← Chapters

အပိုင်း ၄၄၉-၄၅၂

Vol. 23 Ch. 449-452

အပိုင်း ၄၄၉-၄၅၂

Vol. 23 Ch. 449-452

အပိုင်း ( ၄၄၉ )

ဒီကမ္ဘာပေါ်မှာ နောင်တအတွက် ဆေးမရှိဘူး

“အထင်လွဲတယ်။ အထင်လွဲရုံလောက်လေးနဲ့ သတ်မတတ်ဖြတ်မတတ် ဒီထိရောက်လာတယ်ပေါ့လေ”

ချန်းရွှမ်အနည်းငယ်ဒေါသထွက်သွားရသည်။

သူမနှင့်ယဲ့ဖန်တို့ လေထုဘာညာအဆင်သင့်ဖြစ်ပြီး အဓိကခေါင်းစဉ်ကိုရောက်ခါနီးမှ ဒီကောင်တွေကြောင့် ဖျက်ဆီးခံလိုက်ရသည်။

သူမဘယ်လိုလုပ် စိတ်မဆိုးပဲနေပါ့မလဲ။

ကောင်းဟူ ချက်ချင်းပင် ချွေးပျံလာရသည်။

“ဥက္ကဌချန်း၊ ဒါကဘယ်လိုဖြစ်တာလဲဆိုရင်…”

သူချက်ချင်းပင် အစ်ကိုပျောင်းနှင့် ယဲ့ဖန်တို့ကြားက အငြင်းပွားမှုကို ရှင်းပြလိုက်သည်။

ဒါပေါ့၊ အစ်ကိုပျောင်းပြောသည့်အတိုင်းတော့ ပြန်မပြောလိုက်ပါပေ။

ထိုအစား ထိုလူတွေအပေါ် သူ့ရဲ့နားလည်မှုကို အခြေခံပြီး သူ့ရဲ့ကိုယ်ပိုင်ယူဆချက်နှင့်အတူ ပေါင်းစပ်ကာ ရှင်းပြလိုက်သည်။

၎င်းဟာတကယ်ဖြစ်ပျက်ခဲ့သည်နှင့် ကိုက်ညီနေသည်။

“ဒီကောင်တွေကတော့ ဥက္ကဌချန်းရဲ့ ကောင်လေးကိုတောင် ရန်သွားစရဲတယ်။ သူတို့တွေ သေဖို့ထိုက်တန်ပါတယ်”

ထိုသို့ပြောရင်း ရုတ်ချည်းဆိုသလို အစ်ကိုပျောင်းနှင့်အခြားသူများကို လှည့်ကြည့်လိုက်သည်။

“မင်းတို့ကောင်တွေ ဘာရပ်လုပ်နေတာလဲ။ ဥက္ကဌချန်းကို ဒူးထောက်ပြီး တောင်းပန်လိုက်ကြလေ”

အစ်ကိုပျောင်းနှင့်သူ့အုပ်စုလည်း ကိစ္စ၏ အရေးကြီးပုံကို ကြားလိုက်ကြရသည်။

ဘော့စ်ကောင်းထံမှ အဆူခံရပြီးနောက် သူတို့အားလုံးဒူးထောက်လိုက်ကြသည်။

“ဥက္ကဌချန်း၊ ကျွန်တော်တို့ ဥက္ကဌရဲ့ကောင်လေးကိုအပြစ်ပြုမိပါတယ်။ ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ…”

အစ်ကိုပျောင်းမှာကြောက်လန့်သဖြင့် တုန်ယင်နေကာ မြေပေါ်၌လှဲရင်း ပြန်မထရဲတော့ပေ။

ကောင်းဟူ ယဲ့ဖန်ကို တစ်ခါထပ်ကြည့်လိုက်သည်။

“ဒီကောင်တွေကို ကျွန်တော် မင်းတို့လက်အပ်လိုက်ပါမယ်။ သူတို့ကို သတ်ပဲသတ်သတ် ဘာပဲလုပ်လုပ် ကြိုက်သလိုစီရင်လို့ရပါတယ်။ ကျွန်တော့်ကို မျက်နှာသာပေးနေစရာမလိုပါဘူး”

ယဲ့ဖန် လှောင်ရယ်လိုက်မိသည်။

“သူတို့သေသေရှင်ရှင် ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။ ကိုယ့်လူကို အမြန်ပြန်ခေါ်သွားစမ်းပါ။ ဒီနားလာပြီး မျက်စိရှုပ်အောင်လာလုပ်မနေနဲ့”

သူ့စကားတွေက အနည်းငယ်ကြမ်းတမ်း နေသော်လည်း ကောင်းဟူမှာ မကျေနပ်ဟန် မပြရဲချေ။ သူချက်ချင်းပင် အစ်ကိုပျောင်းနှင့် သူ့လူတစ်သိုက်ကိုခေါ်ကာ ထွက်လာခဲ့လိုက်သည်။

သူတို့ခပ်ဝေးဝေးရောက်မှ လူအုပ်ကြီးမှာ စကားစပြောလာ၏။

“အစ်ကိုကြီး၊ ကျွန်တော်တို့ ဟိုစောက်ကလေးဆီကနေ အမိန့်ပေးခံလိုက်ရတာပဲ။ တကယ်လို့ ဒီကိစ္စသာပြန့်သွားရင် လူတွေကျွန်တော့်ကို လှောင်နေကြလိမ့်မယ်”

“ဟုတ်တယ်၊ ဘော့စ်ကောင်း၊ ကျွန်တော်တို့ ဒီကလေးကိုဒီတိုင်းလွှတ်ပေးလိုက်လို့ မဖြစ်ဘူး”

“အဲ့မိန်းကလေးက တော်တော်လေးလှတာပဲ။ ကျွန်တော်တို့ဘော့စ်ရဲ့ဇနီးအနေနဲ့သာဆို ကွက်တိပဲ”

“အဲ့စောက်ကလေးက မိန်းမတွေနဲ့ ပက်သက်ရင်တော့ တော်တော်ကိုကံကောင်းတာ။ တစ်ရက်ထဲနဲ့ အလှလေးနှစ်ယောက်ကို တစ်ပြိုင်တည်း တွဲတာ တကယ်မနာလိုချင်စရာပဲ…”

ထိုနှစ်ဦး၏ အရူးစကားများကိုကြားပြီးနောက် ကောင်းဟူ၏အမူအရာမှာ ပိုလို့အရုပ်ဆိုးလာသည်။

“အခုကစပြီး မင်းတို့လည်း ကိုယ့်လမ်းကို လျှောက်ကြ။ ငါလည်းငါ့လမ်းငါလျှောက်မယ် ကိုယ့်အလုပ်ကိုလုပ်ကြတာပေါ့”

ဘော့စ်ကောင်း၏စကားကိုကြားပြီးနောက် အစ်ကိုပျောင်းနှင့်ကျန်သူများမှာ စိတ်ပူသွားရသည်။

“အစ်ကိုကြီး၊ ဘာလို့ဒီလိုပြောရတာလဲ။ ကျွန်တော်တို့အားလုံးအတူရှိလာတာ နှစ်တွေဒီလောက်တောင်ကြာနေပြီကို ဒီလိုမျိုး သံယောဇဉ်ဖြတ်လိုက်တော့မှာလား’

“ဟုတ်တယ်၊ ဘော့စ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်တို့က ဘောစ့်အတွက် အသက်တောင်စွန့်ခဲ့တာကို၊ ကျွန်တော်တို့ကို ဒီလိုစွန့်ပစ်လိုက်လို့မရဘူးလေ”

“အဲ့တုန်းက ကျွန်တော့်တို့တွေ ကောင်းအတူ ဆိုးအတူဝေမျှကြမယ်လို့ သစ္စာဆိုခဲ့ကြတယ်လေ။ အခုကျတော့ ဘော့စ်ရဲ့နာမည်ကိုရှင်းပြီးသွားပြီး သန်းကြွယ်သူဌေးဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ကို လျစ်လျူရှူလိုက်တော့မှာလား”

“ဘော့စ်ကောင်း ဒီလိုနှလုံးသားမဲ့လို့မရဘူးလေ…”

သူတို့စကားကိုကြားပြီးနောက် ကောင်းဟူ ပိုလို့ဒေါသထွက်လာရသည်။

“မင်းတို့နဲ့ငါဆက်ဆံရေးရှိခဲ့တာကြာလှပြီ။ ဒါပေမယ့် ငါတို့ကြားကညီအစ်ကို သံယောဇဉ်ကိုစဉ်းစားပြီး မရိုင်းပျခဲ့တာ။ အဲ့တာကို ဒီနေ့မင်းတို့က ပြဿနာရှာလာပြီး ဥက္ကဌချန်းကိုတောင် အပြစ်ပြုမိတော့မလို ဖြစ်သွားခဲ့တယ်။ အဲ့တာကို ငါကဘယ်လိုလုပ် အရင်အတိုင်း ဆက်နေနိုင်ပါ့မလဲ”

အစ်ကိုပျောင်း သူ့အားရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။

“အစ်ကိုကြီး၊ သူကဒီတိုင်း မိန်းမတစ်ယောက်ပဲမဟုတ်ဘူးလား ဘာလို့ဒီလောက်ကြောက်နေရတာလဲ”

ကျန်သူများလည်း သဘောတူဟန် ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်၊ အဲ့ကောင်မလေးက ကြောက်ဖို့ကောင်းလို့လား”

“ဒါကျွန်တော်တို့သိတဲ့ ဘောစ့်ကူမှ ဟုတ်သေးရဲ့လား မိန်းမတစ်ယောက်ကို ဒီလောက်တောင်ကြောက်နေရလား”

“အကြောက်အလန့်မရှိတဲ့ ဘော့စ်ကူ ဘယ်ရောက်သွားတာလဲ”

“ပိုက်ဆံချမ်းသာလာတာနဲ့အမျှ ကြောက်တတ်လာတာလား ဘော့စ် မိန်းမတစ်ယောက်ကို တကယ်ကြီး ဒီလောက်တောင်ကြောက်နေတာလား”

သူတို့ပြောစကားတွေကိုကြားပြီးနောက် ကောင်းဟူ၏မျက်နှာမှာ ပိုလို့ဖြူဖပ်ဖြူရော် ဖြစ်လာသည်။

“အသက်ငယ်ငယ်လေးနဲ့ ဒီလောက်ထိ အောင်မြင်နေတဲ့ ဥက္ကချန်းလို မိန်းကလေးက တောင်တော်တော်အံ့ဩဖို့ကောင်းနေပြီ။ သူလိုမိန်းကလေးမျိုးကို ထိန်းချုပ်ထားနိုင်တဲ့ ယောကျာ်းလေးက ဘယ်လိုလူမျိုးဖြစ်နိုင်မလဲ။ မင်းတို့ဘယ်လိုလူကို ရန်စမိသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်လိုက်ငြိမ့် စောက်ငတုံးတွေ”

“ငါဒီနေ့မင်းတို့နဲ့သံယောဇဉ်မဖြတ်ရင် မင်းတို့ကြောင့် ပင်ပန်းပြီး တစ်နေ့မဟုတ် တစ်နေ့သေမှာပဲ”

“အခုကစပြီး ငါတို့ကြားမှာ ဘာကိစ္စမှမရှိတော့ဘူး။ ငါ့ဆီကနေ ခြူးတစ်ပြားတောင် ထပ်ရဖို့မစဉ်းစားနဲ့”

ထိုသို့ပြောပြီးနောက် ကောင်းဟူ ချက်ချင်း လှည့်ထွက်လာလိုက်သည်။

အစ်ကိုပျောင်းနှင့်လူမိုက်အုပ်စုမှာ ချက်ချင်း ကြက်သေသေသွားရသည်။

သူတို့နေ့တိုင်း အစားကောင်းကောင်း စားနေနိုင်ခြင်းနှင့် နေရာတကာပြဿနာ လိုက်ရှာနေနိုင်ခြင်းမှာ ဘော့စ်ကောင်း၏ ကာကွယ်ပေးမှုကြောင့်ဖြစ်သည်။

ယခုဘော့စ်ကောင်းက သူတို့နဲ့ ဆက်ဆံရေးပြတ်တောက်လိုက်ပြီဆိုတော့ ရှေ့လျှောက် သူတို့ဘယ်လိုရှင်သန်ရမှာလဲ

ဒါတွေအကုန်လုံးက ရန်မစသင့်တဲ့သူကို ရန်သွားစခဲ့မိတာကြောင့်ဖြစ်သည်။

လူမိုက်အုပ်စုမှာ ဘာမှမတတ်နိုင်စွာပဲ သူတို့စိုက်ပျိုးခဲ့သည့် အသီးခါးခါးကို ကိုယ်တိုင်ပြန်မျိုချရုံသာ တတ်နိုင်တော့သည်။

…

ထိုလူတွေထွက်သွားပြီးနောက် ယဲ့ဖန် ချက်ချင်းတစ်ဖက်လှည့်လိုက်ကာ ချန်းရွှမ်ကို ပွေ့ဖက်လိုက်သည်။

“မဆိုးပါဘူး။ ဥက္ကဌချန်းက ပင်းဟိုင်မှာ နည်းနည်းပါးပါးအာဏာရှိသားပဲ။ ကိုယ့်ကို မင်းရဲ့ပုံစံအသစ်တစ်မျိုးချပြလိုက်တာပဲ”

ချန်းရွှမ် ယဲ့ဖန်၏လည်ပင်းကို လက်မောင်းဖြင့်သိုင်းဖက်လိုက်ကာ ပြောသည်။

“ဒါတွေအကုန်ရှင့်ကြောင့်ပဲမဟုတ်ဘူးလား။ ရှင်သာကျွန်မကို အခွင့်အရေးမပေးခဲ့ရင် ဒီလိုစင်မြင့်ပေါ်မှာရပ်နိုင်ဖို့ အခွင့်အရေး ရှိလာမှာမဟုတ်ဘူးလေ”

ယဲ့ဖန် ချန်းရွှမ်နှင့်နဖူးချင်းတိုက်လိုက်သည်။

“အဲ့လိုမပြောပါနဲ့၊ မင်းကဒါတွေအားလုံးနဲ့ ထိုက်တန်ပါတယ်။ မင်းမှာသာ ဘာအစွမ်းအစမှမရှိရင် ကိုယ် မင်းကိုအခွင့်အရေးပေးလည်း ဆုပ်ကိုင်နိုင်မှာမဟုတ်ဘူးလေ”

ချန်းရွှမ် ယဲ့ဖန်ပြောလိုက်သည့်စကားကြောင့် ရင်ထဲထိသွားရသည်။

“ရှောင်ဖန်၊ ရှင်မနက်ဖြန်ကျရင် ကျွန်မ မိန့်ခွန်းပြောတာကို လာကြည့်မှာလား”

ယဲ့ဖန် သူမကိုစနောက်လိုက်သည်။

“အမိန့်လား၊ တောင်းဆိုနေတာလား”

ချန်းရွှမ်လည်း ချက်ချင်းသနားစဖွယ် ပြန်ပြောလာ၏။

“သေချာပေါက်ကို တောင်းဆိုနေတာပေါ့။ ရှင်မရှိရင် ကျွန်မစိတ်လှုပ်ရှားနေမှာ”

ယဲ့ဖန်၏နှုတ်ခမ်းတွေ‌တွန့်ကွေးသွားကာ ယုတ်မာသည့်အပြုံးပြုံးလိုက်သည်။

“ကိုယ်လာမလာက ဒီညမင်းရဲ့စွမ်းဆောင်မှု အပေါ်မှာမူတည်နေတယ်”

ထိုအခါမှ တစ်စုံတစ်ခုမှားနေမှန်း ချန်းရွှမ် သတိပြုမိသွားကာ ချက်ချင်းထွက်ပြေးတော့သည်။

သို့သော် ယဲ့ဖန်ထံမှ အချုပ်ခံလိုက်ရသည်…

“မလုပ်ပါနဲ့… နော်။ ကျွန်မမှာ အဝတ်ဆိုလို့ အခုဝတ်လာတာပဲပါတာ။ ရှင်အဲ့တာကို ဖြဲလိုက်ရင် မနက်ဖြန်ကျ ကျွန်မ ဘာသွားဝတ်ရမှာလဲ”

“မနက်ဖြန်ကိစ္စကို မနက်ဖြန်မှပြောမယ်။ ဒီနေ့ကိစ္စကိုအရင်ရှင်းတာပေါ့”

“ရှင်၊ အား… မကောင်းတဲ့လူငြိမ့်”

“.....”

အပိုင်း ( ၄၅၀ )

မင်းဘာလုပ်နိုင်မယ်လို့ထင်လဲ

နောက်တစ်နေ့မနက်၌ ချန်းရွှမ် အိမ်ခြံမြေဆွေးနွေးပွဲသို့ထွက်ခဲ့လိုက်သည်။

သူမ ထွက်မလာခင် ယဲ့ဖန်အတွက် မနက်စာပင်လုပ်ပေးခဲ့လိုက်သေးသည်။

သို့သော် ယဲ့ဖန်နိုးလာချိန်၌ မနက်ဆယ်နာရီ ဝန်းကျင်ပင်ရှိနေလေပြီ။

ယဲ့ဖန် သူ့ကိုယ်သူသာ အပြစ်တင်မိသည်။

မနေ့က သူအပျော်အပါးရှောင်ရှားဖို့ ကတိပေးခဲ့ပေမယ့် အဆုံးမှာတော့ တစ်ရက်ပင်တောင့်မခံနိုင်ပဲ ကတိကို ချိုးဖျက်ခဲ့မိသည်။

သို့သော် သူ့ရဲ့တောင့်ခံနိုင်စွမ်းမှာ ပြဿနာရှိနေသည်ဟုတော့ ယဲ့ဖန် မထင်မိပေ။

ချန်းရွှမ် အလွန်ညှို့အားပြင်းနေသည်ကိုသာ အပြစ်တင်ရမည်။

အတိတ်တုန်းက ဘုရင်တွေ ဧကရာဇ်တွေ ဘယ်လောက်ပဲမုန်တိုင်းထန်ထန် သူတို့ ကျော်ဖြတ်နိုင်ခဲ့ကြပေမယ့် မိန်းမတစ်ယောက်ဆီမှာ‌ကျမှ ဘာလို့ကျရှုံးသွားခဲ့ရသလဲဆိုတာကို သူနားမလည်ခဲ့ပေ။

သူတို့ကအင်အားနည်းနေတာ မဟုတ်ပဲ တစ်ဖက်ရန်သူက အလွန်အင်အားကြီးနေသောကြောင့်ဖြစ်သည်။

ထို ‘ရန်သူ’ က သူတို့ကို နောင်တမရှိပဲ သေဆုံးစေနိုင်သလို နောင်တမရှိပဲ အရှုံးပေးစေနိုင်သည်။

သူ့ခန္ဓာကိုယ်က ဗလာကျင်းနေပါသော်လည်း ယဲ့ဖန် သူ့ဆရာပြောခဲ့ဖူးသည့် ‘မင်းရဲ့ လက်သီးကို ဘယ်တော့မှလက်မလွှတ်နဲ့’ ဆိုသည့်စကားကို အမှတ်ရကာ လက်ဝှေ့လေ့ကျင့်ရန် ထွက်လာခဲ့သည်။

..............................

လက်ဝှေ့ကျင့်ပြီးနောက် ချက်ချင်း အားပြည့်လာသလို ယဲ့ဖန်ခံစားလိုက်ရသည်။

သူဗီလာသို့ပြန်တော့မည့်ဆဲဆဲတွင် လူနာတင်ကားတစ်စီး တစ်ဟုန်ထိုးရောက်ချလာကာ ဗီလာရှေ့၌ ရပ်လိုက်သည်ကိုမြင်လိုက်ရသည်။

ထို့နောက် ဆေးဝန်ထမ်းတစ်ချို့ လူနာထမ်းစင်တစ်ခုသယ်လျက် ဗီလာထဲသို့ အပြေးဝင်လာသည်။

တစ်စုံတစ်ယောက် ရုတ်ချည်း နေမကောင်းဖြစ်လာလို့ဖြစ်ရမည်။

ထိုအခြင်းအရာကြောင့် သူလည်း ချက်ချင်း အသိတရားရသွားသည်။

အနာဂတ်ကျရင် သူလည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမည်။ မဟုတ်လျှင် မနက်ဖြန် ရှင်မည်လား သေမည်လားဆိုတာကို ကြိုမသိနိုင်ပေ။

ယဲ့ဖန် ခံစားချက်အပြည့်နှင့် ဖြစ်နေစဉ်မှာ ဇိမ်ခံကားအချို့ဖြတ်သွားကာ ဗီလာတံခါးရှေ့၌ ရပ်သွားပြန်သည်။

အနောက်တိုင်းဝတ်စုံဝတ်ကာ လယ်သာရှူးဖိနပ်စီးထားသည့် အထက်တန်းလွှာအချို့ကားပေါ်မှဆင်းလာ၏။

“အဖေ့အခြေအနေဘယ်လိုရှိလဲ”

အသက်လေးဆယ်ခန့်ရှိသည့်လူကြီးမှာ သူတို့ကိုကြိုဆိုရန်ထွက်လာသည့် အိမ်ထိန်းအား ချက်ချင်းအခြေအနေမေးမြန်းလိုက်သည်။

“အခုပဲဒေါက်တာချောင်ရောက်လာပြီး အရေးပေါ်ကုသမှုလုပ်နေတယ်ဆိုပေမယ့် အခြေအနေတော့သိပ်မကောင်းဘူး…”

အိမ်ထိန်းဖြစ်သူက အမြန်ပြန်ဖြေလာသည်။

ထိုလူလည်း ဗီလာထဲသို့ အမြန်ဝင်သွားသည်။

ယဲ့ဖန် ထိုလူစီးလာသည့် Rolls-Royce Phantom ကားကိုကြည့်ကာ ထိုလူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို ချိတ်ဆက်ကြည့်လိုက်သည်။ ထိုလူ၏ သရုပ်မှန်မှာ သာမန်အဆင့်တော့ မဖြစ်နိုင်ပေ။

သို့သော် ယဲ့ဖန်က ဝင်ပါလိုစိတ်မရှိပေ။

သူ့ကို စနစ်ကပေးအပ်ထားသည့် အစိမ်းရောင်ဆေးကျမ်းစာအုပ်ရှိတယ် ဆိုပေမယ့် ဒီဆေးနည်းတွေက တကယ်ယုံကြည်ရသလားဆိုတာ မသေချာပေ။

အသက်ကယ်တယ်ဆိုတာ သေခြင်းနှင့် ရှင်ခြင်းကြားကကိစ္စဖြစ်တာကြောင့် သူလက်လွတ်စပယ်မလုပ်ရဲပေ။

တစ်ခုခုသာလွဲချော်သွားရင် အသက်မကယ်နိုင်ရုံတင်မကပဲ သူတို့ကိုပါ ထိခိုက်စေမှာဖြစ်သည်။

ယဲ့ဖန်ခေါင်းယမ်းလိုက်ရင်း ဗီလာထဲသို့ ပြန်ဝင်ရန်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ သူ့ခေါင်းထဲမှ စနစ်၏ သတိပေးချက်ထွက်ပေါ်လာသည်။

[အခွင့်အရေးအသစ်တစ်ခုကို ရှာတွေ့ထားပါသည်။ လက်ရှိလမ်းမထက်မှ ၂၀ မီတာခန့်တန်းတန်းဆက်လျှောက်သွားပြီး ညာဘက်ကိုကွေ့ပါ…]

ယဲ့ဖန် ကြက်သေသေသွားရသည်။ စနစ်က သူ့ကို သူများကိစ္စထဲ ဝင်ပါစေချင်တယ် ထင်ပါတယ်။

ယဲ့ဖန် ခေါင်းအသာခါလိုက်ရင်း ဘေးရှိ ဗီလာသို့ထွက်လာခဲ့လိုက်သည်။

ဘေးရှိဗီလာ၏ဧည့်ခန်းထဲသို့ ယဲ့ဖန်ဝင်လိုက်ချိန်၌ အတော်လေး ရှုပ်ထွေးနေသည်ကိုမြင်လိုက်ရသည်။

အဖြူရောင်ဂျူတီကုတ်ဝတ်ဆင်ထားသည့် အသက်သုံးဆယ်ခန့်လူမှာ မြေပေါ်၌ လဲနေသည့်အဘိုးကြီးအား CPR လုပ်နေသည်။

သို့သော် အဘိုးကြီး၏မျက်လုံးတွေမှာ ပိတ်နေဆဲဖြစ်ကာ ဘာမှမတုံ့ပြန်ပေ။

ဆရာဝန်မှာ ထိုလူအိုကြီး၏မျက်လုံးကို တစ်ချက်ဖွင့်ကာကြည့်လိုက်ပြီးနောက် မြေပေါ်သို့စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ကာ ဘေး၌စိုးရိမ်တကြီး ရပ်ကြည့်နေသည့် အသက်လတ်ပိုင်းလူကြီးအား ကြည့်လိုက်သည်။

“ လော့လူကြီးမင်း ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပါတယ်..”

ဆရာဝန်ပြောသည်ကိုကြားတော့ အသက်လတ်ပိုင်းလူကြီးမှာ သူ့အား ဆွဲထူလိုက်သည်။

“ဘာပြောတာလဲ။ အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဆိုတာ ဘာစကားလဲ။ ကျွန်တော်ကြားချင်တာ အဲ့စကားမဟုတ်ဘူး”

ဆရာဝန်၏မျက်နှာမှာ နီမြန်းသွားရသည်။

“လော့လူကြီးမင်း၊ ကျွန်တော် ရှင်းပြပါရစေ။ အဘိုးကြီးလော့မှာ နဂိုကတည်းက နှလုံးရောဂါအခံရှိတဲ့အပြင် တွေ့တာလည်း နောက်ကျသွားတယ်”

“ကျွန်တော်ရောက်တော့၊ နှလုံးမခုန်တော့ဘူး…”

အသက်လတ်ပိုင်းလူကြီးမှာ ဆရာဝန်အား တွန်းထုတ်လိုက်သည်။

“အဲ့လိုအဓိပ္ပာယ်မရှိတဲ့ စကားတွေကို ကျုပ်နားမထောင်ချင်ဘူး။ လော့မိသားစုက ဆရာဝန်တစ်ယောက်ငှါးဖို့ အတွက်နဲ့ ပိုက်ဆံတွေအများကြီး အကုန်ကျခံထားတာက ခင်ဗျား ပေါက်ကရ ပြောတာတွေ နားထောင်ဖို့မဟုတ်ဘူး။ အခုချက်ချင်း ကျုပ်အဖေကို ကယ်ပေး။ မဟုတ်ရင် ခင်ဗျားကိုသတ်ပစ်မယ်”

ဆရာဝန်မှာလည်း ငိုနေရလေပြီ။

“အဘိုးလော့က နှလုံးရပ်သွားတာပါ။ ကောင်းကင်ဘုံကနတ်ဘုရားဆင်းကယ်ရင်တောင် သူ့ကိုကယ်နိုင်မှာမဟုတ်ဘူး”

ဆရာဝန်၏ရှင်းပြချက်ကိုကြားတော့ အသက်လတ်ပိုင်းလူကြီးမှာ ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသကဲ့သို့ မေ့လဲလုမတတ် ဖြစ်သွားသည်။

ထိုအချိန်တွင် သူ့ဘေး၌ရပ်နေသည့် အိမ်ထိန်းကစကားစလာသည်။

“ကျွန်တော်တို့… သူ့ကိုဆေးရုံပို့ကြည့်ကြမလား။ ကယ်ရင်ကယ်နိုင်လောက်သေးတယ်”

ဆရာဝန်ဖြစ်သူက ချက်ချင်း ခေါင်းခါပြလာသည်။

“အသုံးမဝင်ဘူး။ အနီးဆုံးဆေးရုံကိုတောင် မိနစ်နှစ်ဆယ်လောက်မောင်းရမှာ။ အရမ်းနောက်ကျသွားပြီ”

အသက်လတ်ပိုင်းလူကြီးမှာ ဆက်မတောင့်ခံနိုင်တော့ဟန် မြေပေါ်လဲကျသွားတော့သည်။

“အဖေ၊ ထပါဦး။ မျက်လုံးဖွင့်ပြီး ကျွန်တော့်ကိုကြည့်ပါဦး။ ကျွန်တော်ပါ၊ အဖေ့သား၊ အားယွမ်လေ…”

လော့ကျင်းယွမ်၏အမေမှာ သူငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည်ဖြစ်ရာ အဖေဖြစ်သူနှင့်သာ ကြီးပြင်းလာခဲ့ရတာကြောင့် သူ့ဘဝမှာ အဖေဖြစ်သူက အရေးအကြီးဆုံး လူသားတစ်ယောက်ဖြစ်သည်။

ယခု သူ့ဘဝရဲ့အရေးအပါဆုံးလူသားက ရုတ်တရက်ကြီးကွယ်လွန်သွားလေပြီ။ နောက်ဆုံးအနေနှင့်တောင် အဖေဖြစ်သူနှင့် မတွေ့လိုက်ရပေ။

သူ့အနေနှင့် စီးပွားရေးလောကမှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်အတော်ကြာ ရှိနေပြီဖြစ်ရာ အခြေအနေမျိုးစုံကို ကြုံတွေ့ဖူးပါသော်လည်း ဒီလိုရိုက်ခတ်မှုမျိုးကိုတော့ ခံနိုင်ရည်မရှိသေးပေ။

ထိုအချိန်တွင် ကလေးဆန်သောအသံတစ်သံ ထွက်ပေါ်လာသည်။

“ကျွန်တော်ကြိုးစားကြည့်ချင်တယ်”

လော့ကျင်းယွမ်မှာ အစက သူနားကြားမှားသွားသည်ဟုထင်ကာ သူ့ရှေ့ရှိ မဖိတ်ခေါ်ထားသောဧည့်သည်အား ကြောင်တောင်တောင်စိုက်ကြည့်နေမိသည်။

“မင်းက…ဘယ်သူလဲ”

“ကျွန်တော်က ဘေးအိမ်ကပါ”

ယဲ့ဖန်ရှင်းပြလိုက်သည်။

“ဘေးအိမ်က”

လော့ကျင်းယွမ်မှာ ပြင်းထန်သည့် ရိုက်ခတ်မှုတစ်ခုနှင့်ကြုံထားရတာကြောင့် ဦးနှောက်ကသေချာအလုပ်မလုပ်နိုင်သေးပေ။

“အစောက မင်းကြိုးစားကြည့်ချင်တယ်လို့ ပြောခဲ့တာမလား။ မင်းဆေးပညာ တတ်တာလား”

ယဲ့ဖန် သူ့အမေးကိုကြားတော့ တုံ့ဆိုင်းသွားရသည်။

“အဲ့တာက ကျွန်တော်ရှင်းမပြတတ်ဘူး… အဲ့လိုမျိုးတော့ပြောလို့ရပါတယ်”

သူကိုယ်တိုင်လည်း သူ့ရဲ့ဆေးပညာကို အရမ်းကိုယုံကြည်မှုရှိမနေတာကြောင့် အရမ်းကြီးယုံကြည်မှုမလွန်ကဲရဲပေ။

သို့သော် ထိုနေရာ၌ရှိနေသည့်လူများအတွက်တော့ အနည်းငယ်ရယ်ချင်စရာကောင်းနေသည်။

သိရင်သိတယ်၊ မသိရင်မသိဘူးပေါ့။

'လုပ်နိုင်လောက်မယ်ထင်တယ်' ဆိုတာက ဘာပြောတာလဲ

လုပ်နိုင်တာလား မလုပ်နိုင်တာလား

ဆရာဝန်ဖြစ်သူမှာ ဒေါသကိုချုပ်တည်းထားရသည်ဖြစ်ကာ ယဲ့ဖန်၏စကားကိုကြားတော့ လှောင်ရယ်မိသွားသည်။

“ဘယ်သူမဆို ဆရာဝန်ပါဆိုပြီး ဟန်ဆောင်လို့ရတာပဲ။ မင်းရဲ့ ဆေးလက်မှတ်ပြ”

ယဲ့ဖန် ပုခုံးတွန့်ပြလိုက်သည်။

“မရှိဘူး”

“အော်၊ ကျောင်းသားလား ဘယ်ဆေးကျောင်းကလဲ”

“ကျွန်တော်က ဆေးကျောင်းသားလည်း မဟုတ်ဘူး”

“ဟားဟားဟား၊ ဟာသပဲ။ ပထမ၊ မင်းမှာ ဆေးလက်မှတ်မရှိဘူးလို့ပြောတယ်၊ ဒုတိယ၊ မင်းကဆေးကျောင်းတက်နေတာလည်း မဟုတ်ပြန်ဘူးတဲ့”

ဆရာဝန်ဖြစ်သူ၏ပြက်ရယ်ပြုသံကိုကြားတော့ ထိုနေရာ၌ရှိနေသည့်လူများလည်း ရယ်လိုက်မိသည်။

သူတို့အမြင်မှာတော့ ဒီလူငယ်လေးက ဒီအိမ်ပိုင်ရှင်က အင်အားကြီးဟန်ပေါ်တာကြောင့် လာလိမ်တာဖြစ်မည်ဟု ထင်နေကြသည်။

လူတိုင်းသူ့ကိုရယ်နေကြတာကိုမြင်တော့ ယဲ့ဖန်၏မျက်နှာထားပြောင်းလဲသွားသည်။

“ခင်ဗျားမှာ ဘွဲ့ရော ဆေးလက်မှတ်ရော ရှိပေမယ့် သူ့ကိုမကယ်နိုင်ဘူးမလား”

သူထိုသို့ပြောလိုက်သည်နှင့် လူတိုင်းတိတ်ဆိတ်သွားတော့သည်။

အပိုင်း ( ၄၅၁ )

ကျွန်တော် ကယ်ပေးနိုင်မယ်ထင်တယ်

ပင်းဟိုင်မြို့၏ပင်မဆေးရုံမှ ဆရာဝန် တစ်ယောက်အနေနဲ့ သူ့ကိုဒီလိုလေသံမျိုးနဲ့ ဘယ်သူမှမပြောရဲတာ နှစ်အတော်ကြာနေပြီဖြစ်သည်။

ယဲ့ဖန်၏စကားများကိုကြားချိန်၌ သူအလွန်ဒေါသထွက်သွားရကာ ချက်ချင်း ကျယ်လောင်စွာခွန်းတုံ့ပြန်မိတော့သည်။

“ငါကဆရာဝန်လေ၊ နတ်ဘုရားမှမဟုတ်တာ။ လူနာတိုင်းကိုတော့မကယ်နိုင်ဘူးကွငြိမ့်”

“ပြီးတော့ငါအကောင်းဆုံးကြိုးစားခဲ့တယ်လို့ ပြောခဲ့ပြီးသားလေ”

“ဒါပေမယ့် လော့လူကြီးမင်းက အသက်မရှိတော့ဘူး။ အဲ့တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး…”

“ကျွန်တော်ကတော့ ကျွန်တော်တို့ သူ့ကို ကယ်နိုင်ဦးမယ်လို့ထင်တယ်”

ယဲ့ဖန် တစ်ဖက်လူ၏ဒေါသပေါက်ကွဲနေမှုကို ကြားဖြတ်ကာပြောလိုက်သည်။

“မင်းကလား။ ဟားဟားဟား၊ မင်းကိုယ်မင်း နတ်ဘုရားတစ်ပါးလို့ထင်နေတာလား။ သေနေတဲ့လူကို ရှင်အောင်တောင် ပြန်လုပ်နိုင်တယ်ပေါ့လေ”

ချောင်ကျန်းပင်း သူ့အား မထီမဲ့မြင်ကြည့်လိုက်သည်။

“အဲ့တာကိုတော့ အာမမခံနိုင်ပေမယ့် အကောင်းဆုံးကြိုးစားပါ့မယ်လို့တော့ ပြောနိုင်တယ်” ယဲ့ဖန် သူ့စကားကိုသူ အလွန်သတိထားကာ ပြောလိုက်သည်။ တစ်ဖက်လူကို သူဘာအခွင့်အရေးမှ မပေးနိုင်ပေ။

လော့ကျင်းယွမ်မှာ တစ်လျှောက်လုံး ယဲ့ဖန်အားဘေးမှ အကဲခတ်နေခဲ့သည်။

ထိုကောင်လေးက ငယ်ရွယ်သော်လည်း ထောင်လွှားနေတာမျိုးမရှိပဲ အရှိကိုအရှိအတိုင်းရင်ဆိုင်တတ်သည်။

ထို့နောက် မြေပေါ်၌လဲကျနေကာ သေဆုံးသွားပြီဟုကြေညာထားပါသော အဖေဖြစ်သူအားပြန်ကြည့်လိုက်သည်။

“ဒါဆို ဒီကောင်လေးကြိုးစားကြည့်ပါစေ”

ချောင်ကျန်းပင်းမှာ ချက်ချင်း စိတ်ပူသွားရသည်။

“လော့လူကြီးမင်း၊ ဒီကောင်လေးက ဆေးပညာကိုတောင် တစ်ခါမှလေ့လာခဲ့ဖူးတာ မဟုတ်ဘူးနော်။ ပြီးတော့ သူ့မှာ‌ဆေးလက်မှတ်လည်းမရှိဘူး။ သူ့စကားကိုဘယ်လိုလုပ်ယုံလို့ရမှာလဲ”

လော့ကျင်းယွမ် နှာမှုတ်လိုက်သည်။

“ကျုပ်ကတော့ ဒီကောင်လေးပြောတာ မှန်တယ်လို့ထင်တယ်။ ခင်ဗျားက ဆေးပညာလေ့လာဖူးသလို ဆေးလက်မှတ်လည်းရှိတာပဲလေ”

ဒေါက်တာချောင်မှာ ချက်ချင်း ဆွံ့အသွားရသည်။

လော့ကျင်းယွမ် ယဲ့ဖန်အား တစ်ဖမ်ပြန်ကြည့်လိုက်သည်။

“ဒီကောင်လေး ဘာမှများများစားစား မကူညီနိုင်ရင်တောင် အခြေအနေတော့ ပိုမဆိုးသွားနိုင်ဘူးမလား”

“ခင်ဗျားပဲ ကျုပ်အဖေသေပြီလို့ ပြောခဲ့တာလေ။ ထပ်သေနိုင်သေးလို့လား”

“လော့လူကြီးမင်း၊ ခင်ဗျား အဲ့လိုပြောလို့တော့ မရဘူးလေ…”

လော့ကျင်းယွမ် ထပ်သည်းမခံနိုင်တော့ပေ။ သူချက်ချင်းဖြတ်ပြောလိုက်သည်။

“တိတ်စမ်း”

“ဒေါက်တာချောင်၊ ကျုပ်ခင်ဗျားကို တစ်ကြိမ်မျက်နှာသာပေးပြီးပြီ။ ခင်ဗျား ထပ်ပြီးအဓိပ္ပာယ်မရှိတာတွေ ပြောနေဦးမယ်ဆိုရင် ခုချက်ချင်း ထွက်သွားလိုက်”

သူဒေါသထွက်နေသည်ကိုမြင်တော့ ချောင်ကျန်းပင်း ပါးစပ်ပိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။ တစ်ချိန်ထဲမှာပဲ သူ ယဲ့ဖန်ကို စိုက်ကြည့်ရန်လည်း မမေ့ပေ။

ဒီကောင်လေးက အဘိုးကြီးလော့ကို ပြန်ရှင်လာအောင်လုပ်နိုင်မယ်လို့ သူတော့ မထင်ပေ။

အဲ့လိုအရာမျိုးက သိပ္ပံနည်းမကျဘူး။

သို့သော် သူ့မှာဘာမှပြောစရာရှိမနေပေ။

........................................

ယဲ့ဖန် အချိန်ထပ်ဖြုန်းမနေတော့ပဲ အရှေ့တက်လာကာ အဘိုးကြီး၏ အခြေအနေကို ဆန်းစစ်လိုက်သည်။

ပထမဆုံး နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းနဲ့ မျက်လုံးအိမ်တို့ကို စစ်ဆေးလိုက်သည်။

ဒေါက်တာချောင်ပြောသလိုပဲ ဒီအဘိုးကြီးတွင် အသက်ရှင်နိုင်သည့် လက္ခဏာမရှိ‌ချေ။

အနောက်တိုင်းဆေးပညာအရဆိုလျှင် လူတစ်ယောက်နှလုံးခုန်နှုန်း ရပ်သွားသည်နှင့် ဦးနှောက်သေသွားပြီ ဖြစ်တာကြောင့် ထိုလူသေသွားပြီဟု သတ်မှတ်နိုင်သည်။

သို့သော် ယဲ့ဖန်၏ (အစိမ်းရောင် ဆေးကျမ်း)ထဲ၌ ကျောက်ကပ်ကသာ လူတစ်ယောက်၏အုတ်မြစ်ဖြစ်သည်ဟု ရှင်းလင်းစွာဖော်ပြထားသည်။

ကျောက်ကပ်ဟာ ရေကိုစိုးမိုးထားပြီး ကျန်းဖူအင်္ဂါငါးခု၏ အဆီအနှစ်ကို လက်ခံကာ ၎င်းတို့ကို သိုလှောင်သိမ်းဆည်းသည်။

ကျောက်ကပ်ထဲ၌ သိမ်းဆည်းထားသည့် အဆီအနှစ်များမှာ ကျောက်ကပ်ချီစွမ်းအင် အဖြစ်သို့ အသွင်ပြောင်းသွားလေသည်။ ကျောက်ကပ်ထဲ၌ ချီစွမ်းအင် ပြည့်ခြင်း၊ မပြည့်ခြင်းက လူတစ်ယောက်၏ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အသက်ကြီးခြင်း၊ သေဆုံးခြင်းတို့နှင့် ဆက်နွှယ်နေသည်။

ထို့ကြောင့် ကျောက်ကပ်မပျက်စီးသရွေ့ ထိုလူဟာ အသက်ရှင်နေနိုင်သေးသည်။

လော့လူကြီးမင်း၏မျက်နှာသွင်ပြင်အရ လူတစ်ယောက်၏အသားအရောင်ရှိနေသေးကာ သူ့ကျောက်ကပ်မသေဆုံးသေးဟု သတ်မှတ်နိုင်သည်။

မျက်နှာအရောင် လုံးဝဖြူဖျော့ကာ မီးခိုးရောင်သမ်းသွားမှသာ သူလုပ်နိုင်တာ ဘာမှမရှိတော့မှာဖြစ်သည်။

ထိုသို့တွေးမိပြီး ယဲ့ဖန် လော့ကျင်းယွမ်ကို အမြန်လှည့်ကြည့်လိုက်မိသည်။

“ဒီမှာငွေအပ်တွေဘာတွေများရှိလား”

လော့ကျင်းယွမ် ကြောင်သွားရသည်။

“ငွေအပ်လား၊ မရှိဘူး။ ငါအခုပဲ တစ်ယောက်ယောက်ကို သွားဝယ်ခိုင်းလိုက်မယ်”

ယဲ့ဖန် ခေါင်းယမ်းပြလိုက်သည်။

“သွားဝယ်နေရင် မမှီလောက်ဘူး။ သစ်နံကိုင်းပင်ရောရှိလား”

ထိုအချိန် သူ့ဘေးရှိအိမ်ထိန်းမှ အမြန်ဝင်ပြောလာသည်။

“ကျွန်တော့်မှာရှိတယ်။ ဗီလာမှာ ခြင်တွေ အရမ်းပေါလို့ ကျွန်တော့်မိန်းမက ခြင်ပြေးအောင်ဆိုပြီးဝယ်ထားတာ”

ထိုသို့ပြောကာ သူအမြန်ထွက်သွားလေသည်။

တစ်ခဏကြာပြီးနောက် သစ်နံကိုင်း တုတ်ချောင်းတစ်စည်းနှင့်အတူ ပြန်ရောက်လာသည်။

ယဲ့ဖန် ထိုအရာကိုလက်ခံရရှိပြီးနောက် အမြန်ပဲ သစ်ကိုင်းနှစ်ချောင်းကို မီးညှိလိုက်သည်။

လူတွေက ‘အပ်စိုက်ကုထုံး’ အကြောင်း ပြောရသည်ကိုကြိုက်ကြသော်လည်း အပ်ကအပ်၊ အပ်စိုက်ကုထုံးက အပ်စိုက်ကုထုံးပင်ဖြစ်သည်။

ရှေးခေတ်ကလူများဟာ ငွေအပ်ကိုသုံးပြီး လူ့ခန္ဓာကိုယ်၏အဓိကနေရာများကို အပ်စိုက်ကုထုံးနည်းဖြင့် လှုံ့ဆော်ရင်း ရောဂါကုသခဲ့ကြသည်။

နောက်ပိုင်းတွင်တော့ လူ့ခန္ဓာကိုယ်၏ အဓိကနေရာများကို မီးရှို့ထားသည့် တုတ်ချောင်း သို့မဟုတ် မီးလောင်နေသည့် မြက်တို့မှရသည့် အပူကိုသုံးကာလှုံ့ဆော်ရင်း ရောဂါကုသကြသည်။

အမှန်တော့ အဘိုးကြီးလော့၏ လက်ရှိအခြေအနေအရဆို အပ်စိုက်ကုတာက သက်ရောက်မှုအရှိဆုံးဖြစ်သည်။

သို့သော် ယဲ့ဖန်ထံ၌ ငွေအပ်ပါမလာတာကြောင့် ဒုတိယနည်းကိုသာရွေးလိုက်ရချေသည်။

သူတုတ်နှစ်ချောင်းကိုမီးညှိကာ လော့ကျင်းယွမ်အား ပြန်ကြည့်လိုက်သည်။

“ဒီတုတ်ချောင်းတွေနဲ့ လော့အဘိုးရဲ့ နားထင်ကို ပွတ်လိုက်ပါ”

ထိုသို့ပြောရင်း ဘယ်လိုလုပ်ရမည်ကို ပုံဖော်ပြလိုက်သည်။

လော့ကျင်းယွမ်လည်း ပေါ့ဆဆမလုပ်ရဲချေ။ သူအမြန်ပဲ တုတ်ချောင်းနှစ်ချောင်းကိုယူကာ ယဲ့ဖန်သင်ပေးသည့်အတိုင်း သူ့အဖေ၏ နားထင်ကိုမီးခိုးတိုက်လိုက်သည်။

ထို့နောက် ယဲ့ဖန် နောက်နှစ်ချောင်းကို မီးထပ်ညှိကာ ဒေါက်တာချောင်ကို ကြည့်လိုက်သည်။

“ခင်ဗျားလည်း အဘိုးလော့ရဲ့ အပ်စိုက်နေရာကို အပ်စိုက်ကုထုံး လုပ်လို့ရတယ်”

ချောင်ကျန်းပင်းကတော့ သူ့ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ချင်သည်။ သို့သော် လော့ကျင်းယွမ်၏ စူးရှသည့်အကြည့်ကို သတိထားမိပြီး မငြင်းဆန်နိုင်ဖြစ်သွားရကာ ယဲ့ဖန်ထံသာ လျှောက်လာလိုက်ရသည်။

ထိုသို့ဆိုလျှင်တောင် သူမပျော်မရွှင် ဖြစ်နေဆဲဖြစ်သည်။

“အရင်ရှင်းအောင်ပြောပြထားမယ်။ ငါက ကူရုံပဲကူတာနော်။ မင်းရဲ့ကုသမှုကိုတော့ မယုံဘူး”

ထိုသို့ပြောကာ တုတ်နှစ်ချောင်းကိုယူပြီး အဘိုးလော့၏ ခြေဖဝါးထက်ရှိ ယုံချွမ် အပ်စိုက်နေရာကို စတင်မီးကင်တော့သည်။

ထိုမြင်ကွင်းကိုမြင်တော့ လူတိုင်း တိတ်တဆိတ်ထိတ်လန့်သွားကြရသည်။

ဒီကောင်လေးရဲ့ဆေးပညာက ကောင်းသလား ဆိုးသလားဆိုတာ ပြောရခက်ပေမယ့် သူက တကယ်မာနကြီးတာပဲ။

လော့လူကြီးမင်းနဲ့ ချောင်လူကြီးမင်းကိုတောင် အမိန့်ပေးရဲတယ်။

သူတို့ထဲမှာ တစ်ယောက်က စီးပွားရေးလောကရဲ့ ထိပ်သီးဖြစ်ပြီး နောက်တစ်ယောက်က မြို့တော်ဆေးရုံရဲ့ ဆရာဝန်ကြီးဖြစ်သည်။ သူတို့၏ရာထူးနှင့် သရုပ်မှန်က သာမန်ထက် ပိုထူးခြားသည်။

အခုချိန်တွင်တော့ သူတို့နှစ်ဦးမှာ လူငယ်လေးတစ်ဦးရဲ့အမိန့်ပေးတာကို ခံနေရသည်။

ဒီသတင်းသာပြန့်သွားရင် လူအတော်များများထိတ်လန့်ကုန်မှာ သေချာသည်။

ယဲ့ဖန်ကတော့ ရှည်ရှည်ဝေးဝေး ရှင်းပြမနေပေ။ သူကိုယ်တိုင်လည်း နောက်ထပ် တုတ်နှစ်ချောင်းယူကာ မီးညှ်ိလိုက်ပြီး အဘိုးလော့၏ ထိုက်ချိနှင့် ရှန်းရှု အပ်စိုက်နေရာတွေကို စတင်နှိပ်နယ်ပေးနေတော့သည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်းမှာ ခန်းမအလယ်ရှိမြင်ကွင်းကို အာရုံစိုက်နေကြတာကြောင့် သူတို့နှလုံးပင် လည်ချောင်းထဲရောက်နေသည်ဟု ခံစားရလေသည်။

အချိန်က တစ်ရွေ့ရွေ့ကုန်ဆုံးလာသည်။

အခြေအနေကတော့ ဘာမှမထူးခြားသေးပေ။

အဘိုးလော့မှာ အသက်ရှင်လာမည့် လက္ခဏာမပြသေးပေ။

ထိုအစား သူ့အမူအရာမှာ ပိုလို့ပင် အရုပ်ဆိုးလာသည်။

အသက်ရှင်မည့်လက္ခဏာမှာ မရှိလုနီးပါးဖြစ်နေသည်။

ငါးမိနစ်ကြာပြီးနောက် အမွှေးတိုင် အပေါ်အပိုင်း ခပ်ကြီးကြီး လောင်မြိုက်သွားလေပြီဖြစ်သည်။

ဒေါက်တာချောင်မှာ ဆက်မကိုင်ထားနိုင်တော့တာကြောင့် ယဲ့ဖန်အား ရန်စလာသည်။

“မင်းရဲ့နည်းက မယုံရပါဘူးလို့ ငါပြောသားပဲ။ သစ်နံကိုင်းတုတ်ချောင်း နည်းနည်းလောက်နဲ့ လူတစ်ယောက်ကို အသက်ပြန်ရှင်လာအောင် လုပ်ချင်နေတာလား။ ဟာသပဲ။ အခု အဘိုးလော့အခြေအနေဘာမှမတိုးတက်လာတော့ မင်းဘာပြောနိုင်သေးလဲ”

သူစကားဆုံးဆုံးချင်းမှာပဲ ယဲ့ဖန် အဘိုးလော့၏နှလုံးကို ရုတ်တရက် ထထိုးလိုက်သည်။

ဘန်းငြိမ့်

သူတို့နှစ်ဦးကြား၌ ကြီးမားသော အမုန်းတရားအချို့ရှိနေဟန်နှင့်ပင် ထိုးလိုက်သည်။

ထိုနေရာရှိလူတိုင်း ကြက်သေသေသွားရသည်။

အပိုင်း ( ၄၅၂ )

အဖေ၊ အဖေအသက်ရှိသေးလား

ယဲ့ဖန်၏ရုတ်တရက်အပြုအမူမှာ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

အဘိုးလော့က ဆုံးပါးသွားပြီဖြစ်ပါသော်လည်း သူ့ခန္ဓာကိုယ်ကိုတော့ ဒီလိုကြီး ဖျက်ဆီးပစ်လိုက်လို့မရဘူးလေ။ အထူးသဖြင့် လော့ကျင်းယွမ်ရဲ့အရှေမှာပေါ့။

ယဲ့ဖန် အချိန်အတော်ကြာအောင် ကုသနေပါသော်လည်း ဘာမှအကျိုးမရှိတာကြောင့် အရှက်လွန်ပြီး ဒေါသထွက်သွားတာများလား။

ထိုသို့လူတိုင်းအငေးလွန်နေစဉ်မှာ…

ယဲ့ဖန်က ဒုတိယအကြိမ် ထပ်ထိုးလိုက်ပြန်သည်။

ထိုအခါမှသာ လော့ကျင်းယွမ် တုံ့ပြန်နိုင်တော့သည်။

သူချက်ချင်း လက်ထဲမှတုတ်ကိုလွှင့်ပစ်ကာ ယဲ့‌ဖန်ကို တွန်းထုတ်လိုက်သည်။

“မင်းဘာလုပ်တာလဲကွ။ ရူးနေပြီလား”

ထိုအချိန်တွင် လော့မိသားစု၏‌ သက်တော်စောင့်များလည်း ရှေ့တက်လာကာ ယဲ့ဖန်ကို ဝန်းရံလိုက်ကြသည်။

လော့ကျင်းယွမ်အမိန့်ပေးလိုက်သည်နှင့် ထိုအရူးကောင်ကို သူတို့ဆွဲထုတ်သွားမှာ ဖြစ်သည်။

ယဲ့ဖန် ခါးသက်စွာပြုံးလိုက်မိသည်။

“ကျွန်တော်က သူ့အသက်ကိုကယ်နေတာပါ”

သူဘယ်လိုရှင်းပြရမလဲမသိတော့ချေ။

အပ်စိုက်ကုထုံးဖြင့် အဘိုးလော့၏ ကျန်ရှိနေသည့် အင်နိတ်အဆီအနှစ်တွေကို အသက်သွင်းပြီး ကျောက်ကပ်ချီစွမ်းအင် တွေကို သူ့နှလုံးဆီသို့ချောချောမွေ့မွေ့ ရောက်စေရန် လုပ်ဆောင်ပြီးဖြစ်တာကြောင့် ဒီလို CPR လုပ်နည်းကိုသာ သုံးလိုက်ရင် နှလုံးနှင့်ချိတ်ဆက်မှုကို အမြန်ဖွင့်နိုင်မှာဖြစ်သည်။

ထို့ကြောင့် သူ့လက်ကိုသာအသုံးပြုရန် တတ်နိုင်သည်။

သို့သော် သူ့ခွန်အားကို သူကောင်းစွာ ထိန်းချုပ်နိုင်တာကြောင့် အဘိုးလော့ကို သူရိုက်လိုက်သည်မှာ အားပြင်းသည်ဟု ထင်ရသော်လည်း အဘိုးလော့ကို နာကျင်စေသည်အထိ မဟုတ်ချေ။

ထိုအစား သူ့အတွင်းအားတစ်ချို့ကိုပင် အဘိုးလော့၏နှလုံးထံ ပို့ပေးနေခဲ့တာဖြစ်သည်။

သို့သော် အပြင်လူများ၏အမြင်မှာတော့ သူက ထိုအဘိုးအို၏အလောင်းကို ဖျက်ဆီးနေသည့်အသွင်ဖြစ်သွားသည်။

ယဲ့ဖန် သူတို့ကို ဘယ်လိုရှင်းပြရမလဲ မသိတော့ချေ။

တစ်ဖက်တွင်လည်း ဒေါက်တာချောင်ဟာ လော့ကျင်းယွမ်အား ပီတိဝေစွာကြည့်ကာ သွေးထိုးနေသည်။

“သူကလူလိမ်ပါလို့ ကျွန်တော်ပြောသားပဲ။ လော့လူကြီးမင်းက ကျွန်တော့်ကိုမှ မယုံတာ။ အခုတော့မြင်ပြီမလား”

လော့ကျင်းယွမ် သူ့လေသံကိုမကြိုက်သော်လည်း ဒီတစ်ကြိမ်တွင်တော့ သူမှန်သွားသည်ကို ဝန်ခံရပေမည်။ သူလူမှားပြီး ယုံခဲ့မိတာဖြစ်သည်။

“ဟူး၊ သူ့ရဲ့တည်ငြိမ်နေတဲ့ပုံစံကိုမြင်တော့ သူတကယ်လုပ်နိုင်တယ်လို့ ထင်ခဲ့မိတာ။ မထင်ထားဘူး…”

“လော့လူကြီးမင်း၊ ခင်ဗျား ဒီလူလိမ်ကောင်ကို ဒီတိုင်းလွှတ်ပေးလိုက်လို့ မဖြစ်ဘူးနော်။ သူတခြားသူတွေကိုပါ အန္တရာယ်မပြုအောင် မျှမျှတတလုပ်မှ ဖြစ်မယ်”

ချောင်ကျန်းပင်း လော့ကျင်းယွမ်ကို ချက်ချင်းအကြံပေးလိုက်သည်။

“ထားလိုက်ပါတော့၊ ကျုပ်အဖေလည်း သေသွားပြီပဲ။ သူနဲ့စကားများချင်စိတ် မရှိဘူး။ လွှတ်ပေးလိုက်ပါ”

ချောင်ကျန်းပင် ထပ်ပြောချင်သေးပေမယ့် လော့ကျင်းယွမ် စိတ်အခြေအနေမကောင်း သည်ကိုမြင်တော့ သူပါးစပ်ပိတ်ထားရုံသာ တတ်နိုင်တော့သည်။

ချောင်ကျန်းပင် ယဲ့ဖန်အား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

“လော့လူကြီးမင်းက မင်းနဲ့ထပ်စကားမများချင်တာကြောင့် ကံကောင်းသွားတယ်မှတ်။ အခုချက်ချင်း ထွက်မသွားသေးဘူးလား”

ယဲ့ဖန်လည်း ပြိုင်ငြင်းမနေတော့ပဲ လှည့်ထွက်လာလိုက်သည်။

သူက စနစ် ၏ မစ်ရှင်ကို ပြီးမြောက်အောင်လုပ်ချင်ခဲ့ရုံသာဖြစ်သည်။

အခုမစ်ရှင်လည်းပြီးသွားပြီဆိုတော့ ကျန်တာ သူ့ကိစ္စမဟုတ်တော့ပေ။

သူတံခါးကထွက်လာပြီးပြီးချင်းမှာပဲ စနစ် မှ အသံထွက်ပေါ်လာသည်။

[အခွင့်အရေးလမ်းညွှန်ချက်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။

ဆုကြေး-ယွမ်ငါးသန်းတန်၊ တန်းယွဲ့ ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီ]

ယဲ့ဖန် ထွက်လာပြီးပြီးချင်းမှာပဲ လော့ကျင်းယွမ် မူးဝေစွာထကာ ပြောသည်။

“အိမ်တော်ထိန်းကျန်း၊ မီးသင်္ဂြိုလ်ရုံကို ဆက်သွယ်ပြီး အသုဘအတွင် ပြင်ဆင်လိုက်ပါ”

အိမ်ထိန်းကျန်းလည်း မဆိုင်းမတွပင် ခေါင်းငြိမ့်လိုက်သည်။

သူအဘိုးလော့၏ အလောင်းကို ရှင်းတော့မည့်ဆဲဆဲမှာ ရုတ်ချည်းဆိုသလို အဘိုးလော့၏လက်ချောင်းလှုပ်သွားသည်ကို မြင်လိုက်ရသည်။

အိမ်ထိန်းကျန်းမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။

သူ့ကိုယ်သူသရဲမြင်လိုက်ရသည်ဟုပင် ထင်လိုက်မိကာ မျက်လုံးပွတ်ပြီး နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။

ဒီတစ်ကြိမ်တွင်တော့ လက်ချောင်းတင် မဟုတ်ပဲ မျက်ခွံပါလှုပ်လာသည်။

ထိုအခါ သရဲမြင်လိုက်ရသလို ချက်ချင်း ထအော်တော့သည်။

“ရှင်သေးတယ်ငြိမ့် အသက်ရှင်သေးတယ်။ သခင်ကြီးအသက်ရှင်နေသေးတယ်”

အခန်းထဲရှိလေထုမှာ လတ်တလော လူသေထားသည်ကြောင့် မှောင်မိုက်နေခဲ့တာဖြစ်သည်။

ထို့ကြောင့် လူတိုင်း ဆံပင်ထောင်သွားကြရသည်။

လော့ကျင်းယွမ် အမြန်လှည့်ကြည့်လိုက်သည်။

“ဘာ”

အိမ်ထိန်း‌ကျန်း အဘိုးလော့၏ တုန်ယင်နေသည့်လက်ချောင်းတွေကို ညွှန်ပြလိုက်သည်။

“အဘိုးကြီးရဲ့လက်ချောင်းနဲ့ မျက်ခွံက… လှုပ်သွားတယ်”

လော့ကျင်းယွမ်နှင့် ချောင်ကျန်းပင်းတို့ အစကတော့ ကြောင်‌ရပ်နေကြပေမယ့် အမြန်ပြေးလာကြသည်။

ထို့နောက်တွင်တော့ အဘိုးလော့၏မျက်နှာ သွေးရောင်ပြန်လွှမ်းလာသည်ကို မြင်လိုက်ရသည်။

နဂိုကဖြူဖျော့နေသည့်အသားအရေမှာ သွေးရောင်ပြန်သမ်းလာသည်။

ချောင်ကျန်းပင်းလည်း သူ့နားကြပ်ကို အမြန်ထုတ်ကာ အဘိုးကြီး၏နှလုံးကို စမ်းသပ်လိုက်သည်။

ဒုတ်၊ ဒုတ်၊ ဒုတ်…

နှလုံးခုန်နှုန်းမှာ အားနည်းနေ‌ပါသော်လည်း ကြည်လင်နေသောကောင်းကင်ထက်မှ လျှပ်စီးကဲ့သို့ သူ့နားထဲကို ထင်ထင်ရှားရှား ရောက်ရှိလာသည်။

အစောက သူနှလုံးခုန်နှုန်းစမ်းသပ်ကြည့်တုန်းက အသိအသာကို နှလုံးခုန်နှုန်းရပ်နေခဲ့တာဖြစ်သည်။

ဘယ်လိုလုပ်ပြန်ခုန်လာတာလဲ

ချောင်ကျန်းပင်း၏မျက်နှာမှာ သရဲတစ်ကောင်မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။

လူတိုင်း စိတ်ရှုပ်ထွေးနေစဉ်မှာပဲ…အဘိုးအို၏မျက်လုံးပွင့်လာသည်။

“အားယွမ်၊ မင်းရောက်နေတာပဲ”

သူ့အသံမှာအားနည်းနေကာ အချိန်မရွေး ရပ်သွားတော့မလိုဖြစ်နေသည်။

သို့သော် ထိုအရာကိုမြင်လိုက်ရသည်နှင့် လော့ကျင်းယွမ်မှာ အလွန်ပျော်ရွှင်သွားရသည်။

“အဖေ၊ အသက်ရှိသေးတာလား”

ထိုစကားက နားထောင်ရတာ ကသိကအောက်ဖြစ်နေပေမယ့် ထိုနေရာ၌ ရှိနေသည့်သူများမှာတော့ မှားသည်ဟု မခံစားမိပေ။

အစောကပင် အဘိုးလော့သေသွားသည်။ သို့သော်ယခုတွင်တော့ ရုတ်တရက်ကြီး သရဲကားကြည့်နေရသလိုပင် အသက်ပြန်ရှင်လာသည်။

လူတိုင်း အနည်းငယ်မယုံကြည်နိုင် ဖြစ်သွားရသည်။

သရဲများလား

အဘိုးလော့အားနည်းစွာ စကားစပြောလာသည်။

“ငါ… ငါအသိလွတ်သွားတယ်လို့ ခံစားလိုက်ရပေမယ့် … ငါနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာ အနွေးကြောင်းလေး စီးဝင်လာတာကို ခံစားမိလိုက်ပြီး … ပြန်နိုးလာတာပဲ… ကြည့်ရတာ သေဖို့ ကံမပါသေးဘူးထင်တယ်…”

အဘိုးလော့၏စကားကိုကြားမှ လော့ကျင်းယွမ် အစောကလူငယ်လေးကို ပြန်သတိရသွားသည်။

ဒါတွေအကုန်… အဲ့ကောင်လေး လုပ်လိုက်တာများလား။

အဲ့တော့ သူကအရူးကောင်မဟုတ်ပဲ တကယ့်ဆေးဆရာအစစ်ဖြစ်နေခဲ့တာလား။

“အမြန်လုပ်… အစောကကောင်လေးကို ပြန်လိုက်ခေါ်စမ်း”

လော့ကျင်းယွမ် အိမ်တော်ထိန်းကျန်းနှင့် သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။

သူပြောနေစရာပင်မလိုဘဲ အိမ်တော်ထိန်းကျန်းမှာ ယဲ့ဖန်ကို လိုက်ခေါ်ရန် လူလွှတ်ပြီးနေပြီဖြစ်သည်။

သို့သော် သိပ်မကြာခင်မှာ သူလွှတ်လိုက်သည့်လူတွေ ပြန်ရောက်လာသည်။

“ဘေးက ဗီလာရဲ့တံခါးက သော့ခတ်ထားပါတယ်။ ပြီးတော့ အထဲမှာလည်း လူမရှိပါဘူး”

“ဘာ”

ထိုသတင်းကိုကြားတော့ လော့ကျင်းယွမ်မှာ ခပ်ပြင်းပြင်းအထိုးခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။

ကောင်လေးက သူ့အဖေရဲ့အသက်ကို ကယ်ပေးခဲ့ပေမယ့် သူကတော့ ထိုကောင်လေးကို နှင်ထုတ်လိုက်မိသည်။

ဒီလိုကျေးဇူးမသိတတ်သည့် အကြောင်းသာ ပြန့်သွားရင် လော့ကျင်းယွမ် ဘယ်မျက်နှာနဲ့ အသက်ရှင်ရပါ့မလဲ

ထိုသို့တွေးမိပြီးနောက် လော့ကျင်းယွမ် အိမ်တော်ထိန်းကျန်းကို အမြန် အမိန့်ပေးလိုက်သည်။

“အဲ့ကောင်လေးကို တတ်နိုင်သမျှ အမြန်ဆုံးရှာကြစမ်း”

အိမ်တော်ထိန်းကျောက်မှာ အခက်တွေ့နေဟန်ပြန်ဖြေလာသည်။

“ဒါပေမယ့် သခင်ကြီး၊ ကျွန်တော်တို့ အဲ့လူငယ်လေးရဲ့နာမည်ကိုတောင် မသိလိုက်ရဘူးလေ”

All Chapters