အပိုင်း ၄၅၃-၄၅၆
Vol. 23 Ch. 453-456
အပိုင်း ( ၄၅၃ )
သူမကို အကြိမ်တစ်ထောင်လောက်ရှာနေခဲ့တာ
အိမ်တော်ထိန်းကျန်း သတိပေးမှ လော့ကျင်းယွမ်လည်း သူ့ကယ်တင်ရှင်ကို နာမည်မမေးလိုက်မိမှန်း သတိရသွားသည်။ သူထိုကောင်လေးကို ဘယ်လိုလိုက်ရှာရမလဲ။
ချောင်ကျန်းပင်း ခြောက်ကပ်ကပ်နိုင်စွာ ချောင်းတစ်ချက်ဟန့်လိုက်သည်။
“လော့လူကြီးမင်း၊ ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး။ ကျွန်တော့်အထင်… အဲ့ကောင်လေးကြောင့် အဘိုးလော့ ပြန်နိုးလာတာမဟုတ်ဘူးလားလို့”
လော့ကျင်းယွမ် သူ့အားအေးစက်စွာ ကြည့်လိုက်သည်။
“သူလုပ်လိုက်လို့မဟုတ်ရင် ခင်ဗျားကြောင့်လား”
ချောင်ကျန်းပင်း ကသိကအောက်နိုင်စွာ ပြုံးလိုက်သည်။
“ကျွန်တော့်မှာတော့ အဲ့လိုလုပ်နိုင်တဲ့အစွမ်းအစမရှိပါဘူး။ ဒါပေမယ့် ဒီကိစ္စကြီးက ယုံချင်စရာ ကောင်းမနေဘူးလေ။ သစ်နံကိုင်းပင်က သစ်ကိုင်းနည်းနည်းလောက်နဲ့ လူတစ်ယောက်ကိုပြန်ရှင်လာအောင် လုပ်နိုင်တယ်ဆိုတာကြီးက အဓိပ္ပာယ်မှ မရှိတာ”
လော့ကျင်းယွမ် ဟွန်းခနဲ နှာမှုတ်လိုက်သည်။
“ကျုပ်ကတော့ သိပ္ပံနည်းကျမကျကို ဂရုမစိုက်ဘူး။ ကျုပ်အဖေကိုကယ်ပေးတဲ့ ဘယ်သူမဆို ကျုပ်တို့လော့မိသားစုရဲ့ ကျေးဇူးရှင်ပဲ။ မကယ်နိုင်ပေးနိုင်တဲ့သူက ဘာမှအရေးမပါဘူး”
ချောင်ကျန်ပင်းက မြို့တော်ဆေးရုံရဲ့ ဆရာဝန်ကြီးတစ်ဦးဖြစ်နေသေးတာကြောင့် သူ့ဂုဏ်သိက္ခာကိုတော့ ဂရုမစိုက်ပဲ မနေနိုင်ချေ။
လော့ကျင်းယွမ်ထံမှ အကြိမ်ရေများစွာ ကြိမ်းမောင်းခံနေရတာကြောင့် သူ မပျော်မရွှင်ဖြစ်လာသည်။
“လော့လူကြီးမင်း၊ အဘိုးလော့ အသက်ပြန်ရှင်လာရတဲ့အကြောင်းအရင်းကို အခုထိရှာမတွေ့သေးဘူး။ ခင်ဗျား ထင်ရာမြင်ရာအတိုင်း လျှောက်ဆုံးဖြတ်ပြီး အယူသီးတဲ့အရာတွေမှာ မယုံကြည်ဖို့ မျှော်လင့်ပါတယ်”
“မဟုတ်ရင် ကျုပ်လည်း အဘိုးလော့ကို နောက်တစ်ကြိမ် ရောဂါစမ်းသပ်ပေးရဲမှာ မဟုတ်တော့ဘူး”
လော့ကျင်းယွမ်၏မျက်လုံးတွေ စူးရဲသွားသည်။
“ခင်ဗျားက ကျုပ်ကိုလာခြိမ်းခြောက်နေတာလား ပင်းဟိုင်မြို့မှာ ခင်ဗျားကလွဲပြီး တခြားထူးချွန်တဲ့ဆရာဝန် တစ်ယောက်မှ မရှိတော့ဘူးလို့ထင်နေတာလား”
“ပြီးတော့ ဒီနေ့ခင်ဗျားလုပ်ပုံကို ကြည့်ရတာတော့ အဲ့လောက်လည်း ထူးချွန်နေတဲ့ပုံမပေါ်ပါဘူး”
“မင်း…”
လော့ကျင်းယွမ်ဘက်မှ မျက်နှာဖုံးခွာချကာ သူ့ကိုမျက်နှာသာမပေးတော့သည်ကိုမြင်တော့ ချောင်ကျန်းပင်းမှာ ပိုလို့ဒေါသထွက်လာရသည်။
လော့ကျင်းယွမ်ကတော့ သူ့ကို ခွန်းတုံ့ပြန်ရန်ပင် အခွင့်အရေးမပေးပဲ ချက်ချင်းပြတ်သားစွာ ပြောလာသည်။
“ခင်ဗျားဘာမှထပ်ပြောဖို့မလိုတော့ဘူး။ ကျုပ်လည်း ခင်ဗျားနဲ့ချုပ်ထားတဲ့ သီးသန့်ဆရာဝန်စာချုပ်ကို အခုပဲ ရပ်စဲဖို့ ဆုံးဖြတ်လိုက်ပြီ”
“ပြီးတော့ နှစ်တိုင်းခင်ဗျားတို့ဆေးရုံကို ထောက်ပံ့နေတာကိုလည်း ရပ်လိုက်တော့မယ်”
“အဲ့ပိုက်ဆံတွေကို တကယ်ထိုက်တန်တဲ့သူကိုပဲ ပေးလိုက်တော့မယ်”
“လော့လူကြီးမင်း၊ ခင်ဗျား အဲ့လိုလုပ်လို့ မရဘူးလေ”
လော့ကျင်းယွမ်ပြောလိုက်သည်ကိုကြားမှ ချောင်ကျန်းပင်း စတင်စိုးရိမ်လာသည်။
သူက လော့ကျင်းယွမ်နဲ့သူ့ကြားက ဆက်ဆံရေးကိုအသုံးချပြီး ဒုတိယဆေးရုံအုပ်နေရာကို ဝင်ပြိုင်မလို့ ကြံနေခဲ့ဖြစ်သည်။
လော့ကျင်းယွမ်ကသာ သူ့ကို သီးသန့်ဆရာဝန်အဖြစ်ကနေရပ်စဲပြီး ဆေးရုံကို လှူဒါန်းနေတာတွေကိုပါ ရပ်တန့်လိုက်မယ်ဆိုရင်…သူ့ရဲ့ဒုဆေးရုံအုပ်ရာထူးကလည်း ရေစုန်မျောသွားမှာဖြစ်သည်။
သို့ပေမယ့် လော့ကျင်းယွမ်မှာ ဆုံးဖြတ်ထားပြီးပြီဖြစ်ရာ ပြန်ပြင်ဖို့ စိတ်ကူးအလျဉ်းမရှိချေ။
“အိမ်တော်ထိန်းကျန်း၊ ဧည့်သည့်ကို ပြန်လိုက်ပို့လိုက်”
အိမ်တော်ထိန်းကျန်းလည်း ချက်ချင်း ရောက်လာသည်။
“ဒေါက်တာချောင်၊ ကျေးဇူးပြုပြီး ကြွပါ”
ချောင်ကျန်းပင်းလည်း ဘာမှမတတ်နိုင်တော့ပဲ လှည့်ထွက်ခဲ့ရလေသည်။
အစကနေအဆုံးထိ အဘိုးလော့ ဘယ်လိုပြန်နိုးလာသလဲဆိုတာ သူအခုထိ နားမလည်နိုင်သေးပေ။
အသက်ရှင်နေတဲ့သရဲပဲ။
“လော့လူကြီးမင်း၊ အိမ်ခြံမြေဆွေးနွေးပွဲ စတင်ပါတော့မယ်။ လူကြီးမင်း ဆွေးနွေးပွဲ အရင်သွားတက်လိုက်တာ ပိုကောင်းမယ် ထင်ပါတယ်။ ဒီကကိစ္စတွေကို ကျွန်တော်နဲ့ လွှဲထားခဲ့လိုက်ပါ”
အိမ်တော်ထိန်းကျန်း လော့ကျင်းယွမ်ဘက်ကို ပြန်လျှောက်လာကာ ပြောလိုက်သည်။
“ကောင်းပြီ၊ အိမ်တော်ထိန်းကျန်း၊ ဘေးအိမ်က ဗီလာကို လူတစ်ယောက်လွှတ်ပြီး စောင့်ကြည့်ခိုင်းထားပါ။ လူငယ်လေး ပြန်ရောက်လာတာနဲ့ ကျုပ်ကိုလှမ်းခေါ်လိုက်။ ကျုပ်ချက်ချင်းပြန်လာခဲ့မယ်”
လော့ကျင်းယွမ်မှာ စိတ်ပူနေဆဲဖြစ်သည်။
“ဟုတ်ကဲ့ပါ”
အိမ်တော်ထိန်းကျန်း ချက်ချင်း သဘောတူလိုက်သည်။
လော့ကျင်းယွမ် အဖေဖြစ်သူနား တစ်ခဏကြာအောင်ထိုင်နေပြီးနောက် နဂါးတိုင်းပြည်အိမ်ခြံမြေဆွေးနွေးပွဲသို့ အလောတကြီးထွက်လာခဲ့လိုက်သည်။
လော့မိသားစုက ယဲ့ဖန်ကို ဗီလာတံခါးပေါက်မှာ စောင့်ဆိုင်းနေချိန်မှာ ယဲ့ဖန်ကတော့ နဂါးတိုင်းပြည်အိမ်ခြံမြေ ဆွေးနွေးပွဲသို့ ရောက်ရှိနေပြီဖြစ်သည်။
နဂါးတိုင်းပြည်အိမ်ခြံမြေဆွေးနွေးပွဲမှာ ယနေ့နေ့လယ်မှာ တရားဝင်စတင်မှာဖြစ်သည်။
အိမ်ခြံမြေကုမ္ပဏီအသစ်၏ ကိုယ်စားလှယ်ဖြစ်သော ချန်းရွှမ်မှာလည်း နေ့လယ်၌ မိန့်ခွန်းပြောရမည်ဖြစ်သည်။
ယဲ့ဖန် သူမကိုလာမည်ဟု ကတိပေးခဲ့တာကြောင့် သူ ကတိချိုးဖျက်လို့ မဖြစ်ပေ။
ပွဲကျင်းပရာနေရာအပြင်ဘက်၌ ယဲ့ဖန် ဖုန်းထုတ်ကာ ချန်းရွှမ်ကို ခေါ်လိုက်သည်။
ကျင်းပမည့်နေရာအတိအကျကို သိလို၍ ဖုန်းလှမ်းဆက်လိုက်ခြင်းဖြစ်သည်။
သို့သော် ဖုန်းကဆက်လက်မြည်နေဆဲဖြစ်ကာ ပြန်ဖြေမည့်သူမရှိပေ။
ဖုန်းကျသွားပြီးနောက် သူနောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။
ထိုတစ်ကြိမ်တွင်လည်း ပြန်ဖြေသူ မရှိသေးပေ။
ထို့ကြောင့် သူနောက်တစ်ခါထပ်ခေါ်လိုက်ပေမယ့် တစ်ဖက်က ဖုန်းပါချလိုက်သည်။
ခြစ်ခြစ်တောက်ပူနေသည့်နေရောင်အောက်၌ ရပ်နေရခြင်းကြောင့် ယဲ့ဖန်တစ်ကိုယ်လုံး၌ ချွေးများဖြင့်ရွှဲနစ်နေကာ သူအနည်းငယ် ဒေါသထွက်လာရသည်။
ထို့ကြောင့် ဖုန်းဆက်ခေါ်မနေတော့ပဲ သူ့ဘာသာသူ ပွဲကျင်းပရာနေရာသို့ ဝင်သွားလိုက်တော့သည်။
ပွဲကျင်းပမည့်အဆောက်အဦးမှာ အလွန်ကြီးကာ တစ်ချိန်ထဲမှာပဲ တခြားပွဲ အမြောက်အမြားကိုလည်း ကျင်းပနေလေသည်။
ဒီနေရာမှာ နဂါးတိုင်းပြည်အိမ်ခြံမြေ ဆွေးနွေးပွဲကိုရှာရန် မလွယ်ကူလှချေ။
ယဲ့ဖန် လှည့်ပတ်မေးကြည့်ပြီးနောက်မှာတော့ ပွဲကျင်းပရာနေရာဖြစ်သည့် ခြောက်လွှာကို ရောက်လာခဲ့သည်။
သူရောက်သွားချိန်၌ ခန်းမထဲတွင် လူပင်လယ်ကြီး ဖြစ်လို့နေပြီဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် အနည်းဆုံး လူတစ်ရာခန့်ရှိမည်ဆိုတာကို ခန့်မှန်းကြည့်နိုင်သည်။
ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ စနစ်တကျ သေသေသပ်သပ် ဝတ်ဆင်ထားကြသည်ဖြစ်ရာ သူတို့ကြားထဲ၌ လူတစ်ယောက်ကိုရှာရန်မှာ မလွယ်ကူချေ။
ယဲ့ဖန်မှာ ခေါင်းမပါသည့်ယင်ကောင်လေးလိုပင် ခန်းမထဲ၌ ဟိုဟိုဒီဒီလျှောက်ပတ်သွားနေမိသည်။
ထိုအချိန်တွင် သိပ်မဝေးသည့်တစ်နေရာ၌ လူအနည်းငယ်ဝိုင်းဖွဲ့ကာ စကားစမြည် ပြောဆိုနေသည်ကိုမြင်လိုက်သည်။
သူ့နှလုံးသားထဲရှိ ဒေါသမှာတော့ အထွတ်အထိပ်ကိုရောက်နေပြီဖြစ်သည်။
သူတို့ထဲရှိ ထိပ်ပြောင်ပြောင်နှင့် အသတ်လတ်ပိုင်းအရွယ်လူကြီးမှာ နေရာအနှံ့တံတွေးများပက်ဖြန်းရင်း အားပါးတရပြောဆိုနေလေသည်။
သူ့ဘေးမှာ ထိုင်နေသည့်အမျိုးသမီးမှာတော့ ချန်းရွှမ်ဖြစ်သည်။
ယဲ့ဖန် ဒေါသကို မချုပ်တည်းထားနိုင်တော့တာကြောင့် ထိုနေရာသို့လျှောက်သွားကာ ကော်ဖီစားပွဲထက်သို့ သူ့ဖုန်းဖြင့် ရိုက်ချလိုက်သည်။
သူအားနည်းနည်းသုံးမိသွားသည်ကြောင့် ကော်ဖီစားပွဲပင် အနည်းငယ်ခုန်သွားသည်။
တက်ကြွစွာစကားပြောနေခဲ့ကြသော လူအနည်းစုမှာ ရုတ်တရက် ထိတ်လန့်သွားကာ ကြောက်လန့်တကြား ကြည့်လာကြသည်။
သူတို့ရှေ့ရှိလူကို စိတ်မမှန်သူဟု ထင်သွားကြသည်။
ချန်းရွှမ် ယဲ့ဖန်ကိုမြင်လိုက်ချိန်၌ သူမ ခဏတာကြောင်အသွားပြီးမှ အလျင်စလို ထရပ်လာသည်။
“ရှောင်ဖန်၊ ရှင်ရောက်နေတာလား ကျွန်မကို ဖုန်းခေါ်လိုက်တာမဟုတ်ဘူး ကျွန်မ လာခေါ်မှာပေါ့”
ယဲ့ဖန် အေးစက်စက်ရယ်လိုက်သည်။
“ကိုယ် မင်းကိုခေါ်ရင်တောင် မင်းကကိုင်မှာမို့လို့လား။ ကိုယ့်ကို လာခေါ်ရတာက တခြားတစ်ယောက်နဲ့ စကားပြောရတာလောက် အရေးမကြီးဘူးလေ”
ချန်းရွှမ်၏ မျက်နှာထားလည်း ချက်ချင်း ပြောင်းလဲသွားရသည်။ သူမ အိတ်ကပ်ထဲကို အမြန်စမ်းကြည့်လိုက်တော့ ဖုန်းရှိမနေပေ။
သူမ ထပ်ရှာကြည့်လိုက်သော်လည်း ရှာမတွေ့ပေ။
ထိုအချိန်တွင် အစောက အာကျယ် အာကျယ်နှင့်စကားပြောနေခဲ့သောလူက ဝင်ပြောလာ၏။
“မိန်းကလေးချန်၊ ဖုန်းလိုက်ရှာနေတာလား ဒါမင်းဖုန်းလား”
ထိုသို့ပြောရင်း သူ့ဖင်အောက်မှ ဖုန်းထုတ်ပေးလာသည်။
ချန်းရွှမ် သူမဖုန်းကို အမြန်လှမ်းယူလိုက်ရင်း ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို စစ်ကြည့်လိုက်ရာ ယဲ့ဖန်ထံမှ လွတ်သွားသောခေါ်ဆိုမှု သုံးခုရှိနေသည်ကိုမြင်လိုက်ရသည်။
“ရှောင်ဖန်၊ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ရှင်ဖုန်းခေါ်တာကို မကြားလိုက်ဘူး”
သူမ အလွန်ပူပန်နေတာကြောင့် ငိုလုနီးပါး ဖြစ်နေသည်။
ယဲ့ဖန် ထိုလူအားအေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ကိုယ်ဖုန်းခေါ်တာကို မကြားတာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဘာလို့ဖုန်းချလိုက်တာလဲ”
ချန်းရွှမ်၏မျက်နှာထား ထပ်မံပြောင်းလဲသွားရကာ ထိုလူအား ဒေါသတကြီးစိုက်ကြည့်လိုက်မိ၏။
“ဥက္ကဌထန်၊ ရှင်ဘာလို့ဖုန်းချလိုက်တာလဲ”
အပိုင်း ( ၄၅၄ )
နည်းလမ်းအသစ်နဲ့ လူကိုအရှက်ခွဲတယ်
ထိုလူ၏မျက်နှာထားမှာ ချန်းရွှမ်၏အမေးကို ကြားသော်လည်း တစ်စက်မှမပြောင်းသွားပေ။
“တောင်းပန်ပါတယ်။ မင်းရဲ့ဖုန်းမှန်း မသိလိုက်ဘူး။ တစ်ဖက်လူက ဆက်တိုက် ဖုန်းခေါ်နေတော့ စကားပြောနေတာကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဖုန်းချလိုက်တာ”
သူပြောတာကိုကြားတော့ ချန်းရွှမ် အနည်းငယ်မပျော်မရွှင်ဖြစ်နေသေးသော်လည်း ပြဿနာရှာမနေချင်တော့ပေ။
ထို့ကြောင့် ယဲ့ဖန်ကိုသာ တောင်းပန်ဟန်ကြည့်လိုက်သည်။
“ရှောင်ဖန်၊ ကျွန်မတကယ်တောင်းပန်ပါတယ်။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါနော်”
ယဲ့ဖန်လည်း တကယ်တော့ သူမကို စိတ်မဆိုးတော့ပေ။
ဒါတွေအကုန်လုံးက ထိုအသတ်လတ်ပိုင်းလူကြီး လုပ်လိုက်တာဆိုတာကို သူနားလည်သည်။
အဲ့ဖုန်းကချန်းရွှမ်ရဲ့ဖုန်းမှန်း မသိခဲ့ဘူးလို့ သူပြောခဲ့တာမလား အရူးတောင် အဲ့စကားကိုမယုံဘူး။
အဲ့တာအပြင် ဒီဖုန်းကချန်းရွှမ်ရဲ့ဖုန်း မဟုတ်ရင်တောင် အဲ့လိုဖုန်းချပစ်လိုက်လို့ ရကြေးလား။
သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်နေပါသော်လည်း ယဲ့ဖန် မျက်နှာထက်တွင်တော့ ထုတ်မပြချေ။
သူချက်ချင်း ချန်းရွှမ်ကိုဖက်ကာ ထိုင်လိုက်သည်။
“ရပါတယ်၊ ကိစ္စသေးသေးလေးပဲဟာကို”
ထိုလူနည်းစုမှာ ယဲ့ဖန်၏အပြုအမူကို မြင်တော့ သူတို့မျက်နှာထက်၌ ထိတ်လန့်သည့်အမူအရာပေါ်လာသည်။
ချန်းရွှမ်က ဒီနဂါးတိုင်းပြည်အိမ်ခြံမြေ ဆွေးနွေးပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်လေသည်။
တစ်ဖက်မှာ သူမက ကုမ္ပဏီအသစ်၏ ကိုယ်စားလှယ်ဖြစ်သည့်အပြင် စင်ပေါ်တွင် တက်၍ မိန့်ခွန်းပြောရမည်ဖြစ်ပြီး ဒုတိယအနေနှင့်ကတော့ သူမ၏ နတ်ဘုရားမအသွင်ရုပ်ရည်ကြောင့်လည်း ဖြစ်သည်။
သူမကအလွန်လှပတာကြောင့် ဆွေးနွေးပွဲ ပိုစတာထက်တွင်ပင်လျှင် သူမက လူအများ၏ အာရုံစုသည်းရာဖြစ်နေလေသည်။
ဆွေးနွေးပွဲ၌ သူမကအပိုးပန်းခံလေးဖြစ်နေရာ စီးပွားရေးလောက၏အကောင်ကြီးကြီးများကလည်း သူမအပေါ်ကောင်းမွန်သောဆန္ဒကို ထုတ်ဖော်ပြသကြသည်။
သို့သော် ချန်းရွှမ်ကတော့ အမြဲတမ်း လူတိုင်းနှင့် စည်းတစ်ခုခြားထားခဲ့သည်။
ရင်းနှီးသည့်အပြုအမူမဆိုနှင့် စကားစမြည်ပြောလျှင်ပင် အလုပ်အကြောင်းသာပြောသည်။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘယ်တော့မှ ထုတ်မပြောတတ်ပေ။
ထို့ကြောင့်လည်း သူမကို ‘ရေခဲတုံးစီအီးအို’ ဟု ခေါ်ကြသည်။
သို့သော် အခုတွင်တော့ ရုတ်တရက် ယောကျာ်းတစ်ယောက်ပေါ်လာကာ ချန်းရွှမ်၏ပုခုံးကို တရင်းတနှီးဖက်နေလေသည်။
ထို့အပြင် သူမကလည်း တစ်စက်လေးမှ မရုန်းကန်ပဲ သဘာဝကျကျနေလေသည်။
အဲ့တာက လူတိုင်းကို မထိတ်လန့်စေပဲ နေပါ့မလား။
ဝိုးတိုးဝါးတားဖြင့် လူတိုင်းက ထိုယောကျာ်း၏ သရုပ်မှန်ကို စတင်ခန့်မှန်းနေကြတော့သည်။
ထိပ်ပြောင်ဘိုးတော်၏မျက်နှာမှာတော့ ပိုလို့ပင်အရုပ်ဆိုးလာသည်။
သူ့မှာတော့ ချန်းရွှမ်ရဲ့ နှစ်သက်မှုကိုရဖို့ အကောင်းဆုံးကြိုးစားနေခဲ့တာကို ဘယ်ကမှန်းမသိတဲ့ကောင်တစ်ကောင်က ပေါ်လာပြီး စိတ်ဝင်စားမှုကို ရုတ်တရက် လုယူသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
အဲ့ကောင်က သူ့နှလုံးသားထဲက နတ်ဘုရားမလေးနဲ့ တရင်းတနှီးတောင် ပြုမူနေသေးသည်။
သူ့နှလုံးသားထဲ၌ သွေးစိမ်းရှင်ရှင် ထွက်နေရလေပြီဖြစ်သည်။
သူ့ရှေ့ကလူကို သေအောင်သတ်ပစ်ချင်လာသည်။
ယဲ့ဖန်လည်း ထိုလူ၏မျက်နှာထားကို သတိထားမိသွားကာ ပြုံးလိုက်မိသည်။
“ဒီကလူကြီးမင်းကို ဘယ်လိုခေါ်ရမလဲ”
ချန်းရွှမ် သူ့အားအမြန်မိတ်ဆက်ပေးလာသည်။
“ဒါက ဖုရှန်းဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီရဲ့ ဥက္ကဌ ထန်ဖုရှန်း။ ဖုရှန်းဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာဆို ထိပ်သီး ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီငါးခုထဲက တစ်ခုပဲ”
ထန်ဖုရှန်းလည်း ချက်ချင်း လူကြီးလူကောင်းဆန်ဆန်ပြုမူလိုက်ကာ သူ့ညာလက်ကိုဆန့်ထုတ်ပေးလာသည်။
“ကျွန်တော်က ထန်ဖုရှန်းပါ”
ယဲ့ဖန်ကတော့ သူ့ကိုလျစ်လျူရှုလိုက်ကာ ချန်းရွှမ်၏ဝိုင်ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်သည်။
“အစောက ဘာအကြောင်းတွေ ပြောနေကြတာလဲ တော်တော်စိတ်ဝင်စားဖို့ ကောင်းမယ့်ပုံပဲ၊ တက်ကြွနေရော”
ထန်ဖုရှန်း ယဲ့ဖန်၏ရိုင်းပျသည့်အမူအရာကို မြင်တော့ ဒေါသထွက်သွားရသော်လည်း အေးတိအေးစက်နှာမှုတ်ကာ ပြန်ထိုင်လိုက်ရသည်။
“လူကြီးမင်းထန်က သူ လော့ကျင်းယွမ်လူကြီးမင်းနဲ့ဆုံခဲ့တုန်းက ဟာသတစ်ခုအကြောင်းပြန်ပြောပြနေတာလေ”
ချန်းရွှမ်က အနေအထားပြေလည်သွားစေရန် အမြန်ဝင်ပြောလိုက်ရသည်။
ယဲ့ဖန် ခေါင်းရှုပ်သွားရသည်။
“လော့ကျင်းယွမ်က ဘယ်သူလဲ”
သူ့အမေးကို ကြားတော့ ထိုနေရာရှိလူတိုင်း ရယ်လိုက်မိကြသည်။
ထန်ဖုရှန်းက ထေ့ငေါ့ကာပြောလာသည်။
“လော့ကျင်းယွမ်လူကြီးမင်းရဲ့ နာမည်ကိုတောင်မကြားဖူးဘူးလား၊ တော်တော်ဗဟုသုတနည်းတာပဲ”
ချန်းရွှမ် ခြောက်ကပ်ကပ်နိုင်စွာ ချောင်းတစ်ချက်ဟမ့်လိုက်ကာ ယဲ့ဖန်ကို ရှင်းပြလိုက်သည်။
“လော့ကျင်းယွမ်လူကြီးမင်းက လုံကျန်းအိမ်ခြံမြေရဲ့ ဥက္ကဌ။ သူလည်းပဲ တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာရှိတဲ့ အိမ်ခြံမြေလောကမှာ ထိပ်သီးငါးယောက်ထဲကတစ်ယောက်ပဲ”
ယဲ့ဖန် အသိတစ်ခုဝင်လာသည်။
“ဒါဆို သူနဲ့နျုံစစ်သွမ်းနဲ့ယှဉ်ရင် ဘယ်သူက ပိုအားကြီးလောက်လဲ”
သူ၏တုံးအအမေးခွန်းကိုကြားတော့ ထိုနေရာရှိလူတိုင်း ရယ်ကြသည်။
“ဒီမေးခွန်းကအရမ်း… အရမ်းနိမ့်မနေဘူးလား။ နျုံစစ်သွမ်း လူကြီးမင်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ တကယ့်ထိပ်သီးကြီးတစ်ယောက်ဆိုတာ မသိတဲ့သူရှိလို့လား”
“ဟုတ်တယ်၊ တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ လူဘယ်လောက်များများက လူကြီးမင်း နျုံစစ်သွမ်းနဲ့ယှဉ်နိုင်မှာလဲ”
“လော့လူကြီးမင်းက လူကြီးမင်းနျုံစစ်သွမ်း လောက်တော့ အားမကြီးပေမယ့် သူကလည်း ကျွန်တော်တို့ လေးစားရမယ့်သူတစ်ယောက်ပါပဲ”
“ဒါပေါ့၊ လူကြီးမင်းနျုံပဲဖြစ်ဖြစ် လူကြီးမင်းလော့ပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ကို လေးစားရုံပဲတတ်နိုင်ပါတယ်ဗျာ”
“တကယ်ဆို ဥက္ကဌထန်အနေနဲ့ လော့လူကြီးမင်းလိုလူမျိုးနဲ့ ရင်းနှီးတယ်ဆိုထဲက ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီရဲ့ အင်အားကို သက်သေပြလိုက်တာပါပဲ”
ထိုနေရာ၌ ယဲ့ဖန်ဆိုလိုသည်ကို ချန်းရွှမ် တစ်ယောက်သာကောင်းစွာနားလည်သည်။
နျုံစစ်သွမ်းကဲ့သို့ တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ အင်အားအကြီးဆုံးလူတစ်ယောက်တောင် ယဲ့ဖန်ကိုရှုံးနိမ့်ခဲ့သည်ဆိုမှတော့ ထိုလော့လူကြီးမင်းဆိုသူမှာ စကားထဲ ထည့်ပြောစရာပင်မလိုပေ။
ထိုလူနှစ်ယောက်ကို လေးစားအားကျနေရသည့် ဒီလိုယင်ကောင်အုပ်စုဟာဆိုရင်ဖြင့် ယဲ့ဖန်ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်ပေ။
ချန်းရွှမ် ခေါင်းအသာယမ်းရင်း ရယ်လိုက်မိသည်။ ဒီလူက လူတွေကို မျက်နှာဖြတ်ရိုက်တဲ့နေရာမှာ တော်တော်ကျွမ်းကျင်လေသည်။
သူမအပြုံးကိုမြင်တော့ ထန်ဖုရှန်း၏ တည်ငြိမ်ဟန်ဆောင်ထားသည့်ဆန္ဒတွေမှာ ပြန်လည်တောက်လောင်လာပြန်သည်။
“ဥက္ကဌချန်း၊ တကယ်လို့ လင်းယွင်အိမ်ခြံမြေသာ မြို့တော်စီရင်စုကို ဝင်ချင်တယ်ဆိုရင် ကျွန်တော် မင်းကို လော့လူကြီးမင်းနဲ့မိတ်ဆက်ပေးလို့ရတယ်”
ချန်းရွှမ်၏မျက်လုံးတွေတောက်ပသွားသည်။
“တကယ်လား။ ဒါဆိုရင်တော့ ကောင်းတာပေါ့”
ထန်ဖုရှန်း ယဲ့ဖန်အားကြည့်လိုက်သည်။
“ဒါပေါ့။ ကျွန်တော်နဲ့ လော့လူကြီးမင်းကြားက ဆက်ဆံရေးအရဆို ကျွန်တော်နည်းနည်းလောက်ပြောပေးလိုက်တာနဲ့ လင်းယွင်အိမ်ခြံမြေ မြို့တော်မှာ တစ်ခါထဲအခြေခိုင်သွားစေရမယ်”
ချန်းရွှမ် ထိုလူအားကျေးဇူးတင်စွာ ကြည့်လိုက်မိသည်။
“ကျေးဇူးတင်ပါတယ်၊ လူကြီးမင်းထန်”
ထန်ဖုရှန်း သူ့မျက်နှာပေါ်က ကျေနပ်နေမှုကို ထိန်းချုပ်မထားနိုင်တော့ပေ။
“ဥက္ကဌချန်းကို ကူညီခွင့်ရတာ ဂုဏ်ယူစရာပါပဲဗျာ။ ဒီည ဥက္ကဌချန်းနဲ့ ထမင်းတစ်နပ်လောက် အတူစားလို့ရမလား။ တစ်ယောက်နဲ့တစ်ယောက် အရင်ရင်းနှီးအောင်လုပ်ပြီးမှ အလုပ်အတူ တွဲလုပ်ရတာအဆင်ပြေမှာပေါ့”
ချန်းရွှမ် ယဲ့ဖန်၏မျက်နှာအမူအရာကို အရင်အကဲခတ်လိုက်သည်။
“စားတာလား… အဲ့တာက ကျွန်မ ဒီညချက်ချင်း ကျုံးဟိုင်ကို ပြန်ရမယ်ထင်တယ်”
ထန်ဖုရှန်း၏မျက်နှာ ချက်ချင်းမည်းကျသွားသည်။
“ဥက္ကဌချန်း၊ ကျွန်တော်က မင်းကို တကယ်သူငယ်ချင်း တစ်ယောက်လို သဘောထားတာပါ။ အဲ့တာကြောင့် ဒီလိုကူညီပေးတာပေါ့။ အဲ့တာကို မင်းကကျွန်တော့်ကို မျက်နှာသာမပေးဘူးဆိုမှတော့ လော့လူကြီးမင်းနဲ့ပက်သက်ပြီး မကူညီနိုင်မှာစိုးတယ်”
ချန်းရွှမ် မျက်မှောင်ကြုတ်လိုက်မိသည်။
အပိုင်း ( ၄၅၅ )
နတ်ဆေးသမားတော်လေးမလား
“တောင်းပန်ပါတယ်၊ ဥက္ကဌထန်။ ဒီည ကျွန်မကောင်လေးကို အဖော်ပြုပေးရမှာမလို့ ရှင်နဲ့ညစာအတူ မစားနိုင်လောက်ဘူး”
ယဲ့ဖန်၏လက်မောင်းကို ချိတ်ဆွဲရင်း ချန်းရွှမ် ထိုသို့ပြန်ပြောလိုက်သည်။
ထန်ဖုရှန်းမှာ အလွန်ရှက်သွားရသည်။
“ဥက္ကဌချန်း၊ ကျွန်တော်ကမင်းကို အခွင့်အရေးပေးနေတာနော်။ မင်းအဲ့တာကို ကောင်းကောင်းယူတတ်ဖို့ မျှော်လင့်တယ်”
ချန်းရွှမ် ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။
“ရှင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မကောင်လေးထက် ပိုအရေးကြီးတဲ့ အခွင့်အရေးဆိုတာ ဒီကမ္ဘာမှာမရှိပါဘူး”
ထိုသို့ပြောပြီးနောက် သူမယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
“ရှောင်ဖန်၊ ကျွန်မရှင့်ကို လိုက်ပြရမလား”
ယဲ့ဖန်သဘောတူလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသားတစ်ပြိုင်တည်း ထရပ်ကာ ထွက်ခွာရန်ပြင်လိုက်စဉ်မှာပဲ…
ဘန်း
ထန်ဖုရှန်း ကော်ဖီစားပွဲအား အရှိန်ပြင်းပြင်း ရိုက်ချလိုက်သည်။
“ချန်းရွှမ်၊ မင်းဒီလောက်ထိ အရှက်မမဲ့စမ်းပါနဲ့။ ငါတို့တွေ သူငယ်ချင်း မဖြစ်နိုင်ဘူးဆိုရင် ရန်သူဖြစ်ဖို့ပဲရှိတယ်။ ပြီးတော့ ငါ၊ ဖုရှန်းဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက မင်းကို တောင်ပိုင်းကွမ်တုန်းရဲ့မြို့တော်ဖြစ်တဲ့ ယန်ချန်ကို ဝင်ခွင့်ပြုပါမယ်လို့ အာမမခံနိုင်တော့ဘူးနော်။ မင်းဝင်မလာနိုင်အောင် ငါတားလိုက်လို့ရတယ်”
ချန်းရွှမ် သူမမျက်နှာထက်၌ ယုံကြည်မှု ရှိသောအပြုံးတစ်ပွင့်ဆင်မြန်းလျက် သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။
“ကျွန်မ၊ ချန်းရွှမ်ကလည်း ဘယ်သူ့ကိုမှ မမှီခိုပဲ ကျွန်မအင်အားနဲ့ကျွန်မ ဒီနေရာထိ တက်လာခဲ့တာ။ ဥက္ကဌထန်အနေနဲ့ ကိုယ့်နေရာကိုသာမြဲအောင် သေချာလုပ်ထားပါ၊ အဲ့နေရာကို ကျွန်မ လုယူတာမခံရစေနဲ့”
လူတိုင်းကြောင်အသွားရသည်။
ချန်းရွှမ် အိမ်ခြံမြေဆွေးနွေးပွဲကို စရောက်ကတည်းကနေ တစ်လျှောက်လုံး ဂျူနီယာလေးတစ်ယောက်ကဲ့သို့ နှိမ့်နှိမ့်ချချနှင့် လူတိုင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တာဖြစ်သည်။
ယခုမှသာ စီးပွားရေးလောက၏ ဘုရင်မတစ်ယောက်လိုအရှိန်အဝါမျိုး ထုတ်ပြလာခဲ့တာဖြစ်သည်။
ထိုအခါမှသာ တစ်ဖက်လူဟာ ယောကျာ်းတကာကိုမြှူဆွယ်ပြီး အထက်တက်လာခဲ့သည့် အလှပန်းအိုး တစ်အိုးမဟုတ်မှန်း လူတိုင်း သတိပြုမိသွားကြတော့သည်။
ထိုအစား သူမဟာ ဒဏ်ရာပေါင်းများစွာ ကနေတစ်ဆင့် အောင်မြင်သည့်မိန်းမသား တစ်ဦးဖြစ်လာခဲ့တာမှန်း သိသာစေသည်။
ဒီလိုမိန်းကလေးမျိုးက မထက်မြက်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
အမှန်တိုင်းပြောရလျှင် ထန်ဖုရှန်းလည်း တစ်ဖက်လူ၏ ရုတ်တရက် ခပ်တန်းတန်း ပြောလာခြင်းကို ထိတ်လန့်သွားခဲ့ရသည်။
သူ မသိစိတ်အလျောက် ခြေတစ်လှမ်းပင် နောက်ဆုတ်လိုက်မိသည်။
သို့သော် သူချက်ချင်း တုံ့ပြန်လိုက်နိုင်သည်။
အမှန်ဆို သူက ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီရဲ့ ဘော့စ်ဖြစ်သည်။ ဒီလိုကောင်မလေး ငယ်ငယ်လေးတစ်ယောက်ကိုတောင် ကြောက်နေရင် သူအလှောင်ခံရမှာပေါ့။
ထိုသို့တွေးမိကာ သူခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
“ဒါဆို ငါ၊ ထန်ဖုရှန်းကလည်း ဒီနေ့ တစ်ခါထဲ ပြောလိုက်မယ်။ ဖုရှန်းဆောက်လုပ်ရေး ပစ္စည်းကုမ္ပဏီရှိနေသရွေ့ လင်းယွင် အိမ်ခြံမြေ ယန်ချန်ကို ဘယ်တော့မှ ဝင်မလာနိုင်စေရဘူး”
ထိုသို့လေထုကအေးစက်နေစဉ်မှာ ရုတ်တရက် ဘေးမှကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာသည်။
“ဥက္ကဌထန်၊ မင်းကတကယ် ထောင်လွှားနေတာပဲ။ အခုမင်းရှေ့မှာ ရပ်နေတဲ့လူကြီးမင်းက ဘယ်လိုလူဆိုတာကို မင်းမသိဘူးထင်တယ်”
ထန်ဖုရှန်း ဘေးသို့လှည့်ကြည့်လိုက်ရာ အသက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး သူ့ထံလျှောက်လာနေသည်ကို မြင်လိုက်ရသည်။
ထိုလူဟာ ကျုံးဟိုင် မိုးကြိုးတန်းအိမ်ခြံမြေ၏ စီအီးအို နင်းကောင်းပင်းဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။
“ဥက္ကဌနင်း၊ ဘာကိုဆိုလိုတာလဲ ကျွန်တော်တို့ရဲ့ ဖုရှန်းဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီနဲ့ မိုးကြိုးတန်းအိမ်ခြံမြေက ဘယ်တုန်းကမှတစ်ယောက်ကိစ္စ တစ်ယောက် ဝင်မစွက်ဖက်ခဲ့ဖူးဘူးလေ။ ခင်ဗျားက လင်းယွင်အိမ်ခြံမြေဘက်က ရပ်တည်ပေးချင်နေတာလား”
နင်းကောင်းပင်း အမြန်လက်ယမ်းပြလိုက်ရသည်။
“ဥက္ကဌထန်၊ အထင်မလွဲပါနဲ့။ ကျွန်တော့်မှာ ခင်ဗျားနဲ့လက်မောင်းချင်းယှဉ်နိုင်တဲ့ အင်အားမျိုးမရှိပါဘူး။ ပြီးတော့လည်း ကျွန်တော့်အနေနဲ့ မိန်းကလေးချန်းဘက်က ရပ်တည်ပေးချင်ရင်တောင် ကျွန်တော့် အလှည့်မကျသေးဘူး”
ထန်ဖုရှန်း အေးစက်စွာသရော်လိုက်သည်။
“ဒါဆိုဘယ်သူကများ မိန်းကလေးချန်း အတွက် ရပ်တည်ပေးနေတာလဲ ထလိုက်စမ်းပါ၊ ကျုပ်၊ ထန်ဖုရှန်း အဲ့တာကို လက်ခံပေးလိုက်မယ်”
ထိုသို့ပြောရင်း ခန်းမထဲ၌ရှိနေသည့်လူတိုင်းကို လိုက်ကြည့်နေလိုက်သည်။
လူတိုင်း သူ့အကြည့်ကို ရှောင်ရှားကြကုန်၏။
ဖုရှန်းဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီဟာ တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ ဆောက်လုပ်ရေးပစ္စည်းလောက၌ အာဏာရှင်တစ်ပါးဖြစ်သည်။ သူတို့အနေနှင့် မလိုလားအပ်ပဲ တစ်ဖက်သူနှင့် ရန်သူမဖြစ်ချင်ပါ။
နျံ့ခန်းဖျင် ချက်ချင်းဆိုသလို အကျယ်ကြီး အော်ရယ်လိုက်မိသည်။
“ဒီလူကအဝေးမှာရှိပေမယ့် အခုကျွန်တော်တို့ရှေ့မှာရပ်နေတယ်။ အဲ့တာ ဒီကလူကြီးမင်းပဲပေါ့။ သူသာအနားမှာရှိရင် မိန်းကလေးချန်းကို ဘယ်သူမှထိရဲမှာ မဟုတ်ဘူးတဲ့”
ထိုသို့ပြောရင်း သူယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဥက္ကဌနျဲ့၊ ခင်ဗျားလာနောက်နေတာလား ကျုပ်၊ ထန်ဖုရှန်းက ဒီလိုကောင်လေးနဲ့တောင် ရင်မဆိုင်နိုင်ဘူးဆိုရင် ကျုပ်အသက်တစ်ဝက်လောက်က အချည်းနှီးရှင်သန်ခဲ့ရတာ ဖြစ်သွားမှာပေါ့”
နင်းကောင်းပင်းဟာတော့ သူ့အားဆက်လက် နားချနေဆဲပင်။
“ဥက္ကဌထန်၊ နျုံစစ်သွမ်းကိုသိတယ်မလား သူဘယ်လောင်အင်အားကြီးတယ်လို့ ထင်လဲ”
ထန်ဖုရှန်းမှာ သူ့ဉာဏ်ရည်ကို လာစော်ကားသလိုခံစားလိုက်ရသည်။
“အဓိပ္ပာယ်မရှိတာ။ တောင်ပိုင်း ကွမ်တုန်းပြည်မှာ နျုံစစ်သွမ်းကို မသိတဲ့သူရှိသေးလို့လား မင်းက…. ဒီကလေးက နျုံစစ်သွမ်းနဲ့ ပက်သက်နေပါတယ်လို့ ပြောချင်တာလား”
ထိုအချက်၌ သူရုတ်ချည်း အေးခဲသွားရသည်။
နျုံစစ်သွမ်းက သေသွားပြီဆိုပေမယ့် သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ ဘုရင်အဖြစ် နှစ်ပေါင်းများစွာကြာအောင် ရှိနေခဲ့တာဖြစ်သည်။ သူ၏အဆက်အသွယ်များမှာ တိုင်းတာ၍ပင် မရနိုင်ချေ။
ဒီကလေးသာ တကယ်ကြီးနျုံစစ်သွမ်းနဲ့ ဆက်စပ်နေတာဆိုလျှင် ကိစ္စတွေက ခက်ခဲကုန်တော့မည်။
များစွာသော လူတို့မှာ ယဲ့ဖန်အား အားကျစွာကြည့်လိုက်မိကြသည်။
နျုံစစ်သွမ်း၏ပေါင်ကိုဖက်ပြီး တောင်ပိုင်းကွမ်တုန်းပြည်တစ်ခုလုံးကို စိတ်တိုင်းကျ ခြယ်လှယ်ဖို့ဆိုတာက လူတိုင်း အိပ်မက်မက်ခဲ့သည့်အရာတစ်ခုဖြစ်သည်။
နျုံလူကြီးမင်းရဲ့ နှစ်သက်မှုကိုရအောင် ဒီကလေးဘယ်လိုလုပ်ခဲ့တာပါလိမ့်
နင်းကောင်းပင်းမှာ သူပြောလိုက်သည်ကို တစ်ဖက်လူနားမလည်တာကိုမြင်တော့ ကွေ့ပတ်ပြောပြီး အလုပ်ရှုပ်မခံတော့ပေ။
“ကျွန်တော် တဲ့တိုးပဲပြောတော့မယ်ဗျာ။ ခင်ဗျားရှေ့မှာရပ်နေတဲ့ဒီလူက….”
သူ့စကားမဆုံးခင်မှာပဲ ရုတ်တရက် အနောက်မှနေ အံ့ဩတကြီးရေရွတ်သံတစ်သံကို ကြားလိုက်ရသည်။
“နတ်ဆေးသမားတော်လေး မင်းမလား”
လူတိုင်း၏မျက်လုံးမှာ ထိုအသံမှ ဆွဲဆောင်ခံလိုက်ရသည်။
ထပ်ရောက်လာသည့်လူကိုမြင်တော့ အစပိုင်းမှာ သူတို့ထိတ်လန့်သွားကြပြီး နောက်တော့ သူနဲ့တွေ့ရဖို့ အလုအယက် ကြိုးပမ်းကြတော့သည်။
ထိုလူမှာ လုံကျန်းအိမ်ခြံမြေ၏ ဥက္ကဌ လော့ကျင်းယွမ်ဖြစ်သည်။
လုံကျန်းအိမ်ခြံမြေဟာ တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီတွေ ထဲက တစ်ခုဖြစ်သည်။
ထိုလူဟာ နဂါးတိုင်းပြည်အိမ်ခြံမြေ ဆွေးနွေးပဲရဲ့ အဓိကလူတွေထဲမှ တစ်ယောက်ဖြစ်သလို သူ့ထံမှ လူတိုင်း မျက်နှာသာရချင်နေသည့် လူတစ်ယောက်လည်းဖြစ်သည်။
လုံကျန်းအိမ်ခြံမြေနှင့်တစ်လှေတည်းစီးနိုင်သည့်မည်သူမဆို တောင်ပိုင်းကွမ်တုန်းနယ်၌
မည်သူမှမကျော်နိုင်သည့်လူတစ်ယောက် ဖြစ်လာမှာဖြစ်သည်။
ထိုထဲမှ ထန်ဖုရှန်းဟာ စိတ်အားအထက်သန်ဆုံးတစ်ယောက်ဖြစ်သည်။
သူချက်ချင်း လူအုပ်ကြီးကိုတွန်းတိုက်ကာ လော့ကျင်းယွမ်ထံ အပြေးသွားတော့သည်။
“ဒါရိုက်တာလော့၊ ကျွန်တော့်ကို မှတ်မိသေးလားမသိဘူး ကျွန်တော်က ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက ထန်ဖုရှန်းပါ”
သူလိမ်နေတာမဟုတ်ရချေ။ သူတကယ် လော့ကျင်းယွမ်ကိုသိတာဖြစ်သည်။
ထို့အပြင် အဲ့အချိန်တုန်းက လော့ကျင်းယွမ် သူ့အပေါ်ကိုတကယ်ကောင်းပေးခဲ့တာဖြစ်သည်။ သူ့မှာ စောစောမတွေ့မိတာကိုပင် နောင်တရနေခဲ့ရသည်။
ဒီတစ်ကြိမ်တွင်လည်း အရင်တစ်ခါကလို တစ်ဖက်လူ၏အထူးနှစ်သက်မှုကို ခံရဦးမည်ဟု သူထင်ခဲ့မိသည်။
ဒီနည်းဖြင့် သူ့အင်အားကို ချန်းရွှမ်ရှေ့မှာ ထုတ်ပြနိုင်တော့မည်ဖြစ်သည်။
သို့သော် လော့ကျင်းယွမ်က သူ့ကို ကြည့်ပင် မကြည့်ဘူးဟုတော့ မထင်ခဲ့မိပေ။
လော့ကျင်းယွမ်မှာ သူ့အားတွန်းထုတ်ကာ ယဲ့ဖန်ထံ အလျင်စလိုလျှောက်သွားလေသည်။
“နတ်ဆေးသမားတော်လေး တကယ်မင်းပါလား။ ငါမင်းကို လိုက်ရှာနေခဲ့တာ”
ထိုသို့ပြောရင်းနှင့် လူတိုင်း၏ရှေ့တွင်ပင် တကယ်ကြီးဒူးထောက်လိုက်သည်။
အပိုင်း ( ၄၅၆ )
ဒီလူ့ဆီကနေ တကယ် ပြေးမလွတ်တော့ဘူး
ယဲ့ဖန်လည်း လော့ကျင်းယွမ် ဒူးထောက်တော့မည်ကိုမြင်တော့ အမြန်ဆွဲထူလိုက်ရသည်။
“လော့လူကြီးမင်း၊ ဘာလုပ်တာလဲဗျာ”
လော့ကျင်းယွမ် သူ့လက်မောင်းကို စိတ်လှုပ်ရှားစွာဆုပ်ကိုင်လိုက်သည်။
“နတ်ဆေးသမားတော်လေး၊ မင်း ငါ့အဖေရဲ့ အသက်ကိုကယ်ပေးခဲ့တာပဲ။ ငါ ဒူးထောက်ခစားဖို့ထိုက်တန်ပါတယ်”
ယဲ့ဖန် မျက်လုံးပြူးကျယ်သွားရသည်။
“ခင်ဗျားဆိုလိုတာက… ခင်ဗျားအဖေ ပြန်နိုးလာတယ်လား”
လော့ကျင်းယွမ် အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
“သမားတော်လေးထွက်သွားတာနဲ့ ကျွန်တော့်အဖေတန်းနိုးလာတာပဲ။ မင်းရဲ့ ဆေးပညာက လူတစ်ယောက်ကို ပြန်ရှင်လာအောင်တောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲ့တာကို ကျွန်တော်က သမားတော်လေးကို အထင်လွဲခဲ့မိသေးတယ်၊ အသုံးမကျတဲ့ကောင်ပါ”
ထိုသို့ပြောရင်း သူ့ကိုယ်သူ ပါးပြန်ရိုက်နေသည်။
လူတိုင်းထိုမြင်ကွင်းကိုမြင်လိုက်ချိန်၌ အစောကသူပြောလိုက်သည်နှင့် ပေါင်းစပ်ကာ သူတို့အကုန်လုံး ထိတ်လန့်သွားကြရသည်။
“အဲ့တော့ ဒီလူငယ်လေးက ဆရာဝန်လား။ လော့လူကြီးမင်းရဲ့အဖေကိုတောင် သူက ကယ်ပေးခဲ့တာလား။ အဲ့တာဆို သူက လော့မိသားစုရဲ့ကယ်တင်ရှင် ဖြစ်မသွားဘူးလား”
“လော့မိသားစုရဲ့ အင်အားနဲ့ဆို ဘယ်လို ဆရာဝန်မျိုးကိုမဆို သူတို့ငှါးနိုင်တယ်မလား။ ဒါပေမယ့် လော့လူကြီးမင်းက သူ့ကိုအရမ်း တလေးတစားဆက်ဆံနေတယ်ဆိုတော့ သူ့ဆေးပညာက တဖက်ကမ်းခတ်ထူးချွန်လို့ပဲ ဖြစ်ရမယ်”
“အံ့ဩဖို့ကောင်းလိုက်တာ။ ဒီလောက် ငယ်ငယ်လေးပဲရှိသေးတာကို ဆေးပညာမှာ တစ်ဖက်ကမ်းခတ်ထူးချွန်နေပြီ”
“ဒီလူငယ်လေးကတော့ လော့မိသားစုကို ကယ်တင်လိုက်မိတာ အရမ်းကံကောင်းတာပဲ။ နောက်ဆို တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ သူလုပ်ချင်တာလုပ်ခွင့်ရနိုင်ပြီ”
“ထန်ဖုရှန်းကိုစိန်ခေါ်ရဲတာ မအံ့ဩတော့ပါဘူး။ သူ့မှာ လော့မိသားစု နောက်ခံရှိနေတာကို”
“ဒီတစ်ခါ ထန်ဖုရှန်းတော့ သံပြားကို ကန်မိတာပဲ…”
လူအုပ်ကြီးပြောနေသည်များကိုကြားချိန်၌ ထန်ဖုရှန်းလည်း သေးထွက်လုမတတ် ကြောက်နေမိပြီဖြစ်သည်။
သူ့အနေနှင့် ချန်းရွှမ်နှင့်ယဲ့ဖန်ကို အပြစ်ပြုမိထားသည်ဖြစ်ပြီး ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီသာရှိနေသရွေ့ လင်းယွင်အိမ်ခြံမြေကို ယန်ချန်ကို ဝင်မလာနိုင်အောင်လုပ်ပစ်မည်ဟုပင် ပြောခဲ့သေးသည်။
သို့သော် ထိုလူငယ်လေးက လော့ကျင်းယွမ်နှင့်သိနေပြီး လော့မိသားစုကိုပါ ကယ်တင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဒီလိုဆက်ဆံရေးမျိုးရှိနေတဲ့သူ့ကို ဘယ်သူကထိရဲမှာလဲ။
ချန်းရွှမ်လည်း အံ့ဩသွားရသည်။
သူမ ယဲ့ဖန်နှင့်ရင်းနှီးလာတာ အချိန်အတော်ကြာပြီဖြစ်သော်လည်း သူဆေးပညာတတ်တယ်ဆိုတာကို မသိခဲ့ပေ။
လော့ကျွင်းယွမ်၏ပြောကြားချက်အရဆိုလျှင် သူ့ဆေးပညာက ခေါင်းကိုက်တာ ဖျားနာတာကိုကုသနိုင်ရုံလောက် မရိုးရှင်းပေ။ အသက်ကိုပင် ကယ်ပေးနိုင်ခဲ့သည်။
သူမ စိတ်ရှုပ်လာရသည်။
တစ်ခုခု အထင်လွဲနေတာများလား
လော့လူကြီးမင်းများ လူမှားနေတာလား။
ယဲ့ဖန်ပဲ လှည့်ကွက်ထုတ်သုံးထားတာလား။
အဲ့တာအပြင် ဒီကိစ္စက သေပြီးသား အသွေးအသားတွေကို ပြန်ရှင်လာအောင် လုပ်တာမျိုးလား။
ဒါက ဘယ်လိုဟာသကြီးလဲ
အမှန်တော့ တကယ်အထိတ်လန့်ရဆုံးလူမှာ ယဲ့ဖန်ပင်ဖြစ်သည်။
ထိုအချိန်တုန်းက သူ့အနေနှင့် စနစ်မှ ပေးအပ်သည့်မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့သာအာရုံရှိခဲ့တာဖြစ်သည်။ အမှန်တော့ သူ့ဆေးပညာအပေါ်မှာ အဲ့လောက်ထိယုံကြည်ချက်မရှိပေ။
ယဲ့ဖန်ကိုယ်တိုင်လည်း နှလုံးရပ်သွားသည့် လူတစ်ယောက်ကို သစ်နံကိုင်းပင်မှ သစ်ကိုင်း အနည်းငယ်ဖြင့် ပြန်ရှင်အောင်မလုပ်နိုင်မှန်း သိသည်။
ဒါကြီးက တကယ်စိတ်ကူးယဉ်ဆန်တာပဲ။
ယခုလော့ကျင်းယွမ်၏စကားကို မကြားခင်အထိ သူ အစိမ်းရောင်ဆေးကျမ်းစာအုပ်၏ ဆေးပညာကို မယုံကြည်ခဲ့ပေ။
ကြည့်ရတာ သူ စနစ် ကို အထင်လွဲခဲ့မိပုံပဲ။
ဒီတစ်ကြိမ် စနစ်က ပေးတဲ့ဆုလာဘ်က တကယ်ပြိုင်ဘက်ကင်းရတနာပဲ။
လော့ကျင်းယွမ် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ကာ လက်ရှိအခြေအနေကို အာရုံစိုက်လိုက်သည်။
“သမားတော်လေး၊ ကျွန်တော် စောနက ဒီမှာတစ်ခုခုဖြစ်သွားတာကြားလိုက်တယ်။ ဘာဖြစ်တာလဲ”
ယဲ့ဖန်သက်ပြင်းချလိုက်သည်။
“လင်းယွမ်အိမ်ခြံမြေရဲ့ဥက္ကဌ ချန်းရွှမ်နဲ့ ကျွန်တော်တို့က တခြားနယ်ကလာတဲ့ လူတွေပါ။ ဒီတစ်ကြိမ် နဂါးတိုင်းပြည် အိမ်ခြံမြေဆွေးနွေးပွဲကို မိတ်ဖြစ်ဆွေဖြစ်ဆိုပြီး လာခဲ့ကြတာ။ ဒါပေမယ့် ဥက္ကဌဖုရှန်းကို ဘယ်ကဘယ်လို အပြစ်ပြုမိသွားလဲမသိပါဘူး။ သူက လင်းယွင်အိမ်ခြံမြေကို ယန်ချန်မြို့ကို ဝင်လာခွင့်မပြုနိုင်ဘူးလို့ ပြောတယ်”
လော့ကျင်းယွမ် ချန်းရွှမ်ထံ အကြည့်ရောက်သွားတော့ သူ့မျက်လုံးတွေ တောက်ပသွားရသည်။
ဒီမိန်းကလေး၏ရုပ်ရည်နှင့်ဆိုလျှင် နေရာတိုင်းမှာ ဒိုင်နိုဆောတွေရှိနေသည့် စီးပွားရေးလောကတွင်မဆိုနှင့် ဖျော်ဖြေရေးလောက၌ပင် ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်လာနိုင်သည်။
“ဥက္ကဌချန်း၊ ကျွန်တော်က လော့ကျင်းယွမ်ပါ”
သူချက်ချင်း လက်တစ်ဖက်ဆန့်ထုတ် ပေးလိုက်သည်။
ဒါက သူမ၏အလှတရားကြောင့် မဟုတ်ပဲ သူမက သမားတော်လေးရဲ့ သူငယ်ချင်းဖြစ်နေတာကြောင့်ဖြစ်သည်။
သမားတော်လေးရဲ့သူငယ်ချင်းက သူ့သူငယ်ချင်းပဲပေါ့။
ချန်းရွှမ်လည်း အမြန်လက်ဆွဲနှုတ်ဆက်လိုက်သည်။
လော့ကျင်းယွမ်က တောင်ပိုင်းကွမ်တုန်း ပြည်နယ်ရှိ အိမ်ခြံမြေလောကတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ လူအများစုဟာ သူ့ထံမှနှစ်သက်မှုကို ရယူလိုကြပေမယ့် မရနိုင်ခဲ့ပေ။
သို့သော် ယခုတွင် လော့ကျင်းယွမ်ဘက်မှ စကာ သူမကိုမိတ်ဆက်လာသည်။ ဒါကတကယ့်ကို ဂုဏ်ယူစရာဖြစ်သည်။
တစ်ဖက်လူက ယဲ့ဖန်ကြောင့် ထိုသို့လုပ်သည်ကို သူမ သိပေမယ့် သူမ ခံစားချက်တွေ ရောထွေးနေသည်။
ကျုံးဟိုင်တွင်ရှိစဉ်က ယဲ့ဖန် သူမကို ကာကွယ်ပေးခဲ့သည်။
ဒီတစ်ကြိမ် နဂါးတိုင်းပြည်အိမ်ခြံမြေ ဆွေးနွေးပွဲတွင်တော့ သူမအစွမ်းကို ထုတ်ပြခွင့်ရပြီဟု ထင်ခဲ့လိုက်တာဖြစ်သည်။
အဆုံး၌ သူမကသာ ယဲ့ဖန်ထံမှ အခွင့်အရေးယူရသည့်လူဖြစ်လာမယ်လို့ မထင်ထားခဲ့ပေ။
သူမတော့ ဒီလူရဲ့ချုပ်နှောင်မှုကနေ ဒီတစ်သက် ရုန်းထွက်နိုင်တော့မည်မထင်ပေ။
“မိန်းကလေးချန်းနဲ့ သမားတော်လေးတို့က…”
လော့ကျင်းယွမ် ထိုသို့ပြောရင်း သူတို့နှစ်ဦး၏မျက်နှာထက်သို့ အကြည့်တွေ ဖြတ်ပြေးသွားသည်။
ချန်းရွှမ်၏မျက်နှာလှလှလေးမှာ အနည်းငယ်နီမြန်းသွားရသည်။
“ကျ… ကျွန်မတို့က သူငယ်ချင်းကောင်းတွေပါ”
လော့ကျင်းယွမ် အကုန်လုံးကိုမြင်လိုက်ပေမယ့် မသိချင်ဟန်ဆောင်ပေးလိုက်သည်။
“အော်၊ သူငယ်ချင်းပဲလား နှမြောစရာပဲ”
ချန်းရွှမ်အနည်းငယ်ပဟေဠိဖြစ်သွားရသည်။
“ဘာကိုနှမြောတာလဲ”
လော့ကျင်းယွမ် ယဲ့ဖန်အား ကြည့်လိုက်သည်။
“သမားတော်လေးရဲ့ကြင်နာမှုအတွက် ကျွန်တော်ပြန်ပေးဆပ်ရမယ်လေ။ မင်းတို့နှစ်ယောက်က မိသားစုတွေဆိုရင် ဒီကြင်နာမှုကို မင်းကိုပြန်ပေးဆပ်လိုက်တာ သင့်တော်ပေမယ့် ဒီတိုင်းသူငယ်ချင်းပဲ ဆိုရင်တော့…”
ချန်းရွှမ်ချက်ချင်း ပူပင်သွားရသည်။
“တကယ်တော့ ကျ… ကျွန်မတို့က… အဲ့တာ…”
သူမ ဘယ်လိုရှင်းပြရမလဲ မသိတော့ချေ။
အမှန်ဆို ယဲ့ဖန်က သူမကို သူ့ “ကောင်မလေး” ပါဟု တစ်ခါမှ ဝန်မခံခဲ့ဖူးချေ။
သူမအလွန်ရှက်ရွံ့လာရသည်…
ထိုအချိန်တွင် ရုတ်တရက် ယဲ့ဖန် သူမပုခုံးပေါ်လက်တင်လိုက်သည်။
“ချန်းရွှမ်က ကျွန်တော့်ကောင်မလေးပါ။ နောက်ကျရင် သူ့ကိုစောင့်ရှောက်ပေးပါဦးလို့ လော့လူကြီးမင်းကိုအကူအညီတောင်းရမှာပဲ”
သူထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ချန်းရွှမ်၏မျက်နှာထက်၌ မယုံကြည်မှုများဖြင့် ပြည့်နှက်သွားရသည်။
ယဲ့ဖန် ထိုကဲ့သို့လူကြားထဲ၌ ထုတ်ပြောလာမည်ဟု သူမ မထင်ထားခဲ့ချေ။
သူမတို့နှစ်ဦး နောက်ဆုံးစည်းကို ချိုးဖောက်ခဲ့ကြပြီးကတည်းက တစ်ဖက်လူ၏သဘောထားမှာ မပြတ်မသား ဖြစ်နေခဲ့တာဖြစ်သည်။ သူက သူမအကြောင်းကို တစ်ခါမှ လူကြားထဲထုတ်မပြောခဲ့ဖူးပေ။
ထိုအချက်က သူမကိုပြဿနာဖြစ်စေပြီး ကိုယ့်နေရာကိုရှာမတွေ့နိုင်ဖြစ်ခဲ့ရသည်။
သူတို့က တွဲနေကြတာရော ဟုတ်ရဲ့လား။
ဒါမှမဟုတ် တစ်ယောက်အကျိုး တစ်ယောက်လုပ်ပေးနေတဲ့ သူငယ်ချင်းတွေပဲလား
(T/N - Friends with benefits)
ထိုအမေးက သူမကိုအမြဲစိတ်ရှုပ်စေခဲ့သည်။
ယခုအခါမှသာ တစ်ဖက်လူက သူမအကြောင်းကိုရက်ရက်ရောရော မိတ်ဆက်ပေးလာတာဖြစ်သည်။
ချန်းရွှမ် သူမနှလုံးသားထဲသို့ စီးဆင်းလာသည့် အနွေးစီးကြောင်းလေးကို ခံစားလိုက်ရသည်။
ဒါက လော့ကျင်းယွမ်နှင့် တွေ့ဆုံရသည်ထက် အဆတစ်ထောင်လောက် ပိုစိတ်လှုပ်ရှားဖို့ကောင်းသည်။
ချက်ချင်းဆိုသလို သူမမျက်နှာထက်မှ မျက်ရည်များစီးကျလာသည်။