← Chapters

အပိုင်း ၅၀၁-၅၀၄

Vol. 26 Ch. 501-504

အပိုင်း ၅၀၁-၅၀၄

Vol. 26 Ch. 501-504

အပိုင်း ( ၅၀၁ )

သတ်ချင်တယ်ဆို ဘာလုပ်ပေးနိုင်မလဲ

ဟော်ချီကျန်းနဲ့ ကောင်းရကျီတို့က အချင်းချင်း မေးခွန်းတွေ မေးရင်း ကျုံးထျန်းကန်သာယာ စံအိမ်(၁)သို့ ရောက်လာကြသည်။

သူတို့က ယဲ့ဖန်ကို ခေါ်တော့မယ့် အချိန်မှာဘဲ တံခါးအသံပေးစနစ်မှ ရုတ်တရက် အသံထွက်လာသည်။

" တံခါးက သော့မခတ်ထားဘူး။ ဝင်ခဲ့ကြပါ "

သူတို့နှစ်ယောက်က မြန်မြန် သပ်သပ်ရပ်ရပ်လုပ်ပြီး တံခါးကို တွန်းဖွင့်ဝင်လာကြသည်။

သူတို့ စံအိမ်ထဲကို ဝင်လာတာနဲ့ တံခါးဝမှာ တင်ထားတဲ့ ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။

" ဒါ .... ဒါက ကျောက်စိမ်းတုံးကြီးနဲ့ တူတယ်၊ ဟုတ်တယ်မလား "

ဟော်ချီကျိန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကလူ ဖြစ်တာကြောင့် ကျောက်စိမ်းနဲ့ပတ်သက်ပြီး ဗဟုသုတရှိလေသည်။

" ဟုတ်တယ်၊ ဒါက ကျောက်စိမ်းတုံး အစစ်ပဲ။ ပြီးတော့ ဒါက ရှားက တော်ဝင်ကျောက်စိမ်းဖြစ်မယ်။ ပိုရှားတာကတော့ ဒီလောက်ကြီးတာကြီး ပထမဆုံးတွေ့ဖူးတာပဲ။ ဒါ .... ဒါကြီးက သန်းရာချီလောက် အနည်းဆုံးတန်မှာပဲ "

ကောင်းရကျီက ကျောက်စိမ်းရိုင်းတုံးကြီးကို ကြည့်ပြီး ပိုလို့တောင် အံ့ဩသွားရသည်။

" သန်းရာချီတန်တာလား။ သေချာလို့လား "

ဟော်ချီကျိန်းက အရမ်းကို အံ့ဩသွားသည်။

" ကျွန်တော်သာ အမှတ်မမှားဘူးဆိုရင် ကျွန်တော်တို့ ကုမ္ပဏီက ကျောက်စိမ်းရိုင်းတုံးတွေ ပို့ဖူးတော့ နည်းနည်းသိတယ်။ ဟိုတလောကတောင် တစ်ချို့ ပို့ရသေးတယ်။ အရွယ်အစားအရရော ကျောက်သားအရရောဆို ဒီအတုံးက အဲ့တာတွေထက် လုံးဝကို အရည်အသွေးနိမ့်မနေဘူး။ ပြီးတော့ အဲ့တာတွေကိုတောင် ယွမ် သန်း ၁၀၀ နဲ့ ရောင်းခဲ့သေးတာ "

ကောင်းရကျီကလည်း အတွေ့အကြုံရှိကာ ဗဟုသုတလည်း စုံသည်။ သို့ပေမဲ့ သူတို့နှစ်ယောက်လုံး အံ့ဩထိတ်လန့်နေရသည်။

" ဟ ..... "

ဟော်ချီကျိန်းက သက်ပြင်းရှိုက်လိုက်သည်။

" သန်းရာချီတန်တဲ့ ကျောက်စိမ်းတုံးကြီးကို ဒီလိုတံခါးဝမှာတင် အပြင်အဆင်အနေနဲ့ ထားထားတာလား။ ဒီ ယဲ့လူကြီးမင်းက တကယ့်လူပဲ၊ ဟုတ်တယ်မလား "

ကောင်းရကျီကလည်း ခေါင်းငြိမ့် သဘောတူသည်။

" သူက မာန်ကြီးလွန်းတဲ့အပြင် လူသားတောင် မဆန်ဘူး "

သူတို့နှစ်ယောက် တံခါးကနေ ဝင်လာလာချင်း မထင်မှတ်ထားတဲ့ နယ်ပယ်တစ်ခုကို ရောက်သွားသလို ခံစားလိုက်ရသည်။

သူတို့က ယဲ့လူကြီးမင်းက ပိုလို့တောင် လေးစားသွားကြသည်။

ဒီယဲ့လူကြီးမင်းက ငယ်ရွယ်၊ ရင့်ကျက်တဲ့ အင်အားပြည့် စူပါထိပ်တန်းတစ်ယောက်ဖြစ်သည်။

သို့ပေမဲ့ ဧည့်ခန်းထဲကို ဝင်လာတဲ့အခါ ပိုလို့တောင် အံ့ဩသွားရသည်။

ပြောစရာမလိုအောင်ကို ဧည့်ခန်းက အထက်တန်းစားဆန်လေသည်။

သူတို့ကို တကယ် လန့်ပါသွားစေတာက ဆိုဖာပေါ်မှာ လှဲထိုင်နေတဲ့သူဖြစ်သည်။

သူက အသက်၂၀အရွယ်လောက်သာရှိပြီး ကောလဟာလတွေအရ ကြားထားတဲ့ ယဲ့လူကြီးမင်းနဲ့ အတော် ကိုက်ညီလေသည်။

သို့ပေမဲ့ သူ့ရဲ့လက်ရှိပုံရိပ်က နည်းနည်း .... ကျက်သရေတော့ ရှိမနေပေ။

ယဲ့ဖန်က ကိုယ်လုံးတစ်ဝက် အဝတ်မပါဘဲ ဘောင်းဘီအတိုတစ်ထည်ကိုသာ ဝတ်ထားသည်။

သူ့တစ်ကိုယ်လုံးမှာ ငွေအပ်တွေ စိုက်ထားပြီး ဆူးကောင်နဲ့တောင် တူနေသည်။

" ယဲ့လူကြီးမင်း၊ ဘာလုပ်နေတာပါလဲ "

ကောင်းရကျီက မထိန်းနိုင်ဘဲ မေးလိုက်သည်။

ယဲ့ဖန်က လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။

" ဟိုနှစ်ရက်က ပင်းဟိုင်မှာ ပင်လယ်လေခံတာများပြီး တစ်ကိုယ်လုံး နည်းနည်းတောင့်နေလို့ အပ်စိုက်ကုနေတာ။ ရပ်မနေနဲ့ အဆင်ပြေတဲ့နေရာ ထိုင်ကြပါ "

" ယဲ့လူကြီးမင်းက အပ်စိုက်လည်း သိတာလား။ ဒါက တကယ်ကို .... စွယ်စုံရတာပဲ "

ဟော်ချီကျိန်းက ကိုးယိုးကားယားနိုင်စွာ ရယ်လိုက်ပြီး ဆိုဖာပေါ်မှာ ကောင်းရကျီနဲ့အတူ ထိုင်လိုက်သည်။

" သိတာပိုရှိလို့ အကျိုးမှယုတ်မသွားတာ။ ကျွန်တော့်အတွက်တော့ ဘဝမှာ အရေးအကြီးဆုံးက ပိုက်ဆံနဲ့ ဘဝပဲ။ ကိုယ့်ဘာကိုယ် မထိန်းချုပ်နိုင်ရင် တခြားဟာတွေကို ထိန်းချုပ်ဖို့ မလုပ်တာကောင်းတယ်လေ "

ယဲ့ဖန်က ငွေအပ်တွေကို သူ့ကိုယ်ပေါ်မှ ဖယ်နေရင်း စနောက်လိုက်သည်။

ဟော်ချီကျိန်းနှင့် ကောင်းရကျီတို့က လွှဲပြောင်းရေးစာချုပ်တွေကို ယဲ့ဖန် ဖတ်ရအောင် ထုတ်လိုက်ကြသည်။

ယဲ့ဖန်က ဒီလုပ်ငန်းစဉ်တွေနဲ့ အတော်လေးကို ရင်းနှီးနေပြီဖြစ်ကာ အချိန်သိပ်မယူလိုက်ရဘဲ အတည်ပြုပြီး လက်မှတ်ထိုးလိုက်သည်။

နာရီဝက်ကြာတဲ့နောက် စာချုပ်တွေအကုန် လက်မှတ်ထိုးပြီးသွားသည်။

အခု ထိုကုမ္ပဏီ ၂ခုလုံးဟာ ယဲ့ဖန်နာမည်အောက်သို့ တရားဝင် ရောက်ရှိသွားပြီဖြစ်သည်။

ယဲ့ဖန်က သူတို့နှစ်ယောက်အတွက် ကော်ဖီဖျော်ပေးသည်။

" ကျွန်တော်က အများသောအားဖြင့် ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်းမှာ သိပ်ပါလေ့မရှိတော့ ရှေ့လျှောက် ခင်ဗျားတို့ကို အကူအညီတောင်းရမှာပဲ "

" ကျွန်တော်တို့ လုပ်သင့်တာပါ "

ဟော်ချီကျိန်းနဲ့ ကောင်းရကျီတို့ သူတို့ ကော်ဖီခွက်တွေကို ဝိုင်ခွက်အစား မြှောက်လိုက်ပြီး ဂုဏ်ပြုကြသည်။

အခု ယဲ့ဖန်ပုံစံက စီးပွားရေးလောကမှ အကောင်ကြီးနဲ့တူမနေဘဲ ဘေးအိမ်က ကောင်လေးပုံစံဖြစ်နေသည်။

အဲ့တာက သူတို့ကို အနည်းငယ် စိတ်ပျက်စေသည်။

ဒီလိုသူဌေးရဲ့ ဦးဆောင်မှုနဲ့ အနာဂတ်တောင် ရှိပါဦးမလား။

ယဲ့ဖန်က ဆိုဖာပေါ်ကို မှီလိုက်ပြီး ခြေကို ချိတ်လိုက်သည်။

" ထန်ဖုရှန်းအကြောင်း ခင်ဗျားတို့ သိကြလား "

ဟော်ချီကျိန်းနဲ့ ကောင်းရကျီတို့က အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့ နောက်ဆုံးတော့ အဓိကအကြောင်းအရာ သိလိုက်ရပြီဖြစ်သည်။

" ကျွန်တော်တို့က ဆောက်လုပ်ရေးသမားတွေဆိုတော့ သူနဲ့က အတော်လေးရင်းနှီးပါတယ်။ ယဲ့လူကြီးမင်းက ဘာကိုများ မေးချင်တာလဲ "

ဟော်ချီကျိန်းက အရင်ဆုံးပြောသည်။

ယဲ့ဖန်၏ မျက်နှာက လူငယ်တစ်ယောက်လို အပြစ်ကင်းစင်နေသည်။

" သူ့ကို သတ်ချင်တာဆိုရင် ခင်ဗျားတို့ ဘာလုပ်ပေးနိုင်မှာလဲ "

" ဖူး ...... "

ကော်ဖီသောက်နေတဲ့ ဟော်ချီကျိန်းက အကုန်ပြန်ထွက်လာတော့သည်။

ယဲ့လူကြီးမင်းက ဒီလို လူသတ်မေးခွန်းကို ရုတ်တရက် မေးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

" ဒီ ........ လူကြီးမင်းကို စော်ကားခဲ့တာလား။ ဘာလို့ သူ့ကိုသတ်ချင်နေရတာလဲ "

သူက ယဲ့ဖန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

" အဲ့တာကို ခင်ဗျားသိဖို့ မလိုဘူး။ ကျွန်တော့်မေးခွန်းကို ဖြေဖို့ပဲလိုတယ် "

ယဲ့ဖန်က ခွက်ကို ကောက်ယူလိုက်ပြီး သောက်လိုက်သည်။

ယဲ့လူကြီးမင်းက သူတို့ကို စမ်းသပ်နေတယ်ဆိုတာ ဟော်ချီကျိန်းသိသည်။

သူ့အဖြေက ကျေနပ်စရာမရှိလျှင် တစ်ဖက်က သူတို့ကို မဆိုင်းမတွ အစားထိုးသွားပေမည်။

တစ်ခဏတွေးပြီးတဲ့နောက် သူက ထပ်ပြောလာသည်။

" တကယ်တော့ ထန်ဖုရှန်းကို ရှင်းချင်တယ်ဆိုရင် အခုက အကောင်းဆုံးပဲ "

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

" ဘာကိုဆိုလိုတာလဲ "

ဟော်ချီကျိန်းက ခဏလောက် စဉ်းစားပြီး ဆက်ပြောသည်။

" ဖုရှန်းဆောက်လုပ်ရေး အရင်းအနှီးမှာ ပြဿနာရှိနေတယ်လို့ မကြာသေးခင်က သိထားတယ်။ သူတို့က သူခိုးကို ပိုက်ဆံပေးဖို့ ဓားပြဆီက လုယက်နေကြတာ။ ထန်ဖုရှန်းက ကျွန်တော့်ဆီကိုတောင် လာပြီး သူ့ကိုကူညီပေးဖို့ ပြောပေမယ့် ငြင်းခဲ့တာပါ "

ယဲ့ဖန် သိချင်သွားသည်။

" ဘာလို့ သူ့ကို ငြင်းလိုက်တာလဲ "

ဟော်ချီကျိန်းက ခေါင်းခါလိုက်သည်။

" ဘာလို့လဲဆိုတော့ သူ့လိုလူက နည်းနည်း ယုတ်မာတယ်။ ဒီလိုလူတွေနဲ့ ဆက်ဆံရတာ မကြိုက်ဘူး "

ယဲ့ဖန်၏ နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားသည်။

" ဒါဆို ခင်ဗျားတို့မှာ ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းကို ဖျက်ဆီးဖို့ နည်းလမ်းရှိလို့လား "

ဟော်ချီကျိန်းက ယုံကြည်မှုအပြည့်နဲ့ သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။

" အရင်တုန်းကဆိုရင်တော့ အာမမခံရဲပေမဲ့ သူဌေးကောင်းပါ ပူးပေါင်းမယ်ဆိုရင်တော့ မိနစ်ပိုင်းအတွင်းမှာ အပြတ်ရှင်းနိုင်ပါတယ် "

ယဲ့ဖန်က ကောင်းရကျီကို လှည့်ကြည့်လိုက်သည်။

" ဟုတ်လား "

ကောင်းရကျီက ချက်ချင်း ခေါင်းငြိမ့်သည်။

" ယန်းချန်က ဖုရှန်းဆောက်လုပ်ရေးအပါအဝင် ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီအကြီးစားတွေက ကျွန်တော်တို့ ပို့ဆောင်ရေးကုမ္ပဏီနဲ့ ချိတ်ဆက်ထားပါတယ်။ ပြောရမယ်ဆို မိုနိုပိုလီလို ယန်းချန်က ပို့ဆောင်ရေးတွေက ကျွန်တော်တို့နဲ့ပဲ လုပ်ကိုင်တာပါ။ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်မရဘဲ သူတို့ရဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ရွှေ့လို့ရမှာ မဟုတ်ပါဘူး "

ဒါက သူ့ရဲ့အင်အားကို သူ့သူဌေးအသစ်အား ပြသရမည့်အချိန်ဖြစ်သည်။ ထို့ကြောင့် သိသင့်တာအကုန် ရှင်းပြလေသည်။

ယဲ့ဖန်က သူ့ရှင်းပြချက်ကို ကြားပြီး အပြုံးက ပိုပိုတောက်ပလာသည်။

" ဒါဆို ဘာတွေလုပ်နိုင်လဲရော ပြောပါဦး "

အပိုင်း ( ၅၀၂ )

ရင်ထဲထိလွန်းလို့ ငိုသွားတာလား။

" ဖုရှန်းဆောက်လုပ်ရေးကုမ္ပဏီက ချန်းဖန်အိမ်ခြံမြေနဲ့ ဒီအတောအတွင်း ပါဝင်ပတ်သက်နေလားတော့ မသိပေမဲ့ ချန်းဖန်းအိမ်ခြံမြေကို သူတို့ဖုရှန်းကုမ္ပဏီဘက်ကနေ ကျွန်တော်တို့ ပို့ဆောင်ရေးကနေတစ်ဆင့် အော်ဒါအများကြီး ပို့နေပါတယ် ..... "

ယဲ့ဖန်က ကောင်းရကျီရဲ့စကားကို ကြားတဲ့အခါ ချက်ချင်း ဖြတ်ပြောလိုက်သည်။

" ချန်းဖန်းအိမ်ခြံမြေလား။ သူတို့သူဌေးက ဝေ့ချန်းဖန်းဆိုတဲ့သူလား "

ထိုနေ့က အိမ်ခြံမြေဆွေးနွေးပွဲတွင် သူ့ကို လူသိရှင်ကြား နှိပ်ကွပ်ခဲ့သည့် လူလတ်ပိုင်းအရွယ် အမျိုးသားအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။

လော့ကျင်းယွမ်ပင် ထိုလူကို သတိထားခဲ့ရသည်။

ကောင်းရကျီ ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်ပါတယ်၊ အဲ့တာ ဝေ့ချန်းဖန်းပိုင်တာပါ။ အဲ့ဒီလူက ယန်းချန်မှာ အတော်လေးတန်ခိုးကြီးပါတယ်။ ထန်ဖုရှန်း သူ့အပေါ် ဘယ်လိုပုံစံနဲ့ ကပ်လိုက်လဲ မသိဘူး "

ယဲ့ဖန် ပြုံးလိုက်သည်။

" နားလည်ပါတယ် ဆက်ပြောပါ "

" ထန်ဖုရှန်းကို ကြီးကြီးမားမား ဆုံးရှုံးစေချင်ရင် သယ်ယူပို့ဆောင်ရေး အရှိန်ကို တမင်တကာ နှောင့်နှေးအောင် လုပ်ရမယ်။ သူ့အော်ဒါပစ္စည်းတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီ အချိန်မီမပို့နိုင်ဘဲ ချန်းဖန်းအိမ်ခြံမြေရဲ့ ဆောက်လုပ်ရေးတိုးတက်မှုကို ထိခိုက်သွားမယ်ဆိုရင် ဝေ့ချန်းဖန်းက သူ့ကို ခွင့်ပြုမှာ မဟုတ်ဘူး "

ကောင်းရကျီက လိမ္မာပါးနပ်တဲ့ အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

" ခင်ဗျားတို့ စာချုပ်ချုပ်ထားတယ် မဟုတ်လား။ အကယ်၍ ခင်ဗျားတို့ဘက်က သယ်ယူပို့ဆောင်ရေးအမြန်နှုန်းကို တမင်နှောင့်နှေးအောင် လုပ်လိုက်ရင် ကျန်းဟန်ပို့ဆောင်ရေးဘက်က တာဝန်ယူရမယ် မဟုတ်ဘူးလား "

ယဲ့ဖန်က ပြဿနာ၏ အဓိကအချက်ကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။

ကောင်းရကျီက ခေါင်းငြိမ့်ပြလိုက်သည်။

" စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ စာချုပ်မှာ ရာသီဥတု၊ လမ်းအခြေအနေ ဒါမှမဟုတ် အခြားလူမဟုတ်တဲ့ အကြောင်းတွေကြောင့် သယ်ယူပို့ဆောင်ရေး နှောင့်နှေးတယ်ဆိုရင် ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီဘက်က ဘာတာဝန်မှ ယူပေးမှာ မဟုတ်ကြောင်း စာချုပ်ထဲမှာ ဖော်ပြထားပါတယ်။ ကျွန်တော်သိသလောက်တော့ နောက်ရက်အနည်းငယ်အတွင်း တိုင်ဖွန်းမုန်တိုင်း ဝင်မယ်တဲ့ .... "

ထိုအချိန်တွင် သူ့မျက်နှာမှာ 'မင်းသိတယ်မလား' ဆိုတဲ့ အမူအရာမျိုး ပေါ်လာလေသည်။

ယဲ့ဖန်လည်း ပြုံးလိုက်သည်။

" မျှော်လင့်ထားတဲ့အတိုင်း အသက်ကြီးလေ ပညာရှိလေပါပဲ "

ကောင်းရကျီက ရုတ်တရက် တုံ့ဆိုင်းသွားသည်။

" ဒါပေမယ့် ပြဿနာတစ်ခုရှိပါသေးတယ်။ ကျွန်တော်တို့က ဒီလိုလုပ်လိုက်ရင် ဝေ့ချန်းဖန်းကို စော်ကားမိသွားနိုင်တယ်။ ဒီလူရဲ့ စွမ်းအားက အရမ်းကြောက်စရာကောင်းတယ်။ မလိုအပ်ဘဲနဲ့ သူ့ကို မစော်ကားတာ အကောင်းဆုံးပဲ "

ယဲ့ဖန်က သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

" ကျွန်တော်က ဝေ့ချန်းဖန်းမကလို့ ဝေ့သိကြားမင်းကြီးဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ပစ်မှတ်က ထန်ဖုရှနိး တစ်ယောက်တည်းပဲ။ ဒါပေမဲ့ သူ့ကို မတော်တဆ ထိခိုက်မိခဲ့ရင်တော့ အဲ့တာက သူ့ကံဆိုးလို့ပဲ မှတ်ရမှာပေါ့ "

ကောင်းရကျီနှင့် ဟော်ချီကျိန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ပြည့်နှက်နေသည်။

သူတို့အားလုံးက ယန်းချန်မြို့မှဖြစ်ကာ ဝေ့ချန်းဖန်း လွှမ်းမိုးခံရတာကို အချိန်အတော်ကြာ ကြောက်ရွံ့ခံစားခဲ့ကြရသည်။

သို့သော် ကျုံးဟိုင်မှ လူငယ်လေး ယဲ့ဖန်က သူ့ကို လုံးဝ ဂရုမစိုက်ပေ။

သူတို့ ဘယ်လိုလုပ် မအံ့သြဘဲ နေနိုင်မှာလဲ။

" ကောင်းပြီ၊ အဲ့တာဆို အဆင်ပြေပြီ။ ကျန်းဟန်ပို့ဆောင်ရေးက ပင်မတိုက်ခိုက်ရေးကို တာဝန်ယူပြီး တန်းယွမ်ဆောက်လုပ်ရေးပစ္စည်းဘက်က နောက်ဆုံးတိုက်ခိုက်မှုကို တာဝန်ယူရမယ်။ ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာကိုတော့ နှစ်ဦးနှစ်ဖက် ဆွေးနွေးနိုင်တယ်။ အတိုချုပ်ပြောရရင် သုံးရက်လောက်ကြာတာနဲ့ ဖုရှန်းဆောက်လုပ်ရေးပစ္စည်းဆိုတဲ့ စကားလုံးကို ထပ်မတွေ့ချင်တော့ဘူး "

ကောင်းရကျီနှင့် ဟော်ချီကျိန်းတို့က နောက်ထပ်ကန့်ကွက်ခြင်းမရှိတော့ဘဲ ချက်ချင်းထရပ်လိုက်သည်။

အချိန်တိုအတွင်း အဆက်အသွယ်ရပြီး သူတို့က ဒီသူဌေးအသစ်နှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်လိုက်သည်။

ပထမဆုံးကတော့ သူက ရက်စက်လွန်းလေသည်။

နောက်တစ်ချက်ကတော့ သူက သတ္တိရှိသည်။

ဝေ့ချန်းဖန်းကဲ့သို့ အားကြီးတဲ့ ရန်သူကိုပင် စော်ကားမိမည်ကိုတောင် သူက တွန့်ဆုတ်နေခြင်း မရှိပေ။

သို့သော် ထိုအရာတွေက သူတို့နှစ်ဦး တန်ဖိုးအရှိဆုံးဟု မြင်မိသည့်အရာ မဟုတ်ပေ။

သူတို့ တကယ် လေးစားတန်ဖိုးထားတဲ့အရာက ယဲ့ဖန်ဟာ သူ့သဘောထားကို နှိမ့်ချပြီး သူ့လက်အောက်ငယ်သားတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ပြီး အာဏာလွှဲအပ်ခြင်းကိုလည်း သတ္တိရှိရှိ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဲ့တာက အရမ်းအရေးကြီးလေသည်။

ခေါင်းမာပြီး သံသယရှိတတ်တဲ့ သူဌေးတွေက

သူတို့လက်အောက်ငယ်သားများ၏ ထင်မြင်ယူဆချက်များကို မကြားချင်ယောင်ဆောင်ကာ လုပ်ငန်းစဉ်အတွင်းမှာမှ ဝင်ရောက်စွက်ဖက်ပြီး ဟိုဟိုဒီဒီ လက်ညိုးထိုးခြင်း ဖြစ်သည်။

အဲ့လိုသူဌေးမျိုးက အောင်မြင်နိုင်မည့် လမ်းစ မရှိပေ။

ယဲ့ဖန်ကတော့ ဒီနေ့မှ သူတို့နဲ့ ပထမဆုံးတွေ့တာဖြစ်ပေမဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ဆွေးနွေးတာက တစ်နာရီတောင် မကြာလိုက်ပေ။

ပြီးတော့ သူက ဒီလောက် အရေးကြီးတဲ့ အလုပ်တစ်ခုကို သူတို့နှစ်ယောက်ဆီ ရဲရဲဝံ့ဝံခိုင်းလေသည်။

ဒီယုံကြည်မှုတစ်ခုတည်းကပင် ရွှေထောင်နဲ့ချီသလို တန်ဖိုးရှိသည်။

ယဲ့ဖန် သူတို့ကို စံအိမ်ပြင်ထိ ပြန်လိုက်ပို့သည်။

ကောင်းကင်ကို ကြည့်လိုက်တဲ့အခါ နောက်ကျနေပြီဖြစ်သည်။

ဖုရှန်းဆောက်လုပ်ရေးပစ္စည်းဘက်မှ လုပ်ထားသည့် အခက်အခဲများကို ဖြေရှင်းရန်အတွက် ချန်းရွှမ်က ကုမ္ပဏီတွင် အချိန်ပိုအလုပ်ဆင်းနေမည်ကို ယဲ့ဖန် တွေးလိုက်မိသည်။

ထို့ကြောင့် ချက်ချင်း စံအိမ်ထဲကို ပြန်လာကာ အရံဟင်း နှစ်မျိုး ချက်လိုက်သည်။

သူက ဟင်းချက်ရာမှာ မကျွမ်းကျင်တဲ့အတွက် စားရရုံသာဖြစ်သည်။

သို့သော်လည်း ဒါက ကျေးဇူးသိတတ်သည့် အမူအရာတစ်ခုပင် ဖြစ်သည်။

ထို့နောက် ထမင်းဘူးထုပ်ပြီး လင်းယွမ်အိမ်ခြံမြေဆီကို ချက်ချင်း မောင်းသွားလေသည်။

ညနေ ရှစ်နာရီကျော်နေပြီဖြစ်သော်လည်း လင်းယွမ်အိမ်ခြံမြေတိုက်ခန်းက တောက်ပနေဆဲဖြစ်သည်။

အားလုံးက အလုပ်များလွန်းလို့ ခြေထောက်နဲ့ မြေကြီးတောင် မထိကြရပေ။

ယဲ့ဖန်က ထမင်းဘူးသယ်လာတာကို မြင်လိုက်တဲ့အခါ အားလုံးမျက်နှာတွင် ထူးဆန်းတဲ့ အမူအရာတွေ ပေါ်လာကြသည်။

ယဲ့ဖန်ရောက်လာပြီးတာနဲ့ ချက်ချင်း ဆွေးနွေးကြတော့သည်။

" သူဌေးကြီးက ဥက္ကဌချန်းကို တွေ့ဖို့ ဒီကို ရောက်လာတာ ဟုတ်တယ်မလား။ ပြီးတော့ စားစရာတွေတောင် ယူလာပေးသေးတယ်။ ဒါက စဉ်းစားပေးတတ်တာ မဟုတ်လား "

" အိုး ငါတို့ ဘာလုပ်သင့်လဲ။ သူက အရမ်းငယ်တယ်၊ ချမ်းလည်းချမ်းသာတယ်၊ ရုပ်လည်းချောတယ်၊ အရမ်းလည်း စဉ်းစားပေးတယ်။ ငါတော့ မခံနိုင်တော့ဘူး "

" ညဥ့်နက်တဲ့အထိ အချိန်ပိုလုပ်ရတာတောင် ခက်နေပြီကို အခု ငါ့နှယ် ခွေးစာတွေ အများကြီးထပ်စားနေရပြီ "

" ယဲ့လူကြီးမင်းက ပြီးပြည့်စုံတဲ့ ချစ်သူပဲ။ သူ့ထက်ပိုပြီး ပြီးပြည့်စုံတဲ့ လူတစ်ယောက်ကို ငါ တကယ် စိတ်ကူးကြည့်လို့တောင် မရတော့ဘူး "

" သူသာ ငါ့ရည်းစားဖြစ်နိုင်ရင် ချက်ချင်း သေဆိုသေလိုက်မယ် .... ဒါပေမဲ့ ငါနဲ့ မထိုက်တန်ဘူးဆိုတာ ငါသိတယ် "

" ငါရောပဲ ..... "

ယဲ့ဖန်က ထမင်းဘူးကို ယူလာပြီး ချန်းရွှမ်၏ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

" ဝင်ခဲ့ပါ "

ချန်းရွှမ်၏ အသံက အတွင်းထဲမှ ချက်ချင်း ထွက်လာသည်။

ယဲ့ဖန်က တံခါးကို တွန်းဖွင့်ပြီး အထဲကို ဝင်သွားသည်။

ချန်းရွှမ်က သူမခေါင်းကို မော့မကြည့်ဘဲ အချက်အလက်ပုံတွေကြား ခေါင်းစိုက်နေရသည်ကို သူမြင်လိုက်ရသည်။

" အချက်အလက်အားလုံးကို စားပွဲပေါ်တင်ထားလိုက်။ ဆယ်မိနစ်အတွင်း အစည်းအဝေးကျင်းပမယ်လို့ အားလုံးကို သတိပေးထား "

ချန်းရွှမ်က ခေါင်းငုံ့လျက် ညွှန်ကြားရင်း အချက်အလက်တွေကို လှန်ကြည့်လိုက်သည်။

" စားပြီးပြီလား "

ယဲ့ဖန်က သူမ၏ အလုပ်သရဲပုံစံလေးကို မြင်ပြီး သူ့နှလုံးသား နာကျင်သွားရသည်။

ချန်းရွှမ်က သူ့အသံကို ကြားသောအခါ သူမခေါင်း မော့ကြည့်လိုက်သည်။

" နင် ဘာလို့ဒီကို ရောက်နေတာလဲ "

ယဲ့ဖန်က စားပွဲပေါ်တွင် ထိုင်လိုက်သည်။

" အစ်မ အစာငတ်သေသွားမှာကို ကျွန်တော်စိုးရိမ်လို့ပါ "

ချန်းရွှမ်က ခေါင်းခါလိုက်သည်။

" ငါ ဗိုက်မဆာဘူး .... "

သူမ စကားမပြီးခင်မှာ သူမရဲ့ ဗိုက်ထဲက တဟုန်ထိုး အသံထွက်လာလေသည်။

သူမမျက်နှာလေးက ချက်ချင်းနီရဲသွားသည်။

ယဲ့ဖန်က ရယ်မောလိုက်ပြီး စားစရာတွေကို ထုတ်ယူလိုက်သည်။

" မြန်မြန်စားပါ၊ ဗိုက်ပြည့်နေမှပဲ တိုက်ခိုက်ဖို့ ခွန်အားရမှာပေါ့ "

ချန်းရွှမ်က ပန်းကန်လုံးနှင့် တူကို ယူကာ နှစ်ချက် ကိုက်လိုက်သည်။ ထို့နောက် မျက်ရည်တွေ ချက်ချင်း စီးကျလာတော့သည်။

" ဒါက နင်အကုန်လုပ်လာတာလား "

" ဘာလို့ ငိုနေရတာလဲ။ အရသာရှိလွန်းလို့ ရင်ထဲထိသွားတာလား "

ယဲ့ဖန်က သူမကို ညင်သာစွာ ကြည့်နေသည်။

" နင့်ခေါင်းကို ဘာထိသွားလို့လဲ။ ဒီဟင်းထဲမှာ ဆားတွေ ဘယ်လောက်တောင် ထည့်ထားတာလဲ။ ငန်လို့ သေတော့မယ် "

ချန်းရွှမ်က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး မျက်လုံးထဲတွင် မကျေနပ်များ ပြည့်နှက်နေသည်။

အပိုင်း ( ၅၀၃ )

တစ်ပတ်၊ အဲ့တာ လျှော့ပေးနိုင်တဲ့ အောက်ဆုံးထစ်ပဲ

ဘာပဲဖြစ်ဖြစ် ချန်းရွှမ်က သူ့ကို မျက်နှာပေးကာ ထမင်းတစ်ဝက်ကို စားလိုက်သည်။

" တော်ပြီ၊ ဗိုက်ပြည့်ပြီ။ လုပ်စရာတွေ အများကြီးရှိသေးတယ်။ နင် အရင်ပြန်သွားလို့ရတယ် "

ချန်းရွှမ်က ထမင်းဘူးကို သိမ်းလိုက်ပြီး သူ့ဆီ ပြန်ပေးလိုက်သည်။

" အစ်မ ဘာတွေ အလုပ်ရှုပ်နေတာလဲ။ ဘယ်နှစ်နာရီရှိနေပြီလဲ။ အစ်မ အနားမယူချင်ရင်တောင် ဝန်ထမ်းတွေက အနားယူဖို့ လိုတယ်လေ "

ယဲ့ဖန်က သူမလက်ထဲမှ အချက်အလက်တွေကို လုယူလိုက်ပြီး ဘေးသို့ ပစ်ချလိုက်သည်။

" အိုက်ယား၊ ငါ့မှာလည်း ရွေးချယ်စရာ မရှိဘူးလေ။ အဓိက ဒီကိစ္စက အရမ်းဒုက္ခပေးနေတာဆိုတော့ ငါ အဲ့တာတွေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းရမယ် "

ချန်းရွှမ်က အားကိုးရာမဲ့စွာ ကြည့်နေသည်။

" ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီကြောင့်ပဲလား။ သက်ရောက်မှုက သိပ်မကြီးဘူးလို့ အစ်မပဲ ပြောတာ မဟုတ်ဘူးလား "

ယဲ့ဖန် ချက်ချင်းမေးလိုက်သည်။

" ငါက ဖုရှန်းဆောက်လုပ်ရေးဘက်က စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေကို လျှော့တွက်ခဲ့မိတယ်။ သူတို့ဘက်က ယန်းချန်မှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီတွေအားလုံးနဲ့ ပူးပေါင်းပြီး လင်းယွမ်အိမ်ခြံမြေဘက်ကို ပစ္စည်းပို့တာတွေ ပိတ်ဆို့ထားတယ် "

ချန်းရွှမ်က ထိုကိစ္စကို ပြောရင်း ခေါင်းကိုက်သွားရသည်။

" ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက အဲ့လောက် သြဇာကြီးတာလား "

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

" ဖုရှန်း ဆောက်လုပ်ရေးပစ္စည်းဘက်က လွှမ်းမိုးမှုက သိပ်တော့မကြီးပါဘူး။ ဒါပေမဲ့ သူတို့ဘက်က တခြားဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီတွေကို အတင်းအကြပ် ကြေညာချက်ထုတ်ခိုင်းဖို့ ချန်းန်းအိမ်ခြံမြေရဲ့ နာမည်ကို အသုံးပြုခဲ့တယ်။ အဲဒီကုမ္ပဏီတွေက ထန်ဖုရှန်းကို မကြောက်ကြပေမယ့် ဝေ့ချန်းဖန်းကို ကြောက်ကြတယ် "

ချန်းရွှမ်က ရှင်းပြနေရင်း သူမမှာ ခွန်အားမရှိတော့သလို ခံစားလိုက်ရသည်။

" ဒါဆို ဗျူဟာတစ်ခု စဉ်းစားပြီးပြီလား "

ယဲ့ဖန်က တည်ငြိမ်စွာ မေးလိုက်သည်။

" နောက်ထပ် ငါတို့ဘာလုပ်နိုင်မလဲ။ ငါတို့ရဲ့ မြို့စီမံကိန်းက စတင်တော့မှာဆိုတော့ ဒီဆောက်လုပ်ရေးပစ္စည်းတွေ ကြန့်ကြာနေလို့မဖြစ်ဘူး။ တကယ် အဆင်မပြေရင် ငါတို့ဘက်က သူတို့ကို ခေါင်းငုံ့ရတော့မှာပေါ့ "

ချန်းရွှမ်၏ လေသံမှာ မလိုလားမှုတွေ ပြည့်နေသည်။

နျုံစစ်သွမ်းနှင့် အခြားသူများကို အနိုင်ယူခဲ့ပြီးနောက် လင်းယွမ်အိမ်ခြံမြေကို ချောချောမွေ့မွေ့ လည်ပတ်နိုင်တော့မည်ဟု သူမ ထင်ခဲ့သည်။

မမျှော်လင့်ဘဲ ထန်ဖုရှန်းက ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။

ယဲ့ဖန်က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

" စိတ်မပူပါနဲ့၊ အစ်မအတွက် ကိုယ်ဖြေရှင်းပြီးသွားပြီ။ နောက်သုံးရက်လောက်ကြာရင် ဖုရှန်းဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီဆိုတာ ဒီကမ္ဘာပေါ်မှာ ရှိတော့မှာမဟုတ်ဘူး "

ချန်းရွှမ်က သူ့ကို ကြောင်အအ ကြည့်နေသည်။

" နင်နောက်နေတာလား။ နင့်ကိုယ်နင် အာဏာရှင်လို့ ထင်နေလား။ လက်ဖျောက်လေးတီးလိုက်တာနဲ့ ပျောက်ကွယ်သွားမယ်လို့လေ "

ဘယ်လိုလုပ်ပြီး ဒီအတိုင်း ပျောက်ကွယ်သွားနိုင်မှာလဲ။

" ဒါဆိုလည်း ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ "

ယဲ့ဖန်က သူမ၏ မျက်နှာလေးကို ပုတ်လိုက်သည်။

ထိုအချိန်တွင် ချန်းရွှမ်ကသည် ကုလားထိုင်တွင် ထိုင်နေပြီး သူက စားပွဲပေါ်တွင် ထိုင်နေသည်။

ဒီရှုထောင့်ကနေ ချန်းရွှမ်ကို အပေါ်ကနေ ငုံ့ကြည့်နေသည်။

သူမက အနက်ရောင် ရုံးယူနီဖောင်းကို ၀တ်ဆင်ထားပြီး လှပတဲ့ အနက်ရောင်အသားကပ်ခြေတံရှည်များ ရှိနေသည်။ သူမက လက်ရှိမှာ အလွန်ကို ဆွဲဆောင်မှုရှိနေလေသည်။

" အစ်မရွှမ်၊ အခု ကျွန်တော် စားသောက်ဆိုင်မှာ လုပ်စရာတစ်ခုရှိသေးတာကို မှတ်မိလိုက်တယ် ........ "

ချန်းရွှမ်က သူ့ရဲ့ စူးစူးဝါးဝါး အကြည့်ကို တွေ့လိုက်တဲ့အခါ သူ့စကားရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ။

သူမ၏ လှပတဲ့ မျက်နှာလေးက ချက်ချင်း နီရဲလာသည်။

" နောက်နေတာကို ရပ်လိုက်။ ငါတို့က ရုံးမှာလေ။ တစ်ယောက်ယောက်က ငါတို့ကိုမြင်သွားရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန်၏ လက်ချောင်းများက သူမ၏ အနီရောင်နှုတ်ခမ်းများပေါ်တွင် ပွတ်တိုက်သွားသည်။

" ဒါဆိုလည်း အေးအေးဆေးဆေးနဲ့ တိုးတိုးလေးပဲ ပြည်တွင်းစစ်ပွဲ လုပ်ကြရအောင် "

" ကျွန်တော် သူရဲကောင်းမဖြစ်ချင်ပါဘူး "

ချန်းရွှမ်က ချက်ချင်း ငြင်းလိုက်သည်။

ဒါပေမယ့် ယဲ့ဖန်က ရှင်းပြမနေတော့ဘဲ သူမ ဆံပင်တွေကို ဆုပ်ကိုင်လိုက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးဝင်လာသည်။

လင်းယွမ်အိမ်ခြံမြေ အစည်းအဝေးခန်းထဲတွင်။

အထက်အရာရှိတွေ စုဝေးပြီးနေပြီဖြစ်သည်။

" ဒါရိုက်တာကျန်း၊ ဘာလို့ ဥက္ကဌချန်းက မလာသေးတာလဲ "

" ဟုတ်တယ် အစည်းအဝေးလုပ်မယ်လို့ ပြောထားတာမဟုတ်ဘူးလား။ ငါတို့စောင့်နေတာကြာပြီကို သူမက ဘာလို့ ဒီကို မရောက်လာသေးတာလဲ "

" မြန်မြန် လာခိုင်းလိုက်။ တစ်ခုခုဖြစ်နေတာများလား "

အားလုံးက ကျန်းယုံထင်းကို လှည့်ကြည့်လိုက်သည်။

" ကျွန်မ သွားကြည့်လိုက်မယ် "

ကျန်းယုံထင်းသည်လည်း ထပြီး ချန်းရွှမ်၏ရုံးခန်းဆီသို့ လျှောက်သွားတော့သည်။

သူမ တံခါးခေါက်သော်လည်း အသံပြန်မလာပေ။

" အစ်မရွှမ်၊ အထဲမှာလား "

တုံ့ပြန်မှု မရှိသေးပေ။

သူမ အနည်းငယ် နားမလည်ဖြစ်သွားခဲ့သည်။ အစ်မ အိပ်ပျော်သွားတာလား။

အဲ့လိုတွေးပြီး တံခါးကို ချက်ချင်းတွန်းဖွင့် ဝင်လိုက်သည်။

ထို့နောက် နှစ်ယောက်သား အမြန် လူခွဲသွားသည်ကို သူမ မြင်လိုက်ရသည်။

ယဲ့ဖန်က နောက်ကျောပေးထားကာ စားပွဲပေါ်တွင် ထိုင်နေသည်။

ချန်းရွှမ်က ပါးစပ်ကို တင်းတင်းစေ့ထားပြီး သူမ၏ လှပတဲ့ မျက်လုံးလေးများက ထိတ်လန့်မှုဖြင့် ပြည့်နေသည်။

ကျန်းယုံထင်းက သံသယများနေသော်လည်း သူမက ဘာမှမဖြစ်ခဲ့သလို ချက်ချင်းဟန်ဆောင်ကာ လမ်းလျှောက်သွားခဲ့သည်။

" အစ်မရွှမ်၊ အားလုံးက အစည်းအဝေးခန်းထဲ ရောက်နေပြီ။ သူတို့အားလုံးက စောင့်နေကြတယ် "

" အွန်း "

ချန်းရွှမ်က ခေါင်းငြိမ့် သဘောတူပြီး အွန်းခနဲ အသံပြုရုံကလွဲလို့ ဘာမှမပြောပေ။

" နေမကောင်းဘူးလား။ အစ်မကို ဆေးရုံပို့ပေးဖို့ လိုသေးလား "

ကျန်းယုံထင်းက သူမ၏မျက်နှာ နီရဲလာသည်ကို မြင်လိုက်ရပြီး ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

" ဟွန့်အွန်း "

ချန်းရွှမ်က ခေါင်းခါငြင်းလိုက်ပြီး စကားမပြောသေးပေ။

" ဒါဆို အစည်းအဝေးလုပ်ရမှာလား "

ကျန်းယုံထင်းက ဆက်မေးသည်။

" အွန်း၊ ဟွန့်အွန်း .... "

ချန်းရွှမ်က အရင် ခေါင်းငြိမ့်လိုက်ပြီး ခေါင်းပြန်ယမ်းလိုက်သည်။

" လုပ်မှာလား၊ မလုပ်ဘူးလား။ အစ်မပါးစပ်ထဲမှာ ဘာရှိလို့လဲ။ စကားမပြောနိုင်ဘူးလား "

ကျန်းယုံထင်းကလည်း နှိုက်နှိုက်ချွတ်ချွတ်ကို မေးနေလေသည်။

ယဲ့ဖန် သည်းမခံနိုင်တော့ပေ။ သူမကို အမြန်တားလိုက်သည်။

" အစ်မရွှမ်က .... ဖုရှန်းဆောက်လုပ်ရေးပစ္စည်းဘက်ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားပြီ "

" အိုး ဒါဆိုလည်း ကောင်းပါပြီ "

ကျန်းယုံထင်းက ချက်ချင်းလှည့်၍ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

လှည့်ထွက်လိုက်တော့ သူမမျက်နှာက နားရွက်ထိ နီရဲနေပြီဖြစ်သည်။

ဘယ်လောက်ပဲ ရူးမိုက်နေပါစေ သူမ တစ်စုံတစ်ခုကို နားလည်လိုက်သည်။

ဒီနှစ်ယောက်က တကယ်ပါဘဲ။

အရှင်ဘုရား ကျွန်မကို ဘာလို့ ဒါကြီး မြင်ခိုင်းရတာလဲ။

............

ကျန်းယုံထင်းထွက်သွားမှ ချန်းရွှမ်က တစ်ရှူးယူကာ ရုံးခန်းအိမ်သာထဲသို့ ပြေးသွားတော့သည်။

ခဏကြာပြီးနောက် ပြန်ထွက်လာခဲ့သည်။

" ယဲ့ဖန်၊ နင် အကျင့်မကောင်းတဲ့ကောင်စုတ်ကြီး။ နင့်ကို မုန်းတယ် ....... "

သူမ၏ ရှက်စရာကောင်းမှုကို တွေးလိုက်မိတဲ့အခါ မှားသွားသလို ခံစားလိုက်ရပြီး မျက်လုံးတွေ နီရဲလာတော့သည်။

ယဲ့ဖန်က ရယ်ချင်တာကို ထိန်းလိုက်သည်။

" မမျှော်လင့်ထားဘူးလေ ... သူက ရုတ်တရက်ကြီး ဝင်သွားလိမ့်မယ်လို့ "

" နင် ရယ်နေသေးတာလား။ ငါကတော့ အနာဂတ်မှာ တခြားသူတွေနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရတော့မလဲ "

ချန်းရွှမ်က စကားပြောလေလေ ဒေါသဖြစ်လေလေဖြစ်သည်။

သူမ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာတော့သည်။

" လူတွေကို မျက်နှာချင်းမဆိုင်ရဲရင် မဆိုင်နဲ့။ အစ်မ အိမ်မှာပဲနေပါ။ ကျွန်တော်က အစ်မက ထောက်ပံ့ဖို့ မတတ်နိုင်မှာ စိုးရိမ်နေတာလား "

ယဲ့ဖန်က လုံးဝမရှက်ပေ။

" နင်… အခုကစပြီး ငါ့ကို တစ်လလုံးထိဖို့ မစဉ်းစားနဲ့ "

အပြင်းထန်ဆုံးသော ပြစ်ဒဏ်ပေးကာ ချန်းရွှမ်၏ မျက်နှာထားက အေးစက်နေသည်။

" မဟုတ်သေးပါဘူး။ ကျွန်တော့်ကို မုဆိုးဖိုအဖြစ် တစ်လလုပ်ခိုင်းနေတာလား။ မင်းက ရက်စက်လွန်းတယ် "

ယဲ့ဖန်က စိုးရိမ်သွားခဲ့သည်။

" ရက်စက်တာမဟုတ်ဘူး။ ငါ နင့်ကို သင်ခန်းစာတစ်ခုလောက် သင်ပေးချင်တာ "

" ဒါကို ကိုယ်တို့ ဆွေးနွေးလို့ ရဦးမလား။ ပြစ်ဒဏ်က နှစ်ရက်၊ အနည်းဆုံး သုံးရက်ဆိုရင် လုံလောက်ပါတယ် "

" တစ်လခွဲ "

" ငါးရက်လောက်ဆို လုံလောက်ပြီမဟုတ်လား "

" အနည်းဆုံး ဆယ်ရက် "

" နောက်တစ်လှမ်းဆုတ်ပေးမယ်။ တစ်ပတ်။ ဒါက နောက်ဆုံးလျှော့ပေးနိုင်တာပဲ ........ "

အပိုင်း ( ၅၀၄ )

တိုက်ဖွန်းက နီးလာပြီ၊ ယန်းချန်က အန္တရာယ်များလွန်းတယ်

" ငါတို့ ဘယ်သွားမလို့လဲ "

နောက်နေ့မနက်စောစောမှာ ယဲ့ဖန်က ချန်းရွှမ်ကို ကားထဲဆွဲသွင်းပြီး တလမ်းလုံးမောင်းသွားခဲ့သည်။

" ပြပွဲတစ်ခု လုပ်မလို့ "

ယဲ့ဖန်က သူမကို ထူးဆန်းစွာ ပြုံးပြဟန်ဆောင်သည်။

" သရုပ်ဆောင်မှာလား။ နင်က သရုပ်ဆောင်ဖြစ်ချင်လို့လား "

ချန်းရွှမ် အံ့သြသွားသည်။

" ကျွန်တော်က သရုပ်ဆောင်ထက် ဒါရိုက်တာဖြစ်ချင်တာ "

ယဲ့ဖန်က ထူးထူးခြားခြား ပြုံးပြီး စကားဆက်မပြောတော့ပေ။

သူက ကားကို အလွန်လျင်မြန်စွာ မောင်းနှင်ခဲ့ပြီး တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်ခဲ့သည်။

အမြန်လမ်းမကြီးပေါ်ရှိ ကားများကို တစ်စီးပြီးတစ်စီး ကျော်တက်သွားခဲ့သည်။

ကားက မြန်မြန်ဆန်ဆန်ကြီးကို ရွေ့လျားနေပေမယ့် ကားထဲမှာ အဆင်မပြေမှု မရှိခဲ့ပေ။

ချန်းရွှမ်က သူ့ကားထဲတွင် ထိုင်လေ့ရှိသော်လည်း သူမ အနည်းငယ် ကြောက်ရွံ့နေသေးသည်။

နှစ်နာရီကြာအောင် ကားမောင်းပြီးတဲ့နောက် ယဲ့ဖန်က နောက်ဆုံးမှာ အဝေးပြေးလမ်းမကြီးမှ ဆင်းလာခဲ့သည်။

ချန်းရွှမ်က " ယန်းချန့်မြို့မှ ကြိုဆိုပါ၏ "ဆိုတဲ့ ဆိုင်းဘုတ်ကို တိုးဂိတ်မှာ တွေ့လိုက်ရတဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်

" ငါတို့ ဘာလို့ ယန်းချန်ကို လာတာလဲ "

" ထန်ဖုရှန်းကိုတွေ့ဖို့ "

ယဲ့ဖန်က အမှုမဲ့အမှတ်မဲ့ ပြန်ဖြေလေသည်။

" ဘာလို့ သူ့ကို သွားတွေ့မှာလဲ "

" ဒါပေါ့၊ ကျွန်တော်က သူ့ကို လင်းယွမ်အိမ်ခြံမြေကို လွှတ်ပေးပါလို့ တောင်းပန်မလို့ "

" ဒါက မင်းရလာတဲ့ အဖြေလား "

" ဟုတ်တယ်၊ အံ့သြစရာ မကောင်းဘူးလား "

" ကားရပ်လိုက် "

" ဘာမှားလို့လဲ "

ယဲ့ဖန်က အဖြေကို သိသော်လည်း မေးလိုက်သည်။

" နင်က ငါ့ကောင်လေးလေ။ လင်းယွမ်အိမ်ခြံမြေက ဒေဝါလီခံသွားခဲ့ရရင်တောင် နင့်ကို တခြားသူတွေဆီမှာ ဦးညွတ်ခွင့်မပြုနိုင်ဘူး "

ချန်းရွှမ်က သူ့ကို တည့်တည့်ကြီး မျက်နှာမူပြီး လေးလေးနက်နက် ကြည့်နေသည်။

ယဲ့ဖန် သူမကြောင့် သဘောတကျဖြစ်သွားရသည်။

" ကိုယ်က နောက်နေတာပါ။ ထန်ဖုရှန်းက ကိုယ့်ကို ဦးညွှတ်ခိုင်းဖို့လောက်ထိ မထိုက်တန်ဘူး "

ချန်းရွှမ်က အံ့အားသင့်သွားသည်။

" ဒါဆို နင် ဘာလို့ သူ့ကို သွားတွေ့မှာလဲ "

ယဲ့ဖန်က သူမ၏ ချောမွေ့နေတဲ့ မျက်နှာလေးကို ပွတ်သပ်လိုက်သည်။

" ကိုယ်ပြောပြီးပြီလေ၊ ကိုယ်ရှင်းပါမယ်ဆိုတာကို မင်းက ဘာလို့ဒီလောက်မေးခွန်းတွေ မေးနေသေးရတာလဲ။ ဒီနေ့ပဲ ပွဲပဲထိုင်ကြည့် "

ယဲ့ဖန်က လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေသည်ကို မြင်လိုက်ရပြီး ချန်းရွှမ် နှုတ်ခမ်းစူလိုက်မိသည်။

ဒါပေမယ့် သူမက တခြားဘာမှ မပြောခဲ့ပေ။

ထန်ဖုရှန်းကို မတောင်းဆိုသရွေ့ အားလုံးအဆင်ပြေလေသည်။

............................

အခြားတစ်ဖက်၊ ဖုရှန်းဆောက်လုပ်ရေးပစ္စည်းရုံးခန်းအဆောက်အအုံ။

" ဝေ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ အိမ်ဆောက်ပစ္စည်းအစုံကို လူကြီးမင်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီ အချိန်မီ အရောက်ပို့ပေးမယ်လို့ အာမခံပါတယ် ...... "

ထန်ဖုရှန်းက စိတ်ဓာတ်ပြင်းပြစွာဖြင့် ဖုရှန်း ဆောက်လုပ်ရေးပစ္စည်း ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

မကြာသေးမီက သူက ဝေ့ချန်းဖန်း၏ ခြေသလုံးကို ဖက်မိကာ ယန်းချန်မြို့တွင် ဟိုထောင်ထောက် ဒီထောင်ထောင် ဖြစ်လာသည်။

သူနဲ့ ပူးပေါင်းချင်သူတွေက တန်းစီနေရသည်။

နောက်ဆုံးတွင် သူက မိုးခေါ်နိုင်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။

လမ်းလျှောက်တဲ့အခါမှာတောင် မြောက်ကြွကြွဖြစ်နေသည်။

သူက ဝေ့ချန်းဖန်းနဲ့ ဖုန်းပြောပြီး၍ ကားပေါ်တက်ဖို့ ပြင်လိုက်သည်။

ထိုအချိန်မှာပဲ ရုတ်တရက် သူ့အနောက်မှ ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

" ထန်လူကြီးမင်း၊ ခဏစောင့်ပါဦး "

ထန်ဖုရှန်း လှည့်ကြည့်လိုက်တဲ့အခါ ယဲ့ဖန်နှင့် ချန်းရွှမ်တို့ အမြန်လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

" ယဲ့ဖန်လား။ မင်း ဘာလို့ဒီကို ရောက်နေတာလဲ "

သူ့မျက်လုံးတွေက သံသယတွေနဲ့ ပြည့်နေလေသည်။

ယဲ့ဖန်က ညှိုးငယ်စွာ ပြုံးပြလိုက်သည်။

" ထန်လူကြီးမင်းက သိသာနေတာကို မေးနေပြန်ပါပြီ။ လူကြီးမင်းက လင်းယွမ်ရဲ့ ဆောက်လုပ်ရေးပစ္စည်း ဝယ်ယူတာတွေကို ပိတ်ပင်ထားတော့ အခု လင်းယွမ်အိမ်ခြံမြေဘက်က ရိက္ခာကုန်နေပါပြီ။ ကျွန်တော်တို့အားလုံးက သေမှာကို စိုးရိမ်နေကြရတာ "

ချန်းရွှမ်က ထူးဆန်းတဲ့ အမူအရာဖြင့် ယဲ့ဖန်၏ ဖျော်ဖြေမှုကို ကြည့်ရှုခဲ့သည်။

ဒီကောင်လေးရဲ့ သရုပ်ဆောင်မှုစွမ်းရည်က တကယ်ကောင်းလေသည်။

ယဲ့ဖန်၏ မကောင်းတဲ့ အကြံအစည်ကို သူမ ကြိုမသိခဲ့လျှင် သူမပါ လှည့်စားခံရပေလိမ့်မည်။

ထန်ဖုရှန်းက ချက်ချင်း ရယ်မောလိုက်သည်။

" ဒါဆို မင်းဘယ်လိုကြောက်ရမယ်ဆိုတာ သိပြီလား။ မင်းက အရမ်းမောက်မာလို့ မင်းမျက်လုံးထဲမှာ ဘယ်သူ့ကိုမှ မမြင်ခဲ့ဘူးလေ "

ယဲ့ဖန်က လျင်မြန်စွာ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

" အရင်က ကျွန်တော် မျက်စိကန်းနေပြီး ဥက္ကဌထန်ရဲ့ အစွမ်းအစကို မသိခဲ့ပါဘူး။ ဥက္ကဌထန်က ကျွန်တော်တို့ကို လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် "

ထန်ဖုရှန်းက ခေါင်းကို လှည့်ကာ ချန်းရွှမ်ကို ကြည့်လိုက်သည်။

" မင်းရည်းစားက အသုံးမကျလွန်းဘူးလား။ ငါဘာမှတောင် မလုပ်ရသေးဘူး သူက အမြီးကိုနှံ့ပြီး သနားတောင်းခံနေရပြီလား။ ကြည့်ရတာ မင်းရဲ့အမြင်က သိပ်မကောင်းဘူးထင်တယ် "

ချန်းရွှမ် တစ်ဖက် လှည့်လိုက်သည်။

တကယ်တော့ သူမက သူမ၏သရုပ်ဆောင်စွမ်းရည်က မလုံလောက်ဘဲ ယဲ့ဖန်၏အကြံအစည်ကို ဖျက်ဆီးမိသွားမည်ကို ကြောက်တာဖြစ်သည်။

သို့သော် ထန်ဖုရှန်း၏ မျက်လုံးထဲမှာတော့ အနိုင်ယူလိုစိတ်တွေ တိုးလာရသည်။

သူက ချက်ချင်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" မင်းကို လွှတ်ထားဖို့ဆိုတာက မဖြစ်နိုင်ဘူး ဒါပေမဲ့ ... "

ယဲ့ဖန်က ချက်ချင်း နားစိုက်နေသလို ဟန်ဆောင်လိုက်သည်

" ကျေးဇူးပြုပြီးပြောပါ "

ထန်ဖုရှန်းက ချန်းရွှမ်ကို ညွှန်ပြလိုက်သည်။

" ဒီည အရမ်းအရေးကြီးတဲ့ ဧည့်သည်နဲ့ တွေ့စရာရှိတယ်။ မင်းရဲ့ကောင်မလေးက ငါ့ကို လိုက်ပို့ပေးပြီး သောက်ပေးရမယ်။ ကန့်ကွက်စရာရှိလား "

ယဲ့ဖန်၏ အမူအရာက အေးစက်သွားသည်။

" ဒါက ဝိုင်ကူသောက်ပေးရုံပဲလား "

ထန်ဖုရှန်းက သူ့ရဲ့ ညစ်ညမ်းတဲ့ အတွေးများကို လုံးဝ ဖုံးကွယ်မထားပေ။

" ဟုတ်တယ်၊ သူမူးသွားရင်တော့ ငါ့ သူ့ကို ဟိုတယ်ကို ပြန်ပို့ပေးပြီး ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါ့မယ် ....... "

ယဲ့ဖန်က ဆက်ပြီး သရုပ်ဆောင်လို့မရတော့ပေ။ သူက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။

" ထန်ဖုရှန်း တကယ်တော့ ခင်ဗျားကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးပြီး အသက်ရှင်ခွင့်ပေးဖို့ စဉ်းစားရအောင် ဒီနေ့ ဒီကိုရောက်လာတာ။ ဒါပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ "

ထန်ဖုရှန်းက သူ့စကားကို ကြားလိုက်တဲ့အခါ ချက်ချင်း ရယ်မောလိုက်သည်။

" မင်းက ငါ့ကိုအသက်ရှင်ခွင့်ပေးတာတဲ့လား။ နားကြားများ မှားတာလား။ အခု ဘယ်သူက ဘယ်သူ့ကို တောင်းပန်ရမှာလဲ "

ယဲ့ဖန် ပြုံးလိုက်သည်။

" ခင်ဗျားလို ခွေးရူးတစ်ကောင်ကို သတ်ပစ်ရမယ်။ ရှင်နေဖို့ မျှော်လင့်ချက်ကိုတောင် ပေးလို့မဖြစ်ဘူး "

ထန်ဖုရှန်းက ကြောက်ဟန်ဆောင်လိုက်သည်။

" အားရိုးရိုးရိုး ကြောက်လိုက်တာ။ မင်းငါ့ကို လုံးဝသတ်ပစ်ရမယ်။ ငါ့ကို မျှော်လင့်ချက်လေးတောင် မပေးနဲ့။ ဘာလို့လဲဆိုတော့ ရှင်ဖို့မျှော်လင့်ချက် တဖျပ်ဖျပ်တောက်နေသေးသရွေ့ မင်းကို သေတဲ့အထိ နင်းချေပစ်ဖို့ ငါ နည်းလမ်းရှာပြမယ် "

ယဲ့ဖန် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

" လေးစားပြတာထက် နာခံတာက ပိုကောင်းတယ်။ ဒီနေ့ ခင်ဗျားပြောခဲ့တာတွေကို မှတ်မိနေမယ်လို့ မျှော်လင့်ပါတယ်။ မကြာခင်မှာ ခင်ဗျား နောင်တရလိမ့်မယ် "

ထန်ဖုရှန်းက မထီမဲ့မြင် ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့ ငါလုပ်ခဲ့တာတွေ၊ ပြောခဲ့တာတွေကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး "

သူက စကားပြောရင်း ချန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

" မင်းအပေါ် ငါဘယ်လိုခံစားရလဲ မင်းသိတယ်မလား။ သေသေချာချာ စဉ်းစားပြီး အချိန်မရွေး ဖုန်းဆက်လိုက်ပါ။ ငါ့အိမ်တံခါးက မင်းအတွက် အမြဲပွင့်နေမှာပါ ဟားဟားဟား... "

ပြောပြီးတာနဲ့ သူက ကားပေါ်တက်ပြီး ထွက်သွားလေသည်။

ထိုအချိန်တွင် မိုးကြိုးပစ်သံ အကျယ်ကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

တိမ်မည်းတွေက ကောင်းကင်ကို ဖုံးလွှမ်းသွားကယ လူတွေ အသက်ရှူရခက်သွားသလို ဖြစ်ကုန်သည်။

" တိုင်ဖွန်းမုန်တိုင်း ဝင်လာတော့မယ်။ ယန်းချန်က အရမ်းအန္တရာယ်များတော့ လေမုန်တိုင်းကိုရှောင်ဖို့ ကျုံးဟိုင်ကိုပြန်သွားရမှာပေါ့ " ဟု ယဲ့ဖန်က အဓိပ္ပါယ်နှစ်ခွဖြင့်ပြောလိုက်သည်။

ထို့နောက် ကြောင်အအလေးဖြစ်နေတဲ့ ချန်းရွှမ်ကို ကားထဲသို့ ဆွဲသွင်းပြီး ထွက်သွားလေသည်။

မုန်တိုင်းကြီးတစ်ခုက စတင်တိုက်ခတ်လာတော့သည်။

All Chapters