← Chapters

ရှင် သွားလို့မရဘူး

Vol. 5 Ch. 66

ရှင် သွားလို့မရဘူး

Vol. 5 Ch. 66

လျူယောင်က ဝမ်လီမှာထားတဲ့ စာရင်းစာရွက်ကိုကြည့်ကာ ခပ်အေးအေးပင် ရှိနေခဲ့သည်။

ဝမ်လီက စျေးကြီးတဲ့ ဟင်းပွဲများကို မှာခဲ့တာမို့ ဒီတစ်နပ်တည်းဖြင့် ငွေ သိန်း ၁၀၀ နီးပါး(‌ဒေသခံငွေ ၇-၈ ထောင်ခန့်) ကုန်ကျမယ်လို့ တွေးလိုက်မိသည်။

သာမန်လူတစ်ယောက်ရဲ့ လစာတစ်လစာ နီးပါးဖြစ်တယ်လို့လည်း တွေးမိသည်။

သူမ တွေးလိုက်မိတာက လျူယောင်တစ် ယောက် ရင်ကွဲနာကျလုမတတ် မျက်နှာပျက် နေလိမ့်မယ်ဟုပင် ။ဒါပေမဲ့ လျူယောင်က ဘာမျက်နှာပျက်စကားမှပင် မဆိုလာခဲ့ပေ။

ဝမ်လီသည် စိတ်ထဲ၌ တွေးလိုက်မိသည်။

“ဒါဆိုရင်တော့ သူက ဟင်းပွဲတွေရဲ့ စျေးနှုန်းကို မကြည့်ခဲ့တာပဲဖြစ်ရမယ်။ အခုငါ မှာထားတာ သူ့ရဲ့ လစာတစ်လစာနီးပါးလောက် ရှိနေတယ် ဆိုတာကို သူ မသိတာပဲ ဖြစ်ရမယ် ". ဟုတွေးလိုက်သည်။

လျူယောင့်နှလုံးသားမှာ ကြည်လင်နေတဲ့ မှန်တစ်ချပ်လိုပင် ဖြစ်သည်။

“ငါက ခုလေးတင် ဒေါ်လာသန်း ၂၀ လောက် ရထားတာ၊ ဒီလောက် ဟာလေးကို ဂရုစိုက် နေစရာ မလိုပါဘူး” ဟု လျူယောင် တွေးလိုက်သည်။

ဝမ်လီ မှာယူပြီးနောက်တွင် လျူယောင် က စာရင်းစာရွက်ကို ယူကာ ဘေးတွင်ရှိတဲ့ စားပွဲထိုးအား မေးလိုက်သည်။

“ခင်ဗျားတို့ရဲ့ စားသောက်ဆိုင်မှာ နာမည်ကြီးတဲ့ ဟင်းပွဲက ဘာများလဲ !အကောင်းဆုံးကို ပြောတာပါ”

“စျေးအကြီးဆုံး ဟင်းပွဲက အမြဲတမ်း အကောင်း ဆုံးဖြစ်ပါတယ်”

စားပွဲထိုးက ပြန်ဖြေခဲ့သည်။

“ကျွန်တော်တို့ဆိုင်ရဲ့ နာမည်ကြီး ဟင်းပွဲ တွေကတော့ အားလုံး အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရွှေတံဆိပ် ငှက်သိုက် ကို စမ်းကြည့်စေချင်ပါတယ်။ အရသာ ရှိရုံ သာမက အမျိုးသမီးတွေအတွက် အသား အရေကိုလည်း လှပစေပါတယ်”

လျူယောင့် အကြည့်က စာရွက်ပေါ် ရောက်ရှိ သွားပြီး ရွှေတံဆိပ် ငှက်သိုက်ရဲ့ စျေးနှုန်းကို တွေ့လိုက်ရသည်။တစ်ခွက်လျှင် ၁၉၈၈ ယွမ်(၈ သိန်းခွဲ)၊ တစ်ခွက်ကိုပင် ၂၀၀၀ နီးပါးရှိနေ သည်။

ရုတ်တရက် ဝမ်လီရဲ့မျက်လုံးမှာ အံ့သြစွာဖြင့် ပြူးကျယ်သွားခဲ့သည်။

သူမက ရွှေတံဆိပ်ငှက်သိုက်ရဲ့ စျေးနှုန်းကို သိ နှင့် ပြီးသားဖြစ်သည်။

နည်းနည်းလေး သောက်လိုက်ရုံဖြင့် တစ်ခွက်ကို ယွမ် ၂၀၀၀ နီးပါး ပေးရခြင်းသည် အလွန်ပင် စျေးကြီးလှတယ်လို့ ယူဆရသည်။

ဝမ်လီရဲ့ မျက်နှာပေါ်တွင် အံ့သြမှုများ ပေါ်လွင် နေပြီး လျူယောင် ကို အကြိမ်ကြိမ် ကြည့်လိုက် မိသည်။

ဝမ်လီ ကိုယ့်ဘာသာကိုယ် တွေးလိုက်သည်။

“ဒီလူကက ချမ်းသာတယ်ဆိုတာကို ပြချင်လို့လ ား၊ ဒါမှမဟုတ် တကယ်ပဲ ချမ်းသာတာလား”

လဲ့လဲ့ ပြောပြချက်အရ လျူယောင်ဟာ ကျေး လက် ဒေသမှ လာသူဖြစ်သည်။ တက္ကသိုလ် ပြီးတာကလည်း တစ်နှစ်ကျော်သာ ရှိတာ ကြောင့် ငွေများစွာ ရှိရန်မှာ မဖြစ်နိုင်ပေ။

ဒီလိုဆိုရင် သူက ဘယ်လိုကြောင့် မျက်တောင် မခတ်ပဲ ငှက်သိုက်ကို မှာယူနေရတာပါသနည်း။

ဝမ်လီ စိတ်မကြည်မသာဖြစ်နေခဲ့သည်။

သူမဒီနေရာသို့ လာရောက်စားသောက်ရန် အကြံပြုခဲ့တာက ဒီစားသောက်ဆိုင်က စျေးကြီးတဲ့ အချက်ကြောင့် လျူယောင် ကို စမ်းသပ်ကြည့်ချင်လို့ ဖြစ်သည်။

လျူယောင့် ပိုက်ဆံအိတ်ထူသလား၊ ရက်ရော သလား၊ လဲ့လဲ့ ကို တကယ်ချစ်ရဲ့လားဆိုတာကို စမ်းသပ်ချင်လို့ပဲ ဖြစ်သည်။

သူမ မျက်စိစုံမှိတ်ပြီး ချိန်းတွေ့ဖူးတဲ့ အချို့အ မျိုးသားများမှာ အိမ်သာသွားမယ်လို့ အ ကြောင်းပြပြီး ခိုးထွက်သွားတတ်တာကိုလည်း မြင်ခဲ့ဖူးသည်။

လျူယောင် ကလည်း များပြားလှတဲ့ ဟင်းပွဲများကို မှာယူပြီး ဖုန်းပြောရန် ဒါမှမဟုတ် အိမ်သာသွားရန် အကြောင်းပြကာ တိတ်တိတ်ကလေး ထွက်ပြေးပြီး WeChat နှင့် ဖုန်းနံပါတ်ကို ပိတ်ထားလိုက်မည်လော။

ဒီလိုသာဆိုရင်တော့ ‌‌‌‌‌‌‌အခြေအနေက ကြောက် စရာကောင်းလောက်အောင်ပင် ဖြစ်ပေ လိမ့်မယ်။ လဲ့လဲ့နဲ့ သူမက ရှင်းဖို့ ငွေမရှိကြပါ။ သေချာပေါက် ကြောက်စရာကောင်းလှသည်။

ဒီအကြောင်းကို တွေးမိတဲ့အခါ ဝမ်လီ အနည်း ငယ် နောင်တရသွားပြီး လျူယောင် ထွက်ပြေ းမသွားအောင် သတိထားကြည့်နေခဲ့သည်။

ရွှေတံဆိပ် ငှက်သိုက် သုံးခွက် မှာယူပြီးနောက် လျူယောင် က “ဘာသောက်မလဲ” ဟု ထပ်မေးလိုက်သည်။

ဝမ်လီ စိတ်ထဲတွင် တွေးလိုက်မိတာက

“အိုမိုင်ဂေါ့! ငါက ပိုပြီးမှာနေရင် ခဏနေရင် ဒီလူ ထွက်ပြေးသွားတော့မှာပဲ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ နောက်ထပ် မမှာသင့်ဘူး” လို့ပင် ဖြစ်သည်။

“လျူယောင်၊ ရေနွေးပဲ သောက်ရအောင်။ တခြားဘာမှ မမှာတော့ဘူး”

လျူယောင် က ပြုံးလိုက်ပြီး “မသောက်ချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ၊ ကျွန်တော်တို့ ဝိုင်နီသောက်မယ်။ အရက်ဓာတ်လည်း မများဘူး၊ အမျိုးသမီးတွေလည်း သောက်လို့ရတယ်” ဟုပြောလိုက်သည်။

စကားပြောပြီးနောက်တွင် လျူယောင်ကဘေးမှ စားပွဲထိုးဘက် လှည့်ကာ

“ခင်ဗျားတို့ ဆိုင်မှာ အကောင်းဆုံး ဝိုင်နီက ဘာ များလဲ” ဟု မေးလိုက်သည်။

စားပွဲထိုးက “ကျွန်တော်တို့ ဆိုင်မှာတော့ လာ ဖိုက်နဲ့ XO ရှိပါတယ်။ ဘယ်ဟာကို ယူမလဲ မသိဘူး” ဟု ပြန်ဖြေခဲ့သည်။

လျူယောင်က

“ဒါဆိုရင်တော့ လာဖိုက် တစ်ပုလင်း ယူခဲ့ပါ” လို့ ပြောလိုက်သည်။

ဝမ်လီက တားဆီးချင်ပေမဲ့ သူမ စကား မပြော ခင်ပင် စားပွဲထိုးက ဝိုင်နီယူရန် ထွက်သွားပြီး မကြာမီပင် လာဖိုက်တစ်ပုလင်းနှင့် ပြန် လာခဲ့သည်။

“ဆရာ၊ ဒါက လာဖိုက်ပါ၊ တစ်ပုလင်းကို ၁၂၈၀၀ ယွမ်(သိန်း ၅၀ ကျော်) ရှိပါတယ်။ အခုပဲ ဖွင့်လိုက်ရမလား”

လျူယောင် လက်ကို ဝှေ့ယမ်းကာ “ဖွင့်လိုက် ပြီးကျွန်တော်တို့ သုံးယောက်လုံးအတွက် တစ်ခွက်စီ ထည့်ပေးပါ” ဟု ပြောလိုက်သည်။

စားပွဲထိုးက ဝိုင်ကိုဖွင့်ပြီး ဖန်ခွက်ရှည်များထဲကို တစ်ယောက်တစ်ခွက်စီ လောင်းပေးနေတာကို ကြည့်ကာ ဝမ်လီက လျူယောင် အကြောင်းပြ ချက်ပေးပြ​ီး ထွက်ပြေးသွားမှာကို စိုးရိမ်ကာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

ဝိုင်လောင်းပြီးနောက် လျူယောင် ထရပ်ကာ “လဲ့လဲ့ ကို အိမ်သာခဏသွားလိုက်ဦးမယ်” ဟု ပြောလိုက်သည်။

ရုတ်တရက် ဝမ်လီ အလွန်အမင်းပင် စိတ်ပူသွ ားခဲ့သည်။

“မရဘူး၊ ရှင် အိမ်သာမသွားရဘူး” လို့ သူမ အော်လိုက်သည်။

လဲ့လဲ့လည်း အံ့သြစွာဖြင့် ဝမ်လီကို ကြည့် လိုက်ပြီး

“ဒီနေ့ သူမ ဘာဖြစ်နေတာလဲ” ဟု တွေးလိုက် မိသည်။ ဝမ်လီကို တစ်ချက်ကြည့်ပြီးနောက် လဲ့လဲ့က

“အစ်ကိုယောင်သွားပါ၊ ကျွန်မတို့ စောင့်နေ မယ်” ဟု ပြောလိုက်သည်။

လျူယောင် ခေါင်းညိတ်ပြလိုက်ပြီး အိမ်သာကို ထွက်သွားလိုက်သည်။

လျူယောင် ထွက်သွားတာကို မြင်တဲ့အခါ ဝမ်လီ့ရဲ့ စိတ်ထဲတွင် “ပြီးပြီ၊ ပြီးပြီ။ ဒီတစ်ခ ါတော့ ယွမ် ၂-၃ သောင်းလောက် ကုန်တော့မှ ာပဲ။ဟိုကောင် လျူယောင် ထွက်ပြေးသွား ပြီပဲ” လို့ တွေးမိနေတော့သည်။

မိမိကိုယ်ကို အားမလိုအားမရ ရေရွတ်ပြီး နောက် ဝမ်လီက “လဲ့လဲ့၊ နင့် ရဲ့ ရည်းစား ထွက်ပြေးသွားရင် ငါတို့ နှစ်ယောက်တည်း ငွေရှင်းရတော့မယ်။ ဘယ်လိုလုပ်မလဲ။ ငါ့မှာ အဲ့လောက်ပိုက်ဆံ မရှိဘူး” လို့ ပြောလိုက်သည်။

လဲ့လဲ့က ‌ယုံကြည်မှုအပြည့်ဖြင့် “မဟုတ်ဘူး။ သူ ပြန်လာမှာပါ” ဟု ပြန်ဖြေလိုက်သည်။

အမှန်တကယ်ပင် သုံးမိနစ်မှ ငါးမိနစ်ခန့် ကြာပြီ းနောက် လျူယောင် ပြန်လာခဲ့သည်။ သူက အိမ်သာတွင် ရေသွားချိုးကာ လက်ဆေးခဲ့ခြင်းသာ ဖြစ်သည်။

သူရဲ့နေရာတွင် ပြန်ထိုင်ပြီးနောက် လျူယောင် ဝိုင်နီကို ကောက်ယူကာ

“ကဲ၊ သောက်ကြရအောင်။ မနေ့က ငါ စုဆောင်းထားတဲ့ ငွေတွေကို ဂုဏ်ပြုပြီးတော့၊ ဒီနေ့ လဲ့လဲ့ရဲ့ အခန်းဖော် မဝမ်လီနဲ့ တွေ့ဆုံတာကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ သောက်ရအောင်” ဟု ပြောလိုက်သည်။

အမျိုးသမီးနှစ်ဦးသည် ဝိုင်နီကို ကောက်ယူကာ တစ်ငုံစီ သောက်လိုက်သည်။

ဝိုင်ခွက်ကို ပြန်ချပြီးနောက် ဝမ်လီက

“လျူယောင် ရှင် ချမ်းသာတယ်ဆိုတာ ဘယ်လောက်လဲ၊ ထောင်ဂဏန်းလား၊ ဒါမှမဟုတ် သောင်းဂဏန်းလား” ဟု စပ်စုစွာ မေးလိုက်သည်။

လျူယောက်က ပြုံးပြီး “ဒေါ်လာ သန်း ၂၀ ပါ” လို့ ပြန်ဖြေလိုက်သည်။

ဝမ်လီ အစပိုင်းတွင် လန့်သွားပေမဲ့ သူမရဲ့ မျက်နှာတွင် မယုံကြည်နိုင်တဲ့ အမူအရာများ ပေါ်လာကာ နှုတ်ခမ်း တွန့်သွားခဲ့သည်။

စိတ်ထဲကနေ “ကလေးဆန်လိုက်တာ၊ ဒေါ်လာ သန်း ၂၀ ဆိုတာထက် ယွမ် ၂၀၀၀ လောက်ပဲ ဖြစ်မှာပါ” ဟု တွေးလိုက်မိသည်။

လျူယောင် ဘာ ရှင်းပြချက်မှ မပေးဘဲ ပြုံးနေခဲ့သည်။

လဲ့လဲ့ကလည်း အနည်းငယ် ပြုံးလိုက်သည်။

သူမက လျူယောင်ပြောတာ မှန်ကန်တာကို သိနေခဲ့သည်။ မနေ့က သူတို့ နှစ်ယောက်မှာ WeChat ဖြင့် အချိန်အကြာကြီး စကား ပြောခဲ့ကြပြီး လျူယောင်က မင်းသား A ရဲ့ လည်ဆွဲကို ပြန်ရှာတွေ့ ခဲ့ပြီး ဒေါ်လာ သန်း ၂၀ ဆုရခဲ့ကြောင်း ပြောပြခဲ့သည်။

ဒီဆိုင်က ပစ္စည်းတွေက စျေးနည်းနည်းကြီး ပေမယ့် တကယ်ကို ကောင်းပါတယ်။

သူတို့ သုံးယောက် စကားပြောရင်း စားသော က်ခဲ့ကြသည်။

နာရီဝက်ခန့် စားသောက်ပြီးနောက် လျူယောင် မထွက်ခွာသေးတာကို မြင်တဲ့အခါ ဝမ်လီ တဖြည်းဖြည်း စိတ်အေးသွားပြီး အစားအ စာများကို နှစ်သက်စွာ စားသောက်ခဲ့သည်။

ငှက်သိုက်ခွက်ကို ကောက်ယူပြီး စားသော က်လိုက်သည်။ ထို့နောက် ချီးကျူးကာ

“လျူယောင်၊ ဒီတစ်ခါတော့ ယွမ် ၂-၃ သောင်း လောက် ကုန်ကျသွားပြီဆိုတော့ ရှင့်ရဲ့ စု ဆောင်းထားတဲ့ ငွေတွေ အကုန် ကုန်သွား လောက်ပြီ။ စားဖို့အတွက် ငွေမရှိတော့ ဘူးဆိုရင် ကျွန်မတို့ဆီ လာခဲ့ပါ။ လဲ့လဲ့နဲ့ ကျွန်မက ရှင်စားဖို့အတွက် ဂရုစိုက်ပေးမယ်” ဟု ပြောလိုက်သည်။

လျူယောင် ရယ်မောလိုက်သည်။

သူ့ရဲ့စိတ်ထဲတွင် “လဲ့လဲ့ရဲ့ အကောင်းဆုံး သူငယ်ချင်းက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ။ ငါ့မှာ ငွေကုန်သွားရင် စားစရာ မရှိတော့မှာကိုတောင် စိုးရိမ်ပေးနေသေးတာပဲ” လို့ တွေးလိုက်မိသည်။

လဲ့လဲ့ကလည်း ပြုံးရယ်နေသည်။ သူမဟာ လျူယောင်ရဲ့ ပိုင်ဆိုင်မှုများကို သိထားတာ ကြောင့် ယွမ် ၂-၃ သောင်းဆိုတာက ဘာမှ မဟုတ်ပေ။

စားသောက်ပြီးနောက် လျူယောင် ငွေရှင်း လိုက်သည်။ သူက အလွန်ပင် ရက်ရောပြီး ငွေရှင်းရာတွင် မည်သည့် ဖိအားမှ မရှိပေ။

ဝမ်လီ တိတ်တိတ်ကလေး အံ့သြနေခဲ့သည်။

သူမရဲ့ တွေးခေါ်မှုအရ လျူယောင် ရင်ကွဲနာ ကျလုမတတ် ဖြစ်နေသင့်သည်။ဒီဟာက ယွမ် ၂-၃ သောင်းဖြစ်ပြီး ယွမ် ၂-၃ ထောင် မဟုတ်ပေ။

ဒါပေမဲ့ ဒီ လူ က မည်သည့် ဖိအားမှ မခံစားရ ခြင်းမရှိပေ။

ငွေရှင်းရာတွင် လျူယောင် အလွန်ပင် ပေါ့ပေါ့ပ ါးပါး ရှိနေသည်။

စားသောက်ပြီး ငွေရှင်းပြီးနောက် ည ၈ နာရီ ကျော်ကျော်လေး ရှိသေးတာကြောင့် လျူ ယောင်က “ဘယ်ကို သွားပြီးတော့ ဆော့ ဦးမလဲ” လို့မေးလိုက်သည်။

All Chapters