← Chapters

အပိုင်း ၄၉၇-၅၀၀

Vol. 25 Ch. 497-500

အပိုင်း ၄၉၇-၅၀၀

Vol. 25 Ch. 497-500

အပိုင်း ( ၄၉၇ )

ငါ့သမီးကို အနိုင်ကျင့်ရဲတယ်လား။

ငါ သူ့ကို သတ်လို့မရဘူး။

" ငါ နင်တို့ကို ဒီနေရာကနေ ချက်ချင်း ဖယ်ဖို့ အမိန့်ပေးတယ် "

ထိုမိန်းကလေးက စိတ်မရှည်တော့ပဲ ချန်းရွှမ်ကို အေးစက်စွာကြည့်သည်။

" အမိန့်ပေးတာလား။ ဘာအဆင့်ရှိလို့ ဟိုဟိုဒီဒီလာခိုင်းနေရတာလဲ "

ချန်းရွှမ်ကလည်း ငြိမ်ခံမနေဘဲ ပက်ခနဲပြန်ပြောသည်။

" ဘာလို့လဲဆိုတော့ ဒီဆိုင်ပိုင်ရှင်က ငါ့အဖေပဲ။ ဒီ 'မူးနေတဲ့မသေမျိုး'စားသောက်ဆိုင်ကို ငါတို့မိသားစုပိုင်တာ။ ဒီနေရာရဲ့ ပိုင်ရှင်အနေနဲ့ နင်တို့ကို အမိန့်ပေးခွင့်ရှိတယ် "

ထိုမိန်းကလေးက ခါးထောက်ပြီး ချန်းရွှမ်ကို မောက်မာစွာကြည့်သည်။

" မင်းတို့မိသားစုက ပိုင်တော့ရော ဘာဖြစ်လဲ။ စီးပွားရေးလုပ်တယ်ဆိုမှတော့ လိုက်နာရမယ့် စည်းမျဉ်းတွေရှိတယ်။ ငါတို့ကလည်း ဒီနေရာကို ကြိုတင်အမှာယူထားတာ။ ငါတို့စားနေချိန်အတွင်း ဒီမှာ ထိုင်ခွင့်ရှိတယ်။ ဘာဖြစ်နေနေ ဖယ်ပေးမှာ မဟုတ်ဘူး "

ချန်းရွှမ်၏ နည်းတွေက စီးပွားရေးလောကထဲမှ မြေခွေးအိုကြီးတွေနဲ့ တိုက်ခိုက်ရင်း သင်ယူလာတာဖြစ်သည်။ ဒီလိုမိန်းကလေးငယ်လေးက ဘယ်လိုလုပ်နိုင်မှာလဲ။

ထိုကောင်မလေးက ပြောစရာစကား ရှာမရဖြစ်သွားပြီး ချက်ချင်း တွယ်ကပ်ပြဿနာရှာတော့သည်။

" စည်းမျဉ်းရှိလည်း မလိုက်နာဘူးဟာ၊ ဘာဖြစ်လဲ။ ချက်ချင်း ထ မဟုတ်ရင် လုံခြုံရေးခေါ်ပြီး နှင်ထုတ်ခိုင်းမယ် "

ချန်းရွှမ်က စိတ်တိုလွန်းလို့ မျက်နှာတွေပါ ဖြူဖျော့လာသည်။

" ဘာလဲ၊ မင်းတို့စားသောက်ဆိုင်က စားသုံးသူတွေကို အနိုင်ကျင့်တာလား။ မင်းလို ကျိုးကြောင်းမဆီလျော်တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ သွား၊ မင်းတို့ရဲ့သူဌေးကို ခေါ်လိုက် "

မန်နေဂျာက လုံးဝကို ထိတ်လန့်နေပြီး ဘာလုပ်ရမလဲ မသိပေ။

တဟ်ချိန်လုံး တိတ်နေခဲ့တဲ့ ယဲ့ဖန်က ရုတ်တရက်ထပြီး ချန်းရွှမ်နားကို လျှောက်လာသည်။

" အစ်မရွှမ်၊ တခြားမှာ သွားစားရအောင်။ ဒီလိုကိစ္စလေးအတွက်နဲ့ စိတ်တိုဖို့ မလိုပါဘူး။ 'မူးနေတဲ့မသေမျိုး'စားသောက်ဆိုင်က စည်းမျဉ်းတွေ မလိုက်နာမှတော့ သူတို့ဂုဏ်သူတို့ ဖျက်တာနဲ့အတူတူပဲ။ တခြားနေရာ ပြောင်းကြရအောင် "

ချန်းရွှမ်က အမြဲတမ်း ယဲ့ဖန်စကားကို နားထောင်လေသည်။

သူမက အခု နည်းနည်းစိတ်တိုနေသေးပေမဲ့ သူက ပြောလာတာကြောင့် ထပ်မပြောတော့ဘဲ ချက်ချင်း ထထွက်လိုက်သည်။

" ရပ်လိုက် "

ထိုရိုင်းစိုင်းတဲ့မိန်းကလေး ချန်းရွှမ်ကို လက်ညှိုးထိုးပြန်သည်။

" ဒီလိုထွက်သွားလို့ရမလား "

ချန်းရွှမ်က သူမဒေါသကို ချုပ်တည်းထားလိုက်သည်။

" မင်းက ငါတို့ကို ဒီမှာ မစားစေချင်မှတော့ ထွက်သွားပေးမယ်၊ ဟုတ်ပြီလား "

ထိုမိန်းကလေး ဆက်ပြောသည်။

" နင် ငါ့ကို ကျိုးကြောင်းမဆီလျော်ဘူးလို့ ပြောသွားတာ။ အဲ့တာ မတောင်းပန်ရသေးဘူး "

ချန်းရွှမ်က ဒေါသထွက်လွန်းလို့ ရယ်ပစ်လိုက်သည်။

" အမှန်ကိုပြောတာ။ ဘာလို့ တောင်းပန်ရမှာလဲ "

ထိုကောင်မလေးက ချက်ချင်း စူးစိုက်ကြည့်လာသည်။

" ဒီနေ့ မတောင်းပန်ရင် ဒီတံခါးကနေ လျှောက်ထွက်သွားဖို့ မစဉ်းစားနဲ့ "

ယဲ့ဖန်က ဦးနှောက်မရှိတဲ့ ကောင်မလေးနဲ့ ရန်ဖက်ဖြစ်ဖို့ စိတ်မဝင်စားပေ။

သို့ပေမဲ့ အခုတော့ ထပ်ပြီး သည်းမခံနိုင်တော့ပေ။

" မင်းကို နေ့ဝက်လောက် သည်းခံပြီးနေပြီ။ ထပ်ပြီးတွယ်ကပ်နေမယ်ဆို ရိုင်းတယ်လို့ မပြောနဲ့ "

သူမက ဘာမှမပြောခင်မှာဘဲ သူမအနောက်က ကောင်လေးတစ်ယောက်က ချက်ချင်း ရှေ့တက်လာသည်။

" ဘာလဲ။ မင်းက မိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်ချင်နေတာလား။ ထိရဲရင် ထိကြည့်လိုက်။

ထိုသို့ပြောပြီး ထိုကောင်လေးက သူမကို နှစ်သိန့်ပေးလိုက်သည်။

" ရှစ်ယား၊ မကြောက်နဲ့နော်။ သူက မင်း ဆံတစ်မျှင်ကိုတောင် ထိရဲလား ကြည့်ရသေးတာပေါ့ "

ထိုကောင်မလေးက သူ့ကို အားကိုးတကြီး ကြည့်လိုက်သည်။

သူမက သူ့ကို ငပျော့ငနွဲ့ဟုထင်ထားကာ ဒီလို ယောက်ျားဆန်လိမ့်မယ်လို့ ထင်မထားပေ။

ချန်းရွှမ်က စိတ်ငြိမ်နေပြီဖြစ်ရာ ယဲ့ဖန် တစ်ခုခုလုပ်မည်ကိုပင် စိတ်ပူနေသည်။ ထို့ကြောင့် အင်္ကျီလက်ကို အမြန်ဆွဲလိုက်သည်။

" ရှောင်ဖန်၊ သွားကြစို့ "

ယဲ့ဖန်က ဒေါသကို ထိန်းပြီး လှည့်ပြန်ဖို့ လုပ်ချိန်မှာပဲ ထိုကောင်လေးက သူ့ကို လှမ်းဆွဲလိုက်သည်။

" မင်းတို့ မတောင်းပန်ရသေးဘဲ ထွက်သွားချင်နေတာလား "

ယဲ့ဖန် ဒေါသကို မထိန်းနိုင်တော့ပေ။

ထိုကောင်လေးရဲ့ လက်ကောက်ဆွဲကနေ ဆွဲပြီး ဖင်ကို ပိတ်ကန်လိုက်သည်။

ထိုကောင်လေးက လွင့်ထွက်သွားကာ စားပွဲတွေပေါ် ပြုတ်ကျသွားသည်။

" အား ......... "

ထိုကောင်လေးက ဝက်တစ်ကောင် လည်စင်းခံရသလို အော်လိုက်ပြီး မြေပေါ်မှာ လူးလိမ့်နေသည်။

စားကြွင်းစားကျန်နေတွေကလည်း ကိုယ်ပေါ်မှာ ပေကျံသွားကာ ပုံစံက အတော်လေး စုတ်ပြတ်နေလေသည်။

စားသောက်နေတဲ့သူတွေကလည်း သူတို့ ဒီလိုကြီးထိဖြစ်မယ် မထင်ခဲ့ကြပေ။ ဖြစ်လာတော့သည်း ချက်ချင်းထပြီး ဘေးကို ပြေးရှောင်ကြသည်။

" ရိုက်တာလား။ လုံခြုံရေးဘယ်မှာလဲ။ မြန်မြန် လုံခြုံရေးကိုခေါ် ..... "

ရိုင်းစိုင်းတဲ့ကောင်မလေးက အဆုတ်ကွဲမတတ်အော်လိုက်တော့သည်။

.....................

ထိုအချိန်တွင် ဝန်ထမ်းတစ်ချို့က သူဌေးရုံးခန်းကို အပြေးသွားကြသည်။

" သူဌေး၊ ပြဿနာဖြစ်နေပါပြီ။ မမလေးဝူက ဧည့်သည်တစ်ယောက်နဲ့ စားသောက်ဆိုင်မှာ ရန်ဖြစ်နေပါတယ် "

သူဌေး ဝူချီဟောက်က ထိုင်ခုံကနေ ထရပ်လိုက်သည်။

" ဘာပြောတယ်။ ဘယ်သူက ငါ့သမီးကို ရိုက်ရဲတာလဲ "

အလုပ်သမားက တောင်စဉ်ရေမရ ရှင်းပြလေသည်။

" အဲ့တာ .... စားပွဲကို စားသောက်သူဧည့်သည်က .... မမလေးဝူက ဖယ်ခိုင်းပေမဲ့ .... မမလေးဝူ သူငယ်ချင်းက .... "

ဝူချီဟောက် နားထောင်လေလေ နားရှုပ်လေလေဖြစ်ကာ သူ့ကို တွန်းဖယ်လိုက်သည်။

" လုံခြုံရေးတွေကို ခေါ်လိုက်။ ဘယ်ကောင်က ငါ့သမီးကို ငါ့စားသောက်ဆိုင်ထဲမှာ အနိုင်ကျင့်ရဲတာလဲ "

သူက ပထမထပ်သို့ အမြန်ဆင်းလာခဲ့သည်။

ရောက်တဲ့အခါ သူ့သမီးရဲ့ အော်သံကို အဝေးကနေ ကြားလိုက်ရသည်။

" ရှစ်ယား၊ အဆင်ပြေရဲ့လား "

သူက အလျင်အမြန် ပြေးသွားသည်။

ယဲ့ဖန်နှင့် တခြားသူတွေကို အဆွယ်ပြနေခဲ့တဲ့ ဝူရှစ်ယားက သူမ အဖေရောက်လာတာကို မြင်တဲ့အခါ သနားစရာကောင်းတဲ့ အမူအရာလေး လုပ်လိုက်သည်။

" ဖေဖေ၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဖေဖေလာတာသာ နည်းနည်းနောက်ကျတာနဲ့ ဖေဖေ့သမီးလေးကို မြင်ရမှာတောင် မဟုတ်လောက်ဘူး ... "

ဝူချီဟောက်က သူသမီးကို ဖက်ပြီး အတော်ကြာ နှစ်သိမ့်ပေးလေသည်။

" ရှစ်ယား၊ ဖေဖေ့ကိုပြော ဘယ်ကောင်က သမီးလေးကို အနိုင်ကျင့်တာလဲ။ သူ့ကို ဒီနေ့ပဲ သတ်ပစ်မယ် "

ဝူရှစ်ယားက ယဲ့ဖန်ကို ချက်ချင်း ညွှန်ပြလိုက်သည်။

" သူပဲ၊ သူက သမီးသူငယ်ချင်းကို ရိုက်ပြီးတော့ သမီးကိုလည်း ရိုက်ဖို့လုပ်တယ်။ ဖေဖေ၊ သူ့ကို သင်ခန်းစာပေးလိုက် "

ဝူချီဟောက်က လူသတ်တော့မလို အကြည့်နဲ့ သူ့သမီးညွှန်ပြရာကို လှမ်းကြည့်လိုက်သည်။

စားသောက်ဆိုင်ထဲက လူတိုင်းက ဒီလူဟာ မူးနေတဲ့မသေမျိုးစားသောက်ဆိုင်ပိုင်ရှင်မှန်း သိကြတာကြောင့် ယဲ့ဖန်ကို လှောင်ကြည့်ကြည့်လိုက်သည်။

" ဒီကလေးက ပြဿနာအကြီးကြီးတက်ပြီပဲ။ သူက မူးနေတဲ့မသေမျိုးစားသောက်ဆိုင်ပိုင်ရှင်ရဲ့ သမီးကို အနိုင်ကျင့်မှတော့ သေဒဏ်စောင့်နေတာပဲဖြစ်မယ် "

" တကယ်တော့ ဒါက အနိုင်ကျင့်တယ်လည်း ပြောခို့မရဘူးလေ၊ ဟုတ်တယ်မလား။ အကုန်မြင်လိုက်တာတော့ သူရိုက်တာကို အပြစ်တင်လို့မရဘူး။ သူမက ဇွတ်ပြဿနာရှာနေတာကိုး "

" ဟုတ်တယ်၊ စားပွဲပေးထိုင်တာတောင် မကျေနပ်ဘဲ ထွက်သွားမယ်ဆိုတော့လည်း အလွှတ်မပေးတာလေ။ သူမကိုက အရိုက်ခံချင်နေတာ "

" ဒီလို မောက်မာနေတဲ့သူတွေကို လူ့အသိုင်းအဝိုင်းက အပြစ်ပေးသင့်တယ် "

" ဟုတ်တော့ဟုတ်ပေမဲ့ ဒါက သူတို့နယ်မြေဆိုတော့ အသုံးဝင်မှာ မဟုတ်ဘူး "

" အမှန်ပဲ၊ သူဌေးက ရောက်လာပြီဆိုတော့ ဒီကလေးတော့ နစ်နာတော့မှာ "

လူတိုင်းက ယဲ့ဖန်ကို စိတ်ပူပေးနေကြချိန်မှာပဲ ဝူချီဟောက်၏အကြည့်က အေးခဲသွားသည်။

သူ့ရဲ့လူသတ်ချင်နေတဲ့ မျက်ဝန်းက အံ့ဩမှု အစားထိုးဝင်ရောက်လာသည်။

" ယဲ့ ...... ယဲ့လူကြီးမင်းလား "

အပိုင်း ( ၄၉၈ )

အားကြီးတဲ့သူကပဲ စည်းမျဉ်းတွေကို ချိုးဖျက်နိုင်တာ။ အဲ့လိုလုပ်ဖို့ ထိုက်တန်လို့လား။

ဝူချီဟောက်က သူ့နာမည်ခေါ်လိုက်တဲ့အခါ ယဲ့ဖန်က သူ့ကို နားမလည်စွာ ပြန်ကြည့်လိုက်သည်။

" ကျွန်တော့်ကို သိတာလား "

ဝူချီဟောက်က မယုံကြည်နိုင်စွာ ပါးစပ်ကို အုပ်လိုက်သည်။

" တကယ်ပဲ ယဲ့လူကြီးမင်းလား။ ကျွန်တော်က လူကြီးမင်းကို ဝမ်ကျန်းစားသောက်ဆိုင်မှာတုန်းက အဝေးကနေပဲ မြင်ဖူးခဲ့တာ။ လူကြီးမင်းက ကျွန်တော်တို့ရဲ့ မူးနေတဲ့မသေမျိုးစားသောက်ဆိုင်ကို စားဖို့ လာခဲ့တာလာလား။ တကယ်ပဲ .... ဂုဏ်ယူမိပါတယ် "

လူတိုင်းက ထိုမြင်ကွင်းကြောင့် ကြောင်အကုန်သည်။

သူတို့ တွေးထားတဲ့ မြင်ကွင်းနဲ့ အတော်လေး ကွဲပြားနေလေသည်။

သူဌေးဝူရဲ့သမီးက အနိုင်ကျင့်ခံရတာမလား။

သူက ဒေါသတဟုန်းဟုန်းထွက်ပြီး လုံခြုံရေးတွေခေါ် နှင်ထုတ်ခိုင်းသင့်တာလေ။

ဘာလို့ ရုတ်တရက်ကြီး ပရိတ်သတ်တွေ့ဆုံပွဲ ဖြစ်လာတာလဲ။

သူဌေးဝူရဲ့အမူအရာက သူ့စံပြပုဂ္ဂိုဟ်ကို တွေ့လိုက်ရသလိုပဲ။

ဝူရှစ်ယားက သူမအဖေ၏အင်္ကျီစကို ဆွဲယမ်းနေသည်။

" ဖေဖေ၊ ဘာလုပ်နေတာလဲ။ ဒီကောင်စုတ်က သမီးသူငယ်ချင်းကို ရိုက်တာ။ သမီးအစား ဒေါသဖြေပေး .... "

ဝူချီဟောက်က သူမကို ချက်ချင်း စိုက်ကြည့်လိုက်သည်၊

" ငါကတော့ နင့်ကြောင့် အနှေးနဲ့အမြန် သေမှာပဲ "

ဝူရှစ်ယားက သူမအဖေပုံစံကြောင့် ကြောက်သွားသည်။

သူမ ကြီးလားကတည်းက သူမအဖေက သူမကို ကြမ်းတမ်းတဲ့အသံနဲ့တောင် မပြောဖူးပေ။

အခုက သူမကို အော်လိုက်တာလား။

သူမ အရမ်းကို အံ့ဩထိတ်လန့်သွားရသည်။

ဝူချီဟောက်က အမြန်လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်သမီးလေးက မသိတတ်လို့ပါ။ အပြစ်လုပ်မိထားတာဆိုတော့ သူမအစား တောင်းပန်ပါတယ် "

ယဲ့ဖန်က သူ့ကို ကြည့်လိုက်သည်။

" ကျွန်တော်နဲ့ဆုံရင် ရပေမဲ့ သူမက ကျွန်တော့်ကောင်မလေးစိတ်ညစ်အောင်လုပ်တယ်။ ကျွန်တော့်ကောင်မလေးစိတ်ညစ်ရင် ကျွန်တော်လည်း ဒေါသထွက်တယ်။ ကျွန်တော်ဒေါသထွက်လာရင်တော့ အကျိုးဆက်တွေက အရမ်းဆိုးဝါးလိမ့်မယ် "

ဝူချီဟောက်၏ ခန္ဓာကိုယ်က တုန်ရီသွားကာ သူ့သမီးကို အမြန်ဆွဲလိုက်သည်။

" ဘာစောင့်နေတာလဲ။ ယဲ့လူကြီးမင်းနဲ့ မိန်းကလေးချန်းတို့ကို မတောင်းပန်သေးဘူးလား "

ဝူရှစ်ယားက အခြေအနေရဲ့ အတိမ်အနက်ကို နားမလည်သေးဘဲ သူမအဖေရဲ့လက်ကို ဖယ်ချလိုက်သည်။

" ဘာလို့ သူတို့ကို တောင်းပန်ရမှာလဲ။ သူက သမီးရဲ့ သူငယ်ချင်းကို ရိုက်တာတောင် သမီးကတောင်းပန်ရမှာလား။ မကောင်းတဲ့အကောင်စုတ် နင်စောင့်နေလိုက်။ နင့်ကို လူခေါ်ပြီး ရှင်းခိုင်းဦးမယ် ..... "

သူမက ပြောရင်းနဲ့ ဖုန်းကိုထုတ်ပြီး တစ်စုံတစ်ယောက်ကို ခေါ်လိုက်သည်။

ဝူချီဟောက်က ဆက်သည်းမခံနိုင်တော့ဘဲ သူမဖုန်းကို ဆွဲယူကာ မြေပြင်ပေါ် ရိုက်ခွဲလိုက်သည်။

" ယဲ့လူကြီးမင်းကို တောင်းပန်ဖို့ပြောနေတာကို စောက်နားက ကန်းနေလား "

သူက ပြောလိုက်တာနဲ့ သူမက မျက်ရည်တွေကို သုတ်ကာ ထွက်သွားဖို့ပြင်သည်။

ဝူချီဟောက်က သူမကို ဆွဲထားသည်။

" ဒီကို ပြန်လာခဲ့။ နင် ယဲ့လူကြီးမင်းကို ဒီနေ့မတောင်းပန်ရင် ဘယ်မှသွားဖို့ မစဉ်းစားနဲ့ "

ဝူရှစ်ယားက ငိုတော့သည်။

" ဖေဖေပြောတော့ သမီးကို အမြဲတမ်း ကာကွယ်ပေးမှာဆို။ ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ "

ဝူချီဟောက်က သူ့သမီးမျက်ရည်ကျတာကို တွေ့တဲ့အခါ နာကျင်ရသည်။

" အရူးလေး၊ ဖေဖေက မင်းကို ကာကွယ်ပေးနေတာ။ ယဲ့လူကြီးမင်းက ဘယ်သူလဲသိလား။ သူ့ကို ဘာလို့ ပြဿနာရှာရတာလဲ။ ယဲ့လူကြီးမင်းက စကားတစ်ခွန်းပြောလိုက်တာနဲ့ သမီးတင်မဟုတ်ဘူး ဝူမိသားစုတစ်ခုလုံးပါ ကျုံးဟိုင်ကနေ နေစရာမရှိဖြစ်သွားမှာ "

ဝူရှစ်ယား လုံးဝကို ကြောင်သွားသည်။

သူမနဲ့ အသက်ရွယ်တူလောက်ဖြစ်မည့် ထိုတစ်ယောက်ကို သူမ ကြည့်လိုက်သည်။

သူ .... သူက တကယ်ကြီး အဲ့လောက် အင်အားကြီးတာလား။

သူ့စကားတစ်ခွန်းက ဝူမိသားစုကို ကျုံးဟိုင်မှာ နေစရာမရှိအောင်တောင် လုပ်နိုင်လား။

သူမအဖေက ညာမည်မဟုတ်မှန်း သူမ ယုံသည်။

သို့ပေမဲ့ ဒါက ... အရမ်းကို မယုံကြည်နိုင်စရာလည်း ကောင်းလွန်းနေသည်။

ပွဲကြည့်ပရိတ်သတ်တွေက ယဲ့ဖန်ကို တအံ့တဩကြည့်လိုက်ကြသည်။

ဒီစားသောက်ဆိုင်က ကျုံးဟိုင်မှာရှိတဲ့ နာမည်ကြီးအဆင့်မြင့်စားသောက်ဆိုင်တစ်ခုဖြစ်သည်။

ထို့ကြောင့် ဝူမိသားစုကလည်း ကျုံးဟိုင်မှာ အတော်လေး အင်အားရှိလေသည်။

ဒါပေမဲ့ အခု ဒီလူငယ်လေးက ဝူမိသားစုကို ပြားပြားဝပ်အောင် လုပ်နိုင်တယ်လို့ ဝူချီဟောက်ကိုယ်တိုင်က ပြောလိုက်တာလား။

ဒါကြီးက ကြောက်စရာမကောင်းဘူးလား။

" ဒီလူငယ်လေးက ဘယ်သူလဲ။ ကြားရတာ ကျောချမ်းစရာပဲ "

" သူဌေးဝူကိုပါ ဒီလိုမျိုး ကြောက်နေစေတာဆိုတော့ သူက မိသားစုကြီးတစ်ခုခုက မင်းသားလေးပဲ ဖြစ်ရမယ် "

" ကျုံးဟိုင်မှာ ယဲ့မျိုးရိုးနဲ့ သူဌေးကြီးရှိလို့လား။ ငါတော့တစ်ခါမှ မကြားဖူးဘူး "

" ဘယ်သူသိမှာလဲ။ သူက ငယ်သေးတာပဲ။ အောက်ခြေကစလာတဲ့သူရော မဖြစ်နိုင်ဘူးလား "

" ဒီလိုအသိုင်းအဝိုင်းမျိုးက ငါတို့နားလည်တာလဲ မဟုတ်ဘူး။ မပြောဘဲနေကြရအောင် "

ဝူရှစ်ယားက နည်းနည်း မာနတင်းခံနေသေးကာ မပြောချင်ပေမဲ့ သူမက ရူးနေတဲ့သူ မဟုတ်ပေ။

ဒီကိစ္စရဲ့ အရေးကြီးပုံကို နားလည်လိုက်ပြီ ဖြစ်သည်။

သူမက အမြန် ယဲ့ဖန်ရှေ့လျှောက်လာကာ ဦးညွတ်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်မ တောင်းပန်ပါတယ်။ မှားသွားတာကို ခွင့်လွှတ်ပေးပါ "

ယဲ့ဖန်က ချန်းရွှမ်၏ပုခုံးကို ဖက်လိုက်သည်။

" မင်းတောင်းပန်ရမှာ သူမကို၊ ငါ့ကို မဟုတ်ဘူး "

ဝူရှစ်ယားက ရွေးစရာမရှိတော့ဘဲ ချန်းရွှမ်ကို ၉၀ ဒီဂရီဦးညွတ်လိုက်သည်။

" မိန်းကလေးချန်း၊ ကျွန်မ တောင်းပန်ပါတယ်။ အခုကိစ္စတွေ အကုန်လုံးက ကျွန်မအပြစ်ပါ။ ခွင့်လွှတ်ပေးပါ "

သူမ ထိုစကားတွေကို ပြောရတာက အရမ်းအရှက်ကွဲလေသည်။

သူမ ချန်းရွှမ်ကို တွယ်ကပ်ပြဿနာရှာနေရခြင်းက ချန်းရွှမ်က လှလွန်းတာကြောင့်ဖြစ်သည်။

အဲ့တာက သူမကို မနာလိုဖြစ်စေသည်။

ထို့အပြင် ချန်းရွှမ်က တည်တည်ငြိမ်ငြိမ် ရင့်ကျက်စွာနဲ့ သူမကို ပြန်ပထုတ်တာတွေက ပိုပြီး မနာလိုဖြစ်စေခဲ့သည်။

အဆုံးမှာတော့ သူမဘက်က ပါဝါပြပြီး တစ်ဖက်ကို ရှုံးနိမ့်အောင်လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ သူမကပဲ ရှုံးနိမ့်ရလိမ့်မယ်လို့ ထင်မထားပေ။

သူမ၏ ကောင်လေးက သွားမစသင့်တဲ့ တစ်စုံတစ်ယောက်ဖြစ်နေလေသည်။

ချန်းရွှမ်ကလည်း သူမကို လူအများကြီးရှေ့မှာ တောင်းပန်ခံရတာမျိုး ပထမဆုံးအကြိမ်ကြုံဖူးတာကြောင့် သူမရင်ထဲက ဒေါသအစိုင်အခဲတွေက ချက်ချင်း ပြိုကျသွားရတော့သည်။

" ကောင်းပြီ၊ ငါ မင်းတောင်းပန်တာကို လက်ခံပါတယ် "

နှလုံးက လည်မြိုမှာတစ်နေတဲ့ ဝူချီဟောက်က နောက်ဆုံးမှာမှ စိတ်ငြိမ်သွားပြီး ချက်ချင်း သူတို့ကို နှုတ်ဆက်လိုက်သည်။

" ယဲ့လူကြီးမင်း၊ မိန်းကလေးချန်းတို့အတွက် သီးသန့်ခန်းပြင်ခိုင်းလိုက်ပါ့မယ်။ ဒီနေ့ စားသမျှ ကျွန်တော့်ဘက်က ပေးမှာပါ "

ယဲ့ဖန်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

" ခင်ဗျားတို့စားသောက်ဆိုင်ရဲ့ တန်းစီရတဲ့စည်းကို မဖျက်သင့်ဘူးလား။ အဲ့လိုဆို စားသောက်ဆိုင်ရဲ့ စည်းမျဉ်းကိုလည်း ဖောက်စရာမလိုတော့ဘူးလေ "

" မရပါဘူး "

ဝူချီဟောက်က တရိုတသေပြုံးလိုက်သည်။

" စည်းမျဉ်းတွေက မှန်ကန်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းလို ဂုဏ်သရေရှိဧည့်သည်အတွက်ကတော့ ဘယ်စည်းမဆို ဖျက်ဖို့ ထိုက်တန်လို့ပါ "

ယဲ့ဖန်က သူ့စကားကို ကြားပြီး ချန်းရွှမ်သဘောကို လှည့်မေးသည်။ သူမကလည်း မငြင်းတာကြောင့် ယဲ့ဖန်က သူ့စီစဉ်ချက်ကို သဘောတူလိုက်သည်။

ဝူချီဟောက်က ချက်ချင်းကို ပျော်ရွှင်သွားပြီး သူတို့နှစ်ယောက်ကို အပေါ်ထပ်သို့ ခေါ်သွားလေသည်။

တစ်ချိန်တည်းမှာဘဲ သူက မန်နေဂျာဘက်ကို လှည့်ပြောလိုက်သည်။

" မင်းကို အလုပ်ဖြုတ်လိုက်ပြီ။ ထပ်မမြင်ချင်ဘူး "

မန်နေဂျာက ကြောက်လန့်နေသည်။

" သူဌေး၊ ကျွန်မ ဘာလုပ်မိလို့လဲ "

" ဘာလုပ်မိလဲ ဟုတ်လား "

ဝူချီဟောက်က အံကြိတ်လိုက်သည်။

" ဒီစားသောက်ဆိုင်ရဲ့ စည်းကမ်းတွေကို မသိဘူးလား။ ရှစ်ယားကို ဘယ်သူက ဖြတ်ဝင်ခိုင်းလို့လဲ၊ တော်သေးလို့ ယဲ့လူကြီးမင်းနဲ့ မိန်းကလေးချန်းက အပြစ်မဆိုတာ။ မဟုတ်ရင် ငါ မင်းကို သတ်တောင်သတ်ပစ်မှာ "

မန်နေဂျာက လက်မခံချင်သေးပေ။

" သူဌေးပဲပြောတော့ စည်းမျဉ်းတွေကို ဖျက်ပြီး တစ်ခါတလေ ခြွင်းချက်လုပ်လို့ရတယ်လို့ ပြောတယ်လေ "

ဝူချီဟောက်က သူမကို စူးရဲစွာကြည့်လိုက်သည်။

" အင်အားကြီးတဲ့သူတွေပဲ စည်းမျဉ်းတွေကို ချိုးဖျက်နိုင်တာ။ မင်းက အဲ့လိုလုပ်ဖို့ ထိုက်တန်လို့လား "

ထိုသို့ပြောပြီးနောက် သူက ယဲ့ဖန်တို့နောက်ကို ချက်ချင်း ပြေးလိုက်သွားသည်။

စားသောက်ဆိုင်ထဲက မိန်းကလေးတွေတော်တော်များများက ယဲ့ဖန်ထွက်သွားတဲ့ဘက်ကို လိုက်ကြည့်နေကြသည်။

ဒီလိုယောက်ျားမျိုးက အတော်ကို ဆွဲဆောင်မှုရှိလေသည်။

ကံမကောင်းစွာနဲ့ သူတို့က သူ့ကို မပိုင်နိုင်ကြပေ။

အပိုင်း ( ၄၉၉ )

ကိုယ့်သေတွင်းကိုယ်တူးတာပဲ

ဝူချီဟောက်က သူတို့နှစ်ယောက်အတွက် သီးသန့်ခန်း ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးသည်။

သူက ဟင်းပွဲတွေပြင်ရင်း ဒဏ်ရာတွေပါရကုန်သည်။

ထိုအခါမှ ဂရုတစိုက်နဲ့ ပြန်နောက်ဆုတ်သွားတော့သည်။

ချန်းရွှမ်က မေးထောက်ပြီး ယဲ့ဖန်ကို အူမြူးစွာ ကြည့်နေသည်။

" ယဲ့လူကြီးမင်းရဲ့ အင်အားက ကျုံးဟိုင်မှာ တစ်နေ့ထက်တစ်နေ့ ပိုပိုကြီးထွားလာနေတာပဲ။ ဘယ်ကိုသွားသွား လူတွေက ဂရုတစိုက် စောင့်နေကြတယ်။ အနာဂတ်မှာ ပိုသတိထားသင့်တယ်နော် "

ယဲ့ဖန်က အကူအညီမဲ့စွာ ကြည့်လိုက်သည်။

" အစ်မရွှမ်၊ ကျွန်တော် အစ်မကို မထီမဲ့မြင်မျိုး မလုပ်မိသွားဘူးမလား။ အဲ့လိုကြီး မတိုက်ခိုက်ပါနဲ့ "

ချန်းရွှမ်က သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။

" အတည်ပြောနေတာ။ နင် နျုံစစ်သွမ်းကို အနိုင်ယူပြီးကတည်းက နင့်ရဲ့စီးပွားရေးတွေကလည်း တမဟုတ်ချင်း ထိုးတက်ကျယ်ပြန့်လာပြီးတော့ အားကောင်းကောင်းနဲ့ လည်ပတ်နေတယ်လေ။ ဒီလို ခိုင်မာတဲ့ ယန္တရားကြီးရှိတော့ နင်က ကျုံးဟိုင်ရဲ့ ဧကရာဇ်ကြီး ဖြစ်လာတာပေါ့ "

ယဲ့ဖန်က ကြောင်အသွားသည်။

" အဲ့တာကြီးကတော့ ချဲ့ကားလွန်းနေပါပြီ "

ချန်းရွှမ်က သူ့ကို ခံစားချက်အပြည့်နဲ့ ကြည့်နေသည်။

" နင်အခု ဘယ်လောက်အားကြီးနေပြီလဲဆိုတာ နင်မသိဘူးထင်တယ်။ အခု ကျုံးဟိုင်ရဲ့ စီးပွားရေးလောကကြီးတစ်ခုလုံးက နင့်နာမည်ကို သိနေမှာတောင် စိုးရတယ်။ ယဲ့လူကြီးမင်းကို ကျုံးဟိုင်မှာ ဆန့်ကျင်တာက ကိုယ့်သေတွင်းကိုယ်တူးတာပဲ "

ယဲ့ဖန်က သူမလက်ကို ဆွဲလိုက်ပြီး ကလူ၏မြှူ၏ပုံစံဖြင့်ပြောလေသည်။

" တကယ်လို့ ကိုယ်ကသာ ကျုံးဟိုင်ရဲ့ ဧကရာဇ်ဆို အစ်မက ဧကရီပေါ့။ အတူတူ ကြီးစိုးကြမယ်လေ "

ချန်းရွှမ်က ရယ်လိုက်သည်။

" ငါ့ကိုယ်ငါ ဘယ်လိုလုပ် ဧကရီလို့ခေါ်ရဲမှာလဲ။ နောက်ဆို နင့်ရဲ့နဂါးအိပ်ဆောင်ပေါ်ကို တက်ချင်နေတဲ့ မိန်းမတွေက မှိိုလိုပေါနေမှာ။ အဲ့လိုလူတွေရဲ့ ရောပါနေရင်ကိုပဲ ကံကောင်းလှနေပါပြီ "

ယဲ့ဖန်က နောက်လာမယ့် အန္တရာယ်ကို မမြင်ဘဲ ပျော်ပျော်ကြီးရယ်လိုက်သည်။

" မပူပါနဲ့၊ ဘာဘဲဖြစ်လာဖြစ်လာ အစ်မက ပထမဆုံးမိဖုရား အမြဲတမ်းဖြစ်နေမှာပါ။

ချန်းရွှမ်က ချိုချိုသာသာလေး ပြုံးလိုက်သည်။

" နင်ပြောပုံအရဆို နင်က မောင်းမတော်တွေ အများကြီးထားချင်သေးတာလား "

သူမက ပြောရင်းနဲ့ ယဲ့ဖန်ရဲ့လက်မောင်းကို လှမ်းဆွဲဆိတ်ဖို့ လှမ်းလိုက်သည်။

ယဲ့ဖန်က အန္တရာယ်ကို သတိထားမိသွားပြီး စကားကို အမြန်ပြောင်းလိုက်သည်။

" ကျွန်တော်က နောက်နေတာပါ။ အစ်မနဲ့တင် လုံလောက်နေပါပြီ။ ဒါပေမဲ့ အစ်မက ကျွန်တော် စိတ်ကျေနပ်အောင်တော့ လုပ်ပေးရမယ်လေ။ နည်းနည်းကြာပြီဆိုပေမဲ့ အစ်မရဲ့ ဒီအပိုင်းမှာ လုံးဝ တိုးတက်မလာသေးဘူး။ ပိုကြိုးစားရမယ် "

ချန်းရွှမ်၏ မျက်နှာလှလှလေးက ချက်ချင်း နီရဲလာသည်။

" လူတိုင်းက နင့်လိုများထင်နေလား။ တစ်နေကုန် ဘာမှလုပ်စရာမရှိဘဲ မကောင်းတဲ့ဟာတွေဘဲ တွေးနေတယ် "

ယဲ့ဖန်ရဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ နည်းလမ်းတွေနဲ့ သူမကို အတင်းလုပ်ခိုင်းတာတွေ တွေးမိတဲ့အခါ ကျင်းတစ်ခုသာ ရှာပုန်းနေလိုက်ချင်တော့သည်။

ယဲ့ဖန်က သူမရဲ့ အရမ်းရှက်နေတဲ့ မျက်နှာလေးကို မြင်ပြီး ရင်ခုန်သံစည်းချက်ကျော်သွားရသည်။

" အစ်မရွှမ်၊ ကျွန်တော်တို့ မစားခင် အစာပြေတစ်ခုခုစားမလား "

သူက ပြောရင်းနဲ့ သူ့ခါးပတ်ကို ဖြုတ်လိုက်သည့်ပုံစံ လုပ်ပြသည်။

ချန်းရွှမ်က ချက်ချင်းကို လန့်ဖျပ်သွားသည်။

" နင်ရူးနေလား။ ဒီလိုနေရာကြီးမှာလေ။ တခြားသူတွေမြင်သွားရင် နောက်ဆို ဘယ်လိုမျက်နှာပြရမလဲ "

" မပူပါနဲ့၊ ဘယ်သူမှ ဝင်လာမှာ မဟုတ်ပါဘူး။ မြန်မြန်အဆုံးသတ်လိုက်ကြရအောင် ..... "

ချန်းရွှမ်ကလည်း ယဲ့ဖန်ပူဆာနေတာကို လိုက်လျောမည့်အချိန်မှာဘဲ ဖုန်းဝင်လာသည်။

ချန်းရွှမ်လည်း ချက်ချင်း အကြောင်းပြချက်တစ်ခုရသွားပြီး ထိတ်ထိတ်လန့်လန့်နဲ့ အပြင်ထွက် ဖုန်းသွားပြောသည်။

ယဲ့ဖန်၏ စိတ်အခြေအနေက လုံးဝကို ပျက်သုန်းသွားရသည်။ ဒေါသကြောင့် အံကိုကြိတ်ထားလေသည်။

ဘယ်ခွေးမသားက ခေါ်တာလဲ။

မသိစေနဲ့ သိလို့ကတော့ ချက်ချင်း အလုပ်ဖြုတ်ပစ်မယ်။ ညှိနှိုင်းလို့လည်း မရစေရဘူး။

ခဏကြာတဲ့နောက် ချန်းရွှမ်က ပြန်ရောက်လာပြီး သူမ၏အမူအရာက သိသိသာသာကို ပျက်ယွင်းနေသည်။

" ဘာဖြစ်တာလဲ။ ဘာပြဿနာ ကြုံပြန်ပြီလဲ "

ယဲ့ဖန်က ပါးစပ်အပြည့်စားလိုက်ပြီး သူမဘက်ကို လှည့်ကြည့်လိုက်သည်။

ချန်းရွှမ်က အနည်းငယ် သက်ပြင်းချသည်။

" ကုမ္ပဏီက အခုပဲခေါ်ပြီးပြောတယ် ကုန်ကြမ်းရောင်းတဲ့သူတွေက ဘာမပြောညာမပြောနဲ့ ဈေးတွေ တင်ချလိုက်တယ်တဲ့။ သူတို့က ငါတို့ကို တမင်တကာ ခက်ခဲအောင်လုပ်နေတာ သေချာတယ် "

ယဲ့ဖန်က မျက်မှောင်ကြုတ်လိုက်သည်။

" လင်းယွမ်အိမ်ခြံမြေက အညွန့်တလူလူတက်နေတာကို သူတို့ဘက်က အဲ့လိုလုပ်ရင် နစ်နာမှာက သူတို့ပဲလေ။ တစ်ယောက်ယောက်ကများ နောက်ကွယ်မှာ ရှိနေသေးလား "

ယဲ့ဖန်၏ သုံးသပ်ချက်ကို ချန်းရွှမ်က အထင်ကြီးခေါင်းငြိမ့်လေသည်။

" ရောင်းတဲ့သူဘက်ကို စုံစမ်းကြည့်တော့ သူတို့က ဖုရှန်းဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီနဲ့ အနည်းအများ ပတ်သက်နေကြတယ်။ ကြည့်ရတာ ထန်ဖုရှန်းက သူတို့ကို အမိန့်ပေးပြီး ငါတို့ကို ခက်ခဲအောင် လုပ်ခိုင်းတာဖြစ်မယ် "

ယဲ့ဖန်၏နှုတ်ခမ်းက ပြုံးလျက် ကွေးတက်သွားသည်။

" ဒီထန်ဖုရှန်းက တကယ် စိတ်လွတ်သွားပြီပဲ။ နောက်ဆုံးတော့ အကွက်ရွှေ့လာပြီပဲ "

ချန်းရွှမ်က သူ့လက်ကို ကိုင်လိုက်သည်။

" ဒါပေမဲ့ မပူပါနဲ့။ ထန်ဖုရှန်းက အဲ့လောက် အင်အား မရှိပါဘူး။ အလွန်ဆုံးမှ ရောင်းတဲ့သူ ပြောင်းလိုက်ရုံပါဘဲ။ အရှုံးမများလောက်ပါဘူး "

ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။

" နားလည်ပါတယ်၊ သူက ဖားပြုတ်လိုပဲ မကိုက်တတ်ပေမဲ့ ရွံစရာတော့ကောင်းတယ် "

ချန်းရွှမ်က ရယ်ချလိုက်သည်။

" နင်ကတော့လေ အမြဲတမ်း အရမ်းကို ..... "

သူမက အဲ့လိုပြောရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်၊

" အရှုံးကမများပေမဲ့ ရှင်းရဦးမှာဆိုတော့ ကုမ္ပဏီကို အခု အမြန်ပြန်သွားရမယ်။ ဒီညအဖော်မပြုပေးနိုင်တော့ဘူး "

ယဲ့ဖန်က တူကိုချပြီး သူမလက်ကိုဆွဲလိုက်သည်။

" ကိုယ့်ကို ဒီအခန်းလွတ်ထဲမှာ တစ်ယောက်တည်း ထားခဲ့တော့မလို့လား "

ချန်းရွှမ်က သူ့ရဲ့ ကလေးဆန်တဲ့ပုံစံလေးကြောင့် ဗျာများသွားသည်။

" အလေးစားခံ ယဲ့လူကြီးမင်းက ဒီလို ကလေးဆန်နေလို့မရဘူးလေ။ တခြားသူတွေမြင်ရင် ရယ်မှာပေါ့ "

" ရယ်ချင်လည်းရယ်ပေါ့။ ကျွန်တော်က ကလေးပဲဟာကို "

ထိုအခါမှ ယဲ့ဖန်က အသက် ၂၀ သာ ရှိသေးကြောင်း ချန်းရွှမ် မှတ်မိလိုက်သည်။

ပြောရရင် သူက တကယ်ကို ကလေးပဲဖြစ်သည်။

သို့ပေမဲ့ သူ့ရဲ့ အောင်မြင်မှုတွေက အံ့မခန်းဖြစ်တာကြောင့် လူတွေက သူ့အသက်ကို လျစ်လျူရှုထားကြသည်။

" တော်ပြီ၊ ချွဲမနေနဲ့တော့။ တကယ်သွားရတော့မှာ။ ဒီည ကိုယ့်ဟာကိုယ်နေလိုက်၊ မနက်ဖြန်ကျ အဖော်ပြုပေးပါ့မယ် "

" ဒါဆိုလည်း နမ်းသွား "

ချန်းရွှမ်ကလည်း ရွေးစရာမရှိတာကြောင့် သူ့ပါးကို နမ်းလိုက်သည်။

သို့ပေမဲ့ ယဲ့ဖန်က ရုတ်တရက်လှည့်ပြီး နှုတ်ခမ်းကို တိုက်ခိုက်လိုက်သည်။

" ကောင်စုတ်လေး "

ချန်းရွှမ်က သူ့ပုခုံးကို ပုတ်ပြီး လှည့်ထွက်သွားတော့သည်။

သူမ ထွက်သွားပြီးတဲ့နောက် ယဲ့ဖန်မျက်နှာပေါ်က နူးညံ့တဲ့ အမူအရာက လုံးဝကို ပျောက်ကွယ်သွားတော့သည်။

အဲ့အစား လူသတ်မယ့်အငွေ့အသက်က ပေါ်လာတော့သည်။

ထန်ဖုရှန်းလား။

ခင်ဗျားက သေမိန့်တောင်းနေတာပဲ။

ယဲ့ဖန်က ချက်ချင်း ဖုန်းကိုထုတ်ပြီး နေရာနှစ်ခုဆီခေါ်လိုက်သည်။

အဲ့တာက သူ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ထန်းယွဲ့ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီနဲ့ ကျန်းဟန်ပို့ဆောင်ဆက်သွယ်ရေးကို ခေါ်လိုက်သည်။

လွှဲပြောင်းရေးလုပ်ငန်းအတွက် သူတို့ကို ကျုံးဟိုင်သို့ လာခိုင်းလိုက်သည်။

ပြီးတာနဲ့ ထန်ဖုရှန်း သေပြီပဲ။

အပိုင်း ( ၅၀၀ )

တစ်လှေတည်းစီးနေတဲ့ လက်အောက်ငယ်သားတွေ

ထန်းယွဲ့ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီ၏ သူဌေးအနေနဲ့ ဟော်ချီက ယဲ့ဖန်ကို စိတ်ထဲကနေ တကယ်ကို အထင်သေးလေသည်။

ထန်းယွဲ့ဆောက်လုပ်ရေးက ယန်းချန်မြို့မှာရှိတဲ့ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုထဲက တစ်ခုဖြစ်သည်။

အဲ့တာကို ကျုံးဟိုင်လို မြို့အသေးစားလေးက သူဌေးက ဝယ်သွားတာက အရမ်းကို ရှက်ဖို့ကောင်းလေသည်။

ယဲ့ဖန်က နျုံစစ်သွမ်းကို နိုင်ခဲ့ကာ နျုံစစ်သွမ်းက သတ်သေသွားတယ်လို့ ကောလဟာလတွေ ရှိခဲ့ပေမဲ့ သူအပါအဝင် အများစုက ထိုကောင်လေး ကံကောင်းသွားတာလို့ဘဲ ထင်ကြသည်။

နျုံစစ်သွမ်းကသာ သေချာဂရုစိုက်ပြီး သူ့အသင်းဖော်တွေကလည်း မရူးပါက ဒီလို ချက်တောင်မကြွေလောက်သေးတဲ့ကလေးကို ရှုံးပါ့မလဲ။

ထို့ကြောင့် ယဲ့ဖန်က သူ့ကို ကျုံးဟိုင်လာကာ လွှဲပြောင်းရေးစာရွက်စာတမ်း ချုပ်ဆိုဖို့ ပြောတဲ့အခါ သူ အရမ်း ဒေါသထွက်ရသည်။

သူ့ကိုယ်သူ ဧကရာဇ်များ ထင်နေလား။

သူ့ကိုတောင် တကူးတက လာတွေ့ခိုင်းနေသည်လေ။

ဒါပေမဲ့ တစ်ဖက်က အင်အားတောင့်နေကာ ဘာမှလုပ်မရပေ။

သူက စိတ်ထဲမပါရင်တောင် လာရတော့သည်။

သူ့ကားက ကျုံးထျန်းကန်သာယာစံအိမ်ရှေ့မှာ ရပ်သွားတဲ့အခါ တိုက်ဆိုင်စွာနဲ့ Mercedes-Benz MPV တစ်စီးကလည်း ရပ်လာသည်။

ကားတံခါးက ပွင့်လာပြီး အရှိန်အဝါကြီးတဲ့ သက်လတ်ပိုင်း လူတစ်ဦးက ထွက်လာသည်။

ဟော်ချီက ထိုလူကို မြင်တဲ့အခါ လန့်သွားသည်။

အဲ့တာက ကျန်းဟန်ပို့ဆောင်ဆက်သွယ်ရေးက သူဌေး ကောင်းရကျီ မဟုတ်ဘူးလား။

သူက ဒီမှာ ဘာလုပ်နေတာလဲ။

ထိုအတွေးကြောင့် တံခါးအမြန်တွန်းဖွင့်လိုက်သည်။

" သူဌေးကောင်း၊ ဒီမှာ တွေ့မယ် မထင်ထားဘူး "

" သူဌေးဟော် မင်းကရော ဘာလို့ ဒီရောက်နေတာလဲ "

ဟော်ချီက ခါးသက်သက်ပြုံးလိုက်သည်။

" ဒီကို တွေ့စရာလူရှိလို့ပါ။ သူဌေးကောင်းကိုလည်း ဒီမှာတွေ့ရမယ်လို့ ထင်မထားဘူး။ ဘာလို့ ဒီရောက်နေတာလဲ "

ကောင်းရကျီက မျက်မှောင်ကြုတ်လိုက်သည်။

" ငါလည်း တွေ့စရာလူရှိလို့ပါ "

ဟော်ချီကျိန်းက နည်းနည်းအံ့ဩသွားသည်။

" ဘယ်သူကများ သူဌေးကောင်းလိုလူကို ယန်းချန်ကနေ ဒီအထိ လာတွေ့ခိုင်းရတာလဲ "

ကျန်းဟန်ပို့ဆောင်ဆက်သွယ်ရေးကုမ္ပဏီက ယန်းချန်မြို့မှ အကြီးဆုံး ပို့ဆောင်ရေးဖြစ်သည်။

ကောင်းရကျီကလည်း ယန်းချန်မှ သိက္ခာရှိ စီးပွားရေးပညာရှင်ဖြစ်သည်။

ကောင်းရကျီက ခေါင်းခါပြီး ခါးသက်သက်ပြုံးလိုက်သည်။

" ဘယ်သူဖြစ်ရမှာလဲ။ ယဲ့ဖန်လူကြီးမင်းပေါ့ "

" ဘယ်သူလဲ။ ယဲ့ ... ယဲ့ဖန်လား "

ဟော်ချီကျိန်းက ထိုစကားကို ကြားတဲ့အခါ မျက်လုံးပြူးသွားရသည်။

" ဟုတ်တယ်၊ ဘာလို့လဲ။ ယဲ့လူကြီးမင်းအကြောင်း မကြားဖူးဘူးလား။ ဒီတလောအတွင်း သူ့အကြောင်းက စီးပွားရေးလောကမှာ ဟိုးလေးတကျော်ကျော်ပါဘဲ "

ကောင်းရကျီက ဟော်ချီကျိန်း ယဲ့ဖန်နာ်မည်ကို မကြားဖူးဘူးထင်တာကြောင့် ရှင်းပြလေသည်။

ဟော်ချီက ကြောင်အအရယ်လိုက်သည်။

" အမှန်တိုင်းပြောရရင် ဒီကို လာတာ ယဲ့ဖန် ... အိုး ယဲ့လူကြီးမင်းကို တွေ့ဖို့လာတာပါ "

ထိုအခါ ကောင်းရကျီက အံ့ဩသွားရသည်။

" မင်းလည်း ယဲ့လူကြီးမင်းကို လာတွေ့တာလား။ သူ့ကို ဘာလို့ တွေ့မှာလဲ "

ဟော်ချီကျိန်းက နည်းနည်း ရှက်ရှက်နဲ့ပြောသည်။

" ကျွန်တော့်ရဲ့ ထန်းယွဲ့ကုမ္ပဏီကို ယဲ့လူကြီးမင်းက ဝယ်သွားတာမလို့ ကျွန်တော်က အခု သူ့လက်အောက်ငယ်သား ဖြစ်နေပါပြီ "

ကောင်းရကျီက ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

" သူက မင်းကုမ္ပဏီကိုရော ဝယ်လိုက်တာလား "

" ရောဆိုတာ ဘာပြောတာလဲ။ ကျန်းဟန်ပို့ဆောင်ရေးကိုရော ဝယ်လိုက်တယ်လို့ မပြောနဲ့နော် "

ကောင်းရကျီက ခါးသက်သက်ပြုံးလိုက်သည်။

" ကြည့်ရတာ ငါတို့က တစ်လှေတည်းစီးနေပြီ ထင်တယ် "

ဟော်ချီကျိန်းက ဦးနှောက်ထုံသွားသလိုပင် ခံစားလိုက်ရသည်။

" ဒီ ယဲ့လူကြီးမင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ၀ယ်ခဲ့တာလား။ ဒါက ပါဝါကြီးလွန်းတယ် မဟုတ်လား "

ကုမ္ပဏီနှစ်ခု၏ပေါင်း တန်ဖိုးမှာ အနည်းဆုံး ဘီလီယံဆယ်ဂဏန်းဖြစ်သည်။

ကုမ္ပဏီနှစ်ခုကို တစ်ပြိုင်နက်တည်း ရယူနိုင်ဖို့ သူ့မှာ ဘယ်လို ခွန်အားတွေ ရှိနေတာလဲ။

ကောင်းရကျီက သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

" ဒီ ယဲ့လူကြီးမင်းရဲ့ ခွန်အားက ငါတို့ စိတ်ကူးယဉ်ထားတာထက် ကျော်လွန်နေနိုင်တာပဲ "

ဟော်ချီကျိန်းကလည်း ခေါင်းငြိမ့်သည်။

" ဟုတ်တယ်၊ အရင်က သူ့ကို လျှော့တွက်ထားမိပုံပဲ "

နှစ်ယောက်သား စကားစမြည်ပြောရင်း အဝင်ဝကို ရောက်သွားကြသည်။

လုံခြုံရေးအစောင့်က ချက်ချင်း ရှေ့တိုးလာပြီး သူတို့ကို တားလိုက်သည်။

" ခင်ဗျားတို့ ဘာလာလုပ်တာလဲ "

ဟော်ချီကျိန်းက ချက်ချင်း ရှင်းပြသည်။

" မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဖို့ ရောက်လာတာ။ သူက ဒီမှာနေတယ် "

လုံခြုံရေးအစောင့်က ပြောသည်။

" ကျွန်တော်တို့ စံအိမ်ဧရိယာက လုံခြုံရေး တင်းကျပ်တဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာပါ။ ဒီနေရာတွင် နေထိုင်သူမဟုတ်တဲ့သူတွေကို တန်း ဝင်ထွက်ခွင့်မပြုပါဘူး။ လူကြီးမင်းတို့ မိတ်ဆွေကို ဖုန်းခေါ်ပြီး လူကိုယ်တိုင်လာခေါ်ခိုင်းပါ။ ဒါမှမဟုတ် ခန့်ခွဲရေးဌာနကို ဖုန်းဆက်ပြီး ခွင့်ပြုချက်ကို ရရင် ဝင်နိုင်ပါတယ် "

ဟော်ချီက ကောင်းရကျီကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

" ကျွန်တော်တို့ မဝင်ခင် ယဲ့လူကြီးမင်းကို ဖုန်းဆက်ရမယ် ထင်တယ် "

ကောင်းရကျီက ခေါင်းငြိမ့်ပြပြီး ဖုန်းခေါ်ဖို့လုပ်တော့မယ့်အချိန်မှာပဲ လုံခြုံရေးအစောင့်က သူတို့စကားကို ကြားပြီး အံ့ဩသွားသည်။

" ခင်ဗျားတို့က ဒီလာတာ ယဲ့လူကြီးမင်းကို တွေ့ဖို့လား "

နှစ်ယောက်သား ခေါင်းငြိမ့်ကြသည်။

" ဟုတ်တယ် "

လုံခြုံရေးအစောင့်၏ လေးနက်တဲ့အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ သူတို့နှစ်ယောက်ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

" ခင်ဗျားတို့က ယဲ့လူကြီးမင်းကို တွေ့ဖို့ပြောရင် ကျွန်တော်က ဘာလို့ တားရမှာလဲ။ ကျေးဇူးပြုပြီး ဝင်ကြပါ "

သူက ပြောသည့်အတိုင်း တံခါးကို ဖွင့်ပေးလိုက်သည်။

လုံခြုံရေးအစောင့်၏ သဘောထားပြောင်းလဲမှုကို မြင်သောအခါ ဟော်ချီကျိန်း ကြောင်သွားသည်။

" ဒီမှာနေထိုင်သူတွေ ကိုယ်တိုင်ကိုယ်ကျ လာခေါ်တာ ဒါမှမဟုတ် စီမံခန့်ခွဲရေးမှူးကို ဖုန်းဆက်ဖို့ လိုတယ်လို့ မင်းပဲပြောတာ မဟုတ်ဘူးလား "

လုံခြုံရေးအစောင့်က ရှင်းပြသည်။

" ဒါက သာမန်လူတွေအတွက်ပါ။ ယဲ့လူကြီးမင်းက သာမန်လူမလို့လား "

ကောင်းရကျီက စိတ်ဝင်စားသွားသည်။

" ဘယ်လို ယဲ့လူကြီးမင်းက သာမန်လူမဟုတ်တာလဲ "

လုံခြုံရေး အစောင့်က ချက်ချင်း ဂုဏ်ယူတဲ့ အရိပ်အယောင် ပြလာသည်။

" ယဲ့လူကြီးမင်းက မယုံနိုင်လောက်အောင် အင်အားကြီးမားတဲ့ သူပါ။ ပြည်နယ်တစ်ခုက အချမ်းသာဆုံးလူကတောင် သူ့ကို ရှုံးခဲ့တာတဲ့။ သူက အံ့သြစရာ မကောင်းလွန်းဘူးလား "

ကောင်းရကျီ နှင့် သူက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်စရာကောင်းသည်ဟု တွေးကြသည်။

" မင်းက ဒီအကြောင်းကိုတောင် သိတာလား "

လုံခြုံရေးအစောင့်က သူ့ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။

" ဟုတ်တယ်။ ကျုံးဟိုင်မှာရှိတဲ့ သူဌေးကြီးတွေ အများကြီးက ယဲ့လူကြီးမင်းရဲ့ အိမ်ရှေ့မှာ တစ်ညလုံး ဒူးထောက်နေတာကို တွေ့ဖူးတယ်။ ယဲ့လူကြီးမင်းက ကျုံးဟိုင်ရဲ့ ဘုရင်လို့လည်း ကျွန်တော်တို့ရဲ့ သူဌေးက ပြောထားသေးတယ်။ ယဲ့လူကြီးမင်းကို ပြဿနာရှာတဲ့လူတိုင်းက ကိုယ့်သေတွင်းကိုယ် တူးတာပဲတဲ့ "

ဟော်ချီကျိန်း နှင့် ကောင်းရကျီတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်လုံးက အံ့အားသင့်နေကြသည်။

စီးပွားရေးသမားတစ်ယောက်ရဲ့ ပါးစပ်က ဒီစကားတွေ ထွက်လာရင် သူတို့ အံ့သြမှာ မဟုတ်ပေ။

ဒါပေမယ့် စီးပွားရေးလောကနဲ့ မဆိုင်တဲ့ လုံခြုံရေးအစောင့်တစ်ယောက်တောင်မှ ယဲ့ဖန်ကို လေးစားမှုရှိလေသည်။

ဒါက ကျုံးဟိုင်မှာ ယဲ့ဖန်က ဘယ်လောက် သြဇာညောင်းမှန်း ထင်ရှားလေသည်။

" ကြည့်ရတာ ယဲ့လူကြီးမင်းရဲ့ အင်အားကို ငါတို့ လျှော့တွက်မိခဲ့တာပဲ "

" ဟုတ်တယ်၊ သူက ငယ်သေးတော့ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး "

သူတို့နှစ်ယောက်က ကန်သာယာစံအိမ်ဝန်းထဲသို့ ဝင်လာရင်းနှင့် ပြောလိုက်သည်။

All Chapters