အပိုင်း ၄၄၅-၄၄၈
Vol. 23 Ch. 445-448
အပိုင်း ( ၄၄၅ )
လူငယ်လေး၊ မင်းရဲ့ဒီအကျင့်ကြောင့် ဒုက္ခရောက်လိမ့်မယ်။
ရှန်းပိုင်ထျန်းလည်း အနည်းငယ်ရှုပ်ထွေးသွားရသည်။
အခုလေးတင် သူမ ယဲ့ဖန်ကို ဘာကြောင့် အကြောင်းမရှိပဲ လူရိုက်ရသလဲဆိုပြီး အပြစ်တင်နေမိသည်။
သို့သော် ဖုန်းထဲမှ ဓာတ်ပုံတွေကို မြင်ပြီးနောက် သူမ နားလည်သွားသည်။
ထို့အပြင် ပုံအတော်များများမှာ တစ်ဖက်မိန်းကလေး၏ စကပ်ကို မ ပြီး ရိုက်ထားကြတဲ့ပုံတွေဖြစ်သည်။
ဓာတ်ပုံထဲရှိ မိန်းကလေးတွေ၏ ကြောက်လန့်ရှက်ရွံ့နေသော အကြည့်တွေကိုမြင်ပြီး သူမ ချက်ချင်းထိတ်လန့်လာရသည်။
ယဲ့ဖန်သာ သူတို့ကို အချိန်မီမတားလိုက်နိုင်ရင် သူမလည်း ထိုမိန်းကလေးတွေလိုဖြစ်သွားမည်။
သို့သော် အစောက သူမ ယဲ့ဖန်ကို အပြစ်တင်ခဲ့မိသည်…
ထိုအကြောင်းတွေးမိတော့ သူမယဲ့ဖန်အား ရှက်ရွံ့စွာကြည့်လိုက်ရင်း ပြောသည်။
“ယဲ့ဖန်၊ ကျွန်မတောင်းပန်ပါတယ်…”
ပွဲကြည့်ပရိသတ်အုပ်ကြီးမှာ လှည့်စားခံလိုက်ရတာကြောင့် ပိုလို့ဒေါသထွက်လာရသည်။
သူတို့ကတော့ ထိုနှစ်ဦးရဲ့ တရားမျှတမှုအတွက် တိုက်ခိုက်ပေးခဲ့ပေမယ့် ထိုလူတွေက တိရစ္ဆာန်ထက်တောင် ဆိုးတဲ့ကောင်တွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
“ဘယ်လိုတောင်လူမဆန်တဲ့ကောင်တွေလဲ။ ဒီလိုစက်ဆုပ်စရာကိစ္စမျိုးကို သူတို့မို့လို့ လုပ်ရဲတယ်”
“ငါတို့ မင်းတို့နှစ်ကောင်ဆီကနေ လှည့်စားခံရတော့မလို့။ မင်းတို့ကို လူလို့တောင် ခေါ်ထိုက်သေးရဲ့လား”
“အားလုံးပဲ၊ သူတို့နှစ်ကောင်ကို ဖမ်းပြီး ရဲလက်အပ်ကြရအောင်”
“ဟုတ်တယ်၊ အဲ့နှစ်ကောင်ကို မလွတ်စေနဲ့။ အားလုံးအတူတူတိုက်ကြစို့”
လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေကာ ထိုလူနှစ်ထံ တစ်ဟုန်ထိုး ချီတက်သွားတော့သည်။
ထိုအချိန်တွင် အနောက်မှကျယ်လောင်သော အော်သံတစ်ခုထွက်ပေါ်လာသည်။
“မင်းတို့အကုန်သေချင်နေကြတာလား”
လူတိုင်းရပ်တန့်သွားကာ ပြန်လှည့်ကြည့်လိုက်တော့ အင်္ကျီချွတ်နှင့် အမျိုးသားအချို့ ဒေါသတကြီးလျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူတို့၏ခန္ဓာကိုယ်ထက်၌ တက်တူးတစ်ချို့ရှိနေပြီး လူကောင်းဖြစ်ဟန် မပေါ်ချေ။
ဓာတ်ပုံခိုးရိုက်သည့်လူနှစ်ဦးမှာတော့ ကယ်တင်ရှင်ကိုတွေ့လိုက်ရသည့်အလား လူအုပ်ကြီးကိုတွန်းထုတ်လျက် ထိုသူတို့အား ကြိုဆိုလိုက်သည်။
“အစ်ကိုပျောင်း၊ အစ်ကိုအချိန်ကိုက် ရောက်လာတာပဲ။ အစ်ကိုသာနည်းနည်း နောက်ကျသွားရင် ကျွန်တော်တို့နှစ်ကောင် သူတို့ဆီက အရေခွံခွာခံနေရလောက်ပြီ”
ထိုအစ်ကိုပျောင်းဆိုသည့်လူမှာ ၆ပေလောက်အရပ်ရှည်ပြီး ခန္ဓာကိုယ်၌အမာရွတ်များနှင့် ပြည့်နေကာ ထိတ်လန့်စရာကောင်းသည့် အရှိန်အဝါတစ်ခုထုတ်လွှတ်နေသည်။
အစ်ကိုပျောင်း လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ဘယ်သူက ငါ့ညီကိုတွေကို ရဲလက်အပ်မယ်ပြောလိုက်တာလဲ”
ပွဲကြည့်ပရိသတ်များမှာ သူ၏ ထက်ရှသောအကြည့်နှင့် မျက်လုံးချင်ဆုံသွားကြပြီး ခေါင်းငုံ့သွားကြရသည်။
သူတို့က ထိုနှစ်ကောင်ကို လူရမ်းကားဟုထင်ပြီး ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကိုကယ်တင်ဖို့ ရှေ့တက်ခဲ့ကြသည်။
တစ်ဖက်လူ၏နောက်ခံက မသေးတာကိုမြင်တော့ သူတို့ကိုယ်သူတို့ ပြဿနာမဖြစ်စေချင်တာကြောင့် အလိုလို နောက်ဆုတ်လိုက်ကြသည်။
ထိုအစ်ကိုပျောင်းဆိုသူမှာ သူအော်လိုက်တာကြောင့် လူတွေနောက်ဆုတ်ကုန်တာကိုမြင်တော့ ပိုလို့ပင် ထောင်လွှားလာသည်။
သူက ယဲ့ဖန်နှင့် အခြားသူနှစ်ဦးထံ လျှောက်လာလိုက်သည်။
“ကလေး၊ မင်းကပြဿနာစရှာလိုက်တာမလား”
အစ်ကိုပျောင်းနှင့်ရင်ဆိုင်နေရသော်လည်း ယဲ့ဖန်ကတော့ ပုံမှန်အတိုင်းပင်ဖြစ်သည်။
“ခင်ဗျားပြောတာ မှားနေပြီမထင်ဘူးလား။ အရင်ပြဿနာစရှာတာ ခင်ဗျားလူတွေဆိုတာ အသိအသာကြီးကို။ ကိုယ့်လူကို မထိန်းနိုင်တာတော့ ကိစ္စမရှိပေမယ့် လူမှားပြီးလာစွပ်စွဲနေတာလား”
ထိူအချိန်ထိ ယဲ့ဖန်က ခေါင်းမာနေဆဲရှိသည်ကို မြင်တော့ လူအုပ်ကြီးမှာ ယဲ့ဖန်အတွက် စိုးရိမ်သွားရသည်။
“လူငယ်လေး၊ အဲ့လိုလူမျိုးကို စိတ်အနှောင့်အယှက်ဖြစ်အောင် သွားမလုပ်တာပိုကောင်းမယ်။ အမြန်ပြန်တောင်းပန်လိုက်”
“ဟုတ်တယ်၊ သန်မာတဲ့နဂါးတစ်ကောင်က နယ်ခံမြွေကို မနိုင်နိုင်ဘူးလေ။ ငါတို့ကပျော်ဖို့လာတဲ့ဟာကို ပြဿနာဖြစ်အောင်လုပ်စရာမလိုပါဘူး”
“ဒီလူအုပ်က ဟာသလုပ်လို့ရတဲ့ပမာဏ မဟုတ်ဘူး။ ပြဿနာမဖြစ်အောင် ရှောင်လိုက်တာအကောင်းဆုံးပဲ”
ယဲ့ဖန် သူတို့စကားကိုကြားတော့ သူ့မျက်နှာထက်၌ ရန်စလိုသည့်အမူအရာ ပေါ်ပေါက်လာသည်။
“ကျွန်တော်မှမမှားတာကို ဘာလို့တောင်းပန်ရမှာလဲ”
လူအုပ်ကြီးမှာ သူ့စကားကိုကြားပြီးနောက် ခေါင်းယမ်းလိုက်မိသည်။
“မင်းကငယ်ပါသေးတယ်ကွာ၊ တောင်းပန်တယ်ဆိုတိုင်း မင်းမှားတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒီတိုင်း ငြိမ်းချမ်းရေးယူတဲ့သဘောပဲ”
“ကြည့်လိုက်ဦးလေကွာ၊ သူ့ပုံစံက စာကြမ်းပိုးမှန်းသိသာနေတဲ့ဟာကို။ ဘယ်လိုပြောဆိုရလဲဆိုတာကို သူသိမှာမဟုတ်ဘူး”
“မင်းကအပြင်လူလေ။ တောင်းပန်လိုက်တာက အသားပဲ့မပါပါဘူး။ အဲ့တာက အရိုက်ခံလိုက်ရတာထက်တော့ ပိုကောင်းတယ်မလား”
“လူငယ်လေး၊ မင်းအကျင့်နဲ့ဆို ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မယ်နော်”
လူတိုင်းမှာ သူတို့ယခင်က ထိုသို့ကြုံခဲ့ဖူးသလိုမျိုး ယဲ့ဖန်အား စတင်သင်ခန်းစာပေးတော့သည်။
သို့သော် ထိုလူဆိုးအုပ်စုကိုတော့ ဘယ်သူမှ မဝေဖန်ရဲကြပေ။
အစ်ကိုပျောင်းဆိုသူက ယဲ့ဖန်အား ဂုဏ်ယူစွာကြည့်လိုက်သည်။
“ဘယ်လိုလဲ။ ငါမင်းကိုအနိုင်ကျင့်တယ်လို့ လာမပြောနဲ့နော်။ အခု ငါ့ညီကိုနှစ်ယောက်ကို ပြန်တောင်းပန်ပြီး မင်းကောင်မလေးကို ငါတို့နဲ့အတူသောက်ခိုင်းမယ်ဆိုရင် ငါမင်းကို သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးလိုက်မယ်”
လူအုပ်ကြီးက အမြန်တိုက်တွန်းတော့သည်။
“လူငယ်လေး၊ ဘာတွေစောင့်နေတာလဲ။ အမြန်ပြန်တောင်းပန်လိုက်လေ”
“ဟုတ်တယ်၊ သူ မင်းနဲ့အငြင်းမပွားတာတောင် တော်တော်အံ့ဩဖို့ကောင်းနေပြီ။ ဘာတွေတုံ့ဆိုင်းနေတာလဲ”
“ယောကျာ်းဆိုတာ အရှုံးပေးရဲရတယ်။ မင်းမျက်နှာက အဲ့လောက်အရေးကြီးလို့လား”
“လူငယ်လေး၊ ခေါင်းမာမနေနဲ့တော့။ ငါတို့အကြံပေးတာကို နားထောင်လိုက်စမ်းပါ”
ယဲ့ဖန်ဟာတော့ နားကန်းနေသလိုပဲ နေလိုက်သည်။ အစ်ကိုပျောင်းကိုသာ အေးတိအေးစက် စိုက်ကြည့်နေသည်။
“ငါလည်း မင်းကိုအဲ့လိုပြောချင်နေတာ။ မင်းရဲ့ ညီအစ်ကိုနှစ်ယောက်က ငါ့သူငယ်ချင်းကို တောင်းပန်ရင် ငါမင်းတို့ကို သဘောထားကြီးကြီးနဲ့ ခ္ငင့်လွှတ်ပေးလိုက်မယ်”
အစ်ကိုပျောင်း၏ မျက်နှာထက်ရှိ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
“ငါကမင်းကို မျက်နှာသာပေးနေတာကို မင်းကငြင်းလိုက်တယ်ပေါ့”
ထိုသို့ပြောပြီးနောက် သူ့နောက်မှလူတွေကို လက်ပြလိုက်သည်.
“ဒီကလေးကို သင်ခန်းစာပေးလိုက်ကြစမ်း။ အာဟုတ်သား၊ ဟိုမိန်းကလေးကိုတော့မထိနဲ့။ သူ့ကိုက ငါနောက်မှသင်ခန်းစာပေးလိုက်မယ်”
ထိုလူတွေမှာ အမိန့်ရပြီးသည်နှင့် ချက်ချင်း ယဲ့ဖန်ကိုဝိုင်းလိုက်ကြသည်။
ပွဲကြည့်နေသည့်လူအုပ်ကြီးလည်း အဝေးသို့ နောက်ဆုတ်သွားကြသည်။
တစ်ချိန်ထဲမှာပဲ သူတို့နှလုံးသားထဲ၌ တနုံ့နုံ့ဖြစ်နေရသည်။
ဒီကလေးက သူတို့အကြံကိုနားမထောင်တော့ ပြဿနာရှာခံနေရတာပဲ။
နည်းတောင် နည်းသေးသည်။
ရှန်းပိုင်ထျန်းက ပြဿနာဖြစ်တော့မည်ကို မြင်တော့ ယဲ့ဖန်ထံအမြန်အပြေးသွားလိုက်သည်။
“ရှင်ဘာလို့လူရိုက်မှာလဲ။ ဥပဒေရှိတယ်လေ”
လူအုပ်ကြီးမှာ သူမစကားကိုကြားတော့ မောက်မာစွာရယ်လိုက်ကြသည်။
“ဥပဒေလား။ ပင်းဟိုင်မြို့မှာ အစ်ကိုပျောင်းကသာ ဥပဒေပဲ”
ထို့နောက် အရှေ့ဘက်မှလူနှစ်ယောက် ထွက်လာကာ သူမကိုဆွဲခေါ်သွားသည်။
ယဲ့ဖန်လည်းပဲ သူမကိုဆွဲခေါ်ပြီး အဝေးသို့ ပို့ထားမလို့ဖြစ်သည်။ ထိုအခါမှ သူတို့နဲ့ တိုက်ခိုက်ရတာ ပိုလွယ်ကူမှာဖြစ်သည်။
ယဲ့ဖန်၏မျက်လုံးထဲ၌ အလင်းတစ်ချက် ဖြတ်ခနဲလက်သွားကာ သူ၏ညာဘက်လက်မှာ လျှပ်စီးလိုအလျင်နှင့် ဆန့်ထွက်လာပြီး တစ်ဖက်လူ၏ လက်မောင်းကိုလှမ်းဆွဲကာ ကိုင်ပေါက်လိုက်သည်။
ဂျွတ်…
အရိုးအက်သံတစ်သံထွက်ပေါ်လာသည်။
“အား…”
တစ်ဖက်လူထံမှ ချက်ချင်းဆိုသလို ထိတ်လန့်စရာအော်သံကြီး ထွက်ပေါ်လာသည်။
ထို့နောက် ယဲ့ဖန် သူ့အား ပင်လယ်ထဲသို့ ကန်ထုတ်လိုက်သည်။
“ဒီကလေးက နည်းနည်းခေါင်းခြောက်စရာပဲ။ အခုတော့ ဒီမိန်းကလေးကိုထားခဲ့လိုက်”
အစ်ကိုပျောင်းမှာ ယဲ့ဖန်က နည်းနည်းတိုက်ခိုက်တတ်သည်ကို ရိပ်မိသွားတာကြောင့် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
ထိုလူတွေလည်း အမိန့်ကိုလက်ခံလိုက်ကာ ရှန်းပိုင်ထျန်းကိုထားခဲ့လိုက်ပြီး ယဲ့ဖန်ကို တိုက်ခိုက်တော့သည်။
အပိုင်း ( ၄၄၆ )
စံပြယောကျာ်းဆိုတာဒါပေါ့
တစ်ဖက်အုပ်စု၏တိုက်ခိုက်မှုကိုရင်ဆိုင်ရင်း ယဲ့ဖန် အမြန်ပဲတည်ငြိမ်သွားသည်။
သူ့ဘေးတွင် ရှန်းပိုင်ထျန်းရှိနေခြင်းကြောင့် ပြန်တိုက်ရတာခက်ခဲနေသည်။
ထို့အပြင် တစ်ဖက်ကလူများတာကြောင့် စစ်ကူမရှိသည့်အခြေအနေတွင် အနိုင်ရနိုင်ဖို့မလွယ်ပေ။
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ခေါင်းဆောင်ကိုအရင်ဖမ်းပြီး တိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန်ဖြစ်သည်။
ထိုသို့တွေးပြီး သူ့ရှေ့ရှိအနည်းငယ်သန်မာသောလူကို တွန်းလိုက်သည်။
ပြီးလျှင် နောက်တွင်ရပ်ကာ အမိန့်ပေးနေသော အစ်ကိုပျောင်းထံ တစ်ဟုန်ထိုးတက်သွားလိုက်သည်။
ထိုအစ်ကိုပျောင်းဆိုသူဟာ အကြင်နာမဲ့သော လူတစ်ယောက်ဖြစ်ကာ အမြန်ပင် တုံ့ပြန်လာသည်။
အစ်ကိုပျောင်းက အိတ်ကပ်ထဲမှ ခေါက်ဓားတစ်လက်ကိုထုတ်လိုက်၏။
ဘန်းငြိမ့်
ခေါက်ဓား၏ ဓားသွားထွက်ပေါ်လာပြီး အေးစက်စွာအလင်းတစ်ချက်လက်သွားသည်။
ပြီးနောက် တစ်စက်လေးတောင် တုံ့ဆိုင်းမနေပဲ ယဲ့ဖန်၏နှလုံးကို ဦးတည်၍ ဓားနှင့်ထိုးလိုက်သည်။
အစ်ကိုပျောင်းက အလွန်သန်မာတာကြောင့် တစ်စုံတစ်ယောက်ကိုသတ်ရန် ရည်ရွယ်သည်မှာ ထင်ရှားနေသည်။
ယဲ့ဖန်၏အမူအရာဟာလည်း ရက်စက်သည့်အသွင်ပြောင်းသွားသည်။
သူက ဘေးသို့ရှောင်လိုက်ပြီး အစ်ကိုပျောင်း၏ လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်ကာ သူ့အားခပ်ပြင်းပြင်းကန်လိုက်သည်။
ဘန်း၊ ဖောင်း
ချက်ချင်းဆိုသလို အစ်ကိုပျောင်း၏ လက်ကောက်ဝတ်နားတွင် အကွေးတစ်ခု ပေါ်လာသည်။
သူ မအော်လိုက်နိုင်ခင်မှာပင် ယဲ့ဖန်က သူ့ခြေထောက်ကိုကန်လိုက်တာကြောင့် မြေပေါ်သို့ဒူးထောက်ကျသွားသည်။
“ရှေ့ကိုခြေတစ်လှမ်းတက်လာရဲ တက်လာကြည့် ငါသူ့အသက်ကို အရင်နုတ်ပစ်မယ်”
ယဲ့ဖန် ခေါက်ဓားကို အစ်ကိုပျောင်း၏ လည်ပင်းထက်၌တင်လိုက်ကာ လူရမ်းကားတစ်သိုက်ကို ကြည့်လိုက်သည်။
သူတို့ဘောစ့်အဖမ်းခံလိုက်ရသည်ကိုမြင်တော့ လူအုပ်ကြီးလည်းရပ်တန့်သွားတော့သည်။
သို့သော် သူတို့ထဲကတစ်ယောက်ကတော့ မယုံကြည်တာကြောင့် ရှန်းပိုင်ထျန်းဆီသို့ အပြေးဝင်လာသည်။
ယဲ့ဖန်၏မျက်လုံးထဲ၌ သတ်ဖြတ်လိုဟန် တစ်ချက်လက်သွားကာ သူ့လက်ထဲရှိ ခေါက်ဓားမှာလွင့်ပျံသွားတော့သည်။
တစ်စက္ကန့်ကြာပြီးနောက် ၎င်းဟာ ထိုလူ၏လက်ကောက်ဝတ်၌ သွားစိုက်နေတော့လေသည်။
“အား…”
ထိုလူမှာ မြေပေါ်၌လှိမ့်ကာ အော်ဟစ်နေရင်း သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားသည်။
ထိုမြင်ကွင်းမှ နေရာရှိလူတိုင်းက ချက်ချင်းထိတ်လန့်သွားရသည်။
သူတို့က ယဲ့ဖန်ကို သာမန်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ဟုသာ ထင်ခဲ့တာဖြစ်ပြီး တစ်ဖက်အုပ်စုမှ မသက်ညှာပေးလျှင် အသံတောင်ထွက်ရဲမည်မဟုတ်ဟု ထင်ခဲ့ကြသည်။
သို့သော် တစ်ဖက်လူရဲ့စကေးနဲ့ ရှုပ်ထွေးဆန်းပြားမှုက သူတို့ထင်ထားတာထက်ပင် ကျော်လွန်နေသည်။
တစ်ခဏအတွင်း ဘယ်သူမှမလှုပ်ရဲတော့ပေ။
ယဲ့ဖန် အရူးဖြစ်သွားမည်ကို စောင့်ကြည့်နေခဲ့သောပရိသတ်အုပ်စုမှာလည်း မယုံနိုင်စွာ မျက်လုံးတွေပြူးကျယ်ကုန်ရသည်။
အမှန်တော့ နှစ်ဖက်လုံးက လက်သီးဖလှယ်သည့်အချိန်မှာ တိုတောင်းလေသည်။
လူမိုက်အုပ်စုက ယဲ့ဖန်ကို ဝင်တိုက်သည်မှစ၍ ယဲ့ဖန်တန်ပြန်တိုက်ခိုက်ကာ အစ်ကိုပျောင်းကို ဖမ်းလိုက်သည်အထိ ဖြစ်စဉ်တစ်ခုလုံးက ဆယ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။
သို့သော် အခြေအနေကတော့ ပြောင်းပြန်ဖြစ်သွားခဲ့ရသည်။
သူတို့နောက်ဆုံးမှာတော့ နားလည်သွားခဲ့သည်။
အစ်ကိုပျောင်းနှင့် လူမိုက်အုပ်စုကို ယဲ့ဖန် ပြန်ခံအော်ရဲရခြင်းမှာ သူက ပြန်တိုက်နိုင်စွမ်းရှိတာကြောင့်ဖြစ်သည်။ ယုံကြည်မှုလွန်ကဲပြီး ရန်စရုံသက်သက်မဟုတ်ချေ။
သူတို့အမြင်တွေက အလွန်ကျဉ်းမြောင်းတာကြောင့် ဘယ်သူက တကယ့်နဂါးအစစ်လဲဆိုတာကို မပြောနိုင်ခဲ့ကြပေ။
အစ်ကိုပျောင်း၏လည်ပင်းမှာ ယဲ့ဖန်ထံမှ အညှစ်ခံထားရသည်။
သူအလွန်ကြောက်နေမိပေမယ့် လက်အောက်ငယ်သားတွေရှေ့မှာ မျက်နှာသာရချင်သေးတာကြောင့် ယဲ့ဖန်ကို အရှုံးမပေးချင်ပေ။
တစ်ချိန်ထဲမှာပဲ တစ်ဖက်လူက အတော်လေးသန်မာသည်ကို သူသိလိုက်သည်။ သူတကယ်ကြီး လူတောင်သတ်ရဲတာလား။
ထိုသို့တွေးမိပြီးနောက် သူရယ်လိုက်မိသည်။
“စောက်ကလေး၊ မင်းငါ့ကိုသတ်ရဲရင် သတ်လိုက်လေ။ ဒီဆရာပျောင်းသာ မင်းကိုအရှုံးပေးလိုက်ရင် ငါ့မိဘတွေရှေ့မှာ ခေါင်းထောင်နိုင်မှာမဟုတ်ဘူး”
သူခေါင်းမာနေသည်ကိုမြင်တော့ ယဲ့ဖန် နှာမှုတ်လိုက်မိသည်။
တစ်ချိန်ထဲမှာပဲ လက်ထဲမှ အားစုစည်းလိုက်သည်။
ဖျစ်
အစ်ကိုပျောင်း၏လည်ပင်းမှာ ပိုလို့တင်းကျပ်သွားကာ အချိန်မရွေး ပေါက်ကွဲသွားမလိုဖြစ်နေသည်။
“သူရဲကောင်း၊ ကျေးဇူးပြုပြီး… အသက်ချမ်းသာပေးပါ…”
အစ်ကိုပျောင်းမှာ သူ့မျက်နှာကိုဆက်လက် ဂရုမစိုက်နိုင်တော့ပဲ အမြန်သက်ညှာပေးရန် တောင်းဆိုရတော့သည်။
ယဲ့ဖန်လှောင်ရယ်လိုက်သည်။
“အရှုံးပေးလိုက်ရင် မိဘရှေ့မှာ ခေါင်းမဖော်နိုင်တော့ဘူးလို့ ဘယ်သူပြောခဲ့တာပါလိမ့်”
အစ်ကိုပျောင်း ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြလိုက်သည်။
“ငါပါ၊ ငါဆိုတဲ့ ခွေးကောင်ပါ။ အစ်ကိုကြီး စိတ်လျှော့ပါနော်။ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့”
အစ်ကိုပျောင်း၏လက်အောက်ငယ်သားတွေမှာ ကြက်သေသေသွားရသည်။
သူတို့မြင်ခဲ့ဖူးသည့်အစ်ကိုပျောင်းက အမြဲထောင်လွှားပြီး လွှမ်းမိုးနေကာ သေရမည်ကိုမကြောက်ပေ။
ထိုလူကို ဒူးထောက်ပြီးတောင်းပန်ရသည့်နေ့မျိုး ရှိလာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
“ငါအခုမင်းကိုတောင်းပန်ဖို့လိုသေးလား”
ယဲ့ဖန် ဆုပ်ကိုင်ထားသည်ကို အနည်းငယ်ဖြေလျှော့ပေးလိုက်ကာ အစ်ကိုပျောင်းကို အေးစက်စွာကြည့်လိုက်သည်။
“မလိုပါဘူး၊ မလိုပါဘူး။ ကျွန်တော် အစောကမျက်စိကန်းနေလို့သာ အစ်ကိုကြီးကို အပြစ်ပြုမိတာပါ။ ကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ”
အစ်ကိုပျောင်းက မျက်နှာလို မျက်နှာရလုပ်ကာပြောလိုက်သည်။
ယဲ့ဖန်မှာ သူ့အမူအရာကြောင့် ရွံရှာသွားရကာ အဝေးသို့ကန်ထုတ်လိုက်သည်။
“မင်း မယုံဘူးဆိုတာ ငါသိသားပဲ။ ဆက်လုပ်ပြီး နောက်ဆုတ်နေလိုက်။ ငါမင်းကိုစောင့်နေမယ်”
“ကလေးစုတ်၊ မင်းစောင့်နေလိုက်။ ငါမင်းကို အန္တရာယ်ကင်းကင်းနဲ့ ပင်းဟိုင်ကထွက်သွားခွင့်ပြုမိရင် ငါကမင်းရဲ့မြေးပဲ”
အစ်ကိုပျောင်းမှာ လွတ်လာပြီးနောက် မျက်နှာကတစ်မျိုးပြောင်းသွားသည်။
ယဲ့ဖန်အား ထိုသို့ကြမ်းတမ်းသည့်စကားများ ပြောပြီးနောက် သူ့နောက်လိုက်များနှင့်အတူ ထွက်ခွာသွားတော့သည်။
ယဲ့ဖန်ဟာတော့ သူ့ခြိမ်းခြောက်မှုကို လျစ်လျူရှုထားသည်။
တစ်ဖက်လူသာ သူ့ကိုပြဿနာလာမရှာရင် သူလည်း ဘာမှလုပ်မည်တော့မဟုတ်ပေ။
သူသာ တကယ်ပြန်လာရဲတယ်ဆိုရင် နောက်တစ်ကြိမ်တော့ ဒီတစ်ခါလို ကံကောင်းမှာမဟုတ်ပေ။
ထိုအခါမှသာ ရှန်းပိုင်ထျန်း ယဲ့ဖန်ထံ လျှောက်လာလိုက်သည်။
“ယဲ့ဖန်၊ တောင်းပန်ပါတယ်။ ငါ နင့်ကို အထင်လွဲမိသွားတယ်..”
သူမ မျက်လုံးထဲ၌ မျက်ရည်များဖြင့်ပြည့်နေသည်။
အစောက ယဲ့ဖန်သူမကိုကူညီပေးခဲ့ချိန်မှာ သူမက သူ့ကိုအထင်လွဲပြီး ပြဿနာပင် တက်စေခဲ့မိသည်။
သူမကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။
ယဲ့ဖန်အေးစက်စွာ ဟွန်းခနဲလုပ်လိုက်ကာ တစ်ဖက်လှည့်သွားသည်။
“မင်းလို သခင်မလေးရှန်းက ဘယ်လိုလုပ်မှားမှာလဲ။ သူများကိစ္စထဲ စပ်စပ်စုစုဝင်ပါမိတဲ့ ကျွန်တော့်အပြစ်ပဲဟာကို”
ထိုအကြင်နာမဲ့သည့် စကားများကိုကြားတော့ ရှန်းပိုင်ထျန်း ထပ်မထိန်းထားနိုင်တော့ပေ။ သူမ ယဲ့ဖန်လက်မောင်းကို တင်းကျပ်စွာဖက်ရင်း ငိုတော့သည်။
“ယဲ့ဖန်၊ ငါ တကယ်မှားသွားပါတယ်၊ တောင်းပန်ပါတယ်… ဒီတစ်ခါတော့ ငါ့ကို ခွင့်လွှတ်ပေးပါ။ နောက်ကျရင် နင့်စကားဆို သေချာပေါက် နားထောင်ပါ့မယ်”
သူမယဲ့ဖန်ကို ဆက်လက်တောင်းပန်နေခဲ့သည်။ သူမပုံရိပ်ကိုပင် လုံးဝဂရုမစိုက်ချေ။
ပတ်ဝန်းကျင်ရှိလူများမှာ ထိုဖြစ်အင်ကိုမြင်တော့ တိတ်တဆိတ် တောက်ခတ်မိသွားကြသည်။
ရှန်းပိုင်ထျန်းက နတ်ဘုရားမတွေထဲကမှ နတ်ဘုရားမတစ်ပါးဖြစ်သည်။
ထိုအချိန်တွင်တော့ သူမက ကိုယ့်ပုံရိပ်ကိုပင် ဂရုမစိုက်တော့ပဲ ယောကျာ်းတစ်ယောက်ကို တောင်းပန်နေသည်။
ဒါကြီးက တကယ်မယုံနိုင်စရာပဲ။
သို့သော် အစောက ယဲ့ဖန်ပြသခဲ့သည့် ထိတ်လန့်စရာခွန်အားကို ပြန်တွေးမိကာ လူတိုင်းနားလည်သွားကြသည်။
ဒီလိုစွမ်းအားကြီးတဲ့သူမလို့သာ ရှန်းပိုင်ထျန်းလိုနတ်ဘုရားမက ဆန္ဒအလျောက်အရှုံးပေးတာမလား။
ယောကျာ်းသားအများအပြားဟာ သူတို့ဘေးရှိ ‘ကျားမ’တွေကိုတစ်လှည့် သည်းထန်စွာငိုကြွေးနေပါသော ရှန်းပိုင်ထျန်းကိုတစ်လှည့်ကြည့်ရင်း ချက်ချင်း ယဲ့ဖန်အားယုံကြည်သွားကြသည်။
ဒီညီငယ်လေးက ယောကျာ်းထုကြီးအတွက် စံပြပဲငြိမ့်
အပိုင်း ( ၄၄၇ )
ငါ့ရဲ့မစ်ရှင်က သူတို့ကိုငရဲပို့ပေးဖို့ပဲ
ယဲ့ဖန်လည်းပဲ ရှန်းပိုင်ထျန်းက သူမပုံရိပ်ကိုပင်မငဲ့ပဲ လူကြားထဲမှာ တောင်းပန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမက ငယ်ငယ်လေးကတည်းက မြင့်မြတ်စွာမွေးဖွားလာခဲ့သူဖြစ်သည်။ သူမ၏ လှပသည့်ရုပ်ရည်ကြောင့် အမြဲဆိုသလို သူမဘေး၌ ပိုးပန်းသည့်လူများနှင့် ဝန်းရံနေကာ မင်းသမီးလေးတစ်ပါးလို ကြီးပြင်းခဲ့ရတာဖြစ်သည်။
သူ့ရှေ့မှာပဲ သူမရဲ့ ဒီလိုနှိမ့်ချတဲ့ပုံရိပ်ကို ပြဖူးတာများလား။
ထိုမကျေမချမ်းဖြစ်မှုဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
“ဘာလို့ငိုနေတာလဲ။ ဘာမှမသိတဲ့သူတွေဆို ကိုယ်က မင်းကိုငိုအောင်လုပ်တယ်လို့ ထင်ကုန်ဦးမယ်”
သူမ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းပြလိုက်ကာ မျက်ရည်တွေကိုသုတ်လိုက်သည်။
ရှန်းပိုင်ထျန်း သူ့အားသနားချင့်စဖွယ် ကြည့်လာသည်။
“နင်… နင်စိတ်မဆိုးတော့ဘူးမလား”
ယဲ့ဖန် သူမ၏ချောမွတ်နေသောနဖူးပြင်ကို တစ်ချက်တောက်လိုက်သည်။
“အဲ့လိုအသေးအဖွဲ့ကိစ္စမျိုးကအစ ထည့်တွက်နေတတ်တဲ့လူလို့ ကိုယ့်ကိုထင်နေတာလား။ မင်းကိုယ့်ကို ဘယ်လိုလူလို့ထင်နေတာလဲ”
ရှန်းပိုင်ထျန်း သူမ၏နာကျင်သွားသောနဖူးကို ပွတ်ကာ ယဲ့ဖန်အား မျက်နှာချိုသွေးလာသည်။
“ဟုတ်တယ်၊ဟုတ်တယ်၊ဟုတ်တယ်။ နင်ကသဘောထားကြီးတဲ့လူပဲဟာကို ဘယ်လိုလုပ် ကျွန်မနဲ့တွက်ကပ်နေမှာလဲ”
'စိတ်သဘောထားကြီး' ဟူသော စကားလုံးကိုကြားလိုက်ရချိန်၌ ယဲ့ဖန် သူ၏လက်မောင်းတစ်ဖက်အား သူမဖက်တွယ်ထားသည်ကို သတိပြုမိလိုက်သည်။
ရှန်းပိုင်ထျန်းလည်း သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်တာကြောင့် အမြန်လက်လွှတ်လိုက်ကာ သူမ၏ လှပသည့်မျက်နှာလေးမှာလည်း နီရဲသွားရသည်။
သူမ၏ ရှက်ရွံ့နေသည့်အမူအရာကိုမြင်တော့ ယဲ့ဖန်၏နှလုံးမှာ တစ်ချက်ခုန်သွားရသည်။
သူ့ခေါင်းထဲ၌ အဓိပ္ပာယ်မရှိသည့် အတွေးတစ်ခုပေါ်ပေါက်လာသည်။
‘ညကျရင် သူ့ကိုအစ်မရွှမ်နဲ့ လွှတ်ထားလိုက်ရမလား’
သူထိုအတွေးကို ပုံမဖော်ရသေးခင်မှာပဲ ရုတ်တရက် ရှန်းပိုင်ထျန်းပြောလာသည်ကို ကြားလိုက်ရသည်။
“အစောကလူမိုက်အုပ်စုက သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။ ပြဿနာလာရှာရင်ရှာနိုင်တယ်”
ယဲ့ဖန်လည်း ထိုမဟုတ်မမှန်အတွေးတွေကို လွှင့်ပစ်လိုက်ကာ အထင်သေးဟန် အမူအရာဖြစ်သွားသည်။
“ကောင်းတာပေါ့၊ သူတို့မလာမှာတောင် စိုးရိမ်နေတာ။ သူတို့ကို တစ်ခါခွင့်လွှတ်ပေးထားပြီးပြီ၊ နောက်တစ်ကြိမ် ထပ်ခွင့်လွှတ်မိရင် ငရဲမင်းနဲ့ဆိုင်သွားပြီ။ ကိုယ်ရဲ့တာဝန်က သူတို့ကို ငရဲပြည်ကိုပို့ဖို့ပဲ”
သူ့စကားကိုကြားပြီးနောက် ရှန်းပိုင်ထျန်း မျက်လုံးလှန်မိသွားသည်။
ထိုအချိန်တုန်းက ယဲ့ဖန် တကယ်ကြည့်ကောင်းခဲ့တာကိုတော့ သူမ ဝန်ခံရမည်။
ဒီလိုဆွဲဆောင်မှုမျိုးကို ဘယ်မိန်းကလေးမှ လွန်ဆန်နိုင်မှာမဟုတ်ပေ။
“သန်မာတဲ့နဂါးတစ်ကောင်က နယ်ခံမြွေတစ်ကောင်ကို မဖိနှိပ်နိုင်ဘူး။ တကယ်ဆို ကျွန်မတို့က ပင်းဟိုင်မြို့အကြောင်းကောင်းကောင်းမသိဘူးလေ။ သူတို့နဲ့ထိပ်တိုက်တွေ့နေစရာ မလိုပါဘူး။ ပင်းဟိုင်မြို့မှာ ကျွန်မ သူငယ်ချင်းတွေအများကြီးရှိတယ်။ ညကျမှ သူတို့နဲ့သွားတွေ့ပြီး အခြေအနေကို မေးမြန်းကြည့်လိုက်မယ်”
ယဲ့ဖန်ကတော့ ထိုသို့လုပ်ဖို့လိုသည်ဟု မထင်ပေ။
သို့သော် ဒီညချန်းရွှမ်လာမည်ကို တွေးမိသွားပြီး…
ရှန်းပိုင်ထျန်း သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့လျှင် သူတို့နှစ်ယောက်တည်းတွေ့ဖို့ အချိန်ရသွားမှာဖြစ်သည်။
ထို့ကြောင့် ချက်ချင်း သဘောတူဟန် ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းတယ်”
...............................
အစ်ကိုပျောင်းမှာ သူ့လက်အောက်ငယ်သားတွေကို အနီးရှိဇိမ်ခံဗီလာတစ်ခုထံ ခေါ်လာလိုက်သည်။
“အစ်ကိုကြီး၊ အစ်ကို့တပည့်တွေ အရိုက်ခံလိုက်ရတာနော်။ အစ်ကို ကျွန်တော်တို့ကိုကူညီရမယ်…”
သူဧည့်ခန်းထဲဝင်လိုက်ချင်းမှာပဲ ဆိုဖာပေါ်၌ ထိုင်နေသည့်လူနားသွားကာ ငိုတော့သည်။
ထိုလူမှာ အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိပြီး အထူးလက်ချုပ်ဝတ်စုံကိုဝတ်ဆင်ထားကာ စီးပွားရေးလောက၏ထိပ်သီးတစ်ဦးနှင့် တူလေသည်။
အမှန်တော့ အတွင်းသတင်းသိကြသည့်လူတိုင်း ကောင်းဟူဆိုသည့်လူဟာ တစ်ချိန်က ပင်းဟိုင်၏ ကြောက်စရာကောင်းသော ဘောစ့်တစ်ဦးဖြစ်ခဲ့သည်ကို သိကြသည်။
ထိုလူဟာ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ဆောင်ပြီး တရားမဝင်အလုပ်များလည်း လုပ်ကိုင်သည်။
သို့ရာတွင် ထိုလူက အလွန်ထက်မြက်သည်။ သူသာဒီလမ်းကိုဆက်လျှောက်နေလျှင် အဆုံးသတ်ကောင်းမည်မဟုတ်မှန်းသိသည်။
ထို့ကြောင့် အစောထဲက သူ့နာမည်ကို ရှင်းလင်းကာ တရားဝင်စီးပွားရေးလုပ်ငန်း တစ်ခုနှင့် စတင်လက်တွဲခဲ့သည်။
ယခုဆိုလျှင် အောင်မြင်သည့် စီးပွားရေးသမားတစ်ယောက် ဖြစ်နေလေသည်။
အစ်ကိုပျောင်းနှင့်အခြားသူများ ဝင်လာသည်ကိုမြင်တော့ ကောင်းဟူ မျက်မှောင်ကြုတ်သွားရသည်။
သူ့ရဲ့လက်ရှိအဆင့်အရဆို ဒီလူမိုက်အုပ်စုနဲ့ စာရင်းရှင်းခဲ့သည်မှာ အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
သို့သော် ဒီလူတွေဟာ တစ်ချိန်တုန်းက သူနဲ့အတူသေခြင်းတရားကို ကျော်ဖြတ်ခဲ့ကြသူများဖြစ်သည်။ ထပ်ပေါင်းပြောရလျှင် သူရင်ဆိုင်ရမည့် လူအနည်းငယ်ကျန်နေသေးတာကြောင့် ထိုအုပ်စုနှင့်အပြတ်မရှင်းနိုင်သေးပေ။
အစ်ကိုပျောင်းနှင့်အခြားသူများ သနားစရာအခြေအနေဖြစ်နေသည်ကိုမြင်တော့ သူတို့ပြဿနာထပ်ရှာလာပြန်သည်ကို သူသိလိုက်သည်။
“ဘာဖြစ်လာပြန်တာလဲ”
သူမပျော်မရွှင်ဖြစ်နေသော်လည်း မျက်နှာထက်တွင်တော့ ဘာအရိပ်အယောင်မှ မပြပေ။
“အစ်ကိုကြီး၊ ကျွန်တော်တို့ အစောက ကမ်းခြေမှာကစားနေတာကို သူစိမ်းနှစ်ယောက်က တမင်သက်သက်ကြီး ရန်လာစပြီး ကျွန်တော်တို့ကိုတောင် ရိုက်သွားသေးတယ်”
အစ်ကိုပျောင်းမှာ လောင်စာကို မီးထပ်ထည့်နေသည်။
အပြစ်အကုန်လုံးကို ယဲ့ဖန်ထံပုံချကာ သူ့ကိုယ်သူကိုတော့ မတရားခံရသည့် သားကောင်ကဲ့သို့ပြောပြနေသည်။
ကောင်းဟူကအရူးတစ်ယောက်မဟုတ်ပေ။ ဒီလူတွေရဲ့အကျင့်စရိုက်ကို သူမသိပဲနေပါ့မလား
သူစိမ်းနှစ်ယောက်က သူတို့ကိုဘာလို့ရန်လာစရမှာလဲ
သူတို့ကအရင်သူများကို ရန်သွားစပြီး ဟိုဘက်ကသင်ခန်းစာပြန်ပေးလိုက်တာကြောင့် လာတိုင်နေတာဖြစ်ရမည်။
“ဘယ်နှစ်ယောက်လဲ။ သူတို့မျက်နှာကို မှတ်မိလား”
သူအနည်းငယ်အထင်သေးသွားသော်လည်း စိတ်ရှည်ရှည်ဖြင့်မေးလိုက်သည်။
“ကျွန်တော်တို့အခုပဲစစ်ဆေးလာတာ”
အစ်ကိုပျောင်းက အလျင်စလိုပြန်ဖြေလာသည်။
“သူတို့နှစ်ယောက်က ကျုံးဟိုင်ကလာတာတဲ့။ Mercedes Benz GLS ကားကို မောင်းလာပြီး ဟွားထျန်းဗီလာမှာနေနေကြတယ်”
သူ့ရှင်းပြချက်ကိုနားထောင်ပြီးနောက် ကောင်းဟူမျက်မှောင်ကြုတ်လိုက်မိသည်။
ထိုနှစ်ယောက်ကို တက္ကသိုလ်ကျောင်းသားတွေဟု သူထင်လိုက်သည်။
အဲ့လိုသာဆိုရင် သူထိုနှစ်ယောက်ကို ပညာပြပြီး အစ်ကိုပျောင်းနှင့် သူ့အုပ်စုကို မျက်နှာသာပေးလို့ရသေးသည်။
သို့သော် တစ်ဖက်လူက ကျုံးဟိုင်ကဖြစ်သည့်အပြင် Mercedes Benz ကားကိုပါမောင်းလာပြီး ဟွားထျန်းဗီလာမှာ နေနေသေးသည်။
နောက်ခံတောင့်သည်မှာ ထင်ရှားနေသည်။
ထိုအရာက သူ့ကိုတုံ့ဆိုင်းသွားစေသည်။
သူတုံ့ဆိုင်းနေသည်ကိုမြင်တော့ အစ်ကိုပျောင်းက သူ့ကိုရန်စလာသည်။
“ဟူး၊ တစ်ဖက်ကနောက်ခံကောင်းတယ်ဆိုတာ ကျွန်တော်တို့လည်းသိပါတယ်။ အစ်ကိုကြီးတောင် သူတို့ကိုရန်မစရဲဘူးဆိုတော့ မေ့လိုက်ပါတော့ဗျာ။ ကျွန်တော်တို့လည်း တိတ်တိတ်လေးပဲနေလိုက်ပါတော့မယ်”
ထိုသို့ပြောပြီး သူ့နောက်လိုက်တွေနှင့် ထွက်သွားရန်ပြင်လိုက်သည်။
“ရပ်စမ်း”
ထိုအချိန်တွင် ကောင်းဟူ အေးစက်စွာ ဟွန်းခနဲအသံပြုလိုက်သည်။
“ငါကိုယ်ခံပညာလောကမှာ မကျင်လည်တော့ဘူးဆိုပေမယ့် ကျောင်းသားလေးနှစ်ယောက်လောက်ကိုတော့ ကြောက်မနေပါဘူး။ မင်းတို့ လမ်းပ။ ငါကိုယ်တိုင် သူတို့နဲ့တွေ့မယ်။ ငါ့လူကိုများလာထိရဲတယ်ပေါ့ သူတို့ ငါ့ကိုရှင်းပြချက်ကောင်းကောင်းမပေးနိုင်ရင် ပင်းဟိုင်မြို့က ထွက်မသွားနိုင်စေရဘူး”
ထိုသို့ပြောကာ မတ်တပ်ထရပ်ကာ လျှောက်လာလေသည်။
အစ်ကိုပျောင်းနှင့်အခြားလူများမှာ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စွာ ကြည့်လိုက်မိသည်။
ဘော့စ်ကောင်းထွက်လာပြီဆိုတော့ ဟိုစောက်ကလေးတော့ သေပြီပဲ။
အပိုင်း ( ၄၄၈ )
အထင်လွဲနေတာ၊ သေချာပေါက် အထင်လွဲနေတာ ဖြစ်ရမယ်
ထိုနေ့ည ရှစ်နာရီဝန်းကျင်၌ ချန်းရွှမ် ဟွားထျန်းဗီလာသို့ အလောတကြီး ရောက်လာသည်။
သူမဗီလာထဲသို့ဝင်လာလိုက်ပြီး အတွင်းရှိ အခြေအနေကိုမြင်တော့ အံ့အားသင့်စွာ ပြောလိုက်မိသည်။
“ရှင်တို့က ဘဝကိုဘယ်လို ပျော်အောင်နေရမလဲဆိုတာကို ကောင်းကောင်းသိကြတာပဲ။ အားလပ်ရက်ခရီးထွက်လာတာကို ဒီလိုဇိမ်ခံဗီလာမျိုးမှာနေတယ်ပေါ့”
ယဲ့ဖန်သူမအား အနောက်မှနေ ပွေ့ဖက်လိုက်သည်။
“ဒါတွေအကုန် ရှန်းပိုင်ထျန်းစီစဉ်ထားတာ။ ကိုယ်ဘာမှမသိဘူး”
ချန်းရွှမ် သူမ၏ဒေါက်ဖိနပ်ကိုချွတ်ကာ ဖိနပ်ပါးတစ်ရံနှင့်လဲလိုက်သည်။
“မိန်းကလေးရှန်းရော”
“ကိုယ်သူ့ကိုပထုတ်လိုက်တာလေ။ အဲ့တာမှ ဒီမှာကျန်နေခဲ့ပြီး သူတတိယဘီး မဖြစ်မှာ”
ထိုသို့ပြောရင်း ယဲ့ဖန် သူမ၏အပေါ်ဝတ်ကုတ်ကို ကူချွတ်ပေးလိုက်သည်။
ချန်းရွှမ် သူ့လက်ကိုတွန်းထုတ်လိုက်သည်။
“နင် နည်းနည်းပိုတည်တည်တံ့တံ့ ပြမူလို့မရဘူးလား။ အမြဲတမ်း မကောင်းတဲ့အတွေးပဲ စဉ်းစားနေတာ”
ထို့နောက် ဧည့်ခန်းထဲသို့လျှောက်သွားကာ ဆိုဖာထက်၌ထိုင်လိုက်သည်။
“မင်းကဘာတွေတွေးနေတာလဲ မင်းဒီနေ့တစ်နေကုန်အလုပ်လုပ်နေရတော့ ပင်ပန်းနေမှာစိုးလို့ ကိုယ်ကနှိပ်ပေးမလို့လေ။ အဲ့တာကိုဘာတွေထင်နေတာလဲ”
ယဲ့ဖန်လည်း ထိုင်ချလိုက်ကာ မျက်လုံးလှိမ့်လိုက်မိသည်။
“ဟမ့်၊ နင်က အဲ့လိုလူမျိုးဟုတ်လို့လား”
ချန်းရွှမ် သူ့အားကြည့်ရင်း သူမ၏ နာကျင်နေသည့်ခြေထောက်ကို နှိပ်နယ်နေလိုက်သည်။
သူမ ဒီနေ့တစ်နေကုန်အလုပ်တွေရှုပ်နေခဲ့တာကြောင့် သူမခန္ဓာကိုယ်မှာ အနည်းငယ်နာကျင်နေသည်။
ယဲ့ဖန်ချက်ချင်းထရပ်ကာ သူမထံ လျှောက်သွားလိုက်သည်။
“ကိုယ်ဟိုတစ်လောကမှ နှိပ်နည်းတစ်ခု သင်ထားတာရှိတယ်။ ကိုယ်မင်းကို နှိပ်ပေးမယ်”
ထိုသို့ပြောကာ သူမကိုဘာမှထပ်မရှင်းပြ နေတော့ပဲ ဆိုဖာပေါ်ကိုဖိချလိုက်သည်။
“ယဲ့ဖန်.......”
ချန်းရွှမ် ပြန်ထရပ်ကာ ရုန်းကန်လိုက်သည်။
ထိုအချိန်တွင် ရုတ်ချည်းဆိုသလို သူမနောက်ကျောဘက်မှ ထုံထိုင်းစေသော ဖိအားတစ်ခုကိုခံစားမိလိုက်သည်။
“အင်း…”
သက်တောင့်သက်သာဖြစ်သွားမှုကြောင့် သူမ မထိန်းနိုင်ပဲ ခပ်တိုးတိုးညည်းမိသွားသည်။
သူမ ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်သည်။
ယဲ့ဖန်၏လက်တွေဟာ သူမ၏ နောက်ကျောတစ်လျှောက်တွင် ကျွမ်းကျင်စွာ ဖြတ်ပြေးနေပြီး သူမ၏ခန္ဓာကိုယ်ထက်ရှိ နာကျင်နေသောနေရာများကို အတိအကျ နှိပ်နယ်ပေးနေသည်။
သူမ အောက်နှုတ်ခမ်းကို တိတ်တဆိတ်ကိုက်ကာ ဘာသံမှ ထွက်မလာစေရန် ကြိုးပမ်းနေရသည်။
သို့သော် သူမနှာခေါင်းမှ ထူးဆန်းသည့်အသံတွေထုတ်လွှတ်နေမိသည်။
ဒီနေ့တွင် သူမမီးခိုးရောင် အနောက်တိုင်း ဝတ်စုံကိုဝတ်ဆင်ထားတာကြောင့် အပေါ်ကုတ်ချွတ်လိုက်သည့်အခါ အောက်ရှိ အဖြူရောင်တီရှပ်သာကျန်တော့သည်။
သူမဝတ်ဆင်ထားသည့်စကပ်မှာ ဒူးအထိ ရှည်လျားပြီး အသားကပ်ခြေအိတ် ဝတ်မထားမိပေ။
သူမ၏သွယ်လျသည့်ခြေသလုံးလေးမှာ မီးရောင်အောက်၌ ဆွဲဆောင်မှုရှိစွာ တောက်ပနေသည်။
ယဲ့ဖန် တစ်ဝက်ခန့်နှိပ်ပြီးသည့်နောက် မူးဝေလာရသည်။
ထပ်ပေါင်းပြောရလျှင် သူမ၏မျက်နှာမှာ ပန်းပွင့်တစ်ပွင့်လိုဖြူဖျော့နေပြီး မီးထဲ လောင်စာထည့်လိုက်သလို ဖြစ်သွားရသည်။
“အစ်မရွှမ်၊ နေလို့ကောင်းသွားလား”
“အင်း…”
“ပိုပြီးနေလို့ကောင်းစေမယ့်ဟာရှိတယ်။ အစ်မလုပ်ကြည့်ချင်လား”
“ဟင့်အင်း၊ ဟင့်အင်း။ မလုပ်နဲ့…”
“အစ်မဆန္ဒကို မမေးပါဘူး။ ဘယ်သူက အစ်မကို ကျွန်တော့်အခန်းတံခါးကို လာခေါက်ခိုင်းလို့လဲ”
ထိုသို့ပြောရင်း ယဲ့ဖန် သူမအင်္ကျီကို ကြယ်သီးဖြုတ်လိုက်သည်။
ချန်းရွှမ်လည်း သူ့ကိုမတားပေ။ သူမ အရာရာတိုင်းအတွက် ပြင်ဆင်ပြီးမှ လာခဲ့သည်မှာသိသာသည်။
ထိုအချိန်တွင် တံခါးခေါက်သံ ကျယ်လောင်စွာထွက်ပေါ်လာသည်။
ဘန်း, ဘန်း, ဘန်းငြိမ့်
တံခါးခေါက်နေသည့်လူမှာ အလွန်အားသန်ပုံရကာ မကောင်းသည့် ရည်ရွယ်ချင်နှင့်လာမှန်း သိသာနေသည်။
ယဲ့ဖန်စိတ်အခြေအနေမှာ ဖျက်ဆီးခံလိုက်ရကာ သူ့မျက်နှာဟာလည်း အကြည့်ရဆိုးသွားတော့သည်။
သူချက်ချင်းထကာ တံခါးဖွင့်လိုက်သည်။
ချန်းရွှမ်လည်း အမြန်လိုက်ထကာ အင်္ကျီပြင်ဝတ်ရင်း နောက်မှလိုက်ထွက်လာလိုက်သည်။
တံခါးပွင့်သွားသည်။
အပြင်ဘက်၌ အသက်ငါးဆယ်အရွယ် လူကြီးတစ်ဦးရပ်နေလေသည်။
သူ့နောက်တွင်တော့ အစ်ကိုပျောင်းနှင့် အခြားလူများရှိနေသည်။
ယဲ့ဖန် ချက်ချင်းနားလည်သွားကာ အေးစက်စက်ရယ်လိုက်သည်။
“ရောက်လာတာမြန်သားပဲ”
ကောင်းဟူ ယဲ့ဖန်အား အေးစက်စွာစိုက်ကြည့်လိုက်သည်။
“ငါ့ညီကိုတွေကိုရိုက်လိုက်တာမင်းလား”
ယဲ့ဖန် ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်တော်ပဲ၊ ဘာဖြစ်လဲ”
ယဲ့ဖန်၏ ရိုရိုကျိုးကျိုးမရှိသလို ခြယ်လှယ်လိုဟန်မရှိသော သွင်ပြင်ကိုမြင်တော့ ကောင်းဟူပိုလို့တုံ့ဆိုင်းသွားရသည်။
“ကျုံးဟိုင်မြို့မှာတော့ မင်းက နည်းနည်းပါးပါးအာဏာရှိရင်ရှိနိုင်ပေမယ့် ဒီပင်းဟိုင်မှာတော့ မင်းကနဂါးတစ်ကောင် ဖြစ်နေရင်တောင် ဦးညွှတ်ရမှာပဲ”
ယဲ့ဖန်လှောင်ရယ်လိုက်မိသည်။
“ကျွန်တော့်ကို ညလယ်ခေါင်ကြီးလာရှာတာ ဒီလိုပေါက်ကရတွေပြောဖို့လား”
သူ့စကားကိုကြားတော့ အစ်ကိုပျောင်းနှင့် အခြားလူများမှာ ချက်ချင်းအော်လာသည်။
“စောက်ကလေး၊ မင်းရှေ့မှာရပ်နေတာ ဘယ်သူလဲဆိုတာကို မင်းမသိသေးဘူးထင်တယ်။ ပင်းဟိုင်မြို့မှာ ဘော့စ်ဟူဆိုတာကို မသိတဲ့သူမရှိဘူးကွ”
“ပင်းဟိုင်မှာ ဘောစ့်ဟူကို အပြစ်ပြုမိပြီဆိုတာနဲ့ ဒီတစ်ကြိမ်တော့ မင်းတော့သေပြီပဲ။ ကောင်းကင်ဘုံကတောင် မင်းကိုကယ်နိုင်မှာမဟုတ်ဘူး”
“မင်းမသေချင်သေးရင် ဘော့စ်ဟူကို အမြန်ဒူးထောက်တောင်းပန်လိုက်”
“မင်းကိုယ်မင်းကံကောင်းတယ်မှတ်၊ ဘော့စ်ဟူက အငြိမ်းစားယူလိုက်လို့သာပေါ့။ မဟုတ်ရင် မင်းကိုအပိုင်းပိုင်းခုတ်ပြီး ခွေးစာကျွေးပြီးနေလောက်ပြီ”
ယဲ့ဖန်ဟာတော့ နားကန်းနေသလိုပင် မကြားချင်ယောင်ဆောင်နေပြီး ကောင်းဟူကိုသာ စိုက်ကြည့်နေလေသည်။
“ပြောစရာရှိရင် အမြန်ပြောလိုက်။ မင်းအတွက်နဲ့ လေအပိုမကုန်ချင်ဘူး”
ကောင်းဟူ အနည်းငယ်စိတ်တိုသွားရသည်။ သူပင်စင်ယူသွားတာကြာပြီဖြစ်သော်လည်း ပင်းဟိုင်မြို့ကဘယ်သူမှ သူ့ကိုထိုလေသံနှင့် စကားမပြောရဲပေ။
ကြည့်ရတာ ဒီနေ့တော့ သူလူသတ်ရတော့မယ်ထင်တယ်။
မဟုတ်ရင် ဘော့စ်ဟူက နေမကောင်းဖြစ်နေတဲ့ကြောင်အိုကြီးဆိုပြီး လူတွေထင်ကုန်မည်။
“စောက်ကလေး၊ မင်း…”
သူစကားပြောရန်ပြင်နေစဉ်တွင် ချန်းရွှမ် ထွက်လာသည်။
“ရှောင်ဖန်၊ ဘာဖြစ်တာလဲ”
သူမကိုမြင်လိုက်ချိန်၌ ကောင်းဟူ၏ မျက်လုံးတွေမယုံနိုင်စွာ ပြူးကျယ်သွားရသည်။
“ဥက္ကဌချန်း၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
ချန်းရွှမ် ထိုလူအားရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။
“ကျွန်မကိုသိလို့လား”
ကောင်းဟူ အမြန်ပင် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ကျွန်တော် ဒီနေ့မင်းကို နဂါးတိုင်းပြည် အိမ်ခြံမြေဆွေးနွေးပွဲမှာတွေ့လိုက်တယ်။ အဲ့တုန်းက မင်းက ဥက္ကဌ လျှိုကွမ်းယွီနဲ့ စကားပြောနေခဲ့တာလေ။ ကျွန်တော်က ဥက္ကဌလျှိုနောက်မှာရပ်နေခဲ့တဲ့တစ်ယောက်ပါ”
ချန်းရွှမ် ပြန်စဉ်းစားကြည့်လိုက်ပေမယ့် သူမ ဘာမှမမှတ်မိတာကြောင့် ယဉ်ကျေးသမှုဖြင့်သာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါနဲ့ ကျွန်မကောင်လေးကို ညကြီးကျမှ ဘာလို့လာရှာတာလဲမေးလို့ရမလား”
ကောင်းဟူ၏ မျက်လုံးတွေမယုံနိုင်စွာ ပြူးကျယ်သွားရသည်။
ကောင်လေးလား
ဒါကြီးကတကယ်မယုံနိုင်စရာပဲငြိမ့်
သူလိုလူက လူမိုက်တွေကြားမှာဆိုရင်တော့ ဩဇာတိက္ကမအပြည့်နဲ့ဖြစ်နေပေမယ့် စီးပွားရေးလောကက ထိပ်သီးတွေရှေ့မှာဆိုရင် ပမွှားလေးသာ ဖြစ်သည်။
နဂါးတိုင်းပြည် အိမ်ခြံမြေဆွေးနွေးပွဲမှာဆိုရင် သူလိုလူက တကယ့်ထိပ်သီးတွေကို လက်ဖက်ရည်ကမ်း၊ ရေကမ်းပေးတာမျိုးသာ လုပ်နိုင်တာဖြစ်သည်။
တစ်ဖက်မှာတော့ ချန်းရွှမ်ဟာ ထိုထိပ်သီး လုပ်ငန်းရှင်များနှင့်ရယ်မောကာ စကားပြောနိုင်သည်။
ထိုသည်ကိုသူမ၏လှပသောရုပ်ရည်နှင့်ပါ ထပ်ပေါင်းလိုက်ချိန်၌ သူမကဆွေးနွေးပွဲ အလယ်၌ ထင်းထွက်နေတော့သည်။ လုပ်ငန်းရှင်တော်တော်များများ သူမနှင့် ရင်းနှီးနိုင်ရန်ကြိုးပမ်းနေကြပြီး သူမထံမှ မျက်နှာသာပေးခံရလိုသည့် စီးပွားရေးသမားတွေပင်ရှိနေသေးသည်။
ထိုအချိန်တွင် ဘယ်လိုလူကများ ဒီလိုမိန်းကလေးမျိုးကို ဆွဲဆောင်နိုင်မလဲဆိုပြီး သူတိတ်တဆိတ် ခန့်မှန်းနေခဲ့မိသည်။
ယခုတွင်တော့ ချန်းရွှမ်ကိုယ်တိုင်က ယဲ့ဖန်က သူ့ကောင်လေးပါဆိုပြီး ကြေညာသွားလေသည်။ ဒီအရာက ဘယ်လောက်ထိ ထိတ်လန့်ဖို့ကောင်းလဲဆိုတာကို စိတ်ကူးယဉ်ကြည့်လို့တောင် ရမည်မဟုတ်ပေ။
“ဥက္ကဌချန်း၊ တစ်ခုခုအထင်လွဲနေတယ် ထင်တယ်….”