အပိုင်း ၅၀၉-၅၁၂
Vol. 26 Ch. 509-512
အပိုင်း ( ၅၀၉ )
၂ရက် ၃ရက် ဒူးထောက်သူ
" ဟော်ချီကျိန်းက ယဲ့ဖန်နဲ့ ဘယ်လို ပတ်သက်နေတာလဲ "
ထန်ဖုရှန်း အမြင်တွေက မှုန်ဝါးလာသည်။
သို့သော် ထိုးနှက်ချက်က မပြီးသေးပေ။
ထို့နောက် ဒုဥက္ကဌယောင်းက ဆက်ပြောသည်။
" အဲ့ဒီနေ့က ဟော်ချီကျိန်းနဲ့အတူတူ ယဲ့ဖန်ကို သွားတွေ့တဲ့ လူတစ်ယောက်ရှိသေးတယ် "
ထန်ဖုရှန်းက သူ့ကို လှည့်ကြည့်လိုက်သည်။
" နောက်ထပ်က ဘယ်သူလဲ "
ဒုဥက္ကဌယောင်းက ခဏမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ပြောလာသည်။
" ကောင်းရကျီ "
ထန်ဖုရှန်းက ထိုနာမည်ကို ကြားလိုက်သောအခါတွင် မိုးကြိုးပစ်ခံရသလို ဖြစ်သွားပြန်သည်။
ဟော်ချီကျိန်းနဲ့ ကောင်းရကျီက ယဲ့ဖန်ကို သွားတွေ့တာလား။
ပြီးတော့ ဒီနေ့ သူ့ဘဝရဲ့ အကြီးမားဆုံးသော ထိုးနှက်ချက်ကိုလည်း ခံစားခဲ့ရသည်။
ဒီနှစ်ယောက်က သူနဲ့ ကစားတဲ့သူတွေဖြစ်သည်။
ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် အချိန်အကြာကြီး စီစဉ်ခဲ့တာလား။
ထန်ဖုရှန်း၏ စိတ်က လွန်ခဲ့သည့် ရက်အနည်းငယ်က အတွေ့အကြုံများမှတဆင့် လျင်မြန်စွာ အရောင်လက်သွားသည်။
ပထမဆုံး ယဲ့ဖန်က သူ့ကို ရာဇသံပေးဖို့ ယန်းချန်ကို ကားမောင်းလာပေမယ့် သူက ငြင်းခဲ့လေသည်။
ထို့နောက် ကောင်းရကျီက သူ့ဆောက်လုပ်ရေးပစ္စည်းများကို ပို့ဆောင်ခြင်း မပြုနိုင်ရန် ရှင်းရှင်းလင်းလင်း တားခဲ့သည်။
ချက်ချင်း ဟော်ချီကျိန်းက ခုန်ထွက်လာပြီး အလွန်သက်သာတဲ့စျေးနှုန်းဖြင့် ညှိနှိုင်းခဲ့သည်။
အဆုံးမှာတော့ ကောင်းရကျီက သူ့ကို နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက်ပေးခဲ့သည်။
အမှန်တရားက ပေါ်နေပြီဖြစ်သည်။
ဒီဇာတ်လမ်းတွဲတွေရဲ့ နောက်ကွယ်က ထိန်းချုပ်သူကတော့ ယဲ့ဖန်ဖြစ်သည်။
ထိုအဖြေကိုရသောအခါ ထန်ဖုရှန်း ရင်ဘတ်တွေပူလာကာ သွေးအန်ချင်စိတ်ကို ထပ်မံခံစားခဲ့ရသည်။
" ယဲ့ဖန် မင်းက အရမ်းရက်စက်တာပဲ "
ထန်ဖုရှန်းက မထိန်းနိုင်တော့ဘဲ ကောင်းကင်သို့ မော့ဟောက်လိုက်သည်။
ဝေ့ချန်းဖန်းနဲ့ ရင်းနှီးပြီး ထိပ်ပိုင်းကို တက်ဖို့ ဒီအခွင့်အရေးကို အသုံးချနိုင်ခဲ့ပြီဟု ထင်ခဲ့သည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ ယဲ့ဖန်ရဲ့ အစီအစဥ်အရ တစ်သက်မှာ တစ်ကြိမ်သာရတဲ့ အခွင့်အရေးကို ဆုံးရှုံးရုံသာမက ဒေဝါလီခံပြီး မိုးလောက်မြင့်တဲ့ လျော်ကြေးငွေတွေနဲ့ ရင်ဆိုင်နေရသည်။
သူက ကောင်းကင်မှ ငရဲသို့ တည့်တည့်ကျသွားရသည်။
ဒုဥက္ကဌယောင်းက အံကြိတ်လိုက်သည်။
" သူဌေးထန်၊ ကျွန်တော်တို့ ဘယ်လို ပြန်တိုက်မှာလဲ "
" တန်ပြန်တိုက်စစ်လား။ တန်ပြန်တိုက်ခိုက်ဖို့ ဘာကိုသုံးစေချင်တာလဲ။ ငါတို့ဖုရှန်းဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီရဲ့ ဘဏ္ဍာရေးကွင်းဆက်က အန္တရာယ်ရှိနေပြီ။ ဒီထိုးနှက်ချက်ပြီးတာနဲ့ ငါတို့မှာ ပြန်တိုက်ဖို့ ခွန်အားတွေ ရှိသေးမယ်ထင်လား "
ထန်ဖုရှန်းက ချက်ချင်း ပြန်မေးလိုက်သည်။
ဒုဥက္ကဌယောင်းက စကားမပြောနိုင်တော့ပေ။
ဖုရှန်းဆောက်လုပ်ရေးပစ္စည်း၏ လက်ရှိအခြေအနေအရ ဒီအကျပ်အတည်းကို ရှင်သန်နိုင်ပါ့မလားတောင် မသိနိုင်ပေ။ ဘယ်လိုပြန်တိုက်ကြမလဲ။
" ချက်ချင်း ကားတစ်စီး စီစဉ်လိုက်။ ငါ ကျုံးဟိုင်ကို သွားမယ် "
ထန်ဖုရှန်းက အဲ့တာကို စဉ်းစားပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
" ကျုံးဟိုင်ကိုသွားမလို့လား။ ယဲ့ဖန်ကို သေတဲ့အထိ တိုက်ခိုက်မလို့လား။ အဲ့လိုလုပ်လို့ မရဘူး "
ဒုဥက္ကဌယောင်းက သူ့ကို နားချဖို့ အမြန် ကြိုးစားလေသည်။
" သေအောင်တိုက်ရမှာလား။ ချီးကို တိုက်ရမှာလား။ အသနားခံဖို့ သွားရမှာ "
ထန်ဖုရှန်းက ကုတင်ပေါ်မှ ဆင်းကာ မုန်းတီးစွာ ပြောလိုက်သည်။
ဒုဥက္ကဌယောင်းက သူ့နောက်ကို ကမန်းကတန်း လိုက်သွားသည်။
" နေကောင်းလာတဲ့အထိ စောင့်ပါလား "
" ဘာကိုစောင့်နေရမှာလဲ။ ပြန်ကောင်းလာတဲ့အခါ ထိဆို ကုမ္ပဏီက ပြိုကျနေလိမ့်မယ် "
ထန်ဖုရှန်းက သူ့အဝတ်အစားတွေကို ဝတ်ပြီး တံခါးကို ချက်ချင်းတွန်းဖွင့်လိုက်သည်။
...................................
ယဲ့ဖန်က ကောင်းရကျီ၊ ဟော်ချီကျိန်းတို့နှင့် ဖုန်းခေါ်ဆိုခဲ့သည်။ ချန်းရွှမ်ကို လှည့်ကြည့်လိုက်တော့ သူ့နှုတ်ခမ်းတွေက အပြုံးတစ်ခုလို ကွေးတက်လာသည်။
" ကောင်းပြီ၊ အစ်မ ' ဖုရှန်းဆောက်လုပ်ရေးပစ္စည်း ' ဆိုတဲ့ နာမည်ကို ထပ်မကြားရတော့ဘူး "
စာအုပ်ဖတ်နေတဲ့ ချန်းရွှမ်က အံ့ဩသွားသည်။
" ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန် ရှင်းမပြခင်မှာဘဲ ကျန်းယုံထင်းဆီက ဖုန်းဝင်လာခဲ့သည်။
" ထန်ဖုရှန်းဘက်က ခြိမ်းခြောက်ပြီး လင်းယွမ်အိမ်ခြံမြေအကျိုးဆောင်အတွက် အခက်အခဲဖြစ်အောင် လုပ်ခဲ့တဲ့ ပစ္စည်းထောက်ပံ့သူတွေက ရုတ်တရက် သဘောထား ပြောင်းလဲသွားပြီးတော့ သူတို့က လင်းယွမ်နဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်စတင်ရအောင် တိုက်ပွဲဝင်နေကြတယ် "
ထို့အပြင် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းရောင်းချသူများက သူတို့၏ ဈေးနှုန်းများကို ထပ်မံ လျှော့ချရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။
ချန်းရွှမ်က ဖုန်းကို ချလိုက်ပြီးသည်အထိ အချိန်အတော်ကြာတဲ့အထိ အာရုံတွေ ပြန်မလည်လာနိုင်တော့ပေ။
" နင်...ဘယ်လိုလုပ်လိုက်တာလဲ "
" ဒါက သေးငယ်တဲ့ လှည့်ကွက်လေး တစ်ခုပါပဲ "
ယဲ့ဖန်က ထူးထူးခြားခြား ပြုံးလိုက်သည်။
ချန်းရွှမ်က သူ့ကို စိုက်ကြည့်ရင်း သူမရဲ့နှလုံးသားက ခံစားချက်တွေ ရောထွေးလာသည်။
" နင့်အရှေ့မှာ ငါက အမှိုက်တစ်စလို အသုံးမဝင်ဘူးလို့ ခံစားရတယ်။ အခက်အခဲတွေ ကြုံလာတိုင်း နင်က ငါ့ကို ကူညီဖြေရှင်းပေးတဲ့သူပဲ "
ယဲ့ဖန်က သူမ၏ သွယ်လျတဲ့ခါးလေးကို ဖက်ထားလိုက်သည်။
" အဲ့လို မပြောပါနဲ့။ အစ်မက အရမ်းထူးချွန်နေတုန်းပါပဲ။ ကုမ္ပဏီရဲ့နေ့စဉ်ကိစ္စတွေကို တာဝန်ခံနေတာပဲ မဟုတ်ဘူးလား "
ချန်းရွှမ်၏ နှလုံးခုန်သံက တုန်လှုပ်သွားပြီး သူ့ နှုတ်ခမ်းပေါ်ကို ချက်ချင်း နမ်းလိုက်သည်။
ယဲ့ဖန်က သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်လိုက်သည်။ သူ့နှလုံးသားက ချက်ချင်း တုန်ခါသွားပြီး အပြင်ကို ထွက်လာမတတ်ဖြစ်သွားသည်။
ထိုအချိန်မှာ သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။
အဲ့တာက လုံခြုံရေးအစောင့်ဖြစ်သည်။
အနည်းငယ် စိတ်ရှုပ်နေသော်လည်း သူက ဖုန်းကိုင်လိုက်သည်။
" မင်္ဂလာပါ ယဲ့လူကြီးမင်း။ အပြင်ဘက်မှာ ယန်းချန်က ထန်ဖုရှန်းဆိုတဲ့ လူကြီးမင်းရောက်နေပါတယ်။ သူက တွေ့ချင်တယ်ဆိုလို့ သူ့ကို ဝင်ခွင့်ပေးစေချင်ပါသလား "
ချန်းရွှမ်က အစောင့်၏ စကားကိုကြားပြီး ယဲ့ဖန်ကို ကြောင်အအကြည့်လိုက်သည်။
" ထန်ဖုရှန်းက ဒီမှာလား။ သူက ဒီမှာ ဘာလုပ်နေတာလဲ "
ယဲ့ဖန်က မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားပြီး အစောင့်ကို ပြောလိုက်သည်။
" သူ့ကို မတွေ့ချင်ဘူး။ ပြန်သွားခိုင်းလိုက် ..... "
သူ့စကားမပြီးခင်မှာဘဲ ထန်ဖုရှန်းရဲ့ အလျင်လိုနေတဲ့အသံကို သူကြားလိုက်ရသည်။
" ယဲ့လူကြီးမင်း၊ မင်းကိုတွေ့ချင်တယ်။ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးပေးပါ "
ယဲ့ဖန်က ဆိုဖာပေါ်ကို ဖြည်းဖြည်းချင်း မှီလိုက်သည်။
" ဒါပေမယ့် ခင်ဗျားကို မတွေ့ချင်ဘူး။ ပြောစရာရှိရင် ဖုန်းနဲ့ပြော "
" ယဲ့လူကြီးမင်း၊ ငါမှားတာ ငါသိပါတယ်။ ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါရစေ။ မင်းရဲ့ကြင်နာမှုကို ငါသေချာမှတ်ထားမယ် ..... "
" ထန်ဖုရှန်း ခင်ဗျားကို အခွင့်အရေးပေးဖို့ အဲ့ဒီနေ့က ယန်းချန်ကို ကိုယ်တိုင်လာခဲ့ပေမယ့် ငြင်းခဲ့တယ်လေ။ အဲ့ဒီနေ့က ပြောခဲ့တာကို မှတ်မိသေးလား "
" ယဲ့လူကြီးမင်း၊ ငါ ..... "
" အဲ့ဒီတုန်းက မင်းငါ့ကို သတ်ရမယ်။ မျှော်လင့်ချက် မပေးနဲ့လို့ ခင်ဗျားပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက်တွေ တဖျပ်ဖျပ်တောက်နေသေးသရွေ့ မင်းကိုသေအောင် နင်းဖို့ နည်းလမ်းရှာမယ် ဆိုပြီးလေ "
ကျုံးထျန်းကန်သာယာစံအိမ်၏ အ၀င်ဝတွင် ထန်ဖုရှန်း လုံးဝကို ထိတ်လန့်သွားရသည်။
ဒီစကားတွေက တကယ်ပဲ သူပြောခဲ့တာဖြစ်သည်။
သို့သော် ထိုအချိန်မှာ သူက ဝေ့ချန်းဖန်၏ ပေါင်ကို တွယ်ကပ်နေတာဖြစ်ပြီး သူ့ကံဇာတာက မြောက်ကြွနေခဲ့သည်။ သူက ယဲ့ဖန်ကို သူ့မျက်လုံးထဲ လုံးဝမထည့်ခဲ့ပေ။
နှစ်ရက်သုံးရက်အတွင်းမှာ အခြေအနေက ၁၈၀ ဒီဂရီ ပြောင်းသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
" ယဲ့လူကြီးမင်း၊ အဲ့ဒီတုန်းက ငါ ရူးနေခဲ့တာပါ။ မင်းက သဘောထားကြီးပြီး ငါ့ကို နောက်ထပ်အခွင့်အရေး ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ် .... "
" ကျွန်တော် ခင်ဗျားနဲ့ အပိုစကားတွေ မပြောချင်တော့ဘူး။ ကျွန်တော် ခင်ဗျားကို အခွင့်အရေးပေးခဲ့ပေမယ့် ခင်ဗျားက အဲ့တာကို မမြတ်နိုးခဲ့ဘူးလေ။ အခု မင်း ကိုယ့်ဘာသာကိုယ်ပဲ ခံလေ "
" ယဲ့လူကြီးမင်း၊ မင်းငါ့ကို တကယ်သတ်ချင်နေတာလား "
" ကျွန်တော်ရဲ့ လုပ်ရပ်တွေက ရှင်းရှင်းလင်းလင်း မရှိဘူးလား "
" မင်း ..... "
ထန်ဖုရှန်းက သူ့ဒေါသကို ထိန်းလိုက်သည်။
" ယဲ့လူကြီးမင်း၊ ငါထွက်လမ်းတစ်ခုပဲလိုချင်တယ်။ မင်းသဘောမတူရင် ငါ ဒီမှာ ဒူးထောက်ပြီး ထွက်မသွားဘူး "
" ဒူးထောက်ချင်ရင် ထောက်နေလိုက်ပါ "
ယဲ့ဖန်က ပြောပြီးနောက် သူဖုန်းချလိုက်သည်။
ထန်ဖုရှန်းက အံကြိတ်ကာ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှာ ဒူးထောက်နေလိုက်သည်။
သူ့လက်အောက်ငယ်သားက ထီးမိုးပေးလိုက်သော်လည်း တွန်းဖယ်လိုက်သည်။
သူက ချက်ချင်း စိုသွားတော့သည်။
တံခါးနားက လုံခြုံရေးအစောင့်တွေက ထိတ်လန့်သွားကြသည်။
တစ်ယောက်ယောက်က ယဲ့လူကြီးမင်းကို ဒူးထောက်ပြန်ပြီလား
ဒီယဲ့လူကြီးမင်းက ဗုဒ္ဓလား။
နှစ်ရက်သုံးရက်တစ်ခါ လူတွေက ဘာလို့ ဒူးလာထောက်ကြတာလဲ။
အပိုင်း ( ၅၁၀ )
ဘုရားလောင်း၏ စိတ်နှလုံးဖြင့် မိုးကြိုးကဲ့သို့ ပြုမူရာ၏။
" ကျွန်မတို့က သူ့ကို အပြင်မှာပဲ ဒူးထောက်ခိုင်းတော့မှာလား "
ချန်းရွှမ်က အပြင်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနေသည်ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားသည်။
" ကိုယ်က သူ့ကို ဒူးထောက်ခိုင်းထားတာမှ မဟုတ်တာ။ သူ ဒူးထောက်ချင်တာကို ကိုယ်က ဘာလုပ်ပေးရမှာလဲ "
ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။
" ဒါပေမယ့် ........ "
ချန်းရွှမ်က ပိုပြောချင်သည်။
သို့သော် ယဲ့ဖန်က သူမကို ပွေ့ဖက်လိုက်သည်။
" အဲ့တာကို စိတ်ပူမနေပါနဲ့၊ နောက်ကျနေပြီ ကိုယ်တို့အနားယူသင့်ပြီ။ လွန်ခဲ့တဲ့ နှစ်ရက်လုံး မင်းကို မထိရသေးဘူး။ ဒီနေ့ ကျွန်တော့်ကို ဆုမပေးသင့်ဘူးလား။ ပျော်စရာအကွက် နှစ်ခုလောက်ကို တွေးလိုက်မိတယ်။ စမ်းကြည့်ရအောင် "
ချန်းရွှမ်က သူ့ကို ရှက်ရွံ့စွာ တွန်းထုတ်လိုက်သည်။
" ဘာလို့ ဒီလိုမျိုးတွေ အမြဲတမ်းတွေးနေတာလဲ "
ယဲ့ဖန် ချက်ချင်း ညည်းတွားလိုက်သည်။
" ဒီလိုကိစ္စတွေကို ဘယ်အချိန်ကတည်းက တွေးနေမလို့လဲ။ အခုက ညအချိန်ဖြစ်နေပြီလေ၊ မဟုတ်လား။ ကျွန်တော်တို့ ဒါကိုလုပ်သင့်တယ် "
" နောက်တစ်ရက်မှပေါ့။ ဒီနေ့ နည်းနည်း ပင်ပန်းနေပြီမလို့ စောစောအနားယူချင်တယ် "
ချန်းရွှမ်က ထပ်ငြင်းလိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ယဲ့ဖန် အနည်းငယ် စိတ်ပျက်သွားကာ စိတ်ဓာတ်ကျနေသူတစ်ယောက်လို ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
ချန်းရွှမ်က ထိုကဏ္ဍမျိုးမှာ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိပေ။
သူစိတ်တွေ ပြင်းထန်နေချိန်မှာ သူမက သူ့စိတ်ကို အမြဲတမ်း ပြန်ငြိမ်အောင် လုပ်ပစ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ထိုကိစ္စမှာ သူတို့နှစ်ယောက်က ကီးမကိုက်ပေ။
အဲ့တာက သူ့ကို အရမ်းစိတ်ဓာတ်ကျစေသည်။
ယဲ့ဖန်က ငွေအပ်ကိုသာ ရှာပြီး သူ့ရဲ့ ဆေးသုတေသနကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။
နှစ်နာရီလောက်ကြာတော့ အစောင့်က ဖုန်းထပ်ခေါ်လာသည်။
ထန်ဖုရှန်းက မိုးရေထဲတွင် မူးလဲသွားကာ သူ့လူများက ဆေးရုံသို့ ခေါ်သွားခဲ့သည်ဟု ဆိုသည်။
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ဖုန်းကို ချလိုက်သည်။
ထန်ဖုရှန်းက ဒီလိုဖြစ်အောင် သူ့ကိုယ်သူ လုပ်ခဲ့တာဖြစ်သည်။
ထန်ဖုရှန်းက သူ့ဘာသူ တန်ဖိုးမထားမှတော့ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ။
..........................
သို့သော် ယဲ့ဖန်က ထိုကိစ္စ၏ သြဇာလွှမ်းမိုးမှုကို လျှော့တွက်ထားသည်။
ထိုသတင်းက ကျုံးဟိုင်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
" ဘာလဲ။ ထန်ဖုရှန်းက မိုးရေထဲမှာ နှစ်နာရီကျော် ဒူးထောက်ပြီး ဆေးရုံကို ပို့လိုက်ရတယ်တဲ့လား "
ရှန်းကွမ်းလင်းက အိမ်တော်ထိန်းရဲ့ အစီရင်ခံတာကို ကြားတဲ့အခါ လက်ရေးလှရေးလေ့ကျင့်နေရင်း သူ အံ့ဩသွားခဲ့ရသည်။
ထန်ဖုရှန်းနဲ့ သူ တစ်ခါမှမတွေ့ဖူးပေမယ့် ထိုလူရဲ့နာမည်ကို ကြားဖူးလေသည်။
ဒီလူက ယန်းချန်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အကောင်ကြီးတစ်ယောက်ဖြစ်တယ်လို့ သူသိထားရသည်။
အဲ့လိုလူက ဒီလိုနှိမ့်ချတဲ့ လုပ်ရပ်ကို တကယ်လုပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
" သူက ဘာလို့ ယဲ့ဖန်ရှေ့မှာ ဒူးထောက်နေတာလဲ မင်းသိလား "
အိမ်တော်ထိန်းက ချက်ချင်း ပြန်ဖြေသည်။
" ယဲ့ဖန်က ကျန်းဟန်ပို့ဆောင်ရေးက ကောင်းရကျီနဲ့ မဟာမိတ်ဖွဲ့ပြီး ထန်ဖုရှန်းကို လှည့်စားဖို့ ထန်းယွဲ့ဆောက်လုပ်ရေးပစ္စည်းက ဟော်ချီကျိန်းနဲ့လည်း လက်တွဲခဲ့တာလို့ ကြားပါတယ်။ ယွမ် သန်း ၅၀ တန် အိမ်ဆောက်ပစ္စည်းတွေကို နောက်ဆုံးမှာ ယွမ် ၅ သန်းပဲ ပေးခဲ့တယ်တဲ့ ........ "
ထို့နောက် ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြောပြသည်။
ရှန်းကွမ်းလင်းက ထိုစကားကိုကြားပြီးနောက် စားပွဲကို ပြင်းပြင်းထန်ထန် ခေါက်လိုက်သည်။
"အံ့သြစရာကောင်းလိုက်တာ ဟားဟားဟား ...... ဒီကလေး ယဲ့ဖန် တိုးတက်လာပြီပဲ။ သူက ထန်ဖုရှန်းလိုလူကိုတောင် အရုပ်လို သူ့လက်ဖဝါးထည့် ကစားနိုင်တယ်။ မလွယ်ဘူးဘဲ "
အိမ်တော်ထိန်းက ခါးသက်သက် ပြုံးလိုက်သည်။
" ဒါပေမယ့် ဒီတစ်ခါတော့ သူတို့က အရမ်းရက်စက်တယ်။ ထန်ဖုရှန်းကို သတ်ဖို့ထိ စီစဉ်ထားတာ "
ရှန်းကွမ်းလင်းက မသိမသာ ပြုံးလိုက်သည်။
" အောင်မြင်တဲ့သူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး မရက်စက်ဘဲ နေနိုင်ရမှာလဲ။ သူသာ မလုပ်ရင် ရက်စက်ကြမ်းကြုတ်မှုက သူ့ဆီရောက်လာမှာ "
အိမ်တော်ထိန်းက ရယ်လိုက်သည်။
" ဥက္ကဌကြီးက ဒီယဲ့ဖန်ကို တကယ် အထင်ကြီးတာပဲ "
ရှန်းကွမ်းလင်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
" ဒီကလေးက ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးလူငယ်လေးပဲ။ ငါ့မြေးသမက်လေး ဖြစ်လာနိုင်ရင် သိပ်ကောင်းမှာ "
အိမ်တော်ထိန်းက ခေါင်းကုတ်လိုက်သည်။
" ဒါဆို ဒီကိစ္စကို ထျန်းထျန်းကို ပြောရမယ်။ သူမကို အလုပ်ပိုကြိုးစားပြီး တတ်နိုင်သမျှ အမြန်ဆုံးရအောင်ကြိုးစားဖို့ "
ရှန်းကွမ်းလင်းက ခေါင်းယမ်းကာ ခါးသက်သက် ပြုံးလိုက်သည်။
" အဲ့ဒီကလေးမက ဘယ်တုန်းက ငါ့စကားကို နားထောင်လို့လဲ။ လူငယ်တွေကို သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးတာက ပိုကောင်းပါတယ် "
သူကပြောနေရင်း စုတ်တံကို ကောက်ကိုင်လိုက်ပြီး စာလုံးကြီးအချို့ကို ရေးလိုက်သည်။
" ငါ့ရဲ့ ဂုဏ်ပြုလက်ဆောင်အဖြစ် ယဲ့ဖန်ကို ဒီလက်ရေးလှစာ တစ်ယောက်ယောက်နဲ့ ပေးခိုင်းလိုက် "
အိမ်တော်ထိန်းအဘိုးအိုက အောက်ကိုငုံ့ကြည့်လိုက်တော့ စာလုံးကြီးတစ်ချို့ရေးထားတာကို တွေ့လိုက်ရတယ်။
ဘုရားလောင်း၏ စိတ်နှလုံးဖြင့် မိုးကြိုးကဲ့သို့ ပြုမူရာ၏။
" လက်ရေးလှပါတယ် "
.........................
တစ်ချိန်တည်းမှာပဲ ရေကန်ဘေးတွင် ငါးဖမ်းနေသည့် ထန်ပေါဟုန်သည်လည်း သတင်းရရှိခဲ့သည်။
" ဟားဟား၊ ဒီကလေးက တကယ်ရက်စက်တာပဲ "
သူ့ဘေးမှာထိုင်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကလည်း မတတ်နိုင်ဘဲ ရယ်နေသည်။
" ဒီကလေးနာမည်ကို မကြာသေးခင်ကမှ ကြားခဲ့ရတာ။ သူလည်း တကယ်ပြဿနာလေးပဲ "
ထန်ပေါဟုန်က သူ့ကို လှမ်းကြည့်သည်။
" မင်းနဲ့ ယှဉ်ရင် သူက နည်းနည်းလေး အားနည်းနေပါသေးတယ် "
လူလတ်ပိုင်းအရွယ် ယောက်ျားက ခေါင်းခါလေသည်။
" ကျွန်တော် အသက်နှစ်ဆယ်တုန်းကတော့ ဒီလောက်ကြီးကျယ်တဲ့ ရုန်းရင်းဆန်ခတ် မဖြစ်ခဲ့ပါဘူး။ သူနဲ့ ယှဉ်ရင် ကျွန်တော်က နည်းနည်းတော့ အားနည်းနေသေးတယ် "
သူတို့နှစ်ယောက် စကားစမြည်ပြောရင်း လုရှောင်ရက ရုတ်တရက် သူတို့နောက်မှာ ပေါ်လာသည်။
သက်လတ်ပိုင်းအမျိုးသား၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချိတ်ဖက်လိုက်သည်။
" ဖေဖေ၊ အဘိုးနဲ့ ဘာတွေပြောနေတာလဲ "
ထိုလူသည် လုရှောင်ရ၏အဖေ လုဟန်ရှန်းဖြစ်သည်။
သူက တစ်ချိန်က ကျုံးဟိုင်မှာ အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
နောက်ပိုင်းမှာမှ သူက တဖြည်းဖြည်း ကွယ်ပျောက်သွားကာ တိုက်ပွဲတွေကို ဂရုမစိုက်ဘဲ သာမန်ဘဝဖြင့် နေထိုင်ခဲ့သည်။
လုဟန်ရှန်းက သူ့သမီး၏ နှာခေါင်းကို ချစ်စဖွယ် ညှပ်လိုက်သည်။
" ငါတို့က မင်းကို ဒုက္ခပေးချင်နေတဲ့ မင်းသူငယ်ချင်းလေးအကြောင်း ပြောနေတာ "
လုရှောင်ရ အံ့သြသွားသည်။
" ယဲ့ဖန်လား။ သူဘာဖြစ်တာလဲ။ သူက ရန်ဖြစ်နေပြန်ပြီလား။ ဖေဖေနဲ့ အဘိုး ဒီတစ်ခါတော့ ဘာမှမလုပ်ရဘူး "
လုဟန်ရှန်းကပြောသည်။
" သူ့ကို ငါက သိတောင် မသိပါဘူး။ သူ့ဘဝသူကို ငါနဲ့ ဘာဆိုင်လို့လဲ "
လုရှောင်ရက ချက်ချင်း ထိတ်လန့်သွားသည်။
" သူက အဖေနဲ့ မဆိုင်ပေမယ့် သူက သမီးနဲ့ဆိုင်တယ် "
ထန်ပေါဟုန်လည်း စိတ်ဝင်စားသွားခဲ့သည်။
" အိုး။ မင်းနဲ့သူက ဘယ်လိုဆက်ဆံရေးမျိုး ရှိလို့လဲ "
လုရှောင်ရအသံက ချက်ချင်း တုန်လှုပ်သွားသည်။
" သမီး ..... သမီးတို့က သူငယ်ချင်းတွေပါပဲ "
လုဟန်ရှန်းက သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
" သူငယ်ချင်းလား။ ဒါဆိုရင်တော့ အဖေနဲ့ ဘာဆိုင်လဲ။ တကယ်လို့ ..... "
လုရှောင်ရ သူမအဖေကို စိုက်ကြည့်နေသည်။
" တကယ်လို့ ဘာဖြစ်လဲ "
လုဟန်ရှန်းက သူမကို တစ်ချက်ကြည့်လိုက်သည်။
" သူက ငါ့သမက်မဟုတ်ရင် သူ့ကို မကူညီနိုင်ဘူး "
လုရှောင်ရ၏ လှပတဲ့မျက်နှာလေးက ချက်ချင်းပင် နီရဲသွားသည်။
" ဖေဖေ၊ ဘာလို့ လျှောက်ပြောနေတာလဲ။ ဘာသမက်လဲ။ သမီးသူ့ကို လက်ထပ်မယ်လို့ မပြောခဲ့ဘူး "
လုဟန်ရှန်းက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ပြောသည်။
" ဒါဆို သူအသက်ရှင်သလား သေသလားဆိုတာ အဖေက ဘာလို့ ဂရုစိုက်ရမှာလဲ "
လုရှောင်ရက ထန်ပေါဟုန်ဆီကို အမြန်ကပ်ချွဲတော့သည်။
" အဘိုး၊ အဖေ့ကိုကြည့်။ သူဘယ်လိုလုပ် အဲ့လိုဖြစ်နေတာလဲ။ အဖေက ဂရုမစိုက်ရင်တောင် အဘိုးကတော့ ဂရုစိုက်ရမယ် "
ထန်ပေါဟုန်က ဟွန်းခနဲ သက်ပြင်းတိုချလိုက်သည်။
" သူက ငါ့မြေးသမက်ဆိုရင်တော့ ငါဂရုစိုက်ပါ့မယ် "
လုရှောင်ရ လုံးဝ အံသြသွားသည်။
ဒီနှစ်ယောက်လုံးက ရုတ်တရက် ဘယ်လိုလုပ် အဲ့လိုအတိုင်အဖောက်ညီနေရတာလဲ။
ယဲ့ဖန်ကို သူတို့ရဲ့ သမက်အဖြစ် အသိအမှတ်ပြုနေတာလား။
ယဲ့ဖန်က အဲ့လောက်တောင် ထူးချွန်တာလား။
အပိုင်း ( ၅၁၁ )
ဘာလို့လဲ။ မင်းကကိုယ်နဲ့အတူအိပ်ချင်လို့လား
“စိတ်မပူပါနဲ့၊ မင်းသူငယ်ချင်းက အခုဆို အရမ်းအင်အားတောင့်တဲ့လူတစ်ယောက် ဖြစ်နေပြီ။ ငါတို့အကူအညီမလိုအပ်ဘူး။”
ထန်ပေါဟုန် သူမကို စနောက်နေသည်အား ရပ်တန့်လိုက်ပြီး အမှန်အတိုင်းပြောပြလိုက်သည်။
လုရှောင်ရ ကြောင်အသွားရသည်။
“အဘိုးကတောင် သူကအင်အားတောင့်နေပြီလို့ ပြောနေတာလား။ တကယ်ကြီးလား။”
လုဟန်ရှန်း ရယ်လိုက်သည်။
“ ဘီလီယံနဲ့ချီချမ်းသာတဲ့လူတစ်ယောက်က သူ့တံခါးရှေ့မှာ နှစ်နာရီလောက် ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းဆိုခဲ့တယ်လေ။ သူ့အနေနဲ့ သူ့ကိုတွေ့စရာတောင်မလိုအပ်ဘူး။ အဲ့တော့ သူကအင်အားကြီးလား မကြီးဘူးလားဆိုတာ မင်းစဉ်းစားကြည့်တော့။”
လုရှောင်ရ အလွန်အံ့ဩသွားရသည်။
ဘီလီယံနဲ့ချီပြီးချမ်းသာတဲ့ လူတစ်ယောက်က နှစ်နာရီလောက် ဒူးထောက်တောင်းပန်ခဲ့တယ်တဲ့လား။ သူက အဲ့လူကိုတွေ့တောင်မတွေ့ခဲ့ဘူးတဲ့လား။
ဒီလူက အခုမှဘာလို့ဒီလောက်တောင် အင်အားကြီးသွားရတာလဲ။
လုဟန်ရှန်း သူမအားကြည့်ကာ ပြောလိုက်သည်။
“မင်းငါးမျှားနေတာကြာနေပြီကို တစ်ကောင်မှမမိသေးဘူးပဲ။ တကယ်လို့ ချမ်းသာတဲ့ယောကျာ်းကိုသာ အမိဖမ်းနိုင်ရင် အတော်လေးကောင်းမှာနော်။”
လုရှောင်ရ ရှက်သွေးဖြာသွားရသည်။
“သမီး အဖေတို့ကို မနှောင့်ယှက်တော့ဘူး။”
ထိုသို့ပြောကာ သူမ အမြန်ပြေးထွက်လာလိုက်သည်။
...................................
ထန်ဖုရှန်းက ယဲ့ဖန်အား မိုးရေထဲမှာ တောင်းပန်ခဲ့သည့်ကိစ္စဟာ တောမီးလိုပင် ကျုံးဟိုင်၌ပြန့်သွားလေသည်။
လူတိုင်းလိုလို ထိုအသစ်ထွန်းပေါက်လာသော လူကြီးမင်းယဲ့ဆိုသူအား တစ်ဖန် မျက်မြင်တွေ့လိုက်ရပြန်သည်။
အချိန်ခဏလောက် သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။
ယဲ့ဖန် ကုန်းရှန်းဟုန်နှင့် သူငယ်ချင်းများထံမှ ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့သည်။
သူတို့အားလုံးမှာ သူ့အား လေးစားနေကြသည်။
သူထိုလူများနှင့် ရင်ဆိုင်ပြီးချိန်၌ ညပင်နက်နေလေပြီ။
ယဲ့ဖန် သမ်းဝေလိုက်ကာ အနားယူရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် လုရှောင်ရ ထံမှ ဖုန်းဝင်လာသည်။
“ယဲ့လူကြီးမင်း၊ ရှင်ကအခုအရမ်းနာမည်ကြီးနေပြီနော်။ ကျွန်မဖုန်းကို ကိုင်ပေးတာ တကယ်ဂုဏ်ယူစရာပဲ။”
ဖုန်းခေါ်ဆိုမှုချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် လုရှောင်ရ၏ စနောက်သည့် အသံထွက်ပေါ်လာသည်။
ယဲ့ဖန် ဆိုဖာကိုမှီ၍ထိုင်လိုက်ကာ အပြုံးတစ်ပွင့်နှင့်ပြန်ဖြေလိုက်သည်။
“ကိုယ်ဘယ်သူ့ဖုန်းမှမဖြေရင်တောင် မင်းရဲ့ဖုန်းကိုတော့ဖြေရမယ်လေ။”
“ဘာလို့လဲ”
“မင်းက ထန်ပေါဟုန်ရဲ့ မြေးမလေးပဲဟာ။ ဘယ်သူကမင်းဖုန်းကိုမကိုင်ပဲနေရဲမှာလဲ။”
“ရှင်က ကျွန်မအဘိုးကြောင့် ကျွန်မဖုန်းကို ကိုင်တာပေါ့။ ရှင်… ရှင်ဝက်ခြေထောက်ကြီး၊ ကျွန်မဖုန်းချလိုက်တော့မယ်”
“ဖုန်းမချပါနဲ့၊ ကိုယ်ကစနေတာပါ။ ကိုယ်တို့က သူငယ်ချင်းကောင်းတွေပဲဟာကို မဟုတ်ဘူးလား။”
“ရှင်က လူအများလေးစားခံရတဲ့ ယဲ့လူကြီးမင်းဖြစ်သွားပြီဆိုတော့ ကျွန်မတို့က သူငယ်ချင်းတွေဆိုတာကို မေ့သွားလောက်ပြီထင်နေတာ။”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကိုယ် အမေရိကန်နိုင်ငံရဲ့သမ္မတဖြစ်လာရင်တောင် မင်းကကိုယ့်သူငယ်ချင်းဖြစ်နေဦးမှာပါ။”
“ရှင်ကအမေရိကန်နိုင်ငံရဲ့သမ္မတလား။ ဘာလို့ဧကရာဇ်မဟုတ်ရတာလဲ။”
“ကိုယ်သာဧကရာဇ်ဖြစ်လာရင် မင်းအတွက် မောင်းမဆောင်မှာနေရာမကျန်ပဲနေလိမ့်မယ်။”
“သေလိုက်ပါလား၊ ဘယ်သူကလိုချင်နေလို့လဲ။ ဒါနဲ့ ရှင်မနက်ဖြန်အားလား။”
“ဘာလို့လဲ။ ကိုယ်နဲ့အိပ်ချင်လို့လား။”
“ရှင့်ဘာရှင်အိပ်ပါလား။ ကျွန်မက ကျွန်မတို့ နှစ်ယောက်မတွေ့ရတာကြာပြီဆိုတော့ ထမင်းတစ်နပ်လောက် အတူစားမလားလို့။”
“ဒါဆိုကိုယ့်အချိန်ဇယားကို အရင်ကြည့်လိုက်ဦးမယ်။ မင်းလည်း သိပါတယ်၊ ကိုယ်ကအခုဆို အရမ်းအလုပ်ရှုပ်နေပြီလေ။”
“ကျစ်၊ ငကြွားကတစ်မျိုး။ ဒါဆိုလည်း မေ့လိုက်တော့…”
“မလုပ်ပါနဲ့၊ အခုပဲ အချိန်ဇယားကြည့်လိုက်တာ။ မင်းနဲ့ အတူစားဖို့တစ်နာရီအချိန်ရတယ်။”
“ကောင်းပြီလေ”
................................
နောက်တစ်နေ့ ယဲ့ဖန်နိုးလာချိန်၌ ချန်းရွှမ်မှာ ကုမ္ပဏီသို့ထွက်သွားလေပြီ။
သူ့အတွက်ပင် စာချန်ထားခဲ့သေးသည်။
ထိုစာအား အကျဉ်းချုပ်ပြောရလျှင် လင်းယွင်အိမ်ခြံမြေ၏ ပြန်လည်ဆောက်လုပ်ရေးပရောဂျက်မှာ မကြာခင်စတင်တော့မည်ဖြစ်ကာ ဤတစ်လောအတွင်း သူမအလွန် အလုပ်ရှုပ်နေပါသဖြင့် ကျုံးထန်းကန်သာယာအိမ်ရာသို့ လတ်တလော လာနိုင်မည်မဟုတ်ကြောင်းဖြစ်သည်။
ယဲ့ဖန် ကျယ်ဝန်းလှသောအခန်းအား ကြည့်လိုက်မိသည်။ ကြည့်ရတာတော့ သူတစ်ယောက်ထဲ ထပ်နေရဦးမယ် ထင်ပါသည်။
ထို့နောက်ပုံမှန်လိုပင် လက်ဝှေ့လေ့ကျင့်ကာ ဆေးပညာလေ့လာပြီးနောက် ပုံမှန် ထသွားထလာဝတ်စုံတစ်စုံလဲလိုက်ကာ Lykan ကားကိုမောင်းလျက် ချိန်းဆိုထားသောနေရာသို့သွားလိုက်သည်။
လုရှောင်ရ သူ့အားပို့ပေးလိုက်သည့်လိပ်စာမှာ မြို့ပြင်ဘက်ဆင်ခြေဖုံးရှိ လယ်သမား တဲအိမ်တစ်အိမ်ဖြစ်သည်။
ထိုနေရာမှာ အနည်းငယ်ဝေးကာ ကီလိုမီတာ သုံးဆယ်ခန့်အကွာအဝေးရှိသည်။
ကံကောင်းစွာနှင့် အချိန်အများကြီး လိုသေးတာကြောင့် အလျင်မလိုမိပေ။ လမ်းတစ်လျှောက်မှရှုခင်းများကို ငေးမောရင်း ခပ်ဖြည်းဖြည်းသာ မောင်းသွားလိုက်သည်။
လယ်သမားတဲအိမ်နှင့် ဆယ်ကီလိုမီတာ အကွာခန့်ရောက်ချိန်၌…
သတိပေးချက်မရှိပဲ စနစ်မှ အချက်ပေးသံကိုကြားလိုက်ရသည်။
[စနစ်မှ ရတနာရှာဖွေရေးလမ်းပြချက်ကို ရှာတွေ့ထားပါသည်။ ရှေ့သို့ ၁၀၀ မီတာ တန်းတန်းသွား၍ ညာဘက်သို့သွားပါ…]
ယဲ့ဖန် အံ့ဩသွားရသည်။
ဒီလိုတောထဲမှာ ဘာအခွင့်အရေးများ ရှိတာပါလိမ့်။
သို့သော် စနစ်က သူ့ကိုဒီလို အခွင့်အရေးမျိုးပေးလာသည်ဆိုတော့ အကြောင်းအရင်းရှိရမည်။
ထို့ကြောင့် ရွေးချယ်စရာမရှိတော့ပဲ လမ်းညွှန်ချက်အတိုင်းလိုက်ကာ လမ်းကြောင်းပြောင်းလိုက်ရသည်။
ဆယ်မိနစ်ခန့်မောင်းပြီးနောက် အတော်အတန်မတ်စောက်သော ချောက်ကမ်းပါးတစ်ခု၏အောက်ခြေသို့ ရောက်လာခဲ့သည်။
ချောက်ကမ်းပါးမှာ အနည်းဆုံး မီတာတစ်ရာခန့်ရှည်သည်။
ထိုအချိန်၌ ချောက်ကမ်းပါးအောက်တွင် တောင်တက်သမားအုပ်စုမှာ လက်သီးအချင်းချင်းပွတ်တိုက်နေကြသည်။
ယဲ့ဖန်ကားရပ်လိုက်ချိန်၌ ချက်ချင်းပင် လူတိုင်း၏အာရုံကိုဆွဲဆောင်လိုက်နိုင်သည်။
တကယ်တော့ သူ၏ပြိုင်ကားမှာ အတော်လေး မျက်စိဖမ်းစားနိုင်လေသည်။
ယဲ့ဖန် တံခါးတွန်းဖွင့်ကာ ကားပေါ်မှ ဆင်းလာလိုက်ပြီး သူတို့ထံလျှောက်သွားလိုက်သည်။
“ခင်ဗျားတို့ ပြိုင်ပွဲလုပ်နေကြတာလား”
သူတို့ထဲကတစ်ယောက်မှာ ပြိုင်ပွဲစီစဉ်သူ ဖြစ်တန်ရာ ခေါင်းညိတ်လျက် ပြန်ဖြေလာ၏။
“ဟုတ်တယ်၊ တောင်တက်ပြိုင်ပွဲလုပ်မလို့။ ဘာကိစ္စရှိလို့လဲ”။
(T/N - ဒီက တောင်တက်တယ်ဆိုတာက တောင်တက်တာမျိုးကြီးမဟုတ်ပဲနဲ့ ကျောက်ဆောင်တွေတက်တာမျိုးပါ)
ယဲ့ဖန် အတော်လေးမတ်စောက်သည့် ချောက်ကမ်းပါးကိုကြည့်လိုက်မိသည်။
“ကျွန်တော်လည်းပါမယ်”
ထိုလူကြီးမှာ သူ့အားအကဲဖြတ်ဟန်ကြည့်လာသည်။
“မင်းလည်းတောင်တက်ဖူးတယ်လား။”
ယဲ့ဖန် ခေါင်းယမ်းပြလိုက်သည်။
“ဟင့်အင်း၊ ဒါပေမယ့် စမ်းကြည့်ချင်လို့”
ထိုအခါ တစ်ဖက်လူမှာ ချက်ချင်း ခေါင်းယမ်းပြကာ ငြင်းဆိုလာသည်။
“မဖြစ်ဘူး၊ တောင်တက်တာက အရမ်းအန္တရာယ်များတဲ့အားကစားတစ်မျိုး။ မင်းတစ်ခါမှမလေ့ကျင့်ဖူးရင် အရမ်းအန္တရာယ်များတယ်။ မတော်တဆ တစ်ခုခုဖြစ်သွားရင် ငါတို့တာဝန်မယူနိုင်ဘူး”
ယဲ့ဖန် အကြောလျှော့လိုက်ကာ “တာဝန်ယူစရာမလိုပါဘူး။ ကျွန်တော် ပြုတ်ကျသွားရင် ဆေးရုံကိုသာပို့လိုက်”
သူ့စကားကြောင့် အခြားပြိုင်ပွဲဝင်များမှာ ရယ်မိသွားကြသည်။
“ညီအစ်ကို၊ မင်းက သေဖို့ဆုံးဖြတ်ပြီးမှ တောင်တက်တာပဲ။ စိတ်ဓာတ်ကတော့ တကယ်ချီးကျူးထိုက်ပါတယ်”
“မင်းခေါင်းမမာဖို့အကြံပေးချင်တယ်။ တောင်တက်တာက တကယ်အန္တရာယ်များတယ်။ အခြေခံကနေ စသင်သင့်တယ်”
“မင်းကအရမ်းငယ်သေးတယ်။ မတော်တဆ တစ်ခုခုဖြစ်သွားခဲ့ရင် ဟာသမဟုတ်ဘူးနော်”
“ဟုတ်တယ်၊ ငါတို့ကတက်နေကျတွေ။ အပျော်သက်သက်နဲ့တော့ မတက်နေပါနဲ့”
“အမြန်ဘေးဖယ်နေလိုက်တော့၊ ငါတို့ ပြိုင်ပွဲစတော့မှာ”
ယဲ့ဖန် သူတို့ကိုကြည့်လိုက်သည်။
“ကျွန်တော့်လို လူသစ်လေးတစ်ယောက်ကို ရှုံးသွားရင် အရှက်ရမှာစိုးပြီး ကြောက်နေတာမလား”
သူ့စကားမှာ လူထု၏ဒေါသကို ချက်ချင်းဆွပေးလိုက်နိုင်သည်။
“မင်းဘယ်လိုပြောလိုက်တာလဲ။ တော်တော် ကျေးဇူးမသိတတ်တဲ့ကောင်ပဲ”
“ဟုတ်ပါ့။ ငါတို့က သူ့အတွက်ပြောနေတာကို။ ငါတို့ကိုတောင် အပြစ်တင်နေသေးတယ်”
“လုသုန်ပင်း က လူကောင်းတစ်ယောက်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာကိုမသိဘူးပဲ”
“ဘာလို့သူ့ကိုဖျောင်းဖျနေသေးတာလဲ။ သူတက်ချင်ရင် တက်ပစေ။ သူပြုတ်ကျပြီး သေသွားရင်တောင် ကျွန်တော်တို့ကို အပြစ်တင်လို့မရဘူး”
“ငရဲမင်းတောင် ဒီစောက်ရူးကောင်ကို ကယ်နိုင်မှာမဟုတ်ဘူး…”
အပိုင်း ( ၅၁၂ )
ဒါက သူ့ဘဝမှာ ဟာသပဲ!
ထိုအချိန်တွင် အပြည့်အစုံဝတ်ဆင်ထားသော လူတစ်ယောက် ယဲ့ဖန်ထံလျှောက်လာသည်။
“ကလေး၊ မင်းကသေရမှာမကြောက်ဘူး ဆိုတော့ ငါမင်းကိုဝင်ပြိုင်ခိုင်းလိုက်မယ်။ ဒါပေမယ့် မင်းလမ်းတစ်ဝက်ရောက်မှ ဆက်မတက်နိုင်ပဲ ပြန်လည်းမဆင်းတတ်တော့ဘူးဆိုရင် ဘောင်းဘီထဲသေးပေါက်ချမိနေမယ်နော်”
အခြားပြိုင်ပွဲဝင်များမှာ ထိုစကားကို ကြားပြီးနောက် ချက်ချင်း အော်ရယ်မိကြကုန်သည်။
ယဲ့ဖန်၏အမူအရာအား ရသစုံရှိုးတစ်ခုကဲ့သို့ ကြည့်နေကြလေသည်။
ယဲ့ဖန် ထိုလူအားပြန်လှည့်ကြည့်လိုက်ကာ “ခင်ဗျားပြောသလိုဆို ခင်ဗျားကိုယ်တိုင်လည်း အရင်က အကြောက်လွန်ပြီးဘောင်းဘီထဲ သေးပေါက်ချဖူးတယ်ပေါ့။”
သူထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်များ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။
“စောက်ကလေး၊ အခုထိ မင်းကိုယ်မင်း ဘယ်သူ့ရှေ့မှာရှိနေတာလဲဆိုတာကို မသိသေးဘူးထင်တယ်။ ကျန်းချောင် မင်းကြားလိုက်လား။”
“သူက နိုင်ငံ့အဆင့် တောင်တက်ပြိုင်ပွဲမှာတောင် ဝင်ပြိုင်ဖူးတဲ့ ပရော်ဖက်ရှင်နယ်အားကစားသမား တစ်ယောက်ပဲ။ ကြေးတံဆိပ်ဆုတောင် ရဖူးတယ်”
“ပြီးတော့ သူကအဆင့်မြင့်တောင်တက် ကလပ်တွေမှာတောင် နည်းပြ၊ အဲ့တာကို မင်းက သူဘောင်းဘီထဲသေးပေါက်ချမှာ ကြောက်နေတာလား။”
“ဗဟုသုတနည်းတော့ အကြောက်အလန့်လည်းမရှိသလို ဘာမဆို ပြောရဲနေတာပဲ။”
ယဲ့ဖန် လူတိုင်း၏စကားကို နားထောင်ပြီးနောက် ထိုလူအားပြန်ကြည့်လိုက်သည်။
“အဲ့တော့ ဒီလူက ပရော်ဖက်ရှင်နယ် ကစားသမားပေါ့။ မလေးမစားလုပ်မိလို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကြေးတံဆိပ်ပဲရတာတော့ နှမြောစရာပဲ။ ရွှေတံဆိပ်သာဆို ခင်ဗျားဆီက လက်မှတ် တောင်းမိလောက်တယ်။”
ကျန်းချောင်မှာ အနာပေါ်တုတ်ကျသလို ဖြစ်သွားကာ ဒေါသအိုးပေါက်ကွဲသွားလေသည်။
“ကြေးတံဆိပ်ဆိုတော့ဘာဖြစ်လဲ။ မင်းလို ငနုလေးကိုတော့ အသာလေးသတ်ပစ်နိုင်တယ်။ မင်းငါနဲ့ ပြိုင်ရဲလို့လား။ မင်းသာငါနဲ့ ဆယ်မီတာအကွာမှာနေနိုင်ရင် အဲ့ကြေးတံဆိပ်ဆုကို ငါမင်းကို လက်ဆောင်အဖြစ်ပေးလိုက်မယ်။”
ထိုသို့ပြောရင်း အိတ်ကပ်ထဲမှ ကြေးတံဆိပ်ဆုကိုထုတ်ကာ ယဲ့ဖန်ရှေ့၌ လှုပ်ယမ်းပြလိုက်သည်။
သူ့ကြည့်ရသည်မှာ ထိုကြေးတံဆိပ်ဆုကို အလွန်ဂရုစိုက်ပုံပေါ်ပြီး သွားလေရာ ယူသွားတတ်ပုံပင်။
ယဲ့ဖန် နှုတ်ခမ်းတွေတွန့်ကွေးသွားကာ “ခင်ဗျားရဲ့ကြေးတံဆိပ်ကိုတော့ ကျွန်တော် စိတ်မဝင်စားပေမယ့် စိန်ခေါ်တာကိုတော့ လက်ခံလိုက်မယ်။”
ကျန်းချောင်အပြုံးတစ်ပွင့်နှင့် ပွဲစီစဉ်သူကို လှည့်ပြောလိုက်သည်။
“သူ့ကိုကာကွယ်ရေးဝတ်စုံတစ်စုံပေးလိုက်ပါ။ တကယ်ကြီးတော့ မသေသွားစေနဲ့။”
သို့သော်ယဲ့ဖန်ကတော့ တိုက်ရိုက် ငြင်းဆိုလိုက်သည်။
“ကာကွယ်ရေးပစ္စည်းတွေမလိုပါဘူး။ အဲ့တာတွေက အနှောင့်အယှက်သက်သက်ပဲ ကျွန်တော့်ကိုအရှိန်နှေးစေလိမ့်မယ်။”
ကျန်းချောင်အံ့ဩသွားရသည်။
“မင်းကကျောက်ဆောင်ကို လက်ဗလာနဲ့ တက်မလို့လား။ မင်းပြုတ်ကျသွားရင် သေရင်သေ၊ မသေရင်ကျိုးပဲနော်။”
ယဲ့ဖန် တောက်ပစွာပြုံးလိုက်ကာ “ကျွန်တော်သာ တကယ်ပြုတ်ကျရင် ခင်ဗျားကို ကျွန်တော့်ပြိုင်ကားပေးလိုက်မယ်။”
ကျန်းချောင်သူ၏ Lykan ပြိုင်ကားကိုကြည့်လိုက်ကာ ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။
ထိုကောင်လေးတကယ်ပြုတ်ကျဖို့ကိုပင် တိတ်တဆိတ်မျှော်လင့်မိသွားသည်။
ထိုအချိန်တွင် ပွဲစီစဉ်သူက ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်။
တောင်တက်သမားအုပ်စုမှာ ကျောက်ဆောင် အခြေ၌ စုဝေးလိုက်ကြသည်။
ယဲ့ဖန်သာလျှင် အောက်မှနေ၍ သူတက်ရမည့်လမ်းကြောင်းကို ရှာဖွေနေခဲ့သည်။
ပြိုင်ပွဲဝင်များမှာတော့ ယဲ့ဖန်အား ကြိတ်ရယ်နေကြသည်။
ပြိုင်ပွဲတောင်စတော့မှာကို မင်းကအခုမှ တက်ရမယ့်လမ်းကြောင်းကို ကြည့်နေတာလား။ နောက်ကျနေပြီ မထင်ဘူးလား။
ထိုခဏအတွင်းမှာ အခြားပြိုင်ပွဲဝင်များမှာ မီတာအနည်းငယ်အကွာအဝေးသို့ ရောက်ကုန်ကြလေသည်။
ထိုအခါမှသာ ယဲ့ဖန် အလျင်မလိုစွာ ခပ်ဖြည်းဖြည်းစတက်လေသည်။ တောင်ပေါ်ရှိ ကျောက်တုံးများကိုခေါက်ရင်း ကျောက်ဆောင်၏မာကျောမှုကို ခံစားကြည့်နေသည်။
ပြိုင်ပွဲစီစဉ်သူများမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရယ်ချင်နေကြသည်။
သူတို့မျက်လုံးထဲ၌ ယဲ့ဖန်ဟာ အသိအသာကို ကြောက်ရွံ့နေသောကြောင့် အချိန်ဆွဲနေသလိုပင်။
သို့သော် ထိုသည်မှာလည်း ကောင်းသည်ပင်။ သူတက်နေတုန်း တစ်ခုခုသာဖြစ်သွားခဲ့ရင် ဖြစ်လာမည့်အကျိုးဆက်ကို သူတို့လည်း တာဝန်ယူနိုင်မည်မဟုတ်ပေ။
တာဝန်ရှိသူမှာ မတ်တပ်ထရပ်ကာ ယဲ့ဖန်ထံ လျှောက်သွားလေသည်။
“လူကြီးမင်း၊ ဟိုနားမှာ ခဏလောက်အရင် သွားနားလိုက်ပါလား…”
သူပြောလို့မဆုံးခင်မှာပဲ ယဲ့ဖန် ရုတ်တရက် အဖုတစ်ခုကိုလှမ်းဆွဲလိုက်ကာ လက်မောင်း နှစ်ဖက်ကိုအားထည့်လျက် ချက်ချင်း စတက်လေတော့သည်။
ထို့နောက်တွင်တော့ သူတို့ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။
ယဲ့ဖန်မှာအလွန်မြန်၏။ မြန်လွန်းသောကြောင့် အနည်းငယ်ပင် သာမန်မဆန်ပေ။
သူဟာ တောက်တဲ့တစ်ကောင်လိုပင် ကျောက်ဆောင်အား မြေပြန့်ကဲ့သို့ သဘောထားလျက်တက်နေသည်။
သူအတုံးတစ်တုံးကိုကိုင်လျက် အားထည့်ပြီး တက်လိုက်လျှင် အတုံးရေတော်တော်များများကို ကျော်သွားနိုင်လေသည်။
သူ့လက်မောင်းခွန်အားမှာ တကယ်ကို ကြောက်စရာပင်။
အချိန်ခဏအတွင်းမှာပဲ သူ့ထက် ဆယ်စက္ကန့်မျှစောတက်သွားသော အခြား ပြိုင်ပွဲဝင်များကို မှီသွားလေသည်။
“သူ… သူကလူရောဟုတ်ရဲ့လား။”
ဝန်ထမ်းတစ်ယောက်မှာ မထိန်းနိုင်ပဲ ထုတ်မေးလိုက်မိသည်။
သူ့ပါးစပ်မှာ အခြားသူများ၏အတွေးကိုပါ ထုတ်မေးလိုက်တာပင်။
“အဲ့လောက်အမြန်တက်နိုင်တဲ့လူ တစ်ခါမှ မတွေ့ဖူးသေးဘူး။”
“ဒီကောင်လေးရဲ့အမြန်နှုန်းနဲ့သာဆို သူ ချန်ပီယံရသွားမှာတောင်စိုးတယ်။”
“အစောကသူပြောတော့ ဒါပထမဆုံး တောင်တက်ဖူးတာပါဆို။”
“ချီးစကားတွေ၊ ပထမဆုံးစတက်တဲ့သူက ဘယ်လိုလုပ် ဒီလောက်ကောင်းနိုင်မှာလဲ။ အဲ့တာဖြစ်နိုင်တယ်လို့ ထင်နေတာလား။”
“အရမ်းထူးဆန်းတယ်၊ အခုဆို သူအကုန်လုံးကို ကျော်တက်တော့မယ်..”
သူတိုစကားပြောနေချိန်မှာပဲ ယဲ့ဖန်မှာ တောင်တက်သမားအနည်းငယ်ကို ကျော်တက်သွားပြီဖြစ်သည်။
ပြိုင်ပွဲဝင်များမှာ သူတို့ဘေးမှ အနက်ရောင် အရိပ်တစ်ခုဖြတ်သွားသည်ကိုသာ ခံစားမိလိုက်ကာ လူတိုင်းထိတ်လန့်ကုန်ကြသည်။
လူနှစ်ယောက်ဆို အလန့်လွန်ပြီး ပြုတ်ကျတော့မလိုပင် ဖြစ်သွားရသည်။
“ဘာလဲဟ”
သူတို့ထဲက လူနည်းစုမှာ အပေါ်မော့ကြည့်လိုက်ရာ ချက်ချင်း ကြက်သေသေသွားရသည်။
“စောက်ရမ်းမြန်နေတာ မဟုတ်ဘူးလား။”
“သူကျောက်ဆောင်တက်နေတာရော ဟုတ်ရဲ့လား။ ငါဘာလို့ သူမြေပြန့်ပေါ်မှာ လမ်းလျှောက်နေတယ်လို့ ခံစားမိနေပါလိမ့်။”
“သူဘယ်လိုလုပ်လိုက်တာလဲ။ စူပါမန်းကျနေတာပဲ။”
“သူအပေါ်ကိုပျံတက်သွားပြီး ဝှီးခနဲ ပျောက်သွားသလိုခံစားနေရတယ်။”
အမြဲတမ်း ပထမနေရာမှာသာရှိခဲ့ဖူးသော ကျန်းချောင်မှာ လူတိုင်း၏ဆွေးနွေးနေသံကို ကြားတော့ အောက်ငုံ့ကြည့်လိုက်မိသည်။
ထို့နောက် အနက်ရောင်အရိပ်တစ်ခု သူ့ထံ ချဉ်းကပ်လာသည်ကိုမြင်လိုက်ရသည်။
ဘာလဲဟ။
သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ယဲ့ဖန် သူ့အားကျော်တက်သွားကာ နတ်ဆိုးဆန်သော အပြုံးတစ်ပွင့်ဖြင့် လှည်ကြည့်လာသည်။
“ကံကောင်းပါစေ!”
ထိုသို့ပြောပြီးနောက် သူ့လက်မောင်းကို လှုပ်ယမ်းလျက် ချက်ချင်းပင် ကောင်းကင်ထက်သို့ပျံတက်သွားလေသည်။
ကျန်းချောင်ဘောင်းဘီထဲ၌ အေးစက်စက် ဖြစ်သွားသလိုခံစားလိုက်ရကာ သေးပေါက်ချမိမလိုပင် ဖြစ်သွားရသည်။
ဒီတောင်တက်နည်းက ဘယ်လိုကြောက်စရာကောင်းတဲ့နည်းကြီးပါလိမ့်။
မျောက်လွှဲကျော်ကျနေတာပဲ။
လူသားတစ်ယောက်ရဲ့အကန့်အသတ်ကို လုံးဝချိုးဖောက်နေတာပဲ။
လူတိုင်းမှာ သူတို့ပြိုင်ပွဲဝင်နေသည်ဆိုတာကိုပင် မေ့သွားကြပြီး ယဲ့ဖန်အား ကြောင်တောင်တောင် စိုက်ကြည့်နေမိကြသည်။
တစ်ခဏအတွင်းမှာပင် ယဲ့ဖန်ဟာ မီတာ 50 ကျော်ခန့်တက်ပြီးနေပြီဖြစ်သည်။
အပေါ်ပိုင်းမှာ ကျောက်ဆောင်အစွန်းများ ပိုမိုကြီးလေသည်။
ဤကျောက်ဆောင်မျိုးဟာ အလွန် တက်ရခက်ပြီး အန္တရာယ်များသည်။
သူသာသေသေချာချာမကိုင်ထားနိုင်ရင် ပြုတ်ကျနိုင်သည်။
ထိုနေရာအထိပဲ သူတို့ပြိုင်ပွဲအတွက် သတ်မှတ်ထားတာဖြစ်ပြီး ဆက်တက်ဖို့ မပြင်ဆင်ထားပေ။
ယဲ့ဖန်ဟာလည်း အခက်အခဲတစ်ချို့ ကြုံတွေ့ထားပြီးပြီဖြစ်ရာ ထိုကျောက်ဆောင် ကြီးများရှိသည့်နေရာ၌ရပ်လိုက်ပြီး စတင် စူးစမ်းနေလိုက်သည်။
“ညီအစ်ကို၊ ဆက်မတက်နဲ့တော့။ မင်းနိုင်ပြီ။”
“ဟုတ်တယ်၊ အဲ့နေရာက အန္တရာယ်များလွန်းတယ်။”
“အခုက မင်းကတော်တော်အံ့ဩဖို့ ကောင်းနေပါပြီ။ မင်းက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးတောင်တက်သမားပဲ။ ချန်ပီယံ ဖြစ်ဖို့ထိုက်တန်ပါတယ်။”
“ညီအစ်ကို၊ ဆင်းလာခဲ့ပါတော့၊ ငါတို့အကုန်လုံး အရှုံးကိုဝန်ခံပါတယ်။”
သို့သော် ယဲ့ဖန်မှာ လူတိုင်း၏စကားကို မကြားသလိုပင် ထိုကျောက်ဆောင်ကြီးများ ရှိသည့်နေရာအား အချိန်အတန်ကြာ စိုက်ကြည့်နေသည်။
ထို့နောက် သူ့ခြေထောက်ကိုအားထည့်လိုက်ရာ တစ်ဖန် ပျံတက်သွားပြန်သည်။
“အီး….”
လူတိုင်းပင့်သက်ရှိုက်လိုက်မိသည်။
ဒီကောင်ရူးနေတာလား။
အမြင့်ပေတစ်ရာထက်ကနေ ပြုတ်ကျလိုက်ရင် အသားပြားဖြစ်သွားလောက်တယ်။
ဒါကတကယ်ကြီး အသက်ပေးပြီး ကစားရာကျမနေဘူးလား!