြောတာ။ အခုလေးတင်ပဲ တက္ကသိုလ်ကျောင်းသားနှစ်ယောက် ငါတို့အိမ်ကိုရောက်လာပြီး နံရံထဲကနေ ကြွေထည်ခွက်တစ်ခွက်ရှာတွေ့သွားတာ။ သူတို့က အဲ့ခွက်ကိုယူသွားချင်နေတာ။ အဲ့တာနဲ့ငါလည်း သူတို့ကိုပြောဆိုပြီး ငါးသောင်းတောင်းလိုက်တော့ ဘာမှမပြောပဲ ချက်ချင်းပိုက်ဆံထုတ်ပေးပြီး စိတ်ပျက်လက်ပျက်ထွက်သွားကြတယ်လေ”
“ကြွေခွက်လား။ ဘယ်လိုကြွေခွက်မျိုးလဲ”
“လက်ဖဝါးအရွယ်လောက်တော့ရှိတယ်။ အာ၊ ဟုတ်သား။ အထဲမှာစာရေးထားသေးတယ်… ဘာပါလိမ့်။ မင်မင်းဆက်ရဲ့ ပြောင်းလဲမှုစနစ်ဆိုလားပဲ”
“ချန်းဟွာလား”
“ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့တာဘာပြောတာလဲ”
ဖုန်းတစ်ဖက်မှ အသံတိတ်ကျသွားသည်။
ဖက်တီးကတော့ ဘာကြောင့်အသံတိတ်သွားလဲဆိုတာ မသိတာကြောင့် ဆက်လက်အူမြူးနေသည်။
“အချစ်လေး၊ အရမ်းပျော်သွားလား။ အမြန်လေး ကိုယ့်ကိုချီးကျူးလိုက်တော့”
ထိုအချိန်တွင် ဇနီးဖြစ်သူက ရုတ်တရက် ကြိမ်းဝါးတော့သည်။
“စောက်ငတုံး။ အရှင်မင်ချန်းဟွာရဲ့ရှေးဟောင်းပစ္စည်းတွေက အနည်းဆုံး ယွမ်တစ်သန်းတန်တယ်။ ရှင်ကအဲ့တာကို ငါးသောင်းနဲ့ရောင်းလိုက်တယ်ပေါ့လေ။ အဲ့ကလေးနှစ်ကောင်ကို အမြန်ပြန်ခေါ်လိုက်။ မဟုတ်ရင် အိမ်ပြန်မလာနဲ့”
ဖက်တီးမှာမျက်လုံးပြူးသွားရသည်။
“သန်းချီတန်တယ်လား။ မင်းကိုဘယ်သူပြောတာလဲ။ ခွက်အကွဲတစ်လုံးက သန်းချီတန်တယ်ပေါ့လေ”
“ကျွန်မ မနေ့ကမှ ကျွမ်းကျင်သူတစ်ယောက်ကိုမေးထားတာ။ ဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ။ ရှင် အဲ့မှာဘာရပ်လုပ်နေသေးတာလဲ။ အမြန်အဲ့ကလေးနှစ်ကောင်ကို ပြန်သွားခေါ်လေ”
ဖက်တီးမှာ တသိမ့်သိမ့်တုန်သွားရကာ ယဲ့ဖန်တို့နောက်ကို အမြန်ပြေးလိုက်လေတော့သည်။
သို့သော် သူထွက်လာသည့်အချိန်၌ တစ်ဖက်လူမှာမရှိတော့ပေ။
သူအမြန်ပဲ တွေ့ရာအလုပ်သမားနှစ်ယောက်ကို လှမ်းဆွဲလိုက်ကာ မေးသည်။
“ဟိုနှစ်ယောက်… ဟိုတက္ကသိုလ်ကျောင်းသားနှစ်ယောက်ရော”
“သွားပြီလေ”
“ဘယ်ဘက်ကိုသွားတာလဲ”
“ဟိုဘက်ကို”
ဖက်တီးမှာသဲလွန်စရသည်နှင့် ချက်ချင်း သူတို့နောက် အမြန်ပြေးလိုက်တော့သည်။
အလုပ်သမားနှစ်ယောက်က သူ့အား တစ်ခါထပ်သတိပေးလိုက်သည်။
“ကျုပ်တော့အချိန်ဖြုန်းမနေဖို့ အကြံပေးချင်တယ်။ သူတို့မောင်းသွားတာ အတော်မြန်တယ်။ ခင်ဗျား လိုက်လို့မှီမှာမဟုတ်ဘူး”
“ဟုတ်တယ်၊ သူတို့မျက်စိတစ်မှိတ်အတွင်း ပျောက်သွားကြတာ”
ထိုစကားကိုကြားသည်နှင့် ဖက်တီး၏ ခြေထောက်တွေပျော့ခွေသွားကာ မြေပေါ်လဲကျသွားတော့သည်။
သူ့မျက်လုံးတွေမှာ အသက်မဲ့နေကာ မျက်နှာဟာလည်း ဖြူဖပ်ဖြူလျော် ဖြစ်သွားလေတော့သည်။
သူကတော့ တစ်ဖက်လူကို ငယ်ရွယ်တာကြောင့် အရူးလုပ်လို့လွယ်သည်ဟု ထင်ခဲ့မိသည်။
အခုမှသာ သူကိုယ်တိုင်က အရူးလုပ်ခံလိုက်ရမှန်း သတိထားမိတော့သည်။
အဲ့နှစ်ယောက်က ဘယ်လိုလုပ် တက္ကသိုလ်ကျောင်းသားဖြစ်နိုင်မှာလဲ။ သေချာပေါက်ကို မြေခွေးနှစ်ကောင်ပဲ။
သူတို့က သူ့ဆီကနေ ယွမ်သန်းချီတန်တဲ့ ရတနာကိုလိမ်သွားခဲ့သည်။
သူ အခုသေသာသေလိုက်ချင်တော့သည်။
ဒီညအိမ်ပြန်ရောက်ရင် သူ့မိန်းမကို ဘယ်လိုပြန်ပြောရမှာလဲ။
......................................
“ခွက်အကွဲတစ်လုံးကို ယွမ်းငါးသောင်း ပေးဝယ်တာလား။ နင်ဘာတွေတွေးနေတာလဲ”
Mercedes Benz ခရီးသည်ခုံ၌ထိုင်နေရင်း ရှန်းပိုင်ထျန်း ယဲ့ဖန်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။
“ဒီခွက်က သာမန်ခွက်မဟုတ်ဘူး။ ဒါက .......... ဒီခွက်ပေါ်မှာ ကြက်ဖပုံပန်းချီပါတယ်”
ယဲ့ဖန်၏မျက်နှာထက်၌ ဂုဏ်ယူနေသည့် အပြုံးတစ်ပွင့်ရှိနေသည်။
“ကျစ်၊ နင်သာ ငါ့ကို အဲ့ယွမ်ငါးသောင်းပေးရင် ဒီလိုခွက်မျိုး ကားတစ်စီးစာလောက်တောင် ဝယ်ပေးလိုက်ဦးမယ်”
ရှန်းပိုင်ထျန်း မထိန်းနိုင်ပဲ ညည်းတွားမိတော့သည်။
“ဟူး၊ ဗဟုသုတနည်းတဲ့သူတွေက အပြစ်ကင်းပါတယ်လေ”
“ဘယ်သူ့ကို ဗဟုသုတနည်းတယ်လို့ ပြောနေတာလဲ”
“မင်းကိုလေ”
“နင် ...... ငါ နင့်ကို ကိုက်သတ်ပစ်မယ်”
ရှန်းပိုင်ထျန်း ပါးစပ်ဟလျက် သူ့ကိုကိုက်ဖို့ပြင်တော့သည်။
“မရှုပ်နဲ့၊ ကားမောင်းနေတယ်”
ယဲ့ဖန် သူမအား အမြန်တားလိုက်ရသည်။
“မင်းရဲ့အဘိုးကို ဗီဒီယိုကောလ်ခေါ်ပြီး ဒီခွက်က ယွမ်ငါးသောင်းတန်မတန် ပြကြည့်လိုက်လေ”
“ငါ့အဘိုးက နင့်လိုအရူးမဟုတ်ဘူး”
ရှန်းပိုင်ထျန်း ထိုသို့ရေရွတ်လိုက်ပေမယ့် အဘိုးဖြစ်သူ ရှန်းကွမ်းလင်းကိုတော့ ဖုန်းခေါ်လိုက်သေးသည်။
ဗီဒီယိုကောလ်က အမြန်ပင်ချိတ်ဆက်သွားသည်။
ဖုန်းမျက်နှာပြင်ထက်၌ ရှန်းကွမ်းလင်း၏ပုံရိပ်မှာ တုန်နေအောင်ချစ်နေသည့်အပြုံးတစ်ပွင့်ဖြင့် ပေါ်လာသည်။
“ထျန်းထျန်း၊ ဒီနေ့အဘိုးကို ရုတ်တရက် ဘာလို့ဖုန်းခေါ်တာလဲ”
“အဘိုး၊ ယဲ့ဖန်ဘာဖြစ်နေလဲမသိပါဘူး။ ခွက်အကွဲတစ်လုံးကို ယွမ်ငါးသောင်း ပေးဝယ်လာတယ်လေ။ သူ့ကိုနည်းနည်းပါးပါးပြောလိုက်ပါဦး”
ရှန်းပိုင်ထျန်း သူ့အဘိုးကိုချက်ချင်း တိုင်တော့သည်။
“ယဲ့ဖန်နဲ့အတူရှိနေကြတာလား။ ဘယ်သွားနေကြတာလဲ။ နှစ်ယောက်သား တွဲနေကြပြီလား”
ရှန်းကွမ်းလင်း ချက်ချင်းတက်ကြွလာသည်။
“အဘိုးပြောတာလွဲနေပြီ။ အဓိကက သူယွမ်ငါးသောင်းဖြုန်းလာတယ်ဆိုတဲ့ အချက်ပဲ”
ရှန်းပိုင်ထျန်း အမြန်ကလူ၏မြှူ၏ ဟန်ဆောင်လိုက်သည်။
“အော်၊ ဘာခွက်လဲ။ အဘိုးကို ပြကြည့်ပါဦး”
ယဲ့ဖန်ဝယ်လာသည်ဆိုတာကိုကြားတော့ ရှန်းကွမ်းလင်း စိတ်ဝင်စားသွားရသည်။
ရှန်းပိုင်ထျန်းလည်း ချက်ချင်း ကင်မရာကိုလှည့်ပြလိုက်သည်။
“ဒီခွက်ပေါ့။ ဒီလိုရုပ်ဆိုးဆိုးခွက်က ဘယ်လိုလုပ်ယွမ်ငါးသောင်းတန်မှာလဲ”
ရှန်းကွမ်လင်း၏မျက်နှာထက်၌ ကြင်နာသောအပြုံးတစ်ပွင့်ရှိနေလေသည်။
သို့ပေမဲ့ ထိုခွက်ကိုမြင်ပြီးနောက် သူ့မျက်နှာ အေးခဲသွားတော့သည်။
“ဒါက .......... မဟုတ်မှလွဲလို့ ......... မဖြစ်နိုင်တာ.........”
အဘိုးဖြစ်သူမှာ သရဲမြင်လိုက်ရသလို ဖြစ်သွားတာကြောင့် ရှန်းပိုင်ထျန်း အမြန်မေးလိုက်မိသည်။
“အဘိုး၊ ဘာဖြစ်လို့လဲ”
ရှန်းကွမ်လင်း ကိုယ့်မျက်စိကို ပြန်ပွတ်လိုက်သည်။
“အဘိုးအထင်သာမမှားရင် ဒါက မင်ချန်းဟွာရဲ့ တုန်းချိုက်ကြက်ဖပုံခွက်ပဲ ဟုတ်တယ်မလား”
ရှန်းပိုင်ထျန်း ခွက်အောက်ခြေကိုကြည့်လိုက်သည်။
“မင်မင်းဆက်က ချန်းဟွာလုပ်ခဲ့တာတော့ ဟုတ်တယ်”
ရှန်းကွမ်လင်း ပင့်သက်ရှိုက်လိုက်မိသည်။
“ဒီခွက်က တကယ်အစစ်သာဆိုရင် အရမ်းဈေးကြီးမှာ”
ရှန်းပိုင်ထျန်း သူ့အားစိတ်ရှုပ်စွာကြည့်လိုက်မိသည်။
“ဘယ်လောက်တန်ဖိုးကြီးမှာမလို့လဲ။ ယွမ်ငါးသောင်းတန်လို့လား”
ရှန်းကွမ်လင်း သူမစကားကြောင့် အံ့ဩသွားရသည်။
“ငါးသောင်းလား။ ဒီခွက်ကတကယ်အစစ်သာဆိုရင် အနည်းဆုံး ယွမ်သန်းတစ်ရာတန်တယ်။ အဲ့ခွက်ကို ယွမ်သန်းနှစ်ရာ သုံးရာလောက်နဲ့ ရောင်းရင်တောင် မထူးဆန်းဘူး”
ရှန်းပိုင်ထျန်း၏လက်တွေ တုန်ယင်သွားကာ ခွက်ကို လွတ်ကျမိမလိုပင် ဖြစ်သွားရသည်။
သို့သော် သူမ၏တုံ့ပြန်မှုမှာ မြန်ဆန်သည် ဆိုရမည်။ ပြုတ်ကျခါနီးတွင် အမြန်လှမ်းဖမ်းလိုက်နိုင်သည်။
“အဘိုး၊ လာနောက်နေတာလား။ ဒီခွက်က ယွမ်သန်းချီတန်တယ်ပေါ့လေ”
“၂၀၁၄ တုန်းက ဒီခွက်နဲ့တစ်ပုံစံတည်းတူတဲ့ ကြက်ဖပုံခွက်ရှိခဲ့ဖူးတယ်။ ဈေးက မိုးလောက်မြင့်တဲ့ဈေးပဲ။ ယွမ်သန်းရှစ်ရာတဲ့၊ မင်းကို ဒီအဘိုးက နောက်နေတယ်ထင်လို့လား”
အဘိုးဖြစ်သူ၏စကားကို ကြားတော့ ရှန်းပိုင်ထျန်း ကြက်သေသေသွားရသည်။
အစတုန်းက ယဲ့ဖန် ဒီခွက်ကိုဝယ်ဖို့ ယွမ်ငါးသောင်းတောင်ဖြုန်းခဲ့သည်ဟု သူမထင်ခဲ့သည်။
သူ့အဘိုးရှင်းပြတာကို နားထောင်ပြီးတော့မှ သူမ ဘယ်လောက်တုံးအသလဲဆိုတာကို နားလည်တော့သည်။
ယွမ်သန်းသုံးရာနီးပါးတန်တဲ့ ရတနာတစ်ခုကို ယွမ်ငါးသောင်းနဲ့ရလာခဲ့တာပင်။
ဒါက တကယ့်ကိုအံ့ဖွယ်ပဲ။
ပြီးတော့ သူမက ကံကောင်းထောက်မပြီး ထိုအံ့ဖွယ်ကိစ္စ၏မျက်မြင်သက်သေ ဖြစ်နေခဲ့သည်။
ဒီခွက်ပိုင်ရှင်သာ တကယ့်ဈေးကိုသိရင် ဒေါသထွက်လွန်းလို့ သွေးအန်နေလောက်မယ်ထင်တယ်။
သူမ အလွန်ထိတ်လန့်သွားခဲ့တာကြောင့် အတော်ကြာ အသိစိတ်ပြန်မဝင်ပေ။
ထိုကြက်ဖပုံခွက်ကိုသာ စိုက်ကြည့်နေမိသည်။
ဒါကဘယ်လိုလုပ် သန်းရှစ်ရာတောင် တန်ရသလဲဆိုပြီး စဉ်းစားနေဟန်ပုံရသည်။
ယဲ့ဖန်လည်း သူမကိုမနှောင့်ယှက်တော့ပဲ ကားမောင်းတာကိုသာ အာရုံစိုက်လိုက်တော့သည်။
တစ်ချိန်ထဲမှာပဲ သူ့နားထဲ၌ စနစ်၏ အချက်ပေးသံမည်လာသည်။
[ အခွင့်အရေးလမ်းညွှန်မှုကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်၊ လက်ခံသူ။ ဆုလာဘ်အနေနဲ့ စနစ်မှ အစိမ်းရောင်ဆေးကျမ်းစာအုပ်အရည်အချင်းကို ပေးအပ်လိုက်ပါသည် ]
စနစ်၏အချက်ပေးသံကို ကြားပြီးနောက် သူမျက်မှောင်ကြုတ်လိုက်မိသည်။
တရုတ်တိုင်းရင်းဆေးလား။
အပိုင်း ( ၄၄၂ )
အရည်အချင်းဆိုတာ မွေးရာပါတာ
ဒီနှစ်အနည်းငယ်အတွင်း အင်တာနက်ပေါ်မှ လူထုအမြင်များကြောင့် ယဲ့ဖန်မှာ တရုတ်တိုင်းရင်းဆေးအား နှလုံးသားထဲမှကို မနှစ်သက်ပါချေ။
ထိုအရာက အတုအယောင်သိပ္ပံပညာဖြစ်ပြီး အသုံးမဝင်ဟု ထင်မိတာကြောင့်ဖြစ်သည်။
ထို့ကြောင့် သူ မပျော်မရွှင်ဖြစ်သွားရသည်။
ဒီတစ်ကြိမ် စနစ်ကပေးတဲ့ဆုက တကယ်မကောင်းတာပဲဟုပင် တွေးနေမိသည်ငြိမ့်
အရင်ကပေးခဲ့သည့် ဆုများနှင့်ယှဉ်လျှင် မိုးနဲ့မြေလောက်ကိုကွာခြားနေသည်။
သူ ထိုသို့ပဟေဠိဖြစ်နေစဉ်တွင် ရှန်းပိုင်ထျန်းကတော့ သူမ၏ခြေတွေလက်တွေကို နှိပ်နယ်နေလေသည်။
“ဘာဖြစ်လို့လဲ။ နေလို့မကောင်းလို့လား”
ရှန်းပိုင်ထျန်း ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီတစ်လော ဘွဲ့စာတမ်းအတွက် ပြင်ဆင်နေရတာနဲ့ နောက်ကျမှ အိပ်ဖြစ်နေတာလေ။ ဒီနေ့ ကားစီးတာလည်းကြာသွားတော့ တစ်ကိုယ်လုံးကိုက်ခဲလာလို့”
ယဲ့ဖန် ခဏလောက်စဉ်းစားလိုက်ကာ ကားကို လမ်ဘေး၌ခဏရပ်လိုက်သည်။
“ကိုယ့်ကိုမင်းခြေထောက်ပေး”
“ဟမ်”
ယဲ့ဖန်ပြောတဲ့စကားကိုကြားတော့ ရှန်းပိုင်ထျန်း ကြောင်သွားရသည်။
“ကိုယ့်ကို မင်းခြေထောက်ပေးလို့ပြောတာ။ ကိုယ်မင်းကိုနှိပ်ပေးမယ်”
သူမ တုံ့ဆိုင်းနေသည်ကိုမြင်တော့ ယဲ့ဖန် သူမကိုထပ်မံတိုက်တွန်းလိုက်သည်။
“မဟုတ်တာ၊ မလိုပါဘူး။ ငါ့ဘာသာ နည်းနည်းနှိပ်လိုက်ရင်ရပါတယ်”
သူမ အနည်းငယ်ရှက်ရွံ့နေဆဲဖြစ်သည်။
“တော်တန်တိတ်၊ အမြန်ပေး”
ယဲ့ဖန် သိပ်စိတ်မရှည်တတ်ပေ။
ရှန်းပိုင်ထျန်းမှာ ရွေးချယ်စရာမရှိတော့ပဲ ဖိနပ်ကို ဖြည်းညင်းစွာချွတ်ရင်း သူမ၏ သွယ်လျချောမွတ်သည့် ခြေထောက်တစ်စုံကို ထုတ်ပြလာသည်။
“နင်က ဘယ်လိုနှိပ်ရလဲသိလို့လား”
သူမ ယဲ့ဖန်၏အဆင့်ကိုအနည်းငယ် စိုးရိမ်နေမိသည်။ ယဲ့ဖန် ထိုသို့လုပ်ဖူးသည်ဟု သူမ အရင်က တစ်ခါမှမကြားခဲ့ဖူးပေ။
ယဲ့ဖန်ကတော့ ဘာမှထပ်မပြောလာပဲ သူမခြေထောက်ကို သူ့ပေါင်ပေါ်တင်လိုက်သည်။
ထို့နောက် သူ့လက်ချောင်းတွေကို ချိတ်ပုံသဏ္ဌာန်ကွေးကာ အစိမ်းရောင် ဆေးကျမ်းထဲမှနည်းအတိုင်း ခြေဖဝါး အောက်ဖက် ယုံချွမ်းနေရာကို ခပ်ပြင်းပြင်း ဖိနှိပ်လိုက်သည်။
“နာတယ်...... ”
ရှန်းပိုင်ထျန်း၏ သွယ်လျရှည်လျားသည့် ခြေတံမှာချက်ချင်းဆန့်သွားရကာ သူမ ခြေချောင်းတွေလည်း အနည်းငယ်ကွေးသွားရသည်။
မသိစိတ်အလျောက် သူမတစ်ချက် ရုန်းမိသွားသည်။
သို့သော် ယဲ့ဖန်က သူမ၏ခြေကျင်းဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကြောင့် သူမ မရုန်းနိုင်ခဲ့ပေ။
ယဲ့ဖန်၏ လက်ချောင်းများမှာ အလွန်သွက်လက်ကာ သူမခြေထောက်တစ်ဝိုက်တွင် လျင်မြန်စွာလှုပ်ရှားနေသည်။
အစိမ်းရောင်ဆေးကျမ်းကြောင့် လူ့ခန္ဓာကိုယ်၏ အဓိကအကြောများကို သူကောင်းကောင်းသိနေပြီးသားဖြစ်သည်။
ထို့ကြောင့် သူနှိပ်လိုက်သည့်အကြောတိုင်းက လွန်စွာတိကျနေသည်။
“အာ့… ယဲ့ဖန်…အာ့..မလုပ်..”
ရှန်းပိုင်ထျန်း တစ်ကိုယ်လုံး ထုံထိုင်းလာရကာ သူမခန္ဓာကလည်း ထိန်းမရစွာ တွန့်လိမ်လာတော့သည်။
တစ်ချိန်တည်းမှာပဲ ယဲ့ဖန်ကို သက်ညှာပေးဖို့ တောင်းဆိုနေမိသည်။
သို့သော် အစပိုင်းသက်တောင့်သက်သာ မဖြစ်မှုပြီးဆုံးသွားပြီးနောက် သိပ်မကြာခင်ပဲ သူမ သက်တောင့်သက်သာဖြစ်လာသည်။
သူမ ခြေဖဝါးမှတစ်ဆင့် အနွေးလှိုင်းလေး စီးဆင်းလာကာ သူမတစ်ကိုယ်လုံးကို အလျင်အမြန်ပင် ဝါးမျိုသွားတော့သည်။
သူမ မထိန်းနိုင်ပဲ ခပ်တိုးတိုးပင်ညည်းလိုက်မိသည်။
သို့သော် သူမသာ တကယ် ထိုကဲ့သို့အသံ ထုတ်ညည်းလိုက်မိပါက အလွန်ရှက်ဖို့ကောင်းသွားလိမ့်မည်။
ရှန်းပိုင်ထျန်း ကိုယ့်လက်ချောင်းကို ပြန်ကိုက်ကာ ဘာသံမှမထွက်မိအောင် ကြိုးစားလိုက်ရသည်။
ထိုသို့ဆိုလျှင်တောင် သူမ၏မသိစိတ်ကိုတော့ မထိန်းချုပ်နိုင်ပေ။ သူမနှာခေါင်းမှ ထူးဆန်းသည့် အသက်ရှူသံများထုတ်လွှတ်နေမိသည်။
သူမမျက်လုံးများမှာ အရည်လဲ့နေလေသည်။
ယဲ့ဖန် ထိုမြင်ကွင်းကိုမြင်တော့ သူ့နှလုံးသား တစ်ချက်ခုန်လှုပ်သွားရသည်။
ရှန်းပိုင်ထျန်းက အမြဲတမ်း အလွန်ကြည့်ကောင်းသောပုံရိပ်ရှိသည်။
ဒီနေ့ အပြင်သွားရမည်ဖြစ်တာကြောင့် အဝတ်အစားကိုလည်း သေချာရွေးချယ်ပြီး ဝတ်ဆင်ထားရာ ပိုလို့ပင် လှပနေလေသည်။
ထိုအခိုက်အတန့်တွင် သူမခြေချောင်းတွေဟာ သူ့လက်ထဲ၌ ရှိနေ၏။
သူမ၏ရှည်သွယ်သည့် ခြေထောက်နှစ်ချောင်းမှာ အလွန်ညှို့ငင်အားပြင်းနေလေသည်။
သူမ၏ သေးငယ်သည့်ခြေဖဝါးနှစ်ဖက်မှာလည်း နူးညံ့ပြီးချစ်စရာကောင်းနေရာ ထိုခြေဖဝါးလေးဟာလည်း ယခုအခိုက်အတန့်တွင် သူ့လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားခြင်းကို ခံနေရလေသည်။
ယဲ့ဖန်ကတော့ ဆေးကျမ်းထဲမှ နည်းစနစ်ကို နစ်မြုပ်နေသည်ဖြစ်ရာ ထိုဖြစ်အင်ကို သတိမမူမိပေ။
သူအတွေးထဲက နိုးထလာချိန်မှ တစ်စုံတစ်ခုကလွဲနေကြောင်း သတိထားမိတော့သည်။
သူ့စိတ်ကူးများမှာ အလွန်စုံသွားကာ ချက်ချင်းဆိုသလို သူ၏သွေးခုန်နှုန်းတွေ ဆောင့်တက်လာတော့သည်။
ထို့နောက် မသိစိတ်အလျောက် သူမ၏ ကျောက်စိမ်းကဲ့သို့ချောမွတ်နေသော ခြေဖဝါးကို ပွတ်သပ်လိုက်မိသည်။
ရှန်းပိုင်ထျန်းမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ သူမခန္ဓာကိုယ်လည်း တောင့်ခဲသွားတော့သည်။
သူမ အရင်က ထိုသို့ဖြစ်အင်မျိုး မကြုံတွေ့ခဲ့ဖူးပေ။ အချိန်ခဏလောက် ဘယ်လိုတုံ့ပြန်ရမလဲမသိ ဖြစ်သွားရသည်။
ထိုအချိန်တွင် သူတို့ဘေးမှ ကားတစ်စီး ဖြတ်မောင်းသွားသည်။ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့်လူများမှာ သူတို့အား မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်သွားကြလေသည်။
ကားကကျော်သွားပြီဖြစ်သော်လည်း လည်ပြန်ကြည့်နေကြသည်။
သူတို့နှစ်ဦး ကားထဲမှာ ညစ်ညမ်းတာတစ်ခုခု လုပ်နေသည်ဟု ထင်သွားသည်မှာ သေချာလေသည်။
သို့သော် ယခုလက်ရှိအနေအထားမှာ အထင်လွဲလျှင်လည်း လွဲချင်စရာကောင်းနေသည်။
ရှန်းပိုင်ထျန်း အမြန်သူမခြေထောက်ကို ပြန်ဆွဲယူလိုက်သည်။
ထို့နောက် သူမ၏နီရဲနေသည့်ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်ကာ အလွန်ရှက်နေမိသည်ကြောင့် သူမ တွင်းတစ်တွင်းရှာပြီးသာ ပုန်းနေလိုက်ချင်တော့သည်။
ယဲ့ဖန် ကသိကအောက်နိုင်စွာ ချောင်းဟန့်မိလိုက်သည်။
“အဲ့တာ… နေလို့ပိုကောင်းသွားပြီလား”
ရှန်းပိုင်ထျန်း ရှက်လွန်းလို့ သေသာသေလိုက်ချင်တော့သည်။
သူ့အသံကိုကြားမှ သူမ အသိပြန်ဝင်လာသည်။
ထို့နောက် သူမ ပြန်ဖြေလိုက်သည်။
“တကယ် နေလို့ပိုကောင်းသွားတယ်။ ခန္ဓာကိုယ်က ကိုက်ခဲမှုတွေအကုန် လေထဲလွင့်သွားသလိုပဲ…နင်ဘယ်လိုလုပ်လိုက်တာလဲ”
သူမ သူ့ကိုမြှောက်ပြောနေခြင်းမဟုတ်ပေ။
သူမခန္ဓာကိုယ်မှပြောင်းလဲမှုများကို သူမ ခံစားမိနေသည်။
အရင်ကထက် အများကြီးပိုလို့ သက်တောင့်သက်သာရှိသွားသည်။
လေးလံသည့်နံရံကြီး ပြိုကျသွားသကဲ့သို့ပင်ဖြစ်ကာ အလွန်နေလို့ထိုင်လို့ ကောင်းလေသည်။
ယဲ့ဖန်လည်း ထိုရလဒ်အား အလွန်စိတ်ကျေနပ်သွားရသည်။ သူဂုဏ်ယူစွာပြုံးလိုက်ကာ ပြောသည်။
“ကိုယ့်ရဲ့ကုသရေး စွမ်းရည်က ဘုရားပေးတဲ့ဆုလာဘ်လေ။ ဒါကြောင့် နောက်ဆိုကိုယ့်ကို သမားတော်ယဲ့လို့ပဲခေါ်တော့”
ရှန်းပိုင်ထျန်း သူ့အားကြောင်တောင်တောင် ကြည့်လိုက်မိသည်။
“နင်တကယ်ကြီး ဆေးပညာကိုသိတာလား။ အဲ့တာကိုငါလည်း မသိရပါလား”
ယဲ့ဖန် ဂုဏ်ယူစွာပြုံးလိုက်သည်။
“ကိုယ်ကအများကြီးသိတာပေါ့။ မင်းကို ဘယ်လိုလုပ် အကုန်လုံးလိုက်အသိပေးနေနိုင်မှာလဲ။ အရည်အချင်းဆိုတာက မွေးရာပါလေ။ သန္ဓေတည်တဲ့အချိန်ကြာလေလေ၊ ပိုပြီးသိသာလေပဲ”
သူ၏ဂုဏ်ဆာနေသည့်အပြုံးကြီးကိုမြင်တော့ ရှန်းပိုင်ထျန်း ပြန်ပြောလိုက်ချင်ပေမယ့် သူမတွင် ပြန်ချေပစရာစကားရှိမနေပေ။
သူမတကယ်ထိတ်လန့်သွားရသည်။
ဒီလူက ရတနာအိတ်ကြီးလိုပင် ဖြစ်သည်။
အဆုံးထိတူးပြီးပြီလို့ ထင်နေပေမယ့် သူက အမြဲထိတ်လန့်စရာအသစ်တွေ ထပ်ယူဆောင်လာပေးနိုင်သည်။
သူမအလွန်ထိတ်လန့်သွားတာကြောင့် အစောက ကသိကအောက်ဖြစ်နေသည့် အခြေအနေမှာ အများကြီးလျော့ကျသွားရသည်။
ထို့နောက် သူတို့နှစ်ဦးသား စကားစမြည်ပြောကာ ရယ်မောရင်း ပင်းဟိုင်မြို့သို့ ပြန်လာခဲ့ကြသည်။
ရှန်းပိုင်ထျန်းမှာ နေမည့်နေရာကို ကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
အစက ထိုနေရာမှာ အဆင့်အမြင့်ဆုံးဟိုတယ်ဖြစ်မည်ဟု ယဲ့ဖန်တွေးထားခဲ့သည်။
သို့သော် ဦးတည်ရာသို့ရောက်ချိန်၌ သူအထင်မှားသွားမှန်း သတိထားမိသွားသည်။
လွဲတာမှတော်တော့်ကိုလွဲခဲ့သည်။
ထိုနေရာဟာ ဟိုတယ်တစ်ခုမဟုတ်ပဲ ဗီလာတစ်ခုဖြစ်နေသည်။
ထိုဗီလာ၌နှစ်ထပ်ရှိပြီး ဗီလာတစ်ခုလုံးကို အဖြူရောင်ခြယ်ထားကာ အလွန်တောက်ပနေပုံပေါ်စေလေသည်။
ပိုအရေးကြီးသည့်အချက်မှာ ထိုဗီလာဟာ ပင်လယ်ဘေး၌တည်ဆောက်ထားခြင်းဖြစ်သည်။
ပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့ ပင်လယ်ကို မြင်နိုင်သည်။
“ဘယ်လိုလဲ။ စီစဉ်ထားတာကို သဘောကျရဲ့လား”
ရှန်းပိုင်ထျန်း ယဲ့ဖန်အား ချီးကျူးမှု လိုချင်သည့်မျက်နှာဖြင့် ကြည့်လာသည်။
ယဲ့ဖန် ခါးသက်သက်ပြုံးလိုက်သည်။
“ကိုယ်တို့က အနားယူဖို့ထွက်လာရုံလေးကို ဒီလောက်ကြီး ပိုက်ဆံဖြုန်းစရာလိုလို့လား”
သူ့အထင်သာမမှားရင် ဒီဗီလာရဲ့ တစ်နေ့တာ ငှါးရမ်းခက အနည်းဆုံးယွမ်ထောင်ချီကျလောက်မည်ဖြစ်သည်။
ရှန်းပိုင်ထျန်း သူမ၏ခရီးဆောင်အိတ်ကို ဘေးသို့တွန်းလိုက်ကာ ပြင်သစ်စတိုင်လ် တံခါးပေါက်ကိုဖွင့်ရန် အပြေးသွားတော့သည်။
“ကစားဖို့လာပါတယ်ဆိုမှ ပျော်ဖို့ကိုပဲ အာရုံစိုက်ရမှာပေါ့။ ဒီဗီလာက ပင်းဟိုင်မှာ ဈေးအကြီးဆုံးဗီလာပဲ။ ဝန်ဆောင်မှုလည်း အရမ်းကောင်းတယ် .......”
ထိုသို့ပြောကာ သူမ ယဲ့ဖန်ကို နားလည်ရခက်စွာကြည့်လာသည်။
“ပြီးတော့ အထူးဝန်ဆောင်မှုလည်း ရှိသေးတယ်။ ရှင်စိတ်ဝင်စားလား”
အပိုင်း ( ၄၄၃ )
မင်းကဒါဝတ်ပြီး ဝန်ထမ်းတွေကို စမ်းသပ်မလို့လား
ယဲ့ဖန် သူမစကားကိုကြားတော့ ချက်ချင်း သိလိုစိတ်ပြင်းပြစွာ မေးလိုက်မိသည်။
“ဘာအထူးဝန်ဆောင်မှုလဲ”
သူ နားမလည်ချင်ယောင်ဆောင်နေသည်ကို မြင်တော့ ရှန်းပိုင်ထျန်းမှာ သူ့ကို ဆက်ပြောပြရုံသာ တတ်နိုင်တော့သည်။
“အဲ့တာကဟိုလိုလေ..........နင်သိပါတယ်။ ဟိုလိုယောကျာ်းတွေကြိုက်တတ်တဲ့ဟာမျိုး”
ယဲ့ဖန် သူမဆီ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
“ကိုယ်တော့ နားမလည်ဘူး။ မင်းကိုယ့်ကို ရှင်းပြပေးနိုင်မလား”
ရှန်းပိုင်ထျန်း အမြန်နောက်ဆုတ်လိုက်ရသည်။
“နင်လည်းအရွယ်ရောက်နေပြီပဲကို အဲ့လိုအထူးဝန်ဆောင်မှုမျိုးကို တကယ်မသိဘူးလား”
ယဲ့ဖန် သူမအား ထောင့်နားထိရောက်သွားစေရန် တိုးသွားလိုက်သည်။
“ကိုယ်ကအဲ့လိုဝန်ဆောင်မှုမျိုးတွေကို စိတ်မဝင်စားဘူးလေ။ တကယ်လို့ မင်းက ကိုယ့်ကိုဝန်ဆောင်မှုပေးချင်တယ် ဆိုရင်တော့ လက်ခံပေးလိုက်ပါမယ်”
ရှန်းပိုင်ထျန်း ယဲ့ဖန်ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ယောကျာ်းဆန်သည့် အငွေ့အသက်ကိုခံစားမိကာ အစောက ကားထဲမှဖြစ်ရပ်ကို ပြန်သတိရသွားမိပြီး သူမ၏သေးငယ်သောမျက်နှာလေးမှာ နီရဲလာတော့သည်။
“သေလိုက်ပါလား”
ထိုသို့ပြောပြီး ယဲ့ဖန်အား တွန်းထုတ်လိုက်သည်။
ထို့နောက် သူမ၏ခရီးဆောင်အိတ်ကိုဆွဲကာ ဒုတိယထပ်သို့ အပြေးတက်သွားတော့သည်။
ယဲ့ဖန် သူမ၏ ပြာယာခတ်နေသည့် နောက်ကျောကိုကြည့်ကာ ခံစားချက်အချို့ ခံစားမိလာသည်။
အချစ်ဆိုတဲ့အရာကို သူအရသာမြည်းစမ်းမိလိုက်တာကြောင့် ဖြစ်နိုင်သည်။
ဒီတစ်လျှောက်လုံး သူအမြဲတမ်း အာရုံထွေပြားနေခဲ့တာဖြစ်သည်။
ဒီလိုဆက်ဖြစ်နေလို့မရပေ။
သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တဲ့ အချိန်ခဏလေးမှာ သူ ရှန်းပိုင်ထျန်းကို ထိခိုက်အောင် လုပ်မိသွားနိုင်သည်…
သူအဲ့လိုလုပ်မိသွားရင် ရှန်းကွမ်းလင်းက ကမ္ဘာအဆုံးထိ သူ့ကိုဓားတစ်ချောင်းနှင့် လိုက်ခုတ်နေလိမ့်မည်။
ထိုသို့တွေးမိပြီးနောက် အမြန်ဖုန်းထုတ်ကာ ချန်းရွှမ်ကိုခေါ်လိုက်သည်။
“အစ်မရွှမ်၊ အစ်မဘက်မှာ ပြင်ဆင်နေတာ အခြေအနေဘယ်လိုရှိလဲ”
“အကုန်ပြင်ပြီးပြီ။ ဆွေးနွေးတာစဖို့ပဲ ကျန်တော့တယ်။ ဘာလို့ဖုန်းဆက်တာလဲ”
“ကျ… ကျွန်တော် အစ်မကို သတိရလို့”
“ငါတို့ခွဲနေတာ တစ်ရက်တောင် မပြည့်သေးဘူးလေ။ ကလေးလေးလို လုပ်မနေပါနဲ့လား”
“ဒါပေမယ့် ကျွန်တော် အစ်မကို တကယ်သတိရနေတာ။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ”
“အစ်မကိုပြောဖို့မေ့သွားတာ။ ကျွန်တော်လည်း အခုပင်းဟိုင်မြို့မှာပဲ”
“ပင်းဟိုင်ကိုရောက်နေတာလား။ ဘာလို့ဒီကိုရောက်နေတာလဲ”
“အပန်းလာဖြေတာလေ”
“အာ၊ ကောင်းသားပဲ။ အဲ့တာဆို ရှောင်ဖန်နားတော့လေ”
“အစ်မ…ဒီညကျွန်တော့်ကို အဖော်လာပြုပေးမလား”
“မရဘူး။ ငါဇာတ်ညွှန်းပြန်ဖတ်ပြီး PowerPoint လည်းပြင်ရဦးမယ်။ လာလို့မရဘူး...... ”
“အာ၊ ကျွန်တော်ပြောဖို့မေ့နေတာ။ ကျွန်တော် ဒီကို ရှန်းပိုင်ထျန်းနဲ့အတူလာတာ။ အဲ့တာ ကျွန်တော်တို့အတူနေကြမှာ”
“ဘာ၊ ဒါဆိုငါ့ကိုဘယ်နေရာလဲပြော။ အလုပ်ပြီးသွားရင် အစ်မ မင်းဆီလာခဲ့မယ်”
“ဒီလိုမှပေါ့”
ယဲ့ဖန် ကျေနပ်စွာဖုန်းချလိုက်သည်။
ဒီည မိန်းမလှလေးနဲ့ နှစ်ယောက်တည်း ဆုံရတော့မှာကိုတွေးပြီး ယဲ့ဖန် စိတ်လှုပ်ရှားနေမိသည်။
ထိုအချိန်တွင် သူ့နောက်မှ ရှန်းပိုင်ထျန်း ချောင်းဟန့်လိုက်သံကိုကြားလိုက်ရသည်။
ယဲ့ဖန် သာမန်ကာလျှံကာ ခေါင်းလှည့် ကြည့်လိုက်သည်။
ခလွမ်းငြိမ့်
ကြမ်းပြင်ထက်သို့ ဖုန်းပြုတ်ကျသွားသည်။
သူ့မျက်လုံးတွေဟာ ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း တလက်လက် တောက်ပနေသည်။
ရှန်းပိုင်ထျန်းဟာ အဖြူရောင် ကမ်းခြေဝတ်စုံကို လဲဝတ်လာတာဖြစ်သည်။
စကပ်တိုတိုအောက်ရှိ သူမ၏သွယ်လျသည့်ခါးနှင့် ရှည်လျားသည့် ခြေတံဟာ အလွန်မျက်စိဖမ်းစားစဖွယ် ဖြစ်နေသည်။
ထို့ပြင် အဖြူရောင်ဖိနပ်ပါးတစ်ရံကို ဝတ်ဆင်ထားသေးသည်။
သူမခြေချောင်းလေးတွေဟာ အစိမ်းရောင်ကြက်သွန်ဥလေးတွေနှင့် တူနေပြီး ခြေသည်းလေးတွေဟာ ပန်းရောင်သမ်းနေသည်။
အဲ့ပုံစံက တစ်ဖက်လူ၏နှလုံးသားကို ယားယံလာစေသည်။
“ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား။ ငါ ဒီတိုင်းတွေ့ရာဝယ်လာတာ”
ရှန်းပိုင်ထျန်း တစ်ပတ်လှည့်ပြရင်း မေးလာသည်။
ယဲ့ဖန်၏ မျက်နှာအမူအရာမှာ မဲမှောင်သွားရသည်။
“ဘာတွေဝတ်ထားတာလဲ။ မင်းက ဒါဝတ်ပြီး ဝန်ထမ်းတွေကို စမ်းသပ်မလို့လား။ ဒီလို စမ်းသပ်ချက်မျိုးကို ဘယ်သူက တောင့်ခံနိုင်မှာလဲ။ အမြန်သွားလဲလိုက်”
ရှန်းပိုင်ထျန်း အနည်းငယ် မပျော်မရွှင် ဖြစ်သွားရသည်။
“ဘာလို့လဲ။ မနက်ဖြန်ကျမှ ဝတ်မလို့လုပ်ထားတဲ့ ဘီကနီတောင် ရှိသေးတယ်”
သူမပြောစကားကိုကြားတော့ ယဲ့ဖန် ပိုလို့ပင် ဒေါသထွက်လာရသည်။
“အဲ့လိုဟာမျိုးတွေကို မင်းကဝတ်နိုင်သေးတယ်ပေါ့။ မင်း… အသားတွေမဲကုန်မှာ မကြောက်ဘူးလား။ အမြန်အင်္ကျီလက်ရှည်သွားလဲလိုက်...... ”
ရှန်းပိုင်ထျန်းလည်း ဒေါသထွက်လာရသည်။
“ဘာလို့လဲရမှာလဲ။ ဒီစကပ်က ဘာဖြစ်နေလို့လဲ။ နင်က တကယ်အဘိုးကြီးပဲ”
ထိုသို့ပြောကာ သူမ လှည့်ထွက်လာလိုက်သည်။
ယဲ့ဖန် သူမကို တားလိုက်ပြန်သည်။
“မင်းမလဲဘူးလား။ မင်းမလဲဘူးဆိုရင် ကိုယ်မင်းကို လဲပေးမယ်”
ထို့နောက် သူမအဝတ်တွေကို ချွတ်ချင်ဟန်ဆောင်လိုက်သည်။
“အား”
ရှန်းပိုင်ထျန်းအော်ဟစ်ကာ ဒုတိယထပ်သို့ပြေးတက်သွားတော့သည်။
အိပ်ခန်းထဲမဝင်ခင် သူ့ကို ရန်စသွားရန်လည်း မမေ့ပေ။
“အဘိုးကြီး”
တစ်အောင့်ကြာပြီးနောက် အဖြူရောင် ဂါဝန်တစ်စုံလဲကာ ထွက်လာလေသည်။
ဒီတစ်ကြိမ်တွင်တော့ ဂါဝန်အရှည်ဟာ သူမခြေကျင်းဝတ်အထိ ရောက်လေသည်။
ထိုအခါမှသာ ယဲ့ဖန်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
“ဒါကိုမှ အဝတ်လို့ခေါ်တာ”
ရှန်းပိုင်ထျန်း မျက်လုံးလှိမ့်လိုက်မိသည်။
“အမြင်မရှိလိုက်ပုံများ”
ထိုသို့ပြောကာ အပြင်ထွက်လာလိုက်သည်။
သို့သော် သူမတစ်ဖက်လှည့်လိုက်ချိန်၌ ပြုံးမိသွားသည်။
သူစိမ်းတွေကတော့ မင်းကို အဝတ်ပေါ်တာတွေ ဝတ်စေလိမ့်မယ်။ မင်းကို ချစ်တဲ့သူတွေကသာ မင်းကို အဝတ်ထူထူထဲထဲဝတ်စေချင်လိမ့်မယ်ဟု ပြောကြတာကို သူမ ကြားဖူးသည်။
အဲ့တာက ပိုင်ဆိုင်ကြောင်းပြသမှုတစ်မျိုးဖြစ်သည်။
သူ… အခု သူမကို သဝန်တိုနေတာမလား။
ဟီးဟီးဟီး ..........
ယဲ့ဖန်လည်း ထွက်လာလိုက်သည်။
အမှန်မှာ သူ့အတွေးဟာတော့ ထိုမျှလောက် မရှုပ်ထွေးပေ။
သူခံစားမိသည်မှာ သူမ ထိုသို့ဝတ်ပြီး အပြင်ထွက်သွားရင် ယောကျာ်းအများစု၏ အာရုံကို ဖမ်းစားမိသွားလိမ့်မည်။
ထိုအခါ မလိုလားအပ်သည့်ပြဿနာတွေ ဖြစ်လာနိုင်သည်။
ဒီတစ်ကြိမ် သူအပန်းဖြေဖို့ထွက်လာတာ ဖြစ်တာကြောင့် အေးဆေးသာ အနားယူချင်သည်။
တခြားသူတွေနှင့် အငြင်းမပွားလိုပေ။
သို့သော် ရှန်းပိုင်ထျန်း၏လှပမှုကို ယဲ့ဖန် လျှော့တွက်ခဲ့မိတာဖြစ်သည်။
သူမတစ်ကိုယ်လုံးကို လုံခြုံစွာဝတ်ဆင်ထားပါသော်လည်း သူမကို လည်ပြန်လှည့်ကြည့်သည့် ခေါင်းအရေအတွက်မှာ များပြားနေဆဲဖြစ်သည်။
နဂိုက ကမ်းခြေ၌ကစားနေကြသည့် လူတွေတောင် ကစားနေသည်ကိုရပ်ပြီး သူမကို ကြည့်နေကြသည်။
ယဲ့ဖန် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
“မင်းမျက်နှာကိုလည်း အုပ်ထားသင့်တယ်လို့ ထင်တယ်။ ဒါဆို မင်းကိုကြည့်နေတဲ့လူ ရှိမှာမဟုတ်တော့ဘူး”
ရှန်းပိုင်ထျန်း ယဲ့ဖန်ကို ကြည့်လိုက်မိသည်။
“နင်က ငါလှတာကို အပြစ်တင်နေတာလား။ ငါက အိမ်ထဲမှာပဲနေပြီး အပြင်မထွက်ရတော့ဘူးလား”
ယဲ့ဖန် ချက်ချင်း သဘောတူဟန် ခေါင်းငြိမ့်ပြလိုက်သည်။
“ကိုယ်လည်းအဲ့လိုထင်တယ်”
ရှန်းပိုင်ထျန်း နောက်တစ်ကြိမ် မျက်လုံးလှိမ့်လိုက်မိပြန်သည်။
“ဘယ်လိုတောင် ရှေးရိုးစွဲလိုက်တဲ့လူလဲ”
ထိုသို့ပြောပြီးနောက် သူမ မျက်လုံးတွေ ရုတ်တရက် ပြန်လှည့်သွားသည်။
ထို့နောက် တမင်သက်သက်အရှိန်ကို နှေးလိုက်ကာ ဆွယ်တာအင်္ကျီကိုမတင်လျက် ယဲ့ဖန်ကိုရေဖြင့်လှမ်းပက်လိုက်သည်။
ယဲ့ဖန်မှာ ချုံခိုအတိုက်ခံလိုက်ရတာကြောင့် ချက်ချင်းတန်ပြန်တိုက်ခိုက်တော့သည်။
သူ၏လက်နှစ်ဖက်၌ မော်တာတပ်ထားသကဲ့သို့ သူမအား ဆက်တိုက်ရေဖြင့်ပက်တော့သည်။
“အား..... ”
ရှန်းပိုင်ထျန်းအော်ဟစ်ကာ ချက်ချင်း ပတ်ပြေးရတော့သည်။
သူတို့နှစ်ဦးသားမှာ အထိန်းအကွပ်မဲ့စွာ ဆက်လက်တိုက်ခိုက်နေခဲ့ကြသည်။
ကမ်းခြေရှိ ယောကျာ်းသားအများစုမှာ သူတို့သွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရသည်။
လူအများစုမှာ ယဲ့ဖန်အား ‘မယားခိုးသူ’ ကဲ့သို့ ကြည့်နေကြသည်။
သူတို့မှာ ယဲ့ဖန်အထံအပြေးသွားကာ တိုက်ခိုက်ပစ်ချင်လာရသည်။
အပိုင်း ( ၄၄၄ )
မင်းရဲ့ခွေးမျက်လုံးကို ဖွင့်ပြီး သေချာကြည့်
သူတို့နှစ်ဦးရေကစားနေစဉ်တွင် ရုတ်တရက် ယောကျာ်းနှစ်ယောက်က သူမတို့ထံသို့ လျှောက်လာသည်။
“ဟယ်လို၊အလှလေး။ အစ်ကိုမင်းနဲ့ ဓာတ်ပုံရိုက်လို့ရမလား”
ထိုနှစ်ဦးထဲမှတစ်ဦးက ရှန်းပိုင်ထျန်းဆီသို့ လျှောက်သွားပြီး အားတင်းကာမေးလိုက်သည်။
ရှန်းပိုင်ထျန်းလည်း ကစားနေသည်ကို ရပ်လိုက်ကာ အပြုံးတစ်ပွင့်နှင့် ခေါင်းယမ်းပြလိုက်သည်။
“တောင်းပန်ပါတယ်ရှင့်၊ အဆင်မပြေလို့ပါ”
ထိုလူကတော့ လက်မလျှော့ချင်သေးဟန်ရှိသည်။
“ကျွန်တော့်တို့မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူးဗျာ။ စိတ်မပူပါနဲ့။ အမှန်တိုင်းပြောရရင်… ကျွန်တော်တို့က ဂေးတွေပါ၊ မိန်းမတွေကိုမကြိုက်ဘူး။ မင်းကအရမ်းလှတယ်လို့ထင်မိလို့ အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ထားချင်လို့ပါ”
သူရှင်းပြတာကိုနားထောင်ပြီးနောက် ရှန်းပိုင်ထျန်း စိတ်သက်သာရာရသွားသည်။
တစ်ဖက်လူကဂေးဆိုမှတော့ ဓာတ်ပုံမရိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
တကယ်ဆို ဒါကသူမရဲ့အလှကို နှစ်သက်ပေးခြင်းပင် မဟုတ်ပါလား။
“ဒါဆိုလည်း… ကောင်းပါပြီ”
သူမက လက်ခံလိုက်သည်ကိုကြားတော့ တစ်ဖက်လူမှာအလွန်ပျော်သွားသည်။
ချက်ချင်းပင် သူ့အဖော်ကိုဖုန်းကမ်းပေးကာ ရှန်းပိုင်ထျန်း၏ဘေးသို့ လျှောက်လာလေသည်။
ယဲ့ဖန်ကတော့ သူတို့နှစ်ဦးကို အေးစက်စွာ စိုက်ကြည့်နေသည်။
ထိုအခိုက်အတန့်တွင် ရှန်းပိုင်ထျန်းဘေး၌ ရပ်နေသည့်လူ၏လက်မှာ သူမ၏ပုခုံးထက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်ကို မြင်လိုက်ရသည်။
ဓာတ်ပုံရိုက်ပေးနေသည့်လူမှာ ကင်မရာရှုထောင့်ချိန်၍ ဓာတ်ပုံရိုက်ပေးရန် ပြင်နေလေသည်။
ယဲ့ဖန်က ချက်ချင်းဆိုသလို တစ်ဖက်လူ၏ ညစ်ညမ်းသောအတွေးတွေကို ရိပ်မိသွားသည်။
သူတို့က ရှန်းပိုင်ထျန်း၏ အဝတ်မပါသည့် ခန္ဓာကိုယ်ပုံပေါ်အောင် ရိုက်ချင်နေကြတာ ဖြစ်သည်။
ထိုသို့တွေးမိကာ အမြန်အပြေးသွားလိုက်ပြီး ထိုလူ၏လက်ကိုဆုပ်ကိုင်ကာ ခပ်ပြင်းပြင်း ညှစ်လိုက်သည်။
“အာ့၊ နာတယ် ....... ”
တစ်ဖက်လူမှာ ချက်ချင်း အော်လာသည်။
ဓာတ်ပုံရိုက်နေသည့်လူဟာလည်း အမြန်ရှေ့တက်လာကာ ယဲ့ဖန်ကို လက်ညှိုးထိုးရင်း ပြောသည်။
“မင်းဘာလုပ်တာလဲ။ အမြန်လွှတ်လိုက်စမ်း....... ”
သူ့စကားမဆုံးခင်မှာပဲ ယဲ့ဖန်၏ နောက်လက်တစ်ဖက်မှာ လျှပ်စီးလိုအလျင်နှင့်ဆန့်ထွက်လာကာ သူ့လက်ညှိုးကို လှမ်းဆွဲလိုက်သည်။
“အား..... ”
ထိုလူလည်း ချက်ချင်းအော်ဟစ်ကာ ဒူးထောက်ကျသွားတော့သည်။
ထိုမြင်ကွင်းမှာ ရုတ်တရက်ဆန်လွန်းတာကြောင့် ရှန်းပိုင်ထျန်းမှာ နေရာမှာတင် ကြောင်နေမိပြီး ဘာဖြစ်လို့ဖြစ်နေမှန်းပင် မသိလိုက်ချေ။
“ယဲ့ဖန်၊ နင်ဘာလုပ်နေတာလဲ။ လွှတ်ပေးလိုက်လေ”
ရှန်းပိုင်ထျန်း သူ့အား အမြန်ဖြောင်းဖျလိုက်ရသည်။
ထိုအခါမှသာ ယဲ့ဖန် သူတို့နှစ်ဦးကို လွှတ်ပေးလိုက်သည်။
သူတို့နှစ်ဦးသား ပြန်လည်လွတ်လပ်သွားကာ နာကျင်နေသော လက်ချောင်းနှင့် လက်ကောက်ဝတ်ကိုပွတ်သပ်ရင်း ယဲ့ဖန်အား မကျေမနပ်စိုက်ကြည့်နေကြသည်။
“ဘာလို့ အကြောင်းပြချက်မရှိ လူရိုက်ရတာလဲ”
“ဟုတ်တယ်၊ ငါတို့ကဓာတ်ပုံရိုက်ရုံလေးကို အဲ့လိုလုပ်ဖို့လိုလို့လား”
ဘေး၌ရပ်နေသည့် ရှန်းပိုင်ထျန်းလည်း ယဲ့ဖန်အားကြည့်လျက် မေးသည်။
“ယဲ့ဖန်၊ ဘာဖြစ်တာလဲ”
ယဲ့ဖန် သူတို့နှစ်ဦးအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက် ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ။ ဘာလို့ အမှန်အတိုင်းမပြောရဲတာလဲ”
ထိုနှစ်ဦးက ချက်ချင်း စိတ်ရှုပ်ထွေးသွားဟန် ဟန်ဆောင်နေကြသည်။
“ငါတို့က ဘာလုပ်ဖို့ကြံနေလို့လဲ။ ငါတော့နားမလည်ဘူး”
“ဟုတ်တယ်၊ ငါတို့က မင်းကောင်မလေးနဲ့ ဓာတ်ပုံလေးရိုက်ရုံကို ဒီလောက်ကြီးထိလုပ်ဖို့ လိုလို့လား”
ပွဲကြည့်ပရိသတ်များမှာ သူတို့ရှင်းပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖန်ကို အပြစ်တင် ဝေဖန်ကြတော့သည်။
“ဒီလူက တကယ်တစ်ခုခုပဲ။ သူ့ကောင်မလေးနဲ့ ဓာတ်ပုံလေးရိုက်ရုံကို ဘာလို့ ဒီလောက်သဝန်တိုနေရတာလဲ”
“ဟုတ်ပ၊ သူတို့နှစ်ယောက်ဓာတ်ပုံအတူရိုက်တော့ ဘာဖြစ်လို့လဲ။ ပြီးတော့လည်း မင်းဘာသာမင်း သဝန်တိုတာကတိုတာပဲလေ။ သဝန်တိုတယ်ဆိုတိုင်း လူရိုက်လို့ရကြေးလား”
“ဒီလိုလူမျိုးက တကယ်အန္တရာယ်များတယ်။ ကိုယ့်ကောင်မလေးကို ကိုယ်ပိုင်တဲ့ပစ္စည်းလို့ ထင်နေတာလား”
“သူ့ကိုကြည့်လိုက်ဦး၊ ဒေါသကြီးတတ်တဲ့ပုံပဲ။ မိန်းမလှလေး မင်းသူနဲ့ဝေးဝေးနေဖို့ အကြံပေးချင်တယ်”
“နှစ်ယောက်တွဲဓာတ်ပုံရိုက်တာကြောင့် မဖြစ်နိုင်ဘူး။ တခြားအကြောင်းအရင်းတစ်ခုခု ရှိမှာသေချာတယ်”
“ဘာပဲဖြစ်ဖြစ်လေ။ လူရိုက်တာကတော့ မှန်မနေဘူး”
“အကြမ်းဖက်တတ်တဲ့လူပဲ။ ရွံဖို့ကောင်းလိုက်တာ ....... ”
လူတိုင်းမှာ စကားတစ်စွန်းတစ်စသာ ကြားလိုက်ရသော်လည်း ယဲ့ဖန်အပြစ်ဟုသာ နိဂုံးချုပ်လိုက်ကြပြီး သူ့အား စတင်ဝေဖန်ကြတော့သည်။
ရှန်းပိုင်ထျန်းပင်လျှင် ယဲ့ဖန်လွန်သည်ဟု ခံစားမိလိုက်သည်။
သူ သူမကိုသဝန်တိုတာကြောင့် သူမ အလွန်ပျော်မိသော်လည်း သဝန်တိုတာမှာလည်း အတိုင်းအတာရှိသည်။
အစောတုန်းက သူ သူမကို အလွန်လှစ်ဟ ပြထားသည့်အဝတ်အစားမျိုး မဝတ်စေလိုတာကြောင့် သူမ ချက်ချင်း ပြန်လဲပေးခဲ့သည်။
သို့သော် ဒီကိစ္စမှာတော့ သူသိပ်လွန်သွားပြီဖြစ်သည်။
ဒါက ဓာတ်ပုံလေးတစ်ပုံပဲ မဟုတ်ဘူးလား။ ဒီလောက်ကြီး တုံ့ပြန်စရာလိုလို့လား။
သူမနှလုံးသားထဲရှိ မပျော်ရွှင်မှုကို ချုပ်တည်းကာ ယဲ့ဖန်ကို ပုတ်လိုက်ရင်း ပြောလိုက်သည်။
“ယဲ့ဖန်၊ ဒီကိစ္စမှာတော့ နင်လွန်သွားတယ်။ သူ့ကို အမြန်ပြန်တောင်းပန်လိုက်”
သူမစကားကိုကြားတော့ ယဲ့ဖန် လှောင်ရယ်လိုက်သည်.
“မင်းက ငါ့ကို သူတို့ကို ပြန်တောင်းပန်စေချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်လေ”
ရှန်းပိုင်ထျန်းလည်း ပိုစိတ်တိုလာရသည်။
“ဘာလို့ဒီလိုလုပ်နေရတာလဲ။ လူရိုက်တုန်းက ရိုက်ပြီး အကြောင်းပြချင်သေးတယ်ပေါ့။ နင့်ကို စိတ်ပျက်သွားပြီ”
ယဲ့ဖန် အေးစက်စွာနှာမှုတ်လိုက်သည်။
“သူတို့က အရိုက်ခံသင့်လို့လေ”
ရှန်းပိုင်ထျန်းမှာ ဒေါသထွက်လွန်းတာကြောင့် ငိုမိတော့မလိုပင်ဖြစ်လာရသည်။
သူမ တစ်ဖက်သို့လှည့်ကာ ထိုလူနှစ်ဦးအား ကြည့်ရင်း ပြောလိုက်သည်။
“သူမှားသွားတာပါ။ ကျွန်မကပဲ သူ့အစားတောင်းပန်ပါတယ်”
ထိုလူနှစ်ဦးကတော့ သူမ တောင်းပန်တာကို ကျေနပ်ဟန်မရပေ။
“မင်းကဘာလို့တောင်းပန်နေတာလဲ။ အစ်ကိုတို့ကိုရိုက်တဲ့လူက မင်းမှမဟုတ်တာ”
“ဟုတ်တယ်၊ သူက အ နေလို့လား။ သူ့ကို ကိုယ်တိုင်တောင်းပန်ခိုင်းလိုက်”
ရှန်းပိုင်ထျန်းမှာ စုပ်လဲစူးစားလည်းရူး ဖြစ်နေရသည်။
ယခု ယဲ့ဖန်နှင့်အတူ အပန်းဖြေခရီးထွက်လာမိတာကိုပင် နောင်တရနေမိသည်။
ဒီလူကတကယ် ဒေါသကြီးတာပဲ။
ယဲ့ဖန်၏နှုတ်ခမ်းတွေ တွန့်ကွေးသွားကာ အေးစက်စက်အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
သူ ထိုကလူနှစ်ဦးထံလျှောက်သွားလိုက်ကာ ပြောလိုက်သည်။
“တောင်းပန်ရမှာလား။ အဲ့တာကကိစ္စမရှိပါဘူး။ ဒါပေမယ့် ငါ မင်းတို့ရဲ့ဖုန်းကို အရင်ကြည့်ချင်တယ်”
ထိုသို့ပြောပြီးသည်နှင့် ညာဘက်လက်ကို ဆန့်ထုတ်လိုက်ကာ တစ်ဖက်လူ၏ဖုန်းကို လှမ်းဆွဲလိုက်သည်။
ထိုလူလည်း ချက်ချင်းထိတ်လန့်သွားသည်။
“ငါ့ဖုန်းပြန်ပေးစမ်း။ မင်း အဲ့လိုလာမလုနဲ့လေ”
ထိုသို့အော်ဟစ်ရင်း ယဲ့ဖန်ထံမှ ဖုန်းပြန်လုလေသည်။
ယဲ့ဖန်က အချိန်ဖြုန်းမနေပဲ သူ့ရင်ဘတ်ကိုသာပိတ်ကန်လိုက်သည်။
ထိုလူ အနောက်သို့လွင့်သွားကာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကျန်တစ်ဦးကလည်း ရှေ့မတက်ရဲတော့ပဲ ဘေးလူများကိုသာ အကူအညီတောင်းလေတော့သည်။
“အားလုံးပဲ၊ ကူညီကြပါဦးဗျာငြိမ့် သူကျွန်တော်တို့ဖုန်းတွေကို လုသွားတယ်.....”
ထိုမြင်ကွင်းကိုမြင်တော့ ပတ်ဝန်းကျင်ရှိလူတိုင်း ပိုလို့ပင် ဒေါသထွက်လာရသည်။
“လူတစ်ယောက်ဖြစ်ပြီး ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ လူကိုရိုက်သေးတဲ့အပြင် ဖုန်းကိုတောင် လုလိုက်သေးတယ်”
“ဒါကြီးကတော့ အရမ်းများသွားပြီ။ ငါတို့ ဒီနေ့သူ့ကို အလွတ်ပေးလိုက်လို့မဖြစ်ဘူး။ သူလိုလူက အပြစ်ပေးခံရသင့်တယ်”
“အားလုံးပဲ၊ သူ့ကိုဖမ်းပြီး ရဲစခန်းကို ပို့ကြရအောင်”
“ဟုတ်တယ်၊ ငါတို့သူ့ကို ဒီတိုင်းလွှတ်မပေးလိုက်နိုင်ဘူး”
ထိုသို့ပြောကာ ယဲ့ဖန်ကိုဖမ်းရန် ချီတက်လာကြတော့သည်။
ယဲ့ဖန် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရင်း တစ်ချိန်ထဲမှာပဲ တစ်ဖက်လူ၏ဖုန်းထဲမှ ဓာတ်ပုံအယ်လ်ဘမ်ထဲကို ဝင်ကြည့်လိုက်သည်။
ထိုအခါ မိန်းကလေးတွေ၏ စကပ်အောက်မှ ရိုက်ထားသောပုံတွေ အမြောက်အများ ပေါ်ထွက်လာသည်။
ယဲ့ဖန် လူအုပ်ကြီးထံသို့ ဖုန်းကိုလှည့်ပြလိုက်သည်။
“သူတို့ဖုန်းထဲမှာ ဘာပုံတွေရှိနေလဲဆိုတာ မင်းတို့ရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်”
စိတ်လှုပ်ရှားနေသော လူအုပ်ကြီးမှာ သူတို့ဖုန်းထဲရှိ ညစ်ညမ်းဓာတ်ပုံများကို မြင်ပြီးနောက် မယုံနိုင်စွာ ကြောင်အသွားရသည်။
လူမှားပြီကူညီမိတာလား