← Chapters

ထူးချွန်သောပညာရပ်ကြီး အောင်မြင်ခြင်း

Vol. 13 Ch. 170

ထူးချွန်သောပညာရပ်ကြီး အောင်မြင်ခြင်း

Vol. 13 Ch. 170

"နေလလက်သီးကျမ်း (သေးငယ်သောအောင်မြင်ခြင်း၊ အဆင့်ခုနစ် နေလလက်သီးဆန္ဒ)"

သူ့၏အချက်အလက်ပြဇယားကိုကြည့်ရင်း ကုချင်းဖန်ဟာ နေလလက်သီးကျမ်းကို ရာစုနှစ်ပေါင်းများစွာ လေ့ကျင့်သင်ယူခဲ့သလို ခံစားလိုက်ရပြီး သူ့အတွင်းမှ ခိုင်မာသည့် စစ်မှန်သောရည်ရွယ်ချက်တစ်ခုလည်း ပေါ်ထွက်လာခဲ့သည်။

သူ့လက်သီးတွေက နေနှင့်လလိုပဲ ကောင်းကင်ကို အလင်းပေးသည်။

ဒီ စစ်မှန်သောရည်ရွယ်ချက် ပျံ့နှံ့လာတာနှင့်အမျှ ကုမိသားစုအိမ်တော်က လူတိုင်းဟာ တစ်ခုခုကို ခံစားမိသလိုဖြစ်ပြီး ကောင်းကင်မှာ နေနှင့်လ အတူရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သည့် မြင်ကွင်းကိုလည်း ဝိုးတဝါး မြင်လိုက်ကြသည်။

ဒါပေမဲ့ ဒီအမြင်အာရုံက ပေါ်ပြီးတာနှင့် အမြန်ဆုံး ပျောက်ကွယ်သွားခဲ့သည်။

ကုပန်လိုမျိုး ပင်ကိုသိုင်းသခင် အနည်းငယ်ကသာ ဒီလှုပ်ရှားမှု၏ အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့သည်။

"ငါ့ယောကျာ်းက ပိုပြီး အစွမ်းထက်လာပြီ"

ရွှီယူလန်၏ လှပသည့်မျက်လုံးတွေက အနည်းငယ်လှုပ်ရှားသွားပြီး ဓားသွေးခန်းမကို ကြည့်လိုက်သည်။

သူကလည်း ပြီးပြည့်စုံခြင်း အဆင့်မှာရှိသည့် ပင်ကိုသိုင်းသခင် တစ်ယောက်ဖြစ်နေပြီ။

တကယ်တမ်းပြောရရင် ဒီမတိုင်ခင်က ရွှီယူလန်က တစ်နေ့မှာ သူ ပင်ကိုသိုင်းသခင် အဆင့်ကို ဖြတ်ကျော်ဝင်ရောက်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

အမှန်တော့ ပင်ကိုသိုင်းသခင် ဖြစ်လာဖို့ မဆိုထားနှင့် သွေးသန့်စင်ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်တာတောင် သာမန်အားဖြင့် အဆုံးသတ်လို့ သတ်မှတ်ကြသည်။

ပင်ကိုသိုင်းသခင် အဆင့်ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ရွှီယူလန်က အိပ်မက်မက်နေသလားလို့ ခဏတာ သံသယဝင်ခဲ့သေးသည်။

သို့သော်လည်း ကွမ်းယန်ခရိုင်မြို့က တိုက်ပွဲသတင်းတွေ ထွက်လာတာနှင့်အမျှ ရွှီယူလန်ဟာ သူ့ခင်ပွန်း၏ ခွန်အားက လုံးဝနက်ရှိုင်းလွန်းနေတယ်ဆိုတာ နားလည်သွားခဲ့သည်။

အခုချိန်မှာ ကုချင်းဖန်က ဓားသွေးခန်းမထဲမှာပဲ အနေများပြီး အပြင်ထွက်တာ ရှားသည်။ ဒါပေမဲ့ သူက ကျင့်စဉ်ကနေ ထွက်လာသည့်အခါတိုင်း ရွှီယူလန်က သူ့ကို စိတ်ကျေနပ်အောင် အစွမ်းကုန် လုပ်ဆောင်ပေးခဲ့သည်။

ပြီးတော့ အားလပ်ချိန်မှာ သူလည်း သိုင်းပညာကို လေ့လာနေခဲ့သည်။

သူ ဒီလိုလုပ်ရတာက ကုချင်းဖန်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်လို့ဖြစ်သည်။

ကုချင်းဖန်၏ ခွန်အားက ဆက်ပြီး မြင့်တက်လာတာနှင့်အမျှ ကွမ်းယန်မင်းသား ကုယန်၏ လွှမ်းမိုးမှုကလည်း ပိုကြီးလာတာကြောင့် ကုမိသားစုအိမ်တော်က ပြဿနာတွေ ပိုမိုရင်ဆိုင်ရမှာ အမှန်ပဲဖြစ်သည်။

အခု သူ့၏ဇနီးတစ်ဦးအနေနှင့် သူလည်း အခြားသူတွေ၏ ပစ်မှတ်ဖြစ်လာလိမ့်မည်။

ရွှီယူလန်၏အမြင်မှာ ဒါကလည်း ကုချင်းဖန်က သူကို ပင်ကိုသိုင်းသခင် ဖြစ်လာဖို့ ခွင့်ပြုခဲ့ဆိုသည့် အဓိကအကြောင်းရင်းတစ်ခုပဲဖြစ်သည်။

ဒါကြောင့် ရွှီယူလန်က ကုချင်းဖန်၏ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ချင်ပေ။

နောက်ထပ်အကြောင်းရင်းတစ်ခုက ကုရွှမ်းနှင့် ကုရှို့တို့ကို သူတို့၏ကျင့်စဉ်မှာ လမ်းညွှန်ပေးဖို့ပဲဖြစ်သည်။

ရွှီယူလန်၏ လက်ရှိ ပင်ကိုသိုင်းသခင် ကျင့်စဉ်နှင့်ဆိုရင် နှစ်ယောက်ကို လေ့ကျင့်ရေးမှာ လမ်းညွှန်ပေးတာက လွယ်ကူသည့်အလုပ်တစ်ခုဖြစ်ပြီး တစ်ခါတလေမှာတော့ သူက ပင်ကိုချီစွမ်းအင်ကို အသုံးပြုပြီး အရိုးသန့်စင်ခြင်း နှင့် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ကို လုပ်ဆောင်ပေးခဲ့သည်။

အကျိုးသက်ရောက်မှုတွေက သိပ်မပြင်းထန်ပေမဲ့ အချိန်ကြာလာတာနှင့်အမျှ အကျိုးအချို့ ရှိခဲ့သည်။

...

"နေလလက်သီးကျမ်း အကယ်၍ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ရင် ပြိုင်ဘက်ကင်းဓားထက် အားမနည်းဘူး"

"ဒါပေမဲ့ ငါ့အတွင်းက စစ်မှန်သောရည်ရွယ်ချက်က အခု အနည်းငယ် ကွဲလွဲနေတယ် နေလလက်သီးဆန္ဒနဲ့ ပြိုင်ဘက်ကင်းဓားစစ်မှန်သောရည်ရွယ်ချက်တို့လိုပေါ့ သူတို့ကို ပေါင်းစပ်နိုင်ခဲ့ရင် ပိုပြီးအစွမ်းထက်လိမ့်မယ်လို့ ငါယုံကြည်တယ်"

ကုချင်းဖန်က သူ့ကိုယ်သူ တွေးလိုက်သည်။

သို့သော်လည်း စစ်မှန်သောရည်ရွယ်ချက်တွေကို ပေါင်းစပ်တာက ကုချင်းဖန်၏ ရုတ်တရက် အတွေးတစ်ခုသာဖြစ်ပြီး သိုင်းပညာနှင့်ပတ်သက်သည့် သူ့၏ လက်ရှိနားလည်မှုနှင့်ဆိုရင် သူ အဲဒီခြေလှမ်းကို တကယ်လှမ်းဖို့ အဆင်သင့်မဖြစ်သေးပေ။

ရက်အနည်းငယ်ကြာပြီးနောက် အချက်အလက်ပြဇယားမှာ စာသားအသစ်တွေ ပေါ်လာခဲ့သည်။

...

"သင်၏သား 'ကုရွှမ်း' သည် သွေးသန့်စင်ခြင်း၏ အစအဦးအဆင့်ကို ဖြတ်ကျော်ဝင်ရောက်သည်!"

"ဆုကြေး အဆင့်မြှင့်တင်အမှတ် ၂၀"

"သင်၏သား 'ကုရှို့' သည် သွေးသန့်စင်ခြင်း၏ အစအဦးအဆင့်ကို ဖြတ်ကျော်ဝင်ရောက်သည်"

"ဆုကြေး အဆင့်မြှင့်တင်မှတ် ၂၀"

...

"ရွှမ်းအာနှင့် ရှို့အာတို့လည်း နောက်ဆုံးတော့ နယ်ပယ်တက်သွားပြီပဲ"

ကုချင်းဖန်က အနည်းငယ်ပြုံးလိုက်သည်။

ရိုးရိုးသားသားပြောရရင် ကုရွှမ်းနှင့် အခြားသူတွေ အရေပြားသန့်စင်ခြင်းကို ရောက်တာ သိပ်မကြာသေးပေ။ ဒါကြောင့် ယုတ္တိရှိရှိဆိုရင် သူတို့က အခုလိုအမြန် နယ်ပယ်တက်လာမှာ မဟုတ်ပေ။

ဒါပေမဲ့ ရွှီယူလန်က ပင်ကိုချီစွမ်းအင်ကို အသုံးပြုပြီး သူတို့နှစ်ဦးကို အရိုးသန့်စင်ခြင်း နှင့် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း လုပ်ပေးနေခဲ့တယ်ဆိုတာကို ထည့်စဉ်းစားတော့ ကုချင်းဖန်၏ရင်ထဲမှာ စိတ်အေးသွားခဲ့သည်။

ပသ်ကိုသိုင်းသခင်၏ အကူအညီနှင့် ကျင့်စဉ်ကျင့်တာက တကယ်ကို လက်ဖဝါးလှည့်သလို လွယ်ကူသည်။

ဘာပဲဖြစ်ဖြစ် ပင်ကိုသိုင်းသခင်တစ်ဦးအတွက် အရေပြားသန့်စင်ခြင်းနှင့် သွေးသန်စင်ခြင်းလို့ခေါ်သည့်အရာတွေက ရိုးရိုးလေးပဲဖြစ်သည်။

ဒီရှုထောင့်နှစ်ခု၏ ခွန်အားကို မြှင့်တင်ချင်တယ်ဆိုရင် ပြဿနာများစွာ ရှိမှာမဟုတ်ပေ။

သို့သော်လည်း ကြီးကျယ်ခမ်းနားသည့် ပင်ကိုသိုင်းသခင်တစ်ဦးက သူတို့၏ချီစွမ်းအင်ကို အခြားသိုင်းပညာရှင်တွေကို ကျင့်စဉ်နယ်ပယ်တက်စေဖို့ ကူညီပေးဖို့ သုံးတာ ရှားလိမ့်မည်။

ပင်ကိုသိုင်းသခင်အဆင့်ကို ရောက်ရှိပြီးနောက်မှာတော့ နောက်တစ်ဆင့်က သိုင်းအရှင်သခင်နယ်ပယ်အတွက် ကြိုးစားရမှာပဲဖြစ်သည်။

စုဆောင်းထားသည့် ချီစွမ်းအင်တစ်စွန်းတစ်စတိုင်းက သိုင်းအရှင်သခင်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ မျှော်လင့်ချက် ပိုပေးသည်။

အကြောင်းပြချက်မရှိဘဲ ချီစွမ်းအင်ကို ဖြုန်းတီးတာက မကောင်းသည့်အရာတစ်ခုပဲဖြစ်သည်။

သို့သော်လည်း ဒီပြဿနာတွေက ရွှီယူလန်နှင့် တကယ်မဆိုင်ပေ။

သူ၏အရည်အချင်းနှင့်ဆိုရင် သာမန်အခြေအနေအောက်မှာ အရိုးသန့်စင်ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်တာတောင် မသေချာပေမဲ့ အခု သူက အသက်ရှည်ဆေးတစ်မျိုး၏ အကူအညီနှင့် ပင်ကိုသိုင်းသခင် ပြီးပြည့်စုံခြင်းအဆင့်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် ဒါက သူ၏ကိုယ်ပိုင်ကန့်သတ်ချက်တွေကို ဖောက်ထွက်တာနှင့် တူညီသည်။

အနာဂတ်မှာ ပိုမိုမြင့်မားသည့် တိုက်ရိုက်အဆင့်တက်ဆေး မရှိလျှင် ရွှီယူလန်၏ အရည်အချင်းက သူ၏ကျန်ရှိသည့်ဘဝမှာ ပင်ကိုသိုင်းသခင်အထက်မှာပဲ ရှိနေလိမ့်မည်။

သိုင်းအရှင်သခင်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ မျှော်လင့်ချက်မရှိတော့သည့်အတွက် ချီစွမ်းအင်၏ အုတ်မြစ်ကို စုဆောင်းတာနှင့်ပတ်သက်ပြီး ပြောစရာမရှိတော့ပေ။

ပေါ်လာသည့် ဆုကြေးမှတ် လေးဆယ်ကိုကြည့်ပြီး ကျန်နေသေးသည့် အဆင့်မြှင့်တင်မှုမှတ် တစ်ဆယ့်သုံးမှတ်နှင့် ပေါင်းလိုက်တော့ ကုချင်းဖန်မှာ နေလလက်သီးကျမ်းအတွက် လိုအပ်သည့် နယ်ပယ်တက်ဖို့ လုံလောက်သွားခဲ့သည်။

ချက်ချင်းပင် ကုချင်းဖန်က တွေဝေမနေဘဲ အဆင့်မြှင့်တင်မှုမှတ် ငါးဆယ်ကို အသုံးပြုပြီး နေလလက်သီးကျမ်းကို အောင်မြင်ခြင်းအဆင့်ကို မြှင့်တင်လိုက်သည်။

"ဒုန်း!"

နေလလက်သီးကျမ်းကအဆင့်တက်သွားခဲ့သည်။

အင်အားကြီးမားသည့် ခွန်အားတစ်ခုက ကုချင်းဖန်၏ခန္ဓာကိုယ်ကနေ ပေါက်ထွက်လာပြီး ဓားသွေးခန်းမတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

နတ်ဘုရားလက်နက်များစွာက ဒီ ဆန္ဒကို ခံစားမိပြီး အနည်းငယ် တုန်ယင်သွားခဲ့သည်။

ခဏကြာပြီးနောက် ဒီ စစ်မှန်သောရည်ရွယ်ချက်က တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

"နေလလက်သီးကျမ်းက အောင်မြင်ခြင်းအဆင့်ကို ရောက်ရှိသွားပြီ"

“နေလ စစ်မှန်သောရည်ရွယ်ချက်၊ အဆင့် ရှစ်"

ကုချင်းဖန်၏အမူအရာက တည်ငြိမ်နေခဲ့သည်။

သာမန်လူတစ်ဦး ဒီအဆင့်ကို ကျင့်ကြံဖို့အတွက် ရာစုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုမရှိဘဲ မဖြစ်နိုင်ပေ။

သိုင်းဆရာအဆင့် သိုင်းပညာတွေက ကျင့်ကြံဖို့ ခက်ခဲသော်လည်း သွေးသန့်စင်ခြင်းသိုင်းသခင်တစ်ဦးတောင်မှ အသက်ငါးရာပဲရှိသည်။

ပြီးတော့ ပင်ကိုသိုင်းသခင်မှာ သုံးရာပဲရှိသည်။

ဒါကြောင့် သိုင်းဆရာအများအပြားက သူတို့၏ဘဝတစ်ခုလုံးကို ကုန်ဆုံးစေပြီး သိုင်းဆရာအဆင့် သိုင်းပညာကို အောင်မြင်ခြင်းအဆင့်ကို မြှင့်တင်ဖို့ ရုန်းကန်နေရတုန်းပဲဖြစ်သည်။

အမှန်တော့ အောင်မြင်ခြင်းဖို့မပြောနှင့် စတင်ခြင်းအဆင့်ကိုတောင် တကယ်ရောက်ပြီး သိုင်းဆရာတစ်ဦး၏ စစ်မှန်သောရည်ရွယ်ချက်ကို ကျင့်ကြံတာက ရှားပါးသည့် ငှက်မွေးတွေနှင့် ယူနီကွန်ချိုတွေလိုပဲဖြစ်သည်။

ဒါကြောင့် စစ်မှန်သောရည်ရွယ်ချက်သိုင်းဆရာတွေက ဒီလောက်ရှားပေမယ့် ကုချင်းဖန်မှာ အချက်အလက်ပြဇယား ရှိနေတာကြောင့် ပင်ပန်းခက်ခဲသည့် အားထုတ်မှုတွေကို အများကြီး ကျော်ဖြတ်နိုင်ခဲ့သည်။

...

ဓားသွေးခန်းမနေ ထွက်လာပြီးနောက် ကုချင်းဖန်က နောက်ဖေးခြံဘက်ကို ရောက်လာပြီး ရွှီယူလန်က ကုရွှမ်းနှင့် ကုရှို့တို့ကို သူတို့၏ကျင့်စဉ်မှာ လမ်းညွှန်ပေးနေတာကို မြင်လိုက်ရသည်။

"ယောကျာ်း"

"အဖေ..."

သူတို့သုံးယောက်လုံးက ကုချင်းဖန်ရောက်လာတာကို မြင်တော့ ပျော်ရွှင်သွားကြသည်။

ဒါပေမဲ့ ပျော်ရွှင်မှုအပြင် ကုရွှမ်းနှင့် ကုရှို့တို့၏ မျက်နှာတွေမှာ အနည်းငယ် ကြောက်ရွံ့မှုနှင့် ထိန်းချုပ်ထားသည့်အမူအရာတွေလည်း ရှိနေခဲ့သည်။

ဘာပဲဖြစ်ဖြစ်၊ သူတို့၏အမြင်မှာ ကုချင်းဖန်ဟာ အမြဲတမ်း တင်းကျပ်သည့်သူဖြစ်ပြီး ဖခင်၏ အခွင့်အာဏာရှိသည့် ပုံစံကြောင့် သူတို့က မမိုက်ရဲပေ။

"ကောင်းတယ် မင်းတို့ သွေးသန့်စင်ခြင်းနယ်ပယ်ကို ဒီလောက်အမြန် ဖြတ်ကျော်ဝင်ရောက်သွားတာပဲ!"

ကုချင်းဖန်က သူတို့နှစ်ဦးကို ကြည့်ပြီး မှေးမှိန်သည့်အပြုံးတစ်ခု ပြလိုက်သည်။ သူတို့နယ်ပယ်တက်သွားတာကို အခုမှ သိလိုက်ရသလို သူတို့ကို ချီးမွမ်းပြီး အတည်ပြုပေးလိုက်သည်။

အသက်ရှစ်နှစ်မပြည့်သေးဘဲ သွေးသန့်စင်ခြင်းနယ်ပယ်မှာ ရှိနေတာက သိုင်းလောက၏အမြင်မှာ သူတို့က ပါရမီရှင်တွေလို့ သတ်မှတ်နိုင်သည်။

ဒီနှစ်ဦးဟာ အသက်ရှစ်နှစ်အောက် ရှင်းနေပေမဲ့ သူတို့၏ သိုင်းပညာ နယ်ပယ်တက်ခြင်းကြောင့် သူတို့၏ခန္ဓာကိုယ်တွေက ခိုင်မာပြီး ဆယ်ကျော်သက်တွေနှင့် သိပ်မကွာခြားပေ။

ထို့နောက် ကုချင်းဖန်က လျှို့ဝှက်ကျမ်းတစ်ခုကို ရွှီယူလန်ကို ပေးလိုက်သည်။

"ဒါက ဓားသွေးခန်းမမှာ ကျင့်စဉ်ဝင်နေတုန်း ကိုယ်ဖန်တီးထားတဲ့ အသက်ရှည်ကျင့်စဉ်ပဲ သွေးသန့်ဟင်ခြင်း အခန်းလောက်ပဲ ပါဝင်သေးပေမဲ့ ကျင့်ကြံရင် အသက်ကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ပေးနိုင်ပြီး ခွန်အားကိုလည်း မြှင့်တင်ပေးနိုင်တယ်"

"မင်း အချိန်ရရင် ဒါကို လေ့လာနိုင်တယ် ပြီးတော့ ရွှမ်းအာနှင့် ရှို့အာတို့ကိုလည်း လေ့ကျင့်ဖို့ ပေးလို့ရတယ်"

All Chapters