← Chapters

အပိုင်း ၅၂၉-၅၃၂

Vol. 27 Ch. 529-532

အပိုင်း ၅၂၉-၅၃၂

Vol. 27 Ch. 529-532

အပိုင်း ( ၅၂၉ )

ကိုယ်ဝန်ရှိတာ သေချာလား

ဂြိုဟ်နှစ်ခု တိုက်မိမည်ဟု တွေးထားခဲ့ကြတဲ့ ပွဲကြည့်ရှုသူများက စိတ်ပျက်သွားခဲ့ကြသည်။

ပွဲကြီးပွဲကောင်း ဖြစ်တော့မှာ သိသာနေတာကို ရုတ်တရက်ကြီး ဘာလို့ မိသားစုပြန်လည်တွေ့ဆုံပွဲ ဖြစ်သွားရတာလဲ။

ထိုလူနှစ်ယောက်က ညီအစ်ကိုဆက်ဆံရေးတွေလား။

ကျောင်းဖုလင်နှင့် ယဲ့ဖန်တို့က စကားအနည်းငယ် ပြောပြီးကြတဲ့နောက် ကျောင်းဖုလင်က မေးသည်။

" ယဲ့ညီလေး ဘာတွေဖြစ်နေတာလဲ "

ယဲ့ဖန်က ဖြစ်ခဲ့တာတွေကို ရှင်းပြပြီး ထပ်ပြီး တောင်းပန်ခဲ့သည်။

ကျောင်းဖုလင်က ထိုအမျိုးသမီးကို လှည့်ကြည့်ရင်း မျက်နှာထားက မည်းမှောင်သွားသည်။

" သူ့ကိုလွှတ်လိုက်ပါ။ ယဲ့ညီလေး ရိုးရိုးသားသား တောင်းပန်နေပြီကို ဘာလို့ အခုထိ အကျပ်ကိုင်နေတာလဲ "

ကျောင်းဖုလင်က သူမဘက်မှ မရပ်တည်တဲ့အပြင် သူမကိုပင် အပြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း နာကျည်းစွာ အော်ဟစ်ခဲ့သည်။

" ရှင် ကျွန်မကို ဘာလို့ အပြစ်တင်နေတာလဲ။ သူတို့က ကျွန်မကို အရင် တိုက်ခဲ့တဲ့သူတွေပါ။ သူတို့ ကျွန်မကို တိုက်မိရင်က အရေးမကြီးဘူး ကျွန်မတို့ကလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ "

ကျောင်းဖုလင် ရုတ်တရက် ခေါင်းကိုက်လာသည်။

" ကောင်းပြီ၊ မငိုနဲ့တော့။ လူတွေအများကြီးရှေ့မှာ မရှက်ဘူးလား။ အခု အဆင်ပြေတယ်မလား။ ဒါကို မေ့ထားလိုက်ရအောင် "

အဲ့ဒီအမျိုးသမီးက သူတို့ကို လွှတ်မပေးချင်သေးပေ။ သူမက အံကြိတ်ကာ ယဲ့ဖန်တို့ကို စိုက်ကြည့်နေသည်။

" ဘာလို့ လွှတ်ပေးရမှာလဲ။ သူတို့က ကျွန်မကို ဘာမှမရှိဘဲ ရိုက်ဖို့လုပ်တာလေ။ ဒီနေ့ ကျွန်မအတွက် တရားမျှတမှု မရရင် ကျွန်မ ..... ကလေးကို ကိုယ်ဝန်ဖျက်ချမယ် "

" မင်း လုပ်ရဲလား "

ကျောင်းဖုလင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

" မလုပ်ရဲဘူး ထင်လား "

ထိုအမျိုးသမီးက သူ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားလေသည်။

ကျောင်းဖုလင်က စကားပြန်မပြောနိုင် ဖြစ်သွားရသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ယဲ့ဖန် ရယ်ရမလား ငိုရမလားမသိပေ။

သူ့အမြင်မှာ ကျောင်းဖုလင်က အမြဲတမ်း ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်သည်။ ဒီအမျိုးသမီးက သူ့ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားချေ။

သူက ထိုအမျိုးသမီးကို အရင် ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ မေးလေသည်။

" အစ်ကိုကျောင်း၊ ပြီးတော့ သူမက "

ကျောင်းဖုလင်ကို သူ နောက်ဆုံးတွေ့ခဲ့တုန်းက ဒီအမျိုးသမီးနဲ့ မဆိုင်ဘူးဆိုတာကို သတိရမိလိုက်သည်။

ကျောင်းဖုလင်က သူ့မေးခွန်းကို ကြားပြီး သက်ပြင်းချလိုက်သည်။

" ဟူး၊ ငါလည်း ယောက်ျားတိုင်း လုပ်မိတဲ့ အမှားကို လုပ်မိခဲ့တဲ့ လူပါပဲ။ တစ်ခါက သောက်ပြီးတော့ မင်းသဘောပေါက်မှာပါ "

ကျောင်းဖုလင်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။

" ငါက ဒီကလေးကို ယူဖို့ မစီစဉ်ထားပေမယ့် အဖေက သိသွားပြီး သူမကိုဖို့ တောင်းဆိုလာတာ။ ငါ့မှာလည်း ရွေးချယ်စရာမရှိခဲ့ဘူး "

ယဲ့ဖန်က ထိုအမျိုးသမီးကို ရက်စက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

" အစ်ကိုကျောင်း၊ သူမမှာ ကိုယ်ဝန်ရှိနေတာ သေချာလား "

အဲ့ဒီမေးခွန်းကို ယဲ့ဖန်က မေးလိုက်တဲ့အခါ ထိုအမျိုးသမီးရဲ့ မျက်နှာမှာ ထိတ်လန့်တဲ့အရိပ်အယောင် ပေါ်လာသည်။

ကျောင်းဖုလင် မျက်မှောင်ကြုတ်လိုက်သည်။

" ယဲ့ညီလေး မင်း ဘာကိုဆိုလိုတာလဲ "

ယဲ့ဖန်က သူ့ကို ပြုံးလျက် ကြည့်သည်။

" ကျွန်တော်က ဆေးပညာအကြောင်း နည်းနည်းသိထားလို့ပါ။ ခုနက သူမရဲ့ လက်ကောက်ဝတ်ကို ကိုင်လိုက်မိတုန်းက တခြားသွေးခုန်နှုန်းကို မခံစားရဘူး .... ကျွန်တော်က ဆေးပညာမှာ မတော်တာလည်း ဖြစ်နိုင်ပါတယ် ဟားဟားဟား ..... "

ကျောင်းဖုလင်က ထိုအမျိုးသမီးကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်သည်။

" မဖြစ်နိုင်ပါဘူး။ ဆေးရုံကို ခဏခဏ သွားစစ်သေးတယ်။ ကိုယ်ဝန်ရှိနေတယ်လို့ ဆရာဝန်က ပြောတယ် "

ထိုအမျိုးသမီးက ယဲ့ဖန်ကို ချက်ချင်း စိုက်ကြည့်လာသည်။

" နင် ..... အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောနဲ့။ မဟုတ်ရင် ငါ နင့်ကို ခွင့်မလွှတ်မှာ မဟုတ်ဘူး "

ယဲ့ဖန်က အစကတော့ သူမကို လွှတ်ပေးရန် စီစဉ်ခဲ့သော်လည်း သူမ၏ ခြိမ်းခြောက်မှုကို ကြားပြီးနောက် စိတ်ပြောင်းသွားသည်။

" ဘယ်ဆရာဝန်နဲ့ အစ်ကိုကျောင်းတို့ ပြတာလဲ "

" မီးယပ်နှင့် သားဖွားဌာနက ဆရာဝန် လုချန်း "

ယဲ့ဖနိ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" ဒါဆို ဒီတစ်ခါ နောက်ဆရာဝန်တစ်ယောက်ကို ပြောင်းပြီး ပြပါလား "

ထိုအမျိုးသမီးက ချက်ချင်း ခြေထောက်ကို ဆောင့်လိုက်သည်။ သူမက ယဲ့ဖန်ကို လက်ညှိုးထိုးပြောဆိုတော့သည်။

" နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။ ဆရာဝန် ပြောင်းချင်တိုင်း ပြောင်းခိုင်းရအောင် "

ကျောင်းဖုလင်က သူမရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို ကြည့်ပြီး ပို၍ပင် သံသယဖြစ်လာသည်။

" ယဲ့ညီလေးရဲ့ အကြံပြုချက်က လိုအပ်တယ်လို့ ငါထင်တယ်။ ဒါဆို တခြားဆရာဝန်ကို သွားစစ်ကြည့်ခိုင်းရအောင် "

" ဖုလင် လူကြီး၊ ရှင် ကျွန်မကို မယုံဘူးလား "

ကျောင်းဖုလင်ကို သူမမျက်နှာကို လက်ဖြင့်အုပ်လိုက်သည်။

" ဒါပေါ့ မင်းကို ယုံပါတယ်။ အဲ့တာကြောင့် မင်းကို ဒုက္ခမပေးနိုင်ဘူး။ တကယ် ကိုယ်ဝန်ရှိနေရင် ဆရာဝန်ပြောင်းပြီး စစ်ဆေးတော့ရော ဘာအဆင်မပြေဖြစ်လို့လဲ "

ထိုသို့ပြောပြီးနောက် သူမကို ငြင်းဆိုရန် အခွင့်အရေးမပေးတော့ပေ။ သူက ချက်ချင်း သူ့လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။

" သွားပြီး စာရင်းသွင်းပေးလိုက်။ ဒီတစ်ခါတော့ ဆရာဝန်ပြောင်းသွင်းလိုက်ကြ "

" စာရင်းသွင်းဖို့ မလိုပါဘူး။ စစ်ဆေးမှုကို ကူညီပေးနိုင်တဲ့ ဆရာဝန်ကို ကျွန်တော် သိတယ် "

ထို့နောက် ယဲ့ဖန်က ကျန်းဝမ်ရုံဆီသို့ WeChat မှ စာပို့လိုက်သည်။

ကျန်းဝမ်ရုံက အမြန် ပြေးလာပြီး သူ့ကို နားမလည်စွာ ကြည့်လိုက်သည်။

" ဘာလိုချင်လို့လဲ "

ယဲ့ဖန်က ထိုအမျိုးသမီးကို ညွှန်ပြလိုက်သည်။

" ကျေးဇူးပြုပြီး ဒီအမျိုးသမီးကို ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ဖို့ ကူညီပေးပါ "

ကျန်းဝမ်ရုံက အချိန်မဖြုန်းဘဲ ထိုအမျိုးသမီးကို လက်ပြလိုက်သည်။

" ကျွန်မ အနောက်လိုက်ခဲ့ပါ "

ထိုအမျိုးသမီးက ဆတ်ခနဲ ခေါင်းခါလိုက်သည်။

" ငါ မသွားဘူး၊ ငါ နေမကောင်းဘူး။ အိမ်ပြန်ချင်တယ်။ အနားယူချင်နေပြီ၊ နောက်တစ်ခါ ထပ်စစ်မယ် "

သူမက ပြောသည့်အတိုင်း လှည့်ကာ ပြေးထွက်တော့မည် လုပ်ပေမယ့် ကျောင်းဖုလင်က သူမကို ဆွဲထားလိုက်သည်။

" နေလို့မသက်သာရင် စစ်ဆေးသင့်တာပေါ့။ကလေး တစ်ခုခုဖြစ်သွားရင် မကောင်းဘူး "

သူက ပြောနေရင်း သက်တော်စောင့်များကို ဝှေ့ယမ်းပြလိုက်သည်။

" လုမိန်းကလေးကို စစ်ဆေးဖို့ ပို့ပေးလိုက် "

သက်တော်စောင့်တွေက အကျဉ်းသားတစ်ယောက်လို ထိုအမျိုးသမီးကို ချက်ချင်း ခေါ်သွားခဲ့သည်။

ကျောင်းဖုလင်က ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ မင်းရဲ့သတိပေးချက်ကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ အမှောင်ထဲမှာပဲ ရှိနေမှာ။ ဒီကောင်မက ငါ့ကို တကယ်သာလိမ်ရဲလို့ကတော့ ....... "

သူက စကားပြောနေရင်း လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကာ အသံကလည်း ကွဲအက်နေသည်။

ယဲ့ဖန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" အစ်ကိုကျောင်း၊ စိတ်အေးအေးထားပါ။ ကျွန်တော်မှားတာလည်း ဖြစ်နိုင်ပါတယ် "

ကျောင်းဖုလင် ခေါင်းညိတ်လိုက်သည်။

" အမှန်အတိုင်းပြောရရင် ဒီမိန်းမအတွက် ငါ့မှာ ခံစားချက်မရှိပေမယ့် ငါလည်း ငယ်တော့တာမဟုတ်ဘူး။ သူမသာ တကယ်ကိုယ်ဝန်ရှိနေရင် ငါတကယ် လက်ထပ်မှာပါ "

သူတို့နှစ်ယောက် စကားစမြည်ပြောနေကြစဉ် လော့ကျင်းယွမ်၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ယဲ့ညီလေး၊ ငါ မင်းကို ရှာနေတာ။ ဒီမှာ မင်း ဘာလုပ်နေတာလဲ "

လော့ကျင်းယွမ်က အမြန်လျှောက်လာပြီး ယဲ့ဖန်ကို စကားပြောတော့မယ့်အချိန်မှာ ကျောင်းဖုလင်ကို ရုတ်တရက် တွေ့လိုက်ပြီး လန့်သွားသည်။

" ကျောင်းလူကြီးမင်းလား။ ဘာလို့ ဒီကိုရောက်နေတာလဲ "

အပိုင်း ( ၅၃၀ )

နည်းနည်းလေးတော်တာ မဟုတ်ဘူး၊ ရှယ်တော်တာ

ကျောင်းဖုလင်က လော့ကျင်းယွမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ လော့လူကြီးမင်း။ ကျွန်တော် ကိစ္စလေးတစ်ခုလုပ်ဖို့ ဆေးရုံကို လာခဲ့တာပါ။ လာရင်း ယဲ့ညီလေးနဲ့ ဝင်တိုက်မိပြီး သူနဲ့ ခဏလောက် စကားစမြည်ပြောနေတာပါ "

လော့ကျင်းယွမ်သည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ မင်း ကျောင်းလူကြီးမင်းကို သိတာလား "

ကျောင်းမိသားစုက တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် အလွန်အင်အားကြီးသည်။

သူတို့ရဲ့ လော့မိသားစုတောင် သတိထားရသည်။

ယဲ့ဖန်က ကျောင်းမိသားစုက ကျောင်းဖုလင်ကို တကယ် သိနေခဲ့တာလား။

ကျောင်းဖုလင်က သူ့ကို 'ယဲ့ညီလေး'လို့ ခေါ်တာကြားတော့ သူတို့က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ သိသာလေသည်။

ကျောင်းဖုလင်လည်း ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

" ယဲ့ညီလေး၊ မင်း လော့လူကြီးမင်းကို သိတာလား "

လော့မိသားစု၏ ခွန်အားက ကျောင်းမိသားစုနှင့် မယှဉ်နိုင်သော်လည်း လော့ကျင်းယွမ်၏ ကိုယ်ပိုင်စွမ်းရည်က အလွန်ခိုင်မာလေသည်။ သူက ယန်းချန်း စီးပွားရေးလောကမှာ နာမည်ကြီးသူဖြစ်သည်။

ယဲ့ဖန်က ယန်းချန်မှာ ဒီလိုလူကို သိထားမယ်လို့ မမျှော်လင့်ထားပေ။

သူ အလွန်တုန်လှုပ်သွားရသည်။

ယဲ့ဖန်သည် သူ့ကို ထိုကဲ့သို့ အမူအရာများဖြင့် ကြည့်နေကြသောအခါ ခြောက်သွေ့စွာ ရယ်ရုံသာတတ်နိုင်တော့သည်။

" ကံတရားပါ၊ အားလုံးက ကံတရားတွေပဲ "

ဘေးမှာရှိနေသည့် လုရှောင်ရလည်း ထိုမြင်ကွင်းကို ကြောင်အအကြည့်နေသည်။

လော့ကျင်းယွမ်၏ ဆက်ဆံတဲ့ သဘောထားအပါအဝင် ဒီကျောင်းလူကြီးမင်း၏ ဝိသေသလက္ခဏာများအရ ထိုလူဟာ အဆင့်အတန်းမြင့်မားကောင်းမွန်သည်ကို တွေ့မြင်နိုင်သည်။

အခု ဒီလို ယန်းချန်၏ ဒိတ်ဒိတ်ကြဲကြီးနှစ်ယောက်က ယဲ့ဖန်ကို ညီအစ်ကိုအဖြစ် ပြောဆိုဆက်ဆံနေကြသည်။

ဒါက ဘယ်လို အယူအဆကြီးလဲ။

တစ်နည်းအားဖြင့် ယဲ့ဖန်က ယန်းချန်အတွင်းပိုင်းကို မ၀င်ရောက်နိုင်သေးသော်လည်း မြို့၏ အကြီးစားသူဌေးကြီးများနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။

စိတ်ကူးယဉ်လို့တောင် မရနိုင်ပေ။

ကျောင်းဖုလင်က အံ့သြသွားသော်လည်း သိချင်နေသေးသည်။

" လော့လူကြီးမင်းက ညီလေးယဲ့ကို ဘယ်လိုသိတာလဲ "

" ဒါက ဇာတ်လမ်းရှည်ကြီးပါ။ ကျွန်တော်တို့ ပင်းဟိုင်မြို့ကနေ စရမယ် " ဟု အစချီကာ လော့ကျင်းယွမ် က ရှင်းပြလေသည်။

အဲ့ဒီနောက်မှာတော့ ယဲ့ဖန်က လော့သခင်ကြီး၊ သူ့ဇနီးနဲ့ ကလေးရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ပြောပြလေသည်။

ကျောင်းဖုလင်က ထိုစကားတွေကို ကြားပြီးနောက် ယဲ့ဖန်ကို ထိတ်လန့်စွာကြည့်လိုက်သည်။

" ယဲ့ညီလေးရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အံ့သြစရာကောင်းလိုက်တာ။ ပြီးတော့ ... "

ယဲ့ဖန်က သူ ဆေးပညာ နည်းနည်းပဲတတ်တယ်လို့ ပြောခဲ့တာဆိုတော့ သူက စိတ်ထဲသိပ်မထားခဲ့ပေ။

လော့ကျင်းယွမ်၏စကားကိုကြားပြီးနောက် သူ မှားသွားမှန်း သိလိုက်ရသည်။

ဒါက ဘယ်လိုလုပ် နည်းနည်းလေးသိတာ ဖြစ်မှာလဲ။

ထိပ်တန်းအဆင့်ရှိတယ်ဆိုတာ ရှင်းနေတာပဲ။

သူ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက တကယ်ကို အံ့မခန်းဖြစ်နေခဲ့တာဆိုရင် ..... ဟိုခွေးမက တကယ်ပဲ သူ့ကို လိမ်နေတာလို့ ဆိုလိုတာမဟုတ်လား။

မကြာခင်မှာပဲ သူ့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။

ကျန်းဝမ်ရုံက စမ်းသပ်မှုအစီရင်ခံစာနှင့်အတူ အမြန်လျှောက်လာသည်။

" လုအမျိုးသမီးမှာ ကိုယ်ဝန်မရှိဘူးလို့ စမ်းသပ်ချက်မှာ ဖော်ပြပါတယ် "

ကျောင်းဖုလင်က ခန့်မှန်းထားရသော်လည်း ရလဒ်ကို သူ့နားဖြင့် ကြားလိုက်ရသောအခါ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။

ကျောင်းမိသားစု၏ ဂုဏ်သိက္ခာရှိတဲ့ အိမ်ရှေ့စံမင်းသားကို အမျိုးသမီးတစ်ယောက်က ကစားရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ကမောက်ကမ ဖြစ်လွန်းလေသည်။

" ဖုလင် လူကြီး၊ ကျွန်မ ရှင်းပြပါရစေ ...... "

" ဘာကို ရှင်းပြမှာတုန်း "

ကျောင်းဖုလင်က ထိုအမျိုးသမီးကို ပါးရိုက်ချလိုက်ကာ အားပြင်းတာကြောင့် သူမက မြေကြီးပေါ်သို့ လဲကျသွားခဲ့ရသည်။

ထိုကနေ သူ့စိတ်ထဲက ဒေါသကို မြင်နိုင်လေသည်။

ထိုအမျိုးသမီး၏ မျက်နှာက ရောင်ရမ်းနေသော်လည်း သူမ ဂရုမစိုက်နိုင်ပေ။ သူမက အမြန် တွားသွားပြီး ကျောင်းဖုလင်၏ ခြေထောက်ကို ပွေ့ဖက်လိုက်သည်။

" ဖုလင် လူကြီး၊ ကျွန်မကို လိမ်ပေးဖို့ ဆေးရုံဆရာဝန်ကို လာဘ်ထိုးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့တာ ရှင့်ကို သိပ်ချစ်လွန်းလို့ လုပ်ခဲ့မိတာပါ။ ကျွန်မ ရှင့်ကို မဆုံးရှုံးချင်ဘူး ....... "

ကျောင်းဖုလင်က သူမကို ကန်ထုတ်လိုက်သည်။

" မင်း ငါ့ကိုမဆုံးရှုံးချင်တာလား။ ဒါမှမဟုတ် ချမ်းသာတဲ့မိသားစုမှာ လက်ထပ်ခွင့်ရမှာကို မဆုံးရှုံးချင်တာလား "

" ဖုလင် လူကြီး၊ ဒီတစ်ခါတော့ ကျွန်မကို ခွင့်လွှတ်ပေးပါ။ အမြန်ဆုံး ကလေး၊ကိုယ်ဝန်ရအောင် ကြိုးစားပါ့မယ် ...... "

ကျောင်းဖုလင်က သူမ၏ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။

" မင်းက ငါ့ကို လိမ်ခဲ့တာက ကြီးလွန်းလို့ ငါ မင်းကို အခု လည်ပင်းညှစ်ချင်ပေမယ့် ငါ့လက်ကို မညစ်ပတ်ချင်ဘူး။ ငါ့မျက်စိရှေ့က အခုချက်ချင်းထွက်သွားတော့။ ငါ မင်းကို ထပ်မတွေ့ချင်ဘူး "

" ဖုလင်၊ ကျွန်မ ....... "

ကျောင်းဖုလင်က သူမကိုကြည့်ရင်း အံကြိတ်လိုက်သည်။

" အခု မသွားရင် နောင်တရလိမ့်မယ်။ ငါ့ကို လိမ်ညာတဲ့သူတွေ ဘာဖြစ်သွားလဲ သိချင်လား "

ထိုအမျိုးသမီးက မတတ်နိုင်ဘဲ တုန်လှုပ်နေသည်။ မထွက်သွားချင်သော်လည်း မတတ်နိုင်ဘဲ သွားခဲ့ရသည်။

ယဲ့ဖန်က သူမကို စာနာစိတ်မရှိပေမဲ့ ကျောကို ကြည့်နေလိုက်သည်။

သူမကို ဒီလိုဖြစ်ဖို့ သူစီစဉ်ခဲ့တာဖြစ်သည်။

သူသာ မပြောဘဲနေလိုက်ရင် သူမ ကျောင်းမိသားစုမှာ လက်ထပ်နိုင်ရန် အလားအလာများစွာရှိသည်။

သူမက ကံကြမ္မာကို စမ်းသပ်ချင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် သူကလည်း သူမကို ခရီးအရောက် ပို့ပေးလိုက်တာဖြစ်သည်။

ယဲ့ဖန်က လှည့်ကြည့်ပြီ ခါးသက်သက် ပြုံးသည်။

" ဒီတစ်ခါတော့ ငါတကယ်ရှက်မိပါတယ်။ ငါ့ကိုယ်ငါ အရူးလုပ်လိုက်မိတာ "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" တကယ်ကို ရှက်စရာကောင်းတယ်။ အနာဂတ်မှာ ပိုသတိထားသင့်တယ်။ ဘယ်မိန်းမကိုမှ သွားမဆွမိစေနဲ့ "

လော့ကျင်းယွမ် အံ့သြသွားသည်။

ဒီတစ်ယောက်က တကယ်ကို အချုပ်အနှောင် မရှိပေ။

သူက တကယ်ကြီး မင်းသားကျောင်းကို ဒီလိုပြောရဲတာလား။

ကျောင်းဖုလင်၏ မျက်နှာကို ကြည့်လိုက်ရသည်။

ကျောင်းဖုလင်ကသာ ဒေါသထွက်နေတယ်ဆိုရင် သူက ချက်ချင်း ပြေလည်အောင် လုပ်ပေးရမှာဖြစ်သည်။

သို့သော်လည်း အံ့အားသင့်စရာကောင်းစွာ ကျောင်းဖုလင်က စိတ်ဆိုးခြင်းမရှိပေ။ အဲ့ဒီအစား သူက ရယ်မောနေသေးသည်။

" မင်းကများ ငါ့ကို ပြောရသေးတယ်။ မင်းပတ်ဝန်းကျင်မှာ ပိုလှတဲ့မိန်းမတွေ ငါ့ထက်တောင် ပိုအများကြီး ရှိနေတာကို ငါမြင်နေရတယ် "

သူက စကားပြောနေရင်း လုရှောင်ရနှင့် ကျန်းဝမ်ရုံတို့ကို တစ်ချက်ကြည့်လိုက်သည်။

ကျန်းဝမ်ရုံက သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" အထင်မလွဲပါနဲ့။ ကျွန်မ သူ့ကို ဒီနေ့မှတွေ့ဖူးတာ "

လုရှောင်ရ၏ မနာလိုစိတ်က လုံး၀မပျောက်ကွယ်သွားသေးပေ။ ထို့နောက် သူမက ချက်ချင်း ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။

" ကျွန်မ သူ့ကို သိတောင် မသိပါဘူး "

ကျောင်းဖုလင်က ယဲ့ဖန်ကို လှောင်ပြောင်ရိပ်ဖြင့် ကြည့်လေသည်။

" ယဲ့ညီလေး၊ ပိုလှလေ ပိုကောင်းလေဆိုပေမယ့် အိမ်နောက်ဖေးမီးကို သတိထားရမယ် "

ယဲ့ဖန် အလွန်စိတ်ဓာတ်ကျသွားသည်။ သူက စကားပြောတိုင်း ဘာလို့ သူ့ကိုပဲ ထပ်ပြောနေရတာလဲ။

ယဲ့ဖန်ကို ကျောင်းဖုလင်က ထပ်စနောက်ဖို့ လုပ်နေပေမဲ့ ရုတ်တရက် ဖုန်းဝင်လာသည်။

ဖုန်းတစ်ဖက်မှလူက ဘာပြောလိုက်မှန်း မသိပေမယ့် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

သူက ဖုန်းချလိုက်ပြီးနောက် ယဲ့ဖန်ကို တောင်းပန်စကားဆိုသည်။

" ယဲ့ညီလေး၊ ငါ မင်းကို ထမင်းလိုက်ကျွေးချင်ပေမယ့် ငါ့မှာ အရေးတကြီး လုပ်စရာလေးရှိနေတော့ အမြန်ပြန်ရမယ်။ မနက်ဖြန်ကျ ငါ အစည်းအဝေးစီစဉ်ပြီးတာနဲ့ ယန်းချန်က မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးမယ် "

ယဲ့ဖန်က သူ့ပခုံးကို ပုတ်လိုက်သည်။

" အစ်ကိုကျောင်း၊ ခင်ဗျားမှာ လုပ်စရာရှိရင် သွားပါ။ ကျွန်တော်က ယန်းချန်မှာ ခဏလောက်နေဦးမှာဆိုတော့ စုံဖို့က အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ် "

ကျောင်းဖုလင်က လော့ကျင်းယွမ်ကို ခေါင်းညိတ်ပြပြီး အမြန်ထွက်သွားသည်။

လက်ထောက်ဌာနမှူးချင်းက သတင်းကြားပြီးနောက် အပြေးအလွှားရောက်လာကာ ထိုမြင်ကွင်းကို တိုက်ဆိုင်စွာ မြင်လိုက်သည်။ ထိုအခါ သူက ချက်ချင်း အံ့အားသင့်သွားသည်။

သူက လော့ကျင်းယွမ်ကို မသိသော်လည်း ကျောင်းဖုလင်ကိုတော့ သိလေသည်။

သူက ယန်းချန်မှာရှိ ရှယ်ချမ်းသာတဲ့မိသားစုတစ်ခုဖြစ်သည့် ကျောင်းမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ကြောင်း သူသိသည်။

ကျောင်းဖုလင်က ယန်းချန်မှာ သြဇာညောင်းသူတစ်ယောက်ဆိုတာ သေချာလေသည်။

သို့ပေမဲ့ ထိုလူက သွားစရာရှိတာကြောင့် ယဲ့ဖန်ကို တောင်းပန်နေခဲ့သည်။

ဒါက သိပ်ကြောက်စရာကောင်းတယ် မဟုတ်ဘူးလား။

လော့ကျင်းယွမ်က ယဲ့ဖန်ကို ကျုံးဟိုင်ရဲ့ အချမ်းသာဆုံးလူလို့ မိတ်ဆက်ပေးခဲ့ပေမယ့် မှန်တယ်လို့ မခံစားခဲ့ရပေ။

ကြွားဝါနေတယ်လို့သာ ထင်ခဲ့သည်။

အခုမှပဲ သူသဘောပေါက်သွားတော့သည်။

လော့ကျင်းယွမ်က ကြွားတာမဟုတ်ဘဲ ထိုလူငယ်က တကယ်ကို တော်တာဖြစ်သည်။

အပိုင်း ( ၅၃၁ )

မင်းတန်းစီတာကို ဖြတ်တာကတောင် မင်းကို မျက်နှာသာပေးရာ ရောက်နေပြီ။

ကျန်းဝမ်ရုံက ယဲ့ဖန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

ကျောင်းဖုလင်ကဲ့သို့သူက ထူးခြားသည်ဟု သူမ မထင်ထားသော်လည်း သူတို့လိုလူတွေကို ညီအစ်ကိုလို့ ခေါ်ပြီး ရယ်မောပြောနိုင်သည့် ငယ်သေးတဲ့ ကောင်လေးကိုတော့ သူမ အနည်းငယ် အထင်ကြီူမိသည်။ ဒါက သူ့ရဲ့ ထူးချွန်မှုကို ပြသဖို့ လုံလောက်လေသည်။

ဒါကြောင့် သူမထက် နှစ်အနည်းငယ်လောက်ငယ်တဲ့ ဒီကောင်လေးအကြောင်းကို သိချင်လာခဲ့သည်။

လော့ကျင်းယွမ်က လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ယဲ့ညီလေး၊ မင်း နေ့လည်စာတောင် ကောင်းကောင်း မစားရသေးဘူး။ အိမ်ပြန်ရအောင်၊ ငါ ကိုယ်တိုင်ချက်ကျွေးမယ် "

ယဲ့ဖန်က အမြန် ခေါင်းယမ်းလိုက်သည်။

" ဒီနေ့တော့ မစားနိုင်လောက်တော့ဘူး။ အခု လေလံပွဲအတွက် မြို့တော်ကို စာရင်းသွင်း အတည်ပြုဖို့ သွားရမယ်။ ဒီနေ့တော့ မရီးကို သေချာ အချိန်ပေးလိုက်ပါ။ သူမက ငရဲတံခါးကို ဖြတ်ထားရတာဆိုတော့ ခင်ဗျားရဲ့ ဂရုစိုက်မှုကို လိုအပ်တယ် "

လော့ကျင်းယွမ် ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ မင်းကို ကားနဲ့ လိုက်ပို့ခိုင်းပေးမယ် "

ယဲ့ဖန်က မငြင်းဘဲ လုရှောင်ရနဲ့ အတူ ဆေးရုံထဲက ထွက်လာခဲ့သည်။

..............

ရှုကျင်းရှင်းက သူ့ကို မြို့တော်ရဲ့ တည်နေရာကို အတည်ပြုဖို့ ပို့ထားပြီးသားဖြစ်သည်။

ယာဉ်မောင်းမှ သတ်မှတ်ထားတဲ့နေရာသို့ ပို့ဆောင်ပြီးတဲ့အခါ ထိုနေရာက Sotheby's လေလံအိမ်၏ တောင်ပိုင်းကွမ်တုန်းဌာနခွဲဖြစ်နေကြောင်း သိလိုက်ရသည်။

ပိုထူးခြားတာက မြို့တော် အတည်ပြုရေးမှာ ပါဝင်လာတဲ့သူတွေဟာ ပူပြင်းတဲ့နေရောင်ရှိတဲ့ အပြင်ဘက်ရောက်တဲ့အထ် တန်းစီ ရပ်နေကြတာဖြစ်သည်။

လူတိုင်းက ချွေးတရွှဲရွှဲ ဖြစ်နေသည်။

ဒီလေလံမှာ ပါဝင်နိုင်ရန်အတွက် ဝင်ကြေးက အနည်းဆုံး ယွမ် ၁ ဘီလီယံရှိကြောင်း သိထားရမည်ဖြစ်သည်။

တစ်နည်းဆိုရသော် ဒီလူတွေ အားလုံးက ယွမ်ငွေ ၁ ဘီလီယံကျော် ပိုင်ဆိုင်သော သူဌေးကြီးများ ဖြစ်ကြသည်။

သို့သော် နေပူကြဲတဲအောက်မှာ ချွေးတလုံးလုံးနဲ့ တန်းစီနေကြရသည်။

ဒီ Sotheby's လေလံအိမ်က ဒီလို ချမ်းသာတဲ့သူများကိုတောင် လူလိုသူလို မဆက်ဆံပေ။

တကယ်တော့ ယဲ့ဖန်က ချန်းချုံရှန်းကို ခေါ်ပြီး သီးသန့်တံခါးကနေ ဝင်နိုင်လေသည်။

ချန်းချုံရှန်းက တောင်ပိုင်းကွမ်တုန်းဌာနခွဲ၏ တာဝန်ခံဖြစ်တာကြောင့် သူက တခြားလေလံကိစ္စဘာမှ မပြောနိုင်ပေမယ့် တန်းစီစောင့်ရတဲ့ ဝေဒနာကိုတော့ ရှောင်နိုင်အောင် လုပ်ပေးနိုင်သည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ယဲ့ဖန်က သူ့ကို အနှောင့်အယှက် မပေးဖို့ ရွေးချယ်ခဲ့သည်။

အခြားလူတွေကလည်း တန်းစီနေတာကြောင့် သူက အထူးအခွင့်အရေးကို သုံးမနေတော့ပေ။

သူတို့နောက်မှသာ တန်းစီလိုက်သည်။

ယဲ့ဖန်က သူ့ရဲ့ ID ကတ်၊ ဘဏ်ကတ် နဲ့ တခြားစာရွက်စာတမ်းတွေကို ထုတ်ယူနေချိန်တွင် တစ်စုံတစ်ယောက်က သူ့ရှေ့မှာ ရုတ်တရက် ဖြတ်ဝင်ပြီး စိစစ်ရေး စာရွက်စာတမ်းများကို အရင် ပေးလိုက်သည်။

ယဲ့ဖန်က အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရတာကြောင့် ဒေါသထွက်နေပြီးဖြစ်သည်။

ချက်ချင်း ထိုကြားဖြတ်သူ၏ ပခုံးကို ပုတ်လိုက်သည်။

" မိတ်ဆွေ၊ ကျေးဇူးပြုပြီး နောက်ကိုပြန်သွားပြီး တန်းစီပါ "

ထိုလူက သူ့ကို လှမ်းကြည့်လိုက်သည်။

" အပြင်မှာ အရမ်းပူတယ်။ အဆင်ပြေသလိုပဲလို့ မှတ်လိုက် "

ထိုသို့ပြောပြီးနောက် လှည့်ကြည့်ကာ သူ့၏ ID ကတ်နှင့် ဘဏ်ကတ်ကို ထုတ်ယူလိုက်သည်။

စိစစ်ရေးတာဝန်ခံ ဝန်ထမ်းက ယူတော့မည့် အချိန်မှာ ယဲ့ဖန်က ရုတ်တရက် လက်ကို ဆန့်လိုက်ပြီး သူ့ဘဏ်ကတ်ကို စားပွဲပေါ် တင်လိုက်သည်။

" လူစကားကို နားမလည်ဘူးလား။ နောက်ကိုသွားပြီး တန်းစီ "

ထိုလူက လှည့်ပြီး မကျေမနပ်ဖြင့် ယဲ့ဖန်ကို ကြည့်သည်။

" ဘာကိုဆိုလိုတာလဲ "

ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ဘာမှ မဆိုလိုဘူး။ မင်းကို အနောက်မှာ သွားတန်းစီခိုင်းတာ "

ထိုလူ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာသည်။

" ငါပြောတာ ရှင်းရှင်းလေး၊ မင်းရူးနေလား။ အပြင်မှာ အရမ်းပူတယ်လို့ ပြောပြီး အဆင်ပြေအောင် လုပ်ပေးဖို့ တောင်းဆိုနေတာကို မင်းဘာလို့ နားမလည်တာလဲ "

ယဲ့ဖန်က သူ့ကို မဟုတ်မမှန်စွပ်စွဲပြောဆိုနေသည်ကို ကြားတဲ့အခါ ဒေါသအရမ်းထွက်လာပြီး ရယ်လိုက်သည်။

" ကျန်တဲ့သူတွေလည်း ဒီမှာ တန်းစီနေတာကြာလှပြီ၊ ပူနေမှန်း မသိဘဲနေမလား။ မင်းက ရောက်လာတာနဲ့ တန်းစီတာကို ဘာလို့ဖြတ်တာလဲ "

ထိုလူက သူ့ကို အကဲခတ်ကြည့်လိုက်သည်။

" မင်းက တခြားမြို့ကလား "

ယဲ့ဖန်က သူ့အကြည့်ကို မရှောင်ဘဲ ပြန်ကြည့်လိုက်သည် ။

" ကျုံးဟိုင်က။ ဘာမှားလို့လဲ "

ထိုလူက ပြုံးပြီး ခေါင်းညိတ်သည်။

" မင်းငါ့ကို မသိတာ မဆန်းပါဘူး။ မင်းက တောသားပဲ။ ငါမင်းကို ပြောပြမယ် ငါ့နာမည်က ဆုန်းကျန်းဖေး။ ငါ့အဖေက ရုန်ကွမ်းနည်းပညာက ဆုန်းရုန်ကွမ်းပဲ။ မင်းရဲ့လိုင်းကိုဖြတ်လိုက်တာကတောင် မင်းကို မျက်နှာသာ ပေးနေတာ နားလည်လား။ မယုံရင် ငါ တန်းစီတာ ဖြတ်တာကို ကန့်ကွက်ရဲတဲ့သူရှိမရှိ သူတို့ကို မေးလို့ရတယ် "

သူက စကားပြောနေရင်း သူ့နောက်က တန်းစီနေတဲ့ လူတွေကို လက်ညှိုးထိုးပြလိုက်သည်။

ထိုလူအုပ်က သူတို့ကို ညွှန်ပြနေတာကို တွေ့တဲ့အခါ အားလုံးက ခေါင်းငုံ့ပြီး ငြိမ်နေကြသည်။

ဆုန်းမိသားစု၏ သခင်လေးကို ကြောက်နေကြသည်မှာ ထင်ရှားသည်။

ယဲ့ဖန်က အေးစက်စွာ ရယ်လိုက်သည်။

" ခင်ဗျားက ဆုန်းကျန်းဖေးမကလို့ ဆုန်းဂျွန်ကီဆိုရင်တောင် ဂရုမစိုက်ဘူး။ ကျွန်တော့်ရှေ့မှာ မျက်နှာသာလည်း မရှိဘူး။ သူတို့က ခင်ဗျားကို တန်းစီတာ ဖြတ်ခွင့်ပေးချင်ရင် သူတို့ရှေ့မှာ ဖြတ်လိုက်။ အခုအလှည့်ကျတာက ကျွန်တော်မလို့ ကျေးဇူးပြုပြီး ဘေးဖယ်လိုက် "

ဆုန်းကျန်းဖေး ချက်ချင်း ဒေါသထွက်သွားသည်။

" မင်းက အရိုက်ခံချင်နေတာလား "

သူက ချက်ချင်း လက်သီးများကို တင်းတင်းဆုပ်ထားကာ တိုက်ခိုက်တော့မည့်ပုံ ပြင်သည်။

အဝေးမှာ အနားယူနေတဲ့ လုရှောင်ရက ယဲ့ဖန် နောက်ကနေ ရုတ်တရက် ပေါ်လာသည်။

" ဘာလို့ ဒီလောက်တောင် ယုတ္တိမရှိရတာလဲ။ သူများကို ရိုက်ချင်သေးတာလား "

ဆုန်းကျန်းဖေးက လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေ တောက်ပလာသည်။

သူက အမျိုးသမီးများစွာနှင့် ကစားခဲ့ပြီး သူ့မျက်လုံးတွေကို အချိန်အတော်ကြာ လေ့ကျင့်ထားခဲ့တာ ဖြစ်သည်။

သို့သော် ထိုမိန်းကလေးကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

" အလှလေး ၊ မင်းနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်ကိစ္စကိုယ်လုပ်ဖို့ ငါမျှော်လင့်ပါတယ် "

လုရှောင်ရက ယဲ့ဖန်၏လက်ကို ဆွဲလိုက်သည်။

" သူက ကျွန်မရည်းစား။ ဘာလို့ ကျွန်မကိစ္စ မဟုတ်ရမှာလဲ "

ဆုန်းကျန်းဖေးက ထိုစကားကိုကြားသောအခါ သူက ပို၍ပင် မနာလိုဖြစ်လာသည်။

" မင်းရဲ့ရည်းစား ဟုတ်လား။ သူ အရိုက်ခံရတာကို မမြင်ချင်ဘူးဆိုရင် သူ့ကို ထိန်းပြီး မိုက်မဲတဲ့ စကားတွေ မပြောဖို့ တားတာက ပိုကောင်းလိမ့်မယ်။ မင်းနားလည်လား "

လုရှောင်ရ ဒေါသထွက်သွားသည်။

" ဘယ်လိုဖြစ်နေတာလဲ။ ဒါက ရှင့်အပြစ်ဆိုတာ ရှင်းနေတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် လူဖြောင့်ကြီး ဟန်ဆောင်နေတာလဲ "

ဆုန်းကျန်းဖေးက ရယ်မောလိုက်သည်။

" ငါ ယုံတာကတော့ ငါ သွားစရာရှိတာသွားမယ်။ ဒါပေမဲ့ ငါမသေနိုင်ဘူး။ မင်း နားလည်လား "

သူက စကားပြောနေရင်း ဝန်ထမ်းကို သူ၏ ID ကတ်နှင့် ဘဏ်ကတ်ကို ပေးခဲ့သည်။

" အရင်းအနှီးကို ချက်ချင်း အတည်ပြုပေးပါဦး "

အဆိုပါဝန်ထမ်းမှာ အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်ကာ ဆုန်းကျန်းဖေး၏ ID ကို အမြန် တလေးတစား ယူလိုက်သည်။

လုရှောင်ရ ချက်ချင်း ဒေါသထွက်သွားသည်။

" ရှင်တို့ရဲ့ Sotheby's လေလံအိမ်က ဒါကို ဘယ်လို စီမံနေတာလဲ။ သူ့လို တန်းစီတာကို ဖြတ်တဲ့သူကို ဘာလို့ စိစစ်ပေးနေတာလဲ "

ဝန်ထမ်းက တုံ့ဆိုင်းသွားသည်။

ဆုန်းကျန်းဖေးက ချက်ချင်း ထိုဝန်ထမ်းကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

" ကိုယ့်ဘာသာ ရွေး။ မင်း ဒီတစ်ယောက်ကို အရင်ကူညီချင်လား။ ဒါမှမဟုတ် ဒီမြို့သားဖြစ်တဲ့ ငါ့ကို အရင်ကူညီချင်လား။ သေသေချာချာ စဉ်းစား "

ဝန်ထမ်းက အားသာချက် အားနည်းချက်တွေကို ချိန်ဆနေသည်။

ဒီတခြားမြို့သားက ဘယ်လောက်ပဲ ချမ်းသာနေပါစေ တောင်ပိုင်းကွမ်တုန်းမှာ သူ သြဇာမရှိချေ။

သို့သော် ရုန်ကွမ်းနည်းပညာ၏ အိမ်ရှေ့မင်းသား ဆုန်းကျန်းဖေးကတော့ ကွဲပြားသည်။

သူ့လက်ချောင်းကို ရွှေ့လိုက်တာနဲ့ ယန်းချန်မှာ သူ ခြေချစရာနေရာတောင် ဆုံးရှုံးသွားစေနိုင်သည်။

အဲ့တာကိုတွေးပြီး သူက ယဲ့ဖန်ရဲ့ သက်သေခံIDကတ်ပြားကို ချက်ချင်း ပြန်ပေးလိုက်သည်။

" ကျွန်တော် ဆုန်းလူကြီးမင်းကို အရင်ကူညီလိုက်ပါ့မယ်။ ခဏစောင့်ပါဦး "

အပိုင်း ( ၅၃၂ )

ဘယ်သူ့ကို ပြဿနာရှာမိနေလဲဆိုတာ မသိဘူး၊ ဟုတ်တယ်မလား။

လုရှောင်ရက ဝန်ထမ်း၏ လုပ်ရပ်ကို မြင်သောအခါ ဒေါသထွက်သွားသည်။

" ဘယ်လိုဖြစ်တာလဲ။ သူကတော့ တန်းစီတာကို ကြားဖြတ်တဲ့သူဆိုတာ ထင်ရှားနေတာကို ဘာလို့ သူ့ကို အရင် စိစစ်ရမှာလဲ "

ဝန်ထမ်း၏ မျက်နှာထားက မည်းမှောင်သွားသည်။

" နည်းနည်းလောက် ကြာအောင်စောင့်လိုက်တာနဲ့ သေမှာမှ မဟုတ်တာ "

လုရှောင်ရ ဒေါသထွက်သွားသည်။

" ရှင် ဘာကိုပြောတာလဲ။ နည်းနည်းကြာအောင်စောင့်ဆိုတာက ဘာကိုဆိုလိုတာလဲ။ ဒါက ရှင့်ရဲ့ အလုပ်အပေါ်သဘောထားလား။ ရှင်တို့ရဲ့ ခေါင်းဆောင်ကို သွားခေါ်လိုက် "

ထိုဝန်ထမ်းက ဆုန်းကျန်းဖေး၏ ပံ့ပိုးမှု ရှိနေတာကြောင့် သူက ယဲ့ဖန်နှင့် လုရှောင်ရတို့ကို သူ့မျက်လုံးထဲမှာ လုံးဝမထည့်ပေ။

သူမစကားကို ကြားတဲ့အခါ သူက စားပွဲကို ဘန်းခနဲ ရိုက်ချလိုက်သည်။

" ဒါက ကျွန်တော့်ရဲ့ အလုပ်သဘောထားပဲ။ ဘာဖြစ်လဲ။ စိစစ်ခံချင်ရင်တော့ စောင့်။ မစောင့်နိုင်ရင်သွားလိုက်တော့ "

လုရှောင်ရက ယုတ္တိမတန်တဲ့ လူနှင့် တွေ့နေရသောအခါ စကားမပြောနိုင်လောက်အောင် ဒေါသထွက်သွားသည်။

ယဲ့ဖန်၏ အကြည့်တွေက စူးရှလာသည်။

သူက ဝန်ထမ်းကို စိုက်ကြည့်နေသည်။

" အခု ခင်ဗျားပြောတာတွေကို ကောင်းကောင်းမှတ်ထား "

ဝန်ထမ်းက မကြောက်မရွံ့ လှောင်ပြောင်လေသည်။

" ငါ မှတ်ထားမယ်။ မင်းငါ့ကို ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်ရအောင် "

ဆုန်းကျန်းဖေးက သူတို့နှစ်ယောက်ကို စူးစူးရဲရဲကြည့်ရင်း ပြောသည်။

" မင်းတို့ နယ်ခြားသားနှစ်ယောက်က ယန်းချန်မှာ ဆရာလာလုပ်ချင်နေတာလား။ ကိုယ့်ကိုယ်ကိုယ် အကောင်ကြီးလို့များ ထင်နေလား။ ငါဒီနေ့ ဒီမှာရပ်ပြီး မင်းတို့ သူ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင် "

သူစကားပြောပြီးသည်နှင့် အနောက်မှ လူတစ်ယောက်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

" အဲ့အရှေ့မှာ ယဲ့လူကြီးမင်းလား "

ယဲ့ဖန် လှည့်ကြည့်လိုက်တဲ့အခါ ယောက်ျားတစ်ယောက် ဦးဆောင်တဲ့ လူလတ်ပိုင်းလူတစ်စုက သူတို့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။

ထိုလူက ဟူရန်လူချမ်းသာစာရင်းမှ ဟုရွမ်ယုဖြစ်သည်။

" မင်္ဂလာပါ ဟုလူကြီးမင်း၊ မတွေ့တာကြာပြီ "

ဟုရွမ်ယုက အရှိန်မြှင့်လျှောက်လာသည်။

" တကယ် ယဲ့လူကြီးမင်းလား။ ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး "

ယဲ့ဖန်က သူ့ကို လက်ဆွဲနှုတ်ဆက်သည်။

ထိုအခါ သူက မထိန်းနိုင်ဘဲ စပ်စုသည်။

" ဟုလူကြီးမင်း ဘာလို့ ဒီကိုရောက်နေတာလဲ "

" ဒီတစ်ခါအခမ်းအနားကို တက်ရောက်ပေးဖို့ ဖိတ်ကြားခံရထားလို့ ဒီနေ့ ဖိတ်စာတစ်စောင် လာယူတာပါ ........ "

ဟုရွမ်ယုက အမြန် ရှင်းပြသည်။

သူပြောသည့်အတိုင်း လှည့်ပတ်ကြည့်သည်။

" ဒီ Sotheby's လေလံအိမ်က ဘာတွေလုပ်နေတာလဲ။ ဘယ်လိုလုပ်ပြီး ယဲ့လူကြီးမင်းကို ဒီမှာ တန်းစီခိုင်းရတာလဲ "

ယဲ့ဖန် ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဒီမှာ တခြားလူတွေလည်း တန်းစီနေတာဆိုတော့ စည်းကမ်းကို မချိုးဖောက်ချင်ပါဘူး။ ဘယ်သူကမှ တန်းစီတာကို မဖြတ်သရွေ့တော့ စိတ်ပျော်ရမှာပဲ "

ထို့နောက် ဟုရွမ်ယုက သူ့ဘေးနားက အခြေအနေကို သတိထားမိသွားပြီး သူ့မျက်နှာထားက မည်းမှောင်သွားသည်။

" ဘာတွေဖြစ်နေတာလဲ "

လုရှောင်ရက အမြန် ချက်ချင်း ရှင်းပြသည်။

ဆုန်းကျန်းဖေးက ဟုရွမ်ယုကို မြင်တဲ့အခါ အနည်းငယ် ထိတ်လန့်သွားသည်။

ဟူရန် လူချမ်းသာစာရင်းတာဝန်ခံ ဟုရွမ်ယုကို သူသေချာပေါက် သိသည်။

သို့သော်၊ သူ့အဖေ ဆုန်းရုန်ကွမ်း၏ ချမ်းသာကြွယ်ဝမှုက ယန်းချန်လူချမ်းသာစာရင်းတွင် အောက်ခြေအဆင့်တွင်သာ ရပ်တည်နိုင်ခဲ့သည်။

ဟုရွမ်ယုက ယဲ့ဖန်အပေါ် ရိုကျိုးလေးစားနေတာကို မြင်လိုက်ရတော့ သူ အံ့ဩသွားသည်။

" မင်္ဂလာပါ ဟုလူကြီးမင်း။ ကျွန်တော်က ဆုန်းရုန်ကွမ်းရဲ့သား ဆုန်းကျန်းဖေးပါ။ တန်းစီတာ ဖြတ်တာက အသေးအဖွဲကိစ္စပဲ မဟုတ်ဘူးလား။ ဘာလို့လူတိုင်းရဲ့မျက်နှာထားက ပျက်နေရမှာလဲ "

သူက သူ့အထောက်အထားကို ပထမဆုံးထုတ်ဖော်ပြီး ဟုရွမ်ယုကို သွယ်ဝိုက်ဖိအားပေးခဲ့သည်။

တစ်နည်းဆိုရသော် 'မင်း ငါ့ကိုလာမထိခင် နှစ်ခါပြန်စဉ်းစားရင် ပိုကောင်းမယ်' ဟု သူပြောနေသကဲ့သို့ ဖြစ်နေသည်။

သူက ဒီကလေးနဲ့ ဆုန်းမိသားစုကို ဆန့်ကျင်ရဲမှာလား။

ဟုရွမ်ယုက သူ့ကိုကြားပြီး ချက်ချင်း အော်လိုက်သည်။

" အသေးအဖွဲတဲ့လား။ ဘယ်လောက် တရားမဲ့လိုက်လဲ။ လူတိုင်းက နာခံမှုအပြည့်နဲ့ တန်းစီနေကြတာကို မင်းက ဖြတ်တာလေ။ ဘယ်လိုလုပ်ပြီး ကျိုးကြောင်းဆီလျော်နိုင်မှာလဲ "

ဆုန်းကျန်းဖေး မျက်မှောင်ကြုတ်လိုက်သည်။

" ဟုလူကြီးမင်း၊ ခင်ဗျား ဒီကလေးဘက်က ရပ်တည်ပြီး ဆုန်းမိသားစုကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား "

ဟုရွမ်ယုက နောင်တရခြင်းမရှိကာ သူ့ကိုပင် ခြိမ်းခြောက်ရဲသည်ကို မြင်ပြီး ချက်ချင်း ဒေါသ ထွက်သွားသည်။

" ကျွန်တော်က ဘယ်သူ့အတွက်မှ မရပ်တည်ပါဘူး။ ကျွန်တော် မင်းကို ကျိုးကြောင်းဆင်ခြင်အောင် လုပ်ဖို့ ပြောနေတာ။ ကျေးဇူးပြုပြီး တန်းစီတာကို အနောက် ချက်ချင်းသွားပေးပါ "

ဆုန်းကျန်းဖေးက လူအများရှေ့မှာ သူ့ကို ကြိမ်းမောင်းခံရတာကြောင့် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

" ဟုရွမ်ယု၊ ငါ မင်းကို မျက်နှာသာပေးပြီး ဟုလူကြီးမင်းလို့ ခေါ်လိုက်တာနဲ့ ကိုယ့်ဘာကိုယ် ဟုတ်လှပြီ ထင်နေတာလား။ မင်းက ငါ့ကို သင်ခန်းစာ ပေးချင်နေရအောင် လုပ်ပိုင်ခွင့်ရှိတယ် ထင်နေလား။ ကိုယ့်နေရာကိုယ် သိစမ်းပါ "

ဟုရွမ်ယုက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှ ဟူရန်လူချမ်းသာစာရင်း၏ အထွေထွေမန်နေဂျာဖြစ်တာကြောင့် စီးပွားရေးလောကတွင် သြဇာကြီးမားသူဖြစ်သည်။

သို့သော် ကိုယ်ပိုင် ကြွယ်ဝမှုအရ ယှဉ်လျှင် သူက ဆုန်းမိသားစုနှင့် မယှဉ်နိုင်ချေ။

ထို့ကြောင့် ဆုန်းကျန်းဖေးက တစ်ဖက်သူကို အလေးအနက်မထားခဲ့ပေ။

ဟုရွမ်ယု ဒေါသအရမ်းထွက်ပြီး ရယ်လိုက်သည်။

" မင်းက တကယ်ကို ကိုက်တတ်တဲ့ခွေးပဲ။ ကြင်နာမှုကို ဘယ်လိုတန်ဖိုးထားရမှန်းမသိဘူး။ ငါက ဒီလိုပြောပေးနေတာ အားလုံးက ဆုန်းမိသားစုရဲ့ ကောင်းကျိုးအတွက်ပဲ။ မင်း ဘယ်သူ့ကို စော်ကားခဲ့တာလဲဆိုတာ မင်းမသိဘူး မဟုတ်လား "

ဆုန်းကျန်းဖေးက ယဲ့ဖန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

" ခင်ဗျား ကျုပ်ကို လာခြောက်ဖို့ ကြိုးစားနေတာလား။ တခြားမြို့က ခွေးသားလေးက ကျုပ်ရှေ့မှာ သူဌေးတစ်ယောက်လို လုပ်ချင်နေသေးတာလား။ ကျုပ် ဆုန်းကျန်းဖေးက ကြောက်မယ်လို့ ထင်နေလား။ ကျုပ်ဘက်က ရှုံးတာကို ဝန်ခံရင် သူ့မြေးလို ရိုသေပေးလိုက်ဦးမယ် "

ဟုရွမ်ယုက သူနဲ့စကားပြောဖို့ အချိန်မဖြုန်းတော့ပေ။ သူက ယဲ့ဖန်ဘက်သို့ ချက်ချင်းလှည့်လိုက်သည်။

" ပြောဖို့မေ့သွားတယ်။ ဒီလေလံပွဲကို ချန်းချုံရှန်းက လက်ခံကျင်းပတာပါ။ အထဲမှာ သူ အလုပ်ရှုပ်နေတာဖြစ်မယ်။ ငါ အခု သူ့ကို ခေါ်လိုက်မယ် "

ယဲ့ဖန်က သူ့ကို မတားပေ။ အေးစက်စွာပဲ ကြည့်နေသည်။

ဟုရွမ်ယုဖုန်းဆက်ပြီး မကြာခင်မှာပဲ ချန်းချုံရှန်း အမြန်ထွက်လာတာကို သူတို့ တွေ့လိုက်ရသည်။

" ယဲ့ညီလေးလား။ ဒီလေလံပွဲမှာ မင်းပါဝင်မယ်လို့ ငါမမျှော်လင့်ထားဘူး "

ချန်းချုံရှန်းက လျင်မြန်စွာ လျှောက်လာပြီး ယဲ့ဖန်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

ချန်းချုံရှန်း ပေါ်လာတာကို မြင်လိုက်ရတော့ ဆုန်းကျန်းဖေးရဲ့ အမူအရာက ပြောင်းသွားတော့သည်။

ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့ရဲ့ အင်အားအခြေအနေက မတူပေ။

ဟုရွမ်ယုက ကျယ်ပြန့်သော အချိတ်အဆက်နှင့် သြဇာကြီးမားသော်လည်း ဆုန်းမိသားစုက သူ့လို ငွေကြေးအရာမှာ နိမ့်ပါးတဲ့သူကို ကြောက်ရန် မလိုချေ။

သို့သော် ဒီလေလံပွဲကို လက်ခံကျင်းပနေတဲ့ တာဝန်ခံ ချန်းချုံရှန်းမှာကတော့ ပြောပိုင်ခွင့်တွေ များစွာရှိလေသည်။

ဆုန်းမိသားစုပင်လျှင် သူနှင့် လိုက်လျောညီထွေဖြစ်အောင် ဂရုစိုက်ရပေမည်။

ချန်းချုံရှန်းက ယဲ့ဖန်အပေါ်ထားတဲ့ သဘောထားကို မြင်တဲ့အခါ သူ အရမ်း အံ့ဩသွားသည်။

ဒီလူငယ်က ဘယ်သူမလို့လဲ။

ချန်းချုံရှန်းက သူ့ကို ဘာလို့ အဲ့လောက် လေးစားနေရတာလဲ။

မှတ်ပုံတင်နေတဲ့ အရာရှိက ကြောက်လွန်းလို့ မျက်နှာပင် ဖြူဖျော့သွားသည်။

အစက ယဲ့ဖန်ကို မြို့ခြားမှ ကောင်ငယ်လေး တစ်ဦးဟုသာ ထင်ခဲ့လေသည်။

သူ့မှာ ဆုန်းကျန်းဖေးက ကျောထောက်နောက်ခံထားဖြစ်လို့ ဘာမှ မကြောက်ခဲ့ပေ။

သို့သော် အခုအချိန်တွင် ချန်းချုံရှန်းက ထိုလူငယ်အား အလွန်ရိုသေလေးစားနေပုံကို မြင်လိုက်အခါ သိလိုက်ရသည်။

သူက ခြေသလုံးမှားဖက်မိသွားပြီ ဖြစ်သည်။

သူ့မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေခဲ့သည်။

All Chapters