အပိုင်း ၅၃၇-၅၄၀
Vol. 27 Ch. 537-540
အပိုင်း ( ၅၃၇ )
ဘယ်သူက ဒီလိုဩဇာညောင်းမှုကြီးကို ခံနိုင်မှာလဲ
ဝေ့ချန်းဖန်းနှင့် အခြားသူများက အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်ကြသည်။
အနီးကပ်ကြည့်လိုက်တော့ အပစ်ခံလိုက်ရတဲ့သူက လက်ဆောင်ပေးဖို့ လွှတ်လိုက်တဲ့ ယန်းဝမ်ဟောက် မဟုတ်ဘူးလား။
လူတိုင်း အံ့အားသင့်ပြီး မော့ကြည့်လိုက်သည်။
ထိုအခါ ယဲ့ဖန်က ဖြည်းဖြည်းချင်း ဝင်လာသည်။
" ဝေ့လူကြီးမင်း၊ မတွေ့တာကြာပြီနော် "
ဝေ့ချန်းဖန်း၏ မျက်လုံးများတွင် အေးစက်တဲ့ အလင်းရောင်တစ်ခု လက်သွားသည်။
" ယဲ့ဖန်၊ မင်း ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန်က သူ့မျက်နှာမှာ အန္တရာယ်ကင်းရိုးသားတဲ့ အပြုံးလေးတစ်ခု ရှိနေသည်။
" ဝေ့လူကြီးမင်း၊ နားလည်မှုမလွဲပါနဲ့။ ကျွန်တော် ခင်ဗျားရဲ့ လက်ဆောင်ကို လက်ခံရရှိပြီးတော့ ဝမ်းသာပီတိဖြစ်တာကြောင့် ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြောဖို့ လာခဲ့တာပါ "
ဝေ့ချန်းဖန်းဘေးမှာ ရပ်နေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က ဒေါသတကြီးနဲ့ ချက်ချင်း ပြောလာသည်။
" ဒါက မင်းရဲ့ကျေးဇူးကို ဖော်ပြနေတာလား။ မင်း ငါတို့ကို တမင်တကာ နှောင့်ယှက်နေတာလို့ပဲ ငါထင်တယ် "
ယဲ့ဖန်က သူမကို ကြည့်လိုက်သည်။
" ခင်ဗျားနာမည်ကို မေးလို့ရမလား "
ထိုမိန်းမက ရွဲ့လေသည်။
" ဘာလဲ။ မင်းက ငါ့ကို လက်စားချေချင်တာလား။ ငါပြောလိုက်လို့ ဘာမှဖြစ်မသွားဘူး။ ငါက တိုဂုကဝ လေလံကုမ္ပဏီရဲ့ ဥက္ကဌ ကောရှင်းပဲ "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ကောရှင်းတဲ့လား။ ခင်ဗျားက တကယ်တော်တဲ့ ခွေးတစ်ကောင်ပဲ။ ယဲ့လူကြီးမင်းက ဘာမှ မပြောရသေးတာတောင် သစ္စာစောင့်သိမှုကို ပြဖို့ အလျင်လိုနေပြီလား "
ကောရှင်းက ချက်ချင်း ဒေါသထွက်သွားသည်။
" ဘယ်သူ့ကို ခွေးလို့ ခေါ်နေတာလဲ "
ယဲ့ဖန်က ရယ်ချင်တာကို ထိန်းလိုက်သည်။
" ခင်ဗျားနာမည်က ခွေးမဟုတ်ဘူးလား။ ခုနက ခွေးလို့ ပြောလိုက်တယ် ထင်နေတာ "
ကောရှင်းက ပို၍ပင် ဒေါသထွက်သွားသည်။
" ငါက စေ့စပ်သေချာတဲ့ ကောရှင်းပဲ "
ယဲ့ဖန်က သူ့နားဖာချေးကို တူးသလို နားကို ကော်လိုက်သည်။
" ဘာ။ လိုရင် ကိုယ်လုံးတီးချွတ်ပေးတဲ့ ခွေးတဲ့လား "
ကောရှင်းက ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေသော်လည်း သူမက လျင်မြန်စွာ ငြိမ်သက်သွားပြီး အေးစက်တဲ့အပြုံးကို ပြုံးလိုက်သည်။
" ကောလဟာလသတင်းတွေထဲက ယဲ့လူကြီးမင်းက ဒီလို ပါးစပ်စည်းမဲ့တဲ့သူတစ်ယောက် ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ မိန်းမတစ်ယောက်ကို ဒီလို ညစ်ညမ်းတဲ့ စကားတွေ ပြောရဲတယ်လား "
ယဲ့ဖန်က မရယ်ဘဲ မနေနိုင်ပေ။
" ကျွန်တော့်အမြင်မှာ ယောက်ျား၊ မိန်းမ မရှိပါဘူး။ မိတ်ဆွေနဲ့ ရန်သူဆိုတာပဲ ရှိတယ်။ ခင်ဗျားက ခုန်ထွက်လာပြီး ဟောင်နေမှတော့ ခင်ဗျားရဲ့ ခွေးအဲ့ကျပါးစပ်ကို ဖြဲပေးရင် ကျွန်တော့်ကို အပြစ်မတင်နဲ့ "
ကောရှင်း ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေသည်။
" ယဲ့ဖန်၊ မင်း... မင်းနဲ့က ရန်ဘက်ပဲ "
သူမက ပြောပြီးသည်နှင့် အပြင်မှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
" ဘယ်သူက ယဲ့လူကြီးမင်းနဲ့ ရန်ဘက်ဖြစ်ချင်တာလဲ "
သူ့စကားသံ ပြီးသွားသည်နှင့် အပြင်ဘက်မှ ချန်းချုံရှန်းဝင်လာသည်ကို သူမ တွေ့လိုက်ရသည်။
ကောရှင်းက သူ့ကိုမြင်လိုက်ရတဲ့အခါ သူမ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
" ချန်းလူကြီးမင်းလား "
ချန်းချုံရှန်းက တောင်ပိုင်းကွမ်တုန်းပြည်နယ် လေလံလုပ်ငန်းမှာ လူသိများသော ပုဂ္ဂိုလ်ဖြစ်သည်။
သူတို့ရဲ့ တိုဂုကဝ လေလံကုမ္ပဏီတောင်မှ တစ်ဖက်သားရဲ့ သဘောထားကို အမြဲထည့်သွင်းစဉ်းစားရမှာ ဖြစ်သည်။
သူ့ကို ဒီမှာတွေ့မယ်လို့ သူမ မမျှော်လင့်ထားပေ။
ချန်းချုံရှန်းက သူမကို မထီမဲ့မြင် စိုက်ကြည့်နေသည်။
" ဒါက တိုဂုကဝ လေလံအိမ်က ဥက္ကဌကောလား။ ငါတို့ မတွေ့တာ ရက်တော်တော်ကြာတော့ မင်းရဲ့အသံက ပိုကျယ်လာတာပဲ။ လူတွေကို ခြောက်လို့တောင်ရပြီ။ ဒီနေ့ ဒီမှာပြောလိုက်မယ် ယဲ့လူကြီးမင်းနဲ့ မသင့်မြတ်ဘူးဆိုတဲ့သူတွေက ငါနဲ့လည်း မသင့်မြတ်နိုင်ဘူးဘဲ "
ကောရှင်း၏ အမူအရာက တစ်ဖန်ပြောင်းလဲသွားပြီး သူမက အလွန်ထိတ်လန့်သွားကာ စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
သူမက ယဲ့ဖန်ကို ပြန်ပြောရဲရခြင်းမှာ ဝေ့ချန်းဖန်းကို သစ္စာခံထားတဲ့အပြင် ယဲ့ဖန်က လေလံလောကမှာ သြဇာလွှမ်းမိုးမှုမရှိကြောင်း သူမ သိထားကာ ယဲ့ဖန်က သူမလုံးဝလုပ်ငန်းအတွက် ခြိမ်းခြောက်မှုမဟုတ်ဟု မှတ်ယူထားသည်။
ဒါပေမယ့် ချန်းချုံရှန်းကတော့ မတူပေ။
တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ လေလံလုပ်ငန်း၏ ခေါင်းဆောင်အနေဖြင့် Sotheby လေလံကုမ္ပဏီက သူမကို ချေမှုန်းရန် အစွမ်းအစရှိသည်မှာ သေချာသည်။
ထိုအချိန်တွင် သူမဘေးတွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချက်ချင်း အကူအညီပေးရန် ခြေလှမ်းပြင်လာသည်။
သူက ချန်းချုံရှန်းကို အော်လိုက်သည်။
" ချန်းချုံရှန်း၊ မင်းက တော်တော် မာနကြီးတာပဲ။ ယန်းချန်မှာ မင်းနောက်ဆုံးပြောခဲ့တာက အတည်လို့ မင်း တကယ်ထင်နေတာလား "
ချန်းချုံရှန်းက သူ့ကို စိုက်ကြည့်နေသည်။။
" မင်းက ဘယ်သူလဲ "
ထိုလူက ကြောက်ရွံ့မှု တစ်စုံတစ်ရာကို မပြဘဲ ပြန်လှည့်ကြည့်သည်။
" ကြယ်ရောင်အချက်အလက်ကုမ္ပဏီက ကျန်းဟုန်ရွှမ်း။ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါ့နယ်မြေထဲကိုတော့ မရောက်နိုင်ဘူး မဟုတ်လား "
သူက ပြောပြီးသည်နှင့် အပြင်မှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
" ချန်းချုံရှန်းရဲ့လက်က မင်းကို မရောက်နိုင်ပေမယ့် ငါ့လက်ကရော ရောက်နိုင်ပါ့မလား"
သူ့စကားပြောပြီးသည်နှင့် ဟုရွမ်ယု တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသည်ကိုတွေ့လိုက်ရသည်။
ကျန်းဟုန်ရွှမ်းက သူ့ကိုမြင်တော့ ထိတ်လန့်သွားသည်။
" ဟူလူကြီးမင်း ....... ဘာလို့ ဒီကိုရောက်နေတာလဲ "
ဟူရန်လူချမ်းသာစာရင်းက ကြယ်ရောင်အချက်အလက်ကုမ္ပဏီ၏ ဖောက်သည်ကြီးဖြစ်သည်။
ယန်းချန် စီးပွားရေးလမ်းကြောင်းများနှင့် ပတ်သက်သည့် ဒေတာအများစုကို ကြယ်ရောင်အချက်အလက်ကုမ္ပဏီမှ လုပ်ဆောင်ခြင်းဖြစ်သည်။
ဟုရွမ်ယုက သူတို့၏ လုပ်ငန်းပေးနေတဲ့ဖခင်ဟု ဆိုနိုင်သည်။
သူက ယဲ့ဖန်နဲ့ ဘယ်လိုပတ်သက်တာလဲ။ ဟုရွမ်ယုက သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်း ဝေ့ချန်းဖန်းနဲ့ ပေါင်းနေတယ်ဆိုတာ ငါကြားတယ်။ ဒီနေ့ မင်းကိုတွေ့လိုက်ရတော့ မင်းက တကယ်ကို အထင်ကြီးစရာပဲ။ ငါတို့ ဟူရန်လို အသေးစားဖောက်သည်တွေကို မကြိုက်ပုံရတယ် "
ကျန်းဟုန်ရွှမ်းက ထိတ်လန့်သွားပြီး သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" လူကြီးမင်း၊ မဟုတ်ပါဘူး မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့။ လူကြီးမင်းက ကြယ်ရောင်အချက်အလက်ကုမ္ပဏီရဲ့ ကံကြမ္မာပါ။ လူကြီးမင်းကို ကျွန်တော်က ဘယ်လိုလုပ် မကြိုက်ဘဲနေမှာလဲ "
ဟုရွမ်ယုက ယဲ့ဖန်၏နောက်သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
" ဒါဆို မင်းကိုယ်တိုင် ဆုံးဖြတ်ချက် ချလိုက်။ မင်းက ငါ့ကို ဖောက်သည်တစ်ယောက်အဖြစ် ထားချင်သေးလား ဒါမှမဟုတ် ယဲ့လူကြီးမင်းနဲ့ ရန်သူဖြစ်ချင်လား "
ကျန်းဟုန်ရွှမ်း အံ့သြသွားသည်။
" လူကြီးမင်းတို့နှစ်ယောက်ကြားက ဘာဆက်နွယ်မှုတွေရှိလို့လဲ "
ဟုရွမ်ယုက သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ယဲ့လူကြီးမင်းက ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းပဲ။ သူ့ရန်သူဆိုရင်တော့ ငါ့ရန်သူဖြစ်လာမှာ "
ကျန်းဟုန်ရွှမ်းက အကျပ်ရိုက်နေသည်။
သူက ဝေ့ချန်းဖန်းကို ကြည့်ပြီး နောက်ပြန်လှည့်ကြည့်တော့ ဟုရွမ်ယုနဲ့ ယဲ့ဖန်တို့က အေးစက်စွာ ကြည့်နေသည်။ ချွေးတွေ သူ့ကျောပြင်ပေါ် ရွှဲလာရတော့သည်။
နှစ်ဖက်လုံးက သူ စော်ကားရန် မတတ်နိုင်သော လူများဖြစ်ကြသည်။ သူ အရမ်းကို နောင်တရနေပြီဖြစ်သည်။
ဒီညစာစားပွဲကို သူ ဘာလို့ လာတက်မိတာလဲ။ သူဘာလို့ ဒီလောက်ပြောလိုက်တာလဲ။ ဒါက ကိုယ့်သေတွင်းကိုယ်တူးတာ မဟုတ်ဘူးလား။
ထိုအချိန်မှာ ဝေ့ချန်းဖန်းက ရုတ်တရက် အေးစက်စက် အော်ပြောလိုက်သည်။
" တော်လောက်ပြီ။ ယဲ့ဖန် မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ "
နောက်ဆုံးတော့ ယဲ့ဖန် စကားပြောဖို့ အလှည့်ရောက်လာပြီဖြစ်သည်။
သူက ထမင်းစားပွဲဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ယန်းဝမ်ဟောက်၏ ခြေကျင်းဝတ်ကနေ ခွေးသေတစ်ကောင်လို ဆွဲကာ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
ထို့နောက် လက်ထဲက ကြေးခေါင်းလောင်းကို ထမင်းစားပွဲပေါ်သို့ ထုရိုက်လိုက်သည်။
ဒူ ..........
ကြေးခေါင်းလောင်းကြီးက ကျယ်လောင်တဲ့ မြည်သံ ထွက်လာပြီး လူတိုင်း၏ နားစည်ကို နာကျင်သွားစေသည်။
ချက်ချင်း ခိုင်ခံ့လှသော မက်မွန်သား ထမင်းစားပွဲကြီးက အလယ်မှ ကွဲအက်သွားပြီး ကျယ်လောင်သော အသံနှင့်အတူ ကျိုးကျသွားတော့သည်။
စားပွဲပေါ်ရှိ အိုးခွက်ပန်းကန်များက မြေပြင်ပေါ်သို့ ကျသွားသည်။
ဒီလိုအင်အားက တကယ် ကြောက်စရာကောင်းလှသည်။
ရှိနေသူအားလုံးက ကြောက်လန့်သွားကာ မျက်နှာများ ဖြူဖျော့သွားကြသည်။
တစ်ချို့က အလွန်ကြောက်စရာကောင်းနေတာကြောင့် တုန်တုန်ယင်ယင်နဲ့ အရင်ထွက်သွားချင်ကြသည်။
" ကျေးဇူးကို ပြန်ဆပ်ရတာ အကောင်းဆုံးပဲ။ ဝေ့လူကြီးမင်းက ကျွန်တော့်ကို ဒီလို လက်ဆောင်ကြီးကြီးပေးတဲ့အတွက် ကျေးဇူးပြန်တင်ရမှာပေါ့ "
ဝေ့ချန်းဖန်းကို ကြည့်ရင်း ယဲ့ဖန်က သူ့မျက်နှာပေါ်တွင် အန္တရာယ်ကင်းရိုးသားတဲ့ အပြုံးမျိုး ပြုံးလိုက်သည်။
သို့သော် ကြုံလိုက်ရသူတိုင်းက မမြင်နိုင်သော ဖိအားတစ်ခုကို ခံစားခဲ့ရသည်။
အထူးသဖြင့် ဝေ့ချန်းဖန်းဘက်တော်သားတွေရဲ့ အမူအရာတွေက သိသိသာသာ ပြောင်းလဲသွားသည်။
အစောပိုင်းမှာ ယဲ့ဖန်က ဘယ်လောက်ငယ်လဲဆိုတာ မြင်လိုက်ရတဲ့အခါ သူတို့က အထင်သေးကြသည်။
အခုမှ တစ်ဖက်သူရဲ့ အားကြီးတဲ့ဩဇာကို ခံစားမိတာဖြစ်သည်။
နျုံစစ်သွမ်းကို အနိုင်ယူထားတဲ့သူ ပီသပါပေတယ်။
ဘယ်သူက ဒီလို ဘုရင်ဆန်ဆန်ဩဇာညောင်းမှုကြီးကို ခံနိုင်ရည်ရှိမှာလဲ။
အပိုင်း ( ၅၃၈ )
ငါနဲ့ဆိုရင်ရော လုံလောက်လား
ဝေ့ချန်းဖန်းက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
သူ့မျက်လုံးထဲမှ သတ်ပစ်ချင်စိတ်ကို ဖုံးကွယ်မထားနိုင်ပေ။
" ယဲ့ဖန်၊ မင်းက ယန်းချန်ကို အခုမှပဲ ခြေကုပ်ယူရရုံပဲ ရှိသေးတာကို ငါ့ဆီ ဓားရွယ်ချင်နေတာလား "
ယဲ့ဖန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
" အဲ့ဒီလိုလုပ်ဖို့ ကျွန်တော် မစီစဉ်ထားပေမယ့် တစ်ယောက်ယောက်က ကျွန်တော့်လည်ပင်းမှာ ဓားလာထောက်မှတော့ သေမှာကို ထိုင်စောင့် မနေနိုင်ဘူး။ သူ့ဓားကို ပြန်ယူပြီး တဇွက်ဇွက် ပြန်ထိုးပေးလိုက်ရုံပဲ "
ဝေ့ချန်းဖန်းက သူ့စကားကို ကြားသောအခါ ချက်ချင်း လှောင်ပြောင်ရယ်မောခဲ့သည်။
" ဟားဟားဟားဟားဟား။ ဒါက ကျုံးဟိုင်လို့ မင်းထင်နေလား။ မင်းက ဒီမှာ ကြမ်းကြမ်းတမ်းတမ်း လာလုပ်ပြချင်နေသေးတယ်။ မင်းက ငါ့ကို ဓားနဲ့ပြန် ထိုးချင်သေးတာလား။ မင်းက အဲ့လိုလုပ်ဖို့ ထိုက်တန်ရဲ့လား "
သူ့နောက်မှာ ရပ်နေတဲ့ လူတစ်စုကလည်း ရယ်မောလိုက်ကြသည်။
" ဒီကလေးက တကယ်ကို သတ္တိရှိတာပဲ။ ယန်းချန်မှာရှိတဲ့ ဝေ့လူကြီးမင်းရဲ့ အင်အားကိုတောင် မသိဘဲ နယ်ခြားမှာ အာဏာလာပြချင်နေသေးတယ် "
" ဟုတ်တယ်။ ဒါ ဘယ်သူ့နယ်မြေလဲဆိုတာ မသိဘဲ ဒီလိုစကားကြီး စကားကျယ် ပြောရဲသေးတယ်။ လေတိုက်လွန်ပြီူ မင်းလျှာကို ထိခိုက်မှာ မကြောက်ဘူးလား "
" ဒီကလေးက ကျုံးဟိုင်မှာ ဟိုထောင်ထောင် ဒီထောင်ထောင် လုပ်လေ့ရှိတယ်လို့ ထင်တယ်။ တခြားသူရဲ့ နယ်မြေကို ရောက်တဲ့အခါ ဘယ်လိုရိုကျိုးရမလဲဆိုတာ နားမလည်ဘူး "
" မင်းက နျုံစစ်သွမ်းကို ကံကောင်းလို့ နိုင်သွားရုံနဲ့ အရာရာ လက်ဝါးကြီးအုပ်နိုင်မယ်လို့ ထင်နေတာလား။ ယန်းချန်မှာတော့ မင်းက နဂါးတစ်ကောင်ဖြစ်နေရင်တောင် ခွေနေရမယ်။ ကျားဆိုရင် လှဲအိပ်နေရမယ်။ ဝေ့လူကြီးမင်းက ဒီမှာ နောက်ဆုံးပြောခွင့်ရှိတဲ့သူပဲ "
" သားလေး၊ အရမ်းကြီး မာနမကြီးနဲ့။ ဝေ့လူကြီးမင်းက ဘာမှမလုပ်ဘဲ မင်းကို အပိုင်းပိုင်းဖြတ်နိုင်တယ် "
ယဲ့ဖန်က လူတိုင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း သူ့အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။
" နယ်ခြားသားဆိုတော့ ခင်ဗျားတို့က အနိုင်ကျင့်လို့ ရကြေးလား။ ကောင်းပြီ၊ လာစမ်းပါ။ နယ်ခြားသားဆိုပေမဲ့ ခင်ဗျားတို့ အမေကို မမှတ်မိအောင်ထိ ရိုက်နိုင်မလား ကြည့်ရအောင် "
လူတိုင်းက သူ၏ စူးရှတဲ့ အကြည့်များကို တွေ့လိုက်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူတို့ မသိစိတ်ထဲက အဲ့အကြည့်ကို ရှောင်ချင်ကြသည်။
သို့သော် သူတို့က အမြန်တုံ့ပြန်ကြသည်။ သူတို့ဘက်မှာ လူတွေ အများကြီးရှိလေသည်။
အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ကို ဘာလို့ကြောက်နေရမှာလဲ။
ဒီစကားတွေ အပြင်ထွက်လာရင် ဘယ်လောက် ရှက်စရာကောင်းမလဲ။
အဲ့တာကိုတွေးပြီး ထပ်အော်ဟစ်ကြပြန်သည်။
" ဘာကိုကြောက်ရမှာလဲ၊ သတ္တိရှိရင် လာစမ်းပါ။ ငါတို့ကို မင်းက ဘယ်လိုနင်းချေမလဲ ကြည့်ရအောင် "
" ဒီလို မာနကြီးတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး။ ငါတို့အားလုံးကို စိန်ခေါ်ရဲတယ်တဲ့။ ဘယ်လောက်တောင် အိပ်မက်မက်နေရတာလဲ "
" သူက အထင်ကြီးလွန်းနေတာ။ ငါတို့က သူ့ကို သင်ခန်းစာ သင်ပေးသင့်နေပြီ။ ယန်းချန်က ဘယ်သူ့နယ်မြေလဲဆိုတာ သူ့ကို ပြောပြသင့်တယ် "
" ဘာလို့ မင်း ကိုယ့်အစွမ်းအစကို အရင်မတိုင်းတာတာလဲ။ လူအင်အားကွက်လပ်တွေကို ဖြည့်ဖို့ လုံလောက်ပြီလား "
" ယန်းချန်မှာ မင်းပိုင်ထားတဲ့ ကုမ္ပဏီအစုတ် ၂ခုနဲ့လား။ ချန်းချုံရှန်း၊ ဟုရွမ်ယုတို့ကို ပေါင်းရုံနဲ့ မင်းက ငါတို့ရန်သူဖြစ်ချင်နေတာလား။ မင်းက သေမိန့်တောင်းနေတာပဲ "
အားလုံး အော်ဟစ်နေကြစဉ် တံခါးအပြင်ဘက်မှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။
" ငါပါရင်ရော လုံလောက်မလားလို့ တွေးမိတယ် "
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ခံ့ညားသောအသွင်အပြင်ရှိတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဝင်လာသည်။
သူ့နောက်တွင် ထူးကဲသော ရောင်ဝါများရှိသည့် သက်တော်စောင့်နှစ်ယောက်ရှိသည်။
" လော့ ...... လော့ကျင်းယွမ်လား "
လော့ကျင်းယွမ်က လုံကျန်းအိမ်ခြံမြေ၏ သူဌေးဖြစ်သည်။ ယန်းချန်တွင် အရေးပါသော ရာထူးတစ်ခု ရှိသူဖြစ်သည်။
သူ့ခွန်အားက ဝေချန်းဖန်နှင့်ပင် ယှဉ်နိုင်သည်။
ဝေ့ဖန်းချန်နောက်မှ လူတွေအားလုံးက သူတို့ရဲ့အမူအရာတွေက အကျည်းတန်သွားကြသည်။
ချန်းချုံရှန်းပင် အံ့သြသွားခဲ့သည်။
သူက လော့ကျင်းယွမ်အကြောင်းကို ကြားဖူးသည်။
ဒီမှာရှိတဲ့လူတိုင်း ကြားဖူးမှာ သေချာလေသည်။
သူက ယန်းချန် အိမ်ခြံမြေလုပ်ငန်းတွင် အလွန်အဆင့်အတန်းမြင့်မားကြောင်း သိသည်။
ဒါပေမယ့် ယဲ့ဖန်က ဒီလိုလူကို ဘယ်လိုလုပ်သိတာလဲ။
ဒီကလေးက တိတ်တိတ်ဆိတ်ဆိတ်နေခဲ့တာက သူ့မှာ ဒီလို ဝှက်ဖဲရှိလို့လား။
လော့ကျင်းယွမ် လာမည်ဟု ယဲ့ဖန် မထင်ထားခဲ့ပေ။ သူ အံ့သြသွားသည်။
" အစ်ကိုကြီးလော့၊ ဘာလို့ ဒီကိုရောက်နေတာလဲ "
လော့ကျင်းယွမ်က သူ့လက်ကို ယဲ့ဖန်ပုခုံးပေါ် တင်လိုက်သည်။
" ယဲ့ညီလေး ဒုက္ခရောက်နေတယ်ကြားလို့ မိုင်ထောင်ချီဝေးနေရင်တောင် ငါက ချက်ချင်း ပြေးလာရမှာပေါ့ "
ယဲ့ဖန် ရင်ထဲ ထိမိသွားသည်။
" ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အာဃာတပါ။ အစ်ကို ဒီကိစ္စမှာ ဝင်ပါဖို့ မလိုဘူး "
ဝေ့ချန်းဖန်းက အလွန်အစွမ်းထက်လေသည်။
လော့ကျင်းယွမ်က သူ့ဘက်ရပ်တည်ရန် ရွေးချယ်လိုက်လျှင် ကြီးမားတဲ့အန္တရာယ်ကို ကြုံတွေ့ရနိုင်သည်။
လော့ကျင်းယွမ်က သူ့ကို စိုက်ကြည့်နေသည်။
" ကိုယ်ရေးကိုယ်တာ အာဃာတဆိုတာ ဘာလဲ။ မင်းက ငါ့ညီ၊ မင်းရဲ့ရန်သူက ငါ့ရန်သူ။ ဟိုဘက်က မင်းကို လက်ညိုးထိုးချင်ရင် ငါ့အလောင်းကို နင်းပြီးမှ ရလိမ့်မယ် "
ယဲ့ဖန်က ဒီလို ညီအစ်ကိုအင်အားကြောင့် စကားပြန်မပြောနိုင် ဖြစ်သွားသည်။
ဝေ့ချန်းဖန်းက သူတို့နှစ်ဦးကြားရှိ ညီနောင်ဆက်ဆံရေးကို အေးစက်စွာ ကြည့်နေပြီး သူ့မျက်နှာမှာ အနည်းငယ် တုန်လှုပ်သွားသည်။
" လော့ကျင်းယွမ် ဒါက ယဲ့ဖန်နဲ့ ငါကြားက ကိစ္စ။ အပြစ်မဲ့သူတွေကို ထိခိုက်မှာစိုးလို့ ဒီကိစ္စမှာ မပါဝင်ဖို့ အကြံပေးတယ် "
လော့ကျင်းယွမ်က ခေါင်းကို မော့ပြီး သူ့ကို မော့ကြည့်လိုက်သည်။
" ဘာပေါက်ကရတွေ လာပြောနေတာလဲ။ ငါ့ညီက ငါ့နယ်မြေကိုလာပြီး အနိုင်ကျင့်ခံရမှာလား။ သူ့အစ်ကိုအနေနဲ့ ငါက အေးအေးဆေးဆေး ထိုင်မနေနိုင်ဘူး။ ဝေ့ချန်းဖန်း မင်းကို မပြောနဲ့၊ နျုံစစ်သွမ်း သူ့အုတ်ဂူထဲကနေ တွားသွားပြီး ထွက်လာရင်တောင်မှ ငါ သူ့ကို ရိုက်စရာရှိရင် ရိုက်မှာပဲ "
ယဲ့ဖန်ကို 'ညီလေး' 'အကိုကြီး' ဟု အမြဲခေါ်နေတာက လူတိုင်းကို သံသယ ဖြစ်စေသည်။
ယဲ့ဖန်က လော့ကျင်းယွမ်နဲ့ ဘယ်တုန်းက ဒီလောက် ရင်းနှီးလာတာလဲ။
အဲ့တာအပြင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက ကြည့်လိုက်ရင် တစ်မအေတည်းက မွေးလာတဲ့ ညီအစ်ကိုအရင်းတွေလိုပဲ။
သူတို့က လုံးဝ အသိအကျွမ်းအဆင့်တောင် မဟုတ်ဘူး။
သွေးသောက်ဆက်ဆံရေးနဲ့တောင် ပိုတူသေးတယ်။
သူတို့က ဒီအငြင်းပွားမှုမှာ ပါဝင်သင့်၊ မသင့်ကို စတင် စဉ်းစားရတော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် မသေမျိုးတွေ ရန်ဖြစ်တဲ့အခါ သေမျိုးတွေက ဒုက္ခရောက်မည်ဖြစ်သည်။
လော့ကျင်းယွမ်နှင့် ဝေ့ချန်းဖန်းတို့ အချင်းချင်း ချကြလျှင် သူတို့က အသေခံတပ်သားတွေ ဖြစ်သွားပေလိမ့်မည်။
ဝေ့ချန်းဖန်းက သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ လက်ချိုးသံ တဂျွတ်ဂျွတ် ထွက်ပေါ်လာသည်။
" မင်းက သေဖို့ တောင်းဆိုနေမှတော့ မင်းရဲ့ ဆန္ဒကို ငါက ဖြည့်ဆည်းပေးရမှာပေါ့။ လုံကျန်း အိမ်ခြံမြေကို ငါက ကြောက်တယ်လို့ မင်းထင်နေလား။ ရိုးရိုးသားသားပြောရရင် ငါ့မျက်လုံးထဲမှာ မင်းကိုသတ်ရတာက ငါ့လက်ကို လှန်ရတာထက်တောင် လွယ်သေးတယ် "
လော့ကျင်းယွမ်က မရယ်ဘဲမနေနိုင်ပေ။
" ဆေးသောက်ဖို့ မေ့သွားပြီလား။ တောင်ပိုင်းကွမ်တုန်းပြည်နယ် တစ်ခုလုံးမှာ လုံကျန်း အိမ်ခြံမြေကို ဖျက်ဆီးဖို့ လွယ်တယ်လို့ ပြောရဲတာ မင်းက ပထမဆုံးလူဖြစ်မယ်။ မင်းကို ဒီလိုပြောရဲဖို့ ဘယ်သူက သတ္တိပေးတာလဲ "
ဝေ့ချန်းဖန်း၏ နှုတ်ခမ်းက ယုတ်မာတဲ့ အပြုံးအဖြစ် ကွေးတက်သွားသည်။
" ငါ့ကို ဘယ်သူက ဒီလိုသတ္တိပေးလဲဆိုတာ စိတ်မပူပါနဲ့။ ဒီနေ့တော့ ငါ ဒီလိုပြောပေးမယ်။ လုံကျန်းအိမ်ခြံမြေကို တစ်လအတွင်း ဖြုတ်မချနိုင်ရင် ဝေ့ချန်းဖန်းဆိုတဲ့ ငါ့နာမည်ကို နောက်ပြန်ရေးပေးမယ် "
ထိုစကားကို ပြောပြီးတာနဲ့ အားလုံးက အံ့သြသွားကြသည်။
လော့ကျင်းယွမ်၏ လုံကျန်းအိမ်ခြံမြေသည် ယန်းချန်၏ ထိပ်တန်းကုမ္ပဏီကြီး ငါးခုထဲမှ တစ်ခုဖြစ်သည်။
တစ်လအတွင်း အဲ့လို အင်အားကြီးတစ်ဖက်သားကို ဖြုတ်ချနိုင်သည်ဟု ဘယ်သူက ပြောရဲမှာလဲ။
သေချာတာကတော့ အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲဖြစ်လိမ့်မည်။
သို့ပေမဲ့ အခု ဝေ့ချန်းဖန်းက အလွန်လေးနက်ပြီး ယုံကြည်ချက် ရှိနေပုံပေါ်သည်။
ယုံကြည်ဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာမရှိတော့ပေ။
ဝေ့ချန်းဖန်းမှာ ဝှက်ဖဲရှိလို့ ဖြစ်မလား။
အဲ့တာက နျူကလီးယားဗုံးလို ပြင်းလို့လား။
အပိုင်း ( ၅၃၉ )
ကြည့်ရတာ သာမန်ပါပဲ
ဝေ့ချန်းဖန်း၏ ယုံကြည်ချက်ရှိသော အကြည့်ကိုမြင်လိုက်သောအခါ အစပိုင်းတွင် တုန်လှုပ်သွားသူများက ပို၍ယုံကြည်မှု ရှိလာကြသည်။
သူတို့အားလုံးက လော့ကျင်းယွမ်ဆီကို ဓားဦးလှည့်ကြသည်။
" လော့ကျင်းယွမ်၊ တခြားသူတွေက မင်းကို ကြောက်နေပေမယ့် ငါတို့တော့ မဟုတ်ဘူး။ မင်း ဒီအရှုပ်ထဲမှာ ပါချင်တာ သေချာလား "
" သေချာစဉ်းစား။ မင်း ဝေ့လူကြီးမင်းကို ဆန့်ကျင်ရင် သေရလိမ့်မယ် "
" ငါတို့က ဝေ့လူကြီးမင်းဘက်ကနေ အခိုင်အမာရပ်တည်ပြီးတော့ သူနဲ့အတူ တိုက်သွားမှာ "
" မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါတို့ရဲ့ တိုက်ခိုက်မှုအားလုံးကို မင်း ခံနိုင်ရည်ရှိပါ့မလား "
လော့ကျင်းယွမ်က သွေးပူနေတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း မျက်လုံးကို မှိတ်ထားသည်။
ဒီလူအုပ်ကို သူ မကြောက်ပေ။
သူ့မျက်လုံးထဲမှာ ဒီလူတွေက အလွယ်တကူ နင်းချေလို့ရတဲ့ ပုရွက်ဆိတ်တွေဖြစ်သည်။
သူက ဝေ့ချန်းဖန်းရဲ့ အတွေးတွေကို မှန်းဆနေသည်။
ဝေ့ချန်းဖန်း နားလည်သလောက် သူက အမြဲတမ်း သတိထားတတ်သူဖြစ်သည်။
သူက ၁၀၀% မသေချာရင် ဒီစကားတွေကို သူပြောရဲမှာ မဟုတ်ချေ။
သူ့မှာ ဝှက်ဖဲရှိနေလို့ ဖြစ်နိုင်မလား။
သီးသန့်ခန်းထဲတွင် သူတို့က ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ရုတ်တရက် အပြင်ကနေ မိန်းကလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။
" အဘွားလေး၊ အရှိန်လျှော့ပါဦး။ စိတ်မပူပါနဲ့ သူသေမှာ မဟုတ်ပါဘူး ....... "
ထို့နောက် လုရှောင်ရရဲ့ အသံကို ကြားလိုက်ရသည်။
" မြန်မြန်လုပ် နင်နောက်ကျနေရင် ယဲ့ဖန် အနိုင်ကျင့်ခံရလိမ့်မယ် ............ "
" အရင်က သူ့ကို အကုန်တော်တဲ့ တန်ခိုးရှင်လို့ မကြွားဖူးဘူးလား။ အခုကျ နင်က သူအနိုင်ကျင့်ခံရမှာကို ကြောက်နေတာလား "
" အတိတ်က အတိတ်ပဲ၊ ပစ္စုပ္ပန်က ပစ္စုပ္ပန်ပဲ…ဘာလို့ ဒီလောက် လျှောက်ပြောနေတာလဲ "
ထိုအချိန်တွင် တံခါးကို တွန်းဖွင့်လိုက်ပြန်သည်။
လုရှောင်ရက ကောင်မလေးတစ်ယောက်နှင့်အတူ လျှောက်လာသည်။
ထိုမိန်းကလေးသည် စပါကတီကြိုးများဖြင့် ရစ်ပတ်ထားတဲ့ ကျားသစ်ကွက် ဇာဂါဝန်ကို ၀တ်ဆင်ထားသည်။
သူမ မျက်နှာမှာ မိတ်ကပ်တွေ ထူထူလေး လိမ်းထားပြီး အရမ်းကြည့်ကောင်းလွန်းနေသည်။
ယောက်ျားတွေအားလုံး တံတွေးကို တချိန်တည်း မျိုချလိုက်ကြသည်။
ဒီလိုမိန်းမမျိုးကို တစ်ချက်ကြည့်လိုက်ရုံနဲ့ နှလုံးခုန်မြန်စေနိုင်သည်။
သူမက မာယာများတဲ့ ကျားသစ်မလေးတစ်ကောင်ဖြစ်သည်။
သို့သော် တစ်စုံတစ်ယောက်က လျင်မြန်စွာ သတိပြန်ကပ်လာပြီး ပြောသည်။
" ဒါက လျုံမိသားစုက မမလေးလျုံ မဟုတ်လား "
တခြားသူတွေကလည်း ထိုမိန်းကလေးကို မှတ်မိကြသည်။
ထိုမိန်းကလေး၏ နာမည်မှာ လျုံလင်း ဖြစ်သည်။
သူမက ယန်းချန်ရှိ လျုံမိသားစု၏ အကြီးဆုံးသမီးဖြစ်သည်။
သူမက တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ လူမှုဆက်ဆံရေးအသိုင်းအဝိုင်းတွင် အလွန်ကျော်ကြားပြီး တန်ဖိုးကြီး ကော့တေးပါတီများကိုလည်း မကြာခဏတက်ရောက်လေ့ရှိသည်။
သူတို့၏ ဂုဏ်ကျက်သရေမြင့်မားမှုကြောင့် လျုံမိသားစုက ယန်းချန်ရှိ အဓိကမိသားစုများထဲမှ ထိပ်တန်း ၅စုထဲအပါ အဆင့်သတ်မှတ်ခံရသည်။
သို့သော် မိသားစုတွင် ဆက်ခံသူမရှိသောကြောင့် သူတို့၏အဆင့်က တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့သည်။
ထို့ကြောင့် သူတို့က ယန်းချန်၏ ထိပ်တန်းမိသားစု ဆယ်ခုထဲတွင်တောင် မပါဝင်နိုင်တော့ပေ။
သို့ပေမဲ့ အလုံးစုံအင်အားနှင့် အမွေများအရ လျုံမိသားစုက လော့ကျင်းယွမ်နှင့် ဝေ့ချန်းဖန်းတို့လို မိသားစုအသစ်များထက် အနည်းငယ် အားကောင်းနေဆဲဖြစ်သည်။
ဒီမိန်းကလေးက ဘာလို့ ဒီမှာရှိနေတာလဲ။
လူတိုင်း အံ့ဩသွားကြသည်။
လုရှောင်ရက လျုံလင်းကို ယဲ့ဖန်ဆီသို့ ဆွဲခေါ်ကာ တုန်လှုပ်စွာ ကြည့်နေလေသည်။
" ယဲ့ဖန်၊ သူတို့က ရှင့်ကို ခက်ခဲအောင်လုပ်ခဲ့တာတော့ မဟုတ်ဘူးမလား "
ယဲ့ဖန်က သူ့လက်ကို မြှောက်ပြီး ပြလိုက်သည်။
" အခု ကိုယ် ဘာဖြစ်နေလို့လဲ။ ခေါင်း၊ လက်တွေ၊ ခြေထောက်တွေ ရှိနေတုန်းပါပဲ "
လုရှောင်ရ သက်ပြင်းတစ်ချက်ချလိုက်သည်။
" အဲ့တာဆို ကောင်းတယ်၊ ကောင်းတယ် ..... "
လုရှောင်ရ စကားပြောရင်းနဲ့ လျုံလင်းကို ဆွဲခေါ်လိုက်သည်။
" မိတ်ဆက်ပေးဦးမယ်။ ဒါက ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ လျုံလင်း "
လျုံလင်းက သူမစကားကို ကြားသောအခါ ချက်ချင်း စိတ်ပျက်သွားင်သည်။
" နင်ရဲ့ အခင်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်က ဘာကိုဆိုလိုတာလဲ။ ဒုတိယက ဘယ်သူလဲ။ နင် အကြင်နာမဲ့လိုက်တဲ့ မိန်းမ။ ငါကတော့ နင့်ကို ကူညီဖို့ အမြန်ပြေးလာခဲ့တာကို။ နင့်နှလုံးသားထဲမှာ တခြားတစ်ယောက် ရှိနေသေးတာလား "
လုရှောင်ရ၏ မျက်နှာပေါ်တွင် ခပ်ညစ်ညစ် အပြုံးလေးတစ်ခု ပေါ်လာသည်။
" ငါမှားပါတယ်။ သူမက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။ တခြားဘယ်သူမှမရှိဘူး။ အဆင်ပြေပြီလား "
လျုံလင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ရှင်က ယဲ့ဖန်လား "
ယဲ့ဖန်က သူ့နှာခေါင်းကို ထိလိုက်သည်။
" မင်း တခြား ယဲ့ဖန်ကို မသိရင် ကိုယ်ပဲ ဖြစ်မယ်ထင်တယ် "
လျုံလင်းက သူ့အား ခေါင်းမှ ခြေဖျားအထိ အကဲခတ်ကြည့်သည်။
" သူကြည့်ရတာ သာမန်ပါပဲ။ ငါတို့ ရှောင်ရလေးကို စွဲဆောင်ဖို့ သူ ဘယ်လို လုပ်ခဲ့တာလဲ "
လုရှောင်ရသည် ချက်ချင်း စိုးရိမ်လာသည်။
" လျုံလင်း နင်ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက စွဲလန်းနေလို့လဲ "
လျုံလင်းက သူမကို စိုက်ကြည့်နေသည်။
" ငါပြောနေတာ ဘယ်သူ့အကြောင်းလဲ နင် မသိဘူးလား။ ယဲ့ကိုကိုလေးအကြောင်းကို တစ်ချိန်လုံး ပြောနေခဲ့တဲ့သူက ဘယ်သူလဲဆိုတာ မေ့သွားပြီ ထင်တယ်။ မနက်သုံးလေးနာရီအထိ စကားတွေပြောသေးတယ် ....... "
လုရှောင်ရက ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
" နင် ..... နင် လျှောက်မပြောနဲ့။ ငါမဟုတ်ဘူး ... "
လျုံလင်းသည် ရွံရှာစွာဖြင့် သူမ၏လက်ကို ရိုက်ချလိုက်သည်။
" ဘယ်လောက် ညစ်ပတ်လိုက်လဲ။ ငါ့နှုတ်ခမ်းနီကို မဖျက်နဲ့။ ငါ့မိတ်ကပ်ပြန်လိမ်းဖို့ လိုနေပြီ "
သူမက စကားပြောရင်း ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။
" ကျွန်မကိုပြော၊ ရှင့်ကို ဘယ်သူက အနိုင်ကျင့်တာလဲ။ သူ့ကို ဒုက္ခရှာပေးမယ် "
ယဲ့ဖန်က စကားမပြောနိုင် ဖြစ်သွားသည်။
ဒီမိန်းမက လုရှောင်ရလောက် စိတ်မချရဘူးလို့ ဘာလို့ ခံစားရတာလဲ။
ဒုက္ခရှာတာဆိုတာ ဘာကိုဆိုလိုတာလဲ။ အုပ်စုဖွဲ့ရန်ဖြစ်ချင်တာလား။
ဝေ့ချန်းဖန်းက ဘေးမှ အေးစက်စွာ ကြည့်နေခဲ့သည်။
" မိန်းကလေးလျုံ၊ ဒါက ယဲ့ဖန်နဲ့ ငါကြားက သီးသန့်ကိစ္စပါ။ မင်း ဝင်မစွက်ဖက်ဘူးလို့ ငါမျှော်လင့်တယ် "
လျုံမိသားစုသည် ယန်းချန်တွင် အတော်လေး သြဇာရှိပြီး မလိုအပ်ပါက သူတို့ကို မစော်ကားချင်ပေ။
ထိုအခါမှသာ လျုံလင်းက သူ့ကိုလှည့်ကြည့်လာသည်။
မာနကြီးတဲ့ ဒေါင်းကဲ့သို့ ခေါင်းကို မော့လိုက်သည်။
" ဒါ ဝေ့လူကြီးမင်း မဟုတ်ဘူးလား။ ယဲ့ဖန်က ရှင့်ကို ဘယ်လို စော်ကားခဲ့တာလဲ "
ဝေ့ချန်းဖန်းစကားက အနည်းငယ် ယုတ္တိမရှိပေ။
" ဒါက သူနဲ့ ငါ့ကြားက သီးသန့်ကိစ္စလို့ ပြောထားပြီးသား။ တခြားသူတွေ ဝင်ရောက်စွက်ဖက်ဖို့ မလိုဘူး "
လျုံလင်းက သူ့ကိုကြည့်သည်။
" ဝင်ရောက်စွက်ဖက်မယ်ဆို ဘာဖြစ်လဲ "
ထိုစကားကို ကြားတော့ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ဒီမိန်းကလေးလျုံက ဘာဖြစ်သွားတာလဲ။
ဝေ့ချန်းဖန်းနှင့် ယဲ့ဖန်တို့ကြားတွင် ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း သူမက ပါဝင်ချင်သေးသည် ။
သူတို့ရဲ့ လျုံမိသားစုကို ဒီပဋိပက္ခကြားထဲ ဆွဲသွင်းမိမှာ သူမ မကြောက်ဘူးလား။
ဒီမိန်းကလေးက ယဲ့ဖန်နဲ့ ခင်မင်ရင်းနှီးတာလား။
လျုံမိသားစု၏ စွမ်းအားကပါ ယဲ့ဖန်ဘက်မှရပ်တည်မယ်ဆိုလျှင် ကြီးမားတဲ့ အကူအညီဖြစ်ပေလိမ့်မည်။
ထိုအခါ ခွန်အားပမာဏက ယဲ့ဖန်ဘက် တစ်ဖန် တိမ်းစောင်းသွားပြန်သည်။
အားလုံးက အနည်းငယ်စိုးရိမ်ပြီး နောက်တစ်ကြိမ် ပြန်ဆုတ်ချင်ကြသည်။
ဝေ့ချန်းဖန်းက သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး အေးစက်တဲ့ အကြည့်များ လက်လာသည်။
" ဘယ်သူပဲဖြစ်ဖြစ် ဒီကိစ္စမှာ ဝင်ပါရဲတဲ့ သတ္တိရှိရင် ငါက သတ်ပစ်မယ် "
သူ့အသံက ဆောင်းနှင်းခဲကဲ့သို့ အေးစက်နေသဖြင့် ရှိနေသူတိုင်း တုန်လှုပ်သွားကြသည်။
ဒါက တကယ့် သူဌေးကြီးတစ်ယောက်ရဲ့ ကိုယ်ရောင်ဝါပဲ။
အပိုင်း ( ၅၄၀ )
ဒုတိယအကြီးဆုံးလား။ ဒါဆို ပထမက ဘယ်သူလဲ
ဝေ့ချန်းဖန်း၏ ခြိမ်းခြောက်မှုကြောင့် လျုံလင်းလည်း ထိတ်လန့်သွားပြီး မသိစိတ်ကနေ နောက်ပြန်ဆုတ်မိသွားခဲ့သည်။
သူမက ဝေ့ချန်းဖန်းကို အရင်က ကော့တေးပါတီတွင် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသော်လည်း သူက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတတ်သူဖြစ်သည်။
သို့သော် အခုအချိန်မှာ သူက ဘာမဆို သတ်ချင်နေသည့် ရူးနေသော သားရဲကောင်နှင့် တူလေသည်။ သူ့မှာ ယဉ်ကျေးသိမ်မွေ့သော အမူအရာ တစ်စက်မှ မရှိခဲ့ပေ။
လော့ကျင်းယွမ်က ချက်ချင်း ပြောသည်။
" ဝေ့ချန်းဖန်း မင်းက လူတွေ အများကြီးသတ်တာကို ရူးနေတာလား။ ငါနဲ့ လျုံမိသားစုရဲ့ ပူးတွဲတိုက်ခိုက်မှုကို တစ်ချိန်တည်းရင်ဆိုင်ဖို့ မင်းတကယ် ယုံကြည်ချက်ရှိရဲ့လား "
ဝေ့ချန်းဖန်းနောက်မှ လူများ၏ အမူအရာများက ပြောင်းလဲသွားသည်။
တစ်ယောက်က ယန်းချန် အိမ်ခြံမြေလုပ်ငန်းရှိ ထိပ်တန်းငါးခုထဲမှ တစ်ခုဖြစ်သည်။
နောက်တစ်ယောက်က ယန်းချန်မှာရှိတဲ့ ထိပ်တန်းမိသားစုဆယ်စုထဲက တစ်ယောက်ရဲ့သမီးဖြစ်သာ်။
ဒီလိုလူနှစ်ယောက် ပူးပေါင်းချိတ်ဆက်လိုက်တဲ့အခါ သူတို့က ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်ပေါ်လာစေမှာ သေချာသည်။
ဒါတောင် ယဲ့ဖန်၊ ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့ မပါသေးချေ။
ဒါက အလင်းထိပ်သီးဂိုဏ်းများ စုပေါင်းလိုက်သလို ဖြစ်နေသည်။
နျုံစစ်သွမ်း ပြန်လည်မွေးဖွားလာလျှင်တောင်မှ ဒီလိုရန်သူကို တစ်ချိန်တည်းမှာ ရင်ဆိုင်ဖို့ အကြွင်းမဲ့ယုံကြည်မှုရှိတယ်လို့ ပြောရဲမှာ မဟုတ်ပေ။
သို့သော်လည်း ဝေ့ချန်းဖန်း၏ မျက်နှာမှာ မထီမဲ့မြင် အပြုံးက ရှိနေသေးသည်။
" မင်းတို့က အသေးစား အဖွဲ့သားလေးတွေပဲ။ မင်းလူတွေနဲ့ပဲ ငါ့ကို ဝိုင်းထားနိုင်မယ်လို့ မင်းထင်နေလား။ ငါ ဝေ့ချန်းဖန်းကို အနိုင်ယူဖို့ မင်းဘက်က ဘယ်နှစ်ယောက်လာမလဲဆိုတာ ကြည့်ချင်ပါသေးတယ် "
သူ့စကားများက ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်ကြောင်း သိသာနေသည်။
လူတိုင်းရဲ့ စိတ်ထဲမှာ သံသယတွေ တိုးလာရသည်။
သူ့ရဲ့ မကြောက်မရွံ့တဲ့ အသွင်အပြင်က ဘာကြောင့်လဲ။ သူ့မှာ ဘယ်လို ဝှက်ဖဲမျိုး ရှိနေတာလဲ။
နူကလီးယားလက်နက်လို အကောင်ကြီး တကယ်ပဲ ရှိနေတာလား။
လော့ကျင်းယွမ်က မထိန်းနိုင်ဘဲ ရယ်သည်။
" မင်းက လျှို့ဝှက်ဆန်းကြယ်ပြီး ဟန်ဆောင်ဖို့ တမင်တကာ ကြိုးစားနေတာပဲ။ ငါတို့လူအများကြီးကို ခြောက်လှန့်ဖို့ စီစဉ်နေတာလား။ ဝမရှိဘဲ ဝိမလုပ်နဲ့ ဝေ့ချန်းဖန်း ကိုယ့်ဆူး ပြန်မိသေမှာ မကြောက်ဘူးလား "
ဝေ့ချန်းဖန်းလည်း ပြုံးသည်။
" ငါ့ရဲ့ ခွန်အားနဲ့သာဆို ဘယ်လိုလုပ် ကြွားရဲမှာလဲ။ ရီမိသားစုရဲ့ စွမ်းအားနဲ့ဆို လုံလောက်ရဲ့လားဆိုတာတော့ ငါ မသိလိုက်ဘူး "
ထိုစကားကို ပြောပြီးတာနဲ့ အားလုံးရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
လော့ကျင်းယွမ်လည်း ထိတ်လန့်သွားသည်။
" ရီမိသားစုလား။ ဘယ်က ရီမိသားစုလဲ "
ဝေ့ချန်းဖန်းက သူ့ကို တည့်တည့်ကြည့်ပြောသည်။
" ယန်းချန်မှာ ရီမိသားစု ဘယ်နှစ်ခုလောက်ရှိလို့လဲ။ မင်းတို့ဘက်ကလို့တော့ ထင်လိုက်တာ မဟုတ်ဘူးမလား။ အဲ့လိုအထင်ခံရအောင် ထိုက်တန်ရဲ့လား "
ထိုစကားကိုကြားသောအခါ လော့ကျင်းယွမ်၏ မျက်နှာမှာ ပြာသွားခဲ့သည်။
သူက ထိုရီမိသားစုအား အလွန်ကြောက်နေသည်ကို မြင်နိုင်သည်။
ဘေးတွင်ရပ်နေသော လျုံလင်း၊ ချန်းချုံရှန်း နှင့် ဟုရွမ်ယုတို့လည်း မျက်နှာပျက်သွားသည်။
ယဲ့ဖန်က သိချင်သွားသည်။
" ဒီ ရီမိသားစုက အရမ်း အစွမ်းထက်လို့လား "
လော့ကျင်းယွမ်က ခါးသက်သက် ပြုံးလိုက်သည်။
" ဒါဟာ အစွမ်းထက်တာတင် မဟုတ်ဘူး။ ကြောက်စရာပါကောင်းတယ် "
ယဲ့ဖန် အနည်းငယ် စိတ်ရှုပ်သွားသည်။
" ကြောက်စရာကောင်းတာလား။ သူတို့အိမ်က သရဲခြောက်လို့လား "
လျုံလင်းက ရယ်မောလိုက်သည်။
" ရှင် ဒါတောင်မသိအောင် ဘာလုပ်တာလဲ။ ရီမိသားစုက ယန်းချန်မှာ ဒုတိယအဆင့်ရှိတဲ့ မိသားစုပဲ။ မိသားစုပိုင် လုပ်ငန်းတွေက ယန်းချန် စီးပွားရေးလုပ်ငန်းတွေမှာ အနှံ့ရှိတယ်။ သူတို့မိသားစုက စီးပွားရေးအင်ပါယာကြီး "
လော့ကျင်းယွမ်လည်း လေးနက်စွာ ခေါင်းညိတ်သည်။
" ရီမိသားစုက နိုင်ငံရေးနဲ့ စီးပွားရေးလောက နှစ်ခုစလုံးမှာ အချိတ်အဆက်တွေ အများကြီးရှိပါတယ်။ ယန်းချန်ရဲ့ အရာအားလုံးနီးပါးမှာ သူတို့ရှိတယ်။ သူတို့ကို ဘယ်သူမှ မထိရဲကြဘူး "
ယဲ့ဖန် အနည်းငယ် ထိတ်လန့်သွားသည်။
" ဒုတိယအကြီးဆုံးမိသားစုက အဲ့လို အစွမ်းထက်တာလား။ ပထမဆုံးက ဘယ်သူလဲ။ နျုံစစ်သွမ်းလား "
လော့ကျင်းယွမ်က ခြောက်ကပ်စွာ ရယ်လိုက်သည်။
" နျုံစစ်သွမ်းက အရမ်းအစွမ်းထက်ပေမယ့် သူက အောက်ခြေကနေ စခဲ့တဲ့အပြင် ကလေးမရှိတဲ့တော့ သူ့ကို မိသားစုလို့ မသတ်မှတ်နိုင်ဘူး။ နံပါတ်တစ်မိသားစုက တခြားတစ်ယောက်ပါ "
ယဲ့ဖန်က ပိုသိချင်လာသည်။
" ဘယ်သူလဲ "
လျုံလင်းက ဖြေသည်။
" အဲ့တာ ကျောင်းမိသားစုလေ။ ယန်းချန်တစ်ခုလုံးမှာ ကျောင်းမိသားစုရဲ့ ခွန်အားကပဲ ယဲ့မိသားစုကို နှိမ်နင်းနိုင်မှာ။ ဟော့မိသားစုတောင်မှ သူတို့နဲ့ မယှဉ်နိုင်လို့ တတိယအဆင့် ရောက်သွားတာ "
ယဲ့ဖန်က လော့ကျင်းယွမ်ကို လှည့်ကြည့်လိုက်သည်။
" ကျောင်းမိသားစုဆိုတာက ..... "
လော့ကျင်းယွမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ အဲ့တာ ကျောင်းဖုလင်နဲ့ သူ့မိသားစုပဲ "
ဝေ့ချန်းဖန်းက ယန်းချန်မှာရှိတဲ့ နံပါတ်နှစ် ရီမိသားစုနှင့် သိသည်ဟု ယဲ့ဖန်ကြားတဲ့အခါ သူ့နှလုံးခုန်သံက အနည်းငယ် ပိုမြန်လာသည်။
သို့သော် ကျောင်းမိသားစု၏ အင်အားက ရီမိသားစုထက် ပိုသာသည်ဟု ကြားသောအခါ သူ့မှာ ဖိအားများမရှိတော့ပေ။
ကျောင်းဖုလင်နဲ့ သူရဲ့ရင်းနှီးဆက်ဆံရေးရှိနေမှတော့ ရီမိသားစုကို ဘာလို့ကြောက်တာလဲ။
သို့သော် လော့ကျင်းယွမ်ကတော့ အနည်းငယ် စိုးရိမ်နေသေးသည်။
ကျောင်းဖုလင်နှင့် ယဲ့ဖန်တို့က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း သူသိထားသော်လည်း ရန်သူက ရီမိသားစုဖြစ်သည်။
ကျောင်းဖုလင်က မပါဝင်ချင်လောက်ပေ။
ထို့အပြင် ကျောင်းဖုလင်က အမှန်တကယ်မှာ စွမ်းအားမရှိတဲ့ ပလေးဘွိုင်းတစ်ဦးမျှသာ ဖြစ်သည်။
သူက ပါချင်ရင်တောင်မှ ခွန်အားမရှိတာ ဖြစ်နိုင်နေသည်။
ဝေ့ချန်းဖန်း နောက်မှ လူအုပ်စုက ပြန်ပြီး မာနကြီးလာပြန်သည်။
" ဟားဟား၊ မင်း အခုမှ မာနကြီးနေတာ မဟုတ်ဘူးလား? မင်းဘာလို့ မောက်မာမနေတော့တာလဲ "
" ဝေ့လူကြီးမင်းက 'ရီမိသားစု' ဆိုတဲ့ စကားလုံးကို ပြောလိုက်တာနဲ့ ကြောက်နေပြီလား။ ဘာလို့ ထပ်မမောက်မာပြတော့တာလဲ "
" လုံကျန်း အိမ်ခြံမြေက ဘာမလို့လဲ။ လျုံမိသားစုကလည်း ဘာလဲ။ ယန်းချန် ရီမိသားစုရှေ့မှာ မင်းတို့ အားလုံးက ပုရွက်ဆိတ်သာသာပဲ "
" မင်းတို့မိသားစုတွေ မင်းတို့ကြောင့် နင်းချေခံရမှာကို စောင့်ကြည့်နေလိုက်ကြ "
" မင်းတို့ ဒီဂြိုဟ်ဆိုးယဲ့ဖန်ကို ထားခဲ့ဖို့ ငါတို့အကြံပေးတယ်။ အဲ့တာဆို မင်းတို့ရဲ့အသက်ကို လွှတ်ပေးဖို့ ငါတို့ စဉ်းစားနိုင်တယ် "
လော့ကျင်းယွမ်တို့က အနည်းငယ် တုန်လှုပ်နေသော်လည်း ဘယ်သူမှ နောက်မဆုတ်ဘဲ ယဲ့ဖန်နားတွင် အခိုင်အမာရပ်တည်နေကြဆဲဖြစ်သည်။
" မင်းတို့က ခက်ခက်ခဲခဲ လုပ်ချင်ကြတယ်ပေါ့ "
ဝေ့ချန်းဖန်းက သူတို့ရဲ့ သဘောထားကို မြင်ပြီး အေးစက်စွာ အော်ပြောလိုက်ကာ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ဖန်၊ မင်းက သူတို့ကို မင်းနဲ့အတူ ဆွဲမချချင်ရင် ငါက သဘောထားကြီးပြီး မင်းကို လွှတ်ဖို့ စဉ်းစားပေးနိုင်တယ်။ ဒါပေမယ့် အခြေအနေတချို့ကိုတော့ သဘောတူရမယ် "
ယဲ့ဖန်က သက်ပြင်းရှိုက်လိုက်သည်။
" ဘာဖြစ်ချင်တာလဲ "
ဝေ့ချန်းဖန်းက လက်ညှိုးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
" ပထမဆုံး၊ မင်းရဲ့ ထန်းယွဲ့ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက ငါ့ကို ယွမ် သန်း ၅၀ လိမ်လည်ခဲ့တဲ့အတွက် ငါ့ကို နှစ်ဆ လျော်ကြေးပေးရမယ် "
ယဲ့ဖန်က ပြုံးရုံသာ ပြုံးပြီး ဘာမှမပြောပေ။
" ဒုတိယအနေနဲ့၊ ထန်ဖုရှန်းက မင်းရဲ့တံခါးရှေ့မှာ ဒူးထောက်ခဲ့ပေမဲ့ မင်းက ထွက်မတွေ့ဘူးဆိုတဲ့ သတင်းကို ငါကြားခဲ့ရတယ်။ ဆိုတော့ မင်း သူ့တံခါးရှေ့မှာ နှစ်နာရီလောက် ဒူးထောက်ရမယ်။ မျက်လုံးအတွက် မျက်လုံးလေ။ ဒါ သိပ်မများပါဘူး ဟုတ်တယ်မလား "
ယဲ့ဖန်က ချက်ချင်း ရယ်မောလိုက်သည်။
" တတိယအချက်က ဘာလဲ "
ဝေ့ချန်းဖန်းက တတိယလက်ချောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြန်သည်။
" တတိယအချက်ကတော့ ယန်းချန်းမှာ ဘယ်တော့မှ ခြေမချဖို့ ကျိန်ဆိုရမယ်။ ပြီးတော့ ယန်းချန်မှာ မင်းရဲ့ ဘာအာဏာမှ မရှိစေရဘူး "
ထိုစကားကို ပြောပြီးသည်နှင့်ပင် ရှိနေသူအားလုံးက အေးစက်တဲ့လေထုကို ခံစားမိကြသည်။
ထိုအခြေအနေသုံးရပ်က ကြမ်းတမ်းလွန်းတယ် မဟုတ်လား။
ပထမတစ်ခုက အဆင်ပြေသေးတယ်။
သန်း ၁၀၀ဆိုတာ ယဲ့ဖန်လို လူတစ်ယောက်အတွက် ဘာမှမဟုတ်ဘူး။
ဒါပေမယ့် ဒုတိယတစ်ခုက နည်းနည်းလွန်သွားပြီ။
ဘယ်လိုပဲဖြစ်ဖြစ် သူက ကျုံးဟိုင်မှာ အချမ်းသာဆုံး သူဌေးဖြစ်ပြီး လေးစားရခံရတဲ့ ယဲ့လူကြီးမင်းလေ။
ထန်ဖုရှန်းတံခါးရှေ့မှာ နှစ်နာရီကြာ ဒူးထောက်ခိုင်းတာက အရှက်ကွဲမှုကြီးပဲ။
တတိယတစ်ခုက ပိုလို့တောင် ဒေါသဖြစ်စရာ ကောင်းသေးတယ်။
ယဲ့ဖန်သာ သဘောတူလိုက်ရင် သူ့အဖွဲ့က ယန်းချန်းမှာ ဘယ်တော့မှ ခြေချနိုင်မှာ မဟုတ်တော့ဘူး။
သူက ကျုံးဟိုင်မှာပဲ စီးပွားလုပ်ရတော့မှာ။
ဒီလို ကြမ်းတမ်းတဲ့ အခြေအနေတွေကို တစ်ဖက်က ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။
သို့သော် မထင်မှတ်ဘဲ ယဲ့ဖန်က ခေါင်းညိတ်လိုက်သည်။