← Chapters

အပိုင်း ၅၄၁-၅၄၄

Vol. 28 Ch. 541-544

အပိုင်း ၅၄၁-၅၄၄

Vol. 28 Ch. 541-544

အပိုင်း ( ၅၄၁ )

ခပ်မိုက်မိုက် ဇာတ်ဝင်ခန်း

" ကောင်းပြီ၊ အကုန်လုံးကို သဘောတူတယ် "

ယဲ့ဖန်က ထိုကဲ့သို့ ပြောတဲ့အခါ အားလုံးက အံသြသွားကြသည်။

အကုန်လုံးကို သဘောတူတာလား။

လော့ကျင်းယွမ်နဲ့ တခြားသူတွေက သူ့ကို တားကြသည်။

" ယဲ့ညီလေး၊ ဘာလို့ သဘောတူတာလဲ။ သူတောင်းဆိုတဲ့ အခြေအနေတွေက နည်းနည်းလွန်တယ်မဟုတ်လား "

" ဟုတ်တယ်၊ မင်း ထန်ဖုရှန်းကို ဘယ်လိုလုပ် ဒူးထောက်မှာလဲ။ သူကရော ဘာမလို့လဲ။ မင်းကို ဒူးထောက်ခိုင်းရအောင်ထိ ထိုက်တန်လို့လား "

" နောက်ဆုံးအခြေအနေက ပိုလို့တောင် ဆိုးသေးတယ်။ မင်း တစ်သက်လုံး ယန်းချန်ထဲကို ခြေတစ်လှမ်းမှ မလှမ်းရဘူးလို့ ပြောတာမလား။ ဒါက ယုတ်မာအနိုင်ကျင့်တာပဲ မဟုတ်လား "

" ဟုတ်တယ်၊ မင်း သူတောင်းဆိုတာတွေသာ သဘောတူလိုက်ရင် မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ဆောင်ချက်တွေက ကျုံးဟိုင်မှာပဲ ထာဝရပိတ်မိနေလိမ့်မယ် "

" ငါတော့ သေချာပေါက် သဘောမတူနိုင်ဘူး။ ရီမိသားစုပဲ မဟုတ်လား။ အလွန်ဆုံးမှ သူတို့ကို သေတဲ့အထိ တိုက်ရုံပဲပေါ့ "

ဝေ့ချန်းဖန်း၏ လူများက သူတို့ကို လှောင်ပြောင်ကြသည်။

" ယဲ့လူကြီးမင်းလေးက တော်တော်တော့ ဉာဏ်ကောင်းသားပဲ။ စောစောစီးစီးသာ လက်နက်ချရင် အနည်းဆုံးတော့ မင်းဘဝရဲ့ တစ်ဝက်လောက်ကို ထိန်းထားနိုင်တယ် "

" ဝေ့လူကြီးမင်း မင်းကို ညှာတာပေးထားတာ။ သူက မင်းကို မသတ်ဘဲ ယန်းချန်မှာ ခြေချဖို့တားမြစ်ရုံနဲ့တင် ကျေးဇူးဆပ်သင့်တယ် "

" ဝေ့လူကြီးမင်းတစ်ယောက်တည်းရဲ့ ခွန်အားကတောင် အရမ်းပြင်းထန်နေပြီ။ ရီမိသားစုရဲ့ ပံ့ပိုးမှုကိုပါ ပေါင်းထည့်လိုက်ရင် ယန်းချန်မှာ သူ့ကို ဘယ်သူက ယှဉ်နိုင်မှာလဲ "

" ကျုံးဟိုင်က ကောင်လေးတစ်ယောက်က ဝေ့လူကြီးမင်းကိုများ ပုခုံးချင်းယှဉ်ရဲသေးတာလား။ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ "

ဝေ့ချန်းဖန်း လက်မြှောက်ပြီး လူတိုင်းကို ရပ်ခိုင်းကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။

" မင်းက သဘောတူတယ် ဆိုမှတော့ ....... "

" ကျွန်တော် စကားမဆုံးသေးဘူး "

ယဲ့ဖန်က ဆက်ပြောသည်။

" ခင်ဗျားပြောတဲ့ အခြေအနေသုံးခုကို သဘောတူပေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်ဘက်က အခြေအနေတစ်ခုကို အရင်သဘောတူရမယ် "

ဝေ့ချန်းဖန်းက သူ့ကို စူးစူးစမ်းစမ်း ကြည့်နေသည်။

" ဘယ်လိုအခြေအနေလဲ "

ယဲ့ဖန်က ကုလားထိုင်ကို ဆွဲယူကာ ထိုင်လိုက်သည်။

" ဒူးထောက်ပြီး ကျွန်တော့်ကို ခင်ဗျားရဲ့ ခေါင်းကိုင်အဖေအဖြစ် အသိအမှတ်ပြုရမယ် "

" မင်း ဘာပြောလိုက်တယ် "

ဝေ့ချန်းဖန်း၏ အကြည့်တွေက ချက်ချင်း စူးရှလာသည်။

သူ့နောက်မှာ ရပ်နေတဲ့ လူတွေကတောင် ယဲ့ဖန်ကို တအံ့တဩ စိုက်ကြည့်နေသည်။

ယဲ့ဖန်၏ မျက်နှာပေါ်တွင်တော့ လှောင်ရယ်နေတဲ့ အမူအရာ ရှိနေသည်။

" ခင်ဗျားက ကျွန်တော့်ကို ခေါင်းကိုင်အဖေအဖြစ် အသိအမှတ်ပြုရင် ခင်ဗျားရဲ့အခြေအနေတွေကို သဘောတူပေးမယ်။ ခေါင်းကိုင်အဖေက သူ့သားကို တောင်းဆိုတာကို သဘာဝကျတယ် မဟုတ်လား။ မဟုတ်ရင် ဒီလို ဦးနှောက်မရှိတဲ့ တောင်းဆိုချက်ကို သဘောတူဖို့ အကြောင်းပြချက် စဉ်းစားလို့ကို မရဘူး "

ဝေ့ချန်းဖန်း အံကြိတ်လိုက်သည်။

" မင်း ငါနဲ့ လာကစားနေတာလား "

ယဲ့ဖန်က သူရယ်မောချင်တာကို ထိန်းလိုက်သည်။

" စိတ်မဆိုးပါနဲ့။ တကယ်တော့ ခင်ဗျားရဲ့ ခေါင်းကိုင်အဖေ လုပ်ရတာတောင် ကျွန်တော့်အတွက် ဒုက္ခများသေးတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အသက်ကြီးနေပြီ။ ခင်ဗျား ရုတ်တရက်သေသွားရင် ကျွန်တော်က အဖေတစ်ယောက်အနေနဲ့ အဖေထက်အရင်သေတဲ့ ငါ့သားရဲ့သင်္ချိုင်းကို သွားကြည့်ရဦးမယ်။ ဘယ်လောက် ကံဆိုးလိုက်လဲ "

လုရှောင်ရ၊ လျုံလင်းနဲ့ တခြားသူတွေက မထိန်းဘဲ ရယ်လိုက်ကြသည်။

ဒီတစ်ယောက်က လူတွေကို လှည့်စားနေတာတောင် ရိုးသားတဲ့ပုံဖမ်းနေသေးတယ်။

လော့ကျင်းယွမ် ခေါင်းကို မော့ပြီး ရယ်ချလိုက်သည်။

" ဒါဆို သူက ငါ့သားနဲ့ မျိုးဆက်တူတယ်လို့ ဆိုလိုတာလား။ ဒါဆို ငါက သူ့ဦးလေးပေါ့ "

သူက စကားပြောနေရင်း ဝေ့ချန်းဖန်းကို မော့ကြည့်သည်။

" ချန်းဖန်း၊ ဒီဦးလေးကို မြန်မြန် နှုတ်ဆက်စမ်း "

ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့လည်း ဝင်လှောင်ကြသည်။

" ငါက မင်းရဲ့ ဒုတိယဦးလေးပေါ့ "

" ငါက မင်းရဲ့ တတိယဦးလေးပဲကွ "

" မိုက်လိုက်တဲ့ကလေး၊ မြန်မြန်ထ နှုတ်ဆက်လေ။ ကျယ်ကျယ်နှုတ်ဆက်ရင် သကြားလုံးရမယ် "

" တတိယဦးလေးက ဟုန်ပေါင်း ( အနီရောင်စာအိတ်/မုန့်ဖိုးအိတ် ) ပေးမယ် ..... "

ဝေ့ချန်းဖန်းက သူတို့ကို အေးစက်စွာကြည့်နေသည်။

" မင်းတို့အားလုံးက သေချင်တာဆိုတော့ ငါ့ကို အပြစ်မတင်နဲ့။ ငါ မင်းတို့ ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး "

သူ့နောက်မှာ ရပ်နေတဲ့ လူတစ်စုက သူတို့ရဲ့ သစ္စာစောင့်သိမှုကို ဖော်ပြလေသည်။

" ကျွန်မရဲ့ လေလံကုမ္ပဏီက ဝေ့လူကြီးမင်းဘက်မှာ အမြဲရှိနေမှာပါ "

" ကျွန်တော့်ရဲ့ ကြယ်ရောင်ဒေတာအချက်အလက်ကုမ္ပဏီကလည်း ဝေ့လူကြီးမင်းနဲ့အတူ ရှေ့ဆက်ဖို့ ဆန္ဒရှိပါတယ် "

" ကျွန်တော်တို့ ချောင်းယန်းနည်းပညာကလည်း ဝေ့လူကြီးမင်းနဲ့ တစ်သားတည်းပါ "

" ကျွန်မ ... "

သူတို့၏အသံက ကျယ်လောင် ပြတ်သားပြီး အလွန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

လေလံကုမ္ပဏီနှင့် ကြယ်ရောင်ဒေတာအချက်အလက်ကုမ္ပဏီက သူတို့ပါ ဝေ့ချန်းဖန်းဘက်ကို ဝင်ကြသည်။

အရင်ကတော့ သူတို့က ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့ကို သတိထားခဲ့ပေမဲ့ ဝေ့ချန်းဖန်းက ရီမိသားစု၏ ထောက်ခံမှုကို ရထားကြောင်း ကြားသိရတဲ့အခါ သူတို့က တုံ့ဆိုင်းမနေဘဲ ဝေ့ချန်းဖန်းဘက်ကို လိုက်သည်။

ရီမိသားစု ကျောထောက်နောက်ခံ ရှိနေမျိတော့ Sotheby's လေလံကုမ္ပဏီနဲ့ ဟူရန်လူချမ်းသာစာရင်းလောက်ကို ဘာလို့ ကြောက်နေရမှာလဲ။

ဝေ့ချန်းဖန်းဘက်နဲ့ မတူဘဲ ယဲ့ဖန်ဘက်မှာတော့ သူတို့က သေခြင်းတရားကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။

လော့ကျင်းယွမ်တို့က သူတို့၏ရန်သူမှာ ယန်းချန်ရှိ ဒုတိယအကြီးဆုံးမိသားစုဖြစ်သော ရီမိသားစုဖြစ်မှန်း သိရှိခဲ့ရသည်။

ထိုရီမိသားစုနှင့် ရန်သူဖြစ်လာခြင်းက သေခြင်းတရားကို ရှာဖွေခြင်းနှင့် တူလေသည်။

သို့သော် သူတို့က ယဲ့ဖန်နောက်တွင် ခိုင်မြဲစွာ ရပ်တည်နေကြဆဲဖြစ်သည်။ သူတို့က နောက်ဆုတ်ဖို့ လုံးဝ တွေးမထားပေ။

ဝေ့ချန်းဖန်းဘက်ကလူတွေက ယဲ့ဖန်တို့ဘက်ကို ကြည့်ပြီး ရယ်မောသံတွေက ပိုလို့တောင် ပြင်းထန်လာခဲ့သည်။

ဝေ့ချန်းဖန်းဘက်ကို လိုက်တာ အောင်ပွဲကို သူတို့ ဆုပ်ကိုင်ထားရသလို ခံစားရစေသည်။

ထိုအချိန် ရုတ်တရက် သီးသန့်ခန်းအပြင်ဘက်မှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

" ဘယ်သူတွေက ဒီလောက်တောင် ကြီးကျယ်နေတာလဲ။ ဒါဆိုရင် ငါ့ကိုပါ ထည့်တွက်မလား "

သူပြောပြီးတာနဲ့ သီးသန့်ခန်းတံခါးက ချက်ချင်း ပွင့်သွားသည်။

ထိုအခါ ကျောင်းဖုလင်က ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။

သူ့ရဲ့ ဟိတ်ဟန်က တကယ်ကို တောက်ပလွန်းနေသည်။

သူက ဆံပင်ကို တောက်တောက်ပြောင်ပြောင်ဖြစ်အောင် ပုံသွင်းထားပြီး နေကာမျက်မှန်လည်း တပ်ထားသေးသည်။

သူ့ပါးစပ်ထဲမှာ စီးကရက်တစ်လိပ်ကိုက်ထားကာ အနက်ရောင် လယ်သာအင်္ကျီကို ခြုံထားသည်။

သန်မာသော သက်တော်စောင့် ခြောက်ယောက်က သူ့အနောက် တစ်ဖက်စီမှာ ရပ်နေသည်။

သူဝင်လိုက်သည်နှင့် သူ့ပုခုံးကို တွန့်လိုက်ပြီး အင်္ကျီ က လွှားခနဲ လျောကျသွားသည် ။

သူ့နောက်က သက်တော်စောင့်က အမြန်တုံ့ပြန်ပြီး မြေပေါ်မကျအောင် ချက်ချင်း အင်္ကျီကို လေထဲမှာတင် ဆွဲယူလိုက်သည်။

ဝင်လာပုံက မသိရင် ဇာတ်ကားရိုက်နေသလို ပဲများလွန်းလေသည်။

သို့ပေမဲ့ လော့ကျင်းယွမ်တို့က သူ့ကိုမြင်သောအခါ အလွန်ဝမ်းသာသွားသည်။

သူတို့က သေထဲအထိတိုက်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ကျောင်းဖုလင်က ရုတ်တရက် ပေါ်လာမယ်လို့ မမျှော်လင့်ထားပေ။

ယန်းချန်ရဲ့ နံပါတ်တစ်မိသားစုက အိမ်ရှေ့စံမင်းသားရှိနေတာပဲ ရီမိသားစုကို ဘာလို့ ကြောက်နေရမှာလဲ။

ဝေ့ချန်းဖန်းတို့ကတော့ အမူအရာတွေ သိသိသာသာ ပြောင်းလဲသွားကြသည်။

ကျောင်းဖုလင်က ဘာလို့ ရုတ်တရက်ကြီး ပါလာတာလဲ။

ခုနက သူပြောခဲ့တဲ့စကားအရဆို သူက ယဲ့ဖန်ဘက်က ထင်တယ်။

ယဲ့ဖန်နဲ့ သူက ဘယ်လို ပတ်သက်နေတာလဲ။

ယန်းချန်မှာရှိတဲ့ နံပါတ်တစ်မိသားစုရဲ့ အိမ်ရှေ့စံမင်းသားသာ ပါဝင်လာရင် မကောင်းချေ။

ဝေ့ချန်းဖန်းက အခြေအနေကို တွေးတောပြီး ကျောင်းဖုလင်ကို မော့ကြည့်လိုက်သည်။

" ကျောင်းလူကြီးမင်း၊ ဘာကိုဆိုလိုတာပါလဲ "

ကျောင်းဖုလင်က သူ့ကို လျစ်လျူရှုလိုက်သည်။ ထို့နောက် ယဲ့ဖန်ဆီသို့ လျှောက်သွားကာ သူ့ပခုံးကို ပုတ်လိုက်သည်။

" ငါပြောသလို မင်းက ကံမကောင်းဘူးဘဲ။ ထမင်းစားဖို့ ထွက်လာတုန်း ခွေးကိုက်ခံရတာလား "

ဝေ့ချန်းဖန်း၏ အမူအရာ ပြောင်းသွားပြန်သည်။

ကျောင်းဖုလင်က ဒီလို မညှာမတာ ပြောလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပေ။ ရောက်လာတာနဲ့ ခွေးတွေလို့ ခေါ်လိုက် သိသိသာသာ ယဲ့ဖန်ဘက်ကို ရပ်တည်သွားသည်။

ယဲ့ဖန် မထိန်းနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်သည်။

" ကျွန်တော်က ကောင်းကောင်းစားနေပေမယ့် ခွေးရူးအုပ်စုက ရုတ်တရက် လာကိုက်တာလေ။ ကျွန်တော့်ကို ဘယ်လိုလုပ်ပြီး အပြစ်တင်ရတာလဲ "

" ဒါဆို ငါ့ကို အပြစ်တင်မလား။ မင်းက ငါ့နယ်မြေကို ရောက်လာပေမယ့် မင်းကို ကောင်းကောင်းမကာကွယ်ပေးနိုင်ဘူးဆိုတော့ ကျေနပ်လောက်တဲ့ ရှင်းပြချက် ပေးမယ် "

ထိုသို့ပြောပြီးနောက် သူက ဝိုင်ပုလင်းကို ကောက်ယူကာ ဝေ့ချန်းဖန်းထံ ပစ်ပေါက်လိုက်သည်။

" မနှစ်ကမှ မင်းအတွက် နာရီတစ်လုံး လက်ဆောင် ဝယ်ပေးခဲ့သေးတာ။ ငါ့ညီကို မင်း ဘယ်လိုလုပ်ရဲတာလဲ။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား "

အပိုင်း ( ၅၄၂ )

ဒီနှစ်ယောက်က ဟိုဟာများလား

ကျောင်းဖုလင်က ရုတ်တရက် ဒီလို လှုပ်ရှားလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့မှာလဲ။

သို့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဝေ့ချန်းဖန်းက အမြန် ရှောင်ဖို့ ခေါင်းကို ချက်ချင်း စောင်းလိုက်သည်။ သို့သော်လည်း သူ့မျက်နှာကို ဝိုင်နီတွေ စင်သွားခဲ့သည်။

သူ့နောက်မှာ ရပ်နေတဲ့ ကျန်းဟုန်ရွှမ်းကတော့ ကံမကောင်းလိုက်ပေ။

ဝိုင်နီပုလင်းက သူ့ခေါင်းကို ထိမိသွားပြီး ကွဲသွားသည်။

နီရဲနေတဲ့ ဝိုင်အရည်များက သူ့နဖူးပေါ်သို့ စီးကျလာသည်။

သွေးလား ဝိုင်လားတော့ မသိရပေ။

သေမလို နာကျင်ပေမယ့် ကျန်းဟုန်ရွှမ်းမှာ အသံမထွက်ရဲချေ။

သူ့ကို ရိုက်လိုက်တဲ့သူက ကျောင်းဖုလင်ဖြစ်နေသည်။

ယန်းချန်ရှိ နံပါတ်တစ်မိသားစုမှ တစ်ဦးတည်းသော ကျောင်းမိသားစု၏ အမွေဆက်ခံသူဖြစ်ကာ လက်ချောင်းလေးတစ်ချောင်း လှုပ်ရုံဖြင့် သူ့ကို အလွယ်တကူ နှိပ်စက်နိုင်လေသည်။

ဝေ့ချန်းဖန်း၏ မျက်နှာက တုန်လှုပ်သွားသည်။

" ကျောင်းဖုလင် မင်းက အရမ်းလွန်မလာနဲ့ "

သူက ချန်းဖန်းအိမ်ခြံမြေကုမ္ပဏီ၏ သူဌေးဖြစ်ပြီး ယန်းချန်တွင် နာမည်ရှိသူတစ်ဦး ဖြစ်သည်။

ကျောင်းမိသားစုရဲ့ အကြီးအကဲကတောင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံသည်။

ဒီလူချမ်းသာကောင် ကျောင်းဖုလင်က စည်းမျဉ်းတွေကိုတောင် ဂရုမစိုက်ဘဲ စတင် တိုက်ခိုက်ခဲ့ပြီး မျက်နှာပျက်စေခဲ့သည်။

ကျောင်းဖုလင်က သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

" မင်းက ငါ့ညီကို အနိုင်ကျင့်ခဲ့တာတော့ ငါက သူ့ကို ပြန်ကူညီပေးနေတာ။ အဲ့တာ ဘာဖြစ်လဲ "

ဝေ့ချန်းဖန်းသည် သူ့စိတ်ထဲမှ ဒေါသကို မျိုသိပ်ထားရသည်။

" ဒါက ယဲ့ဖန်နဲ့ ကျွန်တော့်ကြားက သီးသန့်ကိစ္စ။ ဝင်မစွက်ဖက်တာ ပိုကောင်းလိမ့်မယ် "

ကျောင်းဖုလင်က သူ့ကို တစ်စက်မှ မျက်နှာသာ မပေးပေ။

" ကိုယ်ရေးကိုယ်တာကိစ္စတဲ့လား။ ငါ့ညီကို မင်းက လူများတာနဲ့ အနိုင်ကျင့်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ဘာတွေ လာဟန်ဆောင်နေတာလဲ။ ငါ ဒီနေ့ ကိစ္စကို သေချာဖြေရှင်းရမယ် "

" ကျောင်းဖုလင် မင်းကို ငါက တကယ်ကြောက်တယ် ထင်နေလား။ ငါ့နောက်မှာ ဘယ်သူ ရပ်တည်ပေးနေလဲဆိုတာ မင်းမသိဘူး မဟုတ်လား "

ကျောင်းဖုလင်၏ မျက်နှာတွင် လှောင်ပြုံးပေါ်လာသည်။

" ငါဝင်လာတုန်းက ကြားပါတယ်။ အဲ့တာ ရီမိသားစု မဟုတ်လား။ မင်းရဲ့ သခင်ကတောင် ငါ့ရှေ့မှာ ရိုသေရမှာပဲ။ မင်းလို နောက်လိုက်ခွေးက ငါ့ကို ဟောင်ရဲသလား။ မင်းခြေထောက်တွေကိုတောင် ငါက ချိုးလို့ရတယ်ဆို မင်းယုံလား "

တစ်ဖက်က သွေးဆောင်တာရော ခြိမ်းခြောက်တာရော နှစ်ခုစလုံး အလုပ်မဖြစ်ကြောင်း ဝေ့ချန်းဖန်းက တွေ့လိုက်တဲ့အခါ မုန်းတီးစွာဖြင့် ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ ဒီရွှံ့ရေထဲမှာ ပါချင်တယ်ဆိုမှတော့ စောင့်ကြည့်ကြတာပေါ့ "

ထိုသို့ဖြင့် ချက်ချင်း ထရပ်ကာ ထွက်သွားဖို့လုပ်သည်။

အစောက ယဲ့ဖန်ကို အော်ငေါက်ခဲ့ကြတဲ့ သူတွေကလည်း စိတ်ပျက်လက်ပျက်ဖြင့် သူ့နောက်ကို လိုက်ကြသည်။

" ရပ်လိုက် "

ဝေ့ချန်းဖန်းက ကျောင်းဖုလင်နားက ဖြတ်သွားတော့မယ့်အချိန်မှာ သူ့ကို တားခံလိုက်ရသည်။

ဝေ့ချန်းဖန်းက မျက်မှောင်ကြုတ်ကာ သူ့ကို လှည့်ကြည့်လိုက်သည်။

" နောက်ထပ် ဘာလိုချင်သေးလို့လဲ "

ကျောင်းဖုလင်က သူ့ကို စိုက်ကြည့်နေသည်။

" မင်းက ငါ့ညီ ညစာစားတာကို ဖျက်လိုဖျက်ဆီးလုပ်ပြီးမှ မတောင်းပန်ဘဲ ထွက်သွားချင်နေတာလား "

ဝေ့ချန်းဖန်းက ယဲ့ဖန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

" သူ့ကို တောင်းပန်စေချင်တာလား။ သူနဲ့ မထိုက်တန်ဘူး ...... "

သူ့စကား မပြီးခင်မှာ ကျောင်းဖုလင်က ရုတ်တရက် သူ့ကို ပါးရိုက်လိုက်သည်။

‌ဖြောင်း

ပြင်းထန်သော ပါးရိုက်သံကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။

အားလုံးက ကျောင်းဖုလင်ကို မယုံနိုင်စွာ ကြည့်နေကြသည် ။

ဝေ့ချန်းဖန်းက စီးပွားရေးလောကရဲ့ အကောင်ကြီးဖြစ်နေတာတောင် လူမြင်ကွင်းမှာ ပါးရိုက်ခံရတာလား။

ဒီကိစ္စသာ ပြန့်နှံ့သွားရင် ယန်းချန်ရဲ့ စီးပွားရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေမှာ သေချာသည်။

ဝေ့ချန်းဖန်းက သူ့မျက်နှာကို အုပ်ကာ ကျောင်းဖုလင်ကို ကြည့်လိုက်သည်။

" မင်း ငါ့ကို ရိုက်ရဲတာလား "

ကျောင်းဖုလင် ပြုံးလိုက်သည်။

" ငါ မင်းကို ပါးရိုက်မယ်။ မင်းမှာ ခေါင်းမာရဲတဲ့ သတ္တိရှိရင် ငါ မင်းကို ထပ်ပြီးရိုက်ပြမယ် "

ဝေ့ချန်းဖန်းက ကျောင်းဖုလင်ကို သတ်ပစ်ချင်လာကာ သူ့လက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။

သို့သော် ကျောင်းဖုလင်၏ နောက်ကွယ်ရှိ ကြီးမားတဲ့မိသားစုအကြောင်း တွေးလိုက်သောအခါ အနည်းငယ် တွန့်ဆုတ်သွားရသည်။

အလျင်စလို မလုပ်မိဖို့ သူ့ကိုယ်သူ သတိပေးနေခဲ့ရသည်။

" ဘာလိုချင်တာလဲ "

ဝေ့ချန်းဖန်း အံကြိတ်ကာ မေးလေသည်။

ကျောင်းဖုလင်က သူ့ကို ကြည့်လိုက်သည်။

" မင်း နားမကြားဘူးလား။ သူ့ကို တောင်းပန်ဖို့ ပြောလိုက်တယ်လေ။ အခုကြားပြီလား "

ဝေ့ချန်းဖန်း ခဏတုံ့ဆိုင်းသွားပြီး ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆကြည့်လိုက်သည်။

အဆုံးမှာတော့ သူက ယဲ့ဖန်ဆီသို့ လျှောက်သွားကာ ဖြည်းဖြည်းချင်း ဦးညွတ်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီနေ့ ငါ့ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေအတွက် ငါတောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ထိုစကားကို ပြောပြီးတာနဲ့ ရှိနေသူအားလုံးက အံ့အားသင့်သွားကြရသည်။

မာနကြီးတဲ့ ဝေ့လူကြီးမင်းက ခေါင်းငုံ့ တောင်းပန်နေတာလား။

ဒါက အရှက်ကွဲတာပဲ မဟုတ်ဘူးလား။

ကျောင်းဖုလင် ပါးရိုက်လိုက်တာထက် ပိုရှက်စရာကောင်းလေသည်။

ခုနကတော့ ကြမ်းကြမ်းတမ်းတမ်း စကားတွေကို ပြောပြီးမှ အခုကျ ရုတ်တရက် ခေါင်းငုံ့ပြီး တောင်းပန်နေရလား။

ဝေ့လူကြီးမင်းက သူ့မျက်နှာကို ဘယ်မှာ သွားထားတော့မှာလဲ။

ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" ခင်ဗျားရဲ့ တောင်းပန်မှုကို လက်မခံဘူး။ ဒါပေမယ့် အခုတော့ ထွက်သွားလို့ရပြီ "

သူ့အဖြေကိုကြားတဲ့အခါ ရှိနေသူအားလုံးက ပိုလို့တောင် အံ့သြသွားကြသည်။

ဒီတစ်ယောက်က ကျောင်းဖုလင်ထက်တောင် ပိုဆိုးသေးတယ်။

သူက ဘာကိုဆိုလိုတာလဲ။

ဝေ့ချန်းဖန်းက အိမ်ခြံမြေလုပ်ငန်းတွင် နေရာရှိတဲ့သူလေ။

မင်းက သူ့ကို ခွေးလို တကယ်ကြီး ဆက်ဆံလိုက်တာလား။

ဝေ့ချန်းဖန်းလည်း အလွန်အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

ဒါက သူ့ဘ၀မှာ ခံစားခဲ့ရတဲ့ အကြီးမားဆုံး အရှက်ကွဲမှုလို့ ဆိုနိုင်နေသည်။

သူက ယဲ့ဖန်နဲ့ ကျောင်းဖုလင်တို့ကို အရှင်လတ်လတ် အရေခွံခွာချင်နေသည်။

သို့သော် သူက အခု စိတ်လိုလက်ရ မလုပ်နိုင်ကြောင်းကိုလည်း သူသိလေသည်။

သူ သေသေချာချာ စီစဉ်ပြီး အခွင့်ကောင်းကို စောင့်ရပေမည်။

သူက ဘာမှပြန်မပြောတော့ဘဲ နောက်ပြန် လှည့်ထွက်သွားသည်။

ကျောင်းဖုလင်က သူရဲ့ လက်ပါးစေတွေကို ကြည့်လိုက်သည်။

" မင်းတို့ခွေးတွေက ငါ့ညီကို အခုပဲ ဟောင်ထားတာမလား။ မင်းတို့ ဘာလုပ်ရမယ်ဆိုတာကို သတိပေးဖို့လိုသေးလား "

ကောရှင်းနှင့် ကျန်တဲ့သူများမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သူတို့က အမြန် ဦးညွှတ်ပြီး ယဲ့ဖန်ကို တောင်းပန်ကြသည်။

" ယဲ့လူကြီးမင်း၊ တောင်းပန်ပါတယ်။ မှားသွားခဲ့ပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ...... "

သူတို့ အူတွေ စိမ်းသွားတော့မလိုထိ နောင်တရနေကြသည်။

ယဲ့ဖန်က ကျောင်းဖုလင်၏ ပံ့ပိုးကူညီမှု ရှိနေကြောင်း သူတို့ သိထားခဲ့လျှင် သေအောင် အရိုက်နှက်ခံရရင်တောင်မှ ယဲ့ဖန်နှင့် ရန်သူဖြစ်ရဲသည့် သတ္တိရှိမှာ မဟုတ်ပေ။

ယဲ့ဖန်က ယင်ကောင်များကို ဖယ်လိုက်သကဲ့သို့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" သွားကြတော့၊ ဒီမှာ မျက်စိရှုပ်အောင် လုပ်မနေကြနဲ့ "

ခွင့်ပြုချက်ရတာနဲ့ အားလုံးက အခန်းထဲကနေ ပြေးထွက်သွားကြသည်။

လော့ကျင်းယွမ်နှင့် အခြားသူများက ကျောင်းဖုလင်နဲ့ ယဲ့ဖန်ကို ရှုပ်ထွေးသောအမူအရာများဖြင့် ကြည့်နေကြသည်။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဒီလောက်ကောင်းနေမယ်လို့ မမျှော်လင့်ထားပေ။

ဝေ့ချန်းဖန်းဘက်မှာ ရီမိသားစုက ရှိနေတာကို ကျောင်းဖုလင် သိထားပေမဲ့ ယဲ့ဖန်ဘက်ကနေ ရပ်တည်ခဲ့သည်။

လူမြင်ကွင်းမှာ ပါးရိုက်ပြီးတောင် တောင်းပန်ခိုင်းလေသည်။

ဒါက တစ်ဖက်ကို သေချင်စော်နံတဲ့အထိ စော်ကားခဲ့တာဖြစ်သည်။

ဝေ့ချန်းဖန်းက သူ့ကို သေတဲ့အထိ မုန်းတီးနေမှာ သေချာသည်။

ပြီးတော့လည်း အသေအကြေ တိုက်ခိုက်ကြမည်မှာ မလွဲမသေဖြစ်သည်။

ယဲ့ဖန်အတွက် ဒီလိုလုပ်ပေးမှတော့ သူငယ်ချင်းကောင်းလို့တောင် ယူဆလို့ မရနိုင်တော့ဘူး မဟုတ်လား။

သူတို့နှစ်ယောက်က တွဲနေကြတာများလား။

T/N - လော့ကျင်းယွမ်ရယ် ဘယ်လိုတောင် တွေးချလိုက်တာလဲ။ ယဲ့ဖန်ရဲ့ မိန်းမလှလေးတစ်သောင်း ငိုနေမယ် :(

အပိုင်း ( ၅၄၃ )

ယန်းချန်ရဲ့ ကောင်းကင်က ပြောင်းလဲနေပြီ

လျုံလင်းက ကျောင်းဖုလင်ကို တွေ့ပြီးတဲ့နောက် လုရှောင်ရကို ဘေးဆွဲခေါ်တော့သည်။

" ဘာလို့ စောစောက မပြောတာလဲ။ ကျောင်းဖုလင် လာမယ်ဆိုတာသာ သိရင် ငါ့ကို ခေါ်စရာတောင် မလိုဘူး "

လုရှောင်ရက ကြောင်အအနဲ့ ခေါင်းကို ကုတ်လိုက်သည်။

" သူ အခြေအနေတွေကို မထိန်းနိုင်မှာ ငါက စိုးရိမ်လို့ပါ "

လျုံလင်းက မထိန်းနိုင်ဘဲ လုရှောင်ရ၏ နဖူးကို လက်ဖြင့် ပုတ်လိုက်သည်။

" ယန်းချန်မှာရှိတဲ့ နံပါတ်တစ်မိသားစုရဲ့ အိမ်ရှေ့စံမင်းသားကတောင် မကိုင်တွယ်နိုင်တဲ့ အရာဆိုတာ ရှိသေးရဲ့လား။ နင် ငါ့ကို နောက်နေတာလား "

လုရှောင်ရက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" အဲ့ဒီတုန်းက ငါက စိတ်ပူနေတာလေ။ ဘာလုပ်ရမယ်မှန်း မသိလို့ပါ "

လျုံလင်းက မတတ်နိုင်ဘဲ မျက်လုံးများကို မှိတ်လိုက်သည်။

" နင်က ကိုကိုလေးယဲ့ဖန်ပါလာတာနဲ့ ဦးနှောက်ဉာဏ်ရည်က ကျသွားရောပဲ "

လုရှောင်ရက ရှက်သွေးဖြာပြီး ခေါင်းငုံ့သွားတော့သည်။

လျုံလင်းက ယဲ့ဖန်ကို စူးစူးစမ်းစမ်း ကြည့်နေသည်။

" ဒါပေမယ့် သူက တကယ်ကို အစွမ်းထက်ပြီးသားပါ။ ယဲ့ဖန်ကို အခုမှရောက်လာပြီး တကယ့် အကောင်ကြီးတွေ အများကြီးကို သိနေတယ်လေ။ သူ ဘယ်လိုလုပ်လိုက်တာလဲ "

ယဲ့ဖန်အကြောင်းကို ပြောနေတာက သူတို့တင်မဟုတ်ပေ။

ဟိုတယ်တစ်ခုလုံးက ဒီကိစ္စကို ပြောနေကြပြီဖြစ်သည်။

အထူးသဖြင့် ဝေ့ချန်းဖန်းနဲ့ တခြားသူတွေက စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာတာကို တွေ့လိုက်ရတော့ စားသောက်ဆိုင်ထဲမှာ စားနေတဲ့ လူတွေက အံ့ဩတုန်လှုပ်သွားကြသည်။

" အဲ့တာ ဝေ့ချန်းဖန်းလား။ သူတို့ ဘာလို့ ဒီလောက်တောင် မျက်နှာပျက်နေရတာလဲ "

" ဟုတ်တယ်။ သူက ချန်းဖန်းအိမ်ခြံမြေက ဝေ့ချန်းဖန်းပဲ။ သူ့နောက်ကလူတွေကလည်း ကုမ္ပဏီကြီးတွေက သူဌေးတွေမလား "

" ဒိတ်ဒိတ်ကြဲတွေ အများကြီး ရှိနေတာပဲ။ သူတို့က ဘာလို့ အဲ့လို သနားကမားပုံစံ ဖြစ်နေရတာလဲ။ အထူးသဖြင့် ဝေ့ချန်းဖန်းပဲ၊ သူ့မျက်နှာတစ်ဝက်လောက်က နီရဲပြီး ရောင်နေသေးတယ် "

" ဝေ့ချန်းဖန်းက သီးသန့်ခန်းတစ်ခုထဲမှာ လူမြင်ကွင်းရှေ့ကြီး ပါးရိုက်ခံရတယ်လို့ စားပွဲထိုးတစ်ယောက်ဆီက ကြားလိုက်ရတယ်။ ဒူးထောက်ပြီးတော့တောင် တောင်းပန်ရတယ်တဲ့ "

" ဘာ၊ လာနောက်နေတာလား။ ဝေ့ချန်းဖန်းကို ဘယ်သူက ပါးရိုက်ရဲတာလဲ။ တောင်းပန်ဖို့ ဒူးတောင်ထောက်ခဲ့သေးတာလား။ ဘယ်သူ့ကို တောင်းပန်ရတာလဲ "

" ကျောင်းမိသားစုလေ။ ကျောင်းဖုလင်က သူ့ကို ပါးရိုက်၊ အတင်းဒူးထောက်ခိုင်းပြီး လူငယ်တစ်ယောက်ကို တောင်းပန်ခိုင်းတာလို့ ပြောတယ် "

" ဘာရယ်၊ ကျောင်းဖုလင်က ဝေ့ချန်းဖန်းကို ရိုက်တာလား။ ဒီသတင်းက သေချာပေါက် ပေါက်ကွဲစေမယ့်သတင်းပဲ။ ဘာလို့ ရိုက်တာတဲ့လဲ "

" ဝေ့ချန်ဖန်းက ကျောင်းဖုလင်ရဲ့ ညီအစ်ကိုတစ်ယောက်ကို အနိုင်ကျင့်ခဲ့တယ်လို့ ကြားတယ်။ ကျောင်းဖုလင် က သူ့ညီအစ်ကိုကို ကူညီပေးတာပဲ "

" ဘုရားရေ၊ ဒါက ဘယ်လိုညီအစ်ကိုမလို့လဲ။ ဝေ့ချန်းဖန်းကိုတောင် ပါးရိုက်ရတဲ့အထိလေ "

" ဝေ့ချန်းဖန်းလိုမျိုး အစွမ်းရှိတဲ့အကောင်ကြီးကိုတောင် ပြဿနာရှာပေးတဲ့အထိဆိုတော့ သွေးသောက်ညီအစ်ကိုပဲဖြစ်မယ် မဟုတ်လား "

" ဝေ့ချန်းဖန်းက ဒီကိစ္စကို ငုံ့ခံမနေလောက်ဘူး။ လက်စားချေဖို့ နည်းလမ်းတစ်ခုခုကို တွေးနေလိမ့်မယ်ထင်တယ် "

" အခဲမကြေတော့ရော ဘာလုပ်လို့ရမှာလဲ။ သူ့ကိုရိုက်တဲ့သူက ကျောင်းမိသားစုရဲ့ အိမ်ရှေ့စံမင်းသား ကျောင်းဖုလင်လေ။ ကျောင်းမိသားစုတစ်ခုလုံးကို ပြဿနာ ပြန်ရှာရဲမှာတဲ့လား "

" ဟုတ်တယ်။ ဒီကိစ္စက ယန်းချန်တစ်ခုလုံးကို တုန်လှုပ်သွားစေမှာ သေချာတယ်။ ငါ ဒါကို WeChat မှာ ပို့စ်တင်တင်ပြီး ကြွားလုံးထုတ်ရမယ် "

" ငါလည်း တင်ရမယ် ........... "

ကျောင်းဖုလင်က သူ့ညီအစ်ကိုအတွက် ဝေ့ချန်းဖန်းကို လူမြင်ကွင်းမှာ ပါးရိုက်လိုက်သည့် သတင်းက ယန်းချန်၏ စီးပွားရေးလောကမှာ တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ကျောင်းဖုလင်ရော ဝေ့ချန်းဖန်းရော သူတို့နှစ်ယောက်စလုံးက ယန်းချန်မှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြသည်။

အခုကျ ကျောင်းဖုလင်က သူ့ညီအစ်ကိုကို ကူညီဖို့အတွက် ဝေ့ချန်းဖန်းကို လူမြင်ကွင်းမှာ ပါးရိုက်လိုက်တာတဲ့လား။

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။

အံ့ဩခြင်းအပြင် ဒီဖြစ်ရပ်၏ အဓိကဇာတ်ကောင်ဖြစ်တဲ့ ယဲ့ဖန်အကြောင်းကိုလည်း အာရုံစိုက်လာကြသည်။

လူတော်တော်များများက သူ့နာမည်ကို ကြားဖူးပြီးသားဖြစ်ပေမဲ့ လူအများစုက ယဲ့ဖန်ဟာ နျုံစစ်သွမ်းကို ကံကောင်းလို့ အနိုင်ရခဲ့တယ်လို့သာ ထင်ခဲ့ကြသည်။

အခုအဖြစ်အပျက် ပြီးတဲ့အခါမှ လူတိုင်းရဲ့စိတ်မှာ ဒီနာမည်က ပြန်ပေါ်လာခဲ့သည်။

ထိုအချိန်မှ လူတိုင်းက ဒီလူငယ်၏ ခွန်အားကို နားလည်လာကြသည်။

သူက ယန်းချန်ကို အခုမှရောက်လာပေမယ့် ဒီလောက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုကြီးကို ဖြစ်စေခဲ့သည်။

ယန်းချန်၏ အခြေအနေတွေက ပြောင်းလဲလာနေပြီ ဖြစ်သည်။

.............................

ယဲ့ဖန်နှင့် ကျန်သူများက အခန်းသို့ ပြန်လာခဲ့ကြသည်။

ထိုအချိန်တွင် ကျန်းနန်နယ်စပ်ဟိုတယ် စားသောက်ဆိုင်ကို တာဝန်ယူထားတဲ့ သူဌေးက သူ၏ လက်အောက်ငယ်သားများအား စားပွဲကို ဖယ်ရှားစေပြီး အကောင်းဆုံးစားတော်ပွဲအသစ်ကို စီစဉ်ကျွေးမွေးရန် ချက်ချင်း အမိန့်ပေးခဲ့သည်။

ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က ယဲ့ဖန်ကို လေးစားတာ မြင်ခဲ့ရသည်။

သူဌေးအနေနဲ့ အရမ်းအံ့သြသွားသော်လည်း စိတ်ထဲမှာတော့ စွဲမနေခဲ့ချေ။

ကျန်းနန်နယ်စပ်ဟိုတယ်ကို နေ့တိုင်းလာတဲ့သူတွေက နာမည်ကြီးတွေဖြစ်ပြီး ထိပ်တန်းလူတချို့တောင် ရှိတာဖြစ်လို့ သူ့အတွက် အံ့သြစရာ မဟုတ်ပေ။

သို့ပေမဲ့ ကျောင်းဖုလင်က ဝေ့ချန်းဖန်းကို လူတိုင်းရှေ့မှာ ပါးရိုက်ခဲ့ကြောင်း သူ သိလိုက်ရချိန်မှာတော့ သူက ဒီလူငယ်လေး၏ ခွန်အားကို အလွန်အမင်း လျှော့တွက်ခဲ့မိကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ယဲ့ဖန်အပေါ်ထားတဲ့ သူ့သဘောထားက ပို၍ပင် လေးစားလာသည်။

သီးသန့်ခန်းသို့ ပြန်လာတဲ့အခါ ယဲ့ဖန်က ကျောင်းဖုလင်ကို ပင်မထိုင်ခုံမှာ ထိုင်ခိုင်းခဲ့သည်။

သို့သော် ကျောင်းဖုလင်က မလိုလားချေ။ ယဲ့ဖန်ကို ပင်မခုံမှာ အတင်းတွန်းထိုင်ခိုင်းပြီး သူကတော့ ဘေးမှာ ဝင်ထိုင်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ စားသောက်ဆိုင်သူဌေးက ယဲ့ဖန်အား ဒူးထောက်ဦးညွှတ်မိမတတ် လေးစားလာခဲ့သည်။

တကယ်တော့ သူတစ်ယောက်တည်း မဟုတ်ချေ။ လော့ကျင်းယွမ်နှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။

ကျောင်းဖုလင်က ယဲ့ဖန်အတွက် ရပ်တည်ပေးခဲ့သည်ကို သူတို့ ထိတ်လန့်တုန်လှုပ်သွားသော်လည်း အစ်ကိုကြီးတစ်ဦးမှ အလားအလာရှိ ညီငယ်တစ်ယောက်ကို ဂရုစိုက်ပေးမှုမျိုးဟု အားလုံးက ထင်မြင်ခဲ့ကြသည်။

အခုတော့ ကျောင်းဖုလင်က ပင်မခုံ ဖယ်ပေးလောက်တဲ့အထိ ယဲ့ဖန်အပေါ်ထားရှိတဲ့ သဘောထားက လေးစားမှုပါ ပါဝင်နေသည်။

ဒါက သူတို့ကို နည်းနည်း စိတ်ရှုပ်စေသည်။

ဝေ့ချန်းဖန်းလို ဆရာကျတဲ့ အာဏာရှိသူဌေးကြီးကို ယန်းချန်၏အကြီးဆုံးမိသားစုမှ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ ကျောင်းဖုလင်လို လူကသာ ရိုက်နှက်ဆုံးမနိုင်သည်။

ဒါပေမဲ့ အဲ့လို လုပ်နိုင်တဲ့သူက ယဲ့ဖန်ကို လေးစားတာလား။

ဒါက မယုံနိုင်စရာကောင်းလွန်းတယ်။

ကျောင်းဖုလင်၏ နှလုံးသားထဲမှ ယဲ့ဖန်၏ အရေးပါပုံက သူတို့ထင်ထားသည်ထက် များစွာကြီးမားနေပုံရသည်။

ပြင်းထန်တဲ့ ရန်သူကို အတူတကွ တိုက်ခိုက်ပြီးတဲ့နောက် လူတိုင်း၏ ခံစားချက်များက သိသိသာသာ နက်ရှိုင်းလာခဲ့ကြသည်။

စားသောက်နေစဉ်အတွင်း လေထုကလည်း ပိုမိုသဟဇာတဖြစ်လာခဲ့သည်။

ဝိုင်သုံးခါလောက် သောက်ပြီးတဲ့နောက် ယဲ့ဖန်က သူစားနေတဲ့တူကို ချလိုက်ပြီး ကျောင်းဖုလင်ကို ကြည့်လိုက်သည်။

" အကိုကြီးကျောင်း၊ ဒီနေ့ ဝေ့ချန်းဖန်းကို အတော်လေး စော်ကားလိုက်တာပဲ "

ကျောင်းဖုလင်က ထိုစကားကို ကြားတော့ သူ့နှုတ်ခမ်းတွေက မထီမဲ့မြင်ပြုတဲ့ အမူအရာအဖြစ် ပြောင်းသွားသည်။

" ဘာဖြစ်လဲ။ ချန်းဖန်းအိမ်ခြံမြေလောက်က ဘာလုပ်နိုင်မှာမလို့လဲ "

လော့ကျင်းယွမ်နှင့် အခြားလူများက ထိုစကားကိုကြားသောအခါ မျက်ခုံးပင့်သွားကြသည်။

သူတို့ရဲ့ ခွန်အားက ဝေ့ချန်းဖန်းနဲ့ အတူတူပဲဖြစ်သည်။ မတူရင်တောင် ပိုဆိုးလေသည်။

ချန်းဖန်းအိမ်ခြံမြေကို 'သာမန်'လောက်ပဲလို့ ပြောမယ်ဆိုရင် သူတို့ကရော ဘယ်အဆင့်မှာ ရှိနေမှာလဲ။

ကျောင်းဖုလင်ကလည်း တူကို ချလိုက်သည်။

" ဝေ့ချန်းဖန်းကို ငါ စိတ်မပူပါဘူး။ ဒါပေမယ့် သူ့နောက်ကွယ်က ရီမိသားစုကတော့ နည်းနည်း ဒုက္ခများနိုင်တယ် "

ယဲ့ဖန်က အံ့သြသွားသည်။

" ရီမိသားစုက ယန်းချန်မှာ ဒုတိယအကြီးဆုံး မိသားစု မဟုတ်ဘူးလား။ ချက်ကျလက်ကျပြောရရင် သူတို့ရဲ့ ခွန်အားက အစ်ကိုကြီးတို့ရဲ့ ကျောင်းမိသားစုထက် အားနည်းတယ်လေ။ အဲ့တာတောင် သူတို့ကို ကြောက်နေတာလား "

ကျောင်းဖုလင်က ခါးသက်သက် ပြုံးလိုက်သည်။

" အရင်တုန်းကဆိုရင် သူတို့ကို မျက်လုံးနဲ့တောင် ဝေ့မကြည့်ပေမယ့် အခုက မတူတော့ဘူး ...... "

အပိုင်း ( ၅၄၄ )

သခင်ကြီးကျောင်းက သေရေးရှင်ရေးအခြေအနေ ကြုံနေရတယ်

ကျောင်းဖုလင်၏ စိတ်ထဲမှာ တစ်ခုခုရှိနေတာကို ယဲ့ဖန်မြင်လိုက်ရကာ ပိုပိုပြီး သိချင်လာတော့သည်။

" အခြေအနေတွေ မတူတော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ "

" လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ရီမိသားစုက တော်တော်မြန်မြန်လေးကို တိုးတက်လာတာ။ အထူးသဖြင့် မျိုးဆက်သစ် ရီချန်းကျယ်ပဲ။ သူက ထင်သလောက် မရိုးရှင်းဘူး "

ယဲ့ဖန်၏ စိတ်ဝင်စားသွားသည်။

" ဘယ်လောက် ထူးခြားလို့လဲ "

ကျောင်းဖုလင်က ဝိုင်တစ်ငုံသောက်ပြီး ဆက်ပြောသည်။

" ဒီကလေးက ငယ်ငယ်ကတည်းက စီးပွားရေး ပါရမီရှင်တစ်ယောက်ပဲ။ အသက် ၁၂ နှစ်အရွယ်မှာတင် ကံကောင်းတဲ့ ငွေ ယွမ် ၂သောင်းတည်းနဲ့ စီးပွားရေးကို စတင်ခဲ့တာလို့ ပြောရမယ်။ တစ်လမပြည့်သေးဘဲ သူက ယွမ် ၅ သန်းကျော် ဝင်ငွေရသွားတယ် "

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

" အသက်၁၂နှစ်မှာ ဝင်ငွေ ၅သန်းရှိတာလား။ ဒါကတော့ အပိုပြောနေတာ မဟုတ်ဘူးလား "

" ချဲ့ကားပြောနေတာ မဟုတ်ဘူး။ နောက်ပိုင်းမှာ သူက အဲ့ ယွမ် ၅ သန်းကို ရင်းနှီးမြှုပ်နှံမှုအဖြစ် သုံးပြီး အထက်တန်းကျောင်းမပြီးခင်မှာဘဲ ပိုင်ဆိုင်မှုက သန်းရာနဲ့ချီပြီး ရနေပြီ "

လျုံလင်းကလည်း ဝင်ပြောသည်။

" ပြီးတော့ သူက အရမ်းချောတယ်။ ယန်းချန်မှာရှိတဲ့ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းတော်တော်များများက သူ့ရဲ့ အမာခံပရိသတ်တွေလေ "

ဟုရွမ်ယုလည်း ဝင်ပြောသည်။

" ပြီးတော့ သူက အရမ်းငယ်သေးတယ်။ သူက ယဲ့ညီလေးထက် တစ်နှစ်လောက်ပဲ အသက်ပိုကြီးမှာဆိုပေမဲ့ ရီမိသားစု လုပ်ငန်းတွေကို သူ တာဝန်ယူနေပြီ။ ကြီးကြီးမားမား ပြဿနာသာ မရှိဘူးဆိုရင် နောင်အနာဂတ်မှာ သူက သေချာပေါက် ရီမိသားစုရဲ့ အကြီးအကဲ ဖြစ်လာမှာ "

ယဲ့ဖန်သည် ရီချန်းကျယ်ကို ကမ္ဘာ့လူနည်းစု ဉာဏ်ကြီးရှင်အဖြစ် တစ်ယောက်ပြီးတစ်ယောက် ချီးကျူး မိတ်ဆက်ပေးသည်ကို နားထောင်ရင်း မတတ်နိုင်ဘဲ သူတို့ကို လှမ်းကြည့်လိုက်သည်။

" ခင်ဗျားတို့အားလုံးက ချီးကျူးနေတာဆိုတော့ ဒီ ရီချန်းကျယ်က တကယ့်ကို ပါရမီရှင်တစ်ယောက်ဖြစ်မယ်။ ဖြစ်နိုင်ရင် သူနဲ့တွေ့ဖို့ အခွင့်အရေး ကြုံချင်ပါသေးတယ် "

ကျောင်းဖုလင်က သူ့ပခုံးကို ပုတ်လိုက်သည်။

" ငါလည်း စောင့်မျှော်နေတယ်။ မင်းတို့နှစ်ယောက်လုံးက ရှားရှားပါးပါး ဉာဏ်ကြီးရှင်တွေ ဆိုပေမယ့် ဘယ်သူက ပိုထက်မြက်လဲတော့ မသိဘူး "

ဘေးမှာရှိနေသည့် လုရှောင်ရက အမြန်ဝင်ပြောသည်။

" ယဲ့ဖန်ကမှ ဉာဏ်ကြီးရှင်ပဲ။ အောက်ခြေကနေ စလာတာလေ။ တကယ်တော့ ရီချန်းကျယ်က သူ့မိသားစုရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးရရှိခဲ့တာဆိုတော့ စမှတ်တွေက ကွဲပြားတယ် "

လျုံလင်းက အမြန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ နင်ရဲ့ကိုကိုလေး ယဲ့ဖန်က အကောင်းဆုံးပဲ၊ ဟုတ်ပြီလား "

လုရှောင်ရက ရှက်ပြီး တခြားဘာမှ မပြောရဲတော့ပေ။

ယဲ့ဖန်က ရှက်ရွံ့စွာ ပြုံးပြီး ကျောင်းဖုလင်ကို ထပ်ကြည့်လိုက်သည်။

" ဒီရီချန်းကျယ်က ဉာဏ်ကြီးရှင်ဆိုရင်တောင် ခင်ဗျားရဲ့ ကျောင်းမိသားစု ခွန်အားနဲ့သာဆိုရင် သူ့ကို ကြောက်နေစရာ မလိုဘူး မဟုတ်လား "

ကျောင်းဖုလင်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

" အဓိကကတော့ ဒီ ၂နှစ်ထဲမှာ ငါ့အဖေရဲ့ ကျန်းမာရေးက တော်တော်လေး မကောင်းဘူး။ ငါတို့မိသားစုရဲ့ အဆက်အသွယ် အရင်းအမြစ်တွေကို အဖေက ထိန်းသိမ်းထားတာ။ ငါ့အဖေသာ တစ်ခုခုဖြစ်သွားရင် ကျောင်းမိသားစုက အရှုံးကြီးမှာ သေချာတယ် "

ကျောင်းဖုလင်က ဒီလိုပြောလာတဲ့အခါ ယဲ့ဖန် မတတ်နိုင်ဘဲ စိတ်ပူမိသည်။

" ကျောင်းမိသားစုက ဒီလို ခက်ခဲတဲ့ အခြေအနေရောက်နေတာကို ကျွန်တော့်အတွက်နဲ့ ကူညီဖို့ ထွက်မလာသင့်ဘူး "

ကျောင်းဖုလင်သည် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။

" မင်း ဘာတွေပြောနေတာလဲ။ မင်းက ငါ့ညီလေ။ မင်း အနိုင်ကျင့်ခံရတာကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် အေးအေးဆေးဆေး ထိုင်နေနိုင်မှာလဲ။ နောင်တစ်ချိန်မှာ ဒီလိုမျိုးထပ်ပြောရင် ငါ့ကို အစ်ကိုအဖြစ် အသိအမှတ်မပြုနဲ့တော့ "

ယဲ့ဖန်က ဝိုင်ဖန်ခွက်ကို အလျင်အမြန် မြှောက်လိုက်သည်။

" တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားတာပါ။ ဒီလိုစကားမျိုး ဘယ်တော့မှ ထပ်မပြောတော့ဘူး "

ကျောင်းဖုလင် ကျေနပ်သွားသည်။

ဧည့်သည်ရော အိမ်ရှင်ပါ စားသောက်ပွဲကို ဆင်နွှဲခဲ့ကြသည်။

စားပြီးတဲ့အခါ ယဲ့ဖန်က လူတိုင်းကို နှုတ်ဆက်ပြီး စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က စားပြီးသည့်နောက် တစ်ယောက်ပြီးတစ်ယောက် မောင်းထွက်သွားကြသည်။

လျုံလင်းက မပြန်ခင်မှာ ယဲ့ဖန်နှင့် ဆက်သွယ်ရန် အချက်အလက်ဖလှယ်ဖို့ အစပြုခဲ့သည်။

သူမက သူ့ကို မျက်လုံးမှိတ်ပြလိုက်သည်။

" ယဲ့လူကြီးမင်း၊ အနာဂတ်မှာလည်း မကြာမကြာ ဆက်သွယ်ကြရအောင် "

သူမက ဆက်ဆီကျနေပြီးသား ဖြစ်သည်။ အဲ့တာကိုမှ သူမ၏ အနည်းငယ် စိတ်ကြွစေသည့်အမူအရာ လုပ်လိုက်တဲ့အခါ လူအများ၏ နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

လုရှောင်ရက ဒေါသထွက်ပြီး အံကြိတ်လိုက်သည်။

" ကျွန်မ ဒီည လျုံလင်းကို အဖော်ပြုပေးရမှာမလို့ ဟိုတယ်ကို ပြန်မလာတော့ဘူး "

ယဲ့ဖန်ကိုပြောပြီးနောက် သူမက လျုံလင်းနောက်ကို လိုက်ပြီး စနောက် လှည့်ပတ်ကစားတော့သည်။

ယဲ့ဖန်က ခေါင်းယမ်းကာ ပြုံးလိုက်ပြီး ကျောင်းဖုလင်ကို လှည့်ကြည့်လိုက်သည်။

" အစ်ကိုကျောင်း၊ ခင်ဗျားကို ကားမောင်းလိုက်ပို့ပေးမယ် "

ကျောင်းဖုလင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" မလိုပါဘူး၊ ငါ့မှာ ကားမောင်းသမား ရှိပါတယ်။ မင်း စောစောပြန်ပြီး အနားယူသင့်တယ်။ တစ်ခုခုလိုအပ်ရင် ငါ့ကိုခေါ်လိုက်။ တခြားနေရာတွေကိုတော့ သေချာမပြောနိုင်ပေမယ့် ယန်းချန်မှာတော့ ငါ လုပ်လို့မရတာ မရှိဘူး "

ယဲ့ဖန်က နောက်ပြောင်လိုက်သည်။

" ဒါဆို ကျွန်တော် လမ်းတွေပေါ်ကနေ ကြုံသလို ကောင်မလေးတွေကို ဖမ်းပြီး လိင်ဆက်ဆံရင်တောင် ကာကွယ်နိုင်မှာလား "

ကျောင်းဖုလင်က ရယ်မောလိုက်သည်။

" ရပါတယ်။ မင်း အထဲဝင်သွားရရင်တောင် မင်းကို အချိန်ခဏလေးအတွင်းမှာ ကယ်ပေးဖို့ အတွင်းမှာရှိတဲ့ ညီအစ်ကိုတွေကို ငါပြောပေးနိုင်တယ် "

ဘေးမှာရပ်နေတဲ့ လော့ကျင်းယွမ်ကလည်း ကျယ်လောင်စွာရယ်မောလိုက်သည် ။

သူတို့သုံးယောက် စကားစမြည်ပြောနေကြစဉ် ကျောင်းဖုလင်၏ဖုန်းက ရုတ်တရက် မြည်လာသည်။

ဖုန်းဝင်လာပြီးတဲ့နောက် တစ်ဖက်က ဘာပြောလိုက်လဲဆိုတာကို မသိသော်လည်း ကျောင်းဖုလင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

" ယဲ့ညီလေး၊ လော့လူကြီးမင်း၊ ငါ အရင်သွားရမယ် ထင်တယ် "

ယဲ့ဖန်နှင့် လော့ကျင်းယွမ်တို့က ကျောင်းဖုလင် အမူအရာ ကွဲပြားသွားသည်ကို မြင်နိုင်သည်။

" အစ်ကိုကျောင်း၊ ဘာဖြစ်တာလဲ "

" အဖေက အပြင်းအထန် နေမကောင်းဖြစ်နေတာ။ ငါ သူ့ကို နောက်ဆုံးအနေနဲ့တွေ့ဖို့ ဆေးရုံကို အမြန်ဆုံး သွားရမယ် ..... "

ကျောင်းဖုလင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားပေမယ့် သူ့အသံက တုန်လှုပ်နေသည်။

" ဘယ်လို "

ယဲ့ဖန်နှင့် လော့ကျင်းယွမ်တို့ အံ့သြသွားသည်။

သူတို့ အခုပဲ ထမင်းစားနေတုန်း သခင်ကြီးကျောင်းအကြောင်းကိုတောင် ပြောနေကြသေးသည်။

ဒီအဘိုးအိုက ကျောင်းမိသားစုအတွက် ဘယ်လောက်အရေးကြီးကြောင်း သူတို့ပြောနေခဲ့သည်။

ရုတ်တရက် ဒီလို ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။

" ငါ...အရင်သွားပြီ။ တစ်ခုခုရှိရင် ဖုန်းဆက်ဖို့ မမေ့နဲ့နော်…... "

ကျောင်းဖုလင်က ပြောပြီး အမြန်ထွက်သွားဖို့ ပြင်သည်။

ထိုအချိန်တွင် ယဲ့ဖန်၏ နားထဲတွင် စနစ်မှ သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

[ စနစ်မှ လမ်းကြောင်းပြစနစ်တစ်ခုကို တွေ့ရှိထားပါသည်။ ကျေးဇူးပြု၍ လက်ရှိလမ်းအတိုင်း ညာဘက်သို့ မီတာ ၁၅၀ မောင်းပါ ...... ]

စနစ်မှ သတိပေးချက်ကို ကြားတဲ့အခါ ယဲ့ဖန် အံ့အားသင့်သွားသည်။

ဒီအခွင့်အရေးက သခင်ကြီးကျောင်းဆီမှာ ပေါ်လာတာ ဖြစ်နိုင်နေမလား။

" အစ်ကိုကျောင်း ခဏစောင့်။ ကျွန်တော်တို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ် "

ကျောင်းဖုလင်နောက်ကို လိုက်ရင်း ပြောသည်။

" မင်း ဘာလိုက်လုပ်မလို့လဲ "

ကျောင်းဖုလင်၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးနေပြီး ယဲ့ဖန်ကို ကြောင်အစွာကြည့်နေသည်။

" မေ့သွားပြီလား၊ ကျွန်တော်က ဆေးပညာ နည်းနည်းသိတယ်ဆိုတော့ ကူညီပေးနိုင်မလားလို့ပါ "

ယဲ့ဖန်က အမြန်ဖြေလိုက်သည်။

လော့ကျင်းယွမ်ကလည်း သူ့အတွက် စကားကူပြောပေးသည်။

" ယဲ့ညီလေးရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အရမ်းကောင်းတာပါ။ သူက တကယ်အကူအညီဖြစ်နိုင်တယ် "

ကျောင်းဖုလင် ခေါင်းညိတ်လိုက်သည်။

" ဒါဆိုလည်း အတူတူ သွားကြရအောင် "

ထိုသို့ပြောပြီးနောက် သူက ဦးဆောင်ကာ Mercedes-Benz MPV ထဲသို့ ဝင်သွားခဲ့သည်။

ယဲ့ဖန်နဲ့ လော့ကျင်းယွမ်ကလည်း ဘာမှမပြောဘဲ ထိုင်ချလိုက်သည်။

သူတို့သုံးယောက် ထိုင်ပြီးတာနဲ့ ကားက ဆေးရုံကို ချက်ချင်း မောင်းသွားသည်။

All Chapters