← Chapters

အပိုင်း ၅၁၇-၅၂၀

Vol. 26 Ch. 517-520

အပိုင်း ၅၁၇-၅၂၀

Vol. 26 Ch. 517-520

အပိုင်း ( ၅၁၇ )

သန်းသုံးရာကို ငြင်းလိုက်တယ်

ထိုအချိန်တွင် ဆေးဆိုင်၌ ဈေးဝယ်သူ အများကြီးရှိနေတာဖြစ်သည်။

ရှန်ယုလုံ၏စကားကိုကြားတော့ သူတို့အားလုံးထိတ်လန့်တကြား ကြည့်လာကြသည်။

“နှစ်သုံးရာသက်တမ်းရှိတဲ့လင်ဇီး။ ဘုရားရေ၊ ဒါဖြစ်နိုင်လို့လား။”

“နှစ်သုံးရာမပြောနဲ့ ဆယ်နှစ်သက်တမ်းရှိတဲ့ လင်ဇီးတောင် သေအောင်ဈေးကြီးတာ။”

“ဟုတ်ပါ့၊ နှစ်သုံးရာသက်တမ်းရှိတဲ့လင်ဇီး သာဆိုဘယ်လောက်ပါလိမ့်။ ဒီကလေးကတော့ ချမ်းသာတော့မယ်”

“ဒီလိုတန်ဖိုးကြီးဆေးဖက်ဝင်အပင်မျိုးက တန်ဖိုးမဖြတ်နိုင်ဘူး။”

ရှန်ယုလုံလူအုပ်ကြီး၏တီးတိုးပြောသံ တွေကိုကြားမှ အသိပြန်ဝင်လာကာ ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။

“ကောင်လေး၊ မင်းဒီလင်ဇီးကို ရောင်းမှာလား။ ငါ့မှာ အခုတလော လင်ဇီးကို အသည်းအသန်လိုက်ရှာနေတဲ့ ယန်းချန်လို့ခေါ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သက်တမ်းရင့်လေကောင်းလေပဲ၊ မင်းရဲ့ ဒီနှစ်သုံးရာသက်တမ်းရှိတဲ့လင်ဇီးဆိုရင် ဈေးကောင်းရလောက်တယ်။”

ယဲ့ဖန် ချက်ချင်းခေါင်းယမ်းပြကာ ငြင်းဆိုလိုက်သည်။

“မရောင်းဘူး။”

ရှန်ယုလုံဟာတော့ လက်မလျှော့လိုပုံပင်။

“ငါမင်းကို သန်းသုံးရာပေးမယ်။”

သူထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဆိုင်ရှိဈေးဝယ်သူများအားလုံး ထိတ်လန့်သွားတော့သည်။

“ဘုရားရေ၊ ဒီလင်ဇီးက တကယ်ရော သန်းသုံးရာတန်လို့လား။”

“အစကတော့ အများဆုံးဆယ်သန်းလောက်ပဲ တန်မယ်ထင်တာ။ သန်းသုံးရာတန်မယ်လို့ မထင်ထားဘူး။”

“ဒီကောင်လေးက နှစ်‌ဆယ်ကျော်လောက်ပဲ ရှိဦးမှာကို သန်းသုံးရာတောင် ရှာနိုင်နေပြီ။ တကယ်ကိုငယ်ရွယ်ပြီး အလားအလာရှိတဲ့ လူငယ်လေးပဲ။”

“လူငယ်လေး၊ ဘာတွေတုံ့ဆိုင်းနေတာလဲ။ အမြန်သဘောတူလိုက်လေ။”

“ဟုတ်တယ်၊ မင်းဒီလင်ဇီးကိုသာ ရောင်းလိုက်ရင် မင်းဘဝတစ်လျှောက်လုံး ငွေရေးကြေးရေးနဲ့ပက်သက်ပြီး စိုးရိမ်စရာ မလိုတော့ဘူး။”

ယဲ့ဖန် ဘာမှပြန်မပြောတာကြောင့် သူတို့ စိတ်ပူလာရသည်။

သို့သော် ယဲ့ဖန်ကတော့ မလှုပ်မယှက်ပင်။

“ကျွန်တော်ပြောပြီးပြီ၊ မရောင်းဘူးလို့။”

လူတိုင်းမှာပိုလို့ပင် ကြက်သေသေသွားရသည်။

“ဒီကောင်လေး အရမ်းခေါင်းမာတာပဲ။ သန်းသုံးရာပေးနေတာတောင် မရောင်းဘူးတဲ့။ သန်းသုံးရာဆိုတာ ဘာလဲဆိုတာကိုရောသိရဲ့လား။”

“သူ့နေရာမှာငါသာဆို သန်းသုံးဆယ်ပေးရင်ကို ရောင်းလိုက်ပြီ၊ သန်းသုံးရာဆိုမပြောနဲ့တော့။”

“ဘယ်လောက်ကောင်းတဲ့ဆေးဖက်ဝင်အပင်ပဲဖြစ်ဖြစ် လက်ထဲမှာသိမ်းထားတော့ရော ဘာလုပ်မှာလဲ။ ပိုက်ဆံနဲ့လဲလိုက်တာမှ ဟုတ်ဦးမယ်။”

“သူကချမ်းသာလို့များလား။ အဲ့တာကြောင့် သန်းသုံးရာကိုဂရုမစိုက်တာနေမှာ။”

လူတိုင်းလိုလို ယဲ့ဖန်၏ ‘တုံးအ’ သော ဆုံးဖြတ်ချက်ကို အပြစ်တင်နေကြသည်။

ယဲ့ဖန်ဟာတော့ သူတို့၏စကားများကို လျစ်လျူရှုထားသည်။

သူဒီနေ့ရတနာရှာဖွေခြင်းမစ်ရှင်ကို အောင်မြင်သွားတော့ စနစ်က သူ့ကို ယွမ်တစ်ဘီလီယံချီးမြှင့်ခဲ့သည်။

သန်းသုံးရာက သူ့အတွက်မပြောပလောက်ပေ။

ထို့အပြင် ဒီနှစ်သုံးရာသက်တမ်းရှိတဲ့လင်ဇီးသာ တခြားသူလက်ထဲရောက်သွားရင် ၎င်းရဲ့ အကောင်းဆုံးအကျိုးသက်ရောက်မှုကို ပြသနိုင်မှာမဟုတ်ပေ။ ပိုက်ဆံနဲ့ပဲ လဲပစ်လိုက်ကြမှာဖြစ်သည်။

သို့သော် သူ့လိုဆေးပညာကျွမ်းကျင်သူ တစ်ယောက်အတွက်ကတော့ ဒီလင်ဇီးဟာ အလွန်အဖိုးထိုက်တန်သည်။ သန်းသုံးရာလောက်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။”

ရှန်ယုလုံသူ့အား ထပ်မံဖြောင်းဖြလာ‌ပြန်သည်။

ယဲ့ဖန် အနည်းငယ်စိတ်မရှည်ဖြစ်လာရသည်။

“ကျွန်တော်ဒီနေ့ဒီကိုလာတာ ဒီလင်ဇီးကို ကူပြီးထိန်းသိမ်းပေးထားခိုင်းမလို့ပဲ။ ရောင်းဖို့မဟုတ်ဘူး။ ခင်ဗျားဆက်ပြီး နားပူနားဆာလုပ်နေမယ်ဆိုရင် ကျွန်တော် တခြားတစ်ယောက်ပဲရှာလိုက်တော့မယ်။”

ရှန်ယုလုံသူ့အား အမြန်တားလိုက်ရသည်။

“တောင်းပန်ပါတယ်၊ စကားများမိသွားတယ်။ တခြားသူတွေကို ဒီလင်ဇီးပေးမကိုင်နိုင်ဘူး။ အဲ့တာကြောင့် ကျွန်တော်ကိုယ်တိုင်ပဲ ထိန်းသိမ်းပေးပါရစေ။”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်အား အခန်းထဲသို့ ခေါ်လာလိုက်သည်။

အခန်းထဲ၌ ဆေးဖက်ဝင်အပင်အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။

၎င်းတို့အပြင် အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ ကျိုချက်ခြင်း၊ အလုံပိတ်ခြင်းစသဖြင့် လုပ်ဆောင်နေသောစက်များစွာလည်းရှိသည်။

ရှန်ယုလုံလူတစ်ယောက်ကို အရင် လင်ဇီးအား သန့်စင်ခိုင်းလိုက်သည်။

ထို့နောက် ၎င်းကိုလှီးဖြတ်၍ အခြောက်ခံကာ အလုံပိတ်လိုက်သည်။

ဖြစ်စဉ်တစ်ခုလုံးပြီးမြောက်ရန် နှစ်နာရီကျော်ကြာသွားသည်။

လုပ်ငန်းစဉ်အားလုံးပြီးမြောက်သွားသည့်နောက် ညနေလေးနာရီပင်ကျော်နေလေပြီ။

“ကျေးဇူးတင်ပါတယ်၊ စုစုပေါင်း ဘယ်လောက်ကျလဲ။”

ယဲ့ဖန် ထိုလူအားကျေးဇူးတင်လိုက်ကာ ငွေပေးချေရန်ပြင်လိုက်သည်။

“ပိုက်ဆံပေးစရာမလိုပါဘူး၊ ဒါပေမယ့် လင်ဇီးနည်းနည်းလောက် ပေးလို့ရမလား။

အများကြီးမဟုတ်ပါဘူး၊ နည်းနည်းလေးပဲ။”

ရှန်ယုလုံယဲ့ဖန်၏မျက်နှာအား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

“ရတာပေါ့”

ယဲ့ဖန် ပေါ့ပလာအရွက်အရွယ်အစားခန့် ရှိသည့် လင်ဇီးကိုယူကာ သူ့လက်ထဲ ထည့်ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်။”

ရှန်ယုလုံသူရလိုက်သော လင်ဇီးကို အဖိုးမဖြတ်နိုင်သောရတနာတစ်ခုကဲ့သို့ လက်ဖဝါးထဲထည့်ထားလိုက်သည်။

ထို့နောက် သူ့လူတစ်ယောက်ကိုခေါ်ကာ အလုံပိတ်ထားသောလင်ဇီးကို ယဲ့ဖန်၏ ကားပေါ်တင်ခိုင်းလိုက်သည်။

ယဲ့ဖန်လည်း ဘာမှထပ်ပြောမနေတော့ပဲ ကျုံးထန်းကန်သာယာစံအိမ်သို့ ပြန်လာခဲ့လိုက်သည်။

မနက်ဖြန်ကျ သူ ယန်းချန်သို့ သွားရမည်ဖြစ်ရာ အထုပ်ပြင်ရဦးမည်။

ထို့နောက် သူချန်းရွှမ်ကိုခေါ်လိုက်သည်။

“အစ်မရွှမ်၊ ကျွန်တော် ယန်းချန်ကို ရက်နည်းနည်းလောက်သွားရမယ်။ အစ်မပြန်လာနေမယ်ဆိုရင် တံခါး သော့ခတ်ဖို့မမေ့နဲ့နော်။”

“ရှင်လည်း ယန်းချန်သွားမှာလား။”

တစ်ဖက်မှ ချန်းရွှမ်၏အံ့ဩနေသည့်အသံ ထွက်ပေါ်လာသည်။

“ကျွန်တော်လည်းလာမှာလားဆိုတာ ဘာပြောတာလဲ။ အစ်မပြောသလိုဆို အစ်မလည်း အခု ယန်းချန်မှာ ရှိနေတာလား။”

“ဟုတ်တယ်။ ကုန်သွင်းတဲ့သူက ရုတ်တရက်ကြီး စာချုပ်ဖျက်လိုက်လို့လေ။ အခု တခြားကုန်သွင်းတဲ့သူနဲ့ ဆွေးနွေးထားတယ်။ ပြန်ပြီးစာချုပ်ချုပ် ရမှာတွေအများကြီးပဲ။”

“ကောင်းတာပေါ့၊ ဒါဆို ယန်းချန်မှာ တွေ့ကြမယ်။”

“ကောင်းပြီလေ၊ မင်းကိုစောင့်နေမယ်။”

ဖုန်းချပြီးနောက် ယဲ့ဖန် အင်တာနက်ပေါ်မှ အမြန်ဆုံးရထားလက်မှတ်ကို ဖြတ်လိုက်သည်။

ဤတစ်ကြိမ် ယန်းချန်သို့ရောက်လျှင် သူအရမ်းမကြွားဝါချင်ပေ။ တိတ်တဆိတ်သာ နေချင်သည်။

အမှန်တော့ ဤသည်မှာ နျုံစစ်သွမ်း၏ လွှမ်းမိုးမှုအဝန်းအဝိုင်းဖြစ်သည်။

နျုံစစ်သွမ်းသေသွားပြီဆိုပေမယ့် သူ့လွှမ်းမိုးမှုဟာတော့ လုံးဝပျောက်ကွယ် မသွားသေးပေ။

တိတ်တဆိတ်နေတာပိုကောင်းသည်။

သူအထုပ်ထုပ်နေရင်း ရုတ်တရက် TV မှ သတင်းတစ်ခုကြေညာလာသည်။

“သတင်းဌာနများအရ ရှချူးရဲ့ [အိပ်မက်တစ်ခုလို] အဖွဲ့ဟာ ရုပ်ရှင်တစ်ခု ရိုက်ရန်ပြင်ဆင်နေပါတယ်။ သူတို့ လက်ရှိရိုက်ကူးနေသည့် အရေးကြီး ဇာတ်ဝင်ခန်းတစ်ခုမှာ ယန်းချန်၌ ရိုက်ကူးမည်ဖြစ်ရာ…”

ယဲ့ဖန်ကြောင်အသွားကာ ချက်ချင်း လှည့်ကြည့်လိုက်မိသည်။

သတင်း၌ ရှချူး၏ ရိုက်ကူးရေး ဗီဒီယိုတစ်ခုပြသနေ၏။

သူမ ယန်းချန်၌ရှိနေလိမ့်မည်ဟု သူမထင်ထားမိချေ။

သူ သူမဆီသွားလည်ရမလား။

ပထမဆုံးအနေနဲ့ သူတို့က သူငယ်ချင်းကောင်းတွေဖြစ်ခဲ့သည်။

ဒုတိယအနေနဲ့ သူက နန်းဖန်ဖျော်ဖြေရေးရဲ့ အဓိကရှယ်ယာရှင် ဖြစ်တာကြောင့် သူမသူဌေးဟု သတ်မှတ်နိုင်သည်။

သူသွားဖို့အတွက် ကျိုးကြောင်းဆီလျော်၏။

သို့သော် ပြန်စဉ်းစားကြည့်ပြီးနောက် မသွားဖို့ဆုံးဖြတ်လိုက်သည်။

အမှန်ဆို သူမဟာနာမည်ကြီးတစ်ယောက် ဖြစ်တာကြောင့် ဆန့်ကျင်ဘက်လိင်နှင့် တွေ့ရန်သိပ်မသင့်တော်ပေ။

မဟုတ်လျှင် ပါပါရာဇီတွေက အဲ့တာကို ဓာတ်ပုံရိုက်ပြီး ‘ပြင်ပလောကမှ ရည်းစားဖြစ်သူနှင့် နှစ်ကိုယ်ကြားတွေ့ဆုံ’ ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါက သူမအတွက် ကောင်းမည်မဟုတ်ပေ။

ဤခရီးစဉ်၌ သူတိတ်တဆိတ်သာနေရမည်။

ပြဿနာမရှာမိဖို့ အကောင်းဆုံးကြိုးစားရမည်။

ပြဿနာကသူ့ကိုလာရှာရင်တော့ သူ့ဘက်က သက်ညှာနေမည်မဟုတ်ပေ။

အပိုင်း ( ၅၁၈ )

ရှင့်ထက်ဆိုးတဲ့လူရော ရှိသေးလို့လား?

နောက်တစ်နေ့၌ ယဲ့ဖန် အမြန်ရထားဘူတာရုံသို့ရောက်လာခဲ့သည်။

သူခရီးဆောင်အိတ်ကိုဆွဲရင်း ထိုင်ရမည့်နေရာကိုလိုက်ရှာနေမိသည်။

သို့သော် သူ့ထိုင်ခုံ၌ မိန်းကလေး‌တစ်ယောက် ထိုင်နေလေသည်။

ထိုမိန်းကလေးဟာ ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားပြီး နေကာမျက်မှန် ခပ်ကြီးကြီးတစ်စုံကိုတပ်ဆင်ထားကာာ သူမမျက်နှာတစ်ခုလုံးကို ကာထားသည်။

သူမ၏သွယ်လျရှည်လျားသည့် ခြေထောက်ဟာ အရှေ့ခုံကို လှမ်းတင်ထား၏။

ထိုအချိန်၌ သူမဟာခေါင်းငုံ့ရင်း Mobile Legends ဂိမ်းကိုကစားနေလေသည်။

“အလှလေး၊ ဒီခုံက ကျွန်တော့်ခုံထင်တယ်၊ ဟုတ်တယ်မလား။” သူစိတ်သဘောထား ကောင်းမွန်စွာဖြင့် သတိပေးလိုက်သည်။

ထိုမိန်းကလေးက “အင်း” တစ်လုံးသာ ပြန်ဖြေလာပြီး နေရာရွှေ့မည့်ဟန် မပေါ်ပေ။

ယဲ့ဖန်မျက်မှောင်ကြုတ်သွားရကာ “မင်းဖယ်ပေးလို့ရမလား။”

“ဒီတစ်ပွဲပြီးတဲ့ထိစောင့်ဦး။” ထိုမိန်းကလေးက မပြတ်မသားပြန်ဖြေလာ၏။

ယဲ့ဖန်မှာ ဘေး၌ရပ်စောင့်ပေးနေလိုက်ရသည်။

ထိုမိန်းကလေး၏နည်းမှာ အလွန်အားနည်းကာ အကြိမ်ရေများစွာ အသတ်ခံနေရသည်။

သို့သော် သူ့စိတ်အခြေအနေကောင်းနေ သေးသည်မှာ အလွန်ရှားသည်။

တစ်ခွန်းမှ‌မပြောသလို ဆဲလည်းမဆဲပေ။

ဤတစ်ပွဲ၌ သံသယမရှိစွာ သူမတို့ ရှုံးသွားလေသည်။

သူအခု နေရာဖယ်ပေးတော့မယ်မလား။

သို့သော် ထိုမိန်းကလေးဟာတော့ အနှီကိစ္စကို မေ့သွားဟန်ပင်။ နားကြပ်တပ်လျက် သီချင်းနားထောင်နေလေသည်။

သူယခုတကယ်ဒေါသထွက်သွားရသည်။

“မင်းတမင်သက်သက်လုပ်နေတာမလား။ ငါမင်းကိုပြောနေတယ်လေ၊ ဒါငါ့ခုံ။”

သူ့အသံမှာအလွန်ကျယ်တာကြောင့် ရထားတွဲပေါ်ရှိလူများ၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။

ထိုမိန်းကလေးက ပြတင်းပေါက်ဘေးက ခုံကိုညွှန်ပြကာ “ရှင်အထဲမှာထိုင်လို့ရတယ်။”

သူအစောထဲက ထိုသို့ပြောခဲ့လျှင် ယဲ့ဖန် လက်ခံပေးလိုက်ဦးမည်။

“ငါ ငါ့နေရာကိုပဲထိုင်ချင်တယ်။ အခု၊ ဖယ်ပေး။”

ထိုမိန်းကလေးကတော့ သူပြောသည်ကို မကြားသလိုပင်။ ခြေထောက်ချိတ်လျက် သူမခြေချောင်းလေးတွေကိုလှုပ်ယမ်းရင်း သီချင်းပင်ညည်းနေသည်။

သူမပုံမှာ ‘ငါမဖယ်ပေးတော့ နင်ဘာလုပ်နိုင်လို့လဲ’ ဟူသည့်ပုံပင်။

ယဲ့ဖန် ထိန်းမထားနိုင်တော့ပေ။ သူ သူမ၏ နားကျပ်နှင့်မျက်မှန်ကို ဆွဲချွတ်လိုက်သည်။

“ငါပြောမယ်၊ မင်းဘာလို့…”

သူ့စကားမဆုံးခင်မှာ ထိုမိန်းကလေးက ခေါင်းမော့လာကာ “ကျွန်မဘာလုပ်လို့လဲ။ ဆက်ပြောလေ”

ယဲ့ဖန် သူမအားကြောင်အစွာ စိုက်ကြည့် နေမိသည်။ “ဘယ်လိုလုပ်မင်းဖြစ်နေရတာလဲ။”

ထိုပေကပ်ကပ်မိန်းကလေးမှာ လုရှောင်ရပင်။

လုရှောင်ရပြုံးလိုက်ကာ “ဘာလို့ကျွန်မ မဖြစ်ရမှာလဲ။”

ယဲ့ဖန် အနည်းငယ်ရှုပ်ထွေးသွားရသည်။

“မင်းလည်း ယန်းချန်ကို သွားမလို့လား။”

လုရှောင်ရခေါင်းညိတ်လိုက်ကာ “ဟုတ်တယ်၊ ကျွန်မသွားလို့မရဘူးလား။”

“မင်းကဘာလို့သွားမှာလဲ။”

“ကျွန်မ… ဒီတိုင်းသွားဆော့လို့မရဘူးလား။”

“မဟုတ်ဘူးလေ၊ ဒါကြီးက… တိုက်ဆိုင်လွန်းမနေဘူးလား။”

“ဒါဆိုလည်း ရေစက်ပဲလို့သတ်မှတ်လိုက်ပေါ့။”

လုရှောင်ရ၏နှုတ်ခမ်းတွေ တွန့်ကွေးသွားကာ ကျိတ်ပြုံးလိုက်မိသည်။

သူမ မနေ့ညက နျုံစစ်သွမ်း၏ပိုင်ဆိုင်မှုတွေကို လေလံတင်မည့်အကြောင်း အဘိုးထံမှ ကြားလိုက်ရကာ ယဲ့ဖန်လည်းပဲ ထိုလေလံပွဲ၌ ဝင်ပြိုင်ရန် ယန်းချန်သို့သွားမည် ဖြစ်ကြောင်းသိလိုက်ရသည်။

ထို့နောက် သူမအဘိုး၏အဆက်အသွယ်ဖြင့် ယဲ့ဖန်၏အချိန်ဇယားကိုစုံစမ်းလိုက်တော့ ယန်းချန်သို့ အမြန်ရထားကို လက်မှတ်ဖြတ်ထားကြောင်းသိလိုက်ရသည်။

ထို့ကြောင့် သူ့ဘေးခုံကို အထူးဝယ်ယူခဲ့တာပင်။

ယဲ့ဖန်ကတော့ များများစားစား စဉ်းစားမနေတော့ပဲ သူမဘေး၌ ဝင်ထိုင်လိုက်သည်။

“မင်း ယန်းချန်ကို တစ်ယောက်ထဲ သွားမှာကို မင်းအဘိုးနဲ့ကျန်တဲ့လူတွေက လွှတ်တယ်ပေါ့။”

လုရှောင်ရ နှုတ်ခမ်းစူလိုက်ကာ “ဘာစိတ်ပူစရာရှိလို့လဲ? ရှင်ကကျွန်မ ပြန်ပေးဆွဲခံရမှာကို ကြောက်လို့လား။”

ယဲ့ဖန် အတည်ခေါင်းငြိမ့်ပြလိုက်သည်။

“မဖြစ်နိုင်တာမဟုတ်ဘူးလေ၊ ဒီလောကကြီးမှာ လူဆိုးတွေများတယ်။”

လုရှောင်ရ သူ့အားလှည့်ကြည့်လာသည်။ “ရှင့်ထက်ဆိုးတဲ့လူရှိသေးလို့လား။”

သူမ မနေ့ကကိစ္စကိုပြောနေသည်ဆိုတာကို ယဲ့ဖန်သိလိုက်သည်။ ထို့ကြောင့် သူ ပြတင်းပေါက်အပြင်ဘက်ကိုသာ ကသိကအောက်ဖြင့် အကြည့်လွှဲလိုက်ရသည်။

လုရှောင်ရ ဘဝင်ခိုက်စွာပြုံးလိုက်မိသည်။

ဒီကိစ္စက ဒီလူအတွက်တော့ တကယ်အရှက်ရစရာကိစ္စပဲ။

နောက်ကျရင် ဒါကိုသုံးပြီး သူ့ကိုစလို့ရပြီ။

ကျုံးဟိုင်ကလူတိုင်းကြောက်ရတဲ့ ယဲ့လူကြီးမင်းကို အနိုင်ရတာကောင်းလိုက်တာ။

သူမထိုသို့ဘဝင်ခိုက်နေစဉ်မှာပဲ လျှောက်လမ်းမှဖြတ်သွားသည့်လူတစ်ယောက်မှာ သူမခြေထောက်ကိုစိုက်ကြည့်နေသည်။

သူမထိုလူအားစိုက်ကြည့်လိုက်ပါသော်လည်း ထိုလူဟာတော့ အကြောက်အလန့်မရှိပေ။

သူမလည်းထိန်းမထားနိုင်တော့တာကြောင့် တိုက်ရိုက်သာမေးလိုက်သည်။

“ရှင်ဘယ်ကိုလာကြည့်နေတာလဲ။ အရင်က မိန်းကလေးခြေထောက် တစ်ခါမှ မမြင်ဖူးဘူးလား။”

ထိုလူက သူမကိုစိုက်ကြည့်လာကာ “ငါ့မျက်လုံးကိုငါပိုင်တယ်လေ။ ငါ့ဘာသာ ဘယ်ကြည့်ကြည့် မင်းနဲ့ဘာဆိုင်လို့လဲ။ ပြီးတော့ မင်းပဲပြချင်လို့ဝတ်ထားတာ မဟုတ်ဘူးလား။ လူတွေကြည့်တာ မခံချင်ရင် ဘောင်းဘီရှည်ဝတ်လေ။”

လုရှောင်ရစိတ်တိုသွားရသော်လည်း ထိုကဲ့သို့ လူယုတ်မာမျိုးနှင့်ရင်ဆိုင်ရသောအခါ သူမဘာမှမတတ်နိုင်ပေ။

ယဲ့ဖန် သူမအားဝင့်ကြွားစွာကြည့်လိုက်သည်။

“ကိုယ့်ကိုဆူ‌တုန်းကတော့ မာန်အပြည့်နဲ့ မဟုတ်ဘူးလား။ အခုတကယ့်လူယုတ်မာနဲ့ တွေ့တော့ မင်းဘာမှမလုပ်နိုင်တော့ဘူးမလား။ မင်းကိုယ့်ကိုပြန်တောင်းပန်ရင် ကိုယ်သူ့ကို သင်ခန်းစာပေးပေးမယ်။”

လုရှောင်ရသူ့အားစိုက်ကြည့်လိုက်ကာ “ရှင်က မိန်းမပျိုလေးကို အန္တရာယ်ကြားက ကယ်တင်ပြီးသူရဲကောင်းဖြစ်ချင်နေတာလား။ ကျွန်မဘာမှမပြောရင်တောင် တစ်ယောက်ယောက်က သူ့ကို သင်ခန်းစာ ပေးလာလိမ့်မယ်လို့ပြောရင် ရှင်ယုံမှာလား။”

သူမစကားကိုမကြာခင်ပဲသက်သေပြလိုက်သည်။

အနက်ရောင်စွပ်ကျယ်အင်္ကျီဝတ်ထားသည့် အစိမ်းရောင်နဂါးပုံတက်တူးနှင့် လူတစ်ယောက် သူတို့အနားသို့ လျှောက်လာလေသည်။

“အလှလေး၊ အကူအညီလိုသေးလား။”

လုရှောင်ရ ယဲ့ဖန်အား မျက်ခုံးပင့်ပြလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်မကိုကူပြီး သူ့ကိုရိုက်ပေးပါလား။”

ထိုသို့ပြောကာ အစောကလူကို လက်ညှိုးထိုးပြလိုက်သည်။

တက်တူးနှင့်လူမှာ ထိုလူအား ပြန်လှည့်ကြည့်လိုက်ကာ “ပြဿနာမရှိပါဘူး။ ကျွန်တော်သူ့ကိုရိုက်ပေးရင် WeChat မှာ အပ်လို့ရမလား။ ဒါသိပ်တော့မများပါဘူး။”

လုရှောင်ရ ဘာကိုမှမှတ်ချက်မပေးပေ။

“အဲ့တာကရှင့်ရဲ့လုပ်ဆောင်မှုအပေါ်မှ မူတည်တယ်။”

တက်တူးနှင့်လူလည်း ဘာမှထပ်မပြောတော့ပေ။ သူထိုလူအား ကော်လံမှဆွဲလိုက်ကာ မျက်လုံးတည့်တည့်ကို ပိတ်ထိုးလိုက်သည်။

တစ်ဖက်လူကလည်း ခေသူမဟုတ်ပေ၊ ပြန်လည်ခုခံလာလေသည်။

သူတို့နှစ်ဦးမှာ လျှောက်လမ်းထက်၌ တိုက်ခိုက်နေခဲ့ကြသည်။

လုရှောင်ရဟာတော့ ပိုပြီးပရမ်းပတာ ဖြစ်စေလိုသည့်ပုံပင်၊ မီးစာထပ်ထည့်လိုက်သည်။

“အားသုံးလေ၊ ယောကျာ်းတိုင်း လုပ်နိုင်တယ်မဟုတ်ဘူးလား။”

တက်တူးနှင့်လူမှာ သူမစကားကြောင့် ရန်စခံလိုက်ရသလိုဖြစ်သွားကာ ပိုပြင်းထန်စွာတိုက်ခိုက်လာတော့သည်။

သိပ်မကြာခင်ပင် တစ်ဖက်လူမှာ ခေါင်းမှ သွေးထွက်သည်အထိ အရိုက်ခံလိုက်ရသည်။

သူ့မျက်လုံးများမှာလည်း ဖူးယောင်နေပြီး နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေသည်။

“မချပါနဲ့တော့၊ ကျွန်တော်အရှုံးကို ဝန်ခံပါတယ်…”

တစ်ဖက်လူမှာ တောင့်မခံနိုင်တော့ဟန် အရှုံးကိုဝန်ခံလာသည်။

ထို့နောက် လုရှောင်ရဘက်လှည့်ကာ လေးစားစွာတောင်းပန်လာသည်။

“ကျွန်တော်တောင်းပန်ပါတယ်၊ မှားသွားပါတယ်။ နောက်ဆို ထပ်မကြည့်ရဲတော့ပါဘူး…”

လုရှောင်ရ ယဲ့ဖန်အား ဂုဏ်ယူစွာကြည့်လိုက်သည်။

“တွေ့လား၊ ရှင်မရှိလည်း ကျွန်မဘာသာ ပြဿနာကိုအလွယ်လေးဖြေရှင်းနိုင်တယ်။”

ယဲ့ဖန်ကတော့ ဘာမှမပြောတော့ပေ။

ထိုအချိန်တွင် တက်တူးနှင့်လူ အနားသို့ ရောက်လာ၏။

“အလှလေး၊ အခုငါတို့အချင်းချင်း အပ်လို့ရပြီလား။”

လုရှောင်ရ ချက်ချင်းရှုပ်ထွေးသွားဟန် ဟန်ဆောင်လိုက်သည်။

“ကျွန်မကို သူငယ်ချင်းအဖြစ်အပ်မလို့လား။”

အပိုင်း ( ၅၁၉ )

ကျွန်မက လူညံ့တွေကို WeChat မှာ သူငယ်ချင်းအဖြစ်လက်မခံဘူး

သူမ မသိချင်ဟန်ဆောင်နေသည်ကိုမြင်တော့ တက်တူးနှင့်လူမှာ ချက်ချင်းအရုပ်ဆိုး သွားလေသည်။

“သူ့ကိုရိုက်ပေးနိုင်ရင် ငါ့ကိုသူငယ်ချင်းအဖြစ် အပ်ပေးမယ်လို့ မင်းပဲပြောခဲ့တာလေ။”

လုရှောင်ရမျက်တောင်ခတ်လိုက်ကာ “အဲ့လိုပြောခဲ့လို့လား။ ကျွန်မကတော့ ရှင့်ရဲ့ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး ဆုံးဖြတ်မယ်လို့ပြောခဲ့တယ်လို့ ထင်တာပဲ။”

တက်တူးနှင့်လူမှာ စိတ်တိုလာရသည်။

“ဒီလောက်ထိရိုက်ထားတာတောင် ငါက ကောင်းကောင်းမလုပ်သေးဘူးလား။”

လုရှောင်ရ သူ့မျက်နှာကိုညွှန်ပြလိုက်ကာ “ဒါပေမယ့် ရှင်လည်းဒီလိုဖြစ်သွားတယ်လေ။ ရှင်ကအရမ်းအားနည်းလွန်းနေတာ မဟုတ်ဘူးလား။ ကျွန်မက လူညံ့တွေကို WeChat မအပ်ဘူး။”

ရထားတွဲပေါ်ရှိလူများမှာ ရယ်မိသွားကြသည်။

ဒါကသူများအကြိုက်လိုက်လုပ်တာရဲ့ ရလဒ်ပဲမလား။

နောက်ဆုံးကျတော့ သူလည်းဘာမှ မရလိုက်ဘူး။

ထိုလူမှာ အလွန်ဒေါသထွက်သွားလေတော့သည်။

“မင်းစောက်ခွက်လာပြောင်နေတာလား။”

လုရှောင်ရ နှုတ်ခမ်းတွေ တွန့်ကွေးသွားကာ “ရှင်ပဲအမြတ်ထုတ်ချင်တာမဟုတ်ဘူးလား။ ကျွန်မမှ ရှင့်ကိုအကူအညီမတောင်းတာ။”

“စောက်ခွေးမ၊ မင်း…”

ထိုလူမှာချက်ချင်းပေါက်ကွဲသွားကာ သူမကို ရိုက်လာသည်။

“အား…”

လုရှောင်ရမှာ တစ်ဖက်လူ သူမအား ရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မယ်လို့ မထင်ထားပေ။ သူမအမြန် သူမမျက်နှာကို ကာလိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် ဘေးမှ လက်တစ်ဖက်ထွက်လာသည်။

ယဲ့ဖန် ထိုလူ၏လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။

တက်တူးနှင့်လူမှာ သူ့လက်ကောက်ကို စတီးချိတ်နှင့်အချိတ်ခံလိုက်ရသလိုပင် ခံစားလိုက်ရကာ မလှုပ်နိုင်တော့ပေ။

သူချက်ချင်း ယဲ့ဖန်အားကြည့်လိုက်သည်။

“စောက်ကလေး၊ မင်းဝင်မပါတာ ပိုကောင်းမယ်လို့ငါအကြံပေးချင်တယ်။ လွှတ်စမ်း!”

ယဲ့ဖန်သူ၏ဖုံးကွယ်ထားသည့်အားကိုသုံးကာ ထိုလူအားခြေလှမ်း သုံးလေးလှမ်းလောက် ဆုတ်သွားအောင် တွန်းထုတ်လိုက်ရာ တစ်ဖက်ခြမ်းရှိခုံကို တိုက်မိသွားသည်။

“မိန်းကလေးတစ်ယောက်ကိုရိုက်တယ်။ မရှက်ဘူးလား။”

“စောက်ကလေး၊ မင်း…”

ထိုလူပြန်ထလာကာ ယဲ့ဖန်ထံ တစ်ဟုန်ထိုး ပြေးဝင်လာသည်။

ထိုအချိန်တွင် ယဲ့ဖန်၏ အေးစက်စက် အကြည့်နှင့်ရင်ဆိုင်လိုက်ရသည်။

၎င်းမှာ တောရိုင်းကောင်တစ်ကောင်ထံမှ အကြည့်ခံလိုက်ရသလိုပင်။

သူအလွန်ထိတ်လန့်သွားကာ ခြေထပ်မလှမ်းရဲတော့ပေ။

သို့သော် လူကြားထဲ၌ သူက တစ်ဖက်လူ၏ အကြည့်တစ်ချက်နဲ့တင် လန့်သွားသည် ဆိုလျှင် ရှက်စရာကောင်းသည်။

သူချက်ချင်းကြမ်းတမ်းစွာပြောလိုက်သည်။ “ကောင်းပြီ၊ မင်းကနေရာတကာ ဝင်ပါတတ်တဲ့ကောင်ပဲ။ စောင့်နေလိုက်၊ ရထားပေါ်ကဆင်းတာနဲ့ မင်းကို သတ်ပစ်မယ်။”

ထိုသို့ပြောပြီးနောက် သူ့နေရာသူ ပြန်သွားတော့သည်။

လုရှောင်ရမှာ အလွန်လန့်သွားတာကြောင့် မျက်နှာပင်ဖြူဖျော့သွားသည်။ သူမ အမြန် ယဲ့ဖန်၏လက်အားဖမ်း‌ဆုပ်လိုက်ကာ “ယဲ့ဖန်၊ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။”

ယဲ့ဖန်ကတော့ စိတ်ထဲမထားပေ။

“ကိုယ်တို့ကဘာလုပ်နိုင်မှာလဲ။ အေးဆေးပေါ့”

လုရှောင်ရမှာ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတော့သည်။

“တောင်းပန်ပါတယ်၊ ကျွန်မကြောင့်ပါ။ သူ့လိုလူကို ရန်သွားမစလိုက်သင့်ဘူး။”

ယဲ့ဖန် ရယ်ချင်တာကို အောင့်ထားလိုက်ကာ “ရန်တောင်စပြီးနေပြီကို အခုမှ ဒီလိုလာပြောနေတာလား။”

လုရှောင်ရ၏မျက်နှာလေးထက်၌ ကြောက်ရွံ့မှုဖြင့်ပြည့်နှက်သွားရသည်။

“ကျွန်မတို့အခု ဘယ်လိုလုပ်ကြမလဲဟင်။ သူကသေချာပေါက်ကို လူမိုက်ပဲ။ ယန်းချန်မှာ ကျွန်မတို့က ဘယ်သူနဲ့မှလည်း သိတာမဟုတ်ဘူး။ သူသာ ကျွန်မတို့ကို ပြဿနာရှာလာရင်…”

ယဲ့ဖန် သူမအားအလေးအနက်ထားကာ ကြည့်လိုက်သည်။

“ဒီလိုလုပ်မလား၊ ကားပေါ်ကဆင်းတာနဲ့ မင်းသူ့ခြေထောက်ကို အသေဖမ်းဆွဲထား။ ကိုယ်အရင်ပြေးပြီး အကူအညီရှာလာခဲ့မယ်။”

လုရှောင်ရက တကယ်ကြီးခေါင်းညိတ်လာ၏။

“အင်း၊ ကျွန်မသေချာပေါက် သူ့ကို အချိန်ဆွဲထားလိုက်မယ်။ ရှင်မြန်မြန်ပြေးနော်။”

ယဲ့ဖန် အံ့ဩသွားရသည်။

“မင်းကိုယ့်ကို တကယ်ဆန်ကုန်မြေလေးလို့ ထင်နေတာလား။ ကိုယ်ကတော့ထွက်ပြေးပြီး မိန်းကလေးတစ်ယောက်ကို ထားခဲ့ရမှာလား။ ကိုယ်အဲ့လောက်အရှက်မမဲ့သေးပါဘူး။ စိတ်မပူပါနဲ့၊ အဆင်ပြေမှာပါ။”

လုရှောင်ရသူပြောသည်ကိုကြားတာတောင် သူမအနည်းငယ် စိုးရိမ်နေမိသေးသည်။

သူမ၏ခေါင်းသေးသေးလေးနှင့် အမြန် အဖြေရှာနေမိသည်။

ကျုံးဟိုင်နဲ့ ယန်းချန်က အတော်လေးနီးသည်။

ဘူတာရုံကိုရောက်ဖို့ တစ်နာရီကျော်လောက်သာကြာ၏။

တက်တူးနှင့်လူမှာ ထရပ်ကာ သူတို့နှစ်ဦးအား အံကြိတ်လျက်ကြည့်လာ၏။

“မင်းတို့ကို အပြင်မှာစောင့်နေမယ်။ သတ္တိရှိရင် ငါနဲ့အတူလိုက်ထွက်ခဲ့။”

ထိုသို့ပြောကာ ကားပေါ်မှဆင်းသွားလေသည်။

“ယဲ့ဖန်၊ ကျွန်မတို့ ရဲတိုင်လိုက်မလား။”

လုရှောင်ရ ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လာ၏။

“အခုတော့ အဲ့လိုလုပ်စရာမလိုသေးပါဘူး။”

ယဲ့ဖန် သူတို့၏ခရီးဆောင်အိတ်တွေကို ချကာ လူအုပ်ကြီးနှင့်အတူ ကားပေါ်မှ ဆင်းလာလိုက်သည်။

သူတို့နှစ်ဦး ထွက်ပေါက်သို့သွားနေစဉ်မှာ တက်တူးနှင့်လူနှင့်အတူ လူအနည်းငယ်ခန့် အပေါက်၌စောင့်နေသည်ကို မြင်လိုက်ရသည်။

ထိုလူများ၏လက်ထဲ၌ တုတ်ချောင်း အသီးသီးကိုင်ထားကြပြီး သတ်ဖြတ်လိုစိတ် အပြည့်နှင့်ဖြစ်နေကြသည်။

ဘူတာရုံမှထွက်လာသည့်လူတိုင်း သူတို့ကို ရှောင်သွားကြသည်။ ထိုသို့သော လူရမ်းကားအုပ်စုနှင့် သူတို့ပြဿနာ မဖြစ်ချင်ပေ။

လုရှောင်ရမှာ ယခုမှ ပိုလို့စိတ်လှုပ်ရှား လာရသည်။ သူမလက်ဖဝါး၌ ချွေးစေးတွေ ထွက်လာကာ ယဲ့ဖန်၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ဆက်သွားရန် ငြင်းဆန်နေမိသည်။

တက်တူးနှင့်လူမှာ ဘေ့စ်ဘောတုတ်တံကို ကိုင်ထားရင်း အန္တရာယ်ပြုမည့်အပြုံးတစ်ပွင့် ဖြင့် ကြည့်နေလေသည်။

၎င်းမှာ သူ့သားကောင်ကို ကြည့်နေသည့်ပုံပင်။

ထိုအချိန်တွင် အနက်ရောင်ဝတ် လူနှစ်ယောက် အနောက်မှထွက်လာကာ ထိုအုပ်စုအားဘေးသို့တွန်းလိုက်သည်။

တက်တူးနှင့်လူမှာ ချက်ချင်း ဒေါသတကြီး ကြည့်လိုက်မိသည်။

သို့သော် သူချက်ချင်းအမြီးကုပ်သွားသည်။

Bentley ကားထဲမှ အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်ထွက်လာသည်။

ထို့နောက် အနက်ရောင်တတ်ဘော်ဒီဂတ် အုပ်စုဝန်းရံလျက် အလျင်စလို လျှောက်လာသည်။

ထိုအသက်လတ်ပိုင်းလူမှာ ခန့်ညားသော သွင်ပြင်ရှိ၏။ သူ၏လှုပ်ရှားမှုတိုင်းဟာ အရှိန်အဝါတစ်ခုကိုပေးစွမ်းနေသည်။

ဘူတာရုံထဲမှထွက်လာသူတိုင်း ဘေးသို့နေရာဖယ်ပေးလိုက်ကြကာ အဝေးမှ ကြည့်နေမိကြသည်။

ဒီလူတွေက ဘာလုပ်တဲ့လူတွေလဲ။

အရေးကြီးတဲ့လူတစ်ယောက်များ ရောက်လာလို့လား။

တက်တူးနှင့်လူနှင့်သူ့လူများလည်း နောက်သို့ ဆုတ်သွားကြသည်။

ဒီလိုလူမျိုးက သူတို့လိုလူမိုက်အုပ်စု ရန်စလို့ရတဲ့လူမျိုးမဟုတ်ဘူး။

တစ်ချိန်ထဲမှာပဲ သူယဲ့ဖန်အား ကြည့်လိုက်သည်။

စောက်ကောင်လေး၊ ကံကောင်းသွားတယ်မှတ်။

ဒီလူတွေထွက်သွားမှာ မင်းနဲ့ရှင်းမယ်။

သို့သော် သူထိုသို့တွေးနေစဉ်မှာပဲ မယုံနိုင်စွာ မြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်။

ထိုထိတ်လန့်စရာအရှိန်အဝါနှင့်လူမှာ ယဲ့ဖန်ထံ အမြန်ဦးတည်သွားလေသည်။

“ညီလေးယဲ့၊ မင်းတော်တော်ဆိုးတာပဲ။ ယန်းချန်ကိုလာတာ ငါ့ကိုတောင်မပြောဘူး။”

ထိုလူမှာ လော့ကျင်းယွမ်ဖြစ်လေသည်။

ယဲ့ဖန်လည်းသူ့ကိုမြင်တော့ အနည်းငယ် အံ့ဩသွားသည်။

“ကျွန်တော် ဒီကိုလာမှာ ဘယ်လိုလုပ်သိတာလဲ။”

လော့ကျင်းယွမ်သူ့ပုခုံးကိုပုတ်လိုက်ကာ “မနေ့ညက ဥက္ကဌချန်းနဲ့ ကော့တေးပါတီမှာ တွေ့တော့ သူမတော်တဆပြောမိသွားတာ။ မင်းကငါ့ကို သူစိမ်းလို့ သတ်မှတ်ထားတာလား။ မင်းရဲ့အကိုကြီး အဖြစ် ငါ့ကိုမတွေးထားဘူးထင်တယ်။”

ယဲ့ဖန်မှာ ခါးသက်စွာပြုံးလိုက်မိသည်။

“ကျွန်တော် ဒီတစ်ခါတော့ ယန်းချန်မှာ တိတ်တဆိတ်ပဲနေမလို့လေ။ ဒီလိုပွက်လောရိုက်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ။”

“ယဲ့လူကြီးမင်း ယန်းချန်ကိုလာတာ ဘယ်လိုလုက် ဘယ်သူမှမသိပဲနေမှာလဲ။ အဲ့ကောင်တွေကို ယဲ့လူကြီးမင်းလာမယ်ဆိုတာ ကျွန်တော် အသိပေးလိုက်ချင်တယ်။” လော့ကျင်းယွမ်ထိုသို့ကျယ်လောင်စွာပြောလိုက်သည်။

ထို့နောက် ယဲ့ဖန်ဘေးရှိမိန်းမလှလေးကို သတိထားမိသွားသည်။

ထို့အပြင် သူမက ယဲ့ဖန်၏လက်ကို ဆုပ်ကိုင်ထားသေးသည်။

“ညီလေးယဲ့၊ ဒါက…”

ထိုအခါမှသာ ယဲ့ဖန်သတိထားမိသွားကာ လုရှောင်ရအား အမြန်လက်လွှတ်လိုက်သည်။ “သူက… ကျွန်တော့်သူငယ်ချင်း၊ လုရှောင်ရတဲ့။”

လော့ကျင်းယွမ်၏မျက်နှာထက်၌ ထူးဆန်းသော အပြုံးတစ်ပွင့်ရှိနေသည်။

“ဘယ်လိုသူငယ်ချင်းလဲ။”

ယဲ့ဖန် သူ့ပုခုံးကိုတိုက်လိုက်ကာ “ဘာတွေတွေးနေတာလဲ? ဒီတိုင်း သာမန် သူငယ်ချင်းပါဗျာ။”

လော့ကျင်းယွမ်ဟာတော့ ယောကျာ်းတိုင်း နားလည်နိုင်သည့်အပြုံးမျိုး ပြုံးပြလာသည်။

“ငါနားလည်ပါတယ်။ ငယ်တုန်းရွယ်တုန်းမှာ သူငယ်ချင်းမရှိတာ ဘယ်သူရှိလို့လဲ။”

အပိုင်း ( ၅၂၀ )

သာမန်သူငယ်ချင်းကို သာမန်ထက်ထူးခြားတဲ့သူငယ်ချင်း အဖြစ်ပြောင်းလဲမယ်

လုရှောင်ရဟာတော့ လော့ကျင်းယွမ်အား ကြောင်တောင်တောင်ကြည့်နေမိသည်။

ဒီလူပေါ်လာတဲ့ပုံနဲ့ သူ့ဆီကအရှိန်အဝါကို ကြည့်ရတာတော့ သာမန်လူမဖြစ်နိုင်ဘူး။

ယဲ့ဖန်၏လွှမ်းမိုးမှုက ကျုံးဟိုင်မှာပဲရှိတာလို့ သူမ ထင်နေခဲ့တာပင်။

ယန်းချန်မှာလည်း ကျော်ကြားတဲ့လူ တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိပေ။

ဒီလူက တကယ်သူငယ်ချင်းပေါတာပဲ။

လော့ကျင်းယွမ်လုရှောင်ရအား အကဲခတ်လိုက်သည်။ “မိန်းကလေးလု၊ မင်းတစ်နေရာရာနေလို့မကောင်းလို့လား။ မင်းကြည့်ရတာ သိပ်အဆင်မပြေတဲ့ပုံပဲ။”

ယဲ့ဖန်ခေါင်းယမ်းလျက် သူမအစား ရှင်းပြလာသည်။ “ဘာမှမဖြစ်ပါဘူး။ သူနည်းနည်းကြောက်နေလို့။”

သူပြောသည်ကိုကြားတော့ လော့ကျင်းယွမ်ချက်ချင်းအတည်ပေါက်ဖြစ်သွားသည်။

“ဘာဖြစ်သွားလို့လဲ။”

ယဲ့ဖန် ထိုလူမိုက်အုပ်စုအား ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

“အစောကကားထဲမှာ သူနဲ့နည်းနည်း ပြဿနာတက်သွားတယ်လေ။ သူက ကျွန်တော်တို့ကို ပြဿနာရှာမယ်ဆိုပြီး ခြိမ်းခြောက်ထားလို့…”

လော့ကျင်းယွမ်လည်း သူညွှန်ပြသည့်နေရာကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်ရှိအပြုံးမှာပျောက်ကွယ်သွားကာ ပြင်းထန်သည့်သတ်ဖြတ်လိုစိတ် အစားဝင်လာ၏။

ထိုလူမိုက်အုပ်စုမှာ အလွန်ထိတ်လန့်သွားရသည်။

ထိူလူထံမှ အကြည့်တစ်ချက်နှင့်ပင် သူတို့ တစ်ကိုယ်လုံးတုန်ယင်လာရသည်။

“မှား… အထင်လွဲတာပါ၊ အကုန် အထင်လွဲနေတာပါ။” တက်တူးနှင့်လူမှာ ငိုချမတတ်ရှင်းပြလာသည်။

လော့ကျင်းယွမ်အေးစက်စွာ နှာမှုတ်လိုက်ကာ “မျက်ကန်းနေတဲ့ခွေးတွေ။ ငါ့ညီအစ်ကိုကိုများ ပြဿနာရှာရဲတယ်ပေါ့။ ဒီနေ့ကတော့ မင်းတို့ကံဆိုးတဲ့နေ့ပဲ။”

ထိုသို့ပြောပြီးနောက် သူ့နောက်ရှိ ဘော်ဒီဂတ်တွေကို တစ်ချက်ကြည့်လိုက်သည်။

ဘော်ဒီဂတ်တွေလည်း ချက်ချင်းရှေ့တက်လာကာ ထိုလူမိုက်အုပ်စုအားဆွဲခေါ်သွားတော့သည်။

“ကယ်ကြပါဦး! ပြန်ပေးဆွဲနေပါတယ်ဗျို့! ရဲခေါ်ပေးကြပါ!”

လူမိုက်တွေမှာ သူတို့မိဘသေသည့်အတိုင်း ငိုယိုကြတော့သည်။

သို့သော် အဆုံး၌ကားထဲအထည့်ခံရကာ ခေါ်သွားခံလိုက်ရသည်။

သူတို့ဘယ်လိုဖြစ်မည်ဆိုတာကိုတော့ ဘယ်သူမှမသိပေ။

ပတ်ဝန်းကျင်ရှိလူထုမှာ အလွန်ထိတ်လန့်သွားကြကာ အသက်ပင် ရဲရဲမရှူရဲတော့ပေ။

ထို့အပြင် ထိုလူမိုက်တွေကို သူတို့မသိပေ။ သူတို့အတွက်နဲ့ ဒီလိုလူကို ဘယ်သူက ရန်စရဲမှာလဲ။ သူတို့အသက်ရှင်ရတာ မပင်ပန်းသေးဘူး။

လော့ကျင်းယွမ်ကတော့ ထိုကိစ္စကို စိတ်ထဲမထည့်တော့ပေ။ သူ့အတွက်တော့ ထိုလူမိုက်တွေကိုရှင်းရတာက ခြင်ရိုက်သလိုပင်။

ထို့နောက် သူယဲ့ဖန်နှင့်မိန်းကလေးဖြစ်သူအား ကြည့်လိုက်သည်။

“ကျွန်တော် မင်းအတွက်ဟိုတယ်မှာ ဘိုကင်တင်ထားတယ်။ အခု အဲ့ကိုလိုက်ပို့ပေးမယ်။”

ယဲ့ဖန် ဘာမှပြောမနေတော့ပဲ သူ့နောက်ကသာ လိုက်လာလိုက်သည်။

လုရှောင်ရ ယဲ့ဖန်နောက်မှနီးကပ်စွာ လိုက်နေရင်း သူမနှလုံးသားဟာတော့ ပြင်းထန်စွာတုန်လှုပ်နေသည်။

ဒီအသက်လတ်ပိုင်းလူကြီးကဘယ်သူလဲ။

လူကြားထဲမှာတောင် ဟိုလူမိုက်တွေကို ဆွဲခေါ်သွားရဲတယ်။ ဒီလိုလုပ်ပုံနဲ့ဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူက အကြင်နာတရားကင်းမဲ့သူဆိုတာကို တပ်အပ်ပြောနိုင်သည်။

ယဲ့ဖန်က ဘယ်လိုလုပ် ဒီလိုလူမျိုးနဲ့ သိနေရတာလဲ။

ထို့အပြင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက သာမန်ဟုတ်ပုံမပေါ်ပေ။ ညီအစ်ကိုရင်းတွေများလား။

ဒါကြီးကတကယ်မယုံနိုင်စရာပဲ။

သူတို့သုံးဦးသား Bentley ကားထဲသို့ ဝင်လိုက်ကြကာ ဘော်ဒီဂတ်တွေဟာလည်း သူတို့နောက်မှ Mercedes Benz ကားထဲသို့ ဝင်လိုက်ကြသည်။

ထို့နောက် ဘူတာရုံရှိလူများအကြည့်အောက်မှာပင် သူတို့ထွက်ခွာလာခဲ့ကြသည်။

ထိုအခါမှသာ လူတိုင်းအသံတိုးတိုးဖြင့် ဆွေးနွေးရဲတော့သည်။

“အစောကလူတွေက ဘယ်သူတွေလဲ။ အရမ်းထောင်လွှားလွန်းတယ်မထင်ဘူးလား။”

“သူကအကောင်ကြီးကြီးထဲကပဲဖြစ်ရမယ်။ သူ့အရှိန်အဝါက ငါ့သူဌေးရဲ့သူဌေးထက်တောင် မြင့်သေးတယ်။”

“ဟုတ်ပါ့၊ အစောကတကယ်ကြောက်ဖို့ ကောင်းတယ်။ ငါ့မှာဘောင်းဘီထဲ သေးတောင်ပေါက်ချမိတော့မလို့။”

“ငါကတော့ အဲ့လူငယ်လေးကလည်း တော်တော်အံ့ဩစရာကောင်းတယ်ထင်တာပဲ။ ငယ်ငယ်လေးပဲရှိသေးတာကို ဒီလိုလူမျိုးကို အကိုကြီးလို့ခေါ်ရဲတယ်။”

“ငါကတော့ အဲ့အသက်လတ်ပိုင်းလူကြီးက အဲ့ကောင်လေးဆီက မျက်နှာသာရအောင် လုပ်နေတာလို့ထင်တယ်။”

“ငါလည်းအဲ့လိုပဲထင်တယ်။ အဲ့လူငယ်လေးက နောက်ခံတောင့်လောက်တယ်။ မိသားစုကြီး တစ်ခုခုရဲ့အိမ်ရှေ့မင်းသားလေးများလား။”

“နောက်ဆုံးတော့ ငါအမြင်ပွင့်သွားခဲ့ပြီ။ ငါတကယ်ကြီးဒီလိုလူမျိုးကို မြင်ဖူးခဲ့ပြီ။”

“အိုက်ယား၊ အစောကရထားပေါ်မှာတုန်းက သူတို့နှစ်ယောက်ငါ့ရှေ့မှာထိုင်နေတာ။ အစောထဲကသာသိရင် ငါသူတို့နဲ့ ရင်းနှီးအောင်လုပ်ပါတယ်။”

“မင်းကလား။ .သူတို့လိုလူမျိုးနဲ့ ရင်းနှိးချင်တယ်ပေါ့? တန်လို့လား။”

“ငါ… အေးပါကွာ။ မတန်မှန်းဝန်ခံပါတယ်။”

…

လော့ကျင်းယွမ်ဟာ ‘Kelsa’ ဟူသည့် ကြယ်ငါးပွင့်ဟိုတယ်၌ ဘိုကင်တင်ထားတာ ဖြစ်သည်။

အခန်းမှာဈေးအကြီးဆုံး presidential suite အခန်းဖြစ်သည်။

ယဲ့ဖန်နှင့်လုရှောင်ရတို့ အခန်းထဲဝင်လိုက်ချိန်၌ အခန်းအနေအထားကိုကြည့်ပြီး အံ့ဩသွားရသည်။

ပရိဘောဂများမှာ အထူးပြုလုပ်ထားတာ ဖြစ်ပြီး အလွန်လိုက်ဖက်ညီလေသည်။

အလွန်တော်သည့်ဒီဇိုင်နာဆွဲထားသည့် ဒီဇိုင်းမှန်းသိသာထင်ရှားနေသည်။

ထို့အပြင် View မှာလည်း အလွန်ကျယ်ပြန့်လေရာ ပြင်သစ်စတိုင်လ် ပြတင်းပေါက်မှကြည့်လိုက်လျှင် ယန်းချန်တစ်မြို့လုံးကိုမြင်နိုင်သည်။

“တစ်ညထဲတည်းမှာကို ဒီလိုအခန်းမျိုးက ဖြုန်းတီးရာမကျဘူးလား။”

ယဲ့ဖန် အပြင်ဘက်ရှုခင်းထံမှ အကြည့်လွှဲလိုက်ကာ လော့ကျင်းယွမ်ကို ပြန်ကြည့်လိုက်သည်။

လော့ကျင်းယွမ်ချက်ချင်းဆိုသလို သူ့ရင်ဘတ်သူပုတ်ကာ ပြောလာသည်။

“ညီအစ်ကိုအချင်းချင်းကြားမှာ ငွေစကားမပြောရဘူး။ ဒီအခန်းမှာ ကြိုက်သလောက်နေလို့ရတယ်။ ဈေးနှုန်းကို စိတ်ပူစရာမလိုဘူး။”

“အစ်ကိုအထင်လွဲနေပြီ။ ကျွန်တော်က ဒီလိုအခန်းမျိုးနောက်တစ်ခန်းလောက် ထပ်ယူပေးလို့ရမလားလို့ ပြောမလို့။”

“ဖူး…”

လော့ကျင်းယွမ်မှာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။

“ငါကတော့ မင်းရှက်ပြီး အခန်းခပေးတော့မယ်ထင်လိုက်တာ။ ဒီလောက်ထိတောင်းဆိုလာမယ်လို့ မထင်ထားဘူး။”

ယဲ့ဖန် ချက်ချင်းပြုံးလိုက်ကာ “အစ်ကိုပဲ အစောကပြောခဲ့တာလေ၊ ကျွန်တော်တို့က ညီအစ်ကိုတွေဆို။ ငွေစကားပြောတာ ကျွန်တော်တို့ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်။”

လော့ကျင်းယွမ်ခြောက်ကပ်ကပ်သာ ရယ်လိုက်မိသည်။

“ငွေစကားပြောတာ ငါတို့ကြားက ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်ဆိုပေမယ့် presidential suite ကတော့ များသွားပြီမထင်ဘူးလား။”

ယဲ့ဖန် သူ့ဘေးရှိလုရှောင်ရကိုကြည့်လိုက်ကာ “ကျွန်တော်တို့က ယောကျာ်းလေးနဲ့ မိန်းကလေးလေ။ ဘယ်လိုလုပ် အတူတူနေလို့ရမှာလဲ။”

လော့ကျင်းယွမ်သူ့အား မပျော်ရွှင်စွာ ကြည့်လိုက်မိသည်။

“မင်းဘာလို့ငါ့ရှေ့မှာ ဖြူစင်တဲ့သူငယ်ချင်း ပုံစံဟန်ဆောင်နေရတာလဲ။ မင်းတို့နှစ်ယောက်က သာမန်သူငယ်ချင်းပဲ လို့တော့ ငါ့ကိုလာမပြောနဲ့နော်။”

ယဲ့ဖန် မျက်လုံးလှိမ့်လိုက်မိသည်။

“ဒါပေမယ့် ကျွန်တော်တို့က သာမန်သူငယ်ချင်းပဲလေ။”

လော့ကျင်းယွမ်သူ့အား မျက်စိမှိတ်ပြလိုက်ကာ “ဒါက သာမန် သူငယ်ချင်းအဆင့်ကို သာမန်ထက်ပိုတဲ့ တစ်ခုခုပြောင်းပစ်ဖို့ အခွင့်အရေးပဲလေ။”

ယဲ့ဖန် ဆက်ပြောချင်ပေမယ့် လော့ကျင်းယွမ်က ဖြတ်ပြောလာ၏။

“ပြီးတော့ ငါဒီနားမှာပတ်မေးပြီးပြီ။ ဒီဟိုတယ်မှာ ဒီတစ်ခန်းပဲကျန်တော့တာတဲ့။”

“သာမန် suite အခန်းတွေရော။”

“ပြည့်နေပြီ”

“အစ်ကိုလာနောက်နေတာလား။”

“ငါကဘာလို့မင်းကိုလိမ်ရမှာလဲ။ မင်းမယုံရင် ဧည့်ကြိုကောင်တာမှာသွားမေးကြည့်။”

ယဲ့ဖန် လုံးဝဆွံ့အသွားရသည်။ သူ လုရှောင်ရ

အားကြည့်လိုက်ကာ “ကြည့်ရတာ အတူတူပဲနေရတော့မယ်ထင်တယ်။ ကံကောင်းလို့ ဒီအခန်းမှာ အခန်းပိုပါတယ်။”

လုရှောင်ရ၏မျက်နှာနီရဲသွားရကာ သူမ အသံတိုးတိုးဖြင့် “အင်း” ဟုသာ အသံပြုလိုက်သည်။

လော့ကျင်းယွမ်ချက်ချင်း ယဲ့ဖန် နားနားကပ်ကာပြောလိုက်သည်။

“အကာအကွယ်သုံးဖို့မမေ့နဲ့နော်။”

ထိုသို့ပြောပြီးနောက် ရှင်းပြန်ရန်ပင် အခွင့်အရေးမပေးတော့ပဲ “မင်းတို့ အရင်နားလိုက်ကြဦး။ နောက်မှ ကြိုဆိုပွဲ လုပ်ပေးမယ်။”

ထို့နောက် သူလှည့်ထွက်သွားတော့သည်။

All Chapters