← Chapters

ဧရာမ လှံကို လုပ်ခိုင်းခြင်း

Vol. 5 Ch. 71

ဧရာမ လှံကို လုပ်ခိုင်းခြင်း

Vol. 5 Ch. 71

ယွန်ကွမ်ဟွေ့ ပရိုတွန်ကို ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်ခဲ့တာက ရှီလီဘင်းထံ အစီ ရင်ခံခြင်းပဲ ဖြစ်သည်။

"ဘာ! "

ယန်​ကွမ်ဟွေ့ပြောတာကို နားထောင်ပြီးနောက် ရှီလီဘင်း မျက်နှာ ပြောင်းလဲသွားခဲ့သည်။

သူက ကျိုးယန်ရဲ့ ခြိမ်းခြောက်ခြင်းကို ခံရ လိမ့် မယ်လို့ လုံးဝမမျှော်လင့်ခဲ့ပေ။ တစ် ဖက် က ငြိမ်းချမ်းရေးကို လိုလားတာလို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးတွင် ပရိုတွန်အဖွဲ့ကိုသာ တိုက်ရိုက် ခြိမ်းခြောက်ခဲ့သည်။

"ဒါက မဖြစ်သင့်ဘူး "

ရှီလီဘင်းရဲ့မျက်နှာက ဒေါသကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး သွားများကို ကြိတ်ကာ

“နောက်တစ်ခါ Global ကို ထပ်မံတိုင်ကြား လိုက်ပါ။ သူတို့သင်္ဘောတွေ ဆိပ်ကမ်းကနေ ဘယ်တော့မှ ထွက်ခွာလို့မရအောင် ငါတားမြစ် ထားမယ်" ဟုပြောလိုက်သည်။

ကျိုးယန် ကုမ္ပဏီကို အမြန်ပြန်လာပြီး လျူ ယောင်ထံ အခြေအနေကို အစီရင်ခံခဲ့သည်။ အစီရင်ခံပြီးနောက် ကျိုးယန်က သက်ပြင်း ချကာ

“သူဋေး ကျွန်တော်တို့ ပထမဆုံး ရှုံးသွား ပုံရပါတယ်။ ပရိုတွန်အဖွဲ့ ကို လက်စားချေ ဖို့အတွက် အစီအမံတချို့ကို လုပ်ဆောင် ရပါလိမ့်မယ်" ဟုပြောလိုက်သည်။

"ပရိုတွန်အဖွဲ့ကို ဘယ်လိုလက်စားချေမလဲ "

ကျိုးယန်က ရိုးရိုးသားသားပြောရရင် လတ် တ လောတွင် အလွန်ကောင်းမွန်တဲ့ နည်းလမ်းကို မစဉ်းစားမိသေးပေ။

ဘာလို့လဲဆိုတော့ ပရိုတွန်အဖွဲ့ က အလွန်အ င်အားကြီးမားလွန်းသည်။ သူတို့တွင် အရွယ်အ စားအမျိုးမျိုးရှိတဲ့ သင်္ဘောတစ်ရာကျော်ရှိပြီး တန်ချိန် တစ်သောင်း ကျော်ရှိတဲ့သင်္ဘော အ နည်းဆုံး ၆၀ မှ ၇၀ ခန့်ရှိသည်။ စက်မှု့လုပ် ငန်း တွင်လည်း ဧရာမအဖွဲ့အစည်းတစ်ခုဖြစ်သည်။

Global မှာမူ အချိန်တိုအတွင်း တည်ထောင်ထ ားခဲ့ပြီး လွှမ်းမိုးမှုတစ်ရပ်ကို မဖန်တီး နိုင် သေး ပေ။ ခွန်အားအရ ပရိုတွန်အဖွဲ့နဲ့ ဘယ်လိုမှ မ ယှဥ်နိုင်ပေ။

ပထမတွင် သူဋေးက နောက်ဆက်တွဲ ဘယ်လို လက်တုံ့ပြန်မှုတွေ လုပ်သင့်တယ်လို့ မေးလိမ့် မယ်လို့ ထင်ခဲ့ပေမဲ့ လျုယောင်က မမေးခဲ့ပေ။

အစားထိုးအနေဖြင့် သူက ယုံကြည်မှုရှိစွာဖြင့်

"မစ္စတာချူး၊ ခင်ဗျားလက်ခံပြီးရင်တော့ ရှိုးပွဲ ကိုသာ ကြည့်နေလို့ရပါပြီ။ ကျွန်တော့်မှာ ပရိုတွန် ကို တန်ပြန်ဖို့ နည်းလမ်းရှိပါတယ်" ဟုပြောခဲ့သည်။

"တကယ်လား"

"ဒါဆို အရမ်းကောင်းတာပေါ့!"

ကျိုးယန် ခဏတာ စိတ်သက်သာရာရသွားပြီး သူဋေးက ဘယ်လိုအစီအမံတွေ လုပ်ဆောင် မယ်ဆိုတာကို မေးချင်ခဲ့ပေမဲ့ လျုယောင်က အသေးစိတ်ပြောပြလိုပုံမရတဲ့အတွက် သူ့ ဘက်ကလည်း တိကျတဲ့ မေးခွန်းများကို မမေးနိုင်ခဲ့ပေ။

"သူဋေးမှာ နည်းလမ်းရှိရင် ဒါအဆင်ပြေမှာပါ "

ခဏတာ စဉ်းစားပြီးနောက် လျုယောင်က

"ဒီမှာ ငါ ရေးဆွဲထားတဲ့ ပုံကြမ်းတစ်ခု ရှိတယ်။ ခင်ဗျားက ဒီပုံကြမ်းရဲ့ လိုအပ်ချက်တွေအတိုင်း ပစ္စည်းတွေထုတ်လုပ်ဖို့အတွက် စွမ်းဆောင် ရည် ရှိတဲ့ ထုတ်လုပ်ရေးစက်ရုံကို သွားလို့ ရပါ တယ်။ ဘယ်လောက်ကုန်ကျတယ်ဆိုတာ အ ရေးမကြီးပါဘူး။ အဓိကကတော့ မြန်ဆန် ဖို့ပဲ နှစ်ရက် သုံးရက်အတွင်း ထုတ်လုပ်နိုင်ရင် အ ကောင်းဆုံးပဲ"လို့ ပြောလိုက်သည်။

ကျိုးယန် ပုံကြမ်းကိုယူကြည့်ပြီး အံ့သြသွား သည်။

ပုံတွင် ရေးဆွဲထားတာက လှံတစ်ချောင်းဖြစ်ပြီး ပေ ၂၀ ရှည်တဲ့ ဧရာမလှံကြီး တစ်ချောင်း ဖြစ် သည်။

သတ္တုအပြည့်နဲ့ ပြုလုပ်ထားပြီး လှံရဲ့လက်ကိုင် ကိုလည်း သတ္တုဖြင့်ပြုလုပ်ထားတာကြောင့် ရှည်လျားရုံသာမက ထူထဲကာ အချင်း ၃၀၀ မီလီမီတာရှိသည်။

"ဘုရားရေ! ဒီလောက်ထူတဲ့ လှံ " လက်ကိုင် တစ်မျိုးတည်းကပဲ တန်ဆယ် ချီအလေး ချိန်ရှိ တယ်။ လှံသွားကတော့ ပိုပြီး ကြီးကျယ်ပါတယ် "

လှံသွားက နှစ်မီတာ သုံးမီတာရှည်ပြီး၊ အလွန် ထူထဲသည်။ လှံသွားရဲ့အလေးချိန်မှာ ငါးတန်မှ ခြောက်တန်ခန့်ရှိမယ်လို့ ခန့်မှန်းရသည်။

"ပေ ၂၀ ရှည်ပြီး အလေးချိန် ၁၇ တန်မှ ၁၈ တန်ရှိတဲ့ သတ္တုလှံကြီးတစ်ချောင်းကို ဘာ အတွက် အသုံးပြုတာလဲ။ ဒီလောက်ကြီးပြီး လေးလံတဲ့ဟာ ကို မြှောက်ဖို့ ဘယ်သူ့မှာ အစွမ်း သတ္တိရှိလဲ"

ကျိုးယန် အလွန်အမင်း စိတ်ရှုပ်ထွေးနေပြီး လျု ယောင့်ကို သံသယမျက်လုံးဖြင့် ကြည့်နေသည်။

လျုယောင်က လက်ဝှေ့ယမ်းပြီး

“ဘာမှမမေးနဲ့၊ ဒီလိုအပ်ချက်အတိုင်းပဲ လုပ် လိုက်ပါ။ မှတ်ထားပါ၊ ခင်ဗျားတို့က အင်အ ားမြင့် သတ္တုစပ်စတီးကို အသုံးပြုရမယ်။ ဈေးကြီးတာက အရေးမကြီးဘူး။ လုပ်ပြီး ရင် တော့ ပင်လယ်နားက ငါ တို့ရဲ့ ဂိုဒေါင်ထဲမှာ ထားခဲ့လိုက်ယုံပါပဲ" ဟု မှာလိုက်သည်။

သူဋေးက ဒီလိုပြောလိုက်တာကြောင့် ကျိုးယန် လည်း ဘာမှမပြောနိုင်တော့ပေ။ သူ ဘာမှ မသိ ပေမဲ့ သူရဲ့သံသယများကို ရင်ထဲမှာသာ သိမ်း ဆည်းထားရသည်။

"ကောင်းပါပြီ၊ သူဋေးပြောတဲ့အတိုင်း ကျွန် တော် ချက်ချင်းသွားလုပ်ပါ့မယ်။"

လျုယောင်က ခေါင်းညိတ်ပြီး

"ပိုမြန်မြန်လုပ်၊ ပိုမြန်မြန်လုပ်နိုင်ရင် ပိုကောင်း တယ်" ဟု အလေးပေး ပြောကြားခဲ့သည်။

ဒါက ချက်ချင်းသုံးဖို့အတွက် အရေးတကြီး လိုအပ်နေတယ်လို့ ပြောလိုက်သလိုပဲဖြစ်သည်။

လီခန်းက ဟွားဟိုင် မြို့တွင် ကြီးမားတဲ့ သတ္တု ပန်းပဲစက်ရုံပိုင်ရှင်ဖြစ်သည်။ ယနေ့တွင် သူ့ အတွက် ထူးဆန်းတဲ့ အလုပ်တစ်ခုကို ရရှိခဲ့ သည်။ သူက ဆယ်စုနှစ်တစ်ခုကျော်ကြာ ပန်း ပဲလုပ်ခဲ့ပေမဲ့ ဒီလို အလုပ်မျိုးကို တစ်ခါမှ မ ကြုံဖူးခဲ့ပေ။

ဒါပေမဲ့ တစ်ဖက်က ရဲရင့်စွာဖြင့် ငွေတစ်ဝက်ကို ကြိုတင်ပေးချေခဲ့သည်။ လီခန်းက ဒီလိုမျိုး လှံ ကြီးတစ်ချောင်းကို ဘာအတွက်ကြောင့် လုပ် တာလဲဆိုတာ နားမလည်ခဲ့ပေမဲ့ ချက်ချင်း လုပ် ဆောင်ခဲ့သည်။

“ သတ္တုပန်းပဲအလုပ်ရုံ နေရာ “

ဧရာမ ၁၀,၀၀၀ တန် သတ္တုပန်းပဲ စက်ကြီး ပေါ်တွင် ရိုက်ပုတ်သံများနှင့်အတူ သတ္တု တစ်မျိုးကို သတ္တုပန်းပဲထိုးနေသည်။အဲ့ဒါက လျုယောင်တောင်းဆိုခဲ့တဲ့ လှံတစ်ချောင်းပဲ ဖြစ်သည်။

လှံရဲ့ပုံသဏ္ဍာန် အခြေခံအားဖြင့် ပေါ်ပေါက် လာရန်အတွက် နေ့ခင်းဘက် အပြည့်နှစ်ရက်နှင့် ညပိုင်းတစ်ရက်ကြာခဲ့သည်။ ယခုတွင် အလု ပ်သမားများက လှံကို ပိုမိုလှပပြီး ပိုမိုပြေပြစ် စေရန်အတွက် နောက်ဆုံးတိကျတဲ့ ပန်းပဲ အဆင့် ကို လုပ်ဆောင်နေခဲ့ကြသည်။

နောက်ဆုံးတော့ ပြီးသလောက် ဖြစ်နေသည်။

ထိုပန်းပဲလုပ်သားများကလည်း ဆွေးနွေး ပြော ဆိုနေခဲ့ကြသည်။

"ဒါက တကယ်ကို ထူးဆန်းတာပဲ။ ဒီလိုလှံကြီး ကို တစ်ခါမှမမြင်ဖူးဘူး။ ဒါက ငါ့ကို မျက်စိပွင့် စေတဲ့အရာပဲ "

"ငါထင်တာတော့ ဒါက အလှဆင်ဖို့ အတွက်ပဲ ဖြစ်မှာပါ "

"မတူပါဘူး၊ ဖောက်သည်က ချွန်ထက်တဲ့ အစွန်းတစ်ခုတောင်းပြီး မာကျော မှု့တိုးဖို့ အတွက် မီးအပူပေးဖို့ တောင်းဆိုခဲ့တယ် "

"ဟုတ်တယ် တကယ်လို့ အလှဆင်ဖို့ ဆိုရင် တော့ သာမန်ပစ္စည်းတွေနဲ့ လုပ်လို့ရပါတယ်။ အင်အားမြင့် သတ္တုစပ်စတီးကို သုံးဖို့ မလိုပါ ဘူး။ အထဲမှာ အခေါင်းပေါက် တောင်မှ ဒီဇိုင်း ဆွဲလို့ရတယ် အထဲမှာ ခိုင်ခံ့နေစရာမလိုပါဘူး "

ထိုအလုပ်သမားများက များစွာပြောဆိုခဲ့ပေမဲ့ ဒီဧရာမလှံကြီးကို ဘာအတွက် အသုံး ပြုလဲ ဆိုတာကို ရှာမတွေ့နိုင်သေးပေ။

အလျားက ၂၀ ပေ ရှည်ပြီး အလေးချိန်က ၁၀ တန် ကျော်ရှိသည်။

ဘယ်လောက်သန်မာတဲ့လူပဲဖြစ်ဖြစ်၊ ဒီလိုလှံ မျိုးကို မမြှောက်နိုင်ပါဘူး အလေးချိန်က ၁၀၀ ကီလိုဂရမ်ကျော် မြှောက်နိုင်တဲ့ သူကလည်း သန်မာတဲ့လူသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ် တန် ကျော်အလေးချိန်မြောက်ဖို့ဆ်ုတာက အရမ်းကြောက်ဖို့ကောင်းသည်။

လျုယောင်နဲ့လီချန်လဲ့တို့ ရုပ်ရှင် ကြည့်ပြီး ကာစဖြစ်သည်။

ပရိုတွန်အဖွဲ့ကို ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတာကို စဉ်းစားပြီးနောက်၊ လျုယောင် စိတ်ပေါ့ပါးသွားပြီး လီချန်လဲ့နဲ့အတူ ရုပ်ရှင် ကြည့်ရတာက တစ်မျိုးတစ်ဖုံသော ပျော်ရွှင် မှု့ဖြစ်သည်။

လီချန်လဲ့ရဲ့ လက်သေးသေးလေးကို ဆုပ်ကိုင် ပြီး ရုပ်ရှင်ရုံကနေ ထွက်လာခဲ့စဥ် WeChat မက်ဆေ့ခ်ျတစ်ခု ဝင်လာခံသည်။လျူယောင် ဖုန်းကို ထုတ်ယူပြီး ကြည့်လိုက်ရာ ကျေနပ်စွာ ရယ်မောလိုက်မိသည်။

ကျိုးယန်က ပို့လိုက်တဲ့ WeChat မက်ဆေ့ခ်ျက ဧရာမလှံကြီးကို ပြုလုပ်ပြီးတာကြောင့် ပင် လယ်နားက ဂိုဒေါင်ထဲမှာ ထားလိုက် ပြီ ဖြစ်ကြောင်းကို လျုယောင့်ကို ပြောပြခဲ့သည်။

ဧရာမလှံကြီးရဲ့ ဓာတ်ပုံများစွာလည်း ပို့ထား ခဲ့ သည်။

ဓာတ်ပုံများကို ကြည့်ပြီးနောက် လျုယောင် ပိုလို့ပင် ကျေနပ်သွားခဲ့သည်။

ဧရာမလှံကြီး လုပ်ရန်အတွက် နှစ်ရက်သာ ကြာ ခဲ့ပေမဲ့ လှံကို အလွန်ကောင်းမွန်စွာ ပြုလုပ်ထား သည်။ အထူးသဖြင့် ဧရာမလှံသွားက ရိုက်ပုတ် ထားပြီးဖြစ်လို့ အလွန်ချွန် ထက်နေသည်။

"အကို ယောင် ဒါက ဘာလဲ"

လီချန်လဲ့ ဖုန်းပေါ်က ဓာတ်ပုံတွေကို လှမ်း ကြည့်ပြီး စိတ်ရှုပ်ထွေးတဲ့ အမူအရာဖြင့် မေးလိုက်သည်။

လျုယောင်က ပြုံးပြီး "လှံတစ်ချောင်း ခုလေး တင် လုပ်ပြီးတာ" ဟုပြန်ဖြေလိုက်သည်။

ရှင်းရှင်းလင်းလင်းဆိုရရင် လီချန်လဲ့က လှံကို စိတ်မဝင်စားပေ။ အချိန်ကိုကြည့်လိုက်တော့ ည ၁၀ နာရီကျော်နေတာကြောင့် "အကိုယောင်၊ နောက်ကျနေပြီ၊ ကျွန်မကို ပြန်လိုက်ပို့ ပေးပါ အုံး" လို့ပြောလိုက်သည်။

လျုယောင်လည်း ဒီလို ရည်ရွယ်ထားပုံရသည်။

ဧရာမလှံကြီးကို လုပ်ပြီးပြီဖြစ်လို့ လိပ်ကြီးကို စမ်းသပ်ခိုင်းတော့မည်။

လီချန်လဲ့ကို အိမ်ပြန်ပို့ပြီးနောက် လျုယောင် ကားပေါ်တွင်ပင် လိပ်ကြီး ကို ဆက် သွယ် ခဲ့ သည်။ဒီလို ဧရာမလှံကြီးကို အခြားသူများ မမြှောက်နိုင်ပေမဲ့ လိပ်ကြီးအတွက် ပြဿနာ မရှိပေ။

လိပ်ကြီး ရဲ့ ကြီးထွားမှုနှုန်းက တကယ်ကို အံ့သြ စရာပင်။

လက်ရှိအလေးချိန်မှာ တန် ၂၀ နီးပါးရှိနေသည်။ ဒီလို ဧရာမအလေးချိန်နဲအင့်အားက အံ့မခ န်းဖြစ်တာကြောင့် ဧရာမလှံကြီးကို ဘာလို့ လုပ်ရလဲ ဆိုတာကို အံ့သြစရာမလိုပေ။

ဒါက လိပ်ကြီးအတွက် သီးသန့် တည်ဆောက် ထားတဲ့ လက်နက်တစ်ချောင်းပဲဖြစ်သည်။

ပရိုတွန်အဖွဲ့ကို ကိုင်တွယ်ရန်အတွက် ဓားကို ဦးစွာသွေးရမည်။

လျုယောင်သွေးလိုက်တဲ့ ဓားက ဒီဧရာမလှံ ကြီးပဲဖြစ်သည်။

"လိပ်ကြီး ရေမင်းအတွက် ကစားစရာတစ်ခု ပြင်ဆင်ထားတယ် ပင်လယ်နားက ဂိုဒေါင်ထဲမှာ ထားထားတယ် သွားပြီး စမ်းသပ်ကြည့်လိုက် မင်းရဲ့လက်ထဲမှာ အဆင်ပြေလားဆိုတာ စမ်းကြည့်လိုက်ပါအုံး"

လိပ်ကြီး က

"သခင် ကျွန်တော် ချက်ချင်းသွားပါ့မယ်" လို့ ပြန်ဖြေလိုက်သည်။

လိပ်ကြီးက ညစာစားနေပြီး သူစား နေတာက ဝေလငါးမန်းဖြစ်သည်။သူက စားပြီး လုနီး ပါးရှိပြီး ဗိုက်ပြည့်နေသည်။

ယခုအခါတွင် ဝေလငါးကြီးတာ ဖြစ်စေ ငယ် တာဖြစ်စေ သူတို့က လိပ်ဘုရင်ရဲ အစာ တစ် စိတ်တစ်ပိုင်းသာဖြစ်သည်။ တစ်ကောင်ကို ဖမ်းမိလိုက်တာနဲ့ ကောင်းမွန်တဲ့ အစာကို စားနိုင်သည်။

အကုန်မစားရသေးတဲ့ ဝေလငါးမန်းကို ပစ်ချပြီး နောက် လိပ်ကြီးက ပင်လယ်နားက ဂိုဒေါင်ကို အမြန်ကူးခတ်သွားခဲ့သည်။

All Chapters