အပိုင်း ၅၂၅-၅၂၈
Vol. 27 Ch. 525-528
အပိုင်း ( ၅၂၅ )
ဒီကြင်နာမှုက ကြီးမားလွန်းတယ်
ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ ဆေးဝန်ထမ်းတွေ အားလုံးက အံ့သြသွားကြသည်။
" ခဏစောင့်ပါဦး၊ ငါ ဘာတွေကို မြင်နေရတာလဲ။ သွေးစီးတာ နည်းသွားတယ်လို့ ဘာလို့ ထင်နေမိတာပါလိမ့် "
" မင်းမျက်လုံးတွေက မင်းကို လှည့်စားနေတာမဟုတ်ဘူး။ ငါလည်း သွေးစီးတာက တကယ်ပဲ အရှိန်လျော့သွားတယ်လို့ ခံစားနေရတယ် "
" အို ဘုရား၊ သူနှိပ်တာက တကယ်ပဲ ထိရောက်တာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
" ဒါက မှော်ဆန်လွန်းတယ် မဟုတ်လား။ အားလုံးလည်း ကြိုးစားကြည့်ပြီးပြီပဲ။ ဒါပေမယ့် အသုံးမဝင်ဘူးလေ။ နှစ်ခါလောက် နှိပ်လိုက်ရုံနဲ့ သွေးထွက်တာကို ရပ်နိုင်သွားတာလား "
ဒေါက်တာကျန်းလည်း လုံးဝ အံ့သြသွားသည်။
ဒီလိုအရာက သူမ၏ အသိပညာကို လုံးဝကျော်လွန်သွားခဲ့သည်။ သူမကိုယ်တိုင် မျက်စိနဲ့ မမြင်လိုက်ရင် တစ်စုံတစ်ယောက်ဟာ ဒီလောက် လွယ်လွယ်နဲ့ သွေးထွက်တာကို ရပ်တန့်နိုင်လိမ့်မယ်လို့ ဘယ်တော့မှ ယုံမှာ မဟုတ်ချေ။
ယဲ့ဖန်က သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူက လှည့်ကြည့်ပြီး ပြောသည်။
" ဘာကိုစောင့်နေတာလဲ။ မြန်မြန် ဗိုက်ခွဲမွေးရမယ်။ ဒီအတိုင်းဆက်သွားရင် ကလေးကို တကယ် ဆုံးရှုံးသွားမှာ "
ထိုမှသာ ဒေါက်တာကျန်းနှင့် အခြားသူများက အသိပြန်ကပ်လာကြပြီး ခွဲစိတ်စားပွဲနားသို့ အလျင်အမြန် ပြေးလာကြသည်။
ထိုမှသာ ယဲ့ဖန်က နောက်ဆုတ်သွားခဲ့သည်။ သူက ကုလားထိုင်ပေါ်ထိုင်ပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။
သူ့ရဲ့ နည်းစနစ်က အရမ်းကို လွယ်ကူပေမယ့် တကယ်တော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် အလွန်အမင်း သက်ရောက်မှုရှိလေသည်။
သူ့ရဲ့ စနစ်ကပေးထားတဲ့ လေ့ကျင့်မှုတွေကြောင့်သာ မဟုတ်ရင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေက ပင်ပန်းကုန်ဆုံးသွားနိုင်သည်။
ကံကောင်းထောက်မစွာနဲ့ ကြိုးစားအားထုတ်မှုအချို့ပြီးတဲ့ နောက်ဆုံးမှာ သွေးတိတ်သွားခဲ့သည်။
ကျန်တဲ့ မွေးဖွားမှုကို သူ ကိုယ်တိုင်လုပ်ပေးရန် မလိုအပ်ချေ။
လော့ကျင်းယွမ်က သူ့လက်ကို စိတ်လှုပ်ရှားစွ, ဆုပ်ကိုင်လိုက်သည်။
" ယဲ့ညီလေး၊ မင်းမရီး အဆင်ပြေရဲ့လား"
ယဲ့ဖန်က ပင်ပန်းစွာ ခေါင်းညိတ်လိုက်သည်။
" မရီးက လတ်တလောတော့ ဘေးကင်းသွားပါပြီ "
လော့ကျင်းယွမ်က ဒူးထောက်တော့မည်ကို ယဲ့ဖန်က အမြန်လှမ်းထိန်းလိုက်သည်။
" အစ်ကိုလော့ ဘာလုပ်နေတာလဲ "
လော့ကျင်းယွမ်က သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
" ယဲ့ညီလေး၊ မင်းမရီးက ငါ့အသက်ပါ။ မင်း သူ့ကို ကယ်နိုင်တာက ငါ့အသက်ကို ကယ်တင်တာနဲ့ အတူတူပဲ။ ငါ ..... ကျေးဇူးတင်ပါတယ်၊ တကယ် ကျေးဇူးတင်ပါတယ် ..... "
ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" အစ်ကိုကြီးလော့၊ ခင်ဗျား စားသောက်ဆိုင်မှာတုန်းက အပြင်လူလို မဆက်ဆံရဘူးလို့ ပြောနေတာမဟုတ်လား။ အခု ကျွန်တော့်ကို အပြင်လူတစ်ယောက်လို သဘောထားနေတာလား "
" တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်ဖို့ လိုသေးလား "
လော့ကျင်းယွမ် ဆက်ကျေးဇူးတင်ချင်ပေမဲ့ ထိုအချိန်မှာ သူနာပြုဆရာမတစ်ယောက်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
" ကလေးက နှလုံးခုန်ရပ်သွားပြီ "
အသက်ရှိတဲ့ အရိပ်အယောင်မရှိပေ။
လော့ကျင်းယွမ်က ထိုကလေးငယ်ကို ေြကာင်အအကြီး စိုက်ကြည့်နေကာ သူ့ရင်ထဲတွင် ဖော်မပြနိုင်တဲ့ ဝမ်းနည်းမှုတစ်ခု ခံစားနေရသည်။
ဒါက သူ့ရဲ့ ဒုတိယမြောက်သား ဖြစ်ပြီး အသက်ရှင်အောင် ထိန်းမထားနိုင်ဘူးဟု သူ မမျှော်လင့်ထားပေ။
ကောင်းကင်ဘုံက သူ့ကို သားစဉ်မြေးဆက်မရှိစေရန် ရည်မှန်းထားတာလား။
ထိုအချိန်တွင် သတိလစ်နေတဲ့ ဖန်းချိက ရုတ်တရက် နိုးလာသည်။
" ကျေးဇူးပြုပြီး ကလေးကို ကယ်ပေးပါ.... "
လော့ကျင်းယွမ်က အမြန်လျှောက်လာပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
" ချိချိ ကောင်းကောင်းအနားယူပါ။ ကလေးက ..... ငါတို့ အနာဂတ်မှာ အခွင့်အရေးရှိနိုင်ပါသေးတယ် .... "
ဖန်းချိက ချက်ချင်း မျက်ရည်ဝဲလာသည်။
" ကျွန်မကလေးကို လိုချင်တယ်။ ကျေးဇူးပြုပြီး သူ့ကို ကယ်ကြပါ ....... "
လော့ကျင်းယွမ်က ရှက်စိတ်ဖြင့် ခေါင်းညိမ့်လိုက်သည်။
သူက အလုံးစုံတတ်နိုင်တဲ့ တန်ခိုးရှင်ဖြစ်သည်ဟု ထင်ခဲ့ဖူးသည်။
လောကကြီးမှာ သူဖြေရှင်းလို့မရတဲ့ အရာတစ်ခုမှ မရှိဖူးချေ။
ဒါပေမဲ့ သူဘယ်လောက် အသုံးမကျလဲဆိုတာ အခုမှသိရတော့သည်။
သူ့မိန်းမနဲ့ သူ့ကလေးကို မကယ်နိုင်ပေ။
သူကတော့ အမှိုက်တစ်စသာ ဖြစ်လေသည်။
ယဲ့ဖန်က ဘေးမှ အခြေအနေတွေကို ဂရုမစိုက်ဘဲ ကလေး၏ အခြေအနေကိုသာ စစ်ဆေးရန် ခေါင်းငုံ့ထားသည်။
ကလေးရဲ့အခြေအနေက သခင်ကြီးလော့တုန်းကနဲ့ မတူပေ။
ဒီကလေးက လမစေ့ဘဲ မွေးဖွားလာခဲ့ရတဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက အစစအရာရာ မပြည့်စုံချေ။
အခုလို ခက်ခက်ခဲခဲ မွေးဖွားလာခဲ့ရတဲ့ဒဏ်ကြောင့် သခင်ကြီးလော့တုန်းက ကယ်ခဲ့တဲ့ ကုသမှုနည်းလမ်းကို ယဲ့ဖန် သုံးမရ ဖြစ်နေခဲ့သည်။
သူက မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားပြီးတဲ့နောက် သူ့အိတ်ကပ်ထဲက လင်ဇီးတစ်ခြမ်းကို အမြန်ထုတ်လိုက်လေသည်။
အပိုင်းသေးသေးလေးကို သွားနှင့် ကိုက်လိုက်ပြီး အမှုန့်ဖြစ်အောင် ဝါးကာ ကလေးပါးစပ်ထဲကို တေ့ထည့်ကျွေးသည်။
ထို့နောက် လက်မဖြင့် ကလေး၏နှလုံးသားကို ညင်သာစွာ ဖိချလိုက်သည်။
တကယ်တော့ သူ့မှာ ယုံကြည်ချက် မရှိပေ။ အခုချိန်မှာ သူက အကောင်းဆုံး ကြိုးစားပေးနေရုံသာ ဖြစ်သည်။
ကလေးကို နှိုးနိုင်မလား၊ မနှိုးနိုင်မလားဆိုတာက ကလေး၏ ကံအပေါ်တွင်မူတည်နေသည်။
ဒေါက်တာကျန်းနှင့် အခြားသူများမှာလည်း မျှော်လင့်ချက်မရှိပေ။
ယဲ့ဖန်က အစောပိုင်းမှာ အံ့ဖွယ်တစ်ခုကို ဖန်တီးခဲ့သော်လည်း အခြေအနေနှစ်ခုက လုံးဝကွဲပြားသောကြောင့် အခုတစ်ကြိမ်မှာ အလုပ်ဖြစ်မည်ဟု မထင်ခဲ့ကြချေ။
ဖန်းချိက သွေးထွက်လွန်နေပေမယ့် သူမက မသေခဲ့ပေ။
ဒီကလေးက အသက်ရှိတဲ့ လက္ခဏာ မပြတာကြောင့် သေပြီးသားလို့ ပြောလို့ရနိုင်သည်။
သေပြီးသားသူက အသက်ပြန်ရှင်နိုင်ရဲ့လား။
အချိန်တွေ တရွေ့ရွေ့ကုန်သွားပေမယ့် ကလေးက နိုးလာမည့်ပုံ မပေါ်သေးချေ။
ဘယ်သူ့မှာမှ မျှော်လင့်ချက်မရှိတော့။
ယဲ့ဖန်တောင်မှ စိတ်လျှော့ရန် အသင့်ပြင်ထားသည်။
ထိုအချိန်မှာ ကလေးရဲ့လက်ချောင်းတွေက ရုတ်တရတ် လှုပ်ရှားသွားပြီး အားနည်းတဲ့ငိုသံ စတင်ထွက်ပေါ်လာသည်။
" အဲ.. အဲ့ ..... အု .... "
သူ့အသံက အားနည်းနေပေမယ့် သဘာဝရဲ့အသံလိုကြည်လင်နေသည်။
နေရာမှာ ရှိနေသူအားလုံးက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။
သူက တကယ်ကြီး ကယ်ခဲ့တာလား။
ဒေါက်တာကျန်းနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
" ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကလေးက အသက်ရှင်တဲ့ လက္ခဏာမပြတာ ထင်ရှားနေတာကို သူက ဘယ်လိုလုပ် ပြန်အသက်ရှင်လာတာလဲ "
" အရှင်ဘုရားရေ၊ ကြက်သီးမွေးညင်းတွေ ထလိုက်တာ။ ဒါက ထူးဆန်းလွန်းတယ် မဟုတ်ဘူးလား "
" ငါတို့ သရဲတွေမြင်နေရတာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ "
" မင်းက ဆရာဝန်နော်။ စကားကို ကြည့်ပြောဦး။ ဒီကမ္ဘာမှာ ဘယ်လိုလုပ် သရဲတစ္ဆေရှိနိုင်မှာလဲ "
" ဒါပေမယ့် ဒါကို ဆေးပညာနဲ့ ရှင်းပြလို့လည်း မရဘူးလေ။ ရှင်တဲ့လက္ခဏာတွေ မပြတဲ့ ကလေးက တကယ်ပဲ ပြန်ရှင်လာတာ ဖြစ်နိုင်ပြီလား "
" ဒါက တကယ့်ကို မယုံနိုင်စရာပဲ။ ဘာတွေဖြစ်နေတာလဲ "
လော့ကျင်းယွမ်ကတော့ ထိုကိစ္စတွေကို သိပ်ပြီး စဉ်းစားမနေပေ။ သူက အပြေးလာသည်။
" အသက်ရှင်ပြီလား ... တကယ် အသက်ရှင်နေရဲ့လား "
ဒီနေ့မှာ သူ့ရဲ့ စိတ်ခံစားမှုတွေက အတက်အကျများစွာ ကြုံတွေ့ခဲ့ရပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။
သူက ကလေးကို ထိချင်ပေမယ့် အမြန်ပြန်ဆုတ်သွားသည်။
ကလေး၏ အော်ဟစ်ငိုသံက ပိုကျယ်လောင်လာပြီး အရေးကြီးတဲ့ လက္ခဏာရပ်များက ပိုမို အားကောင်းလာလေသည်။
ထိုမှသာ ယဲ့ဖန် စိတ်သက်သာရာရသည်။
သူက လှည့်ပြီး လော့ကျင်းယွမ်ဆီကို သွားကာ ကလေးကို လက်လွှဲပေးသည်။
" ဂုဏ်ယူပါတယ် အစ်ကိုလော့။ သားတစ်ယောက်ရပြီ "
လော့ကျင်းယွမ်က ကလေးကို အုပ်ကိုင်ရင်း တုန်လှုပ်နေသည်။ သူက ချက်ချင်းပင် မျက်ရည်များ ကျလာတော့သည်။
" ငါက အခု အဖေဖြစ်ပြီ။ ငါ အခု တကယ် အဖေတစ်ယောက် ဖြစ်ပြီတဲ့လား "
သူက စကားပြောရင်းနှင့် ယဲ့ဖန်ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။
" ယဲ့ညီလေး၊ မင်းအရင်က ငါ့အဖေကို ကယ်ခဲ့တယ်။ ဒီနေ့ မင်းငါ့မိန်းမနဲ့ ကလေးကိုလည်း ကယ်ခဲ့တယ်။ အခုကစပြီး ငါ လော့ကျင်းယွမ်က မင်းရဲ့လက်ပါးစေဖြစ်ဆို ဖြစ်ပေးမယ်။ ငါ မင်းအတွက်သာဆို ဘာပဲဖြစ်ဖြစ် မီးနဲ့ရေကို ဖြတ်ရရင်တောင် ဆန္ဒရှိတယ် "
သူ့စကားများက အလွန်စိတ်ရင်းပါသောကြောင့် ဒေါက်တာကျန်းနှင့် အခြားသူများက အံ့သြသွားကြသည်။
ဘာကို လက်ပါးစေလဲ။ မီးနဲ့ရေကိုတောင် ဖြတ်ခိုင်းရင် ဖြတ်မှာဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒီလိုစကားက ကြောက်စရာကောင်းလွန်းတယ်။
သို့သော် ထပ်တွေးကြည့်တဲ့အခါ ဒါက လက်ခံနိုင်တဲ့ ကိစ္စတစ်ခုဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်ကို ထိုတစ်ယောက်က သူ့မိသားစုတစ်ခုလုံးရဲ့ အသက်ကို ကယ်တင်ပေးခဲ့သည်။
ဒီလိုကျေးဇူးတရားက တကယ်ကို ကြီးမားလွန်းလေသည်။
ထိုလူ ဘာမဆိုလုပ်နိုင်သလို ခိုင်းလည်း ခိုင်းနိုင်မှာ ဖြစ်သည်။
အပိုင်း ( ၅၂၆ )
ဒူးထပ်မထောက်ပါနဲ့တော့
အရေးပေါ်ခန်း အပြင်ဘက်တွင်။
လက်ထောက်ညွှန်ကြားရေးမှူးချင်းက သခင်ကြီးလော့ကို ဂရုတစိုက်ကြည့်နေသည်။
" သခင်ကြီးလော့၊ ခဏလောက် ပြန်သွားပြီး အနားယူချင်သေးလား "
သခင်ကြီးလော့က သူ့ကို စိုက်ကြည့်နေသည်။
" ငါရဲ့ချွေးမနဲ့ မြေးက သေသလား၊ ရှင်သလား မသိရသေးတာကို ငါက ဘယ်လို အနားယူနိုင်မှာလဲ "
လက်ထောက်ဌာနမှူးချင်းက ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။
" သခင်ကြီး၊ ခင်ဗျား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ ချွေးမနဲ့ မြေးက တစ်ခုခု ဖြစ်ကောင်းဖြစ်သွားနိုင်တယ် ..... ဒါက အသက်ဘေးအန္တရာယ်တစ်ခုပဲ "
သခင်ကြီးလော့က သူ့ကို စူးရဲစွာ ကြည့်လိုက်သည်။
" လူ့စကားကို ဘယ်လိုပြောရမလဲဆိုတာ သိလား။ မင်းကမှ အသက်အန္တရာယ်ရှိနေမှာ "
လက်ထောက်ဌာနမှူးချင်းက ပြောစရာစကား ပျောက်သွားရသည်။
သတင်းဆိုးကို ခံနိုင်ရည်ရှိစေဖို့အတွက် အဘိုးအိုကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် သူက ကူညီပေးနေတာ ဖြစ်သည်။
ဒါပေမယ့် ဒီအဘိုးကြီးရဲ့ ပါးစပ်က အဆိပ်ပြင်းလွန်းလေသည်။
သူနဲ့ ဆက်ပြောဖို့ မခံနိုင်တော့ဘူးလို့ ခံစားရလေသည်။
ထိုအချိန်တွင် အရေးပေါ်ခန်းတံခါးက ရုတ်တရက်တွန်းဖွင့်ခံလိုက်ရသည်။
ဒေါက်တာကျန်းက အရင်ထွက်လာသည်။
လက်ထောက်ဌာနမှူးချင်းက ဖြည်းဖြည်းချင်း ထရပ်ပြီး သက်ပြင်းချလိုက်သည်။
" ရှောင်ကျန်း၊ မင်း ကိုယ့်ကိုယ်ကိုယ် အပြစ်ပြောနေစရာ မလိုပါဘူး။ မင်းအကောင်းဆုံးကြိုးစားပြီးပြီဆိုတာ ငါသိတယ် "
ဒေါက်တာကျန်းက ခဏတာ အံ့အားသင့်သွားသည်။
" လက်ထောက်ဌာနမှူးချင်း၊ ရှင် နားလည်မှုလွဲနေပြီ ........ "
လက်ထောက်ဌာနမှူးချင်းက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
" ဟူး၊ ငါတို့က သာမန်လူတွေပဲ။ ငါတို့ ဘာမှလုပ်လို့မရနိုင်တဲ့ အရာတွေရှိတယ်။ သေနေတဲ့လူကို အသက်ပြန်ရှင်အောင် မလုပ်နိုင်ဘူး။ သခင်ကြီး၊ ခင်ဗျားရဲ့ ဆုံးရှုံးမှုအတွက် တောင်းပန်ပါတယ် ...... "
ဌာနမှူး၏ ညည်းတွားသံမပြီးခင်မှာ ဒေါက်တာကျန်းက ဖြတ်ပြောလိုက်သည်၊
" ဂုဏ်ယူပါတယ် သခင်ကြီး။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးက အန္တရာယ်ကင်းပါတယ်။ လူကြီးမင်းမှာ မြေးတစ်ယောက်ရှိနေပါပြီ "
ထိုစကားကို သခင်ကြီးလော့က ကြားတဲ့အခါ သူချက်ချင်း စိတ်လှုပ်ရှားလာသည်။
" တကယ်လား။ အမေရော သားရော လုံခြုံရဲ့လား "
လက်ထောက်ဌာနမှူးချင်းက အနည်းငယ် စိတ်ရှုပ်သွားသည်။
" ရှောင်ကျန်း၊ ဒါက ဟာသမဟုတ်ဘူး။ လူနာ မိခင်ရော သားရောက လုံခြုံတယ်လို့ မင်းက ပြောတာလား "
ဒေါက်တာကျန်းက ခေါင်းညိတ်သည်။
" ဟုတ်တယ် သားရောအမိရော လုံခြုံပါတယ် "
သူက ဖန်းချိကို သွားတွေ့တဲ့အခါ သူမမျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း သူမ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်နေတဲ့ အပြုံးဖျော့ဖျော့လေးတစ်ခု ရှိနေသည်။
ကလေးက သူနာပြုတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာရှိနေကာ သူက မျက်လုံးပြူးကျယ်ပြူးကျယ်ဖြင့် ပတ်ဝန်းကျင်ကို စူးစူးစမ်းစမ်းကြည့်နေသည်။
သခင်ကြီးလော့က လျင်မြန်စွာ အရှေ့သို့ ပြေးသွားသည်။
" မြန်မြန်ပေး၊ ဒီအဘိုးက ငါ့မြေးကြီးကို တွေ့ပါရစေ ..... "
လက်ထောက်ဌာနမှူးချင်းက လုံးဝ အံ့သြသွားသည်။
" ရှောင်ကျန်း ဘာဖြစ်သွားတာလဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီးက သွေးထွက်လွန်ပြီး ရပ်လို့မရနိုင်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား "
ဒေါက်တာကျန်းက ဆိုးဆိုးရွားရွား ချောင်းဆိုးလာသည်။
" အစတုန်းကတော့ အဲ့လိုထင်တာပါပဲ။ ဒါပေမယ့် ဒီလူက ဝင်သွားပြီးတဲ့နောက်မှာ သွေးထွက်တာကို ရပ်အောင်လုပ်ဖို့ အထူးနည်းပညာကို သုံးခဲ့ပါတယ် ...... "
သူမက ယဲ့ဖန်ကို ညွှန်ပြပြီး ကုသမှုတစ်ခုလုံးကို အသေးစိတ်ဖော်ပြခဲ့သည်။
လက်ထောက်ဌာနမှူးချင်းက အံ့သြသွားသည်။
နှိပ်နယ်ပေးလိုက်တာနဲ့ သွေးထွက်တာကို ရပ်တန့်ပေးနိုင်တာလား။
သေသွားတဲ့ကလေးတစ်ယောက်ကိုလည်း အသက်ပြန်ရှင်အောင် လုပ်နိုင်လား။
ဘာလို့ ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေတာလဲ။
ဒါက သိပ္ပံနည်းလမ်း မကျပေ။
ဒေါက်တာကျန်း၏ ပုံပြင်ကို နားထောင်ပြီးတဲ့နောက် သခင်ကြီးလော့က ဖြစ်စဉ်တစ်ခုလုံးက ဘယ်လောက်ထိ စိတ်လှုပ်ရှားစရာ ထိတ်လန့်စရာကောင်းကြောင်း သဘောပေါက်သွားခဲ့သည်။
သူက ယဲ့ဖန်ကို ချက်ချင်း ဒူးထောက်လိုက်သည်။
ယဲ့ဖန်က သူ့ကို အမြန်ပြန်ထိန်းလိုက်သည်။
" အဘိုးကြီး၊ အစ်ကိုလော့က ဒူးထောက်ပြီးပါပြီ။ ထပ် ဒူးထောက်မနေပါနဲ့တော့ "
လော့ကျင်းယွမ် ခေါင်းကုတ်လိုက်သည်။ ဘာလို့ သူ့စကားတွေက ဒီလောက် ကြောင်တောင်တောင်နိုင်နေရတာလဲ။
သခင်ကြီးလော့ ယဲ့ဖန်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
" ရှောင်ဖန်၊ မင်းက တကယ့်ကို ငါတို့ လော့မိသားစုရဲ့ ကျေးဇူးရှင်ပါ။ ငါတို့က ကျေးဇူးကို ဘယ်လိုတောင် ဖော်ပြရမယ်မှန်း မသိတော့ဘူး "
စကားပြောနေရင်းနဲ့ သူ့သားကို လှည့်ကြည့်လိုက်သည်။
" အားယွမ်၊ အနာဂတ်မှာ ရှောင်ဖန်ရဲ့ကိစ္စ ဘာမဆို ဘယ်လောက်ပဲ ကုန်ကျပါစေ မင်း သူ့ကို ကူညီရမယ်။ ငါတို့ရဲ့ လော့မိသားစု ဖျက်ဆီးပစ်ရမယ် ဆိုရင်တောင်မှ တုံ့ဆိုင်းမနေရဘူး။ မင်း ငါပြောတာကိုကြားလား "
လော့ကျင်းယွမ်က ခေါင်းညိတ်လိုက်သည်။
" အဖေ၊ စိတ်မပူပါနဲ့။ ကျွန်တော်နားလည်ပါတယ် "
သခင်ကြီးလော့က ညွှန်ကြားပြီးတဲ့နောက် လှည့်ကြည့်ကာ သူ့မြေးကို ကြည့်လိုက်သည်။
" ရှောင်ဖန်ကို ကလေးရဲ့ ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုလိုက်ကြမလား။ ဒီအသက်ကို ပေးခဲ့တဲ့သူကို တစ်သက်လုံး သတိရနေပါစေ "
ယဲ့ဖန် အံ့သြသွားသည်။
" အဲ့လောက်ကြီးထိ မလိုဘူး မဟုတ်လား "
ဒီနှစ်မှ သူ့အသက်က နှစ်ဆယ်ပဲရှိသေးတာကို သူက တစ်စုံတစ်ယောက်ရဲ့ ဖခင်ဖြစ်နေပြီလား။ သူကလည်း ကလေးပဲရှိသေးတာလေ။
" မလိုဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါကတော့ လိုအပ်တယ်လို့ ထင်တယ်။ ငါ့သားရဲ့အသက်ကို မင်းက ပေးခဲ့တာပဲ။ မင်းက နောက်ဆို သူ့ရဲ့ ခေါင်းကိုင်ဖခင် ဖြစ်လာလိမ့်မယ်။ မင်းကို သူ့အဖေတစ်ယောက်လို ရိုသေ ဆက်ဆံခိုင်းမယ် "
လော့ကျင်းယွမ်က တခြားဘာမှထပ်မပြောဘဲ သူ့ကို 'ခေါင်းကိုင်ဖခင်အဖြစ်' အခိုင်အမာပြောလိုက်သည်။
ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ပေ။
ဒါပေမဲ့ အဖေတစ်ယောက်ဖြစ်ရတာတော့ တကယ်ပျော်လေသည်။
လုရှောင်ရက ဘေးတွင်ရပ်ကာ ယဲ့ဖန်ကို ကြည့်ပြီး သူမ၏အကြည့်တွေက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဒီတစ်ယောက်က တကယ့်ကို အာဂလူသားပဲ။
သူက ထိုသားအမိကို တကယ်ပဲ ကယ်တင်နိုင်ခဲ့သည်။ သူ့ရဲ့ လုပ်နိုင်စွမ်းတွေက အတိုင်းအဆမရှိပေ။
သူက ဘယ်လိုလုပ်ပြီး ဒီလောက် ထူးထူးခြားခြား ဖြစ်နေရတာလဲ။
ဒါက သူမကို အနည်းငယ် ရှက်သွားလေစေသည်။ သူမက ယဲ့ဖန်နှင့်ပင် မထိုက်တန်ကြောင်း သူမခံစားမိသည်။
လက်ထောက်ဌာနမှူးချင်းက ထိတ်လန့်တုန်လှုပ်မှုမှ ပြန်အသိကပ်လာခဲ့သည်။ သူက ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။
" ညီလေး၊ မင်း အခုက အနှိပ်နည်းကို သုံးတာလား။ အဲ့တာက ဘာလဲ။ ငါ အရင်က မကြားဖူးဘူး "
" ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆေးစာအုပ်ပေါ် အခြေခံပြီး ခန္ဓာကိုယ်ကြီးထွားမှုကို လှုံ့ဆော်ဖို့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့တာပါ "
ယဲ့ဖန်က ဖြစ်သလိုသာ ပြန်ဖြေခဲ့သည်။
" မင်း ကိုယ်တိုင်ထွင်ခဲ့တာလား "
လက်ထောက်ဌာနမှူးချင်း၏ မျက်နှာက အနည်းငယ် တွန့်သွားသည်။ သူက ဒီလို အကြီးအကျယ် သွေးထွက်တာကို ရပ်တန့်နိုင်တဲ့ နည်းလမ်းကို ရှာဖွေနိုင်လိုက်တာလား။
ဒါကို ဉာဏ်ကြီးရှင် ပါရမီရှင်လို့တောင် မပြောနိုင်တော့ဘူး။ တကယ်ကို နတ်ဘုရားပဲ။
" ညီလေး၊ မင်း ငါတို့ကို ဒီနည်းပညာကို သင်ပေးချင်မလား။ ဒီနည်းနဲ့ လူပေါင်းများစွာကို ကယ်တင်နိုင်ပြီးတော့ ဒါက ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်တစ်ခု ဖြစ်လာမှာ "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ အချိန်မရှိဘူး "
ဖုံးကွယ်ထားချင်တာတော့ မဟုတ်ပေမယ့် ဒီနည်းလမ်းက အရမ်းရှုပ်ထွေးလေသည်။
ဆယ်ရက်၊ တစ်လလောက် အချိန်မရှိရင် သင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
သူ့မှာ ဒီလောက် အချိန်အများကြီးကို ဘယ်လိုလုပ်ပြီး ဖြုန်းတီးနိုင်မှာလဲ။
လက်ထောက်ဌာနမှူးချင်းက ယဲ့ဖန် တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ထင်သောကြောင့် သူပြောသည့်ပုံစံကို ပြောင်းရတော့သည်။
" ဒါဆို အထူးကုဆရာဝန်ဖြစ်ဖို့ မင်း ငါတို့ဆေးရုံကို လာလို့ရလား။ စိတ်မပူပါနဲ့၊ ငါ မင်းကို ပုံမှန် ဆရာဝန်ဖြစ်ပေးဖို့ မပြောပါဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတွေရှိလာတဲ့အခါမှ မင်းကို ဖုန်းဆက်လိုက်မယ်။ ဒါပေမဲ့ တစ်လ လစာ ယွမ် ၁သိန်း ပေးမယ် "
ထိုကမ်းလှမ်းချက်ကို ပြောလိုက်သောအခါ ဒေါက်တာကျန်းနှင့် အခြားသူများက အနည်းငယ် အံ့သြသွားကြသည်။
တစ်လ ယွမ် ၁ သိန်းလား။ ဒါက ဒီဆေးရုံက သမားတော်တွေထက်တောင် ပိုများနေသေးသည်။
ဒါက တွဲဖက် ဆေးရုံဒါရိုက်တာတစ်ယောက်ရဲ့ လစာနဲ့တောင် ယှဉ်လို့နေပြီဖြစ်သည်။
ထို့ကြောင့် ဌာနမှူးချင်းက ယဲ့ဖန်ကို ဘယ်လောက် တန်ဖိုးထားသည်ဆိုတာကို မြင်နိုင်သည်။
ယန်းချန်တတိယဆေးရုံက A အဆင့်ရှိတဲ့ ဆေးရုံဖြစ်ကာ ဆေးရုံတွင် အထူးငှားရမ်းထားသော ကျွမ်းကျင်သူတစ်ဦးဖြစ်လာရန်က လူများစွာ၏ အိပ်မက်ဖြစ်သည်။
လစာပဲဖြစ်ဖြစ်၊ လူမှုအဆင့်အတန်းပဲဖြစ်သေ တက်လာမည်မှာ သေချာသည်။
ဒီလူငယ်က အသက်ဘယ်လောက် ရှိဦးမှာမလို့လဲ။ အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိလောက်မယ်ထင်တယ်၊ မဟုတ်လား။
တကယ်လို့ သူကသာ A အဆင့်ရှိတဲ့ဆေးရုံမှ ငှားရမ်းထားတဲ့ အထူးကုဆရာဝန်တစ်ယောက် ဖြစ်လာမည်ဆိုလျှင် သူ့အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လာမည်ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ ငြင်းဆိုချက်က ကျန်တဲ့သူ အားလုံးကို အံ့ဩသွားစေသည်။
" တောင်းပန်ပါတယ် ကျွန်တော် မအားဘူး "
အပိုင်း ( ၅၂၇ )
လက်ထောက်ဌာနမှူးချင်းရဲ့ ဉာဏ်များတဲ့အစီအစဉ်
သူ့ရဲ့ငြင်းဆိုချက်ကို ကြားတာတောင်မှ လက်ထောက်ဌာနမှူးချင်းက လက်မလျှော့ချင်သေးပေ။
" လစာက အရမ်းနည်းနေတယ် ထင်လို့လား။ လစာကိစ္စက ညှိနှိုင်းလို့ရပါတယ်။ လုံလောက်တဲ့ အရည်အချင်းရှိသရွေ့ လစာက ပြဿနာမရှိဘူး "
သူ့ကမ်းလမ်းချက်ကို ကြားပြီး လော့ကျင်းယွမ်က ရယ်စရာကောင်းသည်ဟု ထင်သည်။
" သူ့ကို တစ်လ ဘယ်လောက်ထိပေးနိုင်လဲ "
လက်ထောက်ဌာနမှူးချင်းက ခဏမျှ တုံ့ဆိုင်းသွားသည်။
" ငါ့ရဲ့ အခွင့်အာဏာနဲ့ဆိုရင် သူ့ကို တစ်လကို ယွမ် ၂သိန်းထိ အများဆုံးပေးနိုင်တယ်။ ဒီထက်ပိုများလိုချင်ရင်တော့ ဆေးရုံခေါင်းဆောင်တွေနဲ့ ဆွေးနွေးရမှာပေါ့ "
လော့ကျင်းယွမ်းက ချက်ချင်း ရယ်လိုက်သည်။
" ၂သိန်းလား။ ငါ့ရဲ့ညီလေးယဲ့က အခု ပိုင်ဆိုင်မှုတန်ဖိုး ဘယ်လောက်ရှိလဲ မင်းသိလား "
လက်ထောက်ဌာနမှူးချင်းက စိတ်ရှုပ်သွားသည်။
" ဘာကိုဆိုလိုတာလဲ "
လော့ကျင်းယွမ်က သူ့လက်ကို ယဲ့ဖန်၏ ပုခုံးပေါ်တင်လိုက်သည်။
" ငါ့ညီလေးယဲ့ကို မထီမဲ့မြင်မပြုနဲ့။ အခု သူက ကျုံးဟိုင်မှာ အချမ်းသာဆုံး၊ အသားတင်ဝင်ငွေက ဘီလီယံဆယ်ချီ ပိုင်ဆိုင်ထားတယ်။ မင်းရဲ့ လစဉ်လစာ ယွမ် ၂သိန်းလောက်ကို ဂရုစိုက်တယ်လို့ မင်းထင်လား "
လက်ထောက်ဌာနမှူးချင်းက မိုးကြိုးပစ်ခံလိုက်ရသလို မယုံကြည်နိုင်စွာဖြင့် ထိုလူငယ်လေးကို ကြည့်လိုက်သည်။
ကျုံးဟိုင်မှာ အချမ်းသာဆုံးလူလား။
ဘီလီယံနဲ့ ချီလောက်အောင်ထိလေ။
ဒါက မယုံနိုင်စရာ ကောင်းလွန်းလေသညါ။
အမှန်သာဆိုရင် သူကမ်းလှမ်းတဲ့ လစဉ်လစာ ယွမ် ၂သိန်းဆိုတာက အနည်းငယ် ရှက်စရာပင်ကောင်းသည်။
ထိုလူငယ်၏ မုန့်ဖိုးလောက်တောင် မရှိနိုင်ပေ။
ဒေါက်တာကျန်းနှင့် အခြားသူများက ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
ထူးချွန်ထက်မြက်ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုရှိတဲ့ ဒီလူငယ်လေးက တကယ်ပဲ ကျုံးဟိုင်က အချမ်းသာဆုံးလား။
သူ အသက်က ဘယ်လောက်ရှိပြီလဲ။
သူ့ ပိုင်ဆိုင်မှုက ဘီလီယံဆယ်ချီပြီး တကယ်ရှိတာလား။
ဒါက စိတ်ကူးယဉ်လို့တောင် မရပေ။
လက်ထောက်ဌာနမှူးချင်းက အံ့ဩနေကာ စဉ်းစားနေသည်၊
တစ်ဖက်သူကို စိတ်ပြောင်းအောင် ပိုက်ဆံကို မသုံးနိုင်ရင် ဘယ်လိုနည်းနဲ့ စိတ်ပြောင်းအောင် လုပ်နိုင်မလဲ။
သူ ပြင်းပြင်းထန်ထန် တွေးနေချိန်မှာပဲ ဒေါက်တာကျန်းကို ရုတ်တရက် ကြည့်လိုက်မိကာ သူ့မျက်လုံးတွေက တောက်ပလာသည်။
" ရှောင်ကျန်း၊ ခွဲစိတ်မှုပြီးသွားပြီလေ။ ဘာလို့ နှာခေါင်းစည်း တပ်ထားသေးတာလဲ "
ဒေါက်တာကျန်းက အံ့သြသွားသည်။
ဌာနမှူးချင်းက ဒီကိစ္စကို ဘာလို့ ရုတ်တရက် ပြောသည်ဆိုတာကို သူမ နားမလည်ပေ။
ဒါပေမဲ့ သူမနှာခေါင်းစည်းကို ချွတ်ခဲ့သည်။
ထို့နောက် လှပတဲ့ မျက်နှာလေးက ပေါ်လာသည်။
ရုပ်ရည်တစ်ခုတည်းနဲ့ ပြောရလျှင် သူမက လုရှောင်ရထက် မနိမ့်ပေ။
ထို့အပြင် သူမ၏ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားကို ထည့်သွင်းထားသည့် အဖြူရောင်ကုတ်အင်္ကျီကို ၀တ်ဆင်ထားသည်။
ယဲ့ဖန် အံ့သြသွားရသည်။
လူတစ်ဦး၏ အသွင်အပြင်က ကျွမ်းကျင်မှုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။
ဒေါက်တာကျန်း၏ အသွင်အပြင်က ဖျော်ဖြေရေးနယ်ပယ်မှ အခြားသော အမျိုးသမီးအနုပညာရှင်များနှင့် နှိုင်းယှဉ်လျှင် သူမ ဘယ်လောက်လှပသည်ဆိုတာကို ပေါ်လွင်စေနိုင်မည် မဟုတ်ပေ။
သို့ပေမယ့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကြားတွင် သူမရဲ့ရုပ်ရည်က ချက်ချင်းဆိုသလို ထိပ်ဆုံးတန်းအဆင့် ဝင်သွားသည်။
သူမက အသွင်အပြင်ထက် ကျွမ်းကျင်မှုကလည်း ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
လုရှောင်ရက ယဲ့ဖန်၏အကြည့်ကို သတိပြုမိသွားပြီး ချက်ချင်း စိတ်မချမ်းမသာဖြစ်သွားသည်။
သူမ သူ့ခါးကို လှမ်းဆွဲလိုက်သည်။
" ဆက်ကြည့်နေရင် မျက်လုံးကြီးလည်း ကျွတ်ကျသွားဦးမယ် "
ယဲ့ဖန်က သူ့အကြည့်ကို အမြန်ပြန်ရုတ်လိုက်ပြီး ချောင်းခြောက်ဆိုးလိုက်သည်။
ပါးနပ်တဲ့ ဌာနမှူးချင်းက သူ့အမူအရာကို မြင်လိုက်သည်။ သူ၏ ပျားရည်ထောင်ချောက်က ထိရောက်သည်ဟု မြင်ရသည်။
အဲ့တာကိုတွေးပြီး သူက ချက်ချင်း ပြောလာသည်။
" မိတ်ဆက်ပေးပါရစေ။ ဒါက ငါတို့ဆေးရုံရဲ့ အကောင်းဆုံး မီးယပ်အထူးကု ဒေါက်တာ ကျန်းဝမ်ရုံပါ "
သူက သူမကို မိတ်ဆက်ပေးလိုက်တဲ့အတွက် ကျန်းဝမ်းရုံကလည်း ယဲ့ဖန်ကို ခေါင်းညိတ် မိတ်ဆက်ရတော့သည်။
" မင်္ဂလာပါ "
သူသည် ဒေါက်တာကျန်းရဲ့ အမည်ကို သိလိုက်ပြီဖြစ်သောကြောင့် ယဲ့ဖန်ကလည်း သူ့ကိုယ်သူ မိတ်ဆက်ရတော့သည်။
" မင်္ဂလာပါ ယဲ့ဖန် ပါ "
ဌာနမှူးချင်း၏ မျက်လုံးများက လိမ္မာပါးနပ်တဲ့ အကြည့်တစ်ချက် ပေါ်လာသည်။
" ဒေါက်တာကျန်း၊ ယဲ့လူကြီးမင်းက ဒီနေ့ မင်းကို သွယ်ဝိုက်ပြီး ကူညီပေးခဲ့တာဆိုတော့ ဆက်သွယ်ဖို့ အချက်အလက် ဖလှယ်ထားသင့်တယ်။ မင်းလို ဆရာဝန်လူငယ်တွေက ပိုဆက်သွယ်သင့်တယ် မထင်ဘူးလား "
ကျန်းဝမ်ရုံက လက်ထောက်ဌာနမှူးချင်း၏ ဉာဏ်များတဲ့အကွက်ကို ဘယ်လိုလုပ်ပြီး မမြင်ဘဲ နေမှာလဲ။
သူမကို ပျားရည်ထောင်ချောက်အဖြစ် အသုံးပြုဖို့ ကြိုးစားနေတာမလား။
သူမက ထိုအကြံကို ရွံရှာသော်လည်း သူက သူမ၏ ခေါင်းဆောင်ဖြစ်နေသည်။
သူမက ယဲ့ဖန်ကိုသာ မော့ကြည့်လိုက်ရသည်။
" ယဲ့လူကြီးမင်း၊ ရှင့်ကို WeChat မှာ အပ်လို့ရမလား "
" အဆင်ပြေတာပေါ့၊ အဆင်ပြေတာပေါ့ "
ယဲ့ဖန်က ကန့်ကွက်ခြင်းမရှိဘဲ သူမကို သူငယ်ချင်းအဖြစ် ချက်ချင်း အပ်လိုက်သည်။
လုရှောင်ရ၏ မနာလိုစိတ်က ကြီးထွားလာသည်။ ထို့နောက် ခြေထောက်ကို ဆောင့်နင်းပြီး လှည့်ထွက်သွားသည်။
လော့ကျင်းယွမ်က သူ့ကို အမြန် တွန်းလိုက်သည်။
" ဘာကိုစောင့်နေတာလဲ။ မြန်မြန် လိုက်ချော့လေ "
ယဲ့ဖန်က ခေါင်းကုတ်ကာ သူမနောက်ကို လိုက်ခဲ့သည်။
လုရှောင်ရက ထောင့်နားသို့ လျှောက်သွားပြီး ခဏလောက် တမင်ရပ်နေလိုက်သည်။
ယဲ့ဖန် ဖမ်းမိလာမှပဲ သူမက ဒေါသတကြီး ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
ယဲ့ဖန်က သူမကို အမြန်ဆွဲတားလိုက်သည်။
" မင်း ဘယ်သွားမလို့လဲ "
လုရှောင်ရ ခေါင်းကို ပြန်လှည့်လိုက်သည်။
" ကျုံးဟိုင်ကို ပြန်သွားမလို့ "
ယဲ့ဖန်က ရယ်ရမလား ငိုရမလား မသိတော့ပေ။
" ကိုယ်တို့ အခုမှ ဒီရောက်တာကို ဘာလို့ ပြန်မှာလဲ "
လုရှောင်ရက ဟွန်းခနဲလုပ်လိုက်သည်။
" ဘာလို့လဲဆိုတော့ ကျွန်မကို စိတ်ညစ်အောင် လုပ်တဲ့သူနဲ့ မနေချင်လို့ "
ယဲ့ဖန်က ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။
" စိတ်ညစ်အောင် လုပ်တဲ့လူလား။ ဘယ်သူလဲ "
လုရှောင်ရက သူ့ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။
" ဘယ်သူလဲ မသိဘူးလား "
ယဲ့ဖန်က နှာခေါင်းကို ပွတ်လိုက်သည်။
" မင်း ကိုယ့်အကြောင်း ပြောနေတာတော့ မဟုတ်ဘူးမလား။ ကိုယ်က စိတ်ရှုပ်စရာကောင်းလို့လား "
လုရှောင်ရ အံကြိတ်လိုက်မိသည်။
" ရှင့်ကို မုန်းတယ်။ မိန်းမတွေမြင်တာနဲ့ သူငယ်ချင်းကို မေ့တတ်တဲ့ နှာဘူးလိုလူ "
ယဲ့ဖန်က ချက်ချင်း မတရားခံရသလို ပြန်ပြောခဲ့သည်။
" မိန်းမတွေကို တွေ့တာနဲ့ ကိုယ်တို့ရဲ့ ခင်မင်မှုကို ဘာလို့ မေ့သွားရမှာလဲ။ WeChat မှာ ဒေါက်တာကျန်းကို အပ်လိုက်ရုံဘဲ မဟုတ်လား။ သဝန်တိုနေတာလား "
လုရှောင်ရ ချက်ချင်း ထိတ်လန့်သွားသည်။
" ဘယ်သူက သဝန်တိုတာလဲ။ ကျွန်မ ...… ကျွန်မ မဟုတ်ဘူး။ ကျွန်မက ရှင်နဲ့မှ မရင်းနှီးတာ ရှင့်ကို ဘာလို့ သဝန်တိုရမှာလဲ "
" မင်း သဝန်တိုတာ မဟုတ်ရင် ဘာလို့ ရုတ်တရက်ကြီး ကျုံးဟိုင်ကို ဘာလို့ပြန်သွားမှာလဲ "
" ဘာလို့ ဂရုစိုက်နေတာလဲ။ ကျွန်မက ရှင့်အတွက် ဘယ်သူမလို့ ဂရုစိုက်နေတာလဲ "
လုရှောင်ရက ဒေါသတကြီးအော်ကာ လှည့်ထွက်သွားသည်။
သို့သော် လှပတဲ့ ၀တ်စုံဝတ်ထားသော မိန်းမတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိသွားခဲ့သည်။
" အိုက်ယိုး ....... "
ထိုအမျိုးသမီးသည် အဆင့်အတန်းမြင့် အဝတ်အစားကို ဝတ်ဆင်ထားသည်။
သူမက ဟန်ချက်ပျက်ကာ မြေပြင်ပေါ်လဲကျသွားလေသည်။
တိုက်မိမှုကြောင့် လုရှောင်ရက နာကျင်သွားသော်လည်း တစ်ဖက်သူကို အမြန်ထနိုင်အောင် ကူညီပေးနေလိုက်သည်။
" တောင်းပန်ပါတယ်။ အဆင်ပြေရဲ့လား "
ထိုအမျိုးသမီးက သူမကို တွန်းဖယ်လိုက်သည်။
" ဖယ်စမ်း။ ငါ့ကိုမထိနဲ့။ နင် ကန်းနေလား။ လမ်းလျှောက်ရင် လူတွေကို မကြည့်တတ်ဘူးလား "
လုရှောင်ရလည်း ခုနကမှ ဒေါသဖြစ်ထားတာကြောင့် သူမကို လာဆူပူကြိမ်းမောင်းသံ ကြားလိုက်တဲ့အခါ ဒေါသနည်းနည်းထွက်သွားသည်။
" တကယ်လည်း ကျွန်မအပြစ်ပါ။ ရှင့်ကို တောင်းပန်ပြီးပြီလေ။ လျော်ကြေး ဒါမှမဟုတ် တောင်းပန်ခိုင်းရင်တောင် ရသေးတယ်။ ဒါပေမယ့် ဘာဖြစ်လို့ လူတွေကို လိုက်ပြီးဆူပူကြိမ်းမောင်းနေရတာလဲ "
ခေါင်းငုံ့မခံဘဲ ပြန်ပြောလာတဲ့ လုရှောင်ရကြောင့် ထိုအမျိုးသမီးက မြေကြီးပေါ်မှ ချက်ချင်းထလိုက်သည်။
" ဆူရုံတင်လား။ ငါက နင့်ကို ရိုက်တောင် ရိုက်လို့ရတယ် "
သူမ စကားပြောနေရင်း ပါးရိုက်ဖို့ လက်ပြင်လိုက်သည်။
အပိုင်း ( ၅၂၈ )
ယန်းချန်မှာ နေရာတိုင်းက ရင်းနှီးတဲ့လူတွေ
လုရှောင်ရက တစ်ဖက်မှ လှလှပပ ၀တ်ဆင်ထားတဲ့ အမျိုးသမီးက သူမကို ရုတ်တရက် တိုက်ခိုက်လာရဲတဲ့အထိ အလွန်ရဲရင့်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
လုရှောင်ရက အံ့ဩသွားပြီး ချက်ချင်း တုံ့ပြန်ရန် သတိလွတ်သွားခဲ့သည်။
ဒီပါးရိုက်ချက်က သူမမျက်နှာပေါ် ကျရောက်တော့မည့်အချိန်မှာ ဘေးတွင်ရပ်နေတဲ့ ယဲ့ဖန်က ရုတ်တရက် ထိုအမျိုးသမီး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင် တားလိုက်သည်။
" သူမ ခင်ဗျားကို တိုက်မိသွားတယ်။ အဲ့တာက သူမအပြစ်ပဲ။ သူမက အဲ့အတွက် ခင်ဗျားကို တောင်းပန်ပြီးပြီ။ လျော်ကြေးပေးဆိုလည်း ပေးမှာ။ ဒါပေမဲ့ ရိုက်ဖို့လုပ်တာက မမှားဘူးလား "
ထိုမိန်းမက ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်သည်။
" မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ လွှတ်စမ်းပါ "
သူက ပြောသည့်အတိုင်း လက်ကို အနည်းငယ် ပြန်ဆွဲရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။
သူမက ချက်ချင်း အဆုတ်ကွဲမတတ် အော်လိုက်သည်။
" တစ်ယောက်ယောက်၊ လာပါဦး။ ကယ်ကြပါ၊ ဒီမှာ ဒီလူက အရူးထပြီး ငါ့ကို နှိပ်စက်နေတယ် "
ဆေးရုံက လူအပြည့်ရှိနေပြီး သူမအော်သံကို ကြားတဲ့အခါ အားလုံးက လှမ်းကြည့်ကြသည်။
လူတွေက သဘာဝအတိုင်း အားနည်းသူကို စာနာတတ်ကြသည်။
သူတို့က ချက်ချင်း ယဲ့ဖန်ကို ဝေဖန်ကြတော့သည်။
" ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ဘာလို့ တိုက်ခိုက်နေတာလဲ "
" ဟုတ်တယ်၊ ဘယ်လို ပဋိပက္ခတွေရှိနေနေ မိန်းမတစ်ယောက်ကို ရိုက်လို့မရဘူး "
" အခုခေတ်က ယောက်ျားတွေက ဘာလို့ဒီလိုဖြစ်နေတာလဲ။ မိန်းမတွေကိုတောင် ပြဿနာရှာနေတယ်။ မင်းက ယောက်ျား ဟုတ်သေးရဲ့လား "
" ယုတ်မာရက်စက်တဲ့ ယောက်ျားမျိုး ငရဲကို သွားသင့်တယ် "
ထိုအမျိုးသမီးက လူတိုင်း၏ ထောက်ခံမှုကိုရရှိခဲ့ပြီးနောက် ယဲ့ဖန်ကို ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်ကာ ချက်ချင်း ပြောလိုက်သည်။
" ဘာလို့ မလွှတ်သေးတာလဲ "
ယဲ့ဖန်လည်း ပြဿနာမကြီးချင်တာကြောင့် လက်ကို လွှတ်ချပေးခဲ့သည်။
" ခင်ဗျား စိတ်အေးအေးထားနိုင်မယ်လို့ မျှော်လင့်တယ်။ ညှိနှိုင်းဆွေးနွေးလို့ရတယ်။ တောင်းပန်တာပဲဖြစ်ဖြစ် လျော်ကြေးပဲဖြစ်ဖြစ် လက်ခံမှာပါ "
အမျိုးသမီးက လက်တစ်ဖက်ကို ဖြန့်ကာ ပြောလာသည်။
" ကောင်းပြီလေ၊ လျော်ကြေးအကြောင်း ပြောကြတာပေါ့။ ငါဝတ်ထားတဲ့ ၀တ်စုံကို ပြင်သစ်ထိပ်တန်း ဒီဇိုင်နာတစ်ယောက်က စိတ်ကြိုက်ဖန်တီးပေးထားတာ။ အခု နင့်ကြောင့် ညစ်ပတ်သွားတော့ ယွမ် ၁သိန်းနဲ့ လျော်ပေး။ အဲ့လောက်ကတော့ မများဘူးမလား "
လုရှောင်ရ ဒေါသထွက်သွားသည်။
" ဘယ်ဒီဇိုင်နာမလို့ ၁သိန်းတန်တာလဲ "
ယဲ့ဖန်က လုရှောင်ရလက်ကို ဆွဲတားလိုက်သည်။ ထို့နောက် တစ်ဖက်အမျိုးသမီးကို ခေါင်းညိတ်ပြသည်။
" ကိစ္စမရှိဘူး။ အဲ့ဒီလျော်ကြေး ပေးမယ် "
ထိုမိန်းမက သူမကိုယ်သူမ ပိုသဘောကျလာလေသည်။
" ခုနက ငါ့ကို တိုက်မိလို့ အခု ငါ့တစ်ကိုယ်လုံး နာကျင်နေတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်လို့ ထင်တယ်။ ဆေးဖိုးအတွက် မင်းတို့ ငါ့ကို ယွမ် ၅သိန်းပေးရမယ်ဆို သိပ်မများပါဘူး ဟုတ်တယ်မလား "
လုရှောင်ရ ဒေါသထွက်သွားသည်။
" ဓားပြပဲ တိုက်လိုက်ပါလား။ တိုက်မိရုံလေးနဲ့ ရှင့်ကို ယွမ် ၅သိန်း ပေးစေချင်နေတာလား "
ထိုအမျိုးသမီးက သူမကို မှုန်ကုပ်ကုပ်ကြည့်လိုက်သည်။
" ငါက ကျင်းကွေ့ပဲ။ ငါ့ကို ဆေးဖိုး မပေးရင် ဥပဒေအတိုင်း လုပ်သွားမယ် "
ငွေနဲ့ တစ်ဖက်လူကို မထိန်းနိုင်တော့တာကြောင့် ထို မိန်းမက အခြားလှည့်ကွက်တွေ ထုတ်သုံးလာသည်။
သူမက လက်ကိုမြှောက်ပြီး လုရှောင်ရ ကို ညွှန်ပြသည်။
" ပြီးတော့ နင်ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရမယ်။ ငါ စိတ်ကျေနပ်မှ လွှတ်ပေးမယ် "
လုရှောင်ရက ဘာမှ မပြောရသေးခင်မှာဘဲ ယဲ့ဖန်၏ မျက်နှာထားက မည်းမှောင်နေပြီဖြစ်သည်။
" ကိုယ့်ရဲ့ကံကောင်းမှု အတိုင်းအတာကို စမ်းသပ်မနေနဲ့။ လိုချင်သလောက် လျော်ကြေးပေးနိုင်ပေမယ့် ဒူးထောက်ပြီး တောင်းပန်တာက မဖြစ်နိုင်ဘူး "
ထိုအမျိုးသမီးက ချက်ချင်း လှောင်ပြောင်သည်။
" လျော်ကြေးပေးတာနဲ့ ရပြီထင်လား။ ငါမှာ မရှိဆုံးအရာက ပိုက်ဆံပဲ။ ငါ့ဒေါသကို အခု ရှင်းမှဖြစ်မယ်။ နင်တို့ကို ထပ်မေးမယ် ဒူးထောက်မှာလား၊ မထောက်ဘူးလား "
လုရှောင်ရက အော်ပြောလိုက်သည်။
" စဉ်းတောင် မစဉ်းစားနဲ့ "
ထိုအမျိုးသမီးက သူတို့နှစ်ယောက်ကို လက်ညှိုးငေါက်ငေါက်ထိုးသည်။
" ကောင်းပြီ၊ နင်တို့ပြောတာတွေကို မှတ်ထား။ နောက်မှ ဒူးထောက် အသနားခံရင်တောင် ငါက ခွင့်မလွှတ်ဘူး "
သူမက စကားပြောနေရင်းနဲ့ ချက်ချင်း ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းဆက်လိုက်သည်။
ဖုန်းဝင်သွားတာနဲ့ သူမရဲ့ ကောက်ကျစ်တဲ့အကြည့်က ချက်ချင်း ပျောက်ကွယ်သွားပြီး ခပ်ကုတ်ကုတ် ဖြစ်သွားသည်။
" ဖုလင် လူကြီး၊ ရှင် ဘယ်မှာလဲ။ ဘာလို့ ဆေးလိပ်သောက်နေသေးတာလဲ။ ကျွန်မ အနိုင်ကျင့်ခံနေရတယ်။ ဟုတ်တယ်၊ တစ်ယောက်ယောက်က သားဖွားမီးယပ်ဌာနမှာ ကျွန်မကို ရိုက်နှက်နေတာ။ ပြီးတော့ မတောင်းပန်ချင်ကြဘူး .... "
ဖုန်းချပြီးနောက် သူမက ယဲ့ဖန်တို့ကို လှောင်ကြည့်လိုက်သည်။
" စောင့်နေလိုက်။ နင်တို့ရဲ့ သေမင်းက မကြာခင် ရောက်လာတော့မှာ "
လုရှောင်ရက သူမ၏ အကူအညီတောင်းသံကို ကြားလိုက်ပြီး ယဲ့ဖန်ကို ထိတ်လန့်စွာကြည့်နေခဲ့သည်။
သို့သော် ယဲ့ဖန်က သူမပုခုံးကို ပုတ်လိုက်သည်။
" စိတ်မပူပါနဲ့၊ အဆင်ပြေပါတယ် "
ထိုအချိန်တွင် လူတစ်စုက အမြန်အပြေးလာသည်ကို သူမမြင်လိုက်ရသည်။
ရှေ့ဆုံးက လျှောက်လာသူမှာ အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။
ထိုလူက အတော်လေးချောမောပြီး သူ့လှုပ်ရှားမှုတိုင်းက ရင့်ကျက်မှု ကျက်သရေအဖြာဖြာနှင့် ပြည့်စုံနေသည်။
သူ့နောက်တွင် အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော သက်တော်စောင့်အုပ်စု လိုက်လာသည်။
သူတို့ပုံစံက လူသတ်တော့မလို ဖြစ်နေသည်။
ပွဲကို ကြည့်ရှုနေကြသည့် လူအုပ်ကြီးက နောက်ဆုတ်သွားကြသည်။
ထို့နောက် သူတို့က ယဲ့ဖန်ကို အားရပါးရ ဝေဖန်လိုက်ကြသည်။
" ဒီကောင်က သံပြားကို ကန်မိတာပဲ။ ဒါဆို ဒီအမျိုးသမီးက ကျောထောက်နောက်ခံရှိနေတာလား "
" ဒီလူတွေရဲ့ ပုံပန်းသဏ္ဍာန်အရ သူတို့မှာ အားကောင်းတဲ့ နောက်ခံရှိနေတာ ဖြစ်ရမယ် "
" ဟိုကောင်လေးကတော့ အခက်တွေ့ပြီပဲ "
" ကြောက်လန့်လွန်ပြီး ရှိုက်ကြီးတငင် ငိုလောက်မယ်ထင်တယ် ........ "
ထိုပြဿနာရှာတဲ့ အမျိုးသမီးက မျက်ရည်အနည်းငယ်ကို ညှစ်ထုတ်ကာ ထိုအမျိုးသားဆီသို့ အမြန်လျှောက်သွားခဲ့သည်။
" ဖုလင် လူကြီးရေ၊ နောက်ဆုံးတော့ ရောက်လာတာပဲ။ ရှင်သာ ရောက်မလာရင် ကျွန်မနဲ့ ကျွန်မတို့ကလေးကို ထပ်မတွေ့ရလောက်တော့ဘူး .... "
ထိုလူက သူမဗိုက်ကို အမြန်ထိလိုက်သည်။ " ကလေး အဆင်ပြေရဲ့လား "
မိန်းမက နာကျင်ဟန်ဆောင်ပြီး အမြန်ပြောလေသည်။
" နည်းနည်းနာတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ရတာပဲ "
ထိုလူ၏မျက်နှာမှာ ရက်စက်တဲ့အမူအရာ ပေါ်လာသည်။
" ပြောစမ်း ဘယ်ခွေးသားက မင်းကို ထိရဲတာလဲ "
ထိုအမျိုးသမီးက ချက်ချင်းလက်ကိုမြှောက်ကာ ယဲ့ဖန်ကို ညွှန်ပြသည်။
" ဒါက သူတို့ပဲ၊ အဲ့အတွဲ "
ထိုလူသည် ယဲ့ဖန်တို့ကို အမဲဖြတ်တော့မည့်အကြည့်နဲ့ ချက်ချင်းကြည့်လိုက်သည်။
ထို့နောက် သူ့အကြည့်များက ရုတ်တရက် အေးခဲသွားသည်။
" ယဲ့ညီလေး၊ ဘာလို့ မင်းဖြစ်နေတာလဲ "
တကယ်တော့ ထိုလူ ပေါ်လာကတည်းက ယဲ့ဖန်က သူ့ကို မှတ်မိပြီးသားဖြစ်သည်။
ကျောင်းဖုလင်ကို သူ မတွေ့တာ ကြာပြီဖြစ်သည်။
" အစ်ကိုကျောင်း မတွေ့တာကြာပြီ။ ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး "
ကျောင်းဖုလင်က အမြန် သူ့လက်ကို လှမ်းဆွဲလိုက်သည်။
" တကယ် မင်းလား။ မင်း ဘာလို့ ယန်းချန်ကို လာတာလဲ။ ငါ့ကိုရော ဘာလို့ ကြိုခေါ်မပြောတာလဲ "
ယဲ့ဖန်က ပြုံးပြီး ရှင်းပြသည်။
" ကျွန်တော်က ကိစ္စတစ်ခု ဖြေရှင်းဖို့အတွက် ယန်းချန်ကိုလာတာ။ ပြီးမှ အစ်ကိုကျောင်းကို လာရှာဖို့ စီစဉ်နေတာ "
နှစ်ယောက်သား စိတ်အားထက်သန်စွာ စကားပြောနေကြသည်ကို မြင်လိုက်ရတော့ အားလုံးက အံ့သြသွားကြသည်။
သူတို့က အစကတော့ ခုတ်ကြဖြတ်ကြတော့မယ့်ပုံစံကနေ ဘာလို့ ရုတ်တရက် မိသားစု ပြန်လည်တွေ့ဆုံပွဲကြီး ဖြစ်သွားရတာလဲ။
လုရှောင်ရက ယဲ့ဖန်ကို မှိန်သေသေ ကြည့်လိုက်သည်။
နောက်ထပ် ရင်းနှီးတဲ့ မျက်နှာလား။
ဒီတစ်ယောက် အရင်က ယန်းချန်ကို မရောက်ဖူးဘူး မဟုတ်လား။
ဘာလို့ ယန်းချန်ရဲ့ နေရာတိုင်းမှာရှိတဲ့ အသိမိတ်ဆွေဟောင်းတွေနဲ့ ကြုံနေရတာလဲ။
ထို့အပြင် ထိုလူ၏ အသွင်အပြင်ကို ကြည့်လိုက်ရုံနဲ့ သူက လော့ကျင်းယွမ်ထက် မလျော့နည်းတာ သိနိုင်သည်။
သူက အကြီးစား သူဌေးကြီးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ဒီတစ်ယောက်က ဘာလို့ ဒီလိုဒိတ်ဒိတ်ကြဲတွေနဲ့ အကုန်သိနေတာလဲ။
ခုနက ပြဿနာရှာတဲ့ မိန်းမလည်း အံ့ဩသွားသည်။
ကျောင်းဖုလင်က သူမကို ကူညီလိမ့်မည်ဟု သူမမျှော်လင့်ထားသည်။
ဒါပေမယ့် ရောက်လာတာနဲ့ တစ်ဖက်သူကို ညီအစ်ကိုမှန်း သိသွားတာလား။
သူမကို လုံးဝမေ့ထားနေသည်။
ညီအစ်ကိုတို့မည်သည် ခြေလက်နှင့်တူပြီး မိန်းမတို့မည်သည် အဝတ်နှင့်တူ၏ဟူသော စကားကို သွားသတိရမိစေသည်။