အပိုင်း ၄၇၃-၄၇၆
Vol. 24 Ch. 473-476
အပိုင်း ( ၄၇၃ )
၂ထောင်မှ သန်း၂၀ ပွားခဲ့တဲ့ ဒဏ္ဍာရီ
" ဆက်မယ် "
ယဲ့ဖန်က ချီရွှမ်းရှီကို အလောပေးလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ထိုအချိန်တွင် သူ့ရှေ့ရှိ တိုကင်ပြားအပုံလိုက်က စုစုပေါင်း တစ်သန်းဖိုး ဖြစ်လေသည်။
သူ ကာစီနိုထဲကိုဝင်လာတာ တစ်နာရီတောင် မပြည့်သေးပေ။
အချိန်တိုအတွင်းမှာဘဲ ယွမ် ၂ ထောင်ကနေ ယွမ် ၁ သန်းအထိ အနိုင်ရခဲ့သည်။
သူ့ဘေးမှာရပ်နေတဲ့ ရှန်းပိုင်ထျန်းကတော့ ဦးနှောက် ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဟုပင် ခံစားလာရသည်။
သူမ ယဲ့ဖန်ကို သိလာတာ အတော်ကြာပြီဖြစ်သော်လည်း သူက လောင်းကစားမှာ ဒီလောက်တော်မှန်း သူမ တကယ်ကို မသိခဲ့ချေ။
ယဲ့ဖန်မသိတာ ဘာရှိသေးလဲဆိုတာ သူမ တွေးမရပေ။
ချီရွှမ်းရှီ၏နဖူးမှာ ချွေးတွေသီနေပြီဖြစ်သည်။
သူ ဒီတစ်ကြိမ်မှာ တကယ့်ကျွမ်းကျင်ဆရာကြီးကို ရင်ဆိုင်နေရမှန်း သိလိုက်ရသောကြောင့် သူက ၁၂၀% လောက်ထိ သတိကပ်နေမှ တော်ကာကျလိမ့်မည်။
ပလုံလုံလုံလုံ
အန်စာတုံးခွက်ကို ထူးဆန်းစွာ ခေါက်လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ ချီရွှမ်းရှီက သူ့ရဲ့အမှတ်အသားဖြစ်တဲ့ ဝိဉာဉ်နည်းပညာဆိုတဲ့ အရည်အချင်းကို ထုတ်သုံးခဲ့တာဖြစ်သည်။
ဒီနည်းလမ်းက အန်စာတုံးနံပါတ်ကို အကဲဖြတ်ဖို့ တစ်ဖက်မှ အကြားအာရုံကို သုံးလို့မရမှာ သေချာလေသည်။
ဒုန်း
" မင်းရဲ့ လောင်းကြေးကို ထည့်ပါ "
ယဲ့ဖန်က အန်စာတုံးတွေကို လှုပ်ပြီးအောင်ထိ စောင့်ပြီးမှ သူ့ရှေ့က တိုကင်ပြားအားလုံးကို 'ဂဏန်းသေး' ဆီတွန်းလိုက်သည်။
ကျူးရှောင်ကျောင်းသည်လည်း ယဲ့ဖန်၏ အမာခံ အမာခံပရိသတ် ဖြစ်လာကာ မဆိုင်းမတွ လောင်းကြေးလိုက်ထပ်ခဲ့သည်။
" ဖွင့် "
၂၊ ၄၊ ၁ ဂဏန်းအသေး။
ကာစီနိုဘက်မှ ရှုံးသွားပြန်သည်။
ချီရွှမ်းရှီ အံကြိတ်လိုက်သည်။
ထပ်ခေါက်ပြန်သည်။
တစ်ခါပြီးတစ်ခါ သူ့ရဲ့ ကျွမ်းကျင်မှု ပညာအားလုံးနီးပါးကို အသုံးပြုခဲ့လေသည်။
သို့ပေမဲ့ ယဲ့ဖန်က ပွဲတိုင်းလိုလို အနိုင်ရလေသည်။
နာရီဝက်မပြည့်ခင်မှာဘဲ သန်း ၂၀ ဖိုး တိုကင်ပြားတွေကိုရှိခဲ့သည်။
ကျူးရှောင်ကျောင်းလည်း ယဲ့ဖန်နောက်လိုက်ပြီး လောင်းကြေးထပ်ကာ ၁၀သန်းဖိုး အနိုင်ရရှိခဲ့လေသည်။
သူတို့နှစ်ယောက်ပေါင်း ယွမ် သန်း ၃၀ကျော် ရရှိခဲ့သည်။
တကယ်လို့ ထပ်ပြီးအနိုင်ရနေမည်ဆိုပါက ကာစီနိုက ဆက်ပြီး လည်ပတ်နိုင်တော့မည် မဟုတ်ချေ။
ကာစီနိုမန်နေဂျာက ထိုင်မနေနိုင်တော့ဘဲ စောင့်ကြည့်ခန်းမှ အမြန်ထွက်လာပြီး ယဲ့ဖန်ဆီသို့ ရောက်လာသည်။
" မင်္ဂလာပါ လူကြီးမင်း။ ကျွန်တော်က ဒီကာစီနိုရဲ့ မန်နေဂျာပါ။ ဟားကျီယုန်းလို့ခေါ်ပါတယ် "
" မင်္ဂလာပါ၊ ဘာကိစ္စရှိလို့လဲ "
ယဲ့ဖန်က မန်နေဂျာကို ခေါင်းငြိမ့်ပြသည်။
" အမြင်မကောင်းတာကို ခွင့်လွှတ်ပါ။ ဒါပေမယ့် မင်းလို ပညာရှင်ကစားသမားတစ်ယောက်က ဒီ လောင်းကစားလောကထဲမှာ ဘယ်တုန်းက ပေါ်လာလဲဆိုတာကို တွေးမိပါတယ် "
ဟားကျီယုန်းသည် ယဲ့ဖန်ကို ပြုံးပြုံးကြီးကြည့်နေသည်။
" ကျွန်တော်က လောင်းကစားလောကထဲက မဟုတ်ပါဘူး။ ဒါက ကာစီနိုကို ပထမဆုံးအကြိမ် လာတာပါ "
ယဲ့ဖန်က ရိုးရိုးသားသား ဖြေလိုက်သည်။
သို့သော် ဟားကျီယုန်း၏ နားထဲတွင်တော့ အနည်းငယ်ကန့်လန့်ဖြစ်သွားခဲ့သည်။
ကာစီနိုကို ပထမဆုံးအကြိမ်လာတဲ့သူက သူတို့ရဲ့ ရတနာဖြစ်တဲ့ အကြီးအကဲချီကိုတောင် နိုင်သွားတာတဲ့လား။ ဘယ်သူ့ကို လာလိမ်နေတာလဲ။
သို့သော်လည်း တစ်ဖက်သူက သရုပ်မှန်ကို ထုတ်ဖော်ရန် ဆန္ဒမရှိသောကြောင့် သူ့ဘက်ကလည်း အတင်းအကျပ် မလုပ်ရဲပေ။
တစ်ဖက်က ဒီလို ကြောက်စရာကောင်းတဲ့ နည်းပညာတွေရှိမှတော့ သူ့မှာ အလွန်အစွမ်းထက်တဲ့ နောက်ခံရှိနိုင်ဖွယ်ရှိသည်။
သူတို့ကို ဒုက္ခရောက်အောင် လာလုပ်တာ မဟုတ်သရွေ့ ပြဿနာကြီးကြီးမားမားရှိမည် မဟုတ်ချေ။
" လူကြီးမင်း၊ ဒီနေ့ အများကြီး အောင်နိုင်ပြီးပြီဆိုတော့ ....... ဘာလို့ မနားတာလဲ...ဒီနေ့အတွက် ရပ်တော့မလား။ သောက်စရာတစ်ခုခု ဧည့်ခံပါမယ် "
ယဲ့ဖန်က မန်နေဂျာ ဘာကိုဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။ သူဆက်အနိုင်ရနေရင် ကာစီနိုတစ်ခုလုံး အနိုင်ရသွားမှာကို သူကကြောက်နေတာလား။
သို့သော် သူလည်း ဒါမျိုးကို တကယ် ပျင်းနေပြီဖြစ်သည်။
ဒီအရာက အဓိပ္ပါယ်မရှိဘူးဟု သူခံစားမိသည်။
ယဲ့ဖန် ချက်ချင်း ထရပ်လိုက်သည်။
" လောလောဆယ်တော့ ဒီလောက်ပါပဲ။ ဒီတိုကင်ပြားတွေကို လဲလှယ်ပေးပါဦး "
ဟားကျီယုန်းသည် တိုကင်ပြားပုံကြီးကို ကြည့်ကာ နှလုံးသွေးများ ယိုစီးလာရသည်။
ဒါပေမယ့် ကစားသမားတွေ အများကြီးရှေ့မှာ ငြင်းဆန်လို့မရပေ။
သူက တိုကင်ပြားတွေလဲဖို့ လက်အောက်ငယ်သားတစ်ယောက်ကို ခိုင်းစေလိုက်သည်။
သန်း ၂၀က သေချာပေါက် ငွေသားမဟုတ်ချေ။ ထို့နောက် ယဲ့ဖန်၏ဘဏ်အကောင့်သို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့သည်။
လူတိုင်းက သူ့ကို မနာလိုစွာ ကြည့်နေကြသည်။
ဒီလူငယ်လေးက ယွမ် ၂၀၀၀ ကနေ ယွမ်သန်း ၂၀ အထိ ပြောင်းလဲခဲ့တဲ့ ဒဏ္ဍာရီကို ကိုယ်တိုင်ရေးထိုးခဲ့သည်။
တကယ်ကို ရင်သပ်ရှုမောစရာကောင်းလှသည်။
ကျူးရှောင်ကျောင်းသည်လည်း သူမ၏ တိုကင်ပြားများကို ပျော်ရွှင်စွာ လဲလှယ်သွားခဲ့သည်။
.............................
သူတို့နှစ်ယောက် ထွက်သွားပြီးတဲ့နောက် ဟားကျီယုန်းသည် သူ့ခြေထောက်တွေ အားနည်းသွားသလို ခံစားလိုက်ရပြီး ကုလားထိုင်ပေါ်သို့ လဲကျသွားခဲ့တော့သည်။
အခုတိုက်ပွဲက သူ့အတွက်တော့ နှိပ်စက်ညှဉ်းပန်းမှုကြီးဖြစ်လေသည်။
သူ့ဘက်က ဘယ်လိုပဲ လှည့်ကွက်တွေကစားနေပါစေ၊ တစ်ဖက်လူက သူတို့အကွက်တွေကို မြန်မြန်ဆန်ဆန် ဖျက်ဆီးပစ်နိုင်သည်။
ထိုမှသာ သူ့ထက်သာလွန်တဲ့သူ အမြဲရှိနေကြောင်း သတိထားမိတော့သည်။
ပိုရှားပါးတာက တစ်ဖက်သူဟာ အသက်အရွယ်အရ အရမ်းငယ်သေးကာ သူ့အနာဂတ်က အကန့်အသတ်မရှိ ဖြစ်နေလေသည်။
လောင်းကစားလောကမှာ မြင့်တက်လာမယ့် ကြယ်ပွင့်အသစ်လေးကို သူမြင်နိုင်သည်။
ပွဲကြည့်နေခဲ့တဲ့ ကစားသမားတွေက ခွဲထွက်ဖို့ကို တွန့်ဆုတ်နေကြသည်။
ကျွမ်းကျင်သူများကြားက ထိုကဲ့သို့သောတိုက်ပွဲမျိုးကို ကြည့်ရှုရခြင်းသည် ပျော်ရွှင်မှုတစ်မျိုးဖြစ်ကြောင်း သေချာပေါက်ပြောရပေမည်ဖြစ်သည်။
သူတို့လို လောင်းကစားသမားတွေအတွက်တော့ ဒီလိုတိုက်ပွဲမျိုးက ညစ်ညမ်းရုပ်ရှင်ကြည့်တာထက် ပိုစိတ်လှုပ်ရှားစရာကောင်းလေသည်။
...........................
တစ်ဖက်တွင် ဟားကျီယုန်းက ယဲ့ဖန်၊ ရှန်းပိုင်ထျန်းနှင့် ကျူးရှောင်ကျောင်းတို့ကို ငွေလဲရန် ကူညီပေးပြီးတဲ့နောက် အပြင်ကို အမြန်နှင်လွှတ်ကာ စောင့်ကြည့်ခန်းထဲကို ပြန်လာသည်။
" အဲ့ကောင်လေးရဲ့ အကောင့်ကို စစ်ကြည့်ပြီး သူက ဘယ်သူလဲဆိုတာ ကြည့်လိုက် "
သင်္ဘောပေါ်ပြန်ရောကလာတဲ့အခါ ယဲ့ဖန်ဆီ ငွေလွှဲပေးခဲ့တဲ့ လက်အောက်ငယ်သားကို ချက်ချင်း အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သားက သူ့ကို ညှိုးငယ်သော မျက်နှာဖြင့် ကြည့်လာသည်။
" မန်နေဂျာ၊ အဲ့ဒီကောင်လေးရဲ့ အကောင့်က ကိုယ်ပိုင်ဘဏ်အကောင့်တစ်ခုပါ။ လုံခြုံရေးအဆင့်က အရမ်းမြင့်တယ်။ ကျွန်တော်တို့ လုံးဝ မရှာနိုင်ဘူး "
ဟားကျီယုန်းက ကောင်တာကို ချက်ချင်း ရိုက်ချလိုက်သည်။
ထိုကောင်လေးက ဒီညမှာ သန်း ၂၀ .... မဟုတ် သန်း ၃၀ ထိ နိုင်သွားခဲ့သည်။
အဲ့တာက ကာစီနို၏ တစ်ပတ်စာအမြတ်ငွေနှင့် ညီမျှလေသည်။
ဒီတစ်ကြိမ်မှာ သူ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။
တွေးကြည့်ရုံဖြင့် သွေးအန်ချင်လာသည်။
................
သင်္ဘောဝမ်းအပြင်ဘက်တွင်။
" မင်္ဂလာပါ၊ ငါ့နာမည်က ကျူးရှောင်ကျောင်း "
" ယဲ့ဖန်ပါ "
" ရှန်းပိုင်ထျန်းပါ "
ယဲ့ဖန်နှင့် ကောင်မလေးနှစ်ယောက်က သင်္ဘောခန်းထဲမှ ထွက်လာပြီး သူတို့ရဲ့ နာမည်တွေကို အချင်းချင်း မိတ်ဆက်ကြသည်။
" ဒီနေ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ နင့်နောက်ကို လိုက်လောင်းပြီး ငါ အများကြီးဝင်ငွေရလိုက်တယ် "
ကျူးရှောင်ကျောင်းက တစ်ညလုံး ရှုံးခဲ့ရပြီး နောက်ဆုံးတွင် ယဲ့ဖန်နှင့်အတူ ၁၀ သန်းကျော် ပြန်အနိုင်ရခဲ့သည်။ ထို့ကြောင့် သူမက အလွန်စိတ်အခြေအနေ ကောင်းနေခဲ့သည်။
" ကျေးဇူးတင်နေစရာ မလိုပါဘူး။ အဲ့တာက မင်းကိုယ်တိုင်ရခဲ့တာပအ "
ယဲ့ဖန်က ထိုမိန်းကလေး၏ ရဲရင့်မှုကိုလည်း ချီးကျူးလေသည်။
သူလောင်းကြေးထည့်လိုက်တိုင်း တစ်ဖက်သူက သူနဲ့အတူ လိုက်ကစားသည်။
သူလည်း သူ့အစွမ်းအစကို သက်သေပြခဲ့ပေမယ့် ဒီမိန်းကလေးကလည်း အတော်ကို သတ္တိအပြည့်ရှိကြောင်း ဝန်ခံရပေမည်။
တစ်ခုခုကို ဆုံးဖြတ်ပြီးတာနဲ့ သူမက သေချာပေါက် လုပ်လေသည်။
" ငါတို့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လဲကြမလား။ နောက်ဆို ဒီလိုလောင်းကစားဂိမ်းတွေပါရင် ငါ့ကို လှမ်းခေါ်လို့ရတယ် "
ကျူးရှောင်ကျောင်းသည် သူမ၏ ဖုန်းကို ချက်ချင်းထုတ်ကာ ဆက်သွယ်ရန် အချက်အလက်ကို တောင်းခဲ့သည်။
ယဲ့ဖန်ကလည်း ဒီကိစ္စကို သိပ်ပြီး စဉ်းစားမနေဘဲ သူမနဲ့ ဖုန်းနံပါတ် ဖလှယ်လိုက်သည်။
" ဒါဆို ငါအရင်သွားတော့မယ်။ ငါ့ကို ဖုန်းခေါ်ဖို့ မမေ့နဲ့ "
ကျူးရှောင်ကျောင်းက မထွက်သွားခင် သူ့ကို မျက်လုံးမှိတ်ပြလိုက်သည်။
ထိုအချိန်မှာ ရှန်းပိုင်ထျန်းက ပြောသည်။
" နင်ကြည့်နေတုန်းပဲလား။ မျက်လုံးတွေလည်း ကျွတ်ထွက်သွားဦးမယ် "
ယဲ့ဖန်က သူ့အကြည့်တွေကို အမြန်ပြန်ရုတ်လိုက်သည်။
" မင်းဘာတွေတွေးနေတာလဲ။ ဒီကောင်မလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကိုယ်က တွေးနေတာ "
" ဒါဆို ငါက ပျင်းဖို့ကောင်းတယ်လို့ပြောနေတာလား။ ငါသိပါတယ်၊ နင်က ငါးစိမ်းမြင် ငါးကင်ပစ်ချင်နေတာ။ မကောင်းတဲ့လူ "
ရှန်းသခင်မလေးက နှုတ်ခမ်းကို စူထော်လိုက်သည်။
ယဲ့ဖန် ခေါင်းကိုက်လာရသည်။
" မင်းက ပျင်းစရာကောင်းတယ်လို့ ဘယ်တုန်းက ပြောလို့လဲ။ ပြီးတော့ ငါးစိမ်းမြင် ငါးကင်ပစ်ဆိုတာကလည်း ဘာကိုဆိုလိုချင်တာလဲ။ ငါ မင်းကို ကြိုက်တယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ "
အပိုင်း ( ၄၇၄ )
အဲ့တာဆို ငါက ထွက်သွားပေးရမှာလား
ရှန်းပိုင်ထျန်းသည် ထိုစကားကိုကြားသောအခါ သူမ ပို၍ပင် ဒေါသဖြစ်လာခဲ့ရသည်။
" ဒါဆို ငါက ထွက်သွားပေးရမှာလား "
ယဲ့ဖန်က သူမကို အမြန်ပြန်ဆွဲလိုက်သည်။
" ကိုယ် မင်းကို နောက်ပြောင်နေတာပါ။ မင်းက အတည်ကြီးထင်နေတာလား "
ရှန်းပိုင်ထျန်းလှည့်ပြီး သူ့ကိုကြည့်လိုက်သည်။
" ဒါဆို နင် သူ့ကို မကြိုက်ဘူးလို့ ကျိန်ဆို "
ယဲ့ဖန်၏ မျက်နှာအမူအရာ မှောင်သွားသည်။
" ကိုယ့်ကို ခွေးတစ်ကောင်လို့ မင်းထင်နေတာလား။ လှတဲ့ မိန်းကလေးတိုင်းကို သဘောကျနေရမှာလား။ တစ်ကြိမ်ပဲတွေ့ဖူးပြီးတာနဲ့ သူမကို သဘောကျသွားပြီ ထင်နေလား။ ကိုယ့်ကို ဘယ်လိုလူထင်နေတာလဲ "
အဲ့လိုပြောပြီးနောက် သူက ထွက်သွားဖို့ပြင်သည်။
သူစိတ်ဆိုးနေတာကိုမြင်တော့ ရှန်းပိုင်ထျန်းက သူ့ကို အလျင်အမြန် လက်ကိုဆွဲပြီး ပြောသည်။
" တောင်းပန်ပါတယ်။ ငါမှားသွားပါတယ်၊ စိတ်မဆိုးပါနဲ့ "
ယဲ့ဖန်က သူမကို မော့ကြည့်လိုက်သည်။
" မင်းဘာအမှားလုပ်မိလို့လဲ "
ရှန်းပိုင်ထျန်း နှုတ်ခမ်းစူလိုက်သည်။
" ငါ မနာလို မဖြစ်သင့်ဘူး။ နင့်ကိုလည်း ဒေါသထွက်အောင် မလုပ်သင့်ဘူး။ ငါ ထပ်မလုပ်တော့ပါဘူး "
ယဲ့ဖန် ပြုံးလိုက်သည်။
မင်းကို မထိန်းနိုင်ဘူးလို့ မင်းထင်နေလား။
ရှန်းပိုင်ထျန်းက သူ့အပြုံးကို မြင်ရတော့မှ စိတ်သက်သာရာ ရသွားသည်။
" စကားမစပ်၊ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ကာစီနိုရုံမှာ ခြိမ်းခြောက်ခံရတာကို နင် ဘယ်လိုသိတာလဲ "
ဒီတစ်ကြိမ်ကတော့ ယဲ့ဖန် အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။
" မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းလား "
ရှန်းပိုင်ထျန်း ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်လေ။ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက ဒီကာစီနိုမှာ လှည့်စားခံခဲ့ရတာ။ သူမက ယွမ် ၁၀ သန်းကျော် အကြွေးတင်နေသေးတယ်။ အဲ့အတွက် စိတ်မကောင်းဖြစ်နေတာ။ ဒီအကြောင်းကို နင် ကြားထားလို့ ငါ့ကို ဒေါသပြေအောင် ကူညီပေးခဲ့တာ ဟုတ်တယ်မဟုတ်လား "
ယဲ့ဖန်သည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော သူမ၏မျက်လုံးလေးများကို ကြည့်ကာ သူမကို 'ဒီမှာမမလေး အတွေးလွန်နေပြီ'လို့ ပြောမထွက်ခဲ့ချေ။
ကျေကျေနပ်နပ်ကြီး ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်တော့သည်။
" အဲ့လိုပြောရင်လည်း အဲ့လိုပေါ့ "
ရှန်းပိုင်ထျန်း ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။
" နင်က ငါ့အတွက် အကောင်းဆုံးဆိုတာ ငါသိတယ် "
သူမက ပြောသည့်အတိုင်း ယဲ့ဖန်ပါးကို နမ်းလိုက်သည်။
ယဲ့ဖန်က သူမကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" မင်း ကိုယ့်ကို ကျေးဇူးတင်နိုင်ပေမယ့် ဘာလို့နမ်းတာလဲ။ ဒီအကျင့်ဆိုးကို ဘယ်သူ့ဆီက သင်လာခဲ့တာလဲ "
ထိုမှသာ ရှန်းပိုင်ထျန်းက သူမ အလွန်ပျော်ရွှင်နေပြီး ထိုကဲ့သို့ 'အလွန်အမင်း' လုပ်ရပ်ကို လုပ်မိခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။
" ငါ ..... တောင်းပန်ပါတယ်။ အဲ့တာ ..... "
ယဲ့ဖန်သည် သူမ၏ ချစ်စဖွယ်အသွင်အပြင်ကို ကြည့်ကာ ခပ်ညစ်ညစ်ပြုံးနေခဲ့သည်။
ရှန်းပိုင်ထျန်းက ထိုစကားကိုကြားသောအခါ သူမ ချက်ချင်း ရှက်ပြီး ဒေါသထွက်သွားသည်။
" နင် ....... နင် လျှောက်ပြောမနေနဲ့။ ဘယ်သူက နင့်ကို အဲ့လို လုပ်ချင်နေလို့လဲ။ ငါ ....... အဲ့တုန်းက သေချာတွေးမနေမိခဲ့လို့ "
" အဲ့ဒီတုန်းက သိပ်မတွေးခဲ့ဘူးလား။ ဆိုတော့ မင်း အခု အများကြီးစဉ်းစားနေပြီလို့ ဆိုလိုတာလား "
" လျှောက်မပြောနဲ့၊ ငါ အခုမှ တွေးမနေဘူး .......... "
" မင်း အခုမှ မတွေးရင်တောင် ညဘက်မှာ တွေးနေရင် ဘယ်သူသိမှာလဲ။ ယောက်ျားလေးတွေက အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ အခုခေတ်မှာ မိန်းမပျက်တွေ အများကြီးရှိနေပြီ။ ငါတို့သတိထားရမယ် "
ယဲ့ဖန်၏ ကျိုးကြောင်းဆီလျော်မှုမရှိသော လုပ်ရပ်များကို အပြည့်အ၀ပြသခဲ့သည်။
" နင် ....ငါ နင့်ကို မခေါ်တော့ဘူး၊ ဟွန့် "
ရှန်းပိုင်ထျန်း မျက်နှာလှလှလေးသည် နားရွက်တွေအထိ နီနေပြီဖြစ်သည်။ သူမ မျက်နှာကို အလျင်အမြန် ဖုံးအုပ်ကာ ထွက်ပြေးသွားခဲ့သည်။
ထိုအချိန်တွင် ယဲ့ဖန်၏နားထဲတွင် စနစ်သတိပေးသံ ထွက်ပေါ်လာသည်။
[ အခွင့်အရေးလမ်းညွှန်မှုတာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှဆုကြေးအဖြစ် ၆ဘီလီယံတန်ဖိုးရှိ ယန်းချန်ကျုံးဟန် ပို့ဆောင်ရေးကုမ္ပဏီလိမိတက်ကို ချီးမြင့်ပါသည် ]
" ဟာ ........ "
စနစ်၏ဆုကြေးကို ယဲ့ဖန်ကြားသောအခါ ဟာခနဲဖြစ်သွားသည်။
သူက ရှာဖွေရေးအက်ပလီကေးရှင်းကို ချက်ချင်းဖွင့်ပြီး ထိုကုမ္ပဏီကို ရှာဖွေခဲ့သည်။
တရားဝင်သတင်းအချက်အလက်များအရ ဒီကျုံးဟန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ယန်းချန်တွင် အကြီးဆုံး သယ်ယူပို့ဆောင်ရေးကုမ္ပဏီဖြစ်ကြောင်း သူသိရှိခဲ့ရသည်။
ယန်းချန်၏ သယ်ယူပို့ဆောင်ရေးဈေးကွက်တန်ဖိုး ထက်ဝက်နီးပါးရှိလေသည်။
ဒီကုမ္ပဏီသာနဲ့ဆိုရင် ယဲ့ဖန် ယန်းချန်ရဲ့ စီးပွားရေးလောကထဲကို အောင်အောင်မြင်မြင် ဝင်ရောက်ဖို့ လုံလောက်လေသည်။
တောင်ပိုင်းကွမ်တုန်းပြည်နယ်၊ ငါ ယဲ့ဖန် ဒီကိုရောက်လာပြီ။
............................
ထိုညသန်းခေါင်အချိန်တွင် ဟားကျီယုန်းသည် သူ့သူငယ်ချင်း ထန်ဖုရှန်းနှင့်အတူ အရက်သွားသောက်ကြသည်။
သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိကြလေသည်။
ထန်ဖုရှန်းက ဟားကျီယုန်း အမူအရာမမှန်တာကို မြင်တော့ မေးလေသည်။
" ပန်းပွင့်ဘုန်းတော်ကြီး၊ ဒီနေ့ မင်းဘာဖြစ်နေတာလဲ။ မင်းမိန်းမက တခြားတစ်ယောက်နဲ့ ပြေးသွားလို့လား "
ဟားကျီယုန်း၏ နာမည်ပြောင်မှာ ပန်းပွင့်ဘုန်းကြီးဖြစ်သည်။ သူနဲ့ အရမ်းရင်းနှီးတဲ့သူတွေကသာ သူ့ကိုဒီလိုခေါ်ရဲကြလေသည်။
ထန်ဖုရှန်း၏မေးခွန်းကိုကြားတော့ သူ့မျက်နှာက ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။
" ငါ့မိန်းမက တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားရင်တောင် ငါဒီ့ထက် ပိုပျော်ဦးမယ်။ ငါ သူ့ကို ကန်ထုတ်ချင်နေတာကြာပြီ "
ထန်ဖုရှန်းက ပိုလို့တောင် သိချင်သွားခဲ့သည်။
" ဒါဆို ဘာလဲ။ မင်းကို မျက်မှောင်ကြုတ်စေနိုင်တဲ့ အရာတွေ အများကြီး သိပ်မရှိဘူးမဟုတ်လား "
ဟားကျီယုန်း သက်ပြင်းချလိုက်တယ်။
" ဟူး၊ အဲ့တာက ကာစီနိုထဲက တချို့ကိစ္စတွေပါ။ မေ့လိုက်ပါတော့၊ အဲ့တာကို မပြောပါရစေနဲ့။ သောက်ပဲ သောက်ကြရအောင် "
ဟားကျီယုန်းက ထိုကဲ့သို့ ပြုမူလေလေ ထန်ဖုရှန်းက ပို၍စူးစမ်းချင်စိတ် ဖြစ်လာလေလေဖြစ်သည်။
" ပြောပါ, ငါနားထောင်မယ် "
ဟားကျီယုန်းက ထန်ဖုရှန်း အတင်းဆက်မေးနေတာကို တွေ့လိုက်ရတဲ့အတွက် ဒီည ဖြစ်ပျက်ခဲ့တာတွေကို အတိုချုံးရှင်းပြခဲ့သည်။
" ဒီနေ့ ကလေးတစ်ယောက် ငါတို့ရဲ့ ကာစီနိုကို ရောက်လာတယ်။ သူဝင်လာတော့ ယွမ် ၂၀၀၀ ဖိုးပဲ တိုကင်ပြား ဝယ်လဲခဲ့တာ။ သူထွက်သွားတော့ ဘယ်လောက်အနိုင်ရသွားခဲ့လဲ သိလား "
" ဘယ်လောက်လဲ။ ၂သောင်းလား "
" ချီးပဲ၊ ၂သောင်းလောက်နဲ့ ငါက ဒီလောက်ဝမ်းနည်းနေရမှာလား "
" ဒါဆို ၂သိန်းလား "
" ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူဌေးကြီးပဲ။ နည်းနည်းတော့ ရဲတင်းပါဦး။ ထပ်ပြီး ခန့်မှန်းကြည့် "
" ၂သန်းတော့ မဟုတ်လောက်ဘူးမလား။ ဒါဆိုရင် ဒီကလေးက အရမ်းမိုက်တာပဲ။ မင်းရဲ့နေရာမှာ ၂သန်းတောင် တကယ်ကြီး အနိုင်ရသွားခဲ့တာလား "
" ကျစ်၊ ၂ သန်းတဲ့လား။ ငါ မင်းကိုပြောပြမယ် ဒီကလေးက သန်း ၂၀ ဟား .... မဟုတ်ဘူးဘဲ သန်း ၃၀ နိုင်သွားတာ "
" ဖူး ..... ဘယ်လောက်။ သန်း ၃၀ တောင်လား။ ဒီကောင်လေးက လောင်းကစားသမားတွေရဲ့ နတ်ဘုရားပဲ။ မင်းနေရာမှာ ချီရွှမ်းရှီ မရှိဘူးလား "
" သူက ဝင်မပါဘူးလား "
" အဲ့တာက ပိုစိတ်ပျက်စရာတောင် ကောင်းသေးတယ်။ အဲ့ဒီကလေးက ချီရွှမ်းရှီပွဲတွေဆီကနေ ပိုက်ဆံရသွားတာ "
" ချီး၊ သူက တကယ်ကြီး အဲ့လောက်တောင် အစွမ်းထက်တာလား "
ထန်ဖုရှန်း အံ့အားသင့်သွားတာကို မထိန်းနိုင်ပေ။
သူသိသလောက် ချီရွှမ်းရှီက တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ လောင်းကစားလောကတွင် အလွန်ကျော်ကြားသူဖြစ်သည်။
အဲ့ဒီလို ကျွမ်းကျင်သူကတောင် ရှုံးသွားခဲ့တာလား။
ဟားကျီယုန်းပြောတဲ့ ကလေးက တကယ်ကို ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပုံရသည်။
" မင်း ငါ့ကိုမယုံဘူးမလား။ လာ၊ ငါမင်းကို စောင့်ကြည့်ကင်မရာက ဗီဒီယိုမှတ်တမ်းကို ပြမယ်။ ဒီကလေးက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းတွေ့မှာပါ "
ထို့နောက် ဟားကျီယုန်းက သူ့ဖုန်းထဲမှ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်သည်။
ထန်ဖုရှန်း ဖုန်းကိုယူ စစ်ကြည့်လိုက်သည်။
ထိုပညာရှင် လူငယ်ဆိုကို ဖုန်းမျက်နှာပြင်မှာ မြင်လိုက်ရတဲ့အခါ မျက်လုံးများ ပြူးကျယ်သွားသည်။
ယဲ့ဖန်လား။
ထန်ဖုရှန်း သူ့မျက်လုံးတွေ အမြင်မှားနေတယ်ထင်ပြီး သူ့မျက်လုံးတွေကို အလျင်စလို ပွတ်သပ်လိုက်သည်။
ဟုတ်တယ်၊ အဲ့တာက တကယ် ယဲ့ဖန်ပဲ။
အပိုင်း ( ၄၇၅ )
ရန်သူရဲ့ ရန်သူက မဟာမိတ်
ဟားကျီယုန်းသည် ထန်ဖုရှန်း၏ ထိတ်လန့်တုန်လှုပ်သွားသော အမူအရာကိုမြင်ပြီး ယဲ့ဖန်၏ လောင်းကစားကျွမ်းကျင်မှုကြောင့် သူလည်း ထိတ်လန့်သွားသည်ဟု တွေးလိုက်မိသည်။
" ဘယ်လိုလဲ။ ငါမှားလား၊ ဒီကလေးရဲ့ လောင်းကစားစွမ်းရည်က သာလွန်နေပြီးတော့ အသက်ရှူတောင် မှားတယ်လို့ ပြောရမယ် "
ထန်ဖုရှန်းက ချက်ချင်း ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်သည်။
" ဒီကလေးကို ငါသိတယ် "
ဟားကျီယုန်း အံ့အားသင့်သွားသည်။
" မင်းသူ့ကို ဘယ်မှာတွေ့တာလဲ။ တခြားကာစီနိုမှာလား "
ထန်ဖုရှန်း ခေါင်းခါလိုက်သည်။
" မဟုတ်ဘူး၊ နဂါးအိမ်ခြံမြေဆွေးနွေးပွဲမှာ "
" နဂါး ....... သူက ဘာလို့ နဂါးအိမ်ခြံမြေကို သွားရတာလဲ "
ဟားကျီယုန်းက သူ့ဦးနှောက်က လိုက်မမီတော့ဘူးလို့ ခံစားလိုက်ရသည်။
ဒီကလေးက အိမ်ခြံမြေနဲ့ ဘာဆိုင်လို့လဲ။
ထန်ဖုရှန်းက ဘီယာတစ်ငုံသောက်ပြီး သူ့ကို စိုက်ကြည့်နေသည်။
" ယဲ့ဖန်အကြောင်း မင်းကြားဖူးတယ်မဟုတ်လား "
ဟားကျီယုန်း ခေါင်းယမ်းလိုက်သည်။
" မကြားဖူးဘူး "
" အဟွတ်၊ အဟွတ် .............. "
ထန်ဖုရှန်း သီးသွားရသည်။
" ကျုံးဟိုင်ရဲ့ စီးပွားရေးလောကထဲမှာ လှုတ်လှုပ်ခတ်ခတ်ဖြစ်တာကို မင်းမကြားမိဘူးလား "
ဟားကျီးယုန်းက မသိမသာ နှုတ်ခမ်းမဲ့လိုက်သည်။
" ငါက စီးပွားရေးလောကထဲကမှ မဟုတ်တာ။ ငါဘယ်လိုလုပ်သိမှာလဲ။ ငါ့ကာစီနိုကိုပဲ စိတ်ဝင်စားတာကို "
ထန်ဖုရှန်းက ကျွဲပါးစောင်းတီးနေရသလို ခံစားလိုက်ရသည်။
" ဒါဆို နျုံစစ်သွမ်းကိုတော့ ကြားဖူးတယ် မဟုတ်လား "
ဟားကျီယုန်း မျက်လုံးပြူးသွားသည်။
" တောင်ပိုင်းကွမ်တုန်းပြည်နယ် တစ်ခုလုံးမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကို ငါက သူ့အကြောင်း မကြားဘူးပဲနေမလား "
ထန်ဖုရှန်းက သူ့ကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေလိုက်သည်။
" နျုံစစ်သွမ်း ဟိုတလောက ကျုံးဟိုင်မှာ သေသွားတဲ့သတင်းကို မင်းကြားထားတယ်မဟုတ်လား "
ဟားကျီယုန်းသည် ထန်ဖုရှန်းက သွယ်ဝိုက်ပြောနေတာကို အနည်းငယ် စိတ်မရှည်တော့ပေ။
" မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ။ ဒီကလေးက နျုံစစ်သွမ်းကိုသတ်လိုက်တာလို့တော့ မပြောနဲ့ "
ထန်ဖုရှန်းက ခေါင်းငြိမ့်လိုက်သည်။
" နီးစပ်နေပြီ။ နျုံစစ်သွမ်းက ကျုံးဟိုင်မှာ ဒီကောင်လေးနဲ့ ပြဿနာတက်ပြီး သုံးကြိမ်လုံးရှုံးခဲ့ရတယ်။ နောက်ဆုံးကျတော့ အသတ်ခံလိုက်ရတယ် "
ဟားကျီယုန်း အံ့အားသင့်သွားသည်။
" မင်း ...... ငါ့ကို နောက်နေတာလား။ နျုံ ... နျုံစစ်သွမ်းလိုလူက ဒီကလေးကို တကယ်ကြီး ရှုံးခဲ့တာလား "
" ဒါက လျှို့ဝှက်ချက်မဟုတ်ဘူး။ မင်း ငါ့ကိုမယုံရင် သူများတွေကို ငါပြောတာမှန်လားလို့ လိုက်မေးကြည့် "
ဟားကျီယုန်း ကုလားထိုင်ပေါ် ချက်ချင်း လဲကျသွားသည် ။
" ငါ ဒီကလေးကို သင်ခန်းစာတစ်ခု သင်ပေးချင်ပေမယ့် မင်းပြောသလို သူက နျုံစစ်သွမ်းကိုပါ အနိုင်ယူထားတာဆိုတော့ တစ်ခုခုဆို ငါ့သေတွင်းငါ တူးသလိုဖြစ်နေမှာ မဟုတ်ဘူးလား "
ဟားကျီယုန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
" ငါ့ရဲ့ စွမ်းဆောင်ရည်နဲ့ နျုံစစ်သွမ်းကိုတောင် အနိုင်မယူဘူးဆိုတော့ သူ့ကိုနိုင်ထားတဲ့ကောင်ရဲ့ မျက်လုံးထဲမှာ ငါဘာမှအဖြစ်ရှိမှာတောင် မဟုတ်ဘူး "
ထန်ဖုရှန်း ရယ်လိုက်သည်။
" ဒီကလေးက သိပ်ကြောက်စရာ မကောင်းပါဘူး။ နျုံစစ်သွမ်းက တိုက်ပွဲမှာ သူ့ရဲ့ခွန်အား အစစ်အမှန်ကို မပြနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ။ ဒုတိယအနေနဲ့ သူ့ရဲ့ အသင်းသားတွေက ညံ့ဖျင်းတော့ သူတို့ရဲ့ လှည့်စားမှုကို ခံခဲ့ရတာကြောင့် အခုလို အဆုံးသတ်သွားခဲ့ရတာပါ "
ဟားကျီယုန်းသည် ခေါင်းကို အကြိမ်ကြိမ်ခါလိုက်သည်။
" ဘာပဲဖြစ်ဖြစ် သူအရင်က နျုံစစ်သွမ်းကိုတောင် အနိုင်ယူခဲ့ဖူးမှတော့ ဒီလိုလူကို မနှောင့်ယှက်တာ ပိုကောင်းတယ် "
ထန်ဖုရှန်းက လှောင်ပြောင်သည့်အမူအရာကို ထုတ်ဖော်ခဲ့သည်။
" ဒါဆို သန်း ၃၀ ကို ပြန်မလိုချင်ဘူးလား။ ဒါကိစ္စကို မင်းရဲ့ သူဌေးကို ဘယ်လိုရှင်းပြမှာလဲ "
ဟားကျီယုန်းက ထိုကိစ္စကို ပြောတာကို ကြားတော့ ချက်ချင်း ငြိမ်သွားသည်။
ထန်ဖုရှန်းက ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး သူ့အကြံဥာဏ်ကို ချက်ချင်း အကောင်အထည်ဖော်လိုက်သည်။
" တကယ်တော့ မင်းအတွက် ယွမ် သန်း၃၀ကို ပြန်ရဖို့က မခက်ပါဘူး "
" တကယ်တော့ ငါပြောတဲ့အတိုင်းလုပ်ရင် မင်းကံကောင်းနိုင်တယ် "
ဟားကျီယုန်းက အမြန်မေးတော့သည်။
" မင်း ဘာတွေတွေးထားလဲ "
ထန်ဖုရှန်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
" ဝိဇ္ဇာတစ်ထောင်ပညာရှင်ကို ငါသိတယ်။ သူက Aomen က နိုင်ငံတကာ ကာစီနိုတစ်ခုမှာ တာဝန်ယူနေတာ။ သူက အရမ်းတော်တယ်။ ဟို ယဲ့ဖန်ဆိုတဲ့ ကောင်လေးကိုသွားရှာပြီး ပြိုင်ပွဲတစ်ခုကိုစီစဉ်လိုက်။ သူ့မိဘတွေ ငိုရလောက်တဲ့အထိ သူရှုံးသွားမယ်လို့ ငါအာမခံတယ် "
ဟားကျီယုန်းက အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။
" မင်းပြောနေတဲ့ ဒီပညာရှင်က ဘယ်သူလဲ။ စိတ်ချရပါ့မလား "
ထန်ဖုရှန်းက သူ့ဖန်ခွက်ကို ဖြည်းညှင်းစွာ ကောက်ယူလိုက်ပြီး နှစ်ငုံလောက်သောက်လိုက်သည်။
ဟားကျီယုန်းက မတတ်နိုင်ဘဲ စိတ်ထဲမှာ သိချင်မှုကြောင့် တောက်လောင်နေသည်။
" ဖန်ရှင်းကျား "
ဟားကျီယုန်းက ထိုနာမည်ကို ကြားလိုက်သောအခါ သူ ချက်ချင်း မယုံနိုင်လောက်တဲ့ အကြည့်တို့ ပေါ်လာသည်။
" မင်း သူ့ကို ဖိတ်နိုင်တာ သေချာလို့လား "
ထန်ဖုရှန်းက ယုံကြည်ချက်ရှိရှိပြုံးလိုက်သည်။
" ငါတို့မှာ ပိုက်ဆံအလုံအလောက်ရှိသရွေ့ ဘယ်သူ့ကိုမဆို ငှားလို့ရတယ် "
ဟားကျီယုန်းက ဒီပညာရှင်ကို ဖိတ်ချင်ရင် စျေးကြီးပေးရမယ်ဆိုတာ သိလေသည်။ ချက်ချင်း ထန်ဖုရှန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
" ဘာလို့ ငါ့ကို ဒီလိုကူညီနေတာလဲ "
ထန်ဖုရှန်း၏ မျက်နှာပေါ်တွင် အမုန်းတရားများ ထွက်ပေါ်လာသည်။
" ဘာလို့လဲဆိုတော့ ငါလည်း ဒီကောင်လေးနဲ့ ရန်ငြိုးရှိတယ်။ ငါ့ရန်သူရဲ့ရန်သူက ငါ့မိတ်ဆွေပေါ့။ နောက်ပြီးတော့ ငါတို့က သူငယ်ချင်းတွေပဲလေ "
ဟားကျီယုန်းသည် မဆိုင်းမတွ သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။
" ငါနားလည်ပါတယ်။ ဒါဆိုရင် ဘုံရန်သူကို ချေမှုန်းဖို့ ငါတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ် "
ထန်ဖုရှင်းသည်လည်း သူ့ဖန်ခွက်ကို မြှောက်လိုက်ကာ ခွက်တိုက်လိုက်ကြသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေကြပြီး ခွက်ထဲက ဝိုင်ကို တစ်ကျိုက်တည်း သောက်လိုက်ကြသည်။
နှစ်ယောက်စလုံးက ရန်သူကို ဖျက်ဆီးမည့် လှပသော အိပ်မက်ထဲတွင် နစ်မြုပ်နေကြသည်။
သူတို့စကားပြောတာကို ဘေးမှာ ထိုင်နားထောင်နေခဲ့တဲ့ အမျိုးသားတစ်ယောက်က ငွေရှင်းပြီးနောက် ထွက်သွားတာကို သူတို့ သတိမထားမိလိုက်ချေ။
.....................
ယဲ့ဖန် နောက်တစ်နေ့ နံနက်စောစောတွင် နိုးလာသည်။ ရေသောက်ဖို့ ဧည့်ခန်းကိုသွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ ပြင်ဆင်သည်။
ထိုအချိန်တွင် ကျူးရှောင်ကျောင်းဆီမှ ရုတ်တရက် ဖုန်းဝင်လာသည်။
" ဟေး ဘာလို့ ငါ့ကိုခေါ်တာလဲ "
ဖုန်းခေါ်တာကို ကောက်ကိုင်လိုက်ပြီး ဆိုဖာပေါ်ထိုင်ချကာ ကော်ဖီစားပွဲပေါ်သို့ သူ့ခြေထောက်တွေကို တင်လိုက်သည်။
" ယဲ့ဖန်၊ နင့်အတွက် သတင်းဆိုးရှိတယ် "
" မင်းက ကျီးကန်းလား။ မနက်အစောကြီးကို သတင်းဆိုးတွေ သယ်လာပေးနေရအောင်။ ဘာသတင်းဆိုးလဲ "
" ဟားကျီယုန်းက နင်နဲ့ စာရင်းရှင်းချင်နေတယ် "
" ဟားကျီယုန်းက ဘယ်သူလဲ "
" သူက .... မနေ့ညက ငါတို့ကို နှင်လွှတ်လိုက်တဲ့ ကာစီနိုကမန်နေဂျာ "
" အိုး ကိုယ်သိပြီ "
" အလေးအနက်မထားနိုင်ဘူးလား။ သူက ထောင်ချောက်တစ်ခုဆင်ပြီး နင်နဲ့တိုက်ခိုက်ခိုင်းဖို့ Aomen က လောင်းကစားဘုရင်တစ်ယောက်ကို ရှာဖွေဖို့ ပြင်နေတယ် ငါကြားထားတယ်။ နင် သတိထားရမယ် "
" မင်း ဒီအချက်အလက်ကို ဘယ်လိုရခဲ့တာလဲ "
" ငါက မကြာခဏ ကာစီနိုကိုသွားပြီး ဆော့နေကျဆိုတော့ သူတို့ရဲ့ လှည့်ကွက်တွေကို အရမ်းရင်းနှီးတယ်။ ရှုံးရင် ဘာမှဖြစ်လာမှာမဟုတ်ပေမယ့် နင်အနိုင်ရပြီး ပိုက်ဆံအများကြီးရရင် သူတို့က နင့်ကို အလွှတ်ပေးမှာမဟုတ်ဘူး "
" မင်း ရှုံးရင်ကျရပြီး နိုင်ရင်ကျ မရဘူးလား။ ဒါက ဘယ်လို ရယ်စရာကောင်းတဲ့ စည်းမျဉ်းကြီးလဲ "
" ဟုတ်တယ်။ အဲ့တာကြောင့် မနေ့ က မပြန်ခင် သတိထားကြည့်နေခဲ့တာ။ ဟားကျီယုန်းက ဘာလုပ်မလဲဆိုတာ သိရဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ် "
" ပြီးတော့ရော "
" အဲ့ဒီတော့ ညက ဟားကျီယုန်းက သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တယ်။ နင့်ကို ထောင်ချောက်ဆင်ဖို့ အကြံဆိုးပေးခဲ့တဲ့ သူငယ်ချင်းက ......... "
" သူ့သူငယ်ချင်းက ဘယ်သူလဲ "
" အဲ့တာကိုတော့ ငါလည်း သိပ်မသေချာဘူး။ ငါပို့လိုက်တဲ့လူက ဟားကျီယုန်းကိုပဲ သိတာ "
" ဟဲဟဲ၊ သူတို့က ကိုယ့်ကို ထောင်ချောက်ဆင်ချင်နေတာလား။ သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက ကိုယ့်ကို အဲ့လိုလုပ်ဖို့လောက်ထိ လုံလောက်ပါ့မလားတော့ မသိပါဘူးလေ "
" ယဲ့ဖန်၊ ဒီ ဟားကျီယုန်းက အမြဲတမ်း ယုတ်မာတတ်တယ်။ ပေါ့တီးပေါ့ဆ လုပ်မနေနဲ့ "
ယဲ့ဖန်က သူမ၏ လေးနက်သောလေသံကို ကြားလိုက်ရသည်။ သူမ၏စိုးရိမ်မှုမှာ ထင်ရှားနေသည်။
" မင်း ကိုယ့်ကို ဘာလို့အရမ်းစိတ်ပူနေတာလဲ။ မဟုတ်မှ ......... "
အပိုင်း ( ၄၇၆ )
စိတ်က နည်းနည်းလောက် ပိုဖြူစင်လို့ မရဘူးလား
" ငါ... ငါတို့က သူငယ်ချင်း မဟုတ်ဘူးလား။ သူငယ်ချင်း ဒုက္ခရောက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပေါ့ "
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏မေးခွန်းကိုကြားသောအခါ သူမ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
" သြော် ဒါဆို ကိုယ်တို့က သူငယ်ချင်းတွေတင်ပဲလား။ ကိုယ် ထင်ခဲ့တာက ....... "
ယဲ့ဖန်အသံက စိတ်ပျက်သွားသံပေါက်နေသည်။
" ဘာတွေတွေးနေတာလဲ။ ငါတို့က တစ်ကြိမ်ပဲ တွေ့ဖူးသေးတာကို ဘယ်လိုလုပ် ဒီလို .... ခံစားချက်တွေ ဖြစ်နိုင်မှာလဲ။ နင့်စိတ်တွေ နည်းနည်းလောက် ပိုဖြူစင်လို့ မရနိုင်ဘူးလား "
ကျူးရှောင်ကျောင်းက သူ့အဓိပ္ပါယ်ကို နားလည်သွားပုံရပြီး သူမကိုယ်သူမ ချက်ချင်း ကာကွယ်လိုက်သည် ။
" ကိုယ် ဘာပြောလိုက်လို့လဲ။ ကိုယ်ပြောချင်တာက သူငယ်ချင်းဆိုတာအပြင် ရဲဘော်ရဲဘက်လည်းဖြစ်တယ်ဆိုတာပါ။ ပြဿနာရှိလို့လား "
ယဲ့ဖန်က ချက်ချင်း ဖြောင့်မတ်စွာ ပြန်ဖြေရှင်းပြောလိုက်သည်။
" အိုး ..... ရဲဘော်ရဲဘက်လား။ ငါက နင် သမီးရည်းစားလို့ ပြောလိုက်ထင်လို့ ...... "
ကျူးရှောင်ကျောင်းအနည်းငယ် အံ့အားသင့်သွားပြီး သူမ၏ အသံမှာ ကြောင်အအဖြစ်နေသည်။
" ဘာတွေတွေးနေတာလဲ။ ကိုယ်တို့က တစ်ကြိမ်ပဲ တွေ့ဖူးသေးတာကို ဘယ်လိုလုပ် ဒီလို ခံစားချက်တွေ ဖြစ်လာနိုင်မှာလဲ။ မင်းစိတ်တွေ နည်းနည်းလောက် ပိုဖြူစင်လို့ မရနိုင်ဘူးလား "
ယဲ့ဖန်က ကျူးရှောင်ကျောင်း စောစောကပြောခဲ့သည့် စကားများကို ချက်ချင်း တစ်ခွန်းမကျန်ပြန်ပြောလိုက်သည်။
" နင် ......... "
ကျူးရှောင်ကျောင်း စကားမပြောနိုင်ဖြစ်သွားရသည်။
ဒီကောင်လေးရဲ့ လေသံက သူမကို တစ်မျိုးထင်အောင် တမင်လုပ်ပြီးကာမှ အဆုံးမှာ သူမအမှားဖြစ်အောင် လုပ်သွားလေသည်။
ဘယ်လောက် အမြင်ကပ်စရာကောင်းလိုက်လဲ။
" ဘာပဲဖြစ်ဖြစ် ငါ နင့်ကိုသတင်းပြောပြီးပြီ "
ပြောပြီးတာနဲ့ ဖုန်းချတော့မယ့်အချိန်မှာ ယဲ့ဖန်က ရုတ်တရက် ပြောသည်။
" မင်းမျောက်ပြပွဲကို မြင်ဖူးလား "
" မျောက်ပြပွဲလား။ အရင်က မမြင်ဖူးဘူး။ ဘာလို့လဲ "
" ကိုယ့်မျက်လုံးထဲမှာတော့ ဟားကျီယုန်းက လူရွှင်တော်တစ်ယောက်ပဲလေ။ သူ ကိုယ့်ရှေ့ကို ခုန်ချလာရဲရင် သူ့ကို သေအောင် ဘယ်လိုကစားမလဲဆိုတာ စောင့်ကြည့်နေလိုက် "
ကျူးရှောင်ကျောင်း၏ စိတ်ဝင်စားသွားသည်။
" နင် သူ့ကို ဘယ်လိုသတ်ချင်တာလဲ "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
" သူဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ကိုယ်တို့ အရင်ကြည့်ရမှာပေါ့။ အခုတော့ ကိုယ့်ဘက်က မပြောင်းလဲဘဲနေပြီး အပြောင်းအလဲတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းရမယ် "
ထို့နောက် ယဲ့ဖန်က လှောင်လိုက်သည်။
" မင်း ဉာဏ်ရည်နဲ့ မင်း အရူးအလုပ်ခံရမှာ ကိုယ်ကစိုးရိမ်မိပါတယ် "
ကျူးရှောင်ကျောင်းဒေါသထွက်သွားသည်။
" နင် ..... နင် ကစားဖို့သွားလို့ ငါ့ကို မခေါ်ဘူးဆိုရင် ဟားကျီယုန်းတို့ တခြားသူတွေနဲ့ ပူးပေါင်းလိုက်မယ် "
ယဲ့ဖန်က ရယ်လိုက်သည်။
" ဒါဆိုလည်း ကောင်းတာပဲ။ မင်းသာ သူတို့နဲ့ ပေါင်ရင် ကိုယ့်ရဲ့ အောင်ပွဲရဖို့အခွင့်အလမ်းက ပိုတောင် များလာလိမ့်မယ် "
ကျူးရှောင်ကျောင်းဒေါသထွက်သွားသည်။
" နင် ........ "
" ကောင်းပြီ၊ ကိုယ် မင်းကိုနောက်နေတာပါ။ မင်းလည်း ပါလို့ရတယ်။ ဒီလိုပျော်စရာကောင်းတာကို ဘာလို့ မခေါ်ဘဲနေရမှာလဲ "
" အဲ့လိုမှပေါ့။ လှုပ်ရှားတဲ့အခါ ငါ့ကို အကြောင်းကြားဖို့ မမေ့နဲ့။ ငါ့ရဲ့ ဓားရှည်က ရေငတ်နေပြီ ..... ဟားဟား ........ "
ကျူးရှောင်ကျောင်း၏ ရယ်မောသံများကြားမှ ဖုန်းကျသွားသည်။
ယဲ့ဖန်က မတတ်နိုင်ဘဲ ခေါင်းခါလိုက်မိသည်။
ဒီမိန်းကလေးက ဒုက္ခရှာတတ်သူမှန်း သိနိုင်လေသည်။ ဒီလို အသင်းဖော်ကို ရှာတွေ့ခဲ့တာ မှန်လား မှားလား မသိတော့ချေ။
ဟားကျီယုန်းနဲ့ တခြားသူတွေက ထောင်ချောက်ကို ဘယ်လိုထောင်ကြမလဲဆိုတာကို ယဲ့ဖန် တွေးနေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူ့ပုခုံးကို ရုတ်တရက် ပုတ်လိုက်သည်။
သူ့ရဲ့ လေချွမ်သိုင်းအဆင့်က အလွန်မြင့်မားနေပြီဖြစ်ကာ သူ့တွင် အလိုအလျောက် ကာကွယ်ရေး အသိစိတ်တစ်ခု ရှိနေပြီဖြစ်သည်။
သူ့လက်ကို အလိုလို ဖမ်းဆုပ်လိုက်ပြီး ခေါင်းပေါ်ကနေမြှောက်လိုက်သည်။
" အား ....... "
ထိုအချိန်တွင် အော်သံကို သူကြားလိုက်ရတဲ့အခါ ရှန်းပိုင်ထျန်း၏ အသံဖြစ်နေသည်။
သူက သူမလက်ကို အမြန်ပြန်ဖယ်လိုက်တဲ့အခါ သူမခန္ဓာကိုယ်ကယိုင်ပြီး လဲကျသွားသည်။
ထို့နောက် သူမခေါင်းကို လက်ဖြင့် အမြန်ကာအုပ်လိုက်သည်။
နှစ်ယောက်စလုံး ဆိုဖာပေါ်သို့ လဲကျသွားတော့သည်။
" မင်း ဘာလုပ်တာလဲ "
ယဲ့ဖန်က သူမကို ဖိထားပြီး သူမ၏ မျက်လုံးရွဲလေးတွေကို စိုက်ကြည့်နေသည်။
" ငါ ..... နင့်ကို နှုတ်ဆက်ချင်ရုံပါ။ နင်က ဘာလို့ ဒီလောက်တောင် ကြီးကြီးကျယ်ကျယ် တုံ့ပြန်မှုမျိုးလုပ်နေရတာလဲ "
ယဲ့ဖန်က ရှန်းပိုင်ထျန်းကို ဖိထားမိတာကြောင့် သူမ အသက်ရှုရခက်နေလေသည်။
" ရန်သူ တစ်ယောက်ယောက်က လုပ်ကြံဖို့ လွှတ်လိုက်တာလို့ ထင်သွားတာ "
ဟားကျီယုန်းရဲ့ ထောင်ချောက်အကြောင်းကို သူတွေးနေချိန်မှာပဲ လူတစ်ယောက်က သူ့ပုခုံးပေါ် ရုတ်တရက် ပုတ်လိုက်သည်။ တခြားသူသာဆို ပြဿနာဖြစ်သွားနိုင်လေသည်။ ထို့ကြောင့် သူ့ဘက်က ဒီလို ပြင်းထန်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်သည်။
" ဘယ်လို ရန်သူတွေက ဒီလောက်များနေမှာလဲ။ အားလုံးက ဆင်ခြေတွေပဲ။ နင်ငါ့ကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချင်နေတာလို့ ငါထင်တယ် "
ရှန်းပိုင်ထျန်းက သူရှင်းပြတာကို နားမထောင်ချေ။
သူမက အချိန်မရွေး ငိုချတော့မလို သနားစဖွယ် မျက်နှာလေးကို မဲ့ကာ နှုတ်ခမ်းစူထားသည်။
" မဟုတ်တာမပြောနဲ့။ ကိုယ်က အဲ့လောက် ကြမ်းတမ်းနေလို့လား "
ယဲ့ဖန် ချက်ချင်း ညည်းညူလိုက်သည်။
" ဟမ့်၊ ဘယ်သူသိမှာလဲ "
ရှန်းပိုင်ထျန်းက အော်ဟစ်ပြီး သူ့ပုခုံးကို တွန်းထုတ်လိုက်သည်။
" မြန်မြန်ထတော့။ နင်က အရမ်းလေးတယ်။ နင့်ခန္ဓာကိုယ်ကြီးကြောင့် ငါအသက်တောင် ကောင်းကောင်းမရှူနိုင်ဘူး။ ကြမ်းတမ်းတဲ့ ဆင်ကြီးပဲ "
ယဲ့ဖန်က သူမ၏ စကားများကို ကြားလိုက်တဲ့အခါဒ သူက မထတဲ့အပြင် သူ့အသက်ရှူသံတွေက ပြင်းထန်လာသည်။
မနက်ခင်းဆိုတာ ခွန်အားတွေ ပြည့်နေတဲ့အချိန်ဖြစ်သည်။
ရှန်းပိုင်ထျန်းကတော့ သူမပုံစံအတိုင်း ပြောစရာတောင်မလိုပေ။ သူမက ပန်းရောင်ညအိပ်၀တ်စုံကိုဝတ်ဆင်ထားကာ သူမကို ပို၍ဆွဲဆောင်မှုရှိနေစေသည်။
အထူးသဖြင့် အခု သူမက သူ့လက်အောက်တွင် ရှိနေပြီး သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ခံစားလို့ရနေသည်။
သူ့နှလုံးသားထဲက သားရဲက စပြီး လှုပ်ရှားနေပြီဖြစ်သည်။
" ယဲ့ ..... ယဲ့ဖန် နင် ဘာလုပ်နေတာလဲ။ မြန် ..... မြန်မြန်ထ ........ "
ရှန်းပိုင်ထျန်းသည်လည်း အန္တရာယ်ကို သိရှိသွားပုံရကာ သူ့ကို အလျင်အမြန် တွန်းထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမ၏လက်များက သူ့ရင်ဘတ်ကို ပျော့ညံ့စွာ ထိုးနေသည်။
အဲ့လို အပြုအမူလေးက ယဲ့ဖန်ရဲ့ အနိုင်ယူလိုစိတ်ကို ပိုလှုံ့ဆော်ပေးရာရောက်နေသည်။
ယဲ့ဖန် သူ့လက်တစ်ဖက်ကို လွှတ်လိုက်ပြီး သူမရဲ့ လက်ကောက်ဝတ်တွေကို ဆုပ်ကိုင်လိုက်ကာ ခေါင်းပေါ်တင်လိုက်သည်။
သူ့လက်တစ်ဖက်က သူမရဲ့ ညဝတ်အင်္ကျီအောက်ကို ရောက်သွားသည်။
" ယဲ့ဖန်၊ ငါ့ကိုလွှတ်။ ငါတောင်းပန်ပါတယ် ...... "
ရှန်းပိုင်ထျန်းက နောက်ဘာဆက်ဖြစ်မည်ကို သိပြီး ပြင်းထန်စွာ ရုန်းကန်စပြုလာသည်။
သို့သော် သူမ၏ အားနည်းသောခွန်အားက ယဲ့ဖန်၏အရှေ့တွင် သိသိသာသာ နည်းပါးနေပုံရသည်။
ထိုအချိန်တွင် ယောက်ျားတွေက ခံစားချက်မဲ့တဲ့ သားရဲများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ကို သူမသဘောပေါက်ခဲ့လေသည်။
သူတို့ရဲ့ မျက်လုံးများထဲတွင် အောင်နိုင်မှုနှင့် အမဲဖြတ်လိုခြင်းသာ ရှိနေသည်။
အခုအချိန်တွင် ယဲ့ဖန်အမြင်တွင် သူမက ရှန်းမိသားစု၏မြေးအဖြစ်မပြောနှင့် သူ့သူငယ်ချင်းကောင်းအဖြစ်တောင် ဟုတ်မနေပေ။
သူမက သူ အနိုင်ယူတာကို စောင့်ဆိုင်းနေသည့် ဆိတ်ငယ်လေးပမာ ဖြစ်နေသည်။
သူမ၏ ရုန်းကန်မှုနှင့် ခုခံမှုအားလုံးက အချည်းနှီးသာဖြစ်နေသည်။
သူမက ဆက်တွန်းလှန်မနေတော့ဘဲ ဒီသားရဲ၏ အမဲဖြတ်ခြင်းကို ရင်ဆိုင်ရန် စိတ်အသင့်ပြင်လိုက်တော့သည်။
ထိုအချိန်တွင် ရုတ်တရက် ဖုန်းသံ ထွက်ပေါ်လာသည်
ယဲ့ဖန် အသိပြန်ကပ်လာပြီး အမြန်ထရပ်လိုက်သည်။
" အင်း ကိုယ် ........ "
သူ ဘယ်လိုရှင်းပြရမလဲ မသိပေ။
လူမဆန်လို့ ကိုယ့်ကို အပြစ်တင်နိုင်ပေမယ့် မင်းကလည်း ချစ်စရာကောင်းလွန်းတယ်။
" ယဲ့ဖန် နင် လူဆိုးကောင်ကြီး "
ရှန်းပိုင်ထျန်းက သူ့ကို မျက်စောင်းထိုးကြည့်ပြီး သူမအခန်းထဲ ပြန်ပြေးသွားသည်။
ယဲ့ဖန် ခေါင်းကုတ်လိုက်ပြီး သူ့ကိုယ်သူ သုံးစက္ကန့်လောက် အပြစ်တင်လိုက်သည်။
ထို့နောက် ဖုန်းကို ကောက်ကိုင်သည်။
ခေါ်ဆိုသူက ဖုန်းနံပါတ်စိမ်းဖြစ်နေသည်။
ဖုန်းကို ကောက်ကိုင်လိုက်တော့ တစ်ဖက်က လူတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသာ်။
" မင်္ဂလာပါ ယဲ့လူကြီးမင်း၊ ကျွန်တော်က ဟားကျီယုန်းပါ "