← Chapters

အပိုင်း ၄၈၁-၄၈၄

Vol. 25 Ch. 481-484

အပိုင်း ၄၈၁-၄၈၄

Vol. 25 Ch. 481-484

အပိုင်း ( ၄၈၁ )

လောင်းကြေးလိုက်တယ်၊ ထပ် လောင်းကြေးလိုက်တယ်

( စာရေးသူအမှာစာ - ဒီအပိုင်းတွေနဲ့ပတ်သက်ပြီး ကြိုတင်တောင်းပန်ချင်ပါတယ်။ လီလီ ဂဏန်းအကြီးအသေးတို့၊ စလော့တို့ထိ နားလည်ပေမဲ့ ကျန်တဲ့ ကစားနည်းကို သိပ်မသိပါဘူး။ နားလည်တာတွေရှိပေမဲ့လည်း တကယ့်ဝိုင်းထဲက အခေါ်အဝေါ်တွေက တစ်နေရာနဲ့တစ်နေရာက မတူညီတာကြောင့် အသိလူကြီးတွေကိုလိုက်မေးတာတို့၊ လိုင်းပေါ်ကနေ သေချာစာဖတ်တာတို့ လုပ်ပြီးမှ တတ်သလောက် ပြန်ရေးထားပေမဲ့ နားမလည်ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင့် )

ပထမပွဲက ရွှေပန်းပွင့်ကစားနည်းဖြစ်သည်။

ခန်းမထဲတွင် လောင်းကစားစားပွဲ သုံးဆယ့်နှစ်ခုံရှိသည်။

ပြိုင်ပွဲဝင် ခြောက်ဆယ့်လေးယောက်က ၂ယောက်စီ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ကတ်များကို ကိုင်တွယ်ပေးရန် စားပွဲတစ်ခုစီ၏ ဘေးတွင် ကတ်မွှေကိုယ်စားလှယ်တစ်ဦးစီရှိသည်။

ယဲ့ဖန်၏ ပြိုင်ဘက်က အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။

သူက ဖန်ရှင်းကျား၏ အမာခံပရိသတ်များထဲမှ တစ်ဦးလည်းဖြစ်သည်။

" ခွေးသားလေး၊ မင်းက လူကြီးမင်းဖန်ကိုတောင် စော်ကားရဲတာတဲ့လား။ ငါ မင်းကို ဘယ်လို ပြုမူရမယ် ဆိုတာ အခု သင်ပေးမယ် "

ထိုလူက အံကြိတ်ကာ အချင်းချင်း ရန်ငြိုးထားနေသကဲ့သို့ ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

ယဲ့ဖန် ကုလားထိုင်ပေါ်တွင် ဖြည်းညှင်းစွာဖြင့် နောက်ကို မှီလိုက်သည်။

" ခင်ဗျားတို့လိုလူတွေက ဘာလို့ တခြားသူတွေကို ပညာပေးဖို့ အမြဲတွေးနေကြတာလဲ။ ကျွန်တော်တို့ အေးအေးဆေးဆေး သူငယ်ချင်းပဲ ဖြစ်လို့မရဘူးလား "

ထိုလူက ဟက်ခနဲအသံပြုလိုက်သည်။

" မင်း ငါနဲ့ သူငယ်ချင်းဖြစ်ချင်တာလား။ တန်လို့လား။ မင်း အရှုံးပေါ်အောင်ထိ လုပ်ပေးလိုက်မယ် "

ယဲ့ဖန်က ထိုလူကို စိတ်ထဲမထားတော့ပေ။ သူ့နောက်မှာ ရပ်နေတဲ့ ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။

" ဒီသင်္ဘောပေါ်က လူတွေက အရမ်းဒေါသထွက်နေကြတာပဲ။ ကိုယ့်ကို စိတ်တည်ငြိမ်အောင် အသီးတစ်ခုခု မြန်မြန်ကျွေးပါဦး "

ကျူးရှောင်ကျောင်းသည် သူမအနားရှိ သစ်သီးပန်းကန်ထဲမှ ပန်းသီးတစ်ခြမ်းကို ကောက်ယူပြီး သူ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ယဲ့ဖန်က ချက်ချင်း ပါးစပ်ကိုဖွင့်ကာ ကိုက်လိုက်သည်။

သူ့ပါးစပ်က အလွန်ကျယ်သောကြောင့် ကျူးရှောင်ကျောင်း၏ သွယ်လျတဲ့ လက်ချောင်းလေးများကို စုပ်ယူလိုက်မိသည်။

ကျူးရှောင်ကျောင်းက ရှက်ပြီး သူ့ပခုံးကို ပုတ်လိုက်တော့သည်။

" နင်… အရှက်မရှိနဲ့ "

ယဲ့ဖန်က ပန်းသီးကို အရှက်မရှိဝါးရင်း သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။

ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ပြိုင်ဘက်က ယဲ့ဖန်မှ ပရောပရည်လုပ်နေသေးကာ သူ့ကို လုံးဝအလေးအနက်မထားတာကိုတွေ့ပြီး ပိုတောင်မုန်းတီးလာသည်။။

" ကောင်စုတ်လေး၊ ငါမင်းကို ခဏလောက် ဒီလိုတွေ လုပ်ခွင့်ပေးထားလိုက်မယ်။ နောက်မှ ရှုံးပြီး မင်းမိဘတွေဆီ ငိုပြေးအောင် လုပ်ပေးမယ် "

ထိုအချိန်တွင် ဟားကျီယုန်းက ပြိုင်ပွဲစတင်ကြောင်း ကြေညာခဲ့သည်။

ကတ်ဝေပေးသူက သူတို့တစ်ဦးစီကို ကတ်သုံးကတ်စီ ချက်ချင်းပေးဝေသည်။

ယဲ့ဖန်က သူ့ကတ်တွေကို ကောက်ကိုင်ပြီး ကြည့်လိုက်သည်။

3, 8, K

ကတ်အခြေအနေက အရမ်းဆိုးလေသည်။

ယဲ့ဖန်နောက်မှာ ရပ်နေတဲ့ ကျုးရှောင်ကျောင်းက တိတ်တိတ်လေး ခိုးရယ်လိုက်သည်။

ဘူလက်ပဲ။

သို့သော် ယဲ့ဖန်က ချီတုံချတုံဖြစ်ဟန်ဆောင်လိုက်သည်။

အဆုံးမှာတော့ ယဲ့ဖန်က အံကြိတ်ကာ စားပွဲပေါ်ရှိ တိုကင်ပြားများအားလုံးကို တွန်းချလိုက်သည်။

" လောင်းကြေးတင်မယ် "

သူ့အသံက အနည်းငယ်ကျယ်နေပြီး ကစားစင်ပေါ်ရှိ လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ပြိုင်ပွဲစရုံဘဲ ရှိသေးတာကို ဒီကောင်လေးက ကစားနေပြီလား။

သူ့ကဒ်တွေက ဘယ်လောက်တောင် ကောင်းလို့လဲ။

" အဟွတ်၊ အဟွတ်၊ အဟွတ် ....... "

ကျူးရှောင်ကျောင်း ချက်ချင်း ချောင်းဆိုးသွားရသည်။

ဒီတစ်ယောက် ရူးများနေသလား။

ဒီလို ဘူနေတဲ့ဖဲချပ်တွေနဲ့ကို လောင်းကြေးတင်ကစားဖို့ သတ္တိရှိတာလား။

စားပွဲပေါ်တွင် စုစုပေါင်း တိုကင်ပြား သန်း၂၀ဖိုး ရှိနေခဲ့သည်။

တစ်ဖက်ပြိုင်ဘက်က ယဲ့ဖန်၏လောင်းကြေးကိုလိုက်ပြီး ကြေးထပ်ပေးလျှင် ဒုက္ခရောက်နိုင်လေသည်။

ယဲ့ဖန်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော လူက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

သူ့လက်ထဲမှ ကတ် ၃ ကတ်ဟာ 5, 5, Q တို့ဖြစ်တာကြောင့် မဆိုးဘူးလို့ ယူဆနိုင်သည်။

ထို့ကြောင့်သူက သိန်းဂဏန်းလောက်ထိတော့ လိုက်စမ်းလောင်းကြည့်ချင်ခဲ့သည်။

ဒါပေမဲ့ ဒီကောင်လေးက စည်းမျဉ်းစည်းကမ်းတွေအတိုင်း မကစားဘဲ အစကတည်းက လောင်းကြေးအကြီးကြီး ဆော့မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

သူက ယဲ့ဖန်၏မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပေမဲ့လည်း ယဲ့ဖန် ဘာတွေတွေးနေမှန်း မသိနိုင်ခဲ့ပေ။

နောက်ဆုံးမှာတော့ သူက အံကြိတ်ကာ လက်မြှောက်ခဲ့ရသည်။

" ငါ လိုက်မလောင်းတော့ဘူး "

ထိုစကားကို ပြောပြီးနောက် လက်ထဲမှ ဖဲကတ်များကို ချလိုက်သည်။

ယဲ့ဖန် ပြုံးလိုက်သည်။

" ခင်ဗျားက သတ္တိမရှိဘူးလား "

ယဲ့ဖန်က စကားပြောနေရင်း သူ့ဖဲကတ်တွေကို စားပွဲပေါ်တင်လိုက်သည်။

ပြိုင်ဘက်လူက ယဲ့ဖန်ရဲ့ဖဲကတ်တွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ ဒေါသအရမ်းထွက်ပြီး သွေးအန်မတတ်ဖြစ်သွားရသည်။

ဒီခွေးကောင်က ဒီလောက် ဘူနေတဲ့ ဖဲချပ်တွေနဲ့ လောင်းကြေးတင်ရဲတဲ့အထိ သတ္တိရှိတာလား။

ပြီးတော့လည်း လောင်းကြေးက ယွမ် သန်း၂၀ကျော်တောင်လေ။

သူသာ နည်းနည်းလေး ပိုသတ္တိရှိခဲ့မယ်ဆိုရင် ဒီကလေး တစ်ချက်တည်း သေသွားနိုင်သည်။

သို့ပေမယ့် သူ့စိတ်ထဲမှာ ဘယ်လောက်ပဲ မုန်းတီးနေပါစေ ဒီတစ်ကျော့မှာတော့ သူ ရှုံးသွားခဲ့ရသည်။

ဒီပွဲက ငါးအတွဲရခဲ့သည်။

တစ်ဖက်က သုံးကြိမ်ဆက်တိုက် ကျရှုံးတာ ဒါမှမဟုတ် သုံးကြိမ်စလုံးမှာ လောင်းကြေးဆက်မလိုက်တာမျိုးဆိုရင် ယဲ့ဖန်က ရှုံးတာဟု ယူဆနိုင်သည်။

ထို့ကြောင့် သူ့စိတ်အခြေနေကို အမြန်ပြန်ညှိပြီး နောက်ပွဲအတွက် ပြင်ဆင်လိုက်တော့သည်။

ဘေးက ဝန်ထမ်းကလည်း ကတ်များကို မွှေပြီးတဲ့အခါ ကြည့်ရန် ချက်ချင်းဖွင့်လိုက်သည်။

A, A, 4

နောက်ထပ်အစုံလိုက်ပဲ။

အခုတစ်ကြိမ်ကတော့ သူလောင်းအလှည့်ဖြစ်သည်။

သူက တိုကင်ပြား ၁ သန်းကို မတွန့်ဆုတ် ထည့်လိုက်ပြီး ယဲ့ဖန်ကို စိန်ခေါ်တဲ့အမူအရာဖြင့် ကြည့်နေလိုက်သည်။

ယဲ့ဖန်က ဒီတစ်ခါမှာတော့ သူ့ဖဲကတ်တွေ ကြည့်တောင်မကြည့်ပဲ သူ့ရှေ့မှာရှိတဲ့ တိုကင်ပြားတွေအားလုံးကို တွန်းထည့်လိုက်သည်။

" လောင်းကြေးလိုက်တယ် "

သူ့ရဲ့ လုပ်ဆောင်ချက်က ရှိနေတဲ့ လူတော်တော်များများရဲ့ အာရုံကို ဆွဲဆောင်လိုက်ပြန်သည်။

မကြည့်ဘဲ လောင်းကြေးလိုက်တာလား။

ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

စောင့်ကြည့်ခန်းအတွင်းမှ အခြေအနေကို စောင့်ကြည့်နေကြသော ကာစီနိုရှယ်ယာရှင်များကလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။

" ဒီကောင် ဘာဖြစ်နေတာလဲ။ ဘယ်လိုလုပ် ဒီလိုကစားနေရတာလဲ "

" မင်းရဲ့ ကတ်တွေကိုတောင် မကြည့်ဘဲနဲ့ ဖဲကစားနေတာတဲ့လား။ ဒါက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ မဟုတ်ဘူးလား "

" သူက ပြိုင်ဘက် လိုက်မလောင်းရဲအောင် လုပ်နေတာဖြစ်မယ်။ အဲ့တာကြောင့် သူက ဒီလိုမာနကြီးပြနေတာ "

" ငါသာဆိုရင် လိုက်ပြီး လောင်းကြေးထပ်မယ် "

ရှယ်ယာရှင်တွေအားလုံးက အရမ်းစိတ်လှုပ်ရှားနေကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလောင်းကစားပြိုင်ပွဲက သူတို့လောင်းကစားရုံ၏ သေခြင်း၊ရှင်ခြင်းနှင့် ဆက်စပ်နေသည်။

ယဲ့ဖန်သာ အနိုင်ရသွားခဲ့ရင် သူတို့က ဒီအပျော်စီးသင်္ဘောကို ဆုံးရှုံးသွားမည်ဖြစ်သည်။

သူတို့ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲနေနိုင်မှာလဲ။

ထိုအချိန်တွင် ယဲ့ဖန်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော အမျိုးသားက အမုန်းအာဃာတများစွာဖြင့် အံကိုကြိတ်နေသည်။

ယဲ့ဖန်က သူ့ကို နောက်တစ်ခါ ဒီလိုလှည့်စားမယ်လို့ မမျှော်လင့်ထားချေ။

သူ့ကို လောင်းကြေး မလိုက်ရဲဘူးလို့များ ထင်နေတာလား။

သူက စိတ်တင်းပြီး သူ့ တိုကင်ပြားတွေအားလုံးကို လောင်းကြေးတင်ပစ်တော့မယ့်အချိန်မှာဘဲ ယဲ့ဖန်၏ နှုတ်ခမ်းက ကွေးတက်သွားသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။

ထိုပုံစံက အတော်လေး မသိသာပေမယ့် သူ့စိတ်ထဲကို စနိုးစနှောက်ဖြစ်သွားစေသည်။

ဒီကောင်က သူ့ကို တမင်အကွက်ချနေတာလား။

သူ ဒီကိုမလာခင်က ကာစီနိုကိုလာသွားတဲ့ ယဲ့ဖန်ရဲ့ အစွမ်းအစကို ကြားခဲ့ရသည်။

တစ်နာရီအတွင်းမှာပဲ သူက ယွမ် ၂၀၀၀ ကနေ ယွမ် သန်း ၂၀ အထိ အနိုင်ရသွားခဲ့သည်ဟု ပြောကြသည်။

ဆိုတော့ ယဲ့ဖန်က ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်ဟု ဆိုနိုင်သည်။

ဒီလိုပြိုင်ဘက်ကို ရင်ဆိုင်တဲ့အခါ သေချာသတိထားရပေမည်။

အတော်လေးစဉ်းစားပြီးတဲ့ နောက်ဆုံးတွင် သူက လောင်းကြေးမလိုက်တော့ဘဲ အရှုံးပေး ကတ်ချလိုက်သည်။

" မင်းအနိုင်ရတယ် "

" ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်က ထိုအခါမှ ကတ်သုံးခုကိုလှန်ကြည့်လိုက်ရင်း အောင်ပွဲခံတဲ့အပြုံးကို ပြုံးလိုက်သည်။

2, 6, 10

ကတ်တွေက အတော်လေးကို ဆိုးဝါးလေသည်။

ပြိုင်ဘက်အမျိုးသားက သူ့ရင်ဘတ်ထဲမှာ ပူလောင်လာပြီး သွေးအန်ထွက်မတတ် ခံစားခဲ့ရသည်။

သူ့ကို ဒီခွေးသားက နှစ်ကြိမ်ဆက်တိုက် လှည့်စားခဲ့လေသည်။

သူ အမြန်ထရပ်ကာ ယဲ့ဖန်ကို သေအောင် လည်ပင်းညှစ်သတ်ချင်လာသည်။

ငါးပွဲမှာ သုံးပွဲနိုင်ရမှာဖြစ်သည်။

သူက နှစ်ကျော့ဆက်တိုက် ရှုံးခဲ့ရပြီး သူ့မှာ လမ်းမရှိတော့ပေ။

သူ တတိယအချီမှာပါ ရှုံးသွားခဲ့လျှင် ယဲ့ဖန်က ထိပ်ဆုံး ၃၂ယောက်ထဲကို အောင်မြင်စွာ ဝင်နိုင်သွားပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒီပွဲကို အနိုင်ရမှဖြစ်မည်။

ထိုအချိန်တွင် ကတ်ဝေသူက ကတ်မွှေပြီး တတိယအချီအတွက် ကတ်များကို ဝေပေးခဲ့သည်။

ထိုလူက ကတ်များကို ဖြည်းဖြည်းချင်းစီ လှန်ကြည့်လိုက်သည်။

2♥️, 4♥️, A♥️

သူ ချက်ချင်း စိတ်လှုပ်ရှားလာသည်။

သို့သော် သူ့ခံစားချက်တွေကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

ထိုအချိန်တွင် ယဲ့ဖန်က နဂိုလှည့်ကွက်ကိုပဲ ဆက်လက်အသုံးပြုကာ သူ့ရှေ့က တိုကင်ပြားတွေအားလုံးကို လောင်းကြေးတင်လိုက်သည်။

" လောင်းကြေးတင်မယ် "

တင်ပြန်ပြီ။

အပိုင်း ( ၄၈၂ )

ဒီလောက်ကောင်းတဲ့ကတ်က ဘယ်လိုလုပ်ရှုံးသွားရတာလဲ

( စာရေးသူအမှာစာ - ဒီအပိုင်းတွေနဲ့ပတ်သက်ပြီး ကြိုတင်တောင်းပန်ချင်ပါတယ်။ လီလီ ဂဏန်းအကြီးအသေးတို့၊ စလော့တို့ထိ နားလည်ပေမဲ့ ကျန်တဲ့ကစားနည်းကို သိပ်မသိပါဘူး။ နားလည်တာတွေရှိပေမဲ့လည်း တကယ့်ဝိုင်းထဲက အခေါ်အဝေါ်တွေက တစ်နေရာနဲ့တစ်နေရာက မတူညီတာကြောင့် အသိလူကြီးတွေကိုလိုက်မေးတာတို့၊ လိုင်းပေါ်ကနေ သေချာစာဖတ်တာတို့ လုပ်ပြီးမှ တတ်သလောက် ပြန်ရေးထားပေမဲ့ နားမလည်ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင့် )

ဒီတစ်ကြိမ်မှာလည်း ယဲ့ဖန်က သူ့ကတ်တွေကို မကြည့်ဘဲ တန်းကစားခဲ့သည်။

ထို့နောက် သူ့ရဲ့ဆန့်ကျင်ဘက်ကလူကို မော့ကြည့်လိုက်သည်။

" ခွေးသားလေး၊ မင်း ဒီတစ်ခါ မီးကျီးခဲကို ကိုင်မိပြီပဲ "

ထိုလူ၏မျက်နှာမှာ ဆရာကြီးဆန်တဲ့အပြုံးမျိုး ပေါ်လာသည်။

" ငါ လောင်းကြေးလိုက်မယ် "

သူက ပြောသည့်အတိုင်း သူ့ရှေ့မှာရှိတဲ့ တိုကင်ပြားတွေ အားလုံးကို လောင်းကြေးတင်လိုက်သည်။

ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။

" ခင်ဗျား ....... ဒီတစ်ခါ ဘာလို့ လက်မရှောင်တာလဲ "

ထိုလူက ဂုဏ်ယူစွာရယ်သည်။

" မင်း ငါ့ကို တစ်ခါနှစ်ခါလှည့်စားပြီးပြီ သုံးခါထိလှည့်စားနိုင်အောင် ငါ့ကို ရူးနေတယ်များ ထင်နေလား။ မင်းမှာ သတ္တိရှိရင် ဆက်လောင်းကြေးတင်လိုက် "

စောင့်ကြည့်ခန်းထဲက ရှယ်ယာရှင်တွေကလည်း ရယ်မောလိုက်ကြသည်။

" ဒီကလေးက သူ့မြားသူ စူးနေတာပဲ ဟားဟားဟား ..... "

" ဒါလား ဉာဏ်ကောင်းလွန်းတယ်လို့ ခေါ်ကြတာ။ ဒီတစ်ခါလည်း တစ်ဖက်လူက သူ့ကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာဖြစ်မယ် "

" အခုမှ လက်ရှောင်ဖို့ကလည်း ခက်သွားပြီ။ အခု ထပ်လောင်းကြေးလိုက်မယ်ဆိုရင်တောင် ယွမ် သန်း ၂၀ က ရေစုန်မြောမှာပဲ "

" ဒီအကျော့မှာ ကာစီနိုက ရှုံးခဲ့တဲ့ငွေကို ပြန်ရခဲ့ပြီပဲ။ မန်နေဂျာဟားက ဒီတစ်ကြိမ်တော့ သူ့ရဲ့အမှားတွေအတွက် ပြင်ဆင်နိုင်ခဲ့တယ်လို့ ပြောရမယ် "

" ငါတို့က အဲ့ကောင်လေးကို အတော်လေးအထင်ကြီးပေးခဲ့တဲ့အပြင် ဖန်ရှင်းကျားနဲ့ပါ ထိပ်တိုက်ရင်ဆိုင်နိုင်မယ်လို့ ထင်ခဲ့ကြတယ်လေ။ အခုတော့ ဟားဟားဟား ........ "

" တော်ပြီ၊ ဆက်ကြည့်နေဖို့တောင် မလိုတော့ဘူး။ သွားသောက်ကြရအောင် "

အစုရှယ်ယာရှင်များက ယဲ့ဖန် ဒီအကျော့မှာ ကျိန်းသေပေါက် ရှုံးနိမ့်ဟု ထင်မြင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့ရဲ့လေထုက အလွန်သာယာနေလေသည်။

ကစားပွဲကျင်းပရာ သင်္ဘောကုန်းပတ်ပေါ်တွင်။

ကျူးရှောင်ကျောင်း အတော်လေး စိတ်ပူပန်သွားသည်။ သူမ ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

" ယဲ့ဖန်၊ နင် ဘာလို့ လက်မရှောင်တာလဲ "

ယဲ့ဖန်က အခုထိ သူ့ကတ်များကို မကြည့်ရသေးပေ။

အခုသာ ခေါက်လိုက်မယ်ဆိုရင် သန်း ၂၀ လုံး ဆုံးရှုံးသွားပေလိမ့်မည်။

သို့သော် ဆက်ပြီး လောင်းကြေးလိုက်ပါကလည်း ဆုံးရှုံးမှုက ပို၍ပင် ကြီးမားလာနိုင်သည်။

ယဲ့ဖန် အနည်းငယ် မရေရာတဲ့အမူအရာပေါ်လာသည်။

ယဲ့ဖန်က သူမ စကားပြောနေစဉ်တွင် သူ့ငွေစာရင်းစာအုပ်ကို ထုတ်ကာ ယွမ် သန်း၂၀ ချက်လက်မှတ်ကို လက်မှတ်ရေးထိုးပေးလိုက်သည်။

ဒီတစ်ခါမှာတော့ ကြောင်အသွားသူမှာ ယဲ့ဖန်၏ ပြိုင်ဘက်ဖြစ်သည်။

အစက ယဲ့ဖန်ဘက်မှ လက်နက်ချမည်ဟု သူထင်ခဲ့သည်။

ယဲ့ဖန်ဘက်က လောင်းကြေး ဆက်လိုက်မယ်လို့ သူ မမျှော်လင့်ထားပေ။

ဒီကောင် ရူးနေတာလား။

ဘယ်လောက်ချမ်းသာနေပါစေ ဒီလိုကစားလို့ မရဘူးကွ။

ထိုအခါ ဖိအားတွေအားလုံးက သူ့ဆီကို တစ်ဖန်ပြန်ရောက်လာသည်။

ဒါပေမယ့် အခု ရပ်လိုက်မယ်ဆိုလျှင်လည်း သူလောင်းထားတဲ့ သန်း၂၀က ရေစုံမြောသွားပေလိမ့်မည်။

ထို့အပြင် သူ့ကတ်တွေကလည်း ကောင်းတော့ ဒီပွဲမှာ အနိုင်ရဖို့က သေချာလေသည်။

ထိုလူကလည်း အံကြိတ်ရင်း ယွမ် သန်း ၂၀ ချက်လက်မှတ်တစ်စောင် ရေးပေးလိုက်သည်။

" မင်းရဲ့ကတ်တွေကို ဖွင့်လိုက် "

သူက ထိုသို့ပြောနေရင်း သူ့ရဲ့ ခွန်အားရှိသမျှအားကို အသုံးပြုကာ လက်ထဲရှိ ဖဲကတ်များကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

" ငါက Flush။ ငါ့ကိုယှဉ်ဖို့ မင်းမှာ ဘာရှိလဲ "

( Flush ဆိုတာ ဖဲကတ်မှာ ပါတဲ့ပုံစံလေးတွေ ကတ်အကုန်တူတာပါ။ ဒီမှာဆို ယဲ့ဖန်ပြိုင်ဘက်ရဲ့ ကတ်တွေက အကုန် ♥️ တွေပါ )

သူက သူ့နှလုံးသားထဲမှ စိတ်ဓာတ်ကျမှုအားလုံးကို ထုတ်ပစ်လိုက်သကဲ့သို့ ယဲ့ဖန်ကို ဟောက်လိုက်သည်။

လောင်းကစားပွဲကို အာရုံစိုက်နေကြသူများက သက်ပြင်းချကြလေသည်။

ရလဒ်ကို ကြိုခန့်မှန်းလို့ ရနေပြီဖြစ်သည်။

ယဲ့ဖန် ရှုံးမှာပဲ။

ပြိုင်ဘက်က Flush ရထားတာကြောင့် အောင်ပွဲကို သတ်မှတ်ပြီးသားဟု ဆိုနိုင်သည်။

ဟားကျီယုန်းကတော့ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ခုန်ပေါက်မတတ်ဖြစ်နေသည်။

ဒီရက်အနည်းငယ်အတွင်းမှာ သူ့အပေါ် ဖိအားတွေ အရမ်းများနေခဲ့သည်။

တစ်ညတည်းမှာ ကာစီနိုဘက်ကို သန်း ၃၀ ကျော် ဆုံးရှုံးစေခဲ့သောကြောင့် သူ များစွာအပြစ်တင်ခံခဲ့ရသည်။

သို့ပေမယ့် အခုအချိန်မှာတော့ ယဲ့ဖန်က တစ်ချီတည်းနဲ့ သန်း ၄၀ ရှုံးတော့မှာဖြစ်သည်။

သူ့အနေနဲ့ ကာစီနိုဘက်မှ ဆုံးရှုံးမှုအားလုံးကို ချက်ချင်း ပြန်အဖတ်ဆယ်နိုင်ခဲ့တဲ့အပြင် အပို ၁၀သန်းကျော်ပင် ပြန်ရလိုက်သည်။

ဒါက သူ့အတွက် သိပ်ကျေနပ်စရာကောင်းလွန်းလေသည်။

ကျူးရှောင်ကျောင်းကတော့ ယဲ့ဖန်ကို အားကိုးရာမဲ့စွာ ကြည့်နေခဲ့သည်။

ဒီတစ်ယောက်က မီးနဲ့ကစားနေတယ်လို့ သူမ ခံစားရသည်။

အချိန်တိုင်း လောင်းကြေးထပ်လေသည်။

တစ်ကြိမ်မှာတော့ သန်း ၄၀ ကျော်တောင် ဆုံးရှုံးတော့မှာဖြစ်သည်။

ထိုပုံစံကို မြင်လိုက်ရတော့ သူမ နှလုံးသား နာကျင်သွားရသည်။

အားလုံးက ဒီပြိုင်ပွဲအဆုံးသတ်ကို ထင်ကြေးပေးနေကြချိန်မှာပဲ ယဲ့ဖန်၏မျက်နှာပေါ် အပြုံးဖျော့ဖျော့ရှိနေသည်။

" ကျွန်တော့်ကတ်တွေ မပြရသေးဘူးလေ။ ဘာတွေလောနေတာလဲ "

ယဲ့ဖန်၏ပြိုင်ဘက်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်က တိုကင်ပြားများအားလုံးကို ယူရန် အဆင်သင့်ဖြစ်နေပုံရသည်။

ထိုလူက ယဲ့ဖန်၏စကားကို ကြားတဲ့အခါ သူက မထိန်းနိုင်ဘဲ ရယ်နေသည်။

" ကြည့်စရာတောင် ရှိသေးလို့လား။ မင်းရဲ့ကတ်တွေက ငါ့ထက်ပိုကောင်းမယ်လို့ မင်းထင်နေလား "

" သေချာပေါက် ကြည့်ရမှာပေါ့။ မကြည့်ရင် ခင်ဗျားရဲ့ကန်းနေတဲ့ခွေးမျက်လုံးတွေကို ဘယ်လိုအလင်းပြပေးနိုင်တော့မှာလဲ "

ထိုသို့ပြောရင်း ယဲ့ဖန်က ပထမဖဲကတ်ကို ဖွင့်လိုက်သည်။

♠️ 2

ဒီထက် သေးတဲ့ငယ် မရှိနိုင်တော့ပေ။

ပြိုင်ပွဲမှာရှိနေတဲ့သူတိုင်းက လှောင်ပြောင်ကြလေသည်။

ယဲ့ဖန်ကတော့ ဘယ်လိုမှမဖြစ်သွားပေ။ သူက ဒုတိယဖဲကတ်ကို ဆက်လှန်လိုက်သည်။

♠️ 3

နောက်တစ်ကတ်ကလည်း နံပါတ်သေး၊ ကတ်သေးတစ်ခု ဖြစ်နေပြန်သည်။

နည်းလမ်းတကျတွေးမယ်ဆိုလျှင် ယဲ့ဖန် အနိုင်ရဖို့က မျှော်လင့်ချက်မရှိတော့ချေ။

အားလုံးက ခေါင်းတခါခါနဲ့ ရယ်ကြပြန်သည်။

ဒါပေမယ့် ထိုအချိန်မှာ ယဲ့ဖန် တတိယမြောက်ဖဲကတ်ကို ဖွင့်လိုက်သည်။

♠️ 4

ကတ်သုံးကတ်က ♠️ 2,3,4 အစဉ်လိုက်ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ အားလုံးရဲ့ မျက်လုံးတွေက တစ္ဆေတစ်ကောင် မြင်လိုက်ရသလို တုန်လှုပ်ခြောက်ခြားသွားကြသည်။

" ဘုရားရေ၊ တကယ်ကြီး နံပါတ်တန်းတာလား "

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက တိုက်ဆိုင်လွန်းနေတာ မဟုတ်ဘူးလား။ နံပါတ်တန်းတဲ့လား "

" ဒီကောင် လှည့်စားနေတာများ ဖြစ်နေမလား။ ဒီလို တိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

" တစ်ဖက်က ဒီတစ်ချီတည်းနဲ့ သန်း ၄၀ ကျော်တောင် ရှုံးမှာပေါ့။ ဒါကြီးက ကြောက်စရာကောင်းလွန်းတယ် မဟုတ်ဘူးလား "

သူတို့တင်မကဘဲ ကျူးရှောင်ကျောင်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဒီပွဲမှာ ယဲ့ဖန် သေချာပေါက် ရှုံးလိမ့်မယ်လို့ သူမ တွေးထားတာဖြစ်သည် ။

ထို့ကြောင့် သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲလို့တောင် တွေးနေခဲ့သည်။

ဘာလို့ ရုတ်တရက်ကြီး ကစားပွဲက ပြောင်းသွားတာတာလဲ။

ဒီတစ်ယောက် ဘယ်လိုလုပ်လိုက်တာလဲ။

လောင်းကစားနတ်ဘုရားက သူ့ကို တကယ်ကြီး ဝင်ပူးသွားတာများလား။

စောင့်ကြည့်ရေးအခန်းတွင် အောင်ပွဲခံရန် သွားပြီးသောက်စားကြတော့မည့် အစုရှယ်ယာရှင်များအားလုံးက ထိတ်လန့်သွားကြသည်။

သူတို့က စောင့်ကြည့်ရေးကင်မရာကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

" ဒီ ..... ဒီကလေးက စားပွဲကို ပြောင်းလိုက်တာလား။ သူ့ကတ်တွေက Flush ကိုမှ နံပါတ်အစဉ်လိုက်တွေလား "

" ဒီကလေး ညစ်ဆော့နေတာလား။ အမြန်သွားကြည့်လိုက်ကြ။ အမှန်ဆိုရင် ဒီတစ်ခေါက်တော့ သေသွားပြီ။"

“သူ မလိမ်ဘူး။ သူ့ကို စောင့်ကြည့်ဖို့ လူအနည်းငယ်အတွက် ကျွန်တော်တို့ အထူးစီစဉ်ထားပါတယ်။ သူတကယ်လိမ်လည်ခဲ့ရင် ချက်ချင်းအကြောင်းကြားပေးပါ့မယ်။”

"ငါတို့ ဘာသတိပေးချက်မှ မရသေးဘူးဆိုတော့ ဒီကလေးက တကယ်ကံကောင်းတယ်လို့ ဆိုလိုတာလား။"

"ဒါဆို သူ့ကံက ကောင်းကင်ကို အံတုလွန်းတယ် မဟုတ်လား။ ဒီလိုမျိုး အောင်ပွဲတွေတောင် လုပ်နိုင်ပါ့မလား”

လောင်းကစားနတ်ဘုရားက သူ့ကို တကယ်ပဲ ပိုင်နိုင်ပါ့မလား။

စောင့်ကြည့်ရေးအခန်းတွင် အောင်ပွဲခံရန် သောက်စားသွားမည့် အစုရှယ်ယာရှင်များအားလုံး ထိတ်လန့်သွားကြသည်။

သူတို့က ထောက်လှမ်းရေးကင်မရာကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

"ဒီ... ဒီကလေးက စားပွဲတွေကို လှည့်နေတာလား။ သူ့မှာ ဖြောင့်ဖြောင့်ကြီး ပေါက်နေပြီလား။”

"ဒီကလေး လိမ်နေတာလား။ အမြန်ပြန်သွားကြည့်ပါ။ တကယ်သာဆိုရင် ဒီကောင် ဒီတစ်ခါတော့ သေပြီပဲ "

" သူ မလိမ်ဘူး။ သူ့ကို စောင့်ကြည့်ဖို့အတွက် ကျွန်တော်တို့ အထူးစီစဉ်လူတစ်စု လွှတ်ထားပါတယ်။ သူ တကယ်ညစ်ဆော့နေတာဆိုရင် သူတို့က ချက်ချင်း အကြောင်းကြားပေးမှာပါ "

" ငါတို့ ဘာသတိပေးချက်မှ မရသေးဘူးဆိုတော့ ဒီကလေးက တကယ်ကံကောင်းတယ်လို့ ဆိုလိုတာလား "

" ဒါဆို သူ့ကံက ကောင်းကင်ကိုတောင် အံတုနိုင်နေပြီ မဟုတ်လား။ ဒီလိုမျိုး နိုင်သွားတာ ဖြစ်တောင် ဖြစ်နိုင်လို့လား "

အပိုင်း ( ၄၈၃ )

အနူးညံ့ဆုံးလျှာဖျား၊ အကြမ်းတမ်းဆုံးစကား

" ငါ ရှုံးပြီ "

ယဲ့ဖန်၏ ဝှက်ဖဲကို မြင်သောအခါ သူ့ပြိုင်ဘက်က ချက်ချင်း ညှိုးနွမ်းနေတဲ့ ခရမ်းသီးကဲ့သို့ နွမ်းလျအားလျော့သွားသည်။

ယဲ့ဖန်ဘေးတွင် ရပ်နေသော ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်ပြီး ခုန်ပေါက်နေသည်။

" ငါတို့နိုင်ပြီ၊ ငါတို့နိုင်ပြီ "

ယဲ့ဖန်က သူ့မျက်လုံးရှေ့တည့်တည့်တွင် လာပြီး ငုံ့ဖက်နေတဲ့ ကျူးရှောင်ကျောင်း၏ ညှပ်ရိုးပတ်လည်ကို မြင်နေရသည်။ ထိုအခါ အမည်မသိခံစားချက်တွေက တဟုန်ထိုး တိုးလာသလို ခံစားလိုက်ရသည်။

အဝေးမှကြည့်နေတဲ့ ဖန်ရှင်းကျားက အထင်သေးစွာ ပြုံးလိုက်သည်။

" တစ်ဆင့်ပဲ နိုင်သေးတာကို ဒီလိုလုပ်ဖို့ထိ လိုအပ်လို့လား "

သူက စကားပြောနေရင်း သူ့လက်ထဲက ဝှက်ဖဲကို ထုတ်ပြလိုက်သည်။

4, 4, 4

ပြိုင်ဘက်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။

" ကျွန်တော် ရှုံးပါတယ် "

နာရီဝက်လောက်ကြာတဲ့အခါ ပထမပွဲစဉ် ပြိုင်ပွဲအားလုံးက ပြီးဆုံးသွားခဲ့သည်။

ဒီပထမပွဲစဉ်မှ ပြိုင်ပွဲဝင် တစ်ဝက်ဖြစ်တဲ့ ၃၂ယောက်ကို ဖယ်ထုတ်လိုက်ပြီဖြစ်သည်။

ထိုလူတွေ တစ်ယောက်ပြီး တစ်ယောက် ပြိုင်ကွင်းကနေ ထွက်သွားကြကာ နောက်ပွဲတွေကို တီဗီကနေ ဆက်ကြည့်ရန် သင်္ဘောဝမ်းထဲကို ဝင်သွားကြသည်။

နောက်တစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ၃၂ ယောက်က ယှဉ်ပြိုင်ရန် သင်္ဘောပေါ်တွင် ရှိနေကြသည်။

ဒုတိယပွဲစပါပြီ။

ယဲ့ဖန်က ထိုင်ချလိုက်ပြီး ကတ်ဝေသူက ဝေပြီးသွားတာနဲ့ ချက်ချင်း သူ့ရဲ့ တိုကင်ပြားတွေအားလုံးကို လောင်းကြေးတင်လိုက်သည်။

" လောင်းကြေးတင်တယ် "

သူ့ပြိုင်ဘက်က မြေပြင်ပေါ် လဲကျမတတ်ဖြစ်သွားသည်။

ထိုလူ၏မျက်နှာမှာ ကြောက်စိတ်တွေနဲ့ ပြည့်နှက်နေသည်။

ထပ်ပြီး လောင်းကြေးတင်တာလား။

စသည်ဖြင့် ကျန်ရှိတဲ့ပွဲများမှာ အထူးတလည် ရင်ခုန်စရာမကောင်းဘဲ ယဲ့ဖန်ကပဲ ပွဲစဉ်တွေကို အနိုင်ရရှိပြီး ကျော်ဖြတ်ကာ ထိပ်ဆုံးလေးသင်းထဲသို့ ဝင်နိုင်ခဲ့သည်။

ဖန်ရှင်းကျားသည်လည်း သူ၏ပြိုင်ဘက်များကို အလွယ်တကူအနိုင်ယူကာ ထိပ်ဆုံးလေးသင်းသို့ ဝင်လာခဲ့သည်။

ထိုအချိန်တွင် စောင့်ကြည့်ခန်းရှိ အစုရှယ်ယာရှင်များမှာ မီးမြိုက်ခံရတဲ့ ပုရွက်ဆိတ်တွေလို ရွစိရွစိ ဖြစ်နေကြသည်။

" ဟားကျီယုန်း၊ မင်း ဘာလုပ်နေတာလဲ။ ဒီကလေးကို ထိပ်ဆုံးလေးသင်းထဲထိ ဝင်ခွင့်ပြုလိုက်တာလား "

" ကျွန်တော်လည်း သူ့ကို လည်ပင်းညှစ်သတ်ချင်နေပါပြီ။ ဒီခွေးသားက ဘယ်လို ကောက်ကျစ်တဲ့ အကြံအစည်တွေ ရှိနေလဲ မသိပါဘူး "

" ငါတို့ ဒီကလေးကို အချိန်မီမတားနိုင်ရင် ငါတို့ရဲ့ အပျော်စီးသင်္ဘော ပါသွားလိမ့်မယ် "

" တကယ်သာ ရှုံးရင် ဟိုဟားကျီယုန်းဆိုတဲ့ ခွေးမသားကို ငါ သေချာပေါက်သတ်ပစ်မယ် "

" ဒီကောင်လေးကို တတ်နိုင်သမျှ တားဖို့ မြန်မြန် အမိန့်ပေးလိုက် "

ဟားကျီယုန်းသည် သူ့နားကြပ်မှတဆင့် အထက်လူကြီးများ၏ ဟိန်းဟောက်သံတွေကို ကြားနေရသည်။

တကယ်တော့ သူလည်း ဘာမှပြန်မပြောနိုင်ဘဲ ပူပင်သောကရောက်နေရပြီဖြစ်သည်။

ကံမကောင်းစွာနဲ့ ဒီကလေးရဲ့ ကြံ့ခိုင်မှုက အရမ်းကို ပြင်းထန်နေပြီး ပညာရှင်တွေကတောင် သူ့ကို လုံးဝတားလို့မရပေ။

ဆီမီးဖိုင်နယ်ပွဲက အန်စာတုံးပြိုင်ပွဲဖြစ်သည်။

ဟားကျီယုန်းက ဒီပြိုင်ပွဲအတွက် ယုံကြည်မှု အရမ်းရှိနေတုန်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒီတစ်ခေါက် အန်စာခေါက်မည့်သူမှာ တစ်ဦးတည်းသော အမျိုးသမီးကစားသမားဖြစ်တဲ့ တောင်ပိုင်းကွမ်တုန်းပြည်နယ်မှ နာမည်ကျော် အန်စာခေါက်ဘုရင်မ လန်ရှောင်းဖန်ဖြစ်သည်။

တစ်ချိန်က သူမဟာ တောင်ပိုင်းကွမ်တုန်းပြည်နယ်မှ လောင်းကစားဝိုင်းရှိ လူများစွာ ငိုယိုကုန်ရတဲ့အထိ အပြတ်ဖြတ် အနိုင်ပိုင်းခဲ့သူဖြစ်သည်။

နောက်ပိုင်းမှာတော့ သူမက အသက်မွေးဝမ်းကြောင်းရဲ့ အထွတ်အထိပ်ရောက်ပြီးနောက် အနားယူကာ အိမ်ထောင်ပြု၊ ကလေးယူဖို့ အိမ်ပြန်ခဲ့သည်။

အန်စာခေါက်ဘုရင်မ၏ သားက နာမကျန်းဖြစ်နေကာ သူမက ရသမျှ ငွေရှာနေကြောင်း ဟားကျီယုန်း မိတ်ဆွေတစ်ဦးစီမှ သိခဲ့ရသည်။

ထိုအခါ ဟားကျီယုန်းက တစ်ဖက်လူကို နောက်တစ်ကြိမ် ထွက်လာဖို့ တောင်းဆိုရန် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့သည်။

ဒီအချီမှာတော့ ယဲ့ဖန် ကျိန်းသေပေါက် ရှုံးလိမ့်မည်။

ယဲ့ဖန်နှင့် လန်ရှောင်းဖန်တို့က စားပွဲတစ်ခုတွင် တစ်ဖက်စီထိုင်နေကြသည်။

သူတို့ တစ်ယောက်စီ၏ဘေးမှာ သစ်သားအန်စာတုံးခွက်တစ်ခု ရှိနေသည်။

ထို့နောက် ဝန်ထမ်းက သူတို့နှစ်ယောက်ကို စည်းမျဥ်းစည်းကမ်းတွေ ရှင်းပြပေးသည်။

" ဒီပွဲက တစ်ပွဲတည်းနဲ့ ဆုံးဖြတ်မှာပါ။ လူကြီးမင်းတို့ တစ်ယောက်စီမှာ အန်စာတုံးခြောက်တုံးရှိပါတယ်။ အနည်းဆုံးနံပါတ်ကို လှိမ့်နိုင်တဲ့သူက အနိုင်ရရှိမှာပါ။ အခြားမေးစရာ မေးခွန်းရှိပါသေးလား "

ယဲ့ဖန်နှင့် လန်ရှောင်းဖန်တို့က ခေါင်းယမ်းလိုက်ကြသည်။

" လူကြီးမင်း ကျေးဇူးပြုပြီး အရင်စပါ "

လန်ရှောင်းဖန်က အလွန်ကျက်သရေရှိလေသည်။ သူမက အသက်အနည်းငယ် ကြီးနေပြီဖြစ်သော်လည်း သူမ၏ ငယ်ရွယ်နုပျိုမှုကို မြင်နိုင်သေးသည်။

ယဲ့ဖန်က ဒီလို အဘွားအိုတွေကို စိတ်မဝင်စားပေ။

" လေဒီ အရင်စပါ "

လန်ရှောင်းဖန်က တခြားဘာမှ ထပ်မပြောပေ။ သူမက ဘေးနားရှိ အန်စာတုံးခွက်ကို ကိုင်လိုက်ပြီး အန်စာတုံးခြောက်လုံးထည့်ကာ လှုပ်လိုက်သည်။

သူမ အန်စာတုံးခွက်ကို လှုပ်လိုက်သောအခါ အထူးတလည်လှုပ်ရှားမှုမျိုး မရှိသော်လည်း လူအများကို နှစ်သက်စေသည့် အံ့သြဖွယ်ကောင်းတဲ့ စည်းချက်သံတစ်ခု ရှိနေခဲ့သည်။

ဒိုင်း

လန်ရှောင်းဖန်၏လက်က ရုတ်တရက် ရပ်သွားပြီး အန်စာတုံးခွက်ကို တန်းဖွင့်လိုက်သည်။

အန်စာတုံးခြောက်တုံးကို တန်းစီလိုက်တဲ့အခါ ထိပ်ဆုံးတစ်ခုက ၁ ဖြစ်သည်။

သူမက အန်စာတုံးများကို တစ်ခုပြီးတစ်ခု ကောက်ယူလိုက်သည်။

၁

၁

၁

၁

၁

အန်စာတုံး ခြောက်တုံးလုံးက ၁ ဖြစ်နေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟားကျီယုန်းရဲ့ မျက်နှာက ဂုဏ်ယူတဲ့ အပြုံးမျိုး ထွက်ပေါ်လာသည်။

အန်စာတုံးဘုရင်မက တကယ်ကို အန်စာတုံးဘုရင်မဖြစ်လေသည်။

အန်စာတုံးခြောက်တုံးလုံးက အနိမ့်ဆုံးနံပါတ်ဖြစ်ကာ စုစုပေါင်း ၆ ဖြစ်သည်။

ယဲ့ဖန် ဒီအချီမှာ ဘယ်လို အနိုင်ယူမှာလဲ။

ဘေးတွင်ရပ်နေတဲ့ ကျူးရှောင်ကျောင်းက ချက်ချင်း ထိတ်လန့်သွားရသည်။

ဒီအမျိုးသမီးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။ သူမက အသေးဆုံးနံပါတ်ကို တန်းခေါက်ခဲ့လေသည်။

ဒါဆို ယဲ့ဖန်က သေချာပေါက် ရှုံးနေပြီ မဟုတ်ဘူးလား။

စောင့်ကြည့်ခန်းထဲမှ အစုရှယ်ယာရှင်များက နောက်ဆုံးမှာတော့ စိတ်သက်သာရာ ရသွားကြတော့သည်။

" ဒီ ဟားကျီယုန်းက ကျွမ်းကျင်မှု တစ်ချို့တော့ရှိတာပဲ။ သူက တကယ်ကြီး ဒီလို အင်အားကြီးတဲ့ အန်စာတုံးဘုရင်မကို ဖိတ်ခေါ်နိုင်ခဲ့တယ် "

" ဒီ လန်ရှောင်းဖန် အဲ့ဒီတုန်းကသာ အငြိမ်းစား မယူသွားခဲ့ဘူးဆိုရင် သူမက အခုလောက်ဆို လောင်းကစားဘုရင်မ ဖြစ်နေလောက်ပြီ။ ယဲ့ဖန်လိူကောင်စုတ်လေးက ဘယ်လိုလုပ်ပြီး သူမကို ယှဉ်နိုင်မှာလဲ "

" သူမက တစ်ချက်တည်းနဲ့ စုစုပေါင်း ၆ ရအောင် လှိမ့်သွားတာ။ ဒီအန်စာတုံးဘုရင်မဆိုတဲ့ နာမည်နဲ့ တကယ်ပဲ ကိုက်ညီပါပေတယ် "

" ယဲ့ဖန် ဒီကောင်၊ ဒီတစ်ခါတော့ သေချာပေါက် ရှုံးလိမ့်မယ် ဟားဟားဟား "

လန်ရှောင်းဖန်က ၆ မှတ်ရအောင် လှိမ့်လိုက်တာကို တွေ့လိုက်တဲ့အခါ ယဲ့ဖန်ရဲ့ အမူအရာက ပြောင်းသွားလေသည်။

" ၆ မှတ်လားတဲ့လား။ ခင်ဗျားက ကျွန်တော့်လမ်းကို တကယ်ကြီး ပိတ်နေတာပဲ "

လန်ရှောင်းဖန်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ရှိနေကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" ငါ့ကို ရှုံးရတာ ရှက်စရာ မဟုတ်ပါဘူး "

ယဲ့ဖန်က မထိန်းနိုင်ဘဲ ခါးသက်သက်ပြုံးလိုက်သည်။ သူမက အရက်စက်ဆုံးသော စကားလုံးများကို ပြောရန် အနူးညံ့ဆုံး လေသံကို အသုံးပြုခဲ့လေသည်။

" ဒီလိုပြောဖို့က နည်းနည်းစောသေးတယ်မဟုတ်ဘူးလား။ ကျွန်တော် လှုပ်တောင် မလှုပ်ရသေးဘူးလေ "

ထိုသို့ပြောပြီးနောက် အန်စာတုံးခြောက်လုံးကို အန်စာခွက်ထဲသို့ထည့်ကာ လှုပ်ယမ်းလိုက်တော့သည်။

သို့သော် လန်ရှောင်းဖန်နှင့် နှိုင်းယှဥ်ကြည့်လျှင် သူ့အန်စာလှုပ်တဲ့ပညာက လုံးဝကြမ်းတမ်းနေပြီ အလှတရား လုံးဝမရှိပေ။

ဟားကျီယုန်းက ရယ်မောလိုက်သည်။

ဒီကောင်ကတော့ ရုန်းကန်နေသေးတယ်။

ဘာ အသုံးဝင်မှာလဲ။

လန်ရှောင်းဖန်က အသေးဆုံးနံပါတ်ဖြစ်တဲ့ ၆ မှတ်ရအောင် လှိမ့်ခဲ့ပြီးဖြစ်သည်။

ယဲ့ဖန် ကံကောင်းပြီး ၆ မှတ် ရကောင်းရနိုင်သည်။

ဒါပေမဲ့လည်း သရေကျသွားမှာဖြစ်သည်။

ထို့အပြင် အန်စာခြောက်တုံးလုံးကို ၁ ရအောင် လှိမ့်ရန် မလွယ်ကူပေ။

လန်ရှောင်းဖန်က ဒီလိုနတ်ဘုရားအဆင့်နည်းပညာကို ကျွမ်းကျင်အောင် နှစ်ပေါင်းဘယ်လောက် လေ့ကျင့်ခဲ့ရမှန်း မသိရပေ။

ယဲ့ဖန်ကတော့ အသက်နှစ်ဆယ်ကျော်သာရှိသေးသည်။ ဒီလိုနည်းပညာကို သူ ဘယ်လိုလုပ် ကျွမ်းကျင်နိုင်ဦးမှာလဲ။

စောင့်ကြည့်ခန်းမှ အစုရှယ်ယာရှင်များက အရက်သောက်ပြီး ပျော်ပွဲဆင်နွှဲနေကြသည်။

" ဒီကလေးက အန်စာတုံးခွက်ကို လှုပ်တဲ့ပုံစံကို ကြည့်ပါဦး။ သူက လူသစ်တစ်ယောက်ဆိုတာ အရမ်းသိသာတယ်။ သူ့ကိုယ်သူ အရှက်ကွဲအောင် လုပ်နေတာပဲ "

" သူ့ရှေ့မှာထိုင်နေတဲ့သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ အန်စာဘုရင်မလေ။ ဒီလို နတ်ဘုရားအဆင့်နည်းပညာကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ "

" ကောင်းပြီ၊ သူ့အကြောင်း စိတ်ထဲမထားကြတော့နဲ့။ မြန်မြန်သွားသောက်ကြရအောင် "

" အခု ပင်းဟိုင်မြို့မှာရှိတဲ့ ဇိမ်ခံ ကြယ်သုံးပွင့် အဆောက်အဦးကို သွားကြရအောင် "

" ငါထင်တယ် ဟားဟား ........ "

အားလုံးက သူတို့ရဲ့အောင်ပွဲတွေကို ဆင်နွှဲနေချိန်မှာပဲ အန်စာတုံးတွေကို လှုပ်နေတဲ့ ယဲ့ဖန်ရဲ့လက်က ရုတ်တရက် ရပ်သွားသည်။

အန်စာတုံးခွက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ရလဒ်က လန်ရှောင်းဖန်နဲ့ အတူတူပဲဖြစ်သည်။

ယဲ့ဖန်၏ အန်စာတုံးခြောက်တုံးမှ ပထမဆုံးအတုံးက ၁ ဖြစ်လေသည်။

အပိုင်း ( ၄၈၄ )

နတ်ဘုရားကတောင် နိုင်စေချင်တယ်

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လန်ရှောင်းဖန် အံ့အားသင့်သွားသည်။

သူမက ဒီနည်းပညာကို နောက်ဆုံးအဆင့်ထိ ကျွမ်းကျင်စေရန်အတွက် သူမ၏ထူးကဲသော အရည်အချင်းများနှင့်အတူ ပေါင်းစပ်ကာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည်။

သူမရှေ့မှ ဒီလူငယ်လေးက ဒီလိုနည်းပညာကို သိနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။ ဒါက အလွန်ကို အံ့သြစရာကောင်းလေသည်။

ကျန်တဲ့အန်စာတုံးတွေက ဘယ်နံပါတ်ထွက်လာမလဲ သူမ မသိပေ။

ဟားကျီယုန်း၏ နဖူးမှာလည်း ချွေးသီးချွေးပေါက်များဖြင့် ပြည့်နေသည်။

" ယဲ့ ...... ယဲ့လူကြီးမင်း၊ အောက်က အန်စာတွေကို ကြည့်ရအောင်ပါ "

ယဲ့ဖန်က ကျူးရှောင်ကျောင်းကို တစ်ချက်ကြည့်လိုက်သည်။

" ရလဒ်သိရအောင် မင်း သူတို့ကို ကူညီပေးလိုက်ပါဦး "

ကျူးရှောင်ကျောင်းက ချက်ချင်း ပြေးလာပြီး အပေါ်မှ အန်စာကို ဖယ်လိုက်သည်။

အောက်က အန်စာကလည်း ၁ ပဲ ဖြစ်သည်။

သူမ၏ နှလုံးသားက လှုပ်ခါသွားကာ နောက်တစ်ခုကို ဖယ်နေရင်း တုန်လှုပ်လာသည်။

နောက်တစ်ခုကလည်း ၁ ဖြစ်သည်။

၁

၁

အန်စာ ၅ လုံးက အကုန် ၁ ရခဲ့သည်။

သည်းထိတ်ရင်ဖိုစရာ တစ်တုံးသာ ကျန်တော့လေသည်။

ဟားကျီယုန်းက သက်ပြင်းရှည်ထုတ်လိုက်သည်။

နောက်ဆုံးတစ်ခုကလည်း ၁ ဖြစ်လောက်သည်။

ယဲ့ဖန်၏ အန်စာတုံးကစားတဲ့စွမ်းရည်က ဒီလောက် ကောင်းမွန်နေမည်ဟု သူ မထင်ထားခဲ့ပေ။

ယဲ့ဖန်က တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ အန်စာဘုရင်မထက် နိမ့်ကျမနေပေ။

ဒီပွဲက သရေပွဲလို့ ယူဆနိုင်လေသည်။

ထိုအချိန်မှာပဲ ကျူးရှောင်ကျောင်းက နောက်ဆုံးအန်စာကို ဖွင့်ပြလိုက်သည်။

အောက်ဆုံးက အန်စာတုံးဟာ အက်ကွဲနေပြီး အပိုင်းအစတွေက နေရာအနှံ့ ပြန့်ကျဲနေလေသည်။

ဘာတွေဖြစ်နေတာလဲ။

သူ့ရှေ့တွင် ထိုင်နေသော လန်ရှောင်းဖန်ပင် ထိတ်လန့်စွာ ထရပ်လိုက်မိသည်။

သူမသည် အန်စာတုံးကစားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သော်လည်း အခုလို မြင်ကွင်းမျိုးကို သူမ ပထမဆုံးမြင်ဖူးတာဖြစ်သည်။

အန်စာတုံးက တကယ်ကြီး ကွဲသွားတာလား။

ဒါဆို ဒါကို ဘယ်လို ထည့်တွက်ကြမှာလဲ။

ဟားကျီယုန်း စိတ်ကလည်း ဗလာဖြစ်သွားသည်။

ဒီမြင်ကွင်းက သူ့မျှော်လင့်ထားတာနဲ့ လုံးလုံးလျားလျား ကွဲပြားနေသည်။

ဒီအန်စာတုံးက လုံးဝ အကောင်းကြီးပါ။ ဘယ်လိုဖြစ်ပြီး ကွဲသွားတာလဲ။

စောင့်ကြည့်ရေးအခန်းထဲရှိ အစုရှယ်ယာရှင်များကလည်း ထိတ်လန့်သွားကြသည်။

" ဒါက ..... ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အန်စာက ကွဲသွားရတာလဲ "

" ဟုတ်တယ်၊ ငါတို့ အခုဘာလုပ်ကြမှာလဲ "

" ဒီပွဲက သေချာပေါက် ထည့်တွက်လို့မရတော့ဘူး။ အန်စာအသစ် ပြောင်းခိုင်းလိုက် "

" မြန်မြန်၊ ဒီပွဲကို ထည့်ရေတွက်လို့ မရဘူးဆိုတဲ့အကြောင်း ဟားကျီယုန်းကို အကြောင်းကြားလိုက် "

ဟားကျီယုန်းက အထက်လူကြီးများထံမှ အမိန့်ကို လက်ခံရရှိပြီးနောက် ချက်ချင်း ရှေ့သို့ လျှောက်သွားခဲ့သည်။

" ဒီလိုအခြေအနေမျိုးက တကယ်ကို ရှားပါတယ်။ အန်စာတုံးက ကွဲသွားမယ်လို့ မျှော်လင့်မထားပါဘူး။ အန်စာတုံးကို ချက်ချင်းလဲပြီး ပြန်ပြိုင်ကြရအောင် "

ထိုသို့ပြောရင်း သူက ယဲ့ဖန်၏ အန်စာတုံးတွေကို ယူလိုက်သည်။

ယဲ့ဖန်က ရုတ်တရက် ဟားကျီယုန်းလက်ကို လှမ်းဆွဲတားလိုက်သည်။

" ဘာလို့ မဖြစ်ရမှာလဲ။ ဒီပွဲက အမှတ်နည်းတဲ့ ပြိုင်ပွဲလေ။ အခု ကျွန်တော့်မှာ ငါးမှတ်ရှိနေပြီးတော့ တစ်ဖက်မှာ ခြောက်မှတ်ရှိတယ်။ ကျွန်တော် နိုင်တာ သိသာနေတာပဲ "

ဟားကျီယုန်းက သူ့စိတ်ထဲမှာတော့ ကျိန်ဆဲချင်နေပေမယ့် လေးလေးစားစားနဲ့ ပြောလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒါက မတော်တဆအခြေအနေပါ။ ထည့်တွက်လို့ မရပါဘူး "

သို့သော် ယဲ့ဖန်ကတော့ မတုန်လှုပ်ပေ။

" ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒလို့ ထင်တယ်။ ကောင်းကင်ကြီးကတောင်မှ ကျွန်တော့်ကို အနိုင်ရစေချင်တယ် ထင်တယ်။ ကောင်းကင်ဘုံရဲ့ အလိုကို ဘယ်လို လွန်ဆန်ကြမှာလဲ "

တကယ်တော့ သူက သူ့ရဲ့အတွင်းအားဖြင့် အန်စာတုံးကို ချေခဲ့တာဖြစ်သည်။

လန်ရှောင်းဖန်က အန်စာ ၆တုံးလုံးကို ၁ ရအောင် လှိမ့်ခဲ့တာကြောင့် သူ ဘယ်လောက် ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ အနိုင်ယူရန်က မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူက ဒီနည်းလမ်းကိုသာ အသုံးချနိုင်ခဲ့သည်။

ဟားကျီယုန်းက ထပ်ပြောချင်နေသည်။

ထိုအချိန်တွင် သူ့ဘေးမှာထိုင်နေတဲ့ လန်ရှောင်းဖန်က အရင်စကားပြောလာသည်။

" ယဲ့လူကြီးမင်းရဲ့ အရည်အချင်းတွေက တကယ်ကို အံ့မခန်းပါပဲ။ ဒီပွဲမှာ ကျွန်မ ရှုံးပါတယ် "

ဟားကျီယုန်း ချက်ချင်း ထိတ်လန့်သွားသည်။

" လန်အစ်မကြီး၊ ခင်ဗျား ရှုံးတယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ဒါက မတော်တဆအရေးပေါ်အခြေအနေပါ "

လန်ရှောင်းဖန်က သူ့ကို စိုက်ကြည့်နေသည်။

" မတော်တဆအခြေအနေပဲဖြစ်ဖြစ်၊ မဟုတ်ဘူးဘဲဖြစ်ဖြစ် အစကတည်းက ရှင်တို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ ဂဏန်းပိုနည်းတဲ့သူက အနိုင်ရမှာ။ အခု ယဲ့လူကြီးမင်းရဲ့ အန်စာတုံးခြောက်တုံးမှာ ငါးတုံးက ၁ ရထားတာကြောင့် သူ့နံပါတ်က ကျွန်မနံပါတ်ထက် ငယ်ပါတယ်။ အဲ့တာကြောင့် ဒီပွဲမှာ သူက တကယ်ပဲ နိုင်သွားတာပါ "

ဟားကျီယုန်းက ဒေါသထွက်လွန်းလို့ သူမကို သတ်ပစ်ချင်လာသည်။

" အစ်မကြီးလန်၊ ခင်ဗျားရဲ့စကားတွေကို သတိထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားသားကို မကုချင်တော့ဘူးလား "

လန်ရှောင်းဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ရှင်တို့ ပြိုင်ပွဲကို လာဖို့ ကတိပေးခဲ့ပေမယ့် ရှင်တို့ရဲ့ လှည့်ကွက်တွေမှာ ကူညီပေးမယ်လို့ မပြောခဲ့ဖူးဘူး။ ယဲ့လူကြီးမင်းနဲ့ မင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာ အာဃာတတွေကို ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မ စည်းမျဥ်းအတိုင်းပဲ နေမှာ။ ရှုံးတာက ရှုံးတာပဲ။ ဘာအကြောင်းပြချက်မှ ရှာမှာမဟုတ်ဘူး "

ထို့နောက် သူမက လှည့်ထွက်သွားသည်။

ဟားကျီယုန်းက အံကြိတ်ပြီး ခြေထောက်ကို ဆောင့်နင်းလိုက်ပေမယ့် ခိုကိုးရာမဲ့ ဖြစ်နေဆဲဖြစ်သည်။

ဒီအချီမှာလည်း ယဲ့ဖန်က ထပ်အနိုင်ရသွားခဲ့သည်။

ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို ချက်ချင်းပွေ့ဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။

" ငါတို့ ထပ်နိုင်ပြီ။ ငါတို့ ဖိုင်နယ်ကို ရောက်ပြီ "

သင်္ဘောခန်း တီဗီကနေ ကြည့်နေကြတဲ့ ပွဲကြည့်ပရိတ်သတ်တွေကလည်း ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

" ဒီကလေးက ဘယ်ကလာတာလဲ။ သူ့အင်အားက သိပ်ကြီးတာပဲ "

" ငါကြားတယ်သလောက် သူက ကျုံးဟိုင်ကတဲ့။ သူက စီးပွားရေးသမားထင်တယ် "

" စီးပွားရေးသမားလား။ စီးပွားရေးသမားတစ်ယောက်ရဲ့ လောင်းကစားစွမ်းရည်က ဘယ်လိုလုပ် ဒီလောက် အံ့မခန်းဖြစ်နိုင်မှာလဲ။ ငါတို့လို လူတွေတောင် သူ့ကို မတားနိုင်တာလေ "

" တောင်ပိုင်းကွမ်တုန်းရဲ့ အန်စာတုံးဘုရင်မတောင် ရှုံးရတာဆိုတော့ အကြီးအကဲဖန်ကရော သူ့ကို တားနိုင်ပါ့မလားလို့ တွေးနေမိတယ် "

" အကြီးအကဲဖန်တောင်မှ သူ့ကို မတားနိုင်ဘူးဆိုရင်တော့ ဒီကလေးက တကယ်ကို နတ်ဘုရားအဆင့်ဘဲ။ လောင်းကစားဘုရင်အသစ်က လောင်းကစားလောကမှာ မွေးဖွားလာပြီ "

" ငါကတော့ အကြီးအကဲဖန်ရဲ့ ခွန်အားကို ယုံကြည်တယ်။ သူ့လို မလောက်လေးမလောက်စားက အကြီးအကဲဖန်ကို နိုင်ပါ့မလား "

" အကြီးအကဲဖန် အနိုင်ရမယ်လို့ ငါလည်း ထင်တယ်။ ဒီကလေး နောက်တစ်ပွဲမှာတော့ ရှုံးမှာသေချာတယ် "

တစ်ချိန်တည်းမှာပဲ စောင့်ကြည့်ရေးအခန်းထဲမှ အဓိရှယ်ယာရှင်တွေက ဒေါသတကြီးဖြင့် စားပွဲတွေကို ရိုက်နှက်နေကြသည်။

" ဟားကျီယုန်း ခေါင်းထဲမှာ ချီးတွေပဲ ပြည့်နေတာလား။ သူက ဘာလို့ ဒီကလေးကို နောက်တစ်ခါ နိုင်ခွင့်ပေးလိုက်တာလဲ "

" အခုတော့ ဟိုခွေးကောင်က ဖိုင်နယ်ကို ရောက်နေပြီ။ သူက အောင်ပွဲဆင်ဖို့ ခြေတစ်လှမ်းပဲ ဝေးတော့တယ် "

" ဖန်ရှင်းကျားကပါ သူ့ကို မတားနိုင်ရင် ငါတို့ အပျော်စီးသင်္ဘော... ငါတို့ သင်္ဘောကို ဆုံးရှုံးရတော့မယ် "

" ငါ အခု တကယ်နောင်တရမိတယ်။ အဲ့ဒီတုန်းက ငါ ဘာစိတ်ရူးပေါက်ပြီး အဲ့ခွေးမသား ဟားကျီယုန်းပြောတာကို သဘောတူခဲ့မိတာလဲ "

" ဟူး၊ အခုမှ ဒီစကားတွေက ဘာအသုံးဝင်တော့မှာလဲ။ စာချုပ်ကလည်း ချုပ်ထားပြီးပြီဆိုတော့ နောက်ပြန်ပြန်လှည့်စရာ လမ်းမရှိတော့ဘူး "

" မြန်မြန် ဟားကျီယုန်းကို အမိန့်ပေးလိုက်။ ဘာပဲဖြစ်ဖြစ် ဟိုကောင် မနိုင်အောင် ငါတို့ တားရမယ် "

" နောက်တစ်ချီမှာ ထပ်ရှုံးရင်တော့ ဟားကျီယုန်းကို ပင်လယ်ထဲကို ခုန်ချပြီးသာ သေခိုင်းလိုက်တော့ "

ရှယ်ယာရှင်တွေရဲ့ ဒေါသတကြီး ဟောက်သံတွေကိုကြားနေရပြီး ဟားကျီယုန်း ချွေးအေးတွေတောင် ထွက်လာတော့သည်။

ယဲ့ဖန်က ဒီလောက် သန်မာနေမည်ဟု သူ မမျှော်လင့်ထားပေ။

ယဲ့ဖန်က လောင်းကစား ကျွမ်းကျင်သူများစွာကိုပင် အလွယ်တကူ အနိုင်ပိုင်းခဲ့ပြီး ဖိုင်နယ်သို့ ဝင်ရောက်လာခဲ့သည်။

ဖန်ရှင်းကျားက သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

ဖန်ရှင်းကျားကပါ ယဲ့ဖန်ကို မတားနိုင်ခဲ့လျှင် သူ တကယ် သေသွားပေလိမ့်မည်။

ကာစီနိုဘက်မှ ဆုံးရှုံးမှု သန်း ၃၀ ကိုပင် သူ့ဘက်က ပြန်မဖြည့်ပေးနိုင်ချေ။

အခုတော့ သူတို့ဘက်က ယွမ်သန်း ၁၀၀ ကျော်နှင့် အပျော်စီးသင်္ဘောတစ်စီးလုံးကိုပင် ငါးစာအဖြစ် အသုံးပြုခဲ့ရသည်။

အခါတစ်ရာသေရင်တော့ ဟားကျီယုန်း အဖတ်ဆယ်နိုင်မည် မဟုတ်ချေ။

ထိုအချိန်တွင် ဖန်ရှင်းကျား၏ပွဲက နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့သည်။

ထင်မှတ်ထားသလိုပဲ ဖန်ရှင်းကျားက အနိုင်ရသူဖြစ်သည်။

သူက ချက်ချင်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" မင်း တကယ်ဖိုင်နယ်ထိ ရောက်လာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ မင်းကို ငါ လျှော့တွက်မိလိုက်တာပဲ "

All Chapters