အပိုင်း ၅၁၃-၅၁၆
Vol. 26 Ch. 513-516
အပိုင်း ( ၅၁၃ )
နှစ်သုံးရာသက်တမ်းရှိလင်ဇီး
ယဲ့ဖန်၏လုံခြုံမှုကို လူတိုင်းစိုးရိမ်နေချိန်မှာပဲ…
ယဲ့ဖန်ဟာတော့ ကျောက်ဆောင်တစ်ခုကို ဆုပ်ကိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်ဟာ လေထဲ၌ယိမ်းနွှဲ့နေလေသည်။
လူတိုင်းမှာအလွန်ထိတ်လန့်နေသောကြောင့်အသက်ရှူပင်အောင့်ထားမိသည်။
F*ck, ဒီလူငယ်လေးက သိပ်အတင့်ရဲတာပဲ။
ယဲ့ဖန်ဟာတော့ ခဏရပ်လိုက်ပြီး ဆက်တက်လေသည်။
သိပ်မကြာခင်မှာပဲ မီတာတစ်ရာခန့်မြင့်သည့် ကျောက်ဆောင်ထိပ်သို့ရောက်သွားသည်။
ထိုအချိန်တွင်တော့ လူတစ်ယောက် ရုတ်ခြည်းအော်ပြောလာသည်။
“မကောင်းတော့ဘူး! အဲ့မှာ လင်းယုန်ရှိတယ်။”
လူတိုင်းအပေါ်သို့မော့ကြည့်လိုက်ရာ တောင်ပံတစ်ဖျတ်ဖျတ်ခတ်လျက် ယဲ့ဖန်ထံ ဦးတည်လာနေသည့် လင်းယုန်တစ်ကောင်ကို မြင်လိုက်ကြရသည်။
“ဂရုစိုက်!”
လူတိုင်းထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
အမှန်တော့ သူတို့သတိမပေးလျှင်တောင် ထိုလင်းယုန်သူ့ထံဦးတည်လာနေသည်ကို ယဲ့ဖန် သတိထားမိသည်။
သို့သော် သူမကြောက်မိပေ။
သူကျောက်ဆောင်အား လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်လိုက်ကာ ခန္ဓာကိုယ်ကို လွှဲယမ်းလိုက်သောကြောင့် လင်းယုန်မှာ သူ့အားလွဲချော်သွားလေသည်။
“ဝှီး…”
ပွဲကြည့်ပရိတ်သတ်များမှာ ပင့်သက်ရှိုက်လိုက်မိပြန်သည်။
အလွန်အန္တရာယ်များလွန်းလှသည်။
သူသာဂရုမစိုက်လျှင် အမြင့်ပေတစ်ရာကနေ ပြုတ်ကျပြီး သေမှာအသေအချာပင်။
ထိုတောင်လင်းယုန်ငှက်မှာ လွဲချော်သွားတာကြောင့် ချက်ချင်း လေထဲ၌ ဦးတည်ချက်ပြောင်းလိုက်ကာ ယဲ့ဖန်ထံ တစ်ဖန်ဦးတည်လာပြန်သည်။
ယဲ့ဖန် အနည်းငယ်ဒေါသထွက်လာရသည်။ ဒီကောင်မပြီးနိုင်သေးဘူးလား။
သူကျောက်နံရံကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ နံရံထဲမှ ကျောက်တုံးတစ်တုံးကိုဆွဲထုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုကောင်ကို ပစ်လိုက်သည်။
ဘန်း!
“အား…”
(T/N - ငှက်အော်တာပါနော်
ငှက်နာရင် ဘယ်လိုအော်လဲမသိလို့ಥ‿ಥ)
လင်းယုန်မှာ နာကျင်စွာအော်ဟစ်ကာ အောက်သို့ပြုတ်ကျသွားလေသည်။
အောက်ရှိလူများမှာ ထိုအခြင်းအရာကို မြင်တော့ သူတို့အားလုံး ကြက်သေသေသွားရသည်။
သူကလေထဲမှာရှိနေတာတောင် ဒီလို ခက်ခဲတဲ့လှုပ်ရှားမှုမျိုးကိုပြုလုပ်ပြီး လင်းယုန်ကိုတောင် ကျောက်တုံးနဲ့ ပစ်ပေါက်လိုက်သေးတာလား။
ဒါကြီးက အရမ်းမကြမ်းလွန်းဘူးလား။
သူတို့ထိုကပ်ဘေးကြီးပြီးမြောက်သွားပြီလို့ ထင်လိုက်ကြသည်။
သို့သော် လင်းယုန်မှာ လမ်းတစ်ဝက်ရောက်ကာမှ ရုတ်တရက် တောင်ပံ၌တဖျတ်ဖျတ်ခတ်ကာ ယဲ့ဖန်ထံ ထပ်မံဦးတည်လာပြန်သည်။
ဤတစ်ကြိမ်တွင်တော့ ၎င်းဟာပိုမြန်လာပြီး ယဲ့ဖန်နှင့်အတူ သေဖို့ပြင်နေပုံပင်။
ယဲ့ဖန်မှာ ကျောက်တုံးတူးနေရန် အချိန်မရှိတော့တာကြောင့် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ လင်းယုန်၏ဦးတည်မှုကို ရှောင်ရှားလိုက်သည်။
သို့သော် လင်းယုန်၏မျက်လုံးမှာ သတ်ဖြတ်လိုစိတ်ကြောင့် အနီရောင်ပင် သန်းနေကာ သူ့ပစ်မှတ်ကိုလွဲချော်သွားလျှင် ချက်ချင်းတိုက်ခိုက်ရန် ပြန်လည်ဦးတည် လာလေတော့သည်။
ယဲ့ဖန်၏ခန္ဓာကိုယ်ဟာ လေထဲ၌ လွှဲယမ်းနေလေသည်။
၎င်းမှာသူအန္တရာယ်ကျရောက်နေသလိုပင်။
အောက်မှလူများမှာ အသက်ရှူရပ်တော့မလိုပင်ခံစားနေရသည်။
လူတိုင်းချွေးအေးတွေထွက်လာရသည်။
ထိုအချိန်မှာ လင်းယုန်ငှက်ဟာ တစ်ဟုန်ထိုး ဆင်းလာပြန်ကာ ပြန်လည်ဦးတည်လာပြန်သည်။
ယဲ့ဖန် ထိုအခွင့်အရေးကိုအမိဖမ်းကာ ၎င်းအား သူ့ညာလက်ဖြင့် လှမ်းဖမ်းလိုက်သည်။
လင်းယုန်၏လည်တိုင်အား လက်ဖြင့် ဖမ်းဆုပ်လိုက်ကာ အားထည့်လိုက်သည်။
ခွက်ခနဲအသံမြည်ကာ ကောင်းကင်ပေါ်မှ ထိုလင်းယုန်ငှက်ပြုတ်ကျသွားတော့သည်။
အောက်မှကြောက်လန့်တကြားကြည့်နေကြသောလူတစ်စုမှာ ထိုအခါမှ ရင်ထဲ အေးသွားရသည်။
လူတိုင်း၏ခြေလက်များမှာ ထုံထိုင်းနေကြကာ မတ်တပ်ပင် မှန်မှန်မရပ်နိုင်တော့ပေ။ သူတို့အားလုံး ထိုင်ရန်နေရာတစ်ခု ရှာကြတော့သည်။
ထို့နောက် ယဲ့ဖန်၏ပုံရိပ်အား ကြောင်အကာ ငေးမောနေမိသည်။
ယဲ့ဖန် လေထဲ၌ လင်းယုန်ကိုရှောင်ရှားပြီး နောက်ဆုံး၌ဖမ်းမိသွားကာ သတ်လိုက်သည့် ဖြစ်ရပ်တစ်ခုလုံးမှာ အလွန်အန္တရာယ်များလေသည်။
၎င်းမှာဟောလိဝုဒ်ရုပ်ရှင် ကြည့်ရသည်ထက်ပင် ပိုလို့စိတ်ဝင်စားဖို့ ကောင်းနေသည်။
သူတို့၏ခန္ဓာကိုယ်များမှာ ထုံထိုင်းနေပြီး ချွေးအေးတွေထွက်နေကြသည်။
ကျန်းချောင်မှာ ပိုလို့ပင် စိတ်မချမ်းမြေ့ ဖြစ်လာရကာ သူ့ဘောင်းဘီထဲမှ အဝါရောင် အရည်များစီးကျလာသည်။
သူတကယ်ကြီး အကြောက်လွန်လို့ သေးထွက်သွားတာလား။
ကျောက်ဆောင်ထိပ်၌ရှိနေသည့်ယဲ့ဖန်မှာ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ထုတ်လွှတ်လိုက်မိသည်။
တစ်ချိန်ထဲမှာပဲ သူ့နှလုံးသားထဲ၌ သံသယတစ်ခုမြင့်တက်လာသည်။
လင်းယုန်က ဘာလို့ရုတ်တရက်ကြီး သူ့ကို တိုက်ခိုက်လာရတာလဲ။
ဒီနေရာမှာ သူ့အသိုက်ရှိနေလို့များလား။
သူသံသယဖြစ်စွာပင် ဆက်တက်လာလိုက်ရာ သိပ်မကြာခင်၌ တောင်ထိပ်သို့ ရောက်သွားသည်။
ထို့နောက်တွင်တော့ မျက်လုံးပြူးသွားရသည်။
တောင်ထိပ်၌ မှိုနှင့်တူသည့် အပင်ကြီး အကြီးကြီးတစ်ပင်ရှိနေသည်။
ဒါက… လင်ဇီးလား။
ဒီတစ်လော သူဆေးပညာလေ့လာနေတာကြောင့် ထိုအပင်ကိုချက်ချင်း သတိပြုမိလိုက်သည်။
သို့သော် လင်ဇီးပင်အများစုက လက်ဖဝါး အရွယ်ခန့်သာရှိပြီး အများဆုံးမှ ဘတ်စကတ်ဘော ဘောလုံးတစ်လုံးစာ အရွယ်ပဲရှိတာဖြစ်သည်။
သို့သော် သူ့ရှေ့ရှိ လင်ဇီးပင်မှာ အနည်းဆုံး နှစ်သုံးရာလောက်ရှိမည်ထင်သည်။
သူ့အနေနဲ့ တန်ဖိုးကြီးရတနာများစွာကို တွေ့ခဲ့ဖူးသော်လည်း ပင့်သက်ရှိုက်မိသွားရသည်။
နှစ်သုံးရာသက်တမ်းရှိတဲ့ လင်ဇီးတဲ့လား။
ဒါကတကယ့်ကိုရှားပါးရတနာပဲ!
လင်းယုန်ငှက် သူ့ကိုသေအောင် တိုက်ခိုက်ချင်နေတာ မထူးဆန်းတော့ပါဘူး။ သူသာ ဒီလင်ဇီးကိုစားလိုက်ရင် အနည်းဆုံး သူ့အသက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ပိုရှည်သွားမှာပင်။
အံ့ဩမှုပြီးသည့်နောက် သူခေါင်းခဲသွားရသည်။
ဒီလောက်ကြီးတဲ့အပင်ကြီးကို သူအောက်ကို ဘယ်လိုပြန်သယ်ရမှာလဲ။
ယဲ့ဖန်မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားလိုက်သည်။ ထို့နောက် ချက်ချင်း ကုတ်အင်္ကျီကိုချွတ်လိုက်ကာ အင်္ကျီလက်ဖြင့် လင်ဇီး၏အမြစ်ကိုချည်လိုက်ပြီး ကျောပေါ်သယ်လိုက်သည်။
၎င်းမှာအနည်းငယ်လေးသည်။ အနည်းဆုံး ကီလိုသုံးဆယ်ခန့်တော့ရှိမည်ပင်။
ဤမျှလေးသည့်ပစ္စည်းကိုသယ်ပြီး တောင်အောက်ဆင်းရန်မှာ အလွန် အန္တရာယ်များသည်။
သို့သော် ဤလင်ဇီးမှို၏တန်ကြေးနှင့် စနစ်၏ ရက်ရောသောဆုကြေးကို စဉ်းစားမိပြီးနောက် ယဲ့ဖန် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ဖန် ပစ္စည်းကြီးတစ်ခုကိုသယ်လျက် ပြန်ဆင်းလာသည်ကိုမြင်တော့ အောက်ရှိ လူများမှာ ကြောင်ငေးမိသွားသည်။
“သူ့နောက်ကျောပေါ်ကဘာကြီးလဲ။”
“အရမ်းဝေးနေတော့ သေချာမမြင်ရဘူး။ ကြည့်ရတာတော့ တော်တော်လေးမယ့်ပုံပဲ။”
“သူရူးနေတာလား။ ဒီတိုင်းဆင်းဖို့တောင် ခက်တာကို၊ ဒီလောက်ပစ္စည်းအကြီးကြီးကို သယ်ပြီးဆင်းမလို့လား။”
“ဟုတ်ပါ့၊ အလေးချိန်ပိုစီးလေလေ ပြန်ဆင်းရတာခက်လေလေပဲ။ ဂရုမစိုက်မိတာနဲ့ တန်းပြုတ်ကျမှာ။”
“အမြင့်ပေတစ်ရာကနေပြုတ်ကျလို့ကတော့ သေချာပေါက် အသားချောင်းဖြစ်သွားမှာပဲ။”
ကံကောင်းစွာနှင့် လူတိုင်း၏စိုးရိမ်မှုများမှာ မလိုအပ်ပေ။
ယဲ့ဖန် တောင်ပေါ်မှ အန္တရာယ်ကင်းစွာ ဆင်းလာနိုင်ခဲ့သည်။ တက်သွားတုန်းကလောက်တော့ မမြန်ပေမယ့် ချောချောမွေ့မွေ့ ဆင်းလာနိုင်သည်ကပင် ရှားပါးသည့်အရာ တစ်ခုဖြစ်နေလေပြီ။
သူမြေပေါ်သို့ခြေချလိုက်မှသာ လူတိုင်း စိတ်အေးနိုင်တော့သည်။ ထို့နောက် သူ့နောက်ကျောပေါ်ရှိအရာကို လူတိုင်း အကြည့်ပို့လိုက်မိသည်။
“အဲ့တာဘာကြီးလဲ။ မှိုနဲ့တူသလိုပဲ။”
“ဒါက… လင်ဇီးမှိုမဟုတ်ဘူးလား။ ဒါပေမယ့် အရမ်းကြီးနေတယ်။ အဲ့လောက်ကြီးတဲ့ လင်ဇီးမှိုရှိလို့လား။”
“လင်ဇီးနဲ့တူတယ်။ ငါအဲ့တာကို တရုတ်ဆေးဆိုင်တွေမှာမြင်ဖူးတယ်။ အဲ့တာနဲ့ တစ်ပုံစံထဲပဲ။ ဒါပေမယ့် ဒီဟာလောက်တော့မကြီးဘူး။”
“ဘုရားရေ၊ ဒီလောက်ကြီးတဲ့ လင်ဇီးဆို သိန်းနဲ့ချီတန်မှာပဲ။”
ထိုအချိန်တွင် လင်ဇီးမှိုကို သတိပြုမိသွားသည့် ဝန်ထမ်းတစ်ယောက်မှာ အထစ်ထစ်ဝင်ပြောလာသည်။
“သိန်းနဲ့ချီတယ်။ ဒီလင်ဇီးက အနည်းဆုံး နှစ်တစ်ရာလောက်သက်တမ်းရှိမှာပဲ… သန်းနဲ့ချီမယ်ထင်တယ်။”
“ဘယ်…ဘယ်လောက်။ သန်းချီတယ်။”
လူတိုင်းကြက်သေသေသွားရသည်။
အပိုင်း ( ၅၁၄ )
ကြေးတံဆိပ်ကြီး မလိုချင်ပါဘူး
“ငါ့မှာတရုတ်တိုင်းရင်းဆေးစီးပွားရေး လုပ်နေတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူငါ့ကိုတရုတ်တိုင်းရင်းဆေးအကြောင်း ခဏခဏပြောပြနေကျ။ ဆယ်နှစ်သက်တမ်း ရှိတဲ့လင်ဇီးဆိုရင်တောင် ယွမ်သိန်းချီတန်တယ်လို့ သူပြောဖူးတယ်။ ဆယ်နှစ်တိုးလေ ဈေးကနှစ်ဆဖြစ်လေပဲ။”
ထိုသို့ပြောရင်း ယဲ့ဖန်၏လင်ဇီးကို ကြည့်လာသည်။
“ဒီလင်ဇီးမှိုရဲ့အရွယ်အစားက တကယ်ကြောက်စရာပဲ။ ခန့်မှန်းကြည့်ရတာတော့ အနည်းဆုံး နှစ်ရာချီသက်တမ်းရှိမယ်ထင်တယ်။ ဈေးကတော့ ကျိန်းသေပေါက် သန်းဆယ်ချီဖြစ်ရင်ဖြစ် မဟုတ်ရင် အဲ့အထက်ပဲ။”
သူရှင်းပြတာကိုနားထောင်ပြီးနောက် လူတိုင်းမှာ ယဲ့ဖန်နှင့်လင်ဇီးအား ငေးမောမိသွားကြသည်။
“ဒီလင်ဇီးကို သူတောင်ပေါ်ကရလာတာမလား။ သူ့ကံက ကောင်းကင်ဘုံကိုတောင် စိန်ခေါ်ရာ ကျမနေဘူးလား။”
“ထပ်ရှိသေးလား။ ရှိသေးတယ်ဆိုရင် ငါလည်းတောင်ထိပ်ထိတက်ပြီး သွားယူမယ်။”
“ခင်ဗျားအတွေးလွန်နေပြီ။ ဒီလိုရတနာမျိုးက အဲ့လောက်များမလား။ သူကံကောင်းလို့ဆိုတာတော့ ပြောနိုင်တယ်။”
“ကံကောင်းရုံတင်ဘယ်ကမလဲ။ ကောင်းကင်ဘုံကိုဖီဆန်နေတာပဲ! သန်းဆယ်ချီတယ်တဲ့, အမလေး!”
“အဲ့တာကလင်ဇီးလား။ အဲ့တာကိုစားရင် ထာဝရအသက်ရှင်နိုင်တယ်ဆိုတဲ့ဟာလေ။”
“အသက်ကိုဆွဲဆန့်နိုင်ရုံနဲ့ ထာဝရအသက်ရှင်နိုင်တာတော့ မဟုတ်ဘူးလေ၊ ဒါပေမယ့် အရမ်းကောင်းတဲ့ သက်ရောက်မှုရှိမှာတော့သေချာတယ်။”
လူတိုင်းယဲ့ဖန်၏ကံကောင်းမှုကို အံ့ဩနေကြသည်။
ကျောက်ဆောင်တက်ရုံနဲ့ သန်းဆယ်ချီတန်တဲ့ ရတနာတစ်ခုကိုကောက်ရလိုက်သည်။
ဒါကဘယ်လိုကံကောင်းမှုမျိုးလဲ။
ယဲ့ဖန်မှာတော့ ရယ်ချင်နေသည်။
နှစ်တစ်ရာသက်တမ်းရှိလင်ဇီးတဲ့လား။
ဒီလင်ဇီးက အနည်းဆုံးနှစ်သုံးရာသက်တမ်း ရှိသည်။
ဈေးနှုန်းကိုခန့်မှန်းရခက်၏။
သို့ရာတွင် ထိုအကြောင်းကိုရှင်းပြရင်း အလုပ်ရှုပ်ခံမနေတော့ပေ။ ချက်ချင်း လင်ဇီးကို ကျောပေါ်မှဖြည်ကာ သေတ္တာထဲ
ထည့်လိုက်သည်။
“ခင်ဗျားတို့အားကျနေစရာမလိုပါဘူး။ ကျွန်တော်ကဒါကိုရဖို့ အသက်ကိုပါစွန့်ခဲ့တာလေ။ တောင်တက်ရင်း သေလုနီးပါးတောင်ဖြစ်သွားတာ။”
လူတိုင်းခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ်၊ အစောက မင်းဆီကို လင်းယုန်ငှက်ဦးတည်လာတုန်းကဆို ငါ့မှာ သေလောက်အောင်လန့်သွားတာ။”
“ဒီညီငယ်လေးက အရမ်းအင်အားကြီးတာပဲ။ သူ့နေရာမှာငါသာဆိုရင် သေချာပေါက် ပြုတ်ကျနေလောက်ပြီ။”
“မင်းရဲ့လှုပ်ရှားမှုတွေကအရမ်းမိုက်တာပဲ။ ဘယ်လိုလုပ်လိုက်တာလဲ။”
“ငါဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး မင်းက ငါ့အိုင်ဒေါလ်ပဲ။ ငါမင်းနဲ့ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ရမလား။”
“ငါရောပဲ၊ ဒီအခိုက်အတန့်ကို ငါ့တစ်ဘဝလုံး အမှတ်ရနေချင်တယ်။”
“ငါလည်းရိုက်ချင်တယ်…”
လူတိုင်းမှာယဲ့ဖန်အား အိုင်ဒေါလ် တစ်ယောက်လိုဆက်ဆံလာကြကာ သူနှင့် အတူဓာတ်ပုံရိုက်ရန် တိုက်ခိုက်ကြတော့သည်။
သို့သော် ယဲ့ဖန်မှာ သူတို့အားလုံးကို ငြင်းဆန်လိုက်သည်။
သူအိုင်ဒေါလ်တစ်ယောက်မဖြစ်ချင်ပေ။ ခပ်လျှိုလျှိုနေတာပိုကောင်းသည်။
ထိုအချိန်၌ ကျန်းချောင်သူ့ထံလျှောက်လာကာ ကြေးတံဆိပ်ကို ကမ်းပေးလာသည်။
“မင်းနိုင်တယ်။ ဒီကြေးတံဆိပ်က မင်းအပိုင်ပါပဲ။”
သူ့မျက်လုံးထဲတွင်တော့ အင်တင်တင် ဖြစ်နေလေသည်။
ဤကြေးတံဆိပ်က သူ့အတွက် အလွန်အရေးကြီးသည်မှာ သိသာသည်။
ယဲ့ဖန် ထိုကြေးတံဆိပ်ကိုယူလိုက်ကာ အလေးချိန်ကြည့်လိုက်ပြီး သူ့လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
“ကိုယ့်ဘာသာပဲသိမ်းထားလိုက်ပါတော့၊ တကယ်လို့ရွှေတံဆိပ်သာဆိုရင် ကျွန်တော် လက်ခံလိုက်မှာ ဒါပေမယ့် ကြေးတံဆိပ်ကြီး ဆိုတော့ မလိုချင်ဘူး။”
ထိုသို့ပြောပြီးနောက် သူလူတိုင်းကို လက်ယမ်းပြလိုက်ကာ ကားမောင်းထွက်လာလိုက်သည်။
ထိုအချိန်မှာပဲ စနစ်၏အချက်ပေးသံကို ကြားလိုက်ရသည်။
[ ရတနာရှာဖွေခြင်းမစ်ရှင်အား အောင်မြင်စွာ ပြီးမြောက်သွားသည့်အတွက် Host အား ဂုဏ်ပြုပါတယ်။ ငွေသား တစ်ဘီလီယံ ရရှိပါသည်။]
ဆုကြေးကိုကြားပြီးနောက် ယဲ့ဖန်၏ စိတ်အခြေအနေမှာ ပိုမိုကောင်းမွန်လာသည်။
စနစ်ကပိုပိုပြီးရက်ရောလာတာပဲ။ ဆယ်ဂဏန်းရှိတဲ့ဆုကြေးမျိုးကိုတောင် ပေးလာပြီ။
သို့သော် သူကြာကြာမပျော်လိုက်ရပေ။ ရုတ်ခြည်းဆိုသလို လုရှောင်ရ နှင့် ချိန်းဆိုထားသည်ကို သတိရလိုက်သည်။
သေပြီ၊ လင်ဇီးကိုအာရုံစိုက်မိသွားတာနဲ့ အဲ့တာကိုမေ့တော့မလို့။
…
သူအမြင့်ဆုံးအရှိန်တင်မောင်းပါသော်လည်း နာရီဝက်ကျော်ကျော်လောက် နောက်ကျနေလေပြီ။
သူလယ်သမားတဲအိမ်သို့ရောက်ချိန်၌ လုရှောင်ရ သူ့ကိုတံခါးဝ၌ထိုင်စောင့်နေသည်ကို အဝေးမှလှမ်းမြင်လိုက်ရသည်။
“ကိုယ်တကယ်တောင်းပန်ပါတယ်၊ လမ်းမှာ အက်ဆီးဒင့်လေးတစ်ခုဖြစ်နေလို့။”
သူကားပေါ်မှဆင်းဆင်းချင်း ချက်ချင်း တောင်းပန်လိုက်သည်။
လုရှောင်ရ နှာခေါင်းရှုံ့လိုက်ကာ “ရပါတယ်။ ရှင်ကအခု ကျုံးဟိုင်ရဲ့လေးစားရတဲ့ ယဲ့လူကြီးမင်းဖြစ်သွားပြီဆိုတော့ နောက်ကျတာဖြစ်သင့်ပါတယ်။”
ယဲ့ဖန် အမြန်ပဲတောင်းပန်ဟန်ပြုံးလိုက်သည်။
“တကယ်မတော်တဆဖြစ်နေလို့ပါ။ ကိုယ်မင်းကိုတကယ်တောင်းပန်ပါတယ်၊ နောက်ထပ်မဖြစ်စေရပါဘူး။”
သူ၏စစ်မှန်သောသဘောထားကိုမြင်တော့ လုရှောင်ရ၏ဒေါသများလွင့်ပြယ်သွားကာ “ဘာဖြစ်လာတာလဲ။ ဒဏ်ရာရသွားသေးလား။”
ယဲ့ဖန် အမြန်လက်ယမ်းပြလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ လမ်းမှာ တောင်တက်ပြိုင်ပွဲလုပ်နေတာတွေ့လို့ ကိုယ်အပျော်ဝင်ပြိုင်နေတာ။”
လုရှောင်ရနှာကစ်သွားရသည်။
“ရှင်တောင်တက်တတ်တာလား။ အရင်က တစ်ခါမှမကြားဖူးပါဘူး။”
“ကိုယ်လည်းပထမဆုံးတက်ဖူးတာ။”
“ဒါဆိုရှုံးလာမယ်ထင်တယ်။ သေးတော့ မပေါက်ချမိဘူးမလား။”
“မင်းကိုစိတ်ပျက်စေမိလို့ဆောရီးပါ။ ဘောင်းဘီထဲသေးမပေါက်ချရုံတင်မဟုတ်ဘူး၊ ကိုယ်တောင်ထိပ်ထိပါတက်ခဲ့တယ်။”
“လျှောက်ပြောမနေနဲ့။ ရှင်က ပထမဆုံး တောင်တက်တာကို မီတာတစ်ရာရှိတဲ့ တောင်ကိုတောင်တက်နိုင်တယ်ပေါ့။”
“မင်းကိုယ့်ကိုမယုံဘူးလား။ ကြည့်လိုက်၊ ဒါက စစ်ပွဲရဲ့အကျိုးအမြတ်ပဲ၊ ကိုယ်တောင်ထိပ်မှာတွေ့လာတာ။”
ထိုသို့ပြောရင်း ယဲ့ဖန် ကားနောက်ဖုံးကို ဖွင့်ပြလိုက်သည်။
လုရှောင်ရ လင်ဇီးကြီးကိုမြင်တော့ အံ့ဩသွားရသည်။
“ဒါက…….လင်ဇီးမလား။ နှစ်တစ်ရာကျော်မယ် ထင်တယ်။ တကယ်အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ!”
ယဲ့ဖန် သူမအားချက်ချင်း လက်မထောင်ပြလိုက်သည်။
“ထန်ပေါဟုန်ရဲ့မြေးလို့မပြောရဘူး၊ တကယ်မျက်လုံးကောင်းတာပဲ။”
သူ့ထံမှချီးကျူးခံလိုက်ရသော်လည်း လုရှောင်ရလုံးဝမပျော်မိပေ။ “ဒီလောက် ပျော်ဖို့ကောင်းတဲ့ကိစ္စကို ရှင်ကျွန်မကိုကျ ဘာလို့မခေါ်တာလဲ။”
ယဲ့ဖန် ချက်ချင်းမျက်လုံးလှိမ့်လိုက်မိသည်။
“စိတ်ဝင်စားလို့လား။ ကိုယ့်မှာ မီတာတစ်ရာကနေ ပြုတ်ကျပြီး သေမလိုတောင်ဖြစ်သွားတာ။”
လုရှောင်ရရုတ်ခြည်းစိတ်ပူသွားရသည်။
“ဘာဖြစ်ခဲ့တာလဲ။”
ယဲ့ဖန် ချက်ချင်းလင်းယုန်ငှက်ကိစ္စကို သူမအားရှင်းပြလိုက်သည်။
ထိုနေရာ၌ သူကိုယ်တိုင်ရှိနေခဲ့သလို ထိုအန္တရာယ်မြင်ကွင်းအား ကွက်ကွက်ကွင်းကွင်းရှင်းပြလာသည်။
လုရှောင်ရချွေးအေးတွေပင်ထွက်လာရသည်။
ယခု သူမရှေ့၌ယဲ့ဖန်ရပ်နေပါသော်လည်း သူမ ကြောက်လန့်နေမိဆဲပင်။
“ရှင်… နောက်ဆိုရှင့်ကို အဲ့လိုပြိုင်ပွဲတွေမှာ ဝင်မပြိုင်ခိုင်းတော့ဘူး။ အရမ်းကြောက်ဖို့ကောင်းတာပဲ။”
ယဲ့ဖန် သူမ၏စိုးရိမ်နေသည့်အမူအရာကို မြင်တော့ရင်ထဲထိသွားရသည်။
“စိတ်မပူပါနဲ့၊ ကိုယ်အဆင်ပြေနေပြီပဲကို။ ဒါနဲ့ နေ့လည်စာဘာစားကြမလဲ။”
လုရှောင်ရ ပြန်မဖြေနိုင်ခင်မှာ ခြံဝန်းငယ်လေးထဲမှ အသက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး ထွက်လာလေသည်။
“မိန်းကလေးလု၊ သူကမင်းရဲ့ ကောင်လေးလား။ ကျွန်မတို့ အခုစားကြတော့မလား။”
လုရှောင်ရ၏လှပသောမျက်နှာလေးမှာ ချက်ချင်းနီရဲသွားရသည်။
“အန်တီဝမ်၊ ဘာတွေလျှောက်ပြောနေတာလဲ။ သူ…သူကကျွန်မကောင်လေးမဟုတ်ပါဘူး။”
သို့သော် အန်တီဝမ်မှာ အကုန်လုံးသိနေသလို သူမအားကြည့်လာသည်။
“အန်တီလည်းကြုံဖူးပါတယ်ကွယ်။ မင်းအစောက သူ့ကိုတံခါးနားမှာ စောင့်နေတုန်းက ဇနီးသေးသေးလေးနဲ့ တစ်ပုံစံထဲပဲ။ ဘယ်လိုလုပ်မှားနိုင်မှာလဲ။”
လုရှောင်ရ သူမ၏မျက်နှာလှလှလေးကို အမြန်ကာလိုက်ကာ “အန်တီဝမ့်ကို… မခေါ်တော့ဘူး။”
ထိုသို့ပြောပြီးနောက် သူမခြံဝန်းထဲ ပြေးဝင်သွားတော့သည်။
အပိုင်း ( ၅၁၅ )
ငါဘာမှမမြင်လိုက်ဘူးနော်၊ မင်းတို့ဆက်လုပ်ကြ
ဤလယ်သမားအိမ်၏အလှဆင်ထားပုံမှာ ကျေးလက်စတိုင်လ်ဖြစ်သည်။
အခန်းထဲ၌ အုတ်ဖြင့်လုပ်ထားသောအိပ်ရာ ရှိပြီး ထိုအပေါ်၌ အိမ်ချက်အစားအစာများဖြင့် ပြည့်နှက်နေသော လေးထောင့်စားပွဲ အသေးလေးတစ်လုံးရှိသည်။
ဟင်းပွဲများမှာအရသာအလွန်ကောင်း၏။
ယဲ့ဖန် ပါးစပ်အပြည့်နှစ်လုတ်ခန့် စားပြီးနောက် လက်မထောင်ပြလိုက်မိသည်။ “ရှောင်ရ၊ မင်းရွေးထားတဲ့ ဒီအိမ်ကတော်တော်ကောင်းတာပဲ။”
လုရှောင်ရ သူနှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေရင်း ဂုဏ်ယူစွာပြုံးလိုက်မိသည်။
“ဒါပေါ့၊ ကျွန်မက အစားအသောက်နဲ့ ပက်သက်လာရင်ဆရာကြီးလေ။ ကျုံးဟိုင်မှာ ရှိသမျှ စားကောင်းတဲ့ဆိုင်တွေအကုန်သိတယ်။”
ယဲ့ဖန်မှာ ခေါင်းယမ်းလျက် ပြုံးလိုက်မိသည်။
“အစားကြီးတဲ့ကောင်မလေးပဲ။”
သို့သော် လုရှောင်ရကတော့ စိတ်ထဲမထားပေ။ သူမ၏ ပါးစပ်ကလေးမှ “ပလက် ပလက်” ဟုပင် အသံထွက်အောင် ပျော်ရွှင်စွာစားပြနေသည်။
ယဲ့ဖန် နောက်ထပ် ပါးစပ်အပြည့်နှစ်လုတ်ခန့် စားပြီးနောက် တူကိုချလိုက်သည်။
“ပြောပါဦး၊ ဘာလို့ရုတ်တရက်ကြီး ကိုယ့်ကို ထမင်းဖိတ်ကျွေးရတာလဲ။”
လုရှောင်ရပါးဖောင်းလိုက်မိသည်။
“အဘိုးနဲ့အဖေက ရှင့်ကိုအရမ်းချီးကျူးနေကြတာလေ။ ရှင်ကအခုဆို အရမ်းအင်အားကြီးနေပြီတဲ့။ ရှင့်အနားမှာအမြန်ကပ်ထားမှရမှာတဲ့၊ မဟုတ်ရင် အနာဂတ်မှာ တန်းစီနေရလိမ့်မယ်တဲ့။”
ယဲ့ဖန် အနည်းငယ်အံ့အားသင့်သွားရသည်။
“မင်းရဲ့အဘိုးနဲ့အဖေက ကိုယ့်ကို ချီးကျူးတယ်။ ဘယ်လိုမျိုးလဲ။”
လုရှောင်ရ နှုတ်ခမ်းတွေကိုစုဝိုင်းလိုက်ကာ “သူတို့က ရှင်အခုကျုံးဟိုင်မှာရှိနေတာ ဆိုတော့ ရှင်ကြိုက်တာအကုန်လုပ်လို့ရတယ်တဲ့။ မနေ့တုန်းက ယန်းချန်ရဲ့သူဌေးက ရှင့်အိမ်ရှေ့မှ နှစ်နာရီကျော်ကြာအောင် ဒူးထောက်ခဲ့တာတောင်မှ ရှင်နဲ့တွေ့ခွင့် မရခဲ့ဘူးဆို…”
ယဲ့ဖန်အနည်းငယ်ဂုဏ်ဆာသွားရသည်။
“အကြီးအကဲထန်နဲ့ မင်းအဖေလိုလူဆီက ချီးကျူးခံရတဲ့လူငယ် သိပ်အများကြီး မရှိလောက်ဘူးထင်တယ်၊ ဟုတ်တယ်မလား?”
လုရှောင်ရ ယဲ့ဖန်အားကြည့်လိုက်သည်။
“ရှင်ကဘာကိုကြွားချင်နေတာလဲ။ ကျွန်မကတော့ ရှင်ဘယ်လောက် အင်အားကြီးတယ်ဆိုတာကို မမြင်မိပါဘူး။”
ယဲ့ဖန်၏နှုတ်ခမ်းတွေတွန့်ကွေးသွားကာ လှောင်ပြုံးတစ်ခုပေါ်လာသည်။
“မင်းကကိုယ့်ရဲ့အားသာချက်တွေကို မမြင်နိုင်ဘူးပဲ” သူ့အမူအရာကိုကြည့်ပြီး သူဘာကိုဆိုလိုနေတယ်ဆိုတာကို လုရှောင်ရက မသိပဲနေပါ့မလား။ သူမ၏ လှပသောမျက်နှာလေးမှာ ချက်ချင်းဆိုသလို နီရဲသွားရသည်။
“ရှင်… မိန်းကလေးတစ်ယောက်နဲ့ စကားပြောရင် တည်တည်ကြည်ကြည် မပြောနိုင်ဘူးလား။”
ယဲ့ဖန် သူမအား အပြစ်ကင်းဟန် ကြည့်လိုက်မိသည်။
“ကိုယ်ကအရည်အချင်းရှိတာကို ပြောနေတာလေ။ မင်းကဘာထင်လို့လဲ။”
လုရှောင်ရ၏မျက်နှာမှာ ပိုလို့ပင် နီရဲလာရကာ “ကျွန်မကလည်း အရည်အချင်းကိုပဲပြောနေတာလေ။ ဘာပြောလို့လဲ။”
ယဲ့ဖန်သူမအားကြည့်လိုက်ရင်း “ပြီးတော့လည်း…”
သူ့အကြည့်ကြောင့် လုရှောင်ရ၏နှလုံးသားမှာ အရိုင်းဆန်စွာ ခုန်ပေါက်သွားရသည်။
ထို့ကြောင့် အလန့်တကြားဖြင့် ဘေးရှိ စွပ်ပြုတ်ပန်းကန်ကိုတိုက်မိသွားသည်။
“အာ့၊ နာလိုက်တာ…” နာကျင်မှုကြောင့် သူမချက်ချင်းအော်လိုက်မိသည်။
ယဲ့ဖန်လည်းလန့်သွားရသည်။ သူအမြန် တစ်သျှူးအနည်းငယ်ထုတ်ကာ သူမပေါင်အားသုတ်ရန်ပေးလိုက်သည်။
ကံကောင်းစွာနှင့် စွပ်ပြုတ်ပန်းကန်မှာ အချိန်ကြာမြင့်စွာ အအေးခံထားသောကြောင့် သိပ်မပူတော့ပေ။
“ဘာလို့ဒီလောက်နမော်နမဲ့နိုင်ရတာလဲ။ မင်းက တကယ်တုံးလိုက်တာ။” ယဲ့ဖန် သူမအားသုတ်ပေးနေရင်း ဆူပူလိုက်မိသည်။
လုရှောင်ရ၏မျက်လုံးများနီရဲလာကာ ငိုတော့မလိုဖြစ်လာသည်။
“အဲ့တာရှင့်ကြောင့်လေ။ ရှင့်ကို ဘယ်သူက စခိုင်းလို့လဲ… ဖြည်းဖြည်းလုပ်၊ နာတယ်!”
ယဲ့ဖန် သူမအားအမြန်သတိပေးလိုက်သည်။ “အသံလျှော့ဦး။ သူများတွေကြားရင် ကိုယ်မင်းကိုတစ်ခုခုလုပ်နေတယ် ထင်ကုန်ဦးမယ်။”
လုရှောင်ရ နှုတ်ခမ်းစူသွားရသည်။ “ရှင်ကကျွန်မကိုဘာလုပ်နိုင်မှာမလို့လဲ။ သတ္တိရှိလို့လား။”
ယဲ့ဖန်ခေါင်းမော့ကြည့်လိုက်ရာ သူမ သူ့ကို ရန်လိုစွာပြောနေသည်ကို မြင်လိုက်ရသည်။
သူမဒီနေ့အတွက် အထူးလှပနေအောင် ဝတ်စားလာခဲ့တာဖြစ်သည်။ သူမမျက်နှာကိုလည်း မိတ်ကပ်လိမ်းခြယ်ထားရာ ခါတိုင်းထက် ပိုလှနေသည်။
သူမ၏ကုတ်အင်္ကျီကိုချွတ်ထားတာကြောင့် အဖြူရောင် Tank top နှင့်ဖြစ်နေသည်။
သူမ၏သွယ်လျလျခါးမှာ လက်တစ်ဆုပ်စာသာရှိ၏။
ပန်းရောင်စကပ်တိုကိုဝတ်ဆင်ထားသောကြောင့် သူမ၏သွယ်လျလှပသော ခြေတံတွေကို အတိုင်းသားမြင်နေရသည်။
ခြေအိတ်ရှည်မဝတ်ဆင်ထားတာကြောင့် သူမ၏ခြေတံတစ်စုံဟာ အလွန်ညှို့ဓာတ် ပြင်းနေသည်။
ထို့အပြင် ဤတစ်ကြိမ်၌ သူတို့နှစ်ဦးသား အုတ်ဖြင့်လုပ်ထားသောအိပ်ရာထက်၌ ထိုင်နေသည်ဖြစ်ရာ အနည်းငယ် ထိစပ်နေသည်။
ယဲ့ဖန်၏အသက်ရှူနှုန်းတွေ မြန်လာရသည်။ နဂိုက သူမအား သုတ်ပေးနေသည့် လက်ဟာ ကျောက်စိမ်းတစ်တုံးကိုပွတ်သပ်နေသလို ပွတ်သပ်နေမိသည်။
လုရှောင်ရလည်း ထိုထူးဆန်းသည့် အပြုအမူကိုသတိထားမိကာ အနည်းငယ် စိတ်လှုပ်ရှားလာရသည်။
“ကျွန်.. ကျွန်မကိုတစ်သျှူးပေး။ ကိုယ့်ဘာသာသုတ်လိုက်မယ်။”
ထိုသို့ပြောကာ တစ်သျှူးကိုဆွဲယူလိုက်သည်။
သို့သော် ယဲ့ဖန် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။
“ယဲ့ဖန်… ရှင်ဘာလုပ်တာလဲ။ နာတယ်၊ လွှတ်ပေး”
သူမပိုရုန်းလေလေ ယဲ့ဖန် သူမကို ပိုပြီး လွှမ်းမိုးချင်လာလေလေပင်။
အဆုံး၌ သူ၏ဆင်ခြင်တုံတရား ပျောက်ဆုံးသွားကာ သူမအား အိပ်ရာပေါ် တွန်းလှဲလိုက်တော့သည်။
ထိုအချိန်တွင်တော့ လုရှောင်ရ တကယ် ထိတ်လန့်လာသည်။
“ယဲ့ဖန်၊ လွှတ်ပေး။ ကျွန်မအိမ်ပြန်ချင်တယ်။”
သူမ ပြောလို့မဆုံးခင်မှာပင် ယဲ့ဖန်ဟာ သူမနှုတ်ခမ်းတွေကို ပိတ်ဆို့လိုက်တော့သည်။
သူမလက်တွေဟာလည်း ဦးခေါင်းထက်၌ အချုပ်ခံထားရ၏။
“ဝူး ဝူး…”
လုရှောင်ရ အကြိမ်ရေအနည်းငယ် ရုန်းကန်နေပေမယ့် သူ့ခွန်အားမှာ ယဲ့ဖန်နှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
တဖြည်းဖြည်းနှင့် သူမမရုန်းကန်တော့ပေ။
အမှန်တော့ သူမနှလုံးသားထဲ၌လည်း ယဲ့ဖန်ကို သဘောမကျတာမျိုးမရှိပေ။ သူမလည်း သူ့ကိုနည်းနည်းသဘောကျသည်။
အထူးသဖြင့် မနေ့ကဆိုလျှင် သူ့အဘိုးနှင့် အဖေက သူမနှင့်ယဲ့ဖန်ကို အောင်သွယ်ရန် ကြိုးစားခဲ့သည်။
၎င်းမှာ ပြတင်းပေါက်စက္ကူ၏ အလွှာပါးလေးကို ဖောက်နေသလိုပင်။
၎င်းဟာ သူမနှလုံးသားထဲရှိ ချစ်ခြင်းတရားကို ပွင့်ထွက်လာစေသည်။
ထို့ကြောင့် သူမ ယဲ့ဖန်က စိတ်လိုက်မာန်ပါ လုပ်တတ်သည်ဟုဆိုရခြင်းပင်။
အမှန်တော့ သူမ၏စိတ်ထဲကတံတိုင်းမှာ ကျိုးပျက်နေပြီးသားဖြစ်ကာ ယခု သူမစိတ်လှုပ်ရှားနေရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူမခံစားလိုက်ရသော အကြောက်တရားနှင့် အရှက်တရားကြောင့်ဖြစ်သည်။
ဆန့်ကျင်ဘက်လိင်နှင့် ဤသို့ပွင့်ပွင့်လင်းလင်းဆက်ဆံရသည်မှာ အလွန်ရှက်ဖို့ကောင်းသည်။
ယဲ့ဖန်မှာ သူမ၏လက်ခံမှုကို ပြောစရာပင် မလိုပဲသိလိုက်ကာ ပိုလို့ပင် ထိန်းမနိုင် သိမ်းမရဖြစ်လာသည်။
သူတို့ကြီးမားသည့်ကျူးကျော်မှုမျိုး ပြုလုပ်ရန်ပြင်ဆင်နေမိသည်။
ထိုအချိန်တွင် ရုတ်တရက်ကြီး အန်တီဝမ် တံခါးတွန်းဖွင့်ကာ အထဲသို့ဝင်လာလေသည်။
“အန်တီ ရစ်ငှက်ကိုမှိုနဲ့ရောပြီး စတူးချင်ထားတယ်၊ မြည်းကြည့်…”
သူမစကားတစ်ဝက်မှာတင် နေရာမှာ ကြက်သေသေသွားရသည်။
ယဲ့ဖန်နှင့်လုရှောင်ရတို့လည်း အမြန်လူချင်းခွာလိုက်ကြသည်။ အနေအထားက အလွန်ကသိကအောက် ဆန်နေသည်။
“ငါ…ငါဘာမှမမြင်လိုက်ဘူး။ မင်းတို့ ဆက်လုပ်ကြ။”
အန်တီဝမ် ထိတ်လန့်တကြား ထွက်ပြေးသွားကာ ဗလုံးဗထွေး ရေရွတ်နေလေသည်။
“ရည်းစားတွေမဟုတ်ဘူးလဲပြောသေးတယ်၊ ငါမမှားပါဘူးလို့ပြောသားပဲ…”
ယဲ့ဖန် လုရှောင်ရအား ကသိကအောက်နိုင်စွာ ကြည့်လိုက်မိသည်။
“ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်…”
လုရှောင်ရသူ့အားကြည့်လိုက်ကာ “လူဆိုးကောင်ကြီး၊ ငတုံးကြီး၊ လူရမ်းကားကြီး…”
ထိုသို့ကျိန်ဆဲကာ အိပ်ရာပေါ်မှအမြန်ထ၍ ပြေးထွက်သွားတော့သည်။
အမှန်တော့ သူမ စိတ်မဆိုးပေ။ သူမ ရှက်သွားသောကြောင့် နေရာမှ ပြေးထွက်လာမိတာပင်။
ယဲ့ဖန် သူမနောက်ကျောအားကြည့်ကာ အသက်တစ်ရှိုက်ရှူလိုက်မိသည်။
သူဘယ်လိုများ ဒီလိုမျိုးလူမဆန်တဲ့ကိစ္စကို လုပ်မိပါလိမ့်။
ပိုပြီးစိတ်တိုဖို့ကောင်းသည်မှာ…. မအောင်မြင်လိုက်ခြင်းပင်။
သူက သားရဲကောင်ထက်တောင် ဆိုးသေးတယ်!
အပိုင်း ( ၅၁၆ )
ပြဿနာပဲ
လုရှောင်ရမှာ ကားမောင်းထွက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်သည်လည်း ကားပေါ်တက်ကာ နောက်မှဖြည်းဖြည်းချင်း လိုက်သွားရုံသာ တတ်နိုင်တော့သည်။
လုရှောင်ရ၏ခွင့်လွှတ်မှုကိုရဖို့ထက် သူပိုပြီးခေါင်းခဲနေတာတစ်ခုရှိသည်။
၎င်းမှာလင်ဇီးကိုထိန်းသိမ်းဖို့ပင်။
သူ့ဆေးပညာကအတော်လေးကောင်းတယ် ဆိုပေမယ့် သူ့ရဲ့ဆေးဖက်ဝင်အပင်တွေ အပေါ်သိနားလည်မှုမှာ ပြတ်လပ်နေသေးသည်။
အဖိုးတန်ဆေးဖက်ဝင်အပင်ဆိုလျှင်တောင် ကောင်းစွာမထိန်းသိမ်းပါက ၎င်း၏ အစွမ်းထက်မှုတွေလျော့ကျသွားနိုင်လေသည်။ ထိုသို့ဆိုလျှင် တကယ့်သဘာဝအရင်း အမြစ်ကိုဖြုန်းတီးမှုကြီးပင်။
သူမျက်မှောင်ကြုတ်ကာ စဉ်းစားနေရင်း ရုတ်တရက် ရှုကျင်းရှင်းထံမှ ဖုန်းခေါဆိုမှုကို လက်ခံရရှိလိုက်သည်။
“ရှင်အခုအားရင် ကျွန်မနေရာကိုလာခဲ့ပါလား။”
“ဘာကိစ္စရှိလို့လဲ။”
“ရှင်ပဲ နျုံစစ်သွမ်းရဲ့ပိုင်ဆိုင်မှုတွေကို လေလံတင်တဲ့ကိစ္စ စုံစမ်းခိုင်းထားပြီးတော့။ အခုအဲ့ကိစ္စနဲ့ပက်သက်ပြီး သဲလွန်စတစ်ချို့ ရထားတယ်။”
“ကောင်းပြီ၊ အခုလာခဲ့လိုက်မယ်။”
ယဲ့ဖန်ဖုန်းချလိုက်ကာ ရှုကျင်းရှင်း၏အိမ်သို့ ဦးတည်လိုက်သည်။
သူလင်ဇီးပင်ကိုပိုက်လျက် ရှုမိသားစု အိမ်တံခါးဝရောက်တော့ ခြံဝန်းထဲရှိ အဆောင်ငယ်လေးထဲ၌ လက်ဖက်ရည်သောက်နေသည့် ရှုကျင်းရှင်းမှာ ကြောင်သွားရသည်။
“အဲ့တာလင်ဇီးမလား။ ရှင်ဘယ်ကရလာတာလဲ။”
သူမက အတော်လေးသတင်းအချက်အလက် နှံ့စပ်သူဖြစ်ရာ လင်ဇီးကို ချက်ချင်း သတိပြုမိသွားသည်။
သို့သော် ဤမျှကြီးသည့်လင်ဇီးကိုတော့ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
“တောင်ပေါ်ကခူးလာတာ။ ထပ်မမေးနဲ့တော့။ ရေခဲသေတ္တာခဏလောက်ငှါး။ ဒါကို အရင်ခဲထားရမယ်။ ဖျက်ဆီးပစ်လို့ မဖြစ်ဘူး…” ယဲ့ဖန် ထိုသို့ပြောရင်း ဧည့်ခန်းထဲသို့လျှောက်သွားလိုက်သည်။
“ခဏလေး၊ ရှင်ကနားလည်လို့လား။ ဒါကို ဘယ်လိုလုပ် ရေခဲသေတ္တာထဲ ထည့်လို့ရမှာလဲ။”
ရှုကျင်းရှင်း ယဲ့ဖန်ကို အမြန်တားလိုက်သည်။
“ရေခဲသေတ္တာထဲမထည့်ရင် ဘယ်နားသွားထည့်ရမှာလဲ။”
ယဲ့ဖန်လည်းရပ်လိုက်ကာ သူမအား ရှုပ်ထွေးစွာကြည့်လိုက်သည်။
“လင်ဇီးပင်က လေနဲ့အခြောက်ခံတာပဲဖြစ်ဖြစ် အပူချိန် နည်းနည်းနဲ့အခြောက်ခံတာပဲဖြစ်ဖြစ် လုပ်ရတာ။ စိုထိုင်းဆ 13% အောက်မှာ ထိန်းသိမ်းရတယ်။ အဲ့တာကြောင့် အဲ့တာကို အိတ်တစ်လုံးထဲထည့်ပိတ်ပြီး အေးမြ ခြောက်သွေ့တဲ့နေရာမှာ ထားရတယ်…”
ရှုကျင်းရှင်း သူ့အားချက်ချင်း ရှင်းပြလိုက်သည်။
ထိုအခါမှ ယဲ့ဖန်လည်း လင်ဇီးကို ချက်ချင်းအောက်ချလိုက်ကာ ဘာမှမလုပ်တော့ပဲနေလိုက်သည်။
သို့သော် သူမအားလေးစားမိသွားသည်။ ဒီအမျိုးသမီးက တော်တော်သိတာပဲ။
ရှုကျင်းရှင်းမှာ ဆွံ့အသွားရသည်။
သူမက သူ့ကိုစေတနာနဲ့သတိပေးတာကို သူမက သူ့အစားလုပ်ပေးရလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
“ရှင်ဒီလင်ဇီးကို ဘယ်ကရလာလဲဆိုတာ မပြောရသေးဘူးနော်။ ဒီလောက်ကြီးတဲ့ လင်ဇီးဆိုတော့ အနည်းဆုံး နှစ်တစ်ရာတော့ သက်တမ်းရှိမယ်ထင်တယ်။”
ယဲ့ဖန်လည်း သူမအား လင်ဇီးကိုရလာပုံကို ရှင်းပြလိုက်ရသည်။
စနစ်၏သတိပေးချက်ကြောင့်ဆိုတာကို တော့ ထည့်မပြောဘူးပေါ့။
ရှုကျင်းရှင်းမှာ အတန်ကြာဆွံ့အသွားရသည်။
“တစ်ခါတစ်လေ ကျွန်မရှင့်ကို တကယ် လေးစားတယ်သိလား။ ဘာလို့ ဒီလောက်တောင် ကံကောင်းရတာလဲ။ တောင်တက်ရုံနဲ့ နှစ်တစ်ရာသက်တမ်းရှိ လင်ဇီးကိုရှာတွေ့လာတယ်။”
ယဲ့ဖန် ပုခုံးတွန့်ပြလိုက်ကာ “ကျွန်တော့်ကံက ယင်ကောင်လိုပဲလေ။ အဲ့တော့ ကျွန်တော်လည်း မောင်းမထုတ်နိုင်ဘူးပေါ့။”
ရှုကျင်းရှင်း ထိုလူနှင့်စကား ဆက်မပြောချင်တော့ပေ။
သူမစိတ်ကောင်းဝင်နေတာသာမဟုတ်ရင် ထိုလူကိုအစောထဲက ရိုက်ပြီးနေပြီ။
သူတို့နှစ်ဦးသား အဆောင်ငယ်ထဲ၌ထိုင်ကာ လက်ဖက်ရည်သောက်နေကြသည်။
ရှုကျင်းရှင်းမှ စကားစလာ၏။ “ရှင် ယန်းချန်ရဲ့ ဝေ့ချန်းဖန်းကို ဒီတစ်လော အပြစ်ပြုလိုက်မိတယ်လို့ကြားတယ်။ ကျွန်မ ရှင့်ကိုကူပြီး သူတို့ကိုအသိပေးပေးရမလား။ အနည်းဆုံးတော့ သူရှင့်ကိုခက်ခဲအောင် မလုပ်တော့ဘူးပေါ့။”
ယဲ့ဖန် ချက်ချင်းလက်ယမ်းပြလိုက်သည်။
“အခုတော့မလိုသေးဘူး၊ ကိုယ်ကိုင်တွယ်နိုင်တယ်။”
ထိုသို့ပြောကာ သူမအားကြည့်လိုက်သည်။
“မင်းကြည့်ရတာကိုယ့်ကိုအတော်လေး စိုးရိမ်နေပုံပဲ။ မင်းအဲ့အကြောင်းတောင် ကြားပြီးပြီလား။”
ရှုကျင်းရှင်း ရှက်သွေးဖြာသွားရသည်။
“ဘယ်သူကရှင့်ကိုဂရုစိုက်နေလို့လဲ? … ကျွန်မအဲ့သတင်းကို ဦးလေးလျုံ ဆီက ကြားလာတာ။”
ထိုအချိန်တွင် အိမ်နောက်ဖေး၌ သစ်သားရုပ်တုထုနေသော လျုံဝမ်းယွမ်မှာ နှစ်ကြိမ်ခန့်နှာချေမိသွားသည်။
'အိုက်ယား၊ ရာသီဥတုကအေးလာပြီ။ ကြည့်ရတာနောက်ဆို အင်္ကျီထူတူဝတ်မှပဲ။”
ယဲ့ဖန်လက်ဖက်ရည်ခွက်ကိုချလိုက်ကာ ရှုကျင်းရှင်းကိုကြည့်လိုက်သည်။
“ဖုန်းထဲမှာ မင်းပြောတာက နျုံစစ်သွမ်းရဲ့ ပိုင်ဆိုင်မှုတွေကို လေလံတင်ရောင်းတော့မယ် ဆို။ အဲ့တာဘယ်တော့လဲ။”
ရှုကျင်းရှင်းလည်း လက်ဖက်ရည်ခွက်ကို ချလိုက်ကာ အလေးအနက်ပြန်ဖြေလာသည်။
“တစ်ပတ်အတွင်းမှာဖြစ်လောက်တယ်၊ ဒါပေမယ့် ဒီလေလံပွဲက လူနည်းစုပဲလုပ်မှာ။ ပြီးတော့ရင်းနှီးငွေလိုအပ်ချက်က တော်တော်မြင့်တယ်။”
“ဘယ်လောက်မြင့်တာလဲ။”
“တစ်ဘီလီယံ၊ ငွေသားရန်ပုံငွေ”
“ ကောင်းသားပဲ၊ သိပ်မများပါဘူး။”
ရှုကျင်းရှင်း ထပ်မံဆွံ့အသွားရပြန်သည်။
ဒီလူ့စကားတွေက အရမ်းလွယ်ကူနေတာပဲ။
ယွမ်တစ်ဘီလီယံက မများဘူးတဲ့လား။ ငွေအသားတင် ဆယ်ဘီလီယံတန်တဲ့ လူအများစုတောင် အဲ့လောက်များတဲ့ ရင်းနှီးငွေကိုမတတ်နိုင်ဘူး၊ နားလည်လား။
အဲ့တာကမများဘူးဆို ဘယ်လောက်ကမှ များတာလဲ။
“ကျွန်မသိရသလောက်တော့ ဒီလေလံပွဲကို အငမ်းမရစောင့်ကြည့်နေတဲ့သူ တော်တော်များတယ်။ ရှင် ယန်းချန်ကို အရင်သွားပြီး ထောင်ချောက်ဆင်ထားတာ ပိုကောင်းမယ်ာ”
“ကိုယ်နားလည်ပြီ၊ မနက်ဖြန် စထွက်လိုက်မယ်။”
“ဒါဆို အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်မယ်။”
“စိတ်မပူပါနဲ့၊ ဒီလေလံပွဲကိုအောင်မြင်ဖို့ စိတ်ဆုံးဖြတ်ထားပြီးသား။”
ယဲ့ဖန်ဟာတော့ ယုံကြည်မှုအပြည့် ရှိနေလေသည်။
ရှုကျင်းရှင်း ထိုလူကိုကြည့်ရင်း ခဏတာ အတွေးထဲနစ်မြုပ်သွားရသည်။
သို့သော် အမြန်တုံ့ပြန်လိုက်ကာ အကြည့်လွှဲလိုက်သည်။
ယဲ့ဖန်လည်း သူမနှင့်ခဏကြာအောင် စကားစမြည်ပြောပြီးနောက် ထွက်လာလိုက်သည်။
“ဒါဆို ဒီလင်ဇီးကို မင်းဆီအပ်ခဲ့လိုက်မယ်။”
“မလုပ်ပါနဲ့၊ ကျွန်မက လင်ဇီးအကြောင်း နည်းနည်းပဲသိတာ။ အကယ်လို့ ပျက်စီးသွားရင် ပြန်မလျော်ပေးနိုင်ဘူး။ ကျွန်မရှင့်ကိုကျွမ်းကျင်ပညာရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူ့ဆီကိုသာသွားလိုက်။”
ရှုကျင်းရှင်းအမြန်ငြင်းဆန်လိုက်ရသည်။
ယဲ့ဖန်မှာ ကူကယ်ရာမဲ့သွားရကာ ထိုလင်ဇီးကိုသယ်လျက် ပြန်လာလိုက်ရသည်။
ရှုကျင်းရှင်းက သူ့အားရှေးဟောင်းဆေးဆိုင် ဟုခေါ်သော တရုတ်တိုင်းရင်းဆေးဆိုင် တစ်ခုနှင့် မိတ်ဆက်ပေးလာသည်။
သူဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ပြင်းရှသော ဆေးနံ့ကိုရှူရှိုက်လိုက်မိသည်။
“လူကြီးမင်း,မင်းက…”
အဖြူရောင်ကုတ်အင်္ကျီဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က သူ့လက်ထဲရှိ ဧရာမလင်ဇီးကြီးကိုမြင်သောအခါ လှမ်းနှုတ်ဆက်လာသည်။ သူ့မျက်လုံးတွေမှာ သရဲတစ်ကောင် မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားရသည်။
“ဒါ…ဒါကလင်ဇီးမလား။”
ယဲ့ဖန် ချက်ချင်းမျက်လုံးလှိမ့်လိုက်မိသည်။
“ပေါက်ကရကပြောပြီ။ အဲ့တာဆို ဒါကို မှိုထင်လို့လား။”
ထိုလူမှာ အမြန်လက်ခါပြလိုက်ကာ “ကျွန်တော်က အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ ဒီလောက်ကြီးတဲ့လင်ဇီးမျိုး ပထမဆုံး တွေ့ဖူးတာမလို့ပါ။”
ယဲ့ဖန် သူနှင့်ပေါက်ကရပြော၍ စိတ်အနှောင့်အယှက် အဖြစ်မခံနေတော့ပေ။
“ကျွန်တော် ဒေါက်တာ ရှန်ယုလုံကို လာရှာတာ။ သူအခုဆိုင်မှာရှိလား။”
ထိုလူမှာနောက်ဆုံး၌ အသိပြန်ဝင်လာဟန်ရသည်။
“ဆရာ့ကိုရှာတာလား။ ရှိတယ်၊ ရှိတယ်။ ခဏစောင့်။”
ထိုသို့ပြောကာ သူအခန်းထဲသို့ ဝင်သွားလေသည်။
တစ်ခဏကြာပြီးနောက် အဖြူရောင် မုတ်ဆိတ်မွှေးနှင့်အဘိုးကြီးတစ်ဦး ခြေဗလာနှင့်ထွက်လာသည်။
“နှစ်တစ်ရာသက်တမ်းရှိတဲ့လင်ဇီးက ဘယ်မှာလဲ။ အမြန်ငါ့ကိုပြစမ်း..”
ထိုသို့ပြောရင်း လင်ဇီးထံအလျင်စလို ဦးတည်လာသည်။
၎င်းမှာ အဖိုးမဖြတ်နိုင်သည့်အလှတရားကို မြင်လိုက်ရသလိုပင်၊ သူထိုအရာကို ထိချင်ပေမယ့် ထိဖို့ရာလည်း မဝံ့ရဲပေ။
“ဒါက… ဒါကတကယ်လင်ဇီးလား။ သူ့အရွယ်အစားနဲ့အရောင်ကိုကြည့်ရတာတော့ အနည်းဆုံးနှစ်သုံးရာသက်တမ်း ရှိလောက်တယ်။ ကောင်းလိုက်တာ, ကောင်းလိုက်တာ!”