← Chapters

အပိုင်း ၅၂၁-၅၂၄

Vol. 27 Ch. 521-524

အပိုင်း ၅၂၁-၅၂၄

Vol. 27 Ch. 521-524

အပိုင်း ( ၅၂၁ )

ဘယ်လိုလုပ်ပြီး အဲ့လို ချစ်စရာကောင်းပြီး နူးညံ့တဲ့ ကျားပေါက်လေး ရှိနေနိုင်ရတာလဲ။

လော့ကျင်းယွမ် ထွက်သွားပြီးနောက် ယဲ့ဖန်က လုရှောင်ရကို ကြောင်အစွာကြည့်နေခဲ့သည်။

" အစ်ကိုကြီးလော့က နောက်ပြောင်ရတာကို ကြိုက်တယ်။ အဲ့တော့ စိတ်ထဲမထားပါနဲ့ "

လုရှောင်ရက ခေါင်းခါလိုက်သည်။

" မဟုတ်ပါဘူး၊ သူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်မထင်တယ် "

သူမက စိတ်ထဲမထားတာကို မြင်လိုက်ရတော့မှ ယဲ့ဖန် စိတ်သက်သာရာ ရသွားတော့သည်။

" အရင်ရေချိုးပြီး အဝတ်အစားလဲမလား။ ပြီးမှ သွားစားရအောင် "

" အင်း အဲ့လိုလည်း အဆင်ပြေပါတယ် "

လုရှောင်ရက သူမ၏ ခရီးဆောင်အိတ်ကို အိပ်ခန်းတစ်ခုထဲသို့ ယူသွားပြီးနောက် သူမ လဲဝတ်မယ့် အဝတ်အစားကို ရှာဖွေကာ ရေချိုးခန်းဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ယဲ့ဖန်က ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခဏထိုင်ကာ သူ့ဖုန်းနှင့် ကစားရန် ပြင်နေသည်။

သို့သော် ရေချိုးခန်းဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက ချက်ချင်း တစ်နေရာတည်းမှာ တန့်သွားသည်။

ရေချိုးခန်းကို အပူခံမှန်ဖြင့် ပြုလုပ်ထားလေသည်။

ခြေသလုံးအောက်နဲ့ လည်ပင်းအထက်ပိုင်းက လုံးဝကို ဖောက်ထွင်းမြင်ရတဲ့ မှန်ချပ်ကြီးဖြစ်နေသည်။

အလယ်အပိုင်းကိုသာ ဝါးထားသည်။

ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မြင်နေရသည့် အရိပ်က သွေးဆောင်မှုကို သိသိသာသာ တိုးလာစေသည်။

ယဲ့ဖန် လုံးဝ အံ့သြသွားရသည်။

ဒီရေချိုးခန်းကို ဘယ်သူက ဒီဇိုင်းထုတ်ထားတာလဲ။ ဒါကြီးက ...... နှာဘူးမဆန်လွန်းဘူးလား။

သို့သော် သူက ဒီဇိုင်နာကို အထင်လွဲနေခဲ့တာဖြစ်သည်။

တကယ်တော့ ဒီလိုတစ်ခန်းတည်း နေတဲ့သူအများစုမှာ စုံတွဲများ ဖြစ်ကြသည်။

ထို့ကြောင့် ဒီလိုဒီဇိုင်းနဲ့ ပတ်သတ်ပြီး ပြဿနာမရှိရုံတင်မကဘဲ ဒီလိုလေးကနေတစ်ဆင့် ပျော်ရွှင်စရာတွေလည်း အများကြီးကြုံရနိုင်သည်။

ယဲ့ဖန်က လုရှောင်ရ၏ လှုပ်ရှားမှုတိုင်းကို မှန်တစ်ချပ်ခြားကနေ မြင်နေရသည်။

ဒီလိုကြည့်နေတာက အရှက်မဲ့ရာကျမှန်း သိပေမယ့် ယဲ့ဖန်မျက်လုံးတွေက သူ့စကားကို နားမထောင်ပေ။

လုရှောင်ရ ရေချိုးခန်းထဲက ထွက်လာမှပဲ သူ့ဖုန်းနဲ့ ကစားတော့သည်။

" ရေချိုးချင်သေးလား "

လုရှောင်ရက သူမဆံပင်တွေကို မျက်နှာသုတ်ပုဝါနဲ့ ပွတ်သပ်နေပြီး ယဲ့ဖန်ကို ကြည့်နေသည်။

" ကိုယ် ...... ရေမချိုးတော့ဘူး "

ယဲ့ဖန်က မြန်မြန် ခေါင်းယမ်းလိုက်ပြီး ငြင်းလိုက်သည်။

" ကားပေါ်မှာ အကြာကြီးထိုင်လာရတာ အရမ်းညစ်ပတ်တယ်။ မြန်မြန် ရေချိုးလေ "

လုရှောင်ရက ဆက်လက် တိုက်တွန်းလေသည်။

" မလိုပါဘူး။ ကိုယ် အဝတ်အစား လဲလိုက်မယ် "

ယဲ့ဖန်က အပြစ်စိတ်ရှိစွာ မတ်တပ်ထရပ်လိုက်ပြီး အိပ်ခန်းထဲသို့ ပြေးသွားလိုက်သည်။

လုရှောင်ရက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ဒီတစ်ယောက် ဘာတွေလုပ်နေတာလဲ။

ထိုအချိန်တွင် သူမက ရေချိုးခန်းဘက်သို့ မတော်တဆ လှမ်းကြည့်လိုက်မိရာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

သူမ အပြင်ကနေ ရေချိုးခန်းအတွင်းပိုင်းကို ဘာလို့မြင်နေရတာလဲ။

သူမ အခုလေးပဲ ဝင်သွားတော့ အတွင်းကနေ အပြင်ကို မမြင်ရဘူးလို့ ထပ်ခါတလဲလဲ အတည်ပြုခဲ့သည်။

ဒါဆို ...... အထဲကမမြင်ရပေမဲ့ အပြင်က မြင်နေရတာလား။

ယဲ့ဖန် ဘာလို့ အဲ့ဒီလို တုံ့ပြန်နေလဲဆိုတာ နောက်ဆုံးမှာတော့ သူမ နားလည်သွားခဲ့သည်။

သူမက အခုလေးတင် ရေချိုးတာကို တိုက်ရိုက် ပြသခဲ့တာ ဖြစ်သွားလေသည်။

အဲ့တာကို တွေးမိပြီး ပြေးပုန်းဖို့ ကျင်းတစ်ခုခုသာ ရှာလိုက်ချင်တော့သည်။

နောက်ဆို ယဲ့ဖန်ကို သူမ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်နိုင်တော့မှာလဲ။

ယဲ့ဖန် အိပ်ခန်းထဲက ထွက်လာတဲ့အခါ လုရှောင်ရက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" အဟမ်း၊ ထုပ်ပိုးပြီးပြီလား။ အစ်ကိုလော့က ကိုယ်တို့ကို စောင့်နေတုန်းပဲ။ သွားကြရအောင် "

သူက ချောင်းဆိုးပြီး ထွက်သွားတော့မည်လုပ်ပေမဲ့ လုရှောင်ရက ဒေါသတကြီး မေးလိုက်သည်။

" မရှင်းပြချင်တော့ဘူးလား "

" ဘာရှင်းပြရမှာလဲ "

ယဲ့ဖန် နားမလည်ဟန်ဆောင်လိုက်သည်။

" ဒါဆို ရေချိုးခန်းက ဘာဖြစ်နေတာလဲ။ အပြင်ကနေ ဘာလို့ အတွင်းကို မြင်နေရတာလဲ "

လုရှောင်ရကက ဒေါသတကြီး စိုက်ကြည့်နေသည်။

" မင်းက ကိုယ့်ကို လာမေးနေတော့ ဘယ်လိုလုပ်သိမလဲ။ ဒီဇိုင်နာကို မေးသင့်တယ်လေ "

ယဲ့ဖန်က အရှက်မဲ့စွာ ပြန်ဖြေလိုက်သည်။

" ရှင်... ခုနတုန်းက ဘာတွေ့လိုက်တာလဲ "

" အမှန်အတိုင်း ပြောရမှာလား "

" ဘယ်လိုထင်လို့လဲ "

" အမှန်အတိုင်းပြောရရင် ဘာမှမမြင်လိုက်ဘူး "

" လိမ်ပြောနေတာ "

" ကိုယ် တကယ်ကို ဘာမှ မတွေ့လိုက်ရဘူး။ မင်းရဲ့ အရှေ့နဲ့ နောက်ကျောက တစ်ပုံစံတည်း ဖြစ်နေတော့ .......... "

" အရူးကောင် ........... "

လုရှောင်ရ ချက်ချင်း သူ့ကို အသေသတ်ရန်ပုံစံဖြင့် အပြေးသွားခဲ့သည်။

ဒီအရူးကောင်က အရူးကွက်နင်းတဲ့နေရာမှာတော့ အရမ်းဟန်ဆောင်ကောင်းလေသည်။

သူမကို စကားလှည့်ပတ်ပြောကာ လှောင်ရယ်ရဲသည်။

ရှေ့နဲ့နောက်က အတူတူပဲဖြစ်နေတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။

အဲ့လောက်တောင် သေးနေလို့လား။

ယဲ့ဖန်က ရှောင်တိမ်းရင်း သူမကို ကောင်းကောင်းမွန်မွန် နားချနေသည်။

" တကယ်တော့ ကိုယ်လည်း ရည်ရွယ်ချက်ရှိရှိ ကြည့်ခဲ့တာမဟုတ်ဘဲ ကံကြမ္မာက စီစဉ်ခဲ့တာ။ မင်း ဘက်က နစ်နာတယ်လို့ ခံစားရရင် ကိုယ်ဝင်ပြီး ရေချိုးပေးမယ်။ မင်း အပြင်ကနေ ကြည့်လို့ရတယ် "

" ရှင့်ကို ဘယ်သူက တွေ့ချင်နေလို့လဲ။ လူဆိုးကောင်ကြီး ......... "

လုရှောင်ရက သူ့နောက်ကို ဆက်လိုက်နေသည်။

ယဲ့ဖန်က အခြေအနေ မကောင်းကြောင်း မြင်လိုက်တော့ တံခါးကိုဖွင့်ပြီး ထွက်ပြေးသွားသည်။

လုရှောင်ရက သူ့ကို အခန်းအပြင်ထိ လိုက်ဖမ်းလေသည်။

လော့ကျင်းယွမ်က ပထမထပ်ရှိ ဧည့်ခန်းတွင် စောင့်ဆိုင်းနေစဉ် ယဲ့ဖန်က ထိတ်လန့်တကြား ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

" ညီလေးယဲ့၊ မင်း ဘာဖြစ်လာတာလဲ "

" ကျွန်တော့်နောက်ကို လိုက်နေတဲ့ ကျားတစ်ကောင်ရှိတယ် "

ယဲ့ဖန်က သူ့နောက်မှာ ပုန်းနေလိုက်သည်။

" ကျားလား။ ဘာလို့ ဟိုတယ်ထဲမှာ ကျားတစ်ကောင်ရှိနေရတာလဲ "

လော့ကျင်းယွမ်ကတော့ ဘာဖြစ်နေလဲ မသိပေ။

ထိုအချိန်တွင် လုရှောင်ရက ဓာတ်လှေကားမှ ထွက်လာခဲ့သည်။

သူမက အဖြူရောင်ဂါဝန်ကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံနေကာ သူမကို နတ်သမီးတစ်ယောက်ကဲ့သို့ မြင်ယောင်လာစေသည်။

အခန်းထဲမှာ သူမ ဘယ်လောက် ရူးနေခဲ့တယ်ဆိုတာ သိတောင် မသိသာပေ။

လော့ကျင်းယွမ်က လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ ဒါ မင်းပြောနေတဲ့ ကျားလား "

လုရှောင်ရက ချိုချိုသာသာပြုံးပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ဘာကျားလဲ "

ယဲ့ဖန်က အမြန် ခေါင်းယမ်းလိုက်သည်။

" မဟုတ်ဘူး… ဘာမှမဟုတ်ဘူး။ ကိုယ်က အစ်ကိုလော့နဲ့ နောက်ပြောင်နေတာ "

လုရှောင်ရက ချက်ချင်း လျှောက်လာပြီး ယဲ့ဖန်လက်ကို လှမ်းကိုင်လိုက်သည်။

" ဒါဆို ရှင်က နောက်နေတာလား။ ကျွန်မကို ကျားတစ်ကောင်လို့ ပြောနေတယ် ထင်ခဲ့တာ .... "

သူမက စကားပြောနေရင်း လက်တစ်ဖက်က ယဲ့ဖန်လက်မောင်းအောက်သို့ ရောက်ရှိလာပြီး သူ့ကို ဆွဲလိမ်လိုက်သည်။

ယဲ့ဖန်က ကြိတ်ပြုံးလိုက်ရသည်။

လော့ကျင်းယွမ်က လုရှောင်ရကို သဘောကျစွာ ကြည့်နေသည်။

" လုမိန်းကလေး၊ မင်းက ပညာလည်းတတ်၊ နူးညံ့သိမ်မွေ့ပြီး စာနာတတ်တဲ့သူပါ။ ကျားတစ်ကောင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလို နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ကျားမလေးတစ်ကောင်က ဘယ်လိုလုပ်ရှိနိုင်မှာလဲ "

" နူးညံ့ပြီး ချစ်စရာကောင်းတာလား "

ယဲ့ဖန်ရဲ့အပြုံးက ငိုတာထက်တောင် ပိုရုပ်ဆိုးနေသည်။ ဒီလူကတော့ နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတာကို နားလည်မှုများ လွဲနေသလား။

လုရှောင်ရက ယဲ့ဖန်ကို ပိုဖိပြီးတောင် ဆွဲလိမ်လိုက်သည်။

" အစ်ကိုလော့က မှားလို့လား။ ကျွန်မက နူးညံ့ပြီး ချစ်ဖို့ကောင်းတယ် မဟုတ်ဘူးလား "

သူမ၏ အကျပ်ကိုင်မှုအောက်တွင် ယဲ့ဖန်က သူ့ဆန္ဒကို မပါဘဲ ခေါင်းညိတ်ခဲ့ရသည်။

" ချစ်စရာကောင်းတယ်၊ အရမ်းကို ချစ်စရာကောင်းတယ် "

လုရှောင်ရက နောက်ဆုံးတော့ သူ့ကို လွှတ်ပေးလိုက်သည်။

သူမက လော့ကျင်းယွမ်ဘက်ကို လှည့်ပြီး ပြောသည်။

" အစ်ကိုလော့၊ သွားစားကြရအောင်။ ကျွန်မ နည်းနည်းဗိုက်ဆာနေပြီ "

လော့ကျင်းယွမ်က အမြန် ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့ အခုပဲ ထွက်ကြရအောင် "

သူက စကားပြောနေရင်း ယဲ့ဖန်ကို အားကျစိတ်ဖြင့် ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ မင်း ဒီလောက်ကောင်းတဲ့ မိန်းကလေးကို မြတ်နိုးရမယ် "

ယဲ့ဖန်က သူ့မျက်လုံးတွေကို ဝေ့လိုက်သည်။

ယဲ့ဖန် တကယ်ပဲ မေးချင်မိတာက သူ ဘယ်တုန်းက မျက်မမြင်ဖြစ်လာတာလဲ။

အပိုင်း ( ၅၂၂ )

အရည်အသွေးမြင့်ယောက်ျား၏ စံနှုန်း

လော့ကျင်းယွမ် အကြိုစာမှာယူထားသော စားသောက်ဆိုင်ကို 'ကျင်းကန်းစားသောက်ဆိုင်' ဟုခေါ်ပြီး ထိုစားသောက်ဆိုင်၏ ဇိမ်ခံအဆင့်အတန်းမြင့်မှုက စွဲမက်ဖွယ်ကောင်းသည်။

စားသောက်ဆိုင်ပိုင်ရှင်က သူတို့ကို အပြင်ထွက်ပြီးတောင် ကြိုဆိုလေသည်။

" လော့လူကြီးမင်း၊ ကောင်းကင်ဘုံ သီးသန့်ခန်းကို လူကြီးမင်းတို့အတွက် ပြင်ဆင်ပြီးထားပါပြီ။အခု ခေါ်သွားပေးရတော့မလား "

လော့ကျင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ယဲ့ဖန်တို့ကိုကြည့်လိုက်သည်။

" ယဲ့ညီလေး၊ ငါ့အစီအစဉ်ကို ကျေနပ်ရဲ့လား။ မင်းမကျေနပ်ရင် ငါတို့ တခြားဆိုင်ကို သွားကြမယ် "

ယဲ့ဖန်က မထိန်းနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်သည်။

" ဒါက ထမင်းစားရုံပါပဲ။ ဒီလိုကြီး ဟိုရွှေ့ဒီရွှေ့လုပ်ဖို့ လိုလို့လား "

လော့ကျင်းယွမ် ရယ်လိုက်သည်။

" မင်း ဘယ်သူနဲ့ တွဲစားလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ တခြားသူဆိုရင် လမ်းပေါ်မှာ တွေ့ကရာစားသောက်ဆိုင်ကို ရှာလို့ရပေမယ့် မင်းလို ယဲ့ညီလေးဆိုရင်တော့ ငါ့ဘက်က အကောင်းဆုံး ဧည့်ခံရမှာပေါ့ "

သူက စကားပြောနေရင်း သူကိုယ်တိုင်က ခြေတစ်လှမ်းဆုတ်ပေးလိုက်ကာ ယဲ့ဖန်ကို အရင်သွားခိုင်းသည်။

ဒီလို အသေးစိတ်အမူအရာကနေ သူက ယဲ့ဖန်ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ မြင်နိုင်လေသည်။

စားသောက်ဆိုင်ထဲတွင် စားသောက်နေကြတဲ့ ဖောက်သည်များက ဒုတိယထပ်သို့ တက်သွားသော ယဲ့ဖန်တို့အုပ်စုကို အံ့အားသင့်စွာ ကြည့်နေကြသည်။

" ငါသာ မြင်တာမမှားရင် အဲ့ဒီလူက လော့ကျင်းယွမ်လူကြီးမင်း ဟုတ်တယ်မလား "

" ဟုတ်တယ်၊ လုံကျန်းအိမ်ခြံမြေက လော့ကျင်းယွမ်လူကြီးမင်းပဲ။ သူ့က ငါတို့ကုမ္ပဏီကို စစ်ဆေးဖို့ လာတုန်းက အဝေးကနေ သူ့ကို တွေ့ဖူးတယ် "

" လော့ကျင်းယွမ်လူကြီးမင်းအနားက အဲ့ဒီလူငယ်က ဘယ်သူလဲ။ လော့လူကြီးမင်းက သူ့အပေါ် ဘယ်လောက် လေးစားမှုရှိလဲဆိုတာ မြင်ရသလောက် သူ့မှာ အားကောင်းတဲ့ နောက်ခံ ရှိလောက်တယ် မဟုတ်လား "

" ငါလည်း သူ့ကိုတော့ မသိပေမယ့် လော့ကျင်းယွမ်လူကြီးမင်းရဲ့ တန်ဖိုးထားမှုကို ခံရဖို့ဆို သူက စူပါမိသားစုကြီးတွေရဲ့ အိမ်ရှေ့စံမင်းသားလေး ဖြစ်ရမယ် "

" သူက အရမ်းချောပြီး ချမ်းသာသေးတယ်။ သူက အရည်အသွေးမြင့်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စံနှုန်းသတ်မှတ်ချက်ပဲ "

" အရူးအမူး ဖြစ်မနေနဲ့။ အရည်အသွေးဘယ်လောက်ပဲမြင့်နေပါစေ၊ သူက မင်းနဲ့မဆိုင်ဘူး။ သူ့ဘေးနားက ကောင်မလေး ဘယ်လောက်လှလဲ မမြင်ဘူးလား "

" မရနိုင်ဘူး ဆိုရင်တောင် အဲ့တာကို စိတ်ကူးယဉ်လို့တော့ ရသေးတာပဲလေ "

" …......... "

လုရှောင်ရက ကောင်းကင်ဘုံသီးသန့်ခန်းထဲသို့ လိုက်သွားခဲ့သည်။

စားသောက်ဆိုင်ပိုင်ရှင်က လော့ကျင်းယွမ်အပေါ် ဆက်ဆံတဲ့ သဘောထားကို ကြည့်ခြင်းအားဖြင့် ဒီအစ်ကိုလော့က ယန်းချန်မှာ ဘယ်လောက်သြဇာရှိလဲဆိုတာကို ပြောပြနိုင်သည်။

သူမ ဒီတစ်ခေါက် ယန်းချန်ကို လာရတဲ့ အကြောင်းအရင်းက ယဲ့ဖန် အန္တရာယ်ဖြစ်မှာကို သူမစိုးရိမ်တာကြောင့်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီနေရာက နျုံစစ်သွမ်း၏ နယ်မြေဖြစ်သည်။

ယဲ့ဖန်က ယန်းချန်မှာ ဘာအုတ်မြစ်မှ မရှိသေးပေ။ ထို့ကြောင့် အန္တရာယ်ကြုံလာတဲ့အခါ ဖြေရှင်းရ ခက်ပေလိမ့်မည်။

သူမ၏အဖိုးက ယန်းချန်မှာ အနည်းငယ် သြဇာလွှမ်းမိုးမှုရှိသောကြောင့် သူက ကူညီနိုင်ပေးနိုင်ချေမည်။

ဒါပေမယ့် အခု ယဲ့ဖန်နဲ့ လော့ကျင်းယွမ်တို့ရဲ့ ဆက်ဆံရေးကို သူမ မြင်လိုက်ရတော့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေက မလိုအပ်ဘူးဆိုတာ ချက်ချင်းသိလိုက်ရသည်။

သူမ၏ စိတ်ထဲမှ လေးလံနေခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို လျှော့ချနိုင်သွားတဲ့အခါ သူမက ပုံမှန် ဂရုမစိုက်ဘဲ ပေါ့ပါးတဲ့ပုံစံလေး ပြန်ဖြစ်သွားပြီး သူတို့နှစ်ဦးနှင့် စကားစမြည်ပြောကာ ရယ်မောနေသည်။

ယဲ့ဖန်နှင့် လော့ကျင်းယွမ်တို့က စကားစမြည်ပြောကာ အတားအဆီးမရှိ ရယ်မောနေကြသည်။

" ယဲ့ညီလေး၊ မင်း ဒီတစ်ခါ ယန်းချန်ကို လာတာက နျုံစစ်သွမ်းရဲ့ ပိုင်ဆိုင်မှုလေလံပွဲမှာ ပါဝင်ဖို့လို့ ငါကြားထားတယ် "

လော့ကျင်းယွမ်က စားနေရင်း တူချောင်းများကို ချလိုက်ကာ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ဟုတ်တယ်၊ ကျွန်တော် နျုံစစ်သွမ်းရဲ့အိမ်ကို လေလံဆွဲချင်လို့ "

ယဲ့ဖန်က သူ့ဆီကနေ ဘာမှ ဖုံးကွယ်မထားပေ။ သူ့ရည်ရွယ်ချက်ကို ချက်ချင်း ပြောပြလိုက်သည်။

" မင်း ယန်းချန်မှာ အခြေချဖို့ စီစဉ်နေတာလား "

လော့ကျင်းယွမ် စိတ်ဝင်စားသွားသည်။

" ကျွန်တော် အဲ့တာကို မစဉ်းစားရသေးဘူး "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" မင်း ယန်းချန်မှာ အခြေချဖို့ မစီစဉ်ထားဘူးဆိုရင် ဘာလို့ ရုတ်တရက်ကြီး အိမ်ဝယ်ချင်ရတာလဲ။ နျုံစစ်သွမ်းရဲ့အိမ်က တော်တော်ဈေးကြီးလောက်မယ် မလား "

လော့ကျင်းယွမ် စိတ်ရှုပ်သွားသည်။

" အဓိကကတော့... နျုံစစ်သွမ်းအိမ်ရဲ့ ဖုန်းရွှေက အရမ်းကောင်းတယ်လို့ ဖုန်းရွှေဆရာကြီးတစ်ယောက်ဆီက ကြားထားလို့ ရုတ်တရက် အကြံတစ်ခုရပြီး ဝယ်ချင်လာတာပါ "

ယဲ့ဖန်က ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံအကြောင်းကို မကြေညာချင်ပေ။ သူက ဆင်ခြေတစ်ခု ပေးလိုက်သည်။

" ညီလေး၊ မင်းက ဒီလိုဘူမိဗေဒတွေကို ယုံတာလား။ မင်းတို့လူငယ်တွေက ဒီလို အယူသီးမှုတွေကို လှောင်ပြောင်ကြလိမ့်မယ်လို့ ထင်ထားတာ "

လော့ကျင်းယွမ်က ယဲ့ဖန်ရှင်းပြချက်ကို သဘောကျနေသည်။

" ဒီလိုအရာတွေက ရှိနေမယ်လို့ ယုံရမယ်လည်း မဟုတ်ပေမဲ့ မရှိဘူးလို့လည်း ပြောမရဘူးလေ။ ပိုသတိထားရင် ဘာအန္တရာယ်မှ မရှိပါဘူး "

ယဲ့ဖန်က သူ့အမြင်ကို ဆက်ပြောပြသည်။

လော့ကျင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ယဲ့ဖန်ကို လေးနက်စွာ ကြည့်လိုက်သည်။

" ဒါပေမယ့် မင်းကို တစ်ခုတော့ သတိထားရမယ်။ နျုံစစ်သွမ်းက သေသွားပြီဆိုပေမဲ့လည်း ယန်းချန်မှာ သူ့သြဇာက အရမ်းကြီးနေတုန်းပဲ။ ဥပမာဆို ဝေ့ချန်းဖန်းက နျုံစစ်သွမ်းဆီကနေ ကျေးဇူးတွေ အများကြီးရထားတာ။ တစ်ခုခုလုပ်တိုင်း သတိထားရမယ်။ သူတို့ထောင်ချောက်ထဲကို မကျမိစေနဲ့ "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" အစ်ကိုလော့ရဲ့ သတိပေးချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သေချာပေါက် သတိထားပါ့မယ် "

လော့ကျင်းယွမ်က သူ့ကို ပုခုံးပေါ် လက်တင်လိုက်သည်။

" ဒါပေမယ့် အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ ဒီနေ့ မင်းကို အကြီးအကျယ် ကြိုဆိုလိုက်တာက သူတို့ဆီကို အချက်ပြပြီး ငါတို့ညီအစ်ကိုဆက်ဆံရေးကို အသိပေးပြီးသားဖြစ်သွားမှာ။ သူတို့က မင်းကို ပြဿနာရှာချင်ရင်တောင် အကွက်မရွှေ့ခင် နှစ်ခါပြန် စဉ်းစားကြလိမ့်မယ် "

ယဲ့ဖန်က သူ့စကားကြားသောအခါ ရင်ထဲထိသွားသည်။

" ကျေးဇူးတင်ပါတယ် အစ်ကိုလော့ "

လော့ကျင်းယွမ် မျက်လုံးပြူးသွားသည်။

" မင်းက ငါ့ကို အပြင်လူလို ဆက်ဆံနေတာပဲ။ ငါ့ကို ကျေးဇူးတင်စရာ ဘာရှိလဲ။ ငါ မင်းကို ဝိုင်တစ်ခွက်နဲ့ အပြစ်ပေးမယ်။ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလုံးကို ဘယ်တော့မှ ထပ်မပြောနဲ့ "

ယဲ့ဖန်က အမြန်တောင်းပန်လိုက်ပြီး ဝိုင်တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

လော့ကျင်းယွမ်က ပြုံးလိုက်သည်။

" ယဲ့ညီလေး၊ ငါ မင်းကို ယန်းချန်ကို နောက်မှလိုက်ပြပေးမယ်။ မင်းတို့ဘာသာ ပတ်ဝန်းကျင်ကို အရင်သိအောင်လုပ်ထားလိုက်။ ပြီးရင် .......... "

သူ့စကား မပြီးခင်မှာ သီးသန့်အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

အနက်ရောင်နှင့် နေကာမျက်မှန်တပ်ထားသော သက်တော်စောင့်တစ်ဦး အမြန်ဝင်လာသည်။

" လော့လူကြီးမင်း တစ်ခုခုဆိုးတာတော့ ဖြစ်သွားပြီ ..... "

လော့ကျင်းယွမ်၏ မျက်နှာ မည်းမှောင်သွားသည်။

" ငါ့ညီအစ်ကိုကို ကြိုဆိုနေတယ်လို့ ပြောထားပြီးသား။ ကြီးကြီးမားမားဖြစ်ရင်တောင်မှ ငါ့ကိုမနှောင့်ယှက်နဲ့။ မင်း နားမကြားဘူးလား ထွက်သွား "

သက်တော်စောင့်က သူ့ချွေးတွေကို သုတ်လိုက်သည်။

" လော့လူကြီးမင်း၊ အိမ်တော်ထိန်းချန်းက ဖုန်းဆက်ပါတယ်။ လော့သူဌေးကတော်က မတော်တဆပြုတ်ကျပြီး ဆေးရုံကို ပို့လိုက်ရပါတယ်တဲ့ ...... "

လော့ကျင်းယွမ်၏ အမူအရာက သိသိသာသာကို ပြောင်းလဲသွားသည်။ သူ့ထိုင်ခုံကနေ အမြန်ထလိုက်သည်။

" မင်း ဘာပြောလိုက်တာလဲ။ ဘယ်ဆေးရုံလဲ၊ အခြေအနေ ဘယ်လိုလဲ။ အန္တရာယ်ရှိလား "

" သူမကို ယန်းချန်ရဲ့ တတိယဆေးရုံကို ပို့ထားပါတယ်တဲ့။ သူဌေးကတော်က သွေးတွေ အများကြီး ဆုံးရှုံးထားရလို့ သူမအခြေအနေက အရမ်းစိုးရိမ်ရတယ်လို့ အိမ်တော်ထိန်းဆီက ကြားထားပါတယ် ..... "

လော့ကျင်းယွမ်က သူ့စကားကို ပြီးအောင် မစောင့်ဘဲ အလျင်စလို ပြေးထွက်သွားသည်။

တံခါးဝသို့ ရောက်တဲ့အခါမှ ယဲ့ဖန်တို့ကို ရုတ်တရက် တွေးလိုက်ကာ အမြန်ပြန်လှည့်ကြည့်လေသည်။

" ယဲ့ .... ယဲ့ညီလေး ငါ မင်းကို လိုက်မပို့နိုင်မှာ ငါ စိုးရိမ် ..... မင်းရဲ့မရီးက ...... "

သူ၏ စိတ်ခံစားမှု အတက်အကျကြောင့် သူ့စကားတွေက အနည်းငယ် ကမောက်ကမ ဖြစ်နေသည်။

ယဲ့ဖန်က သူ့ရဲ့ အမြဲရယ်မောပြီး ပြုံးနေခြင်းကိုသာ မြင်ဖူးကာ သူရဲကောင်းဆန်ပုံတွေနဲ့ပဲ ရင်းနှီးလေသည်။

ဒီလို လော့ကျင်းယွမ်က အထိတ်တလန့်ဖြစ်နေတာ ပထမဆုံးအကြိမ်ဖြစ်သည်။

အခုအချိန်မှာ သူ ဘယ်လောက် စိတ်ရှုပ်နေသည်ဆိုတာကို မြင်နိုင်သည်။

" အစ်ကိုလော့၊ ပြောနေစရာ မလိုပါဘူး။ ကျွန်တော် ခင်ဗျားကို ဆေးရုံလိုက်ပို့ပေးမယ် "

ထိုစကားကိုပြောပြီးနောက် သူက လော့ကျင်းယွမ် လက်မောင်းကို ဆွဲကာ ပြေးထွက်လာခဲ့သည်။

အပိုင်း ( ၅၂၃ )

ဘယ်သူ့ကို ကယ်မလဲ

ယဲ့ဖန်က သူ့ရဲ့ နတ်ဘုရားဆန်တဲ့ မောင်းနှင်မှုစွမ်းရည်ကို ထပ်မံပြသခဲ့သည်။

သူက Bentley ကား၏အရှိန်ကို ကန့်သတ်ချက်အဆုံးထိရောက်အောင် မောင်းကာ ထူထပ်တဲ့ ယာဉ်ကြောပိတ်ဆို့မှုကြားနေ ဖြတ်ကျော်ခဲ့သည်။

သူတို့ အဲ့ဒီကိုရောက်ဖို့ ပုံမှန်ဆို နာရီဝက်ကျော်ကြာပေမယ့် အခုတော့ ဆယ်မိနစ်သာ ကြာခဲ့သည်။

" ညီလေး တော်တယ်၊ တော်တယ် ..... "

လော့ကျင်းယွမ်က သူ့ကို စိတ်လှုပ်ရှားစွာ ပုခုံးပုတ် ချီးကျူးလိုက်သည်။ သူ့ကားမောင်းစွမ်းရည်ကို အတော်ကြာ ချီးမွမ်းနေရန် အချိန်မရှိသဖြင့် ကားထဲမှ ထွက်ရန် တံခါးကို အမြန်ဖွင့်လိုက်သည်။

ယဲ့ဖန်နှင့် လုရှောင်ရတို့က အနောက်ကနေ အမြန်လိုက်သွားခဲ့ကြသည်။

သုံးယောက်သား ဆေးရုံအဝင်ဝကို ပြေးလာရင်း အဘိုးကြီးတစ်ယောက်က သူတို့ဆီ အမြန်လျှောက်လာသည်ကို တွေ့လိုက်ရသည်။

" လော့လူကြီးမင်း၊ နောက်ဆုံးတော့ ဒီကို ရောက်လာပြီ။ ကျွန်တော်နဲ့လိုက်ခဲ့ပါ "

လော့ကျင်းယွမ် အထဲကို အမြန်ဝင်သွားသည်။

" အိမ်တော်ထိန်း၊ သူမ အခု အခြေအနေ ဘယ်လိုလဲ "

အဘိုးအိုက ပြောသည်။

" သူမက အရေးပေါ်ဆေးကုသမှု ခံယူနေရတုန်းပါပဲ။ မိသားစုဝင်တွေလာမှ လက်မှတ်ထိုးခိုင်းမယ်လို့ ဆရာဝန်က ပြောပါတယ်။ သူမ ခွဲစိတ်မှုအတွက် ကျွန်တော်က မလုပ်ပေးနိုင်တော့ .... "

သူတို့လေးယောက်က ဒုတိယထပ် အရေးပေါ်ခန်းကို ပြေးသွားကြသည်။ လော့ကျင်းယွမ်က ချက်ချင်း တံခါးခေါက်လိုက်သည်။

" တံခါးဖွင့်ပေးပါ ..... "

ခဏကြာတော့ အင်္ကျီဖြူဝတ်ထားတဲ့ အမျိုးသားဆရာဝန်တစ်ယောက်က ခွဲစိတ်ခန်းထဲက ထွက်လာလေသည်။

" ဘာတွေ ရုပ်ရှင်လာရိုက်နေတာလဲ။ ဒီနေရာကို ဘာထင်နေလဲ။ ဘာကိစ္စ ဝင်မှာလဲ "

လေယ့ကျင်းယွမ်က ဆရာဝန်၏လက်ကို အမြန်ဆွဲလိုက်သည်။

" မင်္ဂလာပါ ဒေါက်တာ။ ကျွန်တော်က ဖန်းချိရဲ့ခင်ပွန်းပါ။ သူမ အခု ဘယ်လိုနေလဲ "

ဆရာဝန်က ချက်ချင်း ဖိုင်တွဲတစ်ခုကို ထုတ်လိုက်သည်။

" နောက်ဆုံးတော့ ခင်ဗျား ဒီကိုရောက်လာပြီပဲ။ လူနာအခြေအနေက မကောင်းဘူး။ သူမက အသက်ကြီး ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုတော့ အန္တရာယ်များတဲ့ အုပ်စုထဲမှာ ပါတယ်။ အခု သူမက မတော်တဆ ပြုတ်ကျထားတဲ့အတွက် သူမ ခွဲစိတ်ခန်း အမြန်ဝင်ရမယ်။ မြန်မြန် ဖောင်မှာ လက်မှတ်ထိုးပါ "

လော့ကျင်းယွမ်က ခွဲစိတ်မှုဆိုင်ရာ သဘောတူညီချက်လွှာကို အမြန်ဆွဲယူကာ လက်မှတ်ထိုးခဲ့သည်။

သူက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် စာရွက်မှာ လက်မှတ်ထိုးတဲ့အခါ သူ့လက်က တုန်ရီနေသည်။

ဆရာဝန်က ဖိုင်တွဲကိုယူကာ လှည့်ပြီး ခွဲစိတ်ခန်းထဲသို့ ပြန်ဝင်သွားသည်။

လော့ကျင်းယွမ်၏ ခြေထောက်တွေက အားမရှိဖြစ်သွားကာ လဲကျမတတ်ဖြစ်သွားခဲ့သည်။

ယဲ့ဖန်က အမြန် ထိန်းကိုင်ပေးလိုက်ပြီး ဘေးနားက ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။

" အစ်ကိုကြီးလော့၊ သိပ်စိတ်မပူပါနဲ့။ မရီးက နေကောင်းလာပါလိမ့်မယ် "

" ပြီးခဲ့တဲ့နှစ်တွေတုန်းတော့ လော့မိသားစုကို မျိုးဆက်မရှိမှာ စိုးရိမ်လို့ဆိုပြီး နောက်ထပ်ကလေးလိုချင်တယ်လို့ သူမက ရုတ်တရက် ပြောလာခဲ့တာ။ အဲ့ဒီတုန်းက ငါက သူမကို အသက်အရမ်းကြီးနေပြီမလို့ ကိုယ်ဝန်ယူဖို့က အရမ်းအန္တရာယ်များတယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူက ထပ်ခါထပ်ခါပြောနေတော့ ငါလည်း သဘောတူခဲ့တာ။ ဘယ်သူထင်ခဲ့မှာလဲ ........ "

ထိုအချိန်မှာ ရုတ်တရက် သူ့ကိုယ်သူ ပါးရိုက် နှစ်ချက်ရိုက်လိုက်သည်။

" ငါက စောက်ရူးပဲ။ ငါ တစ်ကိုယ်ကောင်းဆန်လွန်းခဲ့တာ။ ဖန်းချိသာ တစ်ခုခုဖြစ်သွားရင် ငါဘယ်လိုနေရမလဲ "

ယဲ့ဖန်က သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" အစ်ကိုကြီးလော့၊ ဒီလိုမလုပ်နဲ့။ ကိစ္စတွေက အဲ့လောက် မဆိုးလောက်ပါဘူး "

ထိုအချိန်တွင် သခင်ကြီးလော့ကလည်း ပြေးလာသည်။

" အားယွမ်၊ ချီချီ နေကောင်းရဲ့လား "

လော့ကျင်းယွမ်က သူ့မျက်ရည်တွေကို အမြန်သုတ်လိုက်ပြီး သူ့အဖေကို ကုလားထိုင်ပေါ် ထိုင်ခိုင်းလိုက်သည်။

" အဖေ၊ အဆင်ပြေပါတယ်။ အရမ်းကြီး စိတ်မပူပါနဲ့ "

" ဘယ်လိုလုပ် စိတ်မပူရမှာလဲ။ သူက ငါ့မြေးအကြီးဆုံးကို လွယ်ထားတာကို ရုတ်တရတ် ပြုတ်ကျရလား "

သခင်ကြီးလော့က သူ့မြေးကိုသာ ပိုစိတ်ပူနေမှန်း သိသာလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုကလေးက လော့မိသားစု၏ တစ်ဦးတည်းသော သားစဉ်မြေးဆက်ဖြစ်သည်။ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် လော့မိသားစုက သားစဉ်မြေးဆက်မရှိဘဲ အဆုံးသတ်သွားပေလိမ့်မည်။

လော့ကျင်းယွမ်ကလည်း စိတ်ရှုပ်နေပြီး သူ့အဖေကို နှစ်သိမ့်ပေးရန် စိတ်မ၀င်စားပေ။ သူက စင်္ကြံတွင်သာ သွားလိုက်ပြန်လိုက် လမ်းလျှောက်နေခဲ့သည်။

ခဏကြာတဲ့အခါ အရေးပေါ်ခန်းတံခါးက ရုတ်တရက် ပွင့်လာပြန်သည်။

ဒီတစ်ခါမှာတော့ အမျိုးသမီးဆရာဝန်က ပြောလေသည်။

" ရှင်တို့ထဲက ဘယ်သူက လူနာရဲ့ မိသားစုဝင်လဲ "

လော့ကျင်းယွမ်နှင့် သခင်ကြီးလော့တို့က အတူတူ ထလာခဲ့ကြသည်။

" ကျွန်တော်တို့က မိသားစုဝင်တွေပါ။ အခု လူနာက ဘယ်လိုနေလဲ "

အမျိုးသမီးဆရာဝန်က ခေါင်းခါသည်။

" အခြေအနေက အကောင်းဘက်မှာ မရှိဘူး။ လူနာက သွေးထွက်များတဲ့ လက္ခဏာ ပြနေတယ်။ အဲ့တာကြောင့် အခု ကျွန်မတို့က တစ်ယောက်ပဲ ကယ်နိုင်မှာ။ အကြီးကိုကယ်မလား၊ အငယ်ကို ကယ်မလား ဆွေးနွေးလို့ ရပါတယ် "

လော့ကျင်းယွမ်နှင့် လော့သခင်ကြီးတို့က ထိုစကားကို ကြားတဲ့အခါ သူတို့သည် ကမ္ဘာကြီး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။

အမျိုးသမီးဆရာဝန်က အနည်းငယ်စိုးရိမ်နေသည်။

" အခု လူနာရဲ့ အခြေအနေက အရမ်းစိုးရိမ်ရပါတယ်။ မြန်မြန် ဆုံးဖြတ်ချက်ချရင် ပိုကောင်းမှာပါ။ မဟုတ်ရင် သူတို့နှစ်ယောက်လုံးကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး "

လော့ကျင်းယွမ် အံကို ကြိတ်လိုက်သည်။

" ကျွန်တော့်မိန်းမကို ကာကွယ်ပေးပါ "

လော့သခင်ကြီးက စိုးရိမ်စွာဖြင့် ဝင်ပြောသည်။

" ကလေးကိုကာကွယ်ပါ "

လော့ကျင်းယွမ်က သူ့အဖေကို ဒေါသတကြီး ကြည့်နေသည်။

" အဖေ၊ ချိချိကို သေခိုင်းနေတာလား "

သခင်ကြီးလော့ကလည်း သူ့ကို စိုက်ကြည့်နေသည်။

" မင်း ငါတို့ လော့မိသားစုကို သားစဉ်မြေးဆက် မရှိစေချင်ဘူးထင်တယ် "

လော့ကျင်းယွမ်က သူ့ဒေါသကို ထိန်းလိုက်သည်။

" အဖေ၊ ကျွန်တော်တို့ ကလေးကို လက်လွှတ်လိုက်ရင်တောင် နောက်ထပ် ကလေးရနိုင်သေးတယ်။ ဒါပေမဲ့ ချိချိက ကျွန်တော်တို့မိသားစုအတွက် အနှစ်နှစ်ဆယ်ကျော် အတူတူရှိပေးခဲ့ပြီးတော့ ဒီမိသားစုအတွက်လည်း အမြဲတမ်း အကောင်းဆုံးတွေပဲ လုပ်ပေးခဲ့တာ။ အဖေလည်း မြင်သင့်ပါတယ် "

လော့သခင်ကြီးက အလွန်စိတ်လှုပ်ရှားနေကာ မုတ်ဆိတ်တွေပင် တုန်ရီနေသည်။

" မင်းတို့က အသက် ဘယ်လောက်ရှိပြီမလို့လဲ။ ဒီကလေးသာ ပျောက်သွားရင် မင်း ဘယ်လိုလုပ်ပြီး နောက်တစ်ယောက် ထပ်ရနိုင်ဦးမှာလဲ။ ချိချိက ကလေးမကောင်းလေးတစ်ယောက်ပါ၊ ဟုတ်တယ်။ အခွင့်အရေးတစ်သောင်းမှာ တစ်ခုလေးပဲရှိရင်တောင် သူတို့နှစ်ယောက်လုံးကို ကယ်တင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမယ့် ငါ့ လော့မိသားစုမှာ သားစဉ်မြေးဆက် မရှိဘူးဆိုတာ ဖြင့်ခွင့်မပေးနိုင်ဘူး "

လော့ကျင်းယွမ်က အချိန်ဖြုန်းပြီး သူ့အဖေကို ရှင်းပြရမှာ ပျင်းလွန်းလှသည်။ ထို့ကြောင့် သူက ဆရာဝန်ဆီကိုသာ အမြန်လှည့်ပြီး ပြောလိုက်သည်။

" ကျွန်တော်က လူနာရဲ့ခင်ပွန်းပါ။ ကျွန်တော်က နောက်ဆုံးပြောပိုင်ခွင့်ရှိတယ် "

သခင်ကြီးလော့ သူ့ကို ပါးရိုက်လိုက်သည်။

" ငါက မင်းအဖေပဲလေ။ ဒီနေ့ ဒီကလေးကို မကာကွယ်ရင် ငါ ချက်ချင်း အဆောက်အဦးပေါ်က ခုန်ချမယ် "

" အဖေ၊ ကျွန်တော့်ကို အတင်း ဖိအားပေးနေတာလား "

လော့ကျင်းယွမ်က လဲကျလုမတတ်ဖြစ်နေသည်။

" သား၊ မင်းကမှ ငါ့ကို ဖိအားပေးနေတာလား။ ငါ့မြေးလေးကို မမွေးနိုင်ရင် ငါ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာမဟုတ်ဘူး "

သခင်ကြီးလော့၏ မျက်လုံးများမှာလည်း နီရဲနေပြီး သူ့စိတ်လှုပ်ရှားမှုကို ဖော်မပြနိုင်ပေ။

သူတို့နှစ်ယောက် ငြင်းခုန်နေချိန်မှာပဲ သူနာပြုတစ်ယောက်က အရေးပေါ်ခန်းထဲနေ ပြေးထွက်လာလေသည်။

" ဒေါက်တာကျန်း အခြေအနေမကောင်းဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီး သွေးထွက်တာကို တားလို့မရဘူး ....... "

အမျိုးသမီးဆရာဝန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ရှင်တို့ ရန်ဖြစ်စရာ မလိုတော့ဘူး။ ကျွန်မအထင် နှစ်ယောက်လုံးကို ကယ်တင်လို့ မရမှာတောင် စိုးရိမ်ရတယ် "

လော့ကျင်းယွမ်က ခေါင်းကို လျှပ်စီးပစ်ခံလိုက်ရသလို ခံစားရကာ သူက ဒူးထောက်လျက် လဲကျသွားတော့သည်။

" ဒေါက်တာ ကျွန်တော်တောင်းပန်ပါတယ်။ မင်း သူ့ကို ကယ်ရမယ်။ ခင်ဗျားတို့ အလိုရှိတဲ့အတိုင်း ပေးပါ့မယ်။ ပိုင်ဆိုင်တွေအားလုံးကိုတောင် ပေးဆို ပေးပါ့မယ်။ ကျေးဇူးပြုပြီး သူမကို ကယ်ပေးပါ ..... "

အမျိုးသမီးဆရာဝန်က ကူကယ်ရာမဲ့စွာ ပုခုံးကို တွန့်လိုက်သည်။

" ရှင် ကျွန်မကို တောင်းရင်တောင် အသုံးမဝင်ဘူး။ ကျွန်မက ဆရာဝန်ပါ၊ နတ်ဘုရားမဟုတ်ဘူး။ အဲ့တော့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး "

လော့ကျင်းယွမ်က ထိုစကားကိုကြားတဲ့အခါ သူ့ရင်ဘတ်ထဲမှ ထိုးတက်လာတဲ့ အပူရှိန်ကို ခံစားလိုက်ရပြီး ပါးစပ်ထဲမှ သွေးများထွက်လာတော့သည်။

ထိုအချိန်မှာပဲ စိတ်ပျက်အားငယ်မှုဆိုတာကို သူသဘောပေါက်သွားခဲ့သည်။

သူက ချမ်းသာပြီး တန်ခိုးကြီးတဲ့သူဖြစ်နေလျှင်တောင်မှ သူက ရှင်ခြင်းနှင့်သေခြင်းတွင် တန်ခိုးမရှိပေ။

သူ မူးဝေပြီး မေ့လဲတော့မလိုဖြစ်နေချိန်မှာပဲ ရုတ်တရက် သူ့အနောက်က အသံတစ်ခုကို ကြားလိုက်ရသည်။

" မဟုတ်ရင် ...... ကျွန်တော် စမ်းကြည့်ပေးရမလား "

အပိုင်း ( ၅၂၄ )

ဒီတစ်ယောက်က ဒီကို ပြဿနာရှာဖို့ ရောက်နေတာလား။

လော့ကျင်းယွမ်အတွက်တော့ ထိုအသံဟာ သဘာဝတရားကြီးရဲ့အသံနဲ့တူလေသည်။

သူက အမြန်လှည့်ပြီး ယဲ့ဖန်၏လက်ကို လှမ်းဆွဲလိုက်သည်။

" ယဲ့ညီလေး၊ မင်းရဲ့မရီးကို ကယ်တင်ဖို့ နည်းလမ်းရှိလား "

ယဲ့ဖန်က ခေါင်းယမ်းလိုက်သည်။

" ကျွန်တော် အာမမခံနိုင်ဘူး။ အကောင်းဆုံးကြိုးစားရုံပဲ တတ်နိုင်မှာပါ "

သခင်ကြီးလော့က နောက်ဆုံးမှာ တုံ့ပြန်လာခဲ့သည်။

" ဟုတ်သားပဲ။ ငါ ဘာလို့ အခု အဲ့တာကို မစဉ်းစားခဲ့မိတာလဲ။ ငါ့အသက်ကိုတောင် ရှောင်ဖန်က ကယ်ခဲ့သေးတာပဲ။ သူ့မှာ နည်းလမ်းရှိရမယ် "

လော့ကျင်းယွမ် ရုတ်တရက် သတိရသွားသည်။

သူ့ရဲ့ ဒီယဲ့ညီလေးက နတ်ဆေးဆရာဝန်လေး မဟုတ်လား။

အခ အရမ်းစိတ်ရှုပ်နေတာနဲ့ သူဘယ်လိုလုပ် မေ့သွားရတာလဲ။

" ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ယဲ့ညီလေး၊ မင်းမရီးရဲ့ အသက်ကို မင်း လက်ထဲ အပ်ထားခဲ့မယ်။ ငါ့အတွက် မင်းသူ့ကို ကယ်ပေးရမယ်။ မင်းအလိုရှိတဲ့အတိုင်း ငါ အကုန်ပေးပါ့မယ် ......... "

ယဲ့ဖန်က တခြားဘာမှ မပြောပဲ လှည့်လိုက်ပြီး အရေးပေါ်ခန်းထဲ ဝင်တော့မည့်အချိန်မှာ အမျိုးသမီး ဆရာဝန်က ရုတ်တရက် သူ့ကို တားလိုက်ပါသည်။

" ရှင် ဘာလုပ်တာလဲ။ ဒီနေရာကို ဘာထင်နေလဲ။ ဝင်ချင်တိုင်း ဝင်လို့ရမလား "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" သူတို့ကို ကယ်ဖို့ သွားမှာပါ "

အမျိုးသမီးဆရာဝန်က သူ့ကို အကဲခတ်ကြည့်လိုက်သည်။

" မင်းက ဆရာဝန်လား။ မင်းမှာ ဆေးမှတ်ပုံတင်လိုင်စင်ရှိလား "

ယဲ့ဖန်က ဒေါသတကြီးနဲ့ ပြန်ပြောသည်။

" ခင်ဗျားက ဆရာဝန်ပဲ။ ဆေးကုသခွင့်လိုင်စင်လည်း ရှိတယ်ဆို မင်းဘာလို့ လူတွေကို မကယ်တင်တာလဲ။ ခင်ဗျားက သူမကို မကယ်နိုင်တာနဲ့ တခြားသူတွေကို ကယ်တင်ခွင့်မပေးတော့ဘူးလား။ ဘေးကိုဖယ် "

အမျိုးသမီးဆရာဝန်က တံခါးကို ပိတ်ရပ်ထားဆဲဖြစ်သည်။

" တောင်းပန်ပါတယ်၊ မင်း ဝင်လို့မရဘူး။ တစ်ခုခုဖြစ်သွားရင် ငါတို့ဆေးရုံက တာဝန်မယူနိုင်ဘူး "

လော့ကျင်းယွမ်က စိတ်တိုလာသည်။

" ငါက လူနာရဲ့ မိသားစုဝင်ပဲ။ လူနာကို ကယ်ဖို့ သူ့ကို ခွင့်ပြုပေးထားတာ။ ဘေးဖယ်နေ "

အမျိုးသမီးဆရာဝန်က ခေါင်းကို ဆတ်ဆတ်ခါလိုက်သည်။

" သူ့မှာ ဆေးပညာ တတ်မြောက်ထားတဲ့ အရည်အချင်း မရှိဘူး။ အဲ့တာကြောင့် သဘောမတူနိုင်ဘူး "

လော့ကျင်းယွမ် ဒေါသထွက်သွားသည်။

" မင်း ဘာလို့ ဒီလောက်တောင် သွေးအေးနေရတာလဲ။ မင်း ငါ့မိန်းမကို မကယ်နိုင်ရင် သူများက ကယ်မှာကို ဘာလို့ တားနေတာလဲ။ ငါ့မိန်းမသေတာကို ဒီအတိုင်း ထိုင်စောင့်ကြည့်နေရမှာလား "

သူ့အသံက အလွန်ကျယ်လောင်သောကြောင့် စင်္ကြံရှိ လူအများအာရုံ သူ့ဆီရောက်လာသည်။

ထိုအချိန်တွင် အသက်ခြောက်ဆယ်ကျော် အမျိုးသားတစ်ဦးက ကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ကာ အမြန်လမ်းလျှောက်လာခဲ့သည်။

" ရှောင်ကျန်း ဘာဖြစ်နေတာလဲ "

အမျိုးသမီးဆရာဝန်က ထိုလူကို တွေ့လိုက်တဲ့အခါ သူမရဲ့သဘောထားက ချက်ချင်း လေးစားတဲ့ပုံစံ ပြောင်းသွားခဲ့သည်။

" လက်ထောက်ဌာနမှူးချင်း၊ ဒီလူက ခွဲစိတ်ခန်းထဲကို ၀င်ဖို့ ပြောနေလို့ပါ ........ "

သူမက အခြေအနေကို ချက်ချင်းရှင်းပြသည်။

လော့ကျင်းယွမ် စိတ်ထဲမှာ ဒေါသတွေကို မျိုသိပ်ထားလိုက်သည်။

" ကောင်းပြီ ငါနားလည်တယ်။ ငါ့မိန်းမကို မင်းတို့ ကယ်ပေးနိုင်သရွေ့ ဘာမဆို ညှိနှိုင်းလို့ရတယ် "

လက်ထောက်ဌာနမှူးချင်းက စိတ်ပူပန်နေပုံရသည်။

" မင်းမိန်းမက သွေးတွေ အများကြီး ဆုံးရှုံးနေပြီလို့ ဒေါက်တာကျန်းဆီက ငါကြားထားတယ်။ ငါစိုးရိမ်တာက ...... ငါတို့ဘက်က ဘာမှလုပ်လို့မရနိုင်မှာကိုဘဲ "

လော့ကျင်းယွမ်က ဆက်ပြီးသည်းမခံနိုင်တော့ဘဲ လက်ထောက်ဌာနမှူးရဲ့ ကော်လာကိုဆွဲပြီး ပြောတော့သည်။

" မင်းတို့ ငါ့ကို လာနောက်နေတာလား။ တခြားသူက ငါ့ဇနီးကို ကယ်ဖို့ ဝင်တာလည်း ဝင်ခွင့်မပေးဘူး။ သူတို့ကို ကယ်တင်ဖို့ တောင်းဆိုတော့လည်း မင်းတို့က မတတ်နိုင်ဘူး။ ငါ့ရှေ့မှာ ငါ့မိန်းမသေတာကိုပဲ မင်းတို့က မြင်စေချင်တာလား "

" လူကြီးမင်း စိတ်အေးအေးထားပါ ........... "

" စိတ်အေးအေးထားပါ၊ ဟုတ်လား။ ချီးကို စိတ်အေးအေးထား။ မင်းမိန်းမလည် ခွဲခန်းထဲမှာ လဲနေရရင် မင်းလည်း စိတ်အေးအေးထားနိုင်မှာလား "

လော့ကျင်းယွမ်က ပေါက်ကွဲနေပြီး သူက ယဲ့ဖန်ဘက်ကို လှည့်ပြီးပြောလေသည်။

" ယဲ့ညီလေး၊ မင်းကို ဝင်သွားလိုက်။ မင်းကို ဘယ်သူ တားရဲလဲဆိုတာ ကြည့်ရအောင် "

သက်တော်စောင့်တွေက ချက်ချင်း ရှေ့သို့ တိုးလာပြီးလက်ထောက်ဌာနမှူးချင်းနှင့် ဒေါက်တာကျန်းတို့ကို စိုက်ကြည့်နေကြသည်။

နှစ်ယောက်သား သူတို့ကို ဆက်မတားရဲကြပေ။

ယဲ့ဖန်က သူ နောက်ထပ် နှောင့်နှေးလို့ မရနိုင်တော့ဘူးဆိုတာကို သိလေသည်။ ထို့ကြောင့် အရေးပေါ်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။

လော့ကျင်းယွမ်ကလည်း အမြန် သူ့နောက်ကနေ လိုက်သွားသည်။

အရေးပေါ်ခွဲခန်းခန်းမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးတွေ ကျွတ်ထွက်ကျမတတ် ဖြစ်သွားသည်။

သူ့ဇနီးဖြစ်သူ ဖန်းချိက ခွဲစိတ်စားပွဲပေါ်တွင် လဲလျောင်းနေပြီး သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း တွင် သွေးများ အဆက်မပြတ်ထွက်နေသည်။

သူမမျက်နှာက ပြာနှမ်းနေပြီး သူမအကြည့်တွေက အနည်းငယ် အာရုံမရဖြစ်နေရှာသည်။

ဆရာဝန်တွေနဲ့ သူနာပြုတွေက သူမကို ကုသဖို့ လက်လွှတ်ထားပြီးသားဖြစ်သည်။

နှစ်ယောက်က ဘေးနားမှာ စကားစမြည်ပြောနေကြပြီး နှစ်ယောက်က ခေါင်းငုံ့ကာ ဖုန်းနဲ့တောင် ဆော့နေကြသည်။

ကြည့်လိုက်တာနဲ့ သူမိန်းမကို မသေမချင်း သွေးထွက်တာ စောင့်နေတာ ဖြစ်နိုင်လေသည်။

လော့ကျင်းယွမ် တစ်ယောက်ယောက်ကို သတ်ချင်လာသလို ခံစားရသည်။

သူတို့နှစ်ယောက် အပြေးအလွှား ဝင်လာတာကို ခွဲစိတ်ခန်းထဲမှ ဆရာဝန်တွေက မြင်တော့ ချက်ချင်း ရှေ့ကို ပြေးလာကြသည်။

" ခင်ဗျားတို့ကို ဘယ်သူက ဝင်လာခိုင်းတာလဲ။ ဒီနေရာကို ဘာမှတ်နေလဲ။ မြန်မြန်ထွက်သွား "

လော့ကျင်းယွမ်က ခွဲစိတ်ခန်းစားပွဲပေါ်မှ ခွဲစိတ်ဓားကို ကိုင်လိုက်ပြီး ထိုနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

" ဘယ်သူ ရှေ့ကို ခြေတစ်လှမ်းလှမ်းရဲလဲ။ လှမ်းရဲတဲ့သူကို သတ်ပစ်မယ် "

ဆရာဝန်နှစ်ယောက်က ကြောက်ကြောက်နဲ့ ချက်ချင်း ပြန်ဆုတ်သွားကြသည်။

ထိုအချိန်တွင် ဒေါက်တာကျန်းလည်း ဝင်လာခဲ့လေသည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး အရင်စိတ်လျှော့ပါ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ "

လော့ကျင်းယွမ်က သူမကို ရဲရဲနီနေတဲ့ အကြည့်များဖြင့် ကြည့်လိုက်သည်။

" စိတ်အေးအေးထားရမှာလား။ မင်းတို့က ငါ့မိန်းမ သွေးထွက်တာကို မကယ်ဘဲ သေဖို့ ထိုင်ကြည့်နေတာလေ။ ငါက ဘယ်လိုစိတ်ဖြေနိုင်မှာလဲပြောကြည့်စမ်းပါ "

ဒေါက်တာကျန်းက အမြန်ရှင်းပြသည်။

" လူကြီးမင်းရဲ့ မိန်းမကို ကျွန်မတို့ မကယ်ချင်တာမဟုတ်ပါဘူး။ လူနာက သွေးထွက်များနေတာကြောင့် ကျွန်မတို့ ဘာမှ လုပ်လို့ မရတာပါ "

လော့ကျင်းယွမ်က သူတို့နဲ့ အချိန်ဖြုန်းမနေတော့ဘဲ သူက ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ မင်းမရီးကို ကယ်နိုင်သေးလား မြန်မြန်ကြည့်ပါဦး "

သူ ဘာမှပြန်မပြောရင်တောင်မှ ယဲ့ဖန်က ခွဲစိတ်စားပွဲဆီသို့ လျှောက်လှမ်းနေပြီဖြစ်သည်။

အရင်ဆုံး အားနည်းနေပြီဖြစ်တဲ့ ဖန်းချိ၏ အရေးကြီးသော သွေးကြောများကို စစ်ဆေးခဲ့သည်။

ယဲ့ဖန် သူ အခုလုပ်ရမယ့် ပထမဆုံးအရာက သူမရဲ့ နောက်ဆုံးထွက်သက်ကို ထိန်းထားဖို့ပဲ ဖြစ်သည်။ မဟုတ်ပါက အရာအားလုံးဟာ အချည်းနှီးဖြစ်သွားပေမည်။

ယဲ့ဖန်က သူ့အတွေးတွေကို ရှင်းထုတ်လိုက်ပြီးနောက် ငွေအပ်အိတ်ကို အမြန်ထုတ်လိုက်သည်။

ဒါက အရေးပေါ်အခြေအနေရှိလာရင် အသုံးဝင်လာရန် အပ်များ ဆောင်ထားတဲ့ အလေ့အကျင့်ကို လုပ်ထားသည်။

ဒီနေ့ သုံးဝင်လာမယ်လို့ သူ မမျှော်လင့်ထားချေ။

သူက ဖန်းချိ၏ shenshu၊ qihaishu၊ dachangshu၊ guanyuanshu၊ xiaochangshu နှင့် အခြားသွေးကြောမကြီးများတွင် ငွေအပ်များက အရင်ဆုံးစိုက်လိုက်သည်။

( shenshu၊ qihaishu၊ dachangshu၊ guanyuanshu၊ xiaochangshu စသည်က လူတစ်ယောက်မှာရှိတဲ့ အရေးကြီး သွေးကြောနေရာတွေပါ။ အပ်စိုက်ကုတဲ့နေရာမှာ သုံးပါတယ်။ ဥပမာ - DaChangShu အူမကြီးဆိုင်ရာ သွေးပြန်ကြော )

ထိုနေရာများကို အပ်စိုက်လိုက်ခြင်းအားဖြင့် သူမ၏ ကျောက်ကပ်က ချီစွမ်းအင်များ ဆက်လက်စီးဆင်းနေတာ သေချာစေရန်ဖြစ်သည်။

နောက်တစ်ဆင့်ကတော့ သွေးထွက်တာကို တားဖို့ဖြစ်သည်။

ဖန်းချိ၏ သွေးထွက်တာ မတိတ်ရခြင်းမှာ သွေးကြောတွေက ပြန်ကျုံ့သွားခြင်း မရှိခြင်းကြောင့်ပင်ဖြစ်သည်။ အခု အရေးကြီးဆုံးအချက်မှာ သူမသွေးကြော၏ ကျုံ့ခြင်းကို အားကောင်းစေရန် ဖြစ်သည်။

ကျုံ့အားကောင်းစေရန် အသုံးအများဆုံးနည်းလမ်းမှာ သန္ဓေတားဆေးများသုံးခြင်း သို့မဟုတ် ဆေးသိပ်ခြင်းတို့ဖြစ်သည်။

သို့သော် ဖန်းချိ၏ လက်ရှိအခြေအနေအရ ထိုနည်းလမ်းများက သိသိသာသာ ထိရောက်မှုမရှိနိုင်ပေ။

ထို့ကြောင့် ယဲ့ဖန်က 'ထာဝရလူငယ်လက်' ဟုခေါ်သော အစိမ်းရောင်ဆေးကျမ်းစာအုပ်ထဲမှမှ နည်းလမ်းတစ်ခုကို စမ်းကြည့်ရတော့သည်။

ယဲ့ဖန်က သူ့အိတ်ကပ်ထဲမှ လင်ဇီးတစ်ပိုင်းကို ပထမဆုံးထုတ်ကာ ဖန်းချိ၏ ပါးစပ်ထဲတွင် ထည့်ထားပြီး ထိုလင်ဇီးက အဆုံးမရှိ စွမ်းအင်ပေးစွမ်းနိုင်မည်ဖြစ်သည်။

ထို့နောက် နှိုးဆွသည့်နည်းပညာဖြင့် သူမ၏ ဖောင်းကားနေတဲ့ အောက်ဝမ်းဗိုက်ပိုင်းကို ဖြည်းဖြည်းချင်း အားနည်းနည်းဖြင့် ဖိပေးလိုက်သည်။

ဒေါက်တာကျန်းက ထိုမြင်ကွင်းကို မြင်သောအခါ ရယ်ရမလား ငိုရမလား မတော့ပေ။

" ရှင့်မှာ ဖြေရှင်းချက်တစ်ခုခု ရှိလိမ့်မယ်လို့ ထင်ခဲ့တာ။ သူမက သွေးတွေ စီးကျနေတာကို နှိပ်နယ်ရုံနဲ့ သွေးထွက်တာကို ရပ်နိုင်မယ်လို့ ထင်နေတာလား "

တခြားဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ရယ်ကြတော့သည်။

" ငါ့မှာ သူက စေတနာ့ဝန်ထမ်း လာလုပ်ပြတာဆိုတော့ ပညာစမ်းတစ်ခုခု ရှိတယ်လို့ ထင်ခဲ့တာ "

" ဒီကောင်က ဒုက္ခပေးဖို့ပဲ ရောက်လာတာလား။ ဒီလို သွေးထွက်တာကို ရပ်တန့်ဖို့ ဘယ်လိုလုပ် နည်းလမ်း ရှိနိုင်မှာလဲ "

" လုပ်ကြံ ဖန်တီးထားတာတာ ဖြစ်နေဦးမယ်။ သူ့ကိုယ်သူ သေတဲ့သူတွေကို အသက်ပြန်ရှင်အောင် လုပ်နိုင်တယ်များ မှတ်နေလား "

" လာစမ်းပါ၊ နှိပ်တာနဲ့ပြီး သွေးထွက်တာကို ရပ်နိုင်လို့ကတော့ ငါတို့က အမှိုက်လိုဆရာဝန်တွေလို့ ဝန်ခံပေးမယ် "

သူတို့ထဲက အနည်းစုက ရွဲ့စောင်းပြောနေချိန်မှာပဲ မှော်ဆန်တဲ့ မြင်ကွင်းတစ်ခုက ရုတ်တရက် ပေါ်လာသည်။

သွေးစီးနေမှုက သိသိသာသာ လျော့ကျသွားတော့သည်။

All Chapters