← Chapters

အပိုင်း ၅၀၅-၅၀၈

Vol. 26 Ch. 505-508

အပိုင်း ၅၀၅-၅၀၈

Vol. 26 Ch. 505-508

အပိုင်း ( ၅၀၅ )

လေရောမိုးရော ယန်းချန်ကို ကျလာနေပြီ

ဝေါ ဝေါ

အပြင်မှာ မိုးရွာပြီး လေထန်နေလေသည်။

သူ့စိတ်ထဲမှာတော့ တခြားမိန်းမတစ်ယောက်ရဲ့ ပုံရိပ်နဲ့ ပြည့်နေသည်။

ငါ သေချာပေါက် မင်းကိုရအောင် ယူပြမယ်။

ထန်ဖုရှန်းက စိတ်ထဲကနေ ကြုံးဝါးလိုက်သည်။

ထိုအချိန်မှာ သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။

ခေါ်ဆိုသူမှာ ဝေ့ချန်းဖန်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် နှောင့်နှေးမနေရဲဘဲ အမြန် ဖုန်းကိုင်လိုက်သည်။

" ထန်ဖုရှန်း မင်းရဲ့ အိမ်ဆောက်ပစ္စည်းတွေ ဘယ်မှာလဲ။ ဘာလို့ ဆံချည်မျှင်တစ်ချောင်းကိုတောင် မမြင်ရသေးတာလဲ "

ဖုန်းချိတ်ဆက်ပြီးသည်နှင့် ဝေ့ချန်းဖန်း၏အသံကို ကြားလိုက်ရသည်။

" ဝေ့လူကြီးမင်း၊ ညနေ ၅ နာရီမထိုးခင် လူကြီးမင်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီ အရောက်ပို့ပေးနိုင်မယ်ဆိုတာ စိတ်ချပါ။ လူကြီးမင်းရဲ့ စီမံကိန်းကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး "

" ညနေ ၅နာရီ ဟုတ်လား။ အခု မနက် ၅နာရီခွဲတောင် ရှိနေပြီ။ မင်းမနိုးသေးဘူးလား "

ဝေ့ချန်းဖန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

" မနက်ငါးနာရီခွဲလား "

ထန်ဖုရှန်းက တစ်ခဏ အံ့အားသင့်သွားကာ အမြန်အချိန်ကို စစ်ဆေးလိုက်သည်။

အမှန်ပင် မနက်ငါးနာရီခွဲနေပြီ ဖြစ်သည်။

နည်းလမ်းတကျပြောရလျှင် ဒီတစ်ခေါက် ဆောက်လုပ်ရေးပစ္စည်းတွေက ရောက်သင့်နေတာ ကြာပြီဖြစ်သည်။

ထန်ဖုရှန်းက ပရောပရည်လုပ်ထားတဲ့ အမျိုးသမီးကို မြေကြီးပေါ် အမြန်တွန်းချလိုက်ပြီး သေသေချာချာ ဖုန်းပြောလေသည်။

" ဝေ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ ကျွန်တော် သယ်ယူပို့ဆောင်ရေးကုမ္ပဏီကို ဖုန်းဆက်ပြီး ဘာတွေဖြစ်နေတာလဲဆိုတာ မေးလိုက်ပါ့မယ် "

" ထန်ဖုရှန်း၊ ငါမင်းကို အလေးပေးလို့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုကို ပေးခဲ့တာ။ မင်း ဒါကို အနှောင့်အယှက်ဖြစ်စေရင် ငါ မင်းကို ခွင့်မလွှတ်ဘူး "

ဝေ့ချန်းဖန်းက ဒေါသတကြီးဖြင့် ဖုန်းကိုချလိုက်သည်။

ထန်ဖုရှန်း ခဏတာ အံ့အားသင့်သွားပြီး ကျန်းဟန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ ဥက္ကဌကောင်းရကျီကို အမြန်ဖုန်းခေါ်လိုက်သည်။

" မင်္ဂလာပါ ဥက္ကဌကောင်း၊ အခု ငါ့ရဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက ဘယ်မှာလဲ"

ဖုန်းဝင်သွားတာနဲ့ ချက်ချင်း အဓိကအချက်ကို ပြောလိုက်သည် ။

" အိုး... မင်းရဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလား။ ဂိုဒေါင်ထဲမှာလေ "

ကောင်းရကျီ၏ နှေးကွေးနေတဲ့ အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

" ဂိုဒေါင်လား။ ဘယ်ဂိုဒေါင်လဲ "

ထန်ဖုရှန်းက ကမန်းကတန်း မေးလိုက်သည်။

" အဲ့တာတွေက ယန်းချန်ဂိုဒေါင်ထဲမှာ ရှိနေတုန်းပဲ။ ဒီနေ့ တိုင်ဖွန်းမုန်တိုင်းဖြစ်လို့ သယ်ဖို့ မဖြစ်နိုင်ဘူး .... "

ကောင်းရကျီ၏စကား အဆုံးမသတ်မီ ထန်ဖုရှန်းက တုန်လှုပ်ခြောက်ခြားစွာ ထရပ်လိုက်သည်။

" ဘာပြောလိုက်တာလဲ။ ပစ္စည်းတွေက ယန်းချန်မှာရှိတဲ့ ဂိုဒေါင်ထဲမှာလား။ ဥက္ကဌကောင်း၊ ငါနဲ့ ကစားမနေပါနဲ့။ ဒီနေ့ ညနေ ၅ နာရီမတိုင်ခင် ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ ဖုမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပို့ပေးဖို့ သဘောတူခဲ့တာ မဟုတ်ဘူးလား "

" သူဌေးထန် မင်းနားလည်ရမယ်။ ဒီရာသီဥတုမှာ ဘယ်လို သယ်သွားပေးရမှာလဲ။ မနက်ဖြန် ရာသီဥတု ပိုကောင်းလာတဲ့အခါ ငါ မင်းပစ္စည်းတွေကို သေချာ ပို့ပေးလိုက်မယ် "

" မနက်ဖြန်လား။ မင်း ငါ့ကိုနောက်နေတာလား။ ဒီနေ့မပို့ရင် ဝေ့လူကြီးမင်းက ငါ့ကိုသတ်မှာ။ ဘာပဲဖြစ်ဖြစ် ဒီည ဖုမြို့က လုပ်ငန်းခွင်ဆီ ဆောက်လုပ်ရေးပစ္စည်းတွေကို ပို့ပေးရမယ် "

" သူဌေးထန်၊ မင်းငါ့ကိုသတ်ရင်တောင် မင်း အဲ့လိုလုပ်လို့မရဘူး။ ဂိုဒေါင်ထဲက ပစ္စည်းတွေကို ရွှေ့ပြီး အခု ကားပေါ်တင် သယ်ပြီး လွှတ်လိုက်ရင်တောင် ဒီည ရောက်နိုင်မှာ မဟုတ်ဘူး "

" ငါ… "

ထန်ဖုရှန်းက အနည်းငယ် စိတ်လွတ်သွားသည်။

" အခု ယန်းချန်မှာရှိတဲ့ ဂိုဒေါင်ကို သွားလိုက်။ ငါ မင်းနဲ့ မျက်နှာချင်းဆိုင် စကားပြောရမယ် "

ဖုန်းချပြီးတာနဲ့ သူ့အဝတ်အစားတွေကို အမြန်ဝတ်လိုက်သည်။

ထန်ဖုရှန်းက အရက်တွေတွေ အများကြီးသောက်ထားတာကြောင့် အနည်းငယ် အားနည်းနေသေးသည်။

သို့သော် အခုအချိန်မှာ သူ အဲ့တာတွေကို ဂရုမစိုက်နိုင်ပေ။ သူက ချက်ချင်း ထွက်သွားခဲ့သည်။

အပြင်ဘက်မှ မိုးတွေလေတွေက အရမ်းကြောက်းရာကောင်းနေသည်။ လမ်းဘေးရှိ ခြံစည်းရိုးများ နှင့် စက်ဘီးများက လွင့်ထွက်ကုန်သည်။

သို့သော် ထန်ဖုရှန်းက ရာသီဥတုကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း ကားမောင်းထွက်သွားသည်။

ယန်းချန်က ဂိုဒေါင်ထဲသို့ အမြန်သွားလိုက်သောအခါ ဂိုဒေါင်ထဲမှာ ဆောက်လုပ်ရေးပစ္စည်းများ စုပုံနေသည်ကို တွေ့လိုက်ရသည်။

ထန်ဖုရှန်း မူးဝေပြီး လဲကျတော့မည်ဟုပင် ခံစားခဲ့ရသည်။

ထိုအချိန်တွင် ကောင်းရကျီသည်လည်း မိုးကာအင်္ကျီကို ၀တ်ထားကာ ဘေးမှာ ရပ်နေသည်။

" သူဌေးထန်၊ မင်းမြင်တဲ့အတိုင်းပဲ အခု မုန်တိုင်းက အရမ်းပြင်းတယ်။ အဝေးပြေးလမ်းကို ပိတ်ဆို့ထားတော့ ကုန်တင်ကားတွေက လုံးဝ ပြေးဆွဲလို့ မရဘူး "

ထန်ဖုရှန်းက ကောင်းရကျီ၏လက်ကို အသက်ကယ်ကောက်ရိုးတစ်မျှင်ဆွဲလိုက်သကဲ့သို့ အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။

" တကယ်လို့ ငါတို့ အဝေးပြေးလမ်းမပေါ် မပြေးနိုင်ရင်တောင် လမ်းသေးသေးလေးကနေ စီးခွင့်ပေးရင် သူတို့ကို လစာ နှစ်ဆ ပေးမယ်… မဟုတ်ဘူး၊ သုံးဆ "

ကောင်းရကျီက သူ့လက်ကို တွန်းထုတ်လိုက်သည်။

" ဒါက လစာနဲ့မဆိုင်ဘူး။ လမ်းက အရမ်းအန္တရာယ်များတယ်။ တစ်ခုခုဖြစ်သွားရင် ငါလည်း တာဝန်မခံနိုင်ဘူး "

ထန်ဖုရှန်း လုံးလုံး ပြိုလဲသွားပြီး အော်လိုက်သည်။

" ငါ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီည ဆောက်လုပ်ရေးပစ္စည်းတွေကို ပို့ပေးရမယ်။ မဟုတ်ရင် မင်းတို့ဘက်က စာချုပ်ကို ချိုးဖောက်နေတာ "

ကောင်းရကျီ၏ မျက်နှာက မည်းမှောင်သွားသည်။

" ဒါဆို မင်းငါ့ကို တရားစွဲလို့ရတယ်။ ငါတို့ စာချုပ်မှာ ရာသီဥတု၊ လမ်းအခြေအနေနဲ့ အခြား လူမဟုတ်တဲ့ အကြောင်းအရင်းတွေကြောင့် ကုန်ပစ္စည်းများ အချိန်မီ မပို့ဆောင်နိုင်ရင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဘက်က ဘာတာဝန်မှ ယူပေးမည်မဟုတ်ကြောင်း ငါတို့ စာချုပ်မှာ ဖော်ပြထားတယ် "

ထန်ဖုရှန်းသည် ခဏတာ ထိတ်လန့်သွားပြီး ရုတ်တရက် မြေပြင်ပေါ်မှာ ဒူးထောက်လိုက်သည်။

" ဥက္ကဌကောင်း၊ ငါမင်းကို တောင်းပန်ပါတယ်။ မင်း ငါ့ကိုကူညီရမယ်။ ဒီအကျပ်အတည်းကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးသရွေ့ မင်းကို ငါ့ရဲ့ ကယ်တင်ရှင်အဖြစ် သတ်မှတ်ပြီး ငါ မင်းကို သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် "

ကောင်းရကျီ၏ မျက်လုံးမှာ သနားခြင်းအရိပ်အယောင် တစ်စက်မျှမရှိချေ။

" တောင်းပန်ပါတယ်၊ ငါ့ညီအစ်ကိုတွေရဲ့ အသက်ကို မစွန့်စားနိုင်ဘူး။ ဒီအိမ်ဆောက်ပစ္စည်းတွေကို သယ်ချင်ရင် လေနဲ့မိုး မရပ်မချင်း စောင့်ရမှာပေါ့ "

ထိုစကားကို ပြောပြီးနောက် ပြတ်ပြတ်သားသား လှည့်ထွက်သွားခဲ့သည်။

ထန်ဖုရှန်း မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွား

ရသည်။

သူ့စိတ်တွေ ဗလာဖြစ်ပြီး ဘာလုပ်ရမှန်းမသိတော့ပေ။

ထိုအချိန်မှာ သူ့ဖုန်းက ထပ်မြည်လာသည်။

အဲ့တာက ဝေ့ချန်းဖန်းဖြစ်သည်။

တုန်တုန်ယင်ယင်ဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် တစ်ဖက်မှ ဒေါသတကြီး ဟောက်သံက ချက်ချင်း ထွက်ပေါ်လာသည်။

" ထန်ဖုရှန်း၊ အဲ့ဒီ ဆောက်လုပ်ရေးပစ္စည်းတွေ ဘာဖြစ်သွားပြီလဲ။ ကျွန်တော့် ဆောက်လုပ်ရေး လုပ်ငန်းခွင်က ပိတ်ခံရတော့မယ်။ ဒီလို အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းခွင် ဆုံးရှုံးမှုက တစ်ရက်ကို ၁၀ သန်းအထိ မြင့်မားတယ်။ မင်း အဲ့ဒီတာဝန်ကို ယူနိုင်လား "

ထန်ဖုရှန်း သူ့ပါးစပ်ကို ကြိုးစားဟလိုက်သည်။

" လူကြီးမင်း မုန်တိုင်းကြောင့် သူတို့က မသယ်နိုင်ဘူးလို့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ပြောပါတယ်။ မုန်တိုင်းရပ်မှပဲ ပို့ပေးနိုင်မှာပါတဲ့ "

" ခွေးမသား၊ ဒီမုန်တိုင်းက ဘယ်တော့ ရပ်သွားမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဆယ်ရက်၊ ဒါမှမဟုတ် တစ်လခွဲအတွင်း မရပ်ဘူးဆိုရင် ငါက ထိုင်စောင့်နေရမှာလား။ ဒါဆို ငါ့ဆုံးရှုံးမှုအတွက် ဘယ်သူက တာဝန်ယူမှာလဲ "

ဝေ့ချန်းဖန်း ဘယ်လောက် ဒေါသထွက်နေသည်ကို တွေးကြည့်နိုင်သည်။

သူ့ရှေ့မှာရှိနေရင် သူ့ကို လည်ပင်းထညှစ်သတ်နိုင်လေသည်။

ထန်ဖုရှန်း လုံးဝ လဲကျသွားရသည်။

" ဝေ့လူကြီးမင်း၊ ကျွန်တော့်ကို .... အတင်းဖိအား မပေးပါနဲ့တော့။ ကျွန်တော့်မှာလည်း ရွေးချယ်စရာမရှိဘူး ...... "

အပိုင်း ( ၅၀၆ )

ငါမင်းကို တောက်ပတဲ့လမ်းကြောင်းဆီ လမ်းညွှန်ပေးမယ်

ဝေ့ချန်းဖန်း ဖုန်းချလိုက်ကာ ဆိုဖာပေါ်၌ ထိုင်ငေးနေမိသည်။

ပုံမှန်အားဖြင့် သူ့ထံ၌ လုပ်ရည်ကိုင်ရည် ရှိပါသော်လည်း ဒီတစ်ကြိမ်တွင်တော့ သူလုံးဝပျာယာခတ်နေမိသည်။

ထန်ဖုရှန်းရဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက မပို့ပေးနိုင်တော့ဘူးဆိုတော့ ဒီပရော့ဂျက်ကို ဘယ်လိုလုပ်ရမှာလဲ။

ဒီပရောဂျက်က ယန်းချန်၏ အဓိကပရော့ဂျက်ဖြစ်သည်။

ထိုအချိန်တုန်းက ဒီပရော့ဂျက်ကိုရဖို့အတွက် ချန်းဖန် အိမ်ခြံမြေမှာ အများကြီး ကျော်ဖြတ်ခဲ့ရပြီး ညစ်ပတ်တဲ့နည်း‌မျိုးစုံကို လည်း သုံးခဲ့ရသည်။

ဒီပရော့ဂျက်ကိုရဖို့မလွယ်ကူခဲ့တာကို အခုတော့ ဒီသို့ဖြစ်လာလေသည်။

ကုမ္ပဏီကိုသူဘယ်လို ပြန်ရှင်းပြရမှာလဲ။

တကယ်တော့ သူကသာလျှင် အကုန်လုံးနဲ့ ဆန့်ကျင်ပြီး ထန်ဖုရှန်းကို ထောက်ပံ့သူ အဖြစ် ရွေးချယ်ခဲ့တာဖြစ်သည်။ ထို့ကြောင့် ဖြစ်လာသမျှအကျိုးဆက်ကို သူခံယူရမည်။

သူတန်ပြန်ရေးအစီအစဉ်ကို တွေးနေစဉ်မှာပဲ ရုတ်တရက် ဖုန်းမြည်လာသည်။

ဖုန်းခေါ်ဆိုသူမှာ ထန်းယွဲ့ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီ၏ ဥက္ကဌဟော်ချီကျိန်း ဖြစ်သည်။

ထန်းယွဲ့ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီဟာ ယခင်က ချန်းဖန်အိမ်ခြံမြေ၏ ထောက်ပံ့သူဟောင်း ဖြစ်ခဲ့ဖူးသည်။

ထန်ဖုရှန်းနှင့် စီးပွားရေးပြောင်းလုပ်ရန်အတွက် သူက ထန်းယွဲ့ဆောက်လုပ်ရေး ပစ္စည်းကုမ္ပဏီနှင့် စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်သည်။

ယခု ဟော်ချီကျိန်း ဘာကြောင့် ဖုန်းခေါ်လာရသလဲဆိုတာ သူ မသိပေ။

သူပဟေဠိဖြစ်နေသော်လည်း ဖုန်းကိုင်လိုက်သည်။

“ဟယ်လို၊ ဝေ့လူကြီးမင်း၊ ကျွန်တော် နှောင့်ယှက်မိသွားလား။”

ဖုန်းတစ်ဖက်မှ ဟော်ချီကျိန်း၏အသံ ထွက်ပေါ်လာသည်။

“ကိစ္စရှိလို့လား။”

ဝေ့ချန်းဖန်း မှာ စိတ်အခြေအနေ ကောင်းမနေတာကြောင့် လေသံကလည်း သိပ်ကောင်းမနေပေ။

“လူကြီးမင်း ထန်ဖုရှန်း ဆီကမှာတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ပြဿနာ တက်တယ်လို့ကြားထားတယ်။ သူအချိန်မီ ပစ္စည်းမပို့ပေးနိုင်တာမလား။”

ဟော်ချီကျိန်း ၏အသံမှာ တစ်ဖက်သူ ကံ‌မကောင်းသည်အား ပျော်နေသလိုပင်။

ဝေ့ချန်းဖန်း အံကြိတ်ကာ ပြန်မေးလိုက်သည်။

“မင်းငါ့ကိုလှောင်ဖို့ ဖုန်းဆက်တာလား။ မင်းနေရာမှာ ထန်ဖုရှန်း ကို အစားထိုးလိုက်တော့ အခုငါက ခါးတဲ့အသီးကို ကိုက်မိသလိုဖြစ်သွားတယ်ပေါ့။”

“ကူညီမယ်။ ဘယ်လိုမျိုးလဲ။”

“အခုကျွန်တော့်လက်ထဲမှာ ဆောက်လုပ်ရေး ပစ္စည်းအသင့်ရှိတယ်။ တကယ်လို့ မင်းလိုချင်တယ်ဆိုရင် အခုချက်ချင်း ပို့ပေးလိုက်မယ်”

ဝေ့ချန်းဖန်း ဆိုဖာပေါ်မှ အလောတကြီး ထရပ်လိုက်မိသည်။

“မင်း တကယ်ပြောတာလား။ ဆောက်လုပ်ရေးပစ္စည်းတွေက ဘယ်မှာလဲ။ ဘယ်တော့ရောက်မှာလဲ။”

“ဖုမြို့က သိုလှောင်ရုံမှာ။ မင်းရဲ့ ဆောက်လုပ်ရေးဆိုက်ကနေဆို ကီလို နှစ်ဆယ်လောက်ဝေးတယ်။ ငါဒီညပို့လိုက်မယ်”

ဟော်ချီကျိန်း ချက်ချင်းပြန်ဖြေလာသည်။

ဒီသတင်းက ဝေ့ချန်းဖန်း အတွက်တော့ တကယ်အံ့အားသင့်စရာပင်။

ရေငတ်ပြီးသေရတော့မယ့်လူတစ်ယောက်ကို ရုတ်တရက်ကြီး ရေတစ်ဇွန်းလောက် ကမ်းပေးလာသလိုပင်။

ဝေ့ချန်းဖန်း ထိုစိတ်လှုပ်ရှားမှုမှ လွှမ်းမိုးမခံပဲ ပြန်မေးလိုက်သည်။

“အဲ့ပစ္စည်းတွေဆို ဘယ်လောက်ကျမလဲ။ အရည်အသွေးကရော စံချိန်မီရဲ့လား။”

“ဝေ့လူကြီးမင်း စိတ်မပူပါနဲ့။ ခင်ဗျား ထန်ဖုရှန်း ဆီက မှာထားသလောက်တော့ ရှိပါတယ်။ ကျွန်တော်တို့လည်း ကုမ္ပဏီကြီး တစ်ခုပါပဲ။ အဲ့လိုကိစ္စမျိုးမလုပ်ပါဘူး။ ပြီးတော့ ဘယ်သူကခင်ဗျားကို အရူးလုပ်ရဲမှာလဲ၊ ဝေ့လူကြီးမင်းရဲ့။”

ဟော်ချီကျိန်း သူ့ကိုချက်ချင်း ဖြေသိမ့်ပေးလိုက်သည်။

ဝေ့ချန်းဖန်း လည်း စိတ်သက်သာရာ ရသွားသည်။

“ဥက္ကဌဟော်၊ ဒီတစ်ခေါက် ခင်ဗျား ကျွန်တော့်ရဲ့အရေးကြီးပြဿနာကို ကူဖြေရှင်းပေးခဲ့တာပဲ။ ကျွန်တော်၊ ဝေ့ချန်းဖန်း ဒီကြင်နာမှုကိုမှတ်ထားပြီး အနာဂတ်မှာပြန်လည်ပေးဆပ်ပါ့မယ်”

ထိုအခါ ဟော်ချီကျိန်း က တခစ်ခစ်ရယ်လာသည်။

“နောက်မှအဲ့အကြောင်းပြောကြတာပေါ့ဗျာ။ ဒီတစ်သုတ်ပစ္စည်းဈေးက…”

ဝေ့ချန်းဖန်း ချက်ချင်း နားလည်လိုက်သည်။

“ဈေးကကိစ္စမရှိပါဘူး။ ပြောသာပြောလိုက်”

“ထန်ဖုရှန်း ရဲ့ ဒီတစ်သုတ်ပစ္စည်းဈေးက သန်းငါးဆယ်လောက်ရှိတယ်လို့ကြားတယ်။ ဒီလိုဆိုရင်ရော။ အရေအတွက်လည်းတူ အရည်အသွေးလည်းတူတူပဲဆိုတော့ ကျွန်တော့်ကို သန်းတစ်ရာတော့ပေး”

“ဘယ်…ဘယ်လောက်။ သန်းတစ်ရာ။ မင်းရူးနေလား။ ပိုက်ဆံလာခိုးနေတာပဲကွ”

တစ်ဖက်လူသည်တောင်းဆိုမှုကိုကြားတော့ ဝေ့ချန်းဖန်း အလွန်ဒေါသထွက်သွားရကာ သွေးအန်လုနီးပါးဖြစ်သွားရသည်။

နှစ်ဆတောင်ဈေးတင်တာကြီးကတော့ သိပ်မများလွန်းဘူးလား။

ဟော်ချီကျိန်း ဘက်မှ အသံထပ်ထွက်လာသည်။

“ဝေ့လူကြီးမင်း၊ မင်းဒါကိုနားလည်ဖို့လိုတယ်။ ပြင်ပလောကက အရမ်းမုန်တိုင်းထန်တာ။ ကျွန်တော်ကလည်း ရှာရခက်တဲ့ ပိုက်ဆံကို ရှာနေရုံပါပဲ”

ဝေ့ချန်းဖန်း အံကြိတ်လိုက်ကာ “မင်းက အမြတ်လာထုတ်နေတာလေ”

ဟော်ချီကျိန်း ၏အသံမှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားရသည်။

“ဒီလိုပြောတာကတော့မဟုတ်သေးဘူးလေ။ ဒီသဘောတူညီမှုအလုပ်မဖြစ်ရင်တောင် ကျွန်တော်ကစေတနာနဲ့ပါ။ ခင်ဗျား မဝယ်ချင်လည်း မဝယ်နဲ့။ ကျွန်တော် ဖုန်းချလိုက်တော့မယ်”

“ခဏလေး”

ဝေ့ချန်းဖန်း သူ့ကိုအမြန်တားလိုက်ရသည်။

“ဟော်ချီကျိန်း ခင်ဗျား သေချာစဉ်းစားနော်။ ကျွန်တော်က အငြှိုးထားတတ်တဲ့လူ။ ခင်ဗျား ဒီနေ့ကျွန်တော့်ကိုယုတ်မာရင် အချိန်ကျလာတဲ့အခါ ကျွန်တော် ခင်‌ဗျားကို အဲ့တိုင်းပြန်လုပ်မှာ”

ဟော်ချီကျိန်း မှာ အကျယ်ကြီး အော်ရယ်မိသွားရသည်။

“ဝေ့လူကြီးမင်း၊ ဒါကဥပဒေနဲ့နေတဲ့ အသိုင်းအဝိုင်းပါ။ တော်တော်လေး ကြောက်ဖို့ကောင်းတယ်နော်”

ဝေ့ချန်းဖန်း အံကြိတ်လိုက်ကာ “ကောင်းပြီလေ၊ အဲ့ပစ္စည်းတွေကို အခုချက်ချင်း ကျွန်တော့်ဆိုက်ကိုပို့လိုက်။ ကျွန်တော်ဝယ်မယ်”

“ကိစ္စမရှိပါဘူး၊ မင်းအရင်ဆုံး သန်းငါးဆယ်ကြိုလွှဲလိုက်။ သိပ်မကြာခင် ပစ္စည်းတွေပို့လိုက်မယ်”

ပြောစရာရှိသည်များပြောပြီးနောက် ဟော်ချီကျိန်း ပျော်ပျော်ကြီး ဖုန်းချလိုက်သည်။

ဝေ့ချန်းဖန်း ဆိုဖာထက်သို့ ဒေါသတကြီး ထိုင်ချလိုက်မိသည်။

ခွေးတွေဆီကနေ အနိုင်ကျင့်ခံရတဲ့ ခံစားချက်ကို သူနောက်ဆုံးတော့ နားလည်သွားပြီ။

သူက ယန်းချန်ရဲ့ခေါ်ဆိုမှုအားလုံးကို ဖြေဆိုရတဲ့ ချန်းဖန် အိမ်ခြံမြေရဲ့ ဥက္ကဌ ဝေ့လူကြီးမင်းဖြစ်ခဲ့တာပင်။

ဒါပေမယ့် အခုတော့ နိုင်ငံတော်ကို အရှက်ရစေမယ့် သဘောတူညီချက်စာချုပ်မှာ အတင်းအကျပ် လက်မှတ်ထိုးဖို့ ဖိအားပေးခံနေရသည်။

ဒါတကယ့်ကိုအရှက်ရမှုကြီးပဲ!

သို့သော် အခြေအနေကပြင်းထန်နေသည်။

သူ့ဘဝကိုကယ်တင်ဖို့ ဒီပစ္စည်းတွေကိုသာ မယူခဲ့ရင် သူ့ရဲ့ဆောက်လုပ်ရေးဆိုဒ်လည်း ရပ်သွားပြီး နေ့စဉ်ဆုံးရှုံးမှုမှာလည်း ယွမ်ဆယ်သန်းအထက်ဖြစ်သွားနိုင်သည်။

ပိုအရေးကြီးသည်မှာ ဒီသတင်းသာ ပြန့်သွားရင် သူတို့ရဲ့ပရော့ဂျက်ကိုလည်း သက်ရောက်မှုအကြီးကြီးရှိလာနိုင်သည်။

ထို့ကြောင့်ရွေးချယ်စရာမရှိတော့ပဲ သဘောတူလိုက်ရသည်။

ဒီကိစ္စကိုဖြေရှင်းပြီးမှ အဲ့သူတောင်းစားနဲ့ စာရင်းရှင်းမယ်။

…

ဟော်ချီကျိန်း အေးစက်စက် အပြုံးတစ်ပွင့်ဖြင့် ဖုန်းချလိုက်သည်။

ထို့နောက် ခေါင်းမော့ကာ သိပ်မဝေးသည့် တစ်နေရာ၌ငိုနေသည့် ထန်ဖုရှန်း အား ကြည့်လိုက်သည်။

နောက်တစ်ခေါက်က မင်းအလှည့်ပဲ။

ထို့နောက် ချက်ချင်း အန္တရာယ်မရှိသည့် အပြုံးပြုံးကာ သူ့ထံလျှောက်သွားလိုက်သည်။

“သူဌေးထန်, ဘာဖြစ်လို့လဲ။ ဘာလို့ မိုးရေကြီးထဲထိုင်ငိုနေတာလဲ။ မင်းကို ဘယ်သူအနိုင်ကျင့်လိုက်လို့လဲ။”

သူ့အသံဟာအနည်းငယ်စိတ်ပျက်နေဟန်ပင်။

သို့သော် ယခု ထန်ဖုရှန်း၏စိတ်အခြေအနေမှာ ၎င်းကို ဂရုမစိုက်နိုင်သေးပေ။ သူချက်ချင်း သူ့လက်ကိုဆွဲကာ ငိုတော့သည်။

“ဖုမြို့ကို ဆောက်လုပ်ရေးပစ္စည်းတွေ ပို့ချင်တာကို ကောင်းရကျီက မုန်တိုင်း အရမ်းပြင်းလို့ ပို့လို့မရဘူးပြောနေတယ်။ ဝေ့လူကြီးမင်းရဲ့ကိစ္စမှာသာ ဝင်ရှုပ်မိရင် ကျွန်တော့်ကုမ္ပဏီရဲ့ အဓိကအခွဲမှာ ပြဿနာ တက်လာနိုင်တယ်။ ကျွန်တော်တော့ သွားပါပြီဗျာ…”

ဟော်ချီကျိန်း မှာ ခေါင်းယမ်းလျက် သက်ပြင်းချလိုက်မိသည်။

ပေါင်နှစ်ရာကျော်ဝတဲ့ ဖုရှန်းဆောက်လုပ်ရေး ကုမ္ပဏီရဲ့ဥက္ကဌက ကလေးတစ်ယောက်လို ငိုနေလိမ့်မယ်လို့ သူ မထင်ထားချေ။

ဒါဆိုလည်း ငါကနတ်သားအဖြစ်နဲ့ မင်းကို ကယ်တင်ပေးရမှာပေါ့။

“သူဌေးထန်၊ ကျွန်တော်မင်းကို လမ်းပြပေးမယ်”

အပိုင်း ( ၅၀၇ )

ငါကမင်းဘဝကို ကယ်တင်ပေးနေတာ

ထန်ဖုရှန်း သူ့စကားကိုကြားတော့ အမြန် ခေါင်းမော့လာသည်။

“ဥက္ကဌဟော်၊ လမ်းပြမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။”

ဟော်ချီကျိန်း သိုလှောင်ရုံထဲမှ ဆောက်လုပ်ရေးပစ္စည်းတွေကို ကြည့်လိုက်သည်။

“ဒီတစ်သုတ်ပစ္စည်းတွေကို ဝေ့လူကြီးမင်း‌ဆီ ပို့လို့မရဘူးဆိုတော့ ဒီမှာဒီတိုင်းထားခဲ့ရမှာပဲ။ ဒါပေမယ့် ခင်ဗျားလည်း သိုလှောင်ရုံခ ပေးရဦးမယ်လေ။ အဲ့တော့ ကျွန်တော့်ကို ရောင်းလိုက်မလား။”

ထန်ဖုရှန်း ၏မျက်လုံးတွေ တောက်ပသွားသည်။

“ခင်ဗျား ဒီပစ္စည်းတွေကို ပြန်ဝယ်မလို့လား။”

ဟော်ချီကျိန်း ခေါင်းညိတ်ပြလိုက်ကာ “ကျွန်တော်တို့အားလုံး ဒီလောကထဲကပဲကို၊ အချင်းချင်းကူညီရမှာပေါ့”

ထန်ဖုရှန်း လည်း အမြန်ထရပ်ကာ သူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လာသည်။

“ဥက္ကဌဟော်၊ မင်းသာ ဒီပစ္စည်းတွေကိုဝယ်ပြီး ကျွန်တော့်ကို ဒီကပ်ဆိုးကလွတ်အောင်ကူညီပေးရင် မင်းက ကျွန်တော့်ရဲ့အကျိုးဆောင်ပါပဲ။ ဒီကြင်နာမှုကို ကျွန်တော်ဘယ်တော့မှ မမေ့ပါဘူး”

ဟော်ချီကျိန်း တိတ်တဆိတ် မျက်လုံးလှိမ့်လိုက်မိသည်။

ဘယ်သူကမင်းရဲ့ကြင်နာမှုကို ဂရုစိုက်နေလို့လဲ။

“သူဌေးထန်စီးပွားရေးကိစ္စပြောရအောင်။ ကျွန်တော် ဒီပစ္စည်းတွေကိုဝယ်မယ်ဆိုပေမယ့် ဈေးက….”

တစ်ဖက်လူဆိုလိုသည်ကို ထန်ဖုရှန်း ချက်ချင်းနားလည်သွားရသည်။

“ကျွန်တော်နားလည်ပြီ။ ဒီတစ်သုတ်ဝင်တဲ့ ပစ္စည်းတန်ကြေးက 55 သန်းရှိတယ်။ ကျွန်တော့်ကို 50 ပဲပေး”

ဟော်ချီကျိန်း နှလုံးသားထဲ၌ လှောင်လိုက်မိသည်။

နည်းနေဦးမယ်။

ဒီလိုအချိန်မျိုးမှာတောင် သူက ငွေရှာချင်နေသေးတာလား။

တကယ်ရိုးသားပြီးချစ်ဖို့ကောင်းတာပဲ။

“သူဌေးထန်ခင်ဗျားအရမ်း မတည်ကြည်လွန်းရာမကျဘူးလား။ ကျွန်တော်က ခင်ဗျားကို တကယ်ကူညီချင်တာကို၊ ခင်ဗျားဘက်က ဒီလိုဆက်လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူး”

တစ်ဖက်သူကိုရန်စလိုက်မိသည်ကိုမြင်တော့ ထန်ဖုရှန်း အမြန်ပြန်ဆွဲလိုက်ရသည်။

“ကျ… ကောင်းပြီဗျာ။ ဒါကို အလကားပဲလို့ သတ်မှတ်လိုက်တော့မယ်။ အရင်းအတိုင်း 45 သန်းနဲ့သာ ယူသွားတော့”

ဟော်ချီကျိန်း ချက်ချင်း လှောင်လိုက်သည်။

“45 သန်း။ ဒါဆို ခင်ဗျားရဲ့အဲ့တာတွေကို အဲ့ဈေးနဲ့ဝယ်မယ့်သူရှိလား ပတ်မေးကြည့်လိုက်”

ထိုသို့ပြောကာ လှည့်ထွက်လာလိုက်သည်။

ထန်ဖုရှန်း သူ့ကိုအမြန်တားလိုက်ရသည်။

“ဒါဆိုဈေးပြောဗျာ။ ခင်ဗျားက ဘယ်လောက်နဲ့လိုချင်တာလဲ။”

ထန်ဖုရှန်း ပစ္စည်းတွေကိုကြည့်ကာ သူ့ကိုပြန်ကြည့်လိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်သည်။

“သန်းနှစ်ဆယ်”

ကံကောင်းစွာနှင့် သူအချိန်မီလေး စိတ်ထိန်းလိုက်နိုင်သည်။

“ဥက္ကဌဟော်၊ ဒီဈေးနဲ့တော့ လာမနောက်ပါနဲ့။ အရင်းတောင် သန်းလေးဆယ်ကျော်တာကို ခင်ဗျားက သန်းနှစ်ဆယ်နဲ့လိုချင်နေတာလား။”

ဟော်ချီကျိန်း ကတော့ တစ်စက်လေးမှ အရှက်ရှိပုံမပေါ်ချေ။ ထိုအစား ပြောလာ၏။

“ဒါဆိုရင်လည်း အခု ခင်ဗျားတို့ ဖုရှန်းဆောက်လုပ်ရေးပစ္စည်း အသက်ဆက်ဖို့ ငွေလိုနေပြီမဟုတ်လား။ ယန်းချန်မှာ ဒီလောက်ပမာဏဝယ်နိုင်မယ့် ကုမ္ပဏီကို လိုက်ရှာကြည့်လိုက်လေ”

ထန်ဖုရှန်း မှာ ဒေါသထွက်လာရကာ အံကြိတ်လိုက်မိသည်။

“မင်းက ငါ‌နေမကောင်းနေတုန်း အသေသတ်ဖို့ ကြံနေတာလား။”

ဟော်ချီကျိန်း ၏မျက်နှာထက်၌ ကြင်နာသော အပြုံးတစ်ပွင့်ရှိနေဆဲပင်။

“အဲ့လိုကြီးတော့ မယူဆလိုက်နဲ့လေ။ ကျွန်တော်က ခင်ဗျားအသက်ကို ကယ်ပေးနေတာ။ အနည်းဆုံးတော့ အသက်ရှူဖို့အပေါက်ချန်ထားပေးပါတယ်”

ထန်ဖုရှန်း နောက်တစ်ကြိမ် ထပ်စဉ်းစားလိုက်ပြီး အံကြိတ်ကာ “နည်းနည်းတော့ပိုပေး၊ ဒါဆို ငါလည်း အများကြီးမရှုံးတော့ဘူး။ မဟုတ်ရင် ကုမ္ပဏီကို ပြန်ရှင်းပြနိုင်မှာမဟုတ်ဘူး”

ဟော်ချီကျိန်း ၏မျက်နှာမည်းသွားရကာ “၁၈ သန်း”

ထန်ဖုရှန်း မှာ အလွန်ဒေါသထွက်လာရတာကြောင့် သွေးအန်လုနီးပါးဖြစ်သွားရသည်။

ဟော်ချီကျိန်း ဟာတော့ အမူအရာမဲ့စွာပင်။

“၁၆သန်း”

ထန်ဖုရှန်း သူ့ကိုအမြန်တားလိုက်ရသည်။

“ကောင်းပြီ၊ သန်းနှစ်ဆယ်။ ငါရောင်းမယ်၊ ရောင်းမယ်၊ ဟုတ်ပြီလား။”

ထိုအခါမှသာ ဟော်ချီကျိန်း ပြုံးလိုက်၏။

“အစောထဲကဒီလိုဆိုပြီးနေပြီ။ သူဌေးထန်ရဲ့ စွမ်းဆောင်ရည်နဲ့ဆို ဒီသန်းနှစ်ဆယ်နဲ့ ပြန်လာနိုင်တယ်မလား”

ထန်ဖုရှန်း အံကြိတ်လိုက်ကာ “ကျေးဇူးပါ၊ ဥက္ကဌဟော်။ ကျွန်တော် ပြန်လာခဲ့ရင် ခင်ဗျားရဲ့ကြင်နာမှုကို သေချာပေါက်ပြန်ပေးဆပ်ပါ့မယ်”

ဟော်ချီကျိန်း ကတော့ သူပြောသည်ကို မကြားချင်ယောင်ဆောင်ကာ အိတ်ထဲမှ စာချုပ်နှစ်စုံထုတ်လိုက်သည်။

“လာ၊ ဒီမှာလက်မှတ်ထိုးလိုက်။ ဥက္ကဌထန်”

ထန်ဖုရှန်း စာချုပ်ကိုတစ်ချက် ဖတ်ကြည့်လိုက်သည်။ သန်းနှစ်ဆယ်ဟု အစောထဲကကြိုရေးထားခဲ့တာဖြစ်သည်

ဒီခွေးကောင်ကတော့ သူ့ကိုဘယ်လို အမြတ်ထုတ်ရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ။

သူ့နှလုံးသားထဲ၌ အမုန်းတရားကို ဖုံးကွယ်လိုက်ကာ ဆက်ဖတ်လိုက်သည်။

“ဆယ်သန်းအရင်ပေးရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘာလို့အကုန်လုံး တစ်ခါထဲမချေတာလဲ။”

သူထိုဟာကွက်ကိုရှာတွေ့သွားကာ ဟော်ချီကျိန်း ကို ကြည့်လိုက်သည်။

ဟော်ချီကျိန်း မှချက်ချင်းရှင်းပြလာ၏။

“ဘာ‌ကြောင့်ဆို ကျွန်တော်ပို့ရမယ့် ကျန်းကျိပေါင်သိုလှောင်ရုံက ဒီကနေ ကီလိုနှစ်ဆယ်ဝေးတယ်။ အဲ့ကို မနက်ဖြန် ညနေငါးနာရီမတိုင်ခင် ပစ္စည်းတွေအကုန် အရောက်ပို့ပေးရမယ်။ ပစ္စည်းတွေရမှ ချက်ချင်း‌ကျန်တဲ့ငွေကိုချေပေးမယ်။ အချိန်မီရောက်မလာရင်တော့ ကျန်တဲ့ ဆယ်သန်းကို လျော်ကြေးအနေနဲ့ သတ်မှတ်လိုက်မယ်”

ထန်ဖုရှန်း ထိုစာချုပ်အား တကယ်ကြီး စုတ်ဖြဲပစ်ချင်လာသည်။

သို့သော် သူ့ရဲ့အသိစိတ်က ဒါက သူ့ရဲ့ နောက်ဆုံးကတ်ပဲဆိုပြီး သတိပေးနေသည်။

ဒီ ‘အရှက်ရမှု’ ကို ယာယီတောင့်ခံရုံသာ ရှိတော့သည်။

ကံကောင်းစွာနှင့် ကျန်းကျိပေါင်သိုလှောင်ရုံမှာ ဒီနေရာနှင့်သိပ်‌မဝေးပေ။ နေ့အချိန်ဆို လှည်းအသေးစားနှင့်တောင် ပို့နိုင်သည်။

သူအခြားစာကြောင်းတွေကို စစ်ကြည့်လိုက်တော့ ဘာမှပြဿနာမတွေ့ပေ။

ထို့နောက် စာချုပ်မှာလက်မှတ်ထိုးလိုက်သည်။

စာချုပ်မှာနှစ်စောင်ဖြစ်ပြီး တစ်ယောက် တစ်စောင်စီယူထားလိုက်ကြသည်။

“ယွမ်ဆယ်သန်းကို အခုပဲ သူဌေးထန်ရဲ့ ဘဏ်အကောင့်ထဲလွှဲလိုက်ပါမယ်”

ဟော်ချီကျိန်း စာချုပ်ကိုယူလိုက်ကာ သူ့ကိုလည်းသတိပေးလိုက်သည်။

ထန်ဖုရှန်း သူ့အား ဒေါသတကြီး စိုက်ကြည့်ကာ “ဟော်ချီကျိန်း ၊ ကျုပ်၊ ထန်ဖုရှန်း ဒီနေ့ကံမကောင်းတာကြောင့် အရှုံးကိုဝန်ခံလိုက်မယ်။ ဒါပေမယ့် အခြေအနေပြောင်းသွားလို့ကတော့ ဒီလိုနေ့မျိုး ခင်ဗျားဆီရောက်မလာဖို့ကိုသာ နေ့တိုင်းဆုတောင်းနေလိုက်တော့”

ဟော်ချီကျိန်း နှာရှုံ့လိုက်ကာ “သတိပေးလို့ ကျေးဇူးတင်ပါတယ်၊ သူဌေးထန်။ မင်းအဲ့လိုနေ့မျိုးမမြင်ရစေဖို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်”

ထိုသို့ပြောပြီးနောက် သူလှည့်ထွက်လာလိုက်သည်။

ထန်ဖုရှန်း သူ့နောက်ကျောကို မုန်းတီးစွာ စိုက်ကြည့်နေမိသည်။

ကံကောင်းစွာနှင့် ထိုအချိန်မှာပဲ သူ့ဖုန်းထဲသို့ ဘဏ်မှအကြောင်းကြားစာဝင်လာ၏။

သူထိုယွမ်ဆယ်သန်းကို ကြည့်လိုက်ကာ ပြန်လည်ထူထောင်ရန် စိတ်ကိုပြင်ဆင်လိုက်သည်။

ဒီနေ့သူခံစားခဲ့ရတဲ့အရှက်ရမှုကို တစ်နေ့မှာ ပြန်လည်ပေးဆပ်စေရမယ်။

ထို့နောက် သူ့နှလုံးသားထဲမှ အမုန်းတရားကို ဖိနှိပ်ကာ ကောင်းရကျီ၏ရုံးခန်းထဲသို့ အမြန်ဝင်သွားလိုက်သည်။

ကောင်းရကျီမှာ ဖုန်းပွတ်နေတာဖြစ်ပြီး သူဝင်လာသည်ကိုမြင်တော့ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

“ဒေါသပြေသွားပြီလား။”

ထန်ဖုရှန်း နှာမှုတ်လိုက်ကာ “ငါကဘာလုပ်နိုင်မှာလဲ။ ဒေါသထွက်ပြီး သေသွားလို့လဲမရဘူးလေ”

ကောင်းရကျီသူ့ထံသို့ပျော်ရွှင်စွာ လျှောက်လာသည်။

“စိတ်အေးသွားတာကောင်းတယ်။ ရာသီဥတု ပြန်ကောင်းလာမှ ဖုမြို့က ဆောက်လုပ်ရေးဆိုက်ဆီ ပစ္စည်းတွေ ပို့ပေးမယ်”

ထန်ဖုရှန်း ဆိုဖာပေါ်၌ထိုင်လိုက်ကာ “မလိုတော့ဘူး။ ဒီပစ္စည်းတွေကို ကျန်းကျိပေါင်က သိုလှောင်ရုံကိုသာ ပို့ပေးတော့။ မနက်ဖြန်ညနေငါးနာရီမတိုင်ခင် အရောက်ပို့ပေးရမယ်တဲ့။ ရတယ်မလား။”

ကောင်းရကျီခေါင်းခါလိုက်ကာ “ဒါဆို ကျွန်တော်တို့ စာချုပ်အသစ်ထပ်ချုပ်ရမယ်။ ငါးနာရီမတိုင်ခင်ပို့ပေးလို့ရပေမယ့်… ခင်ဗျား ပိုပေးရမယ်”

ထန်ဖုရှန်း၏ပါးပြင်ရွဲ့စောင်း သွားရသည်။

သူစိတ်ထင့်နေတယ်။

အပိုင်း ( ၅၀၈ )

ဓားပြတိုက်တာက ဒီလောက် မမြန်ဘူး

" ဈေး ဘယ်လောက်တင်ချင်လဲ "

ထန်ဖုရှန်းက ကောင်းရကျီကို သတိထားသည့် အမူအရာဖြင့် ကြည့်နေသည်။

ကောင်းရကျီက သူ့ဂဏန်းတွက်စက်ကို ထုတ်ပြီး နှိပ်လိုက်သည်။

" မင်းအတွက် တွက်ကြည့်ပေးမယ်။ ပေါ်တာ၊ ထရပ်ကား၊ ဒရိုင်ဘာ ... ငါ မင်းကို နောက်ထပ် မတောင်းဆိုတော့ဘူး။ ငါမင်းကို ၅ သန်းနဲ့ ပေးမယ် "

" အဟွတ်၊အဟွတ်၊ အဟွတ်၊ အဟွတ် ........... "

ထန်ဖုရှန်းက ထိုနံပါတ်ကို ကြားလိုက်သောအခါ သူ့ရင်ဘတ်အောင့်ကာ ပွဲချင်းပြီးသေမတတ်ဖြစ်သွားသည်။

" ငါကြားတာ မှားများသွားတာလား။ ၅ သန်းလား။ အရင်က ကီလိုမီတာ ၂၀၀ ဝေးတဲ့ ဖုမြို့ကို ပို့ဆောင်တဲ့အခါတိုင်း ယွမ် ၁ သန်းပဲ ကုန်တာပါ။ အခု မင်းက ငါ့ကို ကီလိုမီတာ ၂၀ပဲ ဝေးတဲ့ ကျန်းကျိပေါင်ဆီကို ပို့တာတောင် ၅ သန်း ပေးစေချင်တာလား။ မင်းငါ့ဆီက လုယက်နေတာလား "

ကောင်းရကျီက အမြန် ခေါင်းယမ်းလိုက်သည်။

" ဟေး အဲ့လို မပြောနဲ့။ ဓားပြတိုက်တာက ဒီလောက် အကျိုးအမြတ်မရှိဘူး "

ထန်ဖုရှန်း ရုတ်တရက် ထရပ်လိုက်သည်။

" မင်းက မရိုးသားတဲ့အတွက် ထားလိုက်တော့။ တခြား သယ်ယူပို့ဆောင်ရေးကုမ္ပဏီကို ငါ ရှာမယ်။ မင်းကုမ္ပဏီကလွဲပြီး ယန်းချန်တစ်ခုလုံးမှာ တခြားသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေ မရှိဘူးဆိုတာကို ငါမယုံဘူး "

ကောင်းရကျီ သူ့ခြေထောက်များကို ချိတ်ထားလိုက်သည်။

" ယန်းချန်ရဲ့ သယ်ယူပို့ဆောင်ရေး အသိုင်းအဝိုင်းမှာ ငါ ကောင်းရကျီက မလိုလားသရွေ့ မင်းရဲ့အမိန့်ကို ဘယ်သူက လက်ခံရဲမလဲဆိုတာ ငါ ကြည့်ရတာပေါ့ "

ထန်ဖုရှန်းက ရုံးခန်းထဲကနေ ထွက်ခါနီးမှာ ထိုစကားကိုကြားသောအခါ ပြန်လှည့်လာလေသည်။

ကောင်းရကျီက အမှန်အတိုင်းပြောနေမှန်း သူသိလေသည်။

ယန်းချန်၏ သယ်ယူပို့ဆောင်ရေးစက်ဝိုင်းမှာ ကောင်းရကျီက ဒေသခံအာဏာရှင်တစ်ဦးနှင့် တူလေသည်။

အာဏာကျဆင်းနေတဲ့ ထန်ဖုရှန်းအတွက် ဒီဒေသခံဧကရာဇ်ကို ဘယ်သူက စော်ကားရဲမှာလဲ။

" ပို့ဆောင်ခက ပိုသက်သာပေးနိုင်မလား။ ၅သန်းက အရမ်းဈေးကြီးလွန်းတယ် "

" တစ်ပြားမှ မလျှော့နိုင်ဘူး။ ဆက်ပြီး တွန့်ဆုတ်နေသေးရင် ဈေးကထပ်တက်လာမှာ "

ကောင်းရကျီက သူ့တောင်းဆိုမှုကို ချက်ချင်း ပယ်ချလိုက်သည်။

ထန်ဖုရှန်းက လက်သီးကို တင်းတင်းဆုပ်ကာ စိတ်ထဲကနေ တွက်ချက်လိုက်သည်။

တကယ်လို့ ဒီအသုတ်ကို ဂိုဒေါင်သို့ အချိန်မီ မပို့ဆောင်နိုင်လျှင် ကျန်ငွေ ယွမ် ၁၀ သန်းကို လက်ခံရရှိမည်မဟုတ်ချေ။

၁၀ သန်းနဲ့ နှိုင်းယှဉ်လျှင် ဒီ ၅ သန်းက လက်ခံနိုင်ပါသေးသည်။

သူက ခေါင်းကို ပြင်းပြင်းထန်ထန် ကုတ်လိုက်ပြီး စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်ရိုက်လိုက်သည်။

" ၅ သန်း။ ဒီနေ့ မင်း ငါ့ကို လှည့်စားခဲ့တာကို မှတါထား။ အနာဂတ်မှာ ငါ မင်းကို လက်စားချေမယ် "

ကောင်းရကျီက ချက်ချင်း ပြုံးလိုက်သည်။

" နောက်မှ အနာဂတ်အကြောင်းပြောရအောင်ပါ။ မနက်ဖြန် ဒါမှမဟုတ် သေခြင်းတရား ဘယ်အရာက ပထမဖြစ်မလဲဆိုတာကို ဘယ်သူသိမှာလဲ "

ထန်ဖုရှန်း သူ့ရင်ဘတ်ထဲက တင်းကျပ်မှုကို ခံစားလိုက်ရသည်။

သို့သော်လည်း အခု သူက နောက်ထပ် ဒုက္ခမဖြစ်ချင်တော့သောကြောင့် ကောင်းရကျီနှင့် သယ်ယူပို့ဆောင်ရေးစာချုပ်ကို ချက်ချင်းချုပ်ဆိုခဲ့သည်။

ထို့နောက် ၅ သန်းကို အကောင့်သို့ လွှဲပြောင်းပေးခဲ့သည်။

" ဒီတစ်ခေါက်တော့ မင်းအချိန်မှန်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် ...... "

ထန်ဖုရှန်းက ကောင်းရကျီကို လက်သီး ဝှေ့ယမ်းပြလိုက်သည်။ ခြိမ်းခြောက်မှုက ထင်ရှားလေသည်။

ကောင်းရကျီက ချက်ချင်း ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်။

" စိတ်မပူပါနဲ့ သူဌေးထန်။ ဒီတစ်ခါတော့ သူတို့ကို အချိန်မီ ပို့ခိုင်းပေးပါ့မယ် "

ထန်ဖုရှန်းက ဟက်ခနဲအသံပြုပြီး ထွက်သွားသည်။

သူရုံးခန်းထဲကမထွက်ခင်မှာ ကောင်းရကျီ၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။

" သူဌေးထန်၊ တစ်ခုခုတော့ ဆိုးကုန်ပြီ "

ထန်ဖုရှန်းက ကမန်းကတန်း လှည့်ကြည့်လိုက်သည်။

" ဘာမှားလို့လဲ "

ကောင်းရကျီက သူ့ဖုန်းကို ကိုင်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို ညွှန်ပြလိုက်သည်။

" ကျန်းကျိပေါင်မှာ ရွှံ့မြေပြိုမှုဖြစ်တယ်ဆိုတဲ့ သတင်းကပဲ အခုပဲ တက်လာတယ်။ လမ်းက မျောပါသွားတော့ ကားတွေ မဝင်ရဘူး ...... "

" ဖူး .......... "

ထန်ဖုရှန်း ကြာကြာ မထိန်းနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။

ထို့နောက် မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားခဲ့သည်။

သူ့အသိစိတ်တွေ ပျောက်ကွယ်သွားပေမဲ့ ကောင်းရကျီရဲ့အသံကို သူကြားနေရသေးသည်။

" သူဌေးထန်၊ မင်းအပြင်မှာသေလေ။ ဒီမှာ မသေနဲ့ .... "

သူ့နှလုံးသားထဲမှာ မုန်းတီးမှုတွေ ပြည့်နှက်နေသည်။

ကြက်မသားတွေပဲ။

.....................

ပြန်နိုးလာသောအခါတွင်တော့ ဆေးရုံတက်နေရပြီဖြစ်သည်။

ကုမ္ပဏီ၏ ဒုတိယဥက္ကဌယောင်းက ဆေးရုံခုတင်ရှေ့တွင် ရပ်နေသည်။

" ဒုဥက္ကဌယောင်း မင်း ဘာလို့ဒီကို ရောက်နေတာလဲ "

သူ့ခန္ဓာကိုယ်ကို ထောက်ထားဖို့ ရုန်းကန်ရင်း ဆေးရုံကုတင်ပေါ် မှီလိုက်သည်။

" သူဌေး တတ်နိုင်သမျှ အမြန်ဆုံး သတင်းပေးချင်တဲ့ သတင်းနှစ်ပုဒ်ရှိတယ်"

ဒုဥက္ကဌယောင်းက သူ၏ရွှေရောင်အနားကွပ်မျက်မှန်ကို နှာတံပေါ်သို့ တွန်းတင်လိုက်ကာ စိတ်ဓာတ်ကျနေသည့်ပုံပေါ်သည်။

ထန်ဖုရှန်းက သူ့အသုံးအနှုန်းမှ ဘာကိုဆိုလိုသည်ကို နားလည်ထားပြီးဖြစ်သည်။

နောက်တစ်ခါ သတင်းဆိုးတစ်ခုတော့ ရှိလာပြန်ပြီဖြစ်သည်။

" ဟူး၊ ပြောပါ ဘယ်လိုမျိုးလဲ။ ငါအရင်ဆုံး စိတ်ပြင်ထားပါရစေ

" အိုး… တစ်ခုက သတင်းဆိုးပါ၊ နောက်တစ်ခုက ပိုဆိုးတဲ့ သတင်းပါ "

ဒုဥက္ကဌယောင်းက သူ့စိတ်ကူးယဉ်မှုကို ဖြိုခွဲလိုက်သည်။

ထန်ဖုရှန်းက သွေးပြန်အန်ချင်စိတ်ကို ခံစားလိုက်ရသောကြောင့် အမြန်မျိုချလိုက်ရသည်။

" ဒါဆို သတင်းဆိုးနဲ့ စလိုက်ရအောင် "

ဒုဥက္ကဌယောင်းက သက်ပြင်းရှည်ချလိုက်သည်။

" ကျွန်တော်တို့ဘက်က ဆောက်လုပ်ရေးပစ္စည်းမတွေကို အချိန်မီမပို့နိုင်တာကြောင့် သူတို့ရဲ့လုပ်ငန်း နှောင့်နှေးခဲ့ရတယ်လို့ ထန်းယွဲ့ ဆောက်လုပ်ရေးပစ္စည်း ဥပဒေရေးရာဌာနက အကြောင်းကြားခဲ့ပါတယ်။ ကျန်တဲ့ ၁၀ သန်းကို လျော်ကြေးပေးရပါမယ် "

ထန်ဖုရှန်းက ခါးသီးတဲ့ အပြုံးကို ပြုံးလိုက်သည်။

" သန်း ၅၀ ကျော်တန်ဖိုးရှိတဲ့ ငါ့အိမ်ဆောက်ပစ္စည်းတွေက ၅ သန်းပဲကျန်တော့တာပေါ့။ ဒီကမ္ဘာမှာ ငါ့ထက် ပိုမိုက်တဲ့သူရှိသေးရဲ့လား "

ဒုဥက္ကဌယောင်းက ထိုမေးခွန်းကို ဘယ်လိုဖြေရမည်ကို မသိတာကြောင့် ခေါင်းကို အမြန်ငုံ့ထားလိုက်သည်။

ထန်ဖုရှန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ " နောက်ထပ် သတင်းဆိုးတစ်ခု ပြောပြပါဦး "

ဒုဥက္ကဌယောင်းက သူ့လည်ချောင်းကို ရှင်းလိုက်သည်။

" ချန်းဖန်းအိမ်ခြံမြေရဲ့ ဥပဒေရေးရာဌာနက ကျွန်တော်တို့ ဆောက်လုပ်ရေးပစ္စည်းတွေကို အချိန်မီမပို့နိုင်လို့ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရတယ်လို့ ရှေ့နေကနေ စာတစ်စောင်ကို ပို့ခဲ့ပါတယ်။ သူတို့က လျော်ကြေး ယွမ် သန်း ၃၀၀ တောင်းထားပါတယ် "

ထန်ဖုရှန်း ခါးသီးစွာ ရယ်မောလိုက်ပြန်သည်။

" လျော်ကြေး သိန်း ၃၀၀တဲ့လား။ သူတို့က ငါ့ကို တကယ် အထင်ကြီးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ငါ့ဘက်က ဝေ့လူကြီးမင်းရဲ့ စီမံကိန်းကို ပျက်ပြားစေခဲ့တဲ့ ငါ့အပြစ်ပဲ။ ငါ့ကို သူက ယုံပေးပေမဲ့ သူ့စီမံကိန်းက ဆိုင်းငံ့ခံထားရပြီ "

ဒုဥက္ကဌယောင်းက ချောင်းခြောက်ဆိုးလာသည်။

" ကျွန်တော်သိသလောက်တော့ ဝေ့လူကြီးမင်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းက မရပ်သေးဘူး။ တခြား ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီကို ရှာတွေ့ပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို ဝယ်ခဲ့တယ်။ ဒါပေမယ့် စုစုပေါင်း သန်း ၁၀၀ အထိ အကုန်အကျခံပြီး အပြင်းအထန် ဆုတ်ဖြဲခံလိုက်ရတယ်လို့ ကြားတယ် "

ထန်ဖုရှန်း ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

" နောက်ထပ် ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီလား။ ဘယ်တစ်ခုလဲ "

" ထန်းယွဲ့ ဆောက်လုပ်ရေးပစ္စည်း "

" ထန်းယွဲ့ကလား။ သူတို့က ဖုမြို့ကို ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး ဘယ်လို ပို့ကြတာလဲ "

" ထန်းယွဲ့ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက ဖုမြို့မှာ ဂိုဒေါင်တစ်ခုရှိတယ်လို့ ကြားထားတယ်။ ဝေ့လူကြီးမင်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ကီလိုမီတာ ၂၀ လောက်ပဲ ဝေးတော့ လစ်လပ်နေရာတွေကို အချိန်မီ ဖြည့်သွင်းနိုင်ခဲ့တာ ..... "

ထန်ဖုရှန်းက သူ့ဇာတ်လမ်းကို ကြားပြီးနောက် ချက်ချင်း လေးလေးနက်နက် တွေးတောမိသွားသည်။

သူ့အကြောင်းတွေကို ပိုတွေးလေလေ တစ်ခုခုမှားနေပြီလို့ ပိုခံစားရလေလေဖြစ်သည်။

ဖုမြို့မှာ ထန်းယွဲ့ဘက်က ဂိုဒေါင်တစ်ခုရှိကြောင်း သူ တစ်ခါမှ မကြားဖူးချေ။

ဒီလောက်များတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သိုလှောင်နိုင်တဲ့ ဂိုဒေါင်က သိပ်ကြီးမှာ မဟုတ်လား။ အဲ့လောက်ကြီးတဲ့ ဂိုဒေါင်အကြောင်းကို သူ ဘာမှ မကြားခဲ့ဖူးတာက မဖြစ်နိုင်ဘူး မဟုတ်လား။

ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို တွေးလေလေ သံသယတွေ ပိုဖြစ်လာလေလေဖြစ်သည်။

" ဒီအချိန်ကာလအတွင်း ဟော်ချီကျိန်း ဘယ်မှာရှိခဲ့လဲဆိုတာကို စုံစမ်းပေးပါ "

ဒုဥက္ကဌယောင်းက အလွန်ယုံကြည်ရသည်။

" ကျွန်တော် စစ်ဆေးပြီးပြီ။ လွန်ခဲ့တဲ့နှစ်ရက်က ကျုံးဟိုင်ကိုသွားခဲ့တယ် "

ထန်ဖုရှန်း အံ့အားသင့်သွားသည်။

" သူက ကျုံးဟိုင်ကို သွားတာလား။ သူက ဘာလို့ ကျုံးဟိုင်ကိုသွားတာလဲ "

ဒုဥက္ကဌယောင်းက သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။

" သူက ယဲ့ဖန်ကို သွားတွေ့တာပါ "

" ဘယ်သူ၊ ယဲ့ဖန်လား "

ထန်ဖုရှန်း မိုးကြိုးပစ်ခံလိုက်ရသလို ခံစားရသည်။

All Chapters