← Chapters

အပိုင်း ၄၉၃-၄၉၆

Vol. 25 Ch. 493-496

အပိုင်း ၄၉၃-၄၉၆

Vol. 25 Ch. 493-496

အပိုင်း ( ၄၉၃ )

အမှန်တိုင်းပြော၊ လူလား သရဲလား

" အစ်ကိုကုန်း၊ ဒီဆေးညွှန်းအတိုင်း ဆေးတွေဝယ်လိုက်ပါ။ မရီးကို အစာမစားခင် တစ်နာရီအလိုကြိုပြီး ဒီဆေးကို နေ့တိုင်းသောက်ခိုင်း။ တစ်လကြာရင် သက်ရောက်မှုကိုကြည့်ပြီး ဆေးညွှန်းကို ပြောင်းသင့်တာပြောင်း ......... "

ယဲ့ဖန်က ဆေးညွှန်းရေးပြီး ကုန်းရှန်းဟုန်ကို ပေးလိုက်သည်။

ကုန်းရှန်းဟုန်က ဆေးညွှန်းကို ရတနာလို အသေအချာ ခေါက်သိမ်းပြီး အိတ်ကပ်ထဲကို ထည့်လိုက်သည်။

" ဟားဟားဟား၊ ငါ ပင်းဟိုင်ကို ဒီတစ်ခါလာတာက မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမလို့ဆိုပေမဲ့ မမျှော်လင့်ထားတာတွေ ဖြစ်နေတာပဲ "

သူ့မိန်းမအတွက် မျှော်လင့်ချက်ရှိလာတာကြောင့် ကုန်းရှန်းဟုန်၏ စိတ်အခြေအနေက အတော်လေးကို ကောင်းမွန်နေလေသည်။

ယဲ့ဖန်က ထိုစကားကိုကြားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" ကျွန်တော့်မှာ စည်းမျဉ်းတစ်ခုရှိတယ်။ ရန်သူတွေကို ဖြေရှင်းတဲ့အခါ အကုန်သတ်ပစ်ရမှာဖြစ်ပေမဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုတော့ တတ်နိုင်သမျှ ရိုးသားပွင့်လင်းပေးရမယ် "

ကုန်းရှန်းဟုန်က လက်မထောင်ပြလိုက်သည်။

" မင်းရဲ့ ရန်သူမဖြစ်ရတာ အတော်ဝမ်းသာနေပါပြီ၊ မဟုတ်ရင် ငိုဖို့တောင် နေရာမရှိလောက်တော့ဘူး။ ဟားဟားဟား "

သူတို့နှစ်ယောက် စကားပြောရင်း ရယ်နေကြစဉ်မှာပဲ တံခါးခေါင်းလောင်းသံက ရုတ်တရက်မြည်လာသည်။

" အဲ့တာက ငါမင်းကို မိတ်ဆက်ပေးမယ်ဆိုတဲ့သူ ဖြစ်မယ်။ သွားခေါ်လိုက်မယ် "

ကုန်းရှန်းဟုန်က ပြောပြီး ချက်ချင်းထရပ်သွားသည်။

ခဏကြာတဲ့အခါ သူက လူလတ်ပိုင်းယောက်ျားတစ်ယောက်နဲ့အတူ ပြန်လာသည်။

ယဲ့ဖန်က ရှေ့ကို ထလာပြီး နှုတ်ဆက်ဖို့ပြင်သည်။

" ခေါင်းဆောင်၊ မိတ်ဆက်ပေးမယ်။ ဒါက .... "

ကုန်းရှန်းဟုန်က ထိုလူကို ယဲ့ဖန်နဲ့ မိတ်ဆက်ပေးဖို့ ပြင်ပေမဲ့ ထိုလူက ရုတ်တရက် သူ့ကို တွန်းဖယ်လိုက်ပြီး ယဲ့ဖန်၏လက်ကို သူ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်သည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ဟုရွမ်ယုပါ၊ တွေ့ရတာ ဝမ်းသာပါတယ် "

ပြုံးနေတဲ့လူတစ်ယောက်ကို မရိုက်သင့်ပေ။ တစ်ဖက်သူက အရမ်းကို စိတ်အားထက်သန်နေတာကြောင့် ယဲ့ဖန် မငြင်းပေ။

" မင်္ဂလာပါ၊ ဟုလူကြီးမင်း။ ကျွန်တော်က ယဲ့ဖန်ပါ "

" ဒါပေါ့ သိတာပေါ့။ အခုတလော ယဲ့လူကြီးမင်းရဲ့ နာမည်ကို ကြားရလွန်းလို့ နားတောင်ပိတ်တော့မယ် "

" အဲ့တာဆို ကျွန်တော်က ဂုဏ်ယူရမှာပါပဲ "

သူတို့နှစ်ဦးက မကြာခင်မှာ တက်တက်ကြွကြွနဲ့ စကားပြောလေတော့သည်။

ကုန်းရှန်းဟုန်က မတတ်နိုင်ဘဲ ခေါင်းခါမိသည်။

" မိတ်ဆက်ပေးမလို့ဆိုပေမဲ့ ကြည့်ရတာ မလိုတော့ဘူး ထင်ပါတယ် "

ဟုရွမ်ယုက တစ်ချက်ကြည့်လိုက်သည်။

" ဒါပေါ့၊ ယဲ့လူကြီးမင်းနဲ့ ရင်းနှီးချင်ကြတဲ့သူတွေက တန်းစီလို့တောင်မရတာ။ မင်းက မိတ်ဆက်ပေးဖို့ လိုပါ့မလား "

သူက နောက်နေတာဖြစ်သည်။

ထိုမှတစ်ဆင့် သူနဲ့ ကုန်းရှန်းဟုန်တို့ကြားက ရင်းနှီးသည့် ဆက်ဆံရေးကို မြင်ရနိုင်သည်။

ဟုရွမ်ယုက ယဲ့ဖနဲ့ အတော်ကြာ စကားပြောပြီးနောက် ယန်းမန်ဟွကို လှည့်ကြည့်လိုက်သည်။

" ခယ်မကို ကြည့်ရတာ ဒီနေ့တော့ အတော်နေကောင်းပုံဘဲ။ အရင်တစ်ခါ တွေ့တုန်းကထက် ပိုအဆင်ပြေလာတယ် ထင်တယ် "

သူ့စကားတွေက တကယ်ကို စိတ်ထဲကလာတဲ့စကားတွေ ဖြစ်သည်။

အပိုလုပ်ပြောနေခြင်း မဟုတ်ပေ။

ယန်းမန်ဟွကို အမြန်ခေါင်းငြိမ့်လိုက်သည်။

" အဲ့တာ ရှောင်ဖန်ကို ကျေးဇူးတင်ရမှာဘဲ။ သူက ကုပေးတာလေ "

ဟုရွမ်ယုက နားကြားမှားတယ်ထင်ပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်းက ဆေးပညာမှာလည်း တော်တာလား "

ယဲ့ဖန်က တရိုတသေ လက်ကို ခါယမ်းလိုက်သည်။

" နည်းနည်းပဲသိတာပါ။ ကျွမ်းကျင်အဆင့် မဟုတ်ရပါဘူး "

ဟုရွမ်ယုက သက်ပြင်းချလိုက်သည်။

" နှလုံးခုန်တောင် ရပ်တော့မလို့။ တကယ်လို့သာ ယဲ့လူကြီးမင်းက ဆေးပညာမှာပါ တော်တယ်ဆိုရင် လူကြီးမင်းက လူ ဟုတ်မဟုတ် သံသယဝင်မိတော့မှာ "

အသက် ၂၀ သာ ရှိသေးတဲ့ လူငယ်လေးက စီးပွားရေးမှာ တော်တဲ့အပြင် လောင်းကစားမှာလည်း ကျွမ်းကျင်ပြီး ဖန်ရှင်းကျားလိုလူဆီကနေတောင် ၁ ဘီလီယံ ရခဲ့သေးသည်။

အဲ့တာတွေကတောင် အတော်ယုံရခက်နေပြီကို ဆေးပညာကလည်း တတ်မြောက်တယ်ဆိုရင်တော့ ဒါက အတော်ကို လွန်နေပြီဖြစ်သည်။

ထိုအချိန်တွင် တံခါးခေါင်းလောင်းက ထပ်မြည်လာပြန်သည်။

ယဲ့ဖန်နှင့် ကုန်းရှန်းဟုန်တို့က ထူးဆန်းသည်ဟု ခံစားမိကြသည်။

သူတို့က ဘယ်သူ့ကိုမှ မဖိတ်ထားပေ။

ဟုရွမ်ယုက ရုတ်တရက်ပြောလာသည်။

" ဒီနားမှာနေတဲ့ မိတ်ဆွေတစ်ယောက်က ဒီနေ့ ယဲ့လူကြီးမင်းကို လာတွေ့တယ်ဆိုတော့ သူကလည်း သိချင်တယ်ပြောလို့ပါ။ စိတ်ထဲမထားဘူး၊ မဟုတ်လား "

ယဲ့ဖန်က ဘာပြောနိုင်မှာလဲ။

" စိတ်ထဲမထားပါဘူး။ ကျေးဇူးပြုပြီး ဝင်ခိုင်းလိုက်ပါ "

ဟုရွမ်ယုက ဘာမှထပ်မပြောဘဲ အပြင်ကလူကို ချက်ချင်း သွားကြိုဆိုသည်။

ထို့နောက် မကြာခင်မှာ ယောက်ျားတစ်ယောက်နဲ့ ပြန်ဝင်လာသည်။

ယဲ့ဖန်က ထိုလူကို မြင်တဲ့အခါ ရယ်ရမလား ငိုရမလား မသိတော့ပေ။

" အစ်ကိုလော့၊ ဘာလုပ်နေတာလဲ "

ထိုလူက တခြားသူမဟုတ်ဘဲ လော့ကျင်းယွမ် ဖြစ်လေသည်။

ဟုရွမ်ယုက မိတ်ဆက်ပေးမလို့ လုပ်နေတုန်းမှာဘဲ ကြောင်အသွားရသည်။

" အချင်းချင်း သိကြတာလား "

လော့ကျင်းယွမ်က ချက်ချင်း စိတ်လိုလက်ရ ရယ်လိုက်သည်။

" ယဲ့ညီလေးနဲ့ ငါနဲ့က ညီအစ်ကိုတွေတောင် ဖြစ်နေပြီ။ မင်းက မိတ်ဆက်ပေးစရာ လိုသေးလို့လား "

ဟုရွမ်ယုက သူ့ကို ရှက်ပြီး ဒေါသထွက်နေတဲ့ မျက်နှာဖြင့် လက်ညှိုးငေါက်ငေါက်ထိုးတော့သည်။

" ဒါဆို မနေ့ညက ငါမင်းကို ယဲ့လူကြီးမင်းဆီ သွားတွေ့မယ်ပြောတုန်းက ဘာလို့ မသိချင်ယောင်ဆောင်ပြီး မိတ်ဆက်ပေးဖို့ ပြောတာလဲ "

လော့ကျင်းယွမ်က ယဲ့ဖန်နားကို လျှောက်လာပြီး သူ့လက်ကို ယဲ့ဖန်ပုခုံးပေါ်တင်လိုက်သည်။

" ငါက မင်းကို နောက်ချင်လို့။ မင်း ဘာလုပ်နိုင်မလဲလို့ "

ဟုရွမ်ယုက လုံးဝကို ပြောစရာစကားမဲ့နေရသည်။

ကုန်းရှန်းဟုန်ကတော့ ကြောင်အနေသည်။

လော့ကျင်းယွမ်ကို သူသိလေသည်။

ဒီလူက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အကြီးစားသူဌေးကြီးဖြစ်ပြီး လူတိုင်းသိနိုင်တဲ့ သာမန်လူတစ်ယောက် မဟုတ်ပေ။

ပြီးတော့ ယဲ့ဖန်က ပင်းဟိုင်းကိုရောက်တာမှ ရက်ပိုင်းဘဲရှိသေးတာကို ဒီလိုလူနဲ့ ရင်းနှီးနေပြီလား။

ထို့အပြင် သူတို့ပြောနေကြတဲ့ လေသံအရနဲ့ အပြုအမူတွေအရ ဆက်ဆံရေးက သာမန်မဟုတ်ဘူး။

အဲ့တာက သူ့ကို ပိုလို့တောင် စိတ်ရှုပ်ထွေးစေသည်။

သိချင်စိတ်ကို မထိန်းနိုင်ဘဲ ယဲ့ဖန်ကို မေးလိုက်သည်။

" ယဲ့ညီလေး၊ မင်းနဲ့ လော့လူကြီးမင်းနဲ့က ဘယ်လို ဆုံကြတာလဲ "

ယဲ့ဖန်က ပြန်မဖြေခင်မှာ လော့ကျင်းယွမ်က အရင်ဖြေပေးလိုက်သည်။

" ယဲ့ညီလေးက ငါ့အဖေရဲ့အသက်ကျေးဇူးရှင်လို့ ပြောရမယ် "

ဟုရွမ်ယု၊ ကုန်းရှန်းဟုန်နဲ့ ယန်းမန်ဟွတို့ကပါ သူ့စကားကြောင့် လန့်သွားသည်။

သခင်ကြီးလော့ရဲ့ အသက်ကျေးဇူးရှင်ဆိုရင် သူတို့ရဲ့သိကျွမ်းမှုက ရင်းနှီးတာ မထူးဆန်းတော့ပေ။

" လော့လူကြီး၊ ငါ့ကို ရှင်းရှင်းပြောစမ်းပါဦး။ ယဲ့လူကြီးမင်းက မင်းအဖေရဲ့အသက်ကို ဘယ်လိုကယ်ခဲ့တာလဲ "

ဟုရွမ်ယုက အရာအားလုံးကို အောက်ခြေအထိ နှိုက်နှိုက်ချွတ်ချွတ်သိချင်သူဖြစ်သည်။

ထို့ကြောင့် ချက်ချင်းမေးလိုက်သည်။

လော့ကျင်းယွမ်က ထိုနေ့ကအကြောင်းကို ပြန်တွေးရင်း သူ့မျက်နှာ အကြောက်တရားတွေပြည့်နေသည်။

" အဲ့အချိန်တုန်းက ငါ့အဖေက နှလုံးထဖောက်ပြီး သတိလွတ်သွားတာ။ မိသားစုဆရာဝန်က ရောက်လာပြီး သေပြီလို့ ကြေညာတယ် ........ "

အဲ့နေ့က ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို သူက အားတက်သရော ချက်ချင်း ပြန်ရှင်းပြသည်။

ယဲ့ဖန်က သေပြီးသားလူကို ပြန်ရှင်လာအောင် လုပ်နိုင်ခဲ့သည်ဆိုတာ ကြားလိုက်ရတဲ့အခါ ...... သုံးယောက်လုံး ဘာမှမပြောနိုင်အောင် ကြောင်အသွားကြသည်။

ကုန်းရှန်းဟုန်နှင့် သူ့မိန်းမက ယဲ့ဖန်၏ ပြောင်မြောက်တဲ့ ဆေးအရည်အချင်းကို လတ်တလောကမှ တွေ့မြင်ထားတာကြောင့် အနည်းနဲ့အများ စိတ်ကို ပြင်ဆင်ထားကြသည်။

သို့ပေမဲ့ ဟုရွမ်ယုကတော့ ယဲ့ဖန်ကို သရဲမြင်သလိုပါ ကြည့်နေတော့သည်။

" ကျွန်တော့်ကို အမှန်တိုင်းပြောပါ၊ မင်းက လူလား သရဲလား "

အပိုင်း ( ၄၉၄ )

ရှုံးချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ခွန်အားက ခွင့်မပြုဘူး

ယဲ့ဖန်က ဟုရွမ်ယုရဲ့ စကားကို ကြားတဲ့အခါ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။

" အဲ့တော့ ကျွန်တော့်ကို လူလို့ထင်လား သရဲလို့ထင်လား "

ဟုရွမ်ယုက သူ့ကို အကဲခတ်ကြည့်လိုက်သည်။

" လူပုံစံရှိပေမဲ့ ပညာတွေကတော့ တစ္ဆေသရဲတွေထက်တောင် များနေသေးတယ် "

ကုန်းရှန်းဟုန်နှင့် သူ့ဇနီးတို့ ပြောတုန်းက ယဲ့ဖန်မှာ ဆေးပညာအသိတစ်ချို့ ရှိရုံဟုသာ ထင်ခဲ့သည်။

လော့ကျင်းယွမ် ရှင်းပြတဲ့အခါမှ သူ့ရဲ့ဆေးပညာက ကြောက်စရာကောင်းလောက်အောင်ထိ တစ်ဖက်ကမ်းခတ်တော်မှန်း သိလိုက်ရသည်။

သေတဲ့သူကိုတောင် ပြန်ရှင်အောင် လုပ်နိုင်တာလား။

ယဲ့ဖန်ကတော့ မဟုတ်ဘူးလို့ ရှင်းပြလေသည်။

လော့သခင်ကြီး၏ စွမ်းအင်က ကျန်ရှိနေသေးတာကာ ကျောက်ကပ်အလုပ်လုပ်နေသေးတာကြောင့်ဟု ဆိုသည်။

သို့ပေမဲ့ တခြားသူတွေရဲ့ အမြင်မှာတော့ အဲ့တာက အသက်ပြန်သွင်းတာဖြစ်လေသည်။

ဒါကြီးက နည်းလမ်းရောကျရဲ့လား။

အသက် ၂၀ အရွယ် လူငယ်လေးက စီးပွားရေးမှာ အထင်ကြီးစရာကောင်းတဲ့အပြင် လောင်းကစားမှာလည်း ပြောင်မြောက်ကာ ဆေးပညာကလည်း ကြောက်စရာကောင်းလွန်းလေသည်။

အဲ့တာကြောင့် တစ်ဖက်သူက လူလား သရဲလားဟု မေးမိတာဖြစ်သည်။

လူသာဆို ဒီလိုစွမ်းရည်တွေက မူမမှန်နေတာ မဟုတ်ဘူးလား။

တစ္ဆေသရဲဆိုရင်မှ အဓိပ္ပာယ်ရှိဦးမည်။

ကုန်းရှန်းဟုန်က ဟုရွမ်ယုရဲ့ အမူအရာကိုမြင်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

" ခေါင်းဆောင် မသိသေးလို့ပါ။ ယဲ့ညီလေးနဲ့ အတော်ကြာခင်လာရင် ဘာကမှ အံ့ဩစရာမရှိတော့ဘူးဆိုတာ သိလာလိမ့်မယ် "

" မင်းဟာကလည်း မပိုလွန်းဘူးလား "

" ခေါင်းဆောင် မသိလောက်ဘူး။ တစ်ခါတုန်းက ယဲ့ညီလေးက လက်ဖက်ရည်ဆိုင်ကနေ လက်ဖက်ခြောက်ဘူးတစ်ဘူးကို ယွမ် ၂၀၀၀ နဲ့ဝယ်ပြီး အထဲကနေ ဒင်္ဂါးငွေစေ့ရလိုက်တယ်လေ။ အဆုံးကျတော့ အဲ့တာက ရှေးဟောင်းပစ္စည်းအဖြစ် အရမ်းအဖိုးတန်လို့ ယွမ် သန်း ၁၀၀တန်တဲ့ ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုနဲ့ အလဲအလှယ်အဖြစ်ရသွားတာ "

" ဟ ...... "

ဟုရွမ်ယုရော လော့ကျင်းယွမ်ပါ တစ်ပြိုက်နက် ဟာခနဲဖြစ်သည်။

ဒီအကြောင်းကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်သည်။

ယွမ် သန်း၁၀၀ တန် ဆိုင်နဲ့ လဲလို့ရတဲ့ ငွေစေ့လား။

လော့ကျင်းယွမ်က အသိစိတ်ကပ်လာပြီးနောက် ပြောလေသည်။

" ယဲ့ညီလေးက လွန်ခဲ့တဲ့၂ရက်က အိမ်တစ်အိမ်ကို ၅သိန်းလားနဲ့ ဝယ်ပြီး အဆုံးကျ အဲ့အိမ်က သစ်ပိတောက်သားတွေနဲ့ ဆောက်ထားတာမလို့ သန်း ၃၅၀ ရသွားတယ်လေ "

ဟုရွမ်ယုနဲ့ ကုန်းရှန်းဟုန်တို့ အံ့ဩအလှည့်ဖြစ်သည်။

သူက သိန်းဂဏန်းပေးဝယ်ပြီး သန်းကိုရာချီတဲ့အပြင် ၃၅၀ ထိတောင်ရတာလား။

ဒါကြီးက လွန်နေပြီ မဟုတ်လား။

သူတို့နှစ်ယောက်က ကြွားနေရင်း ဟုရွမ်ယုကလည်း အားကျမခံလိုက်ပြောသည်။

" မင်းတို့ပြောတာ နည်းသေးတယ်။ မင်းတို့ မသိသေးပါဘူး ...... "

သူက ယဲ့ဖန်ရဲ့ တောက်ပြောင်တဲ့ အောင်နိုင်မှုဖြစ်တဲ့ ကာစီနိုမှာ ယွမ် ၂၀၀၀ ကနေ ၁ ဘီလီယံလောက် ရလိုက်တာကို ပြောချင်နေသည်။

သို့ပေမဲ့ ယဲ့ဖန်က ဆက်ပြီး နားထောင်မနေနိုင်တော့ပေ။

" ခင်ဗျားတို့ ရပ်လို့ရမလား။ ခင်ဗျားတို့ကြောင့် ကျွန်တော် ကောင်းကင်ပေါ်တောင် လွင့်ထွက်တော့မယ် "

သူတို့သုံးယောက်သား ရယ်လိုက်ကြသည်။

" ငါတို့ကို အပြစ်မတင်နဲ့။ မင်းကိုက ကောင်းကင်ကိုယှဉ်နိုင်တဲ့ အရည်အချင်းရှိနေတာကို "

" ဟုတ်တယ်၊ မင်းလုပ်ခဲ့တာတွေအရ တခြားသူတွေသာဆို တစ်ဘဝလုံး ကြွားနေမှာ "

" ငါတို့က ခံနိုင်ရည်ရှိတဲ့သူတွေမလို့ပေါ့။ တခြားသူတွေသာဆို မင်းအရည်အချင်းတွေကြောင့် အနားနေရတာနဲ့တင်ကို ရူးကုန်မှာ "

" မင်းကို သုသေသနဌာနပို့ပြီး မင်းဦးနှောက် ဘယ်လို အလုပ်လုပ်လဲဆိုတာကို စစ်ဆေးကြည့်စေချင်တယ် "

ယန်းမန်ဟွက ဘာမှမပြောသော်လည်း သူမအကြည့်တွေက အံ့ဩမှုတွေ ပြည့်နှက်နေသည်။

သူ့ယောက်ျားက ဒီလူငယ်လေးကို ဘာလို့ အမြဲတမ်း ချီးကျူးနေလဲဆိုတာ အံ့ဩစရာ မရှိတော့ပေ။

သူက တကယ်ကို ထူးချွန်လေသည်။

ဒီလို ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်တစ်ယောက်အတွက် ချီးကျူးမှုတွေကတောင် အရောင်မှိန်နေနိုင်သည်။

" ကောင်းပြီ၊ ဒီလို စုဝေးနိုင်ဖို့ဆိုတာ ရှားတော့ ပျော်စရာလေးတစ်ခုခု လုပ်ကြမလား "

ကုန်းရှန်းဟုန်က တကယ်တော့ ဟုရွမ်ယုနဲ့ ယဲ့ဖန်ကို ရင်းနှီးအောင် လုပ်ပေးဖို့ဖြစ်တာကြောင့် သူတို့နှစ်ယောက်ကို ပိုရင်းနှီးလာအောင် လုပ်ပေးမှာဖြစ်သည်။

" ငါတို့ မာဂျုံးကစားကြမလား "

ကုန်းရှန်းဟုန်ကလည်း မျက်လုံးတောက်ပသွားသည်။

" ရတယ်၊ မကစားရတာ ကြာပြီဆိုတော့ လက်တွေတောင် ယားနေပြီ။ ယဲ့ညီလေး ဒီမှာ မာဂျုံးရှိလား "

ယဲ့ဖန် ခေါင်းခါလိုက်သည်။

လော့ကျင်းယွမ်က ဝင်ပြောသည်။

" တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်မယ် "

သူက ချက်ချင်း ဖုန်းခေါ်လိုက်သည်။

မကြာခင်မှာဘဲ တစ်စုံတစ်ယောက်က မာဂျုံးကို တံခါးဝထိ လာပို့ပေးသည်။

ဟုရွမ်ယုက နေရာချပြီး ပြောသည်။

" မင်းတို့လေးယောက်က စားပွဲမှာထိုင်လိုက်။ ငါက ဘေးကနေပဲ ကြည့်မယ် "

ကုန်းရှန်းဟုန်က ချက်ချင်း ငြင်းလိုက်သည်။

" ဘယ်လိုလုပ်ဖြစ်မှာလဲ။ ခင်ဗျားက ဒီနေ့အဓိကလူတွေထဲက တစ်ယောက်လေ။ ဘာလို့ ဘေးကနေရပ်ကြည့်မှာလဲ "

သို့ပေမဲ့ ဟုရွမ်ယုက စားပွဲမှာ ထိုင်ဖို့ ငြင်းဆန်လေသည်။

" မင်းတို့ အရင်ဆော့နှင့်ကျ။ တစ်ယောက်ယောက် ပင်ပန်းလာမှ ဝင်ဆော့မယ် "

ထိုသို့ပြောပြီး သူက စိတ်ထဲကနေတော့ ရယ်နေလိုက်သည်။

ယဲ့ဖန်လို လောင်းကစားဘုရင်နဲ့ ဘယ်သူက တစ်ဝိုင်းထဲ ဆော့ရဲမှာလဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ မတူဘူးလား။

ကုန်းရှန်းဟုန်နဲ့ တခြားသူတွေကတော့ သူပြောတာ ကြားပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။

" ကုန်းလူကြီး၊ မင်း ပိုက်ဆံလောက်ရဲ့လား။ ရှုံးပြီးမှ ပိုက်ဆံမထုတ်နိုင်ရင် ရှက်စရာကောင်းတယ်နော် "

ကုန်းရှန်းဟုန်က ရယ်လိုက်သည်။

" ကျုပ် အစွမ်းကို မမြင်ဖူးတာလည်း မဟုတ်ပါဘဲ။ ရှုံးမယ်ထင်လား။ ဒီနေ့ ခင်ဗျားရှုံးရင် ခင်ဗျား ကျွန်တော့်မျိုးရိုးနာမည်ပြောင်းရမယ် "

ထိုသို့ပြောပြီး ယဲ့ဖန်ကိုလည်း လှောင်ပြီးကြည့်ဖို့ မမေ့ပေ။

" ယဲ့ညီလေး၊ ငါမင်းကို ညှာပေးမှာ မဟုတ်ဘူး။ လောင်းကစားဘုရင်နဲ့ ကြုံရတဲ့ အတွေ့အကြုံက ဘယ်လိုလဲဆိုတာ ပြပေးမယ် "

သူ့လေသံက အတော်ကို မောက်မာနေသည်။

သို့ပေမဲ့ မကြာခင်မှာတော့ ပြုံးတောင် မပြုံးနိုင်တော့ပေ။

" ကျောက်တွေအကုန်လုံးက (၁၀) တွေချည်းဘဲ။ တောင်းပန်ပါတယ် နိုင်သွားပြီ .... "

" အကုန် နဂါးတွေချည်းဆိုတော့ ထပ်နိုင်ပြန်ပြီ။ ဟားဟားဟား၊ ပေးထားမယ် .... "

" ပန်းပွင့်တွေအတန်းလိုက်ဆိုတော့ နိုင်ပြန်ပြီ မဟုတ်လား။ ပေးပါ၊ ပေးပါ .... "

ယဲ့ဖန်က ညစ်ဆော့နေသည့်အလား သူ့ကံကကောင်းလွန်းနေသည်။

မကြာခင်မှာပဲ သူ့အရှေ့တွင် ပိုက်ဆံအထပ်လိုက်ကြီး ပုံသွားတော့သည်။

သူက တခြားသုံးယောက်ဆီက နိုင်ထားတာဖြစ်သည်။

ကျန်တဲ့သူတွေအတွက် ဒီလောက်ပိုက်ဆံက ဘာမှမဖြစ်သော်လည်း ရှုံးတဲ့အတွက် စိတ်အခြေအနေ မကောင်းကြပေ။

" ယဲ့ညီလေး၊ မင်းရဲ့ကံက စောက်မြင်ကပ်စရာကောင်းလောက်အောင် ကောင်းမနေဘူးလား။ အစကနေ အဆုံးထိ တစ်ပွဲမှမရှုံးဘူး "

ကုန်းရှန်းဟုန်က ညည်းညူလေသည်။

တကယ်တော့ သူအတော်ဖြစ်တဲ့ မာဂျုံးနဲ့ ယဲ့ဖန်ကို အနိုင်ယူနိုင်ခဲ့မည်ဟု ထင်ခဲ့တာဖြစ်သည်။

ယဲ့ဖန်က ထပ်အနိုင်ကျင့်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

လော့ကျင်းယွမ်ကလည်း မထိန်းနိုင်ဘဲပြောသည်။

" မင်းမသိတာရောရှိရဲ့လား။ ငါမင်းကို ဘာလို့ မနိုင်ရတာလဲ "

ယန်းမန်ဟွက ဘာမှမပြောသော်လည်း သူမက ယဲ့ဖန်ကို မကျေနပ်သလိုကြည့်နေသည်။

ယဲ့ဖန်က အပြစ်ကင်းစင်စွာ ပုခုံးတွန့်လိုက်သည်။

" ကျွန်တော်လည်း ရှုံးချင်ပေမဲ့ ကျွန်တော့် ခွန်အားက ခွင့်မပြုဘူး "

သူ့စကားက ကျန်တဲ့သုံးယောက်လုံးကို ဒေါသထွက်မတတ်ဖြစ်သွားစေသည်။

ဒါက လူစကားရော ဟုတ်ရဲ့လား။ ခွန်အားက ခွင့်မပြုဘူးဆိုတာ ဘာသဘောလဲ။

" မင်းတို့ရဲ့ ဒီယဲ့ညီလေးက လောင်းကစားလောကရဲ့ တက်သစ်စဘုရင်လေးဆိုတာ မသိကြသေးဘူးမလား "

လောင်းကစားဘုရင်။

ဘယ်လိုတောင်လဲ။

ယဲ့ဖန် မျက်လုံးတွေကို ဝေ့လိုက်မိတော့သည်။

အပိုင်း ( ၄၉၅ )

မင်း ဘယ်လောက်ဘဲ ထူးချွန်နေပါစေ၊ မိတ်ဆွေတွေ ကြာကြာခံမှာမဟုတ်ဘူး

လော့ကျင်းယွမ်နဲ့ ကုန်းရှန်းဟုန်ရဲ့ မသင်္ကာဖြစ်နေတဲ့အကြည့်တွေကြောင့် ဟုရွမ်ယုက အားတက်လာသည်။

" ဟိုတလောက ကာစီနိုတစ်ခုမှာ လူငယ်လေးတစ်ယောက်က ၂၀၀၀ ဖိုး တိုကင်ပြားဝယ်ပြီး တစ်နာရီတည်းနဲ့ သန်း ၂၀ နိုင်သွားတာ ........ "

ထို့နောက် ဖြစ်စဉ်တွေကို ပြောပြသည်။

" ကာစီနိုက အဲ့တာကို မကျေနပ်တော့ သူတို့အရှုံးကို အဖတ်ဆယ်ဖို့နဲ့ အဲ့လူငယ်လေးကို အငိုက်ဖမ်းရအောင် လောင်းကစားဘုရင်ပြိုင်ပွဲတစ်ခုကို စီစဉ်လိုက်တယ်။ ဘယ်သူသိမှာလဲ အဲ့ကောင်လေးက အကုန်အပြတ်ဖြုတ်ပြီး အနိုင်ရသွားမယ်လို့။ သူက သန်း ၆၀၀ ငွေသားနဲ့ အဖိုးတန်အပျော်စီးသင်္ဘောကြီးကိုပါ ရသွားတာ "

ကျန်တဲ့သုံးယောက်က ထိတ်လန့်သွားသည်။

" သူက ၁ ဘီလီယံကျော်တောင် ရသွားတာလား "

" ပြီးတော့ ယွမ် ၂၀၀၀ ကနေ စတာလေ၊ အဆုံးကျ ၁ ဘီလီယံတဲ့လား။ ဒါက လောင်းကစားနတ်ဘုရားဘဲ "

" မဟုတ်မှ မင်းပြောနေတာ ...... "

သူတို့သုံးယောက်က ဟုရွမ်ယုစကားကို တွေးပြီးနောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်ကြသည်။

ဒီကောင်က ၁ ဘီလီယံနိုင်သွားတဲ့ လောင်းကစားဘုရင်လား။

ဟုရွမ်ယုက ဂုဏ်ယူစွာ လက်ညှိုးထိုးပြသည်။

" ဟုတ်တယ်၊ ၁ ဘီလီယံကျော် နိုင်သွားတဲ့ လောင်းကစားဘုရင်အသစ်ပ ယဲ့ဖန်ပဲ "

ဧည့်ခန်းထဲရှိ လေထုက အေးခဲသွားသည်။

ကုန်းရှန်းဟုန်က အတော်ကြာတဲ့အထိ မယုံနိုင်ဖြစ်နေသည်။

" ယဲ့ညီလေး၊ သူပြောတာ အမှန်ဘဲလား။ မင်း တကယ် ၁ ဘီလီယံမက နိုင်ခဲ့တာလား "

ယဲ့ဖန်က ကြောင်အအ ပြုံးလိုက်သည်။

" ကံကောင်းတာပါ။ အဲ့တာတွေအကုန် ကံကောင်းတာပါ "

သူတို့သုံးယောက်က မျက်နှာကြောတွေပါ တွန့်လာရသည်။

၁သိန်း ၁သန်းလောက် နိုင်တာက ကံကောင်းတာလို့ ပြောနိုင်သေးသည်။

မင်းက စောက်ကျိုးနည်း ၁ ဘီလီယံကြီးတောင် နိုင်တာလေ။ အဲ့တာကို ကံကောင်းတာလို့ ပြောရဲသေးတာလား။

ငါတို့ကို အရူးတွေများ ထင်နေလား။

" ငါတို့က လောင်းကစားဘုရင်နဲ့ ဆော့လိုက်သေးတာလား။ ဒါက ကြွက်ကို ကြောင်နဲ့ မင်္ဂလာဆောင်ခိုင်းတာလို ဖြစ်မနေဘူးလား "

လော့ကျင်းယွမ်က ချက်ချင်း မာဂျုံးတွေကို တွန်းချလိုက်ပြီး ထပြန်ဖို့ ရပ်လိုက်သည်။

ကုန်းရှန်းဟုန်ကလည်း မကျေနပ်တဲ့အမူအရာဖြစ်နေသည်။

ယန်းမန်ဟွက ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ရှောင်ဖန်၊ မင်း ဘယ်လောက်ဘဲ ထူးချွန်နေပါစေ၊ ဒီလိုကြီးထိတော်နေရင် သူငယ်ချင်းတွေ ကြာကြာမခံလောက်ဘူး "

ယဲ့ဖန်က စိတ်ညစ်သွားသည်။

တကယ်တော့ သူက နိုင်နေပေမဲ့လည်း ကျန်တဲ့သူတွေကိုက ညံ့တာလည်းပါသည်။

သူစိတ်မထည့်ဘဲ ကစားရင်တောင် သူဘဲနိုင်မှာဖြစ်သည်။

သူ ဘာတတ်နိုင်မှာလဲ။

ဟုရွမ်ယုက ကျန်တဲ့သူတွေကို မောက်မောက်မာမာကြည့်လိုက်သည်။

" မင်းတို့က ယဲ့ဖန်လို လောင်းကစားဘုရင် ဆော့ရဲကြတာလား။ မရှုံးရင်တောင် မွဲသွားမယ်ထင်တယ် "

လော့ကျင်းယွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။

" လောင်းကစားဘုရင်ဖြစ်တော့ ဘာလုပ်ရမှာလဲ။ မသိရင် မင်းတူက လောင်းကစားဘုရင်ဖြစ်တာကျလို့ "

ကုန်းရှန်းဟုန်ကလည်း ဝင်ပြောသည်။

" ဟုတ်သားပဲ။ ပြောကြကြေးဆို ကျွန်တော်တို့ကတောင် ယဲ့ဖန်နဲ့ ပိုရင်းနှီးသေးတယ်။ ကြွားရကြေးဆို ကျုပ်တို့က ကြွားသင့်တာပေါ့ "

ယန်းမန်ဟွကလည်း ချက်ချင်း ခေါင်းငြိမ့်သည်။

" ကျွန်မလည်း ထင်တယ် "

ဒီလို ဝိုင်းအတိုက်ခိုက်ခံရမယ်လို့ ဟုရွမ်ယု မထင်ခဲ့ပေ။ သူ့ပုံစံက ချက်ချင်း စိတ်ပျက်သွားတော့သည်။

" ဘာလို့ ငါ့ကို ပစ်မှတ်ထားနေတာလဲ။ ငါက မင်းတို့ပိုက်ဆံရတာမှမဟုတ်တာ။ ငါက အပြစ်မဲ့တယ်လေ "

ကျန်တဲ့သုံးယောက်က ဒေါသဖြေစရာ ရှာတွေ့သွားကြသည်။

" ရှောင်ဖန်က လောင်းကစားဘုရင်ဆိုတာ ဘာလို့ ကြိုမပြောတာလဲ။ မင်း တမင်လှည့်စားတာလို့ ထင်တယ် "

" ဟုတ်တယ်၊ ကစားပွဲထဲမပါတာ မထူးဆန်းတော့ဘူး "

" ရှုံးတဲ့ပိုက်ဆံ တစ်ဝက်ပေး "

" ဟုတ်တယ် "

" ပေးရမယ် "

" ကျွန်မလည်း သဘောတူတယ် "

" အပိုတွေမပြောနဲ့ မြန်မြန်ပေးလိုက်တော့ "

ဟုရွမ်ယုက သူတို့တွေကို ရင်ဆိုင်ရတဲ့အခါ ယဲ့ဖန်ကို အမြန်အကူအညီတောင်းလိုက်သည်။

" ယဲ့ညီလေး၊ ကယ်ပါဦး "

ယဲ့ဖန်က မတတ်နိုင်ဘဲ ပုခုံးတွန့်လိုက်သည်။

" သူတို့မှန်တယ် ထင်တယ် "

လူများစုက လူနည်းစုကို နိုင်သွားလေသည်။

ဟုရွမ်ယုက သက်ပြင်းရှည်ချလိုက်သည်။

" လူတွေနဲ့တွေ့ရတာ မကောင်းဘူး၊ တကယ်ကို မကောင်းဘူး "

သို့ပေမဲ့ ဒါပြီးတဲ့နောက် သူတို့ရင်းနှီးမှုက ပိုတိုးသွားကြလေသည်။

နေ့လယ်စာစားပြီးတဲ့နောက် ကုန်းရှန်းဟုန်နှင့် သူ့ဇနီးတို့က ဟိုတယ်ဘိုကင်တင်ဖို့ ရှာကြသည်။

ယဲ့ဖန်က ရုတ်တရက် သူတို့ကို တားလိုက်သည်။

" ကျွန်တော် ကျုံးဟိုင်ကို ပြန်တော့မှာဆိုတော့ ဒီဗီလာက လွတ်နေမှာ။ ဒီမှာပဲ နေလို့ရတယ် "

ကုန်းရှန်းဟုန်က ကြောင်သွားသည်။

" ကျုံးဟိုင်ကို ပြန်တော့မလို့လား။ ဒီမှာ ထပ်မနေတော့ဘူးလား "

" ပင်းဟိုင်ကို ခဏတဖြုတ်နားဖို့လာတာဆိုပေမဲ့ ဟိုဟိုဒီဒီနဲ့ ဒီလောက်ကြာသွားမယ် မထင်ထားဘူး။ ပြန်သင့်နေပြီ "

ကုန်းရှန်းဟုန်က လှောင်တဲ့ အမူအရာလုပ်လိုက်သည်။

" မင်း ဥက္ကဌချန်းကို လွမ်းနေတာမလား။ သူမ ပင်းဟိုင်လာတော့ မင်း လိုက်လာတယ်။ သူမပြန်တော့ မြန်မြန်ပြန်ချင်နေတာမလား "

ဘေးမှာရပ်နေတဲ့ လော့ကျင်းယွမ်ကလည်း ရုတ်တရက် စိတ်ဝင်စားသွားသည်။

" မဖြစ်နိုင်တာ ယဲ့ညီလေးက အဲ့လိုနူးညံ့တတ်တဲ့လူစားမျိုးလား "

ယဲ့ဖန်က စိုက်ကြည့်လိုက်သည်။

" ဘာကို နူးညံ့တာလဲ။ စကားကို ဘယ်လိုပြောနေတာလဲ "

ဟုရွမ်ယုက ကြားဖြတ်ပြောသည်။

" ဒါက အလုပ်စွဲလမ်းနေတာခေါ်တယ်။ အချစ်မဟုတ်ဘူး။ ကျုံးဟိုင်ကနေ မခွဲနိုင်တာ "

ယဲ့ဖန်က သူ့ကို တွန်းထုတ်လိုက်သည်။

" ခင်ဗျားတို့တွေဗျာ "

" ထပ်မနေတော့ဘူး။ သွားပြီ "

ထို့နောက် သူက အထုပ်ဆွဲကာ အပြင်ကို ထွက်လာသည်။

လော့ကျင်းယွမ်နဲ့ တခြားသူတွေကလည်း ထပြီး လိုက်ပို့ကြသည်။

" ယဲ့ညီလေး၊ ငါတို့က အပြင်လူတွေမှ မဟုတ်ဘဲ လိုတာရှိရင် ဆက်သွယ်လိုက် "

လော့ကျင်းယွမ်က ကားခေါ်ပေးပြီး ယဲ့ဖန်ကို ကျုံးဟိုင်သို့ လိုက်ပို့စေသည်။

ဟုရွမ်ယုကလည်း လေးလေးနက်နက်ပြောသည်။

" ယဲ့ညီလေးကို ဒီနေ့တွေ့ရတာ နောင်တမရဘူး။ ကျုံးဟိုင်လာရင် ကောင်းကောင်းလိုက်ကျွေးပါ "

ကုန်းရှန်းဟုန်က သူ့ကို အကူအညီမဲ့စွာ ကြည့်နေသည်။

" ငါတို့ရောက်မှ ဘာလို့ပြန်တာလဲ။ မသိရင် ငါတို့ကပဲ နှင်ထုတ်လိုက်သလိုနဲ့ "

ယဲ့ဖန်က ပုခုံးကိုပုတ်လိုက်သည်။

" လော့အစ်ကို၊ ဟုအစ်ကိုတို့နဲ့ မိတ်ဆွေဖြစ်ရတာ ဝမ်းသာပါတယ်။ ဒီတစ်ခါ ပင်းဟိုင်လာရတာ အကျိုးမယုတ်ဘူး "

ကုန်းရှန်းဟုန်က အမြန်ဝင်ပြောသည်။

" ငါကရော "

ယဲ့ဖန်က ယန်းမန်ဟွကို ကြည့်လိုက်သည်။

" မရီး .... ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်ပါ "

ယဲ့ဖန်က စနောက်နေတာကြောင့် ယန်းမန်ဟွ၏မျက်နှာ ရဲတက်လာသည်။

ယဲ့ဖန်က ဘာမှမပြောဘဲ သူတို့ကို လက်ပြကာ ကားထဲ ဝင်သွားခဲ့သည်။

ကားက တစ်ကွေ့ပြီးတစ်ကွေ့ ဖြတ်သွားတာကို သူတို့လေးယောက် ကြည့်နေလိုက်ကြသည်။

ယဲ့ဖန်မရှိတဲ့အခါ ရုတ်တရက် တစ်စုံတစ်ခုလွတ်သွားသလို ဖြစ်သွားသည်။

သူတို့ လေးယောက်လုံး သိကြတဲ့ ပြောစရာ အထူးတလည်ကိစ္စမရှိပေ။

ထိုအခါမှ ထိုလူငယ်လေးရဲ့ အရေးပါပုံကို သဘောပေါက်သွားကြသည်။

အပိုင်း ( ၄၉၆ )

ဘယ်သူတွေကရော မင်းသမီးလေး မလုပ်တတ်လို့လဲ

" ဘာလို့ ပင်းဟိုင်မှာ ရက်ကြာကြာဆက်မနေတာလဲ "

ချန်းရွှမ်က ကားမောင်းနေရင်း ခရီးသည်ထိုင်ခုံက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" အစ်မမရှိဘဲ ကျွန်တော်တစ်ယောက်တည်း ပျင်းစရာကောင်းလွန်းတယ် "

ယဲ့ဖန်က ခေါင်းလေးစောင်းပြီး သူမကို ကြည့်လိုက်သည်။

" ငါက အဲ့လောက်တောင် အရေးပါလို့လား "

ချန်းရွှမ်၏အမူအရာက မယုံသင်္ကာဖြစ်နေသည်။

" ဘယ်လိုထင်လဲ "

ယဲ့ဖန်က သူ့လက်ကို သူမပေါင်ပေါ်တင်လိုက်သည်။

" ဆော့မနေနဲ့။ ကားမောင်းနေတာကို "

ချန်းရွှမ်က သူ လက်ဆော့နေတာကို အမြန် ဖယ်လိုက်သည်။

" တစ်နေ့လယ်လုံး ကားစီးလာရတော့ ဗိုက်ဆာနေမှာပေါ့။ စားသောက်ဆိုင်မှာ အမှာစာတင်ထားတယ်။ အဲ့ကို အရင်သွားပြီး စားကြရအောင် "

ယဲ့ဖန်၏ အကြည့်တွေက စူးရှရဲတင်းနေသည်။

" ညစာစားပြီးရင်ရော "

ချန်းရွှမ်က ဘေးကိုမကြည့်ဘဲ တည့်တည့်ကိုသာ ကြည့်နေသည်။

" ပြီးရင် အိမ်ပြန်နားကြမယ်လေ "

" နားရုံတင်ပဲလား။ တခြားလုပ်စရာတွေရော "

ယဲ့ဖန်က သူမရဲ့ မျက်နှာတစ်ခြမ်းကို စိုက်ကြည့်နေသည်။ သူ့စကားတွေက အဓိပ္ပာယ်နှစ်ခွပါလေသည်။

" နင် ... နင် လေးလေးနက်နက်လုပ်လို့ မရဘူးလား။ ဘာလို့ အမြဲတမ်း အဲ့တာတွေ .... ညစ်တီးညစ်ပတ်တွေပဲ တွေးနေရတာလဲ "

ချန်းရွှမ်၏ မျက်နှာလှလှလေးက ရှက်သွေးဖြာနေပြီး သူ့ကို မျက်စောင်းထိုးလိုက်သည်။

" ကျွန်တော်ပြောတာ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဈေးဝယ်ထွက်ရအောင်လို့ပါ။ အဲ့တာက ညစ်တီးညစ်ပတ် ဘယ်လိုဖြစ်သွားတာလဲ။ အိုး၊ အစ်မက အဲ့တာတွေးနေတာတော့ မဟုတ်ဘူးမလား။ တစ်နေကုန် ဘာတွေပဲ တွေးနေတာလဲ။ မညစ်ပတ်လွန်းဘူးလား "

" နင် ...... "

ချန်းရွှမ်က ရှက်ပြီး စိတ်တိုသွားသည်။

သူ့လေသံက သူမကို တမင်တကာ အတွေးမှားအောင် လုပ်ခဲ့ပြီးမှ သူမကို တပြန်ကြီး စွပ်စွဲတာဖြစ်သည်။

သူမ ခံလိုက်ရလေသည်။

ယဲ့ဖန်က ထပ်မစတော့ပေ။ သူမရဲ့ ကားမောင်းစွမ်းရည်ကို မယုံတာကြောင့်ဖြစ်သည်။

သူတို့က မကြာခင်မှာ စားသောက်ဆိုင်ရောက်လာသည်။

စားသောက်ဆိုင်နာမည်က "မူးနေတဲ့မသေမျိုး" ဖြစ်ပြီး ကျုံးဟိုင်ရှိ အဆင့်မြင့် တရုတ်စားသောက်ဆိုင်ဖြစ်ကာ နေ့တိုင်း လူအပြည့်ရှိလေသည်။

ထို့အပြင် စည်းကမ်းတစ်ခုလည်းရှိလေသည်။ ဘယ်သူကပဲ လာစားပါစေ တန်းစီရမည်ဖြစ်သည်။

သူတို့နှစ်ယောက်ရောက်တဲ့အခါ လူတွေက တံခါးရှေ့မှာ နံပါတ်ပြားနဲ့ တန်းစီစောင့်နေကြသည်။

" ဒီဆိုင်က အရမ်းနာမည်ကြီးတာ။ ကံကောင်းလို့ အွန်လိုင်းကနေ ကြိုအမှာစာတင်လိုက်မိတာ "

ချန်းရွှမ်က ယဲ့ဖန်ကို ဂုဏ်ဆာတဲ့ မျက်နှာလေးနဲ့ ကြည့်နေသည်။

" မိုက်တာပေါ့ "

ယဲ့ဖန်က ချက်ချင်း ဖြစ်သလိုချီးကျူးလိုက်သည်။

သို့ပေမဲ့ ချန်းရွှမ်ကတော့ အရမ်းပျော်နေသည်။

သူမက ချက်ချင်း သူတို့စားပွဲနေရာသို့ ခေါ်သွားခဲ့သည်။

သူမ ကြိုတင်မှာထားတဲ့နေရာက သိပ်မကောင်းပေ။ ချောင်ကျပြီး အိမ်သာနဲ့လည်း နီးနေသည်။

ချန်းရွှမ်ပြောပုံအရ ဒီလိုနေရာရတာပင် ကံကောင်းနေပြီဟု ဆိုရမည်။

သူတို့နှစ်ယောက် ထိုင်လိုက်ချိန်မှာဘဲ မန်နေဂျာဟု ထင်ရတဲ့ အမျိုးသမီးတစ်ယောက်က ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်နဲ့အတူ လျှောက်လာသည်။

" တစ်စိတ်လောက်ပါ၊ လူကြီးမင်းတို့နဲ့ ညှိနှိုင်းချင်လို့ပါ "

မန်နေဂျာက ယဥ်ကျေးစွာ ပြောလေသည်။

" ဘာကိစ္စပါလဲ "

ချန်းရွှမ်ကလည်း သူမကို ယဉ်ကျေးစွာ ပြန်ကြည့်သည်။

မန်နေဂျာက သူမအနောက်က အတွဲကို ညွှန်ပြသည်။

" သူတို့က လုပ်စရာကိစ္စလေးရှိလို့ သူတို့ကို တစ်ဝိုင်းတည်း အတူထိုင်ခွင့်ပေးနိုင်မလားလို့ပါ "

ချန်းရွှမ်က မျက်မှောင်ကြုတ်ပြီး ငြင်းချင်လိုက်ပေမဲ့ မန်နေဂျာ၏ တိုးလျှိုးတောင်းပန်နေတဲ့ မျက်နှာကြောင့် သနားစိတ်ဝင်ကာ ခေါင်းငြိမ့်လိုက်သည်။

" ဒါဆိုလည်း သူတို့ကို ဒီမှာ ထိုင်ခိုင်းလိုက်ပါ "

ထိုသို့ပြောပြီးနောက် သူမက ထရပ်ကာ ယဲ့ဖန်ဘက်ကို ပြောင်းထိုင်ပေးလိုက်သည်။

သို့ပေမဲ့ ထိုအချိန်မှာ ကောင်မလေးက အတွန့်တက်လေသည်။

" သူစိမ်းတွေနဲ့ မထိုင်ချင်ဘူး။ တခြားနေရာ စီစဉ်ပေးလို့မရဘူးလား "

အမျိုးသမီးမန်နေဂျာက အတော်လေး ဒုက္ခရောက်နေပုံရသည်။

" မိန်းကလေးဝူ၊ တကယ်ဘဲ တောင်းပန်ပါတယ်။ ဒါက လူကျချိန်ဆိုတော့ စားပွဲလွတ်မရှိလို့ပါ "

ထိုကောင်မလေးက ယဲ့ဖန်တို့ကို လက်ညှိုးထိုးသည်။

" သူတို့ကို အရင်ထခိုင်းလိုက်။ ငါတို့စားပြီးမှ လာစားခိုင်းလိုက် "

မန်နေဂျာက ခဏတွန့်ဆုတ်သွားပြီးနောက် ယဲ့ဖန်နှင့် ချန်းရွှမ်တို့ကို အားတုံ့အားနာကြည့်လာသည်။

" လူကြီးမင်းတို့ ခြွင်းချက်အနေနဲ့ သူတို့နှစ်ယောက်စားတာကို စောင့်ပြီးမှ ..... "

ဒီတောင်းဆိုချက်က အတော်လေးလွန်နေတာကြောင့် သူမက ဆက်မပြောနိုင်တော့ပေ။

ချန်းရွှမ်က မျက်နှာထားတင်းသွားသည်။

" ဒီဟာက လွန်တယ် မထင်ဘူးလား။ တစ်နေရာတည်း ထိုင်ခိုင်းတာတောင် လွန်လှနေပြီ "

မန်နေဂျာက ငိုမတတ်ဖြစ်နေသည်။

မတ်မတ်ကြီးသာ ရပ်နေပြီး ဘာဆက်လုပ်ရမလဲ မသိပေ။

ထိုအချိန်တွင် ကောင်မလေးက သူမကို တွန်းဖယ်ကာ ချန်းရွှမ်တို့ဆီကို လျှောက်လာသည်။

" မပူပါနဲ့၊ ငါက ကျိုးကြောင်းမဆီလျော်တတ်တဲ့သူ မဟုတ်ပါဘူး။ အစာစားဖို့နောက်ကျသွားမှာဆိုတော့ လျော်ကြေးအနေနဲ့ ဒီပိုက်ဆံကို ပေးမယ် "

သူမက ပြောပြီးတာနဲ့ အိတ်ထဲကနေ ပိုက်ဆံအထပ်လိုက်ထုတ်ပြီး စားပွဲပေါ်ကို ဗြန်းခနဲ ချလိုက်သည်။

ယွမ် ၁ သောင်းလောက် အနည်းဆုံးရှိလောက်သည်။

ချန်းရွှမ် သွေးတက်လာသည်ဟု ခံစားမိလိုက်သည်။

" မိန်းကလေး၊ ရှင်းအောင်ပြောထားမယ်။ ငါတို့က ဒီမှာ စားဖို့လာတာ။ တောင်းစားဖို့လာတာ မဟုတ်ဘူး။ အစကတော့ တစ်နေရာတည်းထိုင်ဖို့ သဘောတူပေးမလို့ဘဲ။ အခုတော့ ဆောရီးပဲ စိတ်ပြောင်းသွားပြီ "

ထိုသို့ပြောပြီး နဂိုနေရာမှာ ပြန်ထိုင်လိုက်သည်။

ဧည့်သည်တချို့နဲ့ အနီးနားက စားနေတဲ့သူတွေရဲ့ အာရုံက သူတို့ဆီ စုပြုံလာသည်။

စားပွဲပေါ်က ပိုက်ဆံထပ်ကိုတွေ့တဲ့အခါ တခြားဝိုင်းကသူတစ်ယောက်က ချက်ချင်းထပြောသည်။

" မိန်းကလေး၊ မင်း ငါတို့ကို ပိုက်ဆံပေးမယ်ဆို ဝိုင်းကနေ ဖယ်ပေးမယ် "

" ငါတို့လည်း ဖယ်ပေးမယ်။ မဟုတ်လည်း ငါတို့စားလို့ပြီးတော့မှာဆိုတော့ ပိုက်ဆံလည်းရတာပေါ့ "

" လာပါ၊ ငါတို့နဲ့ထိုင်လိုက်။ တစ်ဝက်ပဲပေး "

" ငါတို့ဖယ်ပေးမယ်။ ငါတို့ကိုပေး "

တခြားဧည့်သည်တွေက အခွင့်အရေးကိုမြင်ပြီး အလုအယက်ဖြစ်လာကြသည်။

မန်နေဂျာက သက်ပြင်းချပြီး ထိုမိန်းကလေးကို ကြည့်လိုက်သည်။

" မိန်းကလေးဝူ၊ တခြားဝိုင်းတွေက ဖယ်ပေးမယ်ဆိုမှတော့ အဲ့မှာဘဲ ထိုင်လိုက်မလား "

ထိုမိန်းကလေးက သူမကို စူးစိုက်ကြည့်သည်။

" ဒီခုံကိုပဲ လိုချင်တာ ချက်ချင်းစီစဉ်ပေး "

မန်နေဂျာကလည်း ရွေးစရာမရှိဘဲ ချန်းရွှမ်ကို ထပ်ကြည့်လိုက်သည်။

" မိန်းကလေးတို့ ဟိုဘက်ဝိုင်းကို ပြောင်းပေးပါလား "

ချန်းရွှမ်က စိတ်တိုနေပြီဖြစ်သည်။

" ဒီနေရာယူထားတာလေ။ ဘာလို့ အဲ့မှာထိုင်ရမှာလဲ "

သူမက ထိုမိန်းကလေးကို ပြန်ကြည့်လိုက်ဖို့လည်း မမေ့ပေ။

မင်းသမီးရောဂါစွဲနေတာပဲ။

နင်တစ်ယောက်တည်း မင်းသမီးလုပ်တတ်တယ်ထင်နေလား။

All Chapters